၁၄။ တာဝန်ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းကြား ဆက်နွှယ်မှု

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

သင်တို့ တွေ့ကြုံကာ မြင်ပြီးသည့်အရာသည် ခေတ်များအားလုံးမှ သန့်ရှင်းသူများနှင့် ပရောဖက်များထက် သာလွန်သော်လည်း၊ အတိတ်ကာလများ၏ ဤသန့်ရှင်းသူများနှင့် ပရောဖက်များ၏ စကားများထက် သာ၍ ကြီးမြတ်သော သက်သေခံချက်ကို သင်တို့ ပေးနိုင်ပါသလော။ ယခု သင်တို့အပေါ် ငါ အပ်နှင်းသည့်အရာသည် မောရှေထက် သာလွန်ပြီး ဒါဝိဒ်ကို ညှိုးမှိန်သွားစေသည်၊ ထို့ကြောင့် အလားတူ သင်တို့၏ သက်သေခံချက်သည် မောရှေ၏ သက်သေခံချက်ထက် သာလွန်ရန်နှင့် သင်တို့၏စကားများသည် ဒါဝိဒ်ထက် ကြီးမြတ်ရန် ငါတောင်းဆို၏။ ငါသည် သင်တို့ကို အဆတစ်ရာပေး၏- ထို့ကြောင့် ထိုနည်းတူ ငါ့ကိုလည်း သင်တို့ သာတူညီမျှ ပြန်ပေးရန် ငါတောင်းဆို၏။ ငါသည် လူသားမျိုးနွယ်ထံ အသက် ပေးသူဖြစ်ပြီး၊ ငါ့ထံမှ အသက်ကို ရရှိပြီး ငါ့အတွက် သက်သေခံရမည့်သူမှာ သင်တို့ ဖြစ်သည်ကို သင်တို့သိရမည်။ ဤသည်မှာ သင်တို့အပေါ် ငါ ချမှတ်ပြီး ငါ့အတွက် သင်တို့ လုပ်ပေးသင့်သည့် သင်တို့၏ တာဝန် ဖြစ်သည်။ ငါ၏ ဘုန်းအသရေ အားလုံးကို သင်တို့အား ငါ အပ်နှင်းပြီးဖြစ်သည်၊ ရွေးချယ်ခံရသူများ၊ ဣသရေလအမျိုးတို့ မည်သည့်အခါမျှ မရခဲ့ဖူးသည့် အသက်ကို သင်တို့အား အပ်နှင်းပြီး ဖြစ်သည်။ တရားသဖြင့်ဆိုလျှင်၊ သင်တို့သည် ငါ့အဖို့ သက်သေခံသင့်ပြီး၊ သင်တို့၏ ပျိုရွယ်မှုကို ငါ့ထံ ဆက်ကပ်ကာ သင်တို့အသက်ကို စွန့်သင့်သည်။ ငါ၏ဘုန်းအသရေကို ပေးခံရသော သူ မည်သူမဆိုသည် ငါ၏ သက်သေခံရမည် ဖြစ်ပြီး ငါ့အတွက် ၎င်းတို့၏ အသက်ပေးရမည်။ ဤသည်ကို အချိန်ကြာမြင့်စွာက ငါ ကြိုတင်ပြဋ္ဌာန်းထားပေသည်။ သင်တို့ထံ ငါ၏ဘုန်းအသရေကို ငါ ပေးသည်မှာ သင်တို့၏ ကောင်းမွန်သော အခွင့်အလမ်းဖြစ်ပြီး၊ သင်တို့၏တာဝန်မှာ ငါ၏ ဘုန်းအသရေကို သက်သေခံရန်ဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိဖို့သာ သင်တို့သည် ငါ့ကိုယုံကြည်လျှင်၊ ငါ၏အမှုသည် အရေးပါမှု အနည်းငယ်သာ ရှိလိမ့်မည်ဖြစ်ပြီး၊ သင်တို့၏တာဝန်ကို သင်တို့ ထမ်းဆောင်မည် မဟုတ်ပေ။...သင်တို့ ရရှိပြီးဖြစ်သည်မှာ ငါ၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်မျှ ဖြစ်သည်သာမက ယောဟန် ထက်သာ၍ ကြီးမြတ်သော ရူပါရုံနှင့်ဗျာဒိတ်လည်း ဖြစ်၏။ သင်တို့သည် သာ၍များပြားသော နက်နဲသည့် အရာများကို နားလည်ကြကာ၊ ငါ၏ စစ်မှန်သော မျက်နှာထားကိုလည်း ဖူးမြင်ကြပြီး ဖြစ်သည်။ သင်တို့သည် ငါ၏တရားစီရင်ခြင်းကို ပို၍ လက်ခံကြပြီးဖြစ်ကာ ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုသိရှိကြပြီးဖြစ်သည်။ ထို့ကြောင့် သင်တို့သည် နောက်ဆုံးသောကာလတွင် မွေးဖွားခဲ့ကြသော်လည်း၊ သင်တို့၏ သိနားလည်မှုသည် ယခင်နှင့်အတိတ်က နားလည်မှု ဖြစ်ပြီး၊ ယနေ့ခေတ်၏ အမှုအရာများကိုလည်း သင်တို့ တွေ့ကြုံကြပြီးဖြစ်ကာ ဤအရာကို ငါ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ငါသည် သင်တို့ကို အလွန်များလှစွာ ပေးပြီးဖြစ်သကဲ့သို့ သင်တို့သည် ငါ့အထဲ၌ များစွာ တွေ့မြင်ကြပြီး ဖြစ်သည့်အတွက်၊ သင်တို့ကို ငါ တောင်းဆိုသည့်အရာသည် လွန်ကဲသောအရာ မဟုတ်ပေ။ ထို့ကြောင့် အတိတ်ကာလများ၏ သန့်ရှင်းသူတို့ထံ ငါ့အဖို့ သက်သေခံပေးရန် သင်တို့ကို ငါစေခိုင်းခြင်း ဖြစ်ပြီး ဤသည်မှာ ငါ့နှလုံးသား၏ တစ်ခုတည်းသော ဆန္ဒ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း

အလုပ်နှင့်ပတ်သက်၍ လူသားသည် အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်း၊ နေရာတိုင်း၌ တရားဟောခြင်းနှင့် သူ့အတွက် အသုံးခံခြင်းဖြစ်သည်ဟု ယုံကြည်သည်။ ထိုသို့ ယုံကြည်ခြင်းသည် မှန်သော်လည်း တစ်ဖက်သတ် ဆန်လွန်းလှသည်။ ဘုရားသခင်က လူကို တောင်းဆိုသည့်အရာမှာ သူ့အတွက် ဟိုပြေးသည်ပြေးလုပ်ရန်သာ မဟုတ်ပေ၊ ထိုထက် ကျော်လွန်၍ ဤအမှုသည် ဝိညာဉ်တော်အတွင်း၌ အမှုတော်ဆောင်ဖို့နှင့် ထောက်ပံ့မှုတို့နှင့်ပါ သက်ဆိုင်သည်။ ညီအစ်ကိုမောင်နှမ တော်တော်များများသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရရှိပြီး သည့်တိုင် ဘုရားသခင်အတွက် အလုပ်လုပ်ဖို့ တစ်ခါမျှ မစဉ်းစားဖူးပေ၊ အဘယ်ကြောင့်ဆိုသော် လူသား ထင်မြင်ထားသော အလုပ်ဟူသည့် အရာသည် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် မလိုက်ဖက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားသည် အလုပ် ကိစ္စတွင် မည်သည့်အရာပင်ဖြစ်စေ စိတ်ဝင်စားမှု လုံးဝမရှိပေ၊ ထို့ကြောင့် လူသား၏ ဝင်ရောက်မှုသည်လည်း အလွန်ပင် တစ်ဖက်သတ် ဖြစ်နေခြင်း ဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ခြင်းအားဖြင့် စတင်ဝင်ရောက် သင့်သည်၊ ယင်းနှင့် ဆိုင်သော ကဏ္ဍအားလုံးကို သင်တို့ သာ၍ ကြုံတွေ့ခံစားနိုင်ဖို့ ဖြစ်သည်။ ယင်းသည် သင်တို့ ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်းကို မရည်ညွှန်းဘဲ၊ လူသား၏အသက်တာနှင့် လူသား၏ အသက်ရှင်ခြင်းသည် ဘုရားသခင်အတွက် ပျော်ရွှင်မှုပေးနိုင်ခြင်း ရှိမရှိကို ရည်ညွှန်းသည်။ အလုပ်ဆိုသည်မှာ လူသားတို့က ဘုရားသခင် အပေါ်၌ထားသော သူတို့၏ သစ္စာစောင့်သိခြင်းနှင့် သူတို့၌ ရှိသည့် အသိပညာကို ဘုရားသခင်အကြောင်း သက်သေခံရန်နှင့် လူသားအပေါ် အမှုတော်ဆောင်ရန်အတွက်လည်း အသုံးပြုခြင်းကို ရည်ညွှန်းသည်။ ထိုအရာသည် လူသား၏တာဝန် နှင့် လူသားများအားလုံး နားလည်သဘောပေါက်သင့်သည့် အရာဖြစ်သည်။ သင်တို့၏ ဝင်ရောက်မှုသည် သင်တို့၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင်အတွက် အလုပ်လုပ်နေစဉ်တွင် သင်တို့သည် ဝင်ရောက်ဖို့ ကြိုးစားနေသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အလုပ်အား တွေ့ကြုံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှီဝဲသုံးဆောင်ပုံကို သိခြင်းသာ မဟုတ်ပေ၊ သာ၍ အရေးကြီးသည်မှာ သင်တို့သည် ဘုရားသခင်၏အကြောင်း သက်သေခံပုံကို သိရမည်ဖြစ်ပြီး ဘုရားသခင်ကို အစေခံနိုင်ရမည်ဖြစ်ကာ၊ လူသားအပေါ် အမှုတော်ဆောင်ကာ လူသားကို ထောက်ပံ့ပေး နိုင်ရမည်။ ယင်းသည် အလုပ်ဖြစ်သည်၊ သင်တို့၏ ဝင်ရောက်မှုလည်း ဖြစ်သည်၊ ဤသည်ကား လူတိုင်း ပြီးမြောက်အောင် လုပ်သင့်သည့်အရာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)

အလွန်များလှစွာသော ဘုရားသခင်၏ အမှုကို သင် တွေ့ကြုံပြီးဖြစ်သည်၊ ယင်းကို သင်၏ ကိုယ်ပိုင် မျက်စိများဖြင့် သင် မြင်ပြီးဖြစ်ကာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီး ဖြစ်သည်။ တကယ့်အဆုံးသို့ သင် ရောက်ရှိသည့်အချိန်တွင်၊ သင့်အပေါ် တာဝန်ရှိသော လုပ်ငန်းတာဝန်ကို သင် မထမ်းဆောင်နိုင်ဘဲ မရှိရ။ တကယ့်ကို သနားစရာပါတကား။ အနာဂတ်တွင်၊ ဧဝံဂေလိတရား ပျံ့နှံ့သည့်အခါ၊ သင်သည် သင်၏ ကိုယ်ပိုင် အသိပညာအကြောင်းကို ပြောဆိုနိုင်သင့်၏၊ သင်၏ စိတ်နှလုံးထဲတွင် သင် ရရှိပြီးဖြစ်သည့် အရာအားလုံးကို သက်သေခံနိုင်သင့်ပြီး ရှိသမျှအား စိုက်ထုတ်နိုင်သင့်၏။ ဤသည်မှာ အဖန်ဆင်းခံတစ်ဦး ရရှိသင့်သည့် အရာဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့်ဆိုင်သော ဤအဆင့်၏ တကယ့် အဓိပ္ပါယ်မှာ အဘယ်နည်း။ ယင်း၏ သက်ရောက်မှုမှာ အဘယ်နည်း။ ယင်း၏ မည်မျှကို လူသား၏အထဲတွင် ဆောင်ရွက်ပါသနည်း။ မည်သည့်အရာကို လူတို့ လုပ်ဆောင်သင့်သနည်း။ ကမ္ဘာမြေသို့ ကြွလာကတည်းက လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးကို ရှင်းရှင်းလင်းလင်း သင် ပြောဆိုနိုင်သည့်အခါ၊ သင်၏ သက်သေခံချက် ပြည့်စုံလိမ့်မည်။ သူ့အမှုတော်၏ အဓိပ္ပါယ်၊ ယင်း၏ အကြောင်းအရာ၊ ယင်း၏ အနှစ်သာရ၊ ယင်းက ကိုယ်စားပြုသည့် စိတ်သဘောထားနှင့် ယင်း၏ အခြေခံစည်းမျဉ်းများတို့ဖြစ်သော ဤအချက်ငါးခုကို သင် ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်သည့်အခါ ဘုရားသခင်ကို သင် သက်သေခံနိုင်စွမ်းရှိသည်၊ အသိပညာကို သင် အမှန်တကယ် ပိုင်ဆိုင်သည်ကို ဤအရာက သက်သေပြပေလိမ့်မည်။ သင့်အပေါ် ငါ၏ သတ်မှတ်ချက်များသည် အလွန်မမြင့်မားသကဲ့သို့၊ မှန်ကန်သော လိုက်စားမှု၌ ရှိကြသူအားလုံးက ရယူနိုင်ပေသည်။ သင်သည် ဘုရားသခင်၏ သက်သေများထဲမှ တစ်ဦးဖြစ်ဖို့ သန္နိဋ္ဌာန်ချထားပါက၊ ဘုရားသခင် မည်သည့်အရာကို စက်ဆုပ်ပြီး မည်သည့်အရာအား နှစ်သက်သည်ကို သင် နားလည်ရမည်။ သူ၏ အမှုတော်ကို များစွာ သင် ကြုံတွေ့ပြီး ဖြစ်သည်။ ဤအမှုမှတစ်ဆင့်၊ သူ၏ စိတ်သဘောထားကို သင် သိလာရမည်၊ သူ၏ ရည်ရွယ်ချက်များနှင့် လူသားမျိုးနွယ်အပေါ် သူ၏ သတ်မှတ်ချက်များကို သင် နားလည်လာရမည်ဖြစ်ကာ သူ့အကြောင်းကို သက်သေခံဖို့နှင့် သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းဖို့ ဤအသိပညာကို အသုံးပြုရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)

ဖန်ဆင်းခံလူတိုင်း၏ ပထမဦးစားပေးမှာ တစ်ကမ္ဘာလုံးအနှံ့နှင့် မြေကြီးစွန်းတိုင်အောင် ဧဝံဂေလိဖြန့်ဝေရန်၊ ဘုရားသခင်၏ အမှုတော်ကို သက်သေခံရန်နှင့် ပျံ့နှံ့စေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဧဝံဂေလိတရားကို လက်ခံသူတိုင်း၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ယင်းသည် ကျင့်ဝတ်သိက္ခာအရ ၎င်းတို့ မဖြစ်မနေလုပ်ရမည့် အရာဖြစ်၏။ သင်သည် ဤတာဝန်ကို လောလောဆယ်တွင် ထမ်းဆောင်နေခြင်း မရှိဘဲ ဖြစ်နေနိုင်သည်။ သို့မဟုတ် ဤတာဝန်သည် သင်နှင့် အလှမ်းကွာဝေးသည့် အရာတစ်ခု ဖြစ်နေနိုင်သည်။ သို့မဟုတ် ဤသည်မှာ သင်ထမ်းဆောင်ရမည့် တာဝန်တစ်ခုဖြစ်သည်ဟု သင် မည်သည့်အခါမျှ မတွေးခဲ့ဖူးခြင်း ဖြစ်ကောင်းဖြစ်နေနိုင်သည်။ သို့သော်လည်း သင်၏စိတ်နှလုံးသည် ဤအချက်ကိုကား ရှင်းနေရမည်။ ဤတာဝန်သည် သင်နှင့် ဆက်စပ်နေ၏။ ယင်းသည် အခြားသူများ၏ တာဝန်သာ ဖြစ်သည်မဟုတ်။ သင်၏တာဝန်နှင့် ဝတ္တရားလည်း ဖြစ်ပေသည်။ သင်သည် ဤတာဝန်ကို ထမ်းဆောင်ရန် လောလောဆယ် တာဝန်ပေးခြင်း မခံထားရရုံနှင့် ဤတာဝန်သည် သင်၏ အရေးကိစ္စမဟုတ်၊ ဤတာဝန်ကို သင့်အနေဖြင့် ထမ်းဆောင်ဖို့ မဟုတ်၊ သို့မဟုတ် ဤတာဝန်ကို ထမ်းဆောင်ရန် ဘုရားသခင်သည် သင့်ကို တာဝန်ပေးအပ်ထားခြင်း မရှိဟု မဆိုလိုပေ။ အကယ်၍ သင်၏ နားလည်သဘောပေါက်မှုသည် ဤအဆင့်အထိ ရောက်လာနိုင်ပါက ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်နှင့်ပတ်သက်ပြီး သင်၏စိတ်နှလုံးထဲ၌ စွဲကိုင်ထားသည့် ရှုထောင့်အမြင်သည် သမ္မာတရားနှင့်ရော ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်ပါ ကိုက်ညီသည်ဟု ဆိုလိုသည် မဟုတ်လော။ သင်တို့၏ နားလည်မှုသည် ဤအဆင့်အထိ ရောက်လာသည့်အခါ လက်ထဲရှိ အလုပ်အားလုံးကို သင်တို့ လုပ်ပြီးသွားသည့် တစ်နေ့တွင် ဘုရားသခင်သည် သင်တို့ကို နေရာအနှံ့သို့၊ အစိမ်းဆုံး၊ မနှစ်မြို့ဖွယ် အကောင်းဆုံး၊ အခက်ခဲဆုံးဟု သင်တို့သိရှိရသည့် နေရာတချို့သို့ပင် လူစုကွဲရန်နှင့် ပျံ့နှံ့သွားစေရန် အမိန့်ထုတ်လိမ့်မည်။ ထိုအခါ သင်တို့ မည်သို့လုပ်မည်နည်း။ (ကျွန်ုပ်တို့သည် ကျင့်ဝတ်သိက္ခာအရ မဖြစ်မနေ လက်ခံရမည် ဖြစ်ပါသည်။) ယင်းမှာ သင်တို့ ယခုပြောသည့်အရာ ဖြစ်သော်လည်း ထိုနေ့ရက် ရောက်လာသောအခါ သင်တို့၏ မျက်စိများသည် မျက်ရည်များဖြင့် ပြည့်ကောင်းပြည့်နေပေမည်။ ယခုတွင် သင်တို့သည် ဤပုံစံဖြင့် ပြင်ဆင်ထားရမည်။ သင်သည် ဤသို့ သိမြင်နားလည်လာရမည်။ “ဤခေတ်ကာလသည် ကျွန်ုပ်မွေးဖွားလာသည့် ခေတ်ကာလဖြစ်၏။ ကျွန်ုပ်သည် ကံကောင်းထောက်မ၍ နောက်ဆုံးသော ကာလနှင့်ဆိုင်သည့် ဘုရားသခင်၏ အမှုတော်ကို လက်ခံထားပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သော အမှုတော်၌ ပါဝင်ရသည်။ ထို့ကြောင့် ကျွန်ုပ်အသက်တာ၏ တန်ဖိုးနှင့် အရေးပါမှုသည် ဘုရားသခင်၏ ဧဝံဂေလိတရား ကျယ်ပြန့်ရေးအဖို့ ကျွန်ုပ်တစ်ဘဝလုံး၏ စွမ်းအားကို ပေးအပ်မြှုပ်နှံရန်အတွက် ဖြစ်သင့်သည်။ အခြားမည်သည့်အရာကိုမျှ ကျွန်ုပ်စဉ်းစားမည်မဟုတ်” ဟူ၍ ဖြစ်သည်။ သင်တို့၌ ဤပြင်းပြသော ရည်မှန်းချက် ရှိသလော။ (ရှိပါသည်။) သင်တို့၌ ဤပြင်းပြသော ရည်မှန်းချက် ရှိသင့်ကာ ဤပြင်ဆင်မှုနှင့် အစီအစဉ်ကို ပြုလုပ်ထားပြီး ဖြစ်သင့်သည်။ ဤနည်းအားဖြင့်သာ စစ်မှန်သော ဖန်ဆင်းခံတစ်ဦး၊ ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းခံရပြီး သူ့အတွက် ပြည့်စုံလုံလောက်သည့် ဖန်ဆင်းခံတစ်ဦး ဖြစ်နိုင်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်

သင်တို့အားလုံးသည် ယခု သင်၏တာဝန်များကို ထမ်းဆောင်ရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောရန်နှင့် သက်သေခံရန် လေ့ကျင့်ရင်း နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အမှုတော်ကို လုပ်ဆောင်ရန် အလုပ်များနေသည်။ ဘုရားသခင်အတွက် သက်သေခံရန် ရုပ်ရှင်များဖန်တီးခြင်းဖြစ်စေ၊ ဓမ္မသီချင်းများ သီဆိုခြင်းဖြစ်စေ သင်တို့ထမ်းဆောင်သော တာဝန်များသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွက် တန်ဖိုးရှိသလော။ (တန်ဖိုးရှိပါသည်။) ထိုတာဝန်များ၏တန်ဖိုးက အဘယ်မှာနည်း။ ဘုရားသခင်ဖော်ပြသော ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများကို မြင်ပြီးနောက် မှန်ကန်သောလမ်းကြောင်းပေါ်သို့ တက်ရောက်လာစေရန် လူတို့အား ကူညီပေးရာတွင်လည်းကောင်း၊ ထိုသူတို့သည် ဖန်ဆင်းခံအဖွဲ့ဝင်ဖြစ်ကြောင်းနှင့် ဖန်ဆင်းရှင်၏ ရှေ့မှောက်သို့ ရောက်ရှိသင့်သည်ဟု လူတို့အား နားလည်စေရန် ကူညီပေးရာတွင်လည်းကောင်း ယင်းတို့၏ တန်ဖိုးရှိလေသည်။ လူမြောက်မြားစွာတို့သည် မိမိတို့ ကြုံတွေ့ရသည့် အမှုအရာများစွာကို ထိုးထွင်းသိမြင်နိုင်စွမ်း၊ သို့မဟုတ် နားလည်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် အားကိုးရာမဲ့ ခံစားရကာ၊ ဘဝသည် အဓိပ္ပာယ်မဲ့၊ အချည်းနှီးဖြစ်ပြီး ၎င်းတို့တွင် ဝိညာဉ်ရေးအာဟာရ မရှိချေ။ ဤအရာအားလုံး၏ အရင်းအမြစ်က အဘယ်နည်း။ ဤအရာအားလုံးအတွက် အဖြေသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ရှိပါသည်။ ဘုရားသခင်ကို သင်တို့ ယုံကြည်သက်ဝင်ခဲ့သော နှစ်များတစ်လျှောက်တွင် သင်တို့အားလုံးသည် သူ၏နှုတ်ကပတ်တော်များစွာကို ဖတ်ရှုခဲ့ပြီးဖြစ်ကာ သမ္မာတရားအချို့ကို နားလည်သဘောပေါက်ခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်၍ သင်တို့ ထမ်းဆောင်ပေးရမည့်တာဝန်မှာ ထိုသူတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲရှိ သမ္မာတရားကို နားလည်ပြီး လောက၏ မှောင်မိုက်မှုနှင့် မကောင်းမှုကို ရိပ်စားမိရန် ထောက်ကူပေးခြင်းအားဖြင့်လည်းကောင်း၊ မှန်သောလမ်းခရီးကို ရှာဖွေရန်၊ ဖန်ဆင်းရှင်ကို ရှာတွေ့ရန်၊ ဘုရားသခင်၏အသံကို ကြားနာရန်နှင့် သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုရန်အတွက် ၎င်းတို့အားကူညီပေးခြင်းအားဖြင့်လည်းကောင်း ၎င်းတို့အား ဉာဏ်အလင်းပေးဖို့နှင့် ၎င်းတို့၏ မှားယွင်းသော အတွေးအမြင်များကို ဖြေရှင်းပေးဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသုံးပြုရန်ဖြစ်သည်။ ဤအရာက သမ္မာတရားအချို့ကို ၎င်းတို့နားလည်ရန်နှင့် ဘုရားသခင် လုပ်ဆောင်နေသည့် ကယ်တင်ခြင်းအမှုကို မြင်တွေ့ရန် အခွင့်ပေးမည်ဖြစ်ပြီး၊ သို့မှသာ ၎င်းတို့သည် သူ့ထံလှည့်၍ သူ၏အလုပ်ကို လက်ခံနိုင်မည်ဖြစ်သည်။ ယင်းမှာ သင်တို့လုပ်ဆောင်ရမည့်တာဝန် အတိအကျပင်ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်လာချိန်မှစ၍ သမ္မာတရားမည်မျှကို သင်တို့နားလည်ပြီး ပြဿနာမည်မျှကို ဖြေရှင်းပြီးပြီဖြစ်ကြောင်း သင်တို့စိတ်နှလုံးထဲ၌ အားလုံးသိကြသည်။ ယခုခေတ်၌ ဘာသာရေးသမားများနှင့် ဘာသာတရားမရှိသူများ နှစ်မျိုးလုံးတွင် မှန်သောလမ်းခရီးကို ရှာဖွေပြီး ကယ်တင်ရှင်ကို ရှာနေကြသောလူများ အများအပြား ရှိကြသည်။ လူတို့ အဘယ်ကြောင့် အသက်ရှင်ပြီး သေဆုံးရကြောင်း၊ လူတစ်ယောက်၏ ဘဝတန်ဖိုးနှင့် အဓိပ္ပာယ်၊ သို့မဟုတ် လူများ မည်သည့်နေရာမှလာပြီး မည်သည့်နေရာကို သွားနေကြကြောင်း အစရှိသည့် အသေးစိတ်ကျသော မေးခွန်းများ၏ အဖြေကို ၎င်းတို့ မသိကြချေ။ သင်တို့အနေဖြင့် ဧဝံဂေလိတရားကို ဟောပြောပြီး ဘုရားသခင်အတွက် သက်သေခံရန်နှင့် ဖန်ဆင်းရှင်ရှေ့မှောက်သို့ ၎င်းတို့ကို ပို့ဆောင်ရန်အတွက် ၎င်းတို့စောင့်မျှော်နေသည်။ ထိုအကြောင်းကြောင့် ယခု သင်တို့လုပ်ဆောင်နေသော တာဝန်များသည် အလွန်ပင် အဓိပ္ပာယ်ရှိရခြင်းဖြစ်၏။ တစ်ဖက်တွင် သင်ကိုယ်တိုင်သည် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံနေရပြီး အခြားတစ်ဖက်တွင် သင်သည် ဘုရားသခင်၏ အလုပ်အကြောင်း အခြားသူများကိုလည်း သက်သေခံနေသည်။ ဤအရာကို သင်တို့ ပို၍တွေ့ကြုံလေလေ၊ သမ္မာတရားများကို နားလည်သဘောပေါက်ပြီး သမ္မာတရားနှင့်ပြင်ဆင်ခြင်း ခံရရန် ပို၍လိုအပ်လေလေဖြစ်ကာ လုပ်ဆောင်ရမည့်အလုပ် ပိုများလေလေ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အနေဖြင့် လူတို့ကို စုံလင်အောင်ပြုရန်အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ သင့်တာဝန်များကို ထမ်းဆောင်ရာတွင် မည်သည့်အခက်အခဲများ ကြုံတွေ့ရပါစေ ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်အား ကိုးစားသင့်သည်။ လူတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး သမ္မာတရားကို အတူတကွ ပို၍ရှာဖွေသောအခါ ဖြေရှင်း၍မရနိုင်သော ပြဿနာမရှိပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် သင်တို့နားလည်ဖို့ လိုအပ်သော သမ္မာတရားများစွာ ရှိသောကြောင့် ယင်းတို့ကို မကြာခဏ ဆင်ခြင်ပြီး မိတ်သဟာယပြုသင့်သည်၊ ထို့နောက်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ခြင်းနှင့် အလင်းပေးခြင်းကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်ကို မှီခိုအားထားခြင်းဖြင့် ဖြေရှင်း၍ မရနိုင်သော ပြဿနာမရှိပါ၊ ဤအရာတွင် သင်တို့သည် ယုံကြည်ခြင်းရှိရမည်။

ဘုရားသခင်သည် ဤလူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက် စီမံခန့်ခွဲမှုအစီအစဉ်ကို ပုံဖော်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်း အနည်းငယ်တွင် ဤလူသားမျိုးနွယ်သည် ဖန်ဆင်းရှင်အတွက် သက်သေခံရန် မည်သည့် ကြီးကြီးမားမားတာဝန်၊ သို့မဟုတ် စေခိုင်းချက်တာဝန်ကိုမျှ မထမ်းဆောင်ခဲ့ဘဲ လူသားတို့ကြားတွင် ဘုရားသခင်လုပ်ဆောင်ခဲ့သော အလုပ်သည် အတော်ပင် လျှို့ဝှက်ထားပြီး ရိုးရှင်းသည်။ သို့သော်လည်း နောက်ဆုံးသော ကာလတွင် အမှုအရာများသည် မတူတော့ပေ။ ဖန်ဆင်းရှင်သည် စတင်၍ နှုတ်ကပတ်တော်များကို မိန့်မြွက်လာသည်။ သူသည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး သူ့စီမံခန့်ခွဲမှုအစီအစဉ်၏ နက်နဲမှုများကို ဖွင့်ပြောခဲ့ပြီးဖြစ်သည်၊ သို့သော် ဖောက်ပြန်ပျက်စီးသော လူသားတို့သည် နုံအပြီး ထုံထိုင်းသည်။ လူတို့၏ နှလုံးသားက ဖယောင်းအတိ မံထားသည့်နှယ် မြင်သော်လည်း မသိကြ၊ ကြားသော်လည်း နားမလည်ကြချေ။ ထို့ကြောင့် သင်တို့အားလုံးသည် ကြီးမားသောတာဝန်ကို ထမ်းဆောင်ကြ၏။ ယင်းနှင့်ပတ်သက်ပြီး ဘာထူးခြားသနည်း။ ဘုရားသခင်ဖော်ပြသော ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများကို ဖြန့်ဝေခြင်းအပြင် ဖန်ဆင်းခံလူသား တစ်ဦးစီတိုင်းထံ ဖန်ဆင်းရှင်အတွက် သက်သေခံရန်နှင့် ဘုရားသခင်၏ ဧဝံဂေလိတရားကို ကြားဖူးပြီးသော ထိုဖန်ဆင်းခံ လူသားအားလုံးကိုလည်း ဖန်ဆင်းရှင်ထံ ယူဆောင်လာရန် ပို၍ပင် အရေးကြီးနေသေးသည်။ သို့မှသာ ထိုသူတို့သည် လူသားမျိုးနွယ်အား ဘုရားသခင် ဖန်ဆင်းခြင်း၏ အရေးပါမှုကို သဘောပေါက်နိုင်ကာ ၎င်းတို့သည် ဖန်ဆင်းခံလူသားများအနေဖြင့် ဖန်ဆင်းရှင်ရှေ့မှောက်သို့ ပြန်သွားသင့်ကြောင်း၊ သူ၏မိန့်မြွက်ချက်များကို နားထောင်ပြီး သူဖော်ပြခဲ့သော သမ္မာတရားအားလုံးကို လက်ခံသင့်ကြောင်းကို နားလည်နိုင်မည်ဖြစ်သည်။ ဤသည်မှာ လူသားများအားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံစေရန် ဖန်တီးနိုင်ပုံဖြစ်သည်။ ဤရလဒ်များကို ရရှိရန်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျမ်းပိုဒ်အနည်းငယ်မျှကို ဖတ်ရှုခြင်းအားဖြင့် ဖြစ်နိုင်သလော။ သို့မဟုတ် ဓမ္မသီချင်းအနည်းငယ်မျှကို သီဆိုခြင်းအားဖြင့်လော။ သို့မဟုတ် အမှုတော်၏ ကဏ္ဍတစ်ခုတည်းကိုသာ ပြုလုပ်ခြင်းအားဖြင့်လော။ မဟုတ်ချေ။ ထို့ကြောင့် သင်တို့သည် မိမိ၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်မည်ဆိုပါက ဖန်ဆင်းရှင်၏ လုပ်ဆောင်ချက်များနှင့်အတူ သူ၏အချုပ်အခြာအာဏာနှင့် စီစဉ်ဆောင်ရွက်မှုများကို နည်းလမ်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုး အသုံးပြုရင်းဖြင့် သက်သေခံရပါမည်။ ဤနည်းအားဖြင့် သင်သည် ဖန်ဆင်းရှင်ရှေ့မှောက်သို့ လူများစွာကို ခေါ်ဆောင်လာနိုင်မည်ဖြစ်ပြီး သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံကျိုးနွံရန် ကူညီနိုင်မည်ဖြစ်သည်။ ဤသည်မှာ ကြီးမြတ်သော တာဝန်မဟုတ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်တို့သည် မိမိ၏တာဝန်များအပေါ် မည်သည့်သဘောထား ရှိသင့်သနည်း။ ယောင်ချာချာဖြစ်သည်မှာ ကောင်းသလော။ အမှုအရာများကို မသိကျိုးကျွန်ပြုသည်မှာ ကောင်းသလော။ စိတ်မပါ့တပါနှင့် ဝတ်ကျေတမ်းကျေ လုပ်သည်မှာ ကောင်းသလော။ အချိန်ဆွဲပြီး ပေါ့ပေါ့ဆဆ လုပ်သည်မှာ ကောင်းသလော။ (မကောင်းပါ။) သို့ဆိုလျှင် ဘာလုပ်သင့်သနည်း။ (စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်သင့်သည်။) သင့်တွင်ရှိသော စွမ်းအား၊ အတွေ့အကြုံနှင့် ထိုးထွင်းဉာဏ် ရှိရှိသမျှကို အသုံးပြုလျက် သင့်ကိုယ်သင် စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်သင့်သည်။ ဘာသာတရားမရှိသူများသည် လူတစ်ဦးအနေဖြင့် မိမိ၏ဘဝတွင် လုပ်ဆောင်နိုင်သည့် အဓိပ္ပာယ်အရှိဆုံးအရာကို နားမလည်သော်လည်း ယင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို သင်တို့နားလည်သည် မဟုတ်လော။ (နားလည်ပါသည်။) ဘုရားသခင်က သင့်အား အပ်နှင်းထားသည့်အရာကို လက်ခံခြင်းနှင့် သင့်ကိုယ်ပိုင်တာဝန်ကို ဖြည့်ဆည်းပေးခြင်းတို့သည် အရေးကြီးဆုံး အရာများဖြစ်သည်။ သင်တို့ ယခုထမ်းဆောင်နေသော တာဝန်များသည် အဖိုးတန်သည်။ သင်သည် ယခုအချိန်တွင် အကျိုးသက်ရောက်မှုများကို မမြင်နိုင်သည့်အပြင် ယင်းတို့ထံမှ ရလဒ်ကောင်းများ ယခုအချိန်တွင် ရရှိနိုင်မည် မဟုတ်သော်လည်း ၎င်းတို့ အသီးသီးသည့်အချိန်သည် ကြာမည်မဟုတ်ပေ။ ရေရှည်တွင် ဤလုပ်ငန်းကို ကောင်းမွန်စွာ ပြီးမြောက်လျှင် ယင်းက လူသားမျိုးနွယ်အတွက် အထောက်အကူပြုသော အကြောင်းအချက်အား တိုင်းတာရန် ငွေလုံလောက်မည် မဟုတ်ပါ။ ထိုကဲ့သို့ စစ်မှန်သော သက်သေခံချက်များသည် အခြားအရာများထက် ပို၍အဖိုးထိုက်ပြီး တန်ဖိုးရှိကာ ၎င်းတို့သည် ထာဝရတည်မြဲမည်ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင်ကို လိုက်လျှောက်သူတိုင်း၏ ကောင်းမှုများဖြစ်ပြီး ယင်းတို့သည် အောက်မေ့ဂုဏ်ပြုထိုက်သည့်အရာ ဖြစ်သည်။ လူ့ဘဝတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရားကို လိုက်စားခြင်းနှင့် ဖန်ဆင်းခံသတ္တဝါအဖြစ် ၎င်းတို့၏တာဝန်ကို ကျေပွန်ခြင်းမှလွဲ၍ အရာရာသည် အချည်းနှီးဖြစ်ပြီး အောက်မေ့ဂုဏ်ပြုရန် မထိုက်တန်ပါ။ သင်သည် ကမ္ဘာကို အတုန်လှုပ်နိုင်ဆုံးသော စွမ်းဆောင်မှုများကို ပြီးမြောက်ခဲ့လျှင်ပင်၊ လကမ္ဘာဆီရောက်ဖူးပြီး ပြန်လာခဲ့လျှင်ပင်၊ သင်သည် လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူး၊ သို့မဟုတ် အထောက်အကူ အနည်းငယ် ဖြစ်လာစေသော သိပ္ပံပညာဆိုင်ရာ တိုးတက်မှုများကို ပြုလုပ်ခဲ့လျှင်ပင် ယင်းသည် အချည်းနှီးဖြစ်ပြီး ယင်းတို့အားလုံးသည် ကွယ်ပျောက်သွားမည်ဖြစ်သည်။ မကွယ်ပျောက်နိုင်သည့် တစ်ခုတည်းသောအရာမှာ အဘယ်နည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်အား သက်သေခံချက်များ၊ ဖန်ဆင်းရှင်အတွက် သက်သေရပ်တည်သော သက်သေခံချက်များ၊ အလုပ်များနှင့် လူတို့၏ ကောင်းမှုများသာလျှင် မကွယ်ပျောက်သွားဘဲ ရှိမည်ဖြစ်သည်။ ဤအရာများသည် ထာဝရ တည်မြဲနေမည်ဖြစ်ပြီး ယင်းတို့သည် အလွန်တန်ဖိုးရှိသည်။ ထို့ကြောင့် သင်တို့၏ ကန့်သတ်ချုပ်ချယ်မှုအားလုံးကို ပယ်ရှား၍ ဤကြီးမြတ်သော အားထုတ်မှုကို လုပ်ဆောင်လော့။ ထို့ပြင် မိမိကိုယ်ကို မည်သည့်လူ၊ အဖြစ်အပျက်နှင့် အမှုအရာတစ်ခုမျှ၏ ချုပ်နှောင်ခြင်းကို မခံနှင့်။ ဘုရားသခင်အတွက် စိတ်ရင်းမှန်ဖြင့် မိမိကိုယ်ကို အသုံးခံလျက် တာဝန်များကို ထမ်းဆောင်ရာ၌ သင်၏ခွန်အားနှင့် ကြိုးစားမှုအားလုံးကို ပုံအောလော့။ ဤသည်မှာ အများအားဖြင့် ဘုရားသခင်ကောင်းချီးပေးသော အရာဖြစ်ပြီး ယင်းအတွက် မည်သည့်ဆင်းရဲဒုက္ခအတိုင်းအတာကိုမဆို ခံစားထိုက်ပေ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏တာဝန်အား ကောင်းစွာဆောင်ရွက်ခြင်းအားဖြင့်သာလျှင် အသက်ရှင်ခြင်း၌ တန်ဖိုးရှိ၏

သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်သည်ကို အသိအမှတ်ပြုပါက၊ ဧဝံဂေလိဖြန့်ဝေရန်ဖြစ်သည့် သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းအတွက်လည်းကောင်း၊ သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းအတွက်လည်းကောင်း သင်သည် ဆင်းရဲဒုက္ခခံစားပြီး အဖိုးအခပေးဖို့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားရမည်။ အဖိုးအခသည် ကိုယ်ခန္ဓာ နာမကျန်းမှုတစ်ခုခု သို့မဟုတ် အခက်အခဲတစ်ခုခုကို ခံစားရခြင်း ဖြစ်နိုင်သည် သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်မှုများ သို့မဟုတ် လောကီလူများ၏ အထင်လွဲမှုများအပြင်၊ ဧဝံဂေလိဖြန့်ဝေနေချိန်တွင် ကြုံရသည့် ဒုက္ခများ၊ သစ္စာဖောက်ခံရခြင်း၊ အရိုက်ခံရကာ အဆူခံရခြင်း၊ ရှုတ်ချခံရခြင်း၊ လူအုပ်ဝိုင်းခံရခြင်းနှင့် သေစေနိုင်လောက်သော အန္တရာယ်ဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။ ဧဝံဂေလိဖြန့်ဝေခြင်းကာလတစ်လျှောက်တွင်၊ ဘုရားသခင်၏ အမှုတော် မပြီးဆုံးမီ သင်သေဆုံးမည်ဖြစ်ခြင်းနှင့်၊ ဘုရားသခင်၏ ဘုန်းအသရေ နေ့ရက်ကိုတွေ့ဖို့ သင်အသက်ရှင်မည် မဟုတ်ခြင်းတို့က ဖြစ်နိုင်ပေသည်။ သင်သည် ဤအရာအတွက် ပြင်ဆင်ထားရမည်။ ဤသည်က သင်တို့ကို ကြောက်လန့်စေဖို့ ရည်ရွယ်ခြင်း မဟုတ်ပေ။ ယင်းမှာ အမှန်တရား ဖြစ်ပေသည်။ ယခုတွင် ကျွန်ုပ်သည် ဤသည်ကို ရှင်းလင်းစေပြီး သင်သည်လည်း နားလည်ပြီးဖြစ်သည့်အတွက်၊ ဤပြင်းပြသောဆန္ဒ သင်၌ရှိသေးပြီး ယင်းက ပြောင်းလဲမည်မဟုတ်သကဲ့သို့ သင်သည် သေသည်အထိ သစ္စာစောင့်သိနေမည်မှာ သေချာပါက၊ ဤသည်မှာ သင်တို့သည် ဝိညာဉ်ရင့်ကျက်မှု တစ်ခုခု ပိုင်ဆိုင်သည်ဟု သက်သေပြပေသည်။ ဘာသာရေး လွတ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးတို့ရှိသော ဤပင်လယ်ရပ်ခြားနိုင်ငံများတွင် ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် အန္တရာယ်ကင်းဝေးပြီး၊ သင်လုပ်သမျှက ချောမွေ့လိမ့်မည်၊ ယင်း၌ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် သူ၏ကြီးစွာသော တန်ခိုးနှင့် ဩဇာအာဏာတို့ချည်း ရှိလိမ့်မည်ဟု မယူဆနှင့်။ ဤသည်မှာ လူ့အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကိစ္စသာ ဖြစ်သည်။ ဖာရိရှဲများကလည်း ဘုရားသခင်၌ ယုံကြည်ခဲ့ကြသော်လည်း၊ ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို ခေါ်ဆောင်ပြီး ကားတိုင်ပေါ်တွင် ကားစင်တင်သတ်ခဲ့ကြသည်။ သို့ဆိုလျှင် လက်ရှိ ဘာသာရေးလောကသည် လူ့ဇာတိခံယူထားသော ဘုရားသခင်အပေါ် မည်သည့်ဆိုးဝါးသော အရာများကို ပြုလုပ်နိုင်စွမ်း ရှိသနည်း။ ၎င်းတို့သည် ဘုရားသခင်အား ပြစ်တင်ဝေဖန်ခြင်း၊ ဘုရားသခင်အား ရှုတ်ချခြင်း၊ ဘုရားသခင်အား မထီမဲ့မြင်ပြောဆိုခြင်း စသည့် ဆိုးဝါးသောအရာ မြောက်မြားစွာကို ပြုလုပ်ထားကြပြီးဖြစ်ကာ ၎င်းတို့ ပြုလုပ်နိုင်စွမ်း မရှိသည့် ဆိုးဝါးသောအရာ ဟူ၍မရှိပေ။ သခင်ယေရှုကို ခေါ်ပြီး ကားတိုင်ပေါ် ကားစင်တင်သတ်ခဲ့သူများသည် ယုံကြည်သူများ ဖြစ်သည်ကို သင်မမေ့နှင့်။ ဤသို့သော အမှုအရာမျိုးကို လုပ်ဆောင်ဖို့ ၎င်းတို့တွင်သာ အခွင့်အရေးရှိကြသည်။ ဘာသာတရားမရှိသူများသည် ထိုအရာများကို ဂရုမစိုက်ခဲ့ကြပေ။ သခင်ယေရှုကိုခေါ်ပြီး ကားတိုင်ပေါ်တွင် ကားစင်တင်သတ်ဖို့ အစိုးရနှင့် ပူးပေါင်းကြံစည်ခဲ့သူများမှာ ဤယုံကြည်သူများသာ ဖြစ်ကြသည်။ ထို့အပြင် သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များကြားတွင် မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများ ရှိကြသည်။ သေခြင်းတရားမျိုးစုံသည် ၎င်းတို့ပေါ် ကျရောက်ခဲ့သည်။ ၎င်းတို့၏ သေခြင်းတရားများအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပြစ်မှုများအတွက် ဥပဒေနှင့်လျော်ညီစွာ ကွပ်မျက်ခံရခြင်းလော။ မဟုတ်ပေ၊ ၎င်းတို့သည် သခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခဲ့သော်လည်း ကမ္ဘာသူကမ္ဘာသားများက ယင်းကို လက်ခံရမည့်အစား ၎င်းတို့ကို ပြစ်တင်ရှုတ်ချကာ ရိုက်နှက်ပြီး ဆူပူသည့်အပြင် ၎င်းတို့ကို သတ်ပင်သတ်ခဲ့ကြသည်။ ယင်းမှာ ၎င်းတို့ မာတုရဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။ ထိုမာတုရများ၏ နောက်ဆုံး အဆုံးသတ်ကို မပြောကြစို့နှင့် သို့မဟုတ် ၎င်းတို့၏ အပြုအမူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ အနက်ဖွင့်ဆိုခြင်းကို မပြောကြစို့နှင့်၊ သို့ရာတွင် ဤသည်ကို မေးလော့၊ ၎င်းတို့သည် အဆုံးသတ်ကို ရောက်သည့်အခါ၊ ၎င်းတို့၏ အသက်တာများတွင် အဆုံးသတ်ကို ၎င်းတို့ကြုံရသည့် ပုံစံများသည် လူသားတို့၏ အယူအဆများနှင့် ကိုက်ညီသလော။ (မကိုက်ညီပေ။) လူသားအယူအဆများ၏ အမြင်ရှုထောင့်မှ၊ ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို ဖြန့်ဝေဖို့ ထိုမျှကြီးမားသော အဖိုးအခကို ပေးခဲ့ကြသော်လည်း နောက်ဆုံးတွင် စာတန်၏ အသေသတ်ခြင်းကို ခံခဲ့ကြရသည်။ ဤသည်မှာ လူသားများ၏ အယူအဆများနှင့် မကိုက်ညီသော်လည်း၊ ဤသည်မှာ ၎င်းတို့၌ ဖြစ်ပျက်ခဲ့သည့်အရာ အတိအကျပင် ဖြစ်သည်။ ယင်းမှာ ဘုရားသခင် ခွင့်ပြုခဲ့သည့် အရာပင်ဖြစ်သည်။ ဤအရာ၌ မည်သည့်သမ္မာတရားကို ရှာတွေ့နိုင်သနည်း။ ဘုရားသခင်က ၎င်းတို့အား ဤနည်းဖြင့် သေခွင့်ပြုခြင်းသည် သူ၏ကျိန်စာနှင့် ပြစ်တင်ရှုတ်ချခြင်းလော၊ သို့မဟုတ် သူ၏အစီအစဉ်နှင့် ကောင်းချီးမင်္ဂလာလော။ ယင်းမှာ တစ်ခုမျှမဟုတ်ပေ။ ယင်းမှာ အဘယ်နည်း။ ယခု လူများသည် ၎င်းတို့၏ သေခြင်းတရားများကို စိတ်နှလုံးပူဆွေးခြင်းများဖြင့် ဆင်ခြင်သုံးသပ်ကြသော်လည်း ယင်းမှာ အမှုအရာများ ဖြစ်ပျက်ခဲ့သည့် ပုံစံပင် ဖြစ်လေသည်။ ဘုရားသခင်ကို ယုံကြည်ခဲ့သည့်သူများသည် ထိုနည်းဖြင့် သေဆုံးခဲ့ကြသည့် ဤအရာကို မည်သို့ ရှင်းပြရမည်နည်း။ ဤအကြောင်းအရာကို ငါတို့ ဖော်ပြသည့်အခါ၊ သင်တို့က ၎င်းတို့၏ နေရာတွင် ကိုယ်ချင်းစာကြည့်သည်။ သို့ဆိုလျှင် သင်တို့၏စိတ်နှလုံးများသည် ဝမ်းနည်းပြီး ဖုံးကွယ်နေသည့် နာကျင်မှုတစ်ခုကို သင်တို့ခံစားရသလော။ သင်က “ဤလူများသည် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခဲ့ကြပြီး လူကောင်းများအဖြစ် မှတ်ယူသင့်သောကြောင့်၊ ၎င်းတို့သည် ထိုသို့သော အဆုံးသတ်တစ်ခုနှင့် ထိုသို့သော ရလဒ်တစ်ခုသို့ အဘယ့်ကြောင့် ရောက်နိုင်ကြသနည်း” ဟု တွေးသည်။ အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်နှင့် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏ သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ နည်းလမ်းများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်တာများ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် မဖြစ်မနေ ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျအားဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်တာများကို အသုံးပြုခဲ့သည်။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်နှင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အား ကြေညာဖို့ နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်တာများ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်သည်၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူပြုလုပ်ခဲ့သည့် ရွေးနုတ်ခြင်းအမှုတော်သည် ဤလူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်းကို လူသားတို့အား အတည်ပြုဖို့ ၎င်းတို့၏အသက်တာများကို အသုံးပြုခဲ့သည်။ ဤအဖြစ်မှန်သည် ထာဝရမပြောင်းလဲပေ။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအတွက် မာတုရဖြစ်ခဲ့သောသူတို့သည် ၎င်းတို့၏တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့သနည်း။ ယင်းက အဆုံးစွန်အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အဆုံးစွန်အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏ အသက်တာများကို ပေးအပ်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်တာများဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ်နှင့်ဆက်စပ်သည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့် လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးတန်ဆုံးသော အရာဖြစ်ပြီး၊ အမှန်တွင် ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက် အနေဖြင့်လည်းကောင်း၊ သက်သေခံချက် အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုဖြစ်သည့် အသက်ကို ပူဇော်ဆက်ကပ်နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့် နေ့ရက်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့၊ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ၊ ဤအဖြစ်မှန် တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့ဘဝ၏ နောက်ဆုံးအခိုက်အတန့်များကို အသုံးပြုခဲ့ကြသည်။ ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး အကြမ်းဖက်ကာ၊ အဆုံး၌ စာတန်သည် သူတို့၏ အသက်ကို အဖိုးအခ ပေးစေသည့်အခါတွင်ပင်၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မစွန့်ပစ်ခဲ့ပေ။ ဤသည်မှာ တစ်စုံတစ်ဦး၏ တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ဖြည့်ဆည်းခြင်းဖြစ်ပေသည်။ ဤသည်နှင့်ပတ်သက်၍ ငါမည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်ကို သက်သေခံဖို့နှင့် သူ၏ဧဝံဂေလိတရားအား ဖြန့်ဝေဖို့ တစ်ထေရာတည်းသော နည်းစနစ်ကို သင်တို့အား အသုံးပြုစေဖို့ ငါရည်ရွယ်သလော။ ထိုသို့ ပြုလုပ်ရန် မလိုအပ်သော်လည်း၊ ဤသည်မှာ သင်၏တာဝန် ဖြစ်ကြောင်း၊ ဘုရားသခင်က သင့်အား လိုအပ်ပါက၊ ယင်းကို ကျင့်ဝတ်သိက္ခာအရ သင်တို့ မဖြစ်မနေ လုပ်ရမည့်အရာတစ်ခုအဖြစ် လက်ခံသင့်ကြောင်းတို့ကို သင်နားလည်ရမည်။ ယနေ့လူများသည် ၎င်းတို့ထဲ၌ ကြောက်စိတ်နှင့် စိုးရိမ်မှုတို့ ရှိကြသော်လည်း၊ ထိုခံစားချက်များသည် မည်သည့်အသုံးတည့်မှုရှိသနည်း။ ဘုရားသခင်က သင့်အား ဤသည်ကို လုပ်စေဖို့ လိုအပ်ခြင်းမရှိပါက၊ ယင်းနှင့်ပတ်သက်၍ စိုးရိမ်နေခြင်းမှာ မည်သည့် အသုံးတည့်မှုရှိသနည်း။ ဘုရားသခင်က သင့်အား ဤသည်ကို လုပ်ဖို့ လိုအပ်ပါက၊ သင်သည် သင်၏တာဝန်ကို ခေါင်းမရှောင်သင့်သကဲ့သို့ မငြင်းပယ်သင့်ပေ။ သင်သည် တက်ကြွစွာ ပူးပေါင်းသင့်ပြီး စိတ်ပူခြင်းမရှိဘဲ လက်ခံသင့်သည်။ တစ်စုံတစ်ဦးသည် မည်သို့သေဆုံးပါစေ၊ ၎င်းတို့သည် စာတန်ရှေ့မှောက်တွင် မသေဆုံးသင့်ပေ၊ ပြီးလျှင် စာတန်၏လက်ထဲတွင် မသေဆုံးသင့်ပေ။ တစ်စုံတစ်ဦးက သေဆုံးတော့မည်ဖြစ်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏လက်ထဲတွင် သေဆုံးသင့်သည်။ လူများသည် ဘုရားသခင်ထံမှ လာကြသည်၊ ပြီးလျှင် ဘုရားသခင်ထံသို့ ၎င်းတို့ ပြန်ကြသည်။ ယင်းမှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် သဘောထားတို့ ဖြစ်သည်။ ဤသည်မှာ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့် မိမိတာဝန်ကို ထမ်းဆောင်ခြင်းတွင် နားလည်သင့်သည့် နောက်ဆုံးသမ္မာတရားဖြစ်သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်၏ သူ၏အမှုတော်အား ထမ်းဆောင်ခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် ဧဝံဂေလိတရားကို ဖြန့်ဝေဖို့နှင့် သက်သေခံဖို့ တစ်စုံတစ်ဦးသည် မိမိ၏အသက်တာကို အဖိုးအခ ပေးဆပ်ရမည်။ သင်၌ ဤပြင်းပြသောဆန္ဒရှိပါက၊ သင်သည် ဤနည်းလမ်းဖြင့် သက်သေခံနိုင်ပါက၊ ယင်းမှာ အံ့ဩချီးကျူးလောက်စရာ ဖြစ်သည်။ ဤပြင်းပြသော ဆန္ဒမျိုး သင်မပိုင်ဆိုင်သေးပါက၊ အနည်းဆုံးအနေဖြင့် သင်သည် သင်၏ရှေ့မှောက်ရှိ ဝတ္တရားနှင့် တာဝန်ကို လျော်ကန်စွာ ဖြည့်ဆည်းသင့်ကာ၊ ကျန်သည့်အရာများကို ဘုရားသခင်အား ပေးအပ်သင့်သည်။ သို့ဆိုလျှင် လများနှင့်နှစ်များ ကုန်ဆုံးပြီး၊ သင်၏ အတွေ့အကြုံနှင့် အသက်အရွယ်တို့ တိုးပွားလာကာ၊ သမ္မာတရားနှင့် သက်ဆိုင်သည့် သင်၏နားလည်မှုက နက်ရှိုင်းလာသည်နှင့်အညီ၊ ဘုရားသခင်၏ ဧဝံဂေလိတရားနှင့် သက်ဆိုင်သည့် အမှုတော်အဖို့ သင့်ဘဝ၏ နောက်ဆုံးအခိုက်အတန့်အထိပင် သင်၏အသက်တာကို ဆက်ကပ်ဖို့ သင်၌ ဝတ္တရားတစ်ခုနှင့် တာဝန်တစ်ခုရှိသည်ကို သင်သဘောပေါက်လိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်

မည်သည့် အသက်ဝင်ရောက်မှုမျှမရှိဘဲ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးသူ၊ ဘုရားသခင်ကို သက်သေခံဖို့မဆိုထားနှင့်၊ မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်း မပြောနိုင်သူ၊ မည်သူ့ကိုမျှ ဧဝံဂေလိကို အောင်မြင်စွာ မဖြန့်ဝေနိုင်သူတစ်ဦးသည် ဘုရားသခင်ကို သက်သေခံသူတစ်ဦးဟု အခေါ်မခံထိုက်ပေ။ ထို့ကြောင့် မရင့်ကျက်သော ဝိညာဉ်ရင့်ကျက်မှုရှိပြီး အသက်ဝင်ရောက်မှု မရှိသူတစ်ဦးသည် ဘုရားသခင်ကို မည်သည့်အခါတွင်မျှ သက်သေမခံနိုင်ပေ။ မပြောထားသည့် သွယ်ဝိုက်သော ဆိုလိုရင်းမှာ ဤလူစားမျိုးသည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်မရှင်ပေ။ သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်မရှင်ပါက၊ အသက်ဝင်ရောက်မှုမရှိသကဲ့သို့ ဘုရားသခင်၏ သက်သေခံ မဟုတ်ပါက သူသည် သင့်ကို သူ၏ နောက်လိုက်များထဲမှ တစ်ဦးအဖြစ် အသိအမှတ်ပြုလိမ့်မည်လော။ အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် သင်၏ တာဝန်ကို လုပ်ဆောင်ရန် အခွင့်အရေး ပေးပြီးဖြစ်ကာ သင်သည် ထိုတာဝန်ကို လုပ်ဆောင်ရန် လိုလားနေသော်လည်း အချိန်ကြာမြင့်စွာ သူ့ကို ယုံကြည်ပြီးနောက်တွင်ပင် သင်သည် သူ့ကို သက်သေမခံနိုင်ကြောင်းကို သင်၏ အပြုအမူမှတစ်ဆင့် သူ မြင်ပြီးဖြစ်သည်။ သင်သည် စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ အသိပညာမရှိရုံမက သင်၏ အယူအဆများနှင့် စိတ်ကူးများအတိုင်းလည်း အသက်ရှင်သည်။ သင်သည် သမ္မာတရား စစ်မှန်မှု မရှိသကဲ့သို့ ဘုရားသခင်၏ မျက်မှောက်တွင် အသက်မရှင်ပေ။...သင့်ကို သူ၏ နောက်လိုက်များထဲမှ တစ်ဦးအဖြစ် ဘုရားသခင် လက်ခံသည်ကို သင်လိုချင်ပါက ပထမဦးစွာ အသက်ဝင်ရောက်မှုကို သင် အာရုံစိုက်ရမည်။ မိမိကိုယ်ကို သိနားလည်ခြင်း၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားနိုင်ခြင်း၊ သင်၏ တာဝန်ကို ထိန်းသိမ်းနိုင်စွမ်း ရရှိခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းအားဖြင့် အစပြုရမည်။ ယင်းမှာ ပထမအချက် ဖြစ်သည်။ အသက်ဝင်ရောက်မှုကို အာရုံစိုက်ခြင်းသည် သင်၏ တာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်းအတွက်ဖြစ်သည်။ ယင်းမှာ ဤအရာနှင့်ပတ်သက်သည့် အခြေခံအကြောင်းအရာ ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို လုပ်ဆောင်ခြင်းမှ အသက်ဝင်ရောက်မှုကို စတင်လိုက်စားသင့်ပြီး အသက်ဝင်ရောက်မှုမှ သင်၏အသက်တာ တဖြည်းဖြည်း ကြီးထွားပြီး သမ္မာတရားနှင့် ပတ်သက်၍ စစ်မှန်သည့် အတွေ့အကြုံရှိသည့်၊ ဝိညာဉ်ရင့်ကျက်မှု ရှိသည့်အဆင့်တစ်ခုထိ သင် ရောက်သည်အထိ သမ္မာတရားကို နည်းနည်းချင်း နားလည်ကာ ရရှိသင့်သည်။ ထို့နောက် သင်သည် မည်သည့် လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာဖြင့်မျှ ဘောင်ခတ်ခံရခြင်း၊ သို့မဟုတ် နှောင့်ယှက်ခံရခြင်း မရှိဘဲ မိမိတာဝန်ကို လုပ်ဆောင်နိုင်ရန်အလို့ငှာ၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းမျိုးစုံကို သင် ကျွမ်းကျင်ပိုင်နိုင်သင့်သည်။ ဤသို့ဖြင့် သင်သည် ဘုရားသခင်၏ မျက်မှောက်တွင် တဖြည်းဖြည်း အသက်ရှင်လိမ့်မည်။ သင်သည် မည်သည့် လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာမျှဖြင့် နှောင့်ယှက်ခံရလိမ့်မည် မဟုတ်ဘဲ သမ္မာတရားနှင့် ပတ်သက်၍ အတွေ့အကြုံ ရှိလိမ့်မည်။ သင်၏ အတွေ့အကြုံ သာ၍ အလျှံပယ် ဖြစ်လာသည်နှင့်အမျှ သင်သည် ဘုရားသခင်ကို သာ၍ သက်သေခံနိုင်လေဖြစ်မည်ဖြစ်ပြီး ဘုရားသခင်ကို သင် သာ၍ သက်သေခံနိုင်သည်နှင့်အမျှ သင်သည် တဖြည်းဖြည်း အသုံးဝင်သော လူတစ်ဦး ဖြစ်လာလိမ့်မည်။ သင်သည် အသုံးဝင်သော လူတစ်ဦး ဖြစ်လာသည့်အခါ ဘုရားအိမ်တော်၌ လက်ခံနိုင်သည့် စံနှုန်းတစ်ခုအထိ မိမိ၏တာဝန်ကို လုပ်ဆောင်နိုင်လိမ့်မည်၊ အဖန်ဆင်းခံတစ်ဦးနေရာတွင် ရပ်တည်နိုင်လိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားချက်များကို ကျိုးနွံနာခံနိုင်လိမ့်မည်ဖြစ်ကာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မည်။ ဤလူစားမျိုးသည်သာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းခံရသည့် လက်ခံနိုင်ဖွယ် အဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ ထို့နောက်တွင် သင့်ကို ဘုရားပေးထားသမျှအားလုံးနှင့် သင် ထိုက်တန်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်

သင်တို့၏ ယုံကြည်ခြင်းသည် လွန်စွာစစ်မှန်သော်လည်း၊ သင်တို့အထဲမှ မည်သူမျှ ငါ့အကြောင်းကို အပြည့်အဝ မပြောပြနိုင်ကြ၊ မည်သူမျှ သင်တို့ မြင်သည့် အချက်အလက်များအားလုံးကို အပြည့်အဝ သက်သေမခံနိုင်ကြချေ။ ယင်းနှင့်ပတ်သက်၍ စဉ်းစားကြည့်ကြလော့။ ယနေ့တွင်၊ သင်တို့အများစုသည် သင်တို့၏ တာဝန်များကို ပျက်ကွက်နေကြ၏၊ ယင်းအစား ဇာတိပကတိကို လိုက်စားနေကြသည်၊ ဇာတိပကတိကို ဆန္ဒဖြည့်နေကြပြီး ဇာတိပကတိကို လောဘတကြီး မွေ့လျော်ခံစားနေကြ၏။ သင်တို့သည် မပြောပလောက်သော သမ္မာတရား ပိုင်ဆိုင်ကြ၏။ သို့ဆိုလျှင် သင်တို့ မြင်ပြီးသမျှအားလုံးအဖို့ မည်သို့ သက်သေခံနိုင်မည်နည်း။ သင်တို့သည် ငါ၏သက်သေများဖြစ်နိုင်သည်ဟု အမှန်တကယ် မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချနိုင်ကြသလော။ ယနေ့ သင် မြင်တွေ့ပြီးသမျှအားလုံးကို သင် သက်သေမခံနိုင်သည့်နေတစ်နေ့ ရောက်လာပါက၊ သင်သည် ဖန်ဆင်းခံသတ္တဝါများ၏ အသုံးဝင်မှု ဆုံးရှုံးပြီး ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်၏ တည်ရှိခြင်းအတွက် မည်သည့်အဓိပ္ပါယ်မျှ ရှိမည်မဟုတ်ပေ။ သင်သည် လူသားတစ်ဦး ဖြစ်ထိုက်လိမ့်မည် မဟုတ်။ သင်သည် လူသားတစ်ဦး ဖြစ်လိမ့်မည် မဟုတ်ဟုပင် ပြော၍ရနိုင်သည်။ ငါသည် သင့်အပေါ် အတိုင်းမသိ အမှုကို လုပ်ဆောင်ပြီးဖြစ်သော်လည်း၊ သင်သည် လောလောဆယ်တွင် မည်သည့်အရာကိုမျှ သင်ယူမနေ၊ မည်သည့်အရာမျှ မသိသကဲ့သို့ သင်၏ အားထုတ်မှုများ မထိရောက်သောကြောင့်၊ ငါ၏အမှုကို တိုးချဲ့ရန် ငါ့အတွက် အချိန်ကျလာသည့်အခါတွင်၊ သင်သည် အာစေးထည့်ထား၍ လုံးဝ အသုံးမကျဘဲ ငေးကြောင်ကြည့်ရုံသာ ကြည့်လိမ့်မည် ဖြစ်သည်။ သို့ဆိုလျှင် သင်သည် သမိုင်းကြောင်းတွင် အပြစ်သားတစ်ဦးအဖြစ် တွင်ရစ်မည် မဟုတ်လော။ အချိန်ကျသည့်အခါ၊ သင်သည် အကြီးမားဆုံးသော နောင်တ ခံစားရမည် မဟုတ်လော။ သင်သည် သာ၍ဆိုးရွားစွာ စိတ်ပျက်လက်ပျက်ဖြစ်လိမ့်မည်မဟုတ်လော။ ယနေ့ ငါ၏အမှုအားလုံးသည် အားနေခြင်းနှင့် ပျင်းရိရာမှ လုပ်ဆောင်သည်မဟုတ်ဘဲ၊ ငါ၏ အနာဂတ်အမှုအတွက် အခြေခံအုတ်မြစ် ချခင်းရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ငါသည် ထွက်ပေါက်မရှိသော အခြေအနေတွင်ရှိပြီး အသစ်သောအရာတစ်ခုကို အကြံထုတ်ဖို့ လိုအပ်သောကြောင့် မဟုတ်ပေ။ ငါ လုပ်ဆောင်သည့် အမှုကို သင် နားလည်သင့်သည်။ ယင်းသည် လမ်းပေါ်၌ ကစားနေသော ကလေးတစ်ဦးက လုပ်ဆောင်သည့် အရာတစ်ခုမဟုတ်ဘဲ၊ ငါ့အဖကို ကိုယ်စားပြုခြင်းဖြင့် လုပ်ဆောင်သည့် အမှုဖြစ်သည်။ ဤအရာအားလုံးကို ငါကိုယ်တိုင် တစ်ဦးတည်း လုပ်ဆောင်နေခြင်း မဟုတ်သည်ကို သင်တို့သိသင့်သည်။ ယင်းထက်၊ ငါသည် ငါ့အဖကို ကိုယ်စားပြုခြင်း ဖြစ်သည်။ ဤအတောအတွင်း၊ သင်တို့၏ အခန်းကဏ္ဍသည် တစ်သဝေမတိမ်း လိုက်လျှောက်ရန်၊ ကျိုးနွံနာခံရန်၊ ပြောင်းလဲရန်နှင့် သက်သေခံရန် ဖြစ်သည်။ သင်တို့ နားလည်သင့်သည်မှာ ငါ့ကို သင်တို့ ယုံကြည်သင့်သည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ သင်တို့ အသီးသီး နားလည်ရမည့် အရေးကြီးဆုံး မေးခွန်းဖြစ်သည်။ ငါ့အဖသည် သူ၏ ဘုန်းအသရေအတွက် ဤလောကကို သူ ဖန်ဆင်းခဲ့သည့် အခိုက်အတန့်မှ သင်တို့အားလုံးကို ငါ့အတွက် ရှေးမဆွက ခွဲခန့်မှတ်သားပြီးဖြစ်၏။ သင်တို့ကို သူ ခွဲခန့်မှတ်သားထားသည်မှာ ငါ၏အမှုအတွက်ဖြစ်ပြီး၊ သူ၏ ဘုန်းအသရေအတွက် ဖြစ်သည်။ သင်တို့ ငါ့ကို ယုံကြည်ကြသည်မှာ ငါ၏ ဖခမည်းတော်ကြောင့် ဖြစ်သည်။ သင်တို့ ငါ့နောက်လိုက်ကြသည်မှာ ငါ၏ အဖခမည်းတော်၏ ရှေးမဆွက ခွဲခန့်မှတ်သားခြင်းကြောင့် ဖြစ်သည်။ ဤအရာထဲမှ မည်သည့်အရာမျှ သင်တို့ကိုယ်တိုင်၏ ရွေးချယ်မှု မဟုတ်ပေ။ သာ၍ အရေးကြီးသည်မှာ ငါ့ကို သက်သေခံခြင်း ရည်ရွယ်ချက်အတွက် ငါ၏ ဖခမည်းတော်က ငါ့အပေါ် အပ်နှင်းသူများမှာ သင်တို့ ဖြစ်သည်ကို သင်တို့ နားလည်ရန် ဖြစ်သည်။ သင်တို့ကို ငါ့အား သူပေးခဲ့သောကြောင့်၊ သင်တိုသည် သင်တို့အပေါ် ငါ အပ်နှင်းသော လမ်းခရီးများအပြင် သင်တို့ကို ငါ သွန်သင်သည့် လမ်းခရီးများနှင့် နှုတ်ကပတ်တော်များကို လိုက်နာသင့်သည်။ အဘယ်ကြောင့်ဆိုသော် ငါ၏ လမ်းခရီးကို လိုက်နာစောင့်ထိန်းရန်မှာ သင်တို့၏ တာဝန်ဖြစ်သည့်အတွက် ဖြစ်သည်။ ဤသည်မှာ ငါ့ကို သင်တို့ ယုံကြည်ခြင်း၏ မူလရည်ရွယ်ချက်ဖြစ်သည်။ ထို့ကြောင့် သင်တို့ကို ငါ ပြောသည်မှာ သင်တို့သည် ငါ၏ လမ်းခရီးများကို လိုက်နာရန် ငါ့အဖက ငါ့အပေါ် အပ်နှင်းထားသော သူများသာ ဖြစ်သည်။ သို့ရာတွင်၊ သင်တို့သည် ငါ့ကို ယုံကြည်ရုံသာ ယုံကြည်ကြ၏။ သင်တို့သည် ဣသရေလမိသားစုမှ မဟုတ်ဘဲ၊ ထိုအစား ရှေးဟောင်းမြွေ၏ အမျိုးဖြစ်သောကြောင့် ငါနှင့် မသက်ဆိုင်ကြချေ။ သင်တို့လုပ်ဆောင်ရန် ငါတောင်းဆိုသမျှမှာ ငါ့အတွက် သက်သေခံရန် ဖြစ်သော်လည်း၊ ယနေ့တွင် သင်တို့သည် ငါ၏ လမ်းခရီးများကို လိုက်လျှောက်ကြရမည်ဖြစ်သည်။ ဤအရာအားလုံးသည် အနာဂတ် သက်သေခံချက်အတွက် ဖြစ်၏။ ငါ၏ လမ်းခရီးများကို နားထောင်သည့် လူများအဖြစ်သာ သင်တို့ လုပ်ဆောင်ပါက၊ သင်တို့သည် တန်ဖိုးရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့ကို ငါ၏ ခမည်းတော်က ငါ့အပေါ် အပ်နှင်းရခြင်း၏ အရေးပါမှု ပျောက်ဆုံးလိမ့်မည် ဖြစ်သည်။ သင်တို့ကို ငါ ခိုင်ခိုင်မာမာ ပြောသည်မှာ သင်တို့သည် ငါ၏ လမ်းခရီးများကို လိုက်လျှောက်သင့်ကြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ သိနားလည်မှုသည် အဘယ်နည်း

ယခုတွင် သင်သည် ငါ့ကို အဘယ်ကြောင့်ယုံကြည်သည်ကို အမှန်တကယ် သိပါသလော။ ငါ့အမှု၏ ရည်ရွယ်ချက်နှင့် အရေးပါမှုတို့ကို သင်အမှန်တကယ်သိပါသလော။ သင်၏ တာဝန်ကို သင် အမှန်တကယ် သိပါသလော။ ငါ၏ သက်သေခံချက်ကို သင်အမှန်တကယ်သိပါသလော။ သင်သည် ငါ့ကိုယုံကြည်ရုံ မျှသာဖြစ်သော်လည်း၊ သင်၌ ငါ၏ ဘုန်းအသရေ သို့မဟုတ် သက်သေခံချက် အရိပ်လက္ခဏာမရှိပါက၊ ငါသည် သင့်ကို ကြာမြင့်စွာကတည်းက ဖယ်ရှားရှင်းလင်းပြီးဖြစ်သည်။ အရာအားလုံးကို သိရှိသောသူတို့အတွက်မူ၊ ၎င်းတို့သည် သာ၍ပင် ငါ့မျက်စိထဲ၌ ဆူးများ ဖြစ်သကဲ့သို့၊ ငါ၏အိမ်တော်တွင် ၎င်းတို့သည် ငါ၏ လမ်း၌ အဟန့်အတားများထက် ဘာမျှမပိုပေ၊ ၎င်းတို့သည် ငါ၏ အမှုတွင် လုံးဝ အလှေ့ခံရမည့် တောပင်များဖြစ်ကြသည်၊ ၎င်းတို့သည် အသုံးမဝင်ကြ၊ အသုံးမကျကြသကဲ့သို့၊ ငါသည် ၎င်းတို့ကို ရွံရှာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သက်သေခံချက် မရှိသူများအားလုံးအပေါ် ငါ၏ အမျက်ဒေါသသည် မကြာခဏ ကျရောက်ပြီး၊ ငါ၏ လှံတံသည် ၎င်းတို့ထံမှ မည်သည့်အခါမျှ သွေဖည် မသွားပေ။ ငါသည် ၎င်းတို့ကို ဆိုးယုတ်သူ၏ လက်ထဲသို့ အချိန်ကြာမြင့်စွာက လွှဲပြောင်းပေးပြီးဖြစ်သည်။ ၎င်းတို့သည် ငါ၏ကောင်းချီးမင်္ဂလာများ ကင်းမဲ့ကြလေသည်။ ထိုနေ့ရက် ရောက်လာသည့်အခါ၊ ၎င်းတို့၏ ပြစ်တင်ဆုံးမမှုသည် မိုက်မဲသော မိန်းမတို့ထက် သာ၍ ဆိုးရွားလိမ့်မည်။ ယနေ့တွင် ငါသည် ငါ လုပ်ရမည့် တာဝန်ဖြစ်သည့် အမှုကိုသာ ငါ လုပ်ဆောင်၏။ ငါသည် စပါးပင်အားလုံးတို့ကို တောပင်တို့နှင့်အတူတကွ စည်းနှောင်မည်။ ဤသည်မှာ ယနေ့ ငါ၏အမှုဖြစ်၏။ ငါ၏ စပါးလှေ့ခြင်း အချိန်ကာလတွင် ထိုတောပင်တို့သည် လှေ့ထုတ်ခံရလိမ့်မည်၊ ထိုနောက် စပါးစေ့တို့ကို ကျီတွင် စုသိမ်းပြီး လှေ့ထားသည့် တောပင်တို့ကို ပြာကျစေရန် မီးထဲသို့ချမည်။ ယခုတွင် ငါ၏ အလုပ်မှာ လူသားအားလုံးကို အစည်းများအဖြစ်သို့ စည်းနှောင်ရန်မျှ ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့ကို လုံးဝ သိမ်းပိုက်ရန် ဖြစ်သည်။ ထိုနောက်တွင် ငါသည် လူသား အားလုံး၏အဆုံးကို ထုတ်ဖော်ပြရန် စတင် စပါးလှေ့မည်။ ထို့ကြောင့် သင်သည် ယခု ငါ့ကို မည်သို့ စိတ်ကျေနပ်စေသင့်သည် ဆိုသည်နှင့် ငါ၌ သင်၏ ယုံကြည်ခြင်းတွင် လမ်းကြောင်းမှန်ပေါ် မည်သို့ အခြေချသင့်သည်ကို သင် သိသင့်သည်။ ငါ ဆန္ဒရှိသည်မှာ ယခု သင်၏သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှု၊ ယခု သင်၏ ချစ်ခြင်းမေတ္တာနှင့် သက်သေခံချက်တို့ ဖြစ်သည်။ လက်ရှိတွင် သက်သေခံချက်က အဘယ်အရာဖြစ်သည်၊ ချစ်ခြင်းမေတ္တာက အဘယ်အရာဖြစ်သည်ကို သင်မသိလျှင်ပင်၊ ငါ့ထံ သင်၏ အရာအားလုံးကို ယူဆောင်လာသင့်ပြီး၊ သင်၌ တစ်ခုတည်းသော ရတနာများဖြစ်သည့် သင်၏ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံခြင်းကို ငါ့ထံ လွှဲအပ်သင့်ပေသည်။ လူသားကို ငါ၏ လုံးဝ သိမ်းပိုက်ခြင်း သက်သေခံချက်ကဲ့သို့၊ စာတန်ကို ငါ၏ အောင်နိုင်ခြင်းနှင့်ဆိုင်သော သက်သေခံချက်သည် လူသား၏ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှုအတွင်းတွင် တည်ရှိသည်ကို သင် သိသင့်သည်။ ငါ၌ သင့်ယုံကြည်ခြင်းနှင့်ဆိုင်သော တာဝန်မှာ ငါ့အဖို့ သက်သေခံရန်၊ ငါ့ကို သစ္စာစောင့်သိရန်နှင့် အခြားမည်သူ့ကိုမျှ သစ္စာမစောင့်သိရန်၊ ပြီးလျှင် အဆုံးတိုင်အောင် ကျိုးနွံနာခံရန် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

ဘုရားသခင်ကို သက်သေခံခြင်းသည် တာဝန်ကို အမှန်တကယ် လုပ်ဆောင်ခြင်း ဖြစ်သည်

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ဘုရားအတွက် သက်သေခံရန် လူတို့တာဝန်

ယုံကြည်သူတစ်ဦးအနေနှင့် သင်၏တာဝန်မှာ ဘုရားအတွက် သက်သေခံရန်ဖြစ်၏ကျူး

အရှေ့သို့- ၁၃။ တာဝန်ထမ်းဆောင်ခြင်းနှင့် အသက်ဝင်ရောက်မှုကြား ဆက်နွှယ်မှု

နောက်တစ်ခုသို့- ၁၅။ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းမှသာလျှင် စစ်မှန်သော သက်သေခံချက်ကို ရရှိလိမ့်မည်ဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။