၃။ လူ့ဇာတိခံဘုရားသခင်၏ အမှုတော်နှင့် ဝိညာဉ်တော်၏ အမှုတော်ကြားတွင် မည်သည့်ကွဲပြားမှုများရှိသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“တဖန်တုံ၊ ကိုယ်တော်၏ ဘုန်းကိုအကျွန်ုပ်အား ပြတော်မူပါ၏။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊ ထာဝရဘုရားက ငါ၏ကောင်းမွန်ခြင်းရှိသမျှကို သင့်ရှေ့၌ ငါရှောက်သွားစေမည်။ ထာဝရ ဘုရား၏နာမတော်ကိုလည်း၊ သင့်ရှေ့၌ ငါကြွေးကြော်မည်။ ငါသည် ကျေးဇူးပြုလိုသော သူကို ကျေးဇူး ပြုမည်။ သနားလိုသောသူကိုလည်းသနားမည်။ သို့ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကို မြင်လျှင် အသက်ရှင်ရသော လူတစုံ တယောက်မျှမရှိဟူ၍၎င်း။” (ထွ ၃၃:၁၈-၂၀)

“ထာဝရဘုရားသည်လည်း သိနာတောင်ထိပ်ပေါ်သို့ ဆင်းသက်၍၊ မောရှေကို တောင်ထိပ်ပေါ်သို့ ခေါ်တော်မူလျှင်၊ မောရှေသည် တက်လေ၏။ ထာဝရဘုရားကလည်း၊ လူတို့သည် ကြည့်ရှုခြင်းငှာ ထာဝရဘုရားထံသို့ ကျော်ဝင်၍၊ အများတို့သည် သေကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့် ဆင်း၍ သတိပေးလော့။ ထာဝရဘုရားထံသို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည်လည်း၊ ကိုယ်ကိုကိုယ် သန့်ရှင်းစေရမည်။ သို့မဟုတ် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူမည်ဟု မောရှေအား မိန့်တော်မူ၏။” (ထွ ၁၉:၂၀-၂၂)

“လူအပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့် ရွှေ့၍ အဝေး၌ ရပ်နေကြ၏။ မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ၏။” (ထွ ၂၀:၁၈-၁၉)

“ထိုအခါကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန်ချီးမြှောက်ဦးမည်ဟုလာ၏။ ဝန်းရံလျက်ရှိသော လူအစုအဝေးတို့သည်ကြားလျှင် မိုဃ်းချုန်းသည်ဟုဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန်မြွက်သည်ဟု ဆိုကြ၏။” (ယော ၁၂:၂၈-၂၉)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် တိုးဝင်ချဉ်းကပ်နိုင်ခြင်းလည်း မရှိသည့်အတွက်၊ ဘုရားသခင်၏ လူကိုကယ်တင်ခြင်းသည် ဝိညာဉ်တော်၏ နည်းစနစ်နှင့် ဝိညာဉ်တော်၏ ပင်ကိုလက္ခဏာတို့ကို တိုက်ရိုက် အသုံးပြု၍ လုပ်ဆောင်ခြင်း မဟုတ်ပေ။ သူ့အနေဖြင့် ဝိညာဉ်တော်၏ ပြုမူပုံကို တိုက်ရိုက် အသုံးပြုလျက် လူသားကို ကယ်တင်ရန် ကြိုးစားခဲ့ပါက၊ လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံ လူသားတစ်ဦး၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက၊ လူသားအတွက် ဤကယ်တင်ခြင်းကို ရရှိဖို့ မဖြစ်နိုင်ပေ။ အကြောင်းမှာ မည်သူ တစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်အနီးသို့ မသွားနိုင်ကြသလောက်၊ လူသည် သူ့ကို ချဉ်းကပ်ခြင်းငှာ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူဖြစ်လာတော့မည့် ဇာတိခန္ဓာအထဲသို့ ထားရှိခြင်းအားဖြင့်သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ အမှုပြုစေနိုင်ပေသည်။ ထိုအခါမှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ မြင်နိုင်ကာ ကြားနိုင်သည့်အပြင်၊ သူ၏နှုတ်ကပတ်တော် ပိုင်ဆိုင်ခြင်းထဲသို့ ဝင်ရောက်နိုင်ပြီး၊ ဤနည်းဖြင့် အပြည့်အဝ ကယ်တင်ခံရနိုင်ပေသည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက၊ အသွေးအသားရှိသော မည်သူကမျှ ထိုသို့သော ကြီးမြတ်သည့် ကယ်တင်ခြင်းကို ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ မည်သည့်လူသားတစ်ဦး တစ်ယောက်ကမျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူမျိုးနွယ်အလယ်တွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက၊ လူသားမျိုးနွယ်အားလုံးသည် ဒဏ်ခတ်ခံရမည် ဖြစ်သည် သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် မဖြစ်နိုင်ဘဲလျက်၊ ၎င်းတို့သည် စာတန်၏ လုံးဝ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရကြမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

လူ့ဇာတိ၌ ဘုရားသခင်၏ အမှုတွင် မစဉ်းစားနိုင်သော အခက်အခဲများစွာ ပါဝင်သော်လည်း၊ နောက်ဆုံးတွင် ယင်းက စွမ်းဆောင်ရရှိသည့် အကျိုးတရားများသည် ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သော အမှု၏ အကျိုးတရားများထက် သာလွန် များပြားသည်။ လူ့ဇာတိ၏ အမှုသည် များစွာသော အခက်အခဲများ ဖြစ်ပေါ်စေပြီး၊ လူ့ဇာတိသည် ဝိညာဉ်တော်ကဲ့သို့ အလားတူ သြဇာအာဏာကို ပိုင်ဆိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်ကဲ့သို့ ကြီးမြတ်သည့် တူညီသော ပင်ကိုလက္ခဏာ မပိုင်ဆိုင်နိုင်၊ ဝိညာဉ်တော်ကဲ့သို့ တူညီသော သဘာဝလွန် လုပ်ဆောင်ချက်များကို မဆောင်ရွက်နိုင်ပေ။ သို့သော်လည်း ထူးခြားမှု မရှိသော ဤဇာတိခန္ဓာက လုပ်ဆောင်သောအမှု၏ အနှစ်သာရသည် ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သော အမှု၏ အနှစ်သာရ ထက်သာ၍ များစွာသာလွန်ပြီး၊ ဤလူ့ဇာတိ ကိုယ်တိုင်သည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ လိုအပ်ချက်များအဖို့ အဖြေ ဖြစ်လေသည်။ ကယ်တင်ခြင်းခံရမည့် သူများအတွက် ဝိညာဉ်တော်၏ အသုံးပြုနိုင်သော တန်ဖိုးသည် လူ့ဇာတိကို အသုံးပြုနိုင်သည့် တန်ဖိုးထက် များစွာ နိမ့်ကျသည်။ ဝိညာဉ်တော်၏ အမှုသည် စကြဝဠာ တစ်ခုလုံး၊ တောင်တန်းများ၊ မြစ်များ၊ ရေကန်များနှင့် သမုဒ္ဒရာများ အားလုံးအနှံ့ ခြုံငုံနိုင်သော်လည်း၊ လူ့ဇာတိ၏ အမှုသည် သူနှင့် ထိတွေ့သော လူတိုင်းနှင့် သာ၍ ထိရောက်စွာ နှီးနွှယ်လေသည်။ ထို့အပြင် လက်ဆုပ်လက်ကိုင် ပြ၍ရသည့် ပုံသဏ္ဌာန်ဖြင့် ဘုရားသခင်၏ လူ့ဇာတိကို လူသားက ပို၍နားလည်နိုင်ပြီး ပို၍ယုံကြည်နိုင်ကာ၊ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာကို သာ၍နက်သည်ထက် နက်လာနိုင်စေပြီး၊ ဘုရားသခင်၏ တကယ့် လုပ်ဆောင်ချက်များ နှင့်ဆိုင်သော သာ၍နက်နဲသည့် ထင်မြင်ချက်များကို လူသားအပေါ် ချန်ထားနိုင်ပေသည်။ ဝိညာဉ်တော်၏ အမှုသည် နက်နဲမှုဖြင့် ပိတ်ဖုံးနေပြီး၊ သေမျိုးတို့အတွက် နားလည်ရန် ခက်ခဲကာ၊ တွေ့မြင်နိုင်ရန် သာ၍ပင်ခက်ခဲလေသည်၊ ထို့ကြောင့် ၎င်းတို့သည် အနှစ်မဲ့သော စိတ်ကူးစိတ်သန်းများ အပေါ်တွင်သာ မှီခိုနိုင်ကြလေသည်။ သို့ရာတွင် လူ့ဇာတိ၏ အမှုသည် ပုံမှန်ဖြစ်ပြီး၊ လက်တွေ့အရှိတရားအပေါ်တွင် အခြေခံကာ ကြွယ်ဝသော ဉာဏ်ပညာကို ပိုင်ဆိုင်သကဲ့သို့၊ လူသား၏ ရုပ်ခန္ဓာမျက်လုံးဖြင့် ရှုမြင်၍ရသည့် အမှန်တရားတစ်ခု ဖြစ်သည်။ လူသည် ဘုရားသခင့်အမှု၏ ဉာဏ်ပညာကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားနိုင်ကာ သူ၏ ပေါများလှသော စိတ်ကူးစိတ်သန်းများကို အသုံးချရန် မလိုအပ်ပေ။ ဤသည်မှာ လူ့ဇာတိ၌ ဘုရားသခင့်အမှု၏ တိကျမှန်ကန်မှုနှင့် စစ်မှန်သောတန်ဖိုး ဖြစ်သည်။ ဝိညာဉ်တော်သည် လူတို့ မမြင်နိုင်သကဲ့သို့ လူတို့ တွေးထင်ရန် ခက်ခဲသောအရာများ၊ ဥပမာအားဖြင့် ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း၊ ဝိညာဉ်တော်၏ တို့ထိခြင်းနှင့် ဝိညာဉ်တော်၏ လမ်းပြခြင်းတို့ကိုသာ လုပ်ဆောင်နိုင်သည်၊ သို့ရာတွင် ဉာဏ်ရှိသော လူသားအတွက် ဤအရာတို့သည် မည်သည့် ရှင်းလင်းသော အဓိပ္ပာယ်ကိုမျှ မပေးချေ။ ယင်းတို့သည် စိတ်ထိခိုက်စေသော သို့မဟုတ် ကျယ်ပြန့်သော အဓိပ္ပာယ်ကိုသာ ပေးပြီး၊ နှုတ်ကပတ်တော်များဖြင့် ညွှန်ကြားချက် တစ်ခုကို မပေးနိုင်ပေ။ သို့သော် လူ့ဇာတိ၌ ဘုရားသခင်၏အမှုမှာမူ အလွန် ကွာခြား၏။ ယင်းသည် နှုတ်ကပတ်တော်များ၏ တိကျမှန်ကန်သော လမ်းပြမှု ပါဝင်သည်၊ ရှင်းလင်းသော အလိုတော်နှင့် ရှင်းလင်းသော လိုအပ်သည့် ရည်မှန်းချက်ပန်းတိုင်များ ရှိသည်။ သို့ဖြစ်၍ လူသည် မှန်းဆချက်များကို ပြုလုပ်ရန်မဆိုထားနှင့်၊ စမ်းတဝါးဝါးပင် သွားလာနေစရာ၊ သို့မဟုတ် ၎င်း၏ စိတ်ကူးစိတ်သန်းများကို အသုံးပြုစရာ မလိုပေ။ ဤသည်မှာ လူ့ဇာတိ၌ရှိသည့် အမှု၏ ရှင်းလင်းပြတ်သားမှု ဖြစ်ပြီး ဝိညာဉ်တော်၏ အမှုမှ ယင်း၏ ကြီးမားသော ကွာခြားမှု ဖြစ်သည်။ ဝိညာဉ်တော်၏အမှုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခု အတွက်သာ သင့်လျော်ပြီး၊ လူ့ဇာတိ၏အမှုကို အစားမထိုးနိုင်ပေ။ လူ့ဇာတိ၏အမှုသည် ဝိညာဉ်တော်၏အမှုထက် လူသားကို အလွန်တရာ ပို၍ တိကျပြီး လိုအပ်သော ရည်မှန်းချက်ပန်းတိုင်များနှင့် များစွာ ပို၍ စစ်မှန်၊ တန်ဖိုးရှိသော အသိပညာကို ပေးလေသည်။ ဖောက်ပြန်ပျက်စီးသော လူသားအဖို့ အကြီးမားဆုံးသော တန်ဖိုးရှိသည့် အမှုသည် လိုက်စားရန် တိကျမှန်ကန်သော နှုတ်ကပတ်တော်များ၊ ရှင်းလင်းသော ပန်းတိုင်များကို ထောက်ပံ့ပေးသောအမှုဖြစ်ပြီး မြင်၍ရကာ ထိတွေ့၍ရသော အမှုဖြစ်သည်။ လက်တွေ့ကျသောအမှုနှင့် အချိန်မီလမ်းပြမှုတို့သည်သာ လူသား၏အကြိုက်များနှင့် ကိုက်ပြီး၊ စစ်မှန်သော အမှုသည်သာ လူကို သူ၏ ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဤအရာကို လူ့ဇာတိခံ ဘုရားသခင်အားဖြင့်သာ စွမ်းဆောင် ရရှိနိုင်ပေသည်။ လူ့ဇာတိခံ ဘုရားသခင်သာလျှင် လူသားကို ၎င်း၏ ယခင်က ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဝိညာဉ်တော်သည် ဘုရားသခင်၏ ရှိရင်းစွဲ အနှစ်သာရ ဖြစ်သော်လည်း၊ ဤသို့သောအမှုကို သူ၏လူ့ဇာတိဖြင့်သာ လုပ်ဆောင်နိုင်ပေသည်။ အကယ်၍ ဝိညာဉ်တော်သည် တစ်ဦးတည်း အလုပ်လုပ်မည်ဆိုပါက၊ သူ၏အမှုသည် အကျိုးသက်ရောက်မှုရှိရန် ဖြစ်နိုင်မည် မဟုတ်ပေ- ဤသည်မှာ ရှင်းလင်းသော အမှန်တရား ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

သမ္မာတရားကို ရှာဖွေကာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တောင့်တသောသူ အားလုံးအတွက်၊ ဝိညာဉ်တော်၏ အမှုသည် တို့ထိမှု သို့မဟုတ် လှုံ့ဆော်မှု၊ ပြီးလျှင် ရှင်းပြ၍မရနိုင်သကဲ့သို့ မတွေးတတ်သော အံ့သြဖွယ်ခံစားချက်တစ်ခုနှင့် ကြီးမြတ်သော၊ ထူးကဲသာလွန်သကဲ့သို့ နှစ်လိုဖွယ်ကောင်းသော်လည်း အားလုံးအဖို့ ရယူရန်မဖြစ်နိုင်သကဲ့သို့ မရရှိနိုင်သောအရာလည်း ဖြစ်သည့် ခံစားချက်တစ်ခုကိုသာ ပေးနိုင်သည်။ လူသားနှင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် ၎င်းတို့ကြားတွင် ကြီးမားသည့် အကွာအဝေးတစ်ခု ရှိသည့်အလား၊ အဝေးမှသာ အချင်းချင်း ကြည့်ရှုနိုင်ကြပြီး၊ လူသားနှင့် ဘုရားသခင်တို့သည် မမြင်ရသော အပိုင်းအခြားတစ်ခုဖြင့် ခွဲခြားခံထားရသည့်နှယ် ၎င်းတို့သည် မည်သည့်အခါမျှ တူညီနိုင်ခြင်းမရှိပေ။ အမှန်တွင် ဤသည်မှာ ဝိညာဉ်တော်က လူသားကိုပေးထားသော အတွေးမှားတစ်ခု ဖြစ်သည်၊ ယင်းမှာ ဝိညာဉ်တော်နှင့် လူသားသည် တစ်မျိုးတစ်စားတည်း မဟုတ်သကဲ့သို့၊ ဝိညာဉ်တော်နှင့် လူသားတို့သည် လောကတစ်ခုတည်းတွင် မည်သည့်အခါမျှ ယှဉ်တွဲနေထိုင်မည် မဟုတ်သောကြောင့် ဖြစ်ပြီး၊ ဝိညာဉ်တော်သည် လူနှင့်ဆိုင်သောအရာ မည်သည့်အရာမျှ မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်တော်သည် လူသားက အလိုအပ်ဆုံးသော အမှုကို တိုက်ရိုက် မလုပ်ဆောင်နိုင်သည့်အတွက်၊ လူသားသည် ဝိညာဉ်တော်၏ လိုအပ်ချက် မရှိပေ။ လူ့ဇာတိ၏အမှုသည် လိုက်စားရမည့် စစ်မှန်သော ရည်မှန်းချက်များ၊ ရှင်းလင်းသော နှုတ်ကပတ်တော်များနှင့် သူသည် စစ်မှန်ကာ ပုံမှန်ဖြစ်သည်ဟူသော ခံစားမှုတစ်ခု၊ သူသည် နှိမ့်ချပြီး သာမန်ဖြစ်သည်ဟူသော ခံစားမှုတို့ကို လူသားကို ပေးသည်။ လူသားသည် သူ့ကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်သော်လည်း၊ လူအများစုအတွက် သူသည် နားလည်သဘောပေါက်ဖို့ လွယ်ကူသည်။ လူသားသည် သူ၏ မျက်နှာကို ရှုမြင်နိုင်ပြီး၊ သူ၏အသံကိုကြားနိုင်ကာ သူ့ကို အဝေးမှကြည့်ရန် မလိုအပ်ပေ။ ဤလူ့ဇာတိသည် လူသားကဲ့သို့ တူညီသော ကမ္ဘာလောကထဲတွင် ရှိသည့်အတွက်၊ ဤလူ့ဇာတိသည် လူသားအဖို့ ချဉ်းကပ်၍ရနိုင်သည်၊ မဝေးကွာဘဲ သို့မဟုတ် နားမလည်နိုင်စရာ မဟုတ်ဘဲ၊ မြင်၍ရနိုင်သကဲ့သို့ ထိတွေ့၍ရနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

ဘုရားသခင်သည် လူ့ဇာတိခံမယူခဲ့သေးချိန်တွင်၊ သူ၏ နှုတ်ကပတ်တော်များသည် ပြီးပြည့်စုံသည့် ဘုရားသဘာဝမှ လာသောကြောင့် သူပြောသော အရာများစွာကို လူတို့ နားမလည်ခဲ့ကြပေ။ သူ ပြောဆိုသော အရာ၏ ရှုထောင့်နှင့် ဆက်စပ်အကြောင်းအရာတို့သည် လူသားမျိုးနွယ်အဖို့ မြင်၍မရနိုင်သကဲ့သို့ လက်လှမ်းမမီနိုင်ချေ။ ယင်းကို လူတို့မမြင်နိုင်သော ဝိညာဉ်လောကတစ်ခုမှ ဖော်ပြထားပေသည်။ ဇာတိပကတိ၌ အသက်ရှင်ခဲ့သော လူတို့အတွက်၊ ၎င်းတို့သည် ဝိညာဉ်လောကကို ဖြတ်သန်း မသွားနိုင်ခဲ့ချေ။ သို့သော် ဘုရားသခင် လူ့ဇာတိ ခံယူပြီးသည့်နောက်တွင်၊ သူသည် လူသားမျိုးနွယ်ကို လူ့သဘာဝ၏ ရှုထောင့်မှ စကားပြောခဲ့ပြီး ဝိညာဉ်လောက၏ နယ်ပယ်မှ သူထွက်လာကာ ကျော်လွန်သွားခဲ့သည်။ သူသည် လူသားမျိုးနွယ်အား ဘုရားသခင်ကို နားလည်ကာ သိရှိခွင့်ပေးဖို့၊ ၎င်းတို့၏ လုပ်နိုင်စွမ်း နယ်ပယ်အတွင်းနှင့် ၎င်းတို့တတ်နိုင်သည့် အတိုင်းအတာထိ သူ၏ရည်ရွယ်ချက်နှင့် သူ သတ်မှတ်ထားသော စံနှုန်းများကို သဘောပေါက်ခွင့်ပေးဖို့ လူတို့ စိတ်ကူးနိုင်သော အရာများ၊ ၎င်းတို့၏ အသက်တာများ၌ ၎င်းတို့မြင်ခဲ့ပြီး ကြုံခဲ့ရသောအရာများမှတစ်ဆင့်၊ ပြီးလျှင် လူသားတို့ လက်ခံနိုင်သော နည်းလမ်းတို့ကို အသုံးပြုရင်း၊ ၎င်းတို့ နားလည်နိုင်သော ဘာသာစကားတစ်ခုနှင့် ၎င်းတို့ သဘောပေါက်နိုင်သော အသိပညာဖြင့် သူ၏ ဘုရားသဘောသဘာဝ စိတ်သဘောထား၊ အလိုတော်နှင့် သဘောထားတို့ကို သူဖော်ပြနိုင်ခဲ့သည်။ ဤသည်မှာ လူ့သဘာဝထဲက ဘုရားသခင်၏ အမှု၏ နည်းလမ်းနှင့် အခြေခံသဘောတရားများ ဖြစ်သည်။ ဘုရားသခင်၏ နည်းလမ်းများနှင့် လူ့ဇာတိ၌ သူ၏ အမှုပြုခြင်း အခြေခံသဘောတရားတို့သည် လူ့သဘာဝအားဖြင့်၊ သို့မဟုတ် လူ့သဘာဝမှတစ်ဆင့် အများစု စွမ်းဆောင် ရရှိခဲ့သော်လည်း၊ ယင်းသည် ဘုရား၏သဘောသဘာဝဖြင့် တိုက်ရိုက် အမှုပြုခြင်းအားဖြင့် မရရှိနိုင်သော ရလဒ်တို့ကို အမှန်ရရှိခဲ့လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ယခုတွင် လူသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုက ဧကန်အမှန် ထူးခြားသကဲ့သို့၊ ထိုအထဲတွင် လူသားက ကြိုးပမ်းမရရှိနိုင်သောအရာ အများအပြား ရှိကာ၊ နက်နဲမှုများနှင့် အံ့သြဖွယ်ရာများ ရှိသည်ကို မြင်ရလေသည်။ သို့ဖြစ်ရာ များစွာတို့သည် ကျိုးနွံနာခံကြပြီးဖြစ်သည်။ အချို့သောသူများသည် ၎င်းတို့မွေးဖွားသည့် နေ့ရက်ကတည်းက မည်သည့်လူကိုမျှ ကျိုးနွံနာခံဖူးခြင်း မရှိဘဲ၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့မြင်သည့်အခါ၊ ၎င်းတို့ ထိုသို့ပြုမူသည်ကို သတိမထားမိဘဲ အပြည့်အဝ ကျိုးနွံနာခံကြပြီး၊ အခြားမည်သည့်အရာကိုမျှ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် သို့မဟုတ် ပြောဆိုရန် အရဲမစွန့်ကြချေ။ လူသားမျိုးနွယ်သည် နှုတ်ကပတ်တော် အောက်သို့ ကျရောက်ကြပြီးဖြစ်ကာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်း အောက်တွင် ပျပ်ဝပ်လျက် ရှိနေသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသားထံ တိုက်ရိုက်စကားပြောဆိုခဲ့ပါက၊ လူသားမျိုးနွယ်သည် ဒမာသက်မြို့သို့ သွားရာလမ်းတွင် ပေါလုသည် အလင်းရောင်ထဲ၌ မြေကြီးပေါ် လဲကျသွားသကဲ့သို့ပင်၊ ထုတ်ဖော်ပြခြင်း နှုတ်ကပတ်တော်များမရှိဘဲ လဲကျလျက်၊ အားလုံးက အသံတော်ကို ကျိုးနွံနာခံကြပေမည်။ ဘုရားသခင်သည် ဤနည်းဖြင့် ဆက်လက်အမှုပြုခဲ့ပါက၊ လူသည် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်း မှတစ်ဆင့် သူ၏ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို မည်သည့်အခါမျှ သိလာနိုင်မည် မဟုတ်သကဲ့သို့၊ ထိုသို့ဖြင့် ကယ်တင်ခြင်းကို ရရှိမည် မဟုတ်ပေ။ လူ့ဇာတိခံယူခြင်းမှ တစ်ဆင့်သာလျှင်၊ နားရှိသော သူအားလုံးတို့သည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး နှုတ်ကပတ်တော်အားဖြင့် သူ၏ တရားစီရင်ခြင်းအမှုကို ရရှိနိုင်ကြဖို့အလို့ငှာ၊ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို လူသားအယောက်စီတိုင်း၏ နားများထဲသို့ ကိုယ်တိုင်ကိုယ်ကျ ပေးပို့နိုင်သည်။ ဤအရာသည်သာ လူသားကို ကျိုးနွံနာခံစေခြင်း အဖြစ်သို့ ခြောက်လှန့်ရန် ဝိညာဉ်တော်က ထင်ရှားခြင်းထက်၊ သူ၏နှုတ်ကပတ်တော်အားဖြင့် စွမ်းဆောင်ရရှိသောရလဒ် ဖြစ်သည်။ လူသည် အသိအမှတ်ပြုပြီး ပြောင်းလဲနိုင်ရန် အလို့ငှာ၊ နှစ်ပေါင်းများစွာ အတွင်းတွင် နက်ရှိုင်းစွာ ကွယ်ဝှက်ထားသည့် လူ၏ စိတ်သဘောထားဟောင်းများကို အပြည့်အဝ ဖော်ထုတ် ပေးနိုင်သည်မှာ၊ ဤလက်တွေ့ကျသော်လည်း ထူးခြားသည့် အမှုမှတစ်ဆင့်သာ ဖြစ်ပေသည်။ ဤအရာများသည် လက်တွေ့ကျသည့် နည်းဟန်ဖြင့် စကားပြောဆိုခြင်းနှင့် တရားစီရင်ခြင်းကို စီမံဆောင်ရွက်သည့် လူ့ဇာတိခံ ဘုရားသခင်၏ လက်တွေ့ကျသော အမှုအားလုံးဖြစ်သည်၊ သူသည် လူအပေါ် တရားစီရင်ခြင်း၏ ရလဒ်များကို နှုတ်ကပတ်တော်အားဖြင့် စွမ်းဆောင်ရရှိသည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်၏ ဩဇာအာဏာနှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော အရေးပါမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

တရားစီရင်ခြင်းကို ခံရသူမှာ လူသား၊ ဇာတိခန္ဓာရှိပြီး၊ ဖောက်ပြန်ပျက်စီးပြီးဖြစ်သော လူသားဖြစ်ကာ၊ တိုက်ရိုက် တရားစီရင်ခြင်းခံရသည့်သူမှာ စာတန်၏ ဝိညာဉ် မဟုတ်သောကြောင့်၊ တရားစီရင်ခြင်းအမှုကို ဝိညာဉ်ရေးရာလောက၌ ဆောင်ရွက်သည် မဟုတ်ဘဲ၊ လူသားအလယ်တွင် လုပ်ဆောင်ခြင်း ဖြစ်ပေသည်။ လူသား၏ ဇာတိပကတိ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်ခြင်း အမှုအတွက် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ထက် မည်သူမျှ သာ၍ မသင့်တော်သကဲ့သို့ သာ၍ အရည်အချင်းမပြည့်မီပေ။ အကယ်၍ တရားစီရင်မှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက် ဆောင်ရွက်ခဲ့မည်ဆိုပါက၊ အလုံးစုံခြုံငုံမိမည် မဟုတ်ပေ။ ထို့အပြင်၊ လူသားသည် ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်၏ စိတ်သဘောထားကို သာ၍ ရှင်းလင်းစွာ ရှုမြင်နိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်သည် လူသားထံ မျက်နှာချင်းဆိုင် မလာနိုင်သည့်အတွက်၊ ထိုသို့သောအမှုကို လူသားအနေဖြင့် လက်ခံရန် ခက်ခဲမည် ဖြစ်ပြီး၊ ဤအရာကြောင့် အကျိုးသက်ရောက်မှုများကို ချက်ချင်းရရှိမည် မဟုတ်ပေ။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝ အနိုင်ယူနိုင်ပေသည်။ လူသားကဲ့သို့ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်သည့်နည်းတူ၊ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက် တရားစီရင်ဆုံးဖြတ်နိုင်သည်၊ ဤသည်မှာ သူ၏ရှိရင်းစွဲ သန့်ရှင်းမှုနှင့် သူ၏သာမန်ထက်ထူးခြားမှု၏ အမှတ်လက္ခဏာ ဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်သောကြောင့် လူသားကို တရားစီရင်နိုင်သည့်အတွက်၊ သူသာလျှင် လူသားကို တရားစီရင်ရန် အရည်အချင်းပြည့်မီကာ တရားစီရင်နိုင်သည့် အနေအထားတွင်ရှိသည်။ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းမရှိသော သူတို့သည် အခြားသူများကို တရားစီရင်ရန် မသင့်တော်ပေ။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက၊ ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဟု အဓိပ္ပာယ်ရမည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက် ပင်ကိုအားဖြင့် သာ၍ ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ပင်ကိုအားဖြင့် သန့်ရှင်းကာ လူ့ဇာတိအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ခဲ့ပါက၊ သူ့အနေဖြင့် လူသား၏ မနာခံမှုအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ လူသား၏ မဖြောင့်မတ်မှု အားလုံးကို ထုတ်ဖော်ပြနိုင်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တရားစီရင်ခြင်း အမှုကို လူသား၏ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများမှတစ်ဆင့်လည်း ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ လူသားသည် ဝိညာဉ်တော်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ မရှိသည့်အတွက် ဖြစ်သည်၊ ထို့ကြောင့် ဝိညာဉ်တော်သည် ထိုသို့သော မဖြောင့်မတ်မှုကို လုံးဝ ဖွင့်ချရန်မဆိုထားနှင့်၊ လူသား၏ မဖြောင့်မတ်မှုကိုပင် သာ၍ကောင်းစွာ ထုတ်ဖော်ပြနိုင်စွမ်း မရှိပေ။ လူ့ဇာတိခံ ဘုရားသခင်သည် သူ့ကို မသိသောသူများ အားလုံး၏ ရန်သူ ဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများအား တရားစီရင်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ လူ့ဇာတိ၌ သူ့အမှု၏ အကျိုးတရားများသည် ဝိညာဉ်တော် အမှု၏ အကျိုးတရားများထက် ပို၍ သိသာထင်ရှားလေသည်။ ထို့ကြောင့် လူသားမျိုးနွယ် တစ်ရပ်လုံးကို တရားစီရင်ခြင်းအား ဝိညာဉ်တော်က တိုက်ရိုက်မဆောင်ရွက်ဘဲ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုဖြစ်လေသည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ကို လူသားက မြင်ကာ ထိတွေ့နိုင်ပြီး လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားကို လုံးဝ သိမ်းပိုက်နိုင်သည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်နှင့် သူ၏ဆက်ဆံရေးတွင်၊ လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှဉ်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆများမှ အသိပညာသို့၊ ပြီးလျှင် ငြင်းပယ်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်သွားသည်- ဤသည်တို့မှာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကျိုးတရားများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံခြင်းမှတစ်ဆင့်သာ ကယ်တင်ခြင်း ခံရသည်၊ ဘုရားသခင်၏ နှုတ်ထွက် စကားများမှတစ်ဆင့်သာ လူသားသည် ဘုရားသခင်ကို တဖြည်းဖြည်း သိလာသည်၊ လူသည် ဘုရားသခင်ကို သူ၏ ဆန့်ကျင်ခြင်း အတောအတွင်းတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုကို လက်ခံခြင်း အတောအတွင်းတွင် အသက်အထောက်အပံ့ကို ဘုရားသခင်ထံမှ လူသားက ရရှိပေသည်။ ဤအမှုအားလုံးသည် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဝိညာဉ်တော်အဖြစ် သူ၏ပင်ကိုလက္ခဏာ၌ ရှိသည့် ဘုရားသခင်၏ အမှု မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

လူ့ဇာတိ၌ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ နောက်ပိုင်းတွင် သူ၏ နောက်လိုက်များသည် လူ့ဇာတိ၌ သူ၏ အမှုအားလုံးနှင့် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် သူ၏ အလိုကို ဤလမ်းခရီးအား လက်ခံသောသူတို့ထံ သာ၍ တိကျမှန်ကန်စွာနှင့် သာ၍ ခိုင်မာစွာ လက်ဆင့်ကမ်းနိုင်ကြဖို့အလို့ငှာ၊ သူသည် တိကျမှန်ကန်သော နှုတ်ကပတ်တော်များနှင့် တိုက်တွန်းနှိုးဆော်မှုများ၊ ပြီးလျှင် လူသားမျိုးနွယ်အတွက် သူ၏ အလိုတို့ကို သူ၏နောက်လိုက်သူများထံ ချန်ထားနိုင်ခြင်း ဖြစ်သည်။ လူ၏အလယ် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏အမှုသည်သာ ဘုရားသခင်၏ဖြစ်ခြင်းနှင့် လူသားတို့နှင့် အတူတကွ နေထိုင်ခြင်းတို့နှင့်ဆိုင်သည့် အမှန်တရားကို အမှန်တကယ် ပြီးမြောက်လေသည်။ ဤအမှုသည်သာ ဘုရားသခင်၏ မျက်နှာကို ရှုမြင်ရန်၊ ဘုရားသခင်၏ အမှုကို မျက်မြင်တွေ့ကြုံရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားရန်ဖြစ်သည့် လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေသည်။ လူ့ဇာတိခံ ဘုရားသခင်သည် ယေဟောဝါ၏ ကျောပြင်သာ လူသားမျိုးနွယ်ထံသို့ ပေါ်လာသည့်ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းပြီး၊ မရေရာသော ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်မှုခေတ်ကိုလည်း နိဂုံးချုပ်ပေးသည်။ အထူးသဖြင့် နောက်ဆုံးလူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို သာ၍စစ်မှန်၊ သာ၍လက်တွေ့ကျသကဲ့သို့၊ သာ၍ နှစ်သက်ဖွယ်ကောင်းသော ခေတ်တစ်ခေတ်ထဲသို့ ဆောင်ကြဉ်းလေသည်။ သူသည် ပညတ်တော်နှင့် အယူဝါဒခေတ်ကို အဆုံးသတ်သည်သာမက၊ သာ၍အရေးကြီးသည်မှာ သူသည် လူသားမျိုးနွယ်ထံ စစ်မှန်ပြီး ပုံမှန်ဖြစ်သည့်၊ ဖြောင့်မတ်ပြီး သန့်ရှင်းသည့်၊ စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သည့် အမှုကို ဖော်ထုတ်ပြီး လူသားမျိုးနွယ်၏ နက်နဲမှုများနှင့် ခရီးပန်းတိုင်တို့ကို ပြသသည့်၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲခြင်းအမှုကို အဆုံးသတ်သို့ ဆောင်ကြဉ်းသကဲ့သို့၊ နှစ်ထောင်ပေါင်းများစွာ ကွယ်ဝှက်လျက် ရှိလေပြီးသည့် ဘုရားသခင် တစ်ပါးကို ထုတ်ဖော်ပြလေသည်။ မရေရာခြင်း၏ ခေတ်ကို သူသည် လုံးဝအဆုံးသတ်ကာ၊ လူသားမျိုးနွယ်တစ်ရပ်လုံးက ဘုရားသခင်၏ မျက်နှာကို ရှာဖွေလိုသော်လည်း၊ မရှာဖွေနိုင်ခဲ့သည့်ခေတ်ကို နိဂုံးချုပ်သည်၊ သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးက စာတန်ကို အစေခံသည့်ခေတ်ကို အဆုံးသတ်ပြီး၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို လုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ တစ်လျှောက်လုံး ဦးဆောင်လေသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်ကိုယ်စား လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်၏အမှု ရလဒ် ဖြစ်သည်။ ဘုရားသခင်သည် သူ၏လူ့ဇာတိ၌ အမှုပြုချိန်တွင်၊ သူ၏နောက်လိုက်များသည် ရှိပုံပေါ်သလို မရှိပုံလည်း ပေါ်သည့် ထိုအရာများနောက်သို့ မရှာဖွေတော့သကဲ့သို့ စမ်းတဝါးဝါး မသွားလာကြတော့ပေ၊ ပြီးလျှင် ၎င်းတို့သည် မရေရာသော ဘုရားသခင်၏ အလိုကို ခန့်မှန်းခြင်းအား ရပ်တန့်လိုက်ကြသည်။ ဘုရားသခင်သည် လူ့ဇာတိဖြင့် သူ၏အမှုကို ဖြန့်ဝေသောအခါတွင်၊ သူ့နောက်သို့ လိုက်သူများသည် လူ့ဇာတိဖြင့် သူလုပ်ဆောင်ပြီးသော အမှုကို ဘာသာတရားများနှင့် ဂိုဏ်းဂဏများ အားလုံးထံသို့ လက်ဆင့်ကမ်းကြလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့သည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ နားများဆီသို့ သူ၏ နှုတ်ကပတ်တော် အားလုံးကို ဆက်သွယ်ပြောဆိုကြလိမ့်မည်။ သူ၏ဧဝံဂေလိတရားကို ရရှိသောသူတို့ ကြားနာခဲ့သည့် အရာအားလုံးသည် သူ့အမှု၏ အမှန်တရားများ ဖြစ်လိမ့်မည်၊ လူသားက ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ကာ ကြားသိရသောအရာများ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အမှန်တရားများ ဖြစ်ကာ ကောလာဟလများ ဖြစ်လိမ့်မည် မဟုတ်ပေ။ ဤအချက်များသည် ဘုရားသခင်က သူ၏အမှုကို ဖြန့်ဝေနေသည့် သက်သေများဖြစ်ပြီး၊ ယင်းတို့သည် သူ၏အမှုကို ဖြန့်ဝေရာတွင် သူအသုံးပြုသော တန်ဆာပလာများလည်းဖြစ်သည်။ ဤအချက်များ မတည်ရှိဘဲနှင့်၊ သူ၏ဧဝံဂေလိတရားသည် နိုင်ငံအားလုံးနှင့် နေရာအားလုံးအနှံ့ ပျံ့နှံ့မည် မဟုတ်ပေ။ အမှန်တရားများ မရှိဘဲ လူသား၏ စိတ်ကူးစိတ်သန်းများသာ ရှိပါက၊ သူသည် စကြဝဠာတစ်ခွင်လုံးကို သိမ်းပိုက်ခြင်းအမှုအား မည်သည့်အခါမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ လူသားအဖို့ ဝိညာဉ်တော်သည် ကိုယ်ထည်မရှိ၊ တွေ့မြင်၍ မရနိုင်သကဲ့သို့၊ ဝိညာဉ်တော်၏အမှုသည် လူသားအတွက် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သက်သေအထောက်အထား သို့မဟုတ် အချက်အလက်များကို ချန်ထားနိုင်စွမ်း မရှိပေ။ လူသားသည် ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို မည်သည့်အခါမျှ ရှုမြင်ရမည် မဟုတ်ပေ၊ မတည်ရှိသည့် မရေရာသော ဘုရားသခင်ကိုသာ အမြဲ ယုံကြည်ရပေမည်။ လူသားသည် ဘုရားသခင်၏ မျက်နှာကို မည်သည့်အခါမျှ ရှုမြင်ရမည် မဟုတ်သကဲ့သို့ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ပြောဆိုသော နှုတ်ကပတ်တော်များကိုလည်း မည်သည့်အခါမျှ ကြားသိရမည် မဟုတ်ပေ။ အဆုံးတွင်တော့ လူသား၏ စိတ်ကူးစိတ်သန်းများသည် အနှစ်မဲ့ကာ ဘုရားသခင်၏ မှန်ကန်သော မျက်နှာကို အစားမထိုးနိုင်ပေ။ ဘုရားသခင်၏ ရှိရင်းစွဲ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တိုင်၏ အမှုကို လူသားက တူအောင်တု၍ မရနိုင်ပေ။ ကောင်းကင်ဘုံရှိ မမြင်နိုင်သော ဘုရားသခင်နှင့် သူ၏ အမှုကို လူသားအလယ် သူ၏ အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သည့် လူ့ဇာတိခံ ဘုရားသခင်အားဖြင့်သာ ကမ္ဘာမြေပေါ်သို့ ဆောင်ကြဉ်းနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်က လူသားတို့ထံ ပေါ်ထွန်းရန်အတွက်၊ လူသားသည် ဘုရားသခင်ကို တွေ့မြင်ကာ၊ ဘုရားသခင်၏ မှန်ကန်သော မျက်နှာကို သိရှိလာသည့် အကောင်းဆုံးသော နည်းလမ်း ဖြစ်ပြီး၊ ယင်းကို လူ့ဇာတိခံ မဟုတ်သည့် ဘုရားသခင်တစ်ပါးက စွမ်းဆောင် မရရှိနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

အရှေ့သို့- ၂။ လူ့ဇာတိခံယူခြင်းဆိုသည်မှာ အဘယ်နည်း။ လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။

နောက်တစ်ခုသို့- ၄။ ဘုရားသခင်သည် နောက်ဆုံးသောကာလ သူ၏တရားစီရင်ခြင်း အမှုတော်ကိုလုပ်ဆောင်ရန် အဘယ်ကြောင့် လူသားကိုအသုံးမပြုသနည်း၊ ကိုယ်တော်သည် အဘယ်ကြောင့် လူ့ဇာတိခံယူပြီး ကိုယ်တော်တိုင် လုပ်ဆောင်ရပါသနည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။