၂၁။ မိမိစိတ်ဆန္ဒအတိုင်း အလုပ်လုပ်ခြင်း ပြဿနာကို ဖြေရှင်းနည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေမခံနိုင်ပေ။ သင်၏ စိတ်သဘောထားသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးပါက၊ သင်၏ စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေဆဲဖြစ်သည်၊ ယင်းက သင်သည် သင်ကိုယ်တိုင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို အစေခံသည်၊ သင်၏ အစေခံခြင်းသည် သင်၏စာတန်ဆန်သော သဘာဝအပေါ် အခြေခံထားသည်ကို သက်သေပြပေသည်။ သင်သည် သင်၏ သဘာဝအလျောက်ဖြစ်သော စရိုက်လက္ခဏာဖြင့်လည်းကောင်း၊ သင်၏ ပုဂ္ဂိုလ်ရေး အကြိုက်များအရလည်းကောင်း ဘုရားသခင်ကို အစေခံသည်။ ထိုထက်ပို၍၊ သင်လုပ်ဆောင်ရန် လိုလားနေသည့် အရာများသည် ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ကောင်းသော အရာများဖြစ်ပြီး၊ သင် လုပ်ဆောင်ရန် ဆန္ဒမရှိသည့် အရာများသည် ဘုရားသခင်အဖို့ ရွံရှာဖွယ်ရာများ ဖြစ်သည်ဟု သင် အမြဲ တွေးထင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင် အကြိုက်များအတိုင်းသာ လုံးလုံး အလုပ်လုပ်ပေသည်။ ဤအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်ဆိုနိုင်သလော။ နောက်ဆုံးတွင်၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲခြင်း အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းအစား၊ သင်၏ အစေခံခြင်းသည် သင့်ကို သာ၍ပင် ခေါင်းမာစေလိမ့်မည်ဖြစ်သည်၊ ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေကာ၊ ထိုသို့ဖြင့် သင်၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် သင်၏ကိုယ်ပိုင် စိတ်သဘောထား အတိုင်း အစေခံခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အဓိက အခြေခံသည့်၊ ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းများသည် သင်၏အတွင်းတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် လူသား၏ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဖြစ်သည်။ ယင်းသည် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် လူသား၏ အတွေးအခေါ်ဖြစ်သည်။ ဤသို့သော လူတို့ကို ဖာရိရှဲနှင့် ဘာသာရေး အရာရှိများအဖြစ် အမျိုးအစား သတ်မှတ်နိုင်‌ပေသည်။ ၎င်းတို့သည် လုံးဝ မနိုးထသကဲ့သို့ နောင်တမရပါက၊ နောက်ဆုံးသော ကာလတွင် လူတို့ကို အထင်အမြင်မှားစေသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားကြလိမ့်မည်။ အဆိုပါ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များသည် ထိုသို့သော လူများကြားမှ ထွက်ပေါ်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော သူတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျင့်စရိုက်နောက်လိုက်ပြီး မိမိတို့ကိုယ်တိုင်၏ အလိုဆန္ဒအတိုင်း ပြုမူကြပါက၊ အချိန်မရွေး ဖယ်ရှားရှင်းလင်းခြင်းခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ စိတ်နှလုံးများကို သိမ်းသွင်းရန်၊ ၎င်းတို့ကို ဩဝါဒပေးရန်နှင့် ဘောင်ခတ်ရန်၊ ပြီးလျှင် အထက်စီး၌နေရန်၊ ဘုရားသခင်အား အစေခံရာတွင် ရရှိထားသော ၎င်းတို့၏ နှစ်များစွာ အတွေ့အကြုံကို အသုံးချသောသူများ၊ ပြီးလျှင် မည်သည့်အခါမျှ နောင်တမရသောသူများ၊ မိမိတို့၏ အပြစ်များကို မည်သည့်အခါတွင်မျှ ဝန်မချသောသူများနှင့် အဆင့်အတန်း၏ အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများဖြစ်သည့် ဤလူများသည် ဘုရားသခင်ရှေ့မှောက်တွင် လဲကျကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ဝါရင့်မှုကြောင့် ရောင့်တက်ကာ၊ ၎င်းတို့၏ အရည်အချင်းများကို ကြွားလုံးထုတ်ရင်း၊ ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။ ဘုရားသခင်သည် ဤသို့သော လူများကို စုံလငစအောင်ပြုလုပ်ပေးမည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အမှုကို နှောင့်ယှက်လေသည်။ လူတို့သည် ဟောင်းသောအရာကို အမြဲ ဖက်တွယ်ကြ၏။ ၎င်းတို့သည် အတိတ်၏ အယူအဆများ၊ ကုန်လွန်သွားသော အချိန်ကာလများမှ အရာရာတိုင်းကို ဖက်တွယ်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အစေခံခြင်းအတွက် ကြီးမားသည့် အတားအဆီး ဖြစ်ပေသည်။ သင်သည် ထိုအရာများကို မဖယ်ရှားနိုင်ပါက၊ ဤအရာများသည် သင့်ဘဝတစ်ခုလုံးကို ပိတ်ဆို့လိမ့်မည်။ ဘုရားသခင်သည် သင် ပြေးလွှားနေရင်း သင်၏ ခြေထောက်များ ကျိုးလျှင် သို့မဟုတ် အလုပ်ကြမ်းဖြင့် သင်၏ ကျောရိုး ကျိုးလျှင်ပင်၊ ဘုရားသခင်အား သင်၏အစေခံရာ၌ သင်သည် ညှဉ်းဆဲသတ်ဖြတ်ခံရလျှင်ပင်၊ သင့်ကို အနည်းငယ်မျှပင် အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။ အတော်အတန် ဆန့်ကျင်လျက် သင်သည် မတရားသဖြင့် ကျင့်သောသူတစ်ဦး ဖြစ်သည်ဟု ဘုရားသခင် ပြောလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်

လူအချို့သည် မိမိတို့တာဝန်ကို လုပ်ဆောင်စဉ် သမ္မာတရား စည်းမျဉ်းများ ရှာဖွေခြင်းကို အာရုံမစိုက်ကြဘဲ ထိုအစား ပြုမူဆောင်ရွက်ရန် မိမိတို့ ကိုယ်ပိုင် အလိုဆန္ဒကို အမှီပြုကြသည်။ အားကောင်းသည့် ကိုယ်ရေးကိုယ်တာ စိတ်ကူးများရှိသော တစ်စုံတစ်ဦးတွင် အတွေ့ရဆုံးသော သရုပ်သကန်မှာ အဘယ်နည်း။ ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့ ချင့်ချိန်နိုင်သမျှအရာအားလုံးကို ချင့်ချိန်လျက်၊ လုံးစေ့ပတ်စေ့ အစီအစဉ်တစ်ခုကို ဖန်တီးလျက်၊ မိမိတို့ စိတ်ထဲတွင် အမှုအရာများကို ဦးစွာ တွက်ချက်ကြလေသည်။ ထိုအစီအစဉ်တွင် ဟာကွက်များမရှိဟု ၎င်းတို့ ခံစားရသည့်အခါ၊ မိမိတို့ ကိုယ်ပိုင် အလိုဆန္ဒနှင့်အညီ လုံးလုံးလျားလျား လက်တွေ့လုပ်ဆောင်ကြသည်။ အကျိုးဆက်မှာ ၎င်းတို့၏ အစီအစဉ်သည် အပြောင်းအလဲများကို အမီမလိုက်နိုင်သောကြောင့် တစ်ခါတစ်ရံ အမှုအရာများက မှားယွင်းသွားသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ သင်၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်း ပြုမူဆောင်ရွက်သည့်အခါ အမှုအရာများက မကြာခဏ မှားယွင်းသွားတတ်ပေသည်။ ထို့ကြောင့် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ လူတိုင်းက ထိုင်ပြီး သမ္မာတရားကို အတူတကွ ရှာဖွေသင့်သည်။ ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ သူ၏ လမ်းပြမှုကို တောင်းလျှောက်သင့်ပေသည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းဖြင့်၊ ၎င်းတို့၏ မိတ်သဟာယမှ ထွက်လာသည့် အရာများသည် အလင်းနှင့်ပြည့်ဝပြီး၊ ရှေ့ဆက်ရမည့် လမ်းတစ်ခုကို ပေးသည်။ ထို့အပြင်၊ ဘုရားသခင်ထံ ကိစ္စရပ်များကို အပ်နှံခြင်း၊ ဘုရားသခင်ကို ကြည်ညိုခြင်း၊ မှီခိုခြင်း၊ ဘုရားသခင်အား သင့်ကိုဦးဆောင်စေခြင်းနှင့် သင့်ကို စောင့်ရှောက်ကာ ကာကွယ်စေခြင်းအားဖြင့်၊ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်၊ သင်သည် ပို၍ အာမခံချက်ရရှိလိမ့်မည်ဖြစ်ပြီး၊ မည်သည့် ကြီးမားသော ပြဿနာကိုမျှ သင် ကြုံရလိမ့်မည် မဟုတ်ပေ။ လူတို့က မိမိတို့ ခေါင်းများထဲတွင် အကြံထုတ်သည့်အရာများသည် အမှန်တရားများနှင့် လုံးဝ ကိုက်ညီနိုင်သလော။ ယင်းတို့သည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီနိုင်သလော။ ဤသည်မှာ မဖြစ်နိုင်ပေ။ သင်သည် တာဝန်ထမ်းဆောင်သောအခါတွင် ဘုရားသခင်ကို အမှီမပြု၊ အားမကိုးဘဲ၊ သင်ဆန္ဒရှိသလိုသာ လုပ်ဆောင်လျှင် သင်သည် မည်မျှတော်သည်ဖြစ်စေ ကျရှုံးသည့်အချိန်များ အစဉ် ရှိနေလိမ့်မည်။ မာနထောင်လွှားပြီး မိမိမှန်သည်ဟု မှတ်ယူသောလူများသည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများနောက်သို့ လိုက်လေ့ရှိသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိသလော။ ပြင်းထန်သည့် တစ်ကိုယ်ရေ စိတ်ကူးများရှိသောလူများသည် ဘုရားသခင်ကို မေ့လျော့ကြကာ အချိန်ကျသောအခါတွင် ၎င်းတို့သည် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို မေ့လျော့ကြသည်။ ၎င်းတို့သည် လမ်းဆုံးရောက်သောအခါ၊ မည်သည့်အရာကိုမျှ ပြီးမြောက်ရန် မတတ်နိုင်သောအခါတွင်မှသာ ၎င်းတို့သည် ဘုရားသခင်အား ကျိုးနွံနာခံခြင်း မရှိခဲ့ကြသကဲ့သို့ ဘုရားသခင်ထံ ဆုမတောင်းခဲ့ကြသည်ကို တွေးမိကြသည်။ ဤသည်မှာမည်သည့်ပြဿနာဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်မရှိခြင်း ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မရှိကြောင်း၊ ပြီးလျှင် မိမိတို့ကိုယ်တိုင်အပေါ်တွင်သာ ၎င်းတို့ မှီခိုကြကြောင်းကို ညွှန်ပြနေသည်။ ထို့ကြောင့် သင်သည် အသင်းတော်အလုပ်ကို လုပ်ဆောင်နေသည်ဖြစ်စေ၊ တာဝန်ထမ်းဆောင်နေသည်ဖြစ်စေ၊ ပြင်ပအရေးကိစ္စအချို့ကို ကိုင်တွယ်နေသည်ဖြစ်စေ၊ သို့မဟုတ် သင်ကိုယ်တိုင်၏ဘဝတွင် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ သင်၏ စိတ်နှလုံးတွင် စည်းမျဉ်းများရှိရမည်။ အခြေအနေတစ်ခုရှိရမည်။ မည်သည့် အခြေအနေနည်း။ “မည်သည့်အရာဖြစ်စေ၊ ကျွန်ုပ်အပေါ်တွင် တစ်စုံတစ်ရာ မဖြစ်ပျက်မီ ကျွန်ုပ် ဆုတောင်းရမည်။ ဘုရားသခင်ကို ကျွန်ုပ် ကျိုးနွံနာခံသင့်ပြီး၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံသင့်သည်။ အရာရာတိုင်းကို ဘုရားသခင်က စီစဉ်ထားခြင်းဖြစ်ပြီး၊ ထိုအရာဖြစ်ပျက်သောအခါတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ်ရှာဖွေရမည်။ ကျွန်ုပ်တွင် ဤစိတ်နေစိတ်ထားရှိရမည်။ ကျွန်ုပ်၏ ကိုယ်ပိုင်အစီအစဉ်များကို မပြုလုပ်ရပေ။” ဤသို့ အချိန်အနည်းငယ် တွေ့ကြုံပြီးနောက်တွင် လူတို့သည် အမှုမဲ့အမှတ်မဲ့ဆိုသလို အမှုအရာများစွာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာအား စတင်၍ တွေ့ရလိမ့်မည်။ သင်သည် အစဉ်သဖြင့် ကိုယ်ပိုင်အစီအစဉ်များ၊ စဉ်းစားသုံးသပ်ခြင်းများ၊ ဆန္ဒများ၊ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ၊ တောင့်တမှုများရှိလျှင် သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ အမှတ်တမဲ့ သွေဖည်သွားလိမ့်မည်။ ဘုရားသခင်က မည်သို့လုပ်ဆောင်သည်ကို သင် မြင်ရလိမ့်မည်မဟုတ်ပေ။ အချိန်အများစုတွင် ဘုရားသခင်သည် သင့်ထံမှ ကွယ်ဝှက်နေလိမ့်မည်။ သင်သည် အမှုအရာများကို ကိုယ်ပိုင်စိတ်ကူးများအရ လုပ်ဆောင်ရသည်ကို မနှစ်သက်သလော။ သင်သည် ကိုယ်ပိုင်အစီအစဉ်များကို မပြုလုပ်သလော။ သင်သည် အသိဉာဏ်ရှိသည်၊ ပညာတတ်ဖြစ်သည်၊ အသိပညာရှိသည်၊ သင့်တွင် အမှုအရာများကို လုပ်ဆောင်ရန် နည်းလမ်းများနှင့် နည်းပညာရှိသည်၊ ယင်းတို့ကို သင့်ဘာသာလုပ်ဆောင်နိုင်သည်၊ သင်သည် တော်သည်၊ ဘုရားသခင်ကို မလိုအပ်ပေဟု သင် ထင်သည်။ ထို့ကြောင့် ဘုရားသခင်က ပြောသည်။ “ဤသို့ဆိုလျှင် သွား၍ သင့်ဘာသာ လုပ်ဆောင်လော့။ ကောင်းမွန်သည်ဖြစ်စေ၊ မကောင်းမွန်သည်ဖြစ်စေ တာဝန်ယူလော့။ ငါ ဂရုမစိုက်ပေ။” ဘုရားသခင်က သင့်ကို အရေးမစိုက်ပေ။ လူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် ဤနည်းဖြင့် မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒနောက်လိုက်ပြီး ၎င်းတို့ ယုံကြည်ချင်သလို ယုံကြည်ကြလျှင် အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မည်သည့်အခါမျှ မတွေ့ကြုံနိုင်ပေ။ ဘုရားသခင်၏ လက်တော်ကို မည်သည့်အခါမျှ မမြင်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုကို မည်သည့်အခါမျှ မခံစားရနိုင်ပေ။ ဘုရားသခင်၏ လမ်းပြမှုကို မခံစားရနိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ မည်သည့်အရာ ဖြစ်ပျက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ပို၍ပင် ဝေးကွာသွားလိမ့်မည်ဖြစ်ပြီး ဆင့်ပွားသက်ရောက်မှုများရှိလိမ့်မည်။ မည်သည့်သက်ရောက်မှုများဖြစ်သနည်း။ (ဘုရားသခင်ကို သံသယဝင်ပြီး ငြင်းဆန်ခြင်းဖြစ်သည်။) ဤသည်မှာ ဘုရားသခင်ကို သံသယဝင်ပြီး ငြင်းဆန်ခြင်းကိစ္စတစ်ခု သက်သက်မဟုတ်ပေ။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးတွင် နေရာမရှိသကဲ့သို့ ရေရှည်တွင် ၎င်းတို့သည် ၎င်းတို့ဆန္ဒရှိသည့်အတိုင်းလုပ်ဆောင်ကြသည့်အခါ၊ အလေ့အကျင့်တစ်ခု ဝင်လာလိမ့်မည်။ ၎င်းတို့အပေါ်တွင် တစ်စုံတစ်ခုဖြစ်ပျက်သည့်အခါ ၎င်းတို့လုပ်ဆောင်မည့် ပထမဆုံးသောအရာမှာ ၎င်းတို့၏ ကိုယ်ပိုင်ဖြေရှင်းချက်ကို စဉ်းစားရန်၊ ၎င်းတို့၏ ကိုယ်ပိုင် အရင်းခံအကြောင်းရင်းများ၊ ရည်ရွယ်ချက်များနှင့်အညီ လုပ်ဆောင်ရန်၊ အစီအစဉ်များကို စဉ်းစားခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် အကျိုးအမြတ်ရှိမရှိကို အရင်ဆုံး စဉ်းစားကြလိမ့်မည်။ အကျိုးအမြတ်ရှိလျှင် ၎င်းတို့က လုပ်ဆောင်လိမ့်မည်။ အကျိုးအမြတ်မရှိလျှင် လုပ်ဆောင်မည်မဟုတ်ပေ။ ဤလမ်းကြောင်းကို တိုက်ရိုက်လျှောက်လှမ်းခြင်းသည် ၎င်းတို့၏ အလေ့အကျင့်ဖြစ်လာလိမ့်မည်။ ၎င်းတို့သည် နောင်တရခြင်းမရှိဘဲ ဤသို့ဆက်လက်လုပ်ဆောင်နေလျှင် ထိုသို့သောလူတို့ကို ဘုရားသခင်က မည်သို့ ဆက်ဆံလိမ့်မည်နည်း။ ဘုရားသခင်သည် ၎င်းတို့ကို အရေးစိုက်မည်မဟုတ်ဘဲ တစ်ဖက်တွင် ထားထားလိမ့်မည်။ တစ်ဖက်တွင် ထားရှိခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က ၎င်းတို့ကို ပဲ့ပြင်ဆုံးမလိမ့်မည်မဟုတ်သကဲ့သို့ ပြစ်တင်ဝေဖန်လိမ့်မည်လည်း မဟုတ်ပေ။ ၎င်းတို့သည် ဉာဏ်အလင်းပေးခံရခြင်း၊ အလင်းပြခြင်း သို့မဟုတ် လမ်းပြခြင်းတို့ကို မဆိုထားနှင့်၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပဲ့ပြင်ဆုံးမခြင်း သို့မဟုတ် အပြစ်ဖော်ဆုံးမခြင်းတို့ပင် မရှိဘဲ ပို၍ စိတ်အလိုလိုက်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ တစ်ဖက်တွင် ထားရှိခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်က တစ်စုံတစ်ဦးကို တစ်ဖက်တွင် ထားရှိသည့်အခါ သူသည် မည်သို့ ခံစားရသနည်း။ ၎င်း၏ စိတ်ဝိညာဉ်က မှောင်မည်းလာသည်။ ဘုရားသခင်က ၎င်းနှင့်အတူ မရှိ။ ၎င်းသည် ရူပါရုံများနှင့်ပတ်သက်၍ မရှင်းမလင်း ခံစားရသည်။ ပြုမူဆောင်ရွက်ရမည့် လမ်းကြောင်း မရှိသကဲ့သို့ မိုက်မဲသော ကိစ္စရပ်များကိုသာ ကိုင်တွယ်ဖြေရှင်းရသည်။ ဤသို့ အချိန်ကုန်ဆုံးသည်နှင့်အမျှ၊ ဘဝက အဓိပ္ပာယ်မရှိဟု ၎င်းက တွေးထင်ပြီး၊ ၎င်း၏ စိတ်ဝိညာဉ်များက အနှစ်မဲ့ကြသည်။ ထို့ကြောင့် ၎င်းသည် ဘာသာတရားမရှိသူများနှင့် အတူတူပင် ဖြစ်ပြီး၊ ပို၍ အကျင့်ပျက်လာကြသည်။ ဤသည်မှာ ဘုရားသခင်၏ ပစ်ပယ်ခြင်းခံရသော လူတစ်ဦး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ

လူအချို့အတွက် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ မည်သည့်ပြဿနာကို တွေ့ကြုံကြပါစေ၊ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေဘဲ ၎င်းတို့၏ကိုယ်ပိုင် အတွေးများ၊ အယူအဆများ၊ စိတ်ကူးများနှင့် အလိုဆန္ဒများနှင့်အညီ အစဉ်ပြုမူလုပ်ဆောင်ကြ၏။ အစမှ အဆုံးအထိ ၎င်းတို့သည် ၎င်းတို့၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းနေကြပြီး ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏လုပ်ဆောင်ချက်များကို ထိန်းချုပ်နေ၏။ ၎င်းတို့သည် ၎င်းတို့တာဝန်များကို အစဉ်ထမ်းဆောင်နေခဲ့သည့်ပုံစံ ပေါ်ကောင်းပေါ်နိုင်သည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံသောကြောင့်၊ အမှုအရာများကို သမ္မာတရားစည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် ပျက်ကွက်သောကြောင့်၊ အဆုံးတွင် သမ္မာတရားနှင့် အသက်ကို ၎င်းတို့မရရှိနိုင်ဘဲ နာမည်နှင့် ထိုက်တန်သည့် အလုပ်လုပ်ပေးသူများ ဖြစ်လာကြသည်။ ထို့ကြောင့် ထိုသို့သော လူတို့သည် မိမိတို့၏ တာဝန်များကို ဆောင်ရွက်နေချိန်တွင် မည်သည့်အရာများအပေါ် မှီခိုနေကြသနည်း။ ၎င်းတို့သည် သမ္မာတရားအပေါ် မှီခိုနေခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်ကို မှီခိုနေခြင်းလည်း မဟုတ်ပေ။ ၎င်းတို့နားလည်သော ထိုသမ္မာတရားအနည်းငယ်သည် ၎င်းတို့၏စိတ်နှလုံးများထဲ၌ အချုပ်အခြာအာဏာ မရယူထားပေ။ ၎င်းတို့သည် ဤတာဝန်များကို ထမ်းဆောင်ရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင် ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်များအပေါ်၊ ၎င်းတို့ရရှိထားသည့် မည်သည့် အသိပညာမဆိုအပြင် ၎င်းတို့၏ ကိုယ်ပိုင်စိတ်စွမ်းအား၊ သို့မဟုတ် ကောင်းသောရည်ရွယ်ချက်များအပေါ်တွင်ပါ အမှီပြုကြသည်။ ဤသည်မှာ မှန်ကန်ပါက ၎င်းတို့သည် မိမိတို့၏ တာဝန်များကို လက်ခံနိုင်လောက်သော စံနှုန်းတစ်ခုဖြင့် ထမ်းဆောင်နိုင်မည်လော။ လူတို့သည် ၎င်းတို့တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ သဘောသဘာဝ၊ အယူအဆများ၊ စိတ်ကူးများ၊ ကျွမ်းကျင်မှုများ၊ သင်ယူမှုများတို့ကို အားကိုးသောအခါ ၎င်းတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်နေပြီး မကောင်းမှုကို မကျူးလွန်သည့်ပုံစံပေါ်နိုင်သော်လည်း ၎င်းတို့က သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နေကြပေ။ ဘုရားသခင်အတွက် ကျေနပ်ဖွယ်ရာဖြစ်သည့်အရာတစ်ခုမျှ မလုပ်ဆောင်ထားကြပေ။ လျစ်လျူရှု၍မရသည့် အခြားပြဿနာတစ်ခုလည်းရှိသည်။ သင်၏တာဝန်ကို ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အတွင်းတွင်၊ အကယ်၍ သင်၏အယူအဆများ၊ စိတ်ကူးများနှင့် ကိုယ်ပိုင်အလိုဆန္ဒများ မည်သည့်အခါမျှ မပြောင်းလဲဘဲ သမ္မာတရားနှင့် မည်သည့်အခါမျှ အစားထိုးခြင်း မရှိပါက၊ ပြီးလျှင် သင်၏လှုပ်ရှားမှုများနှင့် လုပ်ဆောင်ချက်များမှာ သမ္မာတရားစည်းမျဉ်းများနှင့်အညီ မည်သည့်အခါမျှ လုပ်ဆောင်ခြင်းမရှိပါက၊ နောက်ဆုံးရလဒ်မှာ မည်သို့ ဖြစ်လိမ့်မည်နည်း။ သင်သည် အသက်ဝင်ရောက်မှု ရှိမည်မဟုတ်ပေ။ သင်သည် အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်လာလိမ့်မည်။ ဤနည်းအားဖြင့် သခင်ယေရှု၏ စကားများကို ပြည့်စုံစေလိမ့်မည်။ “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃) ဘုရားသခင်သည် လုံ့လဝီရိယကို အသုံးပြုပြီး အလုပ်လုပ်ပေးခြင်းကို လုပ်ဆောင်သော ဤလူတို့အား မကောင်းမှုပြုသူများဟု အဘယ့်ကြောင့် ခေါ်သနည်း။ ငါတို့တွင် သေချာနိုင်သော အချက်တစ်ချက်ရှိသည်၊ ယင်းမှာ မည်သည့် တာဝန်များ သို့မဟုတ် အလုပ်ကို ဤလူတို့က လုပ်ဆောင်ပါစေ၊ ၎င်းတို့၏ အရင်းခံအကြောင်းရင်းများ၊ တွန်းအား၊ ရည်ရွယ်ချက်များနှင့် အတွေးများသည် သူတို့၏ လိုအင်ဆန္ဒများမှ လုံးလုံးလျားလျား ထွက်ပေါ်လာကာ ယင်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် ရှေ့ရေးများကို ကာကွယ်ရန်၊ မိမိတို့၏ ကိုယ်ပိုင်သိက္ခာနှင့် အဆင့်အတန်းကိုလည်း ကာကွယ်စောင့်ရှောက်ရန်နှင့် ၎င်းတို့၏ ပကာသနကို ဖြည့်ဆည်းရန် လုံးလုံးလျားလျား ဖြစ်သည်။ ၎င်းတို့၏ စဉ်းစားမှုများနှင့် တွက်ချက်မှုများ အားလုံးတို့သည် ဤအရာများကို ဗဟိုပြုထားကာ ၎င်းတို့ စိတ်နှလုံးတွင် သမ္မာတရားမရှိဘဲ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကျိုးနွံနာခံသော စိတ်နှလုံးမရှိကြပေ။ ဤသည်မှာ ပြဿနာ၏ အရင်းအမြစ်ဖြစ်သည်။ ယခုအခါတွင် သင့်တို့အတွက် လိုက်စားရန် အရေးပါသောအရာမှာ မည်သည့်အရာဖြစ်သနည်း။ အရာအားလုံးတွင် သင်တို့သည် သမ္မာတရားကို ရှာဖွေရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ၊ ဘုရားသခင်တောင်းဆိုသည့်အတိုင်း မိမိတာဝန်ကို ကောင်းမွန်စွာထမ်းဆောင်ရမည်။ ဤသို့လုပ်ဆောင်လျှင် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သင် ရရှိလိမ့်မည်။ ဤသို့ဆိုလျှင် ဘုရားသခင်တောင်းဆိုသည့်အတိုင်း သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် အသေးစိတ် မည်သည့်အရာပါဝင်သနည်း။ သင်လုပ်ဆောင်သမျှတွင် ဘုရားသခင်ကို ဆုတောင်းရန် သင်ယူရမည်။ သင့်တွင် မည်သည့်ရည်ရွယ်ချက်များရှိသည်၊ မည်သည့်အတွေးများရှိသည်၊ ဤရည်ရွယ်ချက်များနှင့် အတွေးများက သမ္မာတရားနှင့် ညီခြင်းရှိမရှိတို့ကို ဆင်ခြင်သုံးသပ်ရမည်။ မညီလျှင် ထိုအရာများကို ဘေးဖယ်ထားသင့်သည်။ ထို့နောက်တွင် သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင် လုပ်ဆောင်ပြီး ဘုရားသခင်၏ စိစစ်မှုကို လက်ခံသင့်သည်။ ဤသည်မှာ သင့်ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သေချာစေသည်။ သင့်တွင် သင်၏ကိုယ်ပိုင် ဦးတည်ချက်များနှင့် ရည်ရွယ်ချက်များရှိလျှင်၊ ထိုအရာများသည် သမ္မာတရားကို ချိုးဖောက်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကွဲလွဲသည်ကို သင်ကောင်းစွာသိသော်ငြားလည်း၊ ဖြေရှင်းချက်အတွက် ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေခြင်းမပြုသေးလျှင် ဤသည်မှာ အန္တရာယ်ရှိသည်။ သင့်အတွက် မကောင်းမှုကျူးလွန်ပြီး ဘုရားသခင်ကို ဆန့်ကျင်သောအရာများကို လုပ်ဆောင်ရန် လွယ်ကူသည်။ သင်သည် မကောင်းမှုကို တစ်ကြိမ်၊ နှစ်ကြိမ်ကျူးလွန်ပြီး နောင်တရလျှင် သင့်၌ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိသေးသည်။ သင်သည် မကောင်းမှုကို ဆက်၍ ကျူးလွန်နေလျှင်၊ သင်သည် မကောင်းမှုမျိုးစုံ ပြုလုပ်သူဖြစ်သည်။ ဤအခြေအနေတွင် သင် နောင်တမရနိုင်သေးလျှင် သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ ဘုရားသခင်သည် သင့်အား ဘေးတစ်ဖက်သို့ ဖယ်ထားလိမ့်မည်၊ သို့မဟုတ် စွန့်ပစ်လိမ့်မည်။ ဤသည်မှာ သင်သည် ဖယ်ရှားရှင်းလင်းခြင်းခံရဖို့ အန္တရာယ်ရှိနေသည့် သဘောဖြစ်သည်။ ဆိုးယုတ်မှုမျိုးစုံ ကျူးလွန်သောသူများသည် သေချာပေါက် အပြစ်ဒဏ်ပေးခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ဘုရားသခင်ကို လူ၏အစေခံခြင်းတွင် မပြုအပ်ဟု တားမြစ်ထားသော အကြီးမားဆုံးအရာမှာ မည်သည့်အရာ ဖြစ်သည်ကို သင်တို့သိသလော။ ခေါင်းဆောင်များနှင့် အမှုဆောင်အချို့တို့သည် အမြဲတစေ ကွဲပြားခြားနားဖို့၊ ကျန်သည့် လူများထက် သာလွန်ဖို့၊ ကြွားဝါဖို့နှင့် ၎င်းတို့သည် မည်မျှအမှန်တကယ် စွမ်းဆောင်နိုင်ကြောင်းကို ဘုရားသခင် မြင်စေရန်အလို့ငှာ လှည့်ကွက်အသစ်အချို့ကို ရှာဖွေဖို့ အစဉ် ကြိုးစားကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲ ဝင်ရောက်ခြင်းအပေါ် အာရုံမစိုက်ကြချေ။ ဤသည်မှာ ပြုမူလုပ်ဆောင်ဖို့ အမိုက်မဲဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားကို ထုတ်ဖော်ခြင်း အတိအကျပင် မဟုတ်သလော။ အချို့က “အကယ်၍ ကျွန်ုပ် ဤအရာကို လုပ်ဆောင်ပါက ဘုရားခင်ကို ပျော်ရွှင်စေမည်မှာ သေချာသည်။ သူက ကြိုက်လိမ့်မည်။ ဤတစ်ကြိမ်တွင် ဘုရားသခင်ကို ကျွန်ုပ်ပြသမည်။ ကျွန်ုပ်သူ့ကို ကောင်းမွန်သော အံ့ဩဖွယ်ရာတစ်ခုပေးမည်” ဟုပင် ဆိုကြသည်။ “ကောင်းမွန်သော အံ့ဩဖွယ်ရာ” သည်ကား အရေးမပါ။ ရလဒ်သည်ကား အဘယ်နည်း။ ထိုသူတို့ လုပ်ဆောင်သည့် အရာများကို လွန်စွာ အဓိပ္ပာယ်မဲ့သည်ဟု လူတို့မြင်ကြသည်။ ဘုရားအိမ်တော်၏ အလုပ်ကို ၎င်းတို့က အကျိုးမရှိစေရုံသာမက ၎င်းတို့သည် ငွေကို အလဟဿ ဖြစ်စေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ပူဇော်သက္ကာရများကို ဆုံးရှုံးမှုများ ဖြစ်စေသည်။ ဘုရားသခင်၏ ပူဇော်သက္ကာရများသည် သင် အလိုရှိသလို အသုံးချရန် မဟုတ်။ ဘုရားသခင်အတွက် ပူဇော်သက္ကာရများကို ဖြုန်းတီးပစ်ခြင်းသည် အပြစ်ဖြစ်သည်။ ထိုသူတို့သည် အဆုံးတွင် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ထံတွင် အလုပ်မလုပ်တော့ချေ။ ထို့အပြင် သူတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ သို့ဖြစ်၍ မည်သည့်အခါမျှ သင်လုပ်ချင်သည့်အရာကို စိတ်မြန်လက်မြန် မလုပ်လေနှင့်။ အကျိုးဆက်ကို သင်အဘယ်နည်းဖြင့် မစဉ်းစားဘဲ နေနိုင်သနည်း။ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီး သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ကာ တစ်ဆက်တည်းတွင် ဖယ်ရှားရှင်းလင်းခြင်းခံရလေလျှင် သင့်အတွက် ပြောစရာ ကျန်တော့မည်မဟုတ်။ သင်၏ ရည်ရွယ်ချက်သည် မည်သို့ပင်ဖြစ်စေ၊ တမင်လုပ်သည် ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ပါက သင်သည် သူ့ကို အလွယ်တကူပင် ပုန်ကန်ပြစ်မှားမိကာ သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်မိရန် လွယ်ကူလိမ့်မည်။ ယင်းသည် လူတိုင်း သတိရှိနေသင့်သည့်အရာပင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သည်နှင့်၊ သို့မဟုတ် သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလိုက်သည်နှင့် ယင်းသည် အလွန်အမင်းပင် ပြင်းထန်လေးနက်ပါက သင်က ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်ခြင်း ဟုတ်မဟုတ်ကို သူထည့်တွက်စဉ်းစားမည်မဟုတ်။ ယင်းမှာ သင် ရှင်းရှင်းလင်းလင်း မြင်သင့်သည့် ကိစ္စရပ်ပင်ဖြစ်သည်။ သင်က ဤပြဿနာကို နားမလည်နိုင်ပါက သင်သည် ပြဿနာများ ပေါ်ပေါက်လာရန် သေချာနေပေပြီ။ ဘုရားသခင်ကို အစေခံရာတွင်၊ လူတို့သည် ကြီးမားသော ခြေလှမ်းများ လှမ်းလိုကြသည်၊ ကြီးမားသော အရာများ လုပ်ဆောင်လိုကြသည်၊ ကြီးမြတ်သော စကားများ ပြောဆိုလိုကြသည်၊ ကြီးမြတ်သော အလုပ်များ ဆောင်ရွက်လိုကြသည်၊ ကြီးမားသော အစည်းအဝေးများ ကျင်းပပြီး ကြီးမြတ်သော ခေါင်းဆောင်များ ဖြစ်လိုကြလေ၏။ ထိုသို့သော ကြီးကျယ်ခမ်းနားသည့် ရည်မှန်းချက်များ သင်၌ အမြဲရှိလျှင် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို သင် ချိုးဖောက်လိမ့်မည်။ ဤအရာကို လုပ်ဆောင်သည့် လူများသည် မြန်မြန်ဆန်ဆန် သေဆုံးကြလိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အစေခံရာ၌ လိမ္မာခြင်း၊ ဘုရားတရားကိုင်းရှိုင်းခြင်း မရှိပါက၊ သို့မဟုတ် နှိုင်းချင့်မျှော်ခေါ်ခြင်း မရှိပါက သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို အနှေးနှင့်အမြန် ပုန်ကန်ပြစ်မှားမိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ အဘယ်ကြောင့် သင်လုပ်ဆောင်နေသည်၊ ဤအရာကို လုပ်ဆောင်ရန် မည်သည့် ရည်ရွယ်ချက်က သင့်ကို ညွှန်ကြားသည်၊ ယင်းကို လုပ်ဆောင်ရာတွင် မည်သည့် အဓိပ္ပါယ်ရှိသည်ဆိုသည်၊ ထိုကိစ္စရပ်၏ သဘောသဘာဝမှာ မည်သည့်အရာဖြစ်သည်နှင့် သင်လုပ်ဆောင်နေသည့်အရာက အပြုသဘောဆောင်သည့်အရာ သို့မဟုတ် အပျက်သဘောဆောင်သည့်အရာ ဟုတ်မဟုတ် ဆိုသည်တို့ကို ဦးစွာပထမ သင်နားလည်သင့်၏။ ဤကိစ္စရပ်အားလုံးကို သင် ရှင်းရှင်းလင်းလင်း သိနားလည်ရမည်။ သင့်အတွက် ကိုယ်ကျင့်တရားနှင့် ပြုမူနိုင်ရန် ဤအရာက အတော်လေး လိုအပ်ပေသည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအဖြစ် အမျိုးအစားသတ်မှတ်နိုင်သည့်အရာတစ်ခုကို သင်လုပ်ဆောင်နေပါက၊ သင် တွေးဆသင့်၏။ ကျွန်ုပ်၏ တာဝန်ကို ဝတ်ကျေတမ်းကျေသာ လုပ်ဆောင် မနေဖို့ရန်အလို့ငှာ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် မည်သို့ ကောင်းစွာ ဖြည့်ဆည်းသင့်သနည်း။ ဤကိစ္စရပ်တွင် သင် ဘုရားသခင်ကို ဆုတောင်းပြီး တိုးဝင်ချဉ်းကပ်သင့်၏။ ဘုရားသခင်ထံ ဆုတောင်းခြင်းသည် တိုးဝင်ချဉ်းကပ်ခြင်းဟူသည်မှာ ဤကိစ္စရပ်တွင် သမ္မာတရား၊ လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်း၊ ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့် ဘုရားသခင်ကို မည်သို့စိတ်ကျေနပ်စေရမည်ကို ရှာဖွေခြင်းတို့ ဖြစ်သည်။ ဆုတောင်းခြင်းသည် ဤသက်ရောက်မှုများရရှိရန်ဖြစ်သည်။ ဘုရားသခင်အား ဆုတောင်းခြင်း၊ ဘုရားသခင်ထံ နီးကပ်စွာသွားခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ခြင်းတို့သည် ဘာသာရေးအခမ်းအနားများ၊ သို့မဟုတ် အပြင်ပန်းလုပ်ဆောင်မှုများ မဟုတ်ပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်များအား ရှာဖွေပြီးနောက် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း ရည်ရွယ်ချက်အတွက် ယင်းကို လုပ်ဆောင်ခြင်းဖြစ်သည်။ သင် မည်သည့်အရာကိုမျှ မလုပ်ဆောင်ထားသည့်အချိန်တွင် “ဘုရားသခင်ကို ကျေးဇူးတင်ပါသည်” ဟု သင် အမြဲဆိုသော်လည်း၊ လုပ်ဆောင်ဖို့ အချိန်ကျလာသည့်အခါ၊ သမ္မာတရားကို လုံးဝ မရှာဖွေဘဲ ယင်းကို သင် လိုချင်သည့် နည်းလမ်းအတိုင်း ဆက်လုပ်ဆောင်ဆဲ ဖြစ်လျှင်၊ ဤ“ဘုရားသခင်ကို ကျေးဇူးတင်ပါသည်”မှာ မန္တန်တစ်ခု၊ ဝိညာဉ်ရေးရာပြည့်ဝခြင်း အတုအယောင်သာ ဖြစ်သည်။ ကျေးဇူးတင်ရှိခြင်းမျိုးသည် အပြင်ပန်း လုပ်ရပ်တစ်ခုသာ ဖြစ်၏။ သင်၏ တာဝန်ကို ထမ်းဆောင်နေချိန်တွင်၊ သင် အမြဲ စဉ်းစားသင့်၏။ “ဤတာဝန်ကို ကျွန်ုပ် မည်သို့ ထမ်းဆောင်သင့်သနည်း။ ဘုရားသခင်၏ လိုအင်ဆန္ဒမှာ အဘယ်နည်း။” သင်၏ လုပ်ရပ်များအတွက် စည်းမျဉ်းများနှင့် သမ္မာတရားများကိုရှာဖွေရန်အလို့ငှာ ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်း၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်၏ လိုအင်ဆန္ဒများကိုရှာဖွေခြင်း၊ သင်လုပ်သမျှတွင် ဘုရားနှုတ်ကပတ်တော်များ၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများမှ မသွေဖည်ခြင်း၊ ဤသည်ကသာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ယောက်ဖြစ်သည်။ ဤအရာအားလုံးတို့ကို သမ္မာတရားအား မချစ်သောလူတို့က မရရှိနိုင်ပေ။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မိမိတို့၏ ကိုယ်ပိုင်အယူအဆများနောက်သို့လိုက်သော၊ အမှုကိစ္စများကို အလွန်ရိုးရှင်းသော ဝေါဟာရများဖြင့် စဉ်းစားသော၊ သမ္မာတရားကိုလည်း မရှာဖွေသော လူများစွာရှိသည်။ စည်းမျဉ်းလုံးဝမရှိဘဲ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် တောင်းဆိုသည့်အရာနှင့်အညီ၊ သို့မဟုတ် ဘုရားသခင်ကို ကျေနပ်စေသည့်နည်းလမ်းဖြင့် မည်သို့ဆောင်ရွက်ရမည်ကို လုံးဝ မစဉ်းစားပေ။ မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒနောက်ကိုသာ ခေါင်းမာမာနှင့် လိုက်ဖို့ကိုသာသိသည်။ ဘုရားသခင်သည် ဤသို့သောလူတို့၏ စိတ်နှလုံးထဲတွင် နေရာမရှိပေ။ လူအချို့က “အခက်အခဲ ကြုံမှသာ ဘုရားကို ငါဆုတောင်းသည်။ သို့သော် သက်ရောက်မှုတစ်ခုခုရှိသည်ဟု မခံစားရသေးပေ။ ထို့ကြောင့် များသောအားဖြင့် ငါ့တွင် အမှုကိစ္စများ ဖြစ်ပျက်သည့်အခါ ယခုအခါတွင် ဘုရားကို ငါဆုမတောင်းပေ။ ဘုရားထံ ဆုတောင်းခြင်းသည် အသုံးမဝင်သောကြောင့် ဖြစ်သည်။” ဟု ပြောဆိုကြသည်။ ဤကဲ့သို့သော လူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်က လုံးလုံး မတည်ရှိပေ။ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ သာမန်အချိန်များ၌ သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများနောက်သာလိုက်ကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့၏ လုပ်ရပ်များတွင် အခြေခံသဘောတရားများ ရှိသလော။ သေချာပေါက်မရှိပေ။ ၎င်းတို့သည် အရာရာကို ရိုးရှင်းစွာ မြင်ကြသည်။ လူတို့က ၎င်းတို့ကို သမ္မာတရားစည်းမျဉ်းများကို မိတ်သဟာယ ဖွဲ့သည့်အခါတွင်ပင် ယင်းတို့ကို ၎င်းတို့က လက်မခံနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ လုပ်ရပ်များတွင် မည်သည့်အခါမျှ အခြေခံသဘောတရားတစ်ခုမှ မရှိခဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်က နေရာမရှိဘဲ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့မှလွဲ၍ မည်သူမျှ မရှိပေ။ ၎င်းတို့၏ ရည်ရွယ်ချက်များက ကောင်းသည်ဟုလည်းကောင်း၊ မကောင်းမှုကို ကျူးလွန်ခြင်းမရှိဟူ၍ လည်းကောင်း၊ သမ္မာတရားကို ၎င်းတို့က ချိုးဖောက်နေသည်ဟု သတ်မှတ်၍ မရနိုင်ဟုလည်းကောင်း ၎င်းတို့က ခံစားမိကြသည်။ မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များအတိုင်း လုပ်ဆောင်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သင့်သည်၊ ထိုသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း ဖြစ်သည်ဟု ထင်မြင်ကြသည်။ အမှန်မှာမူ ဤကိစ္စတွင် ၎င်းတို့သည် အမှန်တကယ် ရှာဖွေခြင်း၊ သို့မဟုတ် ဘုရားသခင်ထံ ဆုတောင်းခြင်းမရှိပေ။ သို့သော် ၎င်းတို့၏ ကိုယ်ပိုင် စိတ်အားထက်သန်သော ရည်ရွယ်ချက်များအတိုင်း မစဉ်းမစား ချက်ချင်း လုပ်ဆောင်လျက်ဖြင့် ၎င်းတို့သည် ဘုရားသခင်တောင်းဆိုသည့်အတိုင်း မိမိတို့တာဝန်ကို မထမ်းဆောင်ကြပေ။ ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး မရှိပေ။ ၎င်းတို့တွင် ဤဆန္ဒ ကင်းမဲ့နေသည်။ ဤသည်မှာ လူတို့၏ လက်တွေ့လုပ်ဆောင်မှုတွင် အကြီးမားဆုံးအမှားဖြစ်သည်။ သင်က ဘုရားသခင်ကို ယုံကြည်သည့်တိုင် ဘုရားသခင်က သင်၏ စိတ်နှလုံးထဲတွင် မရှိလျှင် သင်က ဘုရားသခင်ကို လှည့်စားရန် ကြိုးစားနေခြင်းမဟုတ်လော။ ဘုရားသခင်အပေါ် ဤသို့ ယုံကြည်မှုမျိုးသည် မည်သည့်သက်ရောက်မှုရှိသနည်း။ မည်သည့်အရာကို သင်ရရှိနိုင်သနည်း။ ဘုရားသခင်အပေါ် ဤသို့ ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်ပြုလိုသည်အတိုင်း ပြုရင်း၊ သင် လုပ်၍ပျော်သည့်အရာမှန်သမျှ၊ သို့မဟုတ် သင့်ကို အကောင်းမြင်စေမည့် အရာမှန်သမျှကိုသာ လုပ်ဆောင်ရင်း သင်၏ ကိုယ်ပိုင်နှစ်သက်မှုများအရ လုံးဝ ပြု၍မရပေ။ ဤသည်မှာ မိမိ၏ကိုယ်ပိုင်ဆန္ဒနှင့်အညီ ပြုမူခြင်းဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ဤသည်မှာ ဘုရားတောင်းဆိုသည့်အရာဖြစ်ကြောင်းနှင့် ယင်းက ဘုရားကို ပျော်ရွှင်စေမည့်အရာဖြစ်ကြောင်းတို့ကို တွေးလျက် သင်၏ကိုယ်ပိုင် နှစ်သက်မှုများကို အားကိုးပါက၊ ပြီးလျှင် အကယ်၍ သင်သည် သင်၏ကိုယ်ပိုင်နှစ်သက်မှုများကို ဘုရားသခင်အပေါ် အတင်းအကျပ် သတ်မှတ်ခြင်း သို့မဟုတ် ၎င်းတို့အား သမ္မာတရားကဲ့သို့ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့မှာ သမ္မာတရားစည်းမျဉ်းများဖြစ်သည့်အလား ၎င်းတို့အား လိုက်နာပါက ဤသည်မှာ အမှားတစ်ခု မဟုတ်လော။ ဤသည်မှာ သင်၏တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်၊ ထို့အပြင် သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်နေခြင်းကို ဘုရားသခင်မှ အမှတ်ရမည် မဟုတ်ပေ။ လူအချို့တို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းခြင်းမှာ မည်သည့်အရာကို ဆိုလိုသည်ကို သူတို့ မသိကြ။ ၎င်းတို့သည် ကြိုးစားအားထုတ်ပြီး မိမိတို့၏ စိတ်နှလုံးကို ယင်းတွင် ထားရှိပြီးဖြစ်ကာ မိမိတို့၏ ဇာတိပကတိကို ပုန်ကန်ကာ ဆင်းရဲဒုက္ခခံစားပြီး ဖြစ်သောကြောင့် အဘယ်ကြောင့် ၎င်းတို့၏ တာဝန်များကို လက်သင့်ခံဖွယ်ဖြစ်အောင် မည်သည့်အခါမျှ မဖြည့်ဆည်းနိုင်ရသနည်းဟု ၎င်းတို့ ခံစားကြသည်။ ဘုရားသခင်သည် အဘယ်ကြောင့် အစဉ်အမြဲ စိတ်မကျေမနပ်ဖြစ်နေသနည်း။ ဤလူတို့သည် မည်သည့်နေရာတွင် မှားယွင်းခဲ့ကြပြီနည်း။ ၎င်းတို့၏ အမှားမှာ ဘုရားသခင်၏ သတ်မှတ်ချက်များကို ရှာဖွေရန် မကြိုးစားဘဲ ယင်းအစား မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများအတိုင်း ပြုမူကြခြင်း ဖြစ်သည်။ ဤသည်မှာ အကြောင်းရင်းဖြစ်၏။ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ဆန္ဒများ၊ နှစ်သက်မှုများနှင့် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များကို သမ္မာတရားအဖြစ် ၎င်းတို့ သဘောထားခဲ့ကြသည်။ ပြီးလျှင် သူတို့သည် ထိုအရာများကို ဘုရားသခင် နှစ်သက်သည့် အရာဖြစ်သကဲ့သို့၊ သူ၏ စံနှုန်းများနှင့် သတ်မှတ်ချက်များ ဖြစ်သည့်အလား သဘောထားကြသည်။ သူတို့သည် မှန်ကန်၊ ကောင်းမြတ်ပြီး လှပသည်ဟု သူတို့ ယုံကြည်သည့်အရာများကို သမ္မာတရားအဖြစ် မြင်ကြလေသည်။ ဤသည်မှာ မှားယွင်း၏။ အမှန်တွင် လူတို့သည် တစ်စုံတစ်ရာ မှန်ကန်သည်၊ ပြီးလျှင် ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု တစ်ခါတစ်ရံ ထင်ကောင်းထင်ကြမည် ဖြစ်သော်လည်း ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်ဟု သေချာပေါက် မဆိုလိုပေ။ တစ်စုံတစ်ရာ မှန်ကန်သည်ဟု လူတို့ တွေးထင်လေလေ၊ ၎င်းတို့အနေဖြင့် သတိရှိသင့်လေလေဖြစ်ပြီး ၎င်းတို့ စဉ်းစားနေသည့်အရာသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပြည့်မီခြင်းရှိမရှိ သိဖို့ရန် သမ္မာတရားကို ရှာဖွေသင့်လေလေ ဖြစ်သည်။ ယင်းသည် သူ၏ သတ်မှတ်ချက်များနှင့် အတိအကျပင် ဆန့်ကျင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်လျက်ရှိပါက ထိုအရာမှန်ကန်သည်ဟု သင် တွေးထင်သည်လျှင်ပင် ယင်းက လက်ခံနိုင်ဖွယ် မရှိပေ၊ ယင်းသည် လူသားအတွေးသာ ဖြစ်ပြီး သင် မှန်ကန်သည်ဟု မည်သို့ တွေးထင်ပါစေ သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်မဟုတ်ပေ။ တစ်စုံတစ်ခုသည် မှန်သည် သို့မဟုတ် မှားသည်ကို ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ ဆုံးဖြတ်ရမည်ဖြစ်သည်။ တစ်စုံတစ်ရာကို သင် မှန်ကန်သည်ဟု မည်မျှ တွေးထင်ပါစေ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ယင်းအတွက် အခြေပြုချက် မရှိပါက ယင်းသည် မှားယွင်းနေပြီး ယင်းကို သင် စွန့်ပစ်ရမည်။ သမ္မာတရားနှင့် ကိုက်ညီသည့်အခါမှသာ လက်ခံနိုင်စရာရှိ၏၊ ဤနည်းလမ်းဖြင့် သမ္မာတရား စည်းမျဉ်းများကို ထိန်းသိမ်းခြင်းအားဖြင့်သာ သင်၏တာဝန် ထမ်းဆောင်ခြင်းသည် စံနှုန်း ပြည့်မီနိုင်သည်။ တာဝန်ဆိုသည်မှာ အဘယ်နည်း။ လူတို့ထံ ဘုရားသခင်က အပ်နှင်းသည့် စေခိုင်းချက်တစ်ခုဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသောလူတိုင်း ခံယူသင့်သည့် တာဝန်၊ ဝတ္တရားတစ်ခုဖြစ်သည်။ တာဝန်သည် သင်၏ အသက်မွေးမှုဖြစ်သလော။ ပုဂ္ဂိုလ်ရေးဆိုင်ရာ မိသားစု ကိစ္စတစ်ခုဖြစ်သလော။ သင်သည် တာဝန်ပေးအပ်ခြင်း ခံရသည်နှင့်တစ်ပြိုင်နက် ဤတာဝန်သည် သင်၏ကိုယ်ပိုင် အလုပ်ကိစ္စဖြစ်လာသည်ဟု ပြောလျှင် မှန်နိုင်သလော။ ဤကဲ့သို့ လုံးဝ မဟုတ်ပေ။ ဤသို့ဆိုလျှင် သင်၏ တာဝန်ကို မည်သို့ဖြည့်ဆည်းသင့်သနည်း။ ဘုရားသခင်၏ တောင်းဆိုချက်များ၊ နှုတ်ကပတ်တော်များနှင့် စံနှုန်းများနှင့်အညီ ပြုမူခြင်းအားဖြင့် သင်၏ အပြုအမူကို လူသား၏ တစ်ဖက်သတ်ဆန်သော ဆန္ဒများအပေါ်အခြေခံခြင်းထက် သမ္မာတရားစည်းမျဉ်းများအပေါ် အခြေခံခြင်းအားဖြင့် ဖြည့်ဆည်းသင့်သည်။ လူအချို့က “ကျွန်ုပ်ကို တာဝန်ပေးအပ်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းမှာ ကျွန်ုပ်၏ ကိုယ်ပိုင် အလုပ်ကိစ္စ ဖြစ်သည်မဟုတ်လော။ ကျွန်ုပ်၏တာဝန်သည် ကျွန်ုပ်၏ အလုပ်တာဝန် ဖြစ်ပြီး ကျွန်ုပ်အား အလုပ်တာဝန်ပေးအပ်ခြင်း ခံရသည့်အရာသည် ကျွန်ုပ်၏ကိုယ်ပိုင် အလုပ်ကိစ္စ ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်၏ကိုယ်ပိုင် အလုပ်ကိစ္စအဖြစ် ကိုင်တွယ်ပါက ကျွန်ုပ်သည် ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်မည်ဟု ဆိုလိုသည်မဟုတ်လော။ ယင်းကို ကျွန်ုပ်၏ကိုယ်ပိုင် အလုပ်ကိစ္စအဖြစ် သဘောထားမဆက်ဆံပါက ယင်းကို ကျွန်ုပ် ကောင်းစွာ လုပ်ဆောင်မည်လော” ဟု ပြောကြသည်။ ဤစကားများသည် မှန်သလော၊ မှားသလော။ ယင်းတို့မှာ မှားယွင်းပေသည်။ ယင်းတို့သည် သမ္မာတရားနှင့် ဆန့်ကျင်နေသည်။ တာဝန်သည် သင်၏ကိုယ်ပိုင် အလုပ်ကိစ္စမဟုတ်ပေ၊ ယင်းသည် ဘုရား၏ အလုပ်ကိစ္စဖြစ်သည်၊ ယင်းသည် ဘုရားအမှု၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ဘုရားသခင် တောင်းဆိုသည့်အတိုင်း သင်လုပ်ဆောင်ရမည်၊ ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့်သာ သင်သည် စံနှုန်းနှင့် ကိုက်ညီနိုင်သည်။ သင်၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများနှင့်အညီ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒများနှင့်အညီ တာဝန်ကို အစဉ် ထမ်းဆောင်လျှင် သင်သည် စံနှုန်းနှင့် မည်သည့်အခါမျှ ကိုက်ညီမည်မဟုတ်ပေ။ သင်ဆန္ဒရှိသည့်အတိုင်း တာဝန်ကို ထမ်းဆောင်ခြင်းသက်သက်သည် တာဝန်ကို ထမ်းဆောင်ခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သင်လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုနယ်ပယ်အတွင်းတွင် မရှိပေ။ ယင်းသည် ဘုရားအိမ်တော်၏ အလုပ်မဟုတ်ပေ။ ယင်းအစား သင်သည် သင်၏ ကိုယ်ပိုင် လုပ်ငန်းကို စီမံကွပ်ကဲနေခြင်းဖြစ်ပြီး သင်၏ ကိုယ်ပိုင်လုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သောကြောင့် ဤသည်ကို ဘုရားသခင်က အမှတ်မထားပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်

အချို့သောသူများသည် ၎င်းတို့၏တာဝန်များ ဆောင်ရွက်စဉ်တွင်ပင် သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့ စိတ်ကျေနပ်စေရုံမျှသာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများအတိုင်းသာ ပြုမူကြပြီး အမြဲပင် ထင်ရာစိုင်းကာ မဆင်မခြင် ပြုလုပ်ကြပေသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းကို မလျှောက်ကြပေ။ “ထင်ရာစိုင်းကာ မဆင်မခြင်ပြုလုပ်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းသည် ကိစ္စတစ်ခုခု တွေ့ကြုံသည့်အခါ တွေးခေါ်မြော်မြင်ခြင်း၊ သို့မဟုတ် ရှာဖွေခြင်းအတွက် မည်သည့်နည်းစနစ်မှ မရှိဘဲ မိမိသင့်တော်သလို ပြုမူဆောင်ရွက်ခြင်းကို ဆိုလိုသည်။ အခြားသူတစ်ဦးတလေ ပြောသည့် မည်သည့်အရာမျှ သင့်စိတ်နှလုံးကို မတို့ထိနိုင်၊ သို့မဟုတ် သင့်စိတ်ကို မပြောင်းလဲနိုင်ပေ။ သင့်ကို သမ္မာတရား မိတ်သဟာယဖွဲ့သည့်အခါတွင် သင်သည် လက်ပင်မခံနိုင်ပေ။ အခြားလူများက အမှန်တစ်ခုတလေကို ပြောသည့်အခါတွင် သင်နားမထောင်ဘဲ သင့်ကိုယ်သင် မှန်ကန်သည်ဟု ယုံကြည်ပြီး သင်၏ကိုယ်ပိုင် စိတ်ကူးများကို ဖက်တွယ်ထားလျက် မိမိ၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်များကိုသာ ဆုပ်ကိုင်ထားသည်။ သင်၏အတွေးက မှန်ကန်လျှင်ပင် သင်သည် အခြားလူများ၏ ထင်မြင်ယူဆချက်များကိုလည်း ထည့်တွက်စဉ်းစားသင့်သည်။ သင်သည် လုံးဝ ထည့်တွက်မစဉ်းစားလျှင် ဤသည်မှာ အလွန်အမင်း မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်း မဟုတ်သလော။ မိမိကိုယ်ကို မှန်သည်ဟု အလွန်အမင်း မှတ်ယူပြီး တစ်ဇွတ်ထိုးဆန်သော လူများအတွက်မူ သမ္မာတရားကို လက်ခံဖို့ မလွယ်ကူပေ။ သင်သည် မှားသည့်အရာတစ်စုံတစ်ခု လုပ်ပြီး အခြားလူများက “သင်သည် သမ္မာတရားအတိုင်း လုပ်ဆောင်နေခြင်း မဟုတ်” ဟု ပြောလျက် သင့်အား ဝေဖန်လျှင်၊ သင်က “ကျွန်ုပ် သမ္မာတရားအတိုင်း မလုပ်လျှင်ပင် ဤသည်မှာ ကျွန်ုပ် လုပ်ဆောင်မည့်ပုံစံ ဖြစ်နေဆဲ ဖြစ်သည်” ဟု ပြန်ပြောပြီး ထို့နောက်တွင် ဤအရာမှာ မှန်ကန်ကြောင်း ၎င်းတို့အား တွေးစေဖို့ သင်သည် အကြောင်းပြချက်အချို့ ရှာတွေ့သည်။ ၎င်းတို့က “သင် ဤသို့ပြုလုပ်ခြင်းသည် အနှောင့်အယှက်ဖြစ်စေပြီး အသင်းတော်အလုပ်ကို ထိခိုက်လိမ့်မည်” ဟု ပြောလျက် သင့်အား ပြစ်တင်မောင်းမဲလျှင် သင်က နားမထောင်ရုံမျှမက “ဤသည်မှာ မှန်ကန်သည့်နည်းလမ်းဖြစ်သည်ဟု ကျွန်ုပ် ထင်သည်၊ ထို့ကြောင့် ဤသည်မှာ ကျွန်ုပ် လုပ်ဆောင်မည့်နည်းလမ်းဖြစ်သည်” ဟူ၍ ဆင်ခြေများ သင့်နှုတ်မှ ဆက်တိုက်ထွက်လာသည်။ ဤသည်မှာ အဘယ်စိတ်သဘောထားနည်း။ (မာနထောင်လွှားခြင်း ဖြစ်ပါသည်။) မာနထောင်လွှားခြင်းဖြစ်သည်။ မာနထောင်လွှားသော သဘာဝသည် သင့်ကို တစ်ဇွတ်ထိုး လုပ်စေသည်။ သင်က မာနထောင်လွှားသော သဘာဝရှိလျှင် သင်သည် မည်သူမဆိုက ပြောသည့်အရာကို အရေးမစိုက်ဘဲ ထင်ရာမြင်ရာ၊ အလျင်စလို ပြုမူလိမ့်မည်။ သို့ပြုလျှင် သင်သည် သင်၏ထင်ရာမြင်ရာလုပ်ခြင်းနှင့် ကမူးရှူးထိုးဖြစ်ခြင်းတို့ကို မည်သို့ ဖြေရှင်းသနည်း။ ဥပမာအနေဖြင့် သင့်ထံတစ်စုံတစ်ခု ဖြစ်ပျက်ပြီး သင်၌ သင်၏ ကိုယ်ပိုင် စိတ်ကူးများနှင့် အစီအစဉ်များ ရှိသည်ဆိုကြပါစို့။ မည်သည့်အရာလုပ်ရမည်ကို မဆုံးဖြတ်မီတွင် သင်သည် သမ္မာတရားကို ရှာဖွေပြီး သင်၏အတွေးများသည် မှန်ကန်ခြင်း ရှိမရှိ၊ သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိ သင့်အား ပြောပြရန်၊ သင့်အတွက် စစ်ဆေးခြင်းများ ပြုလုပ်ပေးရန် လူတိုင်းကို တောင်းဆိုလျက် သင်သည်ဤအရာအပေါ် သင် တွေးထင်သည့်အရာ၊ ယုံကြည်သည့်အရာတို့နှင့်ပတ်သက်၍ အနည်းဆုံးအနေဖြင့် လူတိုင်းနှင့် မိတ်သဟာယပြုသင့်သည်။ ဤသည်မှာ ထင်ရာမြင်ရာပြုခြင်းနှင့် ကမူးရှူးထိုးဖြစ်ခြင်းတို့ကို ဖြေရှင်းသည့် အကောင်းဆုံး နည်းစနစ် ဖြစ်ပေသည်။ ပထမဦးစွာ သင့်အမြင်များကို သင်မီးမောင်းထိုးပြပြီး သမ္မာတရားကို ရှာဖွေနိုင်သည်။ ဤသည်မှာထင်ရာမြင်ရာလုပ်ခြင်းနှင့် ကမူးရှူးထိုးဖြစ်ခြင်းကို ဖြေရှင်းရန်အတွက် သင် လက်တွေ့လုပ်ဆောင်ခြင်း၏ ပထမအဆင့်ဖြစ်သည်။ ဒုတိယအဆင့်မှာ ကွဲလွဲသောခံယူချက်ကို အခြားလူတို့က ဖွင့်ဟလာသောအခါ ဖြစ်ပေါ်လေသည်။ ထင်ရာမြင်ရာနှင့် ကမူးရှူးထိုးလုပ်ခြင်းမှ ရှောင်ကြဉ်ရန် မည်သို့လက်တွေ့လုပ်ဆောင်နိုင်သနည်း။ သင်သည် ဦးစွာ နှိမ့်ချခြင်းသဘောထား ရှိရမည်။ သင်က မှန်ကန်သည်ဟု ယုံကြည်သောအရာကို ဘေးဖယ်ထားရမည်ဖြစ်ပြီး လူတိုင်းကို မိတ်သဟာယပြုခွင့်ပေးရမည် ဖြစ်သည်။ သင်၏နည်းလမ်းက မှန်ကန်သည်ဟု သင်ယုံကြည်လျှင်ပင် ယင်းကို ထပ်တလဲလဲ မလျှော့တမ်း မပြောသင့်ပေ။ ယင်းသည် ရှေ့တစ်လှမ်းတက်ခြင်းမျိုး ဖြစ်သည်။ ယင်းက သမ္မာတရားကို ရှာဖွေခြင်း၊ သင့်ကိုယ်သင် ငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်းဟူသော သဘောထားကို ပြသသည်။ သင့်တွင် ဤသဘောထား ရှိသောအခါ သင်သည် သင့်ကိုယ်ပိုင်ခံယူချက်ကို မစောင့်ထိန်းတော့သည်နှင့် တစ်ပြိုင်နက် သင် ဆုတောင်းသင့်သည်။ ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အခြေခံအကြောင်းရင်း ရှာသင့်သည်— ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မည်သို့ပြုမူရမည်ကို ဆုံးဖြတ်သင့်သည်။ ဤသည်မှာ အသင့်တော်ဆုံးနှင့် တိကျအမှန်ကန်ဆုံး လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ သင်သည် လူတိုင်း အတူတကွ မိတ်သဟာယပြုဖို့နှင့် ရှာဖွေဖို့ သမ္မာတရားကို ရှာဖွေပြီး ပြဿနာကို တင်ပြသည့်အချိန်သည် သန့်ရှင်းသောဝိညာဉ်တော်က ဉာဏ်အလင်းပေးခြင်းကို ထောက်ပံ့ပေးသည့်အချိန် ဖြစ်သည်။ ဘုရားသခင်က လူများကို စည်းမျဉ်းများအတိုင်း ဉာဏ်အလင်းပေးသည်၊ ၎င်းတို့၏သဘောထားကို သူက ဆင်ခြင်သုံးသပ်သည်။ သင်၏အမြင်သည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သင်ယုံကြည်သည့်အတိုင်း ခေါင်းမာစွာနှင့် ရပ်တည်လျှင်၊ ဘုရားသခင်သည် သင့်ထံမှ သူ၏မျက်နှာကို ကွယ်ဝှက်လိမ့်မည်ဖြစ်ပြီး သင့်ကို လျစ်လျူရှုလိမ့်မည်။ သင့်ကို ရှေ့မဆက်နိုင်အောင် ဖြစ်စေလိမ့်မည်၊ သင့်ကို ဖော်ထုတ်ပြီး သင်၏အကျည်းတန်သော အခြေအနေကို ဖော်ထုတ်လိမ့်မည်။ အခြားတစ်ဘက်တွင် သင်၏ သဘောထားသည် မှန်ကန်ပါက သင်ကိုယ်တိုင်၏ နည်းလမ်းအတွက် မရမကပြောဆိုခြင်း မရှိသည်သာမက မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု မယူမှတ်သကဲ့သို့ ထင်ရာမြင်ရာနှင့် မဆင်မခြင်လုပ်ခြင်း မရှိဘဲ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်ခံခြင်း သဘောထားတစ်ခု ရှိပါက လူတိုင်းနှင့် သင် မိတ်သဟာယပြုပါက သန့်ရှင်းသော ဝိညာဉ်တော်က သင်တို့အလယ် စတင် အမှုပြုလိမ့်မည်ဖြစ်ပြီး သူသည် တစ်စုံတစ်ဦး၏ စကားများအားဖြင့် သင့်ကို သိနားလည်မှုဆီသို့ ဦးဆောင်လမ်းပြကောင်း လမ်းပြလိမ့်မည်ဖြစ်သည်။ တစ်ခါတစ်ရံ သင့်ကို သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်အလင်းပေးသည့်အခါတွင် သူသည် ကိစ္စရပ်တစ်ခု၏ အဓိကအချက်ကို စကားအနည်းငယ် သို့မဟုတ် စကားစုအနည်းငယ်ဖြင့်၊ သို့မဟုတ် သင့်ကို စိတ်ကူးတစ်ခုပေးခြင်းအားဖြင့် နားလည်အောင် သင့်ကို ဦးဆောင်လေသည်။ ထိုခဏချင်းတွင် သင် ဖက်တွယ်နေခဲ့ပြီးဖြစ်သည့် မည်သည့်အရာမဆို မှားယွင်းသည်ကို သင် နားလည်ပြီး ထိုခဏချင်းတွင်ပင် လုပ်ဆောင်ရန် အသင့်တော်ဆုံး နည်းလမ်းကို သင် နားလည်လေသည်။ ထိုသို့သော အဆင့်ကို ရောက်ရှိပြီးနောက် သင်သည် မကောင်းမှု လုပ်ဆောင်ခြင်းကို အောင်မြင်စွာ ရှောင်ကြဉ်ပြီး မဟုတ်သလော၊ ပြီးလျှင် တစ်ချိန်တည်းတွင်ပင် အမှားတစ်ခု၏ အကျိုးဆက်များကို ခံရခြင်းအား ရှောင်ရှားပြီး မဟုတ်သလော။ ဤသည်မှာ ဘုရားသခင်၏ စောင့်ရှောက်ခြင်း မဟုတ်လော။ (ဟုတ်သည်။) ထိုသို့သောအရာတစ်ခုကို မည်သို့ စွမ်းဆောင်ရရှိသနည်း။ ဤအရာကို သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသည့်အခါနှင့် သင်သည် သမ္မာတရားကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် ရှာဖွေသည့်အခါတို့တွင်သာ ရရှိလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို သင်လက်ခံရရှိပြီး လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းများကို သတ်မှတ်ပြီးသည်နှင့် တစ်ပြိုင်နက် သင်၏ လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည် ဖြစ်ကာ၊ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည် ဖြစ်သည်။...သင်၏ သဘောထားသည် ခေါင်းမာစွာဖြင့် မရမက သမ္မာတရားကို ငြင်းဆိုခြင်း၊ အခြားမည်သူမဆို၏ အကြံပြုချက်များကို ငြင်းပယ်ခြင်း၊ သမ္မာတရားကို မရှာဖွေခြင်း၊ သင့်ကိုယ်သင်သာ ယုံကြည်မှုရှိခြင်းနှင့် သင်အလိုရှိသည့်အတိုင်းသာ လုပ်ဆောင်ခြင်းဖြစ်လျှင်၊ ဘုရားသခင် လုပ်ဆောင်သည့်အရာ၊ သို့မဟုတ် တောင်းဆိုသည့်အရာက မည်သည့်အရာဖြစ်စေ ဤသည်မှာ သင်၏ စိတ်သဘောထားဖြစ်လျှင် ဘုရားသခင်၏ တုံ့ပြန်မှုက အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်က သင့်ကို အလေးဂရုမပြုပေ။ သင့်ကို ဘေးဖယ်ထားသည်။ သင်သည် တစ်ဇွတ်ထိုး မဖြစ်သလော။ သင်သည် မာနမထောင်လွှားသလော။ သင်သည် မိမိ မှန်ကန်သည်ဟု အစဉ်အမြဲမထင်သလော။ သင်သည် ကျိုးနွံနာခံခြင်းမရှိလျှင်၊ မည်သည့်အခါမျှ မရှာဖွေလျှင်၊ သင်၏ စိတ်နှလုံးသည် လုံးလုံး ပိတ်ထားပြီး ဘုရားသခင်ကို အာခံလျှင် ဘုရားသခင်က သင့်အား အလေးဂရုမပြုပေ။ အဘယ်ကြောင့် ဘုရားသခင်က သင့်အား အလေးဂရုမပြုသနည်း။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်အတွက် ပိတ်ထားလျှင် ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုကို သင် လက်ခံနိုင်သလော။ ဘုရားသခင်က သင့်ကို အပြစ်တင်သောအခါ သင် ခံစားရနိုင်သလော။ လူတို့သည် ခေါင်းမာသောအခါ ၎င်းတို့၏ ဆိုးယုတ်သော သဘာဝနှင့် အထိန်းအကွပ်မဲ့ ကြမ်းတမ်းမှုတို့သည် ပွင့်ထွက်လာသည့်အခါ ဘုရားသခင်လုပ်ဆောင်သော မည်သည့်အရာကိုမျှ ၎င်းတို့ မခံစားရပေ။ အားလုံးက သက်ရောက်မှုမရှိပေ။ ထို့ကြောင့် ဘုရားသခင်က အသုံးမဝင်သောအလုပ်ကို မလုပ်ဆောင်ပေ။ သင်သည် ဤသို့သော ခေါင်းမာစွာ ဆန့်ကျင်တတ်သည့် သဘောထားမျိုးရှိလျှင် ဘုရားသခင်လုပ်ဆောင်သမျှမှာ သင့်ထံမှ ပုန်းကွယ်ခြင်းသာဖြစ်သည်။ ဘုရားသခင်က မလိုလားအပ်သောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ။ သင်သည် ဤသို့ ခေါင်းမာစွာ ဆန့်ကျင်နေသောအခါ၊ ဤသို့ ပိတ်ဆို့ထားသောအခါ ဘုရားသခင်သည် သင့်အထဲတွင် မည်သည့်အရာကိုမျှ လုံးဝ အတင်းဆောင်ရွက်လိမ့်မည်မဟုတ်ပေ၊ သို့မဟုတ် သင့်အပေါ် မည်သည့်အရာကိုမျှ အတင်း လုပ်ဆောင်မည်မဟုတ်ပေ။ သူသည် သင့်အား တို့ထိပြီး ဉာဏ်အလင်းဖွင့်ပြရန် မည်သည့်အခါမျှ ဆက်လက်၍ ထပ်ခါထပ်ခါ ကြိုးစားမည်မဟုတ်ပေ။ ဘုရားသခင်က ဤသို့ မဆောင်ရွက်ပေ။ ဘုရားသခင်က အဘယ်ကြောင့် ဤနည်းအားဖြင့် မလုပ်ဆောင်သနည်း။ အဓိကအားဖြင့် ဘုရားသခင်သည် သင့်တွင် စိတ်သဘောထားတစ်မျိုး၊ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ပြီး ဆင်ခြင်တုံတရား မရှိနိုင်သော အထိန်းအကွပ်မဲ့ကြမ်းတမ်းမှုကို မြင်တွေ့ပြီး ဖြစ်သောကြောင့်ဖြစ်သည်။ ရိုင်းစိုင်းသော တိရစ္ဆာန်တစ်ကောင်၏ အထိန်းအကွပ်မဲ့ ကြမ်းတမ်းခြင်း ပွင့်ထွက်လာသောအခါတွင် လူတို့သည် ယင်းကို ထိန်းချုပ်နိုင်သည်ဟု သင်ထင်သလော။ ယင်းကို အော်ဟစ်ပြောဆိုခြင်းက တစ်ခုခုထူးခြားစေသလော။ ယင်းကို ကျိုးကြောင်းပြပြောဆိုခြင်း၊ သို့မဟုတ် နှစ်သိမ့်ခြင်းသည် တစ်ခုခုအသုံးဝင်သလော။ ယင်းကို လူတို့က ချဉ်းကပ်ရဲသလော။ ဤအရာကို ဖော်ပြရန် နည်းလမ်းကောင်းတစ်ခုရှိသည်။ ထိုတိရစ္ဆာန်သည် ကျိုးကြောင်းပြပြောဆို၍ မရနိုင်ပေ။ သင်၏ အထိန်းအကွပ်မဲ့ ကြမ်းတမ်းမှုက ပေါ်ထွက်လာပြီး သင်သည် ကျိုးကြောင်းပြပြောဆို၍ မရသောအခါ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သနည်း။ ဘုရားသခင်က သင့်ကို အလေးဂရုမပြုပေ။ သင်သည် ကျိုးကြောင်းပြပြောဆို၍ မရသောအခါ ဘုရားသခင်က သင့်အား မည်သည့်အရာကို ထပ်၍ ပြောရမည်နည်း။ တစ်ခုခုထပ်၍ ပြောဆိုခြင်းသည် အသုံးမဝင်ပေ။ ဘုရားသခင်က သင့်ကို အလေးဂရုမပြုသောအခါ သင်သည် ကောင်းချီးခံစားရသလော၊ သို့မဟုတ် ဒုက္ခခံရသလော။ အချို့သော အကျိုးအမြတ်များ ရသလော၊ သို့မဟုတ် ဆုံးရှုံးမှုကို ခံရသလော။ သင်သည် ဧကန်မုချ ဆုံးရှုံးမှုကို ခံရလိမ့်မည်။ မည်သူက ဤအရာကို ဖြစ်စေသနည်း။ (ကျွန်ုပ်တို့ ဖြစ်စေပါသည်။) သင် ဖြစ်စေသည်။ သင့်ကို ဤသို့ပြုမူရန် မည်သူကမျှ အတင်းမတိုက်တွန်းပေ။ သို့တိုင်အောင် သင်က စိတ်မချမ်းမသာဖြစ်သည်။ သင့်အပေါ်သို့ ဤအရာကို သင်ကိုယ်တိုင် ဖြစ်စေသည်မဟုတ်လော။ ဘုရားသခင်က သင့်ကို အလေးဂရုမပြုပေ။ ဘုရားသခင်ကို သင်မခံစားရနိုင်ပေ။ သင်၏ စိတ်နှလုံးတွင် မှောင်မိုက်ခြင်းရှိသည်။ သင်၏ အသက်တာသည် အထိအခိုက်ခံရသည်။ သင့်အပေါ်သို့ ဤအရာကို သင်ကိုယ်တိုင်ဖြစ်စေသည်။ သင်နှင့် ထိုက်တန်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၏ အကြီးမားဆုံးသော အတားအဆီးသည် မိမိ၏ ကိုယ်ပိုင်ဆန္ဒက ကြီးမားလွန်းပြီး အရာရာတိုင်း၏ ရှေ့တွင်ရှိနေသောအခါတွင်ဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ်ကျိုးကြည့်ခြင်းက အရာရာတိုင်း၏ ရှေ့တွင်ရှိနေသောအခါ၊ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းက အရာရာတိုင်း၏ ရှေ့တွင်ရှိနေသောအခါတွင်ဖြစ်သည်။ ထို့ကြောင့် အမှုအရာများ ဖြစ်ပေါ်လာသောအခါ ဤသို့သောသူများက အစဉ် တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်အတွက် အကျိုးဖြစ်စေမည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသည်။ သမ္မာတရားစည်းမျဉ်းများကို အလေးထားမှု လုံးဝမရှိပေ။ ၎င်းတို့သည် အစဉ်သဖြင့် ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်ထားကြသည်။ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်သည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ “သင်က ဤအရာကို အလိုရှိလျှင် ငါက ထိုအရာကို အလိုရှိသည်။ သင်သည် သင်၏အရာကို အလိုရှိလျှင် ငါသည် ငါ၏အရာကို မလျှော့တမ်းလုပ်ဆောင်မည်” ဟု ဆုံးဖြတ်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ နာခံခြင်းကို ပြသခြင်းဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ သမ္မာတရားကို ရှာဖွေခြင်း လုံးဝမဟုတ်ဘဲ မိမိ၏ ကိုယ်ပိုင်နည်းလမ်းအတိုင်း မရမက လုပ်ဆောင်ခြင်းဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်ပြီး ကျိုးကြောင်းမသင့်လျော်သော ဖော်ပြမှုဖြစ်သည်။ တစ်နေ့တွင် သင်၏ နှစ်သက်မှုများနှင့် စိတ်ပိုင်းဖြတ်မှုများသည် သမ္မာတရားနှင့် ကွဲလွဲနေသည်ကို သင် သတိပြုမိနိုင်လျှင်လည်းကောင်း၊ သင့်ကိုယ်သင် ငြင်းပယ်ပြီး အရှိအတိုင်း မြင်လာနိုင်ကာ သင့်ကိုယ်သင် မယုံကြည်တော့လျှင်လည်းကောင်း၊ ထို့နောက်တွင် တဖြည်းဖြည်းချင်းဖြင့် အမှုအရာများကို သင်၏ ကိုယ်ပိုင်နည်းလမ်းအတိုင်း မလုပ်ဆောင်တော့လျှင်လည်းကောင်း၊ သို့မဟုတ် မစဉ်းမစားဖြင့် မဆုံးဖြတ်တော့ဘဲ သမ္မာတရားကို ရှာဖွေနိုင်လျှင်လည်းကောင်း၊ ဘုရားသခင်ထံ ဆုတောင်းပြီး အမှီပြုနိုင်လျှင်လည်းကောင်း ဤသည်မှာ မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုဖြစ်သည်။ မည်သည့် လက်တွေ့လုပ်ဆောင်မှုက သမ္မာတရားနှင့် ကိုက်ညီသည်ကို သင် အတည်မပြုမီတွင် သင်သည် ရှာဖွေရမည်။ ဤသည်မှာ လုံးဝပင် မှန်ကန်သောလုပ်ဆောင်မှုဖြစ်ပြီး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ရှာဖွေရန်အတွက် ပြုပြင်ခြင်းခံရသည်အထိ စောင့်လျှင် ဤသည်မှာ အနည်းငယ် ဘာသိဘာသာနေခြင်းဖြစ်ပြီး နှောင့်နှေးမှုများဖြစ်ဖို့ များသည်။ သမ္မာတရားအား ရှာဖွေရန် သင်ယူခြင်းသည် အလွန်အရေးပါသည်။ သမ္မာတရားအား ရှာဖွေခြင်း၏ အကျိုးအမြတ်များမှာ အဘယ်နည်း။ ရှေးဦးစွာ မိမိ၏ ကိုယ်ပိုင်စိတ်ဆန္ဒနောက်လိုက်ပြီး မဆင်မခြင် လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်နိုင်သည်။ ဒုတိယအနေဖြင့် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းနှင့် ဆိုးယုတ်သော အကျိုးဆက်များကို ရှောင်ကြဉ်နိုင်သည်။ တတိယအနေဖြင့် မည်သို့ စောင့်ပြီး စိတ်ရှည်ရမည်ကို သင်ယူနိုင်သည်။ ပြီးလျှင် အမှုအရာများကို ရှင်းလင်းစွာ၊ တိကျစွာ သိမြင်ခြင်းအားဖြင့် အမှားများဖြစ်ပေါ်ခြင်းကို တားဆီးနိုင်သည်။ ဤအရာများအားလုံးကို သမ္မာတရားအား ရှာဖွေခြင်းအားဖြင့် ရရှိနိုင်သည်။ သင်သည် အရာရာ၌ သမ္မာတရားအား ရှာဖွေရန် သင်ယူသောအခါ မည်သည့်အရာမျှ မရိုးရှင်းသည်ကိုလည်းကောင်း၊ အာရုံမစိုက်ဘဲ အားစိုက်ထုတ်မှု မပြုလုပ်လျှင် အမှုအရာများကို လုပ်ဆောင်ရာတွင် ကောင်းမွန်မည် မဟုတ်သည်ကိုလည်းကောင်း သင် တွေ့ရှိလိမ့်မည်။ ဤသို့ အချိန်အတန်ကြာ လေ့ကျင့်ပြီးနောက်တွင် သင့်အပေါ်သို့ အမှုအရာများ ကျရောက်သောအခါ သင်သည် ပို၍ ရင့်ကျက်ပြီး အတွေ့အကြုံရှိလာလိမ့်မည်။ သင်၏ သဘောထားသည် ပို၍နူးညံ့လာပြီး ပို၍ အလွန်အကျွံ မဟုတ်ဘဲဖြစ်လာမည်။ စိတ်လိုက်မာန်ပါ ပြုလုပ်မည့်အစား စွန့်စားပြီး ယှဉ်ပြိုင်တတ်မည့်အစား သင်သည် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လိမ့်မည်။ ထို့နောက်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်း ပြဿနာသည် ပြေလည်သွားလိမ့်မည်။ ဤသို့ဖြင့် သင့်အနေဖြင့် ကျိုးနွံနာခံရန် လွယ်ကူလိမ့်မည်။ အမှန်ပင် ထိုမျှ မခက်ခဲပေ။ အစပိုင်းတွင် အနည်းငယ် ခက်ခဲကောင်းခက်ခဲနိုင်သည်။ သို့သော် သင်သည် ထိုပြဿနာကို ဖြေရှင်းသည်အထိ စိတ်ရှည်နိုင်သည်။ စောင့်ဆိုင်းပြီး သမ္မာတရားကို ဆက်လက်ရှာဖွေနိုင်သည်။ သင်သည် အမှုအရာများ သင့်အပေါ် ကျရောက်သောအခါ သင်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို အစဉ်ပြုလုပ်လိုလျှင်၊ ပြီးလျှင် သင်သည် အစဉ်သဖြင့် ကျိုးကြောင်းပြချက်များပေးပြီး သင်၏ ကိုယ်ပိုင်အယူအဆများကို မရမက လုပ်ဆောင်လျှင် ဤသည်မှာ အလွန်ပင် ဒုက္ခပေးလာလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်မလျှော့တမ်း စွဲကိုင်သောအရာများသည် အပြုသဘောမဆောင်ဘဲ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအတွင်းတွင်ရှိသော အရာများအားလုံးဖြစ်သောကြောင့်ဖြစ်သည်။ ထိုအရာများအားလုံးသည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားက ထုတ်ဖော်ခြင်းများဖြစ်သည်။ ဤသို့သော အခြေအနေများတွင် သင်သည် သမ္မာတရားကို ရှာဖွေရန် ဆန္ဒရှိနိုင်သော်လည်း လက်တွေ့လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ သင်သည် ဘုရားထံ ဆုတောင်းရန် ဆန္ဒရှိနိုင်သော်လည်း အပေါ်ယံသာ လုပ်ဆောင်နေလိမ့်မည်။ လူတစ်ယောက်က သင့်ကိုသမ္မာတရားနှင့်ပတ်သက်ပြီး မိတ်သဟာယဖွဲ့ကာ သင့် ရည်ရွယ်ချက်၏ မသန့်စင်မှုများကို ဖော်ထုတ်လျှင် သင်သည် မည်သို့ ရွေးချယ်မည်နည်း။ သမ္မာတရားကို အလွယ်တကူ နာခံနိုင်သလော။ ဤသို့သောအချိန်တွင် နာခံရန် သင့်အတွက် အလွန်ပင် အားစိုက်ရလိမ့်မည်။ သင် နာခံနိုင်မည်မဟုတ်ပေ။ သင်သည် ပုန်ကန်ပြီး ကျိုးကြောင်းပြချက်များပေးရန် ကြိုးစားလိမ့်မည်။ သင်က “ငါ့ဆုံးဖြတ်ချက်တွေက ဘုရားအိမ်တော်အတွက်ပဲ။ မမှားဘူး။ ငါ့ကို ဘာလို့ နာခံဖို့ တောင်းဆိုနေသေးတာလဲ” ဟူ၍ ပြောလိမ့်မည်။ သင်သည် နာခံနိုင်မည်မဟုတ်သည့်ပုံစံကို မြင်သလော။ ဤအရာအပြင် သင်သည် အာခံခြင်းလည်း ပြုလုပ်လိမ့်မည်။ ဤသည်မှာ သိလျက်နှင့်လုပ်သော ပြစ်မှားမှုဖြစ်သည်။ ဤသည်မှာ အလွန့်အလွန် ဒုက္ခမပေးသလော။ လူတစ်ယောက်က သမ္မာတရားနှင့်ပတ်သက်ပြီး သင့်ကို မိတ်သဟာယပြုသောအခါ သင်က သမ္မာတရားကို မနာခံနိုင်ဘဲ သိလျက်ဖြင့်ပင် ပြစ်မှားလျှင်၊ ဘုရားသခင်ကို ပုန်ကန်ခြင်း၊ အာခံခြင်း ပြုလုပ်လျှင် သင်၏ ပြဿနာသည် ဆိုးရွားသော ပြဿနာဖြစ်သည်။ သင်သည် ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းခံရဖို့ အန္တရာယ်ရှိသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် သမ္မာတရားကို ရရှိခြင်း၌ အခြေခံ သင်ခန်းစာတစ်ခုဖြစ်သည်

အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုထမ်းများသည် သူတို့၏ အလုပ်၌ စည်းမျဉ်းနှစ်ခုကို အာရုံစိုက်ရမည်။ တစ်ခုမှာ ထိုအလုပ်၏ လုပ်ထုံးလုပ်နည်းများမှ သတ်မှတ်ထားသည့် အခြေခံသဘောတရားများနှင့် အညီ သူတို့၏ အလုပ်ကို အတိအကျ လုပ်ဆောင်ရန်ဖြစ်ပြီး ထိုအခြေခံသဘောတရားများကို မည်သည့်အခါမျှ မချိုးဖောက်ဘဲ သူတို့ စိတ်ကူးနိုင်လောက်သည့် အရာ သို့မဟုတ် သူတို့၏ ကိုယ်ပိုင် မည်သည့် စိတ်ကူးများအပေါ်မျှ သူတို့၏အလုပ်ကို အခြေမခံဘဲ လုပ်ဆောင်ရန်ဖြစ်သည်။ သူတို့ လုပ်ဆောင်သမျှတိုင်းတွင် သူတို့သည် အသင်းတော်၏ အမှုတော်အပေါ် အလေးထားခြင်းကို ပြသင့်ပြီး ဘုရားအိမ်တော်၏ အကျိုးကို အမြဲ ရှေ့တန်းတင်သင့်သည်။ အရေးအပါဆုံးဖြစ်သည့် နောက်ထပ်အချက်မှာ အရာခပ်သိမ်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုအား လိုက်လျှောက်ခြင်းကို သူတို့ အာရုံစိုက်ရမည် ဖြစ်ကာ အရာရာတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တိကျစွာ လိုက်နာခြင်းအားဖြင့် လုပ်ဆောင်ရမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ဆန့်ကျင်နိုင်စွမ်း ရှိသေးသည်ဆိုပါက သို့မဟုတ် ၎င်းတို့သည် ၎င်းတို့ကိုယ်ပိုင်ထင်မြင်ချက်များကို ဇွတ်တရွတ်လိုက်လျှောက်ကာ အမှုများကို ၎င်းတို့ကိုယ်ပိုင် စိတ်ကူးစိတ်သန်းအရ လုပ်ဆောင်သည်ဆိုပါက ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှုတစ်ခုကို ဖြစ်စေလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းကို မကြာခဏ ၎င်းတို့လျစ်လျူရှုနေခြင်းက လမ်းဆုံးတစ်ခုသို့သာ ခေါ်ဆောင်သွားလိမ့်မည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးလျှင် ၎င်းတို့ အလုပ်လုပ်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ တစ်နည်းနည်းဖြင့် အလုပ်လုပ်ရန် ၎င်းတို့ ကြံဆောင်နိုင်ပါကလည်း အဘယ်အရာကိုမျှ ၎င်းတို့ ပြီးမြောက်လိမ့်မည် မဟုတ်ပေ။ ဤသည်တို့မှာ အလုပ်လုပ်နေစဉ် ခေါင်းဆောင်များနှင့် အမှုဆောင်များ လိုက်နာရမည့် အဓိက အခြေခံသဘောတရားနှစ်ခု ဖြစ်သည်။ လူတစ်ဦးသည် အထက်မှ အလုပ်စီမံခန့်ခွဲမှုများအတိုင်း အတိအကျပင် ၎င်းတို့၏ အလုပ်ကို ထမ်းဆောင်ရန် ဖြစ်သည့်အပြင် အထက်မှ ချမှတ်ထားသည့် အခြေခံ သဘောတရားများနှင့်အညီ ပြုမူရန်လည်း ဖြစ်သည်။ ပြီးလျှင် အခြားအချက်မှာ ၎င်းတို့၏အတွင်းရှိ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်လျှောက်ရန် ဖြစ်သည်။ ဤစည်းမျဉ်းနှစ်ခုကို နားလည်သဘောပေါက်သည့်အခါ ၎င်းတို့သည် မိမိတို့၏အလုပ်၌ လွန်စွာ အမှားလုပ်တတ်လေ့ရှိမည် မဟုတ်ပေ။ အသင်းတော်အလုပ်ကို လုပ်ဆောင်ခြင်း၌ သင်တို့၏ အတွေ့အကြုံ နည်းပါးနေသေးပြီး သင်တို့အလုပ်လုပ်သည့်အခါ သင်တို့ကိုယ်တိုင်၏ ထင်မြင်ယူဆချက်များဖြင့် အလွန်ရောနှောလေသည်။ တစ်ခါတစ်ရံ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာသည့် သင်တို့အတွင်းရှိ အသိဉာဏ်ပွင့်လင်းစေခြင်း သို့မဟုတ် လမ်းပြခြင်းကို နားလည်ကောင်း နားလည်နိုင်ကြမည်မဟုတ်။ အခြားအချိန်များတွင် သင်တို့သည် ယင်းကို နားလည်ပုံရကြသော်လည်း ယင်းကို သင်တို့ လျစ်လျူရှုနိုင်ဖွယ်ရှိသည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရည်ရွယ်ချက်များကို လုံးဝ အလေးမထားဘဲ လျော်ကန်သည်ဟု သင် ထင်သည့်အတိုင်း ပြုမူရင်း လူသားပုံစံဖြင့် အမြဲ စိတ်ကူးသည်၊ သို့မဟုတ် ကောက်ချက်ချသည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ မည်သည့် အသိဉာဏ်ပွင့်လင်းစေခြင်းကိုမဆို ဘေးဖယ်ထားရင်း သင်ကိုယ်တိုင်၏ ထင်မြင်ယူဆချက်များအတိုင်း လုံးဝဥဿုံ သင်၏အလုပ်ကို လုပ်သည်။ ထိုသို့သော အခြေအနေများက မကြာခဏ ဖြစ်ပွား၏။ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ အတွင်းလမ်းပြမှုသည် သဘာဝနယ်လွန်မဟုတ်ပေ။ အမှန်တွင် ယင်းသည် အလွန် ပုံမှန်ဖြစ်၏။ ဆိုလိုသည်မှာ သင့်နှလုံးသား၏ နက်ရှိုင်းသောနေရာများတွင် ဤသည်မှာ ပြုမူဖို့ လျော်ကန်သည့် နည်းလမ်းတစ်ခု ဖြစ်ကာ အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု သင် ခံစားသည်။ ဤအတွေးသည် အကယ်စင်စစ် အတော်အတန် သိသာထင်ရှားပေသည်။ ယင်းသည် တွေးဆမှု၏ ရလဒ်မဟုတ်သကဲ့သို့ တစ်ခါတစ်ရံ သင် ဤသို့ အဘယ်ကြောင့်ပြုမူသင့်သည်ကို သင် အပြည့်အဝ နားမလည်ပေ။ ဤသည်မှာ မကြာခဏ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ အသိဉာဏ်ပွင့်လင်းစေခြင်းမှလွဲ၍ အခြားမဟုတ်ပေ။ ဤသည်မှာ အတွေ့အကြုံရှိသည့် လူအများစုထံ ဖြစ်ပျက်တတ်သည်။ အသင့်တော်ဆုံးသောအရာကို လုပ်ဆောင်ရန် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို လမ်းပြသည်။ ယင်းမှာ သင် တွေးထင်သည့် အရာတစ်ခုမဟုတ်။ ထို့ထက် ဤသည်မှာ လုပ်ဆောင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု သင့်ကို သဘောပေါက်စေသည့် သင်၏ စိတ်နှလုံးရှိ ခံစားချက်တစ်ခု ဖြစ်ပြီး အကြောင်းရင်းမသိဘဲ ထိုသို့လုပ်ဆောင်ရန် သင် နှစ်သက်သည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာကောင်းလာနိုင်ပေသည်။ လူတစ်ဦး၏ ကိုယ်ပိုင် ထင်မြင်ယူဆချက်သည် တွေးတောခြင်းနှင့် စဉ်းစားဆင်ခြင်မှုမှ ယေဘုယျအားဖြင့်လာပြီး မိမိလိုအင်ဆန္ဒဖြင့် အားလုံး ရောနှောပေသည်။ ယင်းက ၎င်းတို့အဖို့ မည်သည့် အကျိုးကျေးဇူးနှင့် အကျိုးအမြတ်ရှိသည်ဆိုသည်ကို အမြဲတွေးကြသည်။ လူတို့လုပ်ဆောင်ရန် ဆုံးဖြတ်သည့် လုပ်ဆောင်ချက်တိုင်းတွင် ဤအရာများရှိလေသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လမ်းပြမှုသည် ထိုသို့သော ရောနှောမှုများ လုံးဝ မပါရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လမ်းပြမှု သို့မဟုတ် အသိဉာဏ်ပွင့်လင်းစေခြင်းတို့ကို သေချာစွာ အာရုံစိုက်ဖို့ လိုအပ်ပေသည်။ အထူးသဖြင့် အဓိက ကိစ္စရပ်များတွင် ယင်းကို သဘောပေါက်ဖို့ရန် သင် ဂရုစိုက်ရမည်။ ၎င်းတို့၏ ဦးနှောက်များကို အသုံးပြုရန် နှစ်သက်သည့်လူများနှင့် ၎င်းတို့ကိုယ်တိုင်၏ ထင်မြင်ယူဆချက်များကိုဆောင်ရွက်ဖို့ နှစ်သက်ကြသည့်လူများသည် ထိုသို့သော လမ်းပြမှုနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းကို လွတ်သွားတတ်ဆုံး ဖြစ်သည်။ အရည်အချင်းရှိသော ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်ကြသူများ၊ အချိန်တိုင်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အာရုံစိုက်သူများ၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ကျိုးနွံနာခံသူ၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အရေးထားကာ သမ္မာတရားကို မမောနိုင်မပန်းနိုင် လိုက်စားကြသူများ ဖြစ်သည်။ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့နှင့် သူ့အတွက် ကောင်းမွန်စွာ သက်သေခံဖို့ သင်သည် သင်၏ ရည်ရွယ်ချက်များနှင့် သင်၏ တာဝန်ထမ်းဆောင်မှုရှိ ရောနှောမှုများကို မကြာခဏ သုံးသပ်ဆင်ခြင်သင့်သည်။ ထို့နောက် အလုပ်မည်မျှက လူသား၏ ထင်မြင်ယူဆချက်များအားဖြင့် လှုံ့ဆော်ခံရသည်၊ မည်မျှက သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှ ပေါက်ဖွားပြီး မည်မျှက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီသည်ဆိုသည်တို့ကို စောင့်ကြည့်လေ့လာဖို့ရန် ကြိုးစားသင့်ပေသည်။ သင်သည် သင်၏စကားများနှင့် လုပ်ဆောင်ချက်များကို သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိ စဉ်ဆက်မပြတ်၊ အခြေအနေအားလုံးတွင် ဆင်ခြင်သုံးသပ်ရမည်။ ဤပုံစံဖြင့် မကြာခဏ လက်တွေ့လုပ်ဆောင်ခြင်းက သင့်ကို ဘုရားသခင်အား အစေခံခြင်းနှင့်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် ထားရှိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

အသက်အတွေ့အကြုံ ဖြစ်စဉ်တွင်၊ မည်သည့်အရာဖြစ်ပျက်ပါစေ၊ သမ္မာတရားကို ရှာဖွေရန် သင်ယူပြီး ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအတိုင်း ကိစ္စရပ်ကို စေ့စေ့စပ်စပ် တွေးဆရမည်။ ဘုရားအလိုတော်နှင့် လုံးဝ ကိုက်ညီသည့်အရာများကို မည်သို့လုပ်ဆောင်ရမည်ကို သင်သိသည့်အခါ၊ သင်၏ ကိုယ်ပိုင်အလိုဆန္ဒမှ လာသည့် အရာများကို သင် လက်လွှတ်နိုင်လိမ့်မည်။ ဘုရားအလိုတော်နှင့်အညီ ပြုမူရမည့်ပုံကို သင် သိသည်နှင့်တစ်ပြိုင်နက် ရေလိုက်ငါးလိုက်နေသည့်အလား ထိုနည်းအတိုင်းသာ လုပ်ဆောင်သင့်သည်။ အမှုအရာများကို ဤသို့လုပ်ဆောင်ခြင်းသည် အလွန် စိုးရိမ်သောကကင်းပြီး လွယ်ကူလေသည်။ ဤသည်မှာ သမ္မာတရားကို နားလည်သည့်သူများက အမှုအရာများကို လုပ်ဆောင်သည့်ပုံ ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ အမှန်တကယ် ထိရောက်ကြောင်းနှင့် အမှုအရာများကို သင် လုပ်ဆောင်ပုံနှင့်ပတ်သက်၍ စည်းမျဉ်းများရှိကြောင်း၊ သင်၏ အသက်စိတ်သဘောထား ဧကန်အမှန် ပြောင်းလဲပြီးဖြစ်ကြောင်း၊ ဘုရားရွေးချယ်ထားသူများအတွက် ကောင်းမွန်သည့် အရာများစွာ လုပ်ဆောင်ပြီးဖြစ်ကြောင်း လူတို့ကို သင် ပြနိုင်ပါက၊ သင်သည် သမ္မာတရားကို နားလည်သည့်သူတစ်ဦးဖြစ်ပြီး၊ လူသားပုံသဏ္ဌာန် ဧကန်မုချ ရှိပေသည်။ ထိုနည်းတူ ဘုရားနှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းတွင် အကျိုးတရားတစ်ခုရှိပေသည်။ တစ်စုံတစ်ဦးက သမ္မာတရားကို အမှန်တကယ် နားလည်သည့်အခါ၊ မိမိတို့၏ အခြေအနေအမျိုးမျိုးကို ၎င်းတို့ သိမြင်နိုင်လိမ့်မည်၊ ရှုပ်ထွေးသည့် ကိစ္စရပ်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မည်ဖြစ်သောကြောင့်၊ မည်သို့ သင့်လျော်စွာ လက်တွေ့လုပ်ဆောင်ရမည်ကို ၎င်းတို့ သိလိမ့်မည်။ လူတစ်ဦးသည် သမ္မာတရားကို နားမလည်သကဲ့သို့ မိမိတို့ကိုယ်ပိုင် အခြေအနေကို မသိမြင်နိုင်ပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပုန်ကန်လိုပါက၊ မည်သည့်အရာ သို့မဟုတ် မည်သို့ ပုန်ကန်ရမည်ကို ၎င်းတို့ သိလိမ့်မည် မဟုတ်။ မိမိတို့ကိုယ်ပိုင် အလိုဆန္ဒကို ၎င်းတို့ စွန့်လွှတ်လိုပါက၊ မိမိတို့၏ကိုယ်ပိုင် အလိုဆန္ဒနှင့် ပတ်သက်၍ မည်သည့်အရာ မှားယွင်းသည်ကို သိကြလိမ့်မည် မဟုတ်၊ ၎င်းတို့ ကိုယ်ပိုင် အလိုဆန္ဒက သမ္မာတရားနှင့် ကိုက်ညီသည်ဟု တွေးထင်ကြလိမ့်မည်ဖြစ်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အလိုဆန္ဒကို သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းအဖြစ်ပင် ယူမှတ်ကောင်းယူမှတ်နိုင်သည်။ ထိုသို့သော လူတစ်ဦးသည် မိမိ၏ကိုယ်ပိုင် အလိုဆန္ဒကို မည်သို့ စွန့်လွှတ်လိမ့်မည်နည်း။ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်၊ ဇာတိပကတိကို သာ၍ ပုန်ကန်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့်၊ သမ္မာတရားကို သင် နားမလည်သည့်အခါ၊ သင်၏ ကိုယ်ပိုင်အလိုဆန္ဒမှလာသည့် အရာများ၊ လူသား အယူအဆများနှင့် လူတစ်ဦး၏ ကိုယ်ပိုင်ကြင်နာမှု၊ ချစ်ခြင်း၊ ဆင်းရဲဒုက္ခနှင့် အဖိုးအခပေးခြင်းတို့နှင့် ကိုက်ညီသည့် အရာများကို မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီနေသကဲ့သို့ အလွယ်တကူ တလွဲထင်နိုင်သည်။ သို့ဆိုလျှင် ဤလူသားအမှုအရာများကို သင် မည်သို့ ပုန်ကန်နိုင်မည်နည်း။ သင်သည် သမ္မာတရားကို နားမလည်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ခြင်းက မည်သည့်အရာကို ဆိုလိုကြောင်းသင် မသိပေ။ သင်သည် အမှောင်တွင် လုံးဝ ရှိပြီး၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကို သင် သိဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် ကောင်းသည်ဟု သင်ထင်သည့်အရာကိုသာ လုပ်နိုင်ပြီး၊ အကျိုးဆက်အနေဖြင့်၊ အချို့သော သင်၏ လုပ်ရပ်များတွင် ပုံစံပျက်ပြားခြင်းများ သင် ပြုလုပ်မိသည်။ ဤအရာများထဲမှ အချို့မှာ စည်းမျဉ်းစည်းကမ်းများကို လိုက်လျှောက်ခြင်းကြောင့်ဖြစ်သည်၊ အချို့မှာ စိတ်ထက်သန်မှုကြောင့်ဖြစ်ပြီး၊ အချို့မှာ စာတန်၏ နှောင့်ယှက်မှုကြောင့် ဖြစ်သည်။ ဤသည်မှာ သမ္မာတရား နားမလည်သူတို့ ဖြစ်သည့်ပုံ ဖြစ်သည်။ အမှုအရာများ လုပ်ဆောင်သည့်အခါ ၎င်းတို့သည် အလွန် စိတ်မချရသကဲ့သို့၊ မည်သည့် တိကျမှန်ကန်မှုမျှမရှိဘဲ အချိန်မရွေး စံသွေတတ်သည်။ သမ္မာတရား နားမလည်သောလူတို့သည် အမှုအရာများကို မယုံကြည်သူများကဲ့သို့ပင် အဓိပ္ပာယ်မဲ့သည့်နည်းလမ်းဖြင့် မြင်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မည်သို့ ဖြစ်နိုင်မည်နည်း။ ပြဿနာများကို ဖြေရှင်းဖို့ မည်သို့ ဖြစ်နိုင်မည်နည်း။ သမ္မာတရားကို သိနားလည်ခြင်းသည် ရိုးရှင်းသည့် ကိစ္စ မဟုတ်ပေ။ မိမိ၏ အစွမ်းအစ မည်မျှ မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ တစ်သက်တာ တွေ့ကြုံပြီးသည့်နောက်တွင်ပင်၊ ၎င်းတို့ နားလည်နိုင်သည့် သမ္မာတရား ပမာဏမှာ အလွန်နည်းပါးသကဲ့သို့၊ ၎င်းတို့ နားလည်နိုင်သည့် ဘုရားနှုတ်ကပတ်တော် ပမာဏမှာလည်း အလွန်နည်းပါးလေသည်။ အတော်အတန် ပိုမိုအတွေ့အကြုံရှိသောလူများမှာ သမ္မာတရားအချို့ကို နားလည်သောလူများဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာများ လုပ်ဆောင်ခြင်းနှင့် ဆိုးယုတ်သော အရာများ သိသိသာသာ လုပ်ဆောင်ခြင်းအား အများဆုံး ရပ်တန့်နိုင်ကြသည်။ မိမိတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ ရောနှောမှုတစ်ခုမျှမရှိဘဲ ပြုမူဆောင်ရွက်ဖို့ ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ အကြောင်းမှာ လူသားများသည် သာမန် အတွေးအခေါ်ရှိပြီး ၎င်းတို့၏ အတွေးများမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမြဲ မကိုက်ညီနိုင်ဘဲ၊ မိမိတို့ကိုယ်ပိုင် အလိုဆန္ဒ၏ ရောနှောမှုကို ရှောင်လွှဲ၍မရသောကြောင့်ဖြစ်သည်။ အရေးကြီးသည့်အရာမှာ မိမိကိုယ်ပိုင် အလိုဆန္ဒမှလာပြီး ဘုရားနှုတ်ကပတ်တော်၊ သမ္မာတရားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းတို့နှင့် ဆန့်ကျင်သော အရာများအားလုံးကို ပိုင်းခြားသိမြင်မှုရှိရန် ဖြစ်သည်။ ဤအရာက ဘုရားနှုတ်ကပတ်တော်ကို နားလည်ရန် သင် ကြိုးစားဖို့ လိုအပ်ပေသည်။ သမ္မာတရားကို သင် နားလည်သည့်အခါမှသာ ပိုင်းခြားသိမြင်မှု ရှိလိမ့်မည်ဖြစ်ပြီး၊ ထိုအခါမှသာ မကောင်းမှု ပြုမည်မဟုတ်သည်ကို သင် သေချာနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်

ရိုးရှင်းစွာပြောရလျှင် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုခြင်းသည် ဘုရားသခင်ကို သင့်စိတ်နှလုံးထဲတွင် ရှိရန်၊ သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်ကို နှလုံးသွင်းထားရန်၊ သင်လုပ်သည့်အရာများတွင် သင့်ကိုယ်သင် မမေ့ရန်နှင့် သင့်ဘာသာသင် ဖောက်ထွက်ဖို့ မကြိုးစားဘဲ ထိုအစား ဘုရားသခင်ကို အုပ်ထိန်းစေရန်တို့ဖြစ်သည်။ အရာတိုင်းတွင် “ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ပြီး ဘုရားသခင်နောက်ကို လိုက်သည်။ ကျွန်ုပ်သည် ဘုရားသခင်က ရွေးချယ်ထားသည့် သေးငယ်သောဖန်ဆင်းခံလူသားတစ်ဦးသာဖြစ်သည်။ ကျွန်ုပ်၏ကိုယ်ပိုင်ဆန္ဒမှလာသည့် အမြင်များ၊ အကြံပြုချက်များနှင့် ဆုံးဖြတ်ချက်များကို လက်လွှတ်သင့်ပြီး ဘုရားသခင်သာ ကျွန်ုပ်၏ အရှင်သခင် ဖြစ်စေသင့်သည်။ ဘုရားသခင်သည် ကျွန်ုပ်၏ သခင်၊ ကျွန်ုပ်၏ ကျောက်နှင့် အရာတိုင်းတွင် ကျွန်ုပ်၏ လမ်းခရီးကို လမ်းညွှန်ပြသပေးသည့် တောက်ပသောအလင်းရောင်ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ဦးစားမပေးဘဲ သူ့နှုတ်ကပတ်တော်များနှင့် လိုအင်ဆန္ဒများအတိုင်း ကိစ္စများကို ကျွန်ုပ် လုပ်ရမည်” ဟု သင်တွေးသည်။ သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိခြင်းဆိုသည်မှာ ဤသည်ကို ဆိုလိုသည်။ သင်တစ်စုံတစ်ခုလုပ်လိုသောအခါ စိတ်လိုက်မာန်ပါ လုပ်ခြင်း သို့မဟုတ် အလျင်စလိုလုပ်ခြင်းတို့ မလုပ်ပါနှင့်။ ဘုရားသခင်သည် သင့်လုပ်ရပ်များကို စက်ဆုပ်ရွံရှာသွားမည်လား၊ ပြီးလျှင် သင့်လုပ်ရပ်များသည် သူ့ရည်ရွယ်ချက်များနှင့်အညီဖြစ်မဖြစ်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များက မည်သို့ပြောထားသည်ဆိုသည်တို့ကို ပထမ စဉ်းစားကြည့်ပါ။ သင့်စိတ်နှလုံးထဲတွင် ပထမဆုံး သင့်ကိုယ်သင် မေးကြည့်ပါ၊ စဉ်းစားပါ၊ ပြီးလျှင် တွေးတောချင့်ချိန်ပါ။ အလျင်မလိုပါနှင့်။ အလျင်လိုခြင်းသည် စိတ်လိုက်မာန်ပါပြုလုပ်ခြင်းဖြစ်ပြီး လူသားဆန္ဒနှင့် တဇောက်ကန်းလုပ်ဆောင်မှုတို့ကြောင့် စိတ်ပါဝင်စားခြင်းဖြစ်သည်။ သင်သည် အမြဲတမ်း အလျင်လိုပြီး စိတ်မြန်နေပါက ဘုရားသခင်သည် သင့်စိတ်နှလုံးထဲတွင် ရှိမနေခြင်းကို ပြသည်။ ထိုအခါ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် သင်ဂုဏ်ပြုသည်ဟု သင်ပြောသောအခါ ဤစကားများသည် အနှစ်မပါသည့်စကားများ ဖြစ်မနေဘူးလော။ သင့်စစ်မှန်မှုသည် ဘယ်မှာနည်း။ သင့်တွင် စစ်မှန်မှု မရှိပါ။ ပြီးလျှင် သင်သည် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် သင်ဂုဏ်မပြုနိုင်ပါ။ အခါတိုင်းတွင် သင့်အလိုဆန္ဒအတိုင်း လုပ်ပြီး၊ ကိစ္စရပ်များအားလုံးတွင် သင်သည် အိမ်ကြီးရှင်သခင်ကဲ့သို့ ပြုမူသည်။ သို့ဆိုလျှင် သင့်တွင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုရှိသည်ဟု သင်ပြောလျှင် ဤသည်မှာ အဓိပ္ပါယ်မဲ့သည်မဟုတ်လော။ သင်သည် လူများကို ဤစကားများဖြင့် လှည့်စားနေခြင်းဖြစ်သည်။ အကယ်၍ လူတစ်ယောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုရှိပါက ယင်းက မည်သို့ အမှန်တကယ် သူ့ဘာသာ ပေါ်ထင်သနည်း။ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုခြင်းဖြင့်ဖြစ်သည်။ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုခြင်းကို အခိုင်အမာပေါ်ထင်အောင်ပြုသည့်အရာမှာ ဘုရားသခင်သည် သူတို့၏စိတ်နှလုံးထဲရှိ အထွတ်အမြတ်ဆုံးနေရာတွင် နေရာတစ်နေရာရှိနေခြင်းဖြစ်သည်။ သူတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို သူတို့၏ဆရာအရှင်ဖြစ်ရန်နှင့် ဩဇာအာဏာကိုင်စွဲရန် သူတို့ အခွင့်ပေးထားသည်။ တစ်စုံတစ်ခုဖြစ်သောအခါ သူတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံသောစိတ်နှလုံးတစ်ခုရှိသည်။ သူတို့သည် အလျင်စလိုမလုပ်ပါ၊ စိတ်လိုက်မာန်ပါမလုပ်ပါ။ ပြီးလျှင် သူတို့သည် စိတ်မြန်လက်မြန်လည်း မလုပ်ကြပါ။ သို့သော် ထိုအစား သူတို့သည် တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်နိုင်ကြပြီး သမ္မာတရားစည်းမျဉ်းများကို ရှာဖွေရန် ဘုရားသခင်၏ ရှေ့တော်မှောက်တွင် သူတို့ကိုယ်သူတို့ ဆိတ်ငြိမ်နိုင်ကြသည်။ ကိစ္စများကို ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း သို့မဟုတ် သင့်ကိုယ်ပိုင်ဆန္ဒအတိုင်း လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ၊ ပြီးလျှင် သင့်ကိုယ်ပိုင်ဆန္ဒကို သင်ခွင့်ပြုသည်ဖြစ်စေ သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အုပ်ထိန်းစေခွင့်ပြုသည်ဖြစ်စေ သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ သင်က ဘုရားသခင်သည် သင့်စိတ်နှလုံးထဲတွင် ရှိသည်ဟု ပြောသည်၊ သို့သော် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သင်သည် ဆင်ကန်းတောတိုးလုပ်သည်။ ဘုရားသခင်ကို ဘေးသို့ တွန်းဖယ်ပစ်ရင်း အပြီးသတ်ဆုံးဖြတ်ချက်ကို ကိုယ့်ဘာသာချစေတော့သည်။ ဤသည်မှာ ဘုရားသခင်ရှိသည့် စိတ်နှလုံး၏ သရုပ်သကန်ဖြစ်သလော။ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ဘုရားသခင်ထံ ဆုတောင်းနိုင်သောလူအချို့ရှိသည်၊ သို့သော် ဆုတောင်းပြီးနောက်တွင် “ဒီဟာကို ငါလုပ်သင့်တာလို့ ငါထင်တယ်။ ဟိုဟာကို ငါလုပ်သင့်တာလို့ ငါထင်တယ်” ဟု တွေးလျက် သူတို့သည် ကိစ္စများကို အလေးအနက် ဆက်စဉ်းစားနေသည်။ သင့်ကိုယ်ပိုင်ဆန္ဒနောက်ကို သင်အမြဲတမ်းလိုက်ပြီး သူတို့က သင့်ကို မည်မျှမိတ်သဟာယပြုပါစေ မည်သူ့ကိုမှ သင်နားမထောင်ပေ။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခု မရှိခြင်း၏ သရုပ်သကန်မဟုတ်လော။ သမ္မာတရားစည်းမျဉ်းများကို သင်မရှာဖွေသည့်အပြင် သမ္မာတရားကို လက်တွေ့မကျင့်သုံးသောကြောင့် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုပြီး ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခု ရှိသည်ဟု သင်ဆိုသောအခါ ၎င်းတို့သည် အနှစ်မပါသည့်စကားများသာဖြစ်ကြလေသည်။ ဘုရားသခင်ကို စိတ်နှလုံးများထဲ မရှိသောလူများနှင့် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုရန် မတတ်နိုင်သောလူများသည် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခု မရှိကြသောလူများဖြစ်သည်။ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သမ္မာတရားကို ရှာဖွေရန် မတတ်နိုင်ကြသောလူများနှင့် ဘုရားသခင်ကို ကျိုးနွံနာခံသောစိတ်နှလုံးတစ်ခု မရှိကြသောလူများသည် ကောင်းဆိုးကျိုးပြစ်ကို အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောလူများအားလုံးဖြစ်သည်။ အကယ်၍ လူတစ်ယောက်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား အမှန်ရှိသည်ဆိုလျှင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သူတို့သည် သမ္မာတရားကို အလိုအလျောက်ရှာဖွေနိုင်ကြလိမ့်မည်။ “ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရှာဖွေရန် ကျွန်ုပ် လာခဲ့ပြီ။ ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားရှိသောကြောင့် ကျွန်ုပ်လုပ်သမျှအရာတိုင်းမှာ တစ်ဦးတည်းဩဇာအာဏာရှိသူအဖြစ် ကိုယ့်ကိုယ်ကိုယ် ကျွန်ုပ် အမြဲတမ်း ဆက်ဆံသည်၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို ကျွန်ုပ် အမြဲတမ်း ဆန့်ကျင်သည်။ ကျွန်ုပ် နောင်တရရမည်။ ဤနည်းအတိုင်း ဘုရားသခင်ကို ကျွန်ုပ် ဆက်ပြီး မပုန်ကန်နိုင်တော့။ ဘုရားသခင်ထံ ကျိုးနွံနာခံရန်နည်းလမ်းကို ကျွန်ုပ် သင်ယူရမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက ဘာကို ပြောသည်၊ ပြီးလျှင် သမ္မာတရားစည်းမျဉ်းများက ဘာဖြစ်သည်ဆိုသည်တို့ကို ကျွန်ုပ် ရှာဖွေရမည်” ဟု သူတို့ ပထမဆုံး တွေးရမည်။ ဤသည်တို့သည် သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမှ ထွက်ပေါ်လာသည့် အတွေးများနှင့် ရည်မှန်းချက်များဖြစ်ကြသည်။ ဤသည်တို့သည် ကိစ္စများကို သင်လုပ်ရာတွင် ရှိသင့်ရှိထိုက်သောစည်းမျဉ်းများနှင့် သဘောထားတို့ဖြစ်ကြသည်။ သာမန်လူ့သဘာဝ၏ အသိစိတ်ကို သင်ပိုင်ဆိုင်သောအခါ ဤသဘောထားကို သင်ပိုင်ဆိုင်ပြီဖြစ်သည်။ သာမန်လူ့သဘာဝ၏ အသိစိတ်ကို သင်မပိုင်ဆိုင်သောအခါ ဤသဘောထားကို သင်မပိုင်ဆိုင်ပါ။ ထို့ကြောင့် သာမန်လူ့သဘာဝ၏ အသိစိတ်ကို ပိုင်ဆိုင်ခြင်းသည် အရေးပါပြီး အလွန်အရေးကြီးသည်။ ယင်းသည် လူများ သမ္မာတရားကို နားလည်ခြင်းနှင့် ကယ်တင်ခြင်းရရှိခြင်းတို့နှင့် တိုက်ရိုက်ဆက်စပ်နေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

တစ်ဇွတ်ထိုး အလုပ်လုပ်ခြင်း၏ အကျိုးဆက်များ

တစ်ဇွတ်ထိုးပြုလုပ်ခြင်းသည် သူတစ်ပါးနှင့် မိမိကိုယ်ကို ထိခိုက်စေသည်

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ဘုရားရှေ့မှောက်၌ မကြာခဏ ငြိမ်သက်နိုင်သူတို့သည် ဘုရားတရားကိုင်းရှိုင်းသူများဖြစ်၏ကျူး

ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်တစ်ခုကသာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ပေးသည်

အခြေခံသဘောတရားများဖြင့် ဆောင်ရွက်ခြင်းအားဖြင့်သာ မိမိတို့၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်သည်

အရှေ့သို့- ၂၀။ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း၊ မိမိကိုယ်ပိုင်အမြင်များကို စွဲကိုင်ထားခြင်း ပြဿနာကို ဖြေရှင်းနည်း

နောက်တစ်ခုသို့- ၂၂။ ထင်ရာမြင်ရာလုပ်ဆောင်ပြီး အာဏာရှင်ဆန်ခြင်းအား ဖြေရှင်းနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။