၃၀။ ကယ်တင်ခြင်းရယူရန်အတွက် ရိုးသားသူတစ်ယောက် ဖြစ်ရမည့် အကြောင်းအရင်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ငါ၏ နိုင်ငံတော်သည် ရိုးသားသူများနှင့် ကြောင်သူတော် မဟုတ်သူများ သို့မဟုတ် မလှည့်ဖြားသောသူများကို လိုအပ်ပေသည်။ ဟန်ဆောင်မှုကင်းမဲ့ပြီး ရိုးသားစစ်မှန်သောသူတို့သည် ကမ္ဘာလောကတွင် လူကြိုက်နည်းသည် မဟုတ်လော။ ငါသည် တကယ့်ကို ဆန့်ကျင်ဘက် ဖြစ်၏။ ရိုးသားသူများ ငါ့ထံသို့လာရန်မှာ လက်ခံနိုင်ဖွယ် ဖြစ်သည်။ ငါသည် ဤလူစားမျိုးကို အထူးနှစ်သက်သည့်အပြင် ဤလူစားမျိုးကို ငါသည် လိုလည်းလိုအပ်၏။ ဤသည်မှာ ငါ၏ဖြောင့်မတ်ခြင်း အတိအကျ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၃)

ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အစဉ်သဖြင့် ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ဤအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားသူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားခြင်းဟူသည်မှာ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်ခြင်းကို ဆိုလို၏၊ မည်သည့်အရာ၌မဆို ဘုရားသခင်အပေါ် လှည့်ဖြားခြင်းမရှိဘဲ အရာခပ်သိမ်း၌ ကိုယ်တော့်ထံ ပွင့်လင်းခြင်း၊ အဖြစ်မှန်များကို မည်သည့်အခါမျှ မဖုံးကွယ်ခြင်း၊ သင့်အထက်ရှိသူများကို လှည့်ဖြားရန် မကြိုးစားခြင်းနှင့် သင့်အောက်ရှိသူများထံမှ အမှုအရာများကို မဖုံးကွယ်ခြင်း၊ ဘုရားသခင်ကို မျက်နှာလိုမျက်နှာရလုပ်ရန်သာ ကြိုးပမ်းသည့်အရာများကို မလုပ်ဆောင်ခြင်းပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။ ငါပြောသောအရာမှာ အလွန် ရိုးရှင်းသော်ငြားလည်း သင်တို့အတွက် နှစ်ဆ ခက်ခဲနေပေသည်။ လူများစွာမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ ပစ်ချခြင်းကိုသာ ခံလိုကြသည်။ မရိုးသားသောသူများ အတွက် ငါ၌ အခြားကုစားမှုတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ်မကောင်းပေ။ သင်တို့သည် ရိုးသားသောလူများ ဖြစ်ဖို့ မည်မျှ ခက်ခဲသည်ကို ငါကောင်းစွာ သိသည်မှာ မှန်ပေ၏။ အကြောင်းမူကား သင်တို့အားလုံးသည် အလွန် “စဉ်းလဲ” သောကြောင့် သင်တို့၏ ယုတ်ညံ့သောစိတ်နေစိတ်ထားဖြင့် မြင့်မြတ်သူတို့၏ စိတ်နှလုံးကို အကဲဖြတ်လေ့လာရာ၌ အလွန်တော်သောကြောင့် ဤအရာက ငါ၏အလုပ်ကို များစွာ ပို၍လွယ်ကူစေ၏။ ထို့အပြင် သင်တို့တစ်ဦးစီသည် မိမိတို့၏ လျှို့ဝှက်ချက်များကို ရင်ဝယ် ပိုက်ထွေးထားသည့်အတွက် ကောင်းပြီ၊ သင်တို့ တစ်ဦးပြီးတစ်ဦးကို ဘေးအန္တရာယ်သို့ စေလွှတ်၍ မီးဖြင့် “ဆုံးမပဲ့ပြင်ခြင်း” ခံစေမည်၊ ဤသို့ဖြင့် ယင်းနောက်တွင် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ ယုံကြည် လာနိုင်မည်ဖြစ်သည်။ နောက်ဆုံး၌ “ဘုရားသခင်သည် သစ္စာစောင့်သိသော ဘုရားသခင်တစ်ပါး” ဆိုသည့် စကားများကို သင်တို့၏ နှုတ်မှ ငါ ဆွဲနုတ်ယူမည် ဖြစ်ပြီး ထိုအခါတွင် သင်တို့သည် မိမိတို့၏ရင်ကိုထု၍ “လူ၏စိတ်နှလုံးသည် အလွန် လှည့်ဖြားတတ်ပေစွတကား” ဟု မြည်တမ်းကြလိမ့်မည်။ ဤအချိန်တွင် သင်တို့ စိတ်အခြေအနေမှာ အဘယ်သို့ ရှိမည်နည်း။ သင်တို့သည် ယခုကဲ့သို့ မာနဖြင့် မိမိကိုယ်ကို အထင်ကြီးနေကြလိမ့်မည် မဟုတ်သည်မှာ သေချာ၏။ ထို့အပြင် သင်တို့သည် ယခုကဲ့သို့ “သိမ်မွေ့ပြီး နက်နဲ” ရန်မှာ သာ၍ နည်းပေမည်။ ဘုရားသခင်၏ ရှေ့တော်မှောက်၌ အချို့သောသူတို့သည် အလွန် တည်ကြည်သေသပ်စွာ နေကြပြီး အထူးသဖြင့် “အမူအကျင့်ကောင်းမွန်” ကြ၏။ သို့တိုင်အောင် ဝိညာဉ်တော်၏ မျက်မှောက်တော်၌မူကား မိမိတို့၏ အစွယ်များကို ထုတ်ပြ၍ လက်သည်းများကိုလည်း ဝှေ့ယမ်းကြ၏။ ရိုးသားသူများစာရင်းထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မလော။ အကယ်၍ သင်သည် ကြောင်သူတော် တစ်ဦးဖြစ်ပြီး “အပြန်အလှန် ဆက်ဆံရေးများ” အထူးကျွမ်းကျင်ပါက၊ သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့လုပ်ဆောင် ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင့်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို၊ သင်၏ အခက်အခဲများကို ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သင်သည် သမ္မာတရား၏လမ်းခရီးကို ရှာဖွေခြင်း၌ အမှန်တကယ် နှစ်သက်ပါက အလင်း၌ အစဉ်အမြဲ နေထိုင်သောသူတစ်ဦး ဖြစ်၏။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်သိသိ အသိဉာဏ်ရှိရှိ အလုပ်လုပ်လျက်၊ အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန် ဝမ်းမြောက်ပါက၊ သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက် ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကို မမျှော်ကိုးဘဲ၊ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည် နိုင်လျှင်၊ သင်သည် မိမိအတွက် မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။ သင့်အထဲ၌ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော သစ္စာစောင့်သိမှု ရှိမရှိ၊ သင့်ထံ၌ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံမှု မှတ်တမ်းတစ်ခု ရှိမရှိနှင့် ဘုရားသခင်ထံ အကြွင်းမဲ့ကျိုးနွံနာခံခြင်း သင့်၌ ရှိမရှိကို သင် သိသင့်၏။ သင်၌ ဤအရာများ မပိုင်ဆိုင်ပါက သင့်အတွင်း၌ ပုန်ကန်ခြင်း၊ လှည့်ဖြားခြင်း၊ လောဘနှင့် ညည်းညူခြင်းတို့ ကျန်ရှိနေသေး၏။ သင်၏စိတ်နှလုံးသည် ရိုးသားခြင်းမရှိသောကြောင့် သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို မည်သည့်အခါမျှ မခံခဲ့ရသကဲ့သို့ အလင်း၌လည်း မည်သည့်အခါမျှ အသက်မရှင်ခဲ့ဖူးပေ။ လူတစ်ယောက်၏ကံကြမ္မာသည် အဆုံး၌ မည်သို့ဖြစ်မည်ဆိုသည်မှာ သူ့ထံ၌ ရိုးသားမှုနှင့် သွေးသို့နီသော နှလုံးသားရှိ မရှိအပေါ်နှင့် သူ့ထံ၌ စင်ကြယ်သော စိတ်ဝိညာဉ် ရှိမရှိတို့အပေါ်တွင် မူတည်သည်။ သင်သည် အလွန် မရိုးသားသောသူတစ်ဦး၊ အလွန်တရာ မလိုတမာစိတ်ရှိသူတစ်ဦး၊ မစင်ကြယ်သော စိတ်ဝိညာဉ်ရှိသူတစ်ဦး ဖြစ်နေပါက သင်၏ ကံကြမ္မာမှတ်တမ်းတွင် ရေးသားသကဲ့သို့ လူတို့ အပြစ်ဒဏ်ပေးခြင်း ခံရသည့် နေရာတွင် သင် အဆုံးသတ်မည်မှာ သေချာ၏။ သင်သည် အလွန်တရာ ရိုးသားသည်ဟုဆိုသည့်တိုင် သမ္မာတရားနှင့် ညီညွတ်စွာ ပြုမူခြင်း၊ အမှန်တရားနှင့်ဆိုင်သော စကားတစ်ခွန်းကိုမျှ ပြောဆိုခြင်းတို့ကို မည်သည့်အခါမျှ မပြုဖူးပါက သင်သည် ဘုရားသခင်ကို သင့်အား ဆုချစေရန် စောင့်မျှော်နေဆဲ ဖြစ်သလော။ ဘုရားသခင်က သင့်ကို သူ၏ အချစ်မြတ်နိုးဆုံးသူအဖြစ် သတ်မှတ်ရန် စောင့်မျှော်နေသေးသလော။ ယင်းသည် ယုတ္တိမရှိသော တွေးနည်း မဟုတ်လော။ သင်သည် အရာရာ၌ ဘုရားသခင်ကို လှည့်စားသည်၊ ထို့ကြောင့် သင်ကဲ့သို့သော လက်မသန့်ရှင်းသူ တစ်ယောက်ကို ဘုရားသခင်၏အိမ်တော်၌ မည်ကဲ့သို့ နေရာ ပေးနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

ဘုရားသခင်က လူတို့ကို ရိုးသားသင့်သည်ဟု အဘယ်ကြောင့် အစဉ် အလေးပေးပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ရိုးသားခြင်းသည် အလွန်အရေးကြီးသောကြောင့်ဖြစ်သည်။ ယင်းသည် လူတစ်ယောက်က ဘုရားသခင်အား နာခံနိုင်ခြင်းရှိမရှိ၊ ကယ်တင်ခြင်းရရှိနိုင်ခြင်းရှိမရှိနှင့် တိုက်ရိုက်သက်ဆိုင်သည်။ လူအချို့က “ငါသည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သည်။ မကြာခဏ စိတ်ဆိုးပြီး ဖောက်ပြန်ပျက်စီးမှုကို ပြသည်” ဟု ပြောသည်။ အခြားလူများက “ငါသည် အလွန် ပေါ့တန်ပြီး စိတ်ကြီးဝင်သည်။ လူတို့က ငါ့ကို မြှောက်ပင့်ပြောသောအခါ ငါ နှစ်သက်သည်” ဟု ဆိုသည်။ ဤအရာများအားလုံးသည် လူတို့အတွက် အပြင်ပန်းမှ မြင်နိုင်သောအရာများဖြစ်ပြီး အကြီးစားပြဿနာများမဟုတ်ပေ။ ဤအရာများအကြောင်းကို ဆက်၍ ပြောမနေသင့်ပေ။ သင်၏ စိတ်သဘောထား၊ သို့မဟုတ် စရိုက်လက္ခဏာက မည်သို့ရှိသည်ဖြစ်စေ သင်သည် ဘုရားသခင် သတ်မှတ်သည့်အတိုင်း ရိုးသားသူတစ်ယောက်ဖြစ်နိုင်သရွေ့ ကယ်တင်ခြင်းခံရနိုင်သည်။ ထို့ကြောင့် သင်တို့ အဘယ်သို့ထင်သနည်း။ ရိုးသားရန် အရေးကြီးသလော။ ဤသည်မှာ အရေးကြီးဆုံးသောအရာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က သူ၏နှုတ်ကပတ်တော်အခန်းဖြစ်သော သတိပေးချက် သုံးချက်တွင် ရိုးသားခြင်းအကြောင်းကို ပြောခြင်းဖြစ်သည်။ အခြားအခန်းများတွင် ယုံကြည်သူများသည် ပုံမှန်ဝိညာဉ်ရေး အသက်တာနှင့် သင့်တင့်လျောက်ပတ်သော အသင်းတော်အသက်တာရှိသင့်သည်ဟု ဘုရားသခင်က ကြိမ်ဖန်များစွာ ပြောဆိုထားပြီး ယုံကြည်သူများသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်သည်ဆိုသည်ကို သူ ဖော်ပြသည်။ ဤကိစ္စများနှင့်ပတ်သက်သည့် သူ၏ နှုတ်ကပတ်တော်များမှာ အကြမ်းဖျင်းဖြစ်သည်။ အလွန်တိကျစွာ၊ သို့မဟုတ် အလွန်အသေးစိတ်ကျစွာ ဆွေးနွေးထားခြင်းမရှိပေ။ သို့ရာတွင် ဘုရားသခင်က ရိုးသားခြင်းအကြောင်းပြောသောအခါ လူတို့လိုက်လျှောက်ရမည့်လမ်းကြောင်းကို သူ ညွှန်ပြသည်။ လူတို့အား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ဘုရားသခင်က ပြောပြသည်။ ပြီးလျှင် လုံလုံလောက်လောက်ဖြင့် အသေးစိတ်ကျစွာ၊ ရှင်းလင်းစွာ ပြောဆိုသည်။ ဘုရားသခင်က ပြောသည်။ “အကယ်၍ သင့်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို၊ သင်၏ အခက်အခဲများကို ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ။” ရိုးသားခြင်းသည် ကယ်တင်ခြင်းရရှိခြင်းနှင့် ဆက်စပ်နေသည်။ ဤသို့ဆိုလျှင် သင်တို့ အဘယ်သို့ ထင်သနည်း။ ဘုရားသခင်က အဘယ်ကြောင့် လူတို့အား ရိုးသားရန် တောင်းဆိုသနည်း။ ဤသည်မှာ လူသား၏ ကျင့်ကြုံပြုမူခြင်းနှင့်ဆိုင်သော သမ္မာတရားနှင့်ပတ်သက်သည်။ ဘုရားသခင်က ရိုးသားသောသူများကို ကယ်တင်သည်။ သူ၏ နိုင်ငံတော်အတွက် သူအလိုရှိသောသူများမှာ ရိုးသားသောသူများဖြစ်သည်။ သင်သည် လိမ်ညာ၊ လှည့်စားမှုများကို လုပ်ဆောင်နိုင်စွမ်းရှိလျှင် လှည့်ဖြား၊ ကောက်ကျစ်ပြီး မသိမသာ ဒုက္ခပေးသောသူတစ်ယောက်ဖြစ်သည်။ ရိုးသားသောသူတစ်ယောက်မဟုတ်ပေ။ ရိုးသားသူတစ်ယောက်မဟုတ်လျှင် ဘုရားသခင်က သင့်အား ကယ်တင်မည့် အခွင့်အရေးမရှိသကဲ့သို့ သင်သည်လည်း ကယ်တင်ခြင်းခံရရန် မဖြစ်နိုင်ပေ။ သင်က ယခုတွင် အလွန်ဘာသာတရားကိုင်းရှိုင်းကြောင်း၊ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်းမရှိကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် အဖိုးအခပေးဆပ်နိုင်ကြောင်း သို့မဟုတ် ဧဝံဂေလိ ဖြန့်ဝေနိုင်ပြီး လူများစွာကို ပြောင်းလဲစေနိုင်ကြောင်း သင် ပြောသည်။ သို့သော် သင်သည် မရိုးသားပေ။ လှည့်ဖြားဆဲဖြစ်ပြီး လုံးဝ မပြောင်းလဲပေ။ ထို့ကြောင့် ကယ်တင်ခြင်းခံရနိုင်သလော။ လုံးဝ မခံရနိုင်ပေ။ ထို့ကြောင့် ကယ်တင်ခြင်းခံရရန်အတွက် ရှေးဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သတ်မှတ်ချက်များနှင့်အညီ ရိုးသားရမည်ဆိုသည်ကို ဤဘုရားနှုတ်ကပတ်တော်များက လူတိုင်းအား သတိပေးသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖွင့်ဟရမည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ ရည်ရွယ်ချက်များ၊ လျှို့ဝှက်ချက်များကို ချပြရမည်ဖြစ်ပြီး အလင်း၏ လမ်းခရီးကို ရှာဖွေရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်

ရိုးသားသောသူတစ်ဦးဖြစ်ခြင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသည့် လူတစ်ဦးဖြစ်ခြင်းကို ဆိုလိုသည်။ ယုံကြည်စိတ်ချရသည့်သူတစ်ဦး၊ ဘုရားသခင်က ချစ်သည့်သူတစ်ဦးနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို ချစ်သည့် သူတစ်ဦးဖြစ်ခြင်းကို ဆိုလိုသည်။ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းသည် ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းနှင့် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်းတို့၏ အခြေခံအကျဆုံး သရုပ်သကန်ဖြစ်သည်။ တစ်စုံတစ်ဦးသည် မည်သည့်အခါမျှ မရိုးသားဖူးပါက သို့မဟုတ် ရိုးသားရန် မစဉ်းစားခဲ့ဖူးပါက သူသည် သမ္မာတရားကို ရရှိဖို့မဆိုထားနှင့်၊ သမ္မာတရားကို နားမလည်နိုင်သူဖြစ်သည်။ ငါ ပြောသည်ကို မယုံကြည်လျှင် သင့်ဘာသာ သွား၍ ကြည့်လော့၊ သို့မဟုတ် သင့်ဘာသာ ဤအရာကို သွား၍ ကြုံတွေ့လော့။ ရိုးသားသူတစ်ယောက် ဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟနိုင်ကာ သမ္မာတရားကို လက်ခံနိုင်သည့်အပြင် သမ္မာတရားက သင်၏ စိတ်နှလုံးထဲတွင် သင်၏အသက်ဖြစ်လာနိုင်၍ သမ္မာတရားကို သင်နားလည်နိုင်ပြီး ရရှိနိုင်သည်။ သင်၏ စိတ်နှလုံးသည် အမြဲ ပိတ်လျက်ရှိနေပြီး သင်ဖွင့်ဟပြောဆိုခြင်းမရှိ သို့မဟုတ် သင့်စိတ်နှလုံးထဲရှိသောအရာကို မည်သူ့ကိုမျှ မပြောလျှင်၊ သင် ပွင့်ပွင့်လင်းလင်း မပြောဆိုသည်မှာ မည်သူကမျှ သင့်ကို နားမလည်နိုင်သည်အထိဖြစ်လျှင် သင်၏ အကာအဆီးမှာ ထူလွန်းပြီး သင်သည် လူတို့တွင် အလှည့်စားဆုံးဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် ဘုရားသခင်ထံ မိမိကိုယ်ကို သက်သက် မဖွင့်ဟနိုင်လျှင်၊ သင်သည် ဘုရားသခင်ကို လှည့်စားရန် ဘုရားသခင်ကို လိမ်ညာနိုင်လျှင်၊ သို့မဟုတ် ချဲ့ကားပြောဆိုနိုင်လျှင်၊ သင်သည် ဘုရားသခင်ထံ သင်၏ စိတ်နှလုံးကို ဖွင့်ဟနိုင်စွမ်းမရှိလျှင်၊ လှည့်ပတ်ပြောဆိုပြီး သင်၏ ရည်ရွယ်ချက်များကို ဖုန်းကွယ်နိုင်သေးလျှင် သင့်ကိုယ်သင်သာ ထိခိုက်စေလိမ့်မည်။ ဘုရားသခင်က သင့်အား လျစ်လျူရှုပြီး သင်၌ အလုပ်လုပ်မည် မဟုတ်ချေ။ သင်က မည်သည့် သမ္မာတရားကိုမျှ နားလည်မည်မဟုတ်ပေ။ မည်သည့် သမ္မာတရားကိုမျှ ရရှိမည်မဟုတ်ပေ။ ယခုတွင် သမ္မာတရားကို လိုက်စားခြင်းနှင့် ရရှိခြင်း၏ အရေးပါမှုကို သင်တို့ မြင်ပြီးဖြစ်သလော။ သမ္မာတရားကို လိုက်စားရန် ပထမဆုံး သင် လုပ်ဆောင်သင့်သည့် အရာသည် မည်သည့်အရာဖြစ်သနည်း။ သင်သည် ရိုးသားသော လူတစ်ဦး ဖြစ်သင့်သည်။ လူတို့သည် ရိုးသားဖို့ လိုက်စားကြမှသာ ၎င်းတို့ မည်မျှ အလွန်အမင်း ဖောက်ပြန်ပျက်စီးသည်ကိုဖြစ်စေ၊ ၎င်းတို့၌ လူသားသဏ္ဌာန် အမှန်တကယ်ရှိသည်၊ မရှိသည်ကိုဖြစ်စေ သိနိုင်ပြီး မိမိတို့၏ တကယ့်အခြေအနေကို ရှင်းလင်းစွာ သိရှိနိုင်သည်၊ သို့မဟုတ် ၎င်းတို့၏ အားနည်းချက်များကို မြင်နိုင်ပေသည်။ ရိုးသားခြင်းကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နေသည့် အခါမှသာ ၎င်းတို့ မုသားများ မည်မျှပြောဆိုပြီး ၎င်းတို့၏ လှည့်ဖြားခြင်းနှင့် လိမ်လည်လှည့်စားခြင်းတို့ မည်မျှ နက်ရှိုင်းစွာ ကွယ်ဝှက်ထားသည်ကို သိလာနိုင်ပေသည်။ ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်သည့် အတွေ့အကြုံမှတစ်ဆင့်သာ လူတို့သည် ၎င်းတို့ ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် အမှန်တရားကို တဖြည်းဖြည်းချင်း သိလာနိုင်ပြီး ၎င်းတို့ ကိုယ်တိုင်၏ သဘာဝအနှစ်သာရကို သိရှိနိုင်ကာ ထိုအခါမှသာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် စဉ်ဆက်မပြတ် သန့်စင်ခံရလိမ့်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ စဉ်ဆက်မပြတ် သန့်စင်ခံရခြင်း ဖြစ်စဉ်တွင်သာ လူတို့သည် သမ္မာတရားကို ရရှိနိုင်ကြမည်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို သင်တို့ အချိန်ယူ၍ တွေ့ကြုံခံစားလော့။ ဘုရားသခင်သည် လှည့်ဖြားတတ်သောသူများကို မစုံလင်စေပေ။ သင်၏စိတ်နှလုံး မရိုးဖြောင့်ပါက၊ သင်သည် ရိုးသားသောသူတစ်ဦးဖြစ်ရန် မကြိုးစားပါက သင်သည် ဘုရားသခင်၏ ရယူခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။ ထိုနည်းတူ သင်သည် သမ္မာတရားကို ရရှိလိမ့်မည်မဟုတ်သည့်အပြင် ဘုရားသခင်ကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို မရလျှင် မည်သည့်အဓိပ္ပာယ်ရသနည်း။ သင်သည် ဘုရားသခင်ကို မရရှိဘဲ သင်သည် သမ္မာတရားကို နားမလည်လျှင် ဘုရားသခင်ကို သင်သိမည်မဟုတ်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်နှင့် သဟဇာတ ဖြစ်နိုင်ချေရှိမည်မဟုတ်ပေ။ ဤဖြစ်ရပ်တွင် သင်သည် ဘုရားသခင်၏ ရန်သူဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်လျှင် ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်ပေ။ ဘုရားသခင်သည် သင်၏ ဘုရားသခင်မဟုတ်လျှင် သင်သည် ကယ်တင်ခြင်း မခံရနိုင်ပေ။ သင်သည် ကယ်တင်ခြင်းကို ရယူရန် မလိုက်စားလျှင် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်သနည်း။ သင်သည် ကယ်တင်ခြင်း မရနိုင်ပါက သင်သည် ဘုရားသခင်၏နာကြည်းသော ရန်သူတစ်ဦး ထာဝရဖြစ်ပြီး သင်၏ အဆုံးသတ် ချမှတ်ခံရလိမ့်မည်။ ထို့ကြောင့် လူတို့သည် ကယ်တင်ခံရရန် ဆန္ဒရှိကြပါက ရိုးသားသောလူများ ဖြစ်ခြင်းဖြင့် စတင်ရမည်။ အဆုံးတွင် ဘုရားသခင်၏ ရယူခြင်းခံရမည့်သူတို့သည် အမှတ်လက္ခဏာတစ်ခုခု ရှိလေသည်။ ယင်းမှာ မည်သည့်အရာဖြစ်သည်ကို သင် သိသလော။ ယင်းကို သမ္မာကျမ်းစာထဲက ဗျာဒိတ်ကျမ်းတွင် ရေးသားထားသည်။ “အပြစ်နှင့် ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။” (ဗျာဒိတ်ကျမ်း ၁၄:၅) သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့ “သူတို့” ဆိုသည်မှာ မည်သူများဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း၊ စုံလင်စေခြင်း ခံရပြီး ရယူခြင်းခံရသူများ ဖြစ်သည်။ ဤလူများကို ဘုရားသခင်က မည်သို့ ဖော်ပြသနည်း။ ၎င်းတို့ အပြုအမူ၏ ထူးခြားသော လက္ခဏာများနှင့် ဖော်ပြချက်များမှာ အဘယ်နည်း။ ၎င်းတို့သည် အပြစ်နှင့်ကင်းလွတ်ကြသည်။ မုသားများ မပြောကြပေ။ မုသားများ မပြောဆိုခြင်းက မည်သည့်အရာ ဆိုလိုသည်ကို သင်တို့အားလုံး နားလည်သဘောပေါက်ခြင်း ရှိကောင်းရှိနိုင်သည်။ ယင်းမှာ ရိုးသားခြင်းကို ဆိုလိုပေသည်။ “အပြစ်ကင်းလွတ်ခြင်း”သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ မကောင်းမှုကို မလုပ်ခြင်းကို ဆိုလိုသည်။ မကောင်းမှုကို မလုပ်ခြင်းသည် မည်သည့် အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသနည်း။ ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသည်မှာ သံသယ ရှိစရာမလိုပေ။ ထို့ကြောင့် အပြစ်ကင်းလွတ်ခြင်းသည် ဘုရားကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းကို ဆိုလိုသည်။ အပြစ်နှင့် ကင်းလွတ်သူတစ်ဦးအား ဘုရားသခင်က မည်သို့ သတ်မှတ်ထားသနည်း။ ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူတို့သာ စုံလင်သည်။ ထို့ကြောင့် အပြစ်ကင်းလွတ်သောသူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူများဖြစ်သည်။ စုံလင်သောသူတို့သည်သာ အပြစ်ကင်းလွတ်သည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်။...သင်သည် ကြီးထွားရင့်ကျက်မှုကို တွေ့ကြုံနှင့်ပြီးသားဖြစ်သည်ဟု ခံစားရသော်လည်း သင်၏ မုသားများ လုံးဝ လျော့နည်းမသွားသေးသကဲ့သို့ သင်သည် အခြေခံအားဖြင့် ဘာသာတရားမရှိသူတစ်ဦးကဲ့သို့ ဖြစ်ပါက ဤသည်မှာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း၏ ပုံမှန် သရုပ်သကန်တစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) တစ်စုံတစ်ဦးသည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသည့်အခါ ၎င်းတို့သည် အနည်းဆုံးအနေဖြင့် မုသားများကို များစွာ လျှော့ပြောကြလိမ့်မည်။ ၎င်းတို့သည် အခြေခံအားဖြင့် ရိုးသားသောလူတစ်ဦး ဖြစ်လိမ့်မည်။ သင်သည် အလွန် လိမ်ညာလွန်းပြီး သင်၏ စကားများသည် အလွန်မသန့်စင်လွန်းပါက ဤသည်မှာ သင်သည် လုံးဝ မပြောင်းလဲသေးသကဲ့သို့ ရိုးသားသော လူတစ်ဦး မဖြစ်သေးကြောင်း သက်သေပြပေသည်။ သင်သည် ရိုးသားသော လူတစ်ဦးမဟုတ်ပါက အသက်ဝင်ရောက်မှု မရှိပေ။ ထို့ကြောင့် မည်သည့် ကြီးထွားရင့်ကျက်မှုကို သင် တွေ့ကြုံနိုင်သနည်း။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပကတိအတိုင်း ရှိနေဆဲဖြစ်ပြီး သင်သည် ဘာသာတရားမရှိသူတစ်ဦးနှင့် နတ်ဆိုးတစ်ဦး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်တာ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု

လူတို့အား ရိုးသားကြရန် ဘုရားသခင် တောင်းဆိုခြင်းမှာ သူသည် လှည့်ဖြားတတ်သောသူများကို အမှန်တကယ် စက်ဆုပ်ရွံရှာကြောင်းနှင့်၊ ၎င်းတို့ကို မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လှည့်ဖြားတတ်သောသူများကို ဘုရားသခင်၏ မနှစ်သက်ခြင်းသည် အမှုအရာများကို သူတို့၏ ပြုမူပုံများ၊ သူတို့၏ စိတ်သဘောထားများ၊ ပြီးလျှင် သူတို့၏ ရည်ရွယ်ချက်များနှင့် လှည့်ဖြားခြင်းနည်းလမ်းများကိုလည်း မနှစ်သက်ခြင်းပင် ဖြစ်၏။ ဘုရားသခင်သည် ဤအရာအားလုံးကို နှစ်သက်ခြင်း မရှိချေ။ လှည့်ဖြားတတ်သောသူများသည် သမ္မာတရားကို လက်ခံနိုင်၍ မိမိတို့၏ လှည့်ဖြားတတ်သော စိတ်သဘောထားကို ဝန်ခံပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် လိုလားပါက ထိုသူတို့၌လည်း ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် ရှိကြ၏။ အကြောင်းမူကား ဘုရားသခင်သည် မည်သူ့ကိုမျှ ဘက်မလိုက်သည့်အပြင် သမ္မာတရားသည်လည်း ဘက်လိုက်ခြင်း မရှိသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ ငါတို့သည် ဘုရားသခင်ကို ကျေနပ်စေသောသူများ ဖြစ်လိုသည်ရှိသော် ရှေးဦးစွာ မိမိတို့၏ ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းများကို ပြောင်းလဲရမည်၊ စာတန်၏ အတွေးအခေါ်များအတိုင်း အသက်ရှင်နေထိုင်ခြင်းကို ရပ်တန့်ရမည်၊ မိမိတို့၏ ဘဝများကို အသက်ရှင်နေထိုင်ရန် လိမ်လည်ခြင်းနှင့် လှည့်ဖြားခြင်းကို အမှီပြုခြင်းအား ရပ်တန့်ပြီး မိမိတို့၏ လိမ်လည်မှုအားလုံးကို စွန့်ပယ်ကာ ရိုးသားသောသူများ ဖြစ်လာရန် ကြိုးစားရမည်။ ထိုအခါ ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ အမြင်သည် ပြောင်းလဲလိမ့်မည်။ ယခင်က လူတို့သည် အခြားလူများကြား၌ နေထိုင်စဉ်တွင် မုသားများ၊ ဟန်ဆောင်မှု၊ လှည့်ဖြားခြင်းတို့ကို အစဉ် အားကိုးပြီး စာတန်ဆန်သော အတွေးအခေါ်များကို ၎င်းတို့၏ ဖြစ်တည်မှု အခြေခံအဖြစ်၊ ၎င်းတို့၏ အသက်အဖြစ်၊ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံအုတ်မြစ်အဖြစ် မှတ်ယူခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်သောအရာတစ်ခု ဖြစ်သည်။ ဘာသာတရားမရှိသောသူများကြားတွင် သင်က ရိုးသားသူတစ်ဦးဖြစ်အောင် ကြိုးစားပြီး အမှန်တရားကို ပြောလျှင် သင်သည် အသရေဖျက်ခံရမည်၊ ဝေဖန်အပြစ်တင်ခံရပြီး ငြင်းပယ်ခြင်းခံရမည်။ ထို့ကြောင့် သင်က လောကီရေပန်းစားမှုများနောက်သို့ လိုက်သည်။ စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်သည်။ လိမ်ညာခြင်းတွင် ပိုပို၍ ကျွမ်းကျင်လာသည်။ ပိုပို၍ လှည့်ဖြားလာသည်။ သင်၏ ပန်းတိုင်များကို ရရှိပြီး ထိုသို့ဖြင့် မိမိကိုယ်ကို ကာကွယ်ရန်အတွက် ကောက်ကျစ်စဉ်းလဲသော နည်းများကိုလည်း အသုံးပြုသည်။ စာတန်၏ ကမ္ဘာတွင် သင်သည် ပိုပို၍ ကြီးပွားချမ်းသာလာသည်။ ရလဒ်အနေဖြင့် သင်သည် အပြစ်ထဲသို့ ပို၍ပို၍ ကျဆင်းကာ မိမိကိုယ်မိမိ ကယ်မထုတ်နိုင်တော့ပေ။ ဘုရားသခင်၏ အိမ်တော်၌မူ အခြေအနေများသည် လုံးဝ ဆန့်ကျင်ဘက် ဖြစ်၏။ သင်သည် လိမ်လည်ခြင်းနှင့် လှည့်ဖြားခြင်း၌ ပို၍ ကျွမ်းကျင်လေလေ၊ ဘုရားသခင် ရွေးချယ်ထားသောလူများက သင်တို့ကို ပို၍ အလွန်အမင်း မနှစ်မြို့ဘဲ ပစ်ပယ်ကြလေလေ ဖြစ်လိမ့်မည်။ သင်သည် နောင်တရရန် ငြင်းဆန်ပြီး စာတန်ဆန်သော အတွေးအခေါ်များနှင့် ကျိုးကြောင်းဆင်ခြင်မှုများကို ဆက်လက်ဖက်တွယ်ထားကာ မိမိကိုယ်ကို ဖုံးကွယ်ရန်နှင့် ဟန်ဆောင်ရန်အလို့ငှာ အကြံအစည်များ၊ ပရိယာယ်များနှင့် ပါးနပ်သော နည်းဗျူဟာများကိုလည်း အသုံးပြုပါက သင်တို့သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရနိုင်ချေ အလွန်ရှိ၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က လှည့်ဖြားတတ်သောသူများကို စက်ဆုပ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ရိုးသားသောသူတို့သာ ကြီးပွားနိုင်ပြီး လှည့်ဖြားသောသူအားလုံးတို့သည် နောက်ဆုံးတွင် ငြင်းပယ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ ဤအရာကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသည်မှာ ကြာပြီဖြစ်၏။ ရိုးသားသောသူတို့သည်သာ ကောင်းကင်နိုင်ငံတော်တွင် ဝေစုကို ရရှိနိုင်သည်။ သင်သည် ရိုးသားသောသူတစ်ယောက်ဖြစ်ဖို့ မကြိုးစားလျှင်၊ သမ္မာတရားကို လိုက်စားသည့် ဦးတည်ချက်ဖြင့် တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင်၊ သင်၏ ကိုယ်ပိုင် အကျည်းတန်မှုကို ဖော်ထုတ်ပြီး မိမိကိုယ်ကို အရှိကိုအရှိအတိုင်း မဖွင့်ချလျှင် သင်သည် မည်သည့်အခါမျှ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို လက်ခံရရှိပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

သင်၏ကံတရား အဘယ်အရာဖြစ်မည်ကို သင်သိသလောကျူး

အရှေ့သို့- ၂၉။ ရိုးသားသော လူတစ်ဦးဆိုသည်မှာ အဘယ်အရာဖြစ်ပြီး ဘုရားသခင်သည် လူများကို ရိုးသားဖို့ တောင်းဆိုရသည့် အကြောင်းအရင်း

နောက်တစ်ခုသို့- ၃၁။ ရိုးသားသူတစ်ယောက်ဖြစ်ရန် လက်တွေ့လုပ်ဆောင်နည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ သို့မဟုတ် မြင်နိုင်ခြင်း မရှိသကဲ့သို့ လူသားသည်...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။