၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံ

ဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။ လွန်ခဲ့သည့် လအနည်းငယ်က ကျွန်မထံ မမျှော်လင့်သည့် အံ့သြဖွယ်ရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်။

ဇွန်လနံနက်ခင်းတစ်ခုတွင်၊ ကျွန်မ စောစီးစွာ နိုးလာပြီး၊ ကျွန်မ ခေါင်းအုံးနံဘေးတွင် ထားသည့် သမ္မာကျမ်းစာကို သာမန်ကာလျှံကာ စတင်ဖတ်ရှုခဲ့ပြီး၊ သခင်ယေရှုက ဖာရိရှဲတို့ကို ပြစ်တင်ကြိမ်းမောင်း သည့် အချိန်တွင် ပြောခဲ့သည့် စကားများကို ကျွန်မ ဖတ်ရှုခဲ့သည်။ “ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြ လတံ့...သော်လည်း၊ သင်တို့သည် ထို အိမ်ကို ထားပြတွင်း ဖြစ်စေ ကြပြီတကား။(ရှင်မဿဲခရစ်ဝင် ၂၁:၁၃) ကျွန်မ အသင်းတော်၌ အခြေအနေသည် ပညတ်တော်ခေတ် အဆုံးသတ်ခါနီး ဗိမာန်တော်ရှိ အခြေအနေကဲ့သို့ပင် ဖြစ်လာသည့်အတွက် ဤကျမ်းပိုဒ်ကို ကျွန်မ ဖတ်ရှုသည့် အချိန်တွင် ကျွန်မ စိတ်မပူပဲ မနေနိုင်ခဲ့ပါ။ ကျွန်မ အသင်းတော်တွင် သင်းအုပ်ဆရာများနှင့် အကြီးအကဲများတို့က ယုံကြည်သူများ အချင်းချင်းချစ်ဖို့ မကြာခဏ တရားဟောကြားခဲ့သော်လည်း၊ သူတို့၏ ဝတ်ပြုပရိတ်သတ်အတွက် ဆုတောင်းသည့် အချိန်တွင် သူတို့ ကိုယ်တိုင် ငွေသားလက်ဆောင် အနည်းငယ်ကို အမှန်တကယ် လက်ခံ ပြီး၊ တစ်ခါတစ်ရံတွင် ပေးရသည့် ငွေပမာဏသည် ပေးသူအတွက် သူတို့ မည်မျှကြာအောင် ဆုတောင်းပေး သည်ကို သတ်မှတ်ပေး လေသည်။ အသင်းတော်ဆိုသည်မှာ လူများက ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သည့် နေရာတစ်ခု ဖြစ်သင့်သော်လည်း၊ ယခုအခါတွင် ယုံကြည်သူများ မင်္ဂလာဆောင်သည့် နေရာတစ်ခုသာ ဖြစ်လာခဲ့သည်။ သစ္စာစောင့်သိသူများက နေ့စဉ် ပို၍ နည်းပါးလာပြီး၊ သင်းအုပ်ဆရာများ နှင့် အကြီးအကဲများက သူတို့၏ ဒေသနာများတွင် အားထုတ်ကြိုးပမ်းမှု များစွာ မထည့်နေကြသကဲ့သို့၊ သခင့်လူအုပ်ကို အကောင်းဆုံး ထိန်းကျောင်းနိုင်မည့်နည်းလမ်းကိုလည်း မရှာဖွေကြဘဲ၊ ထိုအစား မင်္ဂလာဆောင်အခမ်းအနား ကျင်းပပေးခြင်းတွင် အဆုံးမသတ် နိုင်သည့် ပျော်မွေ့မှုကို ရှာတွေ့နေကြလေသည်။ ကျွန်မက “သင်းအုပ် ဆရာတွေနဲ့ အကြီးအကဲတွေက သခင့်လမ်းခရီးကနေ သွေဖည်ကုန်ကြပြီး၊ အသင်းတော်ဟာ အခုဆိုရင် ပြင်ပလောကနဲ့ ဘာမှ မခြားနားတော့ဘူး။ အသင်းတော်က ပညတ်တော်ခေတ် အဆုံးသတ်က ဗိမာန်တော်လိုပဲ ဓားပြတွင်း ဖြစ်လာပြီ။ သခင်က သူပြန်ကြွလာတဲ့ အချိန်မှာ ဒီလို အသင်းတော်တစ်ခုမှာ ပေါ်ထွန်းပါဦးမလား။” ဟု တွေးမိသည်။

“တီတီ၊ တီတီ၊ တီတီ...” နှိုးစက်တစ်ခုက ကျွန်မ၏ အတွေးစဉ်ကို ဖြတ်တောက်လိုက်သည်။ ကျွန်မ၏ လက်ကိုင်ဖုန်းကို ကောက်ကိုင် လိုက်ပြီး၊ နှိုးစက်ကိုပိတ်လိုက်ကာ၊ YouTube မှ ပို့သည့် အသိပေးချက် တစ်ခုကို ကျွန်မ ဖုန်းပေါ်တွင် မတော်တဆ သတိပြုမိ လိုက်သည်။ “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်” ဆိုသည့် ရင်းနှီးနေပုံရသည့် စကားလုံးများက ကျွန်မ၏ အာရုံကို ဆွဲဆောင်လိုက်ပြီး၊ ကျွန်မက ၎င်းတို့ကို ယခင်က တစ်နေရာရာတွင် ကြားဖူးသည့်အလား ခံစားရ သော်လည်း၊ မည်သည့်နေရာတွင် ကြားဖူး သည်ကို ထိုအချိန်က စဉ်းစားမရခဲ့ပါ။ ကျွန်မ အလွန် အကြံအိုက်ခဲ့ပြီး၊ “YouTube မှာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့ ဗီဒီယိုတွေကို ငါ တစ်ခါမှ လည်း အမည်စာရင်းမသွင်းထားပါဘူး၊ ဒါဆို YouTube က ငါ့ကို ဘာဖြစ်လို့ ဒီအသင်းတော်အကြောင်း အသိပေးချက် တစ်ခု ပို့ရ တာလဲ။” ဟု တွေးမိသည်။ လွန်ခဲ့သည့် တစ်လခန့်က သူငယ်ချင်း တစ်ယောက်က သူတို့ ဒေသနာများထဲမှ တစ်ခုကိုနားထောင်ဖို့ ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သို့ ခေါ်သွားသည် ကို ကျွန်မ ရုတ်တရက် သတိရလိုက်သည်။ သူတို့ဒေသနာက ထူးခြားသစ်လွင်ပြီး၊ အလင်းပေး သည်၊ ၎င်းက သမ္မာကျမ်းစာနှင့် ကိုက်ညီမှုရှိပြီး၊ ၎င်းသည် ကျွန်မအတွက် အလွန် အားတက်ဖွယ်ရာ ဖြစ်သည်ဟု ထင်ရသည်။ ၎င်းကို ကျွန်မ ဆက် ပြီး စုံစမ်းစစ်ဆေးလိုခဲ့သော်လည်း၊ သခင်သည် လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာပြီးဖြစ်သည်ဟု အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က သက်သေခံကြောင်းနှင့် သူက နောက်ဆုံးသောကာလ တွင် အမှုတော် အဆင့်အသစ်ကို ပြုနေပြီး၊ သမ္မာတရားများစွာကို ဖော်ပြနေကြောင်းတို့ကို ကျွန်မကို ကျွန်မ သူငယ်ချင်းက ပြောခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ယုံကြည်သူများအားလုံးက အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကို ဖတ်ရှု ကြောင်း၊ နှင့် သမ္မာကျမ်းစာကို မဖတ်ရှု ကြောင်းတို့ကိုလည်း ကျွန်မ သူငယ်ချင်းက ပြောခဲ့သောကြောင့်၊ ကျွန်မက “ဘုရားနှုတ်ကပတ်တော် အားလုံးက သမ္မာကျမ်းစာထဲမှာ ရှိပြီးတော့၊ သမ္မာကျမ်းစာပြင်ပမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဒါမှမဟုတ် အမှုတော် တစ်ခုမှ ရှိတာ မဖြစ်နိုင်ဘူးလို့ သင်းအုပ်ဆရာတွေနဲ့ အကြီး အကဲတွေက ငါတို့ ဝတ်ပြုစုဝေးပွဲတွေမှာ မကြာခဏ ပြောကြ တယ်။ အဲဒီအပြင် ခေတ်တစ်လျှောက်က ယုံကြည်သူတွေအားလုံးက သမ္မာကျမ်းစာက တစ်ဆင့် သခင့်ကို ယုံကြည်ကြတယ်- သခင့်ကို ယုံကြည်ခြင်းက သမ္မာကျမ်းစာမှာ ယုံကြည်မှုရှိခြင်း ဖြစ်တာကြောင့် လူတစ်ယောက်က သမ္မာကျမ်းစာက ကင်းကွာနိုင်ပြီး၊ သခင့်ကို ဘယ်လို ယုံကြည်နိုင် သေးတာလဲ။” ဟု တွေးမိသည်။ ကျွန်မ၏ သူငယ်ချင်းက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှာ ပိုမိုများပြားသော ဒေသနာတွေကို သွားနားထောင်ဖို့ ကျွန်မကို ဖိတ်ခေါ်ခဲ့သော်လည်း၊ ကျွန်မ အမြဲတမ်း ငြင်းပယ်ခဲ့သည်။ ကျွန်မ၏ လက်ကိုင်ဖုန်းက ဤအသိ ပေးချက်ကို ကြည့်လျက်၊ ကျွန်မက “သူတို့ဗီဒီယိုတွေကို ငါတစ်ခါမှ အမည်စာရင်းပေးမသွင်းဖူးပါဘူး၊ ဒါပေမဲ့လည်း အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း အသိပေးချက် တစ်ခု ငါရရှိခဲ့တယ်။ သခင်က ဒါကို စီစဉ်တာများဖြစ်နိုင်မလား။” ဟု မတွေးဘဲ မနေနိုင်ပါ။ သို့သော်လည်း ကျွန်မသည် မိမိ၏ အယူအဆများကို ဖက်တွယ်ထား သောကြောင့်၊ ကျွန်မက လင့်ခ်ကို မဖွင့်ဘဲ၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ဗီဒီယိုကို မကြည့်ခဲ့ပါ။

သို့သော် အံ့အားသင့်စွာပင်၊ ရက်တစ်ချို့ကြာပြီးနောက် အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်မှ တင်သည့် ရုပ်ရှင် အသစ်များ နှင့် ဓမ္မသီချင်းဗီဒီယိုများကို အကြံပေးသည့် YouTube မှ အသိပေး ချက်များကို ကျွန်မ မကြာခဏ လက်ခံရရှိခဲ့သည်။ “သခင်က ကျွန်မကို တကယ် လမ်းပြနေတာဖြစ်နိုင်လား။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ဗီဒီယိုတွေကို ငါ ကြည့်ဖို့က သခင့်အလိုတော် များလား။” ထို့ကြောင့် ကျွန်မက သခင့်ကို ဆုတောင်းခဲ့သည်။ “ချစ်လှစွာသော သခင်၊ ကျွန်မလက်ကိုင်ဖုန်းပေါ်မှာ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် အကြောင်း အသိပေးချက်တွေ ကျွန်မ ဘာဖြစ်လို့ရနေတာလဲ။ အဲဒါတွေက ကိုယ်တော်ပြန်ကြွ လာပြီးဖြစ်တယ်လို့ သက်သေခံပေမဲ့၊ ဒါဟာ တကယ်ကို အမှန်ပဲလား။ ဒီဗီဒီယိုတွေကို ကျွန်မကြည့်သင့်လား။ အိုသခင်၊ ကျေးဇူးပြု ပြီး၊ ကျွန်မကို လမ်းပြတော်မူပါ။” ထို့နောက်တွင် သခင်ယေရှု၏ နှုတ်ကပတ်တော်များ အကြောင်းကို ကျွန်မ တွေးမိသည်။ “စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။(ရှင်မဿဲခရစ်ဝင် ၅:၃) “ဟုတ်တယ်။” ဟု ကျွန်မက တွေးမိသည်။ “သခင့်ကြွလာ ခြင်းက အရမ်းအရေးကြီးတယ်။ သခင်ပြန်ကြွလာတဲ့ အကြောင်း ငါသတင်းကြား ပြီးပြီ ဆိုတော့၊ ငါဟာ သဘောထား ကြီးကြီးနဲ့ ရှာဖွေရမယ်။ ရိုးရိုး သားသား စုံစမ်းစစ်ဆေးရမယ်။ ငါ ခွဲခြားသတ်မှတ်ရာမှာ အသိပညာ ရှိရမယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု အမှန်တကယ် ဟုတ်မဟုတ်ကြည့်သင့်တယ်။ ငါက အဲဒါကို မရှာဖွေဘူး ဒါမှမဟုတ် စုံစမ်းမစစ်ဆေးဘဲ၊ ဖြစ်ချင်တော့ သခင်က တကယ့်ကို ပြန်လာခဲ့တယ်ဆိုရင်၊ ငါက သခင်နဲ့ ပြန်လည်ပေါင်းစည်းဖို့ ငါ့အခွင့်အရေး ကို လက်လွတ်ဆုံးရှုံးတာ မဟုတ်ဘူးလား။” ဤအရာကို တွေးလျက်၊ ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ ဗီဒီယိုများကို ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သခင့်ကိုကျေးဇူးတင်ပါသည်။ ကျွန်မက ထိုဗီဒီယိုများကို မကြည့်ခဲ့ပါက၊ ကျွန်မ မည်သည့်အခါမျှ သိခဲ့မည် မဟုတ်ပါ။ ကျွန်မ ဗီဒီယိုများကို ကြည့်သည့် အချိန်ကျမှသာလျှင်၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ YouTube ချန်နယ်က လူတစ်ယောက်ဆန္ဒရှိနိုင်သည့် အရာများ အားလုံးရှိပြီး၊ ၎င်းမှာ အများအပြား ရှိသည်ကို ကျွန်မ ရှာဖွေတွေ့ ရှိခဲ့သည်။ ဧဝံဂေလိ ရုပ်ရှင်များ၊ ဓမ္မတေးသံကျူးအဖွဲ့၏ ဖျော်ဖြေမှုများ၊ သီချင်းဗီဒီယိုများ၊ ဓမ္မသီချင်းများနှင့် ပိုမိုများပြားသော အရာများရှိပါသည်။ ကွဲပြားသော သီချင်းများနှင့် ဧဝံဂေလိရုပ်ရှင်များအားလုံးက ကျွန်မ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်ပြီး၊ အထူးသဖြင့် “ချစ်သခင်...ကျွန်ုပ်ကို စောင့်ပါ” ဆိုသည့် ဓမ္မသီချင်း၏ သီချင်းဗီဒီယိုအားဖြင့် ကျွန်မ နက်နက် ရှိုင်းရှိုင်း တို့ထိခံရသည်။ ၎င်းကို ကျွန်မ ကြည့်သည့်အချိန်တွင် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ကျွန်မ၏ အသင်းတော်တွင် ယိုယွင်း ပျက်စီးခြင်း ကြောင့် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ပါရှိသည့် အသင်းတော် တစ်ခုအား နေရာတိုင်းတွင် ရှာဖွေခဲ့သည့် ကျွန်မ၏ အတွေ့အကြုံ များကို မတွေးဘဲ မနေနိုင်ခဲ့ပါ။ ဗီဒီယိုများကို ကျွန်မ ပိုကြည့်လေ၊ ကျွန်မ ပို၍ကြည့်ချင်လေ ဖြစ်သည်။ ကျွန်မသည် မယုံကြည် နိုင်လောက်အောင် အားတက်ခဲ့ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို နားလည် သဘောပေါက်ရန်နှင့် စုံစမ်းစစ်ဆေးရန် ပို၍ပင် ဆန္ဒရှိခဲ့ပါသည်။

တစ်နေ့တွင် ကျွန်တော့်သခင်ဘယ်သူလဲ ဆိုသည့် ဧဝံဂေလိ ရုပ်ရှင်မှ ယူထားသည့် ဘုရားသခင်နဲ့ သမ္မာကျမ်းစာအကြားက ဆက်နွယ်မှုကဘာလဲ။ ဆိုသည့် ခေါင်းစီးဖြင့် အလွန်ကောင်းမွန်သော ရုပ်ရှင်အပိုင်းတစ်ခုကို ကျွန်မ ကြည့်ခဲ့ရသည်။ ဤဗီဒီယိုတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်များ ကျမ်းပိုဒ်တစ်ခုက ကျွန်မကို နက်နဲသည့် ခံစားချက်တစ်ခု ဖြစ် စေခဲ့သည်။ “၎င်းတို့သည် သမ္မာကျမ်းစာ၏ အတိုင်းအတာအတွင်း၌သာ ငါ၏တည်ရှိမှုကို ယုံကြည်ကြပြီး ငါ့ကို သမ္မာကျမ်းစာနှင့် တန်းတူထား၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိ၊ ငါမရှိဘဲ သမ္မာကျမ်းစာမရှိ။ ၎င်းတို့သည် ငါ၏တည်ရှိခြင်း သို့မဟုတ် ငါ၏လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြဘဲ၊ ၎င်းအစား သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု သာ၍များပြားသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာကို အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို အကဲဖြတ်ရန်နှင့် ငါ့ကို ပြစ်တင်ရှုတ်ချရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြုသည်အထိ ကျမ်းစာထဲရှိ စကားလုံးများနှင့် ဖော်ပြချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းမဟုတ်၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းလည်း မဟုတ်ဘဲ သမ္မာကျမ်းစာရှိစကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းသာဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် မည်သည့်အရာမဆိုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများ၏ တာဝန်ကျေသော သားစဉ်မြေးဆက်များ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း၊ အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည့်အထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာခဲ့၏။ ၎င်းတို့၏ပင်ကိုသဘာဝကား အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတဖြစ်သည့်လမ်းကို မရှာဖွေခဲ့ခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီအပေါ် စွဲလမ်းခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒသော်လည်းကောင်း ငါ့အမှု၏အဆင့်များနှင့် နည်းလမ်းများကိုသော်လည်းကောင်း လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်ခဲ့၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်) အနန္တတန်ခိုးရှင် ဘုရားသခင် ၏ နှုတ်ကပတ်တော်များက သမ္မာကျမ်းစာအပေါ် ကျွန်မ တို့၏ စိတ်နေ သဘောထားကို လုံးလုံး ရှင်းလင်းပြတ်သားမှုဖြင့် ထုတ်ဖော်ခဲ့သည်။ ကျွန်မ၏ စိတ်နှလုံးထဲတွင် သမ္မာကျမ်းစာကို အရာ အားလုံး အထက်တွင် ရှိသည့်အရာအဖြစ် အမှန်တကယ် သဘောထား ခဲ့သည်။ သခင့်နှုတ်ကပတ်တော်များ အားလုံးသည် သမ္မာ ကျမ်းစာထဲတွင် ရှိကြောင်း၊ ထို့ကြောင့် သမ္မာကျမ်းစာက သခင့်ကို ကိုယ်စားပြုကြောင်း၊ သခင့်ကို ယုံကြည်ခြင်းသည် သမ္မာကျမ်းစာတွင် ယုံကြည်မှုရှိခြင်း ဖြစ်ကြောင်း၊ သမ္မာကျမ်းစာမှ သွေဖယ်ခြင်းသည် သခင့်ကို ယုံကြည်မှု မရှိနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်းတို့ကို ကျွန်မ ယုံကြည်ခဲ့သည်။ သို့သော် ကျွန်မ နားမလည်သည့်အရာတစ်ခုရှိလေသည်။ သမ္မာကျမ်းစာ သည် သခင့်အတွက် သက်သေခံချက်တစ်ခုဖြစ်ကာ၊ ကျွန်မ တို့၏ ယုံကြည်မှု နှင့် ပတ်သက်သည့် အခြေခံအကြောင်းအရင်းကို ဖြစ်စေသည်၊ ကျွန်မတို့ ခရစ်ယာန်များသည် ကျွန်မတို့၏ သခင့်ကို ယုံကြည်ခြင်းအား သမ္မာကျမ်းစာပေါ်တွင် နှစ်ပေါင်း နှစ်ထောင်ကြာ အခြေခံခဲ့ပြီး၊ မည်သူ ကမျှ သမ္မာကျမ်းစာကို သခင့်ကို ယုံကြည်ခြင်းနှင့် တစ်ခါမျှ ခွဲမထုတ်ခဲ့ ဘူးပါ- သို့ပါက အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် သမ္မာကျမ်းစာသည် ဘုရားသခင်နှင့် တန်းတူ ထား၍မရနိုင်ဟု အဘယ့်ကြောင့် ပြောခဲ့သနည်း။ ဤအရာက မည်သည် ကို ဆိုလိုသနည်း။

ကျွန်မက ဗီဒီယိုကို ဆက်ကြည့်ခဲ့ပြီးထို့နောက်တွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကိုတစ်ယောက်က အောက်ပါအတိုင်း ပြောလျက် မိတ်သဟာယပြုပေးခဲ့သည်။ “အတူတကွ ဆင်ခြင်ကြည့်ရအောင်- သခင့်ကိုယုံကြည်ခြင်း ဆိုတာဘာလဲ။ သမ္မာကျမ်းစာကို ယုံကြည်ခြင်းဆိုတာ ဘာကိုဆိုလိုတာပါလဲ။ သခင်နဲ့ သမ္မာကျမ်းစာနဲ့ ဘယ်လိုဆက်စပ်ပါသလဲ။ ဘယ်အရာကိုအရင်လာသလဲ၊ သမ္မာကျမ်းစာလား၊ သခင်လား။ ဒါဆို ကယ်တင်ခြင်းအမှုကို ဘယ်သူဆောင်ရွက်သလဲ။ သမ္မာကျမ်းစာက သခင့်ရဲ့အမှုတော်ကို လုပ်ဆောင်နိုင်ပါသလား။ သမ္မာကျမ်းစာက သခင့်ကိုကိုယ်စားပြုနိုင်ပါသလား။ သမ္မာကျမ်းစာကို လူတွေဟာ မျက်စိမှိတ်ယုံနေကြရင်၊ ဒါဟာဘုရားသခင်ကို ကိုးကွယ်တာပဲလို့ အဓိပ္ပါယ်သက်ရောက်ပါ့မလား။ သမ္မာကျမ်းစာကို စွဲကိုင်ထားတာဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းနဲ့ အဖိုးတူညီလို့လား။ သမ္မာကျမ်းစာကို စွဲကိုင်ထားတာဟာ သခင့်လမ်းကိုလိုက်တယ်လို့ ဆိုလိုနိုင်ပါသလား။ အဲဒါကြောင့်၊ လူတွေဟာ သမ္မာကျမ်းစာကို အမြင့်မြတ်ဆုံးလို့ မှတ်ယူနေကြရင်၊ သခင့်ကို ချီးမြှောက်ရာကျလား၊ သူတို့ဟာ သခင်ကိုချစ်ကြောက်ရိုသေပြီး နာခံပြီတဲ့လား။…နှစ်ပေါင်းထောင်ချီပြီး ခုချိန်ထိ လူတွေဟာ သမ္မာကျမ်းစာကို သခင်လိုပဲ ကိုးကွယ်နေကြတယ် အချို့ဆို သခင်နဲ့ သူ့အမှုတော်တွေရဲ့ နေရာမှာတောင် အစားထိုးကြတယ်။ ဒါပေမဲ့၊ တစ်ယောက်မှ သခင့်ကိုအမှန်မသိကြ၊ မနာခံကြပါဘူး ဖာရိရှဲတွေဟာ သမ္မာကျမ်းစာကို စွဲကိုင်ထားကြရက်နဲ့ သခင်ယေရှုကို ကားတိုင်တင်ခဲ့ကြတယ်။ ဘာမှားနေပါသလဲ။ သမ္မာကျမ်းစာကို နားလည်တာဟာ ဘုရားသခင်ကို သိကျွမ်းခြင်းလား သမ္မာကျမ်းစာကို စွဲကိုင်တာဟာ သခင့်လမ်းကို လိုက်နေတာလား ဖာရိရှဲတွေဟာ သမ္မာကျမ်းစာ အနက်ဖွင့်ခြင်းကို ကျွမ်းကျင်တဲ့သူတွေပါ၊ ဒါပေမဲ့ သူတို့ဘုရားသခင်ကို မသိကျွမ်းကြဘူး ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ပြီး၊ သမ္မာတရားကို ဖော်ပြတဲ့ သခင်ယေရှုကို ကားတိုင်တင်ကြတယ်။ ဒါကို ကျွန်တော်တို့ မေ့သွားကြပြီလား။ ဘုရားသခင်ကို အမှန်သိကျွမ်းခြင်းက ဘာကိုဆိုလိုတာလဲ။ သမ္မာကျမ်းစာကို အနက်ဖွင့်နိုင်တာ၊ သမ္မာကျမ်းစာ ဗဟုသုတတွေကို နားလည်တာတွေဟာ ဘုရားသခင်ကို သိကျွမ်းခြင်းလို အရည်အချင်းမီလား။ အဲသလိုသာဆိုရင်၊ ဖာရိရှဲတွေဟာ သမ္မာကျမ်းစာကို အနက်ဖွင့်နိုင်ခဲ့ရက်သားနဲ့၊ ဘာဖြစ်လို့ သခင်ယေရှုကို ပြစ်တင်ရှုတ်ချပြီး ဆန့်ကျင်ကြတာလဲ။ ဘုရားသခင်ကို သိကျွမ်းပြီး နာခံလားဆိုတာရဲ့ အဓိကအချက်က လူ့ဇာတိခံ ခရစ်တော်ကို သိပြီးနာခံရဲ့လား မနာခံဘူးလားဆိုတာပါပဲ။”

ထိုညီအစ်ကို၏ မေးခွန်းများကို ကျွန်မ ချင့်ချိန်စဉ်းစားရင်း၊ ကျွန်မ ၏ စိတ်နှလုံးထဲတွင် ၎င်းတို့ကို မိမိဘာသာ ဖြေဆိုခဲ့သည်။ “သခင်က သေချာပေါက် အရင်ကြွလာပြီး၊ အဲဒီနောက်မှာ သမ္မာကျမ်းစာက လာတယ်၊ ပြီးတော့ သမ္မာကျမ်းစာက လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုတော်ကို မပြုနိုင်ဘူး။ သမ္မာကျမ်းစာက သမ္မာကျမ်းစာ ဖြစ်ပြီး၊ သခင်က သခင်ဖြစ်တယ်။ သမ္မာကျမ်းစာက သခင့်ကို ကိုယ်စားပြုတယ်လို့ ငါအမြဲတမ်း ယုံကြည်ခဲ့တာကြောင့် ငါက သမ္မာကျမ်းစာကို သခင့် အထက်မှာရှိသလို သဘောထားနေခဲ့တာ မဟုတ်ဘူးလား။” ဤအရာကို ကျွန်မ တွေးသည့်အခိုက်တွင်၊ ရုတ်တရက် ချောက်ချားသွားပြီး၊ “သခင်က သခင်ဖြစ်ပြီး၊ သမ္မာကျမ်းစာက သမ္မာကျမ်းစာ ဖြစ်တဲ့ အတွက် ငါဟာ သမ္မာကျမ်းစာကို မြတ်နိုးကိုးကွယ်ရင်း၊ သမ္မာကျမ်းစာကို အရာ အားလုံးရဲ့အပေါ်မှာရှိသလို သဘောထားရင်းနဲ့ သင်းအုပ် ဆရာတွေနဲ့ အကြီးအကဲတွေပြောတဲ့အရာ နောက်ကို လိုက်ပြီး သခင့် အလိုတော်နဲ့ ကိုက်ညီအောင် လက်တွေ့ လုပ်ဆောင် နေခဲ့သလား။” ဟု တွေးခဲ့သည်။ ထို့နောက် ကျွန်မက “သမ္မာကျမ်းစာက ကင်းကွာရင် သခင့်ကို ယုံကြည်တာက သခင့်ကို ယုံကြည်တယ်လို့ တကယ် ဘယ်လို ခေါ်နိုင်မလဲ။ ငါတို့က သခင့်အပေါ် ငါတို့ယုံကြည်ခြင်းမှာ သမ္မာကျမ်းစာကို ဖက်တွယ်ထားခဲ့တာ မှားနေနိုင်လား။” ဟု တွေးမိသည်။ ထို့နောက်တွင်ပင် သခင်ယေရှု ပြောခဲ့သည့် ဤနှုတ်ကပတ်တော်များက ကျွန်မ၏ စိတ်ထဲဝင်လာခဲ့သည်။ “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။(ရှင်ယောဟန်ခရစ်ဝင် ၅:၃၉-၄၀) ဤစကားများ ကို တစ်စိမ့်စိမ့်ချင့်ချိန်လျက်၊ သမ္မာကျမ်းစာသည် ဘုရားသခင်အတွက် သက်သေခံချက်တစ်ခုသာ ဖြစ်ကြောင်းနှင့် သခင့် ခွင့်ပြုချက်ကို ရချင်ပြီး၊ အသက်ကို ရရှိလိုပါက၊ သခင့်ကို ရှာဖွေဖို့လို ကြောင်းတို့ကို ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ “သမ္မာကျမ်းစာ ဟာ သခင့်ကို တကယ့်ကို ကိုယ်စားမပြုနိုင်တဲ့ ပုံပေါက်တယ်။” ဟု ကျွန်မ တွေးမိသည်။ “ငါတို့ အသက်တွေအတွက် ထောက်ပံ့ပေးသူက သခင်ဖြစ်ပြီး သမ္မာကျမ်းစာ မဟုတ်ဘူး၊ ပြီးတော့ သမ္မာကျမ်းစာမှာ ယုံကြည်မှုရှိခြင်းက သခင့်ကို ယုံကြည်မှုရှိခြင်း ဒါမှမဟုတ် သခင့်နောက်ကို လိုက်ခြင်းလို့ မဆိုလိုဘူး။ ငါက သမ္မာကျမ်းစာကို မစဉ်းမစား ဆက်ဖက်တွယ်ထားပြီး၊ မြတ်နိုး ကိုးကွယ်နေတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အမှုတော်သစ်ကို မရှာသလို၊ ကျိုးနွံနာခံခြင်းမရှိဘူး ဆိုရင်တော့၊ ငါက ဖာရိရှဲတွေလိုသာ အဆုံးသတ်ဖို့ ဖြစ်နိုင်ခြေ တော်တော်များပြီး ဘုရားသခင်ကို နောက်တစ်ကြိမ် ကားတိုင် မှာ သံမှိုစွဲလိမ့်မယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က သမ္မာတရားကို ပိုင်ဆိုင်ပြီး၊ အဲဒီနှုတ်ကပတ်တော် တွေက ငါ့အယူအဆ တွေနဲ့ စိတ်ရှုပ်စရာတွေကို ပျက်ပြားစေနိုင်စွမ်း ရှိတယ်။ သခင့်ပြန်ကြွ လာခြင်းကို ကြိုဆိုဖို့ ငါ့အခွင့်အရေးကို ငါလက် မလွတ်ရလေအောင် စိတ်ထက်ထက်သန်သန်နဲ့ စုံစမ်းစစ်ဆေးပြီး၊ ရှာဖွေရမယ်။” ဤအရာကို တွေးလျက်၊ ကျွန်မ စုံစမ်းစစ်ဆေးနိုင်ရန် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်သို့ ခေါ်သွား ပေးပါရန် ကျွန်မ သူငယ်ချင်းအား တောင်းဆိုဖို့ ဆုံးဖြတ်လိုက်သည်။

ကျွန်မနှင့် ကျွန်မ သူငယ်ချင်းတို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ရောက်ရှိပြီးနောက်၊ ညီအစ်ကိုမောင်နှမများက ကျွန်မ တို့ကို နွေးထွေးစွာ ကြိုဆိုခဲ့သည်၊ ယင်းနောက် သူတို့က ကျွန်မတို့နှင့် စိတ်ရှည်စွာ မိတ်သဟာယပြုခဲ့ကြသည်။ ကျွန်မက “တစ်လောက အစ်ကို တို့ အစ်မတို့ အသင်းတော်ရဲ့ ဝဘ်ဆိုဒ်ပေါ်မှာ ရုပ်ရှင်တွေနဲ့ ဗီဒီယိုတွေ ကြည့်ရာကနေ ကျွန်မ အကျိုးအမြတ် အများကြီး ရခဲ့တယ်၊ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရား တွေကို ပိုင်ဆိုင်တယ်၊ ကျွန်မရဲ့ ပြဿနာတွေနဲ့ စိတ်ရှုပ်ထွေးမှုတွေကို ဖြေရှင်းပေးနိုင်တယ်၊ ပြီးတော့ ကျွန်မကို သမ္မာတရားကို နားလည် သဘောပေါက်စေတယ် ဆိုတာ ကျွန်မ တွေ့ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ နားမလည်သေးတဲ့ အရာတစ်ခု ရှိတယ်။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေဟာ သမ္မာကျမ်းစာထဲမှာအားလုံး ရှိတယ်၊ သမ္မာကျမ်းစာက ဘုရားသခင်ကို ကျွန်မတို့ရဲ့ ယုံကြည်မှုနဲ့ ပတ်သက်တဲ့ အခြေခံ အုတ်မြစ်ဖြစ်တယ်၊ ပြီးတော့ သခင့်ကို ယုံကြည်သူ တွေဟာ သမ္မာကျမ်းစာနဲ့ ကင်းကွာ လို့မရဘူး လို့ ကျွန်မတို့ကို မကြာခဏ ပြောခဲ့တယ်။ ဒါပေမဲ့ သခင်ယေရှုက အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာခဲ့ပြီ၊ ပြီးတော့ နောက်ဆုံးသောကာလမှာ အမှုတော် အဆင့်အသစ်ကို ပြုပြီး၊ နှုတ်ကပတ်တော် အသစ်တွေကို ဖော်ပြနေတယ်လို့ အစ်ကိုတို့ အစ်မတို့က သက်သေခံကြတယ်- ဒါတွေအားလုံးရဲ့ အဓိပ္ပါယ်က ဘာလဲ။ အစ်ကိုတို့ အစ်မတို့ ကျေးဇူးပြုပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မနဲ့ မိတ်သဟာယပြု ပေးလို့ရမလား။” ဟု မေးမြန်းခဲ့သည်။

ထို့နောက် ကျွန်တော့်သခင်ဘယ်သူလဲ ဆိုသည့် ရုပ်ရှင်မှ ယူထားသည့် ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်အားလုံးဟာ သမ္မာကျမ်းစာထဲမှာ ရှိပါသလား။ ဆိုသည့် ခေါင်းစီးဖြင့် အလွန် ကောင်းမွန်သည့် ရုပ်ရှင်အပိုင်းတစ်ခုကို ဖွင့်ပြခြင်းဖြင့် ကျွန်မ၏ မေးခွန်းကို အစ်မဂျိုးက ဖြေဆိုခဲ့သည်။ ထိုရုပ်ရှင်မှ တရားဟောဆရာ က အောက်ပါအတိုင်း ပြောလျက် မိတ်သဟာယပြုပေးခဲ့သည်။ “ကျွန်တော်တို့အားလုံးသိကြပါတယ်၊ သမ္မာကျမ်းစာ၂စောင်လုံးဟာ ဘုရားသခင်ရဲ့အမှုတော်အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားတယ်။ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်အတွင်းက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေကို၊ သမ္မာကျမ်းစာထဲမှာ အားလုံးမှတ်တမ်းတင်ထားတယ်လို့ ဘယ်သူပြောရဲပါသလဲ။ ပညတ်တော်ခေတ်ထဲမှာ ပရောဖက်တွေ ကနေတဆင့် ဟောခဲ့တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အားလုံးနဲ့ ကျေးဇူးတော်ခေတ်ထဲက သခင်ယေရှုရဲ့ နှုတ်ကပတ်တော်အားလုံးဟာ သမ္မာကျမ်းစာထဲမှာ ရှိတယ်လို့ ပြောဝံ့ပါသလား။ တကယ်တော့၊ ခင်ဗျားတို့အားလုံး သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေအများကြီး သမ္မာကျမ်းစာထဲမှာ မှတ်တမ်းမတင်ထားတာကို ကောင်းကောင်းသတိထားမိကြပါတယ်။ သမ္မာကျမ်းစာထဲက သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေဟာ၊ ရေခဲတုံးကြီးရဲ့ ထိပ်ဖျားလေးလောက်ပဲရှိပါတယ်။ ပညတ်တော်ခေတ်ထဲက ပရောဖက်အများစုရဲ့ မှတ်အုပ်တွေလည်း သမ္မာကျမ်းစာထဲမှာ မပါရှိပါဘူး ဒါကိုအများစုက ဝန်ခံခဲ့ပါတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်အားလုံးဟာ သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတယ်လို့ ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ။ ဒါဟာ အချက်အခက်အားလုံးနဲ့ ဆန့်ကျင်နေတာပဲ မဟုတ်ဘူးလား။ ဒီသဘောနဲ့သာဆို ခင်ဗျားတို့ဟာလူလိမ်တွေပဲ မဟုတ်ဘူးလား။ သခင်ယေရှုက သူပြန်ကြွလာဦးမယ်လို့ ကြိုပြောထားပါတယ်။ ပြန်လည်ကြွလာမယ့် သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေက ဘယ်လိုလုပ်ပြီး သမ္မာကျမ်းစာထဲမှာ ကြိုတင်မှတ်တမ်းတင်ထားမှာလဲ။ ဒါကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိသင့်တယ် သမ္မာကျမ်းစာဟာ အတိတ်က ဘုရားသခင့်အမှုတော်တွေရဲ့ မှတ်တမ်းတစ်ခုပါပဲ။ ဓမ္မဟောင်းကျမ်းရေးခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက၊ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကို ကျေးဇူးတော်ခေတ်ထဲမှာ လုပ်ဆောင်ခဲ့ပါတယ်။ အခုကျွန်တော့်ကိုပြောပါ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေ အလိုအလျောက် ရေးထားပါ့မလား။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေကို သမ္မာကျမ်းစာထဲမရောက်ခင် ပြုစုရေးသားရသေးတယ်။ နောက်ဆုံးသောကာလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ဘုရားသခင့်အိမ်တော်ကနေစပြီး စီရင်ခြင်းအမှုကို စတင်လုပ်ဆောင်ဖို့ ပြန်ကြွလာခဲ့ပြီ၊ ပြီးတော့၊ လူသားတွေကိုကယ်တင်ဖို့ သမ္မာတရားတွေကို ဖော်ပြခဲ့တယ် ဒီသမ္မာတရားတွေက သမ္မာကျမ်းစာထဲမှာ အလိုအလျောက်ပေါ်လာနိုင်မှာလား။ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်က အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားအားလုံးကို နိုင်ငံတော်ခေတ်ရဲ့ သမ္မာကျမ်းစာ၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ထဲမှာ ပြုစုရေးသားထားပါတယ်။ ဒီနိုင်ငံတော်ခေတ်ရဲ့ သမ္မာကျမ်းစာထဲမှာ ဘုရားသခင်ရဲ့ဖော်ပြချက်တွေကလွဲလို့ လူတွေရဲ့စကားတွေ ဘာတစ်ခုမှ ဒီအထဲမှာမပါပါဘူး ကျွန်တော်တို့က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဟာ နောက်ဆုံးသောကာလထဲမှာ ဘုရားသခင် ပေးသနားတဲ့ အသက်ရဲ့ထာဝရလမ်းလို့ ပြောကြပါတယ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေဟာ သမ္မာကျမ်းစာထဲမှာအားလုံးရှိတယ်၊ ပြီးတော့ ဘုရားသခင့်နှုတ်ကပတ်တော်နဲ့ အမှုတော်တွေ အခြားမှာမရှိဘူးဆိုတဲ့အမြင်ဟာ မမှန်ပါဘူး၊ ယုတ္တိမရှိပါဘူး၊ ပြီးတော့ လူတွေရဲ့အယူအဆနဲ့ စိတ်ကူးသက်သက်ပါပဲ။”

တရားဟောဆရာ၏ မိတ်သဟာယပြုခြင်းကို နားထောင်ပြီး နောက်၊ သူပြောသွားသည့်အရာက အမှန်တရားများကို သက်သေပြ သည်ဟု ကျွန်မ ခံစားခဲ့ရသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်အပေါ် ကျွန်မတို့၏ ယုံကြည်မှု၌ အသုံးပြုဖို့ ကျွန်မတို့အတွက် မှီငြမ်းစာအုပ် တစ်အုပ် ဖြစ်နိုင်သော်လည်း၊ ၎င်းက သခင့်နှုတ်ကပတ်တော်များ သို့မဟုတ် အမှုတော်များကို ကိုယ်စားပြုနိုင်ဖို့ မဆိုထားနှင့် သခင့်ကိုပင် ကိုယ်စားမပြုနိုင်ပါ။ ကျွန်မက သမ္မာကျမ်းစာနှင့် ပတ်သက်၍ မှန်ကန် သည့် ကိုင်တွယ်ဖြေရှင်းနည်းကို ယူရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များ ကို သမ္မာကျမ်းစာ၏ စာမျက်နှာ အတွင်းတွင်သာ ကန့်သတ်ဖို့ မဆိုထားနှင့် သမ္မာကျမ်းစာနှင့် သခင်တို့ကို တန်းတူ ဂုဏ်ဒြပ်အဖြစ် သဘောထား၍ မဖြစ်သည်ကို ကျွန်မသိခဲ့သည်။ သမ္မာကျမ်းစာသည် ဘုရား၏ ယခင် အမှုတော် အဆင့်နှစ်ဆင့်၏ မှတ်တမ်းတစ်ခုမျှသာ ဖြစ်ပြီး၊ ၎င်းက ပညတ်တော်ခေတ်နှင့် ကျေးဇူးတော် ခေတ်တို့ရှိ ဘုရားသခင်၏ အမှုတော်များကို မှတ်တမ်းတင်ထားသည်။ သို့သော်လည်း ဘုရားသခင်သည် အလွန်ကြီးမြတ်ပြီး၊ အလျှံပယ်ဖြစ် သောကြောင့် ဤစာအုပ် တစ်အုပ်တည်းသာ ဖြစ်သည့် သမ္မာကျမ်းစာက ဘုရားသခင် အကြောင်း အားလုံး မည်သို့ ပါဝင်နိုင်မည်နည်း။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းက “ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၅) ဟု ပြောထားသည်။ ယခုအခါတွင် သခင်ယေရှု၏ အမှုတော်နှင့် နှုတ်ကပတ်တော်များသည် သမ္မာကျမ်းစာ ထဲတွင် အားလုံးမှတ်တမ်းတင်ထားပုံမရသော်လည်း ကျွန်မက ဘာသာရေးလောက၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ပေးသည့် အဓိပ္ပါယ်ကောက်ယူခြင်းများဖြင့်သာ သဘောတူ လက်ခံခဲ့ကာ၊ သမ္မာကျမ်းစာထက်ကျော်ပြီး ဘုရားသခင်၏ အမှုတော် သို့မဟုတ် နှုတ်ကပတ်တော်များ မရှိဟု ယုံကြည်ခဲ့သည်။ - လူ၏ အယူအဆများ နှင့် စိတ်ကူးများကိုသာ ဖက်တွယ်ထားလျက်၊ မည်သည့် မစဉ်းစားမဆင်ခြင် သည့် ငနုံငအ တစ်ယောက် ဖြစ်နေခဲ့ပါသနည်း။ ဤအခြေအနေသည် ခုခံကာကွယ်ခြင်းငှာ မစွမ်းသော အခြေအနေ တစ်ခု သက်သက်ဖြစ် လေသည်။

ကျွန်မက ဗီဒီယိုများကို ဆက်ကြည့်နေပြီး၊ တရားဟောဆရာက အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ကျမ်းပိုဒ်အချို့ကို ဖတ်ပြ လေသည်။ “သမ္မာကျမ်းစာထဲတွင် မှတ်သားထားသည့် အရာများသည် အကန့်အသတ်ရှိ၏။ ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုကို အလုံးစုံ ကိုယ်စားမပြုနိုင်ပေ။ ခရစ်ဝင်ကျမ်း လေးကျမ်းသည် ယေရှုက သင်္ဘောသဖန်းပင်ကို ကျိန်ဆိုခြင်း၊ ပေတရုက သခင်ကို သုံးကြိမ်တိုင်အောင် ငြင်းပယ်ခြင်း၊ သူ၏ လက်ဝါးကားတိုင်ပေါ် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ပြီးနောက် နောက်လိုက် တပည့်တော်များရှေ့တွင် ယေရှု၏ ကိုယ်ထင်ပြခြင်း၊ အစာရှောင်ခြင်းအကြောင်း သွန်သင်မှု၊ ဆုတောင်းခြင်းအကြောင်း သွန်သင်မှု၊ ကွာရှင်းခြင်းအကြောင်း သွန်သင်မှု၊ ယေရှု၏မွေးဖွားခြင်းနှင့် ဆွေစဉ်မျိုးဆက်စာရင်း၊ တပည့်တော်များကို ယေရှုခန့်အပ်ခြင်း စသည့် ဖြစ်ပျက်မှုများကို အရေအတွက် ကန့်သတ်ချက်ဖြင့် ရေးထားသော အခန်းကြီးများ အားလုံး တစ်ရာထက် လျော့နည်းလေသည်။ သို့သော်၊ ယနေ့ အမှုကို ယင်းတို့နှင့် နှိုင်းယှဉ်လျက်ပင် လူသားသည် ယင်းတို့ကို ရတနာများကဲ့သို့ တန်ဖိုးထားကြသည်။ ယေရှုသည် မွေးဖွားလာသည့် အချိန်မှစ၍ များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သည်ဟုပင် သူတို့ ယုံကြည်ကြသည်။ ဘုရားသခင်က ဤမျှသာ လုပ်နိုင်စွမ်းရှိပြီး နောက်ထပ် ဘာမျှမလုပ်တော့သည့်အလား၊ ယေရှုက သူ၏ဘဝတွင် လုပ်ခဲ့သည့် အလုပ်အားလုံးမှာ ထိုမျှသာဖြစ်သည်ဟုပင် ၎င်းတို့ ယုံကြည်ကြလေသည်။ ဤသည်မှာ ရယ်စရာ မကောင်းသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁))ထိုအချိန်က၊ ယေရှုသည် သူ၏တပည့်များအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်၊ မည်သို့အတူတကွစုရုံးရမည်၊ ဆုတောင်းခြင်းတွင် မည်သို့တောင်းလျှောက်ရမည်၊ အခြားသူများကို မည်သို့ဆက်ဆံရမည် စသည်တို့ကဲ့သို့သော အကြောင်းအရာများ နှင့်ပတ်သက်၍ တရားဟောပြောချက် အတွဲများဖြင့်သာ ကျေးဇူးတော်ခေတ်တွင် မြွက်ကြားခဲ့သည်။ သူဆောင်ရွက်ခဲ့သည့် အမှုမှာ ကျေးဇူးတော်ခေတ်၏ အမှုဖြစ်ပြီး၊ တပည့်တော်များနှင့် သူ့နောက်လိုက်သူများအနေဖြင့် မည်သို့ လက်တွေ့ လုပ်ဆောင်သင့် သည်ကိုသာ အသေးစိတ် ရှင်းပြခဲ့သည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကိုသာ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးသောကာလ၏ မည်သည့်အမှုကိုမျှ မလုပ်ဆောင်ခဲ့ပေ။...ခေတ်တစ်ခုစီထဲက ဘုရားသခင်၏ အမှုသည် ရှင်းလင်းပြတ်သားသော နယ်နိမိတ်များ ရှိ၏။ သူသည် လက်ရှိခေတ်၏ အမှုကိုသာ လုပ်ဆောင်ပြီး၊ အမှု၏ နောက်အဆင့်ကို မည်သည့်အခါမျှ ကြိုတင် မဆောင်ရွက်ပေ။ ထိုသို့ဖြင့်သာ ခေတ်အသီးသီးနှင့်ဆိုင်သည့် သူ၏ ကိုယ်စားပြုခြင်းအမှုသည် ရှေ့သို့ ရောက်ရှိနိုင်ပေသည်။ ယေရှုသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများ၊ မည်သို့ စိတ်ရှည်ရမည်၊ ပြီးလျှင် မည်သို့ ကယ်တင်ခြင်းခံရမည်၊ မည်သို့နောင်တရပြီး ဝန်ခံရမည်၊ ပြီးလျှင် ကားတိုင်ကို မည်သို့ ထမ်းရွက်ပြီး ဆင်းရဲဒုက္ခများကို မည်သို့ ကြံ့ကြံ့ခံရမည် ဆိုသည်တို့ကိုသာ ပြောဆိုခဲ့သည်။ နောက်ဆုံးသော ကာလထဲတွင်ရှိသည့် လူသားသည် ဝင်ရောက်မှုကို မည်သို့ ရရှိသင့်သည်ကို သူ လုံးဝ မပြောဆိုသကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ မည်သို့ကြိုးစားသင့်သည် ဆိုသည်နှင့်သက်ဆိုင်၍ လုံးဝ သူ မပြောဆိုခဲ့ပေ။ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုအတွက် သမ္မာကျမ်းစာကို ရှာဖွေဖို့ဆိုသည်မှာ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သမ္မာကျမ်းစာကို ဖမ်းဆုပ်ထားခြင်းမျှဖြင့် မည်သည့်အရာကို သင် သိမြင်နိုင်သနည်း။ သမ္မာကျမ်းစာကို ရှင်းလင်းဖော်ပြသူဖြစ်စေ၊ တရားဟောဆရာဖြစ်စေ၊ အဘယ်သူသည် ယနေ့၏အမှုကို ကြိုတင် တွေ့မြင်နိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း)သင်က ပညတ်တော်ခေတ်၏ အလုပ်ကို ကြည့်လိုပြီး၊ ဣသရေလအမျိုးသားများ ယေဟောဝါ၏ လမ်းခရီးကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုလျှင်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုရမည်။ သင်သည် ကျေးဇူးတော်ခေတ်၏ အလုပ်ကို နားလည်လိုလျှင်၊ ဓမ္မသစ်ကျမ်းကို ဖတ်ရှုရမည်။ သို့သော်လည်း နောက်ဆုံးသောကာလ၏ အမှုကို သင် မည်သို့ မြင်သနည်း။ သင်သည် ယနေ့၏ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံလျက် ယနေ့၏အမှုတော်ထဲကို ဝင်ရောက်ကြရမည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အမှုသစ်ဖြစ်ပြီး၊ မည်သူမျှ ယခင်က သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် မထားခဲ့သောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီး တရုတ်နိုင်ငံ၌ အခြားရွေးကောက်ခံရသူများကို ရွေးထားပြီ ဖြစ်သည်။ ဘုရားသခင်သည် ထိုလူများ၌ အမှုပြုသည်၊ သူသည် ကမ္ဘာကြီးပေါ်က သူ၏အမှုတော်မှ ဆက်လက်ဆောင်ရွက်ပြီး၊ ကျေးဇူးတော်ခေတ်၏အမှုတော်မှ ဆက်ပြီး ဆောင်ရွက်သည်။ ယနေ့၏အမှုတော်သည် လူသားတို့ မည်သည့်အခါကမျှ မလျှောက်ဖူးသေးသည့် လမ်းကြောင်းဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ယင်းသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုတော်ဖြစ်သည်၊ ယင်းသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုတော် ဖြစ်သည်။...သမ္မာကျမ်းစာထဲ၌ ယင်းကဲ့သို့သောအမှု၏ ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားသော မှတ်တမ်းများ မည်သို့ ပါဝင်နိုင်မည်နည်း။ မည်သူသည် ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမျှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် ထိုစာအုပ်ထဲ၌ ယခုကဲ့သို့ ပိုမို ကြီးမြတ်ပြီး ပို၍ ဉာဏ်ပညာရှိကာ၊ အစဉ်အလာကို အာခံသည့် အမှုကို မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ ယနေ့အမှုသည် သမိုင်းမဟုတ်ပေ၊ သို့ဖြစ်၍ သင်က ယနေ့၏လမ်းကြောင်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာမှ သွေဖည်ရမည်ဖြစ်သည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းကို ကျော်လွန်ပြီးသွားရမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို မှန်ကန်စွာ လျှောက်နိုင်မည် ဖြစ်သည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် လောကသစ်နှင့် အမှုသစ်ထဲကို ဝင်ရောက်နိုင်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁))

တရားဟောဆရာက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းပြီးနောက်၊ ရုပ်ရှင်ထဲမှ အစ်ကိုတစ်ယောက်က “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ အချက်အလက်တွေနဲ့ လုံးဝကိုက်ညီတာပဲ သမ္မာကျမ်းစာဟာ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်ထဲမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေရဲ့ မှတ်တမ်းတစ်ခုလောက်ပါပဲ နောက်ဆုံးသောကာလထဲက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေကို ကြိုတင်ရေးသားထားဖို့ မဖြစ်နိုင်ဘူး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေဟာ သမ္မာကျမ်းစာထဲမှာပဲရှိတယ်လို့ ကျွန်တော်တို့အခိုင်အမာပြောလေ့ရှိတယ် ဒါဟာဘုရားသခင်ရဲ့အမှုတော်နဲ့ မကိုက်ညီဘူး” ဟု ပြောလျက် မိတ်သဟာယပြုခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထိုအစ်ကို၏ မိတ်သဟာယပြုခြင်း တို့ကို နားထောင်ပြီးနောက် ကျွန်မမှာ သဘောတူခြင်းဖြင့် ခေါင်းမညိတ်ဘဲ မနေနိုင်ပါ။ ကျွန်မက “အဲဒါမှန်တယ်။ ဘုရားသခင် မလုပ်ရသေးတဲ့ အမှုတော်အကြောင်းကို ဘယ်သူက သမ္မာကျမ်းစာထဲမှာ ဘယ်လို ရေးနိုင်လဲ။ ဗျာဒိတ်ကျမ်း ၅:၄-၅ မှာ ‘ထိုအခါအသက်ကြီးသောသူတပါးက၊ မငိုကြွေးနှင့်၊ ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကို၎င်း၊ တံဆိပ် ခုနစ် ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။’ လို့ ဖော်ပြထားတာကို အခုမှသာ ငါ နားလည် သဘောပေါက်ခဲ့တယ်။ ဒီကျမ်းပိုဒ်မှာ တံဆိပ်ခုနှစ်ချက်နှင့် ချိတ်ပိတ်ထား တဲ့ စာစောင်က နောက်ဆုံးသောကာလမှာ သခင်ပြန်ကြွလာတဲ့ အချိန်မှာသာ ဖွင့်နိုင်မယ်လို့ ဆိုထားတယ်၊ ဒါ့ကြောင့် အဲဒါက သခင်က သမ္မာကျမ်းစာထဲမှာ မှတ်တမ်းမတင်ထားတဲ့ နှုတ်ကပတ်တော်တွေကို ပြောဖို့နဲ့ အမှုတွေ ပြုဖို့ ကျန်သေးတယ်လို့ မပြဘူးလား။” ဟု မိမိဘာသာ တွေးမိသည်။ ဤအရာကိုတွေးလျက်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို စောစောစီးစီး မစုံစမ်းမစစ်ဆေးခဲ့ခြင်းအတွက် ကျွန်မ နောင်တရခဲ့လေသည်။ ကျွန်မက သင်းအုပ်ဆရာများနှင့် အကြီးအကဲများ နောက်ကို တကယ့်ကို မစဉ်းမစား မလိုက်ခဲ့သင့်သလို၊ မိမိ၏ အယူအဆ များနှင့် စိတ်ကူးများပေါ် မှီခိုခြင်းအားဖြင့် ဘုရားသခင်၏ အမှုတော်ကို ဘောင်မခတ်ခဲ့သင့်ပါ။

ထို့နောက် အစ်မဂျိုးက “ညီမရေ၊ အစ်မတို့ အခုဒီဗီဒီယို ကြည့်ပြီးပြီ ဆိုတော့၊ သမ္မာကျမ်းစာက ဘုရားသခင်ရဲ့ အတိတ်က အမှုတော်ရဲ့ မှတ်တမ်းတစ်ခုနဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို သက်သေခံချက်တစ်ခုသာ ဖြစ်ပြီး၊ အဲဒါက နောက်ဆုံးသောကာလမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အမှုပြုခြင်းမှာ ဘုရားသခင်ရဲ့ နေရာကို မယူနိုင်ဘူး ဆိုတာ အစ်မတို့ နားလည်သဘောပေါက်ရတယ်။ ဘုရားသခင်ရဲ့ အမှုတော်က အမြဲတမ်း ရှေ့ကိုဆက်တိုးပြီး၊ လက်ရှိမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းအမှုတော် အခြေခံအုတ်မြစ်ပေါ်မှာ အမှုတော် အဆင့်အသစ်ကို ပြုနေတယ်။ အဲဒါက နိုင်ငံတော်ခေတ်မှာ တရားစီရင်ဖို့နဲ့ ပြစ်တင်ဆုံးမဖို့ နှုတ်ကပတ်တော်တွေကို အသုံးပြုတဲ့ အမှုတော်ကို ဆိုလိုတာဖြစ်တယ်။ ဒါက ‘ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) ဆိုတဲ့ သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းကို လုံးလုံး ပြည့်စုံစေတယ်၊ နောက်ဆုံးသော ကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်တို့က သမ္မာကျမ်းစာကို မငြင်းဆိုပေမဲ့၊ အဲဒီအစား ပညတ်တော်ခေတ် နဲ့ ကျေးဇူးတော်ခေတ်တို့က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်တို့ထက် ပိုမိုမြင့်မားပြီး၊ ပိုနက်နဲတဲ့ အဆင့်တစ်ခုမှာ ရှိတယ်၊ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်က ကျွန်မတို့လက်ရှိ လိုအပ်ချက်တွေအတွက် ပိုဆီလျော်တယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက နိုင်ငံတော်ခေတ်ရဲ့ သမ္မာကျမ်းစာကို ဖြစ်ပေါ် စေတယ်—။ ဒီနှုတ်ကပတ်တော်တွေက နောက်ဆုံးသောကာလမှာ လူသား မျိုးနွယ် ကို ဘုရားသခင် ပေးတဲ့ ထာဝရအသက်ရဲ့ လမ်းခရီးဖြစ်တယ်၊ ဒီနှုတ်ကပတ်တော်တွေက ဘုရားသခင်ရဲ့ အမှုတော်အဆင့် သုံးဆင့်ရဲ့ နက်နဲမှု နဲ့ ဘုရားသခင်ရဲ့ လူ့ဇာတိခံခြင်းရဲ့ နက်နဲမှုတို့ကို ထုတ်ဖော် တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ စိတ်သဘောထား၊ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်း၊ ပြီးတော့ သူ့ရဲ့ အနန္တတန်ခိုးနဲ့ ဉာဏ်ပညာတို့ကို ဖော်ပြတယ်။ ဒါတွေအပြင်၊ ဘုရားသခင်ကို ချီးမြှောက်ဖို့၊ သက်သေခံဖို့နဲ့ အစေခံဖို့ လမ်းကြောင်း၊ သမ္မာတရားရဲ့ စစ်မှန်မှုထဲကို ဝင်ရောက်ဖို့ လမ်းကြောင်းနဲ့ ပြည့်ဝတဲ့ ကယ်တင်ခြင်းရဖို့နဲ့ စုံလင်ခံရဖို့ လမ်းကြောင်း တို့ကိုလည်း အစ်မတို့ကို ပြတယ်။ အစ်မတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံမှသာလျှင်၊ ဘုရားသခင်ရဲ့ အမှုတော်နဲ့အမီလိုက်ပြီး၊ ဘုရားသခင်ရဲ့ လက်ရှိ နှုတ်ကပတ်တော်တွေကနေ ထောက်ပံ့မှုရယူမှသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်ကို ရရှိမှာဖြစ်တယ်။ အစ်မတို့က သမ္မာ ကျမ်းစာကို အမြဲတမ်း ဖက်တွယ်ထားပြီး၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ အမှုတော်နဲ့ မိန့်မြွက်ချက်တွေကို လက်ခံဖို့ ငြင်းတယ် ဒါမှမဟုတ် ဘုရားသခင်ရဲ့ အမှုတော် အဆင့်တွေနောက်ကို လိုက်ဖို့ ငြင်းတယ် ဆိုရင်တော့၊ အစ်မတို့ကို ဘုရားသခင်က အပ်နှင်းတဲ့ အသက်နဲ့ ဆိုင်တဲ့ အသက်ရေရဲ့ ထောက်ပံ့မှုကို ရနိုင်စွမ်းရှိမှာ မဟုတ်ဘူး၊ ပြီးတော့ အစ်မတို့က သုတ်သင်ဖယ်ရှားပြီး စွန့်ပစ်ခြင်းကိုသာခံရမှာပဲ။ အခု လက်ရှိမှာ ဘာသာတရားအားလုံးနဲ့ ဂိုဏ်းဂဏအားလုံးတို့ဟာ ပိုပြီး ယိုယွင်းပျက်စီးလာကြတယ်။ သူတို့တွေက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို အမီမလိုက်ကြဘဲ၊ ဘုရားသခင်ရဲ့ လက်ရှိ နှုတ်ကပတ်တော်တွေက ထောက်ပံ့မှုကို မရကြတာကြောင့်၊ သူတို့က ထွက်ပေါက်မရှိတဲ့ ကန္တာရထဲမှာ လမ်းပျောက်နေတာကို သူတို့ဘာသာ တွေ့နေရတယ်။” ဟု ပြောလျက် မိတ်သဟာယပြုခဲ့သည်။

အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၌ ညီအစ်ကိုမောင်နှမ များပေးသည့် မိတ်သဟာယပြုခြင်း မှတစ်ဆင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်သည် သမ္မာကျမ်းစာ ဆိုင်ရာ ပရောဖက်ပြုခြင်းများနှင့် လုံးလုံး ကိုက်ညီပြီး၊ သမ္မာကျမ်းစာမှ လုံးဝ မသွေဖည်သည်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ ထိုအစား ကျွန်မတို့က အပြစ်၏ ချည်နှောင်မှုများကို အပြီးအပြတ် ဖယ်ရှားနိုင်ပြီး၊ ဘုရားသခင်အားဖြင့် သန့်စင်ပြီး ကယ်တင်ခံရကာ၊ ဘုရားသခင်ထံမှ သမ္မာတရားနှင့် အသက်တို့ကို ရဖို့အလို့ငှာ ဘုရားသခင်က ကျွန်မတို့၏ လိုအပ်ချက်များအတိုင်း ပို၍သစ်သော၊ ပို၍မြင့်မားသော အမှုတော်အဆင့် တစ်ခုကို ပြုလေသည်။ ဘာသာရေး လောကသည် ပိုပို၍ ပျက်စီး ယိုယွင်းလာပြီး ဆုတ်ယုတ်ရသည့်အကြောင်းအရင်း၊ ပြီးလျှင် ကျွန်မ၏ စိတ်ဝိညာဉ်သည် အမြဲတမ်း ခြောက်သွေ့သည်ဟု ခံစားရသည့် အကြောင်း အရင်းတို့ကိုလည်း ကျွန်မ နားလည် သဘောပေါက်လာခဲ့သည်။ ၎င်းက ကျွန်မတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို သမ္မာကျမ်းစာ စာမျက်နှာ များတွင်သာ ကန့်သတ်ထားပြီး၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်သစ်ကို မရှာဖွေ သို့မဟုတ် လက်မခံ သည့်အပြင်၊ သိုးသူငယ်၏ ခြေလှမ်းများဖြင့် အမီမလိုက်ဘဲ မာန ထောင်လွှားပြီး၊ စိတ်ကြီးဝင်ကာ၊ မိမိတို့၏ အယူအဆများကို ဖယ်တွယ်ထားသောကြောင့် ဖြစ်သည်။ ထို့နောက် ညီအစ်ကိုမောင်နှမ များက ကျွန်မကို သမ္မာတရား၏ ပုံစံအားလုံးနှင့် ပတ်သက်၍ တစ်ယောက် ပြီးတစ်ယောက် မိတ်သဟာယပြုပေးခဲ့ကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ ပြဿနာများနှင့် စိတ်ရှုပ်ထွေးခြင်းများ ကို ဖြေရှင်းပေးခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာ သည့် သခင်ယေရှုဖြစ်သည်ကို ကျွန်မ လုံးဝ သေချာလာပြီး၊ ကျွန်မ၏ စိတ်နှလုံးသည် သခင့်အတွက် ကျေးဇူးတင်ရှိခြင်းများဖြင့် ပြည့်နေခဲ့သည်။

ဘုရားသခင်၏ နောက်ဆုံးသောကာလမှ အမှုတော်ကို ကျွန်မ လက်ခံပြီးနောက်၊ အသင်းတော်အသက်တာတွင် ကျွန်မ တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ ဘုရားနှုတ်ကပတ်တော်များ၏ ရေလောင်းခံရခြင်း၊ ထောက်ပံ့ခံ ရခြင်းနှင့် ညီအစ်ကိုမောင်နှမများဖြင့် မိတ်သဟာယပြုခြင်း တို့မှတစ်ဆင့် ကျွန်မ ယခင်က တစ်ခါမျှ နားမလည်ခဲ့ဖူးသည့် သမ္မာတရားများစွာနှင့် နက်နဲမှုများစွာတို့ကို နားလည်လာပြီး၊ ကျွန်မ၏ စိတ်ဝိညာဉ်က အားရကျေနပ်မှု ရှိလေသည်။ ကျွန်မက ဘုရားသခင် ကို ပို၍ တိုးဝင် ချဉ်းကပ်လာသည့်အလား ခံစားရကာ၊ ကျွန်မ၏ စိတ်နှလုံးသည် ပို၍ပို၍ များသော အလင်းဖြင့် ပြည့်နေခဲ့ပြီး၊ နေ့စဉ်နေ့တိုင်း ကျွန်မ ကြွယ်ဝသော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း တစ်ခုကို ခံစားခဲ့ရသည်။ တစ်ခါတစ်ရံ တွင် ကျွန်မက သမ္မာကျမ်းစာကို မည်သို့ ဖက်တွယ်ထားခဲ့သည့်အကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်များကို သမ္မာကျမ်းစာ ၏ စာမျက်နှာ တွင်သာ ဘောင်ခတ်ပြီး၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ရှာဖွေဖို့ သို့မဟုတ် စုံစမ်းစစ်ဆေးဖို့ မည်သို့ ငြင်းဆန်ခဲ့ သည့်အကြောင်း တို့ကို တွေးသည့်အခါတွင်၊ ကျွန်မ အလွန့်အလွန် နောင်တရပြီး၊ အလွန် အကြွေးတင်ရှိသည်ဟု ခံစားရ သည်။- ကျွန်မ မည်မျှ အမှန်တကယ် ကျိုးကြောင်းမမြင်ဘဲ၊ ပညာမဲ့ခဲ့ သည်ကို တွေ့ခဲ့သည်။ ဘုရားသခင်က ကျွန်မကို သနားကရုဏာပြပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အကြောင်း အသိပေးချက် များ ကျွန်မကို ပို့ဖို့ YouTube ကို အသုံးပြုခြင်းအားဖြင့် ကယ်တင်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ အသံတော်ကို ကျွန်မ ကြားဖို့ ဦးဆောင်ခြင်းမရှိခဲ့ပါက ကျွန်မက သင်းအုပ်ဆရာများနှင့် အကြီးအကဲများနောက်ကို မစဉ်းမစား လိုက်နေဆဲဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ရှာဖွေ သို့မဟုတ် စုံစမ်းစစ်ဆေးခဲ့မည် မဟုတ်ပါ။ သို့ပါက ကျွန်မသည် သမ္မာကျမ်းစာကို နှစ်တစ်ရာကြာအောင် ဖတ်နိုင်ခဲ့ပြီး၊ ပြန်ကြွလာသည့် သခင့်ကို ကြိုဆိုနိုင်စွမ်းရှိခဲ့မည် မဟုတ်သေးပါ။ ဘုရားသခင်၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို လက်ခံနိုင်စွမ်း ရှိသည်မှာ လုံးဝ ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုတို့ကြောင့်၊ ပြီးလျှင် ဘုရားသခင်၏ အံ့သြဖွယ် ကယ်တင်ခြင်းတို့ကြောင့်သာ ဖြစ်လေ သည်။ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။

အရှေ့သို့- ၁၀။ ကောင်းကင်နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် အမှန်တကယ် တည်လေသည်

နောက်တစ်ခုသို့- ၁၂။ သုံးပါးတစ်ဆူ ပဟေဠိ ထုတ်ဖော်ပြခံရသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၀။ အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။