၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်

ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့် မိတ်ဆွေများ၏ ချစ်ခင်သောစောင့်ရှောက်မှုကို ကျွန်မ အမြဲတမ်း လက်ခံရရှိခဲ့သည်။ ကျောင်းတွင် အမြဲတမ်း အမှတ်ကောင်းရပြီး၊ ကြင်နာကာ၊ အပူအပင် မထားသောကြောင့်၊ ဆရာများနှင့် အတန်းဖော်များ၏ နှစ်သက်ခံခဲ့ရသည်။ ထိုအချိန် တွင်းက အနာဂတ်အတွက် ကျွန်မမှာ မျှော်လင့်ချက် အပြည့်ရှိခဲ့သည်။ သို့သော်လည်း အံ့အားသင့်စွာပင်၊ အထက်တန်း ကျောင်းအတွက် စာမေးပွဲရောက်လာချိန်တွင်၊ ထိပ်တန်း မိန်းကလေးကျောင်း အတွက် အရည်အချင်းပြည့်မီဖို့ အမှတ် တစ်ဝက်ဖြင့် လွဲချော်ရပြီး၊ ထိုအစား ဒုတိယအဆင့်ကျောင်း တစ်ခုကိုသာ တက်ခွင့်ရခဲ့သည်။ ဖြစ်ပျက်ခဲ့သည့်အရာကို ကျွန်မ သိပ်လက်ခံနိုင်စွမ်း မရှိသည်မှာ မိမိ၏အခန်းထဲတွင် မိမိဘာသာ နှစ်ရက် သော့ပိတ်နေခဲ့ပြီး၊ စားဖို့ သို့မဟုတ် သောက်ဖို့ ငြင်းဆန်ခဲ့သည်။ ၎င်းမှာ ကျွန်မ၏ အသက်တာတွင် ရှုံးနိမ့်ခြင်းကို ပထမဆုံးတွေ့ကြုံခံစားခဲ့ရသည့် အချိန်ဖြစ်သည်- ကျွန်မ ချောက်တစ်ခုထဲ ကျသွားသည်ဟု ခံစားရပြီး၊ ညှဉ်းပန်းမှု နှင့် နာကျင်မှုတို့ဖြင့် ဖိစီးနှိပ်စက်ခံခဲ့ရသည်။

ကျောင်းတစ်ဖန်ပြန်စသည့်အချိန်တွင်၊ အလွန်အမင်း အားငယ်လျက် ကျောင်းနှင့်အသားကျအောင် ရှင်းလင်းပြောပြ သည့် ပွဲသို့ သွားခဲ့သည်။ ထိုပွဲကာလအတွင်းတွင် စီနီယာ အတန်းဖော် မိန်းကလေးတစ်ယောက် ကျွန်မကို သခင်ယေရှု၏ ဧဝံဂေလိကို ဟောကြားခဲ့သည်။ အသင်းတော် ဝတ်ပြုစုဝေးပွဲ များကို ကျွန်မ ပိုမိုတက်ရောက်ပြီး၊ ညီအစ်ကိုမောင်နှမများ၏ အတွေ့အကြုံများကို ပိုကြားရသည်နှင့် အညီ၊ သခင့် ကျေးဇူးတော်သည် သစ္စာစောင့်သိပြီး၊ မှီခိုလို့ရသည်ဟု ကျွန်မ ခံစားခဲ့ရသည်။ သခင်ယေရှု ခရစ်တော်ကို ကျွန်မ ဆုတောင်းပြီး၊ အသနားခံသမျှ ကာလပတ်လုံး၊ သူ့ကွယ်ကာခြင်းနှင့် စောင့်ရှောက်ခြင်းတို့ကို ကျွန်မ လက်ခံရရှိကာ၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းနှင့် လုံခြုံမှု ခံစားချက်တစ်ခုကို နှစ်သက်ခံစားရမည်ဟု ကျွန်မ ယုံကြည်ခဲ့သည်။ မှောင်မိုက်သည့် စိတ်အားငယ်ခြင်း နေရာတစ်ခုမှ ကျွန်မ၏ အကောင်းမြင်ခြင်းနှင့် အပြုသဘောဆောင်ခြင်းတို့ကို တဖြည်းဖြည်းချင်း ကျွန်မ ပြန်လည်ရရှိခဲ့သည်။ နောက်ပိုင်းတွင် အထက်တန်းကျောင်း ဒုတိယနှစ်၌ ကျွန်မ ခရစ်ယာန်တစ်ယောက်အဖြစ် ဗိတ္တိဇံခံခဲ့ သည်။

သမ္မာကျမ်းစာဆိုင်ရာ သမ္မာတရားများအကြောင်း ပို၍ သင်ယူရန်၊ တက္ကသိုလ်အတွက် ခရစ်ယာန် သီလရှင်ကျောင်းကို သွားတက်ခဲ့ပြီး၊ တက္ကသိုလ်ပထမနှစ်ကျောင်းသူ တစ်ယောက် အနေဖြင့် သင်းအုပ်ဆရာသင်ပေးသည့် “ဘာသာရေးကို မိတ်ဆက်ပေးခြင်း” ဟု ခေါ်သည့် သင်ရိုးတစ်ခုကို လေ့လာ သင်ယူခဲ့သည်။ အတန်းတစ်ခုအတွင်းတွင် သင်းအုပ်ဆရာက “ဟေဗြဲ အခန်းကြီး ၁၃ အငယ် ၈ မှာ- ‘ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။’ လို့ဖော်ပြထားတယ်။ သခင်ယေရှုက တစ်ပါးတည်းသော ကယ်တင်ရှင်ဖြစ်တယ်။ သူက သစ္စာစောင့်သိပြီး၊ ယုံကြည် အားထားရတယ်၊ ပြီးတော့ သူ့နာမတော်က ဘယ်ခေတ်ပဲ ဖြစ်ပါစေ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။ ယေရှုရဲ့ နာမတော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ဆရာတို့က ကယ်တင်ခံရနိုင်တယ်…” ဟု ကျွန်မတို့ကို ပြောခဲ့သည်။ သူ့စကားမှနေပြီး၊ သခင်ယေရှု၏ ကယ်တင်ခြင်းမှသာလျှင် ကျွန်မတို့က မကောင်းမှုနှင့် သေခြင်းတရားတို့မှ ကယ်တင်ခံရ နိုင်ပြီး၊ သခင်ယေရှု၏ နာမတော်ကို ယုံကြည်ခြင်းဖြင့်သာလျှင် ကျွန်မတို့ ကယ်တင်ခံရနိုင်သည်ကို ကျွန်မ သိခဲ့သည်။ အသင်းတော်သို့ ကျွန်မကို ခေါ်ဆောင်လာသည့် စီနီယာ အတန်းဖော် မိန်းကလေးက အမြဲတမ်း အလွန်ပျော်ရွှင်နေပြီး၊ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိပုံရသည့် အကြောင်းအရင်းက ဘဝတွင် သခင့်ကို သူမ၏ ယုံကြည်ခြင်းမှ ရရှိသည့် ခွန်အား ကြောင့် ဖြစ်နိုင်သည်ကို ကျွန်မ ရုတ်တရက်တွေးမိသည်။ ထိုအတန်းပြီးနောက်၊ သခင်ယေရှုနောက်ကို လိုက်ပြီး၊ သူ့ကို အစေခံခြင်းတွင် ကျွန်မ၏ အားထုတ်ကြိုးပမ်းမှုများအားလုံးကို ထည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုရည်ရွယ်ချက်ဖြင့် အတန်း ပြီးနောက် ကျွန်မ၏ အချိန်များ အားလုံးကို ပွဲတော်မင်္ဂလာ၊ သမ္မာကျမ်းစာလေ့လာခြင်း၊ ဧဝံဂေလိအမှုတော်ဆောင်အလုပ် တို့ကို ပါဝင်ခြင်းဖြင့် သုံးပြီး၊ ဒေသနာတစ်ခု သို့မဟုတ် ဝတ်ပြုစုဝေးပွဲ တစ်ခုကိုမျှ ကျွန်မ တစ်ကြိမ်မျှ မပျက်ကွက်ခဲ့ပါ။

အချိန်ကြာလာသည်နှင့်အမျှ သင်းအုပ်ဆရာများနှင့် အကြီးအကဲများတို့၏ ဒေသနာများတွင် ပြောနေကျအရာများ ကိုသာ အမြဲတမ်း ပြောသည်ကို ကျွန်မ သတိပြုမိလာသည်- သူတို့ ပြောသည့် အရာတွင် မည်သည့် အလင်းသစ်မျှ မရှိဘဲ၊ ယုံကြည်သူများအနေဖြင့် ကျွန်မတို့သည် သူတို့၏စကားများမှ ဝိညာဉ်ရေးရာ အာဟာရ အနည်းငယ်ကိုပင် မရရှိခဲ့ပါ။ အချို့သော ညီအစ်ကိုမောင်နှမများက အားနည်းခြင်းတွင် အသက်ရှင်ကြသည်- သူတို့က ဝတ်ပြုစုဝေးပွဲများသို့ လုံးဝ မတက်ဘဲ၊ မည်သူကမျှ သူတို့ကို ကူညီဖို့ သို့မဟုတ် ထောက်ပံ့ဖို့ အလုပ်ရှုပ်မခံကြပါ။ အချို့သော ညီအစ်ကိုမောင်နှမများက ဒေသနာတစ်လျှောက် ငိုက်မျဉ်းပြီးနောက် ဝတ်ပြုစုဝေးပွဲပြီး နောက်တွင် ကုန်စည်များနှင့် အာမခံများကို လူများကို ရောင်းဖို့ ကြိုးစားကြသည်။ အချို့လူများက နိုင်ငံရေးဆိုင်ရာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ ရာထူးအတွက် စည်းရုံးလှုံ့ဆော်သည်ကိုပင် ကူညီခဲ့ကြသည်။ ကျွန်မက “ကိုယ်ပိုင်အကျိုးအမြတ်ကိုသာ ရှာဖွေပြီး၊ ကိုယ့်ဝိညာဉ်ရေးရာ အသက်တာမှာ တိုးတက်ရေးကို ရှာဖွေမလိုက်စားနေချိန်မှာ သခင့်ကို ယုံကြည်သေးတယ်ဆိုရင် သင်ဟာ ခရစ်ယာန် တစ်ယောက်ဖြစ်သေးလား။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲ တွေက ဒီအရာတွေ ဖြစ်နေတာကိုတောင် တားဆီးဖို့ မကြိုးစား ကြဘူး- ဒါက သခင့်အလိုတော်နဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီ နေရဲ့လား။” ဟု မိမိဘာသာ တွေးမိသည်။ အသင်းတော်ထဲမှ အခြေအနေက ကျွန်မကို ဒေါသထွက်ပြီး၊ စိတ်ပျက်စေသည်။ ကျွန်မ ဝိညာဉ်ရေးရာ ထောက်ပံ့မှု တစ်ခုမျှ မရရှိခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သောကြောင့်၊ ဝိညာဉ်ရေးရာ ဆုတ်ယုတ် ကုန်ခမ်းပြီး၊ အားနည်းသည်ဟု ခံစားခဲ့ရသည်။ ထို့အပြင် ကျွန်မက အလုပ်ရှုပ်နေပြီး၊ စနေ တနင်္ဂနွေများတွင် မကြာခဏ အချိန်ပိုဆင်းရသောကြောင့်၊ ဝတ်ပြုစုဝေးပွဲများ တက်ရောက်ဖို့ ပင် အပင်ပန်းခံမနေခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်။ ကျွန်မ ပြဿနာတစ်ချို့ ကြုံတွေ့ရသည့်အချိန်မှသာလျှင် ကျွန်မ၏ သမ္မာကျမ်းစာကို ဖတ်ပြီး၊ သခင့်နာမတော်၌ ဆုတောင်းလေ သည်။ ကျွန်မ မျှော်လင့်ချက်မဲ့ပြီး မရေမရာဖြစ်ကာ၊ လမ်းပျောက်ပြီး၊ ခိုကိုးရာမဲ့သည်ဟု ခံစားခဲ့ရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ အစ်ကိုဝမ်ကို အွန်လိုင်းတွင် တွေ့ဆုံခဲ့သည်။ အစ်ကိုဝမ်က ကျွန်မကို အစ်ကိုဂျင်နှင့် အခြား ညီအစ်ကိုမောင်နှမ အနည်းငယ်တို့ဖြင့် မိတ်ဆက်ပေးခဲ့သည်။ အစ်ကိုဂျင်၏ မိတ်သဟာယပြုခြင်းများက ကျွန်မယခင်က နားမလည်ခဲ့သည့် သမ္မာတရားများစွာကို ကျွန်မကို နားလည် သဘောပေါက်ဖို့ ကူညီခဲ့သည်။ ဘုရားလူ့ဇာတိခံခြင်း၏ သမ္မာတရားနှင့် ပတ်သက်သည့် သူ့မိတ်သဟာယက အထူးသ ဖြင့် လက်တွေ့ကျပြီး၊ ရှင်းလင်းကာ၊ ၎င်းမှနေပြီး ကျွန်မ များစွာ ရရှိခဲ့သည်။ ကျွန်မ သခင့်ကို နှစ်ပေါင်းမျာစွာ ယုံကြည်ခဲ့သည်၊ သမ္မာကျမ်းစာကို လေ့လာခဲ့ပြီး၊ ဝိညာဉ်ရေးရာ အကျော်အမော် ပုဂ္ဂိုလ်များ၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများတို့၏ မရေမတွက်နိုင်သော ဒေသနာများကို နားထောင်ခဲ့သော်လည်း၊ တစ်စုံတစ်ယောက်က သမ္မာတရား၏ ဤရှုထောင့်ကို အလွန် ပြတ်သားစွာနှင့် သိသာထင်ရှားစွာ မိတ်သဟာယပြုသည်ကို ကျွန်မ တစ်ခါမျှ မကြားဖူးခဲ့ပါ။ ကျွန်မ၏ စိတ်ဝိညာဉ်က ရေလောင်းခံရပြီး၊ ရှာဖွေဖို့ လိုအင်ဆန္ဒများ ကျွန်မထဲတွင် ပေါ်ပေါက်လာသည်။ ထို့နောက် သူတို့၏ အွန်လိုင်း ဝတ်ပြု စုဝေးပွဲများကို ကျွန်မ မကြာခဏ တက်ရောက်ခဲ့သည်။

ထိုကဲ့သို့ ဝတ်ပြုစုဝေးပွဲတစ်ခုအတွင်းတွင်၊ အစ်ကိုဂျင်က “လူသားမျိုးနွယ်ကို လုံးလုံးကယ်တင်ဖို့၊ ဘုရားသခင်က နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို စတင်ဆောင်ရွက် တော်မူတယ်၊ မတူညီတဲ့ ခေတ်သုံးခေတ်အဖြစ် ပိုင်းခြားလိုက်ပြီး၊ ခေတ်တစ်ခုချင်းစီမှာ အမှုတော် အဆင့်သစ်တစ်ခုကို ပြုခဲ့တယ်။ ဘုရားသခင်ရဲ့ နာမတော်က သူပြုတဲ့ အမှုတော် အမျိုးမျိုးနှင့် အတူ ပြောင်းလဲတယ်။ ဥပမာအားဖြင့် ပညတ်တော်ခေတ်မှာ ဘုရားသခင်က တရားတော်တွေနဲ့ ပညတ်တော်တွေကို ကြေညာ ပြီး၊ အစောပိုင်း ဣသရေလလူမျိုးတွေကို ကမ္ဘာမြေက သူတို့ အသက်တာမှာ ဦးဆောင်ပေးရင်း ‘ယေဟောဝါ’ နာမတော် အောက်မှာ သူ့အမှုပြုခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က ပညတ်တော်ခေတ်က သူ့အမှုတော်ကို ပြီးဆုံးတာနဲ့တပြိုင်နက်၊ ကျေးဇူးတော်ခေတ်မှာ သူ့ရွေးနှုတ်ခြင်းအမှုတော်ကို စခဲ့တယ်၊ သူ့နာမတော်က ‘ယေဟောဝါ’ ကနေ ‘ယေရှု’ လို့ ပြောင်းသွား တယ်။ လက်ရှိမှာ ကျွန်တော်တို့က နောက်ဆုံးသောကာလ မှာရှိပြီး၊ ဘုရားသခင်က ယေရှုရဲ့ ရွေးနှုတ်ခြင်းအမှုတော် အခြေခံအုတ်မြစ်ပေါ်မှာ ဘုရား အိမ်တော်ကနေ စတင်တဲ့ တရားစီရင်ခြင်း အမှုပြုတော်မူနေတယ်။ သူက ကျေးဇူးတော် ခေတ်ကို အဆုံးသတ်ခဲ့ပြီး၊ နိုင်ငံတော်ခေတ်ကို အစပြုခဲ့တယ်၊ ပြီးတော့ ဒီလိုလုပ်ခြင်းအားဖြင့် သူ့နာမတော်က ‘အနန္တတန်ခိုးရှင်ဘုရားသခင်’ လို့ ပြောင်းသွားခဲ့ပြီ။” ဟု ပြောလျက် မိတ်သဟာယပြုခဲ့သည်။ အစ်ကိုဂျင်က ဘုရားသခင် ၏ နာမတော် ပြောင်းလဲခဲ့ပြီဟု ပြောသည်ကို ကျွန်မ ကြားသည့်အချိန်တွင်၊ ကျွန်မက “သမ္မာကျမ်းစာထဲမှာ- ‘ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။’ (ဟေဗြဲသြဝါဒစာ ၁၃:၈) လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ငါယုံကြည်တဲ့ သခင် ယေရှုက တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင် ဖြစ်ပြီး၊ သခင်ယေရှုနာမတော်က ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး။ သခင်ယေရှုနာတော်အားဖြင့်သာ ငါတို့က ကယ်တင်ခံရနိုင်တယ်- အစ်ကိုက ဘုရားသခင်ရဲ့ နာမတော် ပြောင်းလဲပြီလို့ ဘယ်လို လုပ်ပြီး ပြောနိုင်တာလဲ။ ငါတို့ ဆုတောင်းချက်တွေမှာ ယေရှုနာမတော်ကို ငါတို့ မခေါ်ဘဲ၊ တစ်ခြားနာမတော်တစ်ချို့ကို အသုံးပြုရင်၊ အဲဒါက ဘယ်လိုလုပ်ပြီး သမ္မာကျမ်းစာနဲ့ ကိုက်ညီ နိုင်ဦးမှာလဲ။” ဟု မိမိဘာသာ တွေးမိသည်။ အစ်ကိုဂျင်၏ မိတ်သဟာယပြုခြင်းက ကျွန်မ၏ ယုံကြည်မှုကို နက်ရှိုင်းစွာ စိန်ခေါ်ခဲ့သည်။ သူက အောက်ပါအတိုင်း နှိုင်းယှဉ်ဆင်ခြင်ချက်ကို ပြုလုပ်ပြီး “အစ်မမူကျန်း ကုမ္ပဏီတစ်ခုက အစ်မကို တစ်နှစ်မှာ စီမံကိန်းအရာရှိခန့်ပြီးတော့၊ နောက်တစ်နှစ်မှာ မန်နေဂျာခန့်ခဲ့ တယ်ဆိုရင်၊ အစ်မက စီမံကိန်းအရာရှိဖြစ်ဖြစ်၊ မန်နေဂျာဖြစ်ဖြစ်၊ အစ်မ အလုပ်ရဲ့ သတ်မှတ်ချက်တွေက အစ်မရဲ့ ရာထူး ပြောင်းလဲမှုကို သတ်မှတ်ပေးတယ်။ လူတွေက အစ်မကို စီမံကိန်းအရာရှိမူလို့ ခေါ်ခဲ့ကြလိမ့်မယ်၊ ဒါပေမဲ့ အခုတော့ သူတို့က အစ်မကို မန်နေဂျာမူလို့ ခေါ်တယ်- အစ်မမှာ ဂုဏ်ပုဒ်နဲ့ ရာထူးမှာ ဘယ်လိုပြောင်းလဲပါစေ၊ အစ်မက ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲခဲ့သလား။ အစ်မက အစ်မဘဲ ဖြစ်နေဦးမှာ မဟုတ်ဘူး လား။” ဟု ပြောခဲ့သည်။ ကျွန်မက “ကျွန်မက ကျွန်မပဲ ဖြစ်နေဦးမှာပဲ။” ဟု ပြန်ဖြေခဲ့ပြီး၊ မည်သည့် ကန့်ကွက်ချက်မှ မလုပ်ခဲ့သော်လည်း ကျွန်မစိတ်နှလုံးထဲတွင် သူပြောနေသည့် အရာကို လက်မခံနိုင်သေးပါ။ ကျွန်မက “ဘုရားသခင်ရဲ့ နာမတော်က ဘယ်တော့မှ မပြောင်းနိုင်ဘူး။ သခင်ယေရှုရဲ့ နာမတော်ကို ယုံကြည်ခြင်းနဲ့သာ ကျွန်မတို့ ကယ်တင်ခံရနိုင် တယ်။ အစ်ကိုတို့က ကျွန်မကို လွယ်လွယ်ကူကူ လက်ခံယုံကြည် စေမှာ မဟုတ်ဘူး။ ကျွန်မက အခုအချိန်ကစပြီး၊ အစ်ကိုတို့ကို လျစ်လျူရှုပြီး၊ အဲဒီမှာပဲ ပြီးပြီ။” ဟု မိမိဘာသာ တွေးမိသည်။ ထိုဝတ်ပြုစုဝေးပွဲပြီးနောက်၊ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကို မောင်နှမများအားလုံးကို စကားဝိုင်း အက်ပလီကေးရှင်းမှ ဘလော့ခ် လုပ်လိုက်သည်။

အံ့အားသင့်စွာပင်၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ညီအစ်ကိုမောင်နှမများ အားလုံးကို ကျွန်မ ဘလော့ခ် လုပ်လိုက်ပြီး နောက်တစ်နေ့ ည၈နာရီခန့်တွင်၊ ကျွန်မက မီးဖိုချောင်တွင် ပန်းကန်များဆေးနေစဉ်၊ ကျွန်မ၏ လူခေါ်ခေါင်းလောင်း အသံမြည်သည်ကို ရုတ်တရက် ကြားလိုက် သည်။ ကျွန်မ တံခါးဖွင့်လိုက်ပြီး၊ ကျွန်မရှေ့တွင် ကျွန်မ တစ်ခါမျှ မမြင်ဖူးသည့် မိန်းကလေးနှစ်ယောက် မတ်တပ်ရပ်နေသည်။ မိန်းကလေးများထဲမှ တစ်ယောက်က ကျွန်မကို သတင်းအချက် အလက်တစ်ချို့ လှမ်းပေးသည်။ ကျွန်မက အစ၌ ထိုမိန်းကလေး များကို အလွန်ဖော်ရွေသော်လည်း၊ ထိုမိန်းကလေးက ကျွန်မကို လှမ်းပေးသည့် “ခရစ်တော်၏ ပြန်ကြွခြင်း- သခင်ယေရှုက တိမ်များဖြင့် ပြန်ကြွခဲ့ပြီ” ဟု စာလုံးကြီးများဖြင့် ရေးထားသော လက်ကမ်းစာစောင်ကို ကျွန်မတွေ့သည့်အချိန်တွင်၊ သူတို့က ဧဝံဂေလိ ဟောကြားဖို့ လာသည်ကို ကျွန်မရုတ်တရက် သဘောပေါက်လိုက်သည်။ သခင်ယေရှု၏ နာမတော်သည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ဟု ထိုအချိန်က ကျွန်မ ယုံကြည်ခဲ့သောကြောင့်၊ မိန်းကလေးနှစ်ယောက်ကြောင့် ကျွန်မ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ပြီး၊ သူတို့ကျွန်မကို ပေးသည့် လက်ကမ်းစာစောင်ကို ပြန်ပေးလိုက်သည်။ သူတို့က အနည်းငယ် စိတ်ပျက်အားလျော့သွားပုံရပြီး၊ သူတို့ထွက်ခွာဖို့ လှည့်သည့်အခိုက်တွင်၊ ညီအစ်မများထဲမှ တစ်ယောက်က “အစ်မက ဒီသတင်းကို လက်မခံနိုင်ဘူးဆိုတာ ဘုရားသခင်ကို မယုံလို့လား၊ ဒါမှမဟုတ် အစ်မက တခြား ဂိုဏ်းဂဏတစ်ခုက မို့လို့လား။ အစ်မက သမ္မာတရားကို သေသေချာချာ စုံစမ်း စစ်ဆေးပြီး ရှာဖွေဖူးလား။” ဟု ကျွန်မကို မေးခဲ့သည်။ ထိုညီအစ်မများ မည်သို့ပြောပါစေ၊ ကျွန်မက မိမိ၏အချိန်ကို နောက်ထပ် အမှန်တကယ် မပေးလိုသောကြောင့် မီးဖိုချောင် ထဲတွင် မိမိ၏ပန်းကန်များကို ပြန်ဆေးခဲ့သည်။ ပန်းကန်များ ဆေးနေစဉ်၊ ထိုညီအစ်မများ၏ မေးခွန်းများက ကျွန်မ၏ စိတ်နှလုံးထဲတွင် ဆက်ပေါ်ပေါက်နေသည်၊ “အစ်မက သမ္မာတရားကို သေသေချာချာ စုံစမ်းစစ်ဆေးပြီး ရှာဖွေဖူးလား။” ကျွန်မက “ငါ သမ္မာတရားကို တကယ် သေသေချာချာ မရှာဖွေဖူးဘူး ထင်တာပဲ။” ဟု မိမိဘာသာ တွေးမိသည်။ အစ်ကိုဝမ်နှင့် အခြားလူများက ဘုရားသခင်၏ နာမတော် ပြောင်းလဲခြင်းအကြောင်း မည်သို့ မိတ်သဟာယပြုခဲ့သည်ကို ပြန်တွေးမိပြီးနောက် ဤသည်မှာ ကျွန်မ၏ ကိုယ်ပိုင် နားလည် သဘောပေါက်ခြင်းမှ မည်သို့ကွဲပြားသည့်အကြောင်း ကျွန်မ တွေးမိသည်။ သို့သော် ကျွန်မ နားမလည်သည့်အချိန်တွင်ပင်၊ သမ္မာတရားကို ရှာဖွေဖို့ ကျွန်မမှာ လိုအင်ဆန္ဒမရှိခဲ့ဘဲ၊ ကျွန်မ၏ သမ္မာကျမ်းစာနှင့် ပတ်သက်သည့် အသိပညာကို အသုံးပြုရင်း သူပြောခဲ့သည့် အရာကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။ ကျွန်မ သဘောတူသည့် သူတို့မိတ်သဟာယ၏ ထိုရှုထောင့်များကို ကျွန်မ လက်ခံခဲ့သော်လည်း ကျွန်မ သဘောမတူသည့် ထိုရှုထောင့်များကို မရှာဖွေနိုင်သလို၊ အာရုံမစိုက်နိုင်ခဲ့ပါ။ သမ္မာကျမ်းစာနှင့် ပတ်သက်သည့် ကျွန်မ၏ အသိပညာက ကျွန်မ၏ ဖြူစင်ခြင်းနှင့် စိတ်နှလုံး၏ ရိုးရှင်းမှုတို့ကို ဆုံးရှုံးစေ သည်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ ကျွန်မက သမ္မာတရားအတွက် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သည့် စိတ်နေသဘောထား တစ်ခုကို လက်ခံကျင့်သုံးခဲ့သည်။- ကျွန်မသည် မိမိကိုယ်ကို သမ္မာတရားကို ရိုးသားစွာ ရှာဖွေသူ တစ်ယောက် အဖြစ် မည်သို့မှတ်ယူနိုင်ခဲ့သနည်း။

ကျွန်မ အနည်းငယ် တည်ငြိမ်သည့်အချိန်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကို မောင်နှမများက မိတ်သဟာယပြုခဲ့သည့် အရာကို ကျွန်မ သတိရမိသည်။ “ဘုရားသခင်ရဲ့ သိုးက ဘုရားသခင်ရဲ့ အသံတော် ကို နားထောင်တယ်- ကျွန်တော်တို့က သခင့်ပြန်ကြွခြင်းကို ကြိုဆိုချင်ရင်၊ ဘုရားသခင်ရဲ့ အသံတော်ကို ကျွန်တော်တို့ နားထောင်ရမယ်၊ သူ့အသံတော်ကို သိမြင်ပြီး၊ သမ္မာတရားဖြစ်တဲ့ အရာကို နားလည်သဘောပေါက်ရမယ်။” ညီအစ်ကိုမောင်နှမများ ပေးသည့် မိတ်သဟာယက သမ္မာကျမ်းစာနှင့် ကိုက်ညီလေသည်။ ပညာရှိသတို့သမီးများသည် ဘုရားသခင်၏ အသံတော်ကို နားထောင်ခဲ့ရပြီး၊ ကျေးဇူးတော်ခေတ်မှ ပေတရုက သခင့် နှုတ်ကပတ်တော်များတွင် ဘုရားသခင်၏ အသံတော်ကို ကြားခဲ့သောကြောင့် သခင်ယေရှုနောက်ကို လိုက်နိုင်စွမ်းရှိခဲ့သည် မဟုတ်လော။ ဤအရာကို နားလည်သဘောပေါက်လျက်၊ ကျွန်မ၏ သမ္မာကျမ်းစာကို ကမန်းကတန်း ထုတ်လိုက်ပြီး၊ “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။ ငါသည်အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူထိုင်နေသကဲ့သို့၊ အောင်မြင်သော သူသည်ငါ၏ ပလ္လင်ပေါ်မှာ ငါနှင့်အတူ ထိုင်နေရသောအခွင့်ကိုငါပေးမည်။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေဟုမိန့်တော်မူ၏။” ဟု ပြောထားသည့် ဗျာဒိတ်ကျမ်း အခန်းကြီး ၃၊ အငယ် ၂၀-၂၂ ကို ဖွင့်လိုက်သည်။ ကျွန်မက ဤကျမ်းစာအုပ်ကို သေချာစွာ စဉ်းစားချင့်ချိန်ပြီး၊ မိမိဘာသာ “သန့်ရှင်းသော ဝိညာဉ်တော် စကားပြောတဲ့အချိန်တိုင်း ငါတို့နားထောင်ရမယ်လို့ ဘုရားသခင်က ငါတို့ကို တောင်းဆိုတယ်။ ငါက အခု ကံကောင်းလို့ သခင့် ပြန်ကြွလာခြင်းကို ကြားရပြီး၊ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်နဲ့ သိကျွမ်းလာဖို့ အခွင့်အလမ်းရှိတယ်၊ ဒါ့ကြောင့် ငါ့အယူအဆတွေက ငါ့ကို ချုပ်တည်းထားတာကို ဘာဖြစ်လို့ ခွင့်ပြုနေသေးတာလဲ။ ငါနားမလည်တဲ့ ဒါမှမဟုတ် ငါ့အယူအဆတွေနဲ့ မကိုက်ညီတဲ့ အကြံဉာဏ်မှန်သမျှကို နားထောင်ဖို့ ငါဘာဖြစ်လို့ ငြင်းဆန်တာလဲ။ ဘုရားသခင်ရဲ့ နာမတော် ပြောင်းလဲခဲ့တာ၊ ငါချက်ချင်း လက်မခံနိုင်ရင်တောင် ဒီကိစ္စကို အနည်းဆုံးတော့ ငါ ရှာဖွေပြီး၊ စုံစမ်းသင့်တယ်၊ ပြီးတော့ ငါ့မှာ ပြည့်ဝတဲ့ နားလည်သဘောပေါက်မှုတစ်ခု ရှိတာနဲ့ တပြိုင်နက် ဆုံးဖြတ်ချက်တစ်ခု ချသင့်တယ်။” ဟု တွေးမိသည်။ ထို့နောက် ကျွန်မက ရှင်မဿဲ အခန်းကြီး ၇၊ အငယ် ၇ တွင် အောက်ပါကျမ်းပိုဒ်ကို တွေ့ခဲ့သည်။ “တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။” “ဘုရားသခင်က တကယ့်ကို လာတံခါးခေါက်ပြီဆိုရင်၊” ဟု ကျွန်မ တွေးမိသည်၊ “ပြီးတော့ငါက ငါ့ကိုယ်ပိုင်အယူအဆတွေရဲ့ လှည့်ဖြားတာကို ခံနေရင်း၊ ကိုယ့်နားကို ပိတ်၊ ငါ့ လုံးလုံး အာရုံခံစားမှုမရှိခြင်း အပြင်မှာ သူ့ကို သော့ပိတ်ထားပြီး၊ နောက်ဆုံးသောကာလက ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်လွှတ်ဆုံးရှုံးတယ်ဆိုရင်၊ အဲဒါဟာ အင်မတန် ဝမ်းနည်းစရာ တစ်ခု မဟုတ်ဘူးလား။”

ထိုညတွင် ကျွန်မ အိပ်မပျော်ဘဲ၊ ထိုညက ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို ကျွန်မခေါင်းထဲတွင် မပြတ် ပြန်ပြောင်း တွေးတောခဲ့သည်။ ကျွန်မက “ငါဒီမှာနေတာ ၁၈နှစ်ရှိပြီ၊ ဧဝံဂေလိဖြန့်ဝေဖို့ ငါ့ဆီကို တစ်ယောက်ယောက် ရောက်လာတာ ဒါက ပထမဆုံးပဲ။ ငါက သမ္မာတရားကို သေသေချာချာ ရှာဖွေပြီး စုံစမ်းစစ်ဆေးဖူးရဲ့လားလို့တောင် အဲဒီညီအစ်မက ငါ့ကို မေးခဲ့တယ်- ငါတစ်ခုမှ မမြင်ဖူးတဲ့ ဒီညီအစ်မနှစ်ယောက်က ငါ့ဆီကို ဧဝံဂေလိဖြန့်ဝေဖို့ ရောက်လာတာဟာ ဘုရားသခင်ရဲ့ အကြံစည်တော်များ ဖြစ်နိုင်လား။ ဒါဆိုရင် သူတို့ကို ငါငြင်းပယ် ပြီးနောက်ပိုင်း ငါက ဂနာမငြိမ်ဖြစ်ပြီတယ်လို့ ခံစားနေရပြီး၊ အဖြေတွေအတွက် သမ္မာကျမ်းစာကို လျှောက်ဖတ်နေခဲ့တဲ့ အချိန်က၊ ဘုရားသခင်က သခင်တံခါးခေါက်တဲ့အကြောင်း ကျမ်းပိုဒ်တစ်ခုကို ငါ့ကို ညွှန်ပြခဲ့တယ်- သူတို့ကို ဝင်ခွင့်မပြုခဲ့တာ ငါမှားသွားလား။ အနန္တတန်ခိုးရှင်ဘုရားသခင်က တကယ့်ကို ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်နေလား။” ဟု မိမိဘာသာ တွေးခဲ့သည်။ ကျွန်မစိတ်ထဲတွင် ဤအတွေးများဖြင့် အိပ်ရာထဲမှ ချက်ချင်းထကာ ကိုယ်တော့် လမ်းပြမှု နှင့် ဉာဏ်အလင်းပေးမှု တို့ကို တောင်းလျှောက်ခဲ့သည်။ ကျွန်မ ဆုတောင်းချက် ပြီးနောက်၊ မိမိ၏ ကွန်ပြူတာကို ဖွင့်လိုက်ပြီး၊ “နိုင်ငံတော် သက်ဆင်းကြွရောက်ခြင်း၏ ဧဝံဂေလိတရားတော်” ဟု ခေါ်သည့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ တရားဝင် ဝဘ်ဆိုဒ်ကို သွားလိုက်ကာ၊ ဘုရားသခင်၏ နာမတော်နှင့် သက်ဆိုင်သည့် ကျမ်းပိုဒ်များကို ရှာဖွေခဲ့သည်။ ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဤကျမ်းပိုဒ်ကို ရှာတွေ့လေသည်။ “အချို့က ဘုရားသခင်၏ အမည်နာမသည် ပြောင်းလဲခြင်းမရှိဟု ပြော၏။ သို့ဖြစ်လျှင် ယေဟောဝါ၏အမည်သည် အဘယ်သို့ ယေရှုဖြစ်လာခဲ့သနည်း။ မေရှိယ ကြွလာမည်ကို ပရောဖက်ပြုထားခဲ့၏၊ သို့ဖြစ်လျှင် ယေရှုဟူသော အမည်ရှိသည့် လူသားတစ်ဦး အဘယ်ကြောင့် ကြွလာခဲ့သနည်း။ ဘုရားသခင်၏ နာမသည် အဘယ်ကြောင့် ပြောင်းလဲခဲ့သနည်း။ ထိုသို့သော အမှုကို အချိန်ကြာမြင့်စွာက ဆောင်ရွက်ခဲ့သည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်သည် သာ၍သစ်လွင်သောအမှုကို မပြုနိုင်သလော။ ယမန်နေ့၏ အမှုသည် ပြောင်းလဲနိုင်သကဲ့သို့၊ ယေဟောဝါ၏ အမှုမှ ယေရှု၏အမှု လိုက်လာနိုင်ပေသည်။ ထိုသို့ဆိုလျှင် ယေရှု၏အမှုကိုလည်း အခြားအမှုက မဆက်ခံနိုင်သလော။ ယေဟောဝါ၏နာမသည် ယေရှုအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပါက၊ ယေရှု၏နာမသည်လည်း မပြောင်းလဲနိုင်သလော။ ဤအရာမှ မည်သည့်အရာမျှ မထူးဆန်းပေ။ ယင်းမှာ လူတို့သည် ရိုးအလွန်းကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်လိမ့်မည်။ သူ၏အမှု မည်သို့ပြောင်းလဲသည်ဖြစ်စေ၊ ပြီးလျှင် သူ၏ အမည်နာမ မည်သို့ ပြောင်းလဲနိုင်သည်ကို ပဓာနမထားဘဲ၊ သူ၏စိတ်သဘောထားနှင့် ဉာဏ်ပညာတို့သည် မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည်မဟုတ်။ ဘုရားသခင်ကို ယေရှု၏နာမဖြင့်သာ ခေါ်ဆိုနိုင်သည်ဟု သင်ယုံကြည်ပါက၊ သင်၏ အသိပညာသည် အလွန် နည်းပါးလွန်းလှပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း) ဤကျမ်းပိုဒ်ကို ဖတ်ရှုပြီးနောက်၊ ဘုရားသခင်သည် ခေတ်တိုင်း တွင် အမှုတော်အသစ်တစ်ခုကို ပြုတော်မူကြောင်းနှင့် သူ့ အမှုတော်အသစ်က လိုအပ်သည့်အလျောက် နာမတော်အသစ်ကို ယူကြောင်းတို့ကို နားလည်သဘောပေါက်ခဲ့သည်။ ပညတ်တော် ခေတ်တွင် ဘုရားသခင်၏ နာမတော်သည် ယေဟောဝါ ဖြစ်ပြီး၊ ဤနာမတော်အောက်တွင် ဘုရားသခင်သည် ဣသရေလလူမျိုး များကို မည်သို့ ဦးဆောင်ခဲ့သည်ကို ကျွန်မ တွေးမိသည်။ သို့သော်လည်း သခင်ယေရှုက သူ့အမှုပြုရန် ကြွလာသည့် အချိန်တွင် ဘုရားသခင်၏ နာမတော်သည် ယေဟောဝါမှ ယေရှုသို့ မပြောင်းလဲခဲ့ပါသလား။ အနန္တတန်ခိုးရှင်ဘုရားသခင် သည် ဤကိစ္စကို ကြီးစွာသော ရှင်းလင်းပြတ်သားမှုဖြင့် ယခုရှင်းပြခဲ့ပြီးဖြစ်သည်- ဘုရားသခင်က သမ္မာတရားကို ဖော်ပြ ဖို့ မကြွလာခဲ့ပါက ထိုသို့သော နက်နဲမှုများကို မည်သူက ထုတ်ဖော် ပြောနိုင်မည်နည်း။ ဘုရားနာမတော်ပြောင်းလဲခြင်း၏ ထင်မြင်ယူဆချက်တစ်ခုသည် ကျွန်မ၏ အမြင်ရှုထောင့်များနှင့် မကိုက်ညီသောကြောင့် ၎င်းကို ရှာဖွေပြီး စုံစမ်းစစ်ဆေးဖို့ ကျွန်မ ငြင်းဆန်ခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က သခင်ယေရှု၏ ပြန်လည်ပေါ်ထွန်းခြင်း အမှန်တကယ် ဖြစ်ပြီး၊ သခင်က ကျွန်မ၏ တံခါးတွင် အကြိမ်ကြိမ် ခေါက်သည့်တိုင် သခင့်ကို အဝင်မခံ ခဲ့ပါက၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုဖို့ အခွင့်အလမ်းကို ကျွန်မ လက်လွှတ်ဆုံးရှုံးခဲ့ရလျှင်၊ ၎င်းမှာ အလွန်အမင်း ဝမ်းနည်း စရာတစ်ခု ဖြစ်လေသည်။ သို့ဖြစ်၍ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို သေချာစွာ ရှာဖွေပြီး စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့သည်။

နောက်ပိုင်းတွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် မှ ညီအစ်ကိုမောင်နှမများကို ကျွန်မ ဘလော့ခ် ပြန်ဖွင့်ပေးခဲ့ပြီး၊ ထိုညက ကျွန်မ ကြုံခဲ့သည့် အတွေ့အကြုံအကြောင်း သူတို့ကို ပြောပြခဲ့သည်။ ဝတ်ပြုစုဝေးပွဲတစ်ခုအတွင်းတွင်၊ ညီအစ်ကို မောင်နှမများက ဤကျမ်းစာပိုဒ်ကို ကျွန်မနှင့် ဝေမျှခဲ့ကြ သည်။ “အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည်လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူ သည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။(ရှင်မဿဲခရစ်ဝင် ၁၈:၁၂) ညီအစ်ကိုမောင်နှမများက ကျွန်မသည် လမ်းလွဲ၍ပျောက်သော သိုးကဲ့သို့ပင် ဖြစ်ပြီး၊ ဘုရားသခင်က ကျွန်မကို ရှာဖွေနေခဲ့ပြီး၊ သူ့ရှေ့တော်မှောက်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်ဟု ပြောခဲ့ ကြသည်။ ကျွန်မ လမ်းလွဲနေချိန်တွင်၊ ညီအစ်ကိုမောင်နှမများကို ဘလော့ခ်ပြန်ဖွင့်ပေးရန် နှင့် ဝတ်ပြုစုဝေးပွဲများကို ဆက်တက် ရောက်ရန် ဘုရားသခင်က လမ်းပြခဲ့သည်မှာ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အမှန်တကယ် ဖြစ်လေသည်။ ကျွန်မကို မစွန့်ပစ်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်း ပါသည်။

ထို့နောက်တွင်ပင် အစ်မရှီလင်က “အစ်မ မူကျန်ရေ၊ အစ်မက သမ္မာတရားရဲ့ ရှုထောင့်တစ်ချို့ကို နားမလည်ခဲ့လို့ လူတိုင်းကို ရုတ်တရက် ဘလော့ခ် လုပ်လိုက်တာလား။” ဟု မေးခဲ့သည်။ ကျွန်မက “သမ္မာကျမ်းစာထဲမှာ- ‘ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။’ (ဟေဗြဲသြဝါဒစာ ၁၃:၈) လို့ ရှင်းရှင်းလင်းလင်း ပြောထား တယ်။ ဒါက သခင်ယေရှုက ထာဝရ မပြောင်းလဲဘူးလို့ သက်သေပြနေတယ်။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာရင်တောင်၊ သူက ယေရှုဆိုတဲ့ နာမတော်ကိုပဲ သုံးမြဲ သုံးသင့်တယ်။- ဒီနာမတော်က ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ အစ်ကိုဂျင်က နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ နာမတော်က အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်တယ်လို့ ပြောရင်း မိတ်သဟာယပြုခြင်းတယ်၊ ပြီးတော့ ကျွန်မက ဒါကို တကယ့်ကို အတော် လက်မခံနိုင်ဘူး။ ကျွန်မ ဗိတ္တိဇံခံပြီးကတည်းက၊ သခင်ယေရှုရဲ့ နာမတော်ကို ခေါ်ခြင်း အားဖြင့် ကျွန်မ အမြဲတမ်း ဆုတောင်းခဲ့တယ်၊ ဒါ့ကြောင့် ကျွန်မက သူ့ကို ဘယ်လိုလုပ်ပြီး တခြားဘယ်နာမတော်နဲ့ ခေါ်နိုင်မလဲ။” ဟု ပြောလျက် ခေါင်းညိတ်ခဲ့သည်။ ကျွန်မ ပြောပြီးသည့်အချိန်တွင်၊ အစ်မရှီလင်က ဘုရားနှုတ်ကပတ်တော် တွေရဲ့ အောက်ပါကျမ်းပိုဒ်တစ်ခုကို ပို့ပေးခဲ့သည်။ “ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု ပြောသူများရှိသည်။ ယင်းမှာ မှန်ပေ၏၊ သို့သော် ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ မပြောင်းလဲနိုင်ခြင်းကို ရည်ညွှန်းပေသည်။ သူ၏ နာမနှင့် အမှုတွင် ပြောင်းလဲခြင်းသည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမပြပေ။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ မည်သည့်အခါမှ မပြောင်းလဲလိမ့်မည်မဟုတ်။ အကယ်၍ သင်က ဘုရားသခင်၏ အမှုသည် ပြောင်းလဲခြင်းမရှိဟု ဆိုပါက၊ သူသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်နိုင်မည်လော။ ဘုရားသခင်သည် ထာဝရ ပြောင်းလဲခြင်းမရှိကြောင်းကိုသာ သင်သိသော်လည်း၊ ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မအိုဟောင်းသည်ကို သင်သိပါသလော။ ဘုရားသခင်၏ အမှုသည် မပြောင်းလဲပါက၊ သူသည် လူသားမျိုးနွယ်ကို မျက်မှောက်ခေတ်ထိ တစ်လျှောက်လုံး ဦးဆောင်လျှင် ဦးဆောင်နိုင်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ပါက၊ သူ ခေတ်နှစ်ခေတ်၏ အမှုကို လုပ်ဆောင်နှင့်ပြီး ဖြစ်သည်မှာ အဘယ်ကြောင့် ဖြစ်သနည်း။...သို့ဖြစ်ရာ ‘ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိ။’ ဆိုသည့် စကားများမှာ သူ၏ အမှုကို ရည်ညွှန်းပြီး ‘ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ’ ဆိုသည့်‌ စကားများမှာ ဘုရားသခင်၏ ပင်ကိုအားဖြင့် အရာအားလုံးနှင့် ဖြစ်ခြင်းကို ရည်ညွှန်းပေသည်။ မည်သို့ပင်ဖြစ်စေ၊ သင်သည် နှစ်ခြောက်ထောင်အမှုကို အချက်တစ်ခုပေါ် မတည်နိုင်ပေ သို့မဟုတ် အသက်မဲ့သော စကားလုံးများဖြင့် ယင်းကို ဘောင်မခတ်နိုင်ပေ။ ယင်းမှာ လူ၏ တုံးအမှုဖြစ်သည်။ ဘုရားသခင်သည် လူ စိတ်ကူးသလောက် ရိုးရှင်းခြင်း မရှိသကဲ့သို့၊ သူ၏ အမှုသည် မည်သည့် ခေတ်တစ်ခုတွင်မျှ စွဲကျန်မနေနိုင်ပေ။ ဥပမာအားဖြင့် ယေဟောဝါသည် ဘုရားသခင်၏ နာမအဖြစ် အမြဲ ရပ်တည်မနေနိုင်ပေ။ ဘုရားသခင်သည် ယေရှု နာမအောက်တွင်လည်း သူ၏ အမှုကို လုပ်ဆောင်နိုင်သေး၏။ ဤသည်မှာ ဘုရားသခင်၏ အမှုသည် ရှေ့သို့ ဦးတည်ချက်ဖြင့် အမြဲ တိုးတက်နေသည့် လက္ခဏာတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

“အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ဒါကို အရမ်းရှင်းရှင်းလင်းလင်း ရှင်းပြထားတယ်။ ကျွန်မတို့က- ‘ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု’ လို့ပြောတဲ့အခါမှာ၊ ကျွန်မတို့က သူ့စိတ်သဘောထားနဲ့ အနှစ်သာရတို့ကို ညွှန်းဆိုတာဖြစ်တယ်။ ဒါက ဘုရားသခင်ရဲ့ နာမတော် လုံးဝ မပြောင်းလဲဘူးလို့ မဆိုလိုဘူး။ ဘုရားသခင်က အမြဲတမ်းသစ်ပြီး ဘယ်တော့မှ မဟောင်းဘူး၊ ဘုရားသခင်ရဲ့ အမှုတော်က အမြဲတမ်း ရှေ့တက်သွားနေတယ်၊ ပြီးတော့ သူ့အမှုတော်မှာ ပြောင်းလဲမှု တွေကို ထင်ဟပ်ဖို့ ဘုရားသခင်ရဲ့ နာမတော်က ပြောင်းလဲရမယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နာမတော် ဘယ်လိုပြောင်းနိုင်ပါစေ၊ ဘုရားသခင်ရဲ့ အနှစ်သာရက ဘယ်တော့မှ မပြောင်းလဲဘူး- ဘုရားသခင်က ဘုရားသခင် ဖြစ်ဆဲပဲ။ ဒါပေမဲ့ ကျွန်မတို့က ‘ပြောင်းလဲခြင်းမရှိ’ ဆိုတာ ဘာကို တကယ်ညွှန်းဆိုတယ် ဆိုတာကို နားမလည်ကြဘဲ၊ ဘုရားသခင်ရဲ့ အမှုတော်က ဘယ်လိုအမြဲတမ်း သစ်ပြီး၊ ဘယ်တော့မှ မဟောင်းတာကို မမြင် နိုင်ဘူး၊ ဒါ့ကြောင့် ကျွန်မတို့အတွက် ဘုရားသခင်ရဲ့ အမှုတော်ကို ဘောင်ခတ်ပြီး၊ ကျွန်မတို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေပေါ် အခြေခံပြီး ဘုရားသခင်ကိုတောင် အာခံကြတယ်။ ဥပမာအားဖြင့် ဖာရိရှဲတွေက ‘ယေဟောဝါက တစ်ပါးတည်းသော ဘုရားသခင် ဖြစ်တယ်၊ ပြီးတော့ ယေဟောဝါကလွဲရင် ကယ်တင်ရှင်တစ်ပါးမှ မရှိဘူး’ ဆိုတဲ့ အယူအဆကိုဖက်တွယ်ထားကြတယ်။ ဒါ့ကြောင့် ဘုရားသခင်က ‘ယေရှု’ နာမတော်နဲ့ အမှုပြုဖို့ ကြွလာပြီး၊ ဖာရိရှဲတွေက ယေဟောဝါရဲ့ နာမတော်ပြောင်းလဲသွားပေမဲ့ လည်း၊ ပရောဖက်ပြုခြင်းများက ဟောကိန်းထုတ်ခဲ့သလို သူက ‘မေရှိယ’ လို့ အခေါ်မခံရတာ တွေ့တဲ့အချိန်မှာ၊ သခင်ယေရှုက ခရစ်တော်ဖြစ်တယ်ဆိုတာ၊ သူဟာ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်တယ်ဆိုတာ ငြင်းပယ်ကြတယ်၊ ပြီးတော့ သူတို့က သခင်ယေရှုကို အရူးအမူး ပြစ်တင်ရှုတ်ချပြီး အာခံကြတာ နောက်ဆုံးမှာ သူတို့က သခင်ယေရှုကို ကားတိုင်မှာ သံမှိုစွဲဖို့ ရောမအာဏာပိုင်တွေနဲ့ မကောင်းမှုပြုဖို့ လျှို့ဝှက်ဆောင်ရွက်တဲ့ အထိ ဖြစ်တယ်။ ဒီ ကမ်းအကုန်ဆုံး အပြစ်အတွက် သူတို့ဟာ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံကြရတယ်။ အလားတူပဲ၊ ကျွန်မတို့က သမ္မာကျမ်းစာကို မစဉ်းမစား ဖက်တွယ်ထားတာမှာ မလျှော့တမ်း ပေလုပ်နေပြီး၊ ဘုရားသခင်ရဲ့ နာမတော်က မပြောင်းလဲဘူးဆိုတဲ့ အယူအဆကို ဖက်တွယ်ထားပြီး၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ငြင်းဆန် ရင်တော့၊ ကျွန်မတို့က ဘုရားသခင်ကို ယုံကြည်တယ်လို့ အခိုင်အမာပြောပေမဲ့ ဘုရားသခင်ကို အာခံတဲ့ လမ်းကြောင်းကို လျှောက်ခဲ့တဲ့ ဖာရိရှဲတွေထက် တစ်ခုတစ်လေ ကွဲပြားမှုရှိပါ့ မလား။” ဟု ပြောခဲ့သည်။

ပြီးနောက် သူမက ဘုရားနှုတ်ကပတ်တော်များ၏ အခြား ကျမ်းပိုဒ်နှစ်ခုကို ကျွန်မကို ဖတ်ခိုင်းခဲ့သည်။ “ခေတ်တစ်ခုစီတွင်၊ ဘုရားသခင်သည် အမှုသစ်ကို လုပ်ဆောင်ပြီး နာမသစ်ဖြင့် ခေါ်ဆိုခံရသည်။ မတူသောခေတ်များတွင် သူသည် တူညီသော အမှုကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ သူသည် မည်သို့ အဟောင်းကို ဖက်တွယ်ထားနိုင်မည်နည်း။ ယေရှုနာမကို ရွေးနုတ်ခြင်းအမှုအတွက် ခံယူထားခြင်းဖြစ်သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူပြန်ကြွလာသောအခါ ထိုနာမဖြင့်ပင် သူ အခေါ်ခံရဆဲဖြစ်မည်လော။ သူသည် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ဦးမည်လော။ ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း၊ မတူညီသော ခေတ်များတွင် မတူညီသော နာမများဖြင့် ခေါ်ဆိုခံရသည်မှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ ၎င်းတို့၏ အမှုနှင့်သက်ဆိုင်သည့် ခေတ်များက မတူညီသောကြောင့် ဖြစ်သည် မဟုတ်လော။ နာမတစ်ခုတည်းက ဘုရားသခင်ကို သူ၏ အလုံးစုံတွင် ကိုယ်စားပြုနိုင်မည်လော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော နာမတစ်ခုဖြင့် ခေါ်ဆိုရမည်ဖြစ်ပြီး၊ သူသည် ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် နာမကို အသုံးပြုရပေမည်။ အကြောင်းမှာ မည်သည့်နာမ တစ်ခုကမျှ ဘုရားသခင်ကိုယ်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့် ဖြစ်ပြီး နာမတစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာ ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းနာမ လုပ်ရန် လိုအပ်သည့်အလုပ်ဟူသမျှအားလုံးမှာ သူ၏အမှုကို ကိုယ်စားပြုရန် ဖြစ်သည်။ သို့ဖြစ်ရာ၊ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် သင့်လျော်သည့် မည်သည့် နာမကိုမဆို ရွေးချယ်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))‘ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်’ ဟူသည့် ယေရှု၏နာမသည် ဘုရားသခင်၏ စိတ်သဘောထားကို အလုံးစုံဖြင့် ကိုယ်စားပြုနိုင်မည်လော။ ယင်းသည် ဘုရားသခင်ကို ရှင်းလင်းစွာ ထုတ်ဖော်ပြနိုင်သလော။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့်၊ ဘုရားသခင်ကို ယေရှုဟုသာ ခေါ်ဆိုနိုင်ပြီး၊ အခြားနာမ မရှိနိုင်ဟု လူကဆိုပါက၊ ဤစကားလုံးများသည် ဧကန်အမှန် ပြစ်မှားစော်ကားခြင်း ဖြစ်ပေသည်။ ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်ဟူသည့် ယေရှု နာမတစ်ခုတည်းသာ သူ၏အလုံးစုံဖြင့် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်ဟု သင်ယုံကြည်ပါသလော။ ဘုရားသခင်ကို နာမ အများအပြားဖြင့် ခေါ်ဆို၍ ရကောင်းရနိုင်သော်လည်း၊ ဤနာမများအကြားတွင် ဘုရားသခင်၏ အရာအားလုံးကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြပေးနိုင်သော နာမတစ်ခုမျှမရှိ၊ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သောနာမ တစ်ခုမျှ မရှိပေ။ ထို့ကြောင့် ဘုရားသခင်သည် နာမ အများအပြား ရှိသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားက ကြွယ်ဝလွန်းသည်မှာ လူသား၏ သူ့ကို သိရှိနိုင်စွမ်းအား တကယ်ကို ကျော်လွန်သည့်အတွက် ဤနာမ အများအပြားသည် ဘုရားသခင်၏ စိတ်သဘောထားကို အပြည့်အဝ ရှင်းလင်းစွာ မဖော်ပြနိုင်ပေ။...သီးခြား စကားတစ်လုံး၊ သို့မဟုတ် နာမတစ်ခုသည် ဘုရားသခင်ကို သူ၏ အလုံးစုံဖြင့် ကိုယ်စားပြုဖို့ စွမ်းရည် မရှိပေ၊ ထို့ကြောင့် သူ၏နာမကို ပုံသေထား၍ ရနိုင်မည်ဟု သင်ထင်ပါသလော။ ဘုရားသခင်သည် အလွန်ကြီးမြတ်ပြီး အလွန် သန့်ရှင်းလွန်းသော်လည်း၊ သင်သည် ခေတ်သစ်အသီးသီးတွင် သူ၏နာမကို ပြောင်းလဲရန် ခွင့်မပြုဘဲနေမည်လော။ သို့ဖြစ်ရာ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သော ခေတ်တိုင်းတွင် သူသည် သူလုပ်ဆောင်ရန် ရည်ရွယ်သော အမှုကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန်အလို့ငှာ ထိုခေတ်နှင့် သင့်တော်သော နာမကို အသုံးပြုပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

အစ်မရှီလင်က “ဘုရားသခင်က သူ့အကြံစည်တော်ရဲ့ အမှုတော် တစ်ပိုင်းကိုသာ ပြုတော်မူပြီး၊ သူ့စိတ်သဘောထားရဲ့ ရှုထောင့်တစ်ခုကိုသာ ဖော်ပြတယ်။ ခေတ်တစ်ခုမှာ သူယူတဲ့ နာမတော်က အဲဒီခေတ်မှာ သူထင်ရှားပြတဲ့ စိတ်သဘောထား နဲ့ သူပြုတဲ့အမှုတို့ကိုသာ ကိုယ်စားပြုတယ်။ ဥပမာအားဖြင့် ပညတ်တော်ခေတ်မှာ ယေဟောဝါ နာမတော်က ဘုရားသခင် ပြုခဲ့တဲ့ အမှုတော်ကို ကိုယ်စားပြုသလို၊ သူ့စိတ်သဘောထားရဲ့ ဘုန်းအာနုဘော်ဖြစ်တဲ့၊ အမျက်ဒေါသထွက်တဲ့၊ သနားကရုဏာနဲ့ ပြည့်စုံတဲ့၊ ကျိန်ဆဲတဲ့ ရှုထောင့်ကို ဖော်ပြဖို့ကိုလည်း ကိုယ်စားပြု တယ်။ ယေဟောဝါ နာမတော်အောက်မှာ၊ ဘုရားသခင်က တရားတော်တွေနဲ့ ပညတ်တော်တွေကို ကြေညာပြီး၊ လူသားမျိုးနွယ်ကို ကမ္ဘာမြေပေါ်က သူတို့အသက်တာမှာ လမ်းပြ ခဲ့တယ်။ အပြန်အလှန်အားဖြင့် လူတွေရဲ့ အပြုအမူတွေက ပိုပိုပြီး စည်းကမ်းနဲ့ထိန်းခံလာရပြီး၊ သူတို့က ဘုရားသခင်ကို ဝတ်ပြု ကိုးကွယ်ဖို့နည်းလမ်းကို သင်ယူခဲ့တယ်။ ပညတ်တော်ခေတ် အဆုံးသတ်ခါနီးမှာ၊ လူတွေက စာတန်အားဖြင့် ပိုပိုပြီး ဖောက်ပြန်ပျက်စီးလာခဲ့ကြတယ်၊ သူတို့က တရားတော်တွေနဲ့ ပညတ်တော်တွေိကို လိုက်နာတာကနေ ရပ်လိုက်ပြီး၊ စီရင်ခံရပြီး၊ သေဒဏ်ပေးခံရဖို့ အန္တရာယ်ကျရောက်ခဲ့တယ်။ လူတွေကို တရားတော်ရဲ့ ပြင်းထန်မှုကနေ ကယ်တင်ဖို့၊ ဘုရားသခင်က ယေရှုရဲ့ နာမတော်အောက်မှာ ရွေးနှုတ်ကယ်တင်ခြင်း အမှုပြုခဲ့ တယ်။ ဒါ့ကြောင့် ကျေးဇူးတော်ခေတ် စတင်ပြီး၊ ပညတ်တော် ခေတ် အဆုံးသတ်ခဲ့တယ်။ ကိုယ်တော်က သူ့ရဲ့ ချစ်ခင်ပြီး၊ သနားကရုဏာပြည့်စုံတဲ့ စိတ်သဘောထားကို ထုတ်ဖော်ပြတယ်၊ နောင်တရခြင်း နည်းလမ်းကို တရားဟောကြားပြီး၊ သူ့ကားတိုင် တင်ခံရခြင်းကတစ်ဆင့် လူသားမျိုးနွယ်ကို နောက်ဆုံးမှာ ရွေးနှုတ်ကယ်တင်ခဲ့တယ်။ သခင်ယေရှုကို ကယ်တင်ပိုင်ရှင် အဖြစ် လက်ခံပြီး၊ ဝန်ခံဖို့နဲ့ ဝန်ချတောင်းပန်ဖို့ သခင့်နာမတော် မှာ ဆုတောင်းခဲ့တဲ့ သူအားလုံးက ခွင့်လွှတ်ခံရတယ်။ ခေတ်တိုင်းမှာ ဘုရားသခင်ရွေးချယ်တဲ့ နာမတော်က အဓိပ္ပါယ် ရှိတာကို ဒါကနေပြီး ကျွန်မတို့ မြင်နိုင်တယ်။ နာမတော် တစ်ခုချင်းစီက ဘုရားသခင်ရဲ့ အမှုတော် အစိတ်အပိုင်းတစ်ခုနဲ့ သူ့စိတ်သဘောထားရဲ့ ရှုထောင့်တစ်ခုကိုသာ ကိုယ်စားပြုတယ်- နာမတော်တစ်ခုက ဘုရားသခင်ရဲ့ အလုံးစုံကို ကိုယ်စား မပြုနိုင်ဘူး။ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်က ယေဟောဝါ နာမတော်နဲ့ ကြွလာပြီး၊ ယေရှုနာမတော်နဲ့ မကြွခဲ့ရင်၊ ဘုရားသခင်ရဲ့ အမှုတော်က ပညတ်တော်ခေတ်ကို ကျော်လွန်ပြီး တိုးတက်ဖို့ ရပ်သွားခဲ့မယ်၊ ပြီးတော့ ဖောက်ပြန်ပျက်စီးတဲ့ လူသားတွေအဖြစ် ကျွန်မတို့က ကျွန်မတို့ရဲ့ ရွေးနှုတ်ကယ်တင် ခြင်းကို ဘယ်တော့မှ ရခဲ့ကြမှာမဟုတ်ဘဲ၊ အဲဒီအစား တရားတော်နဲ့ ပညတ်တော်တွေကို ချိုးဖောက်ခြင်းအတွက် စီရင်ခံရပြီး၊ သေဒဏ်ပေးခံခဲ့ရမှာဖြစ်တယ်။ အလားတူပဲ ဘုရားသခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အချိန် မှာ၊ သူက ယေရှုလို့ ခေါ်သေးတယ်ဆိုရင်၊ ဘုရားသခင်ရဲ့ အမှုတော်ဟာ ကျေးဇူးတော်ခေတ်ကို ကျော်ပြီး တိုးတက်ဖို့ ရပ်ဆိုင်းသွားလိမ့်မယ်။ ကျွန်မတို့အပြစ်တွေက ခွင့်လွှတ်ခံရပေမဲ့၊ ကျွန်မတို့က အပြစ်ကျူးလွန်ခြင်းနဲ့ အပြစ်ဝန်ခံခြင်း ဆိုးကျိုး သံသရာထဲမှာပဲ အသက်ရှင်ဆဲဖြစ်ပြီး၊ အပြစ်ရဲ့ ချုပ်ချယ်မှုတွေ ကနေ လွတ်မြောက်နိုင်စွမ်းမရှိဘဲ၊ သန့်စင်ခြင်းကို ရမှာ မဟုတ်ဘူး။ ဒီလိုနဲ့ ကျွန်မတို့ကို အပြစ်ရဲ့ ချုပ်ချယ်မှုတွေကနေ လုံးလုံး ကယ်တင်ပြီး၊ သန့်စင်ခြင်းရစေဖို့၊ ဘုရားသခင်က သူ့နှုတ်ကပတ်တော်တွေကို ဖော်ပြဖို့နဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုပြုဖို့၊ နိုင်ငံတော်ခေတ်ကို တည်ထောင်ပြီး၊ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ဖို့ နောက်တစ်ကြိမ် လူ့ဇာတိခံခဲ့တယ်။ ခေတ်တွေ ပြောင်းလဲတာနဲ့အတူ၊ ဘုရားသခင်ရဲ့ နာမတော်ကလည်း ‘အနန္တတန်ခိုးရှင် ဘုရားသခင်’ လို့ ပြောင်းလဲသွားခဲ့တယ်၊ အဲဒါက ဗျာဒိတ်ကျမ်း အခန်းကြီး ၁ အငယ် ၈ မှာ ‘ငါသည် အာလဖဖြစ်၏။ ဩမေဃ လည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။’ လို့ပြောထားတဲ့ ပရောဖက်ပြုခြင်းကို ပြည့်ဝစေခဲ့တယ်” ဟု ပြောလျက် မိတ်သဟာယပြုခဲ့သည်။

ညီအစ်ကိုမောင်နှမများပေးသည့် မိတ်သဟာယပြုခြင်းက တစ်ဆင့်၊ “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲသြဝါဒစာ ၁၃:၈) လို့ဖော်ပြ ထားတဲ့ ကျမ်းစာပိုဒ်က ဘုရားသခင်ရဲ့ နာမတော်က ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဟု ပြောခြင်းမဟုတ်ဘဲ၊ ဘုရားသခင်၏ အနှစ်သာရသည် ပြောင်းလဲခြင်းမရှိသည်ကို ဆိုလိုပုံကို ကျွန်မနားလည်သဘောပေါက်လာခဲ့သည်။ ဘုရားသခင်က နှစ်ခြောက်ထောင်စီမံခန့်ခွဲမှု အစီအစဉ်ကို ခေတ်သုံးခေတ် ပိုင်းခြားခဲ့သည်ကိုလည်း ကျွန်မ သင်ယူခဲ့ရ သည်- ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော် ခေတ်- ပြီးလျှင် အမှုတော်အဆင့်အသစ် တစ်ခုချင်းစီဖြင့် ဘုရားသခင်က ထိုခေတ်အတွင်း သူ့အမှုတော်နှင့် စိတ်သဘောထားတို့ကို ကိုယ်စားပြုဖို့ နာမတော်အသစ်တစ်ခုကို ယူခဲ့သည်။ ကိုယ်တော်က ခေတ်သစ်တစ်ခုကို အစပြုပေးဖို့ နာမတော်အသစ်တစ်ခုကို ခံယူခြင်းကိုလည်း အသုံးပြုခဲ့သည်။ ခေတ်တိုင်းမှ ဘုရားသခင်၏ နာမတော်သည် မည်မျှ အဓိပ္ပါယ်ရှိလိုက်သနည်း။ ကျွန်မက ယခင်က ယုံကြည်ခဲ့သကဲ့သို့၊ ဘုရားသခင်၏ နာမတော်သည် မပြောင်းဘဲ၊ သူပြန်လာသည့် အချိန်တွင် သူက ယေရှုဟု ခေါ်ဆဲဖြစ်ပါက၊ သူ့အမှုတော်သည် လုံးဝဉဿုံရပ်ခြင်းတစ်ခုတွင် ဆက်လက်တည်ရှိနေမည် မဟုတ် ပါလား။

ဝတ်ပြုစုဝေးပွဲ အပြီးနောက် ကျွန်မက ဗျာဒိတ်ကျမ်းထဲမှ ကျမ်းပိုဒ်တစ်ချို့ကို တစ်ဖန်ရှာဖွေခဲ့သည်။ “ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။(ဗျာဒိတ်ကျမ်း ၁:၈)အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင် မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင် မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။(ဗျာဒိတ်ကျမ်း ၃:၁၂) ဤကျမ်းပိုဒ်များကို ဖတ်ရှုပြီးနောက် အရာအားလုံး ရုတ်တရက် ရှင်းလင်းလာခဲ့ပြီး၊ ကျွန်မက “ဒီကျမ်းပိုဒ်နှစ်ခုကို ငါအရင်ကလည်း ဖတ်ဖူးတယ်၊ ဒါ့ကြောင့် အဲဒါတွေ ဘာကို တကယ်ဆိုလိုတယ်ဆိုတာကို ငါဘယ်လိုလုပ်ပြီး သတိမပြုမိခဲ့ပါလိမ့်။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အချိန်မှာ၊ ယေရှုလို့ နောက်ထပ်မခေါ်တော့ဘဲ၊ သူ့နာမတော် အသစ်က ‘အနန္တတန်ခိုးရှင်’ ဖြစ်မဲ့ပုံကို ဒီကျမ်းစာပိုဒ်နှစ်ခုက ရှင်းရှင်း လင်းလင်း ဟောကိန်းထုတ်ထားတယ်။ ငါက ဘုရားသခင်ရဲ့ နာမတော်က ဘယ်တော့မှ ပြောင်းမှာမဟုတ်ဘူးလို့ တွေးပေမဲ့ တခြားကျမ်းစာပိုဒ်တွေကို ဆန်းစစ်ဖို့ လုံးဝ မတွေးခဲ့ဘဲ၊ နောက်ဆုံးသောကာလက ဘုရားသခင်ရဲ့ အမှုတော်ကိုသာ အမြဲမပြတ် ငြင်းပယ်ပြီး အာခံရင်း ‘ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။(ဟေဗြဲ သြဝါဒစာ ၁၃:၈) လို့ဖော်ပြထားတဲ့ သမ္မာကျမ်းစာကနေ အဲဒီကိုးကားချက်ကို အမြဲတမ်း ဖက်တွယ်ထားခဲ့တယ်။ ငါက ဘယ်လောက်တောင် စဉ်းစားဉာဏ်မဲ့လိုက်ပါလိမ့်။” ဟု မိမိဘာသာ တွေးမိသည်။ ညီအစ်ကိုမောင်နှမများ ပေးသည့် မိတ်သဟာယပြုခြင်းအပြင်၊ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်းများ ကတစ်ဆင့်၊ ကျွန်မက နောက်ဆုံးသောကာလမှာ ဘုရားသခင် ရွေးချယ်ခဲ့တဲ့ နာမတော်နဲ့ ပတ်သက်ပြီး မည်သည့် သံသယမျှ နောက်ထပ် မရှိတော့ပါ။

အချိန်တစ်ချို့ကြာပြီးနောက်၊ ဝတ်ပြုစုဝေးပွဲတစ်ခုအတွင်း တွင်၊ ကျွန်မတို့ ဘုရားနှုတ်ကပတ်တော်များ၏ နောက်ထပ် ကျမ်းပိုဒ်တစ်ခုကို ဖတ်ကြသည်။ “ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့၊ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင်၊ ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ဖြစ်သည်သာမက၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ အဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်)

အစ်မရှီလင်က- “နောက်ဆုံးသောကာလမှာ ဘုရားသခင်က ‘အနန္တတန်ခိုးရှင်ဘုရားသခင်’ နာမတော်အောက်မှာ နိုင်ငံတော် ခေတ်က နှုတ်ကပတ်တော်တွေအားဖြင့် တရားစီရင်ခြင်း အမှုတော်ကို စတင်ခဲ့ပြီး၊ ပြစ်မှားစော်ကားခြင်းကို သည်းမခံတဲ့ သူ့ဖြောင့်မတ်တဲ့၊ ဘုန်းအာနုဘော်ဖြစ်တဲ့ စိတ်သဘောထားကို လူသားမျိုးနွယ်ကို ထုတ်ဖော်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေက လူသားမျိုးနွယ် ရဲ့ စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးခြင်းရဲ့ စစ်မှန်မှုကို ထုတ်ဖော်သလို၊ ဘုရားသခင်ကို ကျွန်မတို့ အာခံမှုရဲ့ အရင်းအမြစ်ကိုလည်း ဖော်ထုတ်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မတို့ရဲ့ ပုန်ကန်လိုမှု နဲ့ မဖြောင့်မတ်ခြင်းအတွေအပေါ် တရားစီရင်ခြင်း ကျရောက်စေပြီး၊ ကျွန်မတို့ရဲ့ စိတ်သဘောထားတွေ ပြောင်းလဲဖို့ ကျွန်မတို့ လိုက်လျှောက်ဖို့လိုတဲ့ လမ်းကြောင်းနဲ့ ဦးတည်ချက်တို့ကို ကျွန်မတို့ကို ပြတယ်။ ကျွန်မတို့က အရာအားလုံးမှာ သမ္မာတရားကို ရှာဖွေလိုက်စားခြင်းကို အာရုံစိုက်၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို အမြစ်ဖြတ်ဖို့ သမ္မာတရားကို အသုံးပြု၊ ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေ အတိုင်း တခြားလူတွေကို ဆက်ဆံသမျှ ကာလပတ်လုံး၊ ကျွန်မတို့တွေက ကိုယ့်ဖောက်ပြန် ပျက်စီးတဲ့ စိတ်သဘောထား တွေကို တဖြည်းဖြည်းချင် ဖယ်ရှားပြီး၊ ဘုရားသခင်ရဲ့ ပြည့်ဝတဲ့ ကယ်တင်ခြင်းကို ရရှိနိုင်တယ်။ ကမ္ဘာပေါ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်က ပြီးဆုံးတဲ့အချိန်မှာ နောက်ဆုံးသော ကာလမှာ ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံခဲ့ပြီး ဘုရားသခင် ရဲ့ သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းကို ရရှိခဲ့တဲ့ လူတွေအားလုံးက ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာတွေနဲ့ သူ့ကတိတော်တို့ကို ပျော်မွေ့ဖို့ သူ့နိုင်ငံတော်ထဲကို ဘုရားသခင်ရဲ့ ဦးဆောင်ခံရမယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ အမှုတော်ကို ငြင်းပယ်ပြီး၊ သူ့ကို အာခံ၊ ပြစ်တင်ရှုတ်ချ၊ အသရေဖျက်ပြီး ပြစ်မှားစော်ကားကြတဲ့ လူတွေအားလုံးကတော့ အဆုံးသတ် အချိန်မှာ ကြီးမားတဲ့ ဘေးဒုက္ခတွေရဲ့ ဝါးမြိုခံရပြီး၊ ဘုရားသခင်ရဲ့ ပြစ်ဒဏ်ခတ်ခြင်းနဲ့ ဖျက်ဆီးခြင်းကို ခံရမယ်။ ဒါ့ကြောင့် ဘုရားသခင်က သူ့ဖြောင့်မတ်ခြင်း၊ ဘာပြစ်မှားစော်ကားခြင်းမှ မခံတဲ့ ဘုန်းအာနုဘော်ဖြစ်တဲ့ စိတ်သဘောထားတို့ကို လူသားမျိုးနွယ်တစ်ခုလုံးကို ထင်ရှားပြဖို့ ‘အနန္တတန်ခိုးရှင် ဘုရားသခင်’ နာမတော်ကို ယူတယ်၊ သူက လူတွေကို သူတို့အမျိုးအစားအတိုင်းခွဲခြားပြီး၊ ဒီဆိုးယုတ်တဲ့ခေတ်ကို အဆုံးသတ်ပြီး၊ ဘုရားသခင်ရဲ့နှစ်ခြောက်ထောင် စီမံကိန်း အစီအစဉ်ရဲ့ အမှုတော်အားလုံးကို စုံလင်စေတယ်။ ဘုရားသခင် က အရာအားလုံးရဲ့ သခင်နဲ့ ဖန်ဆင်းရှင်ဖြစ်ရုံတင်မကဘူး၊ သူက ကျွန်တော်တို့ရဲ့ အပြစ်ဖြေရာယဇ်အဖြစ်လည်း အစေခံနိုင်ပြီး၊ လူသားမျိုးနွယ်ကိုတောင် စုံလင်စေပြီး၊ ပြောင်းလဲကာ၊ သန့်စင် နိုင်တယ်ဆိုတာကို ဘုရားသခင်က ကျွန်မတို့ကို မြင်စေချင်တယ်။ ဘုရားသခင်က ပထမဆုံးနဲ့ နောက်ဆုံးဖြစ်ပြီး၊ သူ့ အံ့သြဖွယ် အပြုအမူတွေက လူအတွက် ဉာဏ်မမီပါဘူး။ အဲဒီအတိုင်း ဘုရားသခင်က ‘အနန္တတန်ခိုးရှင်ဘုရားသခင်’ နာမတော်ကို ယူတာက အထူးသဖြင့် အဓိပ္ပါယ်ရှိပါတယ်။ လက်ရှိမှာ သန့်ရှင်းသောဝိညာဉ်တော်က အနန္တတန်ခိုးရှင်ဘုရားသခင် နာမတော်အောက်မှာ ပြုခဲ့တဲ့ အမှုတော်ကိုသာ ကွယ်ကာတော် မူတယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင် နာမတော်အားဖြင့် ဆုတောင်းတဲ့ လူတွေအားလုံးက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်နဲ့ အသက်နဲ့ဆိုင်တဲ့ အသက်ရေရဲ့ ထောက်ပံ့မှုတို့ကို ရရှိနိုင်တယ်။ ကျေးဇူးတော်ခေတ်ရဲ့ အသင်းတော်တွေက မျှော်လင့်အားရဖွယ်မရှိဘဲ၊ ယိုယွင်းပျက်စီးလာကြတယ်- အဲဒီ အသင်းတော်တွေက ယုံကြည်သူတွေရဲ့ ယုံကြည်မှုက ပိုပြီး အေးစက်လာတယ်၊ သူတို့ဒေသနာတွေက အနှစ်သာရကင်းမဲ့ လာတယ်၊ သူတို့က ဆုတောင်းခြင်းမှာ တို့ထိမခံကြရဘဲ၊ သူတို့တွေက လောကီဆိုင်ရာ ရေပန်းစားမှုတွေရဲ့ သွေးဆောင် ဖြားယောင်းတာကို ပိုပိုပြီးခံလာကြရတယ်။ သူတို့ပြဿနာတွေရဲ့ အရင်းအမြစ်က ဘုရားသခင်က အမှုတော်အသစ်ကို ပြုနေပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်က ကျေးဇူးတော်ခေတ် အသင်းတော်တွေကနေ နိုင်ငံတော်ခေတ်အသင်းတော်တွေကို ကူးပြောင်းသွားတယ် ဆိုတဲ့ အချက်ပေါ်မှာ မူတည်တယ်။ သူတို့က သိုးသငယ်ရဲ့ ခြေလှမ်းတွေကို အမီလိုက်ဖို့ ပျက်ကွက် တယ်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုတော် ကို လက်ခံဖို့ ပျက်ကွက်တယ်၊ ဒီလိုနဲ့ပဲ သူတို့က အသက်နဲ့ဆိုင်တဲ့ အသက်ရေရဲ့ ထောက်ပံ့မှုကို မရနိုင်ဘဲ၊ ထွက်ပေါက်မရှိတဲ့ အမှောင်ထဲမှာ သာယာနေရမယ်” ဟု ပြောလျက် မိတ်သဟာယပြုခဲ့သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းနှင့် အစ်မ၏ မိတ်သဟာယပြုခြင်းကို နားထောင်ခြင်းတို့မှတစ်ဆင့် ကျွန်မက ကွဲပြားသောခေတ်များတွင် ဘုရားခင် နာမတော် အမျိုးမျိုး ယူခြင်း၏ အဓိပ္ပါယ်ကို ပိုမိုနက်ရှိုင်းသည့် နားလည် သဘောပေါက်မှု တစ်ခုရခဲ့သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်နှင့် သူဖော်ပြသည့် စိတ်သဘောထားတို့နှင့် သက်ဆိုင်သည့် သိကျွမ်းမှုကိုလည်း ရခဲ့သည်- ဤသည်မှာ အပြစ်၏ ချည်နှောင်ခြင်းမှ ကျွန်မတို့၏ လွတ်မြောက်ခြင်းနှင့် ဘုရားသခင်အားဖြင့် ကျွန်မတို့၏ ကယ်တင်ခြင်းတို့အတွက် အရေးကြီးသည်။ အမှန်မှာမူ လတ်တလောနှစ်များတွင် ဒေသနာများ နားထောင်ခြင်းကို ထောက်ပံ့မှု မခံစားရသည့် အကြောင်းအရင်း နှင့် ကျွန်မ ညီအစ်ကိုမောင်နှမများ၏ ယုံကြည်မှုများ အားနည်းလာပြီး၊ ဒေသနာများက အနှစ်သာရကင်းမဲ့ရခြင်း အကြောင်းအရင်းတို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်က ကူးပြောင်းခဲ့ပြီး ဖြစ်သောကြောင့်ပင်တည်း။ သန့်ရှင်းသောဝိညာဉ်တော်သည် အနန္တတန်ခိုးရှင် ဘုရားသခင် နာမတော် အောက်မှ ပြုခဲ့သည့် အမှုတော်ကိုသာ ယခုအခါတွင် ကွယ်ကာတော်မူသည်။ ကျွန်မ တို့က ဘုရားသခင်၏ နာမတော်အသစ်ကို လက်မခံဘဲ၊ သိုးသငယ်၏ ခြေလှမ်းများကို အမီမလိုက်သောကြောင့် ကျွန်မတို့ အမှောင်ထဲသို့ ကျရောက်ခဲ့ရသည်။ ထို့နောက်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှု အမှန်တကယ် ဖြစ်သည်ကို ကျွန်မ၏ စိတ်နှလုံးထဲတွင် သိခဲ့သည်။

နောက်ပိုင်းတွင် အသင်းတော် အတုအယောင်များထံမှ စစ်မှန်သော အသင်းတော်များကို မည်သို့ ထိုးထွင်းသိမြင်ပုံ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို စာတန်၏ အလုပ်မှ မည်သို့ ခွဲခြားပုံ၊ ပြီးလျှင် သမ္မာတရား၏ အခြားရှုထောင့်များ တို့နှင့် ပတ်သက်ပြီး ကျွန်မ၏ ညီအစ်ကိုမောင်နှမများက ကျွန်မနှင့် မိတ်သဟာယပြုခဲ့ကြသည်။ ဤမိတ်သဟာယများ အားလုံးမှ ကျွန်မ အလွန် အကျိုးကျေးဇူးရခဲ့သည်။ ဧဝံဂေလိ ရုပ်ရှင်များနှင့် ဗီဒီယိုများကြည့်ဖို့ ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့် အတူတကွ တွေ့ဆုံကြတိုင်း၊ ကျွန်မသည် ဝိညာဉ်ရေးရာအရ ပြည့်ဝပြီး၊ ငြိမ်သက်ခြင်းနှင့် လုံခြုံမှုတို့၏ အသိစိတ်တစ်ခုက ကျွန်မ၏ စိတ်နှလုံးကို ပြည့်နှက်စေခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သခင့်ကို ကျွန်မ၏ ယုံကြည်မှုတွင် ယခင်က ရှိခဲ့သည့် မေးခွန်းများစွာကို ဖြေရှင်းရုံသာမက၊ ကျွန်မ၏ အသက်တာတွင် ရှိနေခဲ့သည့် ပြဿနာများစွာကိုလည်း ဖြေရှင်းပေးခဲ့သည်။ သခင့်ကို ကျွန်မ စတင်ယုံကြည်ခဲ့သည့်အချိန်က ကျွန်မမှာ ရှိခဲ့သည့် ထိုယုံကြည်မှု ၏ အသိစိတ်ကိုလည်း ပြန်လည်ရရှိခဲ့သည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့ ဘုရားသခင်က ကျွန်မကို ရွေးချယ်ခဲ့သည့်အတွက် ကျွန်မ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီး၊ သိုးသငယ်၏ ခြေလှမ်းများအတိုင်း ကျွန်မ အမီစလိုက် ခဲ့သည်။ ယခုအခါ ကျွန်မ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်နေ့တိုင်း ဖတ်ရှုသည်။ ကျွန်မ ပိုဖတ်ရှုလေ၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် အလင်းများပြည့်နေ သည်ဟု ပိုခံစားရလေဖြစ်ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သမ္မာတရားဖြစ်ပြီး၊ ဘုရားသခင်၏ အသံတော်ဖြစ်သည်ကို ကျွန်မ လုံးဝ လှိုက်လှိုက်လှဲလှဲ သေချာခဲ့သည်။ ဘုရားသခင်သည် ယခုပေါ်ထွန်းခဲ့ပြီ၊ ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် အမှုပြုနေသည်တို့ကို ကျွန်မ လုံးလုံး လျားလျား သေချာခဲ့သည်၊ ပြီးလျှင် ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမတော်ကို လက်ခံခဲ့ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို တရားဝင် ပူးပေါင်းခဲ့သည်။ ကျွန်မကို ကယ်တင်ခြင်းအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါသည်။

အရှေ့သို့- ၁၄။ သခင်သည် အရှေ့တိုင်းတွင် ပေါ်ထွန်းခဲ့ပြီ

နောက်တစ်ခုသို့- ၁၆။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်၏ ခွန်အားဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၀။ အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။