၇။ ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်သည် လူတို့ ကယ်တင်ခြင်းခံရရန်နှင့် စုံလင်စေခြင်းခံရရန်အတွက် မည်ကဲ့သို့ တဖြည်းဖြည်း နက်နဲလာသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထားပြီး၊ အဆင့်အသီးသီးတွင်၊ သင့်တော်သည့် သတ်မှတ်ချက်များကို လူသားအပေါ် ပြုလုပ်ထားလေသည်။ ထို့အပြင် ခေတ်များကုန်လွန်ပြီး တိုးတက်သည်နှင့်အမျှ၊ လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များသည် ယခင်ထက် သာ၍ မြင့်မားလာသည်။ ထို့ကြောင့် တစ်ဆင့်ပြီးတစ်ဆင့်၊ ဘုရားသခင်၏ ဤစီမံခန့်ခွဲခြင်း အမှုသည် လူသားက “လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်းခြင်း” နှင့်ဆိုင်သည့် အမှန်တရားကို ရှုမြင်သည်အထိ၊ ယင်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး၊ ဤနည်းဖြင့် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များသည် လူသား၏ သက်သေခံရန် သတ်မှတ်ချက်များကဲ့သို့၊ သာ၍ပင် မြင့်မားလာလေသည်။ လူသည် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိလေ၊ ဘုရားသခင်ကို သာ၍ ဘုန်းထင်ရှားစေလေ ဖြစ်သည်။ လူသား၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် သူ သက်သေခံရန်လိုအပ်သည့် သက်သေခံချက်ဖြစ်ပြီး၊ သူ သက်သေခံသည့် သက်သေခံချက်သည် လူ၏ လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုက ထိုက်သင့်သည့် အကျိုးသက်ရောက်မှု ရှိသည်၊ မရှိသည်၊ ပြီးလျှင် စစ်မှန်သည့် သက်သေခံချက် ရှိနိုင်သည်၊ မရှိနိုင်သည်မှာ လူသား၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်သေခံချက်တို့နှင့် ခွဲခြားမရဘဲ ဆက်နွှယ်ပေသည်။ အမှု ပြီးစီးသည့်အခါတွင်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံး ယင်း၏ အဆုံးသတ်သို့ ရောက်ရှိသည့် အချိန်တွင်၊ လူသားသည် ပိုမိုမြင့်မားသည့် သက်သေခံချက်ကို ပြုလုပ်ရန် သက်သေခံရန် လိုအပ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်ရှိသည့်အချိန်တွင်၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုတို့သည် ယင်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိလိမ့်မည် ဖြစ်သည်။ ယခင်က လူသားသည် ပညတ်တော်များ၊ ပညတ်ချက်များကို လိုက်နာရန် လိုအပ်ခဲ့ပြီး၊ စိတ်ရှည်သည်းခံကာ စိတ်နှိမ့်ချရန် လိုအပ်ခဲ့သည်။ ယနေ့တွင် လူသားအနေဖြင့် ဘုရားသခင်၏ စီစဉ်မှုအားလုံးကို လိုက်နာရန် လိုအပ်ပြီး၊ ဘုရားသခင်အပေါ် အမြင့်ဆုံး ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ရန် လိုအပ်သကဲ့သို့၊ နောက်ဆုံးတွင် ဆင်းရဲဒုက္ခအလယ်တွင် ဘုရားသခင်ကို ချစ်နေဆဲဖြစ်ဖို့ လိုအပ်လေသည်။ ဤအဆင့်သုံးဆင့်သည် သူ၏ စီမံခန့်ခွဲမှု တစ်ခုလုံး တစ်လျှောက် ဘုရားသခင်က လူသားအပေါ် တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်သော သတ်မှတ်ချက်များ ဖြစ်သည်။ ဘုရားသခင်၏ အမှုအဆင့်အသီးသီးသည် ပြီးခဲ့သည့်အဆင့်ထက် ပိုနက်ရှိုင်းသွားပြီး၊ အဆင့်အသီးသီးတွင် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များက ပြီးခဲ့သည့်အဆင့်ကထက်ပို၍ နက်နဲလာကာ၊ ဤသို့ဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံးသည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာလေသည်။ ယင်းမှာ အတိအကျအားဖြင့် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များက ယခင်ထက် သာ၍ မြင့်မားလာသည်မှာ လူသား၏ စိတ်သဘောထားသည် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများနှင့် ယခင်ထက် သာ၍ နီးစပ်လာသောကြောင့် ဖြစ်ပြီး၊ ထိုအခါမှသာ ဘုရားသခင်၏ အမှုက စုံလင်သည့် အဆုံးသတ်တစ်ခုသို့ ရောက်လာချိန် လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏စွမ်းအားမှ ကယ်တင်ခံရပြီး ဖြစ်လိမ့်မည်အထိ၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏စွမ်းအားမှ တဖြည်းဖြည်း စတင် ထွက်ခွာလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ဘုရားသခင်၏စီမံခန့်ခွဲခြင်း အမှုသည် ကမ္ဘာလောကို ဖန်ဆင်းခြင်းတွင် စတင်ခဲ့ပြီး၊ လူသားသည် ဤအမှု၏ ဗဟိုအချက်အချာတွင် ရှိလေသည်။ ဘုရားသခင်၏ အရာခပ်သိမ်း ဖန်ဆင်းခြင်းသည် လူသားအတွက်ဖြစ်သည်ဟု ပြော၍ရပေသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုသည် နှစ်ထောင်ချီ လွှမ်းခြုံပြီး၊ မိနစ် သို့မဟုတ် စက္ကန့်မျှ အချိန်အတွင်း၊ သို့မဟုတ် မျက်စိတစ်မှိတ် သို့မဟုတ် တစ်နှစ်၊ နှစ်နှစ်အတွင်း လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပေ၊ သူသည် လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက် လိုအပ်သည့် နေ၊ လ၊ သက်ရှိ သတ္တဝါမျိုးစုံ၊ အစားအစာနှင့် သာတောင့်သာယာရှိသော ပတ်ဝန်းကျင်ကဲ့သို့သော နောက်ထပ် အမှုအရာများကို ဖန်ဆင်းခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်၏စီမံခန့်ခွဲမှု အစ ဖြစ်ပေသည်။

ထို့နောက်တွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို စာတန်ထံ လွှဲအပ်နှံခဲ့ပြီး၊ လူသားသည် စာတန်၏ ပိုင်နက်အောက် အသက်ရှင်ခဲ့ရသည်၊ ယင်းက ဘုရားသခင်အမှု၏ ပထမဆုံးခေတ်- ပညတ်တော်ခေတ်၏ အဖြစ်အပျက်သို့ ဖြည်းဖြည်းချင်း ဆိုက်ရောက်သွားစေခဲ့သည်။ ပညတ်တော်ခေတ် အတောအတွင်း နှစ် နှစ်ထောင် သုံးထောင် တစ်လျှောက်အတောအတွင်းတွင်၊ လူသားမျိုးနွယ်သည် ပညတ်တော်ခေတ်၏ လမ်းပြမှုဖြင့် ကျင့်သားရလာခဲ့ပြီး၊ ယင်းကို အလေးမမူခဲ့ပေ။ လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုကို တဖြည်းဖြည်းနှင့် စွန့်ခွာခဲ့သည်။ ထို့ကြောင့် ပညတ်တော်ကို လိုက်လျှောက်နေစဉ်တွင်၊ ၎င်းတို့သည် ရုပ်တုဆင်းတုများကိုလည်း ကိုးကွယ်ခဲ့ကြပြီး၊ မကောင်းမှုများကိုလည်း ကျူးလွန်ခဲ့ကြသည်။ ၎င်းတို့သည် ယေဟောဝါ၏ ကွယ်ကာမှု မရှိခဲ့ကြသကဲ့သို့၊ ၎င်းတို့၏ အသက်တာများကို ဗိမာန်တော်ထဲက ယဇ်ပလ္လင်ရှေ့တွင် အသက်ရှင်ရုံမျှ ရှင်ခဲ့ကြသည်။ အမှန်တွင် ဘုရားသခင်၏ အမှုသည် ၎င်းတို့ကို အချိန်ကြာမြင့်စွာက စွန့်ခွာခဲ့ပြီးဖြစ်ကာ၊ ဣသရေလတို့သည် ပညတ်တော်ကို ဆက်လက် ဖက်တွယ်ဆဲဖြစ်ပြီး ယေဟောဝါ၏ အမည်ကို ပြောဆိုကာ ၎င်းတို့သာလျှင် ယေဟောဝါ၏ လူများဖြစ်ပြီး ယေဟောဝါ၏ ရွေးချယ်ခံရသည့် လူများဖြစ်သည်ဟုပင် ဂုဏ်ယူစွာ ယုံကြည်ကြသော်လည်း၊ ဘုရားသခင်၏ ဘုန်းအသရေသည် ၎င်းတို့ကို တိတ်တဆိတ် စွန့်ပစ်ခဲ့ပြီးဖြစ်သည်။...

............

အမြဲဖြစ်ရိုးဖြစ်စဉ်အတိုင်း၊ ပညတ်တော်ခေတ်ထဲက ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် ဒုတိယအဆင့်နှင့်ဆိုင်သည့် သူ၏အမှုကို စတင်ခဲ့သည်- လူ့ဇာတိကို ခံယူခြင်း- ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ကြာ လူသားအဖြစ် လူ့ဇာတိခံယူခြင်းနှင့်- ယုံကြည်သူများအလယ် စကားပြောခြင်းနှင့် သူ၏ အမှုကို လုပ်ဆောင်ခြင်းတို့ ဖြစ်သည်။ သို့ရာတွင် ခြွင်းချက်မရှိ၊ ယင်းကို မည်သူမျှမသိခဲ့သကဲ့သို့၊ သခင်ယေရှုက ကားတိုင်တွင် သံမှိုရိုက်ခံခဲ့ရကာ ရှင်ပြန်ထမြောက် ပြီးနောက်တွင် သူသည် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ခဲ့သည်ကို လူအရေအတွက် အနည်းငယ်ကသာ အသိအမှတ်ပြုခဲ့ကြသည်။...ဘုရားသခင်၏ အမှု ဒုတိယအဆင့် ပြည့်စုံခဲ့သည်နှင့်တစ်ပြိုင်နက်- ကားစင်တင်ခံရခြင်းနောက်တွင်- လူသားကို အပြစ်မှ ပြန်ကယ်သည့် ဘုရားသခင်၏အမှု (ဆိုလိုသည်မှာ စာတန်၏ လက်မှ လူသားကို ကယ်ယူခြင်းဖြစ်သည်) ပြီးမြောက်သွားခဲ့သည်။ ထို့ကြောင့် ၎င်းအချိန်မှစ၍ လူသားမျိုးနွယ်သည် ၎င်း၏ အပြစ်များ ခွင့်လွှတ်ခံရရန် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံရန်သာ ရှိခဲ့သည်။ သဘောပြောရလျှင်၊ လူသား၏ အပြစ်များသည် သူ၏ ကယ်တင်ခြင်းရရှိခြင်းနှင့် ဘုရားသခင်၏ ရှေ့မှောက်လာရာတွင် အတားအဆီးတစ်ခု မဟုတ်တော့သကဲ့သို့၊ စာတန်က လူသားကို စွပ်စွဲရန် အသုံးပြုသည့် ဩဇာလည်း မဟုတ်တော့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တိုင်သည် စစ်မှန်သည့် အမှုကို လုပ်ဆောင်ပြီးဖြစ်သောကြောင့်၊ အပြစ်နှင့်ပြည့်သည့် လူ့ဇာတိ သဏ္ဌာန်နှင့် နမူနာ ဖြစ်လာခဲ့ပြီးဖြစ်ကာ၊ ဘုရားသခင် ကိုယ်တိုင်သည် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် လူသားသည် ကားတိုင်မှ သက်ဆင်းပြီး ဘုရားသခင် လူ့ဇာတိ- အပြစ်နှင့်ပြည့်သည့် ဤလူ့ဇာတိ ပုံသဏ္ဌာန်- မှတစ်ဆင့် ရွေးနုတ်ခံခဲ့ရကာ ကယ်တင်ခံခဲ့ရပေသည်။ ထို့ကြောင့် စာတန်၏ဖမ်းဆီးခြင်းခံရပြီးနောက်၊ လူသားသည် ဘုရားသခင် ရှေ့တွင် သူ၏ကယ်တင်ခြင်းကို လက်ခံခြင်းသို့ ခြေတစ်လှမ်း သာ၍နီးကပ်လာခဲ့သည်။ ဟုတ်ပေ၏၊ အမှု၏ ဤအဆင့်သည် ပညတ်တော်ခေတ်အတောအတွင်း ဘုရားသခင်၏ စီမံခန့်ခွဲမှုထက် သာ၍ နက်ရှိုင်းကာ သာ၍ တိုးတက်လေသည်။

............

ထို့နောက် ကောင်းကင်နိုင်ငံတော်ခေတ် ရောက်လာသည်၊ ယင်းသည် အမှု၏ သာ၍ လက်တွေ့ကျသော အဆင့်ဖြစ်သော်လည်း၊ လူသားအတွက် လက်ခံရန် အခက်ခဲဆုံးလည်း ဖြစ်သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်နှင့် သာ၍ နီးကပ်လေလေ၊ ဘုရားသခင်၏ လှံတံသည် လူသားထံ သာ၍ ချဉ်းကပ်လေလေ ဖြစ်ပြီး၊ ဘုရားသခင်၏မျက်နှာကို လူသားထံ ရှင်းလင်းစွာ သာ၍ ထုတ်ဖော်ပြလေလေ ဖြစ်သောကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်၏ ရွေးနုတ်ခြင်းနောက်တွင်၊ လူသားသည် ဘုရားသခင်၏ မိသားစုထံ တရားဝင် ပြန်သွားလေသည်။ လူသားက ယခုသည် ပျော်ရွှင်ခြင်း အချိန်ကာလဖြစ်သည်ဟု ထင်ခဲ့သော်လည်း၊ သူသည် မည်သူကမျှ ကြိုတင်မသိခဲ့သော ဘုရားသခင်၏ အပြည့်အဝ ထိပ်တိုက် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကို ခံရလေသည်။ အမှန်တွင်တော့၊ ဤသည်မှာ ဘုရားသခင်၏လူတို့ “ပျော်မွေ့ရန်” ရှိသည့် ဗတ္တိဇံတစ်ရပ် ဖြစ်သည်။ ထိုသို့သော ဆက်ဆံမှုအောက်တွင် လူတို့သည် ရပ်တန့်ကာ၊ “ငါသည် ဘုရားသခင်က ပြန်ဝယ်ယူရန် များလှစွာ အကုန်အကျခံခဲ့သည့် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော သိုးသငယ်ဖြစ်သည်၊ သို့ဆိုလျှင် ဘုရားသခင်သည် ငါ့ကို အဘယ်ကြောင့် ဤသို့ဆက်ဆံသနည်း။ ယင်းမှာ ငါ့ကို ဘုရားသခင် လှောင်ပြောင်ခြင်းနှင့် ငါ့ကို ထုတ်ဖော်ခြင်း နည်းလမ်းဖြစ်သလော။...” ဟု မိမိဘာသာ စဉ်းစားဖို့မှအပ အခြား ရွေးချယ်စရာ မရှိပေ။ နှစ်ကာလများစွာ ကျော်လွန်ပြီးနောက် လူသားသည် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အခက်အခဲကို တွေ့ကြုံရလျက်၊ ရာသီဥတု ဒဏ်မပြတ်ခံထားလာရပြီး ဖြစ်သည်။ လူသည် အတိတ်အချိန်ကာလများ၏ “ဘုန်းအသရေ”နှင့် “ကြည်နူးဆွတ်ပျံ့ဖွယ်ရာ” တို့ ပျောက်ဆုံးသွားပြီး ဖြစ်သော်လည်း၊ သူသည် မသိလိုက်ဘဲနှင့် လူသား အပြုအမူနှင့်ဆိုင်သည့် အခြေခံသဘောတရားများကို နားလည်လာပြီး ဖြစ်ကာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအဖို့ ဘုရားသခင်၏ နှစ်ပေါင်းများစွာ ဆက်ကပ်မြှုပ်နှံမှုကို အသိအမှတ်ပြုလာရပြီးဖြစ်သည်။ လူသားသည် တဖြည်းဖြည်းနှင့် ၎င်းကိုယ်တိုင်၏ ရိုင်းစိုင်းမှုကို စတင် စက်ဆုပ်ရွံရှာလေသည်။ သူ မည်မျှရိုင်းစိုင်းသည်၊ ဘုရားသခင်အပေါ် သူ၏ အထင်လွဲမှားမှုများအားလုံးနှင့် ဘုရားသခင်ထံ သူပြုခဲ့သည့် မလျော်ကန်သော တောင်းဆိုချက်များကို စတင်မုန်းတီးလေသည်။ အချိန်သည် နောက်ပြန်လှည့်၍မရပေ။ အတိတ်က အဖြစ်အပျက်များသည် လူသား၏ နောင်တရစရာ အမှတ်တရများ ဖြစ်လာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ချစ်ခြင်းမေတ္တာတို့သည် လူသား၏ဘဝသစ်တွင် တွန်းအား ဖြစ်လာလေသည်။ တစ်နေ့ပြီးတစ်နေ့ လူသား၏ ဒဏ်ရာဒဏ်ချက်များ ပျောက်ကင်းသည်၊ သူ၏ ခွန်အားပြန်ရှိလာပြီး သူသည် မတ်တတ်ရပ်ကာ အနန္တတန်ခိုးရှင်၏ မျက်နှာကို ဖူးမျှော်လေသည်...သူသည် မိမိ၏နံဘေးတွင် အမြဲရှိကြောင်းနှင့် သူ၏အပြုံးနှင့် သူ၏ လှပသောမျက်နှာတို့သည် လွန်စွာ လှုပ်ရှားစေနိုင်ဆဲ ဖြစ်ကြောင်းတို့ကိုသာ တွေ့ရပေသည်။ သူ၏စိတ်နှလုံးသည် သူ ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်အတွက် ပူပန်မှုများ ပွေ့ပိုက်ဆဲဖြစ်ပြီး သူ၏လက်များသည် အစအဦးကကဲ့သို့ နွေးထွေးပြီး တန်ခိုးရှိနေဆဲဖြစ်သည်။ ယင်းမှာ လူသားက ဧဒင်ဥယျာဉ်သို့ ပြန်သွားခဲ့သည့်အလား ဖြစ်သည်၊ သို့သော် ဤအကြိမ်တွင် မြွေ၏ ဖြားယောင်းသွေးဆောင်မှုများကို လူသားက နားမထောင်တော့ သကဲ့သို့၊ ယေဟောဝါ၏ မျက်နှာမှ လှည့်ထွက် မသွားတော့ပေ။ လူသည် ဘုရားသခင် ရှေ့မှောက်တွင် ဒူးထောက်၏၊ ဘုရားသခင်၏ ပြုံးနေသော မျက်နှာကို မော်ဖူးပြီး သူ၏အဖိုးတန်ဆုံးယဇ်ကို ပူဇော်လေသည်- အို၊ ကျွန်ုပ်၏သခင်။ ကျွန်ုပ်၏ ဘုရားသခင်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်

ယေရှုလုပ်ဆောင်ခဲ့သည့် အမှုမှာ ဓမ္မဟောင်းကျမ်းထက် တစ်ဆင့်မျှသာ ပိုမြင့်ခဲ့သည်၊ ခေတ်တစ်ခေတ်ကို စတင်ပေးရန်နှင့် ထိုခေတ်ကို ဦးဆောင်ပေးရန်အတွက် ၎င်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ “ပညတ်တရားများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။” ဆိုပြီး သူပြောခဲ့သည်မှာ မည်သည့် အတွက်ကြောင့်နည်း။ သို့ရာတွင် သူ၏အမှုတော်ထဲ၌ ဓမ္မဟောင်းကျမ်း၏ ဣသရေလအမျိုးသားများ လက်တွေ့ကျင့်သုံးခဲ့ကြသည့် ပညတ်တရားများ၊ ပညတ်တော်များနှင့် ကွဲပြားမှုများ များပြားခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူလာခဲ့သည်မှာ ပညတ်တရားကို နာခံရန် မဟုတ်ဘဲ၊ ၎င်းကို ပြည့်စုံစေရန် ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းကို ပြည့်စုံစေခြင်း လုပ်ငန်းစဉ်ထဲတွင် လက်တွေ့ကျသည့် အမှုအရာများစွာ ပါဝင်သည်- သူ့အမှုမှာ ပို၍လက်တွေ့ကျကာ ပို၍စစ်မှန်ခဲ့သည်၊ ထို့အပြင် ၎င်းမှာ သာ၍ အသက်ရှင်ပြီး၊ စည်းကမ်းများကို မစဉ်းစား မဆင်ခြင်ဘဲ လိုက်နာခြင်းလည်း မဟုတ်ပေ။ ဣသရေလ အမျိုးသားများတို့က ဥပုသ်နေ့ကို စောင့်ထိန်းခဲ့ကြသည် မဟုတ်လော။ ယေရှု ရောက်လာချိန်၌ သူသည် ဥပုသ်နေ့ကို စောင့်ထိန်းခဲ့ခြင်း မရှိခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် လူသားသည် ဥပုသ်နေ့ကို အစိုးရပြီး၊ ဥပုသ်နေ့ကို အစိုးရသူရောက်လာသည့်အခါ သူ့စိတ်ကြိုက် သူလုပ်ဆောင်လိမ့်မည်ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။ သူသည် ဓမ္မဟောင်းကျမ်းထဲက ပညတ်တရားများကို ဖြည့်ဆည်းရန်နှင့် ပညတ်တရားများကို ပြောင်းလဲရန်အတွက် ကြွလာခြင်း ဖြစ်သည်။ ယနေ့ လုပ်ဆောင်ပြီးခဲ့သည့် အရာအားလုံးမှာ ပစ္စုပ္ပန်ကို အခြေခံထားသော်လည်း၊ ပညတ်တော်ခေတ်က ယေဟောဝါ၏အမှု၏ အခြေခံအုတ်မြစ်ပေါ်၌ အခြေခံထားဆဲ ဖြစ်ပြီး ယင်းအတိုင်းအတာကို မကျော်လွန်ပေ။ ဥပမာ မိမိနှုတ်ကို စောင့်ထိန်းရန်နှင့် သူများ သားမယားကို မပြစ်မှားရန်ဟူသည်တို့မှာ ဓမ္မဟောင်းကျမ်း၏ ပညတ်များဖြစ်သည် မဟုတ်လော။ ယနေ့တွင် သင်တို့ထံမှ တောင်းဆိုနေသည်များမှာ ပညတ်တော်ဆယ်ပါးသာ မကဘဲ၊ ယခင်က ကျင့်သုံးခဲ့ကြသည့် ပညတ်ချက်များနှင့် ပညတ်တော်များထက် ပို၍မြင့်မားသည့် ညွှန်ကြားချက် ပါဝင်ပေသည်။ သို့သော် ဘုရားသခင်၏ အမှုတော်၏ အဆင့်တစ်ခုစီကို ယခင်ကအဆင့်၏ အခြေခံအုတ်မြစ်အပေါ်၌ လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက်၊ ထိုသို့ ပြောဆိုမှုက ယခင်က အရာများပယ်ဖျက်ခဲ့ပြီဟု မဆိုလိုပေ။ ယဇ်ပူဇော်ရန်၊ မိဘများကို ရိုသေစွာပြုရန်၊ ရုပ်တုများကို မကိုးကွယ်ရန်၊ အခြားသူတို့အား မစော်ကားရန်၊ သူတစ်ပါးကို မတိုက်ခိုက်ရန် သို့မဟုတ် မကျိန်ဆဲရန်၊ သူများ သားမယားကို မပြစ်မှားရန်၊ ဆေးလိပ် သို့မဟုတ် အရက် မသောက်ရန်၊ သေသောအရာများကို မစားရန်၊ သွေးကို မသောက်ရန် လူတို့အပေါ်သတ်မှတ်ထားခြင်းကဲ့သို့ ဣသရေလ၌ ထိုအချိန်က ယေဟောဝါ ပြုခဲ့သည့် အမှုအတွက်မူ- ယနေ့တွင်ပင် သင်တို့၏ လက်တွေ့လုပ်ဆောင်မှု၏ အခြေခံအုတ်မြစ် ဖြစ်သည် မဟုတ်လော။ အတိတ်ကာလများ၏ အခြေခံအုတ်မြစ် အပေါ်မှာသာ အမှုများကို ယနေ့အထိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အတိတ်ကပညတ်ချက်များကို မဖော်ပြတော့ဘဲ သင့်အား တောင်းဆိုချက် အသစ်များကို ပြုလုပ်ခဲ့သော်လည်း၊ ဤပညတ်ချက်များကို ပယ်ဖျက်ဖို့ ဝေးစွ၊ ယင်းအစား သာ၍ မြင့်ရာသို့ တိုးမြှင့်ခဲ့ပေသည်။ ၎င်းတို့ကို ပယ်ဖျက်လိုက်ပြီဟု ဆိုလျှင် ယခင်ခေတ်မှာ ဟောင်းသွားပြီဟု ဆိုလိုခြင်းဖြစ်သော်လည်း၊ သင့်အနေနှင့် ထာ၀ရ လိုက်နာရမည့် ပညတ်တော် အချို့ ရှိနေဆဲ ဖြစ်သည်။ အတိတ်က ပညတ်တော်များကို လက်တွေ့လုပ်ဆောင်ခဲ့ကြပြီး ဖြစ်သလို လူသား၏ ဖြစ်တည်မှု ဖြစ်လာနှင့်ခဲ့ပြီဖြစ်သည်၊ ထို့အပြင် “ဆေးလိပ် မသောက်ရ၊” “အရက်မသောက်ရ၊” စသဖြင့် ပညတ်တော်များကို အထူးအလေးပေးရန် မလိုတော့ပေ။ ဤအခြေခံအုတ်မြစ် အပေါ်၌၊ သင်တို့၏ ယနေ့ လိုအပ်ချက်များနှင့်အညီ၊ သင်တို့၏ ဝိညာဉ်အသက်တာနှင့်အညီ၊ ယနေ့၏အမှုနှင့်အညီ၊ ပညတ်ချက် အသစ်များကို ချမှတ်သည်။ ခေတ်သစ်၏ ပညတ်ချက်များကို ထုတ်ပြန်ကြေညာခြင်းမှာ ခေတ်ဟောင်း၏ ပညတ်ချက်များကို ပယ်ဖျက်ခြင်းဟု မဆိုလိုဘဲ၊ လူသား၏ လုပ်ဆောင်ချက်များကို ပိုပြီးပြည့်စုံစေရန်နှင့် လက်တွေ့နှင့်ပိုပြီးကိုက်ညီလာစေရန် အတွက် ထိုအခြေခံအုတ်မြစ်ပေါ်မှာ ၎င်းတို့ကို ပိုမြင့်မားလာအောင် မြှင့်တင်ပေးခြင်း ဖြစ်သည်။ အကယ်၍၊ ယနေ့တွင် သင်တို့သည် ဓမ္မဟောင်းကျမ်းထဲက ပညတ်ချက်များနှင့် ပညတ်တရားများကို၊ ဣသရေလ အမျိုးသားများကဲ့သို့ပင်၊ လိုက်နာစောင့်ထိန်းရန်သာ လိုအပ်ခဲ့မည်၊ ထို့အပြင် ယေဟောဝါမှ ချမှတ်ပေးခဲ့သည့် ပညတ်တရားများကို အာဂုံဆောင်ထားရန်ကိုပင် သင်တို့အပေါ် သတ်မှတ်ထားမည် ဆိုပါက၊ သင်တို့ ပြောင်းလဲလာနိုင်မည့် အလားအလာ မရှိနိုင်ပေ။ သင်တို့သည် ထိုကဲ့သို့သော ပညတ်ချက်အနည်းငယ်ကိုသာ စောင့်ထိန်းရန် သို့မဟုတ် မရေတွက်နိုင်သော ပညတ်ချက်များကို အာဂုံဆောင်ထားရန်သာ သတ်မှတ်ထားမည် ဆိုပါက၊ သင်တို့၏ စိတ်သဘောထားအဟောင်းသည် နက်ရှိုင်းစွာ နှစ်မြုပ်လျက် ရှိနေမည် ဖြစ်ပြီး ၎င်းကို အမြစ်ပြုတ်ရန် နည်းလမ်း ရှိမည်မဟုတ်ပေ။ သို့ဖြစ်၍ သင်တို့သည် အကျင့်စာရိတ္တ တိုး၍ ပျက်ပြားလာမည်ဖြစ်ပြီး သင်တို့အထဲက မည်သူမျှ နာခံလာမည် မဟုတ်ပေ။ ယင်းမှာ ရိုးရှင်းသည့် ပညတ်တော် အချို့ သို့မဟုတ် ရေတွက်မရနိုင်သည့် ပညတ်ချက်များသည် ယေဟောဝါ၏ လုပ်ဆောင်ချက်များကို သင်တို့ သိနားလည်အောင် လုပ်နိုင်စွမ်း မရှိဟု ဆိုလိုသည်။ သင်တို့သည် ဣသရေလအမျိုးသားများနှင့် မတူကြပေ- သူတို့သည် ပညတ်တရားများကို လိုက်နာရင်း ပညတ်တော်များကို အာဂုံဆောင်ရင်း ယေဟောဝါ၏ လုပ်ဆောင်ချက်များကို မြင်နိုင်ခဲ့ကြပြီး ကိုယ်တော်တစ်ပါးတည်းကိုသာ သူတို့ ဆက်ကပ်နိုင်ခဲ့ကြသည်။ သို့သော် သင်တို့သည် ဤအရာကို မစွမ်းဆောင်နိုင်ပေ၊ ထို့အပြင် ဓမ္မဟောင်းခေတ်မှ အချို့ပညတ်တော်များသည် သင်တို့အား သင်တို့၏ စိတ်နှလုံးများကို ပေးအပ်လာစေရန် သို့မဟုတ် သင်တို့ကို ကာကွယ်ပေးရန် လုပ်နိုင်စွမ်း မရှိကြဘဲ၊ ထိုသို့ပြုမည့်အစား သင်တို့ကို စည်းကမ်းလျော့ရဲလာစေပြီး သင်တို့ကို မရဏနိုင်ငံအတွင်းသို့ ကျဆင်းစေလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ငါ၏အမှုမှာ သိမ်းပိုက်ခြင်းအမှု ဖြစ်ပြီး၊ သင်တို့၏ မနာခံမှုနှင့် စိတ်သဘောထားဟောင်းကို ချိန်ရွယ်ထားသည့် အတွက်ဖြစ်သည်။ ယေဟောဝါနှင့် ယေရှုတို့၏ ကြင်နာသည့် နှုတ်ကပတ်တော်များမှာ ယနေ့ စီရင်ချက်၏ ပြင်းထန်သည့် စကားလုံးများကို မီရန် များစွာ လိုပေသည်။ ယင်းကဲ့သို့သော ပြင်းထန်သည့် စကားလုံးများ မရှိကြပါက၊ နှစ်ပေါင်းထောင်ချီ၍ နာခံလာခဲ့ခြင်း မရှိခဲ့ကြသည့် သင်တို့ကဲ့သို့သော ‘ပါရဂူ’ များကို သိမ်းပိုက်ရန် မဖြစ်နိုင်ပေ။ ဓမ္မဟောင်းကျမ်းထဲက ပညတ်တော်များသည် သင်တို့အပေါ်အာဏာမရှိကြတော့သည်မှာ ကြာပြီ ဖြစ်ပြီး၊ ယနေ့၏စီရင်ချက်မှာ ပညတ်ချက်အဟောင်းများနှင့် စာလျှင် များစွာပို၍ အစွမ်းရှိပေသည်။ သင်တို့သည် အစအဦးက လူသားမျိုးနွယ် မဟုတ်ဘဲ၊ နှစ်ပေါင်း ထောင်ချီ အကျင့်ပျက်လာခဲ့သည့် လူသားမျိုးနွယ် ဖြစ်ကြသောကြောင့်၊ သင်တို့အတွက် အသင့်တော်ဆုံးမှာ မပြောပလောက်သော ပညတ်တရား၏ချုပ်ခြယ်မှုများ မဟုတ်ဘဲ စီရင်ချက်သာ ဖြစ်သည်။ ယခု လူသားအနေဖြင့်ကြိုးပမ်းရမည်မှာ ယနေ့ လူသား၏ လက်တွေ့ အခြေအနေနှင့်အညီ၊ ပစ္စုပ္ပန်လူသား၏ အရည်အချင်းနှင့် လူသား၏ တကယ့် ဝိညာဉ်အသက်တာနှင့်အညီ ဖြစ်ပြီး၊ သင်သည် အယူဝါဒများကို လိုက်နာရန်မလိုအပ်ပေ။ ဤသည်မှာ အပြောင်းအလဲများကို သင်၏ စိတ်သဘောထားအဟောင်းဖြင့် ရယူနိုင်စေရန်နှင့် သင်၏ အယူအဆများကို သင့်အနေနှင့် ဖယ်ရှားနိုင်စေရန် အတွက်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၁)

ယနေ့ လူသား လျှောက်လှမ်းသော လမ်းကြောင်းသည် ကားတိုင် လမ်းကြောင်းဖြစ်ပြီး ဆင်းရဲဒုက္ခနှင့်ဆိုင်သော လမ်းကြောင်း ဖြစ်သော်လည်း၊ ယနေ့ လူသား လက်တွေ့လုပ်ဆောင်သည့်အရာနှင့် သူစားသောက်ပြီး မွေ့လျော် ခံစားသည့်အရာတို့သည် ပညတ်တော်အောက်နှင့် ကျေးဇူးတော်ခေတ်ထဲတွင် လူသားကို ဖြစ်ပျက်ခဲ့သည့်အရာနှင့် အလွန် ကွာခြားပေသည်။ ဤနေ့တွင် လူသားအပေါ် တောင်းဆိုသည့် အရာသည် အတိတ်ကာလကနှင့် မတူသကဲ့သို့ ပညတ်တော်ခေတ်တွင် လူသားအပေါ် တောင်းဆိုသည့်အရာနှင့် ပို၍ပင် မတူညီပေ။ ဣသရေလ၌ ဘုရားသခင်က သူ၏အမှု လုပ်ဆောင်နေခဲ့ချိန် ပညတ်တော် အောက်တွင် လူသားအပေါ် အဘယ်အရာ တောင်းဆိုခဲ့ပါသနည်း။ ယင်းမှာ လူသားက ဥပုသ်နေ့နှင့် ယေဟောဝါ၏ ပညတ်တော်များကို ထိန်းသိမ်းသင့်သည်ဆိုသည်ထက် မပိုခဲ့ပေ။ မည်သူမျှ ဥပုသ်နေ့တွင် အလုပ်လုပ်ခြင်း သို့မဟုတ် ယေဟောဝါ၏ ပညတ်တော်များကို ဖောက်ဖျက်ခြင်း မလုပ်ခဲ့ကြပေ။ သို့ရာတွင် ယခု ထိုသို့ မဟုတ်ပေ။ ဥပုသ်နေ့တွင် လူသည် အလုပ်လုပ်သည်၊ စုဝေးပြီး ပုံမှန်အတိုင်း ဆုတောင်းသည်၊ ပြီးလျှင် မည်သည့် ကန့်သတ်မှုမှ သူ့အပေါ် ချမှတ်မထားပေ။ ကျေးဇူးတော်ခေတ်ထဲက လူများသည် ဗတ္တိဇံခံခဲ့ကြရပြီး၊ ၎င်းတို့ကို သူတို့ကို အစာရှောင်ရန်၊ မုန့်ချိုးဖဲ့ရန်၊ စပျစ်ရည် သောက်ရန်၊ ၎င်းတို့၏ ဦးခေါင်းများကို ဖုံးအုပ်ရန်နှင့် အခြားသူများ၏ ခြေများကို ဆေးကြောပေးရန် နောက်ထပ် စေခိုင်းခံခဲ့ရသည်။ ယခုတွင် ဘုရားသခင်၏ အမှုသည် ယခင်ထက် တိုး၍ နက်ရှိုင်းလာပြီး လူသား၏ ဝင်ရောက်မှုသည် ပိုမို မြင့်မားလာခဲ့သည့်အတွက်၊ ဤစည်းမျဉ်းများကို ပယ်ဖျက်ထားပြီးဖြစ်သော်လည်း၊ လူသားနှင့်ပတ်သက်၍ သာ၍ ကြီးမားသော တောင်းဆိုမှုများ ပြုထားပေသည်။ အတိတ်တွင် ယေရှုသည် လူသား အပေါ် သူ၏ လက်ကိုတင်၍ ဆုတောင်းခဲ့သော်လည်း၊ ယခုအခါ အရာရာကို ပြောထားပြီးဖြစ်ရာ၊ လက်များတင်ခြင်းသည် အဘယ်အသုံးဝင်ပါသနည်း။ နှုတ်ကပတ်တော်များ တစ်ခုတည်းဖြင့် ရလဒ်များကို ရရှိနိုင်သည်။ အတိတ်က သူသည် လူသားအပေါ် လက်တင်ခဲ့ချိန်တွင်၊ လူသားကို ကောင်းချီးပေးရန်နှင့် သူ၏ အနာရောဂါများကို ငြိမ်းစေရန်လည်း ဖြစ်ခဲ့သည်။ ဤသည်မှာ ထိုအချိန်က သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ခဲ့ပုံ ဖြစ်ခဲ့သော်လည်း၊ ယခုအခါ ထိုသို့ မဟုတ်ချေ။ ယခုတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်ဖို့ရန်နှင့် ရလဒ်များ စွမ်းဆောင်ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူ၏ နှုတ်ကပတ်တော်များကို သင်တို့အဖို့ ရှင်းလင်းစေပြီးဖြစ်သကဲ့သို့၊ သင်တို့သည် သင်တို့ကို ပြေားထားပြီးသည့်အတိုင်းပင် ယင်းတို့ကို လက်တွေ့လုပ်ဆောင်သင့်ပေသည်။ သူ၏ နှုတ်ကပတ်တော်များသည် သူ၏ အလိုဖြစ်သည်။ ယင်းတို့သည် သူလုပ်ဆောင်လိုသည့် အလုပ်ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် သင်သည် သူ၏ အလိုနှင့် ကြိုးပမ်းရရှိဖို့ သူက သင့်ကို စေခိုင်းသည့်အရာကို သင် နားလည်လိမ့်မည်ဖြစ်ပြီး၊ လက်တင်ရန် လိုအပ်မှုတစ်ခုတစ်လေ မရှိဘဲ၊ သူ၏ နှုတ်ကပတ်တော်များကို သင်သည် တိုက်ရိုက်သာ လက်တွေ့လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပေသည်။ အချို့က “ကိုယ်တော်၏ လက်ကို ကျွန်ုပ်အပေါ်သို့ တင်ပါ။ ကိုယ်တော်၏ ကောင်းချီးမင်္ဂလာများကို ကျွန်ုပ် ရရှိနိုင်ဖို့နှင့် ကိုယ်တော့်ကို ကျွန်ုပ်အပေါ်သို့ တင်တော်မူပါ။”ဟု ပြောကောင်းပြောနိုင်သည်။ ဤအရာအားလုံးမှာ အတိတ်က ခေတ်မမီတော့သော အလေ့အထများ ဖြစ်ပြီး ခေတ်ပြောင်းလာပြီး ဖြစ်သည့်အတွက် ယခုအခါ အသုံးမဝင်တော့ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကြုံရာကျပန်း အလုပ် မလုပ်သကဲ့သို့၊ ချမှတ်ထားသော စည်းမျဉ်းများအရလည်း အလုပ်မလုပ်ဘဲ၊ ခေတ်နှင့်အညီ အလုပ်လုပ်သည်။ ခေတ်က ပြောင်းလဲပြီးဖြစ်သကဲ့သို့၊ ခေတ်သစ်သည် ယင်းနှင့်အတူ အမှုသစ်ကို သေချာပေါက် ယူဆောင်လာပေသည်။ ဤသည်မှာ အမှု၏ အဆင့်တိုင်းနှင့်သက်ဆိုင်၍ မှန်ကန်သောကြောင့် သူ၏ အမှုကို မည်သည့်အခါမျှ ထပ်မကျော့ပေ။ ကျေးဇူးတော်ခေတ်တွင် ယေရှုသည် နာမကျန်းမှုကို အနာငြိမ်းစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ လူအတွက် ဆုတောင်းပေးရန်နှင့် လူကို ကောင်းချီးပေးရန် သူ့အပေါ် လက်ကို တင်ခြင်းတို့ကဲ့သို့သော အလုပ်မျိုးကို ပမာဏအတော်အတန် လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် မျက်မှောက်ခေတ်တွင် ထိုသို့ တစ်ဖန်လုပ်ဆောင်ရန်မှာ အဓိပ္ပာယ်ရှိမည် မဟုတ်ချေ။ ယင်းသည် ကျေးဇူးတော်ခေတ် ဖြစ်ခဲ့ပြီး လူသားအတွက် မွေ့လျော်ရန် လုံလောက်သော ကျေးဇူးတော်ရှိခဲ့သည့်အတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုအချိန်က ထိုနည်းလမ်းဖြင့် အလုပ်လုပ်ခဲ့သည်။ လူသားထံမှ မည်သည့် ပေးဆပ်မှုမျိုးကိုမျှ မတောင်းဆိုခဲ့သကဲ့သို့၊ သူ့တွင် ယုံကြည်ခြင်း ရှိခဲ့သရွေ့ ကျေးဇူးတော် ရရှိမည် ဖြစ်သည်။ အားလုံးသည် အလွန် ကျေးဇူးပြုခြင်းဖြင့် ဆက်ဆံ ခံခဲ့ကြရသည်။ ယခုတွင် ခေတ်ပြောင်းသွားပြီဖြစ်ပြီး ဘုရားသခင်၏ အမှုသည် နောက်ထပ် ရှေ့ဆက်တိုးတက်ပြီးဖြစ်သည်။ လူသား၏ ပုန်ကန်မှုနှင့် ၎င်း၏ အတွင်းရှိ မသန့်ရှင်းသည့်အရာများကို သန့်စင်ပစ်စေသည်မှာ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖြစ်သည်။ ယင်းအဆင့်သည် ရွေးနုတ်ခြင်း၏ အဆင့်ဖြစ်လျက်၊ လူသည် အပြစ်မှ ရွေးနုတ်ခံရကာ ကျေးဇူးတော်အားဖြင့် ၎င်း၏ အပြစ်များ ခွင့်လွှတ်ခံရနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် လူသားအတွက် မွေ့လျော်ခံစားဖို့ လုံလောက်သော ကျေးဇူးတော်ကို ပြသရင်း ထိုနည်းလမ်းဖြင့် အမှုပြုအပ်ခဲ့သည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်သည် ကယ်တင်ခံရဖို့အလို့ငှာ၊ ဤလက်ရှိအဆင့်သည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ နှုတ်ကပတ်တော်များ၏ ပြင်းစွာရိုက်နှက်ခြင်းအပြင် နှုတ်ကပတ်တော်များ၏ ပဲ့ပြင် ဆုံးမခြင်းနှင့် ထုတ်ဖော်ပြခြင်းတို့အားဖြင့် လူသားအတွင်းရှိ မဖြောင့်မတ်မှုများကို ဖော်ထုတ်ပေသည်။ ဤသည်မှာ ရွေးနုတ်ခြင်းထက် သာ၍ ခြေခြေမြစ်မြစ်ရှိသော အမှု ဖြစ်သည်။ ကျေးဇူးတော်ခေတ်ထဲက ကျေးဇူးတော်သည် လူသား၏ မွေ့လျော်ခံစားခြင်းအတွက် လုံလောက်ခဲ့သည်။ ယခုတွင် လူသားသည် ဤကျေးဇူးတော်ကို မွေ့လျော်ခံစားနှင့်ပြီးဖြစ်ရာ၊ သူသည် ယင်းကို မွေ့လျော်ခံစားရဖို့ မရှိတော့ပေ။ ဤအမှုသည် ယင်း၏ အချိန်ကာလကို လွန်သွားပြီဖြစ်သကဲ့သို့ လုပ်ဆောင်ရန် မဟုတ်တော့ပေ။ ယခုတွင် လူသည် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းမှတစ်ဆင့် ကယ်တင်ခြင်းခံရဖို့ ဖြစ်သည်။ လူသည် တရားစီရင်ခံရပြီးနောက်၊ ပြစ်တင်ဆုံးမခံရကာ စစ်ဆေးခံရပြီးသည့်နောက်တွင်၊ သူ၏ စိတ်သဘောထားသည် ထိုသို့ဖြင့် ပြောင်းလဲသွားပေသည်။ ဤသည်မှာ ငါပြောဆိုပြီးဖြစ်သည့် နှုတ်ကပတ်တော်များကြောင့် ဖြစ်သည် မဟုတ်လော။ အမှု၏ အဆင့်အသီးသီးသည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ တိုးတက်မှုနှင့် ခေတ်တို့နှင့် အညီ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ အမှုသည် လုံးလုံး အရေးပါပြီး၊ လူသားမျိုးနွယ်အနေဖြင့် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု အနာဂတ်တွင် ရှိနိုင်ဖို့ရန်နှင့် လူသားမျိုးနွယ်သည် အဆုံးတွင် အမျိုးအစားအလိုက် ခွဲခြားခံရနိုင်ဖို့အလို့ငှာ နောက်ဆုံးသော ကယ်တင်ခြင်းအတွက် အားလုံးကို လုပ်ဆောင်ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

နောက်ဆုံးသောကာလ၏ အမှုတွင်၊ နှုတ်ကပတ်တော်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ ထင်ရှားပြသခြင်းထက် ပိုမို တန်ခိုးကြီးမားပြီး၊ နှုတ်ကပတ်တော်၏ သြဇာအာဏာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ သြဇာအာဏာကို ကျော်လွန်သည်။ နှုတ်ကပတ်တော်သည် လူသား၏ စိတ်နှလုံးထဲ နက်ရှိုင်းစွာ မြှုပ်နှံထားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ အားလုံးကို ဖော်ထုတ်သည်။ သင်သည် မိမိဘာသာ ထိုအရာများကို သတိပြုမိဖို့ ဖြစ်နိုင်မည်မဟုတ်။ ယင်းတို့ကို နှုတ်ကပတ်တော်မှတစ်ဆင့် သင့်ရှေ့၌ ဖွင့်ချထားသည့်အခါတွင်၊ သင်သည် အလိုအလျောက် ယင်းတို့ကို ရှာတွေ့လာလိမ့်မည်။ ထိုအရာများကို သင်သည် ငြင်းပယ်နိုင်မည် မဟုတ်သကဲ့သို့၊ သင်သည် လုံးဝဥဿုံ လက်ခံယုံကြည်လိမ့်မည်။ ဤသည်ကား နှုတ်ကပတ်တော်၏ သြဇာအာဏာ မဟုတ်လော။ ဤသည်မှာ ယနေ့ နှုတ်ကပတ်တော်၏ အမှုက ရရှိသည့် ရလဒ် ဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် သူ၏အပြစ်များမှ အပြည့်အဝ ကယ်တင်ခံရသည်မှာ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့မှတစ်ဆင့် မဟုတ်သကဲ့သို့၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ထင်ရှားပြသခြင်းအားဖြင့်လည်း သူသည် အပြည့်အဝ စုံလင်စေခြင်း မခံရနိုင်ပေ။ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ရန် ဩဇာအာဏာသည် လူအား ကျေးဇူးတော်ကိုသာ ပေးနိုင်သည်၊ သို့သော် လူသား၏ ဇာတိပကတိသည် စာတန်နှင့် သက်ဆိုင်ဆဲ ဖြစ်ပြီး၊ လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား ကျန်ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ သန့်ရှင်းစေခြင်း မခံရသေးသောအရာသည် အပြစ်နှင့် ညစ်ညူးမှုတို့နှင့် နှီးနွှယ်ဆဲ ဖြစ်ပေသည်။ လူသားသည် နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုဖြင့် သန့်စင်စေခြင်းခံရသည့် နောက်မှသာ သူသည် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်း ခံရလာနိုင်ပေသည်။ လူသားထဲ နတ်ဆိုးများကို နှင်ထုတ်ပြီး သူသည် ရွေးနုတ်ခံခဲ့ရသည့်နောက်တွင်၊ ဤသည်မှာ သူသည် စာတန်လက်ထဲမှ ဆွဲလုယူခြင်း ခံခဲ့ရပြီး၊ ဘုရားသခင်ထံသို့ ပြန်လာခဲ့သည်ကိုသာ ဆိုလိုသည်။ သို့ရာတွင် ဘုရားသခင်အားဖြင့် သန့်ရှင်းစေခြင်း သို့မဟုတ် ပြောင်းလဲစေခြင်းကို မခံရဘဲနှင့်၊ သူသည် ဖောက်ပြန်ပျက်စီးသော လူအဖြစ် ရှိနေသည်။ လူသားအတွင်းတွင် ညစ်ညမ်းခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ရှိနေဆဲ ဖြစ်သည်။ လူသည် ရွေးနုတ်ခြင်းမှတစ်ဆင့် ဘုရားသခင်ထံ ပြန်လာခဲ့ခြင်းသာ ဖြစ်သော်လည်း၊ သူသည် ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှ မရှိသကဲ့သို့၊ ဘုရားသခင်ကို ခုခံပြီး သစ္စာဖောက်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။ လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယူခံရခြင်း အဖြစ်သို့ ရောက်ရှိသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ဦးချင်း ပြင်းပြသောဆန္ဒများ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ စစ်ဆေးဖို့၊ တရားစီရင်ဖို့နှင့် ဖွင့်ဟဖို့ နှုတ်ကပတ်တော်ကို အသုံးပြုခြင်းမှတစ်ဆင့် ဖြစ်ပေသည်။ လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများ နှင့်အညီ မဆက်ဆံခြင်း ဟုသာ မှတ်ယူ၍ ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။ ဥပမာအားဖြင့်၊ လူများက ၎င်းတို့သည် မောဘမှ ဆင်းသက်ခဲ့ကြသည်ကို သဘောပေါက်ကြသည့်အခါ၊ ၎င်းတို့သည် စောဒကတက်သည့် စကားများကို တင်လျှောက်ခဲ့ကြသည်၊ အသက်ကို လိုက်စားခြင်းအား ရပ်စဲခဲ့ကြပြီး၊ လုံးဝ အပျက်သဘောဆောင် လာခဲ့ကြသည်။ ဤအရာက လူသားမျိုးနွယ်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် အပြည့်အဝ မကျိုးနွံမနာခံနိုင်ဆဲ ဖြစ်သည်ကို ပြသသည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတိအကျ ဖြစ်သည် မဟုတ်လော။ သင်သည် ပြစ်တင်ဆုံးမခြင်းကို ခံရခြင်း မရှိခဲ့ချိန်တွင်၊ သင်၏ လက်များသည် အခြားသူများထက် ယေရှု၏ လက်များထက်ပင် သာ၍ မြင့်အောင် မြှောက်ထားခဲ့သည်။ ပြီးလျှင် သင်သည် ကျယ်လောင်သော အသံဖြင့်၊ “ဘုရားသခင်၏ ချစ်မြတ်နိုးသော သားဖြစ်ပါစေ။ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်ပါစေ၊ ကျွန်ုပ်တို့သည် စာတန်ကို ပျပ်ဝပ်ဖို့ထက် အသေခံကြမည်။ စာတန်အိုကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးသည် တန်ခိုးအာဏာမှ လက်မှိုင်ချလျက် ကျဆင်းပါစေ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြည့်စုံပါစေသော်။”ဟု အော်သည်။ သင်၏ အော်ဟစ်မှုများသည် အခြားသူများ အားလုံးထက် ပိုမို ကျယ်လောင်သည်။ သို့သော်လည်း ထို့နောက်တွင် ပြစ်တင်ဆုံးမခြင်း အချိန်ကာလ ရောက်လာခဲ့ပြီး နောက်တစ်ဖန် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ထုတ်ဖော်ပြခံရလေသည်။ ထိုအခါ ၎င်းတို့၏ ဟစ်အော်မှုများ ရပ်စဲသွားခဲ့ပြီး၊ ၎င်းတို့၏ စိတ်ဆုံးဖြတ်ချက် ကျရှုံးသွားခဲ့သည်။ ဤသည်မှာ လူ၏ ဖောက်ပြန်ပျက်စီးခြင်း ဖြစ်သည်။ အပြစ်ထက်ပို၍ နက်ရှိုင်းနေလျက်၊ ယင်းသည် စာတန်က အခိုင်အမာတည်ထားသည့်အရာတစ်ခု ဖြစ်ပြီး၊ လူသား၏ အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့သည်။ လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့၊ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထို့သို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

လူသား၏ကယ်တင်ခြင်းအမှုအဖို့ အဆင့်သုံးဆင့်ရှိ၏၊ ဆိုလိုသည်မှာ စာတန်ကို တစ်ကြိမ်တည်းနှင့် လုံးဝရှုံးနိမ့်စေဖို့အလို့ငှာ စာတန်နှင့်တိုက်ပွဲကို အဆင့်သုံးဆင့် ခွဲထားပေသည်။ သို့ရာတွင် စာတန်နှင့်တိုက်ပွဲ အမှုတစ်ခုလုံး၏ အတွင်းသမ္မာတရားမှာ အမှု၏ လူသားအပေါ် ကျေးဇူးတော် အပ်နှင်းခြင်း၊ လူသား၏ အပြစ်ဖြေရာယဇ် ဖြစ်လာခြင်း၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ခြင်း၊ လူသားကို သိမ်းပိုက်ခြင်းနှင့် လူသားကို စုံလင်စေခြင်း ဟူသော အချို့သောအဆင့်တို့မှတစ်ဆင့် ၎င်း၏ အကျိုးတရားများကို ရရှိပေသည်။ အမှန်စင်စစ်ဆိုရလျှင်၊ စာတန်နှင့်တိုက်ပွဲသည် စာတန်ကိုဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်ခြင်းမဟုတ်ဘဲ၊ လူသားသည် ဘုရားသခင်အဖို့ သက်သေခံနိုင်ရန်အလို့ငှာ လူသားကို ကယ်တင်ခြင်း၊ လူသား၏အသက်တာအပေါ် အမှုပြုခြင်းနှင့် လူသား၏စိတ်သဘောထားကို ပြောင်းလဲခြင်းတို့ ဖြစ်၏။ ဤသည်မှာ စာတန် ရှုံးနိမ့်သည့်ပုံဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းမှတစ်ဆင့် စာတန်သည် ရှုံးနိမ့်လေ၏။ စာတန် ရှုံးနိမ့်ပြီးသည့်အခါတွင်၊ ဆိုလိုသည်မှာ၊ လူသည် လုံးဝ ကယ်တင်ခံရပြီးသည့်အခါ၊ အရှက်ရသည့်စာတန်သည် လုံးဝချည်နှောင်ခံရလိမ့်မည်ဖြစ်ပြီး၊ ဤနည်းဖြင့် လူသားသည် လုံးဝ ကယ်တင်ခြင်းခံရပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် လူသား၏ ကယ်တင်ခြင်း အနှစ်သာရသည် စာတန်နှင့်စစ်ပွဲဖြစ်ပြီး၊ ဤစစ်ပွဲသည် အဓိကအားဖြင့် လူသား၏ကယ်တင်ခြင်းတွင် ထင်ဟပ်လေသည်။ လူသားကို သိမ်းပိုက်ရမည့် နောက်ဆုံးသောကာလ အဆင့်သည် စာတန်နှင့်တိုက်ပွဲတွင် နောက်ဆုံးအဆင့် ဖြစ်ပြီး၊ ယင်းသည် စာတန်၏ အုပ်စိုးမှုမှ လူသား၏ ပြည့်စုံသော ကယ်တင်ခြင်း အမှုလည်းဖြစ်၏။ လူသားကို သိမ်းပိုက်ခြင်း၏ အတွင်းအဓိပ္ပာယ်မှာ စာတန်၏ပြယုဂ်ဖြစ်သည့် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံထားရသည့် လူသားကို ၎င်း၏ သိမ်းပိုက်ခံရခြင်းနောက်တွင် ဖန်ဆင်းရှင်ထံ ပြန်ပို့ခြင်းဖြစ်၏၊ ဤမှတစ်ဆင့် သူသည် စာတန်ကိုစွန့်လွှတ်ပြီး ဘုရားသခင်ထံ လုံးဝ ပြန်သွားလိမ့်မည်ဖြစ်၏။ ဤနည်းဖြင့်၊ လူသားသည် လုံးဝကယ်တင်ခံရပြီး ဖြစ်လိမ့်မည်။ ထို့ကြောင့် သိမ်းပိုက်ခြင်းအမှုသည် စာတန်နှင့် တိုက်ပွဲဝင်ရာတွင် နောက်ဆုံးအမှု ဖြစ်ပြီး၊ စာတန်၏ရှုံးနိမ့်မှုအတွက် ဘုရားသခင်၏စီမံခန့်ခွဲမှု နောက်ဆုံးအဆင့်ဖြစ်၏။ ဤအမှုမရှိပါက၊ လူသား၏‌ ပြည့်ဝသော ကယ်တင်ခြင်းသည် နောက်ဆုံးတွင် ဖြစ်နိုင်မည် မဟုတ်ပေ၊ စာတန်၏ လုံးဝရှုံးနိမ့်ခြင်းသည်လည်း ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်သည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည် မဟုတ်ပေ၊ သို့မဟုတ် စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှု၏ အချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအလို့ငှာ ဖြစ်သည့်အတွက်၊ စာတန်နှင့် တိုက်ပွဲ အဆုံးမသတ်မီတွင် လူသားကို ကယ်တင်ခြင်းအမှုသည် အဆုံးသတ်၍ မရနိုင်ပေ။ အစောဆုံးလူသားမျိုးနွယ်သည် ဘုရားသခင်၏ လက်ထဲတွင်ရှိခဲ့သော်လည်း၊ စာတန်၏ ဖြားယောင်းသွေးဆောင်မှုနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကြောင့် လူသားသည် စာတန်၏ချုပ်နှောင်ခြင်း ခံရကာ ဆိုးယုတ်သည့်သူ၏လက်ထဲသို့ ကျရောက်သွားခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတွင် စာတန်သည် အနိုင်ယူရမည့်သူတစ်ဦး ဖြစ်လာခဲ့၏။ စာတန်သည် လူသားကို ပိုင်ဆိုင်ထားသောကြောင့်၊ ပြီးလျှင် လူသားသည် စီမံခန့်ခွဲမှုအားလုံးကို ဆောင်ရွက်ဖို့ ဘုရားသခင် အသုံးပြုသည့် အရင်းအနှီးဖြစ်သောကြောင့်၊ လူသားအနေဖြင့် ကယ်တင်ခံရဖို့ဆိုပါက၊ သူ့ကို စာတန်၏လက်ထဲမှ ပြန်လည်လုယူရမည်ဖြစ်သည်၊ ဆိုလိုသည်မှာ စာတန်၏ ဖမ်းဆီးခြင်း ခံရပြီးနောက် လူသားကို ပြန်လည်ရယူရမည်ဖြစ်၏။ ထို့ကြောင့် လူသား၏ စိတ်သဘောထားဟောင်း၌ ပြောင်းလဲမှုများ၊ လူသား၏ မူလ ဆင်ခြင်တုံတရား အသိစိတ်ကို နဂိုအတိုင်း ပြန်ဖြစ်စေသည့် အပြောင်းအလဲများမှတစ်ဆင့်၊ စာတန်ကို အနိုင်ယူရမည်ဖြစ်သည်။ ဤနည်းဖြင့် ဖမ်းဆီးခံထားရသော လူသားသည် စာတန်၏လက်ထဲမှ ပြန်လည်လုယူခံရနိုင်ပေသည်။ လူသားသည် စာတန်၏လွှမ်းမိုးမှုနှင့် ကျေးကျွန်ဘဝတို့မှ လွတ်မြောက်ပါက၊ စာတန်သည် အရှက်ရလိမ့်မည်၊ လူသားသည် နောက်ဆုံးတွင် ပြန်လည်ရယူခြင်း ခံရမည်ဖြစ်ပြီး၊ စာတန်သည် ရှုံးနိမ့်လိမ့်မည် ဖြစ်သည်။ ပြီးလျှင် လူသားသည် စာတန်၏ အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက်ပြီးဖြစ်သောကြောင့်၊ လူသားသည် ဤတိုက်ပွဲ တစ်ရပ်လုံး၏ လက်ရပစ္စည်းများ ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ စာတန်သည် ဤတိုက်ပွဲပြီးသည်နှင့်တစ်ပြိုင်နက် အပြစ်ပေးခံရမည့်သူ ဖြစ်ပေလိမ့်မည်၊ ယင်းနောက်တွင် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှု တစ်ရပ်လုံး ပြီးဆုံးပြီး ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

အရှေ့သို့- ၆။ ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုချင်းစီအကြား ဆက်နွှယ်မှု။

နောက်တစ်ခုသို့- ၈။ ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်သာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအတွက် သူ၏ ပြီးပြည့်စုံသော အမှုတော်ဖြစ်သည်ကို သိရပါမည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။