၁၃။ တာဝန်ထမ်းဆောင်ခြင်းနှင့် အသက်ဝင်ရောက်မှုကြား ဆက်နွှယ်မှု

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

သင့်ကို သူ၏ နောက်လိုက်များထဲမှ တစ်ဦးအဖြစ် ဘုရားသခင် လက်ခံသည်ကို သင်လိုချင်ပါက ပထမဦးစွာ အသက်ဝင်ရောက်မှုကို သင် အာရုံစိုက်ရမည်။ မိမိကိုယ်ကို သိနားလည်ခြင်း၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားနိုင်ခြင်း၊ သင်၏ တာဝန်ကို ထိန်းသိမ်းနိုင်စွမ်း ရရှိခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းအားဖြင့် အစပြုရမည်။ ယင်းမှာ ပထမအချက် ဖြစ်သည်။ အသက်ဝင်ရောက်မှုကို အာရုံစိုက်ခြင်းသည် သင်၏ တာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်းအတွက်ဖြစ်သည်။ ယင်းမှာ ဤအရာနှင့်ပတ်သက်သည့် အခြေခံအကြောင်းအရာ ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို လုပ်ဆောင်ခြင်းမှ အသက်ဝင်ရောက်မှုကို စတင်လိုက်စားသင့်ပြီး အသက်ဝင်ရောက်မှုမှ သင်၏အသက်တာ တဖြည်းဖြည်း ကြီးထွားပြီး သမ္မာတရားနှင့် ပတ်သက်၍ စစ်မှန်သည့် အတွေ့အကြုံရှိသည့်၊ ဝိညာဉ်ရင့်ကျက်မှု ရှိသည့်အဆင့်တစ်ခုထိ သင် ရောက်သည်အထိ သမ္မာတရားကို နည်းနည်းချင်း နားလည်ကာ ရရှိသင့်သည်။ ထို့နောက် သင်သည် မည်သည့် လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာဖြင့်မျှ ဘောင်ခတ်ခံရခြင်း၊ သို့မဟုတ် နှောင့်ယှက်ခံရခြင်း မရှိဘဲ မိမိတာဝန်ကို လုပ်ဆောင်နိုင်ရန်အလို့ငှာ၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းမျိုးစုံကို သင် ကျွမ်းကျင်ပိုင်နိုင်သင့်သည်။ ဤသို့ဖြင့် သင်သည် ဘုရားသခင်၏ မျက်မှောက်တွင် တဖြည်းဖြည်း အသက်ရှင်လိမ့်မည်။ သင်သည် မည်သည့် လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာမျှဖြင့် နှောင့်ယှက်ခံရလိမ့်မည် မဟုတ်ဘဲ သမ္မာတရားနှင့် ပတ်သက်၍ အတွေ့အကြုံ ရှိလိမ့်မည်။ သင်၏ အတွေ့အကြုံ သာ၍ အလျှံပယ် ဖြစ်လာသည်နှင့်အမျှ သင်သည် ဘုရားသခင်ကို သာ၍ သက်သေခံနိုင်လေဖြစ်မည်ဖြစ်ပြီး ဘုရားသခင်ကို သင် သာ၍ သက်သေခံနိုင်သည်နှင့်အမျှ သင်သည် တဖြည်းဖြည်း အသုံးဝင်သော လူတစ်ဦး ဖြစ်လာလိမ့်မည်။ သင်သည် အသုံးဝင်သော လူတစ်ဦး ဖြစ်လာသည့်အခါ ဘုရားအိမ်တော်၌ လက်ခံနိုင်သည့် စံနှုန်းတစ်ခုအထိ မိမိ၏တာဝန်ကို လုပ်ဆောင်နိုင်လိမ့်မည်၊ အဖန်ဆင်းခံတစ်ဦးနေရာတွင် ရပ်တည်နိုင်လိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားချက်များကို ကျိုးနွံနာခံနိုင်လိမ့်မည်ဖြစ်ကာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မည်။ ဤလူစားမျိုးသည်သာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းခံရသည့် လက်ခံနိုင်ဖွယ် အဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ ထို့နောက်တွင် သင့်ကို ဘုရားပေးထားသမျှအားလုံးနှင့် သင် ထိုက်တန်လိမ့်မည်။

သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် အဓိကအချက်မှာ အဘယ်နည်း။ သင်သည် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ စည်းမျဉ်းနှင့်ညီသော နည်းလမ်းဖြင့် ကိစ္စရပ်များအား မည်သို့ ကိုင်တွယ်ရမည်ကိုလည်းကောင်း သင်ယူရမည်။ ကျမ်းသစ္စာ အမြဲ ကျိန်ဆိုပြီး မိမိ၏အလိုဆန္ဒကို ဖော်ပြခြင်းသည် အဘယ်အသုံးဝင်သနည်း။ သင်သည် အမြဲ ကျမ်းသစ္စာ ကျိန်ဆိုပြီး သင်၏ အလိုဆန္ဒကို ဖော်ပြသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ဆဲဖြစ်ပါက ယင်းသည် လုံးဝ အသုံးမဝင်ပေ။ အရေးအပါဆုံး၊ အစစ်မှန်ဆုံးသော အရာမှာ သင်၏ တာဝန်ကို လုပ်ဆောင်ခြင်း လုပ်ငန်းစဉ်တွင် သင်၏ တာဝန်ကို လုပ်ဆောင်သည့်အချိန်၌ သင့်ထံ ပေါ်လာသည့် ပြဿနာအမျိုးမျိုးကို ဖြေရှင်းရန်နှင့် သင်၏ တာဝန်အပေါ် သင်၏ မှားယွင်းသည့် သဘောထားများကို ပြောင်းလဲပစ်ရန် သမ္မာတရားကို ရှာဖွေခြင်းမှတစ်ဆင့် အသက်ဝင်ရောက်မှုကို စွမ်းဆောင်ရရှိဖို့ ဖြစ်သည်။ အသက်ဝင်ရောက်မှုရှိသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အသက်ဝင်ရောက်မှုရှိခြင်းသည် သမ္မာတရားနှင့် ပတ်သက်၍ အတွေ့အကြုံနှင့် အသိပညာတို့ ရှိခြင်းနှင့် ထိုသမ္မာတရားကို မှန်ကန်စွာ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ယခုအချိန်တွင် သင်တို့အားလုံး အသက်ဝင်ရောက်မှု ရှိကြသလော။ ဘုရားသခင်ကို သင်တို့ သက်သေခံနိုင်ကြသလော။ အချိန်အများစုတွင် အယူဝါဒအပေါ် ဖက်တွယ်ထားကြသေးသည် မဟုတ်လော။ သမ္မာတရားနှင့် ပတ်သက်၍ အသိပညာ၊ သို့မဟုတ် အတွေ့အကြုံ တကယ်မရှိဘဲ အယူဝါဒတွင် သင်တို့ ရပ်တန့်နေကြသည် မဟုတ်လော။ သင်သည် သမ္မာတရားနှင့် သက်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံနှင့် အသိပညာတို့ မရရှိနိုင်ပါက ဘုရားသခင်ကို သက်သေမခံနိုင်ပေ။ အချိန်အများစုတွင် သင်၏ အသိပညာသည် အာရုံအသိသာဖြစ်သည်။ ဘုရားသခင်က တစ်ခုသောအရာကို ပြောချိန်တွင် ယင်းက သင့်အဖို့ သမ္မာတရားဖြစ်သည့်အလားဖြစ်ကာ သူက အခြားအရာတစ်ခု ပြောသည့်အခါ ယင်းသည်လည်း သမ္မာတရား ဖြစ်သည့်အလား ဤအရာရော၊ အခြားအရာပါ နှစ်ခုလုံး မှန်သည်ဟု ခံစားလျက် သင်သည် မတင်မကျဖြစ်နေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံး သမ္မာတရားဖြစ်သည့်အလား သင် ခံစားရပြီး ယင်းတို့ကို အာမင်ထူးကာ ချီးမွမ်းသော်လည်း မိမိကိုယ်ကို ထိုနှုတ်ကပတ်တော်များနှင့်ယှဉ်၍ ချိန်ဆအကဲဖြတ်နိုင်ခြင်း မရှိချေ။ အမှုအရာများကို လုပ်ဆောင်သည့်အခါ သင်သည် ရှုပ်ထွေးဆဲဖြစ်ပြီး သင်၏ ပြဿနာများကို ဖြေရှင်းရန် မည်သည့် သမ္မာတရားများ အသုံးပြုရမည်ကို မသိချေ။ သင်တို့အများစုသည် ဤအခြေအနေတွင် ရှိကြသည် မဟုတ်လော။ သင်တို့သည် အယူဝါဒအကြောင်း များစွာ နားလည်ပြီး များစွာ ပြောနိုင်သော်လည်း သင်တို့၏ လက်တွေ့ဘဝများတွင် ယင်းကို အသုံးမပြုနိုင်ချေ။ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်တို့ မသိကြသေးသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို သင်တို့၏ လက်တွေ့ဘဝများတွင် မည်သို့ ကျင့်သုံးရမည်ကို မသိကြချေ။ ပြီးလျှင် သင်တို့ကို မည်သည့်အရာ ကျရောက်သည်ဖြစ်စေ၊ သင်တို့၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို မသိချေ။ ဤသည်မှာ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှု အလွန်နည်းပါးသောကြောင့် ဖြစ်သည်။ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များအား သင်တို့၏ လက်တွေ့ဘဝများတွင် မည်သို့ တွေ့ကြုံကာ လက်တွေ့လုပ်ဆောင်ပြီး ကျင့်သုံးရမည်ကို သိသည့်အခါ၊ တစ်စုံတစ်ရာ သင်တို့ထံ ကျရောက်ပြီးသည့်နောက်တွင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအား မည်သို့ရှာဖွေရမည်ဆိုသည်ကို သင်တို့ သိသည့်အခါ သင်တို့၏ အသက်တာများ ကြီးထွားလာလိမ့်မည်။ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိခြင်းသည် သင်၏ အသက်တာ ကြီးထွားနေသည့် လက္ခဏာဖြစ်သည်။ တစ်နေ့နေ့တွင် ပြဿနာများကို သမ္မာတရားဖြင့် သင် ဖြေရှင်းနိုင်သည့်အခါ၊ ဘုရားသခင်နှင့်ဆိုင်သည့် အသိအချို့ သင်ရှိသည့်အခါ ဘုရားသခင်နှင့်ဆိုင်သည့် သင်၏ စစ်မှန်သော သိမြင်မှုကို မျှဝေခြင်းမှတစ်ဆင့် သူ၏ အမှုတော်၊ သူ၏ သန့်ရှင်းကာ ဖြောင့်မတ်သည့် စိတ်သဘောထား၊ သူ၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့ကို သင် သက်သေခံနိုင်သည့်အခါ ဘုရားသခင်ကို သင် အမှန်တကယ် သက်သေခံနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အသုံးပြုခြင်းခံရရန် အရည်အချင်း ပြည့်မီလိမ့်မည်။ သင်သည် အယူဝါဒအကြောင်း များစွာနားလည်ပြီး တစ်နေ့လုံး ပြောနိုင်သော်လည်း သင်၏ ကိုယ်ပိုင် ပြဿနာများနှင့် ဆက်နွှယ်သည့် မည်သည့်အရာကိုမျှ သင် မဖြေရှင်းနိုင်ပါက၊ သို့မဟုတ် ယင်းတို့ကို မည်သို့ဖြေရှင်းရမည်ကို မသိပါက ယင်းက သင်နားလည်သည့် အရာများသည် သမ္မာတရား မဟုတ်ကြောင်း၊ ယင်းတို့သည် စကားများနှင့် အယူဝါဒများသာဖြစ်ကြောင်း သက်သေပြပေသည်။ သင်သည် အချို့သော အယူဝါဒကို အလွန်လက်တွေ့ကျစွာ ပြောဆိုနိုင်လျှင်ပင် အမှန်တွင် ဤသည်မှာ အာရုံအသိဖြစ်သော အသိပညာသာ ဖြစ်သည်။ ယင်းသည် ဆင်ခြင်တုံတရားကို မရရှိသေးချေ။ လူတို့သည် သင်ကဲ့သို့ တူညီသည့် ခံစားချက်များ ရှိလျက် သင့်ကို နားထောင်ပြီးနောက် တည်ဆောက်ခြင်းခံရကာ ၎င်းတို့နှင့်ပတ်သက်၍ သင်၏ အသိပညာသည် အချို့သော ရလဒ်များကိုပင် စွမ်းဆောင်ရရှိနိုင်သော်လည်း သင်သည် ထိုအရာနှင့် ပတ်သက်၍ အလွန်ရှင်းလင်းစွာ မပြောနိုင်သေးသကဲ့သို့ ပြဿနာများကို လုံးဝ မဖြေရှင်းနိုင်ချေ။ ဤအရာက သင်ပြောဆိုပြီးဖြစ်သည့် အယူဝါဒများသည် အာရုံအသိဖြစ်သော အသိပညာမျှသာ ဖြစ်ကြောင်း သက်သေပြပေသည်။ သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးရန် မဆိုထားနှင့် ယင်းတို့သည် သမ္မာတရား စစ်မှန်မှုဖြစ်သည်ဟု သင် ပြော၍ မရပေ။ ယခုတွင် စကားများနှင့် အယူဝါဒများအကြောင်း ပြောဆိုခြင်း ပြဿနာကို သင်မည်သို့ဖြေရှင်းရမည်နည်း။ ယင်းမှာ သင်၏ တာဝန်ကို သင် ထမ်းဆောင်သည့်အခါတွင် သင့်အထဲတွင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးမှု အမျိုးမျိုးနှင့် ပတ်သက်၍ သုံးသပ်ရန်၊ သင် ကြုံရသည့် ပြဿနာတိုင်း၏ ဇာစ်မြစ်များအပေါ် သုံးသပ်ပြီးနောက် သမ္မာတရားကို ရှာဖွေရန်နှင့် သင် ထုတ်ဖော်ပြပြီးဖြစ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လုံးလုံးလျားလျား ဖြေရှင်းရန် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုဖို့ လိုအပ်ပေသည်။ သင့်ထံမှ ထုတ်ဖော်သည့်အရာများသည် မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်း ဖြစ်သည်ဖြစ်စေ၊ မလိမ့်တပတ်လုပ်ခြင်းနှင့် လှည့်ဖြားခြင်းတို့ ဖြစ်သည်ဖြစ်စေ၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ကောင်းခြင်း ဖြစ်သည်ဖြစ်စေ၊ ဝတ်ကျေတမ်းကျေဖြစ်ခြင်းနှင့် ဘုရားသခင်ကို လိမ်ညာခြင်းဖြစ်သည်ဖြစ်စေ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရှင်းလင်းစွာ သင် မြင်သည်အထိ သုံးသပ်ရမည်။ ဤသို့ဖြင့် သင်၏ တာဝန်ကို သင် လုပ်ဆောင်သည့်အခါတွင် မည်သည့် ပြဿနာများ တည်ရှိသည်ကိုလည်းကောင်း ကယ်တင်ခြင်းကို ရရှိခြင်းမှ သင် မည်မျှအလှမ်းဝေးသည်ကိုလည်းကောင်း သင်သိလိမ့်မည်။ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ရှင်းလင်းစွာ မြင်နိုင်သည့်အခါမှသာ သင်၏ တာဝန်တွင် အခက်အခဲများနှင့် အတားအဆီးများ မည်သည့်နေရာတွင် တည်ရှိသည်ကို သင် သိနိုင်လိမ့်မည်။ ထိုအခါမှသာ ပြဿနာများကို ယင်းတို့၏ အရင်းအမြစ်အထိ သင် ဖြေရှင်းနိုင်လိမ့်မည်။ ဥပမာအားဖြင့် သင်၏ တာဝန်ကို လုပ်ဆောင်ခြင်းအတွက် သင် တာဝန်ယူရမည့်အစား သင်၏ အလုပ်တွင် ဆုံးရှုံးမှုများ ဖြစ်စေလျက် အမြဲ ဝတ်ကျေတမ်းကျေပြုမူသော်လည်း သင်၏ သိက္ခာကိုမူ သင် ဂရုစိုက်သောကြောင့် သင်သည် သင်၏ အခြေအနေနှင့် အခက်အခဲများအကြောင်းကို ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုရန် သို့မဟုတ် မိမိကိုယ်ကို စိတ်ဖြာလေ့လာခြင်းနှင့် မိမိကိုယ်ကို သိခြင်းအား လက်တွေ့လုပ်ဆောင်ရန် လိုလားရမည့်အစား အမှုအရာများကို ဝတ်ကျေတမ်းကျေ ကိုင်တွယ်ဖြေရှင်းရန် ဆင်ခြေများအမြဲ ရှာနေသည်ဆိုပါစို့။ ဤပြဿနာကို သင် မည်သို့ ဖြေရှင်းသင့်သနည်း။ ဘုရားသခင်ထံ ဆုတောင်းပြီး “အို ဘုရားသခင်၊ ကျွန်ုပ် ထိုသို့စကားပြောဆိုပါက ကျွန်ုပ်သည် ကိုယ့်သိက္ခာကိုယ် ကာကွယ်ဖို့သာ ဖြစ်ပါသည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက စကားပြောနေခြင်း ဖြစ်ပါသည်။ ကျွန်ုပ် ထိုသို့ စကားမပြောသင့်ပါ။ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ဖွင့်ဟရမည်၊ ကိုယ့်ကိုယ်ကိုယ် ဖွင့်ချရမည်ဖြစ်ပြီး ကျွန်ုပ် စိတ်နှလုံး၏ မှန်ကန်သော အတွေးများကို ထုတ်ပြောရပါမည်။ ကျွန်ုပ်သည် ကိုယ့်ဝင့်ဝါမှုကိုယ် ဖြည့်ဆည်းခြင်းထက် အရှက်တရားနှင့် သိက္ခာဆုံးရှုံးခြင်းတို့ကို ခံလိုက်ချင်ပါသည်။ ဘုရားသခင်ကိုသာ ကျွန်ုပ် စိတ်ကျေနပ်စေချင်ပါသည်”ဟု ပြောဆိုလျက် မိမိကိုယ်ကို သုံးသပ်ရမည်။ ဤသို့ဖြင့် သင့်ကိုယ်သင် ပုန်ကန်ကာ သင့်စိတ်နှလုံး၏ စစ်မှန်သော အတွေးများကို ထုတ်ပြောသည့်အခါ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်နေသည့်အပြင် သင်၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်း ပြုမူနေခြင်း သို့မဟုတ် သင်၏ သိက္ခာကို ကာကွယ်နေခြင်း မဟုတ်ပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်၊ မိမိတာဝန်ကို စိတ်ထက်သန်စွာ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းနိုင်ပြီး သင်၏ တာဝန်များကို လုံးဝ ဖြည့်ဆည်းနိုင်ပေသည်။ ထိုသို့ဖြင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်နေသည်သာမက ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုလည်း ထိန်းသိမ်းနေခြင်းဖြစ်ကာ ဘုရားသခင်၏ စိတ်နှလုံးသည် ကျေနပ်အားရလေသည်။ ဤသည်မှာ တရားမျှတပြီး ဂုဏ်ယူဖွယ် အသက်ရှင်နည်းဖြစ်သည်၊ ဘုရားသခင်ရှေ့ရော၊ လူတို့ရှေ့ပါ ယူဆောင်ထိုက်ပေသည်။ ဤသည်မှာ အလွန်ကောင်းပေ၏။ ဤသို့လက်တွေ့လုပ်ဆောင်ခြင်းသည် အနည်းငယ် ခက်ခဲသော်လည်း သင်၏ အားထုတ်မှုများနှင့် လက်တွေ့လုပ်ဆောင်မှုသည် ဤဦးတည်ရာကို ရည်ရွယ်ပါက တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် သင် ကျရှုံးလျှင်ပင် ဧကန်မုချ အောင်မြင်လိမ့်မည်။ ပြီးလျှင် သင့်အဖို့ အောင်မြင်မှုက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ စာတန်၏ချည်နှောင်မှုများမှ သင့်ကိုလွတ်မြောက်စေကာ သင့်ကိုယ်သင် ပုန်ကန်စေသည့် ခြေလှမ်းတစ်ခုဖြစ်သည့် ဤခြေလှမ်းကို သင်လျှောက်နိုင်ကြောင်းကို ဆိုလိုသည်။ ယင်းက သင်သည် ဝင့်ဝါမှုနှင့် ဂုဏ်သိက္ခာကို ဘေးဖယ်နိုင်ကြောင်း၊ သင်၏ ကိုယ်ကျိုးရှာခြင်းကို ရပ်တန့်နိုင်ကြောင်းနှင့် အတ္တကြီးပြီး စက်ဆုပ်ဖွယ်ကောင်းသော အရာများကို လုပ်ဆောင်ခြင်းမှ ရပ်တန့်နိုင်ကြောင်းကို ဆိုလိုသည်။ ဤသည်ကို သင် လက်တွေ့လုပ်ဆောင်သည့်အခါ သင်သည် သမ္မာတရားကို ချစ်သည့်သူတစ်ဦး၊ သမ္မာတရားကို တမ်းတသူတစ်ဦး၊ တရားမျှတခြင်းနှင့် အလင်းတို့ကို တမ်းတသည့်သူတစ်ဦး ဖြစ်ကြောင်း လူတို့အား ပြသသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သင် စွမ်းဆောင်ရရှိသည့် ရလဒ်ဖြစ်၏။ တစ်ချိန်တည်းမှာပင် သင်သည် စာတန်ကိုလည်း အရှက်ရစေသည်။ စာတန်က သင့်ကို ဖောက်ပြန်ပျက်စီးစေခဲ့သည်၊ ၎င်းက သင့်ကို သင့်ကိုယ်ကျိုးအတွက်သာ ကြည့်စေသည်၊ ၎င်းက သင့်ကို တစ်ကိုယ်ကောင်းဆန်စေသည်၊ ၎င်းက သင့်ကို သင်၏ကိုယ်ပိုင် ဂုဏ်သိက္ခာအတွက် စဉ်းစားစေသည်။ သို့သော် ယခုတွင်မူ ဤဆိုးယုတ်သော အမှုအရာများသည် သင့်ကို မချည်နှောင်နိုင်တော့ပေ၊ သင်သည် ယင်းတို့မှ လွတ်မြောက်ပြီးဖြစ်သည်၊ သင်သည် ဝင့်ဝါခြင်း၊ ဂုဏ်သိက္ခာ၊ သို့မဟုတ် သင့်ကိုယ်ပိုင် အကျိုးစီးပွားတို့၏ ထိန်းချုပ်ခြင်းကို မခံရတော့ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်၏၊ ထို့ကြောင့် စာတန်သည် လုံးလုံးလျားလျား အရှက်ကွဲပြီး ၎င်း လုပ်ဆောင်နိုင်သည့်အရာ တစ်ခုမျှ မရှိပေ။ သို့ဆိုလျှင် သင်သည် အောင်နိုင်ပြီမဟုတ်လော။ သင်အောင်နိုင်သည့်အခါတွင် သင်သည် ဘုရားသခင်အဖို့ သင်၏ သက်သေခံချက်၌ ခိုင်မာစွာ မရပ်တည်သလော။ သင်သည် ကောင်းစွာသော တိုက်လှန်ခြင်းကို မပြုသလော။ ကောင်းစွာသော တိုက်လှန်ခြင်းကို သင်ပြုပြီးသည့်အခါ သင်သည် သင်၏စိတ်နှလုံးထဲတွင် ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်းအေးခြင်းအသိ ရှိလေသည်။ သင်၏ အသက်တာ၌ စွပ်စွဲသည့်အသိစိတ် မကြာခဏရှိပါက သင်၏ စိတ်နှလုံးသည် အနားမရနိုင်ပါက၊ သင်သည် ငြိမ်သက်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း မရှိပါက၊ ပြီးလျှင် ကိစ္စအမျိုးစုံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းနှင့် သောကရောက်ခြင်းတို့၏ မကြာခဏ ဖိစီးခြင်းခံရပါက ဤသည်မှာ အဘယ်အရာကို ဖော်ပြသနည်း။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြောင်း၊ ဘုရားသခင်အတွက် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်ကြောင်းကို ဖော်ပြရုံမျှသာတည်း။ သင်သည် စာတန်၏ စိတ်သဘောထား အလယ်တွင် အသက်ရှင်သည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မကြာခဏ ပျက်ကွက်နိုင်ခြေရှိပြီး သမ္မာတရားကို သစ္စာဖောက်ဖို့၊ တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်ဖို့ ဖြစ်နိုင်ခြေရှိလေသည်။ သင်သည် သင်၏ပုံရိပ်၊ သင်၏နာမည်နှင့် ဂုဏ်အဆင့်အတန်း၊ ပြီးလျှင် သင်၏အကျိုးစီးပွားများကိုသာ ထိန်းသိမ်းသည်။ သင့်အတွက်သာ သင် အစဉ်သဖြင့် အသက်ရှင်ခြင်းက သင့်အား အစဉ် ကြီးစွာသော နာကျင်မှု ဖြစ်စေသည်။ သင်သည် အလွန်များစွာသော တစ်ကိုယ်ကောင်းဆန်သည့် အလိုဆန္ဒများ၊ အနှောင်အဖွဲ့များ၊ သံယောဇဉ်များ၊ ဒွိဟများနှင့် စိတ်အနှောင့်အယှက်များစွာတို့ သင့်ထံတွင် ရှိသည်မှာ သင်၌ အနည်းဆုံးသော ငြိမ်သက်ခြင်း၊ သို့မဟုတ် ဝမ်းမြောက်ခြင်းတို့မရှိချေ။ ဖောက်ပြန်ပျက်စီးသော ဇာတိပကတိအတွက် အသက်ရှင်ခြင်းသည် အလွန်အမင်း ဒုက္ခခံစားရခြင်း ဖြစ်လေသည်။ သမ္မာတရားကို လိုက်စားသောသူတို့မှာ မတူပေ။ သမ္မာတရားကို ၎င်းတို့ သာ၍ နားလည်လေ၊ သာ၍ လွတ်လပ်ကာ လွတ်မြောက်လေ ဖြစ်လာကြသည်။ သမ္မာတရားကို ၎င်းတို့ သာ၍ လက်တွေ့လုပ်ဆောင်လေ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း သာ၍ ရှိလေဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ ရရှိကြသည့်အခါ အလင်းတွင် ၎င်းတို့ လုံးဝ အသက်ရှင်ကြလိမ့်မည်၊ ဘုရားသခင်၏ ကောင်းချီးများကို မွေ့လျော်ကာ မည်သည့် စိတ်ဆင်းရဲမှုကိုမျှ ရှိကြလိမ့်မည် မဟုတ်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်

မိမိတို့၏တာဝန်ကို ထမ်းဆောင်ပြီးနောက်တွင် ၎င်းတို့ ချို့တဲ့နေသကဲ့သို့ဖြစ်ပြီး သမ္မာတရား စစ်မှန်မှုကို မပိုင်ဆိုင်ကြောင်း ခံစားရသည့် လူများစွာ ရှိသည်။ ထို့ကြောင့် ပို၍များသော တရားဒေသနာများကို နားထောင်ရန် မိမိတို့ကိုယ်ကို အစဉ်သဖြင့် သတ်မှတ်ပြီး ယင်းကသာ ၎င်းတို့ကို အသက်ဝင်ရောက်မှုနှင့် အသက်တာ ကြီးထွားတိုးတက်မှုကို ပေးနိုင်သည့်အလား ပိုများသော စုဝေးပွဲများ ကျင်းပရန် ခေါင်းဆောင်များနှင့် အမှုဆောင်များကို တောင်းဆိုကြလေသည်။ ၎င်းတို့သည် စုဝေးပွဲတစ်ခု သို့မဟုတ် တရားဒေသနာတစ်ခုကို တက်ရောက်ခြင်း မရှိဘဲ အချိန်တစ်ခုကြာသွားပါက ၎င်းတို့တွင် မည်သည့်အရာမျှ မရှိသည့်အလား ၎င်းတို့၏ စိတ်နှလုံးများက အနှစ်မဲ့ပြီး ညှိုးငယ်သကဲ့သို့ ခံစားရလေသည်။ ၎င်းတို့ စိတ်နှလုံးများတွင် နေ့စဉ် စုဝေးပွဲများနှင့် နေ့စဉ်တရားဒေသနာများကသာ ၎င်းတို့ကို အသက်ဝင်ရောက်မှု ပေးလိမ့်မည်ဖြစ်သည့်အလား၊ သို့မဟုတ် ဝိညာဉ်ရေးရာ ရင့်ကျက်မှုထဲသို့ ကြီးထွားဖို့ ထောက်ကူပေးမည့်အလား ဖြစ်သည်။ အမှန်တွင် ဤအတွေးမျိုးသည် လုံးဝ မမှန်ကန်ပေ။ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားနောက်လိုက်သောသူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ရမည်။ ထိုအခါမှသာ အသက်တာအတွေ့အကြုံကို ၎င်းတို့ ရရှိနိုင်ပေသည်။ သင်သည် ဘုရားသခင်ကို စိတ်ရင်းအတိုင်း ယုံကြည်သည်ဟု ဆိုသော်လည်း သင်၏ တာဝန်ကို သင် မထမ်းဆောင်ချင်ပါက ဘုရားသခင်၌ သင်၏ ယုံကြည်လက်ခံမှုတွင် ရိုးသားစစ်မှန်မှုမှာ အဘယ်နည်း။ မိမိတို့တာဝန်ကို စိတ်ရင်းအတိုင်း ထမ်းဆောင်သူတို့သည် ယုံကြည်ခြင်း ရှိသောသူများ ဖြစ်သည်။ ယုံကြည်ခြင်း ရှိသောသူတို့သာ မိမိတို့ ဘဝတစ်ခုလုံးကို ဘုရားသခင်ထံ ဆက်ကပ်ဝံ့ကြပြီး ဘုရားသခင်အတွက် အသုံးခံရန် အရာရာကို ဖယ်ရှားဖို့ လိုလားနေကြသည်။ ဤသို့သော လူများသည် မိမိတို့တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို တွေ့ကြုံကြသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ ဦးဆောင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို ခံရသည်။ ဤအရာအားလုံးက အသက်တာအတွေ့အကြုံကို ဖြစ်စေသည်။ ထို့ကြောင့် အသက်ဝင်ရောက်မှုသည် မိမိတာဝန်ကို သတ်သတ်မှတ်မှတ် ထမ်းဆောင်ခြင်းအားဖြင့် စတင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်

သင် ထမ်းဆောင်သည့် တာဝန်မှန်သမျှတွင် အသက်တာ ဝင်ရောက်ခြင်း ပါဝင်သည်။ သင်၏ တာဝန်သည် အတော်အသင့် ပုံမှန်ဖြစ်စေ သို့မဟုတ် တစ်သမတ်တည်း မဟုတ်သည်ဖြစ်စေ၊ ပျင်းစရာကောင်းသည်ဖြစ်စေ သို့မဟုတ် အသက်ဝင်သည်ဖြစ်စေ သင်သည် အသက်တာ ဝင်ရောက်ခြင်းကို အမြဲတမ်း ကြိုးပမ်းရရှိရမည်။ လူအချို့ ထမ်းဆောင်သည့် တာဝန်များသည် အတော်အတန် ငြီးငွေ့ဖွယ်ကောင်းသည်။ ၎င်းတို့သည် နေ့စဉ် တစ်ခုတည်းသောအရာကိုသာ လုပ်ဆောင်ကြပေသည်။ သို့သော် ထိုအရာများကို ဆောင်ရွက်သည့်အခါ ဤလူများ ထုတ်ဖော်ပြသည့် အခြေအနေများသည် အားလုံး တစ်ထပ်တည်း မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ကောင်းမွန်သည့် စိတ်ခံစားမှုရှိသည့်အခါ လူများသည် အနည်းငယ်ပို၍ လုံ့လဝီရိယရှိပြီး အလုပ်ကို ပိုကောင်းမွန်စွာ ဆောင်ရွက်ကြသည်။ အခြားအချိန်များတွင် အမည်မသိသော သြဇာလွှမ်းမိုးမှုများကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးပြီး စာတန်ဆန်သော စိတ်သဘောထားများသည် ၎င်းတို့အထဲတွင် ဒုက္ခပေးခြင်းကို လှုံ့ဆော်လေရာ ၎င်းတို့တွင် မလျော်ကန်သော အမြင်ရှုထောင့်များရှိစေပြီး ဆိုးရွားသော အခြေအနေများနှင့် ဆိုးရွားသော စိတ်ခံစားမှုများထဲသို့ ၎င်းတို့ကို ရောက်သွားစေသည်။ ဤအရာက ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ထမ်းဆောင်ခြင်း အကျိုးဆက် ဖြစ်စေသည်။ လူများ၏ အတွင်းအခြေအနေများသည် အမြဲမပြတ် ပြောင်းလဲနေကြသည်။ ၎င်းတို့သည် အချိန်မရွေး နေရာမရွေး ပြောင်းလဲနိုင်သည်။ သင်၏ အခြေအနေ မည်သို့ ပြောင်းလဲပါစေ သင်၏ စိတ်ခံစားမှုအရ ပြုမူခြင်းသည် အမြဲတမ်း မှားယွင်းပေသည်။ သင်သည် ကောင်းသော စိတ်ခံစားမှုတစ်ခုရှိချိန်တွင် အနည်းငယ် ပိုကောင်းမွန်အောင် ဆောင်ရွက်ပြီး မကောင်းသော စိတ်ခံစားမှုတစ်ခု ရှိနေချိန်တွင် အနည်းငယ် ပို၍ ဆိုးရွားအောင် ဆောင်ရွက်ပေသည်။ ဤသည်မှာ အမှုအရာများကို စည်းမျဥ်းအရ ဆောင်ရွက်ခြင်းဖြစ်သလော။ ဆောင်ရွက်ခြင်းလော။ ဤအရာသည် သင်၏တာဝန်ကို လက်ခံနိုင်ဖွယ် ဖြစ်သည့် စံနှုန်းတစ်ခုဖြင့် ထမ်းဆောင်ခွင့် ပေးမည်လော။ ၎င်းတို့၏ စိတ်ခံစားမှု မည်သို့ရှိပါစေ လူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ဆုတောင်းဖို့နှင့် သမ္မာတရားကို ရှာဖွေဖို့ သိရှိရမည်။ ဤနည်းအားဖြင့်သာ ၎င်းတို့၏ စိတ်ခံစားမှုအားဖြင့် ဘောင်ခတ်ခံရခြင်းနှင့် ဟိုဟိုသည်သည် တိမ်းညွတ်စေခြင်းတို့မှ ရှောင်ကြဉ်နိုင်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ စည်းမျဉ်းအရ အမှုအရာများကို ဆောင်ရွက်နေခြင်း ရှိမရှိ၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် စံနှုန်းမီမမီ၊ တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်း သက်သက် ဟုတ်မဟုတ်၊ သင်၏ တာဝန်ဝတ္တရားများကို ရှောင်ရှားရန် ကြိုးစားခြင်း ပြုမပြုနှင့် သင်၏ သဘောထားနှင့် သင်တွေးပုံခေါ်ပုံတို့တွင် ပြဿနာများ ရှိမရှိတို့ကို သင့်ကိုယ်သင် အမြဲတမ်း စစ်ဆေးသင့်သည်။ သင်သည် မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး ဤအရာများသည် သင့်အတွက် ရှင်းလင်းလာသည်နှင့် တစ်ပြိုင်နက် သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင် ပို၍လွယ်ကူသော အချိန်တစ်ခု ရှိလာလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်ဖြစ်စေ၊ ပြုပြင်ခြင်းခံရပြီးနောက် မကောင်းသော စိတ်ခံစားမှု တစ်ခုတွင် ရှိနေခြင်းဖြစ်စေ၊ သင် မည်သည့်အရာကို ကြုံတွေ့ရပါစေ ယင်းကို သင် သင့်တော်စွာ သဘောထားသင့်ပြီး သင်သည် သမ္မာတရားကိုလည်း ရှာဖွေကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း နားလည်ရမည်။ ဤအမှုအရာများကို လုပ်ဆောင်ခြင်းအားဖြင့်၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင်၌ရှိလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ကောင်းမွန်စွာ ဆောင်ရွက်လိုပါက သင်၏ စိတ်ခံစားမှု၏ သက်ရောက်မှုကို ခံ၍ မဖြစ်ပေ။ သင်သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်းတို့ကို မည်မျှခံစားနေရပါစေ သင်လုပ်သမျှတွင် စည်းမျဉ်းများကို မြဲမြံစွာ လိုက်နာလျက် လုံးဝ တိကျခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည်။ ဤအရာကို သင်ပြုလုပ်ပါက အခြားသူများက သင့်ကို လက်ခံရုံသာမက ဘုရားသခင်ကလည်း သင့်ကို နှစ်သက်တော်မူလိမ့်မည်။ ဤသို့ဖြစ်သဖြင့် သင်သည် တာဝန်ရှိပြီး ဝန်ထုပ် ထမ်းရွက်သောသူ ဖြစ်လိမ့်မည်။ သင်သည် သင်၏တာဝန်ကို စံချိန်မီ အမှန်တကယ် ထမ်းဆောင်ပြီး စစ်မှန်သော လူတစ်ယောက်၏ ပုံသဏ္ဌာန်အတိုင်း အပြည့်အဝ အသက်ရှင်နေထိုင်သည့်သူနှင့် တကယ့် လူကောင်းတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ လူများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေသည့်အခါ သန့်စင်ခြင်းခံရပြီး စစ်မှန်သည့် ပြောင်းလဲခြင်းကို ရရှိကြကာ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် ရိုးသားသည်ဟု ခေါ်ဆို၍ ရနိုင်ပေသည်။ ရိုးသားသောလူများသာလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား အပတ်တကုတ် လုံ့လထုတ်ပြီး စည်းမျဉ်းဖြင့် ပြုမူကျင့်ကြံရာတွင် အောင်မြင်နိုင်သည်၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို စံချိန်မီ ထမ်းဆောင်နိုင်ပေသည်။ စည်းမျဉ်းဖြင့် ပြုမူသည့်လူများသည် ၎င်းတို့ ကောင်းသော စိတ်ခံစားမှု ရှိနေချိန်တွင် ၎င်းတို့၏ တာဝန်များကို စေ့စေ့စပ်စပ် ထမ်းဆောင်ကြသည်။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့် အလုပ်မလုပ်ဘဲ အခြားသူများက ၎င်းတို့အား အထင်ကြီးစေဖို့ မိမိတို့ကိုယ်ကို မာနမထောင်လွှားကြသကဲ့သို့ ကိုယ်ရည်လည်း သွေးမပြကြပေ။ ၎င်းတို့သည် မကောင်းသော စိတ်ခံစားမှုတစ်ခု ရှိနေသည့် အချိန်၌ ၎င်းတို့၏ နေ့စဉ် လုပ်ဆောင်ချက် တာဝန်များကို ဤသို့ပင် စိတ်ပါလက်ပါနှင့် တာဝန်ရှိစွာ ပြီးမြောက်စေနိုင်ပြီး ၎င်းတို့၏တာဝန်များ ထမ်းဆောင်ခြင်းကို ထိခိုက်နစ်နာစေသည့်အရာ တစ်ခုခုကိုဖြစ်စေ ၎င်းတို့ကို ဖိအားအနည်းငယ် ပေးသည့်အရာတစ်ခုခု သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အဖျက်အမှောင့် လုပ်ခြင်းကို ဖြစ်ပေါ်စေသည့်အရာ တစ်ခုခုကိုဖြစ်စေ ၎င်းတို့ ကြုံတွေ့ရလျှင်ပင် ၎င်းတို့သည် “မည်မျှကြီးမားသည့် ပြဿနာကို ကျွန်ုပ်ရင်ဆိုင်ရပါစေ မိုးကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာလျှင်ပင် ကျွန်ုပ်အသက်ရှင်နေသရွေ့ မိမိ၏ တာဝန်ကို ဖြည့်ဆည်းဖို့ အစွမ်းကုန်ကြိုးစားရန် သန္နိဋ္ဌာန်ချပါသည်။ ဘုရားသခင် ပေးအပ်သည့် ဤတာဝန်နှင့် ကျွန်ုပ်ထိုက်တန်ဖို့၊ ထို့အပြင် ကျွန်ုပ်၏ ခန္ဓာကိုယ်ထဲ ကိုယ်တော် ထည့်ထားပြီးဖြစ်သည့် ဤထွက်သက်ဝင်သက်နှင့် ကျွန်ုပ်ထိုက်တန်ဖို့အလို့ငှာ ကျွန်ုပ် အသက်ရှင်သည့် နေ့တိုင်းသည် ကျွန်ုပ်တို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည့် နေ့ရက်တစ်ရက် ဖြစ်ပါသည်။ ကျွန်ုပ်သည် မည်မျှ အခက်အခဲကြုံကောင်း ကြုံနေရသည်ဖြစ်ပါစေ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် အရေးအကြီးဆုံးအရာ ဖြစ်သည့်အတွက် ယင်းကို ဘေးဖယ်ထားပါမည်” ဟု ပြောလျက် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး ဆုတောင်းနိုင်ဆဲ ဖြစ်ပေသည်။ မည်သည့် လူ၊ အဖြစ်အပျက်၊ အမှုအရာ သို့မဟုတ် ပတ်ဝန်းကျင်တစ်စုံတစ်ရာအားဖြင့် ထိခိုက်ခြင်းကို မခံရသည့်သူများ၊ မည်သည့်စိတ်ခံစားမှု သို့မဟုတ် အပြင်ပန်းအခြေအနေ တစ်စုံတစ်ရာအားဖြင့် ဘောင်ခတ်ခြင်းကို မခံသူများနှင့် ၎င်းတို့ကို ဘုရားသခင် ယုံကြည်စွာ ပေးအပ်ထားသည့် ၎င်းတို့၏တာဝန်များနှင့် တာဝန်ပေးစေခိုင်းချက်များကို ရှေ့တန်းတင်ထားသူများဖြစ်သည့် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိသူများနှင့် သူ့ကို စစ်မှန်စွာ နာခံသူများဖြစ်သည်။ ဤကဲ့သို့သော လူများသည် အသက်ဝင်ရောက်ခြင်းကို ရရှိပြီးဖြစ်ကာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်ပေသည်။ ဤသည်မှာ သမ္မာတရားကို အသက်ရှင်နေထိုင်ခြင်းနှင့် သက်ဆိုင်သည့် အစစ်မှန်ဆုံးနှင့် လက်တွေ့အကျဆုံးသော ဖော်ပြချက်များ ပင်တည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်

သင်၏ တာဝန်ကို လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုအထိ လုပ်ဆောင်ရန်အလို့ငှာ သင်သည် ပထမဦးစွာ မှန်ကန်သည့် စိတ်နေစိတ်ထားရှိရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်သည့်အခါ သင်၏ ကိုယ်ပိုင်အခြေအနေကိုလည်း ပြုပြင်ရမည်။ သင်၏တာဝန်ကို မှန်ကန်စွာ သင်ကိုင်တွယ်သဘောထားနိုင်သည့်အခါ လူမျိုးစုံ၊ ဖြစ်ရပ်မျိုးစုံနှင့် အမှုအရာမျိုးစုံတို့၏ ဘောင်ခတ်ခြင်းများနှင့် လွှမ်းမိုးမှုများကို သင် ခါချပြီးသည့်အခါ၊ ဘုရားသခင်ထံ လုံးဝ သင် ကျိုးနွံနာခံနိုင်သည့်အခါ သင်၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်လိမ့်မည်။ ဤအရာကို လုပ်ဆောင်ခြင်းအတွက် လျှို့ဝှက်ချက်မှာ သင်၏ တာဝန်နှင့် ဝတ္တရားကို အမြဲ ဦးစားပေးရန် ဖြစ်သည်။ သင်၏ တာဝန်ကို လုပ်ဆောင်သည့်လုပ်ငန်းစဉ်တွင် သင့်ကိုယ်သင် အမြဲ ဤသို့ ဆန်းစစ်ရမည်။ “ကျွန်ုပ်သည် မိမိ၏ တာဝန်လုပ်ဆောင်ခြင်းအပေါ် ဝတ်ကျေတမ်းကျေ သဘောထားတစ်ခု ရှိသလော။ မည်သည့်အရာက ကျွန်ုပ်ကို နှောင့်ယှက်ပြီး မိမိ၏ တာဝန်ကို လုပ်ဆောင်ရာတွင် ဝတ်ကျေတမ်းကျေဖြစ်စေသနည်း။ ကျွန်ုပ်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ အစွမ်းသတ္တိရှိသမျှဖြင့် ကျွန်ုပ် လုပ်ဆောင်နေပါသလော။ ဤသို့ ပြုမူခြင်းသည် ဘုရားသခင်အား ကျွန်ုပ်ကို ယုံကြည်စေဖို့ အထောက်အကူပြုမည်လော။ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ကျွန်ုပ် လုံးဝ ကျိုးနွံနာခံပြီးပြီလော။ ကျွန်ုပ်၏ တာဝန်ကို ဤသို့လုပ်ဆောင်ခြင်းသည် စည်းမျဉ်းများနှင့် အညီဖြစ်ပါသလော။ ကျွန်ုပ်၏ တာဝန်များကို ဤသို့လုပ်ဆောင်ခြင်းသည် အကောင်းဆုံး ရလဒ်များကို စွမ်းဆာင်ရရှိမည်လော”ဟူ၍ ဖြစ်သည်။ ဤမေးခွန်းများနှင့် ပတ်သက်၍ မကြာခဏ သင် သုံးသပ်ဆင်ခြင်သင့်သည်။ ပြဿနာများကို သင် ရှာတွေ့ပါက သမ္မာတရားကို တက်ကြွစွာ ရှာဖွေပြီး ယင်းတို့ကို ဖြေရှင်းရန် ဆီလျော်သည့် ဘုရားနှုတ်ကပတ်တော်များကို ရှာသင့်သည်။ ထိုသို့ဖြင့် သင်သည် မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ရှိလိမ့်မည်။ သင်၏ တာဝန်ကို လုပ်ဆောင်သည့်အခါတွင် ပြဿနာများက မကြာခဏ ထွက်ပေါ်ပါက အများစုသည် သင်၏ ရည်ရွယ်ချက်များနှင့် ပတ်သက်သည့် ပြဿနာများမှ လာပေသည်။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် ပြဿနာများ ဖြစ်သည်။ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်သည့်အခါ ၎င်းတို့သည် မိမိတို့ စိတ်နှလုံးများတွင် ပြဿနာများ ရှိကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ အခြေအနေသည် မူမမှန်ဖြစ်လိမ့်မည်၊ ယင်းသည် ၎င်းတို့၏ တာဝန်ကို လုပ်ဆောင်နိုင်စွမ်းအား တိုက်ရိုက် လွှမ်းမိုးလိမ့်မည်။ အကြင်သူ၏ တာဝန်လုပ်နိုင်စွမ်းကို လွှမ်းမိုးသည့် ပြဿနာများသည် ကြီးမား၊ ဆိုးရွားသည့် ပြဿနာများ ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို တိုက်ရိုက် လွှမ်းမိုးနိုင်သည်။ ဥပမာအားဖြင့် လူအချို့သည် မိမိတို့၏ မိသားစုများထံ ဘေးဒုက္ခများ ကျရောက်သည့်အခါ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများနှင့် အထင်လွဲမှုများ ဖြစ်ပေါ်ကြသည်။ လူအချို့သည် မိမိတို့၏ တာဝန်များတွင် ဆင်းရဲဒုက္ခခံစားရပြီး မည်သူမျှ မမြင်သည့်အခါ၊ သို့မဟုတ် မချီးမွမ်းကြသည့်အခါ အပျက်သဘောဆောင်လာကြသည်။ လူအချို့မှာ မိမိတို့၏တာဝန်ကို ကောင်းစွာ လုပ်ဆောင်ခြင်းမရှိ၊ အမြဲ ဝတ်ကျေတမ်းကျေဖြစ်ပြီး ပြုပြင်ခြင်းခံရသည့်အခါ ဘုရားသခင်ကို စောဒကတက်ကြသည်။ လူအချို့သည် ထွက်ပေါက်တစ်ခုကို အမြဲတစေ စဉ်းစားကြသောကြောင့် မိမိတို့၏တာဝန်ကို လုပ်ဆောင်ရန် လိုလားနေကြခြင်း မရှိချေ။ ဤပြဿနာအားလုံးက ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို တိုက်ရိုက် လွှမ်းမိုးသည်။ ဤအရာအားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် ပြဿနာများ ဖြစ်သည်။ ယင်းတို့အားလုံးမှာ ဘုရားသခင်ကို လူတို့ မသိရှိသည့်အချက်၊ ၎င်းတို့သည် မိမိတို့အတွက် အမြဲလျှို့ဝှက်ကြံစည်ပြီး အမြဲစဉ်းစားကြသည့်အချက်မှ အရင်းခံသည်။ ယင်းက ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းမရှိရန် သို့မဟုတ် ဘုရားသခင်၏ အစီအစဉ်များအား ကျိုးနွံနာခံခြင်းမရှိရန် ၎င်းတို့ကို တားမြစ်သည်။ ဤအရာက အပျက်သဘောဆောင်သော ခံစားချက်မျိုးစုံကို ဖြစ်ပေါ်စေသည်။ ဤသည်မှာ သမ္မာတရားကို မလိုက်စားကြသည့်လူများ ဖြစ်ပျက်ကြသည့်ပုံစံသာ ဖြစ်သည်။ သေးငယ်သည့် ပြဿနာများ ၎င်းတို့အပေါ် ရောက်လာသည့်အခါ ၎င်းတို့သည် အပျက်သဘောဆောင်ကာ အားနည်းလာကြသည်၊ မိမိတို့တာဝန် ထမ်းဆောင်ခြင်းအပေါ် စိတ်ပျက်မှုကိုဖွင့်ပြကြသည်။ ဘုရားသခင်ကို ပုန်ကန်သကဲ့သို့ အတိုက်အခံလုပ်ကြပြီး မိမိတို့ တာဝန်များအပေါ် လက်လျှော့ကာ ဘုရားသခင်ကို သစ္စာဖောက်ချင်ကြလေသည်။ ဤအရာအားလုံးမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အချုပ်အချယ်များက ဖြစ်စေသည့် အမျိုးမျိုးသောအကျိုးဆက်များ ဖြစ်သည်။ သမ္မာတရားကို ချစ်သောလူတစ်ဦးသည် မိမိတို့၏ကိုယ်ပိုင်ဘဝ၊ အနာဂတ်နှင့် ကံကြမ္မာတို့ကို ဘေးဖယ်ထားနိုင်ပြီး သမ္မာတရားကိုသာ လိုက်စားကာ ရရှိလိုကြသည်။ အချိန်မလောက်ဟု ၎င်းတို့ တွေးထင်ကြသည်၊ မိမိတို့၏တာဝန် ကောင်းစွာ မထမ်းဆောင်နိုင်မည်ကိုလည်းကောင်း၊ စုံလင်အောင်ပြုခြင်း မခံရနိုင်မည်ကိုလည်းကောင်း ကြောက်ရွံ့ကြသည်။ ထို့ကြောင့် အရာရာကို ဘေးဖယ်ထားနိုင်ကြလေသည်။ ၎င်းတို့၏ စိတ်နေစိတ်ထားမှာ ဘုရားသခင်ထံ လှည့်ကာ ကျိုးနွံနာခံရန်သာ ဖြစ်သည်။ ၎င်းတို့သည် မည်သည့် အခက်အခဲကိုမျှ မဖြုံသကဲ့သို့ အပျက်သဘောဆောင်ပါက၊ သို့မဟုတ် အားနည်းပါက ဘုရားနှုတ်ကပတ်တော်များမှ စာပိုဒ်အနည်းငယ်ကို ဖတ်ခြင်းအားဖြင် အလိုအလျောက်ဖြေရှင်းကြသည်။ သမ္မာတရားကို မလိုက်စားသော လူတို့သည် ပြဿနာဝိုင်းနေကြပြီး သမ္မာတရားနှင့် ပတ်သက်၍ သူတို့နှင့် သင်မည်မျှ မိတ်သဟာယပြုသည်ဖြစ်စေ မိမိတို့၏ ပြဿနာများကို အပြည့်အဝ မဖြေရှင်းနိုင်ကြချေ။ ခဏတဖြုတ် စိတ်ပြောင်းသွားကြပြီး သမ္မာတရားကို လက်ခံနိုင်ကြလျှင်ပင် မည်သို့ပင်ဖြစ်လင့်ကစား နောက်ပိုင်းတွင် စိတ်ပြန်ပြောင်းကြဦးမည် ဖြစ်သည်။ ထို့ကြောင့် ဤလူစားမျိုးကို ကိုင်တွယ်ရန် အလွန်ခက်၏။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့်ဆိုင်သည့် မည်သည့်အရာကိုမျှ နားမလည်ခြင်းမဟုတ်၊ မိမိတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို တန်ဖိုးမထားကြခြင်း၊ သို့မဟုတ် လက်မခံကြခြင်း ဖြစ်သည်။ အဆုံးတွင် ဤအရာက ၎င်းတို့အား မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒ၊ တစ်ကိုယ်ကောင်းဆန်မှု၊ အနာဂတ်၊ ကံကြမ္မာနှင့် ခရီးပန်းတိုင်တို့ကို ဘေးမဖယ်နိုင်အောင် ဖြစ်စေသည်။ ထို့နောက် ယင်းက ၎င်းတို့ကို နှောင့်ယှက်ရန် အမြဲ ထွက်ပေါ်လေသည်။ လူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်ပါက သမ္မာတရားကို ၎င်းတို့ နားလည်သည်နှင့်အမျှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သည့် ထိုအရာများအားလုံး အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် အသက်ဝင်ရောက်မှုနှင့် ဝိညာဉ်ရင့်ကျက်မှုတို့ ရှိကြလိမ့်မည်။ ၎င်းတို့သည် မသိနားမလည်သည့် ကလေးတစ်ဦး ဖြစ်တော့မည် မဟုတ်။ လူတစ်ဦးသည် ဝိညာဉ်ရင့်ကျက်မှုရှိသည့်အခါ ၎င်းတို့သည် အမှုအရာများကို တိုး၍ သိနားလည်နိုင်လိမ့်မည်ဖြစ်ပြီး လူမျိုးစုံတို့ကြား ပိုပို၍ ပိုင်းခြားသိမြင်နိုင်လိမ့်မည်ဖြစ်ကာ လူ၊ အဖြစ်အပျက်၊ သို့မဟုတ် အမှုအရာတစ်ခုတလေဖြင့်မျှ ဘောင်ခတ်ခံရလိမ့်မည်မဟုတ်ချေ။ ၎င်းတို့သည် မည်သူ ပြောသည့်အရာ၊ သို့မဟုတ် လုပ်ဆောင်သည့် အရာ တစ်ခုတလေအားဖြင့်မျှ လွှမ်းမိုးခံရလိမ့်မည် မဟုတ်။ စာတန်၏ ဆိုးယုတ်သည့် အင်အားစုများထံမှ ဝင်ရောက်စွက်ဖက်ခြင်းကိုဖြစ်စေ၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ အထင်အမြင်မှားအောင်လုပ်ခံရခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခံခြင်းကိုဖြစ်စေ ခံရလိမ့်မည်မဟုတ်ချေ။ ဤသို့ဖြစ်ပျက်ပါက လူတစ်ဦး၏ ဝိညာဉ်ရင့်ကျက်မှုသည် တဖြည်းဖြည်း ကြီးထွားလိမ့်မည် မဟုတ်လော။ လူတစ်ဦးသည် သမ္မာတရားကို နားလည်လေ၊ ၎င်းတို့၏ အသက်တာ တိုးတက်မှု မြန်ဆန်လေ ဖြစ်လိမ့်မည်ဖြစ်ပြီး မိမိတို့၏ တာဝန်ကို အောင်မြင်စွာလုပ်ဆောင်ကာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်။ သင်သည် အသက်ဝင်ရောက်မှုရှိပြီး သင်၏ အသက်တာက တဖြည်းဖြည်း ကြီးထွားသည့်အခါတွင် သင်၏ အခြေအနေသည် တိုး၍ ပုံမှန်ဖြစ်လာလိမ့်မည်။ သင့်ကို တစ်ချိန်က နှောင့်ယှက်ကာ ဘောင်ခတ်နိုင်ခဲ့သည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများသည် သင့်အတွက် ပြဿနာတစ်ခု ဖြစ်တော့မည် မဟုတ်ချေ။ သင်၏ တာဝန်ကို လုပ်ဆောင်ရာတွင် နောက်ထပ် အခက်အခဲများ ရှိလိမ့်မည်မဟုတ်သကဲ့သို့ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် တိုး၍ ပုံမှန် ဖြစ်လာလိမ့်မည်။ ဘုရားသခင်အပေါ် မည်သို့မှီခိုရမည်ကို သင် သိသည့်အခါ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ ရှာဖွေရမည်ကို သင် သိသည့်အခါ၊ သင်သည် ကိုယ့်နေရာကိုယ် သိသည့်အခါ လုပ်သင့်သည့်အရာနှင့် မလုပ်သင့်သည့်အရာ၊ ပြီးလျှင် မည်သည့် ကိစ္စရပ်များက တာဝန်ယူရန် လိုအပ်သည်၊ မလိုအပ်သည်ကို သင် သိသောအခါ သင်၏ အခြေအနေသည် တိုး၍ ပုံမှန်ဖြစ်လာလိမ့်မည် မဟုတ်လော။ ဤသို့ အသက်ရှင်လျှင် သင်ပင်ပန်းမည် မဟုတ်ချေ၊ ဟုတ်သည်မဟုတ်လော။ သင်သည် ပင်ပန်းလိမ့်မည် မဟုတ်သည်သာမက သင်သည် အထူးသဖြင့် သက်သောင့်သက်သာဖြစ်ပြီး ပျော်ရွှင်လိမ့်မည်။ အကျိုးဆက်အနေဖြင့် သင်၏ စိတ်နှလုံးသည် ဉာဏ်အလင်းနှင့် ပြည့်လိမ့်မည် မဟုတ်လော။ သင်၏ စိတ်နေစိတ်ထားသည် ပုံမှန်ဖြစ်လိမ့်မည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခြင်းများသည် လျော့နည်းလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ မျက်မှောက်တော်တွင် သင် အသက်ရှင်နိုင်လိမ့်မည်၊ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်နိုင်လိမ့်မည်။ လူတို့က သင်၏ စိတ်ပိုင်းဆိုင်ရာ သဘောထားကို မြင်သည့်အခါ သင့်အထဲတွင် ကြီးမားသည့် ပြောင်းလဲမှု ရှိပြီးဖြစ်ကြောင်း ၎င်းတို့ စဉ်းစားမိကြလိမ့်မည်။ သင်နှင့် အတူ ၎င်းတို့သည် မိတ်သဟာယပြုရန် လိုလားနေကြလိမ့်မည်၊ ၎င်းတို့၏ စိတ်နှလုံးများတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရလိမ့်မည်ဖြစ်ပြီး အကျိုးကျေးဇူးလည်း ခံစားရလိမ့်မည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားသည်နှင့်အမျှ သင်၏ စကားနှင့် လုပ်ရပ်များသည် ပို၍ သင့်လျော်ကာ စည်းကမ်းရှိလာလိမ့်မည်။ အားနည်းပြီး အပျက်သဘောဆောင်သောလူများကို သင် မြင်သည့်အခါ ၎င်းတို့ကို ဘောင်ခတ်ခြင်းဖြစ်စေ၊ ဩဝါဒပေးခြင်းဖြစ်စေ ရှိရမည့်အစား ၎င်းတို့ကို ကူညီကာ အကျိုးပြုရန် သင်၏ ကိုယ်ပိုင် စစ်မှန်သည့် အတွေ့အကြုံများကို အသုံးပြုလျက် ကုံလုံထိရောက်သော အကူအညီကို သင် ပေးနိုင်လိမ့်မည်။ ဤသို့ဖြင့် သင်သည် ဘုရားအိမ်တော်တွင် အားထုတ်ကြိုးပမ်းရုံ ဖြစ်လိမ့်မည်မဟုတ်၊ အသုံးဝင်သော လူတစ်ဦးဖြစ်လိမ့်မည်၊ သင့်ဘာသာ တာဝန်ယူနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားအိမ်တော်တွင် သာ၍ အဓိပ္ပာယ်ရှိသောအရာများကို လုပ်ဆောင်နိုင်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှစ်သက်သော လူစားမျိုး ဖြစ်သည် မဟုတ်လော။ သင်သည် ဘုရားသခင် နှစ်သက်သော လူတစ်ဦးဖြစ်ပါက လူတိုင်းကလည်း သင့်ကို နှစ်သက်ကြမည် မဟုတ်လော။ (နှစ်သက်ကြပါလိမ့်မည်။) ဘုရားသခင်သည် အဘယ်ကြောင့် ဤလူစားမျိုးကို ကျေနပ်အားရပါသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လက်တွေ့ကျသည့် အရာများကို သူ့ရှေ့မှောက်တွင် လုပ်နိုင်ကြသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် မြှောက်ပင့်တတ်လေ့မရှိ၊ လက်တွေ့ကျသည့် ကိစ္စရပ်များကို ကိုင်တွယ်လုပ်ကိုင်ပြီး မိမိတို့၏ စစ်မှန်သည့် အတွေ့အကြုံများအကြောင်း ပြောဆိုခြင်းအားဖြင့် အခြားသူများကို ကူညီကာ ဦးဆောင်နိုင်ကြသည်။ အခြားသူများအတွက် မည်သည့်ပြဿနာကိုမဆို ကူညီဖြေရှင်းပေးနိုင်ကြပြီး အသင်းတော် အလုပ်တွင် အခက်အခဲများရှိသည့်အခါ ပြဿနာများကို တက်ကြွစွာ ဖြေရှင်းလျက် ရှေ့ဆက်လမ်းကို ဦးဆောင်နိုင်ကြသည်။ ဤသည်မှာ မိမိတို့တာဝန်များကို သစ္စာရှိစွာ လုပ်ဆောင်ခြင်းဟူ၍ ဆိုလိုသည့်အရာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်

ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ။ သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။ လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသသည်မှာ ဤဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ လုပ်ဆောင်နိုင်လေ၊ သာ၍ များသည့် သမ္မာတရားကို သင် ရရှိလေဖြစ်လိမ့်မည် ဖြစ်ပြီး သင်၏ဖော်ပြချက်သည် သာ၍ စစ်မှန်လာလေ ဖြစ်လိမ့်မည် ဖြစ်သည်။ ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ရာတွင် ဟန်ဆောင်လုပ်ပြရုံမျှလုပ်ပြပြီး သမ္မာတရားကို မရှာဖွေသောသူတို့သည် အဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်းကို ခံရလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်း၌ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း မရှိကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသည့် အတွက် ဖြစ်သည်။ ၎င်းတို့သည် မပြောင်းမလဲ ရှိနေသူများဖြစ်ပြီး ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရလိမ့်မည်။ ၎င်းတို့၏ ဖော်ပြချက်များသည် မစင်ကြယ်သည်သာမက၊ ၎င်းတို့ ဖော်ပြသည့် အရာတိုင်းသည် ဆိုးယုတ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

အချို့လူများသည် ဘုရားသခင်၏ အမှုကို မည်သို့မည်ပုံ ကြုံတွေ့ခံစားရမည်ကို မသိရှိကြသကဲ့သို့ မိမိတို့၏တာဝန်များကို ထမ်းဆောင်ခြင်းတွင်ဖြစ်စေ၊ လက်တွေ့ဘဝတွင်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့အသုံးပြုရမည်ကို မသိရှိကြပေ။ ထိုသူများသည် သမ္မာတရားရရှိရန်နှင့် ဘဝတွင် ရင့်ကျက်မှုရရှိရန် စုဝေးပွဲများစွာသို့ တက်ရောက်ခြင်းကို အစဉ်သဖြင့် အားထားကြသည်။ သို့သော်လည်း ဤအရာသည် လက်တွေ့မကျသကဲ့သို့ ခိုင်လုံမှု မရှိသော အကြောင်းပြချက် တစ်ခုသာဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုများကို ကြုံတွေ့ခံစားခြင်းမှသာ အသက်ကို ရရှိသည်။ ဘုရားသခင်၏အမှုကို မည်သို့ကြုံတွေ့ခံစားရမည်ကို သိရှိသူများသည် ၎င်းတို့ မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်ရပါစေ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အချိန်တွင် သမ္မာတရားကို နားလည်နိုင်ကြပြီး လက်တွေ့လုပ်ဆောင်နိုင်သည်။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံနိုင်ကြသည်။ သမ္မာတရား စစ်မှန်မှုထဲ ဝင်ရောက်နိုင်ကြသည်။ သူတို့၏စိတ်သဘောထားကို ပြောင်းလဲမှုကို ရရှိနိုင်ပြီး ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံနိုင်ကြသည်။ အပျင်းကြီး၍ သက်သောင့်သက်သာဖြစ်ခြင်းများကို ပို၍မက်မောသူများက တာဝန်များကို မထမ်းဆောင်လိုဘဲ မိမိတို့၏ တာဝန်များ ထမ်းဆောင်သည့်အခါလည်း ဘုရားသခင်၏ အမှုကို ကြုံတွေ့ခံစားခြင်း မရှိပေ။ ဘုရားသခင်၏အိမ်တော်မှ ၎င်းတို့အတွက် စုဝေးပွဲများ၊ တရားဒေသနာများနှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းများ စီစဉ်ပေးရန်သာ မပြီးနိုင်မဆုံးနိုင် တောင်းဆိုကြသည်။ ရလဒ်အနေဖြင့် ဆယ်နှစ် သို့မဟုတ် နှစ်နှစ်ဆယ်ကြာ ယုံကြည်ကာ တရားဒေသနာများ မရေမတွက်နိုင်အောင် နာကြားပြီးသည့်နောက်တွင် သမ္မာတရားကို နားလည်ခြင်း မရှိကြပေ။ သို့မဟုတ် သမ္မာတရားကို ရရှိခြင်း မရှိကြပေ။ ထိုသူများသည် ဘုရားသခင်၏ အမှုကို မည်သို့ကြုံတွေ့ခံစားရမည်ကို မသိရှိကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မည်သည့်အရာ ဖြစ်သည်ကို နားမလည်ပေ။ ပြီးလျှင် မိမိကိုယ်မိမိ သိရှိပြီး သမ္မာတရားနှင့် အသက်ကိုရရှိရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ကြုံတွေ့ခံစားရမည်ကိုလည်း မသိကြပေ။ ထိုသူများသည် သာယာမှုကို မက်မောပြီး တာဝန်များကို ခေါင်းရှောင်ကြသည့်သူများ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်များကို ၎င်းတို့ထမ်းဆောင်သည့် ပုံစံအတွက် ၎င်းတို့သည် ဖော်ထုတ်ကာ တာဝန်မှ ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရသည်။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် ရောင့်ရဲစိတ်ရှိပြီး သမ္မာတရား လိုက်စားခြင်းကို အလေးထားသူများအားလုံးသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါတွင် အသက်ဝင်ရောက်မှုအချို့ကို ရရှိကာ ဖောက်ပြန်ပျက်စီးမှုများ ပေါ်ပေါက်လာချိန်တွင်လည်း မိမိကိုယ်မိမိ ဆင်ခြင်းသုံးသပ်ကြသည်။ ပြီးလျှင် မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် အခက်အခဲများ ကြုံတွေ့လာသည့်အခါတွင် ပြဿနာများကိုဖြေရှင်းရန် သမ္မာတရားကို ရှာဖွေပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ကြသည်။ နှစ်အတန်ကြာ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ပြီးသည့်နောက် အမှတ်တမဲ့ဆိုသလို သိသာသော ဆုလာဘ်များ ရိတ်သိမ်းရရှိကာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အချို့ ကို ပြောနိုင်သည်။ ဘုရားသခင်၏ အမှု၊ သူ၏စိတ်သဘောထားတို့နှင့်ပတ်သက်၍ သိမြင်မှုအချို့ ရှိလာကြသည်။ ထိုသို့ဖြင့် သူတို့၏ အသက်စိတ်သဘောထားတွင်လည်း အပြောင်းအလဲများ ဖြစ်ပေါ်လာပေသည်။ လက်ရှိတွင် နေရာအနှံ့အပြားမှ အသင်းတော်များသည် ဆိုးယုတ်သောသူများ၊ ဖျက်လိုဖျက်ဆီးလုပ်သူများနှင့် အနှောင့်အယှက်များကို ဖြစ်ပေါ်စေသော သူများကို ဖယ်ရှားရန် ကြိုးစားနေကြသည်။ အများအားဖြင့် ကျန်ရှိသည့်သူများမှာ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် မလျှော့တမ်းလုပ်နိုင်သူ၊ သစ္စာစောင့်သိမှု အတိုင်းအတာတစ်ခုအထိ ရှိသူနှင့် ပြဿနာများကိုဖြေရှင်းရန်အတွက် သမ္မာတရား ရှာဖွေခြင်းကို အလေးထားသူများသာ ဖြစ်၏။ ထိုသူများသည် သူတို့၏ သက်သေခံချက်တွင် အခိုင်အမာ ရပ်တည်နိုင်သောလူစားမျိုး ဖြစ်သည်။ သင်တို့သည် လက်တွေ့ဘဝနှင့် သင်ထမ်းဆောင်သည့် တာဝန်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျင့်သုံးဖို့ သင်ယူကြရမည်ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး အသုံးပြုကာ ထို့နောက်တွင် ပြဿနာနှင့် အခက်အခဲများ ကြုံတွေ့လာချိန်တွင် ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေလော့။ ထို့အပြင် သင်၏ တာဝန်များကို ထမ်းဆောင်သည့်အခါတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားရန် သင်ယူရမည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကိစ္စတိုင်းတွင် အမှုအရာများကို စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားအားထုတ်ရပေမည်။ ဘုရားသခင်ကို ချစ်ခင်ရန် လက်တွေ့လုပ်ဆောင်ခြင်းကို သင်ယူပြီး ဘုရားသခင်ကို ချစ်မြတ်နိုးသော စိတ်နှလုံးဖြင့် သူ၏ဝန်ထုပ်ဝန်ပိုးများကို အလေးထားကာ ဘုရားသခင်ကို စိတ်ကျေနပ်အောင် ပြုလုပ်နိုင်သည့် အခြေအနေအထိ ရောက်ဖို့ သင်ယူရမည်။ ထိုသို့သောသူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခင်သောသူဖြစ်သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သင်တို့သည် သမ္မာတရားကို အပြည့်အဝ နားမလည်သည့်တိုင်အောင် သင်၏တာဝန်များကို ထမ်းဆောင်နိုင်ဆဲဖြစ်မည်။ ပြီးလျှင် သင်တို့၏ အလေးမထားမှုများနှင့် ဝတ်ကျေတမ်းကျေ လုပ်ဆောင်မှုများကို ဖြေရှင်းနိုင်ရုံတင်မက သင်၏ တာဝန်များကို ထမ်းဆောင်သည့်အချိန်တွင်လည်း ဘုရားသခင်ကို ချစ်ခင်ရန်၊ ကျိုးနွံနာခံတတ်ရန်နှင့် စိတ်ကျေနပ်အောင် လုပ်ပေးရန် သင်ယူနိုင်သည်။ ဤသည်မှာ အသက်ဝင်ရောက်ခြင်း၏ သင်ခန်းစာပင်ဖြစ်သည်။ ကိစ္စတိုင်းအတွက် ဤနည်းအတိုင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး စည်းမျဉ်းများနှင့်အညီ ပြုမူနိုင်ပါက သင်သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နေခြင်းဖြစ်ပြီး အသက်ဝင်ရောက်မှုကို ရရှိလိမ့်မည်။ သင်၏တာဝန်များကို ထမ်းဆောင်နေရင်း မည်မျှအလုပ်များနေသည်ဖြစ်စေ အသက်ဝင်ရောက်မှု၏ အသီးအပွင့်များ၊ အသက်တာရှိ ကြီးထွားရင့်ကျက်မှုတို့ကို သင်ရရှိသောအခါနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် ကြိုတင်စီစဉ်မှုများထံ ကျိုးနွံနာခံနိုင်သောအခါ သင်၏တာဝန်များကို ထမ်းဆောင်ရာတွင် ပျော်ရွှင်မှုကို သင်တွေ့လိမ့်မည်။ သင်မည်မျှအလုပ်များနေပါစေ ပင်ပန်းနွမ်းနယ်ခြင်းကို သင်ခံစားရလိမ့်မည်မဟုတ်ပေ။ သင့်စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ အမြဲ ရှိနေလိမ့်မည်ဖြစ်ပြီး အထူးသဖြင့် စိတ်ချမ်းသာပြီး စိတ်တည်ငြိမ်ခြင်းကို ခံစားရလိမ့်မည်။ မည်သည့်အခက်အခဲ ပေါ်ထွက်လာသည်ဖြစ်စေ သမ္မာတရားကို သင်ရှာဖွေသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို ဉာဏ်အလင်းပေးပြီး လမ်းညွှန်ပေးလိမ့်မည်။ ထိုအခါ သင်သည် ဘုရားသခင်၏ ကောင်းချီးကို ရရှိလိမ့်မည်။ ထို့အပြင် သင့်တာဝန်များကို ထမ်းဆောင်သောအခါ သင်အလုပ်များသည်ဖြစ်စေ၊ မများသည်ဖြစ်စေ အခါအားလျော်စွာ သင့်တော်သော လေ့ကျင့်ခန်းနှင့် သင့်တင့်လျောက်ပတ်သော ကျန်းမာကြံ့ခိုင်ရေး လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ဖို့ အရေးကြီးသည်။ ဤအရာက သွေးလည်ပတ်ခြင်းကို အထောက်အကူ ပြုသည်၊ မြင့်မားသော စွမ်းအားအနေအထားများကို ထိန်းသိမ်းရာတွင် ကူညီပေးပြီး အလုပ်ကြောင့် ဖြစ်သောရောဂါအချို့ကို ကာကွယ်ရာတွင် ထိရောက်နိုင်သည်။ ဤသည်က သင့်တာဝန်များကို ကောင်းစွာ ထမ်းဆောင်ခြင်းအတွက် အလွန်ကောင်းကျိုး ဖြစ်စေသည်။ ထို့ကြောင့် သင့်တာဝန်များကို ထမ်းဆောင်သောအခါ သင်သည် သင်ခန်းစာများစွာ ရယူနိုင်ပါက၊ သမ္မာတရားများစွာအကြောင်း နားလည်ခြင်းကို ရနိုင်ပါက၊ ဘုရားသခင်ကို အမှန်တကယ် သိနိုင်ပါက၊ ထို့ပြင် နောက်ဆုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ပါက သင်သည် သူ၏ရည်ရွယ်ချက်များနှင့် လုံးဝ ကိုက်ညီလိမ့်မည်။ ဘုရားသခင်အတွက် ချစ်ခြင်းကို သင်ရရှိနိုင်ပါက၊ သူ့အတွက် သက်သေခံနိုင်ပါက၊ ထို့ပြင် ဘုရားသခင်၏ စိတ်နှလုံး၊ အလိုဆန္ဒတို့နှင့် တညီတညွတ်တည်း ဖြစ်ခြင်းကို ရရှိနိုင်ပါက သူ့ကြောင့် စုံလင်စေခြင်းခံရသော လမ်းကြောင်းကို သင်သည် လျှောက်နေခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရပြီးသော လူတစ်ဦးဖြစ်ပြီး ၎င်းသည် မယုံနိုင်လောက်အောင် ကောင်းချီးခံစားရသော အရာတစ်ခုဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် ရိုးသားစွာ အသုံးခံပါက သင်သည် သူ့ထံမှ အလျှံပယ်ဖြစ်သော ကောင်းချီးများကို သေချာပေါက် ရရှိလိမ့်မည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးမခံသောသူများနှင့် မိမိတို့၏တာဝန်များကို မထမ်းဆောင်သောသူများသည် သမ္မာတရားကို ရနိုင်သလော။ သူတို့သည် ကယ်တင်ခြင်းကို ရရှိနိုင်သလော။ ပြောဖို့ ခက်သည်။ ကောင်းချီးများအားလုံးကို လူတစ်ဦး၏တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းတို့မှတစ်ဆင့်သာ ရနိုင်သည်။ လူတစ်ဦးသည် ဘုရားသခင်၏အမှုတော်ကို မည်သို့တွေ့ကြုံရမည်ကို သိခြင်းသည်လည်းကောင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်း၊ ပြီးလျှင် ပြုပြင်ခြင်းတို့ကို မည်သို့တွေ့ကြုံရမည်ကို သိခြင်းသည်လည်းကောင်း လူတစ်ဦး၏တာဝန်များကို ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်တွင် ပါဝင်လေသည်။ ဤသည်တို့မှာ ကောင်းချီးခံစားရရန် အထိုက်ဆုံးသော အရာများဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားကို ချစ်မြတ်နိုးပြီး လိုက်စားနေသမျှကာလပတ်လုံး နောက်ဆုံးတွင် သမ္မာတရားကို ရလိမ့်မည်၊ မိမိ၏အသက်စိတ်သဘောထားကို ပြောင်းလဲလိမ့်မည်၊ ဘုရားသခင်၏ လက်ခံမှုကို ရလိမ့်မည်၊ ပြီးလျှင် သူ၏ကောင်းချီးပေးခြင်းကို ခံရသောသူတစ်ဦး ဖြစ်လာလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

သင့်တာဝန်၌ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းသည် သော့ချက်ဖြစ်၏ကျူး

အရှေ့သို့- ၁၂။ လူတစ်ယောက်သည် မိမိ၏တာဝန်ကို စံနှုန်းပြည့်မီသော ပုံစံတစ်ခုဖြင့် ထမ်းဆောင်နိုင်သည့် နည်းလမ်း

နောက်တစ်ခုသို့- ၁၄။ တာဝန်ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းကြား ဆက်နွှယ်မှု

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။