၄၆။ ဘုရားသခင်ကို သိမြင်သူတို့သာ ဘုရားသခင်အား အစေခံပြီး ဘုရားသခင်အတွက် သက်သေခံနိုင်သည်

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ဘုရားသခင်ကို အစေခံသူများသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်သင့်သည်။ ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်သင့်ပြီး ဘုရားသခင် အပေါ် အစွမ်းကုန် သစ္စာရှိနိုင်စွမ်းရှိရမည်။ သင်သည် လူတို့ရှေ့တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ၊ နောက်ကွယ်တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ သင်သည် ဘုရားသခင်၏ရှေ့တွင် ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို ရရှိနိုင်ကာ ဘုရားသခင်၏ ရှေ့တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်သည့်အပြင် အခြားသူများက သင့်ကို မည်သို့ပင် ဆက်ဆံပါစေ၊ သင်သည် သင်လျှောက်သင့်သည့်လမ်းကိုသာ အစဉ်လျှောက်ပြီး ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပေသည်။ ထိုကဲ့သို့သောသူများသာလျှင် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သော သူတို့ကို ဘုရားသခင်၏ကြီးမားသော တာဝန်ပေးစေခိုင်းချက်နှင့် ဝန်ထုပ်ကို ပေးအပ်ထားသောကြောင့် ထိုသူတို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံနိုင်သည်။ ထိုသူတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့်ညီညွတ်နိုင်ကာ ဘုရားသခင်၏ ဝန်ထုပ်ကို ၎င်းတို့၏ဝန်ထုပ်အဖြစ် မှတ်ယူကြပြီး ၎င်းတို့သည် ၎င်းတို့၏ အနာဂတ် ရှေ့ရေးနှင့်သက်ဆိုင်သော အကျိုးအမြတ်၊ သို့မဟုတ် ဆုံးရှုံးမှုကို ထည့်သွင်းမစဉ်းစားပေ။ ၎င်းတရှေ့ရေးများမှာမည်သည့်အရာကိုမျှ ရမည်မဟုတ်သကဲ့သို့ မည်သည်ကိုမျှရရန် မရှိသည့်အခါတွင်ပင်လျှင် ထိုသူတို့သည် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးဖြင့် ဘုရားသခင်ကို အစဉ်အမြဲ ယုံကြည်ကြလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့သောသူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများသည် ဘုရားသခင်က ယုံကြည်စိတ်ချရသူများလည်း ဖြစ်ကြသည်။ ဘုရားသခင်၏ ယုံကြည်စိတ်ချရသူများကသာ ကိုယ်တော်၏စိတ်မအေးရခြင်းနှင့် ကိုယ်တော်၏ အတွေးများကို မျှဝေခံစားနိုင်ပြီး၊ ၎င်းတို့၏ ဇာတိပကတိသည် နာကျင်မှုကို ခံစားနေရကာ အားနည်းသော်လည်း၊ ၎င်းတို့သည် နာကျင်မှုကို ကြံ့ကြံ့ခံနိုင်ကာ ဘုရားသခင် ကျေနပ်စေရန်အလို့ငှာ ၎င်းတို့မြတ်နိုးသောအရာကို စွန့်လွှတ်နိုင်ကြသည်။ ဘုရားသခင်သည် ထိုသို့သောသူများကို ပို၍များပြားသော ဝန်ထုပ်များကို ပေးပြီး ထိုသူတို့၏ သက်သေခံချက်တွင် ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသည့် အရာကို သက်သေခံထားသည်။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်ပြီး ၎င်းတို့သည် ကိုယ်တော်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသော ဘုရားသခင်၏ အစေခံများ ဖြစ်ကြကာ ထိုကဲ့သို့သော သူတို့သာလျှင် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးနိုင်သည်။ သင်သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ အမှန်တကယ် ဖြစ်လာသောအချိန်သည် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးမည့်အချိန် အတိအကျပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သဟဇာတရှိစွာ အစေခံနည်း

ဘုရားသခင်သည် သူနှင့်သက်ဆိုင်သည့် အသိပညာကို လူသားက ရရှိကောင်း ရရှိစေနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် သူ၏သက်သေခံချက်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏တရားစီရင်မှုမရှိပါက၊ လူသားသည် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့ လူသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် သူ၏ အိုဟောင်းသော အသိပညာကို အသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ပြီးလျှင် သူ၏ စီမံခန့်ခွဲမှုအတွက်၊ သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်၊ ထိုသို့ဖြင့် သူ၏လူသိရှင်ကြား ပေါ်ထွန်းခြင်းမှတစ်ဆင့် လူသားကို ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိဉာဏ်အား ရရှိနိုင်စေသည်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲနိုင်စေပြီး၊ ဘုရားသခင်အဖို့ ထူးကဲလှသော သက်သေခံချက်ကို သက်သေခံနိုင်စေလေသည်။ လူသား၏ စိတ်သဘောထား ပြောင်းလဲမှုကို များစွာသော ဘုရားသခင်၏ အမှုအမျိုးမျိုးမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သူ၏စိတ်သဘောထား၌ ထိုသို့သော ပြောင်းလဲမှုများ မရှိဘဲနှင့်၊ လူသားသည် ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ကျေးကျွန်ဘဝနှင့် အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စံပုံစံနှင့် နမူနာတစ်ခု၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသော သူတစ်ဦး ဧကန်အမှန် ဖြစ်လာသည်ကို ညွှန်ပြပေသည်။ ယနေ့တွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရန် ကြွလာပြီးဖြစ်ကာ လူသားအနေဖြင့် သူနှင့်သက်ဆိုင်သည့် အသိပညာ၊ သူ့ကို ကျိုးနွံနာခံခြင်း၊ သူ့ကို သက်သေခံခြင်းတို့ကို ရရှိရန်၊ သူ၏ လက်တွေ့ကျပြီး ပုံမှန်ဖြစ်သော အမှုကိုသိရှိရန်၊ လူသား၏ အယူအဆများနှင့် မကိုက်ညီသော သူ၏နှုတ်ကပတ်တော်များနှင့် အမှုအားလုံးကို ကျိုးနွံနာခံရန်နှင့် လူသားကိုကယ်တင်ရန် သူပြုသော အမှုအားလုံးအပြင် လူသားကိုသိမ်းပိုက်ရန် သူပြီးမြောက်သော လုပ်ဆောင်ချက်များ အားလုံးကို ၎င်းတို့က သက်သေခံရန် သူတောင်းဆိုလေသည်။ ဘုရားသခင်ကို သက်သေခံသောသူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ ရှိရမည်။ ဤသို့သော သက်သေခံချက်မျိုးသည်သာ တိကျပြီး လက်တွေ့ကျကာ ဤသို့သော သက်သေခံချက်ကသာ စာတန်ကို အရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းတို့ကို ကြုံခြင်းမှတစ်ဆင့်၊ သူ့အား သိကျွမ်းလာသူများကို သူ့ကို သက်သေခံရန် အသုံးပြုသည်။ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသူတို့ကို သူ့ကို သက်သေခံရန် အသုံးပြုသည်၊ ထိုနည်းတူ မိမိတို့၏စိတ်သဘောထား ပြောင်းလဲပြီးသူများနှင့် ထိုသို့ဖြင့် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိပြီးသူများအား သူ့ကို သက်သေခံရန် အသုံးပြုလေသည်။ ဘုရားသခင်သည် လူသားက နှုတ်အားဖြင့် သူ့အားချီးမွမ်းရန် မလိုအပ်သကဲ့သို့၊ သူ၏ ကယ်တင်ခြင်းမခံရသေးသည့် စာတန်အမျိုး၏ ချီးမွမ်းခြင်းနှင့် သက်သေခံခြင်းတို့ကိုလည်း သူမလိုအပ်ပေ။ ဘုရားသခင်ကို သိကျွမ်းသောသူတို့သာ သူ့ကို သက်သေခံရန် အရည်အချင်းပြည့်မီပြီး၊ ၎င်းတို့၏စိတ်သဘောထား၌ အသွင်ပြောင်းလဲပြီးသူများသာ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်းပြည့်မီလေသည်။ ဘုရားသခင်သည် သူ၏နာမအပေါ် အရှက်ရစေရန် လူသားအား တမင်တကာ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်

ဘာသာတရားတွင်၊ များစွာသောလူတို့သည် ၎င်းတို့၏ဘဝများ တစ်လျှောက် ဆင်းရဲဒုက္ခများစွာ ခံစားကြရ၏- ၎င်းတို့သည် မိမိတို့၏ခန္ဓာကိုယ်များကို ချိုးနှိမ်ပြီး မိမိတို့၏ကားတိုင်ကို ထမ်းကာ တကယ့်သေခါနီးအချိန်တွင်ပင် ဆက်လက် ဆင်းရဲဒုက္ခခံကာ ကြံ့ကြံ့ခံကြလေသည်။ အချို့သည် ၎င်းတိုသေသည့် မနက်တွင် အစာရှောင်နေကြသေးသည်။ ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ဆင်းရဲဒုက္ခအပေါ်သာ အာရုံစိုက်ရင်း၊ ကောင်းသောအစာနှင့် ကောင်းသောအဝတ်အစားတို့ကို ငြင်းပယ်ကြလေသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ခန္ဓာကို ချိုးနှိမ်နိုင်ကြပြီး မိမိတို့၏ဇာတိပကတိကို ပုန်ကန်နိုင်ကြသည်။ ဆင်းရဲဒုက္ခကို သည်းခံခြင်းအတွက်ဖြစ်သည့် ၎င်းတို့၏ စိတ်ဓာတ်သည် ချီးကျူးထိုက်ပေသည်။ သို့သော်လည်း၊ ၎င်းတို့၏အတွေး၊ ၎င်းတို့၏ အယူအဆများ၊ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ သဘောထားနှင့် ဧကန်အမှန် သဘာဝဟောင်းတို့သည် အနည်းငယ်မျှ ပြုပြင်ခြင်း မခံရသေးပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့် ပတ်သက်၍ စစ်မှန်သည့် အသိပညာ တစ်ခုတစ်လေမျှ မရှိပေ။ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်သည် မရေရာသော ဘုရားသခင်တစ်ပါး၏ အစဉ်အလာ ပုံရိပ်တစ်ခု ဖြစ်ပေသည်။ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကိုခံရန် ၎င်းတို့၏ ဆုံးဖြတ်ချက်သည် ၎င်းတို့၏စိတ်အားထက်သန်မှုနှင့် ၎င်းတို့၏ လူသဘာဝ၏ ထင်ရှားသော ဝိသေသလက္ခဏာကောင်းတို့မှ လာသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို နားမလည်ကြသကဲ့သို့၊ သူ၏ရည်ရွယ်ချက်များကိုလည်း မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အလုပ်လုပ်ရုံမျှလုပ်ပြီး ကျိုးကြောင်းမမြင်ဘဲ ဆင်းရဲဒုက္ခခံကြလေသည်။ ၎င်းတို့သည် ချင့်ချိန်နိုင်စွမ်းနှင့်ပတ်သက်၍ မည်သို့မျှ တန်ဖိုးမထားကြပေ၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာကို မည်သို့ ရရှိမည်ကို ၎င်းတို့ သိဖို့မဆိုထားနှင့်၊ ၎င်းတို့၏ အစေခံမှုက ဘုရားသခင်၏ရည်ရွယ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းပေးသည်ကို မည်သို့ သေချာစေရမည်ဆိုသည်နှင့်ပတ်သက်၍ အနည်းအကျဉ်းသာ ဂရုစိုက်ကြလေသည်။ ၎င်းတို့ အစေခံသည့် ဘုရားသခင်သည် သူ၏ ပင်ကို ပုံရိပ်တွင် ရှိသည့် ဘုရားသခင်မဟုတ်ဘဲ၊ ၎င်းတို့ စိတ်ကူးထားသည့် ဘုရားသခင်တစ်ပါး၊ ၎င်းတို့ ကြားဖူးရုံသာ ကြားဖူးသည့် ဘုရားသခင်တစ်ပါး၊ သို့မဟုတ် စာပေများတွင် ဖတ်ရသည့် ဒဏ္ဍာရီ ဘုရားသခင်တစ်ပါး ဖြစ်သည်။ ထို့နောက်၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံဖို့ မိမိတို့၏ တီထွင်တတ်သော စိတ်ကူးများနှင့် ဘုရားတရားကိုင်းရှိုင်းမှုတို့ကို အသုံးပြုပြီး ဘုရားသခင် လုပ်ဆောင်လိုသည့် အလုပ်ကို တာဝန်ယူဆောင်ရွက်ကြလေသည်။ ၎င်းတို့၏ အစေခံမှုသည် အလွန် မတိကျလွန်းသည်မှာ၊ လက်တွေ့အားဖြင့် ၎င်းတို့ထဲမှ မည်သူမျှ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့်အညီ အမှန်တကယ် အစေမခံနိုင်ကြချေ။ ၎င်းတို့ မည်မျှ ဝမ်းမြောက်ဝမ်းသာ ဆင်းရဲဒုက္ခခံသည်ကို ပဓာနမထားဘဲ၊ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် စုံလင်စေခြင်းတို့ကို မကြုံရသေးသကဲ့သို့၊ သမ္မာတရားကို အသုံးပြုလျက် မည်သူမျှ ၎င်းတို့ကို လမ်းမပြသေးသောကြောင့်၊ အစေခံခြင်းအပေါ် ၎င်းတို့၏ မူလရှုထောင့်အမြင်နှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ စိတ်ပုံရိပ်တို့သည် မပြောင်းလဲဘဲ ရှိနေသည်။ ၎င်းတို့သည် ကယ်တင်ရှင်ယေရှုကို ယုံကြည်ကြလျှင်ပင်၊ ၎င်းတို့ထဲမှ မည်သူမျှ ကယ်တင်ရှင်ကို မမြင်ဖူးကြချေ။ ၎င်းတို့သည် သူ့ကို ဒဏ္ဍာရီနှင့် တစ်ဆင့်စကားတို့မှတစ်ဆင့်သာ သိကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့၏ အစေခံမှုသည် မျက်စိကန်းသောလူက သူ၏ ဖခင်ကို အစေခံသကဲ့သို့၊ မျက်စိမှိတ်လျက်နှင့် ကြုံရာအစေခံခြင်းသဘော သက်ရောက်သည်ထက် မပိုပေ။ နောက်ဆုံးတွင်၊ ထိုသို့သော အစေခံမှုဖြင့် မည်သည့်အရာကို ရရှိနိုင်သနည်း။ ပြီးလျှင် မည်သူက ယင်းကို လက်ခံမည်နည်း။ အစမှအဆုံးထိ တစ်လျှောက်လုံး ၎င်းတို့၏ အစေခံမှုသည် တူမြဲတူညီလေသည်။ ၎င်းတို့သည် လူလုပ်သင်ခန်းစာများကိုသာ ရရှိကြပြီး ၎င်းတို့၏အစေခံခြင်းကို ၎င်းတို့၏သဘာဝကျမှုနှင့် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများအပေါ်သာ အခြေခံကြသည်။ ဤအရာက မည်သည့်ဆုလာဘ်ကို ဆောင်ကြဉ်း နိုင်သနည်း။ ယေရှုကို တွေ့မြင်ခဲ့သည့် ပေတရုပင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ မည်သို့ အစေခံရမည်ကို မသိခဲ့ပေ။ သူသည် ဤအရာကို နောက်ဆုံး သူ၏ အိုမင်းသော အသက်အရွယ်၌သာ သိရှိလာခဲ့သည်။ ဤအရာက ပြုပြင်ခံရခြင်းကို စိုးစဉ်းမျှ မခံစားဖူးသကဲ့သို့၊ ၎င်းတို့ကို ဦးဆောင်လမ်းပြနေသည့်သူ မည်သူမျှ မရှိကြသည့် ထိုမျက်စိကန်းသော လူများနှင့်ပတ်သက်၍ မည်သည့်အရာကို ပြောဆိုသနည်း။ ယနေ့ သင်တို့ထဲမှ များစွာသောသူတို့၏ အစေခံခြင်းသည် ထိုမျက်စိကန်းသော လူများ၏အစေခံခြင်းနှင့် တူသည် မဟုတ်လော။ တရားစီရင်ခြင်းကို မရရှိသေးသောသူများ၊ ပြုပြင်ခြင်းကို မရရှိသေးသောသူများနှင့် မပြောင်းလဲသေးသော သူများအားလုံး- ၎င်းတို့အားလုံးသည် မစုံလင်သောသိမ်းပိုက်ခြင်း ခံရသည် မဟုတ်လော။ ထိုသို့သော လူတို့သည် မည်သည့်အသုံးဝင်မှု ရှိပါသနည်း။ သင်၏အတွေး၊ သင်၏ ဘဝနှင့်ဆိုင်သော အသိပညာနှင့်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာတို့သည် အသစ်သောပြောင်းလဲခြင်း မပြသကဲ့သို့၊ မည်သည့်အရာကိုမျှ အမှန်တကယ် သင် မရရှိပါက၊ သင်၏အစေခံမှုတွင် ထူးခြားသော မည်သည့်အရာကိုမျှ လုံးဝ ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုနှင့် သက်ဆိုင်သော ရူပါရုံနှင့် အသစ်သော အသိပညာ မရှိပါက၊ သင်သည် သိမ်းပိုက်မခံရနိုင်ပေ။ ထိုအခါ သင်၏ ဘုရားသခင်နောက်လိုက်သည့်နည်းလမ်းသည် ဆင်းရဲဒုက္ခခံပြီး အစာရှောင်သော သူများကဲ့သို့ ဖြစ်လိမ့်မည်- တန်ဖိုးအနည်းငယ်မျှသာ ရှိလိမ့်မည်။ သူတို့၏အစေခံခြင်းအမှုသည် အချည်းနှီးဖြစ်သည်ဟု ငါပြောရသည်မှာ ၎င်းတို့လုပ်ဆောင်သည့်အရာတွင် သက်သေခံချက် အနည်းငယ်သာရှိသောကြောင့် အတိအကျ ဖြစ်သည်။ ၎င်းတို့၏ ဘဝများတစ်လျှောက်တွင်၊ ထိုလူများသည် ထောင်ထဲတွင် ဆင်းရဲဒုက္ခခံစားရင်းနှင့် အချိန်ကုန်လွန်ကြလေသည်။ ၎င်းတို့သည် အစဉ် သည်းခံလျက်ရှိကြသည်၊ ချစ်ခင်လျက်ရှိကြပြီး၊ ကားတိုင်ကို အစဉ်ထမ်းရွက်ကြလေသည်၊ ၎င်းတို့သည် လောက၏ လှောင်ပြောင်မှုခံရကာ ငြင်းပယ်ခြင်း ခံရကြသည်၊ ခက်ခဲမှုမှန်သမျှကို ၎င်းတို့ တွေ့ကြုံကြပြီး အဆုံးတိုင် ၎င်းတို့ နာခံကြသော်လည်း၊ သိမ်းပိုက်မခံကြရသေးသကဲ့သို့၊ သိမ်းပိုက်ခံရခြင်းအဖို့ သက်သေခံချက်ကို မပေးနိုင်ကြပေ။ ၎င်းတို့သည် များစွာ ဆင်းရဲဒုက္ခခံရပြီးဖြစ်သော်လည်း၊ အတွင်းတွင် ဘုရားသခင်ကို ၎င်းတို့ လုံးဝ မသိကြပေ။ ၎င်းတို့၏ အတွေးဟောင်း၊ အယူအဆဟောင်းများ၊ ဘာသာရေး ကျင့်ကြံမှုများ၊ လူလုပ် အသိပညာနှင့် လူသား စိတ်ကူးများထဲမှ မည်သည့်အရာမျှ ပြုပြင်ခြင်း မခံရသေးပေ။ ၎င်းတို့အထဲတွင် အသစ်သော အသိပညာ၏ အရိပ်အယောင် အနည်းငယ်မျှ မရှိချေ။ ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာသည် စိုးစဉ်းမျှ မမှန်ကန် သို့မဟုတ် မတိကျပေ။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်မှုလွဲကြပေပြီ။ ဤအရာက ဘုရားသခင်ကို အစေခံသလော။ အတိတ်တွင် ဘုရားသခင်နှင့်သက်ဆိုင်သော သင်၏ အသိပညာ မည်သည့်အရာဖြစ်ပါစေ၊ ယင်းသည် ယနေ့တွင် အလားတူဖြစ်မြဲဖြစ်ပြီး၊ ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်သည် ဖြစ်စေ သင်သည် ဘုရားသခင်နှင့်သက်ဆိုင်သော သင်၏ အသိပညာကို သင်၏ ကိုင်ပိုင် အယူအဆများအပေါ် ဆက်လက်အခြေခံပါက၊ ဆိုလိုသည်မှာ၊ သင်သည် ဘုရားသခင်နှင့်သက်ဆိုင်သည် သစ်လွင်၊ စစ်မှန်သော အသိပညာကို မပိုင်ဆိုင်ပါက၊ ပြီးလျှင် ဘုရားသခင်၏ စစ်မှန်သောပုံသဏ္ဌာန်နှင့် စိတ်သဘောထားတို့ကို သင် သိရှိရန် ပျက်ကွက်ပါက၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏ အသိပညာသည် ရှေးရိုးစွဲ၊ အယူသီးသော အတွေး၏ ဦးဆောင်လမ်းပြမှုကို ခံရဆဲဖြစ်ပြီး၊ လူသား၏ စိတ်ကူးနှင့် အယူအဆများမှ ပေါက်ဖွားဆဲဖြစ်ပါက၊ သင်သည် သိမ်းပိုက်မခံရသေးပေ။ ယခု သင်တို့အား ငါပြောသည့် နှုတ်ကပတ်တော်များ အားလုံးကို သင်တို့အနေဖြင့် သိနိုင်ကြဖို့အလို့ငှာ၊ ဤအသိပညာသည် သင်တို့ကို သာ၍သစ်လွင်၊ မှန်ကန်တိကျသော အသိပညာဆီသို့ ဦးဆောင်လမ်းပြနိုင်ဖို့အလို့ငှာ ရည်ရွယ်သည်။ ယင်းတို့သည် သင့်အထဲရှိ အယူအဆဟောင်းများနှင့် အသိပညာ နည်းလမ်းဟောင်းများကို ပြုပြင်ဖို့ရန် ရည်ရွယ်ပေသည်။ ငါ၏ နှုတ်ကပတ်တော်များကို သင်အမှန်တကယ် စားသောက်ပါက၊ သင်၏ အသိပညာသည် အတော် ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် သင် စားသောက်သရွေ့၊ သင်၏ရှုထောင့်အမြင် ပြောင်းပြန်ဖြစ်သွားလိမ့်မည်။ သင်သည် အထပ်ထပ် ပြစ်တင်ဆုံးမခြင်းများကို လက်ခံနိုင်သရွေ့၊ သင်၏စိတ်နေစိတ်ထား အဟောင်းသည် တဖြည်းဖြည်း ပြောင်းလဲသွားမည် ဖြစ်သည်။ သင်၏ စိတ်နေစိတ်ထားအဟောင်းသည် အသစ်သော စိတ်နေစိတ်ထားဖြင့် လုံးလုံးလျားလျား အစားထိုးခံရသရွေ့၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းသည်လည်း လျော်ညီစွာ ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့်၊ သင်၏အစေခံခြင်းသည် ရည်ရွယ်သည့်အရာကို တိုး၍ ရရှိလာမည်၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို တိုး၍ ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)

သန္နိဌာန်ချထားသူတိုင်းသည် ဘုရားသခင်ကို အစေခံနိုင်သည်။ သို့သော် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားခြင်း ပြပြီး နားလည်သည့်သူများသာ ဘုရားသခင်ကို အစေခံရန် အရည်အချင်းမီပြီး အခွင့်ရှိရမည်။ ဧဝံဂေလိတရားများကို ဘုရားသခင်အတွက် စိတ်အားထက်သန်စွာ ဝေငှပြီး ဘုရားသခင်အတွက် ခရီးနှင်ခြင်း၊ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံပြီး အမှုအရာများကို ဘုရားသခင်အတွက် စွန့်လွှတ်ခြင်း၊ စသည်ဖြင့်တို့ ပြုလုပ်သရွေ့၊ ဤသည်မှာ ဘုရားသခင်ကို အစေခံခြင်း ဖြစ်သည်ဟု လူများစွာတို့က ယုံကြည်ကြသည်ကို သင်တို့အလယ်တွင် ငါ တွေ့ရှိခဲ့ပြီး ဖြစ်ပေသည်။ ပို၍ပင် ဘာသာရေးကိုင်းရှိုင်းသူများက ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ ၎င်းတို့၏ လက်များထဲတွင် သမ္မာကျမ်းစာအုပ်တစ်အုပ်ဖြင့် ဟိုဟိုသည်သည် ပြေးလွှားခြင်း၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများကို ဖြန့်ခြင်းနှင့် လူတို့ကို နောင်တရစေပြီး အပြစ်ဝန်ချစေခြင်းအားဖြင့် ကယ်တင်ခြင်းဟု ယုံကြည်ကြသည်။ အဆင့်မြင့် လေ့လာမှုများကို လေ့လာလိုက်စားကာ ကျမ်းစာသင်ကျောင်းတွင် လေ့ကျင့်ပြီးနောက် ဘုရားရှိခိုးကျောင်းတွင် တရားဟောခြင်းနှင့် သမ္မာကျမ်းစာထဲမှ ကျမ်းပိုဒ်များကို ဖတ်၍ လူတို့ကို သင်ကြားခြင်းတို့သည် ဘုရားသခင်ကို အစေခံခြင်း၌ ပါဝင်သည်ဟုထင်သော ဘာသာရေးအမှုဆောင်များစွာလည်း ရှိသည်။ ထို့အပြင် ဘုရားသခင်ကို အစေခံခြင်း ဆိုသည်မှာ နာမကျန်းသူများကို ကုသခြင်းနှင့် ညီအစ်ကို မောင်နှမများအကြား နတ်ဆိုးများကို နှင်ထုတ်ခြင်း သို့မဟုတ် ၎င်းတို့အတွက် ဆုတောင်းပေးခြင်း၊ သို့မဟုတ် ၎င်းတို့ကို အစေခံခြင်းဟု ယုံကြည်ကြသော ဆင်းရဲနွမ်းပါးသော ဒေသများမှ လူများလည်းရှိသည်။ ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် စားသောက်ခြင်း၊ ဘုရားသခင်ထံ နေ့စဉ် ဆုတောင်းခြင်းအပြင် နေရာတိုင်းရှိ ဘုရားကျောင်းများထံ အလည်အပတ်သွားပြီး အမှုပြုခြင်းဟု ယုံကြည်သူ အများအပြား သင်တို့အထဲတွင် ရှိသည်။ ဘုရားသခင်ကို အစေခံခြင်း ဆိုသည်မှာ မည်သည့်အခါမှ အိမ်ထောင်မပြုဘဲ သို့မဟုတ် မိသားစုကို ကျွေးမွေးသုတ်သင်ခြင်း မရှိဘဲ၊ ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဘုရားသခင်အတွက် ဆက်ကပ်ခြင်းဟု ယုံကြည်သည့် အခြားသောညီအစ်ကို မောင်နှမများလည်း ရှိသည်။ သို့ရာတွင် ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ စင်စစ်အားဖြင့် အဘယ်အရာကို ဆိုလိုကြောင်း လူအနည်းငယ်ကသာ သိကြ၏။ မိုးကောင်းကင်ရှိ ကြယ်များရှိသကဲ့သို့ ဘုရားသခင်ကို အစေခံသူများ အများအပြား ရှိသော်လည်း၊ တိုက်ရိုက် အစေခံနိုင်သူနှင့် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့်အညီ အစေခံနိုင်သူ အရေအတွက်မှာ နည်းပါးလှသည်၊ မပြောပလောက်အောင် နည်းပါးသည်။ ငါအဘယ်ကြောင့် ဤသို့ပြောသနည်း။ ဤသို့ ငါပြောခြင်းမှာ သင်တို့သည် “ဘုရားသခင်ကို အစေခံခြင်း” ဟူသော စကားစု၏ အနှစ်သာရကို နားမလည်ခြင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ မည်ကဲ့သို့အစေခံရသည်ကို အလွန်နည်းပါးစွာ နားလည်ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်အား မည်သို့သောအစေခံခြင်းမျိုးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သဟဇာတဖြစ်နိုင်သည်ကို လူများ အတိအကျ နားလည်သဘောပေါက်ရန် အရေးတကြီး လိုအပ်ချက်တစ်ခုရှိနေသည်။

အကယ်၍ သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အစေခံလိုပါက၊ မည်ကဲ့သို့သောလူမျိုးက ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်ပြီး မည်ကဲ့သို့သော လူမျိုးကို ဘုရားသခင်က ရွံမုန်းသည်၊ မည်ကဲ့သို့သောလူမျိုးကို ဘုရားသခင်က စုံလင်စေသည်၊ ပြီးလျှင် မည်ကဲ့သို့သော လူမျိုးက ဘုရားသခင်ကို အစေခံရန် အရည်အချင်းပြည့်မီသည်ကို သင်တို့ ဦးစွာ နားလည်ထားရမည်။ အနည်းဆုံးအနေဖြင့် သင်တို့၌ ဤအသိပညာဖြင့် ပြင်ဆင်ထားရှိရမည်။ ထို့ပြင် သင်တို့သည် ဘုရားသခင်၏ အမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်များနှင့် ပစ္စုပ္ပန်ကာလတွင် ဘုရားသခင်လုပ်ဆောင်အံ့သောအမှုကို သိရှိထားသင့်သည်။ ယင်းကို သိရှိနားလည်ပြီးနောက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းပြမှုမှတစ်ဆင့် သင်တို့သည် ဦးစွာအနေဖြင့် ဝင်ရောက်မှုရှိကာ ဦးစွာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံ ရရှိသင့်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဧကန်အမှန် တွေ့ကြုံခံစားပြီးသောအခါနှင့် ဘုရားသခင်၏ အမှုတော်ကို အမှန်စင်စစ် သိရှိသောအခါ၊ သင်တို့သည် ဘုရားသခင်ကို အစေခံရန် အရည်အချင်းပြည့်မီလိမ့်မည်။ သင်တို့သည် ကိုယ်တော့်ကို အစေခံသောအခါ၊ ဘုရားသခင်သည် သင်တို့၏ဝိညာဉ်မျက်စိများကို ဖွင့်ပေးကာ သင်တို့အား သူ၏အမှုတော်နှင့်သက်ဆိုင်သည့် သာ၍ ကြီးစွာသော နားလည်မှုတစ်ခုကို ရရှိစေပြီး ပိုမိုရှင်းလင်းစွာ သိမြင်စေမည် ဖြစ်သည်။ ဤလက်တွေ့အရှိတရားသို့ သင်ဝင်ရောက်သည့်အခါ၊ သင်၏ အတွေ့အကြုံများသည် ပို၍ နက်ရှိုင်းပြီး လက်တွေ့ကျမည် ဖြစ်ပြီး၊ သင်တို့သည် သင်တို့၏ အားနည်းချက်များအတွက် ထေမိစေဖို့ရာ အချင်းချင်း၏ အားသာချက်ကို အသုံးပြုနိုင်ပြီး သင်တို့၏ဝိညာဉ်များတွင် ပိုမိုကြွယ်ဝသော အသိကို ရရှိရန်အတွက်၊ ထိုကဲ့သို့သော အတွေ့အကြုံများကို ရရှိခဲ့ပြီးသော သင်တို့အားလုံးသည် အသင်းတော်များအကြား လျှောက်လှမ်းနိုင်ကာ သင်တို့၏ ညီအစ်ကိုမောင်နှမများကို ကူညီထောက်ပံ့မှုများ ပေးနိုင်မည်ဖြစ်သည်။ ၎င်းအကျိုးတရားကို ရရှိပြီးမှသာလျှင် သင်တို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် အညီ အစေခံနိုင်မည် ဖြစ်ပြီး အစေခံစဉ်ကာလအတွင်း ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံရမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သဟဇာတရှိစွာ အစေခံနည်း

ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့် သက်ဆိုင်သည့် အသိပညာသည် လူတို့အပေါ် အပြုသဘောဆောင်သော သက်ရောက်မှုတစ်ခု ရှိနိုင်ပေသည်။ ယင်းသည် ဘုရားသခင်၌ စိတ်ချယုံကြည်မှု သာ၍ရှိစေရန်နှင့် သူ့ကို စစ်မှန်သော ကျိုးနွံနာခံမှုနှင့် ကြောက်ရွံ့မှု ရှိရန် ကူညီပေးနိုင်သည်။ သို့ဆိုလျှင် ၎င်းတို့သည် သူ့နောက် ကျိုးကြောင်းမမြင်ဘဲ လိုက်တော့မည်မဟုတ် သို့မဟုတ် ကိုးကွယ်တော့မည် မဟုတ်ပေ။ ဘုရားသခင်က မိုက်မဲသောသူများ သို့မဟုတ် လူစုနောက်ကို ကျိုးကြောင်းမမြင်ဘဲ လိုက်သောသူများကို အလိုမရှိဘဲ၊ ယင်းထက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုနှင့် အသိတစ်ခုရှိပြီး၊ ဘုရားသခင်ကို သက်သေခံနိုင်သော လူတစ်စု၊ သူ၏ချစ်မြတ်နိုးဖွယ်ဖြစ်ခြင်းကြောင့်၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းကြောင့်၊ ပြီးလျှင် သူ၏ဖြောင့်မတ်သော စိတ်သဘောထားကြောင့်၊ ဘုရားသခင်ကို လုံးဝ မစွန့်လွှတ်မည့် လူများကို အလိုရှိပေသည်။ ဘုရားသခင်၏ နောက်လိုက် တစ်ဦးနေဖြင့်၊ သင်၏ စိတ်နှလုံးတွင် ကြည်လင်ပြတ်သားမှု ကင်းမဲ့ဆဲဖြစ်ပါက၊ သို့မဟုတ် ဘုရားသခင်၏ စစ်မှန်သော တည်ရှိမှု၊ သူ၏စိတ်သဘောထား၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏အစီအစဉ်တို့နှင့် ပတ်သက်၍ ဒွိဟဖြစ်ခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်းရှိပါက၊ သင်၏ယုံကြည်ခြင်းသည် ဘုရားသခင်၏ ချီးမွမ်းမှုကို မရရှိနိုင်ပေ။ ဘုရားသခင်သည် ဤကဲ့သို့သော လူစားမျိုးကို သူ့နောက်လိုက်သည်ကို အလိုမရှိသကဲ့သို့၊ ဤကဲ့သို့သောလူစားမျိုးက သူ့ရှေ့သို့ လာခြင်းကိုလည်း ဘုရားသခင် မကြိုက်နှစ်သက်ပေ။ ဤသို့သောလူစားမျိုးက ဘုရားသခင်ကို နားမလည်သောကြောင့်၊ ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ မပေးအပ်နိုင်ကြချေ။ ၎င်းတို့၏ စိတ်နှလုံးသည် သူ့အဖို့ ပိတ်ထားလေသည်၊ ထို့ကြောင့် ၎င်းတို့၏ ဘုရားသခင်၌ ယုံကြည်ခြင်းသည် မစင်ကြယ်မှုများနှင့် ပြည့်နေသည်။ ၎င်းတို့၏ ဘုရားသခင်နောက်လိုက်ခြင်းသည် မျက်ကန်းဟုသာ ခေါ်ဆိုနိုင်သည်။ လူတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံမှုနှင့် ကြောက်ရွံ့မှုတို့ကို ၎င်းတို့အတွင်း ပေါက်ဖွားစေသည့် ဘုရားသခင်နှင့်သက်ဆိုင်သော စစ်မှန်သော သိနားလည်ခြင်းနှင့် အသိပညာတို့ကို ၎င်းတို့ ရှိမှသာ၊ လူတို့သည် မှန်ကန်သော ယုံကြည်မှုကို ရရှိနိုင်ပြီး စစ်မှန်သော နောက်လိုက်များ ဖြစ်နိုင်သည်။ ဤနည်းလမ်းဖြင့်သာ ၎င်းတို့သည် ဘုရားသခင်ထံ မိမိတို့၏ စိတ်နှလုံးကို ပေးနိုင်ပြီး ယင်းကို သူ့ထံ ဖွင့်ဟနိုင်ကြပေသည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းနှင့် တွေးသမျှတိုင်းသည် ဘုရားသခင်၏ စစ်ဆေးမှုကို ခံနိုင်ပြီး ဘုရားသခင်အဖို့ သက်သေခံနိုင်သောကြောင့် ဤသည်မှာ ဘုရားသခင် လိုချင်သောအရာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

လူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှု မည်ရွေ့မည်မျှရှိပါစေ၊ ယင်းမှာ ၎င်းတို့ စိတ်နှလုံးများတွင် ဘုရားသခင် ကိုင်စွဲထားသည့် နေရာ အတိုင်းအတာလည်း ဖြစ်ပေသည်။ ၎င်းတို့ စိတ်နှလုံးများတွင် ဘုရားသခင်နှင့်ဆိုင်သည့် အသိ မည်ရွေ့မည်မျှ ကြီးမားပါစေ၊ ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မည်မျှကြီးမြတ်သည်ဆိုသည့်အရာ ဖြစ်၏။ သင် သိသည့် ဘုရားက အနှစ်မဲ့ပြီး မရေမရာ ဖြစ်ပါက၊ သင် ယုံကြည်သည့် ဘုရားသည်လည်း အနှစ်မဲ့ပြီး မရေမရာဖြစ်ပေသည်။ သင် သိသည့် ဘုရားသည် သင်၏ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အသက်တာ၏ နယ်ပယ်ထိ ကန့်သတ်ထားခြင်း ခံရပြီး စစ်မှန်သည့် ဘုရားသခင် ကိုယ်တိုင်နှင့် ဘာမျှသက်ဆိုင်မှု မရှိပေ။ ထို့ကြောင့် ဘုရားသခင်၏ လက်တွေ့ကျသည့် လုပ်ဆောင်ချက်များကို သိခြင်း၊ ဘုရားသခင်၏ လက်တွေ့ကျမှုနှင့် သူ၏ အရာအားလုံး တတ်စွမ်းနိုင်ခြင်းကို သိခြင်း၊ ဘုရားသခင် ကိုယ်တိုင်၏ စစ်မှန်သည့် ပင်ကိုလက္ခဏာကို သိခြင်း၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သိခြင်း၊ သူ၏ ဖန်ဆင်းခြင်း အရာအားလုံးကြားတွင် သူ ထင်ရှားစေပြီးဖြစ်သည့် လုပ်ရပ်များကို သိခြင်း၊ ဤအရာများသည် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို လိုက်စားသည့် လူတစ်ဦးစီတိုင်းအဖို့ အလွန် အရေးကြီးပေသည်။ ယင်းတို့သည် လူများအနေဖြင့် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်နိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် တိုက်ရိုက် ဆက်စပ်မှုရှိသည်။ သင်သည် ဘုရားသခင်နှင့်ဆိုင်သည့် သင်၏သိနားလည်မှုကို စကားလုံးများ သက်သက်အဖြစ်သာ ကန့်သတ်ထားပါက၊ သင်၏ နည်းပါးသော ကိုယ်ပိုင်အတွေ့အကြုံအထိသာ၊ သင် ရေတွက်ထားသည့် ဘုရားသခင်၏ ကျေးဇူးတော်အထိသာ သို့မဟုတ် ဘုရားသခင်အဖို့ သင်၏ နည်းပါးသော သက်သေခံချက်များ အထိသာ ယင်းကို ကန့်သတ်ထားပါက၊ သင်ယုံကြည်သည့် ဘုရားသခင်သည် စစ်မှန်သည့်ဘုရားသခင်ကိုယ်တိုင် လုံးဝ မဟုတ်ဟု ငါပြော၏။ ထိုမျှမက သင်ယုံကြည်သည့် ဘုရားသခင်သည် စိတ်ကူးသက်သက် ဘုရားသခင် တစ်ပါးဖြစ်ပြီး၊ စစ်မှန်သည့်ဘုရားသခင် မဟုတ်ဟုလည်း ဆိုနိုင်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် စစ်မှန်သည့် ဘုရားသခင်သည် အရာရာတိုင်းအပေါ် အုပ်စိုးသည့်၊ အရာရာတိုင်းအလယ်တွင် လျှောက်လှမ်းသည့်၊ အရာရာတိုင်းကို စီမံသည့်သူ ဖြစ်သည်။ သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာနှင့် အရာရာတိုင်း၏ ကံကြမ္မာကို မိမိလက်တွင် ကိုင်စွဲထားသူ ဖြစ်သည်။ ငါပြောဆိုနေသည့် ဘုရားသခင်၏ အမှုနှင့် လုပ်ဆောင်ချက်များသည် လူအစိတ်အပိုင်း အနည်းငယ်မျှအထိသာ ကန့်သတ်မထားပေ။ ဆိုလိုသည်မှာ ယင်းတို့သည် လတ်တလော၌ သူ့နောက်ကို လိုက်နေသည့်လူများ အထိသာ ကန့်သတ်မထားပေ။ သူ၏ လုပ်ဆောင်ချက်များသည် အရာခပ်သိမ်းထဲတွင်၊ အရာခပ်သိမ်း၏ ရှင်သန်မှုနှင့် အရာခပ်သိမ်း၏ ပြောင်းလဲခြင်း နိယာမများထဲတွင် သိသာထင်ရှားလေသည်။ သင်သည် သူ၏ ဖန်ဆင်းခြင်း အရာအားလုံးထဲတွင် ဘုရားသခင်၏လုပ်ဆောင်ချက် တစ်ခုတစ်လေကို မမြင်နိုင်ပါက သို့မဟုတ် သတိမပြုမိနိုင်ပါက၊ သင်သည် သူ၏ မည်သည့် လုပ်ဆောင်ချက်များကိုမျှ သက်သေမခံနိုင်ပေ။ သင်သည် ဘုရားသခင်အတွက် သက်သေမခံနိုင်ပါက၊ သင်သည် သင်သိသည့် သေးငယ်သည့် ဘုရားဟုခေါ်သည့်အရာကိုသာ ဆက်လက် ပြောဆိုပါက၊ သင်၏ကိုယ်ပိုင် စိတ်ကူးများအထိ ကန့်သတ်ထားပြီး သင်၏ကျဉ်းမြောင်းသည့် စိတ်အတွင်း ပိတ်လှောင်ထားသည့် ထိုဘုရား၊ ထိုဘုရားမျိုးကို သင် ဆက်လက်ပြောဆိုပါက၊ ဘုရားသခင်သည် သင်၏ယုံကြည်ခြင်းကို မည်သည့်အခါတွင်မျှ ချီးမွမ်းလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်အတွက် သက်သေခံသည့်အခါတွင်၊ သင်က ဘုရားသခင်၏ကျေးဇူးတော်ကို မည်သို့ မွေ့လျော်သည်၊ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမမှုနှင့် သူ၏ ပြစ်တင်ဆုံးမခြင်းကို သင် မည်သို့ လက်ခံသည်ဆိုသည်နှင့်၊ သူ့အတွက် သင်၏ သက်သေခံခြင်း၌ သူ၏ ကောင်းချီးမင်္ဂလာများကို သင် မည်သို့ မွေ့လျော်ခံစားသည် ဆိုသည်တို့အရသာ သင် ထိုသို့သက်သေခံပါက၊ ယင်းမှာ ဘယ်မှာမှ လုံလောက်ရန် မနီးစပ်သကဲ့သို့ သူ့ကို စိတ်ကျေနပ်စေရန်ပင် မနီးစပ်ပေ။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ကိုက်ညီသည့် နည်းလမ်းတစ်ခုဖြင့် ဘုရားသခင်အတွက် သက်သေခံလိုပါက၊ စစ်မှန်သည့် ဘုရားသခင် ကိုယ်တိုင်အတွက် သက်သေခံလိုပါက၊ သင်သည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သူ၏ လုပ်ဆောင်ချက်များမှ မြင်ရမည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ဩဇာအာဏာကို အရာခပ်သိမ်းအပေါ် သူ၏အုပ်စိုးမှုမှ တွေ့မြင်ရမည်ဖြစ်ပြီး လူသားမျိုးနွယ် အားလုံးအတွက် သူ မည်သို့ ပံ့ပိုးပေးသည်ဆိုသည့် သမ္မာတရားကို သင် မြင်ရမည်။ သင်သည် သင်၏ နေ့စဉ် အာဟာရနှင့် ဘဝ၌ သင်၏လိုအပ်ချက်များက ဘုရားသခင်ထံမှ လာသည်ဆိုသည်ကိုသာ အသိအမှတ်ပြုပြီး ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးနှင့်ဆိုင်သည့် ပံ့ပိုးမှုအတွက် သူ၏ ဖန်ဆင်းခြင်း အရာအားလုံးကို ဆောင်ယူပြီးဖြစ်သည်ဆိုသည်နှင့် အရာခပ်သိမ်းအပေါ် အုပ်စိုးခြင်းအားဖြင့် လူသားမျိုးနွယ် အားလုံးကို သူဦးဆောင်နေသည် ဆိုသည့်အမှန်တရားကို သင်မတွေ့မြင်နိုင်ပါက၊ သင်သည် ဘုရားသခင်အတွက် မည်သည့်အခါတွင်မျှ သက်သေခံနိုင်လိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

ဘုရားသခင်၏ ဖန်ဆင်းခံ တစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ တစ်ဦးတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး ဘုရားသခင်၏ရည်ရွယ်ချက်များကို နားလည်လိုပါက၊ ဘုရားသခင်၏အမှုကို သင်နားလည်ရမည်၊ ဖန်ဆင်းခံများအတွက် ဘုရားသခင်၏ရည်ရွယ်ချက်များကို နားလည်ရမည်၊ သူ၏စီမံခန့်ခွဲမှု အစီအစဉ်ကို နားလည်ရမည်ဖြစ်ပြီး၊ သူ လုပ်ဆောင်သည့်အမှု၏ အရေးပါမှုအားလုံးကို နားလည်ရမည်။ ဤအရာကို နားမလည်သူများသည် ဘုရားသခင်၏ ဖန်ဆင်းခံများဖြစ်ရန် အရည်အချင်းမပြည့်မီပေ။ ဘုရားသခင်၏ ဖန်ဆင်းခံ တစ်ဦးအနေဖြင့် သင်သည် မည်သည့်နေရာမှ လာသည်ကို နားမလည်ပါက၊ လူသားမျိုးနွယ်၏ သမိုင်းနှင့် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးကို နားမလည်ပါက၊ ထို့အပြင် လူသားမျိုးနွယ်သည် ယနေ့ထိတိုင် မည်သို့ တိုးတက်ဖွံ့ဖြိုးလာပြီး ဖြစ်သည်ကို နားမလည်သကဲ့သို့၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို မည်သူက ကွပ်ကဲသည်ကို နားမလည်ပါက၊ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ယနေ့အထိ ဦးဆောင်လမ်းပြပြီးဖြစ်ကာ သူသည် ကမ္ဘာမြေကြီးပေါ်တွင် လူသားကို ဖန်ဆင်းချိန်ကတည်းက လူသားကို ချန်ရစ်ဖူးခြင်း မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် အမှုပြုခြင်းကို မည်သည့်အခါမျှ မရပ်တန့်ပေ၊ လူသားမျိုးနွယ်အား ဦးဆောင်ခြင်းကို မည်သည့်အခါမျှ မရပ်တန့်ဖူးသကဲ့သို့၊ လူသားမျိုးနွယ်ကို မည်သည့်အခါမျှ ချန်ရစ်ထားဖူးခြင်း မရှိပေ။ သို့သော် လူသားမျိုးနွယ်သည် ဘုရားသခင်ကို သိရှိရန် မဆိုထားနှင့်၊ ဘုရားသခင် တစ်ပါးရှိကြောင်းကိုပင် မသိပေ။ ဘုရားသခင်၏ ဖန်ဆင်းခံအားလုံးအတွက် ဤအရာထက်သာ၍ အရှက်ရစရာ တစ်ခုတစ်လေ ရှိသလော။ ဘုရားသခင်သည် လူသားကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်လမ်းပြသော်လည်း၊ လူသားသည် ဘုရားသခင်၏အမှုကို နားမလည်ပေ။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး ဖြစ်သော်လည်း၊ သင်၏ ကိုယ်ပိုင်သမိုင်းကို သင် နားမလည်သကဲ့သို့၊ သင်၏လမ်းခရီးတွင် မည်သူက သင့်ကို ဦးဆောင်လမ်းပြခဲ့သည်ကို သင်မသိပေ၊ သင်သည် ဘုရားသခင် လုပ်ဆောင်သည့်အမှုကို မသိသောကြောင့်၊ ဘုရားသခင်ကို မသိနိုင်ပေ။ သင် ယခုမသိပါက၊ သင့်အနေဖြင့် ဘုရားသခင်အဖို့ သက်သေခံရန် မည်သည့်အခါမျှ အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။ ယနေ့ခေတ်တွင်၊ ဖန်ဆင်းရှင်သည် လူအားလုံးကို နောက်တစ်ဖန် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး၊ လူအားလုံးကို သူ၏ဉာဏ်ပညာ၊ အနန္တတန်ခိုး၊ ကယ်တင်ခြင်းနှင့် အံ့သြဖွယ်ကောင်းခြင်းတို့ကို ရှုမြင်စေ၏။ သို့ရာတွင် သင်သည် သဘောမပေါက်သေး သို့မဟုတ် နားလည်းမလည်သေးပေ။ ထို့ကြောင့် သင်သည် ကယ်တင်ခြင်း မရရှိမည့် လူတစ်ဦး မဟုတ်လော။ စာတန်နှင့် သက်ဆိုင်သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်သော်လည်း၊ ဘုရားသခင်နှင့် သက်ဆိုင်သူများသည် ဘုရားသခင်၏ အသံကို ကြားနိုင်ကြ၏။ ငါပြောဆိုသည့် နှုတ်ကပတ်တော်ကို သဘောပေါက်သူ အားလုံးသည် ကယ်တင်ခံရမည့်သူများနှင့် ဘုရားသခင်အဖို့ သက်သေခံမည့်သူများ ဖြစ်ကြ၏။ ငါပြောသည့် နှုတ်ကပတ်တော်များကို နားမလည်သူ အားလုံးတို့သည် ဘုရားသခင်အဖို့ သက်သေမခံနိုင်ကြသကဲ့သို့ ဖယ်ရှားရှင်းလင်းခြင်းခံရမည့် သူများဖြစ်ကြ၏။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သကဲ့သို့၊ ဘုရားသခင်၏အမှုကို သဘောမပေါက်သူများသည် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို ရရှိနိုင်စွမ်း မရှိသူများ ဖြစ်ပြီး ထိုသို့သောသူများသည် ဘုရားသခင်အဖို့ သက်သေမခံနိုင်ပေ။ သင်သည် ဘုရားသခင်အဖို့ သက်သေခံလိုပါက၊ ဘုရားသခင်ကို သိရမည်။ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာသည် ဘုရားသခင်၏အမှုမှတစ်ဆင့် ပြီးမြောက်ပေသည်။ အားလုံးကို ခြုံငုံကြည့်ပါက၊ သင်သည် ဘုရားသခင်ကို သိလိုပါက၊ ဘုရားသခင်၏အမှုကို သိရမည်။ ဘုရားသခင်၏ အမှုကိုသိခြင်းသည် အရေးကြီးဆုံး ဖြစ်သည်။ အမှု၏ အဆင့်သုံးဆင့် အဆုံးသတ်သို့ ရောက်လာသည့်အခါ၊ ဘုရားသခင်အဖို့ သက်သေခံသူများ အုပ်စု၊ ဘုရားသခင်ကို သိသူများ အုပ်စုတစ်စုကို ပြုလုပ်လိမ့်မည်။ ဤလူအားလုံးသည် ဘုရားသခင်ကို သိလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ ပိုင်ဆိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း အမှု၏ အဆင့်သုံးဆင့်ကို ၎င်းတို့အားလုံး သိကြလိမ့်မည်။ ဤသည်မှာ အဆုံးတွင် ပြီးမြောက်မည့် အမှုဖြစ်ပြီး၊ ဤလူတို့သည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အမှု၏ ပုံဖော်ချက် ဖြစ်ကြသကဲ့သို့၊ စာတန်၏ အဆုံးစွန် ရှုံးနိမ့်မှုအဖို့ အားအကောင်းဆုံးသော သက်သေခံချက် ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲမှ ပါဝင်သည့် အကြောင်းအရာကို သင်တို့ ပိုမို နားလည်လာကြစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့ သိရှိအောင် အားထုတ်ရန် ငါ တိုက်တွန်းသည်။ သို့မဟုတ်လျှင် သင်တို့အနေဖြင့်နှုတ်များကို ပိတ်ထားရန်နှင့် လျှာအရိုးမရှိတိုင်း ဟိတ်ဟန်ထွားသောစကားများ လွန်စွာပြောခြင်းကိုတားမြစ်ရန် ခက်ခဲပြီး၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် အလင်း၏ မျက်မှောက်ကို ဆုံးရှုံးရလျက်၊ ဘုရားသခင်၏ စိတ်သဘောထားကို အမှုမဲ့အမှတ်မဲ့ ပြစ်မှားမိကာ အမှောင်ထဲသို့ ကျဆင်းရလိမ့်မည်။ သင်တို့သည် သင်တို့၏ အပြုအမူများ၌ ကိုယ်ကျင့်တရား မကောင်းသောကြောင့်၊ မပြောသင့် မလုပ်သင့်သည့် အရာများကို သင်ပြောမိလုပ်မိသောကြောင့်၊ ထိုက်သင့်သော ဒဏ်ခတ်မှုကို သင်ခံရလိမ့်မည်။ သင်သိသင့်သည့် အချက်မှာ သင်သည် အပြောနှင့်အလုပ်၌ သိက္ခာမဲ့သော်ငြားလည်း၊ ဘုရားသခင်က ထိုကိစ္စရပ်နှစ်ခုစလုံး၌ လွန်စွာသိက္ခာရှိသူဖြစ်သည်။ သင့်ကို ဒဏ်ခတ်ရခြင်း အကြောင်းရင်းမှာလည်း သင်သည် လူသားတစ်ဦးကို စော်ကားမိခဲ့ခြင်း မဟုတ်၊ ဘုရားသခင်ကို စော်ကားမိခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သင့်ဘဝ၌ သင်သည် ဘုရားသခင်၏ စိတ်သဘောထားအား ပြစ်မှားစော်ကားခြင်းကို များစွာ ကျူးလွန်မိလျှင်၊ ငရဲသားဖြစ်ရန် သေချာသည်။ လူသားအတွက် သမ္မာတရားနှင့် မကိုက်ညီသည့် လုပ်ဆောင်ချက် အနည်းငယ်ကိုသာ ကျူးလွန်မိပြီး သည်ထက်မပိုပုံ ရနိုင်သည်။ သို့ရာတွင် ဘုရားသခင်၏ အမြင်၌ သင်သည် သင့်အတွက် အပြစ်ဖြေရာယဇ် မရှိတော့သောသူတစ်ဦး ဖြစ်နှင့်ပြီးသည်ကို သတိပြုမိသလော။ သင်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို တစ်ကြိမ်ထက်ပို ဖောက်ဖျက်ပြီးသည့်အပြင် နောင်တရသည့် အရိပ်လက္ခဏာ မပြခဲ့ခြင်းကြောင့် ဘုရားသခင်က လူသားအား အပြစ်ပေးသည့်ငရဲသို့ သင် ကျဆင်းသွားရမည်မှာ မလွဲဧကန် ဖြစ်သည်။ ဘုရားသခင်၏ နောက်သို့လိုက်စဉ် လူနည်းစုတစ်စုက ကိုယ်ကျင့်တရား ဖောက်ဖျက်သည့် လုပ်ရပ်အချို့ကို ကျူးလွန်မိကြသည်၊ သို့ရာတွင် ပြုပြင်ပြီး၊ လမ်းပြခြင်း ခံရပြီးသည့်နောက်တွင်၎င်းတို့သည် ၎င်းတို့၏ စာရိတ္တပျက်စီးမှုကို တဖြည်းဖြည်း သိမြင်လာကြပြီးနောက် စစ်မှန်မှု လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိလာကာ ယနေ့အထိ ကောင်းကောင်း အသိတရားရှိစွာ ဆက်လက် နေထိုင်သွားကြသည်။ ထိုကဲ့သို့သော လူသားများသည် အဆုံး၌ ကျန်ရှိနေမည့် သူများ ဖြစ်ကြသည်။ သို့သော် ငါရှာဖွေနေသည်မှာ ရိုးသားသူများဖြစ်သည်၊ အကယ်၍ သင်သည် ရိုးသားသူ တစ်ယောက်ဖြစ်ပြီး အခြေခံသဘောတရားအတိုင်း ပြုမူသူဖြစ်လျှင် သင်သည် ဘုရားသခင်၏ လူယုံတော် တစ်ယောက် ဖြစ်နိုင်သည်။ သင်၏ပြုမူချက်များတွင် သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို မပြစ်မှားမိဘဲ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေကာ ဘုရားသခင်ကို ကြောက်ရွံ့သောနှလုံးသား ရှိသူဖြစ်လျှင် သင်၏သက်ဝင်ယုံကြည်မှုသည် စံချိန်မီသည်။ ဘုရားသခင်ကို မကြောက်ရွံ့ဘဲ ထိတ်လန့်တုန်လှုပ်သည့် စိတ်နှလုံးမရှိသူ မည်သူမဆိုသည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အလွယ်တကူ ချိုးဖောက်ဖြစ်လိမ့်မည်။ လူအများအပြားက ၎င်းတို့၏စိတ်အားထက်သန်မှု အင်အားကြောင့် ဘုရားသခင်ထံတွင် အစေခံကြသော်လည်း၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို နားမလည်ကြဘဲ၊ သူ၏ နှုတ်ကပတ်တော်များ၏ သွယ်ဝိုက်ပြောဆိုမှုကို အရိပ်အမြွက်မျှ သိနားလည်ဖို့ သာ၍ နည်းပါးနေသေးသည်။ ထို့ကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်ကောင်းများဖြင့် အဆုံး၌ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မကြာခဏ နှောင့်ယှက်တတ်သည့် အရာများလုပ်ဆောင်ကြပေသည်။ ပြင်းထန်ဆိုးရွားသော ကိစ္စများ၌ ထိုသူတို့သည် ဘုရားအိမ်တော်မှ နှင်ထုတ်ခြင်းခံရပြီး ဘုရားသခင်၏နောက်သို့ထပ်မံ လိုက်ပါ ခွင့်မရတော့ဘဲ၊ အဆုံး၌ ဘုရားသခင်၏ အိမ်တော်နှင့် ဆက်နွှယ်မှု အားလုံးတို့ကို ဖြတ်တောက်ကာ ငရဲသို့ပစ်ချခံရသည်။ ဤလူများသည် ဘုရားသခင်၏ အိမ်တော်၏ အလုပ်ကို ၎င်းတို့၏ မသိနားမလည်သော ရည်ရွယ်ချက်ကောင်းများ၏ ခွန်အားဖြင့် လုပ်ကိုင်ကြပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဒေါသဖြစ်စေခြင်းဖြင့် အဆုံးသတ်ကြ၏။ လူတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ၎င်းတို့၏အကြီးအကဲများနှင့် သခင်များကို အလုပ်အကျွေး ပြုပုံများ ယူဆောင်လာပြီး၊ ဤနေရာ၌ ၎င်းတို့ကို သက်သောင့်သက်သာ အလွယ်ကလေးနှင့် အသုံးချနိုင်မည်ဟု အချည်းနှီးတွေးထင်ကြကာ ထည့်သွင်း လုပ်ဆောင်ရန် ကြိုးပမ်းကြသည်။ ဘုရားသခင်ထံတွင် သိုး၏ စိတ်သဘောထားမရှိဘဲ၊ ခြင်္သေ့၏ စိတ်သဘောထားသာ ရှိသည်ကို ထိုသူတို့ မည်သည့်အခါမျှ မတွေးမိခဲ့ကြပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ပထမဦးဆုံး ပတ်သက်သူများသည် ဘုရားသခင်နှင့် ဆက်သွယ်ပြောဆို၍ မရနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှလုံးသားသည် လူသား၏နှလုံးသားနှင့် မတူသောကြောင့်ဖြစ်သည်။ သမ္မာတရား များစွာကို သင်နားလည်ပြီးသည့် နောက်မှသာ ဘုရားသခင် အကြောင်းကို သင် အဆက်မပြတ် သိနိုင်လာလိမ့်မည်။ ဤအသိသည် စကား အသုံးအနှုန်းများ၊ အယူဝါဒများတို့ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ၊ ဘုရားသခင်က သင့်ကို ကျေနပ်ပီတိဖြစ်သည့် သက်သေ အဖြစ်လည်းကောင်း၊ ဘုရားသခင် ထံပါးသို့ ယုံကြည်မှုရှိရှိ ဝင်ရောက်နိုင်ခြင်းအတွက် ရတနာတစ်ပါး အနေဖြင့်လည်းကောင်း အသုံးပြုနိုင်သည်။ သင့်ထံတွင် လက်တွေ့ကျသော အသိမရှိ၊ သမ္မာတရားနှင့် ပြည့်စုံခြင်းလည်း မရှိပါက၊ သင်၏ ပြင်းပြသော အစေခံမှုသည် သင့်ထံသို့ ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ရွံရှာမှုတို့သာ ယူဆောင်လာ ပေးနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ဘုရားအလိုတော်နှင့်အညီ အစေခံနည်းကျူး

ဘုရားသခင်၏ လုပ်ဆောင်မှုများကို သိခြင်းဖြင့်သာ သူ့အား စစ်မှန်သော သက်သေခံခြင်းကို ပေးနိုင်သည်

ဘုရားကို သိကျွမ်းသူများသာ သူ့အတွက် သက်သေခံနိုင်၏ကျူး

အရှေ့သို့- ၄၅။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်နည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။