၁၁။ ဘုရားသခင်ကို ယုံကြည်သူများသည် ၎င်းတို့၏တာဝန်ကို ကောင်းစွာထမ်းဆောင်ရမည့် အကြောင်းအရင်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲရန်နှင့် ကယ်တင်ရန် အမှုပြု၏၊ ထို့ကြောင့် ကိုယ်တော်၌ လူတို့အပေါ် တောင်းဆိုချက်များ ရှိသည်မှာ သေချာ၏။ ဤတောင်းဆိုချက်များမှာ သူတို့၏ တာဝန်များ ဖြစ်၏။ လူတို့၏ တာဝန်က ဘုရားသခင်၏ အမှုတော်မှလည်းကောင်း၊ လူသားမျိုးနွယ်အပေါ် သူ၏ သတ်မှတ်ချက်များမှလည်းကောင်း ဖြစ်ပေါ်သည်မှာ သိသာပေသည်။ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ယင်းသည် အသင့်လျော်ဆုံးသောအရာဖြစ်သည်။ လူသားမျိုးနွယ်ကြားတွင် အလှပဆုံး၊ တရားအမျှတဆုံးသောအရာ ဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့် လူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သင့်သည်။ ထိုအခါမှသာ ဖန်ဆင်းရှင်၏ အသိအမှတ်ပြုခြင်းကို ၎င်းတို့ ရရှိနိုင်သည်။ ဖန်ဆင်းခံတို့သည် ဖန်ဆင်းရှင်၏ စိုးမိုးမှုအောက်တွင် အသက်ရှင်ပြီး ဘုရားသခင် ပံ့ပိုးသည့်အရာအားလုံးနှင့် ဘုရားသခင်ဆီကလာသည့် အရာရာတိုင်းကို ၎င်းတို့ လက်ခံသည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်။ ဘုရားသခင်က အမိန့်ဖြင့်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ လူတို့အတွက် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ဤလူ့ကမ္ဘာတွင် နေထိုင်စဉ် လုပ်ဆောင်သည့် မည်သည့်အရာမဆိုထက် ပို၍တရားမျှတသည်၊ လှပသည်၊ မြင့်မြတ်သည်ကို ဤအရာမှ မြင်နိုင်သည်။ လူသားမျိုးနွယ်အကြားတွင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းထက် ပို၍ အဓိပ္ပာယ်ရှိသော သို့မဟုတ် တန်ဖိုးရှိသောအရာ တစ်စုံတစ်ရာ မရှိပေ၊ ထို့ပြင် ဖန်ဆင်းခံလူသားတစ်ဦး၏ အသက်တာအတွက် ပိုကြီးမြတ်သော အဓိပ္ပာယ်နှင့် တန်ဖိုးကို ဆောင်ကြဉ်းပေးသည့်အရာလည်း တစ်ခုမျှ မရှိချေ။ ကမ္ဘာမြေပေါ်တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို အမှန်တကယ်၊ ရိုးသားစွာ ထမ်းဆောင်သော လူအုပ်စုသာလျှင် ဖန်ဆင်းရှင်ကို ကျိုးနွံနာခံသောသူများဖြစ်သည်။ ဤအုပ်စုသည် လောကီ၌ ရေပန်းစားသောအရာများနောက်သို့ မလိုက်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုကို ကျိုးနွံနာခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကိုသာ နားထောင်သည်။ ဖန်ဆင်းရှင် ဖော်ပြသော သမ္မာတရားများကို လက်ခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်သည်။ ဤသည်မှာ အမှန်ကန်ဆုံး၊ အထူးကဲဆုံးသော သက်သေခံချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ အကောင်းဆုံး သက်သေခံချက် ဖြစ်သည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်နိုင်ခြင်း၊ ဖန်ဆင်းရှင်ကို ကျေနပ်မှုပေးနိုင်ခြင်းသည် လူသားမျိုးနွယ်ကြားတွင် အလှပဆုံးသောအရာဖြစ်ပြီး ယင်းသည် ၎င်းတို့အလယ်တွင် ချီးမွမ်းဖို့ရာ ပြောစမှတ်တွင်မည့် အဖြစ်အပျက်အဖြစ် ဖြန့်သင့်သည့်အရာ ဖြစ်သည်။ ဖန်ဆင်းရှင်က ဖန်ဆင်းခံများထံ အပ်နှံထားသော မည်သည့်အရာကိုမဆို ၎င်းတို့က အကြွင်းမဲ့လက်ခံသင့်သည်၊ ယင်းသည် လူသားမျိုးနွယ်အတွက် ပျော်ရွှင်ခြင်းနှင့် အခွင့်ထူး နှစ်မျိုးလုံးနှင့်ဆိုင်သော ကိစ္စဖြစ်ပြီး ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ထမ်းဆောင်သော သူများအားလုံးအတွက် မည်သည့်အရာကမျှ ပို၍ လှပဖွယ်၊ သို့မဟုတ် အမှတ်ရထိုက်ဖွယ် မကောင်းပေ၊ ဤသည်မှာ အပြုသဘောဆောင်သောအရာပင် ဖြစ်သည်။...ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းရှင် ရှေ့မှောက်သို့ လာသည့်အခါ၊ မိမိတာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုပ်ဆောင်ရန် အလွန်သင့်တော်သည့် အရာတစ်ခုဖြစ်ပြီး ဤတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်။ ဖန်ဆင်းခံများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည်ဟူသော အခြေခံအရ ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အကြားတွင် ပို၍ပင် ကြီးမြတ်သော အမှုကို ပြုတော်မူခဲ့ပြီး လူတို့အပေါ်တွင် နောက်ထပ် အမှုတော်တစ်ဆင့်ကို ဆောင်ရွက်တော်မူခဲ့လေသည်။ ထိုအမှုမှာ အဘယ်နည်း။ ကိုယ်တော်သည် လူသားမျိုးနွယ်အား သမ္မာတရားကို ပေးပြီး သူတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ ဘုရားသခင်ထံမှ သမ္မာတရားကို ရရှိစေကာ ထိုမှတစ်ဆင့် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး သန့်စင်ခြင်းခံရစေသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်လာပြီး ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းစေသည်၊ အဆုံး၌ ဘုရားသခင်ကို ကြောက်ရွံ့နိုင်ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်၍ ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိသည့်အပြင် စာတန်၏ ဒုက္ခပေးခြင်းများကို မခံရတော့စေရန် အခွင့်ပေးလေသည်။ ဤသည်မှာ လူသားမျိုးနွယ်ကို တာဝန်များ ထမ်းဆောင်စေခြင်းအားဖြင့် ဘုရားသခင် ဖြစ်မြောက်အောင်မြင်ရန် ရည်ရွယ်သည့် နောက်ဆုံးအကျိုးဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်များကိုထမ်းဆောင်ခြင်း လုပ်ငန်းစဉ် အချိန်ကာလ အတွင်းတွင် ဘုရားသခင်သည် အကြောင်းကိစ္စတစ်ခုကို သင် ရှင်းရှင်းလင်းလင်း မြင်ပြီး သမ္မာတရားအနည်းငယ်ကို နားလည်အောင်သာ လုပ်ဆောင်ခြင်းမဟုတ်သကဲ့သို့ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကိုထမ်းဆောင်ခြင်းအားဖြင့် သင် လက်ခံရရှိသည့် ကျေးဇူးတော်နှင့် ကောင်းချီးများကို သင်ခံစားခွင့်ပြုရန်မျှ လုပ်ဆောင်ခြင်းလည်း မဟုတ်ပေ။ ထိုထက် ဘုရားသခင်သည် သင့်အား သန့်စင်ခံရပြီး ကယ်တင်ခြင်းခံရကာအဆုံး၌ ဖန်ဆင်းရှင် မျက်နှာတော်၏ အလင်းရောင်တွင် ရှင်သန်လာရသည့် အခွင့်ကို ပေးသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)
ငါတို့၏ဖြစ်တည်မှုအလုံးစုံသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိသည့်အတွက်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခြင်းအတွက် ငါတို့၏ စိတ်နှင့် ခန္ဓာများကို ဆက်ကပ်ပူဇော်ရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏စိတ်နှင့် ခန္ဓာတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် ဆက်ကပ်ထားခြင်း မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ တရားမျှတသော အကြောင်းတရားအတွက် မဟုတ်ပါက၊ ငါတို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မာတုရဖြစ်ခဲ့ကြသူများ၏ ရှေ့မှောက်တွင် အရှက်ရလိမ့်မည် ဖြစ်ပြီး၊ ငါတို့ကို အရာရာ ထောက်ပံ့ပေးပြီးဖြစ်သည့် ဘုရားသခင်အတွက် များစွာသာ၍ မထိုက်တန်ဟု ခံစားရလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည်
ဘုရားသခင်၏ အိမ်တော်တွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား လက်ခံခြင်းနှင့် မိမိတာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်းတို့နှင့် ပတ်သက်၍ အစဉ်ပြောဆိုကြသည်။ သို့ဆိုလျှင် တာဝန်သည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယေဘုယျအားဖြင့် ပြောရလျှင် ယင်းသည် လူသားမျိုးနွယ်ထံသို့ ကယ်တင်ခြင်း ဆောင်ကြဉ်းပေးသည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်၏ အကျိုးဆက်အနေဖြင့် ဖြစ်ပေါ်လာသည်။ တိတိကျကျ ပြောရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်ကို လူသားမျိုးနွယ်အကြားတွင် လုပ်ဆောင်သည်နှင့်အမျှ အလုပ်အမျိုးမျိုး ပေါ်ပေါက်လာပြီး ယင်းတို့အားလုံးသည် လူတို့က မိမိတို့၏ အပိုင်းကို ပူးပေါင်းဆောင်ရွက်ကာ ပြီးမြောက်စေရန် လိုအပ်သည်။ ဤနည်းအားဖြင့် လူတို့၏ တာဝန်ဝတ္တရားများနှင့် အထူးတာဝန်များ ဖြစ်ပေါ်လာပြီး ဤတာဝန်ဝတ္တရားများနှင့် အထူးတာဝန်များသည် ဘုရားသခင်က လူတို့အပေါ် ပေးအပ်ချီးမြှင့်သည့် တာဝန်များ ဖြစ်ကြသည်။ ဘုရားသခင်၏ အိမ်တော်တွင် လူတို့၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည့် အလုပ်အမျိုးမျိုးမှာ ၎င်းတို့ထမ်းဆောင်သင့်သည့် တာဝန်များဖြစ်သည်။ ထို့ကြောင့် တာဝန်များကြားတွင် သာ၍ကောင်းမွန်ခြင်းနှင့် သာ၍ဆိုးခြင်း၊ မြင့်မားခြင်းနှင့် နိမ့်ကျခြင်း၊ သို့မဟုတ် ကြီးမြတ်ခြင်းနှင့် သေးငယ်ခြင်းတို့အရ ခြားနားချက်များရှိသလော။ ထိုသို့သော ခြားနားချက်များ မတည်ရှိပေ။ တစ်စုံတစ်ရာသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုနှင့် ပတ်သက်သရွေ့၊ တစ်စုံတစ်ရာသည် သူ့အိမ်တော်အမှု၏ သတ်မှတ်ချက်တစ်ခု ဖြစ်သရွေ့၊ ဘုရားသခင်၏ ဧဝံဂေလိဖြန့်ဝေခြင်း၌ လိုအပ်သရွေ့ ယင်းသည် လူတစ်ဦး၏ တာဝန်ဖြစ်သည်။ ဤသည်မှာ တာဝန်၏ ဇာစ်မြစ်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှု မရှိဘဲနှင့်၊ ကမ္ဘာပေါ်ရှိ လူတို့၌ ၎င်းတို့မည်သို့အသက်ရှင်ကြသည်ဖြစ်စေ တာဝန်များ ရှိကြမည်လော။ ရှိမည်မဟုတ်ပါ။ ယခု သင်တို့ ရှင်းလင်းစွာ မြင်ရပြီ။ လူတစ်ဦး၏ တာဝန်သည် မည်သည့်အရာနှင့် ပတ်သက်သနည်း။ (ယင်းသည် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအပေါ် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်နှင့် ပတ်သက်သည်။) မှန်ပေ၏။ လူသားမျိုးနွယ်၏ တာဝန်များ၊ ဖန်ဆင်းခံများ၏ တာဝန်များနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သော ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတို့ကြားတွင် တိုက်ရိုက်ဆက်နွှယ်မှုတစ်ခု ရှိသည်။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ ကယ်တင်ခြင်းမရှိဘဲ၊ ထို့ပြင် လူသားကြားတွင် လူဇာတိခံယူသော ဘုရားသခင်အစပျိုးထားသည့် စီမံခန့်ခွဲမှုအလုပ် မရှိဘဲ၊ လူတို့၌ ပြောစရာ မည်သည့်တာဝန်များမျှ ရှိမည်မဟုတ်ကြောင်း ဆိုနိုင်သည်။ တာဝန်များသည် ဘုရားသခင်၏အလုပ်မှ ထွက်ပေါ်လာသည်။ ယင်းမှာ လူတို့အပေါ် ဘုရားသခင်တောင်းဆိုသည့် အရာဖြစ်၏။ ယင်းကို ဤရှုထောင့်မှ ကြည့်သည့်အခါ တာဝန်သည် ဘုရားသခင်နောက်လိုက်သည့် လူတိုင်းအတွက် အရေးကြီး၏၊ ဟုတ်သည် မဟုတ်လော။ ယင်းမှာ အလွန်အရေးကြီး၏။ ယေဘုယျအားဖြင့် ပြောရလျှင် သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့်သက်ဆိုင်သော အလုပ်တွင် ပါဝင်ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ ပို၍ တိတိကျကျ ပြောရလျှင် သင်သည် ဘုရားသခင်က အချိန်အခါအမျိုးမျိုးနှင့် လူအုပ်စုအမျိုးမျိုးတို့တွင် ဆောင်ရွက်တော်မူသော အလုပ်၏ အချက်အမျိုးမျိုးတို့၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ သင်၏တာဝန်သည် မည်သည့်အရာဖြစ်နေပါစေ ယင်းသည် သင့်ကို ဘုရားသခင်ပေးထားသည့် လုပ်ငန်းတာဝန်ဖြစ်၏။ တစ်ခါတစ်ရံ အရေးကြီးသော အရာဝတ္ထုတစ်ခုကို စောင့်ရှောက်ဖို့၊ သို့မဟုတ် ကာကွယ်ပေးဖို့ သင်သည် တောင်းဆိုခံရကောင်း ခံရနိုင်သည်။ ဤသည်မှာ ကြီးကျယ်သော ကိစ္စတစ်ရပ် မဟုတ်ပေ၊၊ ဤသည်ကို သင်၏ တာဝန်တစ်ရပ်ဟုသာ ဆိုနိုင်သည်၊၊ သို့သော်လည်း ဤသည်မှာ ဘုရားသခင်က သင့်ကို ပေးအပ်ထားသည့် တာဝန်တစ်ရပ် ဖြစ်သည်၊၊ သင်သည် ကိုယ်တော့်ထံမှ ယင်းကို ခံယူခဲ့ပြီး ယခုအခါ သင်၏ တာဝန် ဖြစ်လာသည်။ ဤကိစ္စ၏ အရင်းခံကို ပြောရလျှင် လူတစ်ဦး၏ တာဝန်ကို ဘုရားသခင်က ယုံကြည်စွာ အပ်နှံထားခြင်း ဖြစ်သည်။ ယင်းတွင် အဓိကအားဖြင့် ဧဝံဂေလိတရားဟောခြင်း၊ သက်သေခံခြင်း၊ ဗီဒီယိုများ ပြုလုပ်ခြင်းနှင့် အသင်းတော်တွင် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ခြင်းတို့ ပါဝင်သည်၊၊ သို့မဟုတ်ပါက ပို၍ အန္တရာယ်များသော အလုပ် သို့မဟုတ် ပို၍ အရေးကြီးသော အလုပ် ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ယင်းသည် ဘုရားသခင်၏ အလုပ်နှင့်လည်းကောင်း၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်၏ လိုအပ်ချက်များနှင့်လည်းကောင်း သက်ဆိုင်နေသရွေ့ လူတို့သည် ယင်းကို ဘုရားသခင်ထံမှ တာဝန်တစ်ရပ်အဖြစ် ခံယူသင့်သည်။ပို၍ပင် ကျယ်ပြန့်သော စကားလုံးဖြင့် ဖော်ပြရလျှင် တာဝန်ဟူသည် လူတစ်ဦး၏ အထူးတာဝန်၊ ဘုရားသခင်အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်ပင် ဖြစ်သည်။ ပို၍အတိအကျဆိုရလျှင် ယင်းမှာ သင်၏တာဝန်၊ သင်၏ဝတ္တရားဖြစ်၏။ ယင်းသည် သင်၏အထူးတာဝန်၊ သင့်အား ဘုရားသခင်အပ်နှံသည့် တာဝန်ပေးစေခိုင်းချက် ဖြစ်သည့်အပြင် သင်၏ တာဝန်နှင့်ဝတ္တရားတို့ဖြစ်သည်ကို ထောက်ဆလျှင် သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် သင်၏တစ်ကိုယ်ရေ အရေးကိစ္စများနှင့် သက်ဆိုင်မှုမရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းဟူသည်မှာ အဘယ်နည်း
ဤအမြင်သည် ယခုအချိန်၌ သင်တို့တွင် ရှင်းလင်းနေရမည်။ တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အရေးကြီးဆုံးပင် ဖြစ်သည်။ ယခုအချိန်၌ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရေးပါဆုံး အချက်မှာ တာဝန် ထမ်းဆောင်ခြင်း ဖြစ်၏။ မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း မရှိလျှင် သင်သည် မည်သည့် လက်တွေ့ကျမှုမျှ မရှိနိုင်ပေ။ တာဝန် ထမ်းဆောင်နေစဉ် လူများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ကြပြီး ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေး တစ်ခုကို တဖြည်းဖြည်း တည်ဆောက်နိုင်ကြ၏။ ၎င်းတို့သည် မိမိတို့၏ ပြဿနာများကို တဖြည်းဖြည်း ခွဲခြားဖော်ထုတ်နိုင်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အနှစ်သာရကို သိလာကြ၏။ တစ်ချိန်တည်းမှာပင် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း လုပ်ငန်းစဉ်မှတစ်ဆင့် လူများသည် ၎င်းတို့အပေါ် ဘုရားသခင် တောင်းဆိုချက်များက မည်သည့်အရာများ ဖြစ်သည်ကို တဖြည်းဖြည်း တွေ့ရှိနိုင်ကြသည်။ ဘုရားသခင်ကို ယုံကြည်သည့်အချိန်၌ သင် ယုံကြည်သည်မှာ မည်သည့်အရာပင် ဖြစ်သည်ကို ယခု နားလည်သလော။ အမှန်တကယ်တွင် သမ္မာတရားကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို ရရှိခြင်း ဖြစ်သည်။ တာဝန် ထမ်းဆောင်ခြင်းသည် သင့်အား သမ္မာတရားနှင့် အသက်ကို ရရှိစေ၏။ တာဝန် ထမ်းဆောင်ခြင်း မရှိဘဲ သမ္မာတရားနှင့် အသက်ကို မရရှိနိုင်ချေ။ လူတစ်ယောက်သည် တာဝန် ထမ်းဆောင်ခြင်း မရှိဘဲ ဘုရားသခင်ကို ယုံကြည်သည်ဆိုလျှင် စစ်မှန်မှု ရှိနိုင်မည်လော။ (မရှိနိုင်ပါ။) မည်သည့် စစ်မှန်မှုမျှ မရှိနိုင်ပေ။ ထို့ကြောင့် သင်သည် မိမိတာဝန်ကို ကောင်းစွာ မထမ်းဆောင်လျှင် သမ္မာတရားကို မရရှိနိုင်ချေ။ သင့်အနေဖြင့် ဖယ်ရှားရှင်းလင်းခြင်းခံရသည့် အခါတွင်မူ သင်သည် ဘုရားသခင်ကို ယုံကြည်ရန် ပျက်ကွက်ခဲ့ပြီဖြစ်ကြောင်း ဤအရာက ပြဆိုလေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည်ဟု ပြောဆိုသည့်တိုင် သင်၏ယုံကြည်ခြင်းမှာ အဓိပ္ပာယ် ကင်းမဲ့နေပြီဖြစ်သည်။ ဤသည်မှာ လုံးလုံးလျားလျား နားလည်သဘောပေါက်ရမည့် အရာတစ်ခု ဖြစ်၏။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်
၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့် လူသားအတွင်းရှိ ရှိရင်းစွဲ အရာအားလုံးနှင့်ဆိုင်သည့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် ပင်ကိုအားဖြင့် ဖြစ်နိုင်သည့် အရာဖြစ်သည်။ ထိုအခါ ယင်းမှာ ၎င်း၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ဖြစ်ပေသည်။ လူ၏ အစေခံမှုရှိ အားနည်းချက်များအတွက်မှာမူ ဤသည်တို့မှာ တိုးတက်သည့် အတွေ့အကြုံနှင့် တရားစီရင်ခြင်းအား သူ၏ကြုံရခြင်း ဖြစ်စဉ်မှတစ်ဆင့် တဖြည်းဖြည်း လျော့နည်းလာသည်။ ယင်းတို့သည် လူသား၏တာဝန်ကို မတားဆီးပေ၊ သို့မဟုတ် မထိခိုက်ပေ။ အစေခံမှုကို ရပ်စဲသောသူ သို့မဟုတ် ၎င်းတို့၏ အစေခံမှုတွင် အားနည်းချက်များ ရှိကောင်းရှိနိုင်သည်ဟု ကြောက်ရွံ့ခြင်းအတွက် အလျှော့ပေးကာ နောက်ပြန်ဆုတ်သူများသည် အားလုံးထဲတွင် သတ္တိ အနည်းဆုံးသောသူများ ဖြစ်သည်။ လူတို့သည် အစေခံမှုအတွင်းတွင် ၎င်းတို့ ဖော်ပြသင့်သည့်အရာကို မဖော်ပြနိုင်သကဲ့သို့ သို့မဟုတ် ၎င်းတို့အတွက် ပင်ကိုအားဖြင့် ဖြစ်နိုင်သည့်အရာကို စွမ်းဆောင် မရရှိနိုင်သကဲ့သို့၊ ယင်းအစား ဝတ်ကျေတမ်းကျေလုပ်ပါက ၎င်းတို့သည် ဖန်ဆင်းခံ တစ်ဦး ရှိသင့်သည့် အလုပ်တာဝန်ကို ဆုံးရှုံးကြပြီး ဖြစ်ပေသည်။ ထိုသို့သော လူတို့သည် “သာမညောင်ညများ” ဟု သိရသောအရာများ ဖြစ်သည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်သရိုက် ဖြစ်ကြသည်။ ထိုသို့သောလူတို့ကို ဖန်ဆင်းခံများဟု အဘယ်သို့ ကောင်းမွန်စွာ ခေါ်ဆို၍ ရနိုင်မည်နည်း။ ၎င်းတို့သည် အပြင်ပန်းတွင် တောက်ပြောင်သော်လည်း အတွင်း၌ ပုပ်သိုးသော ဖောက်ပြန်ပျက်စီးသည့် သတ္တဝါများ ဖြစ်သည် မဟုတ်လော။ အကယ်၍ လူသားတစ်ဦးသည် မိမိကိုယ်ကို ဘုရားသခင်ဟူ၍ ခေါ်ဝေါ်သမုတ်သော်လည်း၊ ဘုရားသဘောသဘာဝ၏ ဖြစ်ခြင်းကို မဖော်ပြနိုင်ပါက၊ ဘုရားသခင် ကိုယ်တိုင်၏အမှုကို မပြုနိုင်ပါက၊ သို့မဟုတ် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါက၊ သူသည် ဘုရားသခင်၏ အနှစ်သာရ မရှိသည့်အတွက်၊ ဘုရားသခင် မဟုတ်သည်မှာ သေချာပြီး၊ ဘုရားသခင်က ပင်ကိုအားဖြင့် စွမ်းဆောင်ရရှိနိုင်သည့်အရာသည် သူ၏ အတွင်းတွင် မတည်ရှိပေ။ အကယ်၍ လူသားသည် ပင်ကိုအားဖြင့် သူ ရယူနိုင်သည့်အရာကို ဆုံးရှုံးရပါက၊ ၎င်းကို လူသားဟု ယူဆ၍ မရနိုင်တော့သကဲ့သို့၊ ဖန်ဆင်းခံသတ္တဝါအဖြစ် ရပ်တည်ရန် သို့မဟုတ် ဘုရားသခင် ရှေ့မှောက် လာရန်နှင့် သူ့ကို အစေခံရန် မထိုက်တန်ချေ။ ထို့အပြင် ၎င်းသည် ဘုရားသခင်၏ကျေးဇူးတော်ကို ရရှိရန် သို့မဟုတ် ဘုရားသခင်၏ ကြည့်ရှုစောင့်ရှောက်ခြင်း ခံရရန်၊ ကွယ်ကာခြင်း ခံရရန်နှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန် မထိုက်တန်ပေ။ ဘုရားသခင်၏ ယုံကြည်မှုကို ဆုံးရှုံးသောသူ များစွာသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဆက်လက် ဆုံးရှုံးရသည်။ ၎င်းတို့သည် မိမိတို့၏ ဒုစရိုက်အမှုများကို မမုန်းတီးကြသည်သာမက၊ ဘုရားသခင်၏ လမ်းခရီးသည် မမှန်ကန်ဟူသော အယူအဆကို အရှက်မရှိ ဖြန့်ကြပြီး၊ ပုန်ကန်တတ်သောသူများသည် ဘုရားသခင်၏ တည်ရှိခြင်းကိုပင် ငြင်းပယ်ကြလေသည်။ ထိုသို့သော ပုန်ကန်မှုကို ပိုင်ဆိုင်သည့် ထိုသို့သော လူများသည် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားပိုင်ခွင့် မည်သို့ ရှိနိုင်မည်နည်း။ မိမိတို့၏တာဝန်ကို ကောင်းမွန်စွာ မဖြည့်ဆည်းသောသူတို့သည် ဘုရားသခင်ကို အလွန် ပုန်ကန်တတ်ကြပြီး ဘုရားသခင်နှင့်ပတ်သက်၍ များစွာအကြွေးတင် ရှိကြပေသည်၊ သို့သော် ၎င်းတို့သည် လှည့်ကာ ဘုရားသခင် မှားယွင်းသည်ဟု ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချကြလေသည်။ ထိုသို့သော လူစားမျိုးသည် စုံလင်စေခြင်းခံရရန် မည်ကဲ့သို့ ထိုက်တန်နိုင်မည်နည်း။ ဤသည်မှာ ဖယ်ရှားရှင်းလင်းခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းကို ခံရဖို့ဖြစ်သည့် ရှေ့ပြေးနိမိတ်ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ရှေ့မှောက်တွင် မိမိ၏တာဝန်ကို မလုပ်ဆောင်သော လူတို့သည် ပြစ်မှုများထဲမှ စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံးသော အပြစ်ရှိနှင့်ပြီးသားဖြစ်သည်၊ ယင်းအတွက် သေခြင်းတရားသည်ပင် မလုံလောက်သော ပြစ်ဒဏ်တစ်ခု ဖြစ်သည်၊ သို့သော် ၎င်းတို့သည် ဘုရားသခင်နှင့် ငြင်းခုံရဲကြသည်သာမက၊ မိမိတို့ကိုယ်ကို ဘုရားသခင်နှင့် တုပြိုင်ရဲကြလေသည်။ ထိုသို့သော လူများကို စုံလင်စေခြင်း၏ ထိုက်တန်မှုမှာ အဘယ်နည်း။ အကယ်၍ လူတို့သည် ၎င်းတို့၏တာဝန်ကို မဖြည့်ဆည်းနိုင်ပါက၊ ၎င်းတို့သည် အပြစ်ရှိခြင်းနှင့် အကြွေးတင်ရှိခြင်းတို့ကို ခံစားသင့်သည်။ ၎င်းတို့သည် ၎င်းတို့၏ အားနည်းချက်နှင့် အသုံးမကျမှု၊ ၎င်းတို့၏ ဆန့်ကျင်ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုတို့ကို မုန်းတီးသင့်သည်၊ ထို့အပြင် ၎င်းတို့၏ အသက်တာကို ဘုရားသခင်အား ပေးသင့်ကြသည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော ဖန်ဆင်းခံများ ဖြစ်ကြပြီး၊ ထိုသို့သော လူများသည်သာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကတိတော်ကို မွေ့လျော်ခံစားထိုက်ပြီး သူ၏ စုံလင်စေခြင်း ခံရထိုက်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု
ယနေ့တွင် သင် စွမ်းဆောင်ရရှိရန် လိုအပ်သည်မှာ နောက်ထပ်တောင်းဆိုမှုများ မဟုတ်ဘဲ၊ လူ၏ တာဝန်နှင့် လူအားလုံးက လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ အကယ်၍ မိမိ၏တာဝန်ကိုပင် သင်တို့ လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ သို့မဟုတ် ယင်းကို ကောင်းစွာ လုပ်ဆောင်နိုင်စွမ်းမရှိပါက၊ သင်တို့သည် မိမိကိုယ်ကိုယ် ဒုက္ခရောက်စေခြင်း မဟုတ်လော။ သင်သည် သေခြင်းတရားကို ဖိတ်ခေါ်နေသည် မဟုတ်လော။ အနာဂတ်နှင့် အလားအလာများရှိဖို့ သင်သည် အဘယ်သို့ မျှော်လင့်နိုင်ဦးမည်နည်း။ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူ၏ ပူးပေါင်းဆောင်ရွက်မှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ပေးထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူလုပ်ဆောင်သင့်သည့်အရာ အားလုံးကို လုပ်ဆောင်ပြီးနောက်တွင်၊ လူသည် သူ၏ လက်တွေ့လုပ်ဆောင်မှုတွင် တွန့်တိုခြင်း မရှိရန်နှင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပေသည်။ ဘုရားသခင်၏အမှုတွင် လူသည် မည်သည့်လုံ့လကိုမျှ မချန်သင့်၊ သူ၏သစ္စာစောင့်သိမှုကို ဆက်ကပ်သင့်ပြီး၊ အတော်များသော အယူအဆများတွင် မမွေ့လျော်သင့်ပေ သို့မဟုတ် မလှုပ်မယှက်ထိုင်ကာ သေခြင်းကို မစောင့်ဆိုင်းသင့်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် လူသားအတွက် စတေးနိုင်သည်၊ သို့ဆိုလျှင် လူသည် သူ၏သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား အဘယ်ကြောင့် မဆက်ကပ်နိုင်သနည်း။ ဘုရားသခင်သည် လူသားအပေါ် တစ်စိတ်တစ်ဝမ်းတည်းရှိသည်၊ သို့ဆိုလျှင် လူသည် အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်ကို မဆက်ကပ်နိုင်ရသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် အမှုပြုသည်၊ သို့ဆိုလျှင် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် မိမိ၏ တာဝန်အချို့ကို အဘယ်ကြောင့် မဆောင်ရွက်နိုင်သနည်း။ ဘုရားသခင်၏ အမှုသည် ဤအထိ ရောက်ရှိလာလေပြီ၊ သို့သော် သင်သည် မြင်သော်ငြား မလုပ်ဆောင်၊ ကြားသော်ငြား မလှုပ်ရှားချေ။ ထိုသို့သော လူများသည် ထာဝရ ပြစ်ဒဏ်ခံရသူများ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏အရာအားလုံးကို လူသားအဖို့ ဆက်ကပ်အပ်နှံထားပြီး ဖြစ်သည်၊ သို့ဆိုလျှင် ယနေ့တွင် လူသည် သူ၏တာဝန်ကို အဘယ်ကြောင့် စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်စွမ်း မရှိသနည်း။ ဘုရားသခင် အတွက်၊ သူ၏အမှုသည် ပထမ ဦးစားပေးဖြစ်ပြီး၊ သူ့စီမံခန့်ခွဲခြင်း အမှုသည် အရေးအကြီးဆုံး ဖြစ်သည်။ လူသားအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းခြင်းတို့သည် သူ၏ ပထမ ဦးစားပေးဖြစ်သည်။ ဤအရာကို သင်တို့အားလုံး နားလည်သင့်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု
ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို သင် မည်သို့ သဘောထားပြုမူသင့်သည်မှာ အလွန်အရေးကြီးပေသည်။ ဤသည်မှာ အလွန်ကြီးလေးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဘုရားသခင်က သင့်ကို အပ်နှံသည့်အရာကို သင် မပြီးမြောက်နိုင်ပါက သင်သည် ကိုယ်တော်၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မထိုက်တန်သည့်အပြင် သင့်အား အပြစ်ဒဏ်ပေးခြင်းကို လက်ခံသင့်သည်။ လူသားများက ဘုရားသခင် ၎င်းတို့အား အပ်နှံသော တာဝန်ပေးစေခိုင်းချက်များကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပေသည်။ ဤသည်မှာ လူ၏ အမြင့်ဆုံးသော တာဝန်ဖြစ်ပြီး သူ၏ အသက်နှင့်ပင် ထပ်တူအရေးကြီးသည်။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို ပေါ့ပေါ့တန်တန် သဘောထားပါက ဤသည်မှာ ဘုရားသခင်ကို အဆိုးရွားဆုံး သစ္စာဖောက်ခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် သင်သည် ယုဒထက် ပို၍ ကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ခြင်းခံရထိုက်ပေသည်။ လူတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို မည်သို့ သဘောထားပြုမူရမည်ကို နှံ့စပ်သေချာသော နားလည်သဘောပေါက်မှု ရှိရမည်ဖြစ်ပြီး အနည်းဆုံးအနေဖြင့် ဘုရားသခင်က လူကို တာဝန်ပေးစေခိုင်းချက်များ အပ်နှံခြင်းသည် လူကို သူ၏ ချီးမြှောက်ခြင်းဖြစ်ကာ လူကို သူ အထူးကျေးဇူးပြုခြင်းဖြစ်ပြီး ယင်းမှာ ဘုန်းအသရေအရှိဆုံးသော အမှုအရာလည်း ဖြစ်ကြောင်းကို ၎င်းတို့သည် နားလည်ရမည်။ ပြီးလျှင် မိမိ၏ အသက်ပင် အပါအဝင် အခြားအရာအားလုံးကို စွန့်လွှတ်နိုင်သော်လည်း ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကိုမူ ပြီးမြောက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း
လူ၏ တာဝန်နှင့် သူသည် ကောင်းချီးများ ရရှိသည် သို့မဟုတ် ဘေးဒုက္ခနှင့် ကြုံတွေ့ရသည်ဟူသော အချက်ကြားတွင် မည်သည့် ဆက်စပ်မှုမျှ မရှိပေ။ တာဝန်ဟူသည်မှာ လူက ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်၊ ယင်းမှာ ကောင်းကင်က ပေးအပ်သော သူ၏ အလုပ်အကိုင် ဖြစ်ပြီး သူသည် အကျိုးအမြတ်ကို မရှာဖွေဘဲ၊ ပြီးလျှင် သတ်မှတ်ချက်များ သို့မဟုတ် ဆင်ခြေများ မရှိဘဲ ယင်းကို ထမ်းဆောင်သင့်သည်။ ဤအရာကိုသာ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းဟု ခေါ်ဆိုနိုင်ပေသည်။ ကောင်းချီးများ ရရှိခြင်းဟူသည်မှာ လူတစ်ဦးသည် တရားစီရင်မှုကို တွေ့ကြုံပြီးနောက် စုံလင်အောင် ပြုခြင်းခံရသည့်အခါ ၎င်းတို့ ခံစားရသော ကောင်းချီးများကို ရည်ညွှန်းသည်။ ဘေးဒုက္ခနှင့် ကြုံတွေ့ရခြင်းဟူသည်မှာ လူတစ်ဦးသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုကို ဖြတ်သန်းပြီးနောက် ၎င်းတို့၏ စိတ်သဘောထား မပြောင်းလဲသည့်အခါ၊ ဆိုလိုသည်မှာ ၎င်းတို့ စုံလင်အောင် ပြုခြင်းမခံရသည့်အခါ ၎င်းတို့ ရရှိသော အပြစ်ဒဏ်ပေးခြင်းကို ရည်ညွှန်းသည်။ သို့သော် ၎င်းတို့သည် ကောင်းချီးများ ရရှိသည်ဖြစ်စေ၊ ဘေးဒုက္ခနှင့် ကြုံတွေ့ရသည်ဖြစ်စေ ဖန်ဆင်းခံများသည် မိမိတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်လျက်၊ မိမိတို့ လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်လျက် ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်၊ ဤသည်မှာ လူတစ်ဦး၊ ဘုရားသခင်ကို လိုက်စားသော လူတစ်ဦး လုပ်ဆောင်သင့်သည့် အနည်းဆုံးအရာ ဖြစ်သည်။ သင်သည် ကောင်းချီးများ ရရှိရန်အလို့ငှာ သင်၏ တာဝန်ကို မထမ်းဆောင်သင့်သည့်အပြင် ဘေးဒုက္ခနှင့် ကြုံတွေ့ရမည်ကို ကြောက်ရွံ့သောကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်ရန် မငြင်းဆန်သင့်ပေ။ သင်တို့ကို ဤအရာတစ်ခု ငါပြောမည်၊ လူက သူ၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် သူ လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏ တာဝန်ကို မထမ်းဆောင်ပါက ဤသည်မှာ သူ၏ ပုန်ကန်မှု ဖြစ်သည်။ လူသည် သူ၏ တာဝန်ကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်မှတစ်ဆင့် တဖြည်းဖြည်း ပြောင်းလဲလာခြင်းဖြစ်ပြီး သူသည် သူ၏ သစ္စာစောင့်သိခြင်းကို ဤလုပ်ငန်းစဉ်မှတစ်ဆင့် သရုပ်ပြလေသည်။ သို့ဖြစ်၍ သင်သည် မိမိ၏ တာဝန်ကို ပို၍ ထမ်းဆောင်လေလေ၊ သမ္မာတရားများကို သင် ပို၍ ရရှိနိုင်လေလေ ဖြစ်မည်ဖြစ်ပြီး သင်၏ ဖော်ပြချက်သည် ပို၍ လက်တွေ့ကျလာလေလေ ဖြစ်လိမ့်မည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ပြီး သမ္မာတရားကို မရှာဖွေသူများသည် အဆုံးတွင် ဖယ်ရှားရှင်းလင်းခံရလိမ့်မည်၊ အကြောင်းမှာ ထိုသို့သော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၌ ၎င်းတို့၏ တာဝန်ကို မထမ်းဆောင်ကြသည့်အပြင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း၌ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မပြောင်းလဲဘဲ ကျန်ရှိနေပြီး ဘေးဒုက္ခနှင့် ကြုံတွေ့ရမည့်သူများ ဖြစ်ကြသည်။ ၎င်းတို့၏ ဖော်ပြချက်များသည် မစင်ကြယ်ရုံသာမက ၎င်းတို့ ဖော်ပြသမျှ အရာအားလုံးသည် ဆိုးယုတ်လေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု
သင်တို့သည် ပွင့်လင်းပြီး ရိုးသားသော စိတ်နှလုံးများဖြင့် သင်တို့၏တာဝန်ကို အစွမ်းကုန် အသီးသီး ကောင်းမွန်စွာ ထမ်းဆောင်သင့်ပြီး၊ လိုအပ်သည့် မည်သည့်အဖိုးအခကိုမဆို ပေးရန် လိုလားလျက် ရှိနေသင့်ပေသည်။ သင်တို့ ပြောကြပြီးသည့်အတိုင်း၊ နေ့ရက်အချိန် ကျရောက်လာသည့်အခါ၊ ဘုရားသခင်သည် သူ့အတွက် ဆင်းရဲဒုက္ခခံခဲ့သူ သို့မဟုတ် အဖိုးအခတစ်ခု ပေးဆပ်ခဲ့သူ မည်သူမဆိုအပေါ် မမျှမတဆက်ဆံမည် မဟုတ်ပေ။ ဤသို့သော ခံယူချက်မျိုးသည် ထိန်းသိမ်းထားထိုက်သကဲ့သို့၊ ယင်းကို သင်တို့ မည်သည့်အခါမျှ မမေ့သင့်သည်မှာ မှန်ပေသည်။ ဤနည်းဖြင့်သာ ငါသည် သင်တို့နှင့်ပတ်သက်၍ ငါ၏ စိတ်ကို သက်သာစေနိုင်ပေသည်။ သို့မဟုတ်ပါက သင်တို့သည် ငါစိတ်မချနိုင်သောသူများ ထာဝရ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် ငါ၏ စက်ဆုပ်ခြင်းကို ခံကြရသူများ ထာဝရ ဖြစ်ကြလိမ့်မည်။ သင်တို့အားလုံးသည် သင်တို့၏ အသိစိတ်ကို လိုက်နာနိုင်၍ ငါ့အတွက် အစွမ်းကုန်ပေးဆပ်နိုင်ကာ ငါ၏အမှုအတွက် မည်သည့်အားထုတ်မှုမျှ မချန်ဘဲလျက်၊ ပြီးလျှင် ငါ၏ ဧဝံဂေလိအမှုအဖို့ တစ်သက်တာ အားအင်ကို ဆက်ကပ်ပါက၊ သင်တို့အတွက် ငါ၏စိတ်နှလုံးသည် မကြာခဏ ဝမ်းမြောက်၍ ခုန်မပေါက်ဘဲ နေမည်လော။ ဤနည်းဖြင့်၊ ငါသည် သင်တို့နှင့်စပ်လျဉ်း၍ ငါ၏ စိတ်ကို လုံးလုံးလျားလျား သက်သာစေနိုင်မည်၊ မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍
ယနေ့တွင် ငါ၏အလိုတော်ကို လိုက်လျှောက်နိုင်သော မည်သူ့ကိုမဆို၊ ငါ၏ဝန်ထုပ်ဝန်ပိုးများကို အရေးထားသော မည်သူ့ကိုမဆိုနှင့် စစ်မှန်သော နှလုံးသားတစ်ခု၊ ရိုးသားမှုဖြင့် မိမိတို့၏အရာအားလုံးကို ငါ့အတွက် ပေးနိုင်သည့် မည်သူ့ကိုမဆို ငါချစ်၏။ ငါသည် ထိုသူတို့ကို အဆက်မပြတ် အသိဉာဏ်ပွင့်လင်းစေလိမ့်မည်ဖြစ်ပြီး ငါ့ထံမှ တစ်စတစ်စ လက်လွတ်ဆုံးရှုံးစေလိမ့်မည် မဟုတ်ပေ။ “ငါ့အတွက် စစ်မှန်စွာ အသုံးခံသောသူတို့၊ ငါသည် သင့်အား ဧကန်မုချ အလွန် ကောင်းချီးပေးမည်။” ဟု မကြာခဏ ငါပြောသည်။ “ကောင်းချီးပေးသည်” ဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ သင်သိသလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နှင့် စပ်လျဉ်း၍ ၎င်းသည် သင့်ထံ ငါပေးသော ဝန်ထုပ်ဝန်ပိုးများကို ရည်ညွှန်းသည်။ အသင်းတော်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုကို သယ်ဆောင်နိုင်သူအားလုံးနှင့် ငါ့အတွက် သူတို့ကိုယ်သူတို့ ရိုးသားစွာ ဆက်ကပ်သူအားလုံးအတွက် သူတို့၏ ဝန်ထုပ်ဝန်ပိုးများနှင့် သူတို့၏ အလွန်စိတ်ထက်သန်မှုတို့သည် ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာများ ဖြစ်ကြသည်။ ထပ်လောင်းအနေဖြင့် သူတို့ထံ ငါ၏ထုတ်ဖော်ခြင်းများသည်လည်း ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်၏။ ဤသို့ဖြစ်ရခြင်းမှာ လက်ရှိ၌ ဝန်ထုပ်ဝန်ပိုးတစ်ခု မရှိသောသူများသည် ငါ၏ ခွဲခန့်မှတ်သားခြင်းနှင့် ရွေးချယ်ခြင်းကို မခံရသူများ ဖြစ်ကြသောကြောင့်ပင်။ ငါ၏ကျိန်ဆိုခြင်းများသည် သူတို့အပေါ်၌ ကျရောက်ခဲ့ပြီးဖြစ်သည်။ တစ်နည်းဆိုရလျှင် ငါခွဲခန့်မှတ်သားပြီး ရွေးချယ်ထားသူများသည် ငါပြောဆိုခဲ့သည့် အပြုသဘောဆောင်သော ရှုထောင့်များတွင် ပါဝင်မှု ရှိကြလင့်ကစား ငါ၏ခွဲခန့်မှတ်သားခြင်းနှင့် ရွေးချယ်ခြင်းမခံရသူတို့မှာမူ ငါ၏ မိန့်မြွက်ချက်များ၏ အပျက်သဘောဆောင်သည့် ရှုထောင့်များတွင်သာ မျှဝေနိုင်ကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၈၂)
ယနေ့တွင် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိသူများဖြစ်သည့် ထိုသို့သောသူများသည် မင်္ဂလာရှိကြ၏၊ ငါ့ကို ကျိုးနွံနာခံကြသည့် သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏နိုင်ငံတော်တွင် သေချာပေါက် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါ့အား သိကျွမ်းသော သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏ နိုင်ငံတော်တွင် စိုးစံကြရလိမ့်မည်။ ငါ့အား နောက်လိုက်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် စာတန်၏ ချည်နှောင်ခြင်းများမှ ဧကန်မုချ ရုန်းထွက်လွတ်မြောက်လိမ့်မည် ဖြစ်ပြီး ငါ၏ ကောင်းချီးမင်္ဂလာများကို ခံစားကြလိမ့်မည်။ မိမိတို့ကိုယ်ကို ပုန်ကန်နိုင်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏နေရာယူခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး ငါ့နိုင်ငံတော်၏ ပေါလျှံမှုကို သေချာပေါက် အမွေခံကြရလိမ့်မည်။ ငါ့အတွက် ပြေးလွှား အလုပ်ရှုပ်ကြသော သူတို့အား ငါအောက်မေ့မည်၊ ငါ့အတွက် အသုံးခံသောသူတို့ကို ငါ လက်ခံမည်ဖြစ်ပြီး ငါ့ထံ ပူဇော်ဆက်ကပ်ကြသူများအား ၎င်းတို့၏ ပျော်မွေ့ခံစားမှုအတွက် ငါသည် ၎င်းတို့အား အမှုအရာများ ပေးအပ်မည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင် မွေ့လျော်သော သူများကို ငါကောင်းချီးပေးမည်။ ၎င်းတို့သည် ငါ၏ နိုင်ငံတော်တွင် ထောက်တိုင်များဖြစ်မည်၊ ၎င်းတို့သည် ငါ၏ အိမ်တော်တွင် အနှိုင်းမရှိ ပေါကြွယ်မှုကို ပျော်မွေ့ခံစားရမည် ဖြစ်ပြီး မည်သူမျှ ၎င်းတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ကြ။ သင်တို့အား ပြင်ဆင်ထားပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ လိုက်စားဖူးသလော။ ငါ့အလင်း၏ လမ်းပြမှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လက်ခုပ်တွင်းမှ ထိုးဖောက်ကျော်လွှားလိမ့်မည်။ အမှောင်ထု၏ အလယ်တွင် အလင်း၏ လမ်းပြမှုကို သင်တို့ သေချာပေါက် ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် အရာခပ်သိမ်း၏ အရှင်သခင်များ သေချာပေါက် ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူများ ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံ ကျရှုံးချိန်တွင် သင်တို့သည် ငါ၏ အောင်မြင်မှု၏ သက်သေအဖြစ် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် သေချာပေါက် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် သေချာပေါက် ခိုင်မာစွာ ရပ်တည်ပြီး မယိမ်းယိုင်ဘဲ ရှိကြလိမ့်မည်။ သင်တို့ ခါးစည်းခံရသည့် ဆင်းရဲဒုက္ခများကြောင့် သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး စကြဝဠာ တစ်ခွင်လုံးတွင် ငါ၏ ဘုန်းအသရေ အလင်းကို သေချာပေါက် တောက်ပစေကြလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉)
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
ဘုရားစကားအတိုင်းကျင့်ကြံပြီး၊ ဘုရားကျေနပ် ဝမ်းမြောက်စေရန် ဦးစားပေးဆောင်ရွက်ခြင်း