၈။ တရားစီရင်ခြင်းအမှုကိုလုပ်ဆောင်ရန် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် မရေရာသည့် ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ ယုံကြည်ခြင်းနှင့် စာတန်၏အုပ်စိုးမှုအောက် မှောင်မိုက်သည့် ခေတ်ကို မည်သို့ အဆုံးသတ်သနည်း။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“နောက်ဆုံးသောကာလတွင် ယေဟောဝါအိမ်တော်၏ တောင်သည် တောင်များ၏ထိပ်တွင် တည်ရလိမ့်မည်ဖြစ်ပြီး တောင်ကုန်းများအထက်တွင် ချီးမြှောက်ခြင်းခံရလိမ့်မည်။ ပြီးလျှင် ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ များစွာသော လူတို့ကလည်း သွားကြပြီး၊ သင်တို့လာကြ၊ ယေဟောဝါ၏ တောင်ဆီသို့၊ ယာကုပ်၏ ဘုရားသခင့်အိမ်တော်သို့ တက်သွားကြစို့၊ သူသည် ငါတို့ကို သူ၏လမ်းခရီးများအား သွန်သင်လိမ့်မည်။ သူ၏လမ်းကြောင်းများ၌ ငါတို့လျှောက်ကြမည်ဟု ဆိုကြလိမ့်မည်။ ဇိအုန်မှ ပညတ်တော်နှင့် ယေရုရှလင်မှ ယေဟောဝါ၏ နှုတ်ကပတ်တော် ပေါ်ထွက်လိမ့်မည်။ သူသည် တိုင်းနိုင်ငံများအလယ်တွင် တရားစီရင်လိမ့်မည်ဖြစ်ပြီး လူများစွာတို့ကို ပြစ်တင်ဆုံးမတော်မူလိမ့်မည်၊ ပြီးလျှင် သူတို့၏ ဓါးများကို ထယ်သွားများအဖြစ်၊ သူတို့၏ လှံများကို တံစဉ်များအဖြစ် ထုလုပ်လိမ့်မည်။ တစ်တိုင်းပြည်ကို တစ်တိုင်းပြည်က ဆန့်ကျင်ပြီး စစ်မချီရ၊ စစ်မက်ကို သူတို့ နောက်ထပ် သင်ရလိမ့်မည်မဟုတ်။ အို ယာကုပ်၏ အိမ်သားတို့၊ သင်တို့ လာကြ၊ ပြီးလျှင် ယေဟောဝါ၏ အလင်းတွင် ကျွန်ုပ်တို့ လျှောက်လှမ်းကြစို့။” (ဟေရှာယ အနာဂတ္တိကျမ်း ၂:၂-၅)
“အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ် တို့သည် ချီးမွမ်းပါ၏။ လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ်၍၊ အမျက်တော်သည်လည်းရောက်ပါပြီ။ သေလွန်သော သူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော်၏ ကျွန်တည်းဟူသော ပရောဖက်တို့အား ၎င်း၊ သန့်ရှင်းသူ တို့အား၎င်း၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသော သူအကြီးအငယ်တို့အား၎င်း၊ ဆုကျေးဇူးကို ပေးသနား တော်မူ၍ မြေကြီးကို ဖျက်ဆီးသော သူတို့ကို ဖျက်ဆီးတော်မူသော အချိန်ရောက်ပါပြီဟု လျှောက်ဆိုကြ၏။” (ဗျာဒိတ်ကျမ်း ၁၁:၁၇-၁၈)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ ဘုရားသခင်၏ ရောက်ရှိခြင်းသည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေပြီး ဖြစ်သည်။ သူသည် အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူကို စုံလင်အောင်ပြုရန်နှင့် လူကို အလင်းပေးပြီး ဉာဏ်အလင်းဖွင့်ပြရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုရန်၊ ဤသို့ဖြင့် လူ၏ စိတ်နှလုံး၌ရှိသော မရေရာသော ဘုရား၏နေရာကို ဖယ်ရှားရန် ကြွလာခြင်း ဖြစ်သည်။ ယေရှုကြွလာခဲ့သောအခါ သူသည် ဤအမှုတော်အဆင့်ကို မဆောင်ရွက်ခဲ့ပေ။ သူကြွလာခဲ့သောအခါတွင် အံ့ဖွယ်အမှုများစွာကို လုပ်ဆောင်ခဲ့သည်။ မကျန်းမာသောသူများကို အနာရောဂါငြိမ်းစေခဲ့ပြီး၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့ကာ၊ ကားစင်တင်ခံရခြင်း နှင့်ဆိုင်သည့် ရွေးနုတ်ခြင်း အမှုကို လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့်၊ လူတို့၏ အယူအဆများတွင် ဤသည်မှာ ဘုရားသခင် ဖြစ်သင့်သည့်ပုံဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ အကြောင်းမှာ ယေရှု ကြွလာခဲ့ချိန်တွင်၊ သူသည် လူသား၏နှလုံးသားထဲမှ မရေရာသော ဘုရားသခင်၏ ပုံရိပ်အား ဖယ်ရှားခြင်းအမှုကို မလုပ်ဆောင်ခဲ့ပေ။ သူကြွလာခဲ့ချိန်တွင် သူသည် ကားစင်တင်ခံခဲ့ရသည်၊ မကျန်းမာသောသူများကို အနာငြိမ်းစေခဲ့ပြီး၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့ကာ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိ တရားတော်ကို ဟောကြားခဲ့သည်။ တစ်ဖက်တွင် နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လူသား၏ စိတ်နှလုံးထဲတွင် မရေရာသော ဘုရားသခင်၏ ပုံရိပ်မရှိတော့ရန်အလို့ငှာ၊ လူသား၏ အယူအဆများထဲက မရေရာသည့် ဘုရားသခင်က ထိန်းသိမ်းထားသည့် နေရာကို ဖယ်ရှားလေသည်။ သူ၏ လက်တွေ့ကျသော နှုတ်ကပတ်တော်များနှင့် အမှု၊ နယ်မြေအနှံ့ သူ၏သွားလာလှုပ်ရှားမှုနှင့် လူသားအလယ် သူလုပ်ဆောင်ခဲ့သည့် အထူးလက်တွေ့ကျပြီး ပုံမှန်ဖြစ်သော အမှုမှတစ်ဆင့်၊ လူသားကို ဘုရားသခင်၏ လက်တွေ့ကျခြင်းအား သူသိစေပြီး လူသား၏နှလုံးသားထဲက မရေရာသည့် ဘုရားသခင်၏ နေရာကို ဖယ်ရှားလေသည်။ အခြားတစ်ဖက်တွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန်နှင့် အရာခပ်သိမ်းကို ပြီးမြောက်စေရန် သူ၏ လူ့ဇာတိက ပြောဆိုသော နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်က ပြီးမြောက်စေမည့် အမှုဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ လက်ရှိအမှုတော်ကို သိကျွမ်းခြင်း
ယနေ့ လူသားတို့အလယ် ကြွလာခြင်းတွင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နှစ်သန်းပေါင်းများစွာကြာ လူတို့၏ အတွေးများနှင့် စိတ်ဝိညာဉ်များအပြင်၊ ၎င်းတို့ စိတ်နှလုံးများ ထဲ၌ ရှိခဲ့ပြီးဖြစ်သော ဘုရားသခင်၏ ပုံသဏ္ဌာန်ကိုပါ ပြောင်းလဲစေဖို့ထက် အခြားမည်သည့်အရာမျှ မဟုတ်ပေ။ သူသည် လူသားကို စုံလင်စေဖို့ ဤအခွင့်အရေးကို ယူလိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ အသိပညာအားဖြင့်၊ ဘုရားသခင်ကို သိရှိလာခြင်းတွင် ထူးထူးကဲကဲ အောင်မြင်သည့် အသစ်သော အစပြုခြင်းကို လူအားပြုလုပ်နိုင်စေရင်း၊ ထိုသို့ဖြင့် လူသား၏ စိတ်ဝိညာဉ် အသစ်ပြုပြင်ခြင်းနှင့် ပြောင်းလဲခြင်းတို့ကို ရရှိစေလျက်၊ ဘုရားသခင်သည် သူ့ကို လူတို့ သိရှိလာသည့် နည်းလမ်းနှင့် သူ့အပေါ် ၎င်းတို့ ထားရှိသော သဘောထားကို ပြောင်းလဲမည်ဖြစ်သည်။ ပြုပြင်ခြင်းနှင့် အသစ်ပြုပြင်ခြင်းတို့သည် ပန်းတိုင်များ ဖြစ်စဉ်၊ ကိုင်တွယ် ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းသည် နည်းလမ်းများဖြစ်သည်။ မရေရာသော ဘုရားသခင်နှင့် ပတ်သက်၍ လူသား စွဲကိုင်ထားသော အယူသီးသည့် အတွေးများကို ပပျောက်စေခြင်းသည် ဘုရားသခင်၏ ထာဝရ ရည်ရွယ်ချက် ဖြစ်ပြီး မကြာသေးမီက ဤအရာသည် သူ့အဖို့ အရေးတကြီး ကိစ္စလည်း ဖြစ်လာခဲ့သည်။ လူအားလုံးသည် ဤကိစ္စကို ထည့်တွက် စဉ်းစားရာတွင် ရေရှည်အမြင် ရှိလျှင်ကောင်းလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)
ငါသည် ကိုယ်တိုင်ကိုယ်ကျ လူသားအကြား၌ လာ၍ ငါ၏နှုတ်ကပတ်တော်များကို ပြောဆိုသည့်အခါ၊ လူသားသည် ၎င်းတို့၏ အတွေးများထဲ၌ “ငါ” ယူထားသည့်နေရာကို ဖယ်ရှားလျက်၊ ထိုအစား ၎င်းတို့၏ အသိဉာဏ်ထဲတွင် လက်တွေ့ကျသော ဘုရားသခင်အတွက် နေရာဖန်တီးကာ ငါ့အကြောင်း အနည်းငယ်သော အသိပညာ ရှိကြသည်မှာ ယနေ့မှသာဖြစ်သည်။ လူသားတွင် အယူအဆများရှိကာ သိလိုစိတ်နှင့် ပြည့်နှက်နေ၏။ ဘုရားသခင်ကို မမြင်တွေ့လိုသူ မည်သူရှိမည်နည်း။ ဘုရားသခင်နှင့် ကြုံတွေ့ရန် ဆန္ဒမရှိသူ မည်သူရှိမည်နည်း။ သို့တိုင် လူသား၏ စိတ်နှလုံးထဲတွင် သေချာသောနေရာ ယူထားသည့် တစ်ခုတည်းသော အရာမှာ မရေမရာနှင့် စိတ်ကူးသက်သက်ဟု လူသားကခံစားရသည့် ဘုရားပင်ဖြစ်၏။ သူတို့အား ငါရိုးရှင်းစွာမပြောလျှင် မည်သူက ဤသည်ကို သဘောပေါက်မည်နည်း။ ငါအမှန်ပင် တည်ရှိကြောင်းကို သေချာမှုနှင့် သံသယအရိပ်အမြွက်ပင် မရှိဘဲ၊ မည်သူက အမှန်တကယ် ယုံကြည်မည်နည်း။ လူသား၏ စိတ်နှလုံးထဲက “ငါ” နှင့် လက်တွေ့အရှိတရားထဲက “ငါ” တို့အကြားတွင် အလွန်အမင်းကွာခြားမှုရှိပြီး ၎င်းတို့နှစ်ခုအကြား၌ နှိုင်းယှဉ်ချက်များကို မည်သူကမျှ ဖော်ပြနိုင်စွမ်း မရှိပေ။ ငါသည် လူ့ဇာတိမခံယူခဲ့ပါက လူသားသည် ငါ့ကို မည်သည့်အခါမျှ သိမည်မဟုတ်ဘဲ၊ ငါ့အား သူသိလာခဲ့သော်မှ၊ ထိုကဲ့သို့သော အသိသည် အယူအဆတစ်ခုမျှသာ ဖြစ်နေဦးမည် မဟုတ်လော။...
...လူသားသည် စာတန်၏ သွေးဆောင်ခြင်းနှင့် ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသောကြောင့်၊ သူသည် အယူအဆများနှင့် စဉ်းစားဉာဏ်တို့၏ လွှမ်းမိုးခြင်း ခံရသောကြောင့်၊ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကိုယ်တိုင် သိမ်းပိုက်ရန်၊ လူသား၏ အယူအဆများ အားလုံးကို ဖော်ထုတ်ရန်နှင့် လူသား၏ စဉ်းစားဉာဏ်ကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်ရန်အလို့ငှာ လူ့ဇာတိခံယူခဲ့ပြီးဖြစ်၏။ ရလဒ်အနေဖြင့် လူသားသည် ငါ၏ရှေ့မှောက်တွင် ဝင့်ကြွားထုတ်ပြခြင်း မပြုတော့ဘဲ၊ သူ၏ကိုယ်ပိုင်အယူအဆများကို အသုံးပြု၍ ငါ့အား အစေခံခြင်းလည်း မပြုတော့ပေ၊ ထို့ကြောင့် လူသား၏ အယူအဆများထဲက “ငါ” ကို လုံးဝ ပပျောက်စေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၁)
ဇာတိခန္ဓာဖြင့် နေထိုင်သူအားလုံးအတွက် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် လိုက်စားရမည့် ပန်းတိုင်များ လိုအပ်ကာ၊ ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်၏ လက်တွေ့ကျသော လုပ်ဆောင်ချက်များနှင့် စစ်မှန်သော မျက်နှာကို မျက်မြင်တွေ့ခြင်း လိုအပ်ပေသည်။ နှစ်ခုလုံးကို ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာအားဖြင့်သာ စွမ်းဆောင်ရရှိနိုင်ပြီး၊ နှစ်ခုလုံးကို ပုံမှန်ဖြစ်ကာ လက်ဆုပ်လက်ကိုင်ပြနိုင်သော လူ့ဇာတိဖြင့်သာ ဖြစ်မြောက်စေနိုင်သည်။ ဤသည်မှာ လူ့ဇာတိခံယူခြင်း လိုအပ်ရသည့် အကြောင်းရင်း ဖြစ်ပြီး၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် တစ်ရပ်လုံးက ယင်းကို လိုအပ်ရသည့် အကြောင်းရင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို သိရှိရန်လိုအပ်သည့်အတွက်၊ မရေရာသကဲ့သို့ သဘာဝလွန်ဖြစ်သော ဘုရားများ၏ ပုံရိပ်များကို ၎င်းတို့၏နှလုံးသားများမှ ပပျောက်စေရမည် ဖြစ်ပြီး၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပစ်ရန် လိုအပ်သည့်အတွက်၊ ၎င်းတို့သည် ပထမဦးစွာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိကြရမည် ဖြစ်သည်။ အကယ်၍ လူသည် လူတို့၏နှလုံးသားများထဲမှ မရေရာသော ဘုရားများ၏ပုံရိပ်များကို ပပျောက်စေသည့် အလုပ်ကိုသာ လုပ်ဆောင်ပါက၊ သူသည် ရည်ရွယ်ထားသော အကျိုးသက်ရောက်မှုကို ရရှိမည် မဟုတ်ပေ။ လူတို့၏နှလုံးသားများထဲရှိ မရေရာသော ဘုရားများ၏ပုံရိပ်များကို စကားလုံးများတစ်ခုတည်းဖြင့်သာ ဖော်ထုတ်၍ မရနိုင်၊ ဖယ်ရှား၍ မရနိုင်ပေ သို့မဟုတ် လုံးဝ ပပျောက်သွားစေ၍ မရနိုင်ပေ။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ လူတို့ထံမှ နက်ရှိုင်းစွာ အမြစ်စွဲနေသော ဤအရာများကို ပပျောက်စေရန်မှာ နောက်ဆုံးတွင် ဖြစ်နိုင်ဦးမည် မဟုတ်ပေ။ ဤမရေမရာဖြစ်ပြီး သဘာဝလွန် အမှုအရာများကို လက်တွေ့ကျသော ဘုရားသခင်နှင့် ဘုရားသခင်၏ ပုံသဏ္ဌာန်အစစ်တို့ဖြင့် အစားထိုးခြင်းနှင့် လူတို့အား ယင်းတို့ကို တဖြည်းဖြည်း သိစေခြင်းအားဖြင့်သာ သတ်မှတ်ထားသော အကျိုးသက်ရောက်မှုကို ရရှိနိုင်ပေသည်။ လူသည် အတိတ်အချိန် ကာလများက ၎င်းရှာဖွေခဲ့သော ဘုရားသခင်သည် ရေရာမှု မရှိသကဲ့သို့ သဘာဝလွန် ဖြစ်သည်ကို သတိပြုမိလေသည်။ ဤအကျိုးတရားကို စွမ်းဆောင်ရရှိနိုင်သည်မှာ လူတစ်ဦးဦး၏ သွန်သင်မှုများဖြစ်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်၏ တိုက်ရိုက် ဦးဆောင်မှုပင် မဟုတ်ဘဲ၊ လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့သည် လူသား၏စိတ်ကူးထဲက မရေရာသကဲ့သို့ သဘာဝလွန်သော ဘုရားနှင့် ပကတိဆန့်ကျင်ဘက် ဖြစ်နေသောကြောင့်၊ လူ့ဇာတိခံ ဘုရားသခင်က သူ၏အမှုကို တရားဝင် လုပ်ဆောင်သောအခါ လူသား၏ အယူအဆများသည် ဖွင့်ချခံရလေသည်။ လူသား၏ မူလအယူအဆများကို လူ့ဇာတိခံ ဘုရားသခင်နှင့် ဆန့်ကျင်ကွဲလွဲသည့်အခါတွင်သာ ထုတ်ဖော်ပြနိုင်သည်။ လူ့ဇာတိခံ ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းမရှိဘဲ၊ လူသား၏ အယူအဆများကို ထုတ်ဖော်ပြ၍ မရနိုင်ပေ။ တစ်နည်းအားဖြင့်၊ အဖြည့်ခံအဖြစ် လက်တွေ့ကျခြင်း မရှိဘဲ၊ မရေရာသော အရာများကို ထုတ်ဖော်ပြ၍ မရနိုင်ပေ။ မည်သူမျှ ဤအမှုကို လုပ်ဆောင်ရန် စကားလုံးများ သုံးနိုင်စွမ်း မရှိပေသကဲ့သို့၊ စကားလုံးများကို အသုံးပြုလျက် မည်သူမျှ ဤအမှုကို ရှင်းရှင်းလင်းလင်း ပြောနိုင်စွမ်း မရှိပေ။ ဘုရားသခင်ကိုယ်တိုင် သူ၏ကိုယ်ပိုင် အမှုကို လုပ်ဆောင်နိုင်ပြီး သူ၏ကိုယ်စား အခြားမည်သူမျှ ဤအမှုကို မလုပ်ဆောင်နိုင်ပေ။ လူသား၏ ဘာသာစကားသည် မည်မျှပင် ကြွယ်ဝနေစေကာမူ၊ လူသားသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းနှင့် သာမန်ဖြစ်ခြင်းတို့ကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်စွမ်း မရှိပေ။ ဘုရားသခင်သည် လူသားအလယ်တွင် ကိုယ်တိုင်ကိုယ်ကျ အမှုပြုကာ သူ၏ပုံသဏ္ဌာန်နှင့် သူ၏ဖြစ်ခြင်းတို့ကို လုံးဝ ထုတ်ပြသမှသာလျှင်၊ လူသားသည် ဘုရားသခင်ကို ပို၍လက်တွေ့ကျကျသိကာ ပို၍ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ဤရလဒ်ကို ဇာတိခန္ဓာရှိသည့် မည်သည့်လူကမျှ စွမ်းဆောင်မရရှိနိုင်ပေ။ ဟုတ်ပေ၏၊ ဘုရားသခင်၏ ဝိညာဉ်တော်သည်လည်း ဤရလဒ်ကို စွမ်းဆောင်နိုင်စွမ်း မရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်
လူ့ဇာတိ၌ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ နောက်ပိုင်းတွင် သူ၏ နောက်လိုက်များသည် လူ့ဇာတိ၌ သူ၏ အမှုအားလုံးနှင့် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် သူ၏ ရည်ရွယ်ချက်များကို ဤလမ်းခရီးအား လက်ခံသောသူတို့ထံ သာ၍ တိကျမှန်ကန်စွာနှင့် သာ၍ လက်တွေ့ကျစွာ လက်ဆင့်ကမ်းနိုင်ဖို့အလို့ငှာ၊ သူသည် တိကျမှန်ကန်သော နှုတ်ကပတ်တော်များနှင့် တိုက်တွန်းနှိုးဆော်မှုများ၊ ပြီးလျှင် လူသားမျိုးနွယ်အတွက် သူ၏ သတ်သတ်မှတ်မှတ် ရည်ရွယ်ချက်များကို သူ၏နောက်လိုက်သူများထံ ချန်ထားနိုင်ခြင်း ဖြစ်သည်။ လူ၏အလယ် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏အမှုသည်သာ ဘုရားသခင် လူသားတို့နှင့် အတူတကွ ရှိနေခြင်းနှင့်လည်းကောင်း၊ နေထိုင်ခြင်းနှင့်လည်းကောင်းဆိုင်သည့် အမှန်တရားကို အမှန်တကယ် ပြီးမြောက်လေသည်။ ဤအမှုသည်သာ ဘုရားသခင်၏ မျက်နှာကို ရှုမြင်ရန်၊ ဘုရားသခင်၏ အမှုကို မျက်မြင်တွေ့ကြုံရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားရန်ဖြစ်သည့် လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေသည်။ လူ့ဇာတိခံ ဘုရားသခင်သည် ယေဟောဝါ၏ ကျောပြင်သာ လူသားမျိုးနွယ်ထံသို့ ပေါ်လာသည့်ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းပြီး၊ မရေရာသော ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်မှုခေတ်ကိုလည်း နိဂုံးချုပ်ပေးသည်။ အထူးသဖြင့် နောက်ဆုံးလူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို သာ၍စစ်မှန်၊ သာ၍လက်တွေ့ကျသကဲ့သို့၊ သာ၍ နှစ်သက်ဖွယ်ကောင်းသော ခေတ်တစ်ခေတ်ထဲသို့ ဆောင်ကြဉ်းလေသည်။ ဤအမှုသည် ပညတ်တော်နှင့် စည်းမျဉ်းစည်းကမ်းခေတ်ကို အဆုံးသတ်သည်သာမက ယင်းက သာ၍အရေးကြီးသည်မှာ သူသည် လူသားမျိုးနွယ်ထံ လက်တွေ့ကျပြီး ပုံမှန်ဖြစ်သည့်၊ ဖြောင့်မတ်ပြီး သန့်ရှင်းသည့်၊ စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သည့် အမှုကို ဖော်ထုတ်ပြီး လူသားမျိုးနွယ်၏ နက်နဲမှုများနှင့် ခရီးပန်းတိုင်တို့ကို ပြသသည့်၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲခြင်းအမှုကို အဆုံးသတ်သို့ ဆောင်ကြဉ်းသကဲ့သို့၊ နှစ်ထောင်ပေါင်းများစွာ ကွယ်ဝှက်လျက် ရှိလေပြီးသည့် ဘုရားသခင်ကို ထုတ်ဖော်ပြလေသည်။ ဤအမှုသည် မရေရာခြင်း၏ ခေတ်ကို လုံးဝအဆုံးသတ်ကာ လူသားမျိုးနွယ်တစ်ရပ်လုံးက ဘုရားသခင်၏ မျက်နှာကို ရှာဖွေလိုသော်လည်း မရှာဖွေနိုင်ခဲ့သည့်ခေတ်ကို နိဂုံးချုပ်သည်၊ ယင်းသည် လူသားမျိုးနွယ်တစ်ရပ်လုံးက စာတန်ကို အစေခံသည့်ခေတ်ကို အဆုံးသတ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးကို လုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ တစ်လျှောက်လုံး ဦးဆောင်လေသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်ကိုယ်စား လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်၏အမှု ရလဒ် ဖြစ်သည်။ ဘုရားသခင်သည် သူ၏လူ့ဇာတိ၌ အမှုပြုချိန်တွင်၊ သူ၏နောက်လိုက်များသည် ရှိပုံပေါ်သလို မရှိပုံလည်း ပေါ်သည့် ထိုအရာများနောက်သို့ မရှာဖွေတော့သကဲ့သို့ စမ်းတဝါးဝါး မသွားလာကြတော့ပေ၊ ပြီးလျှင် ၎င်းတို့သည် မရေရာသော ဘုရားသခင်၏ ရည်ရွယ်ချက်များကို ခန့်မှန်းခြင်းအား ရပ်တန့်လိုက်ကြသည်။ ဘုရားသခင်သည် လူ့ဇာတိဖြင့် သူ၏အမှုကို ဖြန့်ဝေသောအခါတွင်၊ သူ့နောက်သို့ လိုက်သူများသည် လူ့ဇာတိဖြင့် သူလုပ်ဆောင်ပြီးသော အမှုကို ဘာသာတရားများနှင့် ဂိုဏ်းဂဏများ အားလုံးထံသို့ လက်ဆင့်ကမ်းကြလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့သည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ နားများဆီသို့ သူ၏ နှုတ်ကပတ်တော် အားလုံးကို ဆက်သွယ်ပြောဆိုကြလိမ့်မည်။ သူ၏ဧဝံဂေလိတရားကို ရရှိသောသူတို့ ကြားနာခဲ့သည့် အရာအားလုံးသည် သူ့အမှု၏ အမှန်တရားများ ဖြစ်လိမ့်မည်၊ လူသားက ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ကာ ကြားသိရသောအရာများ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အမှန်တရားများ ဖြစ်ကာ ကောလာဟလများ ဖြစ်လိမ့်မည် မဟုတ်ပေ။ ဤအချက်များသည် ဘုရားသခင်က သူ၏အမှုကို ဖြန့်ဝေနေသည့် သက်သေများဖြစ်ပြီး၊ ယင်းတို့သည် သူ၏အမှုကို ဖြန့်ဝေရာတွင် သူအသုံးပြုသော တန်ဆာပလာများလည်းဖြစ်သည်။ ဤအချက်များ မတည်ရှိဘဲနှင့်၊ သူ၏ဧဝံဂေလိတရားသည် နိုင်ငံအားလုံးနှင့် နေရာအားလုံးအနှံ့ ပျံ့နှံ့မည် မဟုတ်ပေ။ အမှန်တရားများ မရှိဘဲ လူသား၏ စိတ်ကူးစိတ်သန်းများသာ ရှိပါက၊ သူသည် စကြဝဠာတစ်ခွင်လုံးကို သိမ်းပိုက်ခြင်းအမှုအား မည်သည့်အခါမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ လူသားအဖို့ ဝိညာဉ်တော်သည် ကိုယ်ထည်မရှိ၊ တွေ့မြင်၍ မရနိုင်သကဲ့သို့၊ ဝိညာဉ်တော်၏အမှုသည် လူသားအတွက် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သက်သေအထောက်အထား သို့မဟုတ် အချက်အလက်များကို ချန်ထားနိုင်စွမ်း မရှိပေ။ လူသားသည် ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို မည်သည့်အခါမျှ ရှုမြင်ရမည် မဟုတ်ပေ၊ မတည်ရှိသည့် မရေရာသော ဘုရားသခင်ကိုသာ အမြဲ ယုံကြည်ရပေမည်။ လူသားသည် ဘုရားသခင်၏ မျက်နှာကို မည်သည့်အခါမျှ ရှုမြင်ရမည် မဟုတ်သကဲ့သို့ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ပြောဆိုသော နှုတ်ကပတ်တော်များကိုလည်း မည်သည့်အခါမျှ ကြားသိရမည် မဟုတ်ပေ။ အဆုံးတွင်တော့ လူသား၏ စိတ်ကူးစိတ်သန်းများသည် အနှစ်မဲ့ကာ ဘုရားသခင်၏ မှန်ကန်သော မျက်နှာကို အစားမထိုးနိုင်ပေ။ ဘုရားသခင်၏ ရှိရင်းစွဲ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တိုင်၏ အမှုကို လူသားက တူအောင်တု၍ မရနိုင်ပေ။ ကောင်းကင်ဘုံရှိ မမြင်နိုင်သော ဘုရားသခင်နှင့် သူ၏ အမှုကို လူသားအလယ် သူ၏ အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သည့် လူ့ဇာတိခံ ဘုရားသခင်အားဖြင့်သာ ကမ္ဘာမြေပေါ်သို့ ဆောင်ကြဉ်းနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်က လူသားတို့ထံ ပေါ်ထွန်းရန်အတွက်၊ လူသားသည် ဘုရားသခင်ကို တွေ့မြင်ကာ၊ ဘုရားသခင်၏ မှန်ကန်သော မျက်နှာကို သိရှိလာသည့် အကောင်းဆုံးသော နည်းလမ်း ဖြစ်ပြီး၊ ယင်းကို လူ့ဇာတိခံ မဟုတ်သည့် ဘုရားသခင်တစ်ပါးက စွမ်းဆောင် မရရှိနိုင်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်
နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအမှုပြုသည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံး၏ အမှုကို လုပ်ဆောင်ရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အမှုပြုရာတွင် အသုံးပြုသည့် စည်းမျဉ်းဖြစ်သည်။ သူသည် လူ့ဇာတိကိုခံယူခဲ့ပြီး မတူညီသော အမြင်ရှုထောင့်များမှ စကားပြောကာ လူ့ဇာတိ၌ ပေါ်ထွန်းသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်ကို လူတို့ အမှန်တကယ် မြင်ရန်နှင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုတို့ကို ရှုမြင်နိုင်ရန် ထောက်ကူပေးသည်။ ဘုရားသခင်သည် လူတို့ကို သိမ်းပိုက်ခြင်း၊ စုံလင်အောင်ပြုခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ ဖြစ်မြောက်အောင်မြင်နိုင်ရန်အလို့ငှာ ဤနည်းဟန်ဖြင့် အမှုပြုခြင်းဖြစ်ကာ ယင်းမှာ နှုတ်ကပတ်တော်ခေတ်၌ အမှုပြုရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် လူတို့သည် ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူသား၏ အခြေအမြစ်နှင့် လူသားက မည်သည့်အရာထဲသို့ ဝင်ရောက်သင့်သည် ဆိုသည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသော အမှုသည် အလုံးစုံ ဖြစ်မြောက်အောင်မြင်လေသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် လူတို့ ထုတ်ဖော်ခြင်းခံရကြသည်၊ ဖယ်ရှားရှင်းလင်းခံရပြီး စစ်ကြောခံရကြလေသည်။ လူတို့သည် ဤနှုတ်ကပတ်တော်များကို မြင်ဖူးကြပြီး ဖြစ်သည်၊ ဤနှုတ်ကပတ်တော်များကို ကြားဖူးကြပြီးဖြစ်သည်။ ပြီးလျှင် ဤနှုတ်ကပတ်တော်များ၏ တည်ရှိခြင်းကို သတိပြုမိကြပြီး ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့အပြင် လူသားကို ချစ်ခြင်းနှင့် ကယ်တင်ခြင်းဖြစ်သော ဘုရားသခင်၏ စိတ်နှလုံးကို ယုံကြည်လာကြပြီး ဖြစ်သည်။ “နှုတ်ကပတ်တော်” ဟူသည့်စကားလုံးသည် သာမန်ဖြစ်ပြီး ရိုးရှင်းကောင်း ရိုးရှင်းနိုင်သော်လည်း လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များသည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါသည်၊ ယင်းတို့သည် လူတို့၏စိတ်နှလုံးများကို ပြောင်းလဲစေသည်၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်သဘောထားအဟောင်းတို့ကို ပြောင်းလဲစေပြီး လောကတစ်ခုလုံး ဖြစ်ပေါ်လေ့ရှိသည့် နည်းလမ်းကို ပြောင်းလဲစေသည်။ ခေတ်ကာလများ တစ်လျှောက်တွင် ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့် အမှုပြုပြီး သူသာလျှင် ထိုသို့ စကားပြောပြီး လူသားကို ထိုသို့ကယ်တင်ရန် ကြွလာပေသည်။ ဤအချိန်မှစ၍ လူသားသည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် ဘုရားနှုတ်ကပတ်တော်များ၏ ထိန်းကျောင်းခြင်းနှင့် ထောက်ပံ့ပေးခြင်းခံရလျက် အသက်ရှင်ကြလေသည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ လောက၌လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များ၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများ အလယ်တွင်လည်းကောင်း အသက်ရှင်ကြပြီး လူအများစုက သူ၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ အောက်တွင် အသက်ရှင်ကြ၏။ ဤနှုတ်ကပတ်တော်များနှင့် ဤအမှုသည် လူသား၏ ကယ်တင်ခြင်း အတွက်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းခြင်းအတွက်နှင့် အိုဟောင်းသော ဖန်ဆင်းခြင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲခြင်းတို့အတွက်သာ ဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုလျက် လောကကို ဖန်ဆင်းခဲ့သည်၊ သူသည် နှုတ်ကပတ်တော်များကို အသုံးပြုလျက် စကြဝဠာအနှံ့ လူတို့ကို ဦးဆောင်ပြီး နှုတ်ကပတ်တော်များကို အသုံးပြုလျက် ၎င်းတို့ကို သိမ်းပိုက်ပြီး ကယ်တင်သည်။ ပြီးလျှင် နောက်ဆုံးတွင် သူသည် အိုဟောင်းသော ကမ္ဘာလောက တစ်ခုလုံးကို အဆုံးသတ်ကာ ထိုသို့ဖြင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးကို ပြီးစီးစေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုမည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်
ကမ္ဘာမြေပေါ် ဘုရားသခင်၏ ဤလူ့ဇာတိခံယူခြင်း အတောအတွင်းတွင်၊ သူသည် လူသားအလယ် သူ၏အမှုကို ကိုယ်တိုင်လုပ်ဆောင်သည့်အချိန်တွင်၊ သူ လုပ်ဆောင်သည့်အမှု အားလုံးသည် စာတန်ရှုံးနိမ့်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူကိုသိမ်းပိုက်ခြင်း မှတစ်ဆင့်၊ ပြီးလျှင် သင်တို့ကို စုံလင်စေခြင်းအားဖြင့် သူသည် စာတန်ကို အနိုင်ယူလိမ့်မည်ဖြစ်သည်။ သင်တို့သည် ထူးကဲသော သက်သေကို ခံကြသည့်အခါ၊ ဤသည်လည်း စာတန်၏ရှုံးနိမ့်ခြင်း အမှတ်အသားတစ်ခု ဖြစ်လိမ့်မည်။ စာတန်ကို ရှုံးနိမ့်စေရန်အလို့ငှာ လူသည် ပထမဦးစွာ သိမ်းပိုက်ခံရပြီး၊ နောက်ဆုံးတွင် လုံးဝ စုံလင်စေခြင်းခံရလေသည်။ သို့ရာတွင် အနှစ်သာရအားဖြင့် စာတန်ရှုံးနိမ့်ခြင်းနှင့်အတူ ဤသည်မှာ ဤအနှစ်မဲ့သော ဒုက္ခပင်လယ်ထဲမှ လူသားမျိုးနွယ်အားလုံး၏ ကယ်တင်ခြင်းလည်း ဖြစ်၏။ အမှုကို စကြဝဠာတစ်ခုလုံးအနှံ့ ဆောင်ရွက်သည်ဖြစ်စေ၊ တရုတ်နိုင်ငံတွင် ဆောင်ရွက်သည်ဖြစ်စေ၊ ယင်းမှာ လူသားအနေဖြင့် ငြိမ်သက်ခြင်းချမ်းသာ ထဲသို့ ဝင်ရောက်နိုင်ဖို့အလို့ငှာ စာတန်ကိုရှုံးနိမ့်စေဖို့နှင့် လူသားမျိုးနွယ် တစ်ခုလုံးထံ ကယ်တင်ခြင်း ယူဆောင်လာဖို့သာ ဖြစ်သည်။ ဤပုံမှန်လူ့ဇာတိ ဖြစ်သည့် လူ့ဇာတိခံ ဘုရားသခင်သည် အတိအကျအားဖြင့် စာတန်ကို ရှုံးနိမ့်စေခြင်းအတွက် ဖြစ်၏။ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုကို ကောင်းကင်အောက်ရှိ ဘုရားသခင်ကို ချစ်သောသူ အားလုံးထံ ကယ်တင်ခြင်းကို ယူဆောင်လာရန် အသုံးပြုပေသည်၊ ယင်းသည် လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်ခြင်းအတွက်အပြင်၊ စာတန်ကို ရှုံးနိမ့်စေခြင်းအလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏စီမံခန့်ခွဲခြင်းအမှု၏ အချက်အချာကို လူသားမျိုးနွယ်အားလုံးထံ ကယ်တင်ခြင်း ယူဆောင်လာရန် စာတန်ကို ရှုံးနိမ့်စေခြင်းမှ ခွဲခြား၍ မရပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း
လူသား၏ ကယ်တင်ခြင်း အနှစ်သာရသည် စာတန်နှင့်စစ်ပွဲဖြစ်ပြီး၊ ဤစစ်ပွဲသည် အဓိကအားဖြင့် လူသား၏ကယ်တင်ခြင်းတွင် ထင်ဟပ်လေသည်။ လူသားကို သိမ်းပိုက်ရမည့် နောက်ဆုံးသောကာလ အဆင့်သည် စာတန်နှင့်တိုက်ပွဲတွင် နောက်ဆုံးအဆင့် ဖြစ်ပြီး၊ ယင်းသည် စာတန်၏ တန်ခိုးမှ လူသား၏ ပြည့်စုံသော ကယ်တင်ခြင်း အမှုလည်းဖြစ်၏။ လူသားကို သိမ်းပိုက်ခြင်း၏ အတွင်းအဓိပ္ပာယ်မှာ စာတန်၏ပြယုဂ်ဖြစ်သည့် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံထားရသည့် လူသားကို ၎င်း၏ သိမ်းပိုက်ခံရခြင်းနောက်တွင် ဖန်ဆင်းရှင်ထံ ပြန်ပို့ခြင်းဖြစ်၏၊ ဤမှတစ်ဆင့် သူသည် စာတန်ကို ပုန်ကန်ပြီး ဘုရားသခင်ထံ လုံးဝ ပြန်သွားလိမ့်မည်ဖြစ်၏။ ဤနည်းဖြင့်၊ လူသားသည် လုံးဝကယ်တင်ခံရပြီး ဖြစ်လိမ့်မည်။ ထို့ကြောင့် သိမ်းပိုက်ခြင်းအမှုသည် စာတန်နှင့် တိုက်ပွဲဝင်ရာတွင် နောက်ဆုံးအမှု ဖြစ်ပြီး၊ စာတန်၏ရှုံးနိမ့်မှုအတွက် ဘုရားသခင်၏စီမံခန့်ခွဲမှု နောက်ဆုံးအဆင့်ဖြစ်၏။ ဤအမှုမရှိပါက၊ လူသား၏ ပြည့်ဝသော ကယ်တင်ခြင်းသည် နောက်ဆုံးတွင် ဖြစ်နိုင်မည် မဟုတ်ပေ၊ စာတန်၏ လုံးဝရှုံးနိမ့်ခြင်းသည်လည်း ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်သည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည် မဟုတ်ပေ၊ သို့မဟုတ် စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှု၏ အချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအလို့ငှာ ဖြစ်သည့်အတွက်၊ စာတန်နှင့် တိုက်ပွဲ အဆုံးမသတ်မီတွင် လူသားကို ကယ်တင်ခြင်းအမှုသည် အဆုံးသတ်၍ မရနိုင်ပေ။ အစောဆုံးလူသားမျိုးနွယ်သည် ဘုရားသခင်၏ လက်ထဲတွင်ရှိခဲ့သော်လည်း၊ စာတန်၏ ဖြားယောင်းသွေးဆောင်မှုနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကြောင့် လူသားသည် စာတန်၏ချုပ်နှောင်ခြင်း ခံရကာ ဆိုးယုတ်သည့်သူ၏လက်ထဲသို့ ကျရောက်သွားခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတွင် စာတန်သည် အနိုင်ယူရမည့်သူတစ်ဦး ဖြစ်လာခဲ့၏။ စာတန်သည် လူသားကို ပိုင်ဆိုင်ထားသောကြောင့်၊ ပြီးလျှင် လူသားသည် စီမံခန့်ခွဲမှုအားလုံးကို ဆောင်ရွက်ဖို့ ဘုရားသခင် အသုံးပြုသည့် အရင်းအနှီးဖြစ်သောကြောင့်၊ လူသားအနေဖြင့် ကယ်တင်ခံရဖို့ဆိုပါက၊ သူ့ကို စာတန်၏လက်ထဲမှ ပြန်လည်လုယူရမည်ဖြစ်သည်၊ ဆိုလိုသည်မှာ စာတန်၏ ဖမ်းဆီးခြင်း ခံရပြီးနောက် လူသားကို ပြန်လည်ရယူရမည်ဖြစ်၏။ ထို့ကြောင့် လူသား၏ စိတ်သဘောထားဟောင်း၌ ပြောင်းလဲမှုများနှင့် လူသား၏ မူလ ဆင်ခြင်တုံတရားကို နဂိုအတိုင်း ပြန်ဖြစ်စေခြင်းတို့မှ တစ်ဆင့် စာတန်ကို အနိုင်ယူရမည်ဖြစ်သည်။ ဤနည်းဖြင့် ဖမ်းဆီးခံထားရသော လူသားသည် စာတန်၏လက်ထဲမှ ပြန်လည်လုယူခံရနိုင်ပေသည်။ လူသားသည် စာတန်၏လွှမ်းမိုးမှုနှင့် ကျေးကျွန်ဘဝတို့မှ လွတ်မြောက်ပါက၊ စာတန်သည် အရှက်ရလိမ့်မည်၊ လူသားသည် နောက်ဆုံးတွင် ပြန်လည်ရယူခြင်း ခံရမည်ဖြစ်ပြီး၊ စာတန်သည် ရှုံးနိမ့်လိမ့်မည် ဖြစ်သည်။ ပြီးလျှင် လူသားသည် စာတန်၏ အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက်ပြီးဖြစ်သောကြောင့်၊ လူသားသည် ဤတိုက်ပွဲ တစ်ရပ်လုံး၏ လက်ရပစ္စည်းများ ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ စာတန်သည် ဤတိုက်ပွဲပြီးသည်နှင့်တစ်ပြိုင်နက် အပြစ်ပေးခံရမည့်သူ ဖြစ်ပေလိမ့်မည်၊ ယင်းနောက်တွင် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှု တစ်ရပ်လုံး ပြီးဆုံးပြီး ဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း
ငါ၏နှုတ်ကပတ်တော်များ ပြီးပြည့်စုံလာသည်နှင့်အမျှ၊ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် တဖြည်းဖြည်း ပုံဖော်လာသကဲ့သို့၊ လူသည် ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ပြန်ရောက်သွားသည်၊ ထို့ကြောင့် ငါ၏စိတ်နှလုံးထဲက နိုင်ငံတော်ကို ကမ္ဘာမြေပေါ်တွင် တည်လေသည်။ နိုင်ငံတော်ထဲတွင် ဘုရားသခင်၏ လူများအားလုံးသည် ပုံမှန်လူ၏ အသက်တာကို ပြန်လည်ရရှိကြသည်။ အလွန်အေးသော ဆောင်းရာသီသည် ကုန်ဆုံးသွားပြီး နွေဦးရာသီက တစ်နှစ်ပတ်လုံး ကြာသည့် နွေဦးမြို့တော်များနှင့်ဆိုင်သော လောကတစ်ခုဖြင့် အစားထိုးလိုက်သည်။ လူတို့သည် လူ့လောက၏ စိတ်ပျက်ဖွယ်ကောင်းခြင်း၏ ထိခိုက်ခြင်းမခံရတော့ဘဲ လူ့လောက၏ အေးသော အအေးဓာတ်ကို ကြံ့ကြံ့မခံရတော့ပေ။ လူတို့သည် တစ်ဦးနှင့်တစ်ဦး မတိုက်ခိုက်ကြပေ၊ နိုင်ငံများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်မတိုက်ကြ၊ အစုလိုက်အပြုံလိုက်လူသတ်ခြင်းနှင့် အစုလိုက်အပြုံလိုက် လူသတ်ခြင်းမှ သွေးချောင်းစီးခြင်းလည်း မရှိတော့ပေ။ မြေတစ်ပြင်လုံးသည် ဝမ်းမြောက်ခြင်းနှင့်ပြည့်နေပြီး နေရာတိုင်းတွင် လူများအကြား၌ နွေးထွေးမှုများနှင့် ပြည့်လျှံနေသည်။ ငါသည် ကမ္ဘာမြေအနှံ့ သွားသည်၊ ငါသည် ငါ့ပလ္လင်ထက်မှ မွေ့လျော်ခံစားပြီး၊ ကြယ်များအလယ်တွင် ငါ နေထိုင်သည်။ ကောင်းကင်တမန်များသည် ငါ့ကို အသစ်သောသီချင်းများနှင့် အသစ်သောအကများကို ပူဇော်ကြသည်။ ၎င်းတို့၏ ထိခိုက်လွယ်ခြင်းသည် ၎င်းတို့၏ မျက်နှာများတွင် မျက်ရည်များ မယိုစီးစေတော့ပေ။ ငါ၏ ရှေ့မှောက်တွင် ကောင်းကင်တမန်များ၏ ငိုကြွေးသံကို ငါမကြားရတော့သကဲ့သို့၊ မည်သူကမျှ ငါ့ထံသို့ ဆင်းရဲဒုက္ခနှင့်သက်ဆိုင်၍ မညည်းတွားတော့ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၀)
ဘုရားသခင်၏ လူအားလုံးသည် စုံလင်စေခြင်းခံရပြီး ကမ္ဘာမြေ၏ နိုင်ငံအားလုံး ခရစ်တော်၏ နိုင်ငံများဖြစ်လာသောအခါ၊ ယင်းသည် မိုးချုန်းသံ ခုနှစ်ချက် မြည်ဟီးသည့်အချိန် ဖြစ်လိမ့်မည်။ မျက်မှောက်ခေတ်သည် ယင်းအဆင့်ဆီသို့ ခြေလှမ်းတစ်ခု ဖြစ်သည်။ ထိုနေ့ရက်ဆီသို့ ညွှန်ကြားချက်တစ်ခုကို စေလွှတ်လိုက်ပြီး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်ပြီး၊ မဝေးသည့် အနာဂတ်တွင် ယင်းသည် အကောင်အထည်ဖော်ခြင်း ခံရလိမ့်မည်။ သို့ရာတွင် ဘုရားသခင် မိန့်မြွက်ပြီးသည့်အရာအားလုံးသည် ကိုယ်တော်အားဖြင့် ဖြစ်မြောက်အောင်မြင်ပြီး ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာမြေ၏ နိုင်ငံများသည် ပြိုလုခါနီးသော သဲထဲတွင် ဆောက်ထားသော ရဲတိုက်များသာ ဖြစ်ကြသည်မှာ ရှင်းပေသည်။ နောက်ဆုံးသောနေ့ရက်သည် ကျရောက်အံ့ဆဲဆဲရှိပြီး အဆင်းနီသော နဂါးကြီးသည် ဘုရားနှုတ်ကပတ်တော်အောက်တွင် လဲပြိုကျလိမ့်မည်။ ဘုရားသခင်၏ အစီအစဉ်သည် အောင်မြင်စွာ ပြီးဆုံးသွားသည်ကို သေချာစေရန် ကောင်းကင်တမန်များသည် လူ့လောကသို့ ဆင်းသက်လာကြပြီးဖြစ်ကာ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ၎င်းတို့ အစွမ်းကုန် စတင်၍ လုပ်ဆောင်ကြလေသည်၊ ပြီးလျှင် လူ့ဇာတိခံ ဘုရားသခင်သည် ရန်သူနှင့် စစ်ဆင်နွှဲရန် စစ်မြေပြင်သို့ ကိုယ်တော်တိုင် ရောက်ရှိလေသည်။ လူ့ဇာတိခံယူခြင်း ရှိသည့် မည်သည့်နေရာမဆိုသည် ရန်သူ မျိုးဖြုတ်ခံရသည့် နေရာ ဖြစ်သည်။ တရုတ်ပြည်သည် ဦးစွာပထမ ဖျက်ဆီးခံရမည် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ လက်တော်ဖြင့် အမြစ်ဖြတ်ချေမှုန်းခံရလိမ့်မည်။ ဘုရားသခင်သည် ယင်းကို လုံးဝ သနားညှာတာမည် မဟုတ်။ ဘုရားသခင်၏ လူများ ပို၍ ရင့်ကျက်လာသည်နှင့်အမျှ ယင်းမှာ အဆင်းနီသော နဂါးကြီးသည် ပို၍ပြိုလဲလာနေသည်ကို သက်သေပြလေသည်။ ဤသည်မှာ လူတို့အဖို့ သိသာထင်ရှားစွာ မြင်နိုင်၏။ ဘုရားသခင်၏ လူတို့၏ ရင့်ကျက်မှုသည် ရန်သူ၏ ကျဆုံးခြင်း အတိတ်နိမိတ်ဖြစ်သည်။ ဤသည်က “တိုက်ပွဲဆင်နွှဲသည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုကြောင်း ရှင်းပြချက် အနည်းငယ် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်များ၊ အခန်း (၁၀)
နိုင်ငံတစ်နိုင်ငံချင်းစီနှင့် ငါ ရွေးချယ်ထားသော လူတစ်ဦးချင်းစီသည် ငါ၏ ပလ္လင်တော်ရှေ့မှောက်သို့ ပြန်လာသောအခါတွင် လူ့လောကထံ ကောင်းကင်ဘုံ၏ ရက်ရောမှုအားလုံးကို ယင်းနှင့်အတူ ပေးအပ်မည်ဖြစ်သည်၊ ဤသို့ဖြင့် ထိုလောကသည် ငါ့ကြောင့် အတုမရှိသော ရက်ရောမှုဖြင့် ပြည့်လျှံမည်။ ကမ္ဘာလောကဟောင်း တည်ရှိစဉ်တွင် နိုင်ငံတစ်နိုင်ငံချင်းစီအပေါ် ငါ၏အမျက်ဒေါသကို လွှတ်ထုတ်ကာ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာတစ်ခုလုံးထံ လူသိရှင်ကြား ထုတ်ပြန်ကြေညာမည်ဖြစ်သည့်အပြင် ယင်းတို့ကို ဖောက်ဖျက်သည့်သူ မည်သူမဆိုသည် ပြစ်တင်ဆုံးမခြင်းခံရလိမ့်မည်။
စကြဝဠာတစ်ခုလုံးကို ငါစကားပြောသည့်အခါတွင် လူအားလုံးသည် ငါ၏ အသံတော်ကို ကြားကြသည်၊ ဆိုလိုသည်မှာ လူအားလုံးသည် စကြဝဠာတစ်ခုလုံးတွင် ငါဆောင်ရွက်ပြီးဖြစ်သည့် လုပ်ဆောင်ချက်များအားလုံးကို မြင်ကြလေသည်။ ငါ၏ ရည်ရွယ်ချက်များကို ဆန့်ကျင်သည့်သူများ၊ တစ်နည်းအားဖြင့် ဆိုသော် ငါ့အား လူ၏ လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည် ငါ၏ ပြစ်တင်ဆုံးမခြင်းအလယ်တွင် ပြိုလဲလိမ့်မည်။ ကောင်းကင်ဘုံတွင် မြောက်မြားလှစွာသော ကြယ်များကို ငါ အသစ်လဲမည်။ ငါ့ကြောင့် နေနှင့် လတို့သည် အသစ်လဲခြင်း ခံရလိမ့်မည်၊ ကောင်းကင်သည် ယခင်ကဲ့သို့ ဖြစ်တော့မည် မဟုတ်။ ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းသည် အသစ်လဲခြင်း ခံရလိမ့်မည်။ ဤအရာအားလုံးသည် ငါ၏နှုတ်ကပတ်တော်များကြောင့် ဖြစ်မြောက်လိမ့်မည်။ စကြဝဠာအတွင်းရှိ နိုင်ငံအားလုံးသည် အသစ်တစ်ဖန် ပိုင်းခြားကန့်သတ်ခြင်းခံရမည် ဖြစ်ပြီး ငါ့နိုင်ငံတော်၏ အစားထိုးခြင်းကို ခံရလိမ့်မည်၊ ဤသို့ဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံများသည် ထာဝရ ကွယ်ပျောက်သွားမည်ဖြစ်ပြီး ငါ့ကို ကိုးကွယ်သည့် နိုင်ငံတော်တစ်ခုတည်းသာ ရှိလိမ့်မည်။ ကမ္ဘာ၏ နိုင်ငံများအားလုံးသည် ဖျက်ဆီးခြင်း ခံရမည်ဖြစ်ကာ တည်ရှိတော့မည်မဟုတ်ပေ။ စကြဝဠာအတွင်းရှိ လူသားများတွင် နတ်ဆိုးများနှင့်ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ စာတန်ကို ကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးအလယ်တွင် ပြိုလဲကြလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် ရေစီးကြောင်း အတွင်း၌ရှိသော သူများမှလွဲ၍ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူတစ်ဦးချင်းစီကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးအသိုင်းအဝိုင်း၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ၏ လုပ်ဆောင်ဆောင်ချက်များအားဖြင့် သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် “သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက်ရှိခြင်း” သည် ရောက်ရှိလာပြီးဖြစ်ကြောင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ အမျိုးအစားအလိုက် မျိုးတူစုထားခြင်းခံရမည် ဖြစ်ပြီး သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းအမျိုးမျိုးကို ခံကြရမည်။ ငါ့ကို အတိုက်အခံလုပ်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ ပြုမူခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် တိုင်းနိုင်ငံအသင်္ချေနှင့် လူအသင်္ချေတို့ထံသို့ ငါ ပေါ်ထွန်းမည် ဖြစ်ပြီး ကမ္ဘာပေါ်တွင် ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူတို့အားလုံး ဤအရာကို သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြဖို့ ခွင့်ပြုရန်အလို့ငှာ ငါကိုယ်တော်တိုင်၏ အသံတော်ကို ဖော်ပြမည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆)