၃၁။ အန္တိခရစ်လမ်းကြောင်းအား လျှောက်လှမ်းသည့် ပြဿနာကို ဖြေရှင်းနည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

သင်သည် အန္တိခရစ်များကို ရှင်းလင်းစွာ သိမြင်ပြီး မှန်ကန်စွာ သတိပြုမိရမည်။ အန္တိခရစ်များ၏ သရုပ်သကန်အမျိုးမျိုးကို ပိုင်းခြားသိမြင် တတ်ရမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သင့်ကိုယ်ပိုင် သဘာဝ အနှစ်သာရတွင် အန္တိခရစ်များနှင့် တူညီသည့် အရာများစွာရှိကြောင်း ရှင်းလင်းစွာ သိသင့်သည်။ ဤသည်မှာ သင်တို့အားလုံးသည် စာတန်၏ ဖောက်ပြန်ဖျက်ဆီးစေခြင်း ခံထားရသည့် လူသားမျိုးနွယ်တွင် ပါဝင်သောကြောင့် ဖြစ်ကာ တစ်ခုတည်းသော ခြားနားချက်မှာ အန္တိခရစ်များသည် စာတန်၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား ရှိပြီး ထိုသူတို့သည် စာတန်၏ ကြံရာပါများ ဖြစ်လာကြကာ သူ၏ကိုယ်စား စကားပြောကြခြင်း ဖြစ်သည်။ သင်သည်လည်း ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် ပါဝင်သော်ငြား သမ္မာတရားကို လက်ခံနိုင်ပြီး ကယ်တင်ခြင်းရရှိဖို့ မျှော်လင့်ချက် ရှိသည်။ သို့သော်လည်း သင်၌ အန္တိခရစ်များနှင့် တူညီသည့် အနှစ်သာရနှင့် ပတ်သက်၍ အရာများစွာရှိကာ သင်တို့၏ နည်းစနစ်များနှင့် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များမှာ အတူတူပင်ဖြစ်၏။ သင်သည် သမ္မာတရားကို ကြားနာပြီး တရားဒေသနာများကို နားထောင်ပြီးသောအခါ လမ်းကြောင်းပြောင်းနိုင်ကာ လမ်းကြောင်းပြောင်းနိုင်ခြင်းက သင်၌ ကယ်တင်ခြင်းရရှိဖို့ မျှော်လင့်ချက် ရှိကြောင်း အဆုံးအဖြတ်ပေးခြင်းသာ ဖြစ်သည်။ ဤသည်မှာ သင်နှင့် အန္တိခရစ်များကြားရှိ ခြားနားချက်ပင်။ ထို့ကြောင့် အန္တိခရစ်များကို ငါဖော်ထုတ်နေသောအခါ သင်သည် နှိုင်းယှဉ်ချက်တစ်ခုကိုလည်း ပြုလုပ်သင့်ပြီး သင်နှင့် အန္တိခရစ်များ၌ မည်သည့်အရာများသည် တူညီပြီး သူတို့နှင့် မည်သည့် သရုပ်သကန်များ၊ စိတ်သဘောထားများနှင့် အနှစ်သာရ၏ လက္ခဏာသွင်ပြင်များ တူညီကြောင်း သတိပြုမိသင့်သည်။ ဤအရာပြုလုပ်ခြင်းဖြင့် သင်သည် မိမိကိုယ်ကို ပို၍သိကျွမ်းနိုင်မည် မဟုတ်လော။ အကယ်၍ သင်သည် အန္တိခရစ်တစ်ဦးမဟုတ်ဟု ယုံကြည်ခြင်း၊ အန္တိခရစ်များကို ပြင်းပြင်းထန်ထန် မုန်းတီးခြင်းဖြင့် အမြဲတမ်း ရန်လိုပြီး ဤနှိုင်းယှဉ်ချက်ကို ပြုလုပ်လိုစိတ် သို့မဟုတ် မိမိကိုယ်ကို ပြန်လည်သုံးသပ်လိုစိတ်နှင့် မည်သည့်လမ်းကြောင်းကို သင် လျှောက်နေကြောင်း နားလည်လိုစိတ် မရှိပါက အကျိုးဆက်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ စာတန်ဆန်သော စိတ်သဘောထားဖြင့် သင်သည် အန္တိခရစ်တစ်ဦး ဖြစ်လာနိုင်ဖွယ် အလွန်ရှိသည်။ ဤသည်မှာ မည်သည့် အန္တိခရစ်ကမျှ အန္တိခရစ်တစ်ဦး ဖြစ်လာဖို့ တမင်သက်သက် မကြိုးစားဘဲ အန္တိခရစ်တစ်ဦး ဖြစ်လာသောကြောင့် ဖြစ်၏။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသောကြောင့် ဖြစ်ပြီး အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လိုက်ရင်း ထုံးစံအတိုင်း အဆုံးသတ်ရသည်။ ဘာသာရေးလောကထဲရှိ သမ္မာတရားကို မချစ်သည့် သူတို့အားလုံးသည် အန္တိခရစ်များ မဟုတ်သလော။ မိမိ၏ကိုယ်ပိုင် သဘာဝ အနှစ်သာရကို ပြန်လည်သုံးသပ်ခြင်း မရှိသည့်အပြင် နားမလည်ဘဲ မိမိ၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း ဘုရားသခင်ကို ယုံကြည်သော လူအယောက်စီတိုင်း အန္တိခရစ်ဖြစ်၏။ သင်သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို စတင်လိုက်သောအခါ အဆင့်အတန်းကို သင် ရရှိပြီး သင်၌ ဆုကျေးဇူးအချို့နှင့် ဗဟုသုတရှိသည့်အပြင် လူတိုင်းက သင့်ကို လေးစားသဘောကျသည် ဟူသည့်အချက်နှင့် ပေါင်းစပ်လိုက်သောအခါ အလုပ်လုပ်ရင်း သင်ကုန်လွန်စေသည့်အချိန် ရှည်ကြာသည်နှင့်အမျှ သင်သည် လူတို့၏ စိတ်နှလုံးများထဲ၌ နေရာတစ်နေရာ ရှိလာသည်။ သင် တာဝန်ရှိသည့် အလုပ်သည် နယ်ပယ်ကြီးမားလာသည်နှင့်အမျှ သင်သည် လူတို့ကို ပို၍ပို၍ ဦးဆောင်လာရသည်။ သင်၌ အရင်းအနှီး ပို၍ပို၍ ရရှိသည်။ ထိုအခါတွင် သင်သည် ပေါလုအစစ်ဖြစ်လာသည်။ ဤအရာအားလုံး သင်၏သဘောအတိုင်း ဖြစ်သလော။ ဤလမ်းကြောင်းကို လိုက်ဖို့ သင်၌ အစီအစဉ် မရှိခဲ့သော်လည်း အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို မည်သို့များ အမှုမဲ့အမှတ်မဲ့ စတင်ခဲ့သနည်း။ ဤအရာအတွက် အရေးကြီးသော အကြောင်းပြချက်တစ်ခုမှာ သင်သည် သမ္မာတရားကို မလိုက်စားလျှင် သင်သည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို လိုက်စားမည်မှာ အသေချာဆုံးဖြစ်ကာ သင်၏ကိုယ်ပိုင် စီးပွားရေး၌ ပါဝင်မည်ဖြစ်သည်။ နောက်ဆုံးတွင် သတိပင် မထားလိုက်မိဘဲ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လိုက်လျှောက်နေမည်ဖြစ်သည်။ အကယ်၍ အန္တိခရစ်လမ်းကြောင်းကို လိုက်နေသော လူတို့သည် အချိန်မီ လမ်းကြောင်းမပြောင်းလျှင် အဆင့်အတန်းကို ရရှိသောအခါ အန္တိခရစ်များ ဖြစ်လာနိုင်ချေ အတော်ရှိမည်။ ဤရလဒ်ကို ရှောင်လွှဲမရပေ။ အကယ်၍ ၎င်းတို့သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်တွေ့နိုင်လျှင် အန္တရာယ်ရှိနေပြီ။ အဘယ့်ကြောင့်ဆိုသော် လူတိုင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပိုင်ဆိုင်ပြီး လူတိုင်းက ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ခုံမင်နှစ်သက်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို မချစ်ပါက ဂုဏ်သတင်းနှင့် အဆင့်အတန်းကြောင့် လဲကျဖို့ အလွန်လွယ်သည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု မပါလျှင် လူတိုင်း အန္တိခရစ်လမ်းကြောင်းကို လိုက်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းကြောင့် လဲကျမည်ဖြစ်ကာ ဤသည်မှာ မည်သူမျှ မငြင်းနိုင်သော အရာတစ်ခု ဖြစ်၏။ သင်က “ကျွန်ုပ်၌ ရံဖန်ရံခါဆိုသလိုသာ ဤထုတ်ဖော်ချက်များ ရှိပါသည်။ ယင်းတို့သည် တဒင်္ဂသရုပ်သကန်များသာ ဖြစ်သည်။ ကျွန်ုပ်၌ အန္တိခရစ်များနှင့်တူညီသော အနှစ်သာရရှိသော်လည်း ကျွန်ုပ်၌ သူတို့ကဲ့သို့ ထိုမျှကြီးမားသော ရည်မှန်းချက်များ မရှိသောကြောင့် အန္တိခရစ်များနှင့် ကွဲပြားနေသေးသည်။ ထို့ပြင် မိမိ၏တာဝန်ကို လုပ်ဆောင်နေစဉ်အတွင်း ကျွန်ုပ်သည် မိမိကိုယ်ကို အမြဲတစေလည်း ပြန်လည်သုံးသပ်ကာ နောင်တစိတ်ရှိပြီး သမ္မာတရားကို ရှာဖွေသည့်အပြင် သမ္မာတရားစည်းမျဉ်းများအတိုင်း ပြုမူသည်။ ကျွန်ုပ်၏ အပြုအမူကို အကဲဖြတ်ခြင်းဖြင့် ကျွန်ုပ်သည် အန္တိခရစ်တစ်ဦး မဟုတ်သည့်အပြင် အန္တိခရစ်တစ်ဦး ဖြစ်လာဖို့လည်း ဆန္ဒမရှိသောကြောင့် အန္တိခရစ်တစ်ဦး ဖြစ်လာနိုင်ချေမရှိပါ” ဟု ပြောသည်။ သင်သည် ယခုလက်ရှိတွင် အန္တိခရစ်တစ်ဦး ဖြစ်ချင်မှဖြစ်ပေမည်၊ သို့သော်လည်း သင်သည် အန္တိခရစ်လမ်းကြောင်းကို လိုက်ပြီး အန္တိခရစ်တစ်ဦး ဖြစ်မလာဟု သင် တပ်အပ်ပြောနိုင်သ‌လော။ သင်သည် ထိုအာမခံချက်မျိုး ပေးနိုင်သလော။ သင် မပေးနိုင်ချေ။ သို့ဆိုလျှင် ထိုအာမခံချက်မျိုး သင် မည်ကဲ့သို့ ပေးနိုင်မည်နည်း။ ဤသို့ပြုလုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ သမ္မာတရားကို လိုက်စားခြင်းဖြစ်၏။ သို့ဆိုလျှင် သမ္မာတရားကို မည်သို့ လိုက်စားသင့်သနည်း။ ဤသို့ပြုလုပ်ဖို့ သင်၌ နည်းလမ်းရှိသလော။ ပထမအနေဖြင့် သင်သည် အန္တိခရစ်များနှင့် တူညီသော စိတ်သဘောထား အနှစ်သာရ ရှိသည်ဟူသည့်အချက်ကို ဝန်ခံရမည်။ သင်သည် ယခုလက်ရှိတွင် အန္တိခရစ်တစ်ဦး မဟုတ်သော်လည်း သင့်အတွက် ကြောက်စရာ အကောင်းဆုံးနှင့် အန္တရာယ်အရှိဆုံး အရာမှာ အဘယ်နည်း။ ယင်းမှာ သင်၌ အန္တိခရစ်များနှင့် တူညီသော သဘာဝအနှစ်သာရ ပိုင်ဆိုင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ သင့်အတွက် ကောင်းသောအရာ တစ်ခုလော။ (မဟုတ်ပါ။) လုံးဝ မဟုတ်ပေ။ ဤသည်မှာ သင့်အတွက် ကြောက်စရာ ကောင်းလေသည်။ ထို့ကြောင့် သင်သည် အန္တိခရစ်များ၏ သရုပ်သကန် အမျိုးမျိုးကို ထုတ်ဖော်သည့် ဤတရားဒေသနာများကို နားထောင်နေစဉ် ဤအရာများသည် သင်နှင့်မဆိုင်ဟု မထင်နှင့်။ ဤသည်မှာ မှားယွင်းသော သဘောထားရှိခြင်းဖြစ်၏။ သို့ဆိုလျှင် ဤအဖြစ်မှန်များနှင့် သရုပ်သကန်များကို လက်ခံဖို့ သင်၌ မည်သည့်သဘောထားမျိုး ရှိသင့်သနည်း။ မိမိကိုယ်ကို ယင်းတို့နှင့် နှိုင်းယှဉ်လော့။ သင်၌ အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရရှိကြောင်း ဝန်ခံပြီးနောက် သင်၏ မည်သည့် သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များက အန္တိခရစ်များ၏ သရုပ်သကန်များ၊ ထုတ်ဖော်ချက်များနှင့် တထေရာတည်းဖြစ်သည်ကို သိရအောင်လုပ်ဖို့ မိမိကိုယ်ကို ဆန်းစစ်လော့။ ပထမဦးစွာ ဤအချက်ကို အသိအမှတ်ပြုလော့။ မိမိကိုယ်ကို အယောင်ဆောင်ဖို့ သို့မဟုတ် မိမိကိုယ်ကို ဖုံးကွယ်ဖို့ မကြိုးစားနှင့်။ သင်လျှောက်သည့်လမ်းကြောင်းသည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းဖြစ်၏။ ထို့ကြောင့် သင်သည် အန္တိခရစ်တစ်ဦး ဖြစ်သည်ဟု ဆိုခြင်းသည် အချက်အလက်များနှင့် ကိုက်ညီ၏။ ဘုရားအိမ်တော်က သင့်ကို ထိုသို့ မသတ်မှတ်သေးဘဲ သင့်အား နောင်တရဖို့ အခွင့်အရေး ပေးနေခြင်းသာလျှင် ဖြစ်၏။ သင်နားလည်သလော။ ပထမအနေဖြင့် ဤအချက်ကို လက်ခံကာ အသိအမှတ်ပြုလော့။ ထို့နောက် သင်ပြုလုပ်ရမည်မှာ ဘုရားသခင်ရှေ့သို့ လာရောက်ပြီး သင့်အား ဆုံးမပဲ့ပြင်ပြီး ထိန်းချုပ်ရန် တောင်းဆိုဖို့ဖြစ်သည်။ ဘုရားမျက်မှောက်တော်၏ အလင်းမှ ထွက်မသွားနှင့် သို့မဟုတ် သူ၏ စောင့်ရှောက်ခြင်းကို စွန့်ပစ်မသွားနှင့်။ ဤနည်းအားဖြင့် သင်သည် အမှုအရာများ လုပ်ဆောင်သောအခါ မိမိ၏ အသိတရားနှင့် ဆင်ခြင်တုံတရား၏ ထိန်းချုပ်ခြင်းခံရမည် ဖြစ်ပြီး သင့်အား အလင်းပေးဖို့၊ သင့်အား ဦးဆောင်လမ်းပြဖို့နှင့် သင့်အား ထိန်းချုပ်ဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ရရှိမည်ဖြစ်သည်။ ထိုမျှမက သင့်အား လမ်းညွှန်ဖို့၊ သင့်အတွက် သတိပေးချက်များအဖြစ် အသုံးချရန်နှင့် သင့်အား ဆုံးမပဲ့ပြင်ရန်အတွက် သင့်အနီးအနားရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို စီမံပေးဖို့အလိုငှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လည်း ရရှိမည်ဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်ကဲ့သို့ သတိပေးသနည်း။ ဘုရားသခင်သည် နည်းလမ်းများစွာဖြင့် လုပ်ဆောင်၏။ တစ်ခါတစ်ရံတွင် ဘုရားသခင်က သင်၏စိတ်နှလုံးထဲတွင် သိသာထင်ရှားသော စိတ်ခံစားမှုရှိစေကာ သင်သည် ထိန်းချုပ်ခံရဖို့ လိုကြောင်း၊ သင်သည် ဇွတ်တရွတ်ဖြင့် ပြုမူ၍မရကြောင်း၊ အကယ်၍ မှားယွင်းစွာ ပြုမူလျှင် ဘုရားသခင်ကို အရှက်ရစေပြီး မိမိကိုယ်ကို အရူးလုပ်မိမည် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်ဖို့ အခွင့်ပေးမည်ဖြစ်သောကြောင့် သင်သည် မိမိကိုယ်ကို ချုပ်တည်းလေသည်။ ဤသည်မှာ သင့်ကို ဘုရားသခင် စောင့်ရှောက်နေခြင်း မဟုတ်လော။ ဤသည်မှာ နည်းလမ်းတစ်ခု ဖြစ်၏။ တစ်ခါတစ်ရံတွင် ဘုရားသခင်က သင့်စိတ်အတွင်း၌ အပြစ်တင်မည် ဖြစ်ပြီး ထိုပုံစံဖြင့် ပြုမူခြင်းသည် ရှက်ဖွယ်ကောင်းကြောင်း၊ သူသည် ယင်းကို အလွန်မုန်းတီးကြောင်း၊ ယင်းသည် ကျိန်စာသင့်ကြောင်း သင့်ကို ပြောပြဖို့အတွက် သင့်အား ရှင်းလင်းသော စကားများကို ပေးမည်ဖြစ်ကာ ဆိုလိုသည်မှာ သင်သည် မိမိကိုယ်ကိုနှင့် နှိုင်းယှဉ်ချိန်ဆဖို့အတွက် သင့်အား အပြစ်တင်ရန် ရှင်းလင်းသော စကားလုံးများကို သူ အသုံးပြုခြင်း ဖြစ်သည်။ သင့်အား ဤနည်းအတိုင်း အပြစ်တင်ရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်၏ အသိတရားက တစ်စုံတစ်ခုကို ခံစားစေဖို့အတွက် ယင်းကို သူ ပြုလုပ်ခြင်းဖြစ်ပြီး သင်သည် တစ်စုံတစ်ခုကို ခံစားရသောအခါ အကျိုးသက်ရောက်မှု၊ အကျိုးဆက်များနှင့် သင်ကိုယ်တိုင်၏ ရှက်စိတ်အသိကို သင် သုံးသပ်ဆင်ခြင်ကာ သင်၏ လုပ်ဆောင်ချက်များနှင့် လက်တွေ့လုပ်ဆောင်မှုများ၌ ချုပ်တည်းမှု အနည်းငယ်ကို ကျင့်သုံးမည်ဖြစ်သည်။ သင်သည် ထိုသို့သော အတွေ့အကြုံများစွာ ရှိထားပြီးသောအခါ ဖောက်ပြန်ပျက်စီးသော ဤစိတ်သဘောထားများသည် လူတို့အထဲ၌ အမြစ်တွယ်ထားသော်လည်း လူတို့သည် သမ္မာတရားကို လက်ခံလာပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆိုင်သည့် သမ္မာတရားကို ရှင်းလင်းစွာ သိမြင်လာနိုင်သောအခါ မိမိတို့၏ ဇာတိပကတိကို ရည်ရွယ်ချက်ရှိရှိ ပုန်ကန်နိုင်သည်ကို သင်တွေ့မြင်လာလိမ့်မည်။ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြည့်လာနိုင်သောအခါ ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားက သန့်စင်ပြီး ပြောင်းလဲသွားသည်။ လူသား၏ စာတန်ဆန်သော စိတ်သ‌ဘောထားမှာ ဖျက်ဆီး၍ သို့မဟုတ် ပြောင်းလဲ၍မရပေ။ သင်သည် သမ္မာတရားကို လက်ခံလာပြီး လက်တွေ့လုပ်ဆောင်ကြည့်လာနိုင်သောအခါ သင်၏ စာတန်ဆန်သော စိတ်သ‌ဘောထားက ပင်ကိုအားဖြင့် ပျက်စီးသွားပြီး အသစ်လဲခြင်း ခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြည့်ခြင်းက အဘယ်မျှ နှစ်လိုဖွယ်ကောင်းသည်ကို သင် မြည်းစမ်းရသည်နှင့်တစ်ပြိုင်နက် “ကျွန်ုပ်သည် ယခင်က အလွန် အရှက်ကင်းမဲ့ခဲ့သည်။ ကျွန်ုပ်၏ စကားလုံးများက အဘယ်မျှ မျက်နှာပြောင်တိုက်ခဲ့သည်ဖြစ်စေ၊ အခြားသူများကို ကျွန်ုပ်အား ကိုးကွယ်စေဖို့ မိမိကိုယ်ကို အဘယ်သို့ ချီးမြှောက်ခဲ့သည်ဖြစ်စေ ထို့နောက်တွင် ကျွန်ုပ်သည် အရှက်မရှိသည့်အပြင် နားလည်သဘောပေါက်ခြင်းလည်း မရှိခဲ့ပေ။ ယခုတွင် ထိုပုံစံအတိုင်း ပြုမူခြင်းက မှားယွင်းပြီး ကျွန်ုပ်သည် သိက္ခာကျရကြောင်း ကျွန်ုပ်ခံစားရကာ မျက်လုံးပေါင်းများစွာက ကျွန်ုပ်ကို စောင့်ကြည့်နေသကဲ့သို့ ကျွန်ုပ်ခံစားရသည်” ဟု သင် စဉ်းစားမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်၏။ သူက သင့်ကို စိတ်ခံစားမှုတစ်ခု ပေးပြီး သင်သည် မိမိကိုယ်ကို အပြစ်တင်နေသကဲ့သို့ ခံစားရမည်ဖြစ်ပြီးနောက် သင်သည် မကောင်းမှုကို ကျူးလွန်တော့မည်မဟုတ် သို့မဟုတ် သင့်ကိုယ်ပိုင် လမ်းကြောင်းကို ဖက်တွယ်ထားတော့မည် မဟုတ်ပေ။ အမှုမဲ့အမှတ်မဲ့ဆိုသလိုပင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဟူသည့် သင်၏ နည်းလမ်းများက ပို၍ပို၍ နည်းပါးလာကာ သင်သည် မိမိကိုယ်ကို ချုပ်တည်းမှုကို ပို၍ပို၍ ကျင့်သုံးလာမည်ဖြစ်သည်။ ထို့ပြင် ဤပုံစံအတိုင်း ပြုမူခြင်းဖြင့် သင်၏ စိတ်နှလုံးသည် သောကကင်းဝေးပြီး သင်၏ အသိတရားသည် အေးချမ်းကြောင်း ပို၍ပို၍ ခံစားရသည်။ ဤသည်မှာ အလင်းထဲ၌ အသက်ရှင်ခြင်းဖြစ်ကာ ရင်တမမဖြစ်နေဖို့၊ မိမိကိုယ်ကို ဖုံးကွယ်ရန်အတွက် မုသားများ သို့မဟုတ် နှစ်လိုဖွယ်စကားလုံးများကို အသုံးပြုဖို့ နောက်ထပ် လုံးဝမလိုတော့ပေ။ အတိတ်တွင် သင်သည် မိမိ၏ ဂုဏ်သတင်းကို ကာကွယ်ဖို့အတွက် နေ့စဉ်နှင့်အမျှ မုသားပြောပြီး ထိုမုသားများအတိုင်း ဆက်၍ လိမ်ညာနေခဲ့သည်။ သင် မုသားတစ်ခု ပြောသည့်အခါတိုင်း ထိုမုသားအတိုင်း ဆက်၍ လိမ်ညာနေရန် လိုအပ်ကာ အလိမ်ပေါ်အောင် လုပ်ကောင်းလုပ်မိနိုင်သည်ကို အလွန်ကြောက်ခဲ့သည်။ ဤအရာ၏ရလဒ်မှာ သင်သည် မုသားများကို ပို၍ပို၍ ပြောပြီး နောက်ပိုင်းတွင် သင်၏မုသားအတိုင်း ဆက်လက်၍ လိမ်ညာနေရန်အတွက် ကြီးစွာသော လုံ့လကို စိုက်ထုတ်ပြီး ဦးနှောက်ခြောက်အောင် စဉ်းစားရခြင်းပင် ဖြစ်သည်။ သင်သည် လူသားများ၏ ဘဝရော နတ်ဆိုးများ၏ ဘဝနှင့်ပါ မတူညီသည့် ဘဝတစ်ခုကို အသက်ရှင်နေပြီး ခြေကုန်လက်ပန်းကျဖွယ်ပါတကား။ ယခုအခါတွင် သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ဖို့ကြိုးပမ်းနေပြီး သင်၏ စိတ်နှလုံးကို ဖွင့်ဟကာ စစ်မှန်သော အရာများကို ပြောဆိုနိုင်သည်။ သင့်အနေဖြင့် နေ့စဉ် မုသားပြောဖို့နှင့် သင်၏မုသားများအတိုင်း ဆက်လက်၍ လိမ်ညာနေဖို့ မလိုအပ်ပေ။ သင်သည် မုသားများ၏ ဘောင်ခတ်ခြင်း မခံရတော့ပေ။ သင်ခံစားရသည်မှာ များစွာ လျော့နည်းပြီ။ ပို၍ပို၍ ငြိမ်းအေးသော၊ လွတ်လပ်ပြီး လွတ်မြောက်သော ဘဝတစ်ခုကို နေထိုင်ရသည်။ သင်၏အတွင်းစိတ်ထဲတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း စိတ်ခံစားမှုများကို ရရှိခံစားသည်။ သင်သည် ဤဘဝ၏ ချိုမြိန်မှုကို မြည်းစမ်းနေခြင်းဖြစ်သည်။ ထို့ပြင် ဤဘဝ၏ ချိုမြိန်မှုကို မြည်းစမ်းနေစဉ် သင်၏အတွင်းစိတ်ကမ္ဘာသည် နောက်ထပ် လိမ်လည်လှည့်ဖြားခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း သို့မဟုတ် အယောင်ဆောင်ခြင်း မရှိတော့ပေ။ ထိုအစား သင်သည် ယခုတွင် ဘုရားသခင်၏ ရှေ့မှောက်သို့ ရောက်လာလိုစိတ် ရှိသည်။ သင်၌ အရေးကိစ္စတစ်ခု ရှိသောအခါ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသည်။ သင်၌ အရေးကိစ္စတစ်ခု ရှိသောအခါ ယင်းကို အခြားသူများနှင့် ဆွေးနွေးနိုင်သည်။ ထို့ပြင် တစ်ဖက်သတ် သို့မဟုတ် ထင်ရာမြင်ရာ မပြုမူတော့ပေ။ အမှုအရာများကို သင်ပြုလုပ်နေကျ နည်းလမ်းက စက်ဆုပ်ဖွယ် ဖြစ်ကြောင်းနှင့် အမှုအရာများကို ထိုကဲ့သို့ နောက်ထပ် မပြုလုပ်ချင်တော့ကြောင်း သင်သည် ပို၍ပို၍ ခံစားရသည်။ ထိုအစား သမ္မာတရားနှင့်လည်းကောင်း၊ ဆင်ခြင်တုံတရားနှင့်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်းကောင်း ကိုက်ညီသည့် မည်သည့်နည်းလမ်းဖြင့်မဆို သင် ပြုမူသည်။ သင်ပြုမူနေထိုင်သည့်ပုံစံ ပြောင်းလဲသွားသည်။ ဤအရာများကို သင်စွမ်းဆောင်ရရှိနိုင်သောအခါ ယင်းက သင်သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းမှ ထွက်သွားပြီဖြစ်သည်ဟု ဆိုလိုသည် မဟုတ်လော။ ထို့ပြင် သင်သည် အန္တိခရစ်လမ်းကြောင်းမှ ထွက်ခွာပြီးသောအခါ ကယ်တင်ခြင်းရရှိမည့် လမ်းကြောင်းပေါ် စတင်ပြီဖြစ်သည်ဟု ဆိုလိုသည် မဟုတ်လော။ သင်သည် ကယ်တင်ခြင်းရရှိမည့် လမ်းကြောင်းပေါ် စတင်ပြီး ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ ရောက်လာပြီဖြစ်သောအခါ သင်၏ သဘောထား၊ ရည်ရွယ်ချက်၊ ရှုထောင့်အမြင်၊ သင်၏ ဘဝရည်မှန်းချက်ပန်းတိုင်များနှင့် ဘဝ၏ ဦးတည်ချက်တို့သည် ဘုရားသခင်နှင့် မဆန့်ကျင်တော့ပေ။ သင်သည် အပြုသ‌ဘောဆောင်သော အရာများကို စတင်၍ ချစ်လာပြီး တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားကို စတင်၍ ချစ်လာသည်။ ဤအရာဖြစ်ပျက်သောအခါ သင်၏ အတွင်းစိတ်နှလုံးနှင့် အကြံအစည်များ စတင်၍ အသွင်ပြောင်းလဲသွားပြီး ဖြစ်သည်။ သင်သည် ကယ်တင်ခြင်းရရှိမည့် လမ်းကြောင်းပေါ် စတင်ပြီးသောအခါ သင်သည် အန္တိခရစ်တစ်ဦး ဖြစ်လာနိုင်သေးသလော။ သင်သည် ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်နိုင်သေးသလော။ မလုပ်နိုင်တော့သည့်အပြင် ယခု သင်သည် အန္တရာယ်မှ လွတ်ပြီဖြစ်သည်။ ဤအခြေအနေသို့ ဝင်ရောက်ခြင်းဖြင့်သာ လူတို့သည် ဘုရားသခင်၌ မှန်ကန်သော ယုံကြည်ခြင်းလမ်းကြောင်းပေါ် ရောက်ရှိမည်ဖြစ်ကာ သမ္မာတရားကို ဤနည်းအတိုင်း ရှာဖွေပြီး လက်ခံခြင်းဖြင့်သာ ၎င်းတို့သည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝနှင့် အန္တိခရစ်သဘာဝက ဖြစ်ပွားစေသည့် ဒုက္ခပြဿနာများ၊ ထိန်းချုပ်မှုနှင့် နှောင့်ယှက်မှုကို ဖယ်ရှားနိုင်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်

အန္တိခရစ်များ၏ လမ်းကြောင်းကို ၎င်းတို့ လျှောက်သည့် ပြဿနာသည် မည်သို့ ပြေလည်နိုင်သနည်း။ (တစ်နည်းအားဖြင့် ဤကိစ္စရပ်ကို ၎င်းတို့ နားလည်ရမည်ဖြစ်ပြီး အဆင့်အတန်းအတွက် ကြိုးပမ်းသည့် အတွေးအခေါ်များကို ၎င်းတို့ ထုတ်ဖော်ပြသည့်အခါ ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ လာရမည်ဖြစ်သည်။ ထို့အပြင် ညီအစ်ကို မောင်နှမများထံ မိမိတို့ကိုယ်ကို ဖွင့်ချရမည်ဖြစ်ပြီး ထို့နောက်တွင် ဤမမှန်ကန်သည့် အတွေးများကို သတိရှိရှိ ပုန်ကန်ရမည်။ ၎င်းတို့ကို တရားစီရင်ရန်၊ ပြစ်တင်ဆုံးမရန်၊ ပြုပြင်ပြီး ဆုံးမပဲ့ပြင်ရန် ဘုရားသခင်ကိုလည်း ၎င်းတို့ တောင်းလျှာက်ရမည်။ ထို့နောက်တွင် ၎င်းတို့သည် မှန်ကန်သည့် လမ်းကြောင်းပေါ် အစပြုနိုင်ကြလိမ့်မည် ဖြစ်သည်။) ယင်းမှာ အတော် ကောင်းသည့် အဖြေတစ်ခု ဖြစ်သည်။ သို့သော် ဤသည်မှာ စွမ်းဆောင်ရရှိရန် မလွယ်သကဲ့သို့ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အလွန်တရာ ချစ်သောသူတို့အတွက် သာ၍ပင် ခက်ခဲသည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လက်လွှတ်ခြင်းက မလွယ်ပေ။ ထိုအရာက လူတို့က သမ္မာတရားကို လိုက်စားခြင်းအပေါ် မူတည်၏။ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ လူတစ်ဦးသည် မိမိကိုယ်ကို သိရှိလာနိုင်သည်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရှာဖွေခြင်း၏ အနှစ်မဲ့မှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ လူတစ်ဦးက မိမိကိုယ်ကို အမှန်တကယ် သိရှိလာသည့်အခါတွင်သာ အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို စွန့်ပစ်နိုင်သည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန် မလွယ်ပေ။ သင့်အနေဖြင့် သမ္မာတရား ကင်းမဲ့ကြောင်း၊ ချို့တဲ့မှုများက ဝန်းရံနေကာ ဖောက်ပြန်ပျက်စီးမှု အလွန်များစွာ ထုတ်ဖော်နေကြောင်း သတိပြုမိပြီးဖြစ်သော်လည်း သမ္မာတရား လိုက်စားခြင်းတွင် အားထုတ်ခြင်း မရှိသကဲ့သို့ သင်က မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ကြောင်း လူတို့အား ယုံကြည်စေလျက် သင့်ကိုယ်သင် ဟန်ဆောင်ကာ သူတော်ကောင်း အယောင်ဆောင်ခြင်း ပြုလျှင် ဤအရာက သင့်ကို အန္တရာယ် ရှိစေလိမ့်မည်ဖြစ်ပြီး သင် အတားအဆီးကြုံကာ ပြိုလဲမည့်အချိန်တစ်ချိန် အနှေးနှင့်အမြန်ဆိုသလို ရောက်လာလိမ့်မည်။ သင့်တွင် သမ္မာတရား မရှိသည်ကို သင် ဝန်ခံရမည်ဖြစ်ပြီး လက်တွေ့အရှိတရားကို ရင်ဆိုင်ရလောက်အောင် သတ္တိရှိရမည်။ သင့်တွင် အားနည်းချက်များ ရှိသည်၊ ဖောက်ပြန်ပျက်စီးခြင်းကို သင် ထုတ်ဖော်ပြပြီး ချို့ယွင်းချက်မျိုးစုံ၏ ဝန်းခံခြင်းကို သင်ခံရသည်။ ဤသည်မှာ ပုံမှန်ဖြစ်၏။ အကြောင်းမှာ သင်သည် သာမန်လူတစ်ဦးဖြစ်သောကြောင့်၊ သင်သည် မဟာလူသား သို့မဟုတ် အရာခပ်သိမ်းတတ်စွမ်းသောသူ မဟုတ်သောကြောင့်ဖြစ်ပြီး ယင်းကို သင် အသိအမှတ်ပြုရမည်။ အခြားလူတို့က သင့်ကို အထင်အမြင်သေးသည့်အခါ သို့မဟုတ် သရော်သည့်အခါ ၎င်းတို့ ပြောသည့်အရာက မဖွယ်မရာဖြစ်သောကြောင့် ရွံ့မုန်းမှုဖြင့် ချက်ချင်း မတုံ့ပြန်နှင့်၊ သို့မဟုတ် သင့်ကိုယ်သင့် တတ်စွမ်းနိုင်ပြီး ပြီးပြည့်စုံသည်ဟု ယုံကြည်သောကြောင့် အတိုက်အခံ မလုပ်နှင့်။ ထိုသို့သော စကားများအပေါ် သင်၏ သဘောထား ဤသို့မဖြစ်သင့်ပေ။ သင်၏ သဘောထားက မည်သည့်အရာ ဖြစ်သင့်သနည်း။ သင်က “ငါသည် ကိုယ့်အပြစ်နှင့်ကိုယ် ရှိသည်၊ ငါနှင့်ပတ်သက်သည့် အရာရာတိုင်းသည် ဖောက်ပြန်ပျက်စီးပြီး အပြစ်အနာအဆာရှိကာ ငါသည် သာမန်လူတစ်ဦး သက်သက် ဖြစ်သည်။ ငါ့အပေါ် သူတို့၏ အထင်အမြင်သေးခြင်းနှင့် သရော်ခြင်းတို့ ရှိစေကာမူ ထိုအရာတွင် သမ္မာတရားတစ်ခုတလေ ရှိပါသလော။ ၎င်းတို့ ပြောသည့်အရာ၏ တစ်စိတ်တစ်ပိုင်းက မှန်ကန်လျှင် ထိုအရာကို ဘုရားသခင်ထံမှ ငါ ခံယူရမည်”ဟု သင့်ကိုယ်သင် ပြောသင့်သည်။ သင်သည် ဤသဘောထားရှိလျှင် ယင်းမှာ သင်သည် အဆင့်အတန်းကိုလည်းကောင်း၊ ဂုဏ်သတင်းကိုလည်းကောင်း၊ သင်နှင့်ပတ်သက်၍ အခြားသူများ ပြောသည့်အရာကိုလည်းကောင်း မှန်ကန်စွာ ကိုင်တွယ်နိုင်စွမ်း ရှိသည့် သက်သေဖြစ်သည်။ အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို အလွယ်တကူ ဘေးဖယ်ထား၍ မရပေ။ အတော်အတန် ဆုကျေးဇူးရှိသည့်သူတို့အတွက်၊ အစွမ်းအစ အတိုင်းအတာတစ်ခုခု ရှိသည့်သူတို့အတွက် သို့မဟုတ် အလုပ် အတွေ့အကြုံအချို့ ရှိသောသူတို့အတွက် ဤအရာများကို ဘေးဖယ်ထားခြင်းသည် သာ၍ပင် ခက်ခဲ၏။ ယင်းတို့ကို ဘေးဖယ်ထားပြီး ဖြစ်သည်ဟု တစ်ခါတစ်ရံ ၎င်းတို့ အခိုင်အမာ ပြောကောင်းပြောနိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် ထိုသို့ မလုပ်ဆောင်နိုင်ကြပေ။ အခြေအနေက အခွင့်ပေးပြီး ၎င်းတို့တွင် အခွင့်အရေး ရှိသည်နှင့်တစ်ပြိုင်နက် ယခင်က လုပ်ဆောင်ခဲ့ကြသည့်အတိုင်း ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အတွက် ၎င်းတို့ ဆက်လက်ကြိုးပမ်းကြလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖောက်ပြန်ပျက်စီးသော လူသားအားလုံးက ဤအရာများကို နှစ်သက်ကြသောကြောင့် ဖြစ်သည်။ ဆုကျေးဇူးများဖြစ်စေ၊ ပါရမီများဖြစ်စေ မရှိသူတို့သည် အဆင့်အတန်းကို လိုက်စားဖို့ လိုအင်ဆန္ဒ အနည်းငယ် သာ၍ အားနည်းခြင်းသာ ဖြစ်သည်။ အသိပညာ၊ ပါရမီ၊ ကြည့်ကောင်းခြင်းများနှင့် အထူး အားသာချက်တို့ကို ပိုင်ဆိုင်သောသူတို့မှာ ဤရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ဖြင့် ပြည့်သည့် အတိုင်းအတာထိ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အထူးအားကောင်းသော လိုအင်ဆန္ဒ ရှိကြလေသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ဘေးဖယ်ထားရန် အခက်ခဲဆုံးသောအရာ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ရာထူးအဆင့်အတန်း မရှိသောအခါ ၎င်းတို့၏ လိုအင်ဆန္ဒက ဖွံ့ဖြိုးစအဆင့်၌ ရှိနေသည်။ ၎င်းတို့သည် ရာထူးအဆင့်အတန်းကို ရရှိသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏အိမ်တော်က ၎င်းတို့အား အရေးကြီးသော လုပ်ငန်းတာဝန်တချို့ကို ပေးထားသောအခါနှင့် အထူးသဖြင့် ၎င်းတို့သည် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးဖြစ်ကာ အတွေ့အကြုံနှင့် အရင်းအနှီးများစွာ ရှိလျှင်၊ ထိုလိုအင်ဆန္ဒက ဖွံ့ဖြိုးစ မဟုတ်တော့ဘဲ၊ အမြစ်စွဲကာ အပွင့်ပွင့်ပြီးဖြစ်ကာ အသီးသီးတော့မည့်ဆဲဆဲဖြစ်သည်။ လူတစ်ဦးတွင် ကြီးမားသော အမှုအရာများ လုပ်ဆောင်ဖို့၊ ကျော်ကြားဖို့၊ ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်လာဖို့ မပြတ်သော လိုအင်ဆန္ဒနှင့် ရည်မှန်းချက်တို့ ရှိသည့်အခါ၊ ၎င်းသည် ကြီးမားသော မကောင်းမှုကို ကျူးလွန်ပြီး ယင်း၏ အကျိုးဆက်များက အကျိုးသက်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူသည် လုံးလုံး ဇာတ်သိမ်းပြီဖြစ်ကာ ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ ထို့ကြောင့် ဤအရာသည် ကြီးမားသော ဘေးဒုက္ခဆီသို့ မဆိုက်ရောက်မီ အချိန်ရှိသေးစဉ် ထိုသူသည် အခြေအနေကို အမြန် ပြန်ထိန်းရမည်။ တစ်ခုခုကို သင်ပြုလုပ်နေသည့်အခါတိုင်းနှင့် ဆက်စပ်အခြေအနေသည် မည်သို့ပင် ဖြစ်ပါစေ သမ္မာတရားကို သင်ရှာဖွေရမည်၊ ရိုးသားပြီး ဘုရားသခင်ကို နာခံသူတစ်ဦး ဖြစ်ဖို့ လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည်၊ ပြီးလျှင် အဆင့်အတန်းနှင့် ဂုဏ်သတင်းနောက်လိုက်ခြင်းကို ဘေးဖယ်ရမည်။ အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြိုးစားလိုသည့် အစဉ်သဖြင့် ပြင်းပြသောအတွေးနှင့် ဆန္ဒတို့ သင်၌ ရှိသောအခါ မဖြေရှင်းဘဲထားလျှင် ဤအခြေအနေမျိုးသည် မည်သည့်မကောင်းသောအရာများအား ဖြစ်ပေါ်စေသည်ကို သင်သဘောပေါက်ရမည်။ ထို့ကြောင့် အချိန်ဖြုန်းမနေဘဲ သမ္မာတရားကို ရှာဖွေလော့။ အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြိုးစားလိုသည့် သင်၏ဆန္ဒ ဖွံ့ဖြိုးစအခြေအနေ၌ ရှိစဉ်တွင် ယင်းကိုချိုးနှိမ်လော့။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အစားထိုးလော့။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သောအခါ အဆင့်အတန်းအတွက် ယှဉ်ပြိုင်လိုသည့် သင်၏ ဆန္ဒနှင့် ရည်မှန်းချက်သည် မှေးမှိန်လာလိမ့်မည်။ ပြီးလျှင် အသင်းတော်အလုပ်ကို သင် နှောင့်ယှက်လိမ့်မည် မဟုတ်ပေ။ ဤနည်းအားဖြင့် သင်၏ လုပ်ရပ်များကို ဘုရားသခင်က အမှတ်ရပြီး လက်ခံလိမ့်မည်။ ဤသို့ဆိုလျှင် ငါသည် အဘယ်အရာကို အလေးပေးပြောရန် ကြိုးစားနေခြင်းဖြစ်သနည်း။ ဤအရာဖြစ်သည်။ သင်၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များသည် ကြီးထွားရင့်သန်လာကာ အကောင်အထည်ပေါ်လာပြီး ကြီးမားသော ဘေးဒုက္ခမဖြစ်စေမီတွင် ထိုအရာများကို ရှင်းပစ်ရမည်။ ကနဦးအဆင့်၌ ရှိနေဆဲတွင် ယင်းတို့ကို သင်မကိုင်တွယ်လျှင် သင်သည် ကြီးမားသော အခွင့်အလမ်းနှင့် လွဲချော်လိမ့်မည်။ ထိုအရာများကြောင့် ကြီးမားသော ဘေးဒုက္ခဖြစ်သွားသည်နှင့် ယင်းတို့ကို ဖြေရှင်းရန် အလွန်နောက်ကျသွားလိမ့်မည်။ သင်သည် ဇာတိပကတိကို ပုန်ကန်ရန် စိတ်ဓာတ်အားအင်ပင် မရှိလျှင် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်သို့ ခြေချရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားရာတွင် အနှောင့်အယှက်နှင့် ကျရှုံးမှုများကို ကြုံရသော်လည်း အသိစိတ်ဝင်မလာလျှင် ဤသည်မှာ အန္တရာယ်ရှိသည်။ သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရနိုင်ချေရှိသည်။ သမ္မာတရားကို ချစ်သောသူတို့သည် ၎င်းတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်းတို့နှင့် ပတ်သက်၍ ကျရှုံးမှုနှင့် အနှောင့်အယှက်တစ်ခု၊ နှစ်ခုကြုံရသောအခါ ဂုဏ်သတင်းနှင့် အဆင့်အတန်းသည် လုံးဝ တန်ဖိုးမရှိသည်ကို ၎င်းတို့ ရှင်းလင်းစွာ မြင်နိုင်ကြသည်။ ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို လုံးလုံးစွန့်ပစ်နိုင်ပြီး အဆင့်အတန်းကို လုံးဝ မရရှိနိုင်လျှင်ပင် သမ္မာတရားကို ဆက်လက်လိုက်စားပြီး တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ဦးမည်၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ဝေမျှဦးမည်ဟု စိတ်ပိုင်းဖြတ်ထားပြီး ဤသို့ဖြင့် ဘုရားသခင်အတွက် သက်သေခံချက်ပေးခြင်း၏ ရလဒ်ကို ရရှိကြသည်။ ၎င်းတို့သည် သာမန်နောက်လိုက်ဖြစ်လျှင်ပင် အဆုံးအထိ လိုက်လျှောက်နိုင်စွမ်းရှိဆဲဖြစ်သည်။ ၎င်းတို့အလိုရှိသမျှမှာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန်ဖြစ်သည်။ ထိုသူများကသာ သမ္မာတရားကို အမှန်တကယ် ချစ်ပြီး စိတ်ဆုံးဖြတ်ချက်ရှိသောသူများ ဖြစ်ကြသည်။ ဘုရားအိမ်တော်က အန္တိခရစ်များနှင့်ဆိုးယုတ်သောသူ များစွာအား ဖယ်ရှားရှင်းလင်းခဲ့သည်။ သမ္မာတရားကို လိုက်စားသူအချို့သည် အန္တိခရစ်များ၏ ကျရှုံးမှုကို တွေ့မြင်ပြီးနောက် ထိုလူများလျှောက်သည့် လမ်းကြောင်းကို ဆင်ခြင်သုံးသပ်ကြကာ မိမိတို့ကိုယ်ကိုလည်း ဆင်ခြင်သုံးသပ်၍ သိမြင်ကြသည်။ ဤအရာမှ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သွားကြသည်။ သာမန်နောက်လိုက်များဖြစ်ဖို့ စိတ်ပိုင်းဖြတ်ကြသည်။ သမ္မာတရားအား လိုက်စားခြင်း၊ မိမိတာဝန်ကို ကောင်းစွာလုပ်ခြင်းတို့ကို အာရုံစိုက်ကြသည်။ ၎င်းတို့သည် အစေခံသူများဖြစ်သည်၊ သို့မဟုတ် နိမ့်ကျသော အလဟဿလူများဖြစ်သည်ဟု ဘုရားသခင်က ဆိုလျှင်ပင် ၎င်းတို့က ကိစ္စမရှိပေ။ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် နိမ့်ကျသောလူများ၊ သေးနုပ်သော၊ အရေးမပါသောနောက်လိုက်များ၊ အဆုံးတွင် လက်ခံနိုင်ဖွယ်ဖြစ်သော ဖန်ဆင်းခံများဟု ဘုရားသခင်က ခေါ်ဆိုခြင်းကို ခံရမည့်သူများဖြစ်ဖို့သာ ကြိုးစားလိမ့်မည်။ ဤသို့သောလူတို့သည် ကောင်းသောသူများဖြစ်ပြီး ဘုရားသခင် လက်ခံသောသူများဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)

သင်တို့သည် အန္တိခရစ်တို့၏ လမ်းကြောင်းအား လျှောက်မိမည်ကို စိုးရွံ့သလော။ (စိုးရွံ့မိပါသည်။) အကြောက်တရားသည် သူ့ချည်းသက်သက် အသုံးတည့်သလော။ အသုံးမတည့်ပေ။ အကြောက်တရားချည်းသက်သက်က ပြဿနာကို မပြုပြင်ပေးနိုင်ပေ။ အန္တိခရစ်များ၏လမ်းကြောင်းကို လျှောက်လှမ်းဖို့ ကြောက်ရွံ့ခြင်းက ပုံမှန်ဖြစ်ပါသည်။ ယင်းက အကြင်သူသည် သမ္မာတရားချစ်သူတစ်ဦး ဖြစ်ကြောင်း၊ သမ္မာတရားအပေါ် အားထုတ်ကြိုးပမ်းလိုပြီး သမ္မာတရားကို လိုက်စားဖို့ လိုလားသူတစ်ဦးဖြစ်ကြောင်း ပြသည်။ သင်သည် စိတ်နှလုံးထဲ၌ ကြောက်ရွံ့လျှင်၊ သမ္မာတရားကို ရှာဖွေသင့်ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာသင့်သည်။ အခြားသူများနှင့် လိုက်ဖက်ညီစွာ ပူးပေါင်းဆောင်ရွက်ဖို့ သင်ယူခြင်းအားဖြင့် သင် စတင်ရမည်။ ပြဿနာတစ်ခုရှိလျှင်၊ လူတိုင်းက စည်းမျဉ်းများအပြင်၊ ဖြေရှင်းချက်နှင့် စပ်လျဉ်းသည့် တိကျသော တွေးခေါ်မြော်မြင်မှုနှင့် အစီအစဉ်တို့ကို သိနိုင်ဖို့အလို့ငှာ၊ ပြဿနာကို မိတ်သဟာယနှင့်လည်းကောင်း၊ ဆွေးနွေးခြင်းဖြင့်လည်းကောင်း ဖြေရှင်းလော့။ ဤအရာက သင့်ကို တစ်ဦးတည်း ဆုံးဖြတ်ချက်ချခြင်းမှ တားဆီးသည် မဟုတ်လော။ ထို့အပြင် သင့်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိလျှင် သင်သည် ဘုရားသခင်၏ စိစစ်ခြင်းကို အလိုအလျောက် လက်ခံရရှိနိုင်စွမ်းရှိလိမ့်မည်။ သို့သော် ဘုရားသခင် ရွေးချယ်သောလူတို့၏ ကြီးကြပ်မှုကိုလည်း လက်ခံရန် သင်ယူရမည်။ ယင်းမှာ သင့်ထံမှ စိတ်ရှည်ခြင်း၊ လက်ခံခြင်းလိုအပ်သည်။ တစ်စုံတစ်ဦးက သင့်ကို ကြီးကြပ်နေကြောင်း၊ သင်၏အလုပ်ကို ကြည့်ရှုစစ်ဆေးနေကြောင်း၊ သို့မဟုတ် သင်မသိဘဲ သင့်ကို စုံစမ်းစစ်ဆေးနေကြောင်း သင်မြင်ပါက၊ သင် သွေးဆူပြီး ဤလူကို ရန်သူတစ်ဦးကဲ့သို့ သဘောထားကာ ၎င်းကို စက်ဆုပ်ပါက၊ ပြီးလျှင် ၎င်းပျောက်ကွယ်သွားစေဖို့ တောင့်တရင်း၊ ၎င်းကို သစ္စာဖောက်အဖြစ်ပင် တိုက်ခိုက်ကာ ကိုင်တွယ်ပါက၊ ဤသည်မှာ ပြဿနာဖြစ်သည်။ ယင်းသည် အလွန်အမင်း မဆိုးယုတ်သလော။ ဤအရာနှင့် နတ်ဆိုးမင်းကြီးအကြား ကွာခြားချက်မှာ အဘယ်နည်း။ ဤသည်မှာ လူများကို မျှတစွာ ဆက်ဆံခြင်း ဖြစ်သလော။ သင်သည် လမ်းကြောင်းမှန်ကို လျှောက်ပြီး မှန်ကန်သော နည်းလမ်းဖြင့် ပြုမူဆောင်ရွက်လျှင် လူများက သင့်အား စုံစမ်းစစ်ဆေးခြင်းမှ သင်သည် မည်သည့်အရာကို ကြောက်ဖို့လိုသနည်း။ သင်ကြောက်ရွံ့နေလျှင် ယင်းက သင်၏စိတ်နှလုံးထဲတွင် ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေသည့် အရာတစ်ခုရှိကြောင်း ပြသသည်။ သင်၏စိတ်နှလုံးထဲတွင် ပြဿနာရှိကြောင်း သင်သိလျှင်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သင်လက်ခံသင့်သည်။ ဤသည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။ သင်၌ ပြဿနာရှိသည်ကို သင်သိသော်လည်း၊ သင့်ကို ကြီးကြပ်ဖို့၊ သင်၏ အလုပ်ကို ကြည့်ရှုစစ်ဆေးဖို့၊ သင်၏ ပြဿနာကို စုံစမ်းစစ်ဆေးဖို့ မည်သူ့ကိုမျှ ခွင့်မပြုပါက၊ သင်သည် အလွန်အမင်း ယုတ္တိမတန်ခြင်း ဖြစ်သည်၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး ခုခံနေခြင်း ဖြစ်သည်။ ဤအခြေအနေတွင် သင်၏ ပြဿနာသည် ပို၍ပင် ဆိုးရွားလေသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများက သင်သည် ဆိုးယုတ်သောသူတစ်ဦး သို့မဟုတ် မယုံကြည်သူတစ်ဦး ဖြစ်သည်ဟု သိမြင်ပါက၊ အကျိုးဆက်များသည် သာ၍ပင် ဒုက္ခပေးမည်ဖြစ်သည်။ ထို့ကြောင့် အခြားသူများ၏ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းတို့ကို လက်ခံနိုင်သည့် သူများသည် ဆင်ခြင်တုံတရား အရှိဆုံး ဖြစ်ကြသည်။ ၎င်းတို့၌ သည်းခံခြင်းနှင့် ပုံမှန်လူ့သဘာဝ ရှိလေသည်။ သင်သည် မှားသည့်အရာတစ်ခုခု ပြုလုပ်နေသည်၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ထုတ်ဖော်ချက် ရှိသည်ကို သင်သိရသည့်အခါ၊ လူများနှင့် သင် ဖွင့်ပြောနိုင်ပြီး ဆွေးနွေးပြောဆိုနိုင်ပါက၊ ဤအရာက သင့်အနီးအနားရှိလူများကို သင့်အား စောင့်ကြည့်ဖို့ ကူညီပေးလိမ့်မည် ဖြစ်သည်။ ကြီးကြပ်မှုကို လက်ခံဖို့ သေချာပေါက် လိုအပ်‌သော်လည်း အဓိကအချက်မှာ မိမိကိုယ်ကိုယ် အစဉ်မပြတ် ဆန်းစစ်လျက် ဘုရားသခင်ထံ ဆုတောင်းဖို့နှင့် သူ့အပေါ် မှီခိုကိုးစားဖို့ဖြစ်သည်။ အထူးသဖြင့် မှားယွင်းသောလမ်းကို သင်လျှောက်ပြီးဖြစ်သည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ခုကို မမှန်မကန်ပြုပြီးသည့်အခါ၊ သို့မဟုတ် သင်သည် မိမိသဘောအတိုင်း လုပ်ဆောင်တော့မည် သို့မဟုတ် တစ်စုံတစ်ခုကို ဆုံးဖြတ်တော့မည်ဖြစ်ပြီး အနီးရှိ တစ်စုံတစ်ဦးက ယင်းကို ဖော်ပြပြောဆိုပြီး သင့်ကို သတိပေးသည့်အခါ၊ ယင်းကို သင် လက်ခံဖို့ လိုအပ်ပြီး သင့်ကိုယ်သင် အမြန်ဆင်ခြင်သုံးသပ်ကာ သင်၏အမှားကို ဝန်ခံဖို့နှင့် ယင်းကို ပြုပြင်ဖို့ လိုအပ်သည်။ ဤအရာက သင့်အား အန္တိခရစ်တို့၏ လမ်းကြောင်းပေါ် ခြေချခြင်းမှ တားဆီးနိုင်သည်။ သင့်ကို ဤနည်းအားဖြင့် ကူညီပြီး သတိပေးသူ တစ်စုံတစ်ဦးရှိပါက သင့်ကို ယင်းက မသိလိုက်ဘဲ ကာကွယ်နေခြင်း မဟုတ်လော။ ဟုတ်သည်။ ယင်းမှာ သင် ကာကွယ်ခံရခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် သင်၏ ညီအစ်ကိုမောင်နှမများ၊ သို့မဟုတ် သင့်ပတ်ဝန်းကျင်ရှိ လူများမှနေ၍ မိမိကိုယ်ကို အမြဲ သတိထားကာကွယ်ခြင်း မရှိသင့်ပေ။ သင့်ကို အခြားသူများက နားလည်အောင် သို့မဟုတ် သင်၏အရှိအတိုင်းကိုမြင်အောင် ခွင့်မပြုဘဲ သင့်ကိုယ်သင် အမြဲတမ်း ဖုံးကွယ်ထားပြီး မိမိကိုယ်ကို ကွယ်ဝှက်မထားနှင့်။ သင်၏စိတ်နှလုံးသည် အခြားသူများထံမှ မိမိကိုယ်ကို အမြဲ သတိထား စောင့်ကြပ်နေပါက ၎င်းသည် သင်၏ သမ္မာတရားရှာဖွေခြင်းကို ထိခိုက်စေမည်ဖြစ်ပြီး၊ သင့်အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးသွားရဖို့ လွယ်မည်ဖြစ်သည်သာမက၊ စုံလင်အောင်ပြုခြင်းခံရမည့် အခွင့်အရေးများစွာကိုလည်း ဆုံးရှုံးစေမည်ဖြစ်သည်။ အခြားသူများမှ မိမိကိုယ်ကို အမြဲ သတိထားကာကွယ်လျှင် သင့်စိတ်နှလုံးထဲတွင် လျှို့ဝှက်ချက်များ ရှိလာပြီး လူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည် မဟုတ်ချေ။ သင့်အနေဖြင့် အမှားများလုပ်မိပြီး လမ်းမှားလျှောက်မိဖို့ လွယ်လိမ့်မည်ဖြစ်ပြီး သင်သည် အမှားလုပ်မိသောအခါ ထိတ်လန့်တုန်လှုပ်သွားလိမ့်မည်။ ထိုအချိန်တွင် သင် မည်သို့ထင်မည်နည်း။ “ကျွန်ုပ်သာ သိခဲ့မည်ဆိုလျှင် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရန်အတွက် အစကတည်းက ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းပြီး ပြဿနာတစ်စုံတစ်ရာ ရှိမည်မဟုတ်သည်မှာ သေချာသည်။ သို့သော် ကျွန်ုပ်အား အခြားသူများက ရိပ်စားမိမည်ကို အမြဲကြောက်နေသောကြောင့် အခြားသူများထံမှ မိမိကိုယ်ကို ကာကွယ်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် အခြားမည်သူမျှ အမှားမလုပ်ခဲ့။ ပထမဆုံးအမှားကို လုပ်ခဲ့သူက ကျွန်ုပ်ပင်ဖြစ်သည်။ ရှက်စရာကောင်းပြီး မိုက်မဲသောအရာပင်” ဟူ၍ ဖြစ်သည်။ သင်သည် သမ္မာတရားကို ရှာဖွေရာ၌ အာရုံစိုက်နိုင်ပြီး အခက်အခဲများ ရှိလာသည့်အခါ ညီအစ်ကိုညီအစ်မများနှင့် မိတ်သဟာယဖွဲ့ရာ၌ ရင်ဖွင့်နိုင်မည်ဆိုလျှင် သင့်ညီအစ်ကို မောင်နှမများက သင့်ကို ကူညီပေးနိုင်ပြီး မှန်ကန်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနှင့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို နားလည်အောင် ထောက်ကူပေးနိုင်သည်။ ယင်းသည် သင်၏ တာဝန်ထမ်းဆောင်ရာတွင် မှားယွင်းသောလမ်းကြောင်းကို လျှောက်လှမ်းခြင်းမှ ကာကွယ်ပေးနိုင်သောကြောင့် သင်သည် ကျရှုံးခြင်း သို့မဟုတ် လဲကျသွားခြင်း ရှိမည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ ပစ်ပစ်ခါခါငြင်းခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းတို့ကို ခံရမည် မဟုတ်ချေ။ ထိုအစား သင်သည် အကာအကွယ် ရရှိမည်ဖြစ်ပြီး သင်၏တာဝန်ကို လျော်ညီစွာထမ်းဆောင်ကာ ဘုရားသခင်၏ လက်ခံမှုကို ရရှိမည်ဖြစ်သည်။ ညီညွတ်သော ပူးပေါင်းလုပ်ဆောင်ခြင်းမှ လူတို့ရရှိသော အကျိုးကျေးဇူးများမှာ ကြီးမားလိုက်လေခြင်း။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်

သင်တို့သည် ဘုရားနှုတ်ကပတ်တော်များ အသက်ဖြစ်လာသည့် ဤလက်တွေ့ကျမှုကို ယခုမရရှိသဖြင့် သင်တို့တွင် အဆင့်အတန်းနှင့် တရားဝင်ရာထူးများရရှိပါက သင်တို့ မည်ကဲ့သို့ ဖြစ်လာမည်နည်း။ သင်တို့သည် အန္တိခရစ် လမ်းကြောင်းကို လျှောက်မည်လော။ (ယင်းသည် မသေချာပေ။) ဤအချိန်က အကြီးမားဆုံး အန္တရာယ်ဖြစ်၏။ ဤသည်ကို သင်တို့ ရှင်းလင်းစွာ မြင်နိုင်သလော။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရသည်မှာ အန္တရာယ်ရှိသလော၊ ငါ့ကိုပြောလော့။ (ရှိပါသည်။) အန္တရာယ်ကို သိလျက်ပင် သင်တို့သည် ဤတာဝန်ကို ထမ်းဆောင်လိုစိတ် ရှိသေးသလော။ (ရှိပါသေးသည်။) တာဝန်ကို ထမ်းဆောင်လိုစိတ်ရှိခြင်းသည် လူသား၏ဆန္ဒဖြစ်ပြီး ယင်းက အပြုသဘောဆောင်သောအရာ ဖြစ်၏။ သို့သော်လည်း ဤအပြုသဘောဆောင်သည့် အရာတစ်ခုတည်းက သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခွင့်ပြုမည်လော။ ဇာတိပကတိ၏အလိုများကို ပုန်ကန်နိုင်မည်လော။ လူ၏ ကောင်းသောရည်ရွယ်ချက်များနှင့် လူ့စိတ်အလိုကို အားကိုးပြီး လူ့ဆန္ဒများနှင့် ရည်သန်မျှော်မှန်းချက်ကို အားကိုးခြင်းဖြင့် သင်သည် သင်၏စိတ်ဆန္ဒကို ပြည့်ဝစေနိုင်မည်လော။ (မပြည့်ဝစေနိုင်ပါ။) သို့ဆိုလျှင် သင်၏ဆန္ဒများ၊ သင်၏ရည်သန်မျှော်မှန်းချက်များနှင့် သင့်စိတ်အလိုတို့ကို သင်၏ လက်တွေကျမှုနှင့် သင်၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုသို့ ရောက်စေရန် သင်တို့ ဘာလုပ်ရမည်ကို စဉ်းစားရပါမည်။ ယင်းက အမှန်တွင် ပြဿနာကြီးကြီးမားမား မဟုတ်ပေ။ စစ်မှန်သောပြဿနာမှာ လူသား၏ လက်ရှိအခြေအနေနှင့် ဝိညာဉ်ရင့်ကျက်မှုကို ထောက်ရှုပြီး သူ၏ လူ့သဘာဝအရည်အသွေးများကို ထောက်ရှုရလျှင် သူသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့်သက်ဆိုင်သော သတ်မှတ်ချက်များကို ပြည့်မီရန် အလှမ်းဝေးနေခြင်းဖြစ်သည်။ သင်တို့၏ လူ့စရိုက်လက္ခဏာသည် သမ္မာတရားကို လိုက်စားလိုသော ဆန္ဒမဟုတ်ဘဲ အသိတရားနှင့် ဆင်ခြင်တုံတရား အနည်းငယ်သာလျှင် ဖြစ်သည်။ သင်တို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ သင်တို့သည် ဝတ်ကျေတမ်းကျေ လုပ်လိုသည့် ဆန္ဒရှိကောင်းရှိမည် မဟုတ်သည်သာမက၊ ဘုရားသခင်ကို လှည့်ဖြားရန် ကြိုးစားလိုသည့် ဆန္ဒလည်းရှိမည် မဟုတ်သော်လည်း ထိုသို့ပြုလိမ့်မည်ဖြစ်သည်။ သင်တို့၏ လက်ရှိ တကယ့်အခြေအနေနှင့် ဝိညာဉ်ရင့်ကျက်မှုကို ထောက်ရှုလျှင် သင်တို့သည် အန္တရာယ်ရှိသော နေရာသို့ ရောက်နေပြီဖြစ်သည်။ အဆင့်အတန်းရှိခြင်းက အန္တရာယ်ရှိပြီး မရှိခြင်းက ဘေးကင်းသည်ဟု သင်တို့ဆက်လက် ခံယူထားဦးမည်လော။ အမှန်တွင် အဆင့်အတန်း မရှိခြင်းသည်လည်း အန္တရာယ်ရှိ၏။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် သင်အသက်ရှင်နေသမျှ ကာလပတ်လုံး သင်သည် အန္တရာယ်နှင့် ကြုံတွေ့နေရသည်။ သို့ဆိုလျှင် ခေါင်းဆောင် မဟုတ်သောသူများက လုံခြုံသော်လည်း ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းကသာ အန္တရာယ်ရှိသည့် သဘောဖြစ်သလော။ (မဟုတ်ပါ။) သင်သည် သမ္မာတရားကို လိုက်စားသူမဟုတ်ဘဲ သမ္မာတရား လက်တွေ့ကျမှုကို စိုးစဉ်းမျှမပိုင်ဆိုင်ပါက သင်သည် ခေါင်းဆောင်တစ်ဦး ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အန္တရာယ်ကျရောက်နေသည်။ ထို့ကြောင့် ဤအန္တရာယ်မှ လွတ်မြောက်ရန် သမ္မာတရားကို မည်သို့ လိုက်စားသင့်သနည်း။ ဤမေးခွန်းကို သင်တို့ စဉ်းစားဖူးသလော။ သင့်တွင် ဆန္ဒအနည်းငယ်သာရှိပြီး စည်းမျဉ်းစည်းကမ်းအချို့ကို ပုံသေစောင့်ထိန်းရုံသာ ဖြစ်လျှင် ယင်းက အလုပ်ဖြစ်မည်လော။ ဤနည်းဖြင့် သင်အမှန်တကယ် ဘေးအန္တရာယ်အနေအထားမှ လွတ်မြောက်နိုင်မည်လော။ ရေတိုတွင် အလုပ်ဖြစ်နိုင်သော်လည်း ရေရှည်တွင် မည်သည့်အရာ ဖြစ်လာမည်ကို ပြောဖို့ခက်သည်။ သို့ဆိုလျှင် ဘာလုပ်ရမည်နည်း။ သမ္မာတရားကို လိုက်စားခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်သည်ဟု အချို့က ဆိုကြသည်။ ဤသည်မှာ လုံးဝမှန်ကန်သော်လည်း သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် မည်သည့်နည်းဖြင့် လိုက်စားရမည်နည်း။ ပြီးလျှင် ၎င်း၏ အသက် ကြီးထွားရန်အတွက်မှာရော။ ဤအရာတစ်ခုမျှ ရိုးရှင်းသော ကိစ္စများမဟုတ်ပေ။ ပထမဆုံးအနေဖြင့် သမ္မာတရားကို နားလည်ရမည်၊ ထို့နောက် ယင်းကို လက်တွေ့လုပ်ဆောင်ရမည်။ သမ္မာတရားကို နားလည်သရွေ့ ဤပြဿနာများတစ်ဝက်က ဖြေရှင်းပြီးသားဖြစ်သည်။ သူတို့သည် မိမိတို့၏ အခြေအနေကို ဆင်ခြင်သုံးသပ်ပြီး ယင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်မည်ဖြစ်သည်။ သူတို့သည် သူတို့နေထိုင်နေသော ဘေးအန္တရာယ်ကို ခံစားမိလိမ့်မည်။ သမ္မာတရားကို လိုလိုလားလား လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုသည် လူတစ်ဦးအား ဘုရားသခင်ကို ကျိုးနွံနာခံမှုဆီသို့ အလိုအလျောက် ပို့ဆောင်ပေးသည်။ ဘုရားသခင်ကို ကျိုးနွံနာခံသူသည် အန္တရာယ်ကင်းသလော။ သင်သည် အမှန်တကယ် အဖြေလိုအပ်သလော။ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသူများသည် ဘုရားသခင်ကို သစ္စာဖောက်ရန်ဝေးစွ၊ ဘုရားသခင်အား ပုန်ကန်ခြင်း၊ သို့မဟုတ် ဆန့်ကျင်ခြင်း ပြုမည်မဟုတ်တော့ပေ။ သူတို့၏ကယ်တင်ခြင်းသည် သေချာပြီဖြစ်သည်။ ထိုသို့သောလူသည် လုံးလုံးလျားလျား အန္တရာယ်ကင်းသည် မဟုတ်လော။ ထို့ကြောင့် ပြဿနာများကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ သမ္မာတရားကို လေးနက်စွာခံယူပြီး သမ္မာတရားကို ကြိုးပမ်းအားထုတ်ရန် ဖြစ်သည်။ လူတို့က သမ္မာတရားကို အမှန်တကယ် နားလည်ထားလျှင် ပြဿနာအားလုံး ပြေလည်သွားလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဂုဏ်အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း

ခေါင်းဆောင်များနှင့် အမှုဆောင်များ အလုပ်လုပ်နေသောအခါ ၎င်းတို့သည် တစ်ခါတစ်ရံတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းကို ခံရသည်။ ၎င်းတို့သည် စစ်မှန်သော အတွေ့အကြုံအချို့အကြောင်း ပြောနိုင်ကြပြီး ၎င်းတို့အား အထင်ကြီးပြီး ကိုးကွယ်သောလူတို့ကို အလိုအလျောက် ရရှိကြမည်။ ၎င်းတို့၏အရိပ်ပမာ ၎င်းတို့နှင့် မခွဲနိုင်မခွာနိုင်ဖြစ်ကာ ၎င်းတို့နောက်လိုက်သော လူတို့ကို အလိုအလျောက် ရရှိကြမည်။ ဤကဲ့သို့သော အချိန်များတွင် ၎င်းတို့သည် ဤအရာများကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ လူတိုင်း၌ ကိုယ်ပိုင်မက်မောမှုများ ရှိသည်။ လူတိုင်း စိတ်ကြီးဝင်တတ်သည်။ အကယ်၍ လူတို့သည် မိမိတို့အကြောင်း သဘောကျစွာနှင့် နှစ်မြို့ဖွယ်ရာ စကားပြောသော လူတစ်ဦးကို ကြားရလျှင် ယင်းကို အလွန်အမင်း သာယာကြည်နူးကြမည် ဖြစ်သည်။ ဤသို့ခံစားရသည်မှာ သာမန်ကိစ္စဖြစ်ပြီး အထူးအထွေ မဟုတ်ပေ။ သို့သော်လည်း သူတို့သည် မိမိတို့အပေါ် ပုံအောချီးမွမ်းနိုင်ပြီး မြှောက်ပင့်နိုင်သောသူ တစ်စုံတစ်ယောက်ကို ရာထူးတိုးပေးကာ ဤကဲ့သို့သောသူကို အရေးကြီးသော အသုံးပြုမှုတစ်ခုခုအတွက် ထားရှိပါက ယင်းမှာ အန္တရာယ်ရှိသည်။ ဤသည်မှာ အခြားသူများအပေါ် မြှောက်ပင့်ပြီး ဗုံးပေါလအော ချီးမွမ်းရသည်ကို ခုံမင်သော လူတို့အားလုံးသည် အလွန်အမင်း လှည့်ဖြားတတ်ပြီး မရိုးဖြောင့်သည့်အပြင် ၎င်းတို့သည် ရိုးသားခြင်း သို့မဟုတ် ဖြောင့်မတ်မှန်ကန်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ထိုသို့သော လူတို့သည် အဆင့်အတန်းကို ရရှိသည်နှင့်တစ်ပြိုင်နက် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှု သို့မဟုတ် အသင်းတော်အလုပ်အတွက် အကျိုးကျေးဇူး မရှိတော့ပေ။ ဤလူတို့သည် ကောက်ကျစ်စဉ်းလဲပြီး အမှုအရာများကို ရှုပ်ထွေးအောင် လုပ်နိုင်စွမ်း အရှိဆုံးဖြစ်သည်။ အများသူငှာထက် ဖြောင့်မတ်တည်ကြည်သော လူတို့သည် အခြားသူများအပေါ် မည်သည့်အခါမျှ ဗုံးပေါလအော မချီးမွမ်းပေ။ အကယ်၍ သူတို့က သင့်ကို စိတ်နှလုံးထဲ၌ အသိအမှတ်ပြုလျှင်ပင် အသံထွက်၍ ပြောမည်မဟုတ်သည့်အပြင် သင်၌ ချို့ယွင်းချက်များ ရှိကြောင်း သို့မဟုတ် သင်သည် အမှားတစ်စုံတစ်ခု ပြုလုပ်ထားကြောင်း တွေ့ရှိလျှင် သင့်အား ထောက်ပြမည်ဖြစ်သည်။ သို့သော်လည်း လူအချို့က ရိုးသားဖြောင့်မှန်သော လူတို့ကို မနှစ်သက်သည့်အပြင် တစ်စုံတစ်ယောက်က သူတို့၏ အားနည်းချက်များကို ထောက်ပြသောအခါ သို့မဟုတ် ပြစ်တင်ဝေဖန်သောအခါ ထိုလူကို သူတို့ ဖိနှိပ်ကာ ပထုတ်မည်ဖြစ်ပြီး ထိုလူကို အမြဲတစေ အကဲဖြတ်ပြီး ပြစ်တင်ရှုတ်ချဖို့အတွက် သူ၏ ချို့ယွင်းချက်များနှင့် အားနည်းချက်တို့ကိုပင် မလွတ်တမ်း အသုံးချမည်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် သူတို့သည် လူကောင်းများကို ဖိနှိပ်ပြီး ဒုက္ခပေးကြသည် မဟုတ်လော။ ဤကဲ့သို့ အမှုအရာများကို ပြုလုပ်ခြင်းနှင့် ထိုသို့သောလူကောင်းများကို နှိပ်စက်ညှဉ်းပန်းခြင်းသည် ဘုရားသခင် အမုန်းတီးဆုံးသော အရာများဖြစ်၏။ လူကောင်းများကို နှိပ်စက်ညှဉ်းပန်းခြင်းသည် ယုတ်ကန်းသောအရာ ဖြစ်ပေ၏။ ထို့ပြင် လူတစ်ဦးသည် လူကောင်းအမြောက်အမြားကို နှိပ်စက်ညှဉ်းပန်းပါက သူသည် နတ်ဆိုးဖြစ်၏။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူတိုင်းကို မျှတစွာနှင့် ချစ်ခင်ကြင်နာစွာ ဆက်ဆံသင့်ပြီး အရေးကိစ္စများကို စည်းမျဉ်းနှင့်အညီ ကိုင်တွယ်သင့်သည်။ အထူးသဖြင့် သင်၌ သင့်အား မြှောက်ပင့်ပြီး မျက်နှာချိုသွေးသော၊ သင့်ကို ဝန်းရံနေသော လူတို့ ရှိနေလျှင် ၎င်းတို့ကို တိကျမှန်ကန်စွာ ဆက်ဆံရမည်၊ ချစ်ခင်ကြင်နာစွာ ကူညီရမည်၊ ပြီးလျှင် ၎င်းတို့၏ အလုပ်တာဝန်များကို ထမ်းဆောင်ခိုင်းပြီး ဘာသာတရားမရှိသူများကဲ့သို့ လူတို့အား မြှောက်ပင့်ခြင်းကို မလုပ်ဘဲ နေရမည်ဖြစ်သည်။ သင်၏ ရပ်တည်ချက်နှင့် ရှုထောင့်ကို ရှင်းရှင်းလင်းလင်း ထုတ်ပြောလော့။ ယင်းကို မည်သည့်အခါမျှ ထပ်မလုပ်အောင် ၎င်းတို့ကို အရှက်တကွဲဖြစ်စေပြီး အရှက်ရစေလော့။ အကယ်၍ သင်သည် စည်းမျဉ်းများကို လိုက်နာပြီး လူတို့ကို မျှတစွာ ဆက်ဆံနိုင်လျှင် စက်ဆုပ်ဖွယ်ဖြစ်သော ဤငပြောင်များနှင့် စာတန်ဆန်သော အတန်းစားတို့ အရှက်ရမည် မဟုတ်လော။ ဤအရာက စာတန်ကို အရှက်ရစေမည်ဖြစ်ပြီး ဘုရားသခင်ကို ကျေနပ်စေမည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ အားလုံးသည် သူတို့ကို မြှောက်ပင့်သောလူတို့ကို ချစ်သည့်အပြင် တစ်စုံတစ်ဦးက သူတို့အား မြှောက်ပင့်သော သို့မဟုတ် မျက်နှာချိုသွေးသော အရာတစ်ခုခုကို ပြောသည့်အခါတိုင်း သူတို့၏ ဝင့်ဝါမှုနှင့် အဆင့်အတန်းရဖို့ လိုအင်ဆန္ဒတို့ ကျေနပ်တင်းတိမ်သွားသည်ဟု အခြားသူများကို မြှောက်ပင့်ရန် ခုံမင်သောသူတို့က ယုံကြည်ကြသည်။ သမ္မာတရားကို ချစ်သောလူတို့က ဤအရာအားလုံးကို မကြိုက်သည့်အပြင် အလွန်တရား မုန်းတီးပြီး စက်ဆုပ်ရွံရှာကြသည်။ အတုအယောင် ခေါင်း‌ဆောင်များသာ မြှောက်ပင့်ခံရခြင်းကို ပျော်မွေ့ကြသည်။ ဘုရားအိမ်တော်က ထိုသူတို့ကို ဂုဏ်ပြုခြင်း သို့မဟုတ် ချီးမွမ်းခြင်း ပြုကောင်းပြုမည် မဟုတ်သော်လည်း ဘုရားသခင် ‌ရွေးချယ်ထားသော လူတို့က သူတို့ကို ဂုဏ်ပြုပြီး ချီးမွမ်းလျှင် ထိုသူတို့ အလွန်ကျေနပ်ပြီး ယင်းကို အလွန်တရာ နှစ်သက်သည့်အပြင် နောက်ဆုံးတွင် ထိုအရာအားဖြင့် နှစ်သိမ့်မှုတစ်ခုခု ရရှိကြသည်။ အန္တိခရစ်များသည် မြှောက်ပင့်ခံရခြင်းကို ပို၍ပင် နှစ်သက်ကြပြီး သူတို့ အနှစ်သက်ဆုံးအရာမှာ ဤကဲ့သို့သောလူတို့က သူတို့နှင့် ရင်းနှီးပြီး သူတို့အား ဝန်းရံနေကြသောအချိန် ဖြစ်၏။ ဤသည်မှာ ဒုက္ခပေးသည် မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များ ဖြစ်သည့်ပုံစံပင် ဖြစ်၏။ သူတို့သည် မိမိတို့အား ချီးမွမ်းပြီး ဂုဏ်ပြုသော၊ မိမိတို့အား ကိုးကွယ်ပြီး နောက်လိုက်သော လူများ ရရှိနေခြင်းကို နှစ်သက်ကြလင့်ကစား သမ္မာတရားကို လိုက်စားပြီး အတော်အတန် ဖြောင့်မတ်တည်ကြည်သောသူတို့က ဤသို့သော အရာတစ်ခုကိုမျှ မနှစ်ကြပေ။ သင့်အား မှန်မှန်ကန်ကန် ပြောဆိုနိုင်သောသူတို့နှင့် သင်နီးစပ်အောင် လုပ်ဆောင်ရမည်။ သင့်ဘေးတွင် ဤသို့သောသူများ ရှိခြင်းသည် သင့်အတွက် ကြီးစွာသော အကျိုးကျေးဇူးရှိသည်။ အထူးသဖြင့် သင့်၌ ပြဿနာတစ်ခုရှိသည်ကို တွေ့ရှိသောအခါတွင် သင့်အား အပြစ်တင်ရန်၊ သင့်အား ဖော်ထုတ်ရန် သတ္တိရှိသော ထိုကဲ့သို့သောလူကောင်းများကို သင့်အနီးတွင် ထားရှိခြင်းသည် သင့်အား လမ်းမလွဲစေရန် တားဆီးနိုင်သည်။ သင်၏ အဆင့်အတန်းက မည်သို့ရှိသည်ကို ၎င်းတို့ ဂရုမစိုက်ပေ။ ပြီးလျှင် သမ္မာတရားစည်းမျဉ်းများနှင့် ဆန့်ကျင်သည့်အရာတစ်ခုအား သင်လုပ်ဆောင်ပြီးသည်ကို ၎င်းတို့တွေ့ရှိသည်နှင့် လိုအပ်လျှင် ၎င်းတို့သည် သင့်အား အပြစ်တင်ပြီး ဖော်ထုတ်လိမ့်မည်။ ဤသို့သောသူများသည်သာ ဖြောင့်မှန်သောလူများ၊ တရားမျှတစိတ် ရှိသောလူများဖြစ်သည်။ ထို့အပြင် ၎င်းတို့က သင့်အား မည်သို့ ဖော်ထုတ်ပြီး အပြစ်တင်ပါစေ အားလုံးက သင့်အတွက် အထောက်အကူဖြစ်ပြီး အားလုံးက သင့်အား ကြီးကြပ်ခြင်းနှင့် ရှေ့သို့ တွန်းတင်ခြင်းတို့သာ ဖြစ်သည်။ သင်သည် ဤသို့သောလူများနှင့် နီးစပ်အောင် လုပ်ဆောင်ရမည်။ သင့်အနီး၌ ဤသို့သောသူများရှိပြီး သင့်အား ကူညီခြင်းအားဖြင့် သင်သည် အတော်အတန်ပင် ပို၍ ဘေးကင်းလာသည်။ ဤသည်မှာ ဘုရားသခင်၏ ကွယ်ကာမှုရှိခြင်းဆိုသည့်အရာ ဖြစ်သည်။ နေ့စဉ် သင်၏နံဘေး၌ သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများကို ထိန်းသိမ်းသောသူများ ရှိနေပြီး သင့်အား ကြီးကြပ်ပေးနေခြင်းသည် သင့်တာဝန်နှင့် အလုပ်ကို ကောင်းစွာလုပ်ဆောင်ခြင်းအတွက် အလွန်အကျိုးဖြစ်စေသည်။ သင့်ကို ဖော်လံဖားပြီး မြှောက်ပင့်သည့် လှည့်ဖြားတတ်သော၊ မရိုးဖြောင့်သော လူတို့ကို သင်၏ လက်ထောက်များအဖြစ် လုံးဝ မထားရပေ။ ဤကဲ့သို့သောလူတို့ သင်ထံတွင် ကပ်တွယ်နေခြင်းသည် သင့်အပေါ် နံဟောင်နေသော ယင်ကောင်များ ပျံဝဲနေခြင်းနှင့် တူ၏။ သင်သည် ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး အမြောက်အမြားနှင့် ထိတွေ့တော့မည်ဖြစ်၏။ ထိုသို့သောလူတို့သည် သင့်ကို နှောင့်ယှက်ပြီး သင့်အလုပ်ကို ထိခိုက်စေတတ်သည်။ ထိုသူတို့က သင့်ကို စုံစမ်းသွေးဆောင်ခြင်းထဲသို့ လဲကျစေပြီး လမ်းလွဲစေနိုင်သည့်အပြင် သင့်အား ကံဆိုးခြင်းနှင့် ဘေးဒုက္ခ ပေးနိုင်သည်။ ထိုသူတို့မှနေ၍ ဝေးလေကောင်းလေ ရှောင်ကြဉ်ရမည် ဖြစ်ကာ သူတို့၌ မယုံကြည်သူများ၏ အနှစ်သာရရှိသည်ကို သင် ပိုင်းခြားသိမြင်နိုင်ပြီး သူတို့ကို အသင်းတော်မှနေ၍ ရှင်းလင်းပစ်နိုင်လျှင် သာ၍ပင် ကောင်းသေး၏။ သမ္မာတရားကို လိုက်စားသည့် ဖြောင့်မတ်တည်ကြည်သော လူတစ်ဦးက သင်၌ ပြဿနာရှိကြောင်း သိမြင်သောအခါ သင်၏ အဆင့်အတန်းကို အမှုမထားဘဲ၊ သူတို့ကို သင် မည်သို့ဆက်ဆံမည်ကို အမှုမထားဘဲ သူတို့ကို သင် ဖြုတ်ပစ်မည်ဆိုလျှင်ပင် အမှန်တရားကို ပြောပြမည်ဖြစ်သည်။ ယင်းကို သူတို့ ဖုံးကွယ်ဖို့ သို့မဟုတ် ဝေ့လည်ကြောင်ပတ် ပြောဖို့ မည်သည့်အခါမျှ ကြိုးစားမည်မဟုတ်ပေ။ သင့်ဘေးတွင် ဤကဲ့သို့သောလူတို့ ပို၍ရှိသည်က အလွန်အကျိုးပြုလေ၏။ စည်းမျဉ်းများနှင့် ဆန့်ကျင်သော အရာတစ်ခုကို သင် လုပ်ဆောင်သောအခါ ၎င်းတို့က သင့်ကို ဖော်ထုတ်လိမ့်မည်။ သင်၏ ပြဿနာများအပေါ် ထင်မြင်ချက်များ ပေးလိမ့်မည်။ သင့်ပြဿနာများနှင့် အမှားများကို ပွင့်လင်းစွာနှင့် ရိုးသားစွာ ထောက်ပြလိမ့်မည်။ ၎င်းတို့သည် သင့်အား သိက္ခာဆည်ဖို့ ကူညီရန် ကြိုးစားမည်မဟုတ်။ ပြီးလျှင် လူအများရှေ့၌ အရှက်မရစေရန်အတွက်ပင် ၎င်းတို့က သင့်အား အခွင့်အရေး ပေးမည်မဟုတ်။ ဤသို့သောလူများကို သင်မည်သို့ ဆက်ဆံသင့်သနည်း။ သင်သည် ၎င်းတို့ကို ဒဏ်ခတ်သင့်သလော၊ သို့မဟုတ် ၎င်းတို့နှင့် နီးစပ်အောင် လုပ်ဆောင်သင့်သလော။ (၎င်းတို့နှင့် နီးစပ်အောင် လုပ်ဆောင်သင့်ပါသည်။) မှန်သည်။ သင်သည် သင့်စိတ်နှလုံးကို ဖွင့်ဟပြီး ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ကာ “ကျွန်ုပ်၌ ရှိသည့်ပြဿနာကို ကျွန်ုပ်ကို သင်ထောက်ပြခဲ့သည်မှာ မှန်ကန်သင့်တော်ပါသည်။ ထိုအချိန်က ကျွန်ုပ်သည် ဘဝင်မြင့်မှု၊ အဆင့်အတန်းတို့နှင့် သက်ဆိုင်သော အတွေးများဖြင့် ပြည့်နေခဲ့သည်။ ကျွန်ုပ်သည် နှစ်များစွာကြာ ခေါင်းဆောင် ဖြစ်ခဲ့သည့်တိုင်အောင် သင်သည် ကျွန်ုပ် သိက္ခာဆည်ဖို့ ကူညီရန် မကြိုးစားခဲ့ရုံမက လူများစွာရှေ့တွင်လည်း ကျွန်ုပ်၏ ပြဿနာများကို သင်ထောက်ပြခဲ့သည်ဟု ခံစားရသောကြောင့် ကျွန်ုပ် လက်မခံနိုင်ခဲ့ပါ။ သို့ရာတွင် ယခု၌ ကျွန်ုပ်လုပ်ဆောင်ခဲ့သော အရာသည် စည်းမျဉ်းများ၊ သမ္မာတရားတို့နှင့် အမှန်ပင် ကွဲလွဲနေကြောင်းကိုလည်းကောင်း၊ ကျွန်ုပ်သည် ဤသို့ မလုပ်ဆောင်ခဲ့သင့်ကြောင်းကိုလည်းကောင်း မြင်ပါသည်။ ခေါင်းဆောင်ရာထူး ရှိခြင်းသည် အဘယ်အရေးကြီးသနည်း။ ဤသည်မှာ ကျွန်ုပ်၏ တာဝန်ပင် မဟုတ်လော။ ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်နေကြပြီး ကျွန်ုပ်တို့အားလုံးသည် အဆင့်အတန်းတွင် တန်းတူညီမျှသည်။ တစ်ခုတည်းသော ကွာခြားမှုမှာ ကျွန်ုပ်သည် တာဝန်အနည်းငယ်ပို၍ ထမ်းရွက်ခြင်းဖြစ်မျှသာ ဖြစ်သည်။ နောင်တွင် ပြဿနာတစ်ခုခုကို သင်ရှာဖွေတွေ့ရှိလျှင် သင်ပြောသင့်သည့်အရာကို ပြောလော့။ ပြီးလျှင် ကျွန်ုပ်တို့ကြားတွင် ပုဂ္ဂိုလ်ရေးအာဃာတ ရှိမည်မဟုတ်ပါ။ သမ္မာတရားအပေါ် ကျွန်ုပ်တို့၏ သဘောပေါက်နားလည်မှု၌ ကွဲပြားလျှင် ကျွန်ုပ်တို့ အတူတကွ မိတ်သဟာယ ဖွဲ့နိုင်သည်။ ဘုရားအိမ်တော်တွင်၊ ဘုရားသခင်နှင့် သမ္မာတရားရှေ့တွင် ကျွန်ုပ်တို့သည် စည်းလုံးကြမည်။ စိမ်းကားဖယ်ကြဉ်ကြမည် မဟုတ်” ဟု ဆိုသင့်သည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် ချစ်ခြင်းသဘောထား ဖြစ်သည်။ သင်သည် အန္တိခရစ်လမ်းကြောင်းကို ကောင်းစွာ ရှောင်ကြဉ်လိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် သမ္မာတရားအား ချစ်သောသူများ၊ ဖြောင့်မှန်သောသူများနှင့် နီးစပ်ရန်၊ သင်၏ ပြဿနာများအား ထောက်ပြနိုင်သောသူများ၊ သင့်ပြဿနာများအား တွေ့ရှိသောအခါ၌ သင့်အား မှန်မှန်ကန်ကန် ပြောဆိုပြီး အပြစ်တင်နိုင်သောသူများ၊ အထူးသဖြင့် သင့်ပြဿနာများအား တွေ့ရှိသောအခါ သင့်အား ပြုပြင်နိုင်သောသူများဖြင့် နီးစပ်ရန် စတင်လုပ်ဆောင်သင့်သည်။ ဤသူတို့မှာ သင့်အတွက် အကျိုးအရှိဆုံးသူများ ဖြစ်ပြီး ၎င်းတို့ကို သင်ချစ်မြတ်နိုးသင့်သည်။ ဤသို့သော လူကောင်းများကို သင်ပယ်ပြီး ဖယ်ရှားလျှင် ဘုရားသခင်၏ ကွယ်ကာမှုကို သင်ဆုံးရှုံးရမည်။ ပြီးလျှင် ကပ်ဘေးများက တဖြည်းဖြည်းချင်းဖြင့် သင့်ထံသို့ လာလိမ့်မည်။ လူကောင်းများနှင့် သမ္မာတရားကို နားလည်သောသူများဖြင့် နီးစပ်အောင် လုပ်ဆောင်ခြင်းအားဖြင့် သင့်တွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိလိမ့်မည်။ ပြီးလျှင် သင်သည် ကပ်ဘေးကို ရှောင်နိုင်လိမ့်မည်။ ယုတ်မာသောလူများ၊ အရှက်မဲ့သောလူများ၊ သင့်အား မြှောက်ပင့်သောလူများဖြင့် နီးစပ်အောင် လုပ်ဆောင်ခြင်းအားဖြင့် သင်သည် အန္တရာယ်ကျရောက်လိမ့်မည်။ သင်သည် အလွယ်တကူ လိမ်လည်ခြင်းနှင့် လှည့်စားခြင်းတို့ကို ခံရမည်သာမကဘဲ ကပ်ဘေးက သင့်အပေါ်သို့ အချိန်မရွေး ရောက်လာနိုင်သည်။ မည်သို့သောသူမျိုးက သင့်အား အကျိုးအဖြစ်စေနိုင်ဆုံးဖြစ်သည်ကို သင်သိရမည်။ သင့်အား အကျိုးအဖြစ်စေနိုင်ဆုံးမှာ မှားသောအရာတစ်ခုခုကို သင်လုပ်ဆောင်သောအခါ၊ သို့မဟုတ် သင့်ကိုယ်သင် ဂုဏ်တင်ချီးကျူးပြီးကာ၊ သက်သေခံကာ သူတစ်ပါးတို့ကို လှည့်စားသောအခါတွင် သင့်အား သတိပေးနိုင်သောသူများ ဖြစ်လေသည်။ ဤသို့သောလူများနှင့် နီးစပ်အောင် လုပ်ဆောင်ခြင်းသည် လျှောက်လှမ်းရန်အတွက် မှန်ကန်သော လမ်းကြောင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်

လူများ၏ထောက်ခံမှုကို ရဖို့နှင့် ခေါင်းဆောင်တစ်ဦးအဖြစ် ပြန်လည်ရွေးကောက်ခံရကြောင်း သေချာစေဖို့အလို့ငှာ အသင်းတော်ခေါင်းဆောင်အချို့က အာဏာရှင်မဆန်ချင်ယောင်ဆောင်ကာ၊ သူတို့လုပ်သမျှအရာရာတိုင်းတွင် ဒီမိုကရေစီနည်းကျသည့်စည်းမျဉ်းများကို လက်တွေ့လုပ်ဆောင်ကြသည်။ သူတို့သည် ဤသည်ကို လူများ၏ထောက်ခံမှုကို ရဖို့ နည်းလမ်းတစ်ခုအနေဖြင့် သုံးကြသော်လည်း၊ တကယ်တမ်းတွင် သူတို့ကိုယ်ပိုင်အဆင့်အတန်းကို ခိုင်မာစေဖို့ လုပ်ဆောင်ကြခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တဦး၏အပြုအမူမဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်တစ်ဦးကသာလျှင် ဤပုံအတိုင်း ပြုမူလိမ့်မည်။ သင်တို့လည်း ဤအရာများကို လုပ်ကြသလော။ (ရံဖန်ရံခါလုပ်ကြပါသည်။) ထို့အပြင် ဤလုပ်ရပ်များကို မည်သည့်ရည်ရွယ်ချက်များက ထိန်းချုပ်သည်ဆိုသည့်အပေါ် သင်တို့ ဆင်ခြင်သုံးသပ်ကြသလော။ လူက ခေါင်းဆောင်တဦး၏အလုပ်ကို ယခုမှ စတင်လေ့ကျင့်ရုံသာရှိပြီး စည်းမျဉ်းများကို နားမလည်ပါက ဤသည်က အဓိပ္ပါယ်ရှိသည်။ သို့သော် သူသည် နှစ်အတန်ကြာအောင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ခဲ့ပြီး ဤသည်ကို မလျှော့တမ်း ဆက်လုပ်နေသေးပါက ထိုအခါ ဤသည်မှာ စည်းမျဉ်းများမရှိခြင်းဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်မှုအတုအယောင်ဖြစ်ပြီး ထိုသူက သမ္မာတရားလိုက်စားသောသူမဟုတ်ပေ။ အကယ်၍ လူတစ်ဦးတွင် သူ၏ ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များရှိပြီး ဤနည်းအတိုင်း မလျှော့တမ်း ပေလုပ်နေပါက သူသည် အန္တိခရစ်ဖြစ်သည်။ ဤပြဿနာကို သင်တို့ မည်သို့ရှုမြင်ကြသနည်း။ ဤပြဿနာနှင့်ရင်ဆိုင်ကြုံတွေ့ရသည့်အခါ သင်တို့ မည်သည်ကို လက်တွေ့လုပ်ဆောင်သနည်း။ အကယ်၍ သင့်တွင် သင့်ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များရှိပါက ယင်းတို့ကို ဖြေရှင်းဖို့ သင်ဘာလုပ်သင့်သနည်း။ (ကျွန်ုပ်၏စိတ်ထဲတွင် ရည်ရွယ်ချက်အချို့ကို သိုထားကြောင်းကို ကျွန်ုပ် သတိပြုမိပါသည်။ ရံဖန်ရံခါတွင် ညီအစ်ကိုမောင်နှမများက ကျွန်ုပ်၏လုပ်ရပ်များတွင် ပွင့်လင်းမြင်သာမှုမရှိကြောင်း၊ သူတို့ကို မပြောဘဲ ဆုံးဖြတ်ချက်များကို မိမိဘာသာချကြောင်း ပြောကြမည်ကို ကျွန်ုပ် စိုးရိမ်မိပါသည်။ ကျွန်ုပ်တွင် ထိုကဲ့သို့သောအတွေးများရှိသောအခါ ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများနှင့် တိုင်ပင်ဆွေးနွေးပြီး ကိစ္စများကို ဖြေရှင်းပါမည်။ ကျွန်ုပ်သည် မိမိဆန္ဒအလျောက် ဆုံးဖြတ်ချက်များကို မချပါ။) အခြားလူများနှင့် တိုင်ပင်ဆွေးနွေးခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သည်။ လူတိုင်းကို အသိပေးထားကြောင်း သေချာစေဖို့မှာ သင့်တော်ပါသည်။ ဤသည်မှာ သင့်တာဝန်ကို သင်ထမ်းဆောင်ရာတွင် ကူညီပေးသည့်၊ ညီအစ်ကိုမောင်နှမများကြောင့် သင်၏အလုပ်ကို မျက်စိလျှမ်းသွားခြင်းကို လက်ခံခြင်းဖြစ်သည်။ သို့ရာတွင် သင်ဆွေးနွေးနေသည့် အချိန်ကာလအတွင်းတွင် သင်သည် သမ္မာတရားစည်းမျဉ်းများကိုလည်း လိုက်နာစောင့်ထိန်းရမည်။ အကယ်၍ သင်သည် သမ္မာတရားစည်းမျဉ်းများမှနေ၍ လမ်းကြောင်းသွေဖည်သွားပါက ဆွေးနွေးခြင်းသည် ဆွေးနွေးနေသည့်အကြောင်းအရာနှင့်မသက်ဆိုင်တော့ဘဲ ဖြစ်သွားနိုင်သည် သို့မဟုတ် အချိန်ဖြုန်းတီးသလိုဖြစ်သွားနိုင်သည်။ ထို့အပြင် သင်သည် မှန်ကန်သောကောက်ချက်များသို့ မရောက်နိုင်တော့ပေ။ ထို့ကြောင့် ဆွေးနွေးခြင်းတစ်ခုကို စတင်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သက်ဆိုင်ရာ ဘုရားနှုတ်ကပတ်တော်အပိုဒ်များကို ဖတ်ရာတွင် ဦးဆောင်ရမည်။ ဤနည်းဖြင့် သူ့နှုတ်ကပတ်တော်များအတိုင်း လူတိုင်း မိတ်သဟာယဖွဲ့နိုင်သည်။ ဤကဲ့သို့သောမိတ်သဟာယတစ်ခုသည် လမ်းကြောင်းတစ်ခုကို ပေးလိမ့်မည်ဖြစ်ပြီး၊ ရလဒ်ကောင်းများရလာစေလိမ့်မည်။ သင်သည် ဘေးဘက်တွင် ရပ်နေရုံသာရပ်နေပြီး လူတိုင်းကို သူတို့လိုချင်သလို မိတ်သဟာယဖွဲ့စေ၍ မရနိုင်ပါ။ အကယ်၍ မည်သူ့တွင်မျှ ထင်မြင်ချက်ခိုင်ခိုင်မာမာမရှိဘဲ သမ္မာတရားကို မရှာဖွေပါက ထိုအခါ ဤမိတ်သဟာယဖွဲ့ခြင်းနည်းသည် သင်မည်မျှကြာအောင်ပြုလုပ်သည်ဖြစ်စေ အကျိုးမရှိပေ။ မှန်ကန်သောရလဒ်ကို ဘယ်တော့မှ ရလိမ့်မည်မဟုတ်ပေ။...

...သင်သည် သင်ထမ်းဆောင်ရမည့်တာဝန်များနှင့် သင်လုပ်သည့်အလုပ်တို့သည် ဘုရားသခင်ထံမှ တာဝန်ပေးစေခိုင်းချက်များဖြစ်ကြကြောင်းကို သင်နားလည်ရမည်။ ထို့အပြင် ဘုရားသခင်၏လိုအပ်ချက်များနှင့်အညီ သင်၏အလုပ်ကို သင်လုပ်ရမည်။ ထိုသို့လုပ်ဆောင်ရာတွင် သင်၏စိတ်ထဲတွင် ရည်မှန်းချက်တစ်ခုနှင့် ဦးတည်ချက်တစ်ခုတို့ ရှိလာလိမ့်မည်။ ထို့အပြင် သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များအတွင်းတွင် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်ဖြစ်ပြီး၊ လမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်လိမ့်မည်။ ထိုအခါ သင်သည် ဘုရား နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သောကျမ်းပိုဒ်များအကြောင်း မိတ်သဟာယပြုဖို့ လူတိုင်းကို ဦးဆောင်သင့်ပြီး၊ သူ့နှုတ်ကပတ်တော်များနှင့်အညီ သူတို့ကို သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ဖို့၊ ဘုရားသခင်၏နှုတ်ကပတ်တော်များအတွင်းမှ အလင်းပို၍ ရစေဖို့၊ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် သမ္မာတရားတို့ကို နားလည်စေဖို့နှင့် ထို့နောက်တွင် သမ္မာတရားစည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်စေဖို့တို့ကို ဖြစ်မြောက်စေသင့်သည်။ ဤသည်မှာ လမ်းကြောင်းမှန်ပေါ်သို့ ခြေချခြင်းဖြစ်သည်။ အနှစ်သာရအရ အသင်းတော်၏အလုပ်မှာ ဘုရားသခင်ဖော်ပြသည့်သမ္မာတရားအားလုံးအတွင်းသို့ နားလည်ပြီး ဝင်ရောက်ရာတွင် ဘုရားသခင်ရွေးချယ်ထားသည့်လူများကို ဦးဆောင်ဖို့ဖြစ်သည်။ ဤသည်မှာ အသင်းတော်၏အခြေခံအကျဆုံးအလုပ်ဖြစ်သည်။ ထို့ကြောင့် မည်သည့်ပြဿနာကို ဖြေရှင်းသည်ဖြစ်စေ၊ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ သက်ဆိုင်ရာ ကောက်နုတ်ချက်စာသားများကို ဖတ်ခြင်း သို့မဟုတ် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်းဖြင့် မည်သည့်စုဝေးပွဲကမျှ ခွဲ၍မရနိုင်ပါ။ နောက်ဆုံးတွင် အကယ်၍ သင်သည် သူတို့ ရှင်းလင်းသွားသည်အထိ သမ္မာတရားနှင့် လက်တွေ့လုပ်ဆောင်ခြင်းစည်းမျဉ်းများအကြောင်းကို မိတ်သဟာယပြုနိုင်ပါက၊ လူတိုင်း သမ္မာတရားကို နားလည်လိမ့်မည်ဖြစ်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ဖို့နည်းလမ်းကို သိလိမ့်မည်။ စုဝေးပွဲတစ်ခုအတွင်း သင်စားသောက်နေသည်မှာ သမ္မာတရား၏မည်သည့်ကဏ္ဍဖြစ်စေ၊ သင်သည် ဤနည်းဟန်ဖြင့် မိတ်သဟာယပြုရမည့်အပြင် သင်ရင်ဆိုင်နေရသည့်ပြဿနာများအပေါ် အခြေခံ၍ သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရားကို နားလည်သောသူများသည် မိတ်သဟာယကို ဦးဆောင်ရမည်ဖြစ်ပြီး၊ ထို့နောက်တွင်မှ အသိဉာဏ်အလင်းပွင့်ပြီးသူများသည် မိတ်သဟာယကို ဆက်၍ပြုနိုင်သည်။ ဤနည်းဖြင့် သူတို့ပို၍မိတ်သဟာယပြုလေလေ၊ သန့်ရှင်းသောဝိညာဉ်တော်က သူတို့အပေါ် ပို၍အလုပ်လုပ်လေလေဖြစ်ပြီး၊ သူတို့ သမ္မာတရားအကြောင်း ပို၍မိတ်သဟာယပြုလေလေ၊ ပိုမိုရှင်းလင်းမှုကို သူတို့ ရရှိလေလေဖြစ်သည်။ လူတိုင်းက သမ္မာတရားအကြောင်းကို နားလည်သောအခါ သူတို့သည် အပြည့်အဝ လွတ်မြောက်ခြင်းနှင့် လွတ်လပ်ခွင့်တို့ကို ရလိမ့်မည်ဖြစ်ပြီး၊ လိုက်လျှောက်ဖို့ လမ်းကြောင်းတစ်ခု ရှိလာလိမ့်မည်။ ဤသည်မှာ စုဝေးပွဲတစ်ခုက ရနိုင်သည့် အကောင်းဆုံးသောရလဒ်ဖြစ်သည်။ ဤကဲ့သို့သောမိတ်သဟာယပြုခြင်းမျိုးမှတဆင့် ရှင်းလင်းပြတ်သားသွားသည်အထိ သမ္မာတရားစစ်မှန်မှုအကြောင်းကို လူတိုင်းက ပြောဆိုဆက်ဆံကြသောအခါ သူတို့သည် ထိုအခါတွင် သမ္မာတရားကို နားလည်ကြလိမ့်မည်မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် သမ္မာတရားကို နားလည်ပြီးနောက် သူတို့သည် သမ္မာတရားကို မည်သို့တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်ရမည်ကို သဘာဝအလျောက် သိလာကြလိမ့်မည်။ သူတို့သည် သမ္မာတရားကို တိတိကျကျ လက်တွေ့လုပ်ဆောင်နိုင်သောအခါ သမ္မာတရားကို သူတို့ ရပြီးဖြစ်လိမ့်မည်မဟုတ်လော။ (ဟုတ်ပါသည်။) လူတစ်ဦးသည် သမ္မာတရားကို ရပြီးဖြစ်သောအခါ သူသည် ဘုရားသခင်ကို ရပြီးဖြစ်လိမ့်မည်လော။ အကယ်၍ တစုံတစ်ယောက်သည် ဘုရားသခင်ကို ရပြီးဖြစ်ပါက သူတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို ရပြီးဖြစ်လိမ့်မည်မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ ခေါင်းဆောင်တစ်ဦးသို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် လုပ်ရသည့် သင်၏အလုပ်တွင် သင်သည် ဤရလဒ်ကို ရနိုင်သည်။ သင်သည် သင်၏အလုပ်ကို သင့်တင့်လျောက်ပတ်စွာ လုပ်ပြီးဖြစ်လိမ့်မည်။ သင်သည် စံနှုန်းမီအောင် သင်၏တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်ဖြစ်သည့်အပြင် သင်သည် ဘုရားသခင်၏အသိအမှတ်ပြုခြင်းကို ရလိမ့်မည်။ ဘုရားသခင်ရွေးချယ်ထားသည့်လူများအားလုံးက သမ္မာတရားကို နားလည်ကြသောအခါ သူတို့သည် သင့်ကို ကိုးကွယ်နေကြဦးမည်လော၊ ကြည်ညိုလေးစားနေကြဦးမည်လော၊ သင့်နောက်သို့ လိုက်လျှောက်နေကြဦးမည်လော။ (မဟုတ်ပါ။) လူများက သင့်က ချီးကျူးခြင်း၊ လေးစားခြင်း၊ သင်နှင့် ထိတွေ့ဆက်ဆံ၍ အပြန်အလှန်ဆက်ဆံဖို့ ဆန္ဒရှိခြင်း၊ ယင်းထံမှ သူတို့ အကျိုးကျေးဇူးရနိုင်သောကြောင့် သင်၏မိတ်သဟာယကို နားထောင်ဖို့ ဆန္ဒရှိခြင်းတို့သာ ဖြစ်ကြလိမ့်မည်။ သမ္မာတရားကို နားလည်သောသူများသည် အမှန်တကယ် အလင်းနှင့် ဆားဖြစ်နိုင်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦးအနေဖြင့် လူတစ်ဦး၏တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ဖို့နှင့် ပြည့်စုံလုံလောက်သောဖန်ဆင်းခံတဦးဖြစ်ဖို့ကို ဆိုလိုခြင်းဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားလည်သွားပြီး ဘုရားသခင်နှင့် ပို၍နီးကပ်သောဆက်ဆံရေးတစ်ခုကို ရသွားသောအခါ သူတို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို ရနိုင်သည်။ ပုန်ကန်ခြင်း၊ နားလည်မှုလွဲခြင်း သို့မဟုတ် သူ့ကို အာခံခြင်း မရှိတော့ပေ။ ထို့အပြင် မည်သည့်ပြဿနာများကို သူတို့ ကြုံနေရသည်ဖြစ်စေ သူတို့သည် ဘုရားသခင်ကို ဂုဏ်တင်၍ သူ့အတွက် သက်သေခံပေးနိုင်လိမ့်မည်။ အကယ်၍ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် ဤကဲ့သို့သောစည်းမျဉ်းများနှင့်အညီ သင်လက်တွေ့လုပ်ဆောင်ပါကသင်သတိမထားမိခင်တွင်ပင် သင်သည် ဘုရားသခင်ရှေ့သို့ လူများကို ဆောင်ယူပေးပြီးဖြစ်လိမ့်မည်။ သင်ဦးဆောင်သည့်လူများသည်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်၊ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်၊ ပြီးလျှင် ဘုရားသခင်ကို ဂုဏ်တင်ပြီး သူ့အတွက် သက်သေခံနိုင်လိမ့်မည်။ ဤနည်းဖြင့် သင်ဦးဆောင်သောလူများသည်လည်း ဘုရားသခင်၏အသိအမှတ်ပြုခြင်းကို ခံရနိုင်ပြီး သူ၏ရယူခြင်းကို ခံရနိုင်သည်။ ထို့ကြောင့် သမ္မာတရားလိုက်စားခြင်းလမ်းကြောင်းကို ခေါင်းဆောင်တစ်ဦးက လျှောက်သောအခါ ဤသည်မှာ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် လုံးလုံးလျားလျား ကိုက်ညီသည်။ လူတို့လုပ်ဆောင်သည့်အရာက သမ္မာတရားစည်းမျဉ်းများနှင့်ကိုက်ညနေသရွေ့ သူတို့လုပ်ရပ်များ၏ရလဒ်များသည် ဘေးထွက်ဆိုးကျိုးသက်ရောက်မှုတစ်ခုတလေမျှပင် မရှိဘဲ ပို၍ပို၍ကောင်းလာဖို့သာရှိသည်။ ထို့အပြင် ကိစ္စရပ်တိုင်းတွင် သူတို့သည် ဘုရားသခင်၏ကောင်းချီးနှင့် ကာကွယ်ပေးခြင်းတို့ကို ရရှိလိမ့်မည်။ အကယ်၍ သူတို့သည် ရံဖန်ရံခါတွင် လမ်းကြောင်းမှသွေဖည်သွားခြင်းအချို့ ရှိခဲ့လျှင်ပင် ဘုရားသခင်က သူတို့ကို အသိဉာဏ်ပွင့်လင်းစေ၍ ဦးဆောင်သွားလိမ့်မည်။ ထို့နောက်တွင် သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များအတွင်းမှနေ၍ အမှားပြင်ချက်ကို တွေ့လိမ့်မည်။ လူများက မှန်ကန်သောလမ်းကြောင်းကို လျှောက်သောအခါ သူတို့သည် ဘုရားသခင်၏ကောင်းချီးနှင့် ကာကွယ်ပေးခြင်းတို့ကို ရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ဖောက်ပြန်ပျက်စီးသောလူသည် အဆင့်အတန်း လိုက်စားရသည်ကို နှစ်သက်ပြီး ယင်း၏အကျိုးကျေးဇူးများကို ပျော်မွေ့သည်။ သင်သည် လက်ရှိတွင် အဆင့်အတန်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဤအရာသည် မည်သူအတွက်မဆို မှန်ကန်လေသည်။ အဆင့်အတန်းကို စွန့်လွှတ်ရန်နှင့် ယင်း၏ စုံစမ်းသွေးဆောင်မှုများကို ဖယ်ရှားရန် အလွန်တရာ ခက်ခဲသည်။ ဤအရာသည် လူသား၏ဘက်မှ များစွာသော ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။ ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုတွင် မည်သည့်အရာ ပါဝင်သနည်း။ အဓိကအားဖြင့် သမ္မာတရားကို ရှာဖွေခြင်း၊ သမ္မာတရားကို လက်ခံခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်းနှင့် ပြဿနာများ၏ အနှစ်သာရကို ရှင်းရှင်းလင်းလင်း သဘောပေါက်ခြင်းတို့ ဖြစ်သည်။ ဤအရာများအားဖြင့် လူတစ်ဦးသည် အဆင့်အတန်း၏ စုံစမ်းသွေးဆောင်မှုကို ကျော်လွှားရန် ယုံကြည်ခြင်းရှိလိမ့်မည်။ ထို့အပြင် သင်သည် စုံစမ်းသွေးဆောင်မှုမှ လွတ်မြောက်ဖို့ အားထုတ်ရန်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်ရန် ထိရောက်သော နည်းလမ်းများကို သင်စဉ်းစားရမည်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများရှိရမည်။ ဤအရာသည် သင့်ကို မှန်ကန်သောလမ်းကြောင်းပေါ်တွင် ထိန်းသိမ်းထားမည်ဖြစ်သည်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများမရှိလျှင် သင်သည် စုံစမ်းသွေးဆောင်မှုထဲသို့ မကြာခဏ ကျရောက်လိမ့်မည်။ သင်သည် မှန်ကန်သောလမ်းကြောင်းကို လျှောက်ချင်သော်လည်း မည်မျှကြိုးစားပါစေ၊ သင်၏ ကြိုးစားအားထုတ်မှုများသည် အဆုံးတွင် များစွာ အောင်မြင်မည် မဟုတ်ပေ။ သို့ဆိုလျှင် သင်တို့ မကြာခဏ ကြုံတွေ့ရသည့် စုံစမ်းသွေးဆောင်မှုများမှာ အဘယ်နည်း။ (ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရာ၌ အောင်မြင်မှုအနည်းငယ် ရရှိပြီး ညီအစ်ကိုမောင်နှမများ၏ အထင်ကြီးလေးစားမှုကို ခံရသောအခါ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပြီး ဤခံစားချက်ကို လွန်စွာ ပျော်မွေ့တတ်သည်။ တစ်ခါတလေ ယင်းကို သတိမထားမိပေ။ တစ်ခါတလေ ဤအခြေအနေကို မှားမှန်းသိသော်လည်း ယင်းကို မပုန်ကန်နိုင်သေးပေ။) ယင်းက စုံစမ်းသွေးဆောင်မှုပင် ဖြစ်၏။ အခြားမည်သူ ပြောဦးမည်နည်း။ (ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့် ညီအစ်ကိုမောင်နှမများက တစ်ခါတလေ ကျွန်ုပ်ကို အထူးအရေးတယူ ဆက်ဆံကြသည်။) ယင်းသည်လည်း စုံစမ်းသွေးဆောင်မှုတစ်ခု ဖြစ်သည်။ သင်ကြုံတွေ့ရသော စုံစမ်းသွေးဆောင်မှုများကို သတိမပြုမိဘဲ ညံ့ဖျင်းစွာ ကိုင်တွယ်ဖြေရှင်းပြီး မှန်ကန်သောရွေးချယ်မှုများ မပြုလုပ်နိုင်ပါက ဤစုံစမ်းသွေးဆောင်မှုများသည် သင့်အား ပူဆွေးမှုနှင့် ဒုက္ခဆီသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။ ဥပမာအနေဖြင့် ညီအစ်ကိုမောင်နှမများ၏ အထူးအရေးတယူဆက်ဆံမှု၌ သင့်အားကျွေးမွေးခြင်း၊ ဝတ်စားဆင်ယင်ပေးခြင်း၊ နေရာထိုင်ခင်း ပြင်ဆင်ပေးခြင်းနှင့် သင်၏ နေ့စဉ်လိုအပ်ချက်များကို ထောက်ပံ့ပေးခြင်းစသည့် အရာဝတ္ထုဆိုင်ရာ အကျိုးခံစားခွင့်များ ပါဝင်သည်ဟု ဆိုပါစို့။ သင် ပျော်မွေ့ခံစားသောအရာသည် သင့်အား ၎င်းတို့ပေးသောအရာထက် ပိုကောင်းပါက သင်သည် ယင်းကို အထင်သေးလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏လက်ဆောင်များကို ငြင်းပယ်နိုင်သည်။ သို့သော် သင်သည် သူဌေးတစ်ဦးနှင့်တွေ့ပြီး သူမဝတ်ဆင်ဟုဆိုလျက် သင့်အား အကောင်းစားဝတ်စုံများ ပေးခဲ့ပါက ထိုသို့သော စုံစမ်းသွေးဆောင်မှုကို ရင်ဆိုင်ရာတွင် သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်မည်လော။ သင့်ကိုယ်သင် “သူသည် ချမ်းသာပြီး ဤအဝတ်အစားများက သူ့အတွက် ဘာမျှမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူသည် ယင်းတို့ကို မဝတ်ပေ။ သူကျွန်ုပ်ကိုမပေးလျှင် တစ်နေရာရာတွင် သိမ်းထားလိုက်မည်။ ထို့ကြောင့် ကျွန်ုပ် ယင်းတို့ကို ယူထားလိုက်မည်” ဟုဆိုလျက် အခြေအနေအပေါ် သင် တွေးတောဆင်ခြင်မိလိမ့်မည်။ ထိုဆုံးဖြတ်ချက်ကို သင် မည်သို့ထင်မြင်သနည်း။ (၎င်းက အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားနေပြီဖြစ်သည်။) ဤအရာသည် အဘယ်ကြောင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ပျော်မွေ့ခံစားခြင်း ဖြစ်ရသနည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကောင်းမွန်သောအရာများကို လက်ခံခဲ့သောကြောင့်ဖြစ်သည်။) ယင်းမှာ သင့်အားပေးထားသည့် ကောင်းမွန်သောအရာများကို လက်ခံခြင်းသည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားနေခြင်းသာ ဖြစ်သလော။ အကယ်၍ သင့်အား သာမန်အရာတစ်ခုကို ပေးထားသော်လည်း ယင်းသည် သင်လိုအပ်သည့် အရာသာဖြစ်သောကြောင့် ယင်းကို သင်လက်ခံပါက ဤအရာကိုလည်း အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားခြင်းဟု မှတ်ယူ၍ရသလော။ (မှန်ပါသည်။ သူတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးဖို့ အခြားသူတို့ထံမှ အရာများကို လက်ခံသည့်အခါတိုင်း ထိုသို့မှတ်ယူ၍ရပါသည်။) သင်တို့ ဤအရာနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိပုံရသည်။ ဤအကြောင်းကို သင်စဉ်းစားဖူးသလော။ သင်သည် ခေါင်းဆောင်တစ်ဦး မဟုတ်သကဲ့သို့ အဆင့်အတန်းမရှိပါက သူသည် ဤလက်ဆောင်ကို ပေးဦးမည်လော။ (ပေးမည်မဟုတ်။) သူသေချာပေါက် ပေးမည်မဟုတ်ချေ။ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့်သာ သင့်အား ဤလက်ဆောင်ကို ပေးအပ်ခြင်းဖြစ်သည်။ ထိုအရာ၏ သဘာဝသည် ပြောင်းလဲသွားသည်။ ဤသည်မှာ ပုံမှန် ပေးကမ်းစွန့်ကြဲမှု မဟုတ်၊ ဤတွင် ပြဿနာရှိသည်။ အကယ်၍ သင်သည် သူ့ကို “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး မဟုတ်ခဲ့ဘဲ ရိုးရိုးသာမန် ညီအစ်ကိုမောင်နှမတစ်ဦး ဖြစ်ပါက သင်သည် ကျွန်ုပ်အား ထိုသို့ လက်ဆောင်ပေးမည်လော။ ဤပစ္စည်းကို ညီအစ်ကိုမောင်နှမတစ်ဦး လိုအပ်ခဲ့လျှင် သူတို့ကို သင် ပေးမည်လော” ဟုမေးလျှင် သူက “ကျွန်ုပ် မပေးနိုင်ပါ။ ကျွန်ုပ်သည် မည်သူ့ကိုမျှ လက်ဆောင်များ သာမန်ကာလျှံကာ မပေးနိုင်ပါ။ သင်သည် ကျွန်ုပ်၏ခေါင်းဆောင်ဖြစ်သောကြောင့် သင့်ကို ပေးခြင်းဖြစ်သည်။ အကယ်၍ သင့်ထံတွင် ဤအထူးတလည် အဆင့်အတန်း မရှိခဲ့လျှင် အဘယ်ကြောင့် ထိုသို့သော လက်ဆောင်မျိုးကို ကျွန်ုပ်ပေးရမည်နည်း” ဟု ပြောမည်ဖြစ်သည်။ အခြေအနေကို သင် မည်သို့ နားမလည်ခဲ့သည်ကို ယခုကြည့်လော့။ ထိုဝတ်စုံအကောင်းစားကို သူအသုံးမလိုဟု ပြောသည့်အခါ သင်က သူ့ကိုယုံခဲ့သော်လည်း သင့်ကို လှည့်စားနေခြင်းဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ လက်ဆောင်ကို သင့်အား လက်ခံစေရန်ဖြစ်ပြီး သို့ဖြစ်၍ နောင်တွင် သင်သည် သူ့အပေါ် ကောင်းပြီး အထူးအရေးတယူ ဆက်ဆံမှုကို ပေးစေရန် ဖြစ်သည်။ ဤသည်မှာ သူ့လက်ဆောင်၏ နောက်ကွယ်မှ ရည်ရွယ်ချက်ဖြစ်သည်။ အမှန်တွင် သင်သည် အဆင့်အတန်းမရှိလျှင် သူက ထိုသို့သောလက်ဆောင်မျိုးကို မည်သည့်အခါမျှ ပေးမည်မဟုတ်သည်ကို သင်၏စိတ်နှလုံးထဲ၌ သိသော်လည်း ယင်းကို သင် လက်ခံဆဲဖြစ်သည်။ သင့်နှုတ်ဖြင့် “ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ဘုရားသခင်ထံမှ ဤလက်ဆောင်ကို ကျွန်ုပ် ခံယူခဲ့ပြီ၊ ၎င်းသည် ကျွန်ုပ်အတွက် ဘုရားသခင်၏ စေတနာ ဖြစ်သည်” ဟု သင်ပြောလေသည်။ သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားရုံသာမက ယင်းတို့နှင့် သင် ထိုက်တန်သည့်အလား ဘုရားသခင် ရွေးချယ်ထားသော လူများ၏ ဥစ္စာပစ္စည်းများကိုလည်း မွေ့လျော်ပေသည်။ ဤသည်မှာ အရှက်မဲ့သည် မဟုတ်လော။ လူသည် အသိတရားမရှိ အရှက် လုံးလုံးကင်းမဲ့လျှင် ယင်းက ပြဿနာဖြစ်သည်။ ဤသည်မှာ အပြုအမူနှင့်ဆိုင်သော ကိစ္စသာ ဖြစ်သလော။ အခြားသူများထံမှ ပစ္စည်းများကို လက်ခံခြင်းသက်သက်က မှားပြီး ငြင်းဆိုခြင်းသက်သက်က မှန်ကန်သလော။ ထိုအခြေအနေမျိုး သင်တို့ကြုံသည့်အခါ ဘာလုပ်သင့်သနည်း။ ၎င်းတို့ပြုလုပ်သည့်အရာသည် စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်ကို ဤလက်ဆောင်ပေးသူကို သင်မေးရပါမည်။ “ဘုရားနှုတ်ကပတ်တော် သို့မဟုတ် အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များမှ လမ်းညွှန်ချက်ကို ရှာဖွေပြီး သင်လုပ်ဆောင်နေသည့်အရာသည် စည်းမျဉ်းများနှင့် ကိုက်ညီခြင်းရှိမရှိ ကြည့်ရှုကြစို့။ မကိုက်ညီပါက ထိုလက်ဆောင်မျိုးကို ကျွန်ုပ်လက်မခံနိုင်” ဟု ၎င်းတို့အား ပြောလော့။ ထိုမှီငြမ်းစရာများက ၎င်းတို့၏ လုပ်ဆောင်ချက်မူများသည် စည်းမျဉ်းများကို ချိုးဖောက်ကြောင်း ပေးသောသူကို အသိပေးသော်လည်း သင့်အား လက်ဆောင်ကို ပေးလိုစိတ် ရှိသေးပါက သင်ဘာလုပ်သင့်သနည်း။ သင်သည် စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရမည်။ သာမန်လူတို့က ယင်းကို မကျော်လွှားနိုင်ကြပေ။ သူတို့သည် အခြားသူများက သူတို့ကို ပို၍ ပေးကမ်းစွန့်ကြဲရန် စိတ်အားထက်သန်စွာ တောင့်တကြပြီး အထူးအရေးတယူ ဆက်ဆံမှုကို ပို၍ခံစားလိုကြသည်။ သင်သည် မှန်ကန်သောလူစားမျိုးဖြစ်ပါက ထိုသို့သောအခြေအနေမျိုးနှင့် ကြုံတွေ့ရသောအခါတွင် ဘုရားသခင်ထံ ချက်ချင်း ဆုတောင်းသင့်ကာ “အို ဘုရားသခင်၊ ယနေ့ ကျွန်ုပ် ကြုံတွေ့နေရသောအရာသည် အမှန်ပင် ကိုယ်တော်၏ ကောင်းမွန်သော အလိုတော်၏ နိမိတ်လက္ခဏာတစ်ခုဖြစ်သည်။ ယင်းသည် ကိုယ်တော် ကျွန်ုပ်အတွက် ချမှတ်ထားသော သင်ခန်းစာတစ်ခုဖြစ်သည်။ သမ္မာတရားကို ရှာဖွေပြီး စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရန် ဆန္ဒရှိပါ၏” ဟု ပြောလော့။ အဆင့်အတန်းရှိသူများ ရင်ဆိုင်ရသော စုံစမ်းသွေးဆောင်မှုများသည် ကြီးမားလွန်းပြီး စုံစမ်းသွေးဆောင်မှုတစ်ခု ရောက်လာသည်နှင့် ကျော်လွှားရန်မှာ အမှန်ပင် ခက်ခဲသည်။ သင်သည် ဘုရားသခင်၏ အကာအကွယ်နှင့် အကူအညီ လိုအပ်သည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းရမည်၊ ပြီးလျှင် သမ္မာတရားကိုလည်း ရှာဖွေပြီး သင့်ကိုယ်သင် မကြာခဏ ပြန်လည်သုံးသပ်ရမည်။ ဤနည်းအားဖြင့် သင်သည် တည်ငြိမ်ကာ ငြိမ်းချမ်းမှုကို ခံစားရလိမ့်မည်။ သို့သော် သင်သည် ဆုတောင်းဖို့အတွက်ကို ထိုကဲ့သို့သော လက်ဆောင်များ ရရှိသည့်တိုင်အောင် စောင့်မျှော်နေပါက ထိုကဲ့သို့ တည်ငြိမ်ကာ ငြိမ်းချမ်းခြင်းကို သင် ခံစားရဦးမည်လော။ (မခံစားရတော့ပေ။) သို့ဆိုလျှင် ဘုရားသခင်က သင့်ကို မည်သို့ထင်မည်နည်း။ သင်၏လုပ်ရပ်များအားဖြင့် ဘုရားသခင်က စိတ်ကျေနပ်စေမည်လော သို့မဟုတ် ယင်းတို့ကို အလွန်မုန်းတီးမည်လော။ သင်၏လုပ်ရပ်များကို သူ အလွန်မုန်းတီးလိမ့်မည်။ တစ်စုံတစ်ခုကို လက်ခံခြင်း ရှိမရှိဟူသည့်အရာက တကယ့်ပြဿနာလော။ (မဟုတ်ပါ။) သို့ဖြစ်လျှင် ပြဿနာက အဘယ်မှာနည်း။ ပြဿနာသည် ထိုသို့သောအခြေအနေမျိုးနှင့် ကြုံတွေ့ရသောအခါတွင် သင်လက်ခံကျင့်သုံးသော ခံယူချက်များနှင့် သဘောထားတွင် တည်ရှိသည်။ သင်ကိုယ်တိုင် ဆုံးဖြတ်သလော သို့မဟုတ် သမ္မာတရားကို ရှာဖွေသလော။ သင့်တွင် အသိတရားစံနှုန်းတစ်ခုခု ရှိသလော။ သင့်ထံတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိပါ၏လော။ ထိုအခြေအနေနှင့် ကြုံတွေ့ရတိုင်း ဘုရားသခင်ထံ သင်ဆုတောင်းသလော။ သင်သည် သင့်ကိုယ်ပိုင် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် ဦးစွာရှာဖွေသလော သို့မဟုတ် သင်သည် ဦးစွာဆုတောင်းပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေသလော။ ဤကိစ္စ၌ သင်သည် ထုတ်ဖော်ခြင်းကို ခံရလေ၏။ ထိုအခြေအနေမျိုးကို မည်သို့ကိုင်တွယ်သင့်သနည်း။ သင်သည် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများ ရှိရမည်။ ပထမဦးစွာ အပြင်ပန်းတွင် သင်သည် ဤအထူးပစ္စည်းဥစ္စာ အဖိုးအခများကို၊ ဤသွေးဆောင်မှုများကို ငြင်းပယ်ရမည်။ သင် အထူးသဖြင့် လိုအင်ဆန္ဒရှိသောအရာ သို့မဟုတ် သင်လိုအပ်သောအရာကို အတိအကျ ကမ်းလှမ်းခံရသောအခါ၌ပင် သင်သည် ထိုသို့ပင် ငြင်းပယ်ရမည်။ ဥစ္စာပစ္စည်းများဟူသည်မှာ အဘယ်နည်း။ အစားအသောက်၊ အဝတ်အထည်၊ အမိုးအကာနှင့် နေ့စဉ်သုံးပစ္စည်းများ အားလုံးပါဝင်သည်။ ဤအထူးပစ္စည်းဥစ္စာ အဖိုးအခများကို ငြင်းဆိုရပါမည်။ အဘယ်ကြောင့် ယင်းတို့ကို သင် ငြင်းဆိုရမည်နည်း။ ထိုသို့ပြုခြင်းသည် သင့်ပြုမူပုံနှင့်ဆိုင်သော ကိစ္စသာလျှင် ဟုတ်သလော။ မဟုတ်ချေ၊ သင်၏ ပူးပေါင်းဆောင်ရွက်သော သဘောထားကိစ္စ ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဘုရားသခင်ကို ကျေနပ်စေကာ စုံစမ်းသွေးဆောင်မှုကို ရှောင်ကြဉ်လိုပါက ဤပူးပေါင်းဆောင်ရွက်သော သဘောထား ဦးစွာထားရပါမည်။ ဤသဘောထားဖြင့် သင်သည် စုံစမ်းသွေးဆောင်မှုကို ရှောင်ကြဉ်နိုင်မည်ဖြစ်ပြီး သင်၏ အသိစိတ်သည် ငြိမ်သက်နေမည်ဖြစ်သည်။ သင်အလိုရှိသောအရာကို ပေးကမ်းခြင်းခံရပြီး သင်လက်ခံပါက သင့်စိတ်နှလုံးသည် လိပ်ပြာမလုံခြင်းကို အတိုင်းအတာတစ်ခုအထိ ခံစားရလိမ့်မည်။ သို့ရာတွင် သင်၏ အကြောင်းပြချက်များနှင့် မိမိကိုယ်ကို မှန်ကန်ကြောင်းပြခြင်းတို့ကြောင့် သင့်ကို ဤအရာအား ပေးအပ်သင့်ကြောင်း၊ ၎င်းသည် သင်နှင့်ထိုက်တန်ကြောင်း သင်ပြောလိမ့်မည်။ ထို့နောက် သင်၏ အပြစ်ရှိသည်ဟုခံစားရမှုများသည် အလွန်တိကျခြင်း သို့မဟုတ် အလွန်ထင်ရှားခြင်း ရှိလိမ့်မည်မဟုတ်။ တစ်ခါတစ်ရံတွင် အကြောင်းပြချက်တစ်ခုခု သို့မဟုတ် အတွေးများနှင့်အမြင်များက သင်၏ အသိစိတ်ကို ယိမ်းယိုင်အောင် လုပ်ကောင်းလုပ်နိုင်သည်။ ဤသို့ဖြင့် အပြစ်ရှိသည်ဟုခံစားရမှုများသည် သိသာထင်ရှားခြင်း မရှိဖြစ်ပေသည်။ ထို့ကြောင့် သင်၏အသိစိတ်သည် ယုံကြည်စိတ်ချရသော စံနှုန်းတစ်ခုလော။ မဟုတ်ချေ။ ဤသည်မှာ လူတို့ကို သတိပေးတတ်သော အချက်ပေး ခေါင်းလောင်းဖြစ်သည်။ ယင်းက မည်သို့သော သတိပေးချက်မျိုး ပေးသနည်း။ အသိစိတ်တစ်ခုတည်း၏ ခံစားချက်များကိုသာ အားကိုးခြင်း၌ လုံခြုံမှုမရှိ၊ သမ္မာတရား စည်းမျဉ်းများကိုလည်း ရှာဖွေရမည်။ ယင်းက စိတ်ချရသောအရာဖြစ်သည်။ ယင်းတို့အား ချုပ်တည်းရန် သမ္မာတရား မရှိလျှင် လူတို့သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများအတွက် သူတို့၏ လောဘကို ကျေနပ်စေမည့် အမျိုးစုံသော အကြောင်းပြချက်များနှင့် ဆင်ခြေများပေးလျက် စုံစမ်းသွေးဆောင်မှုသို့ ကျရောက်နိုင်သေးသည်။ ထို့ကြောင့် ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် ဤစည်းမျဉ်းတစ်ခုကို စိတ်နှလုံးထဲတွင် လိုက်နာသင့်သည်။ ကျွန်ုပ်သည် အမြဲတမ်းငြင်းဆို၊ အမြဲရှောင်ကြဉ်ပြီး မည်သည့်အထူးအရေးတယူ ဆက်ဆံမှုမျိုးကိုမဆို လုံးဝငြင်းပယ်မည် ဟူ၍ဖြစ်သည်။ အကြွင်းမဲ့ငြင်းဆိုခြင်းသည် မကောင်းမှုကို ရှောင်ကြဉ်ရန် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အကယ်၍ သင်သည် မကောင်းမှုကို ရှောင်ကြဉ်ရန် မရှိမဖြစ် လိုအပ်ချက်ကို ပိုင်ဆိုင်ပါက သင်သည် ဘုရားသခင်၏ အကာအကွယ်အောက်တွင် အတိုင်းအတာတစ်ခုအထိ ရှိနေပြီဖြစ်သည်။ အကယ်၍ သင့်တွင် ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများရှိပြီး လိုက်နာပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပြီး ဘုရားသခင်ကို ကျေနပ်စေပြီးသားဖြစ်သည်။ သင်သည် မှန်ကန်သောလမ်းကြောင်းကို လျှောက်နေပြီဖြစ်သည်။ သင်သည် မှန်ကန်သောလမ်းကို လျှောက်လှမ်းနေပြီး ဘုရားသခင်ကို ကျေနပ်စေပြီးဖြစ်သောအခါ သင်၏အသိတရားအား စမ်းသပ်မှု လိုအပ်နေသေးသလော။ စည်းမျဉ်းများနှင့်အညီ ပြုမူနေထိုင်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အသိတရားစံနှုန်းများထက် ပို၍မြင့်မားသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ပူးပေါင်းလုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားပြီး စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်လျှင် ဘုရားသခင်အား ကျေနပ်စေပြီဖြစ်သည်။ ဤသည်မှာ လူသားများအား ဘုရားသခင် တောင်းဆိုသည့် စံနှုန်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဂုဏ်အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း

လူအချို့သည် ဘုရားသခင်၏အလုပ်ကို နားမလည်ကြသည့်အပြင် ဘုရားသခင်က မည်သို့ကယ်တင်မည်ကိုဖြစ်စေ၊ မည်သူ့ကို ကယ်တင်မည်ကိုဖြစ်စေ မသိကြပေ။ လူအားလုံးသည် အန္တိခရစ်များ၏ စိတ်သဘောထား ရှိကြပြီး အန္တိခရစ်၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်သည်ကို သူတို့မြင်ကြသောကြောင့် ထိုသို့သောလူများသည် ကယ်တင်ခြင်းမျှော်လင့်ချက်မရှိရဟု ခံစားကြရသည်။ အဆုံးတွင် သူတို့အားလုံးသည် အန္တိခရစ်များအဖြစ် စီရင်ခြင်းခံရလိမ့်မည်။ ထိုသူတို့သည် ကယ်တင်ခြင်းသို့ မရောက်နိုင်ဘဲ အားလုံးပျက်စီးကြရမည်။ ထိုသို့သော အတွေးများနှင့် အမြင်များသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သို့ဆိုလျှင် ဤပြဿနာကို မည်ကဲ့သို့ ဖြေရှင်းရမည်နည်း။ ဦးစွာ သင်သည် ဘုရားသခင်၏ အလုပ်ကို နားလည်မှုရှိရမည်။ ဘုရားသခင် ကယ်တင်သောသူမှာ ဖောက်ပြန်ပျက်စီးသောလူကို ဖြစ်၏။ ဖောက်ပြန်ပျက်စီးသောသူသည် အန္တိခရစ်တို့၏လမ်းကြောင်းကို လျှောက်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်နိုင်သည်။ ထို့အတွက်ကြောင့် သူသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်သည်။ ထို့ကြောင့် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်မည့်အစား လူသည် ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်အောင် မည်သို့ လုပ်ဆောင်နိုင်သနည်း။ သူသည် သမ္မာတရားကို နားလည်ခြင်း၊ မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းနှင့် သိမြင်ခြင်း၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိခြင်းနှင့် မိမိကိုယ်တိုင်၏ စာတန်ဆန်သော သဘာဝကို သိခြင်းရှိရမည်။ ထို့နောက် သူသည် သမ္မာတရားကို ဆက်လက်ရှာဖွေပြီး သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရမည်ဖြစ်သည်။ သို့မှသာ သင်သည် အန္တိခရစ်တို့၏ လမ်းကြောင်းကို မလျှောက်လှမ်းဘဲ သင်ကိုယ်တိုင် အန္တိခရစ်ဖြစ်လာခြင်းမှ ရှောင်ကြဉ်ကာ ဘုရားသခင် ပစ်ပစ်ခါခါငြင်းသောသူ ဖြစ်လာခြင်းမှ ရှောင်ကြဉ်ရန် သေချာစေနိုင်မည်ဖြစ်သည်။ ဘုရားသခင်သည် သဘာဝလွန်နည်းလမ်းများဖြင့် အလုပ်မလုပ်ပေ။ ထို့ထက် သူသည် လူတို့၏ စိတ်နှလုံးကို နက်နဲစွာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို အမြဲပျော်မွေ့ခံစားနေပါက ဘုရားသခင်သည် သင့်အား အပြစ်ဖော်ဆုံးမမည်သာ ဖြစ်သည်။ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ကာ ဤအရာသည် သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် သူ မနှစ်သက်ကြောင်း သိရန်အတွက် ဤအပြစ်ကို သင့်အား ဘုရားသခင် သတိပြုစေမည်ဖြစ်သည်။ သင်သည် ဤသဘောပေါက်မှုကို ရရှိလာပြီး သင့်ကိုယ်သင် ပြန်လည်သုံးသပ်ကာ သိနားလည်နိုင်ပါက ပြဿနာကို ဖြေရှင်းရန် အခက်အခဲရှိမည်မဟုတ်ပေ။ သို့သော် သင်သည် ထိုကဲ့သို့သော အခြေအနေတွင် အချိန်ကြာမြင့်စွာ အသက်ရှင်ပြီး အဆင့်အတန်း၏ အကျိုးကျေးဇူးများကို အမြဲပျော်မွေ့ခံစားနေပါက ဘုရားသခင်ထံ ဆုတောင်းရန် သို့မဟုတ် သင့်ကိုယ်သင် ပြန်လည်သုံးသပ်ရန် ပျက်ကွက်ပြီး သမ္မာတရားကို ရှာဖွေရန် ပျက်ကွက်ပါက ဘုရားသခင်သည် မည်သည့်အရာမျှ လုပ်ဆောင်မည် မဟုတ်ပါ။ သူသည် သင်နှင့်အတူပါရှိသည်ဟု မခံစားရစေရန် သူက သင့်အား စွန့်ပစ်မည်ဖြစ်သည်။ ဤကဲ့သို့ ဆက်သွားပါက သင်သည် ဘုရားသခင် စက်ဆုပ်ရွံရှာစရာ ဖြစ်လာမည်မှာ သေချာကြောင်း ဘုရားသခင်က သင့်အား နားလည်သဘောပေါက်စေမည်။ ဤလမ်းကြောင်းက မှားယွင်းကြောင်း၊ သင်၏နေထိုင်မှုနည်းလမ်း မှားယွင်းကြောင်းကို ဘုရားသခင်သည် သင့်အား သိစေလိမ့်မည်။ လူတို့အား ထိုသို့သောနားလည်သဘောပေါက်မှု ပေးရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ မှန်ကန်သောလုပ်ရပ်များနှင့် မှားယွင်းသောလုပ်ရပ်များကို ၎င်းတို့အားသိရှိစေရန်ဖြစ်ပြီး မှန်ကန်သောရွေးချယ်မှု ပြုလုပ်ခွင့်ပေးရန် ဖြစ်သည်။ သို့သော်လည်း လူတစ်ဦးက မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းရန် ရွေးချယ်နိုင်ခြင်း ရှိမရှိသည် ၎င်းတို့၏ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်လေသည်။ ဘုရားသခင်သည် ဤအရာများကို လုပ်ဆောင်သောအခါ သင့်အား သမ္မာတရားကို နားလည်ခြင်းဆီသို့ လမ်းပြပေးသည်၊ သို့သော် ထိုမျှမက သူသည် သင့်အတွက် ရွေးချယ်ခွင့်အာဏာကို ချန်ထားခဲ့ကာ ယင်းသည် သင့်အနေဖြင့် မှန်ကန်သောလမ်းကြောင်း လျှောက်လှမ်းနေခြင်း ရှိမရှိသာ ဖြစ်ပါသည်။ ဘုရားသခင်က သင့်အပေါ် မည်သည့်အခါမျှ သတ်မှတ်ပြဋ္ဌာန်းခြင်း မရှိပေ။ သူသည် သင့်ကို ဤအရာထိုအရာ ပြုလုပ်စေလျက် သင့်ကို အတင်းအကျပ် ချုပ်ကိုင်ခြင်း သို့မဟုတ် တစ်စုံတစ်ခုပြုလုပ်ရန် သင့်အား အမိန့်ပေးခြင်း မပြု။ ဘုရားသခင်သည် ထိုသို့မပြုမူ။ သူသည် သင့်ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးသည်။ ထိုအချိန်မျိုး၌ ဘာလုပ်သင့်သနည်း။ သင်လုပ်နေသောအရာ မှားနေကြောင်း၊ သင်၏နေထိုင်မှုပုံစံ မှားနေကြောင်း သင်သဘောပေါက်သည့်အခါ မှန်ကန်သော နည်းလမ်းများနှင့်အညီ သင်ချက်ချင်းထ၍ လက်တွေ့လုပ်ဆောင်နိုင်သလော။ ယင်းမှာ အလွန်ခက်လိမ့်မည်။ လူတို့ချစ်မြတ်နိုးသော အရာများသည် သမ္မာတရားနှင့် ဆန့်ကျင်ဘက်၌ရပ်တည်သော စာတန်၏အတွေးအခေါ်နှင့် ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သောကြောင့် ယင်းတွင် တိုက်ပွဲဝင်စရာရှိသည်။ တစ်ခါတစ်ရံတွင် သင်သည် မည်သည့်အရာ မှန်မည်၊ မှားမည်ကိုသိကာ သင့်စိတ်နှလုံးထဲတွင် တိုက်ပွဲတစ်ခုရှိနေသည်။ ထိုတိုက်ပွဲမျိုးရှိနေစဉ် သင်သည် မကြာခဏ ဆုတောင်းရမည်ဖြစ်ပြီး ဘုရားသခင်အား သင့်ကို လမ်းပြစေကာ သင်မလုပ်သင့်သောအရာများကို သိရှိလာစေရန် ဘုရားသခင်အား ပြစ်တင်မောင်းမဲခွင့်ပေးလော့။ ထို့နောက်တွင် ထိုသို့သော စုံစမ်းသွေးဆောင်မှုများမှ တက်ကြွစွာ ပုန်ကန်ကာ ရှောင်ကြဉ်ပြီး တိမ်းရှောင်လော့။ ဤအရာက သင်၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။ တိုက်ပွဲအတွင်း သင်သည် အမှားလုပ်မိဦးမည်ဖြစ်ပြီး လမ်းကြောင်းမှားကို လျှောက်ရန် လွယ်ကူသည်။ သင်သည် စိတ်နှလုံးထဲတွင် လမ်းကြောင်းမှန်ကို ရွေးချယ်ကောင်း ရွေးချယ်နိုင်သော်လည်း သင်သည် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းမည်ဟု မသေချာပေ။ ဤအရာသည် အမှန်တကယ် ဖြစ်သည့်ပုံမဟုတ်လော။ ခဏတာပေါ့လျော့မှုကြောင့် လမ်းကြောင်းမှားကို သင်လျှောက်လိမ့်မည်။ ဤနေရာတွင် “ခဏတာ ပေါ့လျော့မှု” ဟူသည် အဘယ်နည်း။ စုံစမ်းသွေးဆောင်မှုက ကြီးမားလွန်းသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သင့်အတွက်မှာမူ ဤအရာသည် ဂုဏ်သိက္ခာ သို့မဟုတ် သင့်စိတ်နေစိတ်ထား သို့မဟုတ် အထူးအကြောင်းအရာအချို့ သို့မဟုတ် အထူးပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားခြင်းတို့ပင် ဖြစ်နိုင်သည်။ အလေးနက်ဆုံးအချက်မှာ အမှန်တွင် သင့်ကို လွှမ်းမိုးပြီး ချုပ်ကိုင်သည့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ ဤအရာမှာ သင့်အတွက် လမ်းကြောင်းမှန်ကို လိုက်ရန် ခက်ခဲစေသည့်အရာ ဖြစ်သည်။ သင့်တွင် ယုံကြည်ချက်အနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း အခြေအနေကြောင့် မတင်မချ မပြတ်မသား ဖြစ်နေဆဲဖြစ်၏။ သင်သည် ပြုပြင်ခြင်းကို မခံရမချင်း၊ အပြစ်ဒဏ်ပေးခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို မခံရမချင်း၊ အတားအဆီးများက သင့်လမ်း၌ ရှုပ်ပွနေပြီး ရှေ့ဆက်လမ်းကို သင်မတွေ့ရမချင်း သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားခြင်းက လမ်းမှန်မဟုတ်ဘဲ ဘုရားသခင် အလွန်မုန်းတီးပြီး ကျိန်ဆဲသောအရာ ဖြစ်ကြောင်း၊ ဘုရားသခင်တောင်းဆိုသော လမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် အသက်တာအတွက် သင့်လျော်သော လမ်းဖြစ်ကြောင်းနှင့် ဤလမ်းကို လျှောက်လှမ်းရာ၌ သင်သည် စိတ်ပိုင်းဖြတ်ချက် မရှိလျှင် လုံးလုံးလျားလျား ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်ကြောင်း သဘောပေါက်လိမ့်မည် မဟုတ်ပေ။ လူတို့သည် ခေါင်းတလားကို မတွေ့မချင်း မငိုကြပေ။ သို့ရာတွင် ဤတိုက်ပွဲဖြစ်နေစဉ် လူတစ်ဦးသည် ကြီးမားသော ယုံကြည်ခြင်း၊ ပူးပေါင်းဆောင်ရွက်ရန် ခိုင်မာသောသန္နိဋ္ဌာန်နှင့် သမ္မာတရားကို လိုက်စားရန် စိတ်စွမ်းအား ရှိပါက ဤစုံစမ်းသွေးဆောင်မှုများကို ကျော်လွှားရန် သူ့အတွက် ပိုမိုလွယ်ကူမည်ဖြစ်သည်။ သင်၏ ပဓာနကျသော အားနည်းချက်မှာ ဂုဏ်သိက္ခာကို အထူးဂရုစိုက်ခြင်းနှင့် အဆင့်အတန်းကို ချစ်မြတ်နိုးမှု၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် လောဘဇောနှင့် ဇာတိပကတိ၏ သာယာမှုများဖြစ်ပြီး ဤအရာများသည် သင်၏စိတ်ထဲတွင် အထူးသဖြင့် အားကောင်းပါက သင့်အတွက် အောင်မြင်စွာ လွတ်မြောက်လာရန် ခက်ခဲလိမ့်မည်။ အောင်မြင်စွာ လွတ်မြောက်လာရန် ခက်ခဲလိမ့်မည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သမ္မာတရား လိုက်စားသည့်လမ်းကြောင်းကို ရွေးချယ်ရန် သင့်အတွက် ခက်ခဲလိမ့်မည်ဟု ဆိုလိုပြီး ထို့ကြောင့် ထိုအစား သင်သည် မှားယွင်းသောလမ်းကြောင်းကို ရွေးချယ်လျက် ဘုရားသခင် သင့်ကို အလွန်မုန်းတီးကာ စွန့်ပယ်စေနိုင်လေသည်။ သို့ရာတွင် သင်သည် အမြဲဂရုစိုက်ပြီး ဆင်ခြင်ချိန်ဆကာ ပြစ်တင်မောင်းမဲခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းခံရရန် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ ရောက်လာနိုင်ပါက သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မပျော်မွေ့သကဲ့သို့ ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် ဇာတိပကတိ၏ စည်းစိမ်တို့ကို လိုချင်တပ်မက်ခြင်း မရှိပါက၊ ထို့အပြင် ထိုသို့သော အတွေးများရှိသောအခါ သင်သည် ယင်းတို့အား အစွမ်းကုန် ပုန်ကန်ရန် ဘုရားသခင်အား မှီခိုအားထား၍ ထိုအတွေးများသည် လုပ်ရပ်များ မဖြစ်လာမီ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေကာ နောက်ဆုံးတွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို လျှောက်လှမ်းနိုင်ခြင်းနှင့် လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ခြင်းရှိပါက မည်သို့ပင်ရှိစေကာမူ သင်သည် ကြီးမားသော စုံစမ်းသွေးဆောင်ခြင်းကို ရင်ဆိုင်ရသောအခါ လမ်းမှန်ကို ရွေးချယ်ရန် အလားအလာ ပိုရှိမည်မဟုတ်လော။ (မှန်ပါသည်။) ဤအရာက သင်၏ စုဆောင်းထားနေကျ အရာများပေါ်တွင် မူတည်လေသည်။ ငါ့ကိုပြောလော့။ လူတစ်ဦးသည် ကြီးမားသော စုံစမ်းသွေးဆောင်မှုတစ်ခုကို ကြုံတွေ့ရပါက ၎င်း၏ ရှိရင်းစွဲ ဝိညာဉ်ရင့်ကျက်မှုအပေါ်သာဖြစ်စေ၊ ၎င်း၏ကိုယ်ပိုင်စိတ်စွမ်းအားအပေါ်သာဖြစ်စေ၊ ၎င်း၏ စုဆောင်းထားနေကျ အရာများအပေါ်သာဖြစ်စေ အမှီပြုခြင်းဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များ အပြည့်အဝ အထမြောက်အောင် ဆောင်ရွက်နိုင်သလော။ (မဆောင်ရွက်နိုင်ပါ။) သူသည် ယင်းကို တစ်စိတ်တစ်ပိုင်း ဆောင်ရွက်နိုင်သလော။ (ဆောင်ရွက်နိုင်ပါသည်။) လူသည် ယင်းကို တစ်စိတ်တစ်ပိုင်း ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သော်လည်း ကြီးစွာသော အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါတွင် ဘုရားသခင်၏ ကြားဝင်ဆောင်ရွက်ပေးမှု လိုအပ်လေသည်။ အကယ်၍ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုပါက သမ္မာတရားအပေါ် လူ၏နားလည်မှုနှင့် လူ၏ဆန္ဒကိုသာ အမှီပြုခြင်းသည် သင့်အား ပြီးပြည့်စုံသော ကာကွယ်မှုကို မပေးနိုင်သကဲ့သို့ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်နိုင်ခြင်းနှင့် မကောင်းမှုကို လုံးဝ ရှောင်ကြဉ်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ အဓိကသော့ချက်မှာ လူသားသည် ပူးပေါင်းဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ထားရမည့်အပြင် ကျန်သည့်အရာများအတွက် ဘုရားသခင်၏ အလုပ်ကို အားကိုးရမည်ဖြစ်သည်။ သင်က “ကျွန်ုပ်သည် ဤအပိုင်း၌ ကြီးမားသော အားထုတ်မှုပြုခဲ့ပြီး တတ်နိုင်သမျှ လုပ်ခဲ့ပြီးပြီ။ အနာဂတ်တွင် မည်သည့် စုံစမ်းသွေးဆောင်မှုများ သို့မဟုတ် အခြေအနေများ ကြုံတွေ့ပါစေ၊ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုက ဤမျှသာဖြစ်ပြီး ကျွန်ုပ်သည် ဤအတိုင်းအတာအထိသာ လုပ်ဆောင်နိုင်တော့၏” ဟု ပြောသည်ဆိုပါစို့။ သင် ထိုသို့ပြုမူသည်ကို မြင်လျှင် ဘုရားသခင် ဘာလုပ်မည်နည်း။ ဤစုံစမ်းသွေးဆောင်မှုများမှ သင့်အား ဘုရားသခင် ကာကွယ်ပေးလိမ့်မည်။ ဘုရားသခင်သည် သင့်အား ဤစုံစမ်းသွေးဆောင်မှုများမှ ကာကွယ်ပေးသောအခါ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည်ဖြစ်ပြီး သင်၏ယုံကြည်ခြင်း ပိုမိုခိုင်မာလာကာ သင်၏ ဝိညာဉ်ရင့်ကျက်မှုက တဖြည်းဖြည်း ကြီးထွားလာမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဂုဏ်အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း

အရှေ့သို့- ၃၀။ ဘုရားသခင်အား ပုန်ကန်ပြီး အာခံသည့် လူတို့၏ ပြဿနာကို ဖြေရှင်းနည်း

နောက်တစ်ခုသို့- ၁။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ၊ ဘုရားသခင်နောက်သို့ လိုက်လျှောက်ခြင်းဆိုသည်မှာ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။