၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက

၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက် ကတည်းက ကျွန်မတို့အားလုံး သခင့်၌ ယုံကြည်မှုရှိခဲ့သောကြောင့်၊ အမေရိကနိုင်ငံသို့ ကျွန်မတို့ရောက်ပြီး မကြာမီမှာပင် နယူးယောက် တရုတ်တန်းတွင် တရုတ်အသင်းတော်တစ်ခုကို ရှာတွေ့ခဲ့သည့်အတွက် ကျွန်မတို့ ပွဲတော်တက်ရောက်နိုင်ခဲ့ကြသည်။ ကျွန်မတို့ ပွဲတော်တစ်ခုမျှ မပျက်ကွက်ဘူးသလို၊ အထူးသဖြင့် ကျွန်မ အမေနှင့် ညီမတို့က ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာနှင့် ကွယ်ကာမှုတို့ကို ရှာဖွေဖို့ အလို့ငှာ သူတို့ အချိန်ရသည့်အခါတိုင်း ကျမ်းစာဖတ်ရှုခြင်းတွင် အလွန် ကျွမ်းကျင်ကြသည်။ ဘုန်းတော်ကြီးက “သခင်ကြွလာတဲ့အချိန်မှာ၊ သူက လူတွေကို လူပုံအလယ်မှာ တရားစီရင်ပြီး၊ သူတို့အမျိုးအစား အလိုက် ခွဲခြားမှာ ဖြစ်တယ်။ အမှန်တကယ် နောင်တရ၊ ဝန်ခံပြီး၊ သူတို့ ယုံကြည်မှုကို လက်တွေ့လုပ်ဆောင်သူတွေက ကောင်းကင်ဘုံကို သွားနိုင်မယ်။ ကြီးလေးတဲ့ အပြစ်တွေ မကျူးလွန်ဘဲ အသေးစား အပြစ်တွေကျူးလွန်သူတွေက ပြိတ္တာဘုံမှာ ညှဉ်းပန်းနှိပ်စက်ခံရလိမ့် မယ်၊ ဒါပေမဲ့ သူတို့က ကယ်တင်ခံရနိုင်ပြီး ကောင်းကင်ဘုံကို တက်နိုင် ဦးမယ်။ ဘုရားသခင်ကို မယုံကြည်တဲ့သူ ဒါမှမဟုတ် အရမ်း ကြီးလေးတဲ့ အပြစ်ကိုကျူးလွန်သူတွေက ငရဲမှာ အပြစ်ဒဏ်ခံရ လိမ့်မယ်” ဟု မကြာခဏ ပြောလေ့ရှိသည်။ ဤစကားများက ကျွန်မ၏ စိတ်နှလုံးထဲတွင် နက်ရှိုင်းသည့် ခံစားမှုတစ်ခု ကျန်ရစ်စေခဲ့သည်မှာ ၎င်းတို့ကို ကျွန်မစိတ်နှလုံးထဲတွင် တံဆိပ်ခတ်ခဲ့သည့်အလား ဖြစ် သည်။ ထိုစကားများက ကျွန်မကို ဘုရားသခင်အား စိတ်ပါလက်ပါ ယုံကြည်ဖို့ စေ့ဆော်ခဲ့ပြီး၊ ကျွန်မ မည်မျှ အလုပ်ရှုပ်ပါစေ၊ ကျွန်မ ပွဲတော်တက်ဖို့ တစ်ခါမျှ မပျက်ကွက်ခဲ့ပါ။

အမြင်အားဖြင့် ဘာမှမကြာသည့်အချိန်တွင်၊ ၂၀၁၄ ခုနှစ်ရောက် လာခဲ့သည်။ တစ်နေ့တွင် အသင်းသားတစ်ယောက်က ကျွန်မကို “နင့်ညီမက အခု အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်နေတယ်” ဟု ဆိုင်းမဆင့်ဗုံမဆင့်ပြောခဲ့သည်။ ပြီးလျှင် သူက အနန္တတန်ခိုးရှင် ဘုရားသခင် နှင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အသရေဖျက်ပြီး ပြစ်တင်ရှုတ်ချလျက် အခြား အကြောင်းအရာများစွာ ကိုလည်း ပြောခဲ့သည်။ ဤမမျှော်လင့်သော သတင်းကို ကြားသည့်အခါ၊ ကျွန်မ အလွန်စိတ်သောကရောက်ပြီး၊ ကျွန်မ ညီမ လမ်းလွဲသွားခဲ့ သည်ကို အလွန်စိုးရိမ်လာမိသည်။ ကျွန်မ ညီမ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခြင်း သတင်းက အသင်းတော်တစ်ခုလုံးအနှံ့ အမြန် ပျံ့နှံ့သွား ခဲ့သည်။ ဘုန်းတော်ကြီးက ကျွန်မကို သူမနှင့် ခပ်ခွာခွာနေဖို့ တိုက်တွန်းခဲ့ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို အသရေဖျက်ခြင်းနှင့် ပြစ်တင်ရှုတ်ချ ခြင်း အကြောင်းအရာများစွာကို ကျွန်မကို တိုက်ရိုက် ပြောလာသည့် အသင်းသားအချို့လည်း ရှိသည်။ ကျွန်မ ဖာသာ နှင့် အခြား အသင်းသားများက ကျွန်မကို အကြိမ်ပေါင်းများစွာ “ကူညီ” ခဲ့ ပြီးနောက်၊ ကျွန်မ သူတို့၏ စကားများကို စတင်ယုံကြည်လာပြီး၊ ကျွန်မ ညီမ လမ်းလွဲသွားခဲ့ပြီဟု စိတ်ပိုင်းဖြတ်လိုက်သည်။ ကျွန်မ ညီမကို နောက်ထပ် နားထောင်တော့မည် မဟုတ်ဘဲ၊ ကျွန်မ အခွင့်ရ ပါက၊ သူမက သခင့်ထံ ဝန်ချတောင်းပန်နိုင်ဖို့ကျွန်မတို့ အုပ်စုထဲသို့ သူမကို ပြန်လည်ခေါ်ဆောင်ရန် ကြိုးစားမည်ဟု ဖာသာနှင့် အသင်းသားများကို ကျွန်မ ပြောခဲ့သည်။ ကျွန်မ အိမ်သို့ပြန်ရောက် ပြီးနောက် ကျွန်မ၏ အစ်ကိုများကို ဖုန်းခေါ်ခဲ့ပြီး၊ သူတို့က ကျွန်မ ဖက်မှ ရပ်တည်ကြသည်။ ကျွန်မတို့ အားလုံး ကျွန်မ ညီမကို အတူတကွ ဖျောင်းဖျဖို့ ကြိုးစားကြသော်လည်း၊ သူမက အနန္တတန်ခိုးရှင် ဘုရားသခင်တွင် သူမ၏ ယုံကြည်မှုကို စိတ်ပိုင်းဖြတ် ထားရုံမျှမက၊ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ဖြစ်သည် ဟုလည်း ကျွန်မတို့ကို သက်သေခံခဲ့သည်။ ကျွန်မတို့က ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိဖို့ ကျွန်မတို့၏ အခွင့် အလမ်းကို လက်မလွတ်ရ လေအောင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့ ကျွန်မတို့ကို ဖျောင်းဖျရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ကျွန်မ၏ စိတ်နှလုံးက ဖာသာနှင့် အသင်းသားများအားဖြင့် သွတ်သွင်း ခံရသည့် အပျက် သဘောဆောင်သည့် အကြံဉာဏ်များဖြင့် ပြည့်နှက်နေ နှင့်ပြီးဖြစ်သည်။ ကျွန်မ ညီမက ကျွန်မနှင့် မည်သို့ မိတ်သဟာယပြု ပါစေ၊ သို့မဟုတ် သူမ မည်သို့ သက်သေခံပါစေ၊ ကျွန်မ နားကိုမထောင် ခဲ့ပါ။

နောက်ပိုင်းတွင် ကျွန်မအမေနှင့် ကျွန်မတို့က ကျွန်မညီမ၏ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်မှုကြောင့် ကျွန်မ ညီမနှင့် ငြင်းခုံမှုအချို့ ဖြစ်ပွားခဲ့သော်လည်း၊ သူမ မည်သို့ပင် ပြောပါစေ၊ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို ရှာဖွေခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းတို့ကို တစ်ခါမျှ မပြုရဲဘဲ၊ ဖာသာနှင့် အင်တာနက်တွင် ကျွန်မ ဖတ်ရသည့် ကောလာဟလများကို ဆက်လက် ယုံကြည်ခဲ့သည်။ ကျွန်မတို့ ငြင်းခုံမှုများအတွက် ဖြေရှင်းချက် တစ်ခါမျှ မရှိသော်လည်း၊ ကျွန်မ အမေက ကျွန်မ ညီမ၏ မိတ်သဟာယပြု ခြင်းနှင့် သက်သေခံချက်တို့ကို တဖြည်းဖြည်းချင်း စတင် သဘောတူ လာခဲ့သည်ကို ကျွန်မ သတိမူမိခဲ့သည်။ သူမက ကျွန်မ ညီမနှင့် “တစ်ညီတစ်ညွတ်တည်းရှိသော ဟန်” တစ်ခု အမှန်တကယ် ဖွဲ့ခဲ့ပြီး အဆုံးသတ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံခဲ့သည်။ ဤအရာကို မြင်တွေ့သည့်အခါ ကျွန်မ စတင် စိတ်ပူလာခဲ့သည်။ အမှုအရာများသည် ဖာသာနှင့် အသင်းသားများ အခိုင်အမာပြောဆိုသကဲ့သို့ အမှန်တကယ် ဖြစ်ပါက၊ ကျွန်မမိသားစုကို တစ်စုံတစ်ခုဖြစ်ပါက မည်သို့နေမည်နည်း။ စိတ်မချမ်းမြေ့စွာဖြင့်၊ ကျွန်မက ကျွန်မညီမနှင့် ကျွန်မတို့ နှစ်ဦးလုံးနှင့် ရင်းနှီးသည့် အစ်မကျန်းဟီကို သွားရှာခဲ့ပြီး၊ ကျွန်မ အမေနှင့် ညီမတို့အား ကြိုးစားဖျောင်းဖျခိုင်းခဲ့သည်။ သို့သော်လည်း သူမက သူတို့ကို မဖျောင်းဖျနိုင်ရုံမျှမက၊ သူမကိုယ်တိုင်ပါ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်လာခဲ့သည်။ ဤအရာက ကျွန်မအတွက် အလွန် ပဟေဠိဖြစ်ခဲ့သည်။ ဤညီအစ်မက ဖြောင့်မတ်ပြီး၊ စိတ်အား ထက်သန်သည့် ရှာဖွေသူတစ်ယောက်ဖြစ်သည်၊ ဤသို့ဆိုလျှင် အဘယ်သို့ဖြစ်ပြီး သူမက သူတို့ကို မဖျောင်းဖျနိုင်သည့်အပြင်၊ သူမ ကိုယ်တိုင် အနန္တတန်ခိုးရှင်ဘုရားသခင်ကို အမှန်တကယ် ယုံကြည်လာ ရသနည်း။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် အမှန်တကယ်ပင် တန်ခိုး များစွာ ရှိပါသလား။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် သည် လူ့အသက်တာအတွက် အထောက်အပံ့ကို အမှန်တကယ် ပေးနိုင် ပါသလား။ သို့သော်လည်း ကျွန်မက ဖာသာနှင့် အသင်းသားများ၏ အနန္တတန်ခိုးရှင် ဘုရားသခင်ကို တိုက်ခိုက်သည့် စကားများအပြင်၊ အွန်းလိုင်းပေါ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဆန့်ကျင်ပြီး ပြစ်တင်ရှုတ်ချသည့် စကားများကိုပါ တွေးလိုက်သည်နှင့် တပြိုင်နက်၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် တစ်ဖန် ကြောက်စိတ်ဝင် လာပြီး၊ သူတို့နှင့် နောက်ထပ် မဆက်သွယ်ခဲ့ပါ။ ထို့နောက်တွင် ကျွန်မ အမေ့ကို ရံဖန်ရံခါမျှသာ သွားတွေ့ခဲ့သည်။ ကျွန်မ တစ်ခါတစ်ရံတွင် သာလည်ပတ်ရန်သွားရောက်ပြီးနောက်၊ ကတိုက်ကရိုက် ပြန်လာခဲ့ပြီး၊ ကျွန်မ အမေနှင့် ညီမတို့၏ မိတ်သဟာယကို နားထောင်ဖို့ ငြင်းဆန် ခဲ့သည်။ ကျွန်မအမေ၊ ညီမလေးတို့နှင့် ဤ “စစ်အေးတိုက်ပွဲ” သည် ဤကဲ့သို့ ဆက်ဖြစ်ခဲ့သည်မှာ တစ်နှစ်ခွဲကြာခဲ့ပါသည်။

၂၀၁၆ ခုနှစ် မတ်လ ရက်တစ်ရက်တွင် အသင်းတော်၏ အရေးပါ သော အသင်းသားတစ်ချို့က ကျွန်မ ညီမကို ဖျောင်းဖျဖို့ သွားရောက် ခဲ့ကြောင်း ကျွန်မ ကြားသိခဲ့သောကြောင့်၊ သူမ စိတ်ပြောင်းခဲ့ခြင်းရှိမရှိ သွားကြည့်လိုခဲ့သည်။ သူမကို မြင်သည့်အခါ၊ မည်သို့ ထင်မြင်ကြောင်း ကျွန်မ မေးခဲ့သည်။ သူမက “ညီမလေး သိုးသငယ်ရဲ့ ခြေလှမ်းတွေကို အမီလိုက်ခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ လမ်းခရီးက စစ်မှန်တဲ့ လမ်းခရီးဆိုတာကို အတည်ပြုခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်ပြီး၊ သူ့ဆီက ကျွန်မ လုံးဝ သွေဖည်မှာ မဟုတ်ဘူး” ဟု ကျွန်မကို ပြောခဲ့ ပါသည်။ ကျွန်မ ညီမ၏ တည်ငြိမ်သော အကြည့်နှင့် ထူးကဲပြီး၊ အားကောင်းသည့် အဖြေက ကျွန်မစိတ်နှလုံးကို အတော်အတန် ချီတုံချတုံဖြစ်စေပြီး၊ ကျွန်မ၏ သိချင်စိတ်ပြင်းပြခြင်းကို နှိုးဆွခဲ့သည်။ ကျွန်မတို့ မိသားစုရှိ ယုံကြည်သူများ အားလုံးထဲမှ ကျွန်မ ညီမသည် အတက်ကြွဆုံးသော ရှာဖွေသူဖြစ်ပြီး၊ အသင်းတော်တွင် အစ်မကျန်းဟီကလည်း ရှာဖွေသူ တစ်ယောက်ဖြစ်ကာ၊ ထိုးထွင်းသိမြင်မှုပိုင်ဆိုင်သူ တစ်ယောက်လည်း ဖြစ်သည်ဟု ကျွန်မတွေးမိသည်။ ကျွန်မ အမေကလည်း သခင့်ကို ခိုင်မာသည့်ယုံကြည်မှု အမြဲရှိခဲ့သည်။ ယခု သူတို့အားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်၌ ယုံကြည်သူများဖြစ်ပြီး၊ သူ့နောက်ကို လိုက်ပြီးနောက် သူတို့၏ ယုံကြည်မှုက ပိုပြီး ကြီးထွားလာခဲ့ကြသည်။ သူတို့က ပို၍များပြားသော ထိုးထွင်းသိမြင်နိုင်စွမ်းဖြင့် ပြောဆိုကြပြီး၊ မည်သူကမျှ သူတို့ကို့ တုန်လှုပ်စေခြင်း သို့မဟုတ် ပြန်လှန်ချေပနိုင်ခြင်း မရှိပါ။ လူများစွာ၏ ဆန့်ကျင်မှုကိုရင်ဆိုင်ရာတွင် ထိုကဲ့သို့ ကြီးစွာသော ယုံကြည်မှုကို ထိန်းသိမ်းခွင့်ပြုထားသည်မှာ မည်သည့် တန်ခိုးဖြစ်သနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်သည် အမှန်တကယ်ပင် စစ်မှန်သည့် နည်းလမ်း ဖြစ်နိုင်ပါသလား။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အမှန်တကယ်ပင် သခင်၏ ဒုတိယအကြိမ် ကြွလာခြင်း ဖြစ်နိုင်ပါသလား။ ကျွန်မ ညီမ၊ အစ်မ ကျန်းဟီနှင့် ကျွန်မ အမေတို့ အနန္တတန်ခိုးရှင် ဘုရားသခင် အမှုတော်ကို လက်ခံခဲ့သည်မှာ နှစ်နှစ်နီးပါးကြာခဲ့သော်လည်း၊ အရာ အားလုံးက သူတို့အတွက် အဆင်ပြေနေသည်ကို ကျွန်မ တွေ့သည် အခါတွင်၊ သူတို့ အခြေအနေ၌ ဖာသာ၏ သွေးလှန့်ဝါဒ၊ ခြောက်လှန့် သည့် နည်းဗျူဟာ များနှင့် ကျွန်မ အွန်လိုင်းတွင် ဖတ်ရသည့်အရာ များက တကယ် မဖြစ်လာကြောင်းကို ကျွန်မ တွေ့ရသည်… ဤအရာကို နားလည် သဘောပေါက်ခြင်းဖြင့်၊ ကျွန်မ၏ စိတ်နှလုံးက အနည်းငယ် ပျော့ပျောင်းလာပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် နှင့် အမှုတော်တို့ကို ကျွန်မလည်း စုံစမ်းစစ်ဆေး လိုခဲ့သည်။ ကျွန်မ၏ အတွေးများကို ကျွန်မ၏ ညီမအား ကျွန်မ အသိပေးခဲ့သည်။ သူမက အလွန်ပျော်ရွှင်စွာ သဘောတူညီခဲ့ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အစ်မ တစ်ယောက်က ဘုရားသခင်၏ နောက်ဆုံးကာလမှ အမှုတော်ကို ကျွန်မနှင့်အတူ မိတ်သဟာယပြုပြီး သက်သေခံနိုင် ဖို့အလို့ငှာ ကျွန်မကို ကျွန်မအမေ၏ အိမ်သို့ ဖိတ်ခေါ်ခဲ့သည်။

ကျွန်မ အမေ၏ အိမ်သို့ ထိုစနေ၊ တနင်္ဂနွေနေ့တွင် ကားမောင်း သွားခဲ့သည်။ ကျွန်မညီမ၊ အစ်မကျန်းဟီ နှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ အစ်မတစ်ဦးဖြစ်သူ ကျန်းရှောင်တို့ အားလုံးက ထိုနေရာတွင် ရောက်နေကြသည်။ အစ်မကျန်းဟီက ကျွန်မအနေဖြင့် ရှာဖွေပြီး စုံစမ်းစစ်ဆေးလိုသည်ကို ကြားသည့် အခါတွင် အထူးသဖြင့် ပျော်ရွှင်ခဲ့သည်။ သူမက ကျွန်မနှင့်အတူ မိတ်သဟာယပြုခဲ့သည် - “ဘုရားသခင်က နောက်ဆုံးသော ကာလမှာ ကြွလာရခြင်း အဓိက အကြောင်းအရင်းက ကျွန်မတို့ကို အပြစ်ရဲ့ ကျေးကျွန်ဘဝကနေ ကယ်တင်ဖို့ရာ နှုတ်ကပတ်တော်ကို ဖော်ပြဖို့နဲ့ လူတွေကို တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်း အမှုတော်တို့ကို ပြုဖို့ ဖြစ်တယ်။ လက်ရှိအချိန်မှာ ကျေးဇူးတော်ခေတ်က လူတွေက အပြစ် ကျူးလွန်ခြင်းနဲ့၊ ဝန်ခံခြင်း သံသရာတစ်ခုမှာ အသက်ရှင်နေကြတယ်။ ကျွန်မတို့က ပွဲတော်တက်ရောက်ခြင်းနဲ့ ကျမ်းစာဖတ်ရှုခြင်းတို့အပြင်၊ ဖာသာဆီကို ဝန်ခံခြင်းကိုပါ စောင့်ထိန်းထားပေမဲ့လည်း၊ ကျွန်မတို့ ဆက်လိမ်ညာပြီး၊ လှည့်ဖြားသေးတယ်၊ ကျွန်မတို့ရဲ့ ဖောက်ပြန် ပျက်စီးတဲ့ စိတ်သဘောထားတွေဖြစ်တဲ့ မာနထောင်လွှားခြင်း၊ လောဘ ကြီးခြင်းနဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းတို့ထဲမှာ အသက်ရှင်နေ ဆဲဖြစ် တယ်။ မရည်ရွယ်ဘဲ ကျွန်မတို့က အပြစ်ကျူးလွန်ပြီး ဘုရားသခင်ကို အာခံကြတယ်၊ ဒီအပြစ်ရှိတဲ့ သဘာဝရဲ့ ချည်နှောင်မှုက ဘယ်သူမှ ရုန်းထွက်မလွတ်မြောက်နိုင်မရှိသလို၊ ဝန်ခံခြင်းနဲ့ နောင်တရ ခြင်းတို့ကို အားကိုးတာနဲ့ ဘယ်သူမှ သန့်စင်မှုနဲ့ သန့်ရှင်းမှုတို့ကို မရနိုင်ပါဘူး။ ဒီအကြောင်းအရင်းကြောင့် ကျွန်မတို့က နောက်ဆုံးသော ကာလမှာ လူတွေကို တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို ပြုဖို့ ကြွလာတဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မတို့ လက်ခံဖို့ လိုသေးတယ်။ အဲဒါကိုလုပ်ခြင်းအားဖြင့်သာ ကျွန်မတို့က အပြစ်ရဲ့ ကျေးကျွန်ဘဝ ကနေ လုံးလုံး ရုန်းထွက်လွတ်မြောက်နိုင်တယ်၊ သန့်စင်ခံရပြီး၊ ပြောင်းလဲနိုင်တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရနိုင်တယ်” ဤအရာကို ကြားရသည့်အခါ၊ ကျွန်မက စိတ်ရှုပ်ထွေး ခြင်းဖြင့် မေးခဲ့သည်။ “ဖာသာက ‘လူတွေက အသေးစားအပြစ်တွေကို ကျူးလွန်ရင်၊ လူတွေကို လူပုံအလယ်မှာ တရားစီရင်ဖို့ သခင်ပြန်ကြွ လာတဲ့အခါ၊ သူတို့က အပြစ်သန့်စင်ပေးရာဘုံ ငရဲငယ်မှာ သူတို့ဆင်းရဲ ဒုက္ခတွေ ပြီးဆုံးတာနဲ့တပြိုင်နက် ကောင်းကင်ဘုံ တက်ရမယ်။ အကြီးစားအပြစ်တွေ ကျူးလွန်တဲ့လူတွေက အပြစ်ဒဏ်ခံရဖို့ ငရဲကို တိုက်ရိုက်သွားလိမ့်မယ်’ လို့ပြောခဲ့တယ်။ ဘုရားသခင်က သူပြန်ကြွ လာတဲ့အခါမှာ ပြုမဲ့ တရားစီရင်ခြင်း အမှုတော်က လူတွေကို သန့်စင်ပြီး ကယ်တင်ဖို့ဆိုတာ အစ်မ ဘယ်လိုပြောနိုင်တာလဲ။” အစ်မ ကျန်းဟီက “ကျွန်မလည်း အဖေ့ စကားတွေကို ယုံဖူးတယ်။ သခင်က တရားစီရင်ခြင်း အမှုတော်ပြုဖို့ ဘယ်လိုပြန်ကြွလာမယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မမှာလည်း အစ်မလိုပဲ တစ်ထေရာတည်း အယူအဆ တွေရှိတယ်၊ ဒါပေမဲ့ အဲဒါကို အခုတွေးလိုက်တဲ့အခါမှာ ဖာသာပြော တာက သမ္မာကျမ်းစာနဲ့ တကယ်ကိုက်ညီရဲ့လား။ အဲဒါက ဘုရားသခင် ရဲ့ နှုတ်ကပတ်တော်ကို အခြေပြုထားတာလား။ သခင်ယေရှုက အပြစ် သန့်စင်ပေးရာဘုံ ငရဲငယ်တစ်ခုရှိတယ်လို့ ပြောခဲ့လား။ အသေးစား အပြစ်တွေကို ကျူးလွန်တဲ့သူတွေက အပြစ်သန့်စင်ပေးရာဘုံမှာငရဲငယ် သူတို့ရဲ့ ဒုက္ခခံတာ အဆုံးသတ် ပြီးနောက်မှာ ကောင်းကင်ဘုံကို တက်နိုင်မယ်၊ ပြီးတော့ အကြီးစားအပြစ်တွေကို ကျူးလွန်သူတွေသာ ငရဲကိုသွားရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ကိုယ်တော်က တစ်ခုတစ်လေ ပြောခဲ့လား။ မပြောခဲ့ ပါဘူး။ ဒီတော့ဒီစကားတွေက ဘယ်ကလာ တာလဲ။ အဲဒီစကားတွေက လူတွေရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေက လာတာ အသိသာကြီးပဲ၊ ပြီးတော့ အဲဒါတွေက လူ့ထင်မြင်ချက်နဲ့ မှန်းဆချက်တို့သာ ဖြစ်တယ်။ အဲဒီစကားတွေက ဘုရား နှုတ်ကပတ်တော်တွေနဲ့ ဘာပဲဖြစ်ဖြစ် မကိုက်ညီသလို၊ ဘုရား အမှုတော် ရဲ့ စစ်မှန်မှုနဲ့လည်း မကိုက်ညီဘူး။ ဒါကို ကျွန်မတို့ ထိန်းသိမ်း တာက ဘာအကျိုးရှိလဲ” ဟု ပြောခဲ့ သည်။ သူမ၏ မိတ်သဟာယကို နားထောင်ရင်း၊ ကျွန်မ တိတ်ဆိတ်စွာ ခေါင်းညိတ်ခဲ့သည်။ သူမက ဆက်ပြောလေသည်။ “လက်ရှိမှာ ကျွန်မတို့အားလုံးက အပြစ်နဲ့ပြည့် နေပြီး၊ ဖြူစင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ ဖာသာပြောတာကို အခြေခံပြီး၊ သခင်က လူတွေအားလုံးကို လူပုံအလယ်မှာ တရားစီရင်ဖို့ ပြန်ကြွလာတဲ့ အချိန်မှာ၊ အသေးစားအပြစ်ကျူးလွန်တဲ့သူတွေက အပြစ်သန့်စင်ပေးရာ ဘုံငရဲငယ်ကို သွားပြီး၊ အကြီးစား အပြစ် ကျူးလွန်တဲ့သူတွေက ငရဲကိုသွားမယ်။ အဲဒါဆိုရင်၊ ကျွန်မတို့ အားလုံးက ပြစ်တင်ရှုတ်ချခံရပြီး၊ ငရဲသွားဖို့ အပြစ်ဒဏ်ကျ ခံရမှာ မဟုတ်ဘူးလား။ ဘုရားသခင်ရဲ့ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုတော်ဟာ အချည်းနှီးသက်သက် မဖြစ်ဘူးလား။ သခင့်ကြွလာ ခြင်းမှာ အဓိပ္ပါယ်တစ်ခုတစ်လေမှ ရှိပါဦးမလား။” ထိုအစ်မ မိတ်သဟာယပြုသည့်အရာက ကျွန်မ၏ စိတ်နှလုံးကို တို့ထိခဲ့သည်။ ယင်းမှာ မှန်ပါသည်- ကျွန်မတို့ ဘုရားသခင်ကို ယုံကြည်လျှင်ပင်၊ ကျွန်မတို့လုပ်သမျှအရာအားလုံးက အပြစ်ကို မကြာခဏ ကျူးလွန် ပြီးနောက်၊ ထိုအပြစ်များကို ဝန်ခံခြင်းဖြစ်ပါက၊ မည်သူကမျှ သန့်စင်ခံ ရမည် မဟုတ်ပါ။ အမှန်မှာမူ မည်သူကမျှ ဘုရားသခင်ကို ဖူးမြင်ဖို့ သင့်တော်မည် မဟုတ်ပါ၊ ပြီးလျှင် ဘုရားသခင်က လူများကို လူပုံ အလယ်တွင် တရားစီရင်ဖို့၊ ပြစ်တင်ရှုတ်ချဖို့နှင့် ပြစ်ဒဏ်ခတ်ဖို့ လာပါက၊ လူတိုင်း ငရဲသို့ သွားရမည် ဖြစ်သည်။ မည်သူမျှ ကယ်တင်ခြင်းကို ရမည်မဟုတ်ပါ… ထို့နောက်မှသာ “သခင်က လူတွေအားလုံးကို လူပုံအလယ်မှာ တရားစီရင်ဖို့ ပြန်ကြွလာတဲ့အခါ၊ အကြီးစားအပြစ်တွေကို ကျူးလွန်သူတွေက ငရဲကို တိုက်ရိုက်သွားရမှာ ဖြစ်ပြီး၊ အသေးစားအပြစ်ကျူးလွန်သူတွေတော့ အပြစ်သန့်စင် ပေးရာဘုံ ငရဲငယ်ကို သွားရမှာ ဖြစ်တယ်၊ ပြီးတော့ အဲဒီနေရာမှာ သူတို့ဒုက္ခကိုခံပြီးနောက် သူတို့က ကောင်းကင်ဘုံကို တက်မယ်” ဆိုသည့် စကားများသည် မည်မျှ လက်တွေ့မကျလိုက်သည်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ ၎င်းက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ မကိုက်ညီပါ။ အစ်မကျန်းဟီက “နောက်ဆုံးသောကာလက ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုတော် အတွက်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်မှာ ဘယ်လိုဖော်ပြ ထားတယ်ဆိုတာ ကျွန်မတို့အားလုံး တစ်ချက်လောက် ကြည့်ကြစို့။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောတာက ‘ဘုရားသခင်သည် သတ်ဖြတ်ရန်၊ သို့မဟုတ် ဖျက်ဆီးရန် ကြွလာခြင်း မဟုတ်ဘဲ၊ တရားစီရင်ရန်၊ ကျိန်ဆိုရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏ အဆုံးသတ်ကို သူ ထုတ်ဖော်မပြမီတွင်- ကမ္ဘာပေါ်ရှိ ဘုရားသခင်၏အမှုသည် ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည်။ ယင်း၏ ရည်ရွယ်ချက်မှာ သူ့ကိုချစ်သော သူများကို စုံလင်စေရန်- လုံးလုံးလျားလျား ထိုသို့ဖြစ်စေရန်- သက်သက် ဖြစ်ပြီး၊ သူ၏အုပ်စိုးမှုအောက် ကျိုးနွံနာခံခြင်းအဖြစ်သို့ ဆောင်ကြဉ်းရန် ဖြစ်သည်။ ဘုရားသခင်က လူတို့ကို မည်သို့ ကယ်တင်သည်ဖြစ်စေ၊ ယင်းကို ၎င်းတို့အား ၎င်းတို့၏ အိုဟောင်းသော ဆိုးယုတ်သည့် သဘောသဘာဝမှ လွတ်မြောက်စေခြင်းအားဖြင့်သာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့အား အသက်ကို ရှာဖွေစေခြင်းဖြင့် သူက ၎င်းတို့ကို ကယ်တင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်ကြပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏)နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏) တဲ့” ဟု ပြောခဲ့သည်။

ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုပြီးနောက်၊ အစ်မကျန်းရှောင်က “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က နောက်ဆုံးသော ကာလမှာ တရားစီရင်ခြင်းအမှုတော်ရဲ့ အဓိပ္ပါယ် ၊ တရားစီရင်ခြင်းရဲ့ တိကျတဲ့ သဘာဝနဲ့ လူသားတွေကြားမှာ တရားစီရင်ခြင်းအမှုတော်ရဲ့ အဆုံးသတ်တွေကို လုံးလုံး ရှင်းလင်းစေခဲ့တယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုတော်က ကျွန်မတို့ အယူအဆတွေနဲ့ စိတ်ကူးတွေ မှာလိုမျိုး လူတွေကို သတ်ဖို့ ဒါမှမဟုတ် အပြစ်ဒဏ်ပေးဖို့ မဟုတ် ပါဘူး။ အဲဒီအစား၊ ဒီအမှုတော်က လူတွေရဲ့ အတွေးတွေ၊ စကားတွေနဲ့ လုပ်ရပ်တွေကို ဖော်ထုတ်ဖို့၊ ဘုရားသခင်ကို အာခံတဲ့ ကျွန်မတို့ရဲ့ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့ ဖောက်ပြန် ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားဖို့ နှုတ်ကပတ်တော်ကို အသုံးချတယ်။ အဲဒါက ကျွန်မတို့ဟာ စာတန်အားဖြင့် ဘယ်လောက် ဖောက်ပြန်ပျက်စီးခဲ့တယ်ဆိုတာနဲ့ ပတ်သက်တဲ့ အမှန်တရားကို သတိပြုခွင့်ပေးပြီး၊ တစ်ချိန်တည်းမှာပဲ ကျွန်မတို့ကို ဘုရားသခင်ရဲ့ ဖြောင့်မတ်ပြီး၊ သန့်ရှင်းတဲ့ စိတ်သဘောထားကိုလည်း သိခွင့်ပြုတယ်။ ကျွန်မတို့ ဒီအရာတွေကို နားလည်သဘောပေါက်မှု ရလာတဲ့အချိန်မှာ၊ ကိုယ့်ကိုယ်ကို စမုန်းတီးလာပြီး၊ ဒါက စစ်မှန်တဲ့ နောင်တနဲ့ ဘုရားသခင်အတွက် ချစ်ကြောက်ရိုသေတဲ့ စစ်မှန်တဲ့ နှလုံးသားတစ်ခု တို့ကို ဖြစ်ထွန်းစေတယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်း ကတစ်ဆင့် ကျွန်မတို့က သမ္မာတရားကို ပိုနားလည်နိုင်ပြီး၊ ထိတွေ့ခွင့် ရနိုင်တယ်၊ ပြီးတော့ သမ္မာတရားကို အားကိုးရင်း အလိုအလျောက် အသက်ရှင်နိုင်တယ်။ ဒီနည်းနဲ့ ကျွန်မတို့ အတွင်းမှာ ဘယ်လို ဆိုးယုတ်တဲ့ အရာတွေကို ကိုင်စွဲထားပါစေ၊ တဖြည်းဖြည်းချင်း ဖယ်ရှား သွားလိမ့်မယ်၊ ပြီးတော့ ကျွန်မတို့က ဘုရားသခင်နဲ့ သဟဇာတ ဖြစ်နိုင်လိမ့်မယ်။ အဲဒီအချိန်ကစပြီး၊ ကျွန်မတို့က ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်တာ ဒါမှမဟုတ် အာခံတာ နောက်ထပ် ရှိတော့မှာ မဟုတ်ဘဲ၊ သူ့ကို အမှန်တကယ် နာခံနိုင်လိမ့်မယ်- ဒါကသာလျှင် ကယ်တင်ခြင်း ရရှိတာ ဖြစ်တယ်။ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ခံရပြီးနောက်မှာ၊ ကျွန်မတို့က လူသားတစ်ယောက်ရဲ့ သဏ္ဍာန် နောက်ထပ် မရှိတော့ဘဲ၊ သင့်တော်တဲ့ ပုဂ္ဂိုလ်တစ်ယောက်မှာရှိသင့်တဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားတို့ ဆုံးရှုံးသွားတယ်။ အဲဒီအစား ကျွန်မတို့က မာနထောင်လွှားတာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တာ၊ တစ်ကိုယ်ကောင်းဆန်တာ နဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထား တစ်ခုရဲ့ တခြားရှုထောင့်တွေနဲ့ ပြည့်နေတယ်။ အမှုအရာတွေအပေါ် ကျွန်မတို့ရဲ့ စိတ်နေသဘောထားနဲ့ အယူအဆတွေဟာ ဘုရားသခင်နဲ့ နောက်ထပ် သဟဇာတ ဖြစ်တော့ဘူး။ ဥပမာအားဖြင့် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်နဲ့ ရင်ဆိုင်ရတဲ့ အခါမှာ၊ ကျွန်မတို့အားလုံးမှာ ကျွန်မတို့ လက်ခံတဲ့ အရာအမျိုးမျိုး ရှိပြီးတော့၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှာ အခြေခံအကြောင်း အရင်းတစ်ခု ရှိမရှိကို ဂရုမထားဘဲ၊ ကျွန်မတို့ရဲ့ အယူအဆတွေကို ကျွန်မတို့အားလုံး ဖက်တွယ်ထားကြတယ်။ ကျွန်မတို့က ဘုရားသခင်ရဲ့ အလိုတော်ကို မရှာဖွေဘဲ၊ ကျွန်မတို့ ကိုယ်ပိုင်တွေးတောပုံနည်းလမ်းက မှန်ကန်တယ်လို့ ကြောင်းကျိုးမမြင်တော့ဘဲ ယုံကြည်ကြတယ်။ ဘုရား အမှုတော်က ကျွန်မတို့ အယူအဆတွေ၊ စိတ်ကူးတွေနဲ့ မကိုက်ညီတဲ့ အချိန်မှာ၊ ဘုရားနဲ့ ပတ်သက်ပြီး ကိုယ်ပိုင် ဝေဖန်အကဲဖြတ်တာတွေ ကျွန်မတို့ လုပ်ကြတယ်၊ သူ့ကို ငြင်းပယ်၊ တိုက်ခိုက်ပြီး ပြစ်တင် ရှုတ်ချကြတယ်။ ဒါက ကျွန်မတို့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားရဲ့ ရလဒ်ပဲ။ အဲဒီလို ဆိုးယုတ်တဲ့ သဘာဝနဲ့ ကျွန်မတို့အားလုံးက ဘုရားသခင်ကို အရမ်းအာခံတတ်တယ်၊ ဒါ့ကြောင့် တရားစီရင်ခြင်းအမှုတော်အဆင့်တစ်ခုကို လုပ်ဆောင်ဖို့နဲ့ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို သန့်စင်ပြီး၊ ပြောင်းလဲဖို့ ဘုရားသခင် ကြွလာတာကို ကျွန်မတို့ အရေးတကြီးလိုအပ်နေတယ်။ အဲဒါမရှိဘဲနဲ့၊ ဘယ်သူမှ ဖောက်ပြန်ပျက်စီးခြင်းကနေ ရုန်းထွက် လွတ်မြောက်ပြီး၊ ကယ်တင်ခြင်းကို ရမှာမဟုတ်ဘူး” ဟု ပြောလျက် မိတ်သဟာယပြုခဲ့သည်။

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဤအစ်မ၏ မိတ်သဟာယပြုခြင်းတို့ကို နားထောင်ပြီးနောက်၊ ကျွန်မ၏ စိတ်နှလုံး က ရုတ်တရက် ရှင်းလင်းပြီး၊ ပွင့်သွားကာ၊ ဤသည်မှာ အလွန် ကောင်းမွန်စွာ ပြောပြသွားခြင်း ဖြစ်သည်ဟု ခံစားရသည်။ ကျွန်မ သိပ်နားမလည်သည့်အရာတစ်ချို့ ရှိသော်လည်း၊ ၎င်းက ဘုရား အမှုတော်အတွင်းက အမြော်အမြင်အပြင် လူအတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာ မည်မျှရှိကြောင်းနှင့် ပတ်သက်သည့် အသိစိတ်တစ်ခုကို ပေးသေးသည်။ ယခင်က လူသားမျိုးနွယ်ကို ဘုရားသခင် တရားစီရင်ဖို့ ကြွာလာခြင်းနှင့် ပတ်သက်လာသည့်အခါ၊ လူများသည် ငရဲသို့သွား သည်၊ သို့မဟုတ် အပြစ်သန့်စင်ပေးရာဘုံ ငရဲငယ်၏ ညှဉ်းဆဲမှုကို ဒုက္ခခံရသည်ဟု ကျွန်မထင်ခဲ့သည်။ အမှန်မှာမူ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်က ကျွန်မတို့ စိတ်ကူး သကဲ့သို့ လုံးဝ မဟုတ်ဘဲ၊ ယင်းထက် သမ္မာတရားကို လက်တွေ့ကျကျ ဖော်ပြပြီး၊ တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိဖြင့် ကြွလာသူမှာ ဘုရားသခင် ဖြစ်သည်။ ဤသည်မှာ လူများအား သူ သန့်စင်ပြီး ကယ်တင်သည့် ပုံစံဖြစ်သည်။ ဘုရားသခင်၏ တရား စီရင်ခြင်း အမှုတော်က အဓိပ္ပါယ် အလွန်ပြည့်ဝလှသည်။ ယင်းမှာ ကျွန်မတို့ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် လိုအပ်သည့် အရာ အတိအကျပင် ဖြစ်ပါသည်။

ကျွန်မက ဤအရာအားလုံးကို ပြင်းပြသည့်စိတ်ပါဝင်စားမှုဖြင့် နားထောင်နေစဉ်တွင်၊ ကျွန်မ ခင်ပွန်းက သူကားသုံးလိုသည်ကို ပြောဖို့ ရုတ်တရက်ဖုန်းခေါ်ခဲ့သည်။ ဤအရာအားလုံးကို ယခုအခါတွင် ကျွန်မ ကြားနိုင်သည်ကို မြင်သည့်အခါ၊ ကျွန်မ ထွက်ခွာမည့်ဆဲဆဲတွင် သူမက သိုးသငယ် ဖွင့်သည့် စာစောင် ဟု ခေါ်သည့် စာအုပ်တစ်အုပ်ကို ပေးပြီး၊ ထိုစာအုပ်တွင်းမှ စကားများက ဘုရားသခင်ကိုယ်တော်တိုင်၏ အသံ ဖြစ်သည်ကို ပြောခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင် နှုတ်ကပတ်တော်ကို ဖတ်ဖို့ သူမက ကျွန်မကို ခိုင်ခိုင်မာမာ အကြံပြု ခဲ့သည်။ ကျွန်မ အိမ်ပြန်ရောက်ပြီးနောက်၊ ကျွန်မ အချိန်ရတိုင်း ထိုစာအုပ်ကို ဖတ်ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းမှတစ်ဆင့် သမ္မာတရားများစွာကို ကျွန်မ နားလည်ပြီး၊ အသိပညာ အတော်အတန် ရရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် လူတို့ စိတ်ဝိညာဉ်များ၏ အလေးနက်ဆုံး အတွင်းကျကျနေရာများအား ဘုရားသခင်၏ စိစစ်ခြင်းကိုလည်း ကျွန်မ အမှန်တကယ် တွေ့ကြုံခံစားခဲ့ရသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းက ကျွန်မ၏ စိတ်အတွင်း ဖောက်ပြန် ပျက်စီးသော သဘာဝကို ထုတ်ဖော်လျက်၊ ကျွန်မအား စိတ်နှလုံးကို တိုက်ရိုက် ထိုးဖောက်ခဲ့သည်။ တစ်ခါတစ်ရံတွင် ဘုရား နှုတ်ကပတ်တော်က ကျွန်မတို့ ဖောက်ပြန်ပျက်စီးမှုကို မည်သို့ ထုတ်ဖော်သည်ကို ကျွန်မ မြင်သည့်အခါတွင်၊ ၎င်းကို အထူးသဖြင့် သူမည်မျှ စက်ဆုပ်ရွံရှာသည်ကို ကျွန်မ ခံစားခဲ့ရသည်။ ၎င်းမှာ ဘုရားသခင်က ကျွန်မတို့ထံ သူ့ အမျက်ဒေါသကို ဖော်ပြနေပုံရပြီး၊ ကျွန်မ၏ ခံစားချက်မဲ့ပြီး၊ ကြင်နာကင်းမဲ့သော နှလုံးသားက ချက်ချင်း နိုးကြားလာခဲ့သည်။ ကျွန်မ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် အံ့သြလေးစားခြင်း ဖြစ်ပေါ်ကာ၊ အကြောက်တရားမရှိဘဲ အပြစ် ကျူးလွန်ခဲ့သည့်အချိန်၊ ယခင်ကကဲ့သို့ ကျွန်မ နောက်ထပ် မဖြစ် တော့ပါ။ အတွေ့အကြုံများစွာ၊ ဘုရားသခင်၏ ဉာဏ်အလင်း ပြခြင်း နှင့် လမ်းပြမှုတို့မှတစ်ဆင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ တရား စီရင်ခြင်းအမှုတော်သည် လူများကို အပြစ်မှ အမှန်တကယ် ကယ်တင် နိုင်ပြီး၊ ၎င်းတို့ကို အပြစ်မှ ထွက်ပြေးလွတ်မြောက် ခွင့်ပြုနိုင်သည်ကို ကျွန်မ မြင်ခဲ့သည်။ ဘုရားအမှုတော်နှင့် နှုတ်ကပတ်တော်တို့သည် မည်မျှ လက်တွေ့ကျလိုက်သနည်း။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် ကျွန်မ မည်သို့ အာခံခဲ့သည်ကို ပြန်ပြောင်းတွေးမိ သည့်အချိန်တွင် ကျွန်မ ကြီးစွာသော နောင်တရခဲ့သည်။ သခင့်ဒုတိယ အကြိမ် ပြန်ကြွလာခြင်းကဲ့သို့ ကြီးမားသည့် အရေးကိစ္စကို နားလည်ဖို့ သို့မဟုတ် စုံစမ်းစစ်ဆေးဖို့ မကြိုးစားဘဲ၊ အလွန်မိုက်မဲပြီး၊ အသိမဲ့ရခြင်းအတွက် မိမိကိုယ်ကို ကျွန်မ မုန်းတီးလေသည်။ ထိုသို့ပြုရမည့်အစား ကျွန်မက ထိုကောလာဟလများကို ကြောင်းကျိုးမမြင်တော့ဘဲ နားထောင်ကာ၊ ဘုရားသခင်ကို အဝင်မခံဘဲ၊ ပြစ်တင်ရှုတ်ချပြီး၊ အာခံခဲ့သည်။ ကျွန်မက သခင်၏ နောက်ဆုံးသောကာလမှ ကယ်တင်ခြင်းကို လွဲချော် လုနီးပါး ဖြစ်ခဲ့သည်။ ကျွန်မ အမှန်တကယ်ကို အလွန်ပင် ကြောင်းကျိုး မမြင်ခဲ့ပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင်သော အသရေ ဖျက်မှု၊ ဝေဖန်အကဲဖြတ်မှုများ၊ ပြစ်မှားစော်ကားခြင်းနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်ခြင်းတို့ အားလုံးက စာတန်ထံမှ မုသားများသာ ဖြစ်သည်ကို ကျွန်မ ရှင်းလင်းစွာ မြင်ခဲ့သည်။ ၎င်းတို့သည် အထူးသဖြင့် လူများကို စိတ်ရှုပ်ထွေးစေပြီး၊ ပိတ်လှောင်ဖို့နှင့် သူတို့အား ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခြင်းမှ ဟန့်တားပိတ်ပင်ဖို့ စာတန်အသုံးပြုသည့် လှည့်ကွက်များ ဖြစ်သည်။ ကျွန်မသည် စာတန်၏ မုသားများကို နောက်ထပ် ယုံကြည်တော့မည် မဟုတ်ပါ။ အနာဂတ်တွင် မည်သည့်အရာကို ကြုံတွေ့သည် သို့မဟုတ် ကြားသည် ဖြစ်စေ၊ ကျွန်မက ဘုရား နှုတ်ကပတ်တော်နှင့် လက်တွေ့အရှိ တရားအတိုင်း အမှားအမှန်ကို အမြဲတမ်း အကဲဖြတ်သွားမည် ဖြစ်သည်။ စာတန်၏ အလိမ်အညာ များနှင့် လှည့်စားမှုတို့ကို ကျွန်မ နောက်ထပ် နားထောင်တော့မည် မဟုတ်ပါ- ထိုသို့ပြုလုပ်ခြင်းဖြင့် သာလျှင် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီနိုင်သည်။ ဤအရာကိုတွေးလျက်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်မအတွက် ပေးခဲ့သည့် သနားကရုဏာနှင့် ကယ်တင်ခြင်းတို့အတွက် ကျွန်မ သူ့ကို ရိုးသားစွာ ကျေးဇူးတင်ရှိခဲ့သည်။ ဘုရားသခင်က ကျွန်မ၏ ပုန်ကန်လိုခြင်းနှင့် အာခံခြင်းတို့ကြောင့် ကျွန်မကို ကယ်တင်ရာတွင် လက်မလျှော့ခဲ့ဘဲ၊ ကျွန်မထံသို့ ဧဝံဂေလိဖြန့်ဝေဖို့ လူများကို ဆက်စီစဉ် ပေးခဲ့ကာ၊ ကျွန်မကို ဘုရားအိမ်တော်သို့ ပြန်လည်ခေါ်ဆောင် ခဲ့သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် မည်မျှကြီးမားလိုက်သနည်း။ “လူ့ဇာတိခံယူသောတစ်ဆူတည်းသောဘုရားရှိ၏။ သူပြောလေသမျှ၊ လုပ်လေသမျှသည်အမှန်တရား။ သူ၏ဖြောင့်မတ်ခြင်း၊ သူ၏ဉာဏ်ပညာအားကျွန်ုပ်အမှန်တကယ်ချစ်မိသည်။ သူ့အားတွေ့ရန်၊ သူ့အားပိုင်ဆိုင်ရန်မှာ ကောင်းချီးစစ်စစ်ဖြစ်၏။” ဟု သီဆိုထားသည့် သီချင်းဗီဒီယို “အူလှိုက်သည်းလှိုက် တွယ်တာခြင်း တေးသီချင်း” ၏ စာသားများကို ကျွန်မ နားထောင်တိုင်း၊ ကျွန်မ၏ စိတ်နှလုံးက အထူးသဖြင့် တို့ထိပြီး၊ နှိုးဆော်ခံရသည်။ သခင့်ပြန်ကြွ လာခြင်းကို ကြိုဆိုဖို့နှင့် ဘုရား နှုတ်ကပတ်တော်ကို တိုက်ရိုက် ကြုံတွေ့ဖို့ ကျွန်မမည်မျှ ကံကောင်းသည်ကို ခံစားရသည်။ ဤသည်မှာ မည်မျှ ကြီးမားလှသော ကောင်းကြီးမင်္ဂလာတစ်ခု ဖြစ်သနည်း။

နောက်ပိုင်းတွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ အသင်းတော် အသက်တာတွင် ကျွန်မ စတင်ပါဝင်ခဲ့သည်။ ညီအစ်ကို မောင်နှမများက ဓမ္မသီချင်းများ သီဆို၊ ကခုန်ပြီး၊ ဘုရားသခင်ကို အတူတကွ ချီးမွမ်းကြသည်။ သူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး၊ ထုတ်ဖော်ဖို့ ဖောက်ပြန်ပျက်စီးမှု တစ်ခုတစ်လေရှိပါက၊ သူတို့စိတ်နှလုံးကို ဖွင့်ဟပြီး၊ ထိုအကြောင်းကို မိတ်သဟာယပြုကြသည်။ လူတိုင်းက အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော်နှင့် ပတ်သက်သည့် သူတို့၏ အသိပညာနှင့် အတွေ့အကြုံတို့ကို ဆွေးနွေးပြီး၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဝင်ရောက်ခြင်း လမ်းကြောင်းတစ်ခုကို ရှာဖွေကြသည်။ ဤသို့သော အသင်းတော်ထဲက အသက်တာမျိုးသည် အထူးသဖြင့် လွတ်မြောက်ပြီး၊ ၎င်းမှ ကြီးစွာသော ထောက်ပံ့မှုကို ကျွန်မ ရရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်က အမှုပြုနေသည့် ထိုသို့သော အသင်းတော်မျိုး သည်သာလျှင် ဘုရားသခင်၏ အိမ်တော် ဖြစ်နိုင်သည်ကို ကျွန်မ အမှန်တကယ် နားလည်သဘောပေါက်ခဲ့သည်။ ဤနေရာသည် ကျွန်မ နှင့် သက်ဆိုင်သည့် နေရာဖြစ်သည်။ ယခုအခါတွင် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင့်ပြန်ကြွလာခြင်း ဖြစ်သည်ကို ကျွန်မ လုံးလုံးစိတ်ပိုင်းဖြတ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို အဆုံးထိ လိုက်ဖို့ ကျွန်မ သန္နိဌာန်ချမှတ်ခဲ့သည်။

အရှေ့သို့- ၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

နောက်တစ်ခုသို့- ၂၇။ သခင်နှင့် ပြန်လည်ပေါင်းစည်းခဲ့သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၉။ သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စုအမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။