၂၇။ ကောင်းသောအပြုအမူနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကြား ကွာခြားမှု
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
စိတ်သဘောထား ပြောင်းလဲခြင်းသည် အဓိကအားဖြင့် လူတစ်ယောက်၏ သဘာဝ ပြောင်းလဲခြင်းကို ညွှန်းဆိုသည်။ လူတစ်ယောက်၏ သဘာဝနှင့် သက်ဆိုင်သော အရာများကို ပြင်ပအပြုအမူများဖြင့် မသိမြင်နိုင်ပေ။ ထိုအရာများသည် သူ့ဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်အပြင် ဘဝအပေါ် သူ၏ အမြင်နှင့်လည်းကောင်း၊ သူ၏ စံနှုန်းများနှင့်လည်းကောင်း တိုက်ရိုက်ဆက်နွှယ်နေသည်။ ထိုအရာများတွင် သူ၏ ဝိညာဉ်အတွင်းပိုင်း၌ ရှိသောအရာများနှင့် သူ၏ အနှစ်သာရတို့ ပါဝင်သည်။ လူတစ်ယောက်က သမ္မာတရားကို လက်မခံနိုင်လျှင် ဤကဏ္ဍများတွင် ပြောင်းလဲမှုကို ကြုံရမည် မဟုတ်ပေ။ ဘုရားအမှုတော်ကို တွေ့ကြုံခြင်း၊ သမ္မာတရားသို့ အပြည့်အဝ ဝင်ရောက်ခြင်း၊ မိမိ၏ စံနှုန်းများကို ပြောင်းလဲခြင်း၊ ဖြစ်တည်မှုနှင့် ဘဝအပေါ် မိမိ၏ အမြင်များကို ပြောင်းလဲခြင်း၊ အမှုအရာများအပေါ် မိမိ၏ အမြင်များကို ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီစေခြင်း၊ ဘုရားသခင်အပေါ် အပြည့်အဝ နာခံနိုင်စွမ်းနှင့် သစ္စာစောင့်သိနိုင်စွမ်း ရှိလာခြင်းတို့အားဖြင့်သာ မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ လက်ရှိတွင် သင်သည် သင်၏တာဝန်ကို ထမ်းဆောင်စဉ်တွင် ဆင်းရဲဒုက္ခကို ရင်ဆိုင်ရသောအခါ အနည်းငယ် အားစိုက်ထုတ်ပြီး ကြံ့ကြံ့ခံနိုင်သည့်ပုံစံ ရှိနိုင်သည်။ အထက်မှလာသော အလုပ်အစီအစဉ်များကို ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သည်။ သို့မဟုတ် သင့်ကို သွားခိုင်းသည့် မည်သည့်နေရာကိုမဆို သင် သွားကောင်းသွားနိုင်သည်။ အပေါ်ယံတွင် သင်သည် အတော်အတန် နာခံခြင်းရှိသည့် ပုံစံရှိနိုင်သည်။ သို့သော် သင်၏ အယူအဆများနှင့် မကိုက်သောအရာတစ်ခုခု ဖြစ်ပျက်သောအခါ သင်၏ ပုန်ကန်ခြင်းက ထွက်ပေါ်လာတော့သည်။ ဥပမာ သင်သည် ပြုပြင်ခြင်းကို ကျိုးနွံနာခံခြင်း မရှိပေ။ ကပ်ဘေးကျရောက်သောအခါ သင်သည် ပို၍ပင် နာခံခြင်းမရှိပေ။ ဘုရားသခင်ကိုပင် စောဒကတက်ရဲသည်။ ထို့ကြောင့် အပြင်ပန်းတွင်ရှိသော ထိုကျိုးနွံနာခံခြင်းနှင့် ပြောင်းလဲခြင်း အနည်းငယ်သည် အပြုအမူပြောင်းလဲခြင်း အနည်းငယ်သာဖြစ်သည်။ ပြောင်းလဲခြင်း အနည်းငယ် ရှိသော်လည်း ယင်းကို သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းအဖြစ် မှတ်ယူဖို့ မလုံလောက်ပေ။ သင်သည် လမ်းကြောင်းများစွာကို လျှောက်သွားကောင်း လျှောက်သွားနိုင်မည်။ ဆင်းရဲဒုက္ခများစွာကို ခံစားကောင်း ခံစားနိုင်မည်။ ကြီးစွာသော အရှက်ရခြင်းကို တောင့်ခံကောင်း တောင့်ခံနိုင်မည်။ ဘုရားသခင်နှင့် အလွန်နီးကပ်သည်ဟု သင်ခံစားကောင်း ခံစားရနိုင်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အပေါ်တွင် အလုပ်အချို့ လုပ်ကောင်း လုပ်နိုင်မည်။ သို့ရာတွင် သင်၏ အယူအဆများနှင့် မညီသော အရာတစ်ခုကို လုပ်ဆောင်ရန် ဘုရားသခင်က သင့်အား တောင်းဆိုသောအခါ သင်သည် နာခံခြင်းမရှိဘဲ ဖြစ်နေနိုင်သည်။ ထိုအစား သင်သည် ဆင်ခြေများ ရှာနိုင်သည်။ ဘုရားသခင်ကို ပုန်ကန်ပြီး အာခံနိုင်သည်။ အခြေအနေဆိုးလျှင် ဘုရားသခင်ကို မေးခွန်းထုတ်ပြီး ပြန်လည်တိုက်ခိုက်ခြင်းပင် ပြုနိုင်သည်။ ဤသို့ဆိုလျှင် အလွန်ဆိုးသော ပြဿနာဖြစ်လိမ့်မည်။ သင့်တွင် ဘုရားသခင်ကို အာခံသော သဘာဝရှိသေးသည်ကိုလည်းကောင်း၊ သမ္မာတရားကို သင်အမှန်တကယ် နားမလည်သည်ကိုလည်းကောင်း၊ သင်၏အသက်စိတ်သဘောထား ပြောင်းလဲခြင်း လုံးဝမရှိသေးသည်ကိုလည်းကောင်း ပြလိမ့်မည်။ လူအချို့သည် အထုတ်ခံရပြီးနောက်၊ သို့မဟုတ် ရှင်းလင်းခံရပြီးနောက်တွင် ဘုရားသခင်ကို ဝေဖန်အပြစ်တင်ခြင်းပင် ပြုရဲသေးပြီး ဘုရားသခင်က ဖြောင့်မတ်ခြင်းမရှိဟုပင် ပြောရဲကြသေးသည်။ ၎င်းတို့သည် ဘုရားသခင်ကို ငြင်းခုံခြင်းနှင့် ပြန်လည်တိုက်ခိုက်ခြင်းပင် ပြုကြသည်။ ၎င်းတို့သွားသည့် နေရာတိုင်းတွင် ဘုရားသခင်အပေါ် ၎င်းတို့၏ အယူအဆများနှင့် ဘုရားသခင်အပေါ် မကျေနပ်မှုများကို ဖြန့်ဝေသည်။ ဤသို့သောသူများသည် ဘုရားသခင်ကို အာခံသည့် နတ်ဆိုးများဖြစ်သည်။ နတ်ဆိုးဆန်သော သဘာဝရှိသည့် သူများသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်၍ စွန့်ပစ်ခြင်းခံရသင့်သည်။ အခြေအနေတိုင်းတွင် သမ္မာတရားကို ရှာဖွေနိုင်ပြီး လက်ခံနိုင်သောသူများ၊ ဘုရားသခင်၏ အမှုတော်ကို နာခံနိုင်သောသူများသာ သမ္မာတရားကို ရရှိပြီး စိတ်သဘောထားပြောင်းလဲမှုကို ရရှိရန် မျှော်လင့်ချက်ရှိသည်။ သင်၏ အတွေ့အကြုံများတွင် အပြင်ပန်း၌ သာမန်ပုံစံရှိသော အခြေအနေများကြား ပိုင်းခြားသိမြင်တတ်ရန် သင်ယူရမည်။ သင်သည် ဆုတောင်းစဉ်တွင် ရှိုက်ငိုခြင်း၊ ငိုယိုခြင်း ရှိနိုင်သည်။ သို့မဟုတ် သင်၏ စိတ်နှလုံးက ဘုရားသခင်ကို အလွန်ချစ်သည်၊ ဘုရားသခင်နှင့် အလွန်နီးစပ်သည်ဟု ခံစားရနိုင်သည်။ သို့တိုင်အောင် ဤအခြေအနေများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုသာဖြစ်ပြီး သင်က ဘုရားသခင်ကို ချစ်သောသူဖြစ်သည်ဟု မညွှန်ပြပေ။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်ခြင်း မရှိသည့် အချိန်တွင်ပင်၊ သင်၏ ကိုယ်ပိုင်အယူအဆများနှင့် မကိုက်ညီသော အရာများကို ဘုရားသခင် လုပ်ဆောင်သောအခါတွင်ပင် ဘုရားသခင်ကို ချစ်ပြီး ကျိုးနွံနာခံနိုင်ဆဲ ဖြစ်လျှင် ထိုအခါမှသာ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူ ဖြစ်သည်။ ထိုအခါမှသာ သင်သည် အသက်စိတ်သဘောထား ပြောင်းလဲပြီးသောသူဖြစ်သည်။ ဤသူကသာ သမ္မာတရား စစ်မှန်မှုရှိသောသူ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ
စိတ်သဘောထား ပြောင်းလဲခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် သမ္မာတရားကို ချစ်မြတ်နိုးသူတစ်ဦးက ဘုရားသခင်၏အမှုကို ကြုံတွေ့နေစဉ် ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံပြီး အမျိုးမျိုးသော ဒုက္ခဆင်းရဲနှင့် စစ်ဆေးမှုများကို ကြုံရသောအခါ၌ ဖြစ်ပေါ်လာသည်။ ဘုရားသခင်ကို နောက်ထပ် မည်သည့်အခါမျှ ပုန်ကန်ခြင်း သို့မဟုတ် ခုခံခြင်း မပြုတော့ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ စီစဉ်ညွှန်ကြားမှုများနှင့် စီမံမှုများအားလုံးကို နာခံနိုင်ဖို့အလို့ငှာ ထိုသို့သော လူတစ်ဦးသည် သူ့အတွင်းရှိ စာတန်ဆန်သော အဆိပ်အတောက်များ သန့်စင်ခံရပြီး သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လုံးလုံးလျားလျား ဖယ်ရှားလေသည်။ ဤသည်မှာ စိတ်သဘောထား ပြောင်းလဲခြင်းပင် ဖြစ်သည်။...စိတ်သဘောထား ပြောင်းလဲခြင်းဆိုသည်မှာ လူတစ်ယောက်သည် သမ္မာတရားကို ချစ်မြတ်နိုး၍ လက်ခံနိုင်သဖြင့် ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်သည့် သူ၏ သဘာဝဗီဇအား နောက်ဆုံးတွင် သိရှိလာခြင်းကို ဆိုလိုသည်။ လူသားများသည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေသည်ကို သူနားလည်သည်။ လူသားမျိုးနွယ်၏ အဓိပ္ပာယ်မဲ့မှုနှင့် လိမ်လည်လှည့်ဖြားမှု၊ လူသားမျိုးနွယ်၏ စုတ်ချာပြီး သနားစရာကောင်းသည့် အခြေအနေကို သူနားလည်သည်။ ဤသို့ဖြင့် နောက်ဆုံးတွင် လူသားမျိုးနွယ်၏ သဘာဝနှင့် အနှစ်သာရကို သူနားလည်လာသည်။ ဤအရာအားလုံးကို သိခြင်းဖြင့် သူသည် မိမိကိုယ်ကို လုံးဝ ပုန်ကန်ပြီး ပစ်ပယ်လာနိုင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ နေထိုင်ပြီး အရာခပ်သိမ်းတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို သိကျွမ်းသောသူတစ်ဦး ဖြစ်ပြီး စိတ်သဘောထား ပြောင်းလဲပြီးသောသူတစ်ဦး ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း
စိတ်သဘောထား အပြောင်းအလဲများနှင့် အပြုအမူအပြောင်းအလဲများသည် အနှစ်သာရအားဖြင့် ကွဲပြားပြီး လက်တွေ့လုပ်ဆောင်မှု အပြောင်းအလဲများနှင့်လည်း ကွဲပြားသည်၊ ၎င်းတို့အားလုံးသည် အနှစ်သာရအားဖြင့် ကွဲပြားကြသည်။ လူအများစုသည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း၌ အပြုအမူအပေါ် အထူးအသားပေးကြသည်၊ ယင်း၏ရလဒ်ကြောင့် ၎င်းတို့၏ အပြုအမူ၌ အချို့သော အပြောင်းအလဲများ ဖြစ်ပေါ်လေသည်။ ဘုရားသခင်ကို ၎င်းတို့ စတင် ယုံကြည်ပြီးသည့်နောက်၊ ၎င်းတို့သည် ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်း မရှိတော့သကဲ့သို့ ဆုံးရှုံးမှုတစ်ခု ခံစားရချိန်တွင် သည်းခံမှုကျင့်သုံးဖို့ ပိုနှစ်သက်လျက် အခြားသူများနှင့် မဖက်ပြိုင်တော့ချေ။ အပြုအမူဆိုင်ရာ ပြောင်းလဲမှုအချို့ကို ၎င်းတို့ ကြုံရသည်။ လူအချို့က ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်နှင့်တစ်ပြိုင်နက် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရွတ်ခြင်းအားဖြင့် သမ္မာတရားကို နားလည်သည်ဟု ခံစားကြရသည်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို တွေ့ကြုံပြီးဖြစ်ကာ ၎င်းတို့ကို အထူးသဖြင့် စိတ်အားထက်သန်စေလျက် မိမိတို့စိတ်နှလုံးတွင် စစ်မှန်သော မွေ့လျော်မှုရှိကြသည်။ ၎င်းတို့မစွန့်လွှတ်နိုင်သော၊ သို့မဟုတ် ဒုက္ခဆင်းရဲမခံနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိပေ။ သို့သော် ရှစ်နှစ်၊ ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်၊ သို့မဟုတ် အနှစ်သုံးဆယ်ပင် ယုံကြည်ပြီးသည့်နောက်တွင် ၎င်းတို့၏ အသက်စိတ်သဘောထားများ၌ အပြောင်းအလဲ မရှိခဲ့သောကြောင့် ၎င်းတို့သည် ဒုံရင်းအခြေအနေ ပြန်ဆိုက်ရောက်ခြင်းဖြင့် အဆုံးသတ်ကြသည်။ ၎င်းတို့၏ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့ တိုး၍ သိသာလာသည်။ ၎င်းတို့သည် အာဏာနှင့် အကျိုးအမြတ်အတွက် စတင် ပြိုင်ဆိုင်လာကြသည်၊ ၎င်းတို့သည် အသင်းတော်၏ငွေကို တပ်မက်ကြသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်ကို အခွင့်အရေးယူသူများကို မနာလိုဖြစ်ကြသည်။ ဘုရားအိမ်တော်အတွင်းရှိ ကပ်ပါးကောင်များနှင့် အဖျက်ကောင်များဖြစ်လာကြပြီး၊ အချို့မှာ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များအဖြစ်ပင် ထုတ်ဖော်ခံရကာ ဖယ်ရှားရှင်းလင်းခြင်းခံရလေသည်။ ပြီးလျှင် ဤအချက်အလက်များသည် မည်သည့်အရာကို သက်သေပြသနည်း။ အပြုအမူဆိုင်ရာ အပြောင်းအလဲများမျှသည် ရေရှည်မတည်တံ့ပေ။ အကယ်၍ လူတို့၏ အသက်စိတ်သဘောထားများ၌ ပြောင်းလဲခြင်း မရှိပါက၊ ၎င်းတို့၏ စရိုက်မှန်များကို အနှေးနှင့်အမြန် ပြသလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အပြုအမူ ပြောင်းလဲမှုများ၏ အရင်းအမြစ်မှာ စိတ်အားထက်သန်မှု ဖြစ်ပြီး ထိုအချိန်က သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတစ်ခုခုနှင့် ပူးတွဲထားသောကြောင့် ၎င်းတို့အတွက် အချိန်ခဏတာ စိတ်အားထက်သန်လာရန်၊ သို့မဟုတ် စေတနာကောင်း ထားရှိရန်မှာ အလွန့်အလွန် လွယ်ကူသည်။ “ကောင်းမှုတစ်ခုလုပ်ရန် လွယ်သည်၊ ခက်ခဲသည်မှာ ကောင်းမှုများကို ရာသက်ပန်ပြုရန်ပင် ဖြစ်သည်” ဟု ဘာသာတရားမရှိသူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ လူတို့သည် အဘယ်ကြောင့် ၎င်းတို့၏ ဘဝတစ်ခုလုံးတစ်လျှောက် ကောင်းမှုများကို ပြုနိုင်စွမ်းမရှိကြသနည်း။ အကြောင်းမှာ လူများသည် သဘာဝအားဖြင့် ကောက်ကျစ်ကြသည်၊ တစ်ကိုယ်ကောင်းဆန်ပြီး ဖောက်ပြန်ပျက်စီးကြသည်။ အကြင်မည်သူ၏အပြုအမူကို ၎င်း၏သဘာဝက စီမံညွှန်ကြားပေသည်။ အကြင်သူ၏သဘာဝမှာ မည်သည့်အရာဖြစ်ပါစေ ထိုလူ ထုတ်ဖော်ပြသည့် အပြုအမူလည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး သဘာဝအလျောက် ထုတ်ဖော်သောအရာသည်သာ လူတစ်ဦး၏ သဘာဝကို ကိုယ်စားပြုသည်။ အတုအယောင်ဖြစ်သော အရာများမှာ ကြာရှည်မတည်နိုင်ပေ။ ဘုရားသခင်သည် လူသားကို ကယ်တင်ရန် အမှုပြုသောအခါ လူသားကို ကောင်းသောအပြုအမူဖြင့် ဆင်မြန်းရန် မဟုတ်ပေ။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်မှာ လူတို့၏စိတ်သဘောထားများကို အသွင်ပြောင်းလဲရန်၊ ၎င်းတို့ကို အသစ်သောလူအဖြစ် တစ်ဖန်ပြန်မွေးဖွားစေရန် ဖြစ်သည်။ ထို့ကြောင့် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းများအားလုံးက လူသားအနေဖြင့် ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကို စွမ်းဆောင်ရရှိနိုင်ဖို့အလို့ငှာနှင့်၊ သူ့ကို ပုံမှန် ကိုးကွယ်လာကြဖို့အလို့ငှာ သူ၏စိတ်သဘောထားကို ပြောင်းလဲရန် အသုံးတော်ခံဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ဖြစ်သည်။ ကောင်းမွန်စွာ ပြုမူခြင်းသည် ခရစ်တော်နှင့် သဟဇာတဖြစ်ခြင်းနှင့် တူညီဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ပင် မတူညီပေ။ အပြုအမူ အပြောင်းအလဲများသည် အယူဝါဒအပေါ် အခြေခံပြီး စိတ်အားထက်သန်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းအပေါ် အခြေတည်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်အကြောင်း စစ်မှန်သောအသိ၊ သို့မဟုတ် သမ္မာတရားကို အခြေခံထားခြင်း မဟုတ်ပေ။ လူတို့လုပ်သော အရာအချို့တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့ကို ခံရသည့် အချိန်များရှိသော်လည်း ဤသည်မှာ ၎င်းတို့ ဘဝ၏ ထုတ်ဖော်ချက်တစ်ခု မဟုတ်ပေ။ သမ္မာတရား စစ်မှန်မှုများထဲသို့ ၎င်းတို့ မဝင်ရောက်ရသေးသကဲ့သို့ ၎င်းတို့၏ အသက်စိတ်သဘောထား လုံးဝ မပြောင်းလဲသေးပေ။ လူတစ်ဦး၏ အပြုအမူ မည်မျှ ကောင်းသည်ဖြစ်စေ၊ ဘုရားကို ၎င်းတို့ကျိုးနွံနာခံသည်၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်ကို သက်သေမပြပေ။ အပြုအမူဆိုင်ရာ အပြောင်းအလဲများက အသက်စိတ်သဘောထားထဲမှ အပြောင်းအလဲများကို ကိုယ်စားမပြုသကဲ့သို့ ဘဝ၏ ထုတ်ဖော်ချက်များအဖြစ် မှတ်ယူ၍မရပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
လူက စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုဟု ထင်မှတ်သောအရာသည် အမူအကျင့်ပိုင်း ပြောင်းလဲမှုသာလျှင်ဖြစ်ပြီး ယင်းမှာ ဘုရားသခင်ပြောသည့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့် မတူညီသောအရာ၊ မတူညီသောလမ်းကြောင်း ဖြစ်သည်။ လူက စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုဟု ထင်မှတ်သောအရာသည် လူတို့အနေဖြင့် ဘုရားသခင်ကို မပုန်ကန်၊ အတိုက်အခံမလုပ် သို့မဟုတ် သစ္စာမဖောက်ဘဲနေမည်ဟု သေချာစေနိုင်သလော။ ယင်းက သူ၏ သက်သေခံရာ၌ အဆုံးစွန်အထိ ရပ်တည်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းစေနိုင်သလော။ ဘုရားသခင်ပြောသည့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုက လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့်၊ ကိုယ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံခြင်းမှတစ်ဆင့်၊ ထို့ပြင် ကိုယ်တော်၏ ပြုပြင်ခြင်း၊ စစ်ကြောခြင်းနှင့် စစ်ဆေးခြင်းကို ခံရခြင်းအားဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားစည်းမျဉ်းများအား နားလည်ခြင်းကို ရရှိပြီးနောက် သမ္မာတရားစည်းမျဉ်းများအတိုင်း အသက်ရှင်လျက်၊ ဘုရားသခင်အပေါ် မည်သည့်နားလည်မှုလွဲမှားခြင်းမျှ မရှိဘဲ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကို ပိုင်ဆိုင်လာကာ ဘုရားသခင်အား စစ်မှန်သော သိကျွမ်းခြင်းနှင့် စစ်မှန်သော ကိုးကွယ်ခြင်းကို ပိုင်ဆိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်ပြောသည့်အရာမှာ လူတစ်ဦး၏ စိတ်သဘောထားပိုင်း ပြောင်းလဲခြင်းဖြစ်သည်။ သို့သော် လူကပြောသည့် စိတ်သဘောထားပိုင်း ပြောင်းလဲခြင်းက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းသည် တိုးတက်လာသော အမူအကျင့်၊ လိမ္မာရေးခြားရှိပြီး တည်ငြိမ်ပုံပေါက်ခြင်းနှင့် မာနမထောင်လွှားခြင်းကို ရည်ညွှန်းသည်။ ယင်းသည် ညစ်ဆိုးခြင်းနှင့် ကျီစားသန်ခြင်းမရှိဘဲ၊ ယဉ်ကျေးသိမ်မွေ့ပြီး စည်းကမ်းတကျရှိသည့် ပုံစံဖြင့် စကားပြောဆိုခြင်း၊ မိမိ၏ အပြောအဆိုနှင့် အမူအကျင့်ပိုင်း၌ အသိတရား၊ ဆင်ခြင်တုံတရားနှင့် ကိုယ်ကျင့်တရားစံနှုန်းများ ပိုင်ဆိုင်ခြင်းကို ဆိုလိုသည်။ လူကပြောသည့် စိတ်သဘောထားပြောင်းလဲမှုနှင့် ဘုရားသခင်တောင်းဆိုသည့် စိတ်သဘောထားပြောင်းလဲမှုတွင် ကွဲပြားခြားနားမှုတစ်ခုခု ရှိသလော။ ကွဲပြားခြားနားမှုက အဘယ်နည်း။ လူကပြောသည့် စိတ်သဘောထားပြောင်းလဲမှုသည် အပြင်ပန်း အမူအကျင့်ပိုင်း ပြောင်းလဲမှု၊ လူ့အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီသည့် ပြောင်းလဲမှုဖြစ်သည်။ ဘုရားသခင်တောင်းဆိုသည့် စိတ်သဘောထားပြောင်းလဲမှုသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ဖယ်ရှားခြင်းဖြစ်၏၊ ယင်းသည် သမ္မာတရားအား နားလည်ခြင်းအားဖြင့် ဖြစ်ပေါ်လာသော အသက်စိတ်သဘောထားပိုင်း ပြောင်းလဲမှု၊ အမှုအရာများအပေါ် မိမိ၏ အမြင်ရှုထောင့်ပိုင်း ပြောင်းလဲမှု၊ မိမိ၏ ဘဝအမြင်နှင့် တန်ဖိုးများ၌ ပြောင်းလဲမှုပင် ဖြစ်သည်။ ကွဲပြားခြားနားမှု ရှိပေသည်။ သင်သည် လူများကို ဆက်ဆံနေသည်ဖြစ်စေ၊ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းနေသည်ဖြစ်စေ သင်၏ စေ့ဆော်မှုအကြောင်းရင်းများ၊ သင့်လုပ်ဆောင်မှုများ၏ စည်းမျဉ်းများနှင့် သင်၏တိုင်းတာမှုဆိုင်ရာ စံနှုန်း စသည့်အရာအားလုံးတို့သည် သမ္မာတရားနှင့်အညီ ဖြစ်ရမည်ဖြစ်ကာ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရမည်ဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားပြောင်းလဲမှုအား ရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အကယ်၍ သင်သည် အမူအကျင့်ဆိုင်ရာ စံနှုန်းများဖြင့် မိမိကိုယ်ကို အမြဲတမ်းတိုင်းတာလျှင်၊ အပြင်ပန်း အမူအကျင့်ပိုင်း ပြောင်းလဲမှုများကို အမြဲတမ်းအာရုံစိုက်ကာ၊ သင်သည် အနည်းငယ်သော အမူအကျင့်ကောင်းကို ပိုင်ဆိုင်သောကြောင့် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိထားသည်ဟု ထင်မှတ်လျှင် ယင်းသည် လုံးဝ မှားယွင်း၏။ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပြီး ဘုရားသခင်ကို ဆန့်ကျင်ကာ ဘုရားသခင်ကို သစ္စာဖောက်မည့် အန္တရာယ်ရှိနေသောကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေပါက သင်၏ အပြင်ပန်းအမူအကျင့် မည်မျှကောင်းနိုင်သည်ဖြစ်စေ၊ ဘုရားသခင်အား စစ်မှန်သော ကျိုးနွံနာခံမှုကို ရရှိနိုင်မည်မဟုတ်သည့်အပြင် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်မည် မဟုတ်ပေ။ အပြင်ပန်း အမူအကျင့်ကောင်းသက်သက်က ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးကို ဖြစ်ပေါ်စေနိုင်သလော။ ယင်းသည် လူတစ်ယောက်အား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်စေရန် လုပ်ဆောင်နိုင်သလော။ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို မရှောင်နိုင်ပါက သူတို့၌ ဘုရားသခင်အား စစ်မှန်သော ကျိုးနွံနာခံမှုရှိသည်ဟု မည်သည့် ကောင်းသောအမူအကျင့် ပမာဏကမျှ ဖော်ပြမည်မဟုတ်ပေ။ ထို့ကြောင့် မည်သည့် ကောင်းသောအမူအကျင့် ပမာဏကမျှ စိတ်သဘောထားပိုင်း ပြောင်းလဲမှုကို မဖော်ပြချေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပြုအမူကောင်းဟူသည်မှာ မိမိ၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု မဆိုလိုပေ
လူတစ်ဦးသည် အပြုအမူကောင်းများစွာ ရှိပါက သမ္မာတရား စစ်မှန်မှုများ ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းများအတိုင်း ဆောင်ရွက်ခြင်းအားဖြင့်သာ သမ္မာတရား စစ်မှန်မှုကို သင် ပိုင်ဆိုင်နိုင်သည်။ ဘုရားကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်းအားဖြင့်သာ သမ္မာတရား စစ်မှန်မှုများကို သင် ပိုင်ဆိုင်နိုင်သည်။ လူအချို့သည် စိတ်ထက်သန်မှုရှိသည်၊ အယူဝါဒကို ပြောဆိုနိုင်သည်၊ စည်းမျဉ်းစည်းကမ်းများကို လိုက်လျှောက်နိုင်ပြီး ကောင်းမှုများစွာ လုပ်ဆောင်နိုင်သော်လည်း ၎င်းတို့အကြောင်း ပြော၍ရနိုင်သမျှမှာ လူ့သဘာဝ အနည်းငယ် ပိုင်ဆိုင်သည်ဟူ၍ ဖြစ်သည်။ အယူဝါဒပြောဆိုနိုင်ပြီး စည်းမျဉ်းစည်းကမ်းများကို အစဉ်လိုက်နာသူများသည် သမ္မာတရားကို သေချာပေါက် လက်တွေ့မလုပ်ဆောင်နိုင်ချေ။ ၎င်းတို့ပြောသည့်အရာသည် မှန်ကန်ပြီး၊ ပြဿနာများ ကင်းရှင်းပုံရသော်လည်း၊ သမ္မာတရား၏ အနှစ်သာရနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် မည်သည့်အရာမျှ ပြောစရာ မရှိကြချေ။ ထို့ကြောင့် တစ်စုံတစ်ဦးက အယူဝါဒကို မည်မျှပြောဆိုနိုင်သည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့နားလည်သည်ဟု မဆိုလိုသကဲ့သို့၊ အယူဝါဒမည်မျှ နားလည်သည်ဖြစ်စေ၊ မည်သည့်ပြဿနာကိုမျှ ၎င်းတို့ မဖြေရှင်းနိုင်ပေ။ ဘာသာရေး အယူအဆသမားအားလုံးက ကျမ်းစာကို ရှင်းပြနိုင်သော်လည်း၊ အဆုံးတွင်၊ ဘုရားသခင် ဖော်ပြသည့် သမ္မာတရား အလုံးစုံကို ၎င်းတို့ လက်မခံသောကြောင့် အားလုံးကျရှုံးကြသည်။ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်းကို တွေ့ကြုံပြီးသော လူများမှာ ကွဲပြားသည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်ကြပြီး ၎င်းတို့သည် ကိစ္စအားလုံးကို သိမြင်တတ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်နှင့် ဘုရားသခင် ကျေနပ်စေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်တို့ကို သိကြပြီး ၎င်းတို့ ထုတ်ဖော်ပြသော ဖောက်ပြန်ပျက်စီးခြင်း သဘာဝကို နားလည်ကြသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အယူအဆများ ထုတ်ဖော်ခြင်း ခံရသောအခါ ၎င်းတို့သည် သိမြင်နိုင်ပြီး လူ့ဇာတိကို ပုန်ကန်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ စိတ်သဘောထား အပြောင်းအလဲတစ်ခု ပေါ်လွင်ထင်ရှားသည့်ပုံပင် ဖြစ်သည်။ စိတ်သဘောထား၌ အပြောင်းအလဲတစ်ခုကို ကြုံရပြီးဖြစ်သည့် လူများနှင့်ပတ်သက်သည့် အဓိကသရုပ်သကန်မှာ ၎င်းတို့သည် သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်လာကြပြီး အမှုအရာများကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို အတော်အတန် တိကျမှန်ကန်မှုဖြင့် လက်တွေ့လုပ်ဆောင်ကြပြီး ဖောက်ပြန်ပျက်စီးခြင်းကို မကြာခဏ ထုတ်ဖော်မပြကြချေ။ ယေဘုယျအားဖြင့် မိမိတို့၏စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အထူးသဖြင့် ယုတ္တိတန်ပြီး ထိုးထွင်းသိမြင်တတ်သည်ဟု ထင်ရကာ သမ္မာတရားကို ၎င်းတို့ သိနားလည်ခြင်းကြောင့် မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်း သို့မဟုတ် မာနထောင်လွှားခြင်းတို့ကို များစွာ ထုတ်ဖော်မပြကြချေ။ ၎င်းတို့သည် ၎င်းတို့အထဲတွင် ထုတ်ဖော်ထားသော ဖောက်ပြန်ပျက်စီးမှုများစွာကို ရိပ်မိကာ သိမြင်နိုင်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် မာနထောင်လွှားလာခြင်း မဖြစ်ပေါ်စေကြပေ။ မည်သည့်နေရာကို ၎င်းတို့ ယူသင့်ပြီး ကျိုးကြောင်းဆီလျော်သည့် မည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်သင့်ကြောင်း၊ မည်ကဲ့သို့ တာဝန်သိတတ်ရမည် ဖြစ်ကြောင်း၊ မည်သည့် အရာကို ပြောရမည်နှင့် မပြောရမည်ဖြစ်ကြောင်းကိုသာမက မည်သူ့ကို မည်သည့် အရာကို ပြောရပြီး မည်သည့်အရာကို လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ ၎င်းတို့၌ ချင့်ချိန်တတ်သော နားလည်သဘောပေါက်မှု ရှိနိုင်ကြသည်။ ထို့ကြောင့် မိမိတို့စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် အတော်အတန် ယုတ္တိတန်ကြပြီး ထိုသို့သောလူများသာ လူသားပုံသဏ္ဌာန်ကို အမှန်တကယ် အသက်ရှင်နေထိုင်ကြသည်။ သမ္မာတရားကို ၎င်းတို့ နားလည်ကြသောကြောင့် အမှုအရာများကို သမ္မာတရားနှင့်အညီ ပြောဆိုကာ မြင်နိုင်ကြသည်။ ပြီးလျှင် ၎င်းတို့ လုပ်သမျှအရာအားလုံးတွင် ၎င်းတို့သည် ကိုယ်ကျင့်တရားကောင်းကြသည်။ ၎င်းတို့သည် အခြားသူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ၏ လွှမ်းမိုးမှုကို ခံရခြင်း မရှိကြပေ၊ ၎င်းတို့အားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင် အမြင်ရှုထောင့်များ ရှိကြပြီး သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းနိုင်ကြသည်။ ၎င်းတို့၏ စိတ်သဘောထားများမှာ အတော်အတန် တည်ငြိမ်ကြသည်၊ ၎င်းတို့သည် အခုတစ်မျိုး တော်ကြာတစ်မျိုး မလုပ်ကြဘဲ ၎င်းတို့၏ အခြေအနေများက မည်သည့်အရာ ဖြစ်ပါစေ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ ဘုရားသခင်၏ စိတ်ကျေနပ်ခြင်းအဖို့ မည်ကဲ့သို့ ပြုမူရမည်ကို သိနားလည်ကြသည်။ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အခြားသူများက ၎င်းတို့အပေါ် အကောင်းမြင်စေရန် အပြင်ပန်းတွင် မည်သည့်အရာ လုပ်ဆောင်ဖို့ကို အာရုံမပြုပေ၊ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မည်သည့်အရာ လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ အတွင်း ရှင်းလင်းမှု ရရှိကြပြီးဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းတွင် ၎င်းတို့သည် အလွန် စိတ်အားထက်သန်ပုံ မရနိုင်သော်လည်း သို့မဟုတ် အလွန်အရေးကြီးသော အရာတစ်ခုတလေကို လုပ်ဆောင်ပြီးပုံ မရနိုင်သော်လည်း ၎င်းတို့ လုပ်သောအရာမှန်သမျှမှာ အဓိပ္ပာယ်ရှိသည်၊ တန်ဖိုးရှိပြီး လက်တွေ့ဆန်သောရလဒ်များ ဖြစ်ထွန်းလေသည်။ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ၌ သမ္မာတရား စစ်မှန်မှု အမြောက်အမြား ရှိသည်မှာ သေချာပြီး အမှုအရာများအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များနှင့် ၎င်းတို့၏ လုပ်ရပ်များ၏ စည်းမျဉ်းများဖြင့် ဤအရာကို အတည်ပြုနိုင်ပါသည်။ သမ္မာတရားကို မရရှိသေးသူများသည် အသက်စိတ်သဘောထားတွင် မည်သည့် ပြောင်းလဲမှုမျှ လုံးဝ မရရှိကြသေးပေ။ စိတ်သဘောထားရှိ ပြောင်းလဲမှုကို မည်သို့ အတိအကျ စွမ်းဆောင်ရရှိသနည်း။ လူသားများသည် စာတန်၏ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို ခုခံကြပြီး၊ ဘုရားကို ခုခံသည့် သဘာဝရှိကြသည်။ ဘုရားကိုခုခံတတ်သည့် သဘာဝရှိပြီး ဘုရားကို ခုခံနိုင်ကြသူတို့အား ဘုရားကို ကျိုးနွံနာခံပြီး ကြောက်ရွံ့နိုင်ကြသူများအဖြစ်သို့ ပြောင်းလဲခြင်းအားဖြင့် လူတို့ကို ဘုရားသခင် ကယ်တင်သည်။ ဤသည်မှာ မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးသူတစ်ဦးဖြစ်ခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ လူတစ်ဦးသည် မည်မျှ ဖောက်ပြန်ပျက်စီးပါစေ၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား မည်မျှရှိသည်ဖြစ်စေ သမ္မာတရားကို လက်ခံနိုင်သရွေ့ ဘုရား၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံနိုင်ပြီး စမ်းသပ်မှုများနှင့် စစ်ဆေးမှုအမျိုးမျိုး လက်ခံနိုင်သရွေ့ ဘုရားသခင်အပေါ် စစ်မှန်သည့် သိနားလည်မှုရှိလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် မိမိတို့ကိုယ်ပိုင် သဘာဝ အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိကြသည့်အခါ မိမိတို့ကိုယ်တိုင်နှင့် စာတန်ကို မုန်းနိုင်ကြလိမ့်မည်၊ ပြီးလျှင် စာတန်ကို ပုန်ကန်ပြီး ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံရန် လိုလားနေကြလိမ့်မည်။ လူတစ်ဦးသည် ဤစိတ်ပိုင်းဖြတ်မှုရှိသည်နှင့် သမ္မာတရားကို လိုက်စားနိုင်သည်။ လူတို့သည် ဘုရားအပေါ် စစ်မှန်သည့် အသိရှိကြပါက ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထား သန့်စင်ခံရပြီး ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့အတွင်းတွင် အမြစ်တွယ်ကာ ၎င်းတို့၏ အသက်နှင့် ၎င်းတို့တည်ရှိခြင်း အခြေခံဖြစ်လာပြီးဖြစ်ပါက ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်ပြီး လုံးဝ ပြောင်းလဲကာ လူသစ်များဖြစ်လာပြီးဖြစ်ပါက ဤအရာကို ၎င်းတို့ အသက်စိတ်သဘောထားထဲက ပြောင်းလဲမှုအဖြစ် ယူဆပေသည်။ စိတ်သဘောထားထဲက ပြောင်းလဲမှုတစ်ခုသည် ရင့်ကျက်ပြီး အတွေ့အကြုံရှိသော လူသားသဘာဝရှိခြင်းဟု မဆိုလိုသကဲ့သို့ လူတို့၏ အပြင်ဘက် စိတ်သဘောထားများက ယခင်ထက် ပိုမိုအောက်ကျို့တတ်သည်ဟု မဆိုလိုပေ။ ၎င်းတို့သည် မာနထောင်လွှား ခဲ့ဖူးကြသော်လည်း ယခုအခါ အကျိုးသင့်အကြောင်းသင့် ဆက်ဆံပြောဆိုနိုင်သည် သို့မဟုတ် ၎င်းတို့သည် မည်သူ့ကိုမျှ နားထောင်ခဲ့ခြင်း မရှိသော်လည်း ယခုအခါ အခြားသူများကို အနည်းငယ် နားထောင်နိုင်သည်ဟု မဆိုလိုပေ၊ ဤအပြင်ပန်း အပြောင်းအလဲများကို စိတ်သဘောထား အပြောင်းအလဲများဟု မဆိုနိုင်ပေ။ စိတ်သဘောထားထဲမှ အသွင်ပြောင်းလဲမှုများတွင် ထိုသို့သော သရုပ်သကန်များ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း အရေးအပါဆုံးသော ပါဝင်သည့်အရာမှာ အတွင်းကျကျ ၎င်းတို့၏အသက်တာ ပြောင်းလဲပြီးခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားက ၎င်းတို့ထဲတွင် အမြစ်တွယ်ပြီးဖြစ်ကာ၊ ၎င်းတို့အတွင်းတွင် အုပ်စိုးပြီး ၎င်းတို့အသက် ဖြစ်လာပြီးဖြစ်သောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များလည်း ပြောင်းလဲပြီး ဖြစ်သည်။ လောကထဲနှင့် လူသားမျိုးနွယ်နှင့်ပတ်သက်၍ မည်သည့်အရာဖြစ်နေသည်၊ လူသားမျိုးနွယ်ကို စာတန် ဖောက်ပြန်ပျက်စီးစေပုံ၊ ဘုရားသခင်ကို အဆင်းနီသော နဂါးကြီးက ခုခံပုံနှင့် အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို ၎င်းတို့ ရှင်းရှင်းလင်းလင်း ရိပ်စားမိနိုင်သည်။ ၎င်းတို့ စိတ်နှလုံးတွင် အဆင်းနီသော နဂါးကြီးနှင့် စာတန်ကို မုန်းတီးနိုင်ပြီး ဘုရားဘက်သို့ လုံးဝ လှည့်ကာ ဘုရားနောက် လိုက်နိုင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ အသက်စိတ်သဘောထား ပြောင်းလဲပြီးဖြစ်ကာ ဘုရား၏ ရယူခြင်းခံရပြီးဖြစ်သည်ဆိုသည့် သဘောဖြစ်သည်။ အသက်စိတ်သဘောထားထဲက ပြောင်းလဲမှုများသည် အခြေခံကျသော ပြောင်းလဲမှုများဖြစ်သော်လည်း အပြုအမူရှိ အပြောင်းအလဲများမှာ အပေါ်ယံ ဖြစ်သည်။ အသက်စိတ်သဘောထားထဲတွင် ပြောင်းလဲမှုများ စွမ်းဆောင်ရရှိပြီးသည့်သူတို့သာ သမ္မာတရားကို ရရှိပြီးသူများဖြစ်ပြီး ၎င်းတို့သည်သာ ဘုရားသခင်၏ ရယူခြင်းခံရပြီး ဖြစ်လေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ယခုတွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကောင်းမွန်ပြီး မှန်ကန်သည်ကို အသိအမှတ် ပြုရုံမျှပြုပြီး သင်၏ အပြင်ပန်း အပြုအမူကို ကြည့်ဖို့ရန်၊ သင်သည် ဘုရားသခင်၏ အမှုကို ဝေဖန်သည့် အရာများကို လုပ်ဆောင်ဖို့ မဆိုထားနှင့် သမ္မာတရားနှင့် သိသိသာသာ ဆန့်ကျင်သည့် အရာများကို မလုပ်ဆောင်ပေ။ သင်သည် ဘုရားအိမ်တော်၏ အမှု အစီအစဉ်များကိုလည်း ကျိုးနွံနာခံနိုင်၏။ ဤသည်မှာ ဘာသာတရားမရှိသူတစ်ဦးမှ သန့်ရှင်းသူတစ်ဦး၏ ကျင့်ဝတ်ရှိသည့် ဘုရားသခင်၏ နောက်လိုက်တစ်ဦးအဖြစ်သို့ ကူးပြောင်းသွားခြင်း ဖြစ်သည်။ သင်သည် စာတန်၏ အတွေးအခေါ်များအားဖြင့်၊ စာတန်၏ အယူအဆများ၊ ဥပဒေဿများနှင့် အသိပညာအားဖြင့် ပြတ်သားစွာ အသက်ရှင်သော တစ်စုံတစ်ဦးမှသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် ယင်းတို့သည် သမ္မာတရားဖြစ်သည်ကို ခံစားမိသည့်၊ ယင်းတို့ကို လက်ခံသည့်အပြင် သမ္မာတရားကိုလိုက်စားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ အသက်အဖြစ် လက်ခံယုံကြည်နိုင်သည့် သူတစ်ဦးအဖြစ်သို့ ကူးပြောင်းသွားသည်။ ယင်းသည် ထိုဖြစ်စဉ်မျိုးဖြစ်သည်၊ ယင်းထက် မည်သည့်အရာမျှ မပိုပေ။ ဤကာလအတောအတွင်းတွင် သင်၏ အပြုအမူနှင့် အမှုအရာများ လုပ်ဆောင်ခြင်း နည်းလမ်းတို့သည် အပြောင်းအလဲအချို့ကို သေချာပေါက် ကြုံရလိမ့်မည်ဖြစ်သည်။ သင်သည် မည်မျှ ပြောင်းလဲသည်ဖြစ်စေ၊ သင့်အထဲတွင် သိသာထင်ရှားသည့်အရာသည် ဘုရားသခင်အဖို့ သင်၏ အပြုအမူနှင့် နည်းစနစ်များ၊ သင်၏အတွင်းကျကျ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များ၌ ပြောင်းလဲမှုများထက် မပိုပေ။ ယင်းသည် သင်၏ စိတ်ကူးများနှင့် အမြင်များ၌ ပြောင်းလဲမှုများထက် မပိုပေ။ ယခုတွင် သင်သည် သင်၏ခွန်အားကို လှုံ့ဆော်ပြီး တွန်းအားရှိသောအခါ သင်၏အသက်ကို ဘုရားသခင်ထံ ဆက်ကပ်ကောင်း ဆက်ကပ်နိုင်သော်လည်း အထူး မနှစ်မြို့ဖွယ်ဖြစ်သည်ဟု သင်တွေရှိသည့် ကိစ္စတစ်ခုတွင် ဘုရားသခင်ထံ အကြွင်းမဲ့ ကျိုးနွံနာခံမှု မရှိနိုင်ပေ။ ဤသည်မှာ အပြုအမူထဲက ပြောင်းလဲမှုတစ်ခုနှင့် စိတ်သဘောထားထဲက ပြောင်းလဲမှုတစ်ခုတို့ကြား ကွာခြားမှု ဖြစ်သည်။ “ဘုရားသခင်အတွက် ကျွန်ုပ်၏ အသက်သွေးကို စွန့်ဖို့ ကျွန်ုပ်အဆင်သင့်ဖြစ်ပြီး လိုလားပါသည်။ ဤဘဝတွင် ကျွန်ုပ်သည် နောင်တများ မရှိသကဲ့သို့ ညည်းညူမှုများ မရှိပါ။ အိမ်ထောင်၊ လောကီ မျှော်လင့်ချက်များ၊ ထင်ပေါ်ကျော်ကြားမှုနှင့် ချမ်းသာကြွယ်ဝမှုများအားလုံးကို ကျွန်ုပ် စွန့်ပြီးဖြစ်ကာ ဘုရားသခင် ခင်းကျင်းပြီးဖြစ်သည့် ဤအခြေအနေများကို ကျွန်ုပ် လက်ခံပါသည်။ လောက၏ လှောင်ပြောင်သရော်မှုနှင့် အသရေဖျက်မှုအားလုံးကို ကျွန်ုပ် ခံနိုင်ပါသည်” ဟုပြောရင်း သင်၏ ကြင်နာတတ်သော စိတ်နှလုံးသည် သင်၏ အသက်နှင့် အရာရာတိုင်းကို ဘုရားသခင်အတွက် စွန့်လွှတ်ကောင်း စွန့်လွှတ်နိုင်စေမည် ဖြစ်သည်။ သို့သော် ဘုရားသခင်သည်သင်၏ အယူအဆများနှင့် မကိုက်သည့် အခြေအနေတစ်ခုကို ချခင်းလိုက်သည့် အခိုက်တွင် သင်သည် ထ၍ သူ့အား ပွက်ပွက်ညံအောင် ကန့်ကွက်ကာ သူ့ကို ခုခံနိုင်သည်။ ဤသည်မှာ အပြုအမူထဲက အပြောင်းအလဲတစ်ခုနှင့် စိတ်သဘောထားထဲက အပြောင်းအလဲတစ်ခုကြားက ကွာခြားချက် ဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် သင်၏ အသက်ကို စွန့်လွှတ်ပြီး သင် အချစ်ဆုံးဖြစ်သည့် လူများ သို့မဟုတ် သင်၏ စိတ်နှလုံးက ခွဲခွာဖို့ မခံရပ်နိုင်ဆုံးသော သင်အချစ်ဆုံးဖြစ်သည့်အရာကို စွန့်လွှတ်ဖို့လည်း ဖြစ်နိုင်၏၊ သို့သော် ဘုရားသခင်အား စိတ်နှလုံးထဲမှ စကားပြောဖို့နှင့် ရိုးသားသော လူတစ်ဦးဖြစ်ဖို့ သင့်ကို တောင်းဆိုသည့်အခါတွင် သင်သည် ယင်းကို အတော်ခက်ခဲသည်ဟု သိရပြီး မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ အပြုအမူထဲက အပြောင်းအလဲတစ်ခုနှင့် စိတ်သဘောထားထဲက အပြောင်းအလဲတစ်ခုကြား ခြားနားချက် ဖြစ်သည်။ ထို့နောက်တစ်ဖန်၊ သင်သည် ဤဘဝတွင် ကိုယ်ကာယ သက်သောင့်သက်သာရှိမှုကို မက်မောတောင့်တခြင်း မရှိသကဲ့သို့ အစားကောင်းများ စားခြင်းဖြစ်စေ၊ အဝတ်အစားကောင်းများ ဝတ်ဆင်ခြင်းဖြစ်စေ နေ့စဉ် မိမိကိုယ်ကိုယ် ပင်ပန်းနွမ်းနယ်စေခြင်းနှင့် ခြေကုန်လက်ပန်းကျခြင်းအထိ သင်၏တာဝန်၌ အလုပ်လုပ်ခြင်းတို့အား မက်မောတောင့်တခြင်း ရှိကောင်းရှိမည် မဟုတ်ပေ။ သင်သည် ဇာတိပကတိက သင့်အပေါ် ဖြစ်စေသည့် နာကျင်မှုမျိုးစုံကို ခံနိုင်သော်လည်း ဘုရားသခင်၏ အစီအစဉ်များက သင်၏ အယူအဆများနှင့် မကိုက်ညီပါက သင်သည် နားမလည်နိုင်ဘဲ ဘုရားသခင်အပေါ် မကျေနပ်ချက်နှင့် သူနှင့်ပတ်သက်သည့် အထင်လွဲမှားမှုများ သင့်အထဲတွင် ထွက်ပေါ်လာသည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးမှာ ပို၍ပို၍ ပုံမှန်မဟုတ်တော့ပေ။ သင်သည် အမြဲတမ်း ခုခံကာ ပုန်ကန်တတ်ပြီး ဘုရားသခင်အား လုံးလုံးလျားလျား ကျိုးနွံနာခံခြင်း မရှိနိုင်ပေ။ ဤသည်မှာ အပြုအမူထဲက အပြောင်းအလဲတစ်ခုနှင့် စိတ်သဘောထားထဲက အပြောင်းအလဲတစ်ခုကြား ခြားနားချက် ဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် သင်၏အသက်ကို စွန့်ဖို့ စိတ်ဆန္ဒရှိနေသည်ဆိုလျှင် သူ့ကို ရိုးသားသော စကားတစ်ခွန်း အဘယ့်ကြောင့် မပြောနိုင်သနည်း။ သင်သည် သင်ကိုယ်တိုင်မှအပ အရာရာကို ဘေးဖယ်ထားဖို့ စိတ်ဆန္ဒရှိ၏၊ သို့ဆိုလျှင် သင့်ကို ဘုရားသခင် ပေးထားသည့် စေခိုင်းချက်ကို အဘယ်ကြောင့် ပြောပလောက်အောင် သင် သစ္စာမစောင့်သိနိုင်ရသနည်း။ သင်သည် သင်၏ အသက်ကို ဘုရားသခင်အတွက် စွန့်ဖို့ စိတ်ဆန္ဒရှိ၏၊ သို့ဆိုလျှင် သင်သည် အမှုအရာများကို ပြုလုပ်ဖို့အတွက် သင်၏ခံစားချက်များအပေါ် မှီခိုပြီး အခြားသူများနှင့် သင်၏ ဆက်ဆံရေးများကို ထိန်းသိမ်းသည့်အခါ၊ အဘယ့်ကြောင့် မိမိကိုယ်ကိုမိမိ မဆင်ခြင်နိုင်သနည်း။ အသင်းတော်၏ အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိန်းသိမ်းရန် အဘယ့်ကြောင့် မရပ်တည်နိုင်ရသနည်း။ ဤသည်မှာ ဘုရားသခင်ရှေ့မှောက်၌ အသက်ရှိသောသူတစ်ဦး ဟုတ်သလော။ သင်သည် ဘုရားသခင်အတွက် သင့်အသက်တာတစ်ခုလုံး မိမိကိုယ်ကို အသုံးခံရန်နှင့် မည်သည့် ဆင်းရဲဒုက္ခမဆို ရောက်လာသည်ဖြစ်စေ လက်ခံရန် ဘုရားသခင်၏ ရှေ့မှောက်တွင် သစ္စာပြုနှင့်ပြီးဖြစ်၏၊ သို့ဆိုလျှင် သင်၏တာဝန်မှ ထုတ်ပယ်ခြင်း ဖြစ်ရပ်တစ်ခုက အဘယ်ကြောင့် သင့်အား ရက်ပေါင်းများစွာ နာလန်ပြန်မထူနိုင်သည်အထိ အပျက်သဘောဆောင်ခြင်းထဲသို့ လွန်စွာ ကျဆင်းစေသနည်း။ သင်၏ စိတ်နှလုံးသည် အဘယ့်ကြောင့် ခုခံခြင်း၊ မကျေနပ်ခြင်းနှင့် အထင်လွဲမှားခြင်းနှင့် အပျက်သဘောဆောင်ခြင်းတို့ဖြင့် ပြည့်နှက်နေသနည်း။ အဘယ်အရာ ဖြစ်နေသနည်း။ ဤအရာက သင်၏နှလုံးသားသည် အဆင့်အတန်းကို အချစ်ဆုံးဖြစ်ကြောင်းနှင့် ဤအရာသည် သင်၏ ပဓာနကျသော အားနည်းချက်နှင့် ဆက်စပ်နေကြောင်း ပြသသည်။ ထို့ကြောင့် သင့်ကို ထုတ်ပစ်သောအခါ သင်သည် လဲကျပြီး ပြန်မထနိုင်တော့ချေ။ သင်၏ အမူအကျင့် ပြောင်းလဲသွားသော်လည်း သင်၏ အသက်စိတ်သဘောထားက မပြောင်းလဲသေးကြောင်း သက်သေပြရန်အတွက် ဤအရာလုံလောက်၏။ ဤသည်မှာ အပြုအမူထဲက အပြောင်းအလဲတစ်ခုနှင့် စိတ်သဘောထားထဲက အပြောင်းအလဲတစ်ခုကြား ခြားနားချက် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၃)
ဘုရားသခင်ကို ယုံကြည်ခြင်း၏ အခက်ခဲဆုံးအပိုင်းမှာ စိတ်သဘောထား၌ ပြောင်းလဲမှုရရှိခြင်းဖြစ်သည်။ သင်သည် တစ်သက်လုံး အိမ်ထောင်မပြုဘဲ နေကောင်းနေနိုင်မည်၊ သို့မဟုတ် အီဆိမ့်ထူးကဲသော အစားအစာများကို မည်သည့်အခါမျှ မစားဘဲ သို့မဟုတ် ဝတ်ကောင်းစားလှများ မည်သည့်အခါမျှ မဝတ်ဘဲ နေကောင်းနေနိုင်မည် ဖြစ်သည်။ ၎င်းတို့သည် “ကျွန်ုပ် တစ်ဘဝလုံး ဒုက္ခခံရလျှင်၊ သို့မဟုတ် ကျွန်ုပ် တစ်ဘဝလုံး အထီးကျန်နေလျှင် အရေးမကြီးပါ။ ကျွန်ုပ် ခံနိုင်ပါသည်။ ကျွန်ုပ်၏နံဘေးတွင် ဘုရားသခင်ရှိလျှင် ဤအရာများ မည်သည့်အဓိပ္ပာယ်မျှ မရှိပါ” ဟုပင် ပြောကောင်းပြောနိုင်သည်။ ဤကဲ့သို့သော ကိုယ်ခန္ဓာနာကျင်မှုနှင့် ဆင်းရဲဒုက္ခကို အောင်မြင်ကျော်လွှားပြီး ဖြေရှင်းဖို့ လွယ်ကူပေသည်။ အောင်မြင်ကျော်လွှားဖို့ မလွယ်ကူသည့်အရာမှာ အဘယ်နည်း။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်လေသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မိမိကိုယ်ကို ထိန်းချုပ်ခြင်းသက်သက်အားဖြင့် ဖြေရှင်း၍မရနိုင်ချေ။ မိမိတို့၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့နှင့် အနာဂတ်တွင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့အတွက် လူများသည် ကိုယ်ခန္ဓာ နာကျင်မှုကို ခံနိုင်ကြသည်။ သို့သော် ဒုက္ခခံနိုင်ခြင်းနှင့် အဖိုးအခပေးဆပ်နိုင်ခြင်းတို့က ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုလိုသလော။ မဟုတ်ချေ။ တစ်စုံတစ်ဦး၏ စိတ်သဘောထား၌ ပြောင်းလဲမှုရှိမရှိကို တိုင်းတာရန်အတွက် ၎င်းတို့ ဆင်းရဲဒုက္ခ မည်မျှကို သည်းခံနိုင်သည်၊ သို့မဟုတ် အပေါ်ယံတွင် ၎င်းတို့သည် ကောင်းသောအကျင့် မည်မျှရှိသည်တို့ကို မကြည့်လေနှင့်။ တစ်စုံတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲပြီး၊ မပြောင်းလဲသေးသည်ကို တိကျမှန်ကန်စွာ တိုင်းတာသည့် တစ်ခုတည်းသော နည်းလမ်းမှာ ထိုအစား ၎င်းတို့လုပ်ရပ်များ၏ နောက်ကွယ်ရှိ ရည်မှန်းချက်များ၊ စေ့ဆော်မှုများနှင့် အကြံများ၊ ၎င်းတို့ မိမိကိုယ်ကို ပြုမူကျင့်ကြံပြီး အရေးကိစ္စများကို ကိုင်တွယ်သည့် အခြေခံစည်းမျဉ်းများနှင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားတို့ကို ကြည့်ရန်ဖြစ်သည်။
လူအချို့သည် ဘုရားသခင်ကို ယုံကြည်လာပြီးနောက် လောကီခေတ် ရေစီးကြောင်းများနောက် မလိုက်ကြတော့ပေ၊ သို့မဟုတ် ၎င်းတို့၏အဝတ်အစားနှင့် အသွင်အပြင်ကို အရေးမစိုက်ကြတော့ပေ။ ၎င်းတို့သည် ဆင်းရဲဒုက္ခခံနိုင်ပြီး ကြိုးစားကာ၊ ဇာတိပကတိကို ချိုးနှိမ်၍ ပုန်ကန်နိုင်ကြသည်။ သို့သော် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ကာ အခြားသူများနှင့် ဆက်ဆံပြီး အမှုအရာများကို ကိုင်တွယ်သည့်အခါ၌ ရိုးသားခဲကြသည်။ ၎င်းတို့က ရိုးသားရသည်ကို မကြိုက်ကြ၊ သူတို့ကိုယ်သူတို့ အမြဲတမ်းပေါ်လွင်ကာ ထင်ရှားကျော်ကြားလိုပြီး ၎င်းတို့ပြောသမျှ လုပ်သမျှ၏ နောက်ကွယ်တွင် ရည်ရွယ်ချက်ရှိသည်။ လူတို့၌ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်း ၎င်းတို့ထံ လာရောက်ရှာဖွေကြမည့် အတိုင်းအတာအထိ လူတို့အား ၎င်းတို့ မည်မျှကောင်းကြောင်းပြရန်၊ လူတို့၏စိတ်နှလုံးကို လွှမ်းမိုးရန်နှင့် ၎င်းတို့အား လူတို့ မျက်နှာသာပေးပြီး ကိုးကွယ်ဆည်းကပ်ရန်အတွက် ဝီရိယစိုက်ထုတ်ကာ စေ့စေ့စပ်စပ် တွက်ချက်မှုများ ပြုလုပ်ကြသည်။ ဤသို့လုပ်ခြင်းအားဖြင့် ၎င်းတို့က ကြွားဝါနေခြင်းဖြစ်သည်။ ၎င်းတို့ထုတ်ဖော်သည်မှာ မည်သည့်စိတ်သဘောထားနည်း။ ယင်းသည် စာတန်ဆန်သော စိတ်သဘောထားဖြစ်သည်။ ဤကဲ့သို့သောလူ များစွာရှိသလော။ လူတိုင်းက ဤကဲ့သို့ပင်။ အပြင်ပန်းတွင် စည်းမျဉ်းစည်းကမ်းများအားလုံးကို ပုံသေစောင့်ထိန်းကာ အနည်းငယ် ဒုက္ခခံနိုင်ကြပြီး သူတို့ကိုယ်သူတို့ အသုံးခံလိုသောဆန္ဒ အတော်အတန် ရှိကြသည်။ ၎င်းတို့သည် လောကီအရာ အနည်းငယ်ကို စွန့်လွှတ်နိုင်သည်၊ သမ္မာတရားကို လိုက်စားဖို့ စိတ်ပိုင်းဖြတ်မှုနှင့် စိတ်ဆန္ဒ အနည်းငယ်ရှိပြီး ဘုရားသခင်အားယုံကြည်ခြင်း လမ်းကြောင်းပေါ်တွင် အုတ်မြစ်ချထားကြသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပကတိအတိုင်း ကျန်ရှိနေခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် လုံးဝ ပြောင်းလဲမသွားကြပေ။ သမ္မာတရားကို ၎င်းတို့နားလည်လျှင်ပင် လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကြပေ။ ယင်းသည် လုံးဝ ပြောင်းလဲမသွားခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ အရာခပ်သိမ်း၌ တစ်ဇွတ်ထိုးပြုလုပ်ခြင်းသည် စာတန်ဆန်သော စိတ်သဘောထားများအားဖြင့် အသက်ရှင်သူတို့ ပြုမူတတ်သည့် နည်းလမ်းဖြစ်သည်။ ၎င်းတို့လုပ်ရပ်များ၏ နောက်ကွယ်မှ ရည်ရွယ်ချက်သည် မှားယွင်းသောအခါ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းခြင်း သို့မဟုတ် ၎င်းတို့၏အလိုဆန္ဒကို ငြင်းပယ်ခြင်း မပြုကြ၊ သမ္မာတရားစည်းမျဉ်းများကို မရှာဖွေကြသည်သာမက အခြားသူများထံမှလည်း မရှာကြ၊ သို့မဟုတ် ထိုသူတို့နှင့် မိတ်သဟာယဖွဲ့ခြင်းလည်း မပြုကြပေ။ ၎င်းတို့သည် လုပ်ချင်သမျှ၊ စိတ်ဆန္ဒရှိသမျှကို လုပ်ကြသည်။ မဆင်မခြင်နှင့် အထိန်းအကွပ်မဲ့ ပြုမူကြသည်။ ၎င်းတို့သည် အပြင်ပန်းအားဖြင့် မကောင်းမှုပြုကောင်း ပြုမည်မဟုတ်သော်လည်း သမ္မာတရားကလည်း မကျင့်သုံးကြပေ။ ၎င်းတို့သည် ၎င်းတို့၏ လုပ်ဆောင်မှုများတွင် စိတ်ဆန္ဒနောက် လိုက်ကြပြီး စာတန်ဆန်သော စိတ်သဘောထားဖြင့် နေထိုင်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိသည့်အပြင် ဘုရားသခင်၏ရှေ့မှောက်၌ အသက်မရှင်ကြခြင်းကို ဆိုလိုသည်။ အချို့သောသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကိုပင် နားလည်နိုင်သော်လည်း ယင်းတို့ကို လက်တွေ့မကျင့်သုံးနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့၏ စိတ်ဆန္ဒများနှင့် ရည်မှန်းချက်များကို မကျော်လွှားနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့လုပ်နေသည်မှာ မှားယွင်းကြောင်း၊ ယင်းက အဖျက်အမှောင့်နှင့် အနှောင့်အယှက်ဖြစ်ကြောင်း၊ ယင်းက ဘုရားသခင်အတွက် ရွံရှာဖွယ်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိကြစေကာမူ ၎င်းတို့သည် “ဘုရားသခင်အား ယုံကြည်ခြင်းသည် ကောင်းချီးများရရှိဖို့ မဟုတ်သလော။ ကောင်းချီးများကို ကျွန်ုပ်လိုက်စားနေခြင်းက မည်သည့်အရာ မှားသနည်း။ ဘုရားသခင်အား ယုံကြည်လာခဲ့သည့် နှစ်များတွင် ကျွန်ုပ်သည် အတော်ပင် ဒုက္ခခံစားခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ကောင်းချီးများ ရရှိရန်အတွက် မိမိ၏အလုပ်ကို စွန့်လွှတ်ပြီး လောကထဲရှိ ကျွန်ုပ်၏ တက်လမ်းများကို စွန့်ပယ်ခဲ့သည်။ ကျွန်ုပ်ခံစားခဲ့ရသမျှ ဆင်းရဲဒုက္ခအားလုံးအပေါ်သာ အခြေခံလျှင် ဘုရားသခင်သည် ကျွန်ုပ်ကို သတိရသင့်သည်။ သူသည် ကျွန်ုပ်အား ကောင်းချီးပေးပြီး ကျွန်ုပ်အား ကံကောင်းခြင်းကို အပ်နှင်းသင့်သည်” ဟု စဥ်းစားလျက် ယင်းကို ထပ်ခါတလဲလဲ ပြုလုပ်ကြသည်။ ဤစကားများမှာ လူ့အကြိုက်နှင့် ကိုက်ညီသည်။ ဘုရားသခင်ကို ယုံကြည်သူတိုင်း ဤကဲ့သို့တွေးကြ၏။ ကောင်းချီးများရရှိဖို့ ရည်ရွယ်ချက်ဖြင့် အနည်းငယ်စွန်းထင်းနေခြင်းသည် ထိုမျှကြီးမားသော ပြဿနာမဟုတ်ဟု ထင်မှတ်ကြသည်။ သို့သော် ဤစကားလုံးများကို သေချာစွာ စဉ်းစားကြည့်လျှင် ယင်းတို့အနက်မှ တစ်ခုခုသည် သမ္မာတရားနှင့် ကိုက်ညီသလော သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှုအစိတ်အပိုင်း ဟုတ်သလော။ ဤစွန့်ပစ်ခြင်းနှင့် ဒုက္ခခံခြင်း ဟူသမျှသည် ကောင်းမွန်သော လူ့အမူအကျင့်အမျိုးအစားများသာ ဖြစ်သည်။ ဤလုပ်ရပ်များသည် ကောင်းချီးများရရှိရန် ရည်ရွယ်ချက်၏ ထိန်းချုပ်ခြင်းကိုခံရပြီး ယင်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှု မဟုတ်ပေ။ အကယ်၍ ဤလူတို့၏ အမူအကျင့်ကို တိုင်းတာရန်အတွက် လူ၏ ကျင့်ဝတ်စံနှုန်းများကို အသုံးပြုပါက ၎င်းတို့ကို လုံ့လဝီရိယရှိပြီး ခြိုးခြံချွေတာသည်၊ အလုပ်ကြိုးစားပြီး တောင့်ခံနိုင်သည်ဟု မှတ်ယူရမည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အလုပ်ရှုပ်လွန်း၍ အစာစားရန်နှင့် အိပ်စက်ရန် မေ့တတ်ကြပြီး အချို့က ပျောက်ဆုံးသွားသော ပစ္စည်းများကို ပိုင်ရှင်များထံ ပြန်ပေးရန်၊ အကူအညီပေးရန်၊ ပရဟိတလုပ်ရန်၊ အခြားသူများကို နားလည်မှုနှင့် ရက်ရောမှုဖြင့် ဆက်ဆံရန်၊ မတွန့်တိုရန် သို့မဟုတ် ဇီဇာမကြောင်ရန်နှင့် ၎င်းတို့ အနှစ်သက်ဆုံးအရာများကို အခြားသူများအား ပေးကမ်းရန်ပင် ဆန္ဒရှိကြသည်။ ဤအပြုအမူများအားလုံးကို လူတို့က ချီးကျူးကြပြီး ၎င်းတို့ကို လူကောင်းများအဖြစ် အသိအမှတ်ပြုကြသည်။ ထိုသို့သောလူတို့သည် အသရေတင့်ဟန်၊ လေးစားဖွယ်ကောင်းဟန်တူပြီး အသိအမှတ်ပြုခံထိုက်ဟန် တူကြသည်။ ၎င်းတို့သည် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် လုံးဝဥဿုံ အကျင့်ကောင်းလျက် တရားမျှတပြီး ကျိုးကြောင်းဆီလျော်မှု ရှိကြသည်။ ၎င်းတို့သည် သူတစ်ပါးကို ကျေးဇူးပြန်ဆပ်ကြပြီး ညီအစ်ကိုဆက်ဆံရေးကို လွန်စွာဂရုစိုက်ကြသည်၊ ၎င်းတို့၏ မိတ်ဆွေတစ်ဦးဦးအတွက် မိမိတို့ကိုယ်ကို စွန့်လွှတ်အနစ်နာခံကာ ဆင်းရဲဒုက္ခခံပြီး ၎င်းတို့နှင့် အနီးဆုံးသူတို့အတွက် ရေမြေဆုံးတိုင်အောင် သွားကြမည်အထိပင်ဖြစ်သည်။ လူများစွာက ဤကဲ့သို့သော လူကောင်းမျိုးအတွက် ချီးမွမ်းစရာရှိကောင်း ရှိမည်ဖြစ်သော်လည်း ဤသူတို့သည် သမ္မာတရားကို အမှန်တကယ် လက်ခံပြီး လက်တွေ့ကျင့်သုံးနိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံရန် မိမိတို့၏အသက်ကို အမှန်တကယ် စွန့်လွှတ်မည်လော။ သေချာပေါက် စွန့်လွှတ်ခြင်းမျိုး မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့ကို လူကောင်းဟုခေါ်နိုင်သလော။ အကယ်၍ သင်သည် လူတစ်ဦးက ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းရှိမရှိ၊ သို့မဟုတ် ထိုသူတွင် သမ္မာတရား၏ လက်တွေ့ကျမှုရှိမရှိ အကဲဖြတ်ရန် ကြိုးစားနေပါက လူ့အယူအဆများ၊ စိတ်ကူးစိတ်သန်းများ၊ ကျင့်ဝတ်များနှင့် အကျင့်စာရိတ္တတို့ကို အခြေခံ၍ ၎င်းတို့ကို အမြဲတမ်း အကဲဖြတ်ခြင်းက မှန်ကန်မည်လော။ ယင်းက သမ္မာတရားနှင့် ကိုက်ညီမည်လော။ အကယ်၍ လူ့အယူအဆများ၊ စိတ်ကူးစိတ်သန်းများ၊ ကျင့်ဝတ်များနှင့် အကျင့်စာရိတ္တတို့သည် သမ္မာတရားဖြစ်ပါက ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြရန် မလိုအပ်သကဲ့သို့ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအလုပ်ကို လုပ်ဆောင်ရန် လိုအပ်မည်မဟုတ်ပေ။ ကမ္ဘာကြီးနှင့် လူသားမျိုးနွယ်သည် မှောင်မိုက်ပြီး ဆိုးယုတ်နေကြောင်း၊ ၎င်းတို့သည် သမ္မာတရား လုံးလုံးကင်းမဲ့ကြောင်းနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဘုရားသခင်၏ ကယ်တင်ခြင်း လိုအပ်ကြောင်း သင် ရှင်းလင်းစွာ သိမြင်ရမည်ဖြစ်သည်။ ဘုရားသခင် တစ်ပါးတည်းသာလျှင် သမ္မာတရားဖြစ်ကြောင်း၊ သူ၏ နှုတ်ကပတ်တော်များကသာ လူသားကို သန့်စင်ပေးနိုင်ကြောင်း၊ သူသာလျှင် လူသားကို ကယ်တင်နိုင်ကြောင်းနှင့် လူတစ်ဦး၏ အပြုအမူ မည်မျှကောင်းသည်ဖြစ်စေ ယင်းသည် သမ္မာတရားလက်တွေ့ကျမှုမဟုတ်ဘဲ သမ္မာတရားကိုယ်၌၏ အဆင့်ကို ပို၍ပင် မမီပေ။ ဤအမူအကျင့်ကောင်းများသည် လူတို့ကြားတွင် ပျံ့နှံ့လာပြီး အသိအမှတ်ပြုခံရသော်လည်း ယင်းတို့သည် သမ္မာတရားမဟုတ်၊ မည်သည့်အခါမျှ သမ္မာတရား ဖြစ်လာမည်မဟုတ်သည့်အပြင် ယင်းတို့သည် မည်သည့်အရာကိုမျှ မပြောင်းလဲနိုင်ချေ။ မိတ်ဆွေများအတွက် မိမိကိုယ်ကို စွန့်လွှတ်ကာ မိတ်ဆွေများအတွက် ရေမြေဆုံးတိုင်သွားမည့် လူတစ်ဦးအား ဘုရားသခင်နှင့် သမ္မာတရားကို လက်ခံလာအောင် သင်လုပ်ဆောင်နိုင်မည်လော။ ထိုလူသည် ဘုရားမဲ့ဝါဒီ ဖြစ်သောကြောင့် လုံးဝလုပ်ဆောင်နိုင်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ ပြည့်နှက်နေသူတစ်ဦးကို ကိုယ်တော်အား စစ်မှန်သော ကျိုးနွံနာခံမှုကို ရရှိစေနိုင်မည်လော။ လူသည် အယူအဆများနှင့် ပြည့်နှက်နေသောအခါ သမ္မာတရားကို လက်ခံပြီး သမ္မာတရားအား ကျိုးနွံနာခံဖို့ အလွန်ခက်သောကြောင့် လုံးဝရရှိစေနိုင်မည် မဟုတ်ပေ။ အဘယ်မျှကောင်းသော အပြုအမူဖြစ်စေ လူတစ်ဦးကို ဘုရားသခင်အား အမှန်တကယ် ကျိုးနွံနာခံနိုင်စေသလော။ ထိုသူတို့သည် ကိုယ်တော်ကို အမှန်တကယ် ချစ်နိုင်ကြသလော။ ကိုယ်တော်ကို ၎င်းတို့ ချီးမြှောက်ပြီး သက်သေခံနိုင်ကြသလော။ လုံးဝ မလုပ်နိုင်ကြပေ။ သခင့်အတွက် ဟောပြောပြီး အလုပ်လုပ်သူတိုင်းသည် ဘုရားသခင်အား အမှန်တကယ် ချစ်မြတ်နိုးသူ ဖြစ်လာလိမ့်မည်ဟု သင်အာမခံနိုင်သလော။ ယင်းမှာ လုံးဝဖြစ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လူတစ်ဦးသည် ကောင်းသောအမူအကျင့်များ မည်မျှပင် ရှိနေပါစေ၊ ယင်းသည် သူ၏ အသက်စိတ်သဘောထား ပြောင်းလဲသွားပြီဟု ဆိုလိုဖို့ဝေးစွ၊ သူသည် အမှန်တကယ် နောင်တရပြီး ပြောင်းလဲသွားပြီဟုပင် မဆိုလိုပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပြုအမူကောင်းဟူသည်မှာ မိမိ၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု မဆိုလိုပေ
ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ မိမိတို့အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်အတွက် အမှုအရာများကို စွန့်လွှတ်ပြီး မိမိတို့ကိုယ်ကို အသုံးခံကြသည့်အခါ ယင်းသည် ကောင်းချီးခံစားရရန်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသောအခါ ယင်းသည် ဆုချီးမြှင့်ခြင်းခံရရန်သာဖြစ်နေဆဲဖြစ်သည်။ အနှစ်ချုပ်လျှင် အားလုံးက ကောင်းချီးရဖို့၊ ဆုချီးမြှင့်ခြင်းခံရဖို့၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရဖို့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အလုပ်လုပ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့က ကောင်းချီးရရန် တာဝန်ထမ်းဆောင်ကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ခါးစီးခံနိုင်ခြင်း ဖြစ်သည်။ လူသား၏ စာတန်ဆန်သော သဘာဝနှင့်ပတ်သက်သည့် အကောင်းဆုံးသော အထောက်အထားဖြစ်သည်။ စိတ်သဘောထားများ ပြောင်းလဲပြီးသည့် လူများသည် ကွဲပြားကြသည်၊ ၎င်းတို့က သမ္မာတရားအားဖြင့် အသက်ရှင်သန်ခြင်းမှ အဓိပ္ပာယ်ရှိလာကြောင်း၊ လူသားဖြစ်ခြင်း၏ အခြေခံမှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်း ဖြစ်ကြောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းသည် လုံးဝ သဘာဝကျပြီး တရားမျှတသည့် တာဝန်ဝတ္တရားတစ်ခု ဖြစ်ကြောင်း၊ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ဖြည့်ဆည်းသည့်လူများသာလျှင် လူသားဟု အခေါ်ခံထိုက်ကြောင်း၊ ပြီးလျှင် ၎င်းတို့က ဘုရားသခင်ကို မချစ်နိုင်သကဲ့သို့ သူ့ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်နိုင်ခြင်း မရှိလျှင် ၎င်းတို့သည် လူသားဟု အခေါ်မခံထိုက်ကြောင်း ခံစားကြရသည်။ ၎င်းတို့က မိမိအတွက် အသက်ရှင်သန်ခြင်းသည် အနှစ်သာရမဲ့ပြီး အဓိပ္ပာယ် မရှိဟုလည်းကောင်း၊ လူတို့က ဘုရားကျေနပ်စေရန်၊ ၎င်းတို့ တာဝန်များကို ကောင်းစွာထမ်းဆောင်ရန်နှင့် အဓိပ္ပာယ်ရှိသော အသက်တာများတွင် နေရန် ရှင်သန်သင့်သည်ဟုလည်းကောင်း ခံစားရပေသည်။ ဤသို့ဖြင့် သေဆုံးရမည့်အချိန်၌ပင် ရောင့်ရဲတင်းတိမ်ကာ နောင်တ စိုးစဉ်းမျှ မရဘဲ ကျေနပ်ပြီး ၎င်းတို့ အချည်းနှီး အသက်ရှင်ခဲ့ခြင်း မဟုတ်ကြောင်း ခံစားကြရလိမ့်မည်။ ကွဲပြားသည့် ဤအခြေအနေနှစ်ခုကို နှိုင်းယှဉ်ရာတွင် ဒုတိယလူသည် စိတ်သဘောထား ပုံသဏ္ဌာန် ပြောင်းလဲသွားပြီးသည့်သူများထဲမှ တစ်ဦးဖြစ်သည်ကို မြင်နိုင်သည်။ လူတစ်ဦး၏ အသက် စိတ်သဘောထားက ပြောင်းလဲသွားလျှင် အသက်တာအပေါ် သူ၏အမြင်သည်လည်း ဧကန်ပြောင်းလဲသွားသည်။ ကွဲပြားသည့် တန်ဖိုးများ ယခုရှိသွားသဖြင့် သူသည် နောက်တစ်ဖန် မည်သည့်အခါမျှ မိမိကိုယ်တိုင်အတွက် အသက်ရှင်တော့မည် မဟုတ်သည့်အပြင် ကောင်းချီးမင်္ဂလာများ ရရှိရန်ဟူသည့် ရည်ရွယ်ချက်အတွက်နှင့် ဘုရားသခင်ကို နောက်တစ်ဖန် မည်သည့်အခါမျှ ယုံကြည်တော့မည် မဟုတ်ပေ။ “ဘုရားသခင်ကို သိကျွမ်းခြင်းက အကျိုးရှိသည်။ ဘုရားသခင်ကို သိကျွမ်းပြီးသည့်နောက် ငါသေသွားလျှင် ယင်းမှာ ကောင်းမည်ဖြစ်သည်။ ဘုရားသခင်ကို ငါသိကျွမ်းနိုင်ပြီး ဘုရားသခင်ကို နာခံနိုင်လျှင် ငါသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နိုင်လိမ့်မည်၊ ထိုသို့ဆိုလျှင် ငါသည် အချည်းနှီး အသက်ရှင်ခဲ့ခြင်း ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ နောင်တတစ်စုံတစ်ရာနှင့် သေဆုံးရမည်လည်း မဟုတ်။ ငါ၌ ညည်းညူစရာများ လုံးဝရှိလိမ့်မည်မဟုတ်” ဟု သူပြောနိုင်လိမ့်မည်။ ဤလူ၏ အသက်တာအပေါ် အမြင်သည် ပြောင်းလဲပြီးဖြစ်သည်။ ထို့ကြောင့် လူတစ်ဦး၏ အသက်စိတ်သဘောထား၌ အပြောင်းအလဲတစ်ရပ်အတွက် အဓိကအကြောင်းရင်းမှာ လူတစ်ဦးသည် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်ကာ သမ္မာတရားကို ရရှိပြီးဖြစ်၍ ဘုရားသခင်အား သိကျွမ်းမှုရှိခြင်း ဖြစ်၏။ ထို့အတွက်ကြောင့် လူတစ်ဦး၏ ဘဝအပေါ် အမြင်သည် ပြောင်းလဲသွားပြီး ထိုသူ၏ စံတန်ဖိုးများသည်လည်း ယခင်နှင့် ကွာခြားသွား၏။ ပုံသဏ္ဌာန်ပြောင်းလဲမှုသည် လူတစ်ဦး၏ စိတ်နှလုံးနှင့် အသက်တာမှ စတင်၏။ ယင်းသည် အပြင်ပန်း ပြောင်းလဲမှုသက်သက် ဧကန်မုချမဟုတ်။ အချို့သော ယုံကြည်သူအသစ်များသည် ဘုရားသခင်ကို စတင်၍ ယုံကြည်လာသည့်နောက် လောကီကမ္ဘာကို ချန်ထားခဲ့ကြသည်။ နောက်ပိုင်းတွင် ဘာသာတရားမရှိသူများနှင့် ကြုံကြိုက်သောအခါ ဤယုံကြည်သူများတွင် ပြောစရာ အနည်းငယ်သာရှိပြီး ဘာသာတရားမရှိသူ ဆွေမျိုးများနှင့် မိတ်ဆွေများကို ဆက်သွယ်ခဲ၏။ မယုံကြည်သူများက “ဤလူ ပြောင်းလဲသွားပြီ” ဟုပြောကြ၏။ ထို့နောက် ဘာသာတရားမရှိသူများက “ငါ့အသက်စိတ်သဘောထားက ပုံသဏ္ဌာန်ပြောင်းလဲသွားလေပြီ၊ ငါပြောင်းလဲသွားပြီဟု ဤဘာသာတရားမရှိသူများက ပြောကြ၏” ဟု တွေးတတ်ကြသည်။ အမှန်အားဖြင့် ထိုသို့သောသူ၏ စိတ်သဘောထားသည် ပြောင်းလဲသွားခဲ့ပြီလော။ မပြောင်းလဲသေးပေ။ သူပေါ်လွင်ထင်ရှားပြသည့်အရာတို့မှာ အပြင်ပန်း အပြောင်းအလဲများမျှသာ ဖြစ်၏။ သူ့အသက်တာတွင် မည်သည့်အပြောင်းအလဲစစ်စစ်မျှ မရှိဘဲ သူ၏ ဆိုးယုတ်သော သဘာဝသည် သူ၏ စိတ်နှလုံးအတွင်း၌ လုံးဝမထိမခိုက် အမြစ်တွယ်နေဆဲ ရှိ၏။ တစ်ခါတစ်ရံတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကြောင့် လူတို့သည် စိတ်အားထက်သန်မှု၏ ဖမ်းစားထားခြင်းကို ခံကြရ၏၊ အပြင်ပန်းအပြောင်းအလဲအချို့ ပေါ်ပေါက်ကောင်း ပေါ်ပေါက်နိုင်ပြီး သူတို့သည် ကောင်းမှုအနည်းငယ်ကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သည်။ သို့သော် ဤသည်မှာ စိတ်သဘောထား ပုံသဏ္ဌာန်ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိခြင်းနှင့် မတူပေ။ သင်သည် သမ္မာတရားကို မပိုင်ဆိုင်ဘဲ အမှုအရာများအပေါ် သင်၏အမြင်သည် ဘာသာတရားမရှိသူများ၏ အမြင်နှင့်ပင် မကွာခြားတော့သည့် အတိုင်းအတာအထိ မပြောင်းလဲပါက၊ ဘဝအပေါ်ထားသည့် သင်၏ အမြင်များနှင့် စံနှုန်းများသည်လည်း ပြောင်းလဲခြင်း မရှိပါက၊ ထို့ပြင် ယုတ်စွအဆုံး သင်ပိုင်ဆိုင်သင့်သော အရာဖြစ်သည့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး သင်၌ မရှိပါက သင်သည် စိတ်သဘောထား ပြောင်းလဲမှုကို စွမ်းဆောင်ရရှိမည့်အဖြစ်မှ ဝေးလွန်းလှ၏။ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရန် အဓိကအကျဆုံးအရာမှာ ဘုရားသခင်ကို နားလည်ဖို့ လိုက်စားရမည်ဖြစ်ပြီး သူ့ကို အစစ်အမှန် နားလည်မှုတစ်ခုရှိရမည်။ ပေတရုကို ဥပမာအဖြစ် ကြည့်လော့။ စာတန်ထံသို့ သူ့ကို လက်လွှဲပေးဖို့ ဘုရားသခင်က အလိုရှိခဲ့သောအချိန်တွင် “ကိုယ်တော်က ကျွန်ုပ်ကို စာတန်ထံ ပေးလိုက်လျှင်ပင် ကိုယ်တော်က ဘုရားသခင်ဖြစ်နေဆဲပါ။ ကိုယ်တော်သည် အနန္တတန်ခိုးရှင် ဖြစ်ပါသည်။ ပြီးလျှင် အရာခပ်သိမ်းသည် ကိုယ်တော့်လက်ထဲတွင် ရှိပါသည်။ ကိုယ်တော် လုပ်သည့်အရာများအတွက် ကိုယ်တော့်ကို ကျွန်ုပ် မချီးမွမ်းဘဲ မည်သို့များ နေနိုင်မည်နည်း။ သို့ရာတွင် ကျွန်ုပ် မသေမီ ကိုယ်တော့်ကို သိခွင့်ရနိုင်ခဲ့လျှင် ယင်းမှာ ပို၍ မကောင်းပေသလော” ဟု သူက ပြောခဲ့သည်။ လူများ၏ အသက်တာတွင် ဘုရားသခင်ကို သိခြင်းသည် အရေးအကြီးဆုံး ဖြစ်သည်ဟု သူခံစားခဲ့ရသည်။ ဘုရားသခင်ကို သိပြီးနောက်တွင် မည်သို့သော သေခြင်းမျိုးမဆိုသည် ကိစ္စမရှိပေ၊ ထို့ပြင် ယင်းကို ဘုရားသခင် ကိုင်တွယ်ခဲ့သည့် မည်သည့်နည်းမဆိုသည် ကောင်းမွန်ပေသည်။ ဘုရားသခင်ကို သိခြင်းသည် အရေးအပါဆုံးအရာ ဖြစ်သည်ဟု သူခံစားခဲ့ရသည်။ အကယ်၍ သူသည် သမ္မာတရားကို မရခဲ့လျှင် သူမည်သည့်အခါမျှ ကျေနပ်နိုင်မည် မဟုတ်သော်လည်း ဘုရားသခင်ထံ စောဒကတက်မည်လည်း မဟုတ်ပေ။ သမ္မာတရားကို သူမလိုက်စားခဲ့မိသည့်အချက်ကိုသာ သူမုန်းတီးနေလိမ့်မည်။ ပေတရု၏ စိတ်ဓာတ်ကိုထောက်ဆလျှင် ဘုရားသခင်ကို သိရန် သူ၏အလွန်စိတ်ထက်သန်သော လိုက်စားခြင်းက သူ၏အသက်တာအမြင်နှင့် စံနှုန်းများသည် ပြောင်းလဲသွားပြီဖြစ်ကြောင်း ပြသည်။ ဘုရားသခင်ကို သိဖို့ သူ၏ နက်ရှိုင်းသောအာသီသက ဘုရားသခင်ကို သူအမှန်တကယ် သိခဲ့ကြောင်းကို သက်သေပြသည်။ ထို့ကြောင့် ဤစကားမှနေ၍ လူတစ်ဦးသည် သူ၏စိတ်သဘောထား ပြောင်းလဲသွားပြီဆိုသည်ကို မြင်နိုင်သည်။ သူသည် စိတ်သဘောထား ပြောင်းလဲသွားသော လူတစ်ယောက်ဖြစ်သည်။ သူ့အတွေ့အကြုံ၏ အဆုံးသတ်တွင် သူသည် ဘုရားသခင်ကို အသိဆုံးသော လူတစ်ဦးဖြစ်သည်၊ သူသည် ဘုရားသခင်ကို အမှန်တကယ် ချစ်သောလူတစ်ဦးဖြစ်သည်ဟု ဘုရားသခင်က ပြောခဲ့သည်။ သမ္မာတရား မရှိဘဲ လူတစ်ဦး၏ အသက်စိတ်သဘောထားသည် မည်သည့်အခါမျှ အမှန်တကယ် မပြောင်းလဲနိုင်ပေ။ အကယ်၍ သင်တို့သည် သမ္မာတရားကို အမှန်တကယ် လိုက်စားနိုင်ပြီး သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်မှသာ သင့်အသက်စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုကို သင်ရရှိနိုင်မည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး