ဃ။ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသည့် လူတို့အကြား ပဓာနကျသော ကွဲပြားမှုများ

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

“လူ့ဇာတိခံယူခြင်း” သည် ဘုရားသခင် လူ့ဇာတိတွင် ပေါ်ထွန်းခြင်း ဖြစ်သည်၊ ဖန်ဆင်းခံ လူသားမျိုးနွယ်အကြားတွင် လူ့ဇာတိပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်၏။ ထို့ကြောင့် သူသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်နှင့်အမျှ ရှေးဦးစွာ သူသည် ဇာတိပကတိ ဖြစ်လာရမည်၊ ပုံမှန်လူ့သဘာဝရှိသော ဇာတိပကတိ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အမှန်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်း၊ ဘုရားသခင်သည် သူ၏ အနှစ်သာရ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။...သူသည် ဘုရားသခင်၏ အနှစ်သာရရှိသည့် လူသားတစ်ယောက် ဖြစ်သည့်အတွက် ဖန်ဆင်းခံ မည်သည့်လူသားမဆို၏ အထက်၌ရှိပြီး၊ ဘုရားသခင်၏အလုပ်ကို ဆောင်ရွက်နိုင်သည့် မည်သည့်လူသားမဆို၏ အထက်၌လည်း ရှိသည်။ ထို့ကြောင့် သူကဲ့သို့ပင် လူ့ခန္ဓာအပြင်ပန်းကိုယ်ထည် ရှိကြသည့်သူများထဲတွင်၊ လူ့သဘာဝကို ပိုင်ဆိုင်ကြသည့်သူများထဲတွင်၊ သူတစ်ပါးတည်းသာလျှင် လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး အခြားသူအားလုံးမှာမူ ဖန်ဆင်းခံလူသားများသာ ဖြစ်သည်။ ထိုသူအားလုံးတို့တွင် လူ့သဘာဝရှိကြသော်လည်း ဖန်ဆင်းခံလူသားများ၌ လူ့သဘာဝမှလွဲ၍ ဘာမျှမရှိကြပေ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကမူ ကွဲပြားခြားနားသည်၊ သူ၏ဇာတိပကတိ၌ သူသည် လူ့သဘာဝရှိရုံသာမက ပိုအရေးကြီးသည်မှာ ဘုရား၏သဘောသဘာဝ ရှိနေခြင်းဖြစ်သည်။ သူ၏လူ့သဘာဝကို သူ့ဇာတိပကတိ၏ အပြင်ပန်းသဏ္ဌာန်နှင့် သူ၏နေ့စဉ်အသက်တာတွင် မြင်နိုင်သော်ငြားလည်း သူ၏ဘုရားသဘောသဘာဝကိုမူ သိမြင်ရန် ခက်ခဲသည်။ သူ၏ ဘုရားသဘောသဘာဝသည် သူ၌ လူ့သဘာဝရှိမှသာ ဖော်ပြခြင်း ဖြစ်သည့်အတွက်နှင့် လူများစိတ်ကူးထားသမျှ သဘာဝလွန် မဟုတ်သည့်အတွက်၊ ၎င်းကိုမြင်နိုင်ရန်မှာ လူတို့အဖို့ အလွန်တရာပင် ခက်ခဲလှသည်။ ယနေ့ကာလတွင်ပင် လူ့ဇာတိခံယူသော ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရကို နားလည်နိုင်ရန်မှာ လူတို့အတွက် အခက်ခဲဆုံး ဖြစ်သည်။ ထိုအကြောင်းအရာကို ဤမျှရှည်လျားစွာ ငါပြောပြီးသော နောက်ပိုင်းတွင်ပင်၊ သင်တို့အများစုအတွက် ထိုအရာမှာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပင် ဖြစ်နေပေဦးမည်ဟု ငါမျှော်လင့်သည်။ အမှန်တွင်၊ ဤအရေးကိစ္စမှာ အလွန်ပင်ရိုးရှင်း၏၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာသည့်အတွက်၊ သူ၏ အနှစ်သာရသည် ဘုရား၏သဘောသဘာဝနှင့် လူ့သဘာဝတို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ဤပေါင်းစပ်ခြင်းကို ဘုရားသခင်ကိုယ်တော်တိုင်ဟု၊ ကမ္ဘာပေါ်၌ရှိသော ဘုရားသခင် ကိုယ်တော်တိုင်ဟု ခေါ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ

ဤကမ္ဘာမြေကို ဘုရားသခင် ကြွလာသည့်အချိန်တွင်၊ သူသည် ဘုရားသဘာဝ အတွင်း၌သာ သူ၏အမှုကို လုပ်ဆောင်လေသည်၊ ယင်းမှာ ကောင်းကင်ဘုံ၌ရှိသည့် ဝိညာဉ်တော်က လူ့ဇာတိခံ ဘုရားသခင်ကို ပေးအပ်ထားသည့်အရာ ဖြစ်သည်။ သူကြွလာသည့်အခါ၊ သူသည် ကွဲပြားခြားနားသော နည်းလမ်းများနှင့် မတူညီသော ရှုထောင့်အမြင်များမှ သူ၏မိန့်မြွက်ချက်များကို ဖွင့်ဟရန် တိုင်းပြည်အနှံ့ စကားပြော၏။ သူသည် လူသားကိုထောက်ပံ့ခြင်းနှင့် သွန်သင်ခြင်းတို့ကို သူ၏ရည်မှန်းချက်ပန်းတိုင်များနှင့် အမှုပြုခြင်း အခြေခံသဘောတရားများအဖြစ် အဓိကမှတ်ယူပြီး လူလူချင်း ဆက်ဆံရေးများ သို့မဟုတ် လူတို့ဘဝများ၏ အသေးစိတ် အကြောင်းအရာများကဲ့သို့သော အမှုအရာများကို စိတ်မဝင်စားပေ။ သူ၏အဓိကအမှုတော်မှာ ဝိညာဉ်တော်အတွက် စကားပြောပေးရန် ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ၌ ထင်သာမြင်သာ ပေါ်ထွန်းသောအခါတွင်၊ သူသည် လူသား၏အသက်တာအတွက်သာ ထောက်ပံ့ပေးပြီး သမ္မာတရားကို ထုတ်ပြန်ပေသည်။ သူသည် လူသား၏ အလုပ်၌ ပါဝင်ပတ်သက်ခြင်း မရှိချေ၊ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်၏ အလုပ်၌ မပါဝင်ပေ။ လူသားများသည် ဘုရား၏အလုပ်ကို မလုပ်နိုင်ကြသကဲ့သို့၊ ဘုရားသခင်သည် လူသားအလုပ်၌ မပါဝင်ပေ။ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် ဤကမ္ဘာမြေသို့ ကြွလာခဲ့ကတည်းကစ၍ နှစ်များအားလုံးတွင် သူသည် လူတို့မှတစ်ဆင့် ထိုအမှုကို အမြဲ လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း ဤလူတို့ကို လူ့ဇာတိခံ ဘုရားသခင်ဟု ယူဆ၍မရနိုင်ပေ။ ဘုရားသခင်၏ အသုံးပြုခြင်းခံရသူများအဖြစ်သာ ယူဆ၍ ရနိုင်ပေသည်။ ထိုအချိန် အတောအတွင်းတွင်၊ ယနေ့၏ ဘုရားသခင်သည် ဝိညာဉ်တော်၏ အသံကို စေလွှတ်ပြီး ဝိညာဉ်တော် ကိုယ်စား အလုပ်လုပ်ရင်း၊ ဘုရားသဘောသဘာဝ၏ ရှုထောင့်မှ တိုက်ရိုက်စကားပြောနိုင်၏။ ထိုနည်းတူ၊ ခေတ်ကာလများ တစ်လျှောက် ဘုရားသခင် အသုံးပြုခဲ့သော သူအပေါင်းတို့သည် ဇာတိခန္ခာအတွင်း၌ ဘုရားသခင်၏ ဝိညာဉ်တော် အလုပ်လုပ်ခြင်း၏ သာဓကများ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ဘုရားသခင်ဟု အဘယ့်ကြောင့် ခေါ်ဝေါ်၍ မရသနည်း။ သို့သော် ယနေ့၏ ဘုရားသခင်သည်လည်း လူ့ဇာတိ၌ ဘုရားသခင်၏ ဝိညာဉ်တော် တိုက်ရိုက် အလုပ်လုပ်ခြင်းဖြစ်သကဲ့သို့၊ ယေရှုမှာလည်း လူ့ဇာတိ၌ ဘုရားသခင်၏ ဝိညာဉ်တော် အလုပ်လုပ်ခြင်း ဖြစ်ခဲ့ပေသည်။ ၎င်းတို့နှစ်ဦးလုံးကို ဘုရားသခင်ဟု ခေါ်ဝေါ်သည်။ သို့ဆိုလျှင် ခြားနားချက်မှာ အဘယ်နည်း။ ခေတ်ကာလများတစ်လျှောက် ဘုရားသခင်အသုံးပြုခဲ့သော လူအပေါင်းတို့သည် ပုံမှန် အတွေးအခေါ်နှင့် ဆင်ခြင်တုံတရားတို့ကို တတ်စွမ်းနိုင်ကြခဲ့သည်။ လူ၏ အမူအကျင့်နှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများကို ၎င်းတို့အားလုံး နားလည်ထားကြသည်။ ၎င်းတို့သည် ပုံမှန်လူသား အတွေးအခေါ်များကို ရှိခဲ့ကြပြီးဖြစ်ကာ ပုံမှန်လူတို့ ပိုင်ဆိုင်ထားသင့်သည့် အရာများအားလုံးကို ပိုင်ဆိုင်ထားကြပြီး ဖြစ်သည်။ ၎င်းတို့အများစုသည် ထူးခြားသော ပါရမီနှင့် မွေးရာပါ ဉာဏ်ရည်ဉာဏ်သွေးတို့ ရှိကြ၏။ ဤလူတို့အပေါ် အလုပ်လုပ်ရာတွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဘုရား ပေးထားသည့် ဆုကျေးဇူးများဖြစ်သော ၎င်းတို့၏ ပါရမီများကို ထိန်းချုပ် အသုံးပြုလေသည်။ ဘုရားသခင်၏ အမှုတော်၌ ၎င်းတို့၏ အားသာချက်များကို အသုံးပြုရင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ၎င်းတို့၏ပါရမီများကို လုပ်ဆောင်စေသည်။ သို့သော် ဘုရားသခင်၏ အနှစ်သာရသည် လူသား၏ ရည်ရွယ်ချက်များနှင့် ရောနှောခြင်းမရှိဘဲ၊ စိတ်ကူးများ သို့မဟုတ် အတွေးအခေါ် ကင်းမဲ့သကဲ့သို့ ပုံမှန်လူသားများ ပိုင်ဆိုင်ထားသည့် အရာပင် မရှိပေ။ ဆိုလိုသည်မှာ၊ သူသည် လူ့အမူအကျင့်၏ အခြေခံသဘောတရားများနှင့်ပင် အကျွမ်းတဝင်မရှိပေ။ ဤသည်မှာ ယနေ့၏ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာချိန်တွင် ဖြစ်သည့်ပုံစံ ဖြစ်သည်။ သူ၏အမှုနှင့် သူ၏ နှုတ်ကပတ်တော်များသည် လူသားရည်ရွယ်ချက်များ သို့မဟုတ် လူသားအကြံအစည်နှင့် ရောနှောခြင်းမရှိပေ၊ သို့သော် ၎င်းတို့သည် ဝိညာဉ်တော်၏ ရည်ရွယ်ချက်များ၏ တိုက်ရိုက် သရုပ်သကန်တစ်ခု ဖြစ်ပြီး သူသည် ဘုရားသခင်၏ကိုယ်စား တိုက်ရိုက် အလုပ်လုပ်လေသည်။ ဤသည်မှာ ဝိညာဉ်တော်သည် တိုက်ရိုက် စကားပြောသည်ဟု အဓိပ္ပာယ်ရသည်၊ ဆိုလိုသည်မှာ ဘုရားသဘာဝသည် လူသား၏ ရည်ရွယ်ချက်များ တစ်စက်လေးမျှပင် ရောစပ်ခြင်းမရှိဘဲ အမှုကို တိုက်ရိုက်ပြုပေသည်။ တစ်နည်းအားဖြင့်၊ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသဘောသဘာဝကို တိုက်ရိုက် သရုပ်ထင်စေသည်၊ လူ့အတွေး သို့မဟုတ် စိတ်ကူးများ မရှိသကဲ့သို့ လူ့အမူအကျင့်၏ အခြေခံသဘောတရားများကို သိနားလည်ခြင်း မရှိပေ။ ဘုရားသဘောသဘာဝသာ အမှုပြုခဲ့မည်ဆိုပါက၊ (ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင်သာ အမှုပြုခဲ့မည်ဆိုလျှင်) ကမ္ဘာမြေပေါ်၌ ဘုရားသခင်၏အမှုကို ဆောင်ရွက်ရန် မည်သို့မျှ ဖြစ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေသို့ ကြွလာသောအခါတွင်၊ ဘုရားသဘောသဘာဝ၌ ဘုရားသခင်ပြုသောအမှုနှင့် ပူးပေါင်းလျက်၊ လူ့သဘာဝအတွင်း အလုပ်လုပ်ဖို့ရန် သူအသုံးပြုသည့် လူအရေအတွက် အနည်းငယ် ရှိရမည်ဖြစ်သည်။ တစ်နည်းအားဖြင့်၊ သူသည် မိမိ၏ ဘုရားနှင့်ဆိုင်သောအမှုကို ထိန်းသိမ်းရန် လူသားအလုပ်ကို အသုံးပြုခြင်းဖြစ်သည်။ သို့မဟုတ်ပါက၊ လူသားအတွက် ဘုရားသဘောသဘာဝ၏ အမှု၌ တိုက်ရိုက်ပါဝင်ရန် မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ ယေရှုနှင့် သူ၏တပည့်တော်များ ဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။ ကမ္ဘာလောက၌ သူရှိခဲ့သည့်အချိန် အတောအတွင်းတွင် ယေရှုသည် ပညတ်တရားဟောင်းများကို ဖျက်ပယ်ခဲ့ပြီး ပညတ်တော်အသစ်များကို ချမှတ်ခဲ့သည်။ များစွာသော နှုတ်ကပတ်တော်များကိုလည်း သူပြောဆိုခဲ့၏။ ဤအမှုအားလုံးကို ဘုရားသဘောသဘာဝထဲ၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ပေတရု၊ ပေါလုနှင့် ယောဟန်ကဲ့သို့သော အခြားသောသူ အားလုံးသည် ၎င်းတို့၏ နောက်ဆက်တွဲအလုပ်ကို ယေရှု၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ထားခဲ့ကြသည်။ တစ်နည်းအားဖြင့်ဆိုလျှင်၊ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်၏ အစကို ဖွင့်လှစ်ပေးရင်း၊ သူ၏အမှုကို ယင်းခေတ်ထဲတွင် စတင်ခဲ့သည်။ ဆိုလိုသည်မှာ၊ သူသည် ခေတ်ဟောင်းကို ပယ်ဖျက်ပြီး၊ “ဘုရားသခင်သည် အစအဦးနှင့် နောက်ဆုံးဖြစ်တော်မူသည်။” ဟူသော နှုတ်ကပတ်တော်များကိုလည်း ပြည့်စုံစေရင်း၊ ခေတ်ကာလသစ်ကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်၊ လူသားသည် ဘုရားနှင့်ဆိုင်သော အမှု၏ အခြေခံအုတ်မြစ်အပေါ်တွင် လူ့အလုပ်ကို ဆောင်ရွက်ရမည်ဖြစ်သည်။ ယေရှုသည် သူပြောရန် လိုအပ်သည့်အရာအားလုံးကို ပြောဆိုခဲ့ပြီး ကမ္ဘာမြေပေါ်၌ သူ၏အမှုကို လက်စသတ်ပြီးသည်နှင့် တစ်ပြိုင်နက်၊ လူသားကို စွန့်ခွာခဲ့သည်။ ဤအရာပြီးနောက်တွင်၊ အလုပ်လုပ်ရာတွင် လူအားလုံးတို့သည် သူ၏ နှုတ်ကပတ်တော်များထဲတွင် ဖော်ပြထားသည့် အခြေခံသဘောတရားများအတိုင်း လုပ်ဆောင်ခဲ့ကြပြီး သူမြွက်ဆိုခဲ့သည့် သမ္မာတရားများနှင့်အညီ လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။ ဤလူအားလုံးသည် ယေရှုအတွက် အလုပ်လုပ်ခဲ့ကြသည်။ အကယ်၍ ယေရှုတစ်ဦးတည်းသာ အမှုကို လုပ်ဆောင်နေခဲ့ပါက၊ နှုတ်ကပတ်တော်များ မည်မျှ သူပြောဆိုခဲ့သည် ဖြစ်စေ၊ လူတို့သည် သူ၏ နှုတ်ကပတ်တော်များနှင့် ထိတွေ့ရန် နည်းလမ်းရှိခဲ့မည်မဟုတ်ပေ၊ အဘယ့်ကြောင့်ဆိုသော် သူသည် ဘုရားသဘောသဘာဝထဲ၌ အလုပ်လုပ်နေခဲ့ခြင်းဖြစ်ကာ ဘုရားသဘောသဘာဝနှင့်သက်ဆိုင်သည့် နှုတ်ကပတ်တော်များကိုသာ ပြောဆိုနိုင်ခဲ့ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ပုံမှန်လူတို့ နားလည်နိုင်သည့်အဆင့်အထိ အမှုအရာတို့ကို သူရှင်းပြနိုင်ခဲ့မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် သူ့နောက်တွင် ရောက်လာခဲ့ကြသည့် တမန်တော်များနှင့် ပရောဖက်တို့ကို သူ၏အမှုကို ဖြည့်စွက်စေဖို့ လိုအပ်ခဲ့ပေသည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်က သူ၏အမှုကို လုပ်ဆောင်ပုံ၏ အခြေခံသဘောတရား ဖြစ်သည်။ ဘုရားသဘောသဘာဝ၏ အမှုကို ပြည့်စုံစေရန်အလို့ငှာ စကားပြောဆိုဖို့နှင့် အမှုပြုဖို့ လူ့ဇာတိခံခန္ဓာကို အသုံးပြုခြင်း၊ ထို့နောက် သူ၏အမှုကို ဖြည့်စွက်ရန် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်သော လူအနည်းငယ် သို့မဟုတ် သာ၍များကောင်း များလိမ့်မည်ဖြစ်သည့် လူတို့ကို အသုံးပြုခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ကြဖို့အလို့ငှာ၊ လူ့သဘာဝ၌ ထိန်းကျောင်းခြင်းနှင့် ရေလောင်းပေးခြင်းအလုပ်ကို လုပ်ဆောင်ရန် ဘုရားသခင်သည် သူ၏ရည်ရွယ်ချက်များနှင့် အညီဖြစ်သော လူတို့ကို အသုံးပြုပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်

အကယ်၍ ဇာတိခန္ဓာထဲသို့ သူကြွလာချိန်တွင်၊ ဘုရားသခင်သည် ဘုရားသဘောသဘာဝ၏ အမှုကိုသာ လုပ်ဆောင်ခဲ့ပြီး သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်ဖို့ သူ၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်သော လူများမရှိပါက၊ လူသားသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို နားလည်နိုင်စွမ်းရှိမည် မဟုတ်ပေ၊ သို့မဟုတ် ဘုရားသခင်နှင့် ထိတွေ့နိုင်စွမ်းရှိမည် မဟုတ်ပေ။ လူသား၏ ဦးနှောက်ဖြစ်သည့်၊ သူ၏ သိမြင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များက စိတ်ကူးနိုင်စွမ်းရှိသည့် အဆင့်ကို ရရှိနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် သူ၏အမှုကို ပြည့်စုံစေရန်၊ အသင်းတော်များကို ကြည့်ရှုစောင့်ရှောက်ပြီး၊ ထိန်းကျောင်းပေးဖို့ရန် သူ၏ရည်ရွယ်ချက်များနှင့် အညီသော သာမန်လူတို့ကို အသုံးပြုရမည်ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် သူ၏ဘုရားသဘောသဘာဝ အတွင်း၌ သူပြုသောအမှုကို ဖွင့်ပြနိုင်ရန်ဖို့အလို့ငှာ၊ လူတို့က ထိုအရာကို သဘောပေါက်ကာ နားလည်ဖို့အလို့ငှာ “အနက်ပြန်ရန်”၊ ဘုရားနှင့်ဆိုင်သော ဘာသာစကားကို လူ့ဘာသာစကား အဖြစ်သို့ ပြောင်းလဲပေးဖို့ရန် သူ၏ရည်ရွယ်ချက်များနှင့် ညီသည့် အနည်းငယ်သော လူတို့ကို အသုံးပြုလေသည်။ အကယ်၍ ဘုရားသခင်သည် ထိုသို့မလုပ်ဆောင်ခဲ့ပါက အမှန်တကယ်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်သောလူတို့မှာ သေးငယ်သည့် လူနည်းစုဖြစ်ပြီး လူသား၏ နားလည်သဘောပေါက်နိုင်စွမ်းမှာ အားနည်းသောကြောင့်၊ မည်သူမျှ ဘုရားသခင်၏ ဘုရားသဘောသဘာဝဘာသာစကားကို နားလည်ကြမည် မဟုတ်ပေ။ ထိုအကြောင်းကြောင့် ဘုရားသခင်က လူ့ဇာတိခန္ဓာ၌ အလုပ်လုပ်သည့်အခါတွင်၊ ဤနည်းလမ်းကိုသာ ရွေးချယ်ခြင်း ဖြစ်သည်။ ဘုရားသဘောသဘာဝ၏အမှုတစ်ခုတည်းသာရှိခဲ့ပါက၊ လူသားသည် ဘုရားသခင်၏ ဘာသာစကားကို နားမလည်သောကြောင့်၊ ဘုရားသခင်ကို သိဖို့ရန် သို့မဟုတ် ထိတွေ့ဖို့ရန် လူသားအတွက် မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်ပေ။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှင်းလင်းပေးသူများ ဖြစ်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်သောသူတို့၏ ဆောင်ကြဉ်းပေးမှုမှ တစ်ဆင့်သာ ဤဘာသာစကားကို နားလည်နိုင်သည်။ သို့သော် လူ့သဘာဝအတွင်း၌ ထိုသို့သော လူများသာ အလုပ်လုပ်နေခဲ့မည်ဆိုပါက၊ ယင်းက လူသား၏ ပုံမှန်အသက်တာကိုသာ ထိန်းသိမ်းနိုင်ခဲ့ပေမည်။ လူသား၏ စိတ်သဘောထားကို ပြောင်းလဲပေးနိုင်ခဲ့မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုသည် အသစ်သောအစပြုခြင်းတစ်ခု ရှိနိုင်ခဲ့မည် မဟုတ်။ မပြောင်းလဲသည့် သီချင်းဟောင်းများ၊ မပြောင်းလဲသည့် ရိုးအီနေပြီဖြစ်သော အသုံးအနှုန်းဟောင်းများသာ ရှိမည်ဖြစ်သည်။ မိမိ၏ လူ့ဇာတိခံယူခြင်း ကာလအတွင်းတွင် ပြောရန်လိုအပ်သော အရာအားလုံးကို ပြောဆိုပြီး လုပ်ဆောင်ရန်လိုအပ်သော အရာအားလုံးကို လုပ်ဆောင်သော လူ့ဇာတိခံ ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုမှ တစ်ဆင့်သာ၊ လူတို့သည် လူ့ဇာတိခံယူခြင်း ကာလနောက်တွင် ကိုယ်တော်၏ နှုတ်ကပတ်တော်များအတိုင်း အလုပ်လုပ်ပြီး တွေ့ကြုံခံစားကြပေသည်၊ ထို့သို့ဖြင့်သာ ၎င်းတို့၏ အသက်စိတ်သဘောထား ပြောင်းလဲနိုင်လိမ့်မည်ဖြစ်ပြီး ထိုသို့ဖြင့်သာ အချိန်ကာလများနှင့်အတူ စီးဆင်းနိုင်ကြမည်ဖြစ်သည်။ ဘုရားသဘာဝအတွင်း အလုပ်လုပ်သောသူသည် ဘုရားသခင်ကို ကိုယ်စားပြုသော်လည်း၊ လူ့သဘာဝအတွင်း အလုပ်လုပ်သော သူတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူများဖြစ်သည်။ ဆိုလိုသည်မှာ၊ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့နှင့် သိသိသာသာ ကွာခြားပေသည်။ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသဘာဝ၏အမှုကို လုပ်ဆောင်နိုင်ပြီး၊ ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့မှာမူ မလုပ်ဆောင်နိုင်ကြပေ။ ခေတ်ကာလအသီးသီး၏ အစတွင် ဘုရားသခင်၏ဝိညာဉ်တော်သည် လူသားကို အသစ်သော အစပြုခြင်းထဲသို့ ခေါ်ဆောင်ဖို့ရန် ကိုယ်တိုင်ကိုယ်ကျ စကားပြောပြီး ခေတ်သစ်ကို အစပြုလေသည်။ သူသည် စကားပြောခြင်း ပြီးဆုံးသောအခါ၊ ဤအရာက သူ၏ဘုရားသဘာဝအတွင်းရှိ ဘုရားသခင်၏အမှု ပြီးမြောက်သည်ကို ညွှန်ပြပေသည်။ ထို့နောက်တွင်၊ လူအားလုံးသည် မိမိတို့၏ အသက်တာ အတွေ့အကြုံများထဲသို့ ဝင်ရောက်ရန် ဘုရားသခင်၏ အသုံးပြုခြင်း ခံရသောသူတို့၏ ဦးဆောင်မှုနောက်ကို လိုက်ကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်

လူအချို့က၊ “လူ့ဇာတိခံယူသော ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုနှင့် လွန်ခဲ့သောကာလများက ပရောဖက်များနှင့် တမန်တော်များ၏ အလုပ်တို့အကြား ကွာခြားချက်မှာ အဘယ်နည်း။ ဒါဝိဒ်သည်လည်း သခင်ဟု အခေါ်ခံခဲ့ရသကဲ့သို့၊ ထို့အတူ ယေရှုသည်လည်း အခေါ်ခံခဲ့ရသည်။ ၎င်းတို့လုပ်ဆောင်သော အလုပ်များ ကွာခြားကြသော်လည်း၊ ၎င်းတို့သည် တူညီစွာ အခေါ်ခံခဲ့ကြရသည်။ ငါ့ကိုပြောလော့၊ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာများ အဘယ်ကြောင့် မတူခဲ့ကြသနည်း။ ယောဟန် မျက်မြင်ကြုံတွေ့ခဲ့သည်မှာ သန့်ရှင်းသော ဝိညာဉ်တော်ထံကပါ လာသော ရူပါရုံတစ်ခု ဖြစ်ပြီး၊ သူသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောရန်ရည်ရွယ်သည့် နှုတ်ကပတ်တော်များကိုလည်း ပြောဆိုနိုင်ခဲ့သည်။ ယောဟန်၏ ကိုယ်ပိုင်လက္ခဏာသည် ယေရှု၏ ကိုယ်ပိုင်လက္ခဏာနှင့် အဘယ်ကြောင့် ကွာခြားသနည်း။” ဟု မေးကြလိမ့်မည်။ ယေရှုပြောသော နှုတ်ကပတ်တော်များသည် ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ပြီး၊ ဘုရားသခင်၏ အမှုကို အပြည့်အဝ ကိုယ်စားပြုခဲ့သည်။ ယောဟန်မြင်ခဲ့သည်မှာ ရူပါရုံတစ်ခုဖြစ်ပြီး သူသည် ဘုရားသခင်၏ အမှုကို အပြည့်အဝ ကိုယ်စားပြုနိုင်စွမ်း မရှိခဲ့ပေ။ ယောဟန်၊ ပေတရုနှင့် ပေါလုတို့သည် ယေရှုပြောခဲ့သကဲ့သို့ စကားများစွာ ပြောဆိုခဲ့ကြသော်လည်း၊ ယေရှုနှင့် တူညီသော ကိုယ်ပိုင်လက္ခဏာ အဘယ်ကြောင့် မရှိခဲ့ကြသနည်း။ ယင်းမှာ အဓိကအားဖြင့် ၎င်းတို့လုပ်ဆောင်ခဲ့သော အလုပ်သည် ကွဲပြားခြားနားသောကြောင့် ဖြစ်ပေသည်။ ယေရှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားပြုခဲ့ပြီး တိုက်ရိုက် အမှုပြုနေသည့် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ခဲ့သည်။ သူသည် ခေတ်သစ်နှင့်သက်ဆိုင်သည့် အမှု၊ ယခင်က မည်သူမျှ မလုပ်ဆောင်ခဲ့သေးသည့် အမှုကို လုပ်ဆောင်ခဲ့သည်။ သူသည် အသစ်သောလမ်းကို ဖွင့်ပေးခဲ့သည်၊ သူသည် ယေဟောဝါကို ကိုယ်စားပြုခဲ့ပြီး ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုခဲ့သည်၊ ပေတရု၊ ပေါလုနှင့် ဒါဝိဒ်တို့မှာမူ သူတို့ကို မည်သို့ပင်ခေါ်သည်ဖြစ်စေ၊ ၎င်းတို့သည် ဖန်ဆင်းခံတစ်ဦး၏ ကိုယ်ပိုင်လက္ခဏာကိုသာ ကိုယ်စားပြုခဲ့ကြသကဲ့သို့၊ ၎င်းတို့သည် ယေရှု သို့မဟုတ် ယေဟောဝါက စေလွှတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ အလုပ်မည်မျှလုပ်ဆောင်ခဲ့ကြပါစေ၊ ၎င်းတို့ ဆောင်ရွက်ခဲ့သည့် အံ့သြဖွယ်ရာများ မည်မျှ ကြီးမားခဲ့ပါစေ၊ ၎င်းတို့သည် ဖန်ဆင်းခံများသာ ဖြစ်ကြဆဲဖြစ်ပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်၏ နာမဖြင့် အမှုပြုခဲ့ကြသည်၊ သို့မဟုတ် ဘုရားသခင်၏ စေလွှတ်ခြင်း ခံရပြီးနောက် အလုပ်လုပ်ခဲ့ကြပေသည်။ ထို့အပြင် ၎င်းတို့သည် ယေရှု သို့မဟုတ် ယေဟောဝါ စတင်ခဲ့သည့် ခေတ်များတွင် အလုပ်လုပ်ခဲ့ကြပြီး၊ အခြား မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ခဲ့ကြချေ။ အဆုံးတွင် ၎င်းတို့သည် ဖန်ဆင်းခံများမျှသာ ဖြစ်ခဲ့ကြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍

ကျေးဇူးတော်ခေတ်တွင် ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့ပြီး အမှုများစွာ ပြုခဲ့သည်။ သူသည် ဟေရှာယနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ဒံယေလနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ပရောဖက်တစ်ပါး ဖြစ်သလော။ သူသည် ခရစ်တော် ဖြစ်သည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ ၎င်းတို့ကြားတွင် ကွာခြားမှုများမှာ အဘယ်နည်း။ ၎င်းတို့အားလုံးသည် နှုတ်ကပတ်တော်များ ပြောဆိုခဲ့သည့် လူသားများ ဖြစ်ကြပြီး ၎င်းတို့၏ နှုတ်ကပတ်တော်များသည် လူသားအဖို့ အနည်းနှင့်အများ တူညီလေသည်။ ၎င်းတို့အားလုံးသည် နှုတ်ကပတ်တော်များ ပြောဆိုခဲ့ကြပြီး အမှု ပြုခဲ့ကြသည်။ ဓမ္မဟောင်းကျမ်း၏ ပရောဖက်များသည် ပရောဖက်ပြုချက်များကို ပြောဆိုခဲ့ကြပြီး၊ ထိုနည်းတူ ယေရှုသည်လည်း ပြောဆိုနိုင်ခဲ့သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤနေရာတွင် ကွဲပြားခြားနားချက်မှာ အမှု၏သဘောသဘာဝအပေါ် အခြေခံပေသည်။ ဤကိစ္စရပ်ကို ပိုင်းခြားသိမြင်ရန်၊ သင်သည် ဇာတိပကတိ၏ သဘောသဘာဝကို ထည့်သွင်းစဉ်းစားရမည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ နှုတ်ကပတ်တော်များ၏ အတိမ်အနက် သို့မဟုတ် ပေါ့ပြက်မှုကို ထည့်သွင်းစဉ်းစားရမည် မဟုတ်။ ၎င်းတို့၏ အမှုနှင့် လူ့အထဲတွင် ၎င်းတို့အမှု စွမ်းဆောင်ရရှိသည့် အကျိုးသက်ရောက်မှုများကို ဦးစွာပထမ အမြဲ သင် ထည့်သွင်းစဉ်းစားရမည်။ ထိုအချိန်က ပရောဖက်များ ပြောဆိုခဲ့ကြသည့် ပရောဖက်ပြုချက်များသည် လူ၏အသက်တာကို မထောက်ပံ့ပေးခဲ့သကဲ့သို့၊ ဟေရှာယ နှင့် ဒံယေလ ကဲ့သို့သောသူများက ရရှိခဲ့သည့် လှုံ့ဆော်မှုများမှာ ပရောဖက်ပြုချက်များမျှသာ ဖြစ်ပြီး၊ အသက်လမ်းခရီး မဟုတ်ခဲ့ပေ။ ယေဟောဝါ၏ တိုက်ရိုက် ဖွင့်ပြခြင်းကြောင့်သာ မဟုတ်ပါက၊ သေမျိုးများအတွက် မဖြစ်နိုင်သည့် ထိုအမှုကို မည်သူမျှ လုပ်ဆောင်နိုင်ပြီး ဖြစ်ခဲ့မည် မဟုတ်ပေ။ ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့သည်၊ သို့သော် ထိုသို့သော နှုတ်ကပတ်တော်များသည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုကို လူသားက ရှာတွေ့နိုင်သည့် အသက်လမ်းခရီး ဖြစ်ခဲ့ပေသည်။ ဆိုလိုသည်မှာ ပထမအနေဖြင့် ယေရှုသည် အသက်ဖြစ်သည့်အတွက် လူသား၏ အသက်ကို သူ ထောက်ပံ့နိုင်ခဲ့သည်။ ဒုတိယအနေဖြင့် သူသည် လူသား၏ လိုရာဆွဲတွေးသော ရှုထောင့်များကို ပြောင်းပြန် ဖြစ်စေနိုင်ခဲ့သည်။ တတိယအနေဖြင့် ခေတ်နှင့်ပတ်သက်၍ ဆောင်ရွက်ရန်အလို့ငှာ သူ၏ အမှုသည် ယေဟောဝါ၏ အမှုကို ဆက်ခံနိုင်ခဲ့သည်။ စတုတ္ထအချက်အနေဖြင့် သူသည် လူသားအတွင်းရှိ လိုအပ်ချက်များကို သဘောပေါက်နိုင်ပြီး လူသား ချို့တဲ့သည့်အရာကို နားလည်နိုင်ခဲ့သည်။ ပဉ္စမအနေဖြင့် သူသည် ခေတ်သစ်ကို ဖွင့်လှစ်ပေးနိုင်ပြီး ခေတ်ဟောင်းကို နိဂုံးချုပ်နိုင်ခဲ့သည်။ ယင်းမှာ သူ့ကို ဘုရားသခင်နှင့် ခရစ်တော်ဟု ခေါ်ဆိုခဲ့ရသည့် အကြောင်းရင်း ဖြစ်သည်။ သူသည် ဟေရှာယနှင့် သာမက အခြားသော ပရောဖက်များအားလုံးနှင့် ကွာခြားသည်။ ပရောက်ဖက်များ၏ အမှုအတွက် ဟေရှာယကို နှိုင်းယှဉ်ပြချက် တစ်ခုအဖြစ် ကြည့်လော့။ ပထမအနေဖြင့် သူသည် လူသား၏အသက်ကို မထောက်ပံ့နိုင်ခဲ့ပေ။ ဒုတိယအနေဖြင့် သူသည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခြင်း မရှိခဲ့ပေ။ သူသည် ယေဟောဝါ၏ ဦးဆောင်မှုအောက်တွင် အမှုပြုခဲ့ခြင်းဖြစ်ပြီး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ရန် မဟုတ်ခဲ့ပေ။ တတိယအနေဖြင့် သူပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သူ ဉာဏ်မမီနိုင်ခဲ့ပေ။ သူသည် ဘုရားသခင်၏ ဝိညာဉ်တော်ထံမှ ဖွင့်ပြချက်များကို တိုက်ရိုက် ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းတို့ကို နားထောင်ပြီးလျက်ပင်၊ အခြားသူများက နားလည်မည် မဟုတ်ပေ။ ထိုအနည်းငယ်သော အရာများသည်ပင် သူ၏ နှုတ်ကပတ်တော်များက ပရောဖက်ပြုချက်များထက် မပို၊ ယေဟောဝါ၏ ကိုယ်စား လုပ်ဆောင်ပြီးသည့် အမှု၏ ရှုထောင့်တစ်ခုထက် မပိုခဲ့သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ သို့သော် သူသည် ယေဟောဝါကို အပြည့်အဝ ကိုယ်စားမပြုနိုင်ခဲ့ပေ။ သူသည် ယေဟောဝါ၏ အစေခံ၊ ယေဟောဝါ၏ အမှုထဲက တန်ဆာပလာတစ်ခု ဖြစ်ခဲ့သည်။ သူသည် ပညတ်တော်ခေတ်အတွင်းနှင့် ယေဟောဝါ၏ အမှု နယ်ပယ်အတွင်း၌သာ အမှုပြုခဲ့ခြင်းဖြစ်သည်။ သူသည် ပညတ်တော်ခေတ်ကို ကျော်လွန်၍ အမှုမပြုခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယေရှု၏အမှုသည် ကွာခြား၏။ သူသည် ယေဟောဝါ၏ အမှု နယ်ပယ်ကို ကျော်လွန်ခဲ့သည်။ သူသည် လူ့ဇာတိခံ ဘုရားသခင်အဖြစ် အမှုပြုခဲ့ပြီး၊ လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ရန် ကားစင်တင်ခြင်းကို ခံခဲ့ရသည်။ ယင်းမှာ သူသည် ယေဟောဝါပြုခဲ့သော အမှု၏အပြင်မှ အမှုအသစ်ကို ပြုခဲ့သည်ဟု ဆိုရပေမည်။ ဤသည်မှာ ခေတ်အသစ်တစ်ခုကို ဖွင့်လှစ်ခြင်း ဖြစ်သည်။ ထို့အပြင် သူသည် လူသားက စွမ်းဆောင်မရရှိနိုင်သည့် အရာကို ပြောဆိုနိုင်ခဲ့သည်။ သူ၏အမှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်းရှိ အမှုဖြစ်ပြီး လူသားမျိုးနွယ်တစ်ခုလုံး ပါဝင်ပတ်သက်သည်။ သူသည် လူအနည်းငယ်အထဲ၌သာ အမှုမပြုခဲ့သကဲ့သို့ သူ၏အမှုသည် အရေအတွက် ကန့်သတ်ထားသည့် လူများကို ဦးဆောင်ရန်လည်း ရည်ရွယ်ခဲ့သည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားတစ်ဦးအဖြစ် မည်သို့လူ့ဇာတိခံခဲ့သည်၊ ထိုအချိန်က သန့်ရှင်းသော ဝိညာဉ်တော်သည် ဗျာဒိတ်များကို မည်သို့ပေးခဲ့ပြီး၊ အမှုပြုရန် ဝိညာဉ်တော်သည် လူသားတစ်ဦးအပေါ် မည်သို့ဆင်းသက်ခဲ့သည် ဆိုသည်တို့အတွက်မူ- ဤအရာများသည် လူက မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် ကိစ္စရပ်များ ဖြစ်သည်။ သူသည် လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်ဟူသော သက်သေအဖြစ် ဤသမ္မာတရားများက အသုံးတော် ခံဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ ထိုသို့ဖြင့် လူအဖို့ လက်ဆုပ်လက်ကိုင် ပြနိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုအလယ်တွင်သာ ပိုင်းခြားခြင်းကို ပြု၍ရနိုင်ပေသည်။ ဤအရာသည်သာ စစ်မှန်၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်တော်နှင့်ဆိုင်သော ကိစ္စရပ်များသည် သင့်အဖို့ မြင်၍မရနိုင်သကဲ့သို့၊ ဘုရားသခင် ကိုယ်တော်တိုင်သာ ရှင်းရှင်းလင်းလင်း သိနိုင်ပြီး၊ ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိခန္ဓာသည်ပင် အလုံးစုံ မသိနိုင်သောကြောင့်‌ ဖြစ်သည်။ သင်သည် သူလုပ်ဆောင်ပြီးဖြစ်သည့် အမှုမှသာ သူ ဘုရားသခင် ဖြစ်သည်၊ မဖြစ်သည်ကို အတည်ပြု စစ်ဆေးနိုင်သည်။ ပထမအနေဖြင့် သူ၏အမှုမှ သူသည် ခေတ်သစ်တစ်ခု ဖွင့်လှစ်ပေးနိုင်သည်။ ဒုတိယအနေဖြင့် သူသည် လူသား၏ အသက်ကို ထောက်ပံ့ပေးနိုင်ပြီး လိုက်လျှောက်ရမည့် လမ်းကို လူသားအား ပြသနိုင်သည်ကို မြင်နိုင်ပေသည်။ ဤသည်မှာ သူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို အခိုင်အမာ သက်သေထူရန် လုံလောက်ပေသည်။ အနည်းဆုံးအနေဖြင့် သူပြုသောအမှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ပြီး ထို့သို့သောအမှုမှ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏အတွင်း၌ ရှိသည်ကို မြင်နိုင်သည်။ လူ့ဇာတိခံ ဘုရားသခင် ပြုခဲ့သည့်အမှုသည် အဓိကအားဖြင့် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးရန်၊ အမှုသစ်ကို ဦးဆောင်ရန်နှင့် နယ်ပယ်သစ် တစ်ခုကို ဖွင့်လှစ်ရန် ဖြစ်ခဲ့သည်နှင့်အားလျော်စွာ၊ ဤအရာများကသာလျှင် သူသည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းကို အခိုင်အမာ သက်သေထူရန် လုံလောက်ပေသည်။ ထို့ကြောင့် ဤအရာသည် သူ့အား ဟေရှာယ၊ ဒံယေလနှင့် ကြီးမြတ်သော အခြားပရောဖက်များမှ ကွဲပြားခြားနားစေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူ့စကားအဖြစ် ပြော၍ မရဘဲ၊ လူ့စကားကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် သာ၍ပင် ပြော၍ မရပေ။ ဘုရားသခင် အသုံးပြုသောသူသည် လူ့ဇာတိခံ ဘုရားသခင် မဟုတ်သကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး မဟုတ်ပေ။ ဤတွင် ပဓာနကျသော ကွဲပြားမှုတစ်ခု ရှိသည်။ ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက် ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် သင်လက်မခံဘဲ၊ လူသားက ရရှိပြီးဖြစ်သည့် ဉာဏ်ပွင့်ခြင်းအဖြစ်သာ လက်ခံခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက၊ သင်သည် မသိနားမလည်မှု၏ မျက်စိအလင်းကွယ်စေခြင်း ခံရပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားက ရရှိသည့် ဉာဏ်ပွင့်ခြင်းနှင့် မည်သို့ တူညီနိုင်မည်နည်း။ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်သည်၊ လူသားမျိုးနွယ် အားလုံးကို လမ်းပြသည်၊ နက်နဲမှုများကို ထုတ်ဖော်ပြပြီး၊ ခေတ်သစ်တွင် လူသားလျှောက်လှမ်းရမည့် ဦးတည်ရာကို ပြသပေသည်။ လူသားရရှိသော အသိဉာဏ်ပွင့်လင်းခြင်းမှာ လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် အသိပညာအတွက် ရိုးရှင်းသော သွန်သင်မှုများသာ ဖြစ်သည်။ ယင်းက လူသားမျိုးနွယ်အားလုံးကို ခေတ်သစ်တစ်ခုထဲသို့ လမ်းပြနိုင်ခြင်းမရှိ၊ သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်၏ နက်နဲမှုများကို ထုတ်ဖော်မပြနိုင်ပေ။ နောက်ဆုံး စာရင်းချုပ်လိုက်သောအခါ၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသည် လူဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူသည် လူ၏အနှစ်သာရ ရှိသည်။ လူသည် ဘုရားသခင် ပြောဆိုသော စကားများကို သန့်ရှင်းသော ဝိညာဉ်တော်၏ ရိုးရှင်းသော ဉာဏ်ပွင့်စေခြင်း အဖြစ် ရှုမြင်ပြီး၊ တမန်တော်များနှင့် ပရောဖက်များ၏စကားများကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ပြောဆိုသော စကားများအဖြစ် မှတ်ယူပါက၊ လူတို့၏အမှား ဖြစ်ပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ

လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားအသုံးပြုသော လူတို့ကြား ပဓာနကျသော ကွာခြားချက်မှာ အဘယ်နည်း

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

လူဇာတိခံ ဘုရားသည် လူသားနှင့် ဘုရား နှစ်မျိုးလုံးဖြစ်၏

ဘုရားသည် ဘုရား၊ လူသည် လူဖြစ်ပေ

အရှေ့သို့- ဂ။ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် သူ၏တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ရန် လူသားကို အသုံးမပြုဘဲ လူ့ဇာတိခံယူပြီး ကိုယ်တော်တိုင် လုပ်ဆောင်ရသည့်အကြောင်းအရင်း

နောက်တစ်ခုသို့- င။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှစ်ရပ်သည် လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို စုံလင်စေသည်ဟု ဆိုထားသည့် အကြောင်းအရင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။