ဂ။ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကိုသာ မြင်ရန် ဆန္ဒရှိသည့်သူများ ဖယ်ရှားရှင်းလင်းခြင်းခံရမည့် အကြောင်းအရင်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ယနေ့တွင် နောက်ဆုံးသောကာလ၌ ဘုရားသခင် ပြီးမြောက်သည်မှာ အဓိကအားဖြင့် “နှုတ်ကပတ်တော် လူ့ဇာတိခံယူသည်” ဟူသည့် အချက်ဖြစ်သည်ကို သင်တို့အားလုံးအဖို့ ရှင်းရှင်းလင်းလင်း ဖြစ်သင့်ပေသည်။ ကမ္ဘာမြေပေါ်က သူ၏ တကယ့်အမှုမှတစ်ဆင့်၊ လူသားက သူ့ကို သိရန်နှင့် သူနှင့် ထိတွေ့ဆက်ဆံရန်၊ ပြီးလျှင် သူ၏ လက်တွေ့ကျသော လုပ်ဆောင်ချက်များကို မြင်ရန် သူ လုပ်ဆောင်ခဲ့သည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်သကဲ့သို့၊ ထိုသို့ သူမလုပ်ဆောင်နိုင်သော အချိန်များလည်း ရှိသည်ကို ဘုရားသခင်သည် လူသားအား ရှင်းရှင်းလင်းလင်း တွေ့မြင်စေသည်။ ဤသည်မှာ ခေတ်အပေါ် မူတည်ပေသည်။ ဤအရာမှ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနိုင်စွမ်း မရှိဘဲ၊ ယင်းအစား လုပ်ဆောင်ရမည့် အမှုနှင့် အညီ၊ ပြီးလျှင် ခေတ်နှင့်အညီ သူ၏ အမှုပြုခြင်း နည်းလမ်းအား ပြောင်းလဲသည်ကို သင် မြင်နိုင်ပေသည်။ အမှု၏ လတ်တလောအဆင့်တွင်၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြသပေ။ ယေရှုခေတ်၌ နိမိတ်လက္ခဏာအချို့နှင့် အံ့သြဖွယ်ရာအချို့ကို သူပြသခဲ့သည်မှာ ထိုခေတ်၌ သူ၏အမှုသည် မတူကွဲပြားသောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် ထိုအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူအချို့က နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သူ ပြသနိုင်စွမ်းမရှိဟု ယုံကြည်ကြသည် သို့မဟုတ်ပါက နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သူမပြလျှင်၊ ဘုရားသခင် မဟုတ်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ ယင်းမှာ အတွေးမှားတစ်ခု မဟုတ်လော။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနိုင်သော်လည်း၊ သူသည် မတူကွဲပြားသောခေတ်တွင် အမှုပြုနေခြင်းဖြစ်သောကြောင့်၊ ထိုကဲ့သို့သောအမှုကို သူ မလုပ်ဆောင်ပေ။ ဤသည်မှာ မတူကွဲပြားသော ခေတ်ဖြစ်သောကြောင့်၊ ဘုရားသခင်က ပေါ်လွင်စေသည့် လုပ်ဆောင်ချက်သည်လည်း မတူကွဲပြားလေသည်။ ဘုရားသခင်၌ လူသား၏ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ၌ ယုံခြင်းမဟုတ်သကဲ့သို့၊ နိမိတ်လက္ခဏာများ၌လည်း ယုံခြင်းမဟုတ်ဘဲ၊ အသစ်သောခေတ်အတွင်း သူ၏ လက်တွေ့ကျသော အမှုကို ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုပြုသည့် နည်းဟန်မှတစ်ဆင့် လူသားသည် ဘုရားသခင်ကို သိလာပြီး ဤအသိပညာက လူ၏အထဲ၌ ယုံကြည်မှု၊ ဆိုလိုသည်မှာ ဘုရားသခင်၏အမှုနှင့် လုပ်ဆောင်ချက်များ၌ ယုံကြည်မှုကို ဖြစ်ပေါ်စေသည်။ အမှု၏ဤအဆင့်တွင်၊ ဘုရားသခင်သည် အဓိကအားဖြင့် စကားပြောဆိုသည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ရဖို့ မစောင့်ဆိုင်းနှင့်။ တစ်ခုတစ်လေကိုမျှ သင်တွေ့ရလိမ့်မည် မဟုတ်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် ကျေးဇူးတော်ခေတ်အတွင်းတွင် မွေးဖွားခဲ့ခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ သင်‌ မွေးဖွားခဲ့ပါက၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့နိုင်ပြီး ဖြစ်ပေမည်၊ သို့သော် သင်သည် နောက်ဆုံးသောကာလအတွင်း မွေးဖွားခဲ့သောကြောင့်၊ ဘုရားသခင်၏ လက်တွေ့ကျခြင်းနှင့် ပုံမှန်ဖြစ်မှုတို့ကိုသာ သင် တွေ့နိုင်သည်။ နောက်ဆုံးသောကာလအတွင်းတွင် သဘာဝလွန်ယေရှုကို မြင်တွေ့ရဖို့ မမျှော်လင့်နှင့်။ သင်သည် မည်သည့် ပုံမှန် လူသားနှင့်မျှ မကွဲပြားသည့် လက်တွေ့ကျသော လူ့ဇာတိခံ ဘုရားသခင်ကိုသာ မြင်နိုင်ပေသည်။ ခေတ်အသီးသီးတွင်၊ ဘုရားသခင်သည် မတူကွဲပြားသော လုပ်ဆောင်ချက်များကို ပေါ်လွင်စေသည်။ ခေတ်အသီးသီးတွင်၊ သူသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များထဲမှ တစ်စိတ်တစ်ဒေသကို ပေါ်လွင်စေပြီး၊ ခေတ်အသီးသီး၏ အမှုသည် ဘုရားသခင်၏ စိတ်သဘောထား၏ တစ်စိတ်တစ်ဒေသနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုလေသည်။ ဘုရားသခင် ပေါ်လွင်စေသည့် လုပ်ဆောင်ချက်သည် သူ အမှုပြုသည့် ခေတ်နှင့်အတူ ခြားနား၏၊ သို့သော် ယင်းတို့အားလုံးသည် လူသားအား သာ၍ နက်ရှိုင်းသည့် ဘုရားသခင်နှင့် ပတ်သက်သော အသိပညာ၊ သာ၍ စစ်မှန်ကာ လက်တွေ့ကျသော ဘုရားသခင်၌ ယုံကြည်မှုကို ပေးလေသည်။ လူက ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးကြောင့်၊ ဘုရားသခင်သည် အလွန်အံ့ဖွယ်၊ အလွန်ကြီးမြတ်သောကြောင့်၊ သူသည် အနန္တတန်ခိုးရှိပြီး နားလည်၍မရနိုင်သောကြောင့်၊ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သည်။ အကယ်၍ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေကာ နတ်ဆိုးများကို နှင်ထုတ်နိုင်သောကြောင့် ဘုရားသခင်ကို သင် ယုံကြည်ပါက၊ သင်၏အမြင်သည် မှားယွင်းပြီး၊ လူအချို့က “ဝိညာဉ်ဆိုးများသည်လည်း ထိုသို့သော အရာများကို လုပ်ဆောင်နိုင်သည် မဟုတ်လော။” ဟု သင့်ကို ပြောကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ပုံရိပ်ကို စာတန်၏ပုံရိပ်နှင့် ရောထွေးခြင်း ဖြစ်သည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၌ လူသား၏ ယုံကြည်မှုမှာ သူ၏ များစွာသော လုပ်ဆောင်ချက်များ၊ သူလုပ်ဆောင်သည့် အမှု၏ ကြီးမားသော ပမာဏနှင့် သူပြောဆိုသည့် နည်းလမ်းများစွာကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်ရန်နှင့် စုံလင်စေရန် သူ၏မိန့်မြွက်ချက်များကို အသုံးပြုသည်။ လူသားက ဘုရားသခင်ကို သူ၏ လုပ်ဆောင်ချက်များစွာကြောင့် ယုံကြည်ခြင်းဖြစ်ပြီး၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်သောကြောင့် မဟုတ်ပေ။ လူတို့သည် ဘုရားသခင်ကို သူ၏ လုပ်ဆောင်ချက်များအား မျက်မြင်တွေ့ခြင်းအားဖြင့်သာ သိရှိလေသည်။ ဘုရားသခင်၏ လက်တွေ့ကျသောလုပ်ဆောင်ချက်များ၊ သူမည်သို့အမှုပြုသည်၊ မည်သည့် ဉာဏ်ပညာ ရှိသော နည်းစနစ်ကို သူ အသုံးပြုသည်၊ သူမည်သို့စကားပြောဆိုပြီး လူသားကို မည်သို့စုံလင်စေသည်တို့ကို သိရှိခြင်းအားဖြင့်သာ- ဤသွင်ပြင်လက္ခဏာများကို သိရှိခြင်းအားဖြင့်သာ- သင်သည် မည်သည့်အရာကို သူနှစ်သက်သည်၊ မည်သည့်အရာကို သူ စက်ဆုပ်ရွံရှာသည်ဆိုသည်နှင့် လူသားအပေါ် သူမည်သို့အမှုပြုသည် ဆိုသည်တို့ကို သိလျက်၊ ဘုရားသခင်၏ လက်တွေ့ကျခြင်းကို သဘောပေါက်နိုင်ပြီး သူ၏ စိတ်သဘောထားကို နားလည်နိုင်ပေသည်။ ဘုရားသခင်၏ ကြိုက်သည့်အရာများနှင့် မကြိုက်နှစ်သက်သည့်အရာများကို သိနားလည်ခြင်းအားဖြင့်၊ သင်သည် အပြုသဘောဆောင်သောအရာနှင့် အပျက်သဘောဆောင်သော အရာတို့အကြား ခွဲခြားနိုင်ကာ၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏အသိပညာမှတစ်ဆင့် သင်၏ အသက်တာတွင် တိုးတက်မှုရှိပေသည်။ တိုတိုပြောရလျှင်၊ သင်သည် ဘုရားသခင်၏ အမှုနှင့်ပတ်သက်သည့် အသိပညာကို ရရှိရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်သည့် သင်၏အမြင်ကို မှန်မှန်ကန်ကန် ထားရှိရမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း

နောက်ဆုံးသောကာလ၏ အမှုတွင်၊ နှုတ်ကပတ်တော်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ ထင်ရှားပြသခြင်းထက် ပိုမို တန်ခိုးကြီးမားပြီး၊ နှုတ်ကပတ်တော်၏ သြဇာအာဏာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ သြဇာအာဏာကို ကျော်လွန်သည်။ နှုတ်ကပတ်တော်သည် လူသား၏ စိတ်နှလုံးထဲ နက်ရှိုင်းစွာ မြှုပ်နှံထားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ အားလုံးကို ဖော်ထုတ်သည်။ သင်သည် မိမိဘာသာ ထိုအရာများကို သတိပြုမိဖို့ ဖြစ်နိုင်မည်မဟုတ်။ ယင်းတို့ကို နှုတ်ကပတ်တော်မှတစ်ဆင့် သင့်ရှေ့၌ ဖွင့်ချထားသည့်အခါတွင်၊ သင်သည် အလိုအလျောက် ယင်းတို့ကို ရှာတွေ့လာလိမ့်မည်။ ထိုအရာများကို သင်သည် ငြင်းပယ်နိုင်မည် မဟုတ်သကဲ့သို့၊ သင်သည် လုံးဝဥဿုံ လက်ခံယုံကြည်လိမ့်မည်။ ဤသည်ကား နှုတ်ကပတ်တော်၏ သြဇာအာဏာ မဟုတ်လော။ ဤသည်မှာ ယနေ့ နှုတ်ကပတ်တော်၏ အမှုက ရရှိသည့် ရလဒ် ဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် သူ၏အပြစ်များမှ အပြည့်အဝ ကယ်တင်ခံရသည်မှာ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့မှတစ်ဆင့် မဟုတ်သကဲ့သို့၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ထင်ရှားပြသခြင်းအားဖြင့်လည်း သူသည် အပြည့်အဝ စုံလင်စေခြင်း မခံရနိုင်ပေ။ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ရန် ဩဇာအာဏာသည် လူအား ကျေးဇူးတော်ကိုသာ ပေးနိုင်သည်၊ သို့သော် လူသား၏ ဇာတိပကတိသည် စာတန်နှင့် သက်ဆိုင်ဆဲ ဖြစ်ပြီး၊ လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား ကျန်ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ သန့်ရှင်းစေခြင်း မခံရသေးသောအရာသည် အပြစ်နှင့် ညစ်ညူးမှုတို့နှင့် နှီးနွှယ်ဆဲ ဖြစ်ပေသည်။ လူသားသည် နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုဖြင့် သန့်စင်စေခြင်းခံရသည့် နောက်မှသာ သူသည် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်း ခံရလာနိုင်ပေသည်။ လူသားထဲ နတ်ဆိုးများကို နှင်ထုတ်ပြီး သူသည် ရွေးနုတ်ခံခဲ့ရသည့်နောက်တွင်၊ ဤသည်မှာ သူသည် စာတန်လက်ထဲမှ ဆွဲလုယူခြင်း ခံခဲ့ရပြီး၊ ဘုရားသခင်ထံသို့ ပြန်လာခဲ့သည်ကိုသာ ဆိုလိုသည်။ သို့ရာတွင် ဘုရားသခင်အားဖြင့် သန့်ရှင်းစေခြင်း သို့မဟုတ် ပြောင်းလဲစေခြင်းကို မခံရဘဲနှင့်၊ သူသည် ဖောက်ပြန်ပျက်စီးသော လူအဖြစ် ရှိနေသည်။ လူသားအတွင်းတွင် ညစ်ညမ်းခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ရှိနေဆဲ ဖြစ်သည်။ လူသည် ရွေးနုတ်ခြင်းမှတစ်ဆင့် ဘုရားသခင်ထံ ပြန်လာခဲ့ခြင်းသာ ဖြစ်သော်လည်း၊ သူသည် ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှ မရှိသကဲ့သို့၊ ဘုရားသခင်ကို ခုခံပြီး သစ္စာဖောက်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။ လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

ယနေ့ ပြောဆိုထားသည့် အရာသည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှု ဖြစ်သည်- ကောင်းကင်နိုင်ငံသို့ တက်ရောက်ခြင်း သို့မဟုတ် ရှင်ဘုရင်များအဖြစ် အုပ်စိုးခြင်း မဟုတ်ပေ။ ပြောဆိုထားသော အရာအားလုံးသည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုကို လိုက်စားခြင်း ဖြစ်သည်။ ဤအရာထက် သာ၍လက်တွေ့ကျသော လိုက်စားခြင်း မရှိသကဲ့သို့၊ ရှင်ဘုရင်များကဲ့သို့ အုပ်စိုးခြင်း အကြောင်း ပြောဆိုခြင်းသည် လက်တွေ့မကျပေ။ လူသားသည် အလွန် သိချင်စိတ်ပြင်းပြခြင်းကို ပိုင်ဆိုင်ပြီး၊ သူသည် ဘုရားသခင်၏ ယနေ့အမှုကို သူ၏ ဘာသာရေး အယူအဆများဖြင့် တိုင်းတာနေဆဲဖြစ်သည်။ ဘုရားသခင်၏ အလွန်များသည့် အမှုပြုခြင်း နည်းစနစ်များစွာကို ကြုံတွေ့ပြီးလျက်၊ လူသားသည် ဘုရားသခင်၏ အမှုကို မသိရှိသေးပေ၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဆက်ရှာဖွေနေဆဲဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံပြီးခြင်း ရှိ မရှိဆိုသည်ကို ကြည့်နေဆဲဖြစ်သည်။ ဤသည်မှာ ကြောက်ခမန်းလိလိ မသိနားမလည်မှု ဖြစ်သည်မဟုတ်လော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်းမရှိသေးဘဲနှင့်၊ သူသည် ဘုရားသခင်ဖြစ်သည်ဟု သင် ယုံကြည်ဦးမည်လော။ ယနေ့တွင် အသင်းတော်ထဲရှိ ထိုသို့သော လူများစွာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ဖို့ စောင့်ဆိုင်းနေကြ၏။ ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံပါက၊ သူသည် ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မပြည့်စုံပါက၊ သူသည် ဘုရားသခင် မဟုတ်ဟု ပြောကြလေသည်။ သို့ဆိုလျှင် သင်သည် ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များ ပြည့်စုံမှုကြောင့် ယုံကြည်သလော သို့မဟုတ် သူကိုယ်တိုင် ဘုရားသခင် ဖြစ်သောကြောင့် ယုံကြည်သလော။ ဘုရားသခင်၌ ယုံကြည်မှုနှင့် ဆိုင်သည့် လူသား၏ အမြင်ကို တည့်မတ်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်း မရှိသည်ကို သင် တွေ့သောအခါ၊ သင်သည် အဝေးသို့ အမြန်ထွက်ပြေးသွားသည်- ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းမှုလော။ သင်သည် ဘုရားသခင်ကို ယုံကြည်သောအခါတွင်၊ အရာရာတိုင်းကို ဘုရားသခင်ထံ ဝကွက်အပ်ရမည် ဖြစ်ပြီး ဘုရားသခင်၏ အမှုအားလုံးကို ကျိုးနွံနာခံရမည်။ ဘုရားသခင် ဓမ္မဟောင်းကျမ်း၌ နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့သည်- ယင်းတို့ထဲမှ မည်သည့်အရာ ပြည့်စုံသည်ကို သင်၏ ကိုယ်ပိုင်မျက်စိနှင့် သင် မြင်ခဲ့ပါသလော။ သင်မမြင်ခဲ့သောကြောင့် ယေဟောဝါသည် စစ်မှန်သော ဘုရားသခင်မဟုတ်ဟု သင်ပြော၍ရပါသလော။ နှုတ်ကပတ်တော်များစွာ ပြည့်စုံပြီးဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ လူသည် သမ္မာတရား မရှိသကဲ့သို့ မည်သည့်အရာကိုမျှ နားမလည်သောကြောင့် ယင်းကို ရှင်းလင်းစွာ မြင်နိုင်စွမ်း မရှိပေ။...ယနေ့တွင် ဘုရားသခင်သည် လူသားကို အသက်နှင့် ထောက်ပံ့ပေးရန် ကမ္ဘာမြေသို့ ကြွလာပြီးဖြစ်သည်။ သူသည် လူတို့ တွေးထင်သကဲ့သို့ ဘုရားသခင်နှင့် လူကြားက ငြိမ်းချမ်းသော ဆက်ဆံရေး တစ်ခုကို သေချာစေဖို့အလို့ငှာ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ပြသခြင်းအားဖြင့် သင့်ကို မချော့မော့ပေ။ ၎င်းတို့၏ အာရုံစိုက်မှုသည် အသက်ပေါ်၌ မရှိဘဲ၊ ယင်းအစား ဘုရားသခင်က နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုခြင်းအပေါ် အာရုံစိုက်သူအားလုံးသည် ဖာရိရှဲများ ဖြစ်သည်။ ယေရှုကို ကားတိုင်ပေါ်၌ သံမှိုရိုက်ခဲ့ကြသူများမှာ ဖာရိရှဲများ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံပါက သူ့ကို ယုံကြည်ရင်းနှင့်၊ မပြည့်စုံပါက ဘုရားသခင်ကို သံသယထားကာ ပြစ်မှားပင် ပြစ်မှားစော်ကားရင်း၊ ဘုရားသခင်၌ ယုံကြည်မှုနှင့် ဆိုင်သည့် သင်၏ကိုယ်ပိုင် အမြင်အတိုင်း ဘုရားသခင်ကို အကဲဖြတ်ပါက၊ သင်သည် သူ့ကို ကားတိုင်၌ သံမှိုရိုက်သည် မဟုတ်လော။ ဤသို့သော လူများသည် ၎င်းတို့၏ တာဝန်များကို ပေါ့ဆပြီး၊ သက်သောင့်သက်သာရှိခြင်း၌ လောဘတကြီး သောက်စားမြူးထူးကြပေသည်။

တစ်ဖက်မှ ကြည့်ပါက၊ လူသားနှင့်ပတ်သက်၍ အကြီးမားဆုံး ပြဿနာမှာ သူသည် ဘုရားသခင်၏ အမှုကို မသိခြင်းဖြစ်သည်။ လူသား၏ သဘောထားသည် ငြင်းပယ်သော သဘောထားမဟုတ်သော်လည်း၊ သံသယရှိသည့် သဘောထားတစ်ခု ဖြစ်သည်။ လူသားသည် မငြင်းပယ်သော်လည်း၊ အပြည့်အဝလည်း အသိအမှတ်မပြုပေ။ လူတို့သည် ဘုရားသခင်၏ အမှုနင့်ဆိုင်သည့် စေ့စပ်သေချာသော အသိပညာ တစ်ခု ရှိပါက၊ ၎င်းတို့ ထွက်ပြေးသွားလိမ့်မည် မဟုတ်ပေ။ အခြားပြဿနာမှာ လူသည် လက်တွေ့အရှိတရားကို မသိခြင်း ဖြစ်သည်။ ယနေ့တွင် လူတစ်ဦးစီတိုင်း ထိတွေ့ရသည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။ အနာဂတ်တွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ဖို့ ဧကန်အမှန် မစဉ်းစားသင့်ပေ။ သင့်ကို ငါ ရှင်းရှင်းလင်းလင်းပြော၏- လက်ရှိအဆင့်အတွင်းတွင်၊ သင်တို့ မြင်နိုင်စွမ်း ရှိသည့်အရာအားလုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်ပြီး၊ အချက်အလက်များ မရှိသော်လည်း၊ ဘုရားသခင်၏ အသက်ကို လူသား၏ အထဲ၌ ဖြစ်ပေါ်စေနိုင်ဆဲ ဖြစ်သည်။ အနှစ်တစ်ထောင် နိုင်ငံ၏ အဓိက အမှုမှာ ဤအမှုဖြစ်ပြီး၊ သင်သည် ဤအမှုကို မသိမြင်နိုင်ပါက၊ အားနည်းလာလိမ့်မည် ဖြစ်ပြီး၊ ပြိုလဲလိမ့်မည်ဖြစ်သည်။ သင်သည် စမ်းသပ်မှုများအလယ် သက်ဆင်းရလိမ့်မည်ဖြစ်ပြီး၊ သို့တိုင် သာ၍ ဆိုးရွားစွာ သင်သည် စာတန်၏ ဖမ်းဆီးခြင်းကို ခံရလိမ့်မည်။ ဘုရားသခင်သည် အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောဆိုဖို့ ကမ္ဘာမြေသို့ ကြွလာပြီး ဖြစ်သည်။ သင် ထိတွေ့ရသည့်အရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်၊ သင်မြင်သောအရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်၊ သင်ကြားသောအရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်၊ သင်လိုက်နာသောအရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်၊ သင် ကြုံတွေ့သောအရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်ပြီး၊ ဘုရားသခင်၏ ဤလူ့ဇာတိခံယူခြင်းသည် လူသားကို စုံလင်စေရန် အဓိကအားဖြင့် နှုတ်ကပတ်တော်ကို အသုံးပြုလေသည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြသကဲ့သို့၊ အထူးသဖြင့် အတိတ်က ယေရှု လုပ်ဆောင်ခဲ့သည့် အမှုကို မလုပ်ဆောင်ပေ။ ၎င်းတို့သည် ဘုရားသခင် ဖြစ်ပြီး နှစ်ဦးလုံးက လူ့ဇာတိ ဖြစ်သော်လည်း၊ ၎င်းတို့၏ အမှုတော်များက မတူကြပေ။ ယေရှုကြွလာခဲ့ချိန်တွင်၊ သူသည်လည်း ဘုရားသခင့်အမှု၏ တစ်စိတ်တစ်ပိုင်းကို လုပ်ဆောင်ခဲ့ပြီး၊ နှုတ်ကပတ်တော် အချို့ကို ပြောဆိုခဲ့သည်- သို့သော် သူ ပြီးမြောက်ခဲ့သည့် အဓိကအမှုမှာ အဘယ်နည်း။ သူ အဓိက ပြီးမြောက်ခဲ့သည့်အရာမှာ ကားစင်တင်ခံရခြင်း အမှု ဖြစ်သည်။ သူသည် ကားစင်တင်ခံရခြင်းအမှုကို ပြည့်စုံစေရန်နှင့် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ဖို့ရန် အပြစ်ရှိသော လူ့ဇာတိ ပုံသဏ္ဌာန် ဖြစ်လာခဲ့ပြီး၊ အပြစ်ဖြေရာယဇ်အဖြစ် သူအစေခံခဲ့သည်မှာ လူသားမျိုးနွယ် တစ်ရပ်လုံး၏ အပြစ်အားလုံးအတွက် ဖြစ်သည်။ ဤသည်မှာ သူ ပြီးမြောက်ခဲ့သည့် အဓိကအမှုဖြစ်သည်။ နောက်ဆုံးတွင် သူသည် နောက်မှလာကြသူများကို လမ်းပြရန် ကားတိုင်လမ်းကို ထောက်ပံ့ပေးခဲ့သည်။ ယေရှုကြွလာခဲ့ချိန်တွင်၊ အဓိကအားဖြင့် ရွေးနုတ်ခြင်းအမှုကို ပြည့်စုံစေရန် ဖြစ်သည်။ သူသည် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ခဲ့ပြီး၊ ကောင်းကင်နိုင်ငံတော် နှင့်ဆိုင်သည့် ဧဝံဂေလိတရားကို လူသားထံ ယူဆောင်လာခဲ့သည့်အပြင်၊ ကောင်းကင် နိုင်ငံတော်သို့ သွားရာလမ်းကြောင်းကိုလည်း ပေါက်ဖွားစေခဲ့သည်။ အကျိုးဆက်အနေဖြင့် နောက်မှရောက်လာကြသူများ အားလုံးက၊ “ကားတိုင်လမ်းကို ငါတို့ လျှောက်သင့်ပြီး ကားတိုင်အတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆပ်သင့်ကြ၏။” ဟုပြောခဲ့ကြသည်။ မှန်ပေ၏၊ အစတွင် ယေရှုသည်လည်း လူသားကို နောင်တရစေရန်၊ အပြစ်များကို ဝန်ခံစေရန် အခြားသော အမှုကို လုပ်ဆောင်ခဲ့ပြီး နှုတ်ကပတ်တော်အချို့ကို ပြောဆိုခဲ့သည်။ သို့သော် သူ၏ အမှုတော်မှာ ကားစင်တင်ခံရခြင်း ဖြစ်ဆဲဖြစ်ပြီး၊ လမ်းခရီးအကြောင်း ဟောပြောခြင်းဖြင့် သူ ကုန်လွန်ခဲ့သည့် သုံးနှစ်ခွဲသည် နောက်ပိုင်းတွင်ရောက်လာမည့် ကားစင်တင်ခံရခြင်းအတွက် ပြင်ဆင်ခြင်း ဖြစ်ခဲ့သည်။ ယေရှု ဆုတောင်းခဲ့သည့် အကြိမ်အချို့သည်လည်း ကားစင်တင်ခံရခြင်းအတွက် ဖြစ်သည်။ သူ အသက်ရှင်နေထိုင်ခဲ့သည့် ပုံမှန်လူတစ်ဦး၏ အသက်တာနှင့် ကမ္ဘာမြေ၌ သူ အသက်ရှင်ခဲ့သည့် သုံးဆယ့် သုံးနှစ်ခွဲကာလသည် အဓိကအားဖြင့် ကားစင်တင်ခံရခြင်း အမှုကို ပြည့်စုံစေခြင်းအတွက် ဖြစ်သည်။ ယင်းတို့သည် ဤအမှုကို လက်ခံ ဆောင်ရွက်ရန် သူ့ကို ခွန်အားပေးဖို့ ဖြစ်ခဲ့ပြီး၊ ယင်း၏ အကျိုးဆက်အနေဖြင့် ဘုရားသခင်သည် ကားစင်တင်ခံရခြင်း အမှုကို သူ့ထံ အပ်နှံခဲ့သည်။ ယနေ့တွင် လူ့ဇာတိခံ ဘုရားသခင်သည် မည်သည့်အမှုကို ပြီးမြောက်စေလိမ့်မည်နည်း။ ယနေ့တွင် ဘုရားသခင်သည် အဓိကအားဖြင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း” နှင့်ဆိုင်သည့် အမှုကို ပြည့်စုံစေရန်၊ လူကို စုံလင်စေဖို့နှင့် နှုတ်ကပတ်တော်ဖြင့် ပြုပြင်ခြင်းနှင့် နှုတ်ကပတ်တော်၏ စစ်ဆေးမှုကို လူသားအား လက်ခံစေဖို့ နှုတ်ကပတ်တော်ကို အသုံးပြုရန် လူ့ဇာတိခံလာပြီးဖြစ်ပေသည်။ သူ၏နှုတ်ကပတ်တော်များဖြင့်၊ သူသည် သင့်ကို ထောက်ပံ့မှု ရရှိစေပြီး အသက်ကို ရရှိစေသည်။ သူ၏ နှုတ်ကပတ်တော်များဖြင့် သင်သည် သူ၏အမှုနှင့် လုပ်ဆောင်ချက်များကို မြင်ရသည်။ ဘုရားသခင်သည် သင့်ကို ပြစ်တင်ဆုံးမရန်နှင့် စစ်ဆေးရန် နှုတ်ကပတ်တော်ကို အသုံးပြုပြီး၊ ထိုသို့ဖြင့် အခက်အခဲကို သင် ခံစားရပါက၊ ယင်းသည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် အချက်အလက်များဖြင့် အမှုမပြုဘဲ နှုတ်ကပတ်တော်များဖြင့် အမှုပြုသည်။ သူ၏ နှုတ်ကပတ်တော်သည် သင့်အပေါ် ရောက်လာပြီးနောက်တွင်သာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အတွင်းတွင် အမှုပြုနိုင်ပြီး၊ သင့်အား နာကျင်မှု ခံစားစေနိုင်သည် သို့မဟုတ် ချိုမြိန်မှုကို ခံစားစေနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာ သင့်ကို လက်တွေ့အရှိတရားထဲသို့ ခေါ်ဆောင်နိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာ သင့်ကို စုံလင်စေနိုင်စွမ်းရှိသည်။ ထို့ကြောင့်၊ ဤအရာကို အနည်းဆုံး သင်နားလည်ရမည်- နောက်ဆုံးသောကာလ အတွင်းတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုသည် အဓိကအားဖြင့် လူတိုင်းကို စုံလင်စေဖို့နှင့် လူသားကို လမ်းပြဖို့ သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုခြင်း ဖြစ်သည်။ သူ လုပ်ဆောင်သည့် အမှုအားလုံးသည် နှုတ်ကပတ်တော်မှတစ်ဆင့် ဖြစ်သည်။ သင့်ကို ပြစ်တင်ဆုံးမရန် ဘုရားသခင်သည် အချက်အလက်များကို အသုံးမပြုပေ။ လူအချို့က ဘုရားသခင်ကို ခုခံသည့် အချိန်များ ရှိသည်။ ဘုရားသခင်က သင့်ကို အလွန် စိတ်ပင်ပန်းခြင်းမဖြစ်စေပေ၊ သင်၏ ခန္ဓာသည် ပြစ်တင်ဆုံးမခြင်းမခံရသကဲ့သို့၊ အခက်အခဲကို သင် မခံစားရပေ- သို့သော် သူ၏ နှုတ်ကပတ်တော် သင့်အပေါ် ရောက်လာပြီး သင့်ကို စစ်ဆေးသည်နှင့်တစ်ပြိုင်နက်၊ ယင်းသည် သင့်အတွက် မခံမရပ်နိုင်စရာ ဖြစ်ပေသည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ အစေခံသူများ၏ အချိန်ကာလအတွင်းတွင်၊ ဘုရားသခင်သည် လူသားကို အနက်ဆုံးသော တွင်းထဲသို့ ပစ်ချဖို့ ပြောခဲ့သည်။ လူသားသည် အနက်ဆုံးသော တွင်းထဲသို့ အမှန်တကယ် ရောက်ရှိခဲ့ပါသလော။ လူသားကို စစ်ဆေးဖို့ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းမျှမှတစ်ဆင့်၊ လူသည် အနက်ဆုံးသော တွင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ အတောအတွင်းတွင်၊ ဘုရားသခင်သည် လူ့ဇာတိခံယူချိန်တွင်၊ အရာအားလုံးကို ပြီးမြောက်စေဖို့နှင့် အရာအားလုံးကို ရှင်းလင်းသွားစေဖို့ အဓိကအားဖြင့် နှုတ်ကပတ်တော်ကို အသုံးပြုလေသည်။ သူ၏ဖြစ်ခြင်းကို သူ၏ နှုတ်ကပတ်တော်များထဲ၌သာ သင်မြင်နိုင်သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်ကို သူ၏နှုတ်ကပတ်တော်များထဲ၌သာ သင် မြင်နိုင်သည်။ လူ့ဇာတိခံ ဘုရားသခင် ကမ္ဘာမြေသို့ကြွချိန်တွင်၊ နှုတ်ကပတ်တော်များကို ပြောဆိုခြင်းမှလွဲ၍ အခြားမည်သည့်အမှုကိုမျှ သူမလုပ်ဆောင်ပေ- ထို့ကြောင့် အချက်အလက်များကို မလိုအပ်ပေ။ နှုတ်ကပတ်တော်များက လုံလောက်ပေ၏။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် သူသည် အဓိကအားဖြင့် ဤအမှုကို လုပ်ဆောင်ဖို့၊ သူ၏ နှုတ်ကပတ်တော်များထဲ၌ သူ၏တန်ခိုးနှင့် သာလွန်မှုကို လူသားအား ရှုမြင်ခွင့်ပေးဖို့၊ သူသည် မိမိကိုယ်ကိုယ် မည်သို့ နှိမ့်ချစွာ ကွယ်ဝှက်သည်ကို သူ၏နှုတ်ကပတ်တော်များထဲ၌ လူသားအား မြင်ခွင့်ပေးဖို့နှင့် သူ၏အလုံးစုံကို သူ၏နှုတ်ကပတ်တော်များထဲ၌ လူသားအား သိခွင့်ပေးဖို့ ကြွလာပြီး ဖြစ်သောကြောင့် ဖြစ်သည်။ သူ၏အရာအားလုံးနှင့် သူ၏ဖြစ်ခြင်း အားလုံးသည် သူ၏နှုတ်ကပတ်တော်များထဲတွင်ရှိ၏။ သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့သြဖွယ် ဖြစ်ခြင်းသည်လည်း သူ၏နှုတ်ကပတ်တော်များထဲတွင် ရှိသည်။ ဤအရာတွင် ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များကို ပြောဆိုသည့် နည်းစနစ် များစွာကို သင့်အား မြင်စေခြင်း ဖြစ်ပေသည်။ ဘုရားသခင်သည် အချိန်ကြာမြင့်စွာ အမှုပြုခဲ့သည်။ ယင်းတို့မှာ အဓိကအားဖြင့် လူသားကို ပံ့ပိုးပေးခြင်း၊ ဖော်ထုတ်ခြင်း၊ သို့မဟုတ် ပြုပြင်ခြင်းတို့ဖြစ်၏။ ဘုရားသခင်သည် လူတစ်ဦးကို ပေါ့ပေါ့တန်တန် မကျိန်ဆဲသကဲ့သို့၊ သူကျိန်ဆဲသည့်အခါတွင်ပင် ၎င်းတို့ကို သူ ကျိန်ဆဲသည်မှာ နှုတ်ကပတ်တော်မှတစ်ဆင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူသည့် ဤခေတ်၌၊ ဘုရားသခင်က မကျန်းမာသူများကို ကျန်းမာစေပြီး နတ်ဆိုးများကို တစ်ဖန် နှင်ထုတ်ခြင်းကို မြင်ရဖို့ မကြိုးစားကြနှင့်၊ ပြီးလျှင် နိမိတ်လက္ခဏာများကို စဉ်ဆက်မပြတ် ရှာဖွေခြင်းအား ရပ်တန့်လော့- အဓိပ္ပာယ်မရှိပေ။ ထိုနိမိတ်လက္ခဏာများသည် လူသားကို မစုံလင်စေနိုင်ပေ။ ရှင်းရှင်းပြောရလျှင် လူ့ဇာတိဖြင့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်စင်စစ်သည် မဆောင်ရွက်ပေ။ သူသည် စကားသာ ပြောဆိုလေသည်။ ဤသည်မှာ သမ္မာတရားဖြစ်သည်။ သူသည် သင့်ကို စုံလင်စေရန် နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ သင့်ကို ကျွေးမွေးရန်နှင့် ရေလောင်းပေးရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူသည် အမှုပြုရန်လည်း နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ သူ၏ လက်တွေ့ကျခြင်းကို သင့်အား သိစေဖို့ အချက်အလက်များအစား နှုတ်ကပတ်တော်များကို သူအသုံးပြုလေသည်။ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် ဤပုံစံကို သင် သိမြင်နိုင်စွမ်းရှိပါက၊ အပျက်သဘောဆောင်ဖို့ ခက်ခဲပေသည်။ အပျက်သဘောဆောင်သည့် အရာများအပေါ်၌ အာရုံစိုက်မည့်အစား အပြုသဘောဆောင်သော အရာများအပေါ်၌သာ သင်တို့ အာရုံစိုက်သင့်သည်- ဆိုလိုသည်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ၊ သို့မဟုတ် အချက်အလက်များ ပေါ်ထွန်းသည်ဖြစ်စေ၊ မပေါ်ထွန်းသည်ဖြစ်စေ၊ ဘုရားသခင်သည် လူသားကို သူ၏ နှုတ်ကပတ်တော်များမှ အသက်ကို ရရှိစေပြီး၊ ဤသည်မှာ နိမိတ်လက္ခဏာအားလုံး၌ အကြီးမြတ်ဆုံးဖြစ်ကာ၊ ထို့ထက်ပင်သာ၍ ယင်းသည် ငြင်း၍မရနိုင်သော အချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သိဖို့ အကောင်းဆုံးသော သက်သေအထောက်အထားဖြစ်ပြီး နိမိတ်လက္ခဏာများ ထက်ပင် သာ၍ကြီးမြတ်သော နိမိတ်လက္ခဏာတစ်ခု ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသာလျှင် လူသားကို စုံလင်စေနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

ဘုရားသခင်သည် သူ၏အမှုကို စကြဝဠာတစ်ခုလုံးအနှံ့ လုပ်ဆောင်သည်။ သူ့ကို ယုံကြည်သူအားလုံးသည် သူ၏ နှုတ်ကပတ်တော်ကို လက်ခံရမည်ဖြစ်ပြီး၊ သူ၏ နှုတ်ကပတ်တော်ကို စားသောက်ရမည်ဖြစ်သည်။ ဘုရားသခင် ပြသော နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ခြင်းဖြင့် မည်သူမျှ ဘုရားသခင်၏ ရယူခြင်းကို မခံရနိုင်ပေ။ ခေတ်အဆက်ဆက်တွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နှုတ်ကပတ်တော်ကို အမြဲ အသုံးပြုခဲ့သည်။ ထို့ကြောင့် သင်တို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ၌သာ သင်တို့၏အာရုံကို မစိုက်သင့်ဘဲ၊ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ကြိုးပမ်းသင့်ပေသည်။ ဓမ္မဟောင်း ပညတ်တော်ခေတ်တွင် ဘုရားသခင်က နှုတ်ကပတ်တော်အချို့ ပြောဆိုခဲ့ပြီး၊ ကျေးဇူးတော်ခေတ်၌ ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့သည်။ ယေရှုသည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီးနောက်တွင်၊ နောက်ပိုင်း တမန်တော်များနှင့် တပည့်တော်များသည် လူတို့အား ယေရှု ထုတ်ပြန်ခဲ့သည့် ပညတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ ဦးဆောင်ခဲ့ပြီး၊ ယေရှု ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် အခြေခံသဘောတရားများအတိုင်း တွေ့ကြုံစေခဲ့သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူသားကို စုံလင်စေရန် နှုတ်ကပတ်တော်ကို အဓိကအားဖြင့် အသုံးပြုသည်။ ဘုရားသခင်သည် လူသားကို ဖိနှိပ်ရန် သို့မဟုတ် လူသား ယုံကြည်လက်ခံ လာစေရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးမပြုပေ။ ဤအရာက ဘုရားသခင်၏တန်ခိုးကို မထင်ရှားစေနိုင်ပေ။ အကယ်၍ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုသာ ပြသပါက၊ ဘုရားသခင်၏ လက်တွေ့ကျခြင်းကို ထင်ရှားစေဖို့ခက်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် လူသားကို စုံလင်စေဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများအားဖြင့် လူသားကို မစုံလင်စေဘဲ၊ လူသားကို ရေလောင်းပေးရန်နှင့် ထိန်းကျောင်းရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်၊ ယင်းနောက်တွင် လူသား၏ အကြွင်းမဲ့ ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်နှင့်ဆိုင်သည့် လူသား၏အသိကို ရရှိပေသည်။ ဤသည်မှာ သူပြုသည့်အမှုနှင့် သူပြောသည့် နှုတ်ကပတ်တော်များ၏ ရည်မှန်းချက်ဖြစ်သည်။ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသခြင်း နည်းလမ်းအား အသုံးမပြုပေ- သူသည် လူသားကို စုံလင်စေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ အမျိုးမျိုးသော အမှုပြုနည်းများစွာကို အသုံးပြုလေသည်။ စစ်ဆေးခြင်းဖြစ်စေ၊ ပြုပြင်ခြင်းဖြစ်စေ၊ နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်းဖြစ်စေ၊ ဘုရားသခင်သည် လူကို စုံလင်စေဖို့နှင့် လူကို ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့ဖွယ်ဖြစ်ခြင်းတို့နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာကို ပေးဖို့ရန် များစွာသော ရှုထောင့်အမျိုးမျိုးမှ စကားပြောဆိုလေသည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ချိန်တွင် လူသားကို ပြည့်စုံစေသောအခါ၊ လူသားသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မျှော်လင့်ဖို့ အရည်အချင်း ပြည့်မီပေလိမ့်မည်။ သင်သည် ဘုရားသခင်ကို သိကျွမ်းလာပြီး သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သည့်အခါတွင်၊ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်သည့်အခါ၊ ဘုရားသခင်နှင့် ပတ်သက်သည့် မည်သည့်အယူအဆမျှ ရှိတော့မည် မဟုတ်ပေ။ ထိုအခိုက်အတန့်တွင် သင်သည် ဖောက်ပြန်ပျက်စီးပြီး ဘုရားသခင်ကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်စွမ်းမရှိချေ- ဤအခြေအနေတွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့ရန် အရည်အချင်း ပြည့်မီသည်ဟု သင်ထင်ပါသလော။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဘုရားသခင် ပြသည့်အချိန်တွင်၊ ယင်းမှာ လူသားကို ဘုရားသခင် အပြစ်ပေးသည့်အချိန်ဖြစ်ပြီး၊ ခေတ်ပြောင်းလဲသည့် အချိန်လည်း ဖြစ်သည့်အပြင်၊ ခေတ်အဆုံးသတ်သည့် အချိန်ဖြစ်သည်။ ဘုရားသခင်၏ အမှုကို ပုံမှန် ဆောင်ရွက်နေအချိန်တွင်၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပေ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသခြင်းသည် သူ့အတွက် အလွန် ရိုးရှင်းလွယ်ကူသော်လည်း၊ ယင်းမှာ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အခြေခံသဘောတရား မဟုတ်သကဲ့သို့၊ လူသားကို ဘုရားသခင်၏ စီမံခန့်ခွဲမှု ရည်မှန်းချက်လည်း မဟုတ်ပေ။ လူသားက နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ပါက၊ ပြီးလျှင် ဘုရားသခင်၏ ဝိညာဉ်ခန္ဓာသည် လူသားထံ ပေါ်ထွန်းခဲ့မည်ဆိုပါက၊ လူအားလုံးသည် ဘုရားသခင်ကို ယုံကြည်ကြမည် မဟုတ်လော။ ကြီးစွာသော ဒုက္ခဆင်းရဲခြင်း အလယ်မှ လာသည့် အောင်မြင်သောသူများဖြစ်သည့်၊ အောင်မြင်သောသူ တစ်စုကို အရှေ့အရပ်မှ ရယူထားသည်ဟု ယခင်က ငါပြောပြီး ဖြစ်သည်။ ဤစကားများက မည်သည့်အရာကို ဆိုလိုပါသနည်း။ ယင်းတို့က ရယူခံရပြီးသော ဤသူတို့သည်သာ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၊ ပြုပြင်ခြင်းနှင့် စစ်ဆေးမှုမျိုးစုံကို ခံပြီးသည့်နောက်တွင် အမှန်တကယ် ကျိုးနွံနာခံကြသည်ဟု ဆိုလိုပေသည်။ ဤလူများ၏ ယုံကြည်မှုသည် မရေမရာနှင့် စိတ်ကူး သက်သက်မဟုတ်ဘဲ စစ်မှန်လေသည်။ ၎င်းတို့သည် မည်သည့် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် သဘာဝလွန် ဖြစ်ရပ်များကိုမျှ မမြင်ရသေးပေ။ ၎င်းတို့သည် ခက်ခဲသော စကားများနှင့် အယူဝါဒများ သို့မဟုတ် နက်နဲသော ထိုးထွင်းသိမြင်မှုများအကြောင်း မပြောကြပေ။ ယင်းအစား ၎င်းတို့သည် လက်တွေ့အရှိတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ပြီးလျှင် ဘုရားသခင်၏ လက်တွေ့ကျခြင်းနှင့်ဆိုင်သည့် စစ်မှန်သော အသိပညာတို့ ရှိကြသည်။ ထိုသို့သော လူစုသည် ဘုရားသခင်၏ တန်ခိုးကို မြင်သာအောင် လုပ်နိုင်စွမ်း သာ၍ရှိသည် မဟုတ်လော။ နောက်ဆုံးသော ကာလအတွင်း ဘုရားသခင်၏ အမှုသည် လက်တွေ့ကျသော အမှုဖြစ်သည်။ ယေရှု၏ ခေတ်အတောအတွင်းတွင်၊ ယေရှုသည် လူသားကို စုံလင်စေရန်မဟုတ်ဘဲ၊ လူသားကို ရွေးနုတ်ဖို့ ကြွလာခဲ့ပေသည်၊ ထို့ကြောင့် သူသည် လူတို့ သူ့နောက်ကိုလိုက်စေရန် နိမိတ်လက္ခဏာအချို့ကို ပြသခဲ့လေသည်။ သူသည် အဓိကအားဖြင့် ကားစင်တင်ခံရခြင်း အမှုကို ပြည့်စုံစေဖို့ ကြွလာခဲ့သည့်အတွက်၊ နိမိတ်လက္ခဏာများ ပြခြင်းသည် သူ၏အမှုတော်၏ အစိတ်အပိုင်း တစ်ခု မဟုတ်ခဲ့ပေ။ ထိုသို့သော နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများသည် သူ၏အမှုကို ထိရောက်စေရန် လုပ်ဆောင်သည့် အလုပ်ဖြစ်ခဲ့သည်။ ယင်းတို့သည် အပိုအလုပ်ဖြစ်ခဲ့ပြီး၊ ခေတ်တစ်ခေတ်လုံး၌ အမှုကို ကိုယ်စားမပြုခဲ့ပေ။ ဓမ္မဟောင်း ပညတ်တော်ခေတ်အတွင်းတွင်၊ ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ပြခဲ့သည်- သို့သော် ယနေ့ ဘုရားသခင် လုပ်ဆောင်သော အမှုသည် လက်တွေ့ကျသော အလုပ်ဖြစ်ပြီး ယခုတွင် သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဧကန်မုချ ပြမည်မဟုတ်ပေ။ အကယ်၍ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သူပြခဲ့ပါက၊ သူ၏ လက်တွေ့ကျသော အမှုသည် ဖရိုဖရဲ ဖြစ်သွားမည် ဖြစ်ပြီး သူသည် နောက်ထပ် မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နှုတ်ကပတ်တော်ကို အသုံးပြုဖို့ ပြောသော်လည်း၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုလည်း ပြသခဲ့ပါက၊ ယင်းက လူသားသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း ရှိ မရှိဆိုသည်ကို ရှင်းလင်းသွားစေနိုင်မည်လော။ ထို့ကြောင့် ဘုရားသခင်သည် ထိုသို့သောအရာများကို မလုပ်ဆောင်ခြင်း ဖြစ်သည်။ လူသား၏အတွင်းတွင် ဘာသာတရား အလွန်များလှ၏။ ဘုရားသခင်သည် လူသားအတွင်းရှိ ဘာသာရေး အယူအဆများအားလုံးနှင့် သဘာဝလွန် အမှုအရာများကို ထုတ်ပစ်ဖို့နှင့် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို လူသားအား သိစေဖို့၊ နောက်ဆုံးသောကာလတွင် ကြွလာပြီးဖြစ်သည်။ စိတ်ကူးသက်သက်ဖြစ်ပြီး စိတ်ကူးယဉ်ဖန်တီးထားသော ဘုရားသခင်တစ်ပါး၏ ပုံရိပ်ကို- တစ်နည်းအားဖြင့် လုံးဝ မတည်ရှိသည့် ဘုရားသခင်တစ်ပါး၏ပုံရိပ်ကို ဖယ်ရှားရန် ဘုရားသခင် ကြွလာပြီးဖြစ်သည်။ ထို့ကြောင့် ယခု တန်ဖိုးရှိသည့် တစ်ခုတည်းသော အရာမှာ သင့်အတွက် လက်တွေ့ကျခြင်းနှင့်ဆိုင်သည့် အသိပညာတစ်ခု ရှိဖို့ ဖြစ်သည်။ သမ္မာတရားသည် အရာရာကို ကျော်လွန်၏။ ယနေ့တွင် သမ္မာတရား မည်မျှကို သင် ပိုင်ဆိုင်သနည်း။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသောသူအားလုံးသည် ဘုရားသခင် ဖြစ်ပါ၏လော။ ဆိုးယုတ်သော ဝိညာဉ်များသည်လည်း နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်ကြသည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင် ဖြစ်ပါ၏လော။ ဘုရားသခင်၌ လူသား၏ ယုံကြည်မှုတွင်၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများထက်၊ လူသားရှာဖွေသော အရာမှာ သမ္မာတရားဖြစ်ပြီး၊ သူ လိုက်စားသောအရာမှာ အသက်ဖြစ်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

“နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ခြင်းအပေါ် အာရုံစိုက်သူများအားလုံးသည် စွန့်ပစ်ခံရလိမ့်မည်။ ၎င်းတို့သည် စုံလင်စေခြင်း မခံရမည့်သူများ ဖြစ်သည်။” ဟု ယခင်က ငါပြောပြီးဖြစ်သည်။ ငါသည် စကားများစွာ ပြောပြီးဖြစ်သော်လည်း၊ လူသည် ဤအမှုနှင့်ဆိုင်သည့် အသိပညာ အနည်းငယ်မျှမရှိသကဲ့သို့၊ ဤအခြေအနေအထိ ရောက်ရှိလျက်ဖြင့်၊ လူတို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို တောင်းဆိုကြဆဲဖြစ်သည်။ သင်၏ ဘုရားသခင်၌ ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို လိုက်စားခြင်းထက် မည်သည့်အရာမျှ မပိုသလော သို့မဟုတ် ယင်းသည် အသက်ကို ရဖို့ရန်အလို့ငှာ ဖြစ်သလော။ ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီး၊ ထိုနှုတ်ကပတ်တော်များထဲမှ အချို့သည် ပြည့်စုံခြင်း မရှိသေးပေ။ ယေရှုကို ဘုရားသခင် မဟုတ်ဟု သင် ဆိုနိုင်သလော။ သူသည် ခရစ်တော် ဖြစ်ပြီး ဘုရားသခင်၏ ချစ်လှစွာသောသား ဖြစ်သည်ဟု ဘုရားသခင်က သက်သေခံခဲ့သည်။ ဤအရာကို သင် ငြင်းနိုင်သလော။ ယနေ့တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုပြီး၊ အကယ်၍ သင်သည် ဤအရာကို အကုန်အစင် နားမလည်ပါက၊ သင်သည် ခိုင်မြဲစွာ မရပ်တည်နိုင်ပေ။ သူသည် ဘုရားသခင်ဖြစ်သောကြောင့် သူ့ကို သင် ယုံကြည်သလော သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်း ရှိ မရှိဆိုသည့်အပေါ် အခြေခံ၍ သူ့ကို သင် ယုံကြည်သလော။ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ယုံကြည်သလော၊ သို့မဟုတ် ဘုရားသခင်ကို သင် ယုံကြည်သည်လော။ ယနေ့တွင်၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပေ- သူသည် အမှန်တကယ် ဘုရားသခင် ဖြစ်ပါသလော။ အကယ်၍ သူပြောဆိုသည့် နှုတ်ကပတ်တော်များ မပြည့်စုံပါက၊ သူသည် အမှန်တကယ် ဘုရားသခင် ဖြစ်ပါသလော။ ဘုရားသခင်၏ အနှစ်သာရကို သူ ပြောဆိုသည့် နှုတ်ကပတ်တော်များ ပြည့်စုံခြင်း ရှိ မရှိဆိုသည့်အရာအားဖြင့် ဆုံးဖြတ်ပါသလော။ လူအချို့သည် ဘုရားသခင်ကို မယုံကြည်မီတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်းကို အဘယ်ကြောင့် အမြဲစောင့်ဆိုင်းနေကြသနည်း။ ဤသည်မှာ ဘုရားသခင်ကို ၎င်းတို့ မသိကြဟု ဆိုလိုသည် မဟုတ်လော။ ထိုသို့သော အယူအဆများ ပိုင်ဆိုင်သူ အားလုံးသည် ဘုရားသခင်ကို ငြင်းပယ်သူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အကဲဖြတ်ဖို့ ၎င်းတို့၏ အယူအဆများကို အသုံးပြုကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံပါက၊ သူ့ကို ၎င်းတို့ ယုံကြည်ကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မပြည့်စုံပါက၊ သူ့ကို ၎င်းတို့ မယုံကြည်ကြပေ။ ပြီးလျှင် ၎င်းတို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲ လိုက်စားကြလေသည်။ ဤလူတို့သည် ခေတ်သစ် ဖာရိရှဲများဖြစ်သည် မဟုတ်လော။ သင်တို့ ခိုင်မြဲစွာ ရပ်တည်နိုင်ခြင်း ရှိ မရှိဆိုသည်မှာ လက်တွေ့ကျသော ဘုရားသခင်ကို သင်တို့ သိ မသိ ဆိုသည့်အရာအပေါ် မူတည်သည်။ ဤသည်မှာ အလွန် အရေးကြီးပေသည်။ သင့်အထဲ၌ ဘုရားသခင် နှုတ်ကပတ်တော်၏ လက်တွေ့ကျခြင်း သာ၍ ကြီးမားလေလေ၊ ဘုရားသခင်၏ လက်တွေ့အရှိတရားနှင့်ဆိုင်သည့် သင်၏ အသိပညာ သာ၍ ကြီးမားလေလေဖြစ်ပြီး စမ်းသပ်မှုများအတွင်းတွင် သင်သည် သာ၍ ခိုင်မြဲစွာ ရပ်တည်နိုင်လေလေဖြစ်သည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ရခြင်းကို သင် သာ၍ အာရုံစိုက်လေလေ၊ သင်သည် ခိုင်မာစွာ ရပ်တည်နိုင်မှု လျော့နည်း လေလေဖြစ်ပြီး စမ်းသပ်မှုများအလယ်တွင် သင်ပြိုလဲလိမ့်မည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများသည် အခြေခံအုတ်မြစ် မဟုတ်ပေ။ ဘုရားသခင်၏ လက်တွေ့ကျခြင်းသည်သာ အသက်ဖြစ်သည်။ အချို့လူများသည် ဘုရားသခင်၏ အမှုက စွမ်းဆောင်ရရှိမည့် အကျိုးသက်ရောက်မှုများကို မသိကြချေ။ ၎င်းတို့သည် မိမိတို့၏ နေ့ရက်များကို ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့်‌ အသိပညာကို လိုက်စားခြင်းမရှိဘဲ၊ စိတ်ရှုပ်ထွေးမှုဖြင့် ကုန်လွန်စေကြသည်။ ၎င်းတို့၏ လိုက်စားမှု ရည်မှန်းချက်မှာ ၎င်းတို့၏ အလိုဆန္ဒများကို ဘုရားသခင်အား ဖြည့်ဆည်းစေဖို့သာ အမြဲဖြစ်ပြီး ထိုအခါမှသာ ၎င်းတို့၏ ယုံကြည်မှုတွင် အလေးအနက် ရှိကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များပြည့်စုံပါက၊ အသက်ကို ၎င်းတို့ လိုက်စားမည်ဟု ပြောကြသော်လည်း၊ သူ၏ နှုတ်ကပတ်တော်များ မပြည့်စုံပါက၊ အသက်ကို လိုက်စားခြင်းငှာ ၎င်းတို့ ဖြစ်နိုင်ချေမရှိချေ။ လူသားက ဘုရားသခင်၌ ယုံကြည်မှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ခြင်းငှာ အားထုတ်ခြင်းဖြစ်ပြီး ကောင်းကင်ဘုံနှင့် တတိယ ကောင်းကင်သို့ တက်ခြင်းငှာ အားထုတ်ခြင်းဖြစ်သည်ဟု ထင်လေသည်။ ၎င်းတို့ထဲမှ မည်သူမျှက ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုသည် လက်တွေ့အရှိတရားထဲသို့ ဝင်နိုင်ခြင်းငှာ အားထုတ်ခြင်း၊ အသက်ကို ရရှိအောင် အားထုတ်ခြင်းနှင့် ဘုရားသခင်၏ ရယူခံရခြင်းငှာ အားထုတ်ခြင်း ဖြစ်သည်ဟု မပြောကြချေ။ ဤကဲ့သို့သော လိုက်စားခြင်း၌ တန်ဖိုးမှာ မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းအား မလိုက်စားသောသူတို့သည် ဘုရားသခင်ကို မယုံကြည်သောသူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ပြစ်မှားစော်ကားသောသူများ ဖြစ်ကြ၏။

ဘုရားသခင်၌ ယုံကြည်မှုက မည်သည့်အရာဖြစ်သည်ကို ယခု သင်တို့ နားလည်ပါသလော။ ဘုရားသခင်၌ ယုံကြည်မှုမှာ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ရခြင်းလော။ ယင်းသည် ကောင်းကင်ဘုံသို့ တက်ခြင်းကို ဆိုလိုသလော။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အနည်းငယ်မျှ မလွယ်ကူပေ။ ထိုဘာသာရေးအလေ့အထများကို သန့်စင်ပစ်သင့်သည်။ မကျန်းမာသူများကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ကို လိုက်စားခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အာရုံစိုက်ခြင်း၊ ဘုရားသခင်၏ သာ၍များသော ကျေးဇူးတော်၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို တပ်မက်ခြင်း၊ ဇာတိပကတိ၏ အလားအလာများနှင့် သက်သောင့်သက်သာဖြစ်ခြင်းများကို လိုက်စားခြင်း- ဤအရာများသည် ဘာသာရေး အလေ့အထများဖြစ်ကြပြီး ထိုသို့သော ဘာသာရေး အလေ့အထများသည် မရေရာသော ယုံကြည်မှုမျိုးဖြစ်သည်။ ယနေ့တွင် ဘုရားသခင်၌ ယုံကြည်မှု အစစ်အမှန်မှာ အဘယ်အရာနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်၏ အသက် စစ်မှန်မှု အဖြစ် လက်ခံခြင်းနှင့် ဘုရားသခင်ကို စစ်မှန်သည့် ချစ်ခြင်းအား ရရှိဖို့အလို့ငှာ ဘုရားသခင်၏နှုတ်ကပတ်တော်မှ သူ့ကို သိကျွမ်းခြင်း ဖြစ်သည်။ ရှင်းအောင်ဆိုရလျှင်- ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ရန်၊ ဘုရားသခင်အား ချစ်နိုင်ရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ဖြည့်ဆည်းသင့်သော တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ ရည်မှန်းချက်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှု နှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ ကြည်ညိုခြင်း မည်မျှ ခံထိုက်တန်ကြောင်းနှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ဖန်ဆင်းခံများ၌ ကယ်တင်ခြင်းအမှုကို မည်သို့လုပ်ဆောင်ပြီး ၎င်းတို့ကို စုံလင်စေခြင်း နှင့်ဆိုင်သည့် အသိပညာကို ရရှိရမည်ဖြစ်သည်- ဤအရာများသည် ဘုရားသခင်၌ သင်၏ယုံကြည်မှုနှင့်ဆိုင်သည့် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ဇာတိပကတိနှင့် သက်ဆိုင်သော အသက်တာမှ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် အသက်တာသို့ ပြောင်းလဲခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း အတွင်း အသက်ရှင်ခြင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော အသက်တာအတွင်း အသက်ရှင်ခြင်းသို့ ပြောင်းလဲခြင်း ဖြစ်သည်။ ယင်းသည် စာတန်၏တန်ခိုးအောက်မှ ထွက်လာခြင်းနှင့် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်၌ အသက်ရှင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံမှုနှင့် ဇာတိပကတိကို ကျိုးနွံနာခံခြင်း မရှိမှုတို့အား စွမ်းဆောင်ရရှိနိုင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား သင်၏ စိတ်နှလုံးတစ်ခုလုံးကို ရယူခွင့်ပေးခြင်း၊ ဘုရားသခင်အား သင့်ကို စုံလင်စေရန် အခွင့်ပေးခြင်းနှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေခြင်းတို့ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်မှုသည် အဓိကအားဖြင့် ဘုရားသခင်၏ ဘုန်းအသရေနှင့် တန်ခိုးတို့ သင့်အထဲ၌ ထင်ရှားစေရန်အလို့ငှာ၊ ဘုရားသခင်၏ အလိုတော်ကို သင်လိုက်လျှောက်နိုင်ပြီး ဘုရားသခင်၏ အစီအစဉ်ကို ပြီးမြောက်စေနိုင်ရန်အလို့ငှာနှင့် စာတန်၏ရှေ့၌ ဘုရားသခင်အဖို့ သင်သက်သေခံနိုင်စေရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်မှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်လိုသည်ဆန္ဒကို ဗဟိုမပြုသင့်သကဲ့သို့၊ သင်၏ ကိုယ်ရေးကိုယ်တာ ဇာတိပကတိအတွက်လည်း မဖြစ်သင့်ပေ။ ယင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းငှာ အားထုတ်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း၊ ပြီးလျှင် ပေတရုကဲ့သို့ သေသည်အထိ သူ့ကို ကျိုးနွံနာခံနိုင်ခြင်းအကြောင်း ဖြစ်သင့်ပေသည်။ ဤသည်တို့မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိက ရည်မှန်းချက်များ ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို သိကျွမ်းဖို့နှင့် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းသည် သင့်ကို ဘုရားသခင်နှင့်ဆိုင်သည့် သာ၍ကြီးမားသော အသိပညာ ပေးနိုင်သည်၊ ထို့နောက်မှသာ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပေသည်။ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာဖြင့်သာ သူ့ကို သင် ချစ်နိုင်ပြီး၊ ဤသည်မှာ လူသားက ဘုရားသခင်၌ သူ၏ ယုံကြည်မှုတွင် ရှိသင့်သည့် ရည်မှန်းချက်ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုတွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ရှုမြင်ရဖို့ အမြဲ ကြိုးစားနေပါက၊ ဘုရားသခင်၌ ဤယုံကြည်မှု၏ ရှုထောင့်အမြင်သည် လွဲမှား၏။ ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက် စစ်မှန်မှုအဖြစ် လက်ခံခြင်း ဖြစ်သည်။ ဘုရားသခင်၏ ရည်မှန်းချက်ကို သူ၏ နှုတ်မှလာသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သင်ကိုယ်တိုင်၏ အတွင်းတွင် ထိုနှုတ်ကပတ်တော်များကို ဆောင်ရွက်ခြင်းအားဖြင့်သာ ရရှိပေသည်။ ဘုရားသခင်၌ ယုံကြည်မှုတွင်၊ လူသားသည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့၊ ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်ဖို့နှင့် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံတတ်ခြင်းအတွက် ကြိုးပမ်းသင့်ပေသည်။ သင်သည် ညည်းညူခြင်းမရှိဘဲ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပါက၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဂရုပြုနိုင်ပါက၊ ပေတရု၏ ဝိညာဉ်ရင့်ကျက်မှုကို စွမ်းဆောင်ရရှိနိုင်ပြီး၊ ဘုရားသခင်ပြောဆိုသည့် ပေတရု၏ပုံစံကို ပိုင်ဆိုင်နိုင်ပါက၊ ယင်းသည် ဘုရားသခင်၌ ယုံကြည်မှုတွင် အောင်မြင်မှုကို သင်ရရှိပြီးသော အချိန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ယင်းက သင်သည် ဘုရားသခင်၏ ရယူခြင်းခံရပြီးဖြစ်သည်ကို ညွှန်ပြပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

သင်တို့၏ သစ္စာစောင့်သိမှုသည် စကားဖြင့်သာ ဖြစ်၏၊ သင်တို့၏အသိသည် အတွေးအခေါ်၊ အယူအဆများနှင့် ဆိုင်၏။ သင်တို့၏ အားစိုက်ထုတ်မှုများသည် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများ ရရှိခြင်းအတွက်ဖြစ်သည်၊ ထို့ကြောင့် သင်တို့၏ယုံကြည်ခြင်းသည် မည်သည့်အရာကဲ့သို့ ဖြစ်ရမည်နည်း။ ယနေ့တွင်ပင်၊ သင်တို့သည် သမ္မာတရား၏ စကားတစ်လုံး စီတိုင်းကို နားမထောင်ကြပေ။ ဘုရားသခင်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ခရစ်တော်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ယေဟောဝါကို မည်သို့ကြောက်ရွံ့ရမည်ကို သင်တို့မသိ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ထဲသို့ မည်သို့ဝင်ရောက် ရမည်ကို သင်တို့မသိကြသကဲ့သို့၊ ဘုရားသခင်ကိုယ်တိုင်၏ အမှုနှင့် လူသား၏အထင်အမြင်မှားစေခြင်းတို့ကြား မည်သို့ခွဲခြားရမည်ကို သင်တို့ မသိကြချေ။ သင်၏ အတွေးနှင့် မကိုက်ညီသော ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ နှုတ်ကပတ်တော်တစ်ခုတစ်လေကို ရှုတ်ချရန်သာ သင်သိသည်။ သင်၏ နှိမ့်ချမှုသည် အဘယ်မှာနည်း။ သင်၏ ကျိုးနွံနာခံခြင်းသည် အဘယ်မှာနည်း။ သင်၏သစ္စာစောင့်သိမှုသည် အဘယ်မှာနည်း။ သင်၏ သမ္မာတရားရှာဖွေလိုစိတ်သည် အဘယ်မှာနည်း။ ဘုရားသခင်ကို ကြောက်ရွံ့သော သင်၏ စိတ်နှလုံး အဘယ်မှာနည်း။ နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ဖျက်ဆီးခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ကြသည်ဟု သင်တို့ကို ငါပြော၏။ လူ့ဇာတိအဖြစ်သို့ ပြန်ကြွလာပြီးဖြစ်သော ယေရှု၏နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိသူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ၊ ထာဝရပျက်စီးခြင်း ခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ပေသည်။ ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ “ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်” ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော လမ်းခရီးနှင့် အသက်ကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်ခတ်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ကျိုးနွံနာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။ ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်းကို သတိဖြင့်လျှောက်ရန် သင်တို့ကို ငါအကြံပြု၏။ မြန်မြန်ဆန်ဆန် ကောက်ချက်များမချလိုက်နှင့်။ ထို့အပြင် ဘုရားသခင်၌ သင်တို့၏ ယုံကြည်မှုတွင် သာမန်ကာလျှံကာဖြစ်ကာ စာနာ ထောက်ထားမှု မကင်းမဲ့စေနှင့်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် စိတ်နှိမ့်ချခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ပိုင်ဆိုင်ရမည်ဖြစ်သည်ကို သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ နှာခေါင်းရှုံ့သောသူတို့သည် မိုက်မဲပြီး၊ အသိဉာဏ် ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ သတိမမူဘဲ အမြန် ကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများသည် မာနထောင်လွှားမှုဖြင့် ဒုက္ခရောက်ကြရလေသည်။ ယေရှုကို ယုံကြည်သူ မည်သူမျှသည် အခြားသူများအား ကျိန်ဆဲရန် သို့မဟုတ် ရှုတ်ချရန် မသင့်တော်ပေ။ သင်တို့အားလုံးသည် အသိစိတ်ရှိပြီး သမ္မာတရားကို လက်ခံသူ တစ်စုံတစ်ဦး ဖြစ်သင့်ပေသည်။ သမ္မာတရားလမ်း အကြောင်းကို ကြားခြင်းနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့်၊ ဤစကားလုံး ၁၀၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏လက်ခံယုံကြည်ချက်များ၊ သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင် ယုံကြည်ကောင်းယုံကြည်မည်ဖြစ်ပြီး၊ သို့ဆိုပါက ဤစကားလုံးများထဲမှ ၁၀၀၀၀ မြောက်သောစကားလုံးကို သင် ဆက်လက်ရှာဖွေသင့်ပေသည်။ သင့်ကို နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးမြှောက်ရန် ငါ အကြံပြုသေး၏။ ဘုရားသခင်ကို ကြောက်ရွံ့သော သင်ပိုင်ဆိုင်သည့် စိတ်နှလုံး အနည်းငယ်ဖြင့် သင်သည် သာ၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေးပြီး ထပ်တလဲလဲ တွေးဆပါက၊ ၎င်းတို့ သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ၎င်းတို့ အသက်ဟုတ်မဟုတ်ဆိုသည်တို့ကို သင်နားလည်လိမ့်မည်။ ဝါကျအနည်းငယ်ကိုသာ ဖတ်လျက်၊ လူအချို့က “ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းအချို့ထက် ဘာမျှမပိုပါ။” သို့မဟုတ် “ဤသည်မှာ လူတို့အား အထင်အမြင်မှားစေရန် လာသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူဖြစ်၏။” ဟု ဆိုရင်း၊ ဤနှုတ်ကပတ်တော်များကို ကြောင်းကျိုးမမြင်ဘဲ ရှုတ်ချကောင်းရှုတ်ချကြပေမည်။ ထိုသို့သောအရာများကို ပြောသူတို့သည် မသိနားမလည်မှုဖြင့် မျက်စိကန်းကြပေသည်။ သင်သည် ဘုရားသခင်၏အမှုနှင့် ဉာဏ်ပညာကို အလွန်နည်းပါးစွာ နားလည်ပြီး၊ အစမှပြန်စရန် သင့်ကို ငါ အကြံပြု၏။ နောက်ဆုံးကာလအတွင်းတွင် ခရစ်တော်၏အယောင်ကို ဆောင်သောသူများ ပေါ်ထွက်ခြင်းကြောင့် သင်တို့သည် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များကို ကျိုးကြောင်းမမြင်ဘဲ မရှုတ်ချရ၊ ပြီးလျှင် သင်တို့သည် အထင်အမြင်မှားစေခြင်းကို ကြောက်ရွံ့သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသော သူတစ်ဦး မဖြစ်ရ။ ယင်းသည် လွန်စွာ သနားဖွယ်ကောင်းမည် မဟုတ်လော။ များစွာစစ်ဆေးပြီးသည့်နောက် ဤနှုတ်ကပတ်တော်များသည် သမ္မာတရားမဟုတ်၊ လမ်းခရီးမဟုတ်သကဲ့သို့ ဘုရားသခင်၏ ဖော်ပြချက်မဟုတ်ဟု သင်ယုံကြည်ဆဲ ဖြစ်ပါက၊ သင်သည် နောက်ဆုံးတွင် အပြစ်ပေးခံရလိမ့်မည်ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ မရှိဘဲ ဖြစ်လိမ့်မည်။ ထိုသို့ အလွန် သိသိသာသာနှင့် ရှင်းလင်းစွာ ပြောဆိုထားသည့် သမ္မာတရားကို သင်လက်မခံနိုင်ပါက၊ သင်သည် ဘုရားသခင်၏ကယ်တင်ခြင်းနှင့် မသင့်တော်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့ ပြန်လာရလောက်အောင် ကောင်းချီးမခံစားရသော သူတစ်ဦး ဖြစ်သည် မဟုတ်လော။ ယင်းနှင့် ပတ်သက်၍ စဉ်းစားကြည့်လော့။ အလျင်မလိုနှင့်၊ စိတ်မြန်လက်မြန် မဖြစ်နှင့်၊ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်မှုကို ကစားပွဲတစ်ခုအဖြစ် သဘောမထားနှင့်။ သင်၏ခရီးဆုံးပန်းတိုင်အတွက်၊ သင်၏ အလားအလာများ အတွက်၊ သင်၏အသက်တာအတွက် စဉ်းစားလော့၊ ပြီးလျှင် မိမိကိုယ်ကိုယ် မလှည့်စားနှင့်။ ဤနှုတ်ကပတ်တော်များကို သင်လက်ခံနိုင်ပါသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

သမ္မာတရားအပေါ် သင်၏သဘောထားသည် အရေးပါသည်

အရှေ့သို့- ခ။ ဘုရားသခင်၏ သိုးသည် သူ၏အသံတော်ကို ကြားသည်၊ ပြီးလျှင် ဘုရားသခင်၏ အသံတော်ကို ကြားခြင်းဖြင့်သာလျှင် ပြန်ကြွလာသည့် သခင်ကို တွေ့ဆုံနိုင်သည်

နောက်တစ်ခုသို့- က။ သမ္မာကျမ်းစာသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်တို့အတွင်းရှိ ဘုရားသခင်၏ အမှုတော် အဆင့်နှစ်ဆင့်၏ မှတ်တမ်းတစ်ခုသာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏အမှုတော် အလုံးစုံ၏ မှတ်တမ်းတစ်ခု မဟုတ်ပါ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။