၃၉။ ဘုရားသခင်အား ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့ အားထုတ်ရန်နည်းလမ်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

“ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” နှင့် ဘုရားသခင်ကို သိခြင်းတို့သည် မြောက်မြားစွာသော ကြိုးမျှင်တို့ဖြင့် ခွဲ၍မရနိုင်အောင် ချိတ်ဆက်နေပြီး ၎င်းတို့အကြား ဆက်နွှယ်မှုမှာ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် မကောင်းသော အကျင့်ကို ရှောင်ခြင်းအား ရရှိလိုပါက ဦးစွာပထမ ထိုသူ၌ ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့မှု ရှိရမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့ခြင်း ရရှိလိုပါက ဦးစွာပထမ ထိုသူ၌ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာရှိရမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာ ရရှိလိုပါက ဦးစွာပထမ ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံရမည်၊ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရမည်၊ ဘုရားသခင်၏ ရိုက်နှက်ဆုံးမခြင်းနှင့် ပဲ့ပြင်ခြင်း၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံရမည် ဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံလိုပါက ဦးစွာပထမ ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ဆုံရမည်၊ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် ဆုံရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အရာဝတ္ထုများပါဝင်သော ပတ်ဝန်းကျင်မျိုးစုံ ပုံစံဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းငှာ အခွင့်အရေးများပေးပါရန် ဘုရားသခင်အား တောင်းလျှောက်ရပေမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်နှင့်၊ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ဆုံချင်ပါက ဦးစွာပထမ ထိုသူသည် ရိုးစင်းကာ ရိုးသားသော နှလုံးသား၊ သမ္မာတရားကို လက်ခံရန် အဆင်သင့်ဖြစ်မှု၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံလိုသည့် စိတ်ဆန္ဒ၊ မကောင်းသောအကျင့်ကို ရှောင်ရန် ဆုံးဖြတ်ချက်နှင့် သတ္တိ၊ စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရန် ပြင်းပြသည့် ဆန္ဒတို့ကို ပိုင်ဆိုင်ထားရမည်။...ဤနည်းအားဖြင့် ရှေ့သို့ တစ်လှမ်းချင်း လှမ်းခြင်းဖြင့် သင်သည် ဘုရားသခင်ထံ သာ၍ တိုးဝင်ချဉ်းကပ်လာလိမ့်မည်၊ သင့်နှလုံးသားသည် ပို၍သန့်စင်လာလိမ့်မည်ဖြစ်ပြီး သင့်အသက်တာနှင့် ရှင်သန်ခြင်းတန်ဖိုးတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် သင်၏အသိ နောက်ပိုင်းတွင် တိုး၍ အဓိပ္ပာယ်ရှိမည်ဖြစ်ကာ ပို၍ပင် တောက်ပ အရောင်လက်လာလိမ့်မည်။ တစ်နေ့၊ ဖန်ဆင်းရှင်မှာ ပဟေဠိမဟုတ်တော့ကြောင်း၊ ဖန်ဆင်းရှင်သည် သင့်ထံမှ မည်သည့်အခါမျှ ပုန်းကွယ်မနေခဲ့ကြောင်း၊ ဖန်ဆင်းရှင်သည် သူ့မျက်နှာအား သင့်ထံမှ မည်သည့်အခါမျှ ဖုံးကွယ်မထားကြောင်း၊ ဖန်ဆင်းရှင်သည် သင်နှင့် လုံးဝ မဝေးကွာကြောင်း၊ ဖန်ဆင်းရှင်သည် သင့်အတွေးများထဲတွင် စဉ်ဆက်မပြတ် တမ်းတသော်လည်း သင့်ခံစားချက်များဖြင့် လက်လှမ်းမမီနိုင်သည့်သူ မဟုတ်တော့ကြောင်း၊ သင့်အသက်တာကို ပံ့ပိုးပေးရင်း၊ သင်၏ကံကြမ္မာကို ထိန်းချုပ်ပေးရင်း သူသည် သင်၏လက်ဝဲနှင့် လက်ျာနှစ်ဖက်ကို ဧကန်စင်စစ်စောင့်ရှောက်နေကြောင်း သင်ခံစားလာရလိမ့်မည်။ သူသည် ဝေးလံလှသော မိုးကုပ်စက်ဝိုင်းတွင် ရှိနေသည်မဟုတ်သကဲ့သို့ မိမိကိုယ်ကို တိမ်တောင်မြင့်မြင့်ကြားတွင် ဝှက်ထားသည်လည်း မဟုတ်ပေ။ သူသည် သင်၏အရာအားလုံးကို ဦးဆောင်လျက် သင့်နံဘေးတွင် ရှိနေသည်။ သူသည် သင်၌ရှိသမျှ အရာခပ်သိမ်းဖြစ်ပြီး သင်၌ရှိသည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ ထိုကဲ့သို့သော ဘုရားသခင်သည် သင့်စိတ်နှလုံးဖြင့် သူ့ကိုချစ်ခွင့်၊ သူ့ကို ဖက်တွယ်ခွင့်၊ သူ့ကို နီးကပ်စွာ ဆုပ်ကိုင်ခွင့်၊ သူ့ကို ကြည်ညိုခွင့်၊ သူ့ကို ဆုံးရှုံးရမည်အား ကြောက်ရွံ့ခွင့်တို့ကို ပေးပြီး သူ့ကို စွန့်ခွာရန်၊ သူ့ကို ပုန်ကန်ရန်၊ သူ့ကို ရှောင်ဖယ်ရန်၊ သို့မဟုတ် သူ့ကို ခပ်ဝေးဝေးတွင်ထားရန် မလိုမလား ဖြစ်စေသည်။ သူ့ကို အရေးစိုက်ရန်၊ ကျိုးနွံနာခံရန်၊ သင့်ကို သူပေးသမျှအား တုံ့ပြန်ရန်နှင့် သူ၏အုပ်စိုးမှုကို အရှုံးပေးအပ်နှံရန်သာ သင်လိုချင်တော့သည်။ သင်သည် သူ၏လမ်းညွှန်မှု၊ ပံ့ပိုးမှု၊ စောင့်ကြည့်မှုနှင့် ကာကွယ်စောင့်ရှောက်မှုတို့ကို ခံယူရန် မငြင်းပယ်တော့သကဲ့သို့၊ သင့်အတွက် သူဆုံးဖြတ်ပေးပြီး ဘိသိက်ပေးသည့် အရာတို့ကိုလည်း သင်မငြင်းပယ်တော့ပေ။ သူ့နောက်လိုက်ရန်၊ သူ၏အဖော်ပြုခြင်း၌ သူ၏အနီးအနားတွင် နေရန်သာ သင်လိုချင်၏၊ သူ့ကို သင်၏ တစ်ခုတည်းသော အသက်အဖြစ် လက်ခံရန်၊ သင်၏ တစ်ဦးတည်းသော သခင်၊ တစ်ဦးတည်းသော ဘုရားသခင်အဖြစ် လက်ခံရန်သာ သင်လိုချင်လေတော့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

“ဘုရားသခင်ကို ကြောက်ရွံ့ခြင်း” ဆိုသည်မှာ ဖော်ပြမရနိုင်လောက်အောင် ဆိုးရွားသော ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့ကို မဆိုလိုသကဲ့သို့၊ ရှောင်ဖယ်ခြင်းလည်း မဟုတ်သည့်အပြင်၊ ခပ်ဝေးဝေးနေခြင်းလည်းမဟုတ်ပေ၊ ထို့ပြင် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်း၊ သို့မဟုတ် အယူသီးခြင်းလည်း မဟုတ်ပေ။ ယင်းထက် ၎င်းသည် ကြည်ညိုခြင်း၊ မြတ်နိုးလေးစားခြင်း၊ ယုံကြည်ကိုးစားခြင်း၊ နားလည်သဘောပေါက်ခြင်း၊ အရေးစိုက်ခြင်း၊ ကျိုးနွံနာခံခြင်း၊ အထွတ်အမြတ်ထားခြင်း၊ ချစ်ခြင်းတို့ဖြစ်သည်၊ ထို့အပြင် အကြွင်းမဲ့ပြီး ညည်းညူခြင်းကင်းသော ဝတ်ပြုကိုးကွယ်မှု၊ အတုံ့အလှယ်ပေးဆပ်ခြင်းနှင့် အရှုံးပေးအပ်နှံခြင်းတို့လည်း ဖြစ်သည်။ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာမရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော ကြည်ညိုခြင်း၊ စစ်မှန်သော ယုံကြည်ကိုးစားခြင်း၊ စစ်မှန်သော နားလည်သဘောပေါက်ခြင်း၊ စစ်မှန်သော အရေးစိုက်ခြင်း၊ သို့မဟုတ် စစ်မှန်သော ကျိုးနွံနာခံခြင်းတို့ ရှိလိမ့်မည် မဟုတ်ဘဲ၊ ထိတ်လန့်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်း၊ မယုံသင်္ကာဖြစ်ခြင်း၊ အထင်မှားခြင်း၊ ရှောင်တိမ်းခြင်းနှင့် ရှောင်ရှားခြင်းတို့သာ ရှိနေလိမ့်မည်။ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာမရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော အထွတ်အမြတ်ထားခြင်းနှင့် အတုံ့အလှယ်ပေးဆပ်ခြင်းတို့ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်ကို စစ်မှန်သော သိကျွမ်းမှု မရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းနှင့် အရှုံးပေးအပ်နှံခြင်းတို့ ရှိလိမ့်မည် မဟုတ်ဘဲ၊ မျက်စိစုံမှိတ် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်းနှင့် အယူသီးခြင်းတို့သာ ရှိလိမ့်မည်။ ဘုရားသခင်ကို စစ်မှန်သော သိကျွမ်းမှု မရှိပါက လူသားမျိုးနွယ်သည် ဘုရားသခင်၏ လမ်းခရီးကို လိုက်မလျှောက်နိုင်သကဲ့သို့၊ ဘုရားသခင်ကို မကြောက်နိုင်၊ သို့မဟုတ် မကောင်းသောအကျင့်ကိုလည်း မရှောင်နိုင်ပေ။ အပြန်အလှန်အားဖြင့် လူတို့လုပ်ဆောင်သမျှ အမှုကိစ္စတိုင်းနှင့် အပြုအမူတိုင်းသည် ပုန်ကန်မှုနှင့် အာခံမှု၊ ဘုရားသခင်ကို သွားပုပ်လေလွင့် အပြစ်တင်ယိုးစွပ်မှုများအပြင် ဘုရားသခင်ကို အပုပ်ချသည့် ဝေဖန်အကဲဖြတ်မှုများနှင့် ပြည့်နေလိမ့်မည်ဖြစ်ပြီး သမ္မာတရားအပြင် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်တို့နှင့် ဆန့်ကျင်သည့် ဆိုးယုတ်သော အပြုအမူနှင့် ပြည့်နေလိမ့်မည်။

လူသားမျိုးနွယ်၌ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကိုးစားခြင်း ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏နောက်ကို လိုက်ခြင်းနှင့် သူ့အပေါ်မှီခိုရာတွင် စစ်မှန်လာလိမ့်မည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကိုးစားပြီး မှီခိုခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော သိနားလည်ခြင်းနှင့် သဘောပေါက်ခြင်းတို့ ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် သဘောပေါက်ခြင်းနှင့်အတူ သူ့ကို အစစ်အမှန် အရေးစိုက်ခြင်း တွဲပါလာသည်။ ဘုရားသခင်ကို အစစ်အမှန် အရေးစိုက်ခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် ကျိုးနွံနာခံခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော အထွတ်အမြတ်ထားခြင်း ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် အထွတ်အမြတ်ထားခြင်းဖြင့်သာ လူသားမျိုးနွယ်၌ အကြွင်းမဲ့ပြီး ညည်းညူခြင်းကင်းသော စစ်မှန်သည့် အတုံ့အလှယ်ပေးဆပ်ခြင်း ရှိနိုင်သည်။ စစ်မှန်သည့် ကိုးစားခြင်းနှင့် မှီခိုခြင်း၊ စစ်မှန်သည့် နားလည်မှုနှင့် အရေးစိုက်ခြင်း၊ စစ်မှန်သည့် ကျိုးနွံနာခံခြင်း၊ စစ်မှန်သည့် အထွတ်အမြတ်ထားခြင်းနှင့် အတုံ့အလှယ်ပေးဆပ်ခြင်းတို့ဖြင့်သာ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို အမှန်တကယ် သိကျွမ်းလာနိုင်ပြီး ဖန်ဆင်းရှင်၏ ကိုယ်ပိုင်လက္ခဏာကို အမှန်တကယ် သိကျွမ်းလာနိုင်သည်။ ဖန်ဆင်းရှင်အား ၎င်းတို့ အမှန်တကယ် သိကျွမ်းလာသည့်အခါမှသာ လူသားမျိုးနွယ်သည် ၎င်းတို့အထဲ၌ စစ်မှန်သည့် ကိုးကွယ်မှုနှင့် အရှုံးပေးအပ်နှံခြင်းတို့ နိုးကြားလာအောင် လုပ်နိုင်မည် ဖြစ်သည်။ ၎င်းတို့၌ ဖန်ဆင်းရှင်ကို စစ်မှန်သည့် ကိုးကွယ်ခြင်းနှင့် အရှုံးပေးအပ်နှံခြင်းတို့ ရှိသည့်အခါမှသာ လူသားမျိုးနွယ်သည် မိမိတို့၏ ဆိုးယုတ်သော လမ်းများကို အမှန်တကယ် ဘေးဖယ်ထားနိုင်ကြလိမ့်မည်၊ တစ်နည်းအားဖြင့်ဆိုလျှင် မကောင်းသောအကျင့်ကို ရှောင်နိုင်ကြလိမ့်မည်။

ဤတွင် “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” လုပ်ငန်းစဉ်တစ်ခုလုံး ပါဝင်၏၊ ထို့ပြင် ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း၏ အကြောင်းအရာ အလုံးစုံလည်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းသို့ ရောက်ရန်အတွက် ကျော်ဖြတ်ရမည့် လမ်းကြောင်းလည်း ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

ပထမဦးစွာ ဘုရားသခင်၏ စိတ်နေသဘောထားသည် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ ဖြစ်ကြောင်းကို ငါတို့သိကြသည်။ သူသည် လူတို့ အလိုရှိသည့်အတိုင်း ထိန်းချုပ်ခြင်းခံရမည့် ရုပ်သေးရုပ်တစ်ခု ဖြစ်ဖို့မဆိုနှင့်၊ တစ်စုံတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံရမည့် သိုးတစ်ကောင် မဟုတ်ပေ။ သူသည် သြဇာပေးခံရမည့် ဘာမျှမရှိသော လေပွေတစ်ခုလည်း မဟုတ်ပေ။ သင်သည် ဘုရားသခင်တည်ရှိကြောင်းကို အမှန်တကယ်ယုံကြည်ပါက၊ သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသင့်ပြီး ဘုရားသခင်၏ အနှစ်သာရမှာ ဒေါသထွက်အောင် လုပ်ရမည့်အရာတစ်ခု မဟုတ်ကြောင်းကို သင် သိသင့်ပေသည်။ ဤဒေါသကို စကားတစ်လုံးအားဖြင့်၊ သို့မဟုတ် အတွေးတစ်ခု အားဖြင့်၊ သို့မဟုတ် ဆိုးညစ်သော အပြုအမူတစ်မျိုးမျိုးအားဖြင့်ဖြစ်စေ၊ သို့မဟုတ် သိမ်မွေ့သည့် အပြုအမူပုံစံ၊ သို့မဟုတ် လူတို့၏အမြင်နှင့် လူသားတို့၏ ကိုယ်ကျင့်တရားအားဖြင့် အတန်အသင့်ဖြစ်သော အပြုအမူအားဖြင့်ပင်ဖြစ်စေ ဖြစ်ပွားစေနိုင်သည်။ သို့တည်းမဟုတ် ယင်းကို သြဝါဒတစ်ခု သို့မဟုတ် အယူအဆသဘောတရား တစ်ခုအားဖြင့် နှိုးဆွပေးနိုင်သည်။ သို့သော်လည်း ဘုရားသခင်ကို သင် ဒေါသ ထွက်စေပြီးသည်နှင့် တစ်ပြိုင်နက် သင်၏ အခွင့်အရေးပျောက်ဆုံးပြီး သင်၏ နောက်ဆုံးနေရက်များ ရောက်ရှိလာပြီဖြစ်သည်။ ဤသည်မှာ ဆိုးဝါးသော အရာတစ်ခုပင်။ အကယ်၍ ဘုရားသခင်အား ပုန်ကန်ပြစ်မှား၍ မရသည်ကို သင် နားမလည်ပါက၊ သင်သည် ဘုရားသခင်ကို မကြောက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး သင်သည် သူ့အား အချိန်တိုင်းလိုလို ပြစ်မှားနေခြင်း ဖြစ်နိုင်သည်။ သင်သည် ဘုရားသခင်အား မည်ကဲ့သို့ ကြောက်ရွံ့ရမည်ကို မသိပါက၊ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း မရှိသည့်အပြင် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းတည်းဟူသော ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်း လမ်းကြောင်းပေါ်သို့ မိမိကိုယ်ကိုယ် မည်သို့ထားရှိရမည်ကို သိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ပြစ်မှား၍မရကြောင်း သတိပြုမိလာပြီး အသိနိုးကြားသည်နှင့်တစ်ပြိုင်နက် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ရန် မည်သည့်အရာ လုပ်ဆောင်ရမည်ကို သိလိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်သည် အသက်ရှင်သော ဘုရားသခင်ဖြစ်ပြီး လူတို့က ခြားနားသော အခြေအနေများတွင် ခြားနားစွာ ပြုမူကြသကဲ့သို့၊ ဘုရားသခင်သည် ရုပ်သေးရုပ်တစ်ရုပ် မဟုတ်သကဲ့သို့ ဘာမျှမရှိသော လေတစ်ပွေ မဟုတ်သောကြောင့်၊ ဤပြုမူချက်များအပေါ် သူ၏သဘောထားမှာ ကွဲပြား ပေသည်။ ဘုရားသခင်၏ သဘောထားကိုသိရခြင်းမှာ လူသားမျိုးနွယ် အတွက် ထိုက်သင့်သော လေ့လာလိုက်စားမှု တစ်ခုပင် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ သဘောထားကို သိခြင်းအားဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို တဖြည်းဖြည်းချင်း မည်ကဲ့သို့သိနိုင်မည့်အကြောင်းနှင့် သူ၏စိတ်နှလုံးကို နားလည်လာရန် လေ့လာသင်ယူသင့်သည်။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးကို တဖြည်းဖြည်းချင်း နားလည်လာသောအခါ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းမှာ လုပ်ဆောင်ပြီးမြောက်ဖို့ အင်မတန်ခက်ခဲသောအရာတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည် မဟုတ်ပေ။ ထိုမျှမက သင်သည် ဘုရားသခင်ကို နားလည်သည့်အခါ၊ သင်သည် သူနှင့်ပတ်သက်၍ ကောက်ချက်များချရန် အလားအလာ ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အကြောင်း ကောက်ချက်များချခြင်းကို သင် ရပ်လိုက်သည့်အခါ၊ သင်သည် ဘုရားသခင်ကို ပြစ်မှားရန် အလားအလာ လျော့နည်းသွားမည် ဖြစ်ပြီး ဘုရားသခင်သည် သင့်အား သူ၏အကြောင်း သိကျွမ်းခြင်းရရှိစေရန် သင်သတိမထားလိုက်ဘဲ၊ ဦးဆောင်သွားမည် ဖြစ်သဖြင့် ဤအရာက သင်၏စိတ်နှလုံးကို ဘုရားသခင်အား ကြောကရွံ့မှုနှင့် ပြည့်ဝစေလိမ့်မည် ဖြစ်သည်။ ထိုအခါ သင်ကျွမ်းကျင်တတ်မြောက်သော စကားများနှင့် အယူဝါဒများ သို့မဟုတ် သဘောတရားများအားဖြင့် ဘုရားသခင်အား အဓိပ္ပာယ်ဖွင့်ခြင်းကို သင်ရပ်တန့်လိမ့်မည် ဖြစ်သည်။ ထိုအစား အရာခပ်သိမ်း၌ ဘုရားသခင်၏ လိုအင်ဆန္ဒများကို အစဉ်ရှာဖွေခြင်းဖြင့် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ညီသော လူတစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာလေမည်။

ဘုရားသခင်၏အမှုကို လူသားများက မြင်နိုင်ခြင်းနှင့် ကိုင်တွယ်နိုင်ခြင်း မရှိသော်လည်း၊ ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူ့အပေါ် လူတစ်ဦး တစ်ယောက်ချင်းစီ၏ သဘောထားနှင့်အတူ လုပ်ဆောင်ချက်များမှာ ဘုရားသခင် အတွက် သိသာထင်ရှားသည်သာမက မြင်လည်းမြင်နိုင်ပေသည်။ ဤအရာမှာ လူတိုင်းလက်ခံထားပြီး ရှင်းရှင်းလင်းလင်း သိသင့်သောအရာ ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် “ဤနေရာတွင် ကျွန်ုပ် လုပ်နေသောအရာကို ဘုရားသခင် သိသလော။ ယခုလက်ငင်း ကျွန်ုပ်တွေးနေသောအရာကို သူသိသလော။ သူ သိကောင်းသိနိုင်သည်၊ မသိကောင်းလည်း မသိနိုင်” ဟု အမြဲတစေ မေးနေနိုင်သည်။ အကယ်၍ သင်သည် ဤသို့ရှုထောင့်မျိုးကို ခံယူကာ ဘုရားသခင်ကို ယုံကြည်ပြီး နောက်သို့လိုက်နေလျက်နှင့် သူ၏အမှုနှင့် သူ၏တည်ရှိခြင်းကို သံသယထားပါက၊ သင်သည် အန္တရာယ်ရှိသော ချောက်ကမ်းပါးတစ်ခု၏ အစပ်တွင် ယိုင်တီးယိုင်တိုင် လျှောက်နေပြီ ဖြစ်သောကြောင့်၊ သင် သူ၏ဒေါသကို နိုးဆွပေးမည့် နေ့ရက်တစ်ခု အနှေးနှင့်အမြန် ရောက်လာမည် ဖြစ်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးသော်လည်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ဖို့ မဆိုနှင့်၊ သမ္မာတရား စစ်မှန်မှုကို မရသေးသော လူတို့ကို ငါတွေ့မြင်ခဲ့ပြီ။ ဤလူတို့သည် ၎င်းတို့၏ဘဝနှင့် ဝိညာဉ်ရင့်ကျက်မှု၌ တိုးတက်မှုမရှိဘဲ၊ အတိမ်ပါးဆုံးသော သြဝါဒများကိုသာ လိုက်နာစောင့်ထိန်းလျက် ရှိကြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုယ်၌ကို အသက်အဖြစ် မည်သည့်အခါမျှ သဘောထားခြင်း မရှိဖူးခဲ့ကြသည့်အပြင်၊ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို မည်သည့်အခါမျှ ရင်ဆိုင်ခြင်းနှင့် လက်ခံခြင်း မရှိဖူးခဲ့ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ယင်းကဲ့သို့သော လူများကိုမြင်သောအခါ၊ ပျော်ရွှင်မှုဖြင့် ပြည့်နေမည်ဟု သင် ထင်သလော။ ၎င်းတို့သည် သူ့ကို စိတ်ချမ်းသာစေကြသလော။ ထို့ကြောင့် ယင်းမှာ ၎င်းတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသည့် ဘုရားသခင်အပေါ် လူတို့ ယုံကြည်သည့်ပုံစံပင် ဖြစ်သည်။ လူတို့က ဘုရားသခင်ကို မည်သို့ရှာဖွေပြီး၊ မည်သို့ချဉ်းကပ်ကြောင်းနှင့် ပတ်သက်၍ လူတို့၏ သဘောထားများသည် အထူးသဖြင့် အရေးကြီးပါသည်။ ဘုရားသခင်သည် သင်၏ ဦးခေါင်းအနောက်ဘက်မှ ဘာမျှမရှိသော လေထုကဲ့သို့သမျှ သူ့အား လျစ်လျူမရှုနှင့်။ သင် ယုံကြည်သော ဘုရားသခင်သည် အသက်ရှင်သော ဘုရားသခင်၊ စစ်မှန်သောဘုရားသခင် ဖြစ်ကြောင်းကို အမြဲ ဆင်ခြင်လော့။ သူသည် ဘာမျှလုပ်စရာမရှိဘဲ တတိယကောင်းကင်ဘုံထက်၌ ငုတ်တုတ်ထိုင်နေခြင်း မဟုတ်ပါ။ ထို့ထက် သူသည် အယောက်တိုင်းစီ၏ စိတ်နှလုံးထဲကို အစဉ်မပြတ် ကြည့်ရှုစစ်ဆေးလျက်၊ သင် လုပ်ဆောင်မည့်အရာကို အကဲခတ်ခြင်း၊ သင်၏ သေးငယ်သော စကားလုံးတိုင်းနှင့် သေးငယ်သော လုပ်ဆောင်မှုတိုင်းကို စောင့်ကြည့်ခြင်း၊ သင် မည်ကဲ့သို့ပြုမူပုံကို စောင့်ကြည့်ခြင်းနှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားမှာ အဘယ်သို့ရှိကြောင်းကို ကြည့်မြင်ခြင်းတို့ကို ပြုလုပ်နေသည်။ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် ပေးလိုသည်ဖြစ်စေ မပေးလိုသည်ဖြစ်စေ၊ သင်၏အပြုအမူနှင့် သင်၏ အတွင်းကျကျ အတွေးများနှင့် စိတ်ကူးများအားလုံးသည် ဘုရားသခင်ရှေ့၌ ထီးတည်းပြသလျက် ရှိပြီး သူ၏စောင့်ကြည့်ခြင်းကို ခံနေကြရသည်။ သင်၏ အပြုအမူကြောင့်၊ သင်၏ လုပ်ဆောင်ချက်များကြောင့်အပြင် ဘုရားသခင်အပေါ် သင်၏သဘောထားကြောင့် သင့်အပေါ် သူ၏ခံယူချက်နှင့် သင့်အပေါ် သူ၏သဘောထားမှာ အဆက်မပြတ် ပြောင်းလဲနေခြင်း ဖြစ်သည်။ လူတချို့ကို ငါအကြံတချို့ ပေးလိုသည်။ ဘုရားသခင်သည် သင့်ကို အလွန်ချစ်သင့်သကဲ့သို့၊ သင့်ကို သူဘယ်သောအခါမျှ မစွန့်ခွာနိုင်သကဲ့သို့၊ သင့်အပေါ် သူ၏ သဘောထားမှာ လုံးဝပုံသေဖြစ်ပြီး ဘယ်သောအခါမျှ မပြောင်းလဲနိုင်သကဲ့သို့ ဘုရားသခင်၏ လက်ထဲတွင် မွေးကင်းစကလေးများကဲ့သို့ သင်တို့ကိုယ်သင်တို့ မထားကြနှင့်၊ ထို့ပြင် စိတ်ကူးယဉ်နေသည်ကို ရပ်တန့်လိုက်ဖို့ သင့်ကို ငါအကြံပေးသည်။ ဘုရားသခင်သည် လူအယောက်စီတိုင်းအပေါ် သူ၏ဆက်ဆံမှု၌ ဖြောင့်မတ်ပေသည်၊ ပြီးလျှင် လူတို့အား သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်း အမှုတို့အတွက် သူ၏လုပ်ကိုင်ပုံ၌ အလွန်စိတ်အားထက်သန်သည်။ ဤသည်မှာ သူ၏စီမံခန့်ခွဲမှု ဖြစ်သည်။ သူသည် လူတစ်ဦးချင်းစီကို နောက်ပြောင်ကျီစယ်စရာ အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကဲ့သို့ မဟုတ်ဘဲ၊ အလေးအနက်ထား၍ ဆက်ဆံသည်။ လူသားများအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ ပိုးမွေးသကဲ့သို့သော သို့မဟုတ် အလိုလိုက်ပြီး ပျက်စီးစေသော ချစ်ခြင်းမေတ္တာမျိုး မဟုတ်သကဲ့သို့ လူသားမျိုးနွယ်အပေါ် သူ၏ သနားခြင်းကရုဏာနှင့် သည်းခံခြင်းမှာ အလိုလိုက်ခြင်း သို့မဟုတ် အမှုမဲ့အမှတ်မဲ့ပြုခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူသားများအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အမြတ်တနိုးထားခြင်း၊ သနားကြင်နာခြင်းနှင့် ဘဝကို အလေးထားခြင်းတို့ ပါဝင်သည်၊ သူ၏ သနားခြင်းကရုဏာနှင့် သည်းခံခြင်းသည် လူအပေါ် သူ၏မျှော်မှန်းချက်များကို သိရှိစေပြီး၊ ယင်းတို့မှာ လူသားတို့ အသက်ဆက်ရန်အတွက် လိုအပ်သောအရာပင် ဖြစ်သည်။ ဘုရားသခင်သည် အသက်ရှင်ပြီး အမှန်တကယ် တည်ရှိသည်၊ လူသားမျိုးနွယ်အပေါ် သူ၏သဘောထားမှာ စည်းစနစ်ကျပြီး တရားသေ စည်းမျဉ်းများ တစ်ပွေ့တစ်ပိုက် လုံးဝမဟုတ်ဘဲ၊ ၎င်းမှာ ပြောင်းလဲနိုင်သည်။ လူသားတို့အပေါ် သူ၏ ရည်ရွယ်ချက်များသည် အချိန်နှင့်အမျှ၊ အခြေအနေ ဖြစ်ပေါ်လာသည့်အပေါ် မူတည်ပြီး လူအယောက်စီတိုင်း၏ သဘောထားအလိုက် တဖြည်းဖြည်း ပြောင်းလဲလျက် အသွင်ပြောင်းနေ၏။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ အနှစ်သာရမှာ ပြောင်းလဲခြင်းမရှိကြောင်း နှင့် သူ၏ စိတ်သဘောထားသည် မတူညီသော အချိန်များနှင့် မတူညီသော အခြေအနေများတွင် ထွက်ပေါ်လာလိမ့်မည် ဖြစ်ကြောင်းကို သင်၏ စိတ်နှလုံးထဲတွင် လုံးလုံးလျားလျား ရှင်းလင်းပြတ်သားမှုဖြင့် သိထားသင့်သည်။ ဤအရာမှာ လေးနက်သော ကိစ္စတစ်ခုဖြစ်သည်ဟု သင် ထင်ကောင်းထင်မည် မဟုတ်သည့်အပြင်၊ ဘုရားသခင်က အမှုအရာတို့ကို မည်ကဲ့သို့ ပြုသင့်ကြောင်း စိတ်ကူးရန် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေ အယူအဆများကို သင်အသုံးပြုကောင်း ပြုမည်။ သို့သော်လည်း သင့်ရှုထောင့်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သည့်အရာသည် မှန်ကန်သည့် အချိန်များရှိပြီး ဘုရားသခင်ကို ကြိုးစား၍ တွက်ချက်ရန် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေ အယူအဆများကို အသုံးပြုခြင်းဖြင့် သင်သည် သူ့ကို ဒေါသထွက်စေပြီးပြီ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူပြုမည်ဟု သင်ထင်သည့်နည်းအတိုင်း စီမံခန့်ခွဲခြင်း မဟုတ်သည့်အပြင်၊ ဤအကြောင်းအရာကို ဤသို့သူမှတ်ယူမည်ဟု သင်ပြောသည့်အတိုင်း မမှတ်ယူခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်၏ ပတ်လည်၌ရှိသော အရာမှန်သမျှအပေါ် သင် ကိုင်တွယ်ဖြေရှင်းရာတွင် သတိထားရန်နှင့် မြော်မြင်ချင့်ချိန်ရန်သာမက အရာခပ်သိမ်းတွင် “ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းတည်း”ဟူသော ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်သည့် စည်းမျဉ်းနှင့်အညီ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်ယူရန် သင့်အား ငါသတိပေးခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် ဘုရားသခင်၏ သဘောထားဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ တိကျမှန်ကန်သော နားလည်ခြင်းတစ်ခု တိုးပွားလာရမည်၊ ဤအကြောင်းအရာများကို ပြောဆိုဆွေးနွေးပေးရန် ဉာဏ်အလင်းဖွင့်ပြခံရသောလူများကို ရှာရမည်ဖြစ်ပြီး သင် အလွန်စိတ်ထက်သန်စွာ ရှာဖွေရမည်။ သင်ယုံကြည်လက်ခံသည့် ဘုရားသခင်ကို သဘောရှိ တရားစီရင်ခြင်း၊ သူ့အပေါ် စိတ်ထင်ရာ ကောက်ချက်ချခြင်းများနှင့်၊ မလေးစားသော သဘောထားတစ်ခုဖြင့် သူ့ကို တိုးဝင်ချဉ်းကပ်ခြင်းတို့အားဖြင့် ရုပ်သေးရုပ် တစ်ရုပ်အဖြစ် မရှုမြင်နှင့်။ ဘုရားသခင်သည် သင့်အား ကယ်တင်ခြင်း ယူဆောင်လာစဉ်နှင့် သင်၏ အဆုံးသတ်ကို သတ်မှတ်နေစဉ် သူသည် သင့်အား သနားခြင်းကရုဏာ၊ သို့မဟုတ် သည်းခံခြင်း၊ သို့မဟုတ် တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းကို ပေးကောင်း ပေးနိုင်သော်လည်း၊ မည်သို့ပင်ဖြစ်စေ သင့်အပေါ် သူ၏ သဘောထားမှာ ပုံသေမဟုတ်ပေ။ ၎င်းမှာ ဘုရားသခင်အပေါ် သင်၏သဘောထားသာမက သူ့အပေါ် သင်၏ သိနားလည်ခြင်းအပေါ် မူတည်သည်။ ဘုရားသခင်အပေါ် တစ်ခဏမျှသာ ဖြစ်သော သင်၏သိခြင်း သို့မဟုတ် နားလည်မှု ရှုထောင့်တစ်ခုအား သူ့ကို ရာသက်ပန် အဓိပ္ပာယ်ဖွင့်ရန် အခွင့်မပေးနှင့်။ အသက်မရှိသော ဘုရားသခင်ကို မယုံကြနှင့်၊ အသက်ရှင်သော ဘုရားသခင်ကို ယုံကြည်ကြလော့။ ဤအရာကို အောက်မေ့ကြလော့။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲမှ ပါဝင်သည့် အကြောင်းအရာကို သင်တို့ ပိုမို နားလည်လာကြစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့ သိရှိအောင် အားထုတ်ရန် ငါ တိုက်တွန်းသည်။ သို့မဟုတ်လျှင် သင်တို့အနေဖြင့်နှုတ်များကို ပိတ်ထားရန်နှင့် လျှာအရိုးမရှိတိုင်း ဟိတ်ဟန်ထွားသောစကားများ လွန်စွာပြောခြင်းကိုတားမြစ်ရန် ခက်ခဲပြီး၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် အလင်း၏ မျက်မှောက်ကို ဆုံးရှုံးရလျက်၊ ဘုရားသခင်၏ စိတ်သဘောထားကို အမှုမဲ့အမှတ်မဲ့ ပြစ်မှားမိကာ အမှောင်ထဲသို့ ကျဆင်းရလိမ့်မည်။ သင်တို့သည် သင်တို့၏ အပြုအမူများ၌ ကိုယ်ကျင့်တရား မကောင်းသောကြောင့်၊ မပြောသင့် မလုပ်သင့်သည့် အရာများကို သင်ပြောမိလုပ်မိသောကြောင့်၊ ထိုက်သင့်သော ဒဏ်ခတ်မှုကို သင်ခံရလိမ့်မည်။ သင်သိသင့်သည့် အချက်မှာ သင်သည် အပြောနှင့်အလုပ်၌ သိက္ခာမဲ့သော်ငြားလည်း၊ ဘုရားသခင်က ထိုကိစ္စရပ်နှစ်ခုစလုံး၌ လွန်စွာသိက္ခာရှိသူဖြစ်သည်။ သင့်ကို ဒဏ်ခတ်ရခြင်း အကြောင်းရင်းမှာလည်း သင်သည် လူသားတစ်ဦးကို စော်ကားမိခဲ့ခြင်း မဟုတ်၊ ဘုရားသခင်ကို စော်ကားမိခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သင့်ဘဝ၌ သင်သည် ဘုရားသခင်၏ စိတ်သဘောထားအား ပြစ်မှားစော်ကားခြင်းကို များစွာ ကျူးလွန်မိလျှင်၊ ငရဲသားဖြစ်ရန် သေချာသည်။ လူသားအတွက် သမ္မာတရားနှင့် မကိုက်ညီသည့် လုပ်ဆောင်ချက် အနည်းငယ်ကိုသာ ကျူးလွန်မိပြီး သည်ထက်မပိုပုံ ရနိုင်သည်။ သို့ရာတွင် ဘုရားသခင်၏ အမြင်၌ သင်သည် သင့်အတွက် အပြစ်ဖြေရာယဇ် မရှိတော့သောသူတစ်ဦး ဖြစ်နှင့်ပြီးသည်ကို သတိပြုမိသလော။ သင်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို တစ်ကြိမ်ထက်ပို ဖောက်ဖျက်ပြီးသည့်အပြင် နောင်တရသည့် အရိပ်လက္ခဏာ မပြခဲ့ခြင်းကြောင့် ဘုရားသခင်က လူသားအား အပြစ်ပေးသည့်ငရဲသို့ သင် ကျဆင်းသွားရမည်မှာ မလွဲဧကန် ဖြစ်သည်။ ဘုရားသခင်၏ နောက်သို့လိုက်စဉ် လူနည်းစုတစ်စုက ကိုယ်ကျင့်တရား ဖောက်ဖျက်သည့် လုပ်ရပ်အချို့ကို ကျူးလွန်မိကြသည်၊ သို့ရာတွင် ပြုပြင်ပြီး၊ လမ်းပြခြင်း ခံရပြီးသည့်နောက်တွင်၎င်းတို့သည် ၎င်းတို့၏ စာရိတ္တပျက်စီးမှုကို တဖြည်းဖြည်း သိမြင်လာကြပြီးနောက် စစ်မှန်မှု လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိလာကာ ယနေ့အထိ ကောင်းကောင်း အသိတရားရှိစွာ ဆက်လက် နေထိုင်သွားကြသည်။ ထိုကဲ့သို့သော လူသားများသည် အဆုံး၌ ကျန်ရှိနေမည့် သူများ ဖြစ်ကြသည်။ သို့သော် ငါရှာဖွေနေသည်မှာ ရိုးသားသူများဖြစ်သည်၊ အကယ်၍ သင်သည် ရိုးသားသူ တစ်ယောက်ဖြစ်ပြီး အခြေခံသဘောတရားအတိုင်း ပြုမူသူဖြစ်လျှင် သင်သည် ဘုရားသခင်၏ လူယုံတော် တစ်ယောက် ဖြစ်နိုင်သည်။ သင်၏ပြုမူချက်များတွင် သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို မပြစ်မှားမိဘဲ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေကာ ဘုရားသခင်ကို ကြောက်ရွံ့သောနှလုံးသား ရှိသူဖြစ်လျှင် သင်၏သက်ဝင်ယုံကြည်မှုသည် စံချိန်မီသည်။ ဘုရားသခင်ကို မကြောက်ရွံ့ဘဲ ထိတ်လန့်တုန်လှုပ်သည့် စိတ်နှလုံးမရှိသူ မည်သူမဆိုသည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အလွယ်တကူ ချိုးဖောက်ဖြစ်လိမ့်မည်။ လူအများအပြားက ၎င်းတို့၏စိတ်အားထက်သန်မှု အင်အားကြောင့် ဘုရားသခင်ထံတွင် အစေခံကြသော်လည်း၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို နားမလည်ကြဘဲ၊ သူ၏ နှုတ်ကပတ်တော်များ၏ သွယ်ဝိုက်ပြောဆိုမှုကို အရိပ်အမြွက်မျှ သိနားလည်ဖို့ သာ၍ နည်းပါးနေသေးသည်။ ထို့ကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်ကောင်းများဖြင့် အဆုံး၌ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မကြာခဏ နှောင့်ယှက်တတ်သည့် အရာများလုပ်ဆောင်ကြပေသည်။ ပြင်းထန်ဆိုးရွားသော ကိစ္စများ၌ ထိုသူတို့သည် ဘုရားအိမ်တော်မှ နှင်ထုတ်ခြင်းခံရပြီး ဘုရားသခင်၏နောက်သို့ထပ်မံ လိုက်ပါ ခွင့်မရတော့ဘဲ၊ အဆုံး၌ ဘုရားသခင်၏ အိမ်တော်နှင့် ဆက်နွှယ်မှု အားလုံးတို့ကို ဖြတ်တောက်ကာ ငရဲသို့ပစ်ချခံရသည်။ ဤလူများသည် ဘုရားသခင်၏ အိမ်တော်၏ အလုပ်ကို ၎င်းတို့၏ မသိနားမလည်သော ရည်ရွယ်ချက်ကောင်းများ၏ ခွန်အားဖြင့် လုပ်ကိုင်ကြပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဒေါသဖြစ်စေခြင်းဖြင့် အဆုံးသတ်ကြ၏။ လူတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ၎င်းတို့၏အကြီးအကဲများနှင့် သခင်များကို အလုပ်အကျွေး ပြုပုံများ ယူဆောင်လာပြီး၊ ဤနေရာ၌ ၎င်းတို့ကို သက်သောင့်သက်သာ အလွယ်ကလေးနှင့် အသုံးချနိုင်မည်ဟု အချည်းနှီးတွေးထင်ကြကာ ထည့်သွင်း လုပ်ဆောင်ရန် ကြိုးပမ်းကြသည်။ ဘုရားသခင်ထံတွင် သိုး၏ စိတ်သဘောထားမရှိဘဲ၊ ခြင်္သေ့၏ စိတ်သဘောထားသာ ရှိသည်ကို ထိုသူတို့ မည်သည့်အခါမျှ မတွေးမိခဲ့ကြပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ပထမဦးဆုံး ပတ်သက်သူများသည် ဘုရားသခင်နှင့် ဆက်သွယ်ပြောဆို၍ မရနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှလုံးသားသည် လူသား၏နှလုံးသားနှင့် မတူသောကြောင့်ဖြစ်သည်။ သမ္မာတရား များစွာကို သင်နားလည်ပြီးသည့် နောက်မှသာ ဘုရားသခင် အကြောင်းကို သင် အဆက်မပြတ် သိနိုင်လာလိမ့်မည်။ ဤအသိသည် စကား အသုံးအနှုန်းများ၊ အယူဝါဒများတို့ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ၊ ဘုရားသခင်က သင့်ကို ကျေနပ်ပီတိဖြစ်သည့် သက်သေ အဖြစ်လည်းကောင်း၊ ဘုရားသခင် ထံပါးသို့ ယုံကြည်မှုရှိရှိ ဝင်ရောက်နိုင်ခြင်းအတွက် ရတနာတစ်ပါး အနေဖြင့်လည်းကောင်း အသုံးပြုနိုင်သည်။ သင့်ထံတွင် လက်တွေ့ကျသော အသိမရှိ၊ သမ္မာတရားနှင့် ပြည့်စုံခြင်းလည်း မရှိပါက၊ သင်၏ ပြင်းပြသော အစေခံမှုသည် သင့်ထံသို့ ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ရွံရှာမှုတို့သာ ယူဆောင်လာ ပေးနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

အကယ်၍ သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်ပါက သူ့အတွက် သင်လုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ရန်မှာ သင့်အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ အနှစ်သာရကို သင်မသိပါက သူ့အပေါ် ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်ခြင်းတို့ သင်၌ရှိရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ၊ ထိုအရာများအစား အလေးမထားသော ဝတ်ကျေတမ်းကျေပြုမူမှုနှင့် မလိမ့်တပတ် ပြုမူမှုတို့သာ ရှိမည်ဖြစ်သည့်အပြင် ဘုရားသခင်အပေါ် ပြုပြင်၍မရသော စော်ကားမှုသာရှိပေလိမ့်မည်။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းမှာ အကယ်ပင် အရေးကြီးသော်လည်း၊ ထို့ပြင် ဘုရားသခင်၏ အနှစ်သာရကို သိခြင်းအား လျစ်လျူရှု၍ မရသော်လည်း ဤကိစ္စရပ်များကို မည်သူမျှ စေ့စေ့စပ်စပ် မဆန်းစစ်ဖူးကြ၊ သို့မဟုတ် နှိုက်နှိုက်ချွတ်ချွတ် မစူးစမ်းဖူးကြပေ။ သင်တို့အားလုံးသည် ငါထုတ်ပြန်ထားသော စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ထုတ်ဖယ်ခဲ့ကြပြီး ဖြစ်သည်ကို ထင်ထင်ရှားရှားမြင်ရသည်။ အကယ်၍ သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်ကြပါက သင်တို့အနေဖြင့် သူ၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားမိကြရန် အလားအလာ အလွန်များလိမ့်မည်။ သူ၏စိတ်နေသဘောထားကို ပုန်ကန် ပြစ်မှားခြင်းသည် ဘုရားသခင်ကိုယ်တိုင်၏ အမျက်ကို သွားဆွသည့် သဘောသက်ရောက်ပြီး ထိုသို့ဖြစ်လျှင် သင့်လုပ်ရပ်များ၏ နောက်ဆုံးအသီး အပွင့်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ခြင်းဖြစ် လိမ့်မည်။ ဘုရားသခင်၏ အနှစ်သာရကို သင်သိပါက သူ၏စိတ်နေ သဘောထားကို သင်နားလည်နိုင်ကြောင်းကိုလည်း ယခုတွင် သင်သဘောပေါက်လောက်ပေပြီ၊ သူ၏စိတ်နေသဘောထားကို သင်နားလည်သောအခါ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကိုလည်း သင်နားလည်ပြီးသား ဖြစ်ပေလိမ့်မည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲ၌ ပါဝင်သောအရာ အများစုသည် ဘုရားသခင်၏ စိတ်နေသဘောထားအကြောင်း အချုပ်အားဖြင့် ပြောပြသည်ကို ပြောစရာပင်မလိုပေ၊ သို့သော်လည်း စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲတွင် သူ၏စိတ်နေသဘောထား အလုံးစုံကို ဖော်ပြထားခြင်းကား မဟုတ်ချေ။ ထို့ကြောင့် ဘုရားသခင်၏ စိတ်နေသဘောထားအပေါ် သင်၏နားလည်ခြင်းကို တိုးတက်စေခြင်း အရာ၌ ဤသည်ထက်ပို၍ လုပ်ဆောင်ရမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏

ငါပြောထားသော ဝါကျတိုင်းသည် အတွင်း၌ ဘုရားသခင်၏ စိတ်နေသဘောထား ပါဝင်၏။ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များကို ဂရုတစိုက် ဆင်ခြင်တွေးဆသင့်သည်၊ ထိုသို့ပြုလျှင် ထိုအရာများထံမှ ဧကန်မုချပင် ကြီးစွာအကျိုးခံစားရလိမ့်မည်။ ဘုရားသခင်၏ အနှစ်သာရကို နားလည်သဘောပေါက်ရန်မှာ အလွန်ခက်လှသည်၊ သို့သော်လည်း ဘုရားသခင်၏ စိတ်နေသဘောထားနှင့်ပတ်သက်၍ သင်တို့အားလုံး၌ အနည်းဆုံးအနေဖြင့် နားလည်မှုတစ်ခုခု ရှိကြပြီဟု ငါယုံသည်။ ထိုသို့ဖြစ်လျှင် သင်တို့၌ ငါ့ကို ပြသရန် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိသည့် သင်တို့လုပ်ဆောင်ထားသော အရာများ ပိုရှိနေလိမ့်မည်ဟု ငါမျှော်လင့်သည်။ ထိုသို့ဆိုလျှင် ငါသည် စိတ်ချလက်ချရှိပေလိမ့်မည်။ ဥပမာအားဖြင့် သင်၏နှလုံးသားထဲ၌ ဘုရားသခင်ကို အချိန်တိုင်း သိမ်းထားလော့။ သင်ပြုမူသည့်အခါ သူ၏နှုတ်ကပတ်တော်များအတိုင်း ပြုမူလော့။ အရာရာ၌ သူ၏ရည်ရွယ်ချက်များကို ဖွေရှာပြီး ဘုရားသခင်ကို အရိုအသေတန်စေကာ အရှက်ရစေသော အရာများအား လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်လော့။ သင့်နှလုံးသားထဲရှိ အနာဂတ် လစ်ဟာနေခြင်းကို ဖြည့်ရန် ဘုရားသခင်ကို သင်၏အတွေးထဲ၌ နောက်သို့ပို့ထားခြင်းမျိုး သာ၍ပင် မပြုသင့်ပေ။ သင့်အနေဖြင့် ဤသို့ပြုမည်ဆိုလျှင် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ထို့အတူ အကယ်၍ သင်သည် သင့်ဘဝတစ်လျှောက်တွင် ဘုရားသခင်အပေါ် စော်ကားသော မှတ်ချက်များ၊ သို့မဟုတ် မကျေမနပ်ပြောဆိုချက်များ လုံးဝမပြုပါက၊ ထို့အတူ အကယ်၍ သင်သည် သင့်ဘဝတစ်လျှောက်တွင် သင့်အပေါ် သူတာဝန်ပေးစေခိုင်းထားသည့်အရာအားလုံးကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ပြီး သူ၏နှုတ်ကပတ်တော်အားလုံးကို ကျိုးနွံနာခံနိုင်သည် ဆိုပါက သင်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ဖောက်ဖျက်ခြင်းအား ရှောင်ရှားပြီး ဖြစ်လိမ့်မည်။ ဥပမာအားဖြင့် “ကိုယ်တော်သည် ဘုရားသခင်ဖြစ်၏ဟု ကျွန်ုပ်အဘယ်ကြောင့် မထင်ရသနည်း”၊ “ဤနှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်လင်းစေမှုတစ်ခုခုထက် ဘာမျှမပိုဟု ကျွန်ုပ်ထင်သည်”၊ “ကျွန်ုပ်၏အမြင်ကိုပြောရလျှင် ဘုရားသခင်ပြုသမျှမှာ မှန်လှသည်လည်း မဟုတ်ပါ”၊ “ဘုရားသခင်၏ လူ့သဘာဝသည် ကျွန်ုပ်ထက် သာလွန်နေသည်ကား မဟုတ်ပါ”၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ယုံကြည်လက်ခံချင်စရာကို မကောင်းပါ”၊ သို့တည်းမဟုတ် ထိုသို့သော ဝေဖန်သည့် အခြားမှတ်ချက်များကို သင့်အနေဖြင့် ပြောခဲ့ဖူးပါလျှင် သင်၏အပြစ်များကို တိုး၍ဝန်ခံပြီး တိုး၍နောင်တရရန် ငါအလေးအနက်တိုက်တွန်း၏။ ထိုသို့မဟုတ်လျှင် သင်၌ ခွင့်လွှတ်ခြင်းခံရရန် အခွင့်အရေး မည်သည့်အခါမျှ ရှိမည်မဟုတ်ပေ၊ အကြောင်းမှာ သင်သည် လူသားတစ်ယောက်ကို မဟုတ်ဘဲ ဘုရားသခင်ကိုယ်တော်တိုင်ကို ပုန်ကန်ပြစ်မှားသောကြောင့် ဖြစ်သည်။ သင့်အနေဖြင့် လူသားတစ်ယောက်ကို ဝေဖန်နေသည်ဟု ထင်ကောင်း ထင်နေလိမ့်မည်၊ သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်ကမူ ထိုသို့မမှတ်ယူပေ။ သူ၏ဇာတိခန္ဓာကို သင်၏မလေးမစားပြုမူခြင်းသည် သူ့ကို မလေးမစားပြုခြင်းနှင့် တန်းတူညီသည်။ ထိုသို့ဖြစ်လျှင် သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားမိပြီ မဟုတ်လော။ ဘုရားသခင်၏ ဝိညာဉ်တော်ပြုခဲ့သမျှသော အရာအားလုံးသည် လူ့ဇာတိထဲရှိ သူ၏အမှုကို ကာကွယ်ရန်အလို့ငှာ ပြုခဲ့ခြင်းဖြစ်ပြီး ဤအမှုကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အလို့ငှာ ပြုခဲ့ခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဤအရာကို လျစ်လျူရှုပါလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၌ လုံးဝအောင်မြင်မည်မဟုတ်သောသူ တစ်ယောက် ဖြစ်သည်ဟု ငါဆို၏။ သင်သည် ဘုရားသခင်၏ အမျက်ဒေါသကို သွားဆွခဲ့သောကြောင့် သင့်ကို သင်ခန်းစာပေးရန်အတွက် ထိုက်တန်သော အပြစ်ဒဏ်ပေးခြင်းကို သူအသုံးပြုပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏

ဘုရားသခင်၏ အနှစ်သာရတွင် ချစ်ခြင်းမေတ္တာ၏ အခြေခံသဘောတရားပါဝင်ပြီး သူသည် တစ်ဦးတစ်ယောက်စီတိုင်းအား သနားကရုဏာစိတ် ရှိသော်လည်း၊ သူ၏ အနှစ်သာရမှာ ဂုဏ်သိက္ခာရှိသောသူလည်း ဖြစ်သည် ဟူသည့်အချက်ကို လူတို့ လျစ်လျူရှုပြီး မေ့လျော့ကြပြီးဖြစ်သည်။ သူ့၌ ချစ်ခြင်းမေတ္တာရှိ၏ ဟူသည်မှာ သူ့အထဲ၌ ခံစားချက်များ သို့မဟုတ် တုံ့ပြန်ချက်တစ်ခုကို နှိုးဆွခြင်းမရှိဘဲ၊ လူတို့က သူ့ကို လွတ်လပ်စွာ ပြစ်မှားနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်သည့်အပြင် သူ၌ သနားခြင်းကရုဏာ ရှိ၏ ဟူသည်မှာ လူတို့ကို သူဆက်ဆံသည့်ပုံစံ၌ အခြေခံစည်းမျဉ်းများ မရှိပါဟု ဆိုလိုခြင်း မဟုတ်ပေ။ ဘုရားသခင်သည် အသက်ရှင်နေသည်၊ သူသည် အမှန်တကယ် တည်ရှိသည်။ သူသည် စိတ်ကူးဖြင့်ပုံဖော်ထားသော ရုပ်သေးရုပ်တစ်ရုပ် မဟုတ်သကဲ့သို့၊ အခြားအရာဝတ္ထု တစ်ခုခုလည်း မဟုတ်ပေ။ သူသည် တည်ရှိသည့်အတွက်၊ ငါတို့သည် သူ့စိတ်နှလုံး၏ဖွင့်ဟချက်ကို အချိန်တိုင်း ဂရုတစိုက် နားထောင်သင့်ကာ၊ သူ၏ စိတ်နေသဘောထားကို သေချာစွာ အာရုံစိုက်ပြီး သူ၏ ခံစားချက်များကို နားလည်လာသင့်သည်။ ငါတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ရန်အတွက် လူသား၏ စိတ်ကူးများကို အသုံးမပြုသင့်သကဲ့သို့၊ ဘုရားသခင်အား လူသား၏ စိတ်ကူးများအပေါ် အခြေခံ၍ လူ့နည်းဟန်ဖြင့် လူတို့ကို ဆက်ဆံစေကာ၊ သူ့အပေါ် လူ့ထင်မြင်ချက်များ သို့မဟုတ် ဆန္ဒပြုချက်များကို မသွတ်သွင်းသင့်ပေ။ အကယ်၍ သင် ဤသို့ပြုပါက၊ သင်သည် ဘုရားသခင်ကို ဒေါသထွက်စေခြင်း၊ သူ၏ အမျက်ဒေါသကို ဆွဲဆောင်ခြင်းနှင့် သူ၏ ဂုဏ်သိက္ခာကို စိန်ခေါ်ခြင်းပင် ဖြစ်နေပေသည်။ ထို့ကြောင့် ဤကိစ္စ၏ ကြီးလေးမှုကို သင်တို့ နားလည် လာပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်တို့ အယောက်စီတိုင်းကို သင်တို့၏ လုပ်ဆောင်ချက်များ၌ သတိထားရန်နှင့် ချင့်ချိန်တတ်ရန် ငါတိုက်တွန်းသည်။ သင်တို့၏ စကားပြောခြင်း၌လည်း သတိထားပြီး ချင့်ချိန်မှု ရှိကြလော့၊ ဘုရားသခင်ကို သင်တို့ မည်ကဲ့သို့ ဆက်ဆံသည်နှင့်စပ်လျဉ်း၍ သင်တို့သည် ပို၍သတိထားပြီး ပို၍ချင့်ချိန်လေ ပို၍ကောင်းလေ ဖြစ်လေသည်။ သင်သည် ဘုရားသခင်၏ သဘောထားမှာ မည်သည့်အရာ ဖြစ်သည်ကို နားမလည်သောအခါ၊ မဆင်မခြင်စကားပြောခြင်းမှ ရှောင်ကြဉ်လော့၊ သင်၏ လုပ်ဆောင်ချက်များ၌ မဆင်မခြင် မပြုနှင့်၊ ထို့ပြင် ပေါ့ပေါ့တန်တန် အမည်ပေးသမုတ်ခြင်း မပြုနှင့်။ ပို၍ပင် အရေးကြီးသည်မှာ ထင်ရာမြင်ရာ မည်သည့် ကောက်ချက်ချခြင်းများကိုမျှ မပြုလေနှင့်။ ထို့အစား သင်သည် စောင့်ဆိုင်းပြီး ရှာဖွေသင့်သည်။ ဤလုပ်ဆောင်ချက်များမှာလည်း ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အကယ်၍ အရာခပ်သိမ်းထက် ဤအရာကို သင်ရရှိနိုင်ပြီး အရာခပ်သိမ်းထက် ဤသဘောထားကို သင်ပိုင်ဆိုင်နိုင်ပါက၊ ဘုရားသခင်သည် သင်၏ မိုက်မဲခြင်း၊ မသိနားမလည်ခြင်းနှင့် အမှုအရာများနောက်ကွယ်မှ အကြောင်းအရင်းများအား နားလည်မှု ကင်းမဲ့ခြင်းတို့အတွက် သင့်ကို အပြစ်တင်မည်မဟုတ်ပေ။ ထို့ထက် ဘုရားသခင်အား ပြစ်မှားမိမည်ကို ကြောက်ရွံ့ခြင်းနှင့်ယှဉ်သော သင်၏ သဘောထား၊ သူ၏ ရည်ရွယ်ချက်များအပေါ် ရိုသေလေးစားခြင်းနှင့် သူ့အားကျိုးနွံနာခံရန် ဆန္ဒရှိခြင်းတို့ကြောင့် ဘုရားသခင်က သင့်ကို အောက်မေ့မည်၊ သင့်ကို လမ်းပြပြီး ဉာဏ်အလင်းပွင့်စေမည်၊ သို့မဟုတ် သင်၏ မရင့်ကျက်ခြင်းနှင့် မသိနားမလည်ခြင်းကို သည်းခံမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူ့အပေါ် သင်၏သဘောထားမှာ သူ့ကို မိမိသဘောကျ တရားစီရင်ခြင်း သို့မဟုတ် ဘုရားသခင်၏ အတွေးအခေါ်များကို ထင်ရာမြင်ရာ မှန်းဆခြင်းနှင့် အဓိပ္ပာယ်ဖွင့်ခြင်းဖြင့် မထီမဲ့မြင်ပြုမည်ဆိုပါက၊ ဘုရားသခင်သည် သင့်ကို စီရင်ချက်ချမည်၊ ဆုံးမပဲ့ပြင်မည်၊ ထို့ပြင် အပြစ်ဒဏ်ပင် ခတ်လိမ့်မည်။ သို့မဟုတ်ပါက သူသည် သင့်ကို သုံးသပ်ချက် ပေးကောင်းပေးမည် ဖြစ်သည်။ ဤသုံးသပ်ချက်တွင် သင်၏ အဆုံးသတ် ပါဝင်ကောင်းပါဝင်လိမ့်မည်။ ထို့ကြောင့် ငါသည် နောက်ထပ်တစ်ကြိမ် အသားပေး၍ ပြောလိုသည်- သင်တို့ အယောက်စီတိုင်းသည် ဘုရားသခင်ထံမှ လာသောအရာ မှန်သမျှအပေါ် သတိရှိပြီး ဆင်ခြင်မြော်တွေးသင့်သည်။ မဆင်မခြင် စကားမပြောနှင့်၊ ထို့ပြင် သင်၏ လုပ်ဆောင်ချက်များ၌ သတိလက်လွတ် မဖြစ်စေနှင့်။ တစ်စုံတစ်ခုကို သင်မပြောမီ ရပ်ဆိုင်းပြီး ဆင်ခြင်သင့်သည်- ကျွန်ုပ်၏ ဤလုပ်ဆောင်ချက်က ဘုရားသခင်ကို ဒေါသထွက်စေမည်လော။ ဤအရာကို လုပ်ရာတွင် ဘုရားသခင်ကို ကျွန်ုပ် ကြောက်ရွံ့ပါ၏လော။ သာမန်ကိစ္စရပ်များ၌ပင်လျှင် ဤမေးခွန်းများကို ဆက်၍ သင် နားလည်သဘောပေါက်ရန် ကြိုးစားပြီး ၎င်းတို့ကို ဆင်ခြင်သုံးသပ်ရန် အချိန်ပိုယူသင့်သည်။ အကယ်၍ သင်သည် ဤနိယာမများနှင့်အညီ ကဏ္ဍတိုင်း၊ အမှုအရာတိုင်း၊ အချိန်တိုင်းတွင် အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်ပြီး အထူးသဖြင့် သင် တစ်စုံတစ်ခုကို နားမလည်သောအခါ၊ ထိုကဲ့သို့သော သဘောထားကို ခံယူနိုင်ပါက ဘုရားသခင်သည် သင့်ကို အမြဲလမ်းပြပြီး လိုက်လျှောက်ရန် လမ်းကြောင်း တစ်ခုကို သင့်အား ပေးမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်၏ အမှုတော်၏ ခေတ်ကာလတိုင်း၌ သူသည် လူတို့အပေါ် နှုတ်ကပတ်တော်အချို့ကို ပေးအပ်ကာ သမ္မာတရားအချို့ကို သူတို့အား ပြောပြသည်။ ဤသမ္မာတရားများသည် လူတို့ လိုက်နာ စောင့်ထိန်းသင့်သည့် လမ်းခရီး၊ သူတို့ လိုက်လျှောက်ရမည့် လမ်းခရီး၊ သူတို့အား ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်စေနိုင်သော လမ်းခရီး၊ ထို့ပြင် လူတို့ လက်တွေ့လုပ်ဆောင်သင့်ပြီး ၎င်းတို့၏ အသက်တာများထဲနှင့် ၎င်းတို့၏ အသက်တာခရီးများ တစ်လျှောက်လုံးတွင် လိုက်နာစောင့်ထိန်းသင့်သော လမ်းခရီးအဖြစ် အသုံးတော်ခံသည်။ ဤအကြောင်းရင်းများကြောင့် ဘုရားသခင်သည် လူသားတို့အပေါ် ဤမိန့်မြွက်ချက်များကို ဖော်ပြခြင်း ဖြစ်သည်။ ဘုရားသခင်ထံမှလာသော ဤနှုတ်ကပတ်တော်များကို လူတို့ လိုက်နာစောင့်ထိန်းသင့်ပြီး ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်းမှာ အသက်ကို လက်ခံရယူခြင်းပင် ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်းမရှိ၊ ၎င်းတို့အား လက်တွေ့လုပ်ဆောင်ခြင်း မရှိသည့်အပြင် မိမိတို့၏ အသက်တာထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ခြင်း မရှိပါက၊ ဤသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပေ။ ထို့ပြင် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပါက၊ သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကိုရှောင်ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ကျေနပ်စေနိုင်မည် မဟုတ်ပေ။ ဘုရားသခင်ကို ကျေနပ်စေနိုင်ခြင်း မရှိသော လူတို့က သူ၏ချီးကျူးခြင်းကို ရရှိနိုင်မည် မဟုတ်သည့်အပြင် ဤကဲ့သို့သောလူတို့၌ အဆုံးသတ် မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းမှာ အပေါ်ယံစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းအကြောင်း မဟုတ်ပေ။ ယင်းထက် သင်သည် ပြဿနာတစ်ခုကို ရင်ဆိုင်ရသည့်အခါ၊ ပထမဦးစွာ ၎င်းကို ဘုရားသခင် စီစဉ်ထားသော အခြေအနေတစ်ခု၊ သင့်အား သူပေးအပ်ထားသော ဝတ္တရားတစ်ခု သို့မဟုတ် သင့်အား သူ ယုံကြည်အပ်နှံထားသော အလုပ်တာဝန်တစ်ခုအဖြစ် သင်ရှုမြင်ခြင်းကို ဆိုလိုသည်။ ဤပြဿနာကို သင်ရင်ဆိုင်နေရသောအခါ၊ ၎င်းကို ဘုရားသခင်က သင့်အပေါ်ထားရှိသော စမ်းသပ်မှုတစ်ခုအဖြစ်ပင်လျှင် မြင်သင့်သည်။ ဤပြဿနာကို သင်ကြုံတွေ့ရသောအခါ၊ သင်၏စိတ်နှလုံးထဲ၌ စံနှုန်းတစ်ခု သင်ရှိရမည်ဖြစ်ပြီး၊ ဤကိစ္စသည် ဘုရားသခင်ထံမှ လာခဲ့ခြင်းဖြစ်သည်ဟု သင်ထင်မြင်ယူဆရမည်။ သင်သည် ဘုရားသခင်ကို ဆက်လက်၍ သစ္စာစောင့်သိလျက် သင်၏ဝတ္တရားကို ဖြည့်ဆည်းနိုင်မည့် နည်းလမ်းအားဖြင့် ဤကိစ္စရပ်ကို မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းမည့် အကြောင်းကိုလည်းကောင်း၊ ဘုရားသခင်ကို ဒေါသမထွက်စေဘဲ သို့မဟုတ် သူ၏ စိတ်နေသဘောထားကို မပြစ်မှားဘဲ ၎င်းကို မည်သို့ပြုလုပ်ရမည့် အကြောင်းကိုလည်းကောင်း စဉ်းစားရမည်။...ဤသည်မှာ ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ရန် ငါတို့ သို့မဟုတ် ငါတို့ဝန်းကျင်၌ ဖြစ်ပျက်သည့် မည်သည့်အရာကိုမဆို၊ အသေးအမွှား အမှုအရာများကိုပင်လျှင် ငါတို့လက်လွှတ်၍ မရသောကြောင့် ဖြစ်သည်။ ငါတို့သည် ၎င်းကို အာရုံစိုက်သင့်သည်ဟု စဉ်းစားသည်ဖြစ်စေ မစဉ်းစားသည်ဖြစ်စေ၊ အခြေအနေ တစ်ခုခုက ငါတို့ကို ရင်ဆိုင်နေပါက၊ ၎င်းကို ငါတို့ လက်မလွှတ်သင့်ပေ။ ဖြစ်ပျက်သည့်အရာ အားလုံးကို ငါတို့အတွက် ဘုရားသခင်ပေးထားသော စစ်ဆေးမှုများအဖြစ် ရှုမြင်သင့်ပေသည်။ အမှုအရာများအား ဤသို့ရှုမြင်ခြင်းကို သင် မည်သို့သဘောထားသနည်း။ အကယ်၍ သင်၌ ဤသဘောထားမျိုး ရှိပါက၊ ၎င်းက သင်သည် စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်လိုသည်ဟူသော အဖြစ်မှန်တစ်ခုကို အတည်ပြုသည်။ သင်၌ ဘုရားသခင်ကို ကျေနပ်စေရန် ဤဆန္ဒရှိပါက၊ သင်လက်တွေ့လုပ်ဆောင်သော အရာမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းဟူသော စံနှုန်းနှင့် အလှမ်းဝေးလိမ့်မည် မဟုတ်ပေ။

လူတို့ များစွာအရေးမစိုက်သော ကိစ္စရပ်များနှင့် အများအားဖြင့် ဖော်ပြလေ့မရှိသော ကိစ္စရပ်များမှာ အရေးမပါသော အသေးအဖွဲမျှသာဖြစ်ပြီး ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်မှုမရှိဟူ၍ ယုံကြည်သောသူများ ရှိတတ်သည်။ ဤလူတို့သည် ယင်းကဲ့သို့သော ကိစ္စရပ်ကို ရင်ဆိုင်ရသည့်အခါ၊ ယင်းကို များစွာ မဆင်ခြင်ဘဲ သတိလက်လွတ် ထားကြသည်။ အမှန်မှာ ဤကိစ္စနှင့် သင်တွေ့ကြုံသည့်အခါသည် ဘုရားသခင်ကို မည်သို့ကြောက်ရွံ့ပြီး မကောင်းမှုကို မည်သို့ရှောင်ကြဉ်ရမည်ဟူသည့် သင်ခန်းစာကို သင်ယူသင့်သည့်အချိန် အတိအကျဖြစ်ပြီး ယင်းကို သင်ကြုံတွေ့ရသည့်အချိန်တွင် ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်နေသည်ကို သာ၍ပင် သတိပြုသင့်ပေသည်။ ဘုရားသခင်သည် သင်၏နံဘေး၌ ရှိကာ၊ သင်၏ စကားလုံးတိုင်းနှင့် လုပ်ဆောင်မှုတိုင်းကို အကဲခတ်နေပြီး သင်လုပ်ဆောင်သမျှနှင့် သင်၏ အတွေးများထဲတွင် မည်သည့် အပြောင်းအလဲများ ဖြစ်ပျက်သည်ကို စောင့်ကြည့်နေသည်၊ ဤသည်မှာ ဘုရားသခင်၏ အလုပ်ပင်။ လူအချို့က “ဤသို့မှန်လျှင် ၎င်းကို ကျွန်ုပ် အဘယ်ကြောင့် မခံစားခဲ့ရသနည်း” ဟု မေးကြသည်။ သင်မခံစားရသည့်အကြောင်းမှာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့်လမ်းခရီးကို သင်၏ ပဓာနလမ်းစဉ်အဖြစ် သင် လိုက်နာစောင့်ထိန်းခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် လူအထဲ၌ ဘုရားသခင်ပြုလုပ်သည့် သိမ်မွေ့သောအမှုကို မခံစားနိုင်ရခြင်း ဖြစ်သည်၊ ၎င်းက လူတို့၏ အတွေးအခေါ်များနှင့် ပြုမူပုံအမျိုးမျိုးနှင့်အညီ ပေါ်လွင်ခြင်းဖြစ်သည်။ သင်သည် နမော်နမဲ့နိုင်သူတစ်ဦး ဖြစ်ပေတကား။ အရေးပါသော ကိစ္စရပ်မှာ အဘယ်နည်း။ အရေးမပါသော ကိစ္စရပ်မှာ အဘယ်နည်း။ ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောကခြင်း ပါဝင်သော ကိစ္စရပ်များကို အရေးပါသော သို့မဟုတ် အရေးမပါသော ကိစ္စရပ်များဟူ၍ ပိုင်းခြားမထားပေ၊ ၎င်းတို့အားလုံးသည် အရေးကြီးကိစ္စဖြစ်သည်။ ထိုအရာကို သင်တို့ နားလည်နိုင်သလော။ (၎င်းကို ကျွန်ုပ်တို့ နားလည်နိုင်ပါသည်။) နေ့စဉ်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အလွန်ကြီးမားပြီး အရေးပါသည်ဟု လူတို့ရှုမြင်ကြသော ကိစ္စရပ်အချို့ရှိပြီး အရေးမပါသော အသေးအမွှားများဟု ရှုမြင်ခံရသော အခြားအရာများ ရှိပေသည်။ လူတို့သည် ဤကြီးမားသော ကိစ္စရပ်များကို အလွန်အရေးကြီးသည်ဟု မြင်တတ်ကြပြီး ၎င်းတို့မှာ ဘုရားသခင် ပို့ဆောင်ပေးထားသည်ဟု သူတို့က ယူဆကြသည်။ သို့သော်လည်း ဤကိစ္စရပ်များ ဖြစ်ပျက်နေသည့်အခါတွင်၊ လူတို့၏ မရင့်ကျက်သော ဝိညာဉ်ရင့်ကျက်မှုနှင့် သူတို့၏ ညံ့ဖျင်းသော အစွမ်းအစတို့ကြောင့် လူတို့သည် ယေဘုယျအားဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အဆင့်မမီဘဲရှိကာ၊ မည်သည့် ဗျာဒိတ်တော်ကိုမျှ မရနိုင်သည့်အပြင် တန်ဖိုးရှိသော တကယ့်အသိပညာကို မရရှိနိုင်ကြပေ။ သေးငယ်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ၎င်းတို့သည် လူတို့၏ လျစ်လျူရှုခြင်း၊ တစ်စတစ်စ လက်လွတ်ဆုံးရှုံးသွားရန် စွန့်ပစ်ခြင်းကို ခံကြရသည်။ သို့ဖြစ်၍ လူတို့သည် ဘုရားသခင်ရှေ့၌ စစ်ကြောခြင်းနှင့် စစ်ဆေးခြင်းကို ခံရရန် အခွင့်အရေးများစွာ ဆုံးရှုံးခဲ့ကြပြီ ဖြစ်သည်။ သင်သည် လူများ၊ အမှုအရာများ၊ ကိစ္စရပ်များနှင့် ဘုရားသခင် သင့်အတွက် စီစဉ်ပေးထားသော အခြေအနေများကို အမြဲလျစ်လျူရှုပါက၊ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ၎င်းမှာ သင်သည် နေ့စဉ်နေ့တိုင်းနှင့် အချိန်တိုင်းမှာပင် သင့်အပေါ် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းကိုရော သူ၏ ခေါင်းဆောင်မှုကိုပါ အမြဲပစ်ပယ် နေသည်ဟု အဓိပ္ပာယ် သက်ရောက်သည်။ ဘုရားသခင်သည် သင့်အတွက် အခြေအနေတစ်ရပ်ကို စီစဉ်ပေးသည့် အခါတိုင်းတွင်၊ သူသည် တိတ်တဆိတ် စောင့်ကြည့်နေလျက်၊ သင်၏ စိတ်နှလုံးကို စိုက်ကြည့်နေပြီး၊ သင်၏စိတ်ကူးများနှင့် သုံးသပ်ချက်များကို အကဲခတ်နေ၍၊ သင် မည်သို့တွေးပုံကို စောင့်ကြည့်နေကာ သင်မည်ကဲ့သို့ ပြုမူမည့်ပုံတို့ကို ကြည့်ရှုရန် စောင့်ဆိုင်းနေပါသည်။ အကယ်၍ သင်သည် ဂရုမစိုက်သော လူတစ်ဦး၊ ဘုရားသခင်၏ လမ်းခရီး၊ သူ၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အခါမျှ အလေးအနက် မရှိခဲ့သောသူ ဖြစ်နေပါက၊ ဘုရားသခင်သည် သင့်အတွက် အခြေအနေတစ်စုံတစ်ရာကို စီစဉ်ပေးသောအခါ၊ သင်သည် ဘုရားသခင် ပြည့်စုံစေလိုသည့်အရာ သို့မဟုတ် သင်ဖြည့်ဆည်းပေးရန် သူမျှော်လင့်ထားသည့် တောင်းဆိုချက်များကို သင် သတိမူလိမ့်မည်မဟုတ် သို့မဟုတ် အာရုံစိုက်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် သင်ကြုံတွေ့သော လူများ၊ ဖြစ်ရပ်များနှင့် အရာဝတ္ထုများသည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မည်ကဲ့သို့ ဆက်စပ်မှု ရှိကြောင်းကိုလည်း သင်သိလိမ့်မည် မဟုတ်ပေ။ သင်သည် ဤကဲ့သို့ အကြိမ်ကြိမ်ဖြစ်ပွားသော အခြေအနေများနှင့် အကြိမ်ကြိမ်ဖြစ်ပွားသော စမ်းသပ်မှုများကို ရင်ဆိုင်ပြီးနောက် ဘုရားသခင်သည် သင့်အထဲတွင် မည်သည့်ရလဒ်ကိုမျှ မမြင်တွေ့ပါက၊ သူသည် မည်သို့ဆက်လုပ်မည်နည်း။ စမ်းသပ်မှုများကို အကြိမ်ကြိမ်အခါအခါ ရင်ဆိုင်ပြီးနောက် သင်သည် သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်မပြု သို့မဟုတ် သင့်အတွက် ဘုရားသခင် စီစဉ်ပေးသည့် အခြေအနေများကို အလေးအနက် သင် မခံယူသည့်အပြင် ဘုရားသခင်ထံမှလာသော စမ်းသပ်မှုများ သို့မဟုတ် စစ်ဆေးမှုများ အဖြစ် ရှုမြင်ခြင်း မရှိခဲ့ပေ။ ထိုအစား သင့်အား ဘုရားသခင် ပေးအပ်ခဲ့သော အခွင့်အရေးများကို တစ်ခုပြီးတစ်ခု သင် ငြင်းပယ်ပြီဖြစ်ပြီး ၎င်းတို့အား အကြိမ်ကြိမ်အခါခါ လက်လွှတ် ဆုံးရှုံးခံလျက်ရှိသည်။ ဤသည်မှာ လူတို့ထုတ်ဖော်ပြသည့် လွန်ကဲသော ပုန်ကန်ခြင်းပင် မဟုတ်လော။ (ဟုတ်ပေသည်။) ဤအရာကြောင့် ဘုရားသခင်သည် စိတ်နာကျင် ထိခိုက်မည်လော။ (သူ နာကျင်ထိခိုက်ပါလိမ့်မည်။) မှားသည်။ ဘုရားသခင်သည် စိတ်နာကျင်ထိခိုက်မည်မဟုတ်။ ဤကဲ့သို့ ငါပြောသည်ကို ကြားရခြင်းက သင်တို့ကို နောက်ထပ်တစ်ကြိမ် ထိတ်လန့်စေပြန်ပြီ။ “ဘုရားသခင်သည် အမြဲ စိတ်နာကျင် ထိခိုက်မည်ဟု အစောပိုင်း၌ ပြောခဲ့သည် မဟုတ်လော။ ထို့ကြောင့် ဘုရားသခင် နာကျင်ထိခိုက်ခြင်းမရှိဘဲ နေမည်လော။ သို့ဆိုလျှင် သူသည် မည်သည့်အချိန်တွင် နာကျင်ထိခိုက်သနည်း” ဟု သင်တွေးနေနိုင်သည်။ တိုတိုပြောရလျှင် ဘုရားသခင်သည် ဤအခြေအနေ၌ နာကျင်ထိခိုက်မည် မဟုတ်ပေ။ ထိုသို့ဆိုသော် အထက်တွင် အကြမ်းဖျင်းဖော်ပြထားသော အပြုအမူ အမျိုးအစားအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ လူတို့သည် ၎င်းတို့ထံ ဘုရားသခင် စေလွှတ်သော စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို ငြင်းပယ်သည့်အခါနှင့် ထိုအရာများထံမှ ၎င်းတို့ ခေါင်းရှောင်သည့်အခါ၊ ဤသို့သော လူများအပေါ် ဘုရားသခင်၏ သဘောထား တစ်ခုတည်းသာ ရှိသည်။ ဤသဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် ဤကဲ့သို့သောလူကို သူ၏ အနက်ရှိုင်းဆုံး နှလုံးသားထဲမှ ပစ်ပယ်သည်။ “ပစ်ပယ်သည်” ဟူသော စကားလုံးအတွက် အဓိပ္ပာယ်နှစ်လွှာ ရှိသည်။ ၎င်းတို့ကို ငါ၏ ရှုထောင့်အမြင်မှ အဘယ်သို့ ရှင်းပြရအံ့နည်း။ အမှန်မှာ “ပစ်ပယ်” ဟူသော စကားလုံးသည် စက်ဆုပ်ရွံရှာခြင်းနှင့် မုန်းတီးခြင်းဟူသော ဂယက်အနက်ကို ဆောင်သည်။ ထိုအဓိပ္ပာယ်၏ အခြားအလွှာမှာ အဘယ်နည်း။ ၎င်းမှာ တစ်စုံတစ်ခုအား စွန့်ခြင်းကို ညွှန်းဆိုသော အပိုင်းဖြစ်သည်။ “စွန့်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း သင်တို့အားလုံး သိကြသည် မဟုတ်သလော။ လိုရင်းတိုရှင်းဆိုရလျှင် “ပစ်ပယ်ခြင်း” ဆိုသည်မှာ ဤသို့နည်းဖြင့် ပြုမူနေကြသော ထိုလူများအပေါ် ဘုရားသခင်၏ အဆုံးစွန်သော တုံ့ပြန်မှုနှင့် သဘောထားကို သရုပ်ဖော်သည့် စကားလုံးဖြစ်သည်။ ယင်းမှာ ၎င်းတို့အပေါ် အလွန်အမင်း မုန်းတီးခြင်းနှင့် ရရှာခြင်းဖြစ်သောကြောင့်၊ ၎င်းတို့ကို စွန့်ပစ်မည့် ဆုံးဖြတ်ချက်အဖြစ် အကျိုးသက်ရောက်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီးကို မည်သည့်အခါမျှ မလိုက်လျှောက်ခဲ့သောသူတစ်ယောက်နှင့် ဘုရားသခင်ကို မည်သည့်အခါမျှ ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း မရှိခဲ့သော လူတစ်ဦးအပေါ် ဘုရားသခင်၏ နောက်ဆုံး ဆုံးဖြတ်ချက်ပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ယောဘသည် အဘယ်ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်ရသနည်း။ သူ့စိတ်နှလုံးထဲတွင် သူမည်သည့်အရာကို တွေးနေသနည်း။ ဤဒုစရိုက်ကိစ္စများကို မလုပ်မိရန် သူမည်သို့ တတ်နိုင်သနည်း။ သူ့တွင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခု ရှိခဲ့သည်။ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုရှိခြင်းဆိုသည်မှာ မည်သည်ကိုဆိုလိုသနည်း။ သူ့စိတ်နှလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ကြောင်း၊ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုနိုင်ကြောင်းနှင့် သူ့စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာတစ်နေရာရှိကြောင်းကို ဆိုလိုသည်။ ၎င်းကို ဘုရားသခင်မြင်မည်ကို သူမကြောက်ပါ၊ ဘုရားသခင် အမျက်ထွက်မည်ကိုလည်း သူမကြောက်ပါ။ ထိုအစား ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် သူ့စိတ်နှလုံးထဲတွင် ဂုဏ်ပြုသည်၊ ဘုရားသခင် စိတ်ကျေနပ်စေဖို့ ဆန္ဒရှိပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များကို မြဲမြံစွာ စွဲကိုင်ထားဖို့ ဆန္ဒရှိသည်။ ထိုအကြောင်းကြောင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခု လူတိုင်းက “ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” ဆိုသည့် စာလုံးစုကို ပြောနိုင်ကြသော်လည်း ယင်းကို ယောဘ မည်သို့အထမြောက်ခဲ့သည်ကို သူတို့ မသိကြပေ။ အမှန်မှာ ယောဘသည် ဘုရားသခင်ကို ယုံကြည်ရာတွင် “ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” ကို အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးအဖြစ် ထုတ်ဖော်၍ ပြောခဲ့သည်။ ထို့ကြောင့် သူသည် ပညတ်တော်တစ်ပါးကို မြဲမြံစွာ စွဲကိုင်ထားသကဲ့သို့ ဤစကားများကို မြဲမြံစွာ စွဲကိုင်ထားနိုင်ခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူနားထောင်ခဲ့သည်မှာ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် သူ့စိတ်နှလုံးက ဂုဏ်ပြုခဲ့သောကြောင့်ဖြစ်သည်။ လူသား၏အမြင်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များသည် မည်မျှ မထူးခြားဘဲ သာမညဖြစ်နေပါစေ၊ ၎င်းတို့သည် သာမန်စကားလုံးများမျှသာ ဖြစ်နေလျှင်တောင်မှ ယောဘ၏စိတ်နှလုံးထဲတွင် ဤနှုတ်ကပတ်တော်များသည် အမြတ်ဆုံးဖြစ်သောဘုရားသခင်ထံမှ လာသည်။ ၎င်းတို့သည် အကြီးကျယ်ဆုံး၊ အရေးအကြီးဆုံးစကားလုံးများဖြစ်ကြသည်။ ၎င်းတို့သည် လူများ အထင်သေးသောစကားလုံးများဖြစ်နေလျှင်တောင်မှ ဘုရားသခင်၏နှုတ်ကပတ်တော်များဖြစ်နေသရွေ့၊ လူတို့သည် ယင်းကြောင့် လှောင်ပြောင်သရော်ခံရလျှင်တောင်မှ သို့မဟုတ် အသရေဖျက်ခံရလျှင်တောင်မှ ၎င်းတို့ကို စောင့်ကြည့်လေ့လာသင့်သည်။ သူတို့သည် ဆင်းရဲဒုက္ခနှင့်ကြုံရလျှင်တောင်မှ သို့မဟုတ် ဖိစီးနှိပ်စက်ခံရလျှင်တောင်မှ သူ့နှုတ်ကပတ်တော်များကို အဆုံးအထိ မြဲမြံစွာ စွဲကိုင်ထားရမည်။ ၎င်းတို့အပေါ် သူတို့လက်မလျှော့သင့်ပါ။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းဆိုသည်မှာ ဤသည်ကို ဆိုလိုသည်။ လူသားထံမှ ဘုရားသခင် တောင်းဆိုသောစကားလုံးတိုင်းကို သင်မြဲမြံစွာ စွဲကိုင်ထားရမည်။ ဘုရားသခင် တားမြစ်ထားသောထိုအရာများ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သောထိုအရာများအတွက်မူ ၎င်းတို့အကြောင်းကို သင်မသိလျှင် ကိစ္စမရှိပါ၊ သို့သော် သင်သိလျှင် ထိုအခါ သင်သည် ထိုအရာများကို လုံးဝ မလုပ်ရန် တတ်နိုင်သင့်သည်။ သင့်မိသားစုက သင့်ကို စွန့်လွှတ်လိုက်လျှင်တောင်မှ၊ ဘာသာတရားမရှိသူများက သင့်ကို ပျက်ရယ်ပြုလျှင်တောင်မှ သို့မဟုတ် သင်နှင့်နီးစပ်သူများက လှောင်ပြောင်ပြီး သင့်အား သရော်ကြလျှင်တောင်မှ သင်သည် မြဲမြံစွာ စွဲကိုင်ထားနိုင်သင့်သည်။ သင်အဘယ်ကြောင့် မြဲမြံစွာ စွဲကိုင်ထားဖို့ လိုအပ်သနည်း။ သင်၏ စမှတ်က မည်သည့်အရာဖြစ်သနည်း။ သင်၏ စည်းမျဉ်းများက မည်သည်တို့နည်း။ ယင်းမှာ “ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြဲမြံစွာ စွဲကိုင်ထားပြီး သူ့ဆန္ဒများအတိုင်းလုပ်ရမည်။ ဘုရားသခင် ကြိုက်နှစ်သက်သောအရာများကို လုပ်ရာတွင် ကျွန်ုပ်သည် မြဲမြံရလိမ့်မည်။ ဘုရားသခင် စက်ဆုပ်သောအရာများကို စွန့်လွှတ်ရာတွင် ဆုံးဖြတ်ချက်ပြတ်သားရလိမ့်မည်။ ဘုရားသခင်၏ရည်ရွယ်ချက်ကို ကျွန်ုပ် မသိလျှင် ရပါသည်၊ သို့သော် သူ့ရည်ရွယ်ချက်ကို ကျွန်ုပ် အမှန်တကယ်သိပြီး နားလည်လျှင် ထိုအခါ သူ့နှုတ်ကပတ်တော်များကို နားထောင်ပြီး ကျိုးနွံနာခံရာတွင် ကျွန်ုပ်သည် ဆုံးဖြတ်ချက်ပြတ်သားရလိမ့်မည်။ မည်သူမှ ကျွန်ုပ်ကို ဟန့်တားရန် တတ်နိုင်လိမ့်မည်မဟုတ်ပါ၊ ကမ္ဘာကြီး အဆုံးသတ်သွားလျှင်တောင် ကျွန်ုပ်သည် မယိမ်းယိုင်ပါ” ဟူ၍ ဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းဆိုသည်မှာ ဤသည်ကို ဆိုလိုသည်။

မကောင်းမှုကို ရှောင်ဖို့ တတ်နိုင်ရန် လူများအတွက် ကြိုတင်သတ်မှတ်ချက်မှာ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုရှိခြင်းဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုကို မည်သို့ပြုလုပ်သနည်း။ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုခြင်းဖြင့်ပြုလုပ်သည်။ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုခြင်းဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ယင်းမှာ လူတစ်ဦးက ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိကြောင်းကို သိပြီး သူတို့၏စိတ်နှလုံးက ဘုရားသခင်ကို ကြောက်ရွံ့သောအချိန်ကို ဆိုလိုသည်။ ရလဒ်အနေဖြင့် မည်သည့်အခြေအနေကိုမဆို အကဲဖြတ်သောအခါ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူတို့ အသုံးပြုနိုင်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူတို့၏စံနှုန်းနှင့် စံသတ်မှတ်ချက်အဖြစ် သုံးသည်။ ဤသည်မှာ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုခြင်းဖြစ်သည်။ ရိုးရှင်းစွာပြောရလျှင် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုခြင်းသည် ဘုရားသခင်ကို သင့်စိတ်နှလုံးထဲတွင် ရှိရန်၊ သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်ကို နှလုံးသွင်းထားရန်၊ သင်လုပ်သည့်အရာများတွင် သင့်ကိုယ်သင် မမေ့ရန်နှင့် သင့်ဘာသာသင် ဖောက်ထွက်ဖို့ မကြိုးစားဘဲ ထိုအစား ဘုရားသခင်ကို အုပ်ထိန်းစေရန်တို့ဖြစ်သည်။ အရာတိုင်းတွင် “ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ပြီး ဘုရားသခင်နောက်ကို လိုက်သည်။ ကျွန်ုပ်သည် ဘုရားသခင်က ရွေးချယ်ထားသည့် သေးငယ်သောဖန်ဆင်းခံလူသားတစ်ဦးသာဖြစ်သည်။ ကျွန်ုပ်၏ကိုယ်ပိုင်ဆန္ဒမှလာသည့် အမြင်များ၊ အကြံပြုချက်များနှင့် ဆုံးဖြတ်ချက်များကို လက်လွှတ်သင့်ပြီး ဘုရားသခင်သာ ကျွန်ုပ်၏ အရှင်သခင် ဖြစ်စေသင့်သည်။ ဘုရားသခင်သည် ကျွန်ုပ်၏ သခင်၊ ကျွန်ုပ်၏ ကျောက်နှင့် အရာတိုင်းတွင် ကျွန်ုပ်၏ လမ်းခရီးကို လမ်းညွှန်ပြသပေးသည့် တောက်ပသောအလင်းရောင်ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ဦးစားမပေးဘဲ သူ့နှုတ်ကပတ်တော်များနှင့် လိုအင်ဆန္ဒများအတိုင်း ကိစ္စများကို ကျွန်ုပ် လုပ်ရမည်” ဟု သင်တွေးသည်။ သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိခြင်းဆိုသည်မှာ ဤသည်ကို ဆိုလိုသည်။ သင်တစ်စုံတစ်ခုလုပ်လိုသောအခါ စိတ်လိုက်မာန်ပါ လုပ်ခြင်း သို့မဟုတ် အလျင်စလိုလုပ်ခြင်းတို့ မလုပ်ပါနှင့်။ ဘုရားသခင်သည် သင့်လုပ်ရပ်များကို စက်ဆုပ်ရွံရှာသွားမည်လား၊ ပြီးလျှင် သင့်လုပ်ရပ်များသည် သူ့ရည်ရွယ်ချက်များနှင့်အညီဖြစ်မဖြစ်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များက မည်သို့ပြောထားသည်ဆိုသည်တို့ကို ပထမ စဉ်းစားကြည့်ပါ။ သင့်စိတ်နှလုံးထဲတွင် ပထမဆုံး သင့်ကိုယ်သင် မေးကြည့်ပါ၊ စဉ်းစားပါ၊ ပြီးလျှင် တွေးတောချင့်ချိန်ပါ။ အလျင်မလိုပါနှင့်။ အလျင်လိုခြင်းသည် စိတ်လိုက်မာန်ပါပြုလုပ်ခြင်းဖြစ်ပြီး လူသားဆန္ဒနှင့် တဇောက်ကန်းလုပ်ဆောင်မှုတို့ကြောင့် စိတ်ပါဝင်စားခြင်းဖြစ်သည်။ သင်သည် အမြဲတမ်း အလျင်လိုပြီး စိတ်မြန်နေပါက ဘုရားသခင်သည် သင့်စိတ်နှလုံးထဲတွင် ရှိမနေခြင်းကို ပြသည်။ ထိုအခါ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် သင်ဂုဏ်ပြုသည်ဟု သင်ပြောသောအခါ ဤစကားများသည် အနှစ်မပါသည့်စကားများ ဖြစ်မနေဘူးလော။ သင့်စစ်မှန်မှုသည် ဘယ်မှာနည်း။ သင့်တွင် စစ်မှန်မှု မရှိပါ။ ပြီးလျှင် သင်သည် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် သင်ဂုဏ်မပြုနိုင်ပါ။ အခါတိုင်းတွင် သင့်အလိုဆန္ဒအတိုင်း လုပ်ပြီး၊ ကိစ္စရပ်များအားလုံးတွင် သင်သည် အိမ်ကြီးရှင်သခင်ကဲ့သို့ ပြုမူသည်။ သို့ဆိုလျှင် သင့်တွင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုရှိသည်ဟု သင်ပြောလျှင် ဤသည်မှာ အဓိပ္ပါယ်မဲ့သည်မဟုတ်လော။ သင်သည် လူများကို ဤစကားများဖြင့် လှည့်စားနေခြင်းဖြစ်သည်။ အကယ်၍ လူတစ်ယောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုရှိပါက ယင်းက မည်သို့ အမှန်တကယ် သူ့ဘာသာ ပေါ်ထင်သနည်း။ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုခြင်းဖြင့်ဖြစ်သည်။ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုခြင်းကို အခိုင်အမာပေါ်ထင်အောင်ပြုသည့်အရာမှာ ဘုရားသခင်သည် သူတို့၏စိတ်နှလုံးထဲရှိ အထွတ်အမြတ်ဆုံးနေရာတွင် နေရာတစ်နေရာရှိနေခြင်းဖြစ်သည်။ သူတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို သူတို့၏ဆရာအရှင်ဖြစ်ရန်နှင့် ဩဇာအာဏာကိုင်စွဲရန် သူတို့ အခွင့်ပေးထားသည်။ တစ်စုံတစ်ခုဖြစ်သောအခါ သူတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံသောစိတ်နှလုံးတစ်ခုရှိသည်။ သူတို့သည် အလျင်စလိုမလုပ်ပါ၊ စိတ်လိုက်မာန်ပါမလုပ်ပါ။ ပြီးလျှင် သူတို့သည် စိတ်မြန်လက်မြန်လည်း မလုပ်ကြပါ။ သို့သော် ထိုအစား သူတို့သည် တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်နိုင်ကြပြီး သမ္မာတရားစည်းမျဉ်းများကို ရှာဖွေရန် ဘုရားသခင်၏ ရှေ့တော်မှောက်တွင် သူတို့ကိုယ်သူတို့ ဆိတ်ငြိမ်နိုင်ကြသည်။ ကိစ္စများကို ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း သို့မဟုတ် သင့်ကိုယ်ပိုင်ဆန္ဒအတိုင်း လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ၊ ပြီးလျှင် သင့်ကိုယ်ပိုင်ဆန္ဒကို သင်ခွင့်ပြုသည်ဖြစ်စေ သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အုပ်ထိန်းစေခွင့်ပြုသည်ဖြစ်စေ သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ သင်က ဘုရားသခင်သည် သင့်စိတ်နှလုံးထဲတွင် ရှိသည်ဟု ပြောသည်၊ သို့သော် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သင်သည် ဆင်ကန်းတောတိုးလုပ်သည်။ ဘုရားသခင်ကို ဘေးသို့ တွန်းဖယ်ပစ်ရင်း အပြီးသတ်ဆုံးဖြတ်ချက်ကို ကိုယ့်ဘာသာချစေတော့သည်။ ဤသည်မှာ ဘုရားသခင်ရှိသည့် စိတ်နှလုံး၏ သရုပ်သကန်ဖြစ်သလော။ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ဘုရားသခင်ထံ ဆုတောင်းနိုင်သောလူအချို့ရှိသည်၊ သို့သော် ဆုတောင်းပြီးနောက်တွင် “ဒီဟာကို ငါလုပ်သင့်တာလို့ ငါထင်တယ်။ ဟိုဟာကို ငါလုပ်သင့်တာလို့ ငါထင်တယ်” ဟု တွေးလျက် သူတို့သည် ကိစ္စများကို အလေးအနက် ဆက်စဉ်းစားနေသည်။ သင့်ကိုယ်ပိုင်ဆန္ဒနောက်ကို သင်အမြဲတမ်းလိုက်ပြီး သူတို့က သင့်ကို မည်မျှမိတ်သဟာယပြုပါစေ မည်သူ့ကိုမှ သင်နားမထောင်ပေ။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခု မရှိခြင်း၏ သရုပ်သကန်မဟုတ်လော။ သမ္မာတရားစည်းမျဉ်းများကို သင်မရှာဖွေသည့်အပြင် သမ္မာတရားကို လက်တွေ့မကျင့်သုံးသောကြောင့် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုပြီး ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခု ရှိသည်ဟု သင်ဆိုသောအခါ ၎င်းတို့သည် အနှစ်မပါသည့်စကားများသာဖြစ်ကြလေသည်။ ဘုရားသခင်ကို စိတ်နှလုံးများထဲ မရှိသောလူများနှင့် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုရန် မတတ်နိုင်သောလူများသည် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခု မရှိကြသောလူများဖြစ်သည်။ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သမ္မာတရားကို ရှာဖွေရန် မတတ်နိုင်ကြသောလူများနှင့် ဘုရားသခင်ကို ကျိုးနွံနာခံသောစိတ်နှလုံးတစ်ခု မရှိကြသောလူများသည် ကောင်းဆိုးကျိုးပြစ်ကို အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောလူများအားလုံးဖြစ်သည်။ အကယ်၍ လူတစ်ယောက်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား အမှန်ရှိသည်ဆိုလျှင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သူတို့သည် သမ္မာတရားကို အလိုအလျောက်ရှာဖွေနိုင်ကြလိမ့်မည်။ “ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရှာဖွေရန် ကျွန်ုပ် လာခဲ့ပြီ။ ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားရှိသောကြောင့် ကျွန်ုပ်လုပ်သမျှအရာတိုင်းမှာ တစ်ဦးတည်းဩဇာအာဏာရှိသူအဖြစ် ကိုယ့်ကိုယ်ကိုယ် ကျွန်ုပ် အမြဲတမ်း ဆက်ဆံသည်၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို ကျွန်ုပ် အမြဲတမ်း ဆန့်ကျင်သည်။ ကျွန်ုပ် နောင်တရရမည်။ ဤနည်းအတိုင်း ဘုရားသခင်ကို ကျွန်ုပ် ဆက်ပြီး မပုန်ကန်နိုင်တော့။ ဘုရားသခင်ထံ ကျိုးနွံနာခံရန်နည်းလမ်းကို ကျွန်ုပ် သင်ယူရမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက ဘာကို ပြောသည်၊ ပြီးလျှင် သမ္မာတရားစည်းမျဉ်းများက ဘာဖြစ်သည်ဆိုသည်တို့ကို ကျွန်ုပ် ရှာဖွေရမည်” ဟု သူတို့ ပထမဆုံး တွေးရမည်။ ဤသည်တို့သည် သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမှ ထွက်ပေါ်လာသည့် အတွေးများနှင့် ရည်မှန်းချက်များဖြစ်ကြသည်။ ဤသည်တို့သည် ကိစ္စများကို သင်လုပ်ရာတွင် ရှိသင့်ရှိထိုက်သောစည်းမျဉ်းများနှင့် သဘောထားတို့ဖြစ်ကြသည်။ သာမန်လူ့သဘာဝ၏ အသိစိတ်ကို သင်ပိုင်ဆိုင်သောအခါ ဤသဘောထားကို သင်ပိုင်ဆိုင်ပြီဖြစ်သည်။ သာမန်လူ့သဘာဝ၏ အသိစိတ်ကို သင်မပိုင်ဆိုင်သောအခါ ဤသဘောထားကို သင်မပိုင်ဆိုင်ပါ။ ထို့ကြောင့် သာမန်လူ့သဘာဝ၏ အသိစိတ်ကို ပိုင်ဆိုင်ခြင်းသည် အရေးပါပြီး အလွန်အရေးကြီးသည်။ ယင်းသည် လူများ သမ္မာတရားကို နားလည်ခြင်းနှင့် ကယ်တင်ခြင်းရရှိခြင်းတို့နှင့် တိုက်ရိုက်ဆက်စပ်နေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် ကျိုးနွံနာခံခြင်းသည် လူသားမျိုးနွယ်အဖို့ ပုံသက်သေတစ်ခု ဖြစ်ပြီး သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည် လူသား ပိုင်ဆိုင်သင့်သည့် လူ့သဘာဝ၏ အထွတ်အထိပ် ဖြစ်ခဲ့သည်။ သူသည် ဘုရားသခင်ကို မမြင်ခဲ့သော်လည်း၊ ဘုရားသခင် အမှန်တကယ် တည်ရှိသည်ကို သူ နားလည်ခဲ့ပြီး၊ ဤနားလည်ခြင်းကြောင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့သည်၊ ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းကြောင့် ဘုရားသခင်ကို သူကျိုးနွံနာခံနိုင်ခဲ့ပေသည်။ သူ၌ ရှိခဲ့သည့် မည်သည့်အရာကိုမဆို ယူဆောင်ရန် ဘုရားသခင်အား လွတ်လပ်စွာ လုပ်ပိုင်ခွင့် သူပေးခဲ့သော်လည်း၊ သူသည် ညည်းညူခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင် ရှေ့တွင် ပျပ်ဝပ်ကာ ဤအခိုက်အတန့်တွင်ပင် ဘုရားသခင်သည် သူ၏ ခန္ဓာကိုပင် နုတ်ယူခဲ့လျှင်ပင်၊ သူသည် ညည်းညူ‌ခြင်းမရှိဘဲ၊ ဝမ်းမြောက်ဝမ်းသာ ထိုသို့ သူ့ကို လုပ်ခွင့်ပေးမည်ဟု ဘုရားသခင်အား ပြောခဲ့လေသည်။ သူ၏ အပြုအမူတစ်ခုလုံးသည် သူ၏ စုံလင်ကာ ဖြောင့်မတ်သော လူ့သဘာဝကြောင့် ဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ သူ၏ အပြစ်ကင်းစင်မှု၊ ရိုးသားမှုနှင့် ကြင်နာမှု အကျိုးဆက်တစ်ခုအနေဖြင့်၊ ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းနှင့် သက်ဆိုင်သည့် သူ၏ သဘောပေါက်ခြင်းနှင့် အတွေ့အကြုံတို့တွင် မဆုတ်မနှစ်ဖြစ်ခဲ့သည်။ ဤအခြေခံအုတ်မြစ်ပေါ်တွင် သူသည် သူ့ကိုယ်သူ လိုအပ်ချက်များကို သတ်မှတ်ခြင်းနှင့် သူ၏ အတွေးအခေါ်၊ အပြုအမူ၊ လုပ်ဆောင်မှုနှင့် ဘုရားသခင် ရှေ့တွင် ပြုမူလုပ်ဆောင်မှု အခြေခံသဘောတရားများကို သူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ လမ်းပြမှုနှင့် အရာခပ်သိမ်းအလယ် သူမြင်ခဲ့ပြီးသော ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်အညီ စံသတ်မှတ်ခဲ့သည်။ အချိန်လွန်လာသည်နှင့်အမျှ၊ သူ၏ အတွေ့အကြုံများသည် သူ့အထဲ၌ ဘုရားသခင်အပေါ် စစ်မှန်သည့် အမှန်တကယ် ကြောက်ရွံ့မှုတစ်ခုကို ဖြစ်စေခဲ့ပြီး သူ့အား မကောင်းမှုကို ရှောင်ရှားစေခဲ့သည်။ ဤသည်မှာ ယောဘက မြဲမြံစွာ ထိန်းသိမ်းခဲ့သည့် တည်ကြည်မှု၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ ယောဘသည် ရိုးသားသော၊ အပြစ်ကင်းပြီး ကြင်နာတတ်သော လူ့သဘာဝကို ပိုင်ဆိုင်ခဲ့ပြီး သူသည် ဘုရားသခင်အား ကြောက်ရွံ့ခြင်း၊ ဘုရားသခင်အား ကျိုးနွံနာခံခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းအပြင်၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင်ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊” ဟူသော အသိပညာနှင့် သက်ဆိုင်သည့် တကယ့်အတွေ့အကြုံ ရှိခဲ့သည်။ ဤအရာများကြောင့်သာ သူသည် စာတန်၏ ထိုသို့သော ရက်စက်သည့် တိုက်ခိုက်မှုများကြားတွင် သူ၏ သက်သေခံချက်၌ အခိုင်အမာ ရပ်တည်နိုင်ခဲ့ပြီး၊ ၎င်းတို့ကြောင့်သာလျှင် သူသည် ဘုရားသခင်၏ စမ်းသပ်မှုများ သူ့အပေါ် ရောက်လာသည့်အခါ၊ ဘုရားသခင်အား စိတ်မပျက်စေနိုင်ခဲ့သကဲ့သို့ အားရကျေနပ်ဖွယ် အဖြေတစ်ခုကို ဘုရားသခင်အား ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

ယောဘသည် ဘုရားသခင်ကို မမြင်နိုင်စဉ်တွင် သို့မဟုတ် ဘုရားသခင်၏ စကားများကို မကြားနိုင်စဉ်တွင် ဤအရာများကို ပိုင်ဆိုင်ပြီး လိုက်စားခဲ့သည်။ သူသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးသော်လည်း၊ အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသော နည်းလမ်းများကို သူသိလာခဲ့ပြီးဖြစ်ကာ ထိုသို့ ဘုရားသခင်ပြုသော ဉာဏ်ပညာကို နားလည်ခဲ့သည်။ ယောဘသည် ဘုရားသခင် ပြောဆိုသော စကားများကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဖူးသော်လည်း၊ သူသည် လူကို ဆုချီးမြှင့်ခြင်းနှင့် လူသားထံမှ ယူဆောင်သွားခြင်း လုပ်ဆောင်ချက် အားလုံးက ဘုရားသခင်ထံမှ လာသည်ကို သိခဲ့သည်။ သူ၏ အသက်တာ နှစ်များမှာ အခြားသော မည်သည့် သာမန်လူမဆို၏ နှစ်များနှင့် မကွာခြားခဲ့သော်လည်း၊ သူ၏ အသက်တာ သာမည ဖြစ်ခြင်းကို အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် ပတ်သက်သည့် သူ၏အသိပညာကို ထိခိုက်ဖို့ သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးနောက် သူ၏လိုက်လျှောက်ခြင်းအပေါ် ထိခိုက်စေရန် သူအခွင့်မပေးခဲ့ပေ။ သူ၏အမြင်တွင်၊ အရာခပ်သိမ်း၏ နိယာမများသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြင့် ပြည့်လျက်ရှိပြီး၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို လူတစ်ဦး အသက်တာ၏ မည်သည့် အစိတ်အပိုင်း၌မဆို မြင်၍ရနိုင်ခဲ့သည်။ သူသည် ဘုရားသခင်ကို မြင်ခဲ့ဖူးခြင်း မရှိသော်လည်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် နေရာတကာ၌ ရှိသည်ကို သူသဘောပေါက်နိုင်ခဲ့ပြီး၊ ကမ္ဘာမြေကြီးပေါ်၌ သူ၏ သာမည အချိန်ကာလအတောအတွင်း၊ သူ၏ အသက်တာ၏ နေရာတိုင်းတွင် ဘုရားသခင်၏ သာမန်ထက် လွန်ကဲပြီး အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များကို သူ မြင်နိုင်ခဲ့သကဲ့သို့ သဘောပေါက်နိုင်ခဲ့ပြီး၊ ဘုရားသခင်၏ အံ့သြဖွယ်ကောင်းသော အစီအစဉ်များကို မြင်နိုင်ခဲ့သည်။ ဘုရားသခင်၏ ကွယ်ဝှက်ခြင်းနှင့် နှုတ်ဆိတ်ခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် ယောဘ၏ နားလည်သဘောပေါက်ခြင်းအား မတားဆီးခဲ့သကဲ့သို့၊ ယင်းတို့သည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် သူ၏ အသိပညာကို မထိခိုက်ခဲ့ပေ။ သူ၏ နေ့စဉ် အသက်တာ ကာလတစ်လျှောက်လုံးတွင် သူ၏ ဘဝသည် ခပ်သိမ်းသောအရာတို့၏ အလယ်၌ ကွယ်ဝှက်နေသော ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သဘောပေါက်မိခြင်း ဖြစ်ခဲ့ပေသည်။ သူ၏ နေ့စဉ် အသက်တာထဲတွင် အရာခပ်သိမ်း အလယ်၌ နှုတ်ဆိတ်နေသော်လည်း၊ အရာခပ်သိမ်း၏ ဥပဒေသများကို စိုးမိုးခြင်းဖြင့် သူ၏ စိတ်နှလုံး သဘောထားနှင့် သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြသော ဘုရားသခင်၏ စိတ်နှလုံး သဘောထားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ကြားပြီး နားလည်ခဲ့သည်။ ထိုအခါတွင် အကယ်၍ လူတို့သည် ယောဘကဲ့သို့ အလားတူ လူ့သဘာဝနှင့် လိုက်စားမှုရှိပါက၊ ယောဘကဲ့သို့ အလားတူ သဘောပေါက်ခြင်းနှင့် အသိပညာကို ရရှိနိုင်ပြီး၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့်သက်ဆိုင်သည့် အလားတူ သိနားလည်မှုနှင့် အသိပညာတို့ကို ယောဘကဲ့သို့ ရရှိနိုင်သည်ကို သင်တို့ မြင်ရပေသည်။ ဘုရားသခင်သည် ယောဘထံ မပေါ်ထွန်ဖူးခဲ့ သို့မဟုတ် သူ့ကို စကားမပြောခဲ့ဖူးသော်လည်း၊ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်နိုင်ခဲ့သကဲ့သို့၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ခဲ့သည်။ တစ်နည်းအားဖြင့် လူသားထံ ဘုရားသခင် ပေါ်ထွန်းလာခြင်း သို့မဟုတ် စကားပြောဆိုခြင်း မရှိဘဲ၊ အရာခပ်သိမ်းအလယ် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာတို့သည် ဘုရားသခင်၏ တည်ရှိခြင်း၊ တန်ခိုးနှင့် ဩဇာအာဏာကို သိလာရန် လူသားအတွက် လုံလောက်ပြီး ဘုရားသခင်၏တန်ခိုးနှင့် ဩဇာအာဏာသည် လူအား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်လျှောက်စေဖို့ လုံလောက်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

သမ္မာတရားကို လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့အပေါ်တွင်လည်းကောင်း၊ သင်၏အခြေအနေများကို နှိုင်းယှဉ်ချိန်ဆဖို့နှင့် ယင်းတို့ကို ဆန်းစစ်ဖို့အတွက် ဘုရားနှုတ်ကပတ်တော်များကို သုံးခြင်းအပေါ်တွင်လည်းကောင်း သင်သည် အာရုံစိုက်ရမည်။ ထို့နောက်တွင် အခြေအနေအမျိုးအစားတိုင်းကို သင်သဘောထားရာတွင် သင်အသုံးပြုသော မမှန်ကန်သောအမြင်များနှင့် သဘောထားများကို ပြောင်းလဲရမည်။ နောက်ဆုံးတွင် သင်သည် အခြေအနေတိုင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုကို ပိုင်ဆိုင်လာရမည်။ ထို့ပြင် မဆင်မခြင်ပြုမူခြင်း၊ သင့်ကိုယ်ပိုင်စိတ်ကူးများ နောက်သို့လိုက်ခြင်း၊ သင့်လိုအင်ဆန္ဒများအတိုင်း အမှုအရာများကို လုပ်ဆောင်ခြင်း သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်းတွင် နေထိုင်ခြင်းတို့ကို နောက်ထပ် မပြုလုပ်ရ။ ထိုအစား သင်၏လုပ်ရပ်များနှင့် စကားလုံးများ အားလုံးသည် ဘုရားနှုတ်ကပတ်တော်များအပေါ်တွင်လည်းကောင်း၊ သမ္မာတရားအပေါ်တွင်လည်းကောင်း အခြေခံရမည်။ ဤနည်းဖြင့် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာလိမ့်မည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခုသည် လူတစ်ဦးက သမ္မာတရားကို လိုက်စားနေစဉ်အတွင်း ဖြစ်ပေါ်သည်။ ယင်းသည် ချုပ်တည်းထားခြင်းမှ မလာပေ။ ချုပ်တည်းထားခြင်းအားလုံးက ဖြစ်ပေါ်လာစေသည်မှာ အပြုအမူအမျိုးအစားတစ်ခုဖြစ်သည်။ ယင်းသည် အပေါ်ယံအဆင့် ကန့်သတ်ချက်အမျိုးအစားတစ်ခုဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို အဆက်မပြတ် လက်ခံခြင်းနှင့် သူ၏အမှုတော်ကို တွေ့ကြုံနေစဉ်အတွင်း ပြုပြင်ခြင်းကို လက်ခံခြင်းတို့အားဖြင့် ဘုရားသခင်ကို အစစ်အမှန် ကြောက်ရွံ့သော စိတ်နှလုံးတစ်ခုကို စွမ်းဆောင်ရရှိသည်။ လူများသည် ၎င်းတို့၏ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်း၏ စစ်မှန်သော သဘောသဘာဝကို မြင်ရသောအခါ သမ္မာတရား၏အဖိုးတန်မှုကို သိလာလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် သမ္မာတရားကို အားထုတ်နိုင်ပေလိမ့်မည်။ ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းများသည် ပို၍ နည်းနည်းလာလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်၏ရှေ့မှောက်တွင် ပုံမှန် နေထိုင်နိုင်လာလိမ့်မည်၊ ဘုရားနှုတ်ကပတ်တော်များကို နေ့တိုင်း စားသောက်နိုင်လိမ့်မည်၊ ပြီးလျှင် ဖန်ဆင်းခံများအနေဖြင့် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နိုင်လိမ့်မည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခုနှင့် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးတစ်ခုတို့သည် ဤဖြစ်စဉ်မှတစ်ဆင့် ပေါ်ပေါက်လာသည်။ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နေစဉ် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အဆက်မပြတ် ရှာဖွေသည့်သူအားလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ ရှိကြသောသူများဖြစ်ကြသည်။ ဆုံးမပဲ့ပြင်ခြင်းကို လက်ခံရရှိပြီးဖြစ်ကာ ပြုပြင်ခြင်းကို များစွာ တွေ့ကြုံပြီးသောသူများအားလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် မည်သည့်အရာဖြစ်သည်ကို သိကြသည်။ ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ခံရသောအခါ ၎င်းတို့သည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် စိုးရိမ်ပူပန်ခြင်းနှင့် ထိတ်လန့်ခြင်းတို့ကို ခံစားရရုံသာမက ဘုရားသခင်၏အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်ကိုလည်း ၎င်းတို့ ခံစားကြရသည်။ ဤအခြေအနေတွင် ၎င်းတို့၏ စိတ်နှလုံးများထဲမှနေ၍ ကြောက်ရွံ့မှုက သဘာဝအလျောက် ဖြစ်ပေါ်လာသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

သင်သည် သင်၏တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ အခြားသူများနှင့် ဆက်ဆံသည်ဖြစ်စေ၊ သို့မဟုတ် သင်ရင်ဆိုင်နေရသည့် အထူးပြဿနာတစ်ခုခုကို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ သင်၌ ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထား ရှိရမည်။ ဤသဘောထားမျိုးရှိသဖြင့် သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အတော်အတန် ရှိသည်ဟု ဆိုနိုင်သည်။ သမ္မာတရားကို သင်ရှာဖွေကာ ကျိုးနွံနာခံနိုင်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်သည့် လမ်းကြောင်း ဖြစ်သည်။ အကယ်၍ သင်၌ ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထား ရှိရမည့်အစား မိမိကိုယ်ကို ဖက်တွယ်ကာ ခေါင်းမာစွာ ဆန့်ကျင်လိုပြီး သမ္မာတရားကို လက်ခံဖို့ ငြင်းပယ်သည့်အပြင် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ပါက သင်သည် ဆိုးယုတ်မှုအမြောက်အမြားကို အလိုအလျောက် ကျူးလွန်မိလိမ့်မည် ဖြစ်သည်။ ယင်းကို သင်ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ လူများသည် ဤအရာကို ဖြေရှင်းရန် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေပါက ၎င်းတို့အနေဖြင့် မည်မျှတွေ့ကြုံခံစားပါစေ၊ အခြေအနေ မည်မျှနှင့် ကြုံတွေ့ရပါစေ၊ ဘုရားသခင်က ၎င်းတို့အတွက် သင်ခန်းစာမည်မျှကို သတ်မှတ်ပေးပါစေ အဆုံးသတ် အကျိုးဆက်မှာ ၎င်းတို့သည် သမ္မာတရားကို နားလည်လိမ့်ဦးမည် မဟုတ်ဘဲ အဆုံး၌ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိဆဲသာ ဖြစ်လိမ့်မည်။ လူများသည် သမ္မာတရား စစ်မှန်မှုကို မပိုင်ဆိုင်ပါက ဘုရားသခင်၏ လမ်းခရီးကို ၎င်းတို့လိုက်လျှောက်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးကို မည်သည့်အခါမျှ လိုက်မလျှောက်နိုင်ပါက ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်သည့်သူများ မဟုတ်ပေ။ လူများသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်လိုပြီး ဘုရားနောက်ကို လိုက်လျှောက်လိုခြင်း အကြောင်းတို့ကို မပြီးနိုင်မစီးနိုင် ပြောကြသည်။ အမှုကိစ္စများသည် ထိုမျှ ရိုးရှင်းသလော။ လုံးဝ မရိုးရှင်းပေ။ ဤအရာများသည် လူတို့၏အသက်တာ၌ အလွန့်အလွန် အရေးကြီးပေသည်။ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ ဘုရားသခင်ကို ကျေနပ်စေဖို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းကို စွမ်းဆောင်ရရှိဖို့ မလွယ်ကူပေ။ သို့ရာတွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းတစ်ခုကို သင်တို့အား ငါပြောမည်။ သင့်ထံ၌ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ သင်၌ ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောတရားရှိပါက ဤအရာက သင့်ကို ကာကွယ်လိမ့်မည်။ အဆုံးသတ် ရည်ရွယ်ချက်သည် သင့်အနေဖြင့် ကာကွယ်ခြင်း ခံရဖို့ မဟုတ်ပေ။ သမ္မာတရားကို သင်နားလည်စေဖို့နှင့် သမ္မာတရား စစ်မှန်မှုထဲသို့ သင်ဝင်ရောက်နိုင်စေဖို့ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိစေဖို့ ဖြစ်သည်။ ဤသည်မှာ အဆုံးသတ် ပန်းတိုင်ဖြစ်သည်။ သင်တွေ့ကြုံခံစားသမျှတွင် သင်၌ ဤသဘောထား ရှိပါက သင်၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်စေခြင်းတို့သည် အနှစ်သာရမရှိသော စကားများနှင့် ဆောင်ပုဒ်များ ဖြစ်သည်ဟု သင်ခံစားရတော့မည် မဟုတ်ချေ။ ယင်းက အလွန် ခက်ခဲပင်ပန်းသည်ဟု ခံစားရတော့မည် မဟုတ်ချေ။ ထိုအစား သင်သတိမထားလိုက်မီတွင် အတော်အသင့် များပြားသော သမ္မာတရားတို့ကို သင်နားလည်လာလိမ့်မည်။ ထိုနည်းအားဖြင့် သင် တွေ့ကြုံခံစားဖို့ ကြိုးစားပါက သင်သည် ဆုလာဘ်များ သေချာပေါက် ရိတ်သိမ်းရလိမ့်မည်။ သင်သည် မည်သူဖြစ်သည်၊ အသက်အရွယ် မည်မျှရှိသည်၊ သင်မည်မျှ ပညာတတ်သည်၊ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ထားသည်၊ သို့မဟုတ် မည်သည့်တာဝန်ကို ထမ်းဆောင်သည်တို့က အရေးမပါပေ။ သင်၌ ရှာဖွေပြီး ကျိုးနွံနာခံသည့် သဘောထားရှိသမျှ ကာလပတ်လုံး၊ ဤနည်းဖြင့် သင်တွေ့ကြုံခံစားသမျှ ကာလပတ်လုံး အဆုံး၌ သင်သည် သမ္မာတရားကို နားလည်ဖို့နှင့် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ သေချာပေလိမ့်မည်။ သို့ရာတွင် သင်၌ ဖြစ်ပျက်လာသမျှ အရာအားလုံးတွင် ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထားမရှိပါက သင်သည် သမ္မာတရားကို နားလည်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ သမ္မာတရား စစ်မှန်မှုထဲသို့လည်း ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ဘုရားသခင်ရှေ့မှောက်သို့ သင် မကြာခဏ လာရမည်၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ကာ တွေးဆရမည်၊ သူ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် လမ်းပြမှုကို လက်ခံပြီး ကျိုးနွံနာခံခြင်း သင်ခန်းစာကို သင်ယူရမည်။ ဤသည်မှာ အလွန် အရေးကြီး၏။ သင့်အတွက် ဘုရားသခင် စီစဉ်ပြီးဖြစ်သည့် ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ အားလုံးကို ကျိုးနွံနာခံနိုင်ရမည်ဖြစ်ပြီး သင် အတော်လေး နားမလည်နိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ သမ္မာတရားကို ရှာဖွေရင်း မကြာခဏ သင် ဆုတောင်းရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်းအားဖြင့်သာ ရှေ့ဆက်ရမည့် လမ်းတစ်ခုကို သင် မြင်နိုင်သည်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိရမည်။ သင် လုပ်သင့်သည့်အရာကို သေချာစွာနှင့် သတိရှိစွာ လုပ်ဆောင်ပြီး ဘုရားရှေ့မှောက်တွင် သူ့ကို ကျိုးနွံနာခံခြင်း စိတ်နှလုံးဖြင့် အသက်ရှင်လော့။ သူ့ရှေ့မှောက်တွင် မကြာခဏ မိမိကိုယ်ကို ငြိမ်သက်စေကာ အသောက်အစား အပျော်အပါး၌ မွေ့လျော်ခြင်း မရှိနှင့်။ အနည်းဆုံးအနေဖြင့် သင့်ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ပထမဦးစွာ မိမိကိုယ်ကို တည်ငြိမ်စေပြီးနောက် အမြန်ဆုတောင်းလော့။ ပြီးလျှင် ဆုတောင်းခြင်း၊ ရှာဖွေခြင်းနှင့် စောင့်ဆိုင်းခြင်းအားဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သိနားလည်လာလော့။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သည့် သဘောထားတစ်ခု မဟုတ်လော။ သင်သည် စိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ကာ ကျိုးနွံနာခံပြီး၊ သူ့ရှေ့မှောက်တွင် မိမိကိုယ်ကို ငြိမ်သက်စေနိုင်ကာ သူ၏ ရည်ရွယ်ချက်များကို သဘောပေါက်နိုင်ပါက ဤသို့ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းမျိုးဖြင့် သင်သည် ကွယ်ကာခံရလိမ့်မည်ဖြစ်ကာ စုံစမ်းသွေးဆောင်ခြင်း ခံရလိမ့်မည် မဟုတ်သကဲ့သို့ အသင်းတော် အလုပ်ကို နှောင့်ယှက်၊ သို့မဟုတ် အဖျက်အမှောင့်လုပ်သည့် မည်သည့်အရာကိုမျှ သင် လုပ်ဆောင်မိလိမ့်မည် မဟုတ်။ သင် ရှင်းလင်းစွာ မမြင်နိုင်သည့် ကိစ္စရပ်များတွင် သမ္မာတရားကို ရှာဖွေလော့။ ကြောင်းကျိုးမမြင်ဘဲ မဝေဖန်နှင့် သို့မဟုတ် မရှုတ်ချနှင့်။ ဤသို့ဖြင့် သင်သည် ဘုရားသခင်၏ ရွံရှာစက်ဆုပ်ခြင်းကို သို့မဟုတ် သူ၏ ပစ်ပစ်ခါခါ ငြင်းခြင်းကို ခံရလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိပါက သူ့ကို ပုန်ကန်ပြစ်မှားမိမည်ကို စိုးရွံ့လိမ့်မည်ဖြစ်ကာ စုံစမ်းသွေးဆောင်သည့် တစ်စုံတစ်ရာ သင့်ထံ ကျရောက်သည့်အခါ ဘုရားသခင် ရှေ့မှောက်တွင် ထိတ်လန့်ခြင်းနှင့် စိုးရိမ်ပူပင်ခြင်းဖြင့် အသက်ရှင်လိမ့်မည်ဖြစ်ကာ အရာခပ်သိမ်း၌ သူ့ကို ကျိုးနွံနာခံကာ သူ့ကို စိတ်ကျေနပ်အောင်လုပ်ဖို့ တမ်းတလိမ့်မည်။ သင်သည် ထိုသို့သော လက်တွေ့လုပ်ဆောင်မှုတစ်ခု ရှိပြီး သင့်ကိုယ်သင် ဘုရားသခင် ရှေ့မှောက်တွင် မကြာခဏ ငြိမ်သက်စေကာ သူ့ရှေ့မှောက်သို့ မကြာခဏ လာရင်း ထိုသို့သော အခြေအနေတစ်ခုတွင် မကြာခဏ အသက်ရှင်နိုင်သည့် အချိန်တွင်သာ စုံစမ်းသွေးဆောင်ခြင်းနှင့် ဆိုးယုတ်သော အရာများကို အမှုမဲ့အမှတ်မဲ့ သင် ရှောင်ရှားနိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်အတွက် ကြောက်ရွံ့သော စိတ်နှလုံးမရှိဘဲဖြစ်စေ၊ သူ၏ ရှေ့မှောက်တွင် မရှိသည့် စိတ်နှလုံးဖြင့်ဖြစ်စေ သင် စွမ်းဆောင်နိုင်မည့် မကောင်းမှုအချို့ ရှိ၏။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိပြီး ထိုအရာကို သင် မချိုးနှိမ်နိုင်သောကြောင့် မကောင်းမှုကို သင် လုပ်နိုင်စွမ်းရှိ၏။ သင်သည် နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတစ်ခု ဖြစ်စေသည့်နှင့်အမျှ ထိုသို့သော မကောင်းမှုကို ကျူးလွန်မည်ဆိုပါက အကျိုးဆက်များက မပြင်းထန်ဘဲ ရှိလိမ့်မည်လော။ အနည်းဆုံးအနေဖြင့် သင်သည် ပြုပြင်ခံရလိမ့်မည်ဖြစ်ပြီး သင် လုပ်ဆောင်မိသည့်အရာသည် ဆိုးရွားပါက ဘုရားသခင်သည် သင့်ကို ပစ်ပစ်ခါခါငြင်းလိမ့်မည်။ ပြီးလျှင် သင်သည် အသင်းတော်မှ နှင်ထုတ်ခြင်း ခံရလိမ့်မည်။ သို့ရာတွင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ရှိပြီး သင်၏ စိတ်နှလုံးသည် မကြာခဏ ဘုရားသခင်၏ ရှေ့မှောက်၌ ငြိမ်သက်နိုင်ပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ကာ ကြောက်လန့်ပါက သင်သည် မကောင်းမှုများစွာမှ အလွန်ကင်းရှင်းစွာ နေထိုင်နိုင်လိမ့်မည် မဟုတ်လော။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ကာ “ကျွန်ုပ်သည် ဘုရားသခင်ကို ကြောက်လန့်ပါသည်။ သူ့ကို ပုန်ကန်ပြစ်မှားမိမည်ကို၊ သူ၏ အမှုတော်ကို နှောင့်ယှက်မိပြီး သူ၏ ရွံရှာစက်ဆုပ်မှုအား ဖိတ်ခေါ်မိမည်ကို စိုးရွံ့ပါသည်”ဟု ဆိုပါက ဤသည်မှာ သင့်အတွက် ရှိရမည့် ပုံမှန် သဘောထားနှင့် ပုံမှန် အခြေအနေတစ်ခု မဟုတ်လော။ သင်၏ ကြောက်လန့်မှုကို မည်သည့် အရာက ဖြစ်ပေါ်စေလိမ့်မည်နည်း။ သင်၏ ကြောက်လန့်မှုသည် ဘုရားသခင်အတွက် ကြောက်ရွံ့သော စိတ်နှလုံးတစ်ခုမှ ဖြစ်ပေါ်လိမ့်မည် ဖြစ်သည်။ သင်သည် စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ကြောက်လန့်မှု ရှိပါက ဆိုးယုတ်သော အရာများကို မြင်သည့်အခါ ရှောင်ရှားကာ ရှောင်ကြဉ်လိမ့်မည်ဖြစ်ပြီး ထိုသို့ဖြင့် သင် ကွယ်ကာခံရလိမ့်မည်။ ဘုရားသခင်ကို စိတ်နှလုံးတွင် ကြောက်လန့်မှုမရှိဘဲ တစ်စုံတစ်ဦးသည် သူ့ကို ကြောက်ရွံ့နိုင်သလော။ မကောင်းမှုကို ရှောင်ကြဉ်နိုင်သလော။ (မရှောင်ကြဉ်နိုင်ပါ။) ဘုရားသခင်ကို မကြောက်ရွံ့နိုင်သကဲ့သို့ သူ့ကို ကြောက်လန့်ခြင်းမရှိသည့်သူများသည် ရဲတင်းသောလူများ မဟုတ်လော။ ရဲတင်းသောလူများကို ချုပ်ထိန်း၍ ရနိုင်သလော။ (မရပါ။) ပြီးလျှင် မချုပ်တည်းနိုင်သောသူတို့သည် စိတ်ထဲတွင် ဖြစ်ပေါ်သည့် မည်သည့်အရာကိုမဆို တစ်ခဏအတွင်း လုပ်ဆောင်ကြသည် မဟုတ်လော။ မိမိတို့ကိုယ်ပိုင် အလိုဆန္ဒဖြင့်၊ မိမိတို့ စိတ်ထက်သန်မှုဖြင့်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားဖြင့် ၎င်းတို့ ပြုမူဆောင်ရွက်သည့်အခါ လူတို့သည် မည်သည့်အရာများကို လုပ်ဆောင်ကြသနည်း။ ဘုရားသခင်က ထိုအရာများကို မြင်သည့်အတိုင်းဆိုပါက ထိုအရာများသည် ဆိုးယုတ်သော အရာများ ဖြစ်၏။ ထို့ကြောင့် လူသားအတွက် စိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်လန့်မှု ရှိခြင်းသည် ကောင်းမွန်သည့် အရာတစ်ခုဖြစ်သည်ကို သင် ရှင်းလင်းစွာ မြင်ရမည်။ ထိုသို့ဖြင့် အကြင်သူသည် ဘုရားသခင်ကို ကြောက်ရွံ့လာနိုင်သည်။ အကြင်သူသည် မိမိစိတ်နှလုံးတွင် ဘုရားသခင် ရှိပြီး ဘုရားသခင်ကို ကြောက်ရွံ့နိုင်သည့်အခါ ဆိုးယုတ်သည့် အရာများမှ အလွန် ကင်းရှင်းစွာ နေထိုင်နိုင်လိမ့်မည်။ ထိုသို့သောလူများသည် ကယ်တင်ခံရမည့် မျှော်လင့်ချက်တစ်ခုရှိသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

ကြီးကြီး ငယ်ငယ် အရာခပ်သိမ်း၌ ဘုရားရဲ့လမ်းစဉ်အတိုင်း လျှောက်ပါ

ဘုရားရှေ့မှောက်၌ မကြာခဏ ငြိမ်သက်နိုင်သူတို့သည် ဘုရားတရားကိုင်းရှိုင်းသူများဖြစ်၏ကျူး

လူ၌ ဘုရားကိုကြောက်ရွံ့သော စိတ်နှလုံးရှိသင့်၏ကျူး

အရှေ့သို့- ၃၈။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့် ကယ်တင်ခံရခြင်းတို့ကြား ဆက်နွှယ်မှုမှာ အဘယ်နည်း

နောက်တစ်ခုသို့- ၄၀။ ဘုရားသခင်အား ချီးမြှောက်ပြီး သက်သေခံခြင်းဆိုသည်မှာ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။