၁၂။ သုံးပါးတစ်ဆူ ပဟေဠိ ထုတ်ဖော်ပြခံရသည်

ဂျင်းမို၊ မလေးရှား

၁၉၉၇ ခုနှစ်တွင် ကျွန်မ သခင်ယေရှု၏ ဧဝံဂေလိတရားကို လက်ခံဖို့ အခွင့်ရခဲ့ပြီး၊ ကျွန်မ နှစ်ခြင်းခံသည့်အချိန်တွင် သင်းအုပ်ဆရာက သုံးပါးတစ်ဆူဖြစ်သော- ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမည်နာမဖြင့် ကျွန်မကို ဆုတောင်းပြီး နှစ်ခြင်းပေးခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်မ ဆုတောင်းသည့်အခါတိုင်း သုံးပါးတစ်ဆူဖြစ်သည့် ချစ်တော်မူသော ကောင်းကင်ဘုံရှင် အဖခမည်းတော်၊ ကယ်တင်ရှင် သခင်ယေရှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့၏ အမည်နာမ၌ ကျွန်မ၏ ဆုတောင်းကို ဆက်ကပ်ခဲ့သည်။ သို့သော် ကျွန်မ၏ စိတ်နှလုံးအတွင်း၌ မရေရာမှုအချို့ အမြဲရှိခဲ့သည်- သုံးပါးက အဘယ်သို့ တစ်ပါးတည်းဖြစ်နိုင်မည်နည်း။ သုံးပါးတစ်ဆူဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို ကျွန်မ မည်သည့်အခါမျှ ပြည့်ပြည့်ဝဝ ရှင်းရှင်းလင်းလင်း ထုတ်ဖော်မပြောဆိုနိုင်ပါ၊ သို့မဟုတ် နားမလည်နိုင်ခဲ့ပါ။

နှစ်နှစ်ကြာပြီးနောက် ကျွန်မ၏ အသင်းတော်ထဲတွင် ကျွန်မ သင်းထောက်တစ်ဦး ဖြစ်လာခဲ့ပြီး၊ အလားအလာရှိသည့် ယုံကြည်သူများကို သူတို့၏ ဘာသာရေးလေ့လာမှုများ၌ အဖော်ပြုရသည့်အခါ သုံးပါးတစ်ဆူ ဆိုသည်မှာ မည်သည့်အရာ ဆိုလိုသည်ကို မေးသောသူ တစ်စုံတစ်ဦး မကြာခဏ ရှိတတ်လေသည်။ အပြစ်ဝန်ချခြင်း အတောအတွင်း၌လည်း ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆိုင်သည့် သုံးပါးတစ်ဆူအကြောင်းကို လူတို့ မကြာခဏ မေးတတ်ကြသည်။ ဤနက်နဲသောအရာကို ကျွန်မလည်း နားမလည်သည်နှင့်အမျှ သူတို့ကို ကျွန်မ မည်သည့်အခါမျှ မဖြေနိုင်ခဲ့သလို ဤအရာက ကျွန်မကို များစွာ စိတ်သောကရောက်စေခဲ့သည်။ ဤကိစ္စရပ်အပေါ် ကျွန်မ ရှင်းလင်းပြတ်သားမှုတစ်ခု အလွန်ရချင်ခဲ့သည်၊ ထို့ကြောင့် ခိုင်မာပြတ်သားသော အဖြေတစ်ခုကိုရဖို့ မျှော်လင့်ချက်ဖြင့် ထိုအရာအား ကျွန်မကို ရှင်းပြဖို့ သင်းအုပ်ဆရာနှင့် တရားဟောဆရာများကို ကျွန်မ တောင်းဆိုခဲ့သည်။ သို့သော် သူတို့၏ တုန့်ပြန်အဖြေပေးမှုတွင် အခြေခံအားဖြင့်- “ဘုရားသခင်က ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် ဖွဲ့စည်းပါဝင်တဲ့ သုံးပါးတစ်ဆူဖြစ်တယ်။ ကျွန်မတို့ရဲ့ ကယ်တင်ခြင်းအတွက် ခမည်းတော်က အစီအစဉ်တွေကို ချမှတ်တယ်၊ သားတော်က အဆုံးသတ်ပေးစဉ်မှာပဲ အစီအစဉ်ကို ဆောင်ရွက်တဲ့သူက သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်တယ်။ ခမည်းတော်က ဘုရားသခင် ဖြစ်တယ်၊ သားတော်က ဘုရားသခင်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်လည်း ဘုရားသခင်ဖြစ်တယ်- တစ်ဆူတည်း၊ စစ်မှန်တဲ့ ဘုရားသခင်ကို တစ်ပြိုင်တည်းပုံဖော်တဲ့ ပုဂ္ဂိုလ်သုံးပါးဖြစ်တယ်” ဟု ပါရှိတတ်သည်။ ဤရှင်းပြချက်က ကျွန်မကို ပို၍ပင် အကြံအိုက်စေခဲ့ပြီး ကျွန်မက၊ “ဒါပေမယ့် သူက ပုဂ္ဂိုလ်သုံးပါးဆိုရင် ဘယ်လိုဖြစ်ပြီး ဘုရားတစ်ပါးတည်း ဖြစ်နိုင်တာလဲ” ဟု မေးခဲ့သည်။ ထိုအခါ သူတို့က ကျွန်မကို၊ “သုံးပါးတစ်ဆူက နက်နဲတဲ့အရာတစ်ခုဖြစ်တယ်။ အဲဒါနဲ့ပတ်သက်ပြီး အရမ်းကို နက်နက်နဲနဲ မတွေးနဲ့။ မင်းရဲ့ ယုံကြည်မှုအပေါ် မှီခိုပြီး အဲဒါကို ယုံလိုက်။ မင်းလုပ်ရမှာက အဲဒါပဲ” ဟု ပြောကြလေသည်။ ဤအရာအားဖြင့် ကျွန်မ ဇဝေဇဝါ ခံစားနေရဆဲဖြစ်သော်လည်း “အဲဒါကို နောက်ထပ် မတွေးပါနဲ့တော့။ ယုံသာ ယုံလိုက်ပါ” ဟု စဉ်းစားရင်း မိမိကိုယ်ကိုယ် အတင်းလက်ခံလိုက်ရသည်။ ကျွန်မ ဆုတောင်းသည့်အခါ သုံးပါးတစ်ဆူ- ချစ်တော်မူသော ကောင်းကင်ဘုံရှင် အဖခမည်းတော်၊ ကယ်တင်ရှင် သခင်ယေရှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံ ဆုတောင်းဆဲဖြစ်သည်။ ထိုနည်းအတိုင်း ဆုတောင်းခြင်းအားဖြင့်သာ ဘုရားသခင်က ကျွန်မ၏ ဆုတောင်းချက်များကို နားညောင်းမည်ကဲ့သို့ ကျွန်မ ခံစားခဲ့ရပြီး၊ ဘုရားသခင်၏ ပုဂ္ဂိုလ်များမှ တစ်ပါးထံသာ ကျွန်မ ဆုတောင်းလျှင် သူ ကျွန်မကို နားမညောင်းမည်ကို ကျွန်မ စိုးရွံ့ခဲ့သည်။ ထို့ကြောင့် ကျွန်မ၏ ကိုယ်ပိုင် စိတ်ကူးနှင့်ဆိုင်သော သုံးပါးတစ်ဆူကို ယုံကြည်ရင်း နှစ်များစွာ ထိုစိတ်ရှုပ်ထွေးမှုထဲတွင် ကျွန်မ ဆက်နေခဲ့သည်။ ထို့နောက်တွင် အသင်းတော်အတွင်းရှိ ညီအစ်ကို မောင်နှမများက သုံးပါးတစ်ဆူသည် မည်သည့်အရာ ဆိုလိုကြောင်း ကျွန်မကို မေးသည့်အခါတိုင်းတွင် မည်သို့ ပြန်ဖြေရမည်ကို ကျွန်မ မသိဘဲ ရှိနေဆဲဖြစ်သည်။ သူတို့ တကယ်နားမလည်သည်ကို သူတို့၏ မျက်နှာများမှ ကျွန်မ ပြောနိုင်သော်လည်း ကျွန်မ လုပ်နိုင်သမျှမှာ သင်းအုပ်ဆရာက ကျွန်မကို ပြောထားခဲ့သည့်အတိုင်း သူတို့ကို ဖြေကြားဖို့ ဖြစ်သည်။ ဤအရာက ကူကယ်ရာမဲ့သည့် ခံစားချက်ကို ကျွန်မအား ပေးခဲ့ပြီး ဆုတောင်းခြင်းဖြင့် သခင့်ရှေ့မှောက်သို့ တိုးဝင်ရန်သာ ကျွန်မတတ်နိုင်ခဲ့သည်- “ချစ်ရပါသော ကောင်းကင်ဘုံရှင်အဖ၊ ကိုယ်တော့်ကို ကျွန်မ ကျေးဇူးတင်ရှိပါတယ်။ ညီအစ်ကို မောင်နှမတွေနဲ့ အလားအလာရှိတဲ့ ယုံကြည်သူတွေက သုံးပါးတစ်ဆူအကြောင်း ကျွန်မကို မေးခွန်းမေးကြတဲ့အခါ သူတို့ကို ဘယ်လိုဖြေရမယ်ဆိုတာ ကျွန်မ မသိပါဘူး။ ကျွန်မကို ကူညီဖို့ ကိုယ်တော့်ကို ကျွန်မ တောင်းလျှောက်ပါတယ်။ သုံးပါးတစ်ဆူက ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်မသိလာနိုင်ဖို့၊ ဒီကိစ္စရပ်အားဖြင့် ကျွန်မ စိတ်မရှုပ်ထွေးတော့ဘဲ ကိုယ်တော့်ကို လူတွေ ပိုများများ သိလာကြဖို့ ကျွန်မကို သန့်ရှင်းသောဝိညာဉ်တော် လမ်းပြစေမူပါ။”

၂၀၁၇ ခုနှစ် မေလတွင် ဖေ့စ်ဘုတ်ပေါ်၌ ညီအစ်မတစ်ဦးကို ကျွန်မ ဆုံခဲ့ရသည်။ သူက အလွန်ချစ်တတ်ပြီး စိတ်ရှည်သည်၊ သမ္မာကျမ်းပိုဒ် အနည်းငယ်ကို ကျွန်မတို့ ဝေမျှပြီး ဆွေးနွေးပြီးသည့်နောက်တွင် သူမ၏ မိတ်သဟာများထဲတွင် အမြင်မှန်ရှိကြောင်း ကျွန်မ တွေ့ရှိခဲ့သည်။ ယင်းတို့ထံမှ ကျွန်မ များစွာရရှိခဲ့ပြီး သူမနှင့် စိတ်ကူးများဖလှယ်ဖို့ ကျွန်မ စိတ်အားထက်သန်ခဲ့သည်။ နောက်ပိုင်းတွင် သူက ကျွန်မနှင့် ညီအစ်ကို မောင်နှမ အနည်းငယ်ကို ဝတ်ပြုအစည်းအဝေးတစ်ချို့ဆီ ခေါ်သွားခဲ့သည်။ ဤဝတ်ပြုအစည်းအဝေးများ၌ မိတ်သဟာယများမှတဆင့်၊ လူ့ဇာတိခံယူခြင်းမှာ မည်သည့်အရာဖြစ်ကြောင်းနှင့် သခင်ကြွလာမည့်နည်းလမ်း စသဖြင့် ယခင်က ကျွန်မ လုံးဝနားမလည်ခဲ့ဖူးသည့် သမ္မာတရားအချို့ကို ကျွန်မ နားလည်လာခဲ့သည်။ သူတို့ထံမှ ကျွန်မ များစွာ အကျိုးကျေးဇူးခံစားခဲ့ရပြီး ကျမ်းစာ၏ ကျမ်းပိုဒ်အချို့နှင့်ဆိုင်၍ များစွာ ပိုမိုရှင်းလင်းသည့် သိနားလည်မှုတစ်ခုကို ရရှိခဲ့သည်။ ကျွန်မ မတတ်နိုင်သော်ငြားလည်း သူ့အနေဖြင့် ကျမ်းစာဖတ်ရှုခြင်းမှ အဘယ်သို့ အလွန်များစွာ နားလည်လာနိုင်သည်ကို ထိုညီအစ်မအား ကျွန်မ မေးသည့်အခါ၊ “ကျွန်မ နားလည်သဘောပေါက်သမျှအားလုံးက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ လာတာပါ။ ကျွန်မတို့ရဲ့ သခင်ယေရှုက ပြန်ကြွလာနှင့်ပြီးပါပြီ။ နောက်ဆုံးသောကာလမှာ သူ့ရဲ့ နှုတ်ကပတ်တော်တွေကို ဖော်ပြဖို့နဲ့ အသစ်သော အမှုတော်ကို လုပ်ဆောင်ဖို့ လူသားအဖြစ် သူက လူ့ဇာတိခံပြီးပြီ...” ဟု ကျွန်မကို ပြောလေသည်။ ဤသတင်းစကားဖြင့် ကျွန်မ အလွန်အံ့အားသင့်ခဲ့ပြီး စိတ်လှုပ်ရှားခဲ့ကာ ညီအစ်မကို အလျင်စလို မေးခွန်းတစ်ခု ကျွန်မ မေးခဲ့သည်- “အဲဒါ အမှန်ပဲလား။ သခင် တကယ်ပဲ ပြန်ကြွလာပြီးပြီလား။” သူက သေချာမှုဖြင့်၊ “ဟုတ်တယ်၊ အဲဒါ အမှန်ပဲ” ဟု ပြန်ဖြေလေသည်။ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံ ပုံသဏ္ဍာန်ဖြင့် သခင်ပြန်ကြွလာပြီးဖြစ်ကာ ဘုရားသခင်၏ အမည်နာမ ပြောင်းလဲသွားပြီဖြစ်ကြောင်း သူက ဆက်ပြောခဲ့သည်။ ဗျာဒိတ်ကျမ်းထဲတွင် ပရောဖက်ပြုထားသည့် “အနန္တတန်ခိုးရှင် ဘုရားသခင်” ဖြစ်လျက်၊ ယခု ဘုရားသခင်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ဟု ခေါ်လေသည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်” ဟူသည့် အမည်ကို ကျွန်မ ကြားလိုက်ရသည့်အခိုက်တွင် ကျွန်မ၏ နှလုံးသားက တစ်ချက်ခုန်သွားပြီး မိမိဘာသာ ကျွန်မ တွေးလိုက်မိသည်- “‘အနန္တတန်ခိုးရှင် ဘုရားသခင် ဟုတ်လား။’ အဲဒါက ‘အရှေ့အရပ်မှ လျှပ်ပြက်ခြင်း’ မဟုတ်လား။ ငါတို့ သင်းအုပ်ဆရာက အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို ငါတို့ကို သတိထားခိုင်းပြီး သူတို့နဲ့ ဘာမှမပတ်သက်ဖို့ ပြောခဲ့တယ်။ ဒါ့အပြင်၊ သခင်ယေရှုကို ငါတို့ ယုံကြည်ကြတယ်၊ ဒါပေမယ့် ဒီညီမက သခင်ယေရှု ပြန်ကြွပြီဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အမည်နာမကို ယူဆောင်ပြီးပြီလို့ ပြောနေတယ်၊ ဒီတော့ သူ့နာမည်က ဘယ်လိုဖြစ်ပြီး ကွဲပြားရတာလဲ။ ငါ လမ်းလွဲတာနဲ့ အဆုံးသတ်သွားမှာလား။” သို့သော် ထို့နောက် ကျွန်မ တွေးမိခဲ့သည်- “ဒီညီမကို ငါ သိထားကတည်းက သူ့ရဲ့ မိတ်သဟာယပြုချက်တွေက သမ္မာကျမ်းစာနဲ့ ကိုက်ညီရုံသာမက၊ အရမ်းလည်း အလင်းပြသလို၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှု ရှင်းရှင်းလင်းလင်း ပါရှိတယ်ဆိုတာ ငါ တွေ့ခဲ့ရတယ်။ ဒီလမ်းက မှားတယ်ဆိုရင် ဘာလို့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက် ရှိနိုင်တာလဲ။ သူပြောတာကို ငါ ဆက်ပြီး နားထောင်သင့်လား၊ နားမထောင်သင့်ဘူးလား။”

ကွဲလွဲနေသော ခံစားချက်များအားဖြင့် ကျွန်မ စိတ်ထိခိုက်ခံစားနေစဉ် ယခင်က ကျွန်မကို ထိုညီမ ဝေမျှထားခဲ့သည့် ကျမ်းတစ်ပိုဒ်ကို ကျွန်မ ရုတ်တရက် သတိရမိခဲ့သည်- “လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ သူသည် ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏ အမှုတွင် လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ ပိုင်ဆိုင်သည့်အတွက်၊ ဤအရာနှင့်ပတ်သက်၍ လွန်ကဲသောအရာတစ်ခုမျှ မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) ဤကျမ်းပိုဒ်က ခရစ်တော်ကို ဖော်ပြပြီး ခရစ်တော်က လူတို့ကို သမ္မာတရား ပေးနိုင်ကြောင်းပြောလေသည်။ ရှင်ယောဟန် ခရစ်ဝင် အခန်းကြီး ၁၄၊ အပိုဒ်ငယ် ၆ တွင် သခင်ယေရှုက၊ “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” ဟု ဆိုပါသည်။ သခင်ယေရှုက ခရစ်တော်ဖြစ်သည်၊ ဘုရားသခင်က လူ့ဇာတိခံလာပြီး၊ “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။” ဟု ပြောခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် ယေရှုတို့၏ စကားများက ခရစ်တော်နှင့် သမ္မာတရားကို ဖော်ပြသည်။ “တကယ်လို့ အနန္တတန်ခိုးရှင် ဘုရားသခင်က ခရစ်တော်ဆိုရင်၊ သူက သမ္မာတရားကို သေချာပေါက် ဖော်ပြနိုင်ပြီး လူတွေရဲ့ အသက်တာတွေအတွက် အာဟာရကို ထောက်ပံ့ပေးနိုင်တယ်” ဟု ကျွန်မတွေးမိသည်၊ မကြာခင်က ထိုညီမ ကျွန်မကို ဖတ်ပြခဲ့ပြီးဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ကျွန်မတွေးမိသည်။ ၎င်းတို့ကို ကျွန်မ နားထောင်စဉ်တွင် ၎င်းတို့က သြဇာအာဏာနှင့် တန်ခိုးတို့ကို ပိုင်ဆိုင်သည်ဟု ကျွန်မ ခံစားခဲ့ရပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက အမှန်ပင် သမ္မာတရားဖြစ်ပြီး ၎င်းတို့က သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာကြသည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ထို့ကြောင့် ဤလမ်းက မှန်ကန်သော လမ်းဖြစ်ရမည်ဖြစ်ပြီး မမှားယွင်းနိုင်ကြောင်း ကျွန်မ နားလည်လိုက်သည်။ ကျမ်းစာထဲတွင် ပြောပါသည်- “သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။” (ရောမသြဝါဒစာ ၁၀:၁၇) အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာသည့် သခင်ယေရှုဖြစ်ပြီး ကျွန်မက ဤလမ်းခရီးကို ရှာဖွေဖို့ သို့မဟုတ် ဆန်းစစ်ဖို့ မလုပ်နိုင်ခဲ့ဘဲ၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ပြောသည့်အရာကိုသာ ကျိုးကြောင်းမမြင်ဘဲ ယုံကြည်မိခဲ့လျှင် သခင့်၏ ကယ်တင်ခြင်းကို ကျွန်မလွဲချော်ပြီး သူ၏ ပြန်ကြွလာခြင်းကို မကြိုဆိုနိုင်ဘဲ ရှိလိမ့်မည် မဟုတ်ပါလား။ ဤအရာကို တွေးရင်းဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ပို၍ကောင်းစွာ နားလည်သဘောပေါက်နိုင်ဖို့အလို့ငှာ နောက်ထပ် ဝတ်ပြုအစည်းအဝေး အနည်းငယ်ကိုတက်ရန် ကျွန်မ ဆုံးဖြတ်ခဲ့သည်။

နောက်ထပ် ဝတ်ပြုအစည်းအဝေးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော ဤစာပိုဒ်ကို ညီအစ်မက ကျွန်မတို့ကို ဝေမျှခဲ့သည်- “ယနေ့ကာလ၏ အမှုသည် ကျေးဇူးတော်ခေတ်၏အမှုကို ရှေ့သို့တွန်းပို့ပေးသည်၊ ဆိုလိုသည်မှာ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်တစ်ရပ်လုံးအောက်၌ပြုသော အမှုသည် ရှေ့သို့တိုးလာခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်သည် အဆုံးသတ်သွားပြီဖြစ်သော်လည်း ဘုရားသခင်၏အမှု၌ တိုးတက်မှုရှိသည်။ အမှု၏ ဤအဆင့်သည် ကျေးဇူးတော်ခေတ်နှင့် ပညတ်တော်ခေတ်တို့အပေါ်တွင် အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟု အဘယ့်ကြောင့် ငါသည် ထပ်တလဲလဲ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ယနေ့၏အမှုသည် ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှု၏အဆက်ဖြစ်ပြီး ပညတ်တော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှုအပေါ် တိုးတက်လာမှုလည်း ဖြစ်သောကြောင့်ဖြစ်သည်။ ထိုအဆင့်သုံးခုမှာ တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ဆက်နွှယ်လျက်ရှိနေပြီး ကွင်းဆက်တစ်ခုနှင့်တစ်ခု နီးကပ်စွာ ချိတ်ဆက်နေသည်။ အမှု၏ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေခံထားသည်ဟု အဘယ်ကြောင့် ငါပြောသနည်း။ အကယ်၍သာ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေမခံထားလျှင် ဤအဆင့်တွင် နောက်ထပ်တစ်ကြိမ် ကားစင်တင်သတ်ခြင်း တစ်ခု ဖြစ်ပျက်ရန် လိုလိမ့်မည်ဖြစ်ကာ၊ ပြီးခဲ့သောအဆင့်၏ ရွေးနုတ်ခြင်းအမှုကိုလည်း နောက်ထပ်ပြန်၍ လုပ်ဆောင်ရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် အမှုသည် လုံးဝပြီးဆုံးသွားခြင်း မဟုတ်ဘဲ ခေတ်သည် ရှေ့သို့တိုးလာခြင်းဖြစ်ပြီး အမှု၏အဆင့်အတန်းသည် ယခင်ကထက် သာ၍မြင့်မားလာခြင်း ဖြစ်သည်။ အမှု၏ ဤအဆင့်သည် ပညတ်တော်ခေတ်၏ အုတ်မြစ်ပေါ်တွင်နှင့် ယေရှုအမှု၏ ကျောက်ပေါ်တွင် တည်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အမှုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုအဆင့်သည် အသစ်သော အစပြုခြင်းမဟုတ်ပေ။ အမှု၏ အဆင့်သုံးဆင့်စလုံး ပေါင်းစည်းခြင်းကိုသာလျှင် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ဟု မှတ်ယူနိုင်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်) ထို့နောက် ထိုညီမက “ဘုရားသခင်ရဲ့ အမှုတော်က အမြဲ ရှေ့ဆက်လှုပ်ရှားနေပြီး လူသားရဲ့ လိုအပ်ချက်တွေနဲ့အညီ မတူညီတဲ့ခေတ်တွေမှာ မတူညီတဲ့အမှုကို ဆောင်ရွက်ပြီး မတူညီတဲ့အမည်နာမကို သူယူဆောင်ပါတယ်။ ဒါပေမယ့် ဘယ်လိုအမည်နာမနဲ့ ဘယ်လို အမှုတော်အဆင့်ကို ဘုရားသခင် ဆောင်ရွက်ပါစေ၊ အနှစ်သာရအားဖြင့် အဲဒါက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အမှုတော်ကို ဆောင်ရွက်နေတာ ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်တယ်။ ပညတ်တော်ခေတ်မှာ သူ့အမှုတော်ကို ဆောင်ရွက်ဖို့ ဘုရားသခင်က ယေဟောဝါဆိုတဲ့ အမည်နာမကို ယူဆောင်ခဲ့တယ်- ကမ္ဘာမြေပေါ်မှာ လူသားရဲ့ အသက်တာကို လမ်းပြဖို့ ပညတ်တော်နဲ့ ပညတ်ချက်တွေကို သူကြေငြာခဲ့ပြီး၊ အပြစ်တရားက ဘယ်အရာဖြစ်တယ်၊ ဘာစည်းမျဉ်းတွေကို သူတို့ လိုက်နာသင့်တယ်၊ ဘုရားသခင်ကို ဘယ်လို ဝတ်ပြုကိုးကွယ်သင့်တယ် စတဲ့အရာတွေကို လူကို သိခွင့်ပေးခဲ့တယ်။ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်က လူ့ဇာတိဖြစ်လာခဲ့ပြီး ယေရှုအမည်ကို ယူခဲ့တယ်၊ ပညတ်တော်ခေတ် အမှုတော်ရဲ့ အခြေခံအုတ်မြစ်ပေါ်မှာ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ ကားစင်တင်ခံရတဲ့ အမှုတော်ကို သူ ဆောင်ရွက်ခဲ့တယ်၊ အဲဒါရဲ့ အကျိုးဆက်ကတော့ လူ့ရဲ့အပြစ်တွေ ခွင့်လွတ်ခံခဲ့ရတာဖြစ်တယ်။ အခု နောက်ဆုံးသော နိုင်ငံတော်ခေတ်မှာ ဘုရားသခင်က ဒုတိယအကြိမ် လူ့ဇာတိခံလာခဲ့တယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အမည်နာမကို ယူဆောင်ရင်း သူဟာ ရွေးနုတ်ခြင်း အမှုတော်ရဲ့ အခြေခံအုတ်မြစ်ပေါ်မှာ လူကို တရားစီရင်ခြင်း၊ သန့်စင်စေခြင်းနဲ့ဆိုင်တဲ့ သူ့ရဲ့ အမှုတော်ကို ဆောင်ရွက်တယ်။ ဒီအရာရဲ့ရလဒ်က လူ့အတွင်းမှာ သိုထားတဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေဟာ ဖယ်ရှားခံရပြီး၊ လူက အပြစ်တွေ ကျုးလွန်ရခြင်းနဲ့ ဘုရားသခင်ကို အာခံရခြင်း အကြောင်းရင်းဟာ အပြီးသတ် အမြစ်ဖြုတ်ခံရတာဖြစ်တယ်။ အမှုရဲ့ အဆင့်အသီးသီးက ပြီးခဲ့တဲ့ အဆင့်ထက် ပိုမြင့်မားပြီး ပိုနက်နဲတာနဲ့အတူ အမှုတော်ရဲ့ အဆင့်သုံးဆင့်က အချင်းချင်း တကယ့်ကို ပြည့်စုံစေကြတယ်။ ဘုရားအမှုတော်ရဲ့ ဘယ်အဆင့်မှ တစ်ခုတည်း ရပ်တည်လို့မရဘူး- အတူတူ ယှက်နွယ်တဲ့ အမှုတော် အဆင့်သုံးဆင့်ကသာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင် ဆောင်ရွက်တဲ့ ပြည့်စုံတဲ့ အမှုတော်ကို ပုံဖော်ပြီး လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို သူတို့ အတူတကွ ပုံဖော်ကြတာပါ။ ခေတ်တွေကို ပိုင်းခြားသတ်မှတ်ဖို့နဲ့ ခေတ်တွေကို ပြောင်းလဲဖို့ သူ့ရဲ့ အမည်နာမကို ဘုရားသခင်က သုံးရုံမျှသုံးတာဖြစ်ပြီး အဲဒါက ခေတ်နဲ့အတူ ဘုရားသခင်ရဲ့ အမည်နာမ အမြဲပြောင်းလဲတာကို ကျွန်မတို့မြင်ရတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့ အမည်နာမ ဘယ်လိုပဲ ပြောင်းလဲပါလေစေ၊ ဘုရားသခင်က တစ်ပါးတည်း ဖြစ်နေတုန်းပါပဲ။” ဟု ပြောကာ မိတ်သဟာယပြုပေးခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထိုညီမ၏ မိတ်သဟာယကို နားထောင်ပြီးသည့်နောက်တွင် ကျွန်မ အံ့အားသင့်ခဲ့ရသည်။ ထိုတစ်ချိန်လုံး သခင့်ကို ကျွန်မ ယုံကြည်လာခဲ့ပြီး ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို ရှင်းပြနိုင်သောသူ တစ်ဦးတစ်ယောက်ကိုမျှ ကျွန်မ မတွေ့ခဲ့ရပါ၊ သို့သော် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤနက်နဲမှုကို ဖွင့်ပြလိုက်ပါပြီ- ဤနှုတ်ကပတ်တော်များမှာ အမှန်တကယ်ပင် ဘုရားသခင်၏ အသံတော်ဖြစ်သည်တကား။ ကျွန်မ၏ ယုံကြည်မှုတွင် ကျွန်မ လမ်းမလွဲခဲ့ပါ- အနန္တတန်ခိုးရှင် ဘုရားသခင်သည် အမှန်တကယ်ပင် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်။ ယင်းမှာ ဘုရားသခင်က ခေတ်တစ်ခုမှ နောက်တစ်ခုသို့ သူ၏ အမည်နာမကို ပြောင်းလဲခဲ့ခြင်းသာ ဖြစ်လေသည်၊ ထိုမျှသာပင်။ သို့သော် သူသည် တစ်ပါးတည်းသော ဘုရားသခင် ဖြစ်နေဆဲဖြစ်သည်။

နောက်ထပ်ရက်အနည်းငယ် ယင်းကို ကျွန်မ ဆက်လက်စုံစမ်းစစ်ဆေးခဲ့သည်။ ထိုညီအစ်မက နောက်ဆုံးသော ကာလတွင် ဘုရားသခင်ဆောင်ရွက်သည့် တရားစီရင်ခြင်း အမှုတော်နှင့် ဘုရားနာမတော်များ၏ အဓိပ္ပါယ်ကဲ့သို့သော သမ္မာတရား၏ ရှုထောင့်များအပေါ် ကျွန်မတို့ကို မိတ်သဟာယပြုပေးခဲ့ပြီး၊ ကျွန်မ ပိုမိုကြားရလေလေ၊ ရှင်းလင်းမှုကို ပိုမိုရရှိလေလေဖြစ်ခဲ့သည်။ တစ်နေ့တွင် သူက၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်တွေက သမ္မာကျမ်းစာရဲ့ နက်နဲမှုတွေအားလုံးကို ထုတ်ဖော်ပြလိုက်ပြီ” ဟု ပြောလေသည်၊ ဤသည်ကို ကျွန်မ ကြားရသည့်အခါ ကျွန်မ၏ စိတ်နှလုံးက ချက်ချင်း အားတက်လာခဲ့သည်။ ကျွန်မကို နှစ်ပေါင်းများစွာ အင်မတန် အံ့သြတုန်လှုပ်မှုဖြစ်စေခဲ့သည့် သုံးပါးတစ်ဆူ ကိစ္စရပ်အကြောင်းကို သူမအား ကျွန်မပြောလိုက်သည်။ ထိုအခါ ညီအစ်မက ဘုရားနှုတ်ကပတ်တော်များမှ ကျမ်းတစ်ပိုဒ်ကို ကျွန်မကို ဖတ်ပြခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောပါသည်- “အကယ်၍ သင်တို့အထဲတွင် သုံးပါးတစ်ဆူ အမှန်တကယ် တည်ရှိသည်ဟု ပြောဆိုသူရှိပါက၊ ပုဂ္ဂိုလ်သုံးပါးထဲရှိ ဤဘုရားသခင်တစ်ဆူသည် မည်သည့်အရာ အတိအကျဖြစ်သည်ကို ရှင်းပြလော့။ သန့်ရှင်းသော ခမည်းတော် ဆိုသည်မှာ အဘယ်နည်း။ သားတော်ဆိုသည်မှာ အဘယ်နည်း။ သန့်ရှင်းသော ဝိညာဉ်တော် ဆိုသည်မှာ အဘယ်နည်း။ ယေဟောဝါသည် သန့်ရှင်းသော ခမည်းတော်လော။ ယေရှုသည် သားတော်လော။ သို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်မှာ မည်သည့်အရာဖြစ်သနည်း။ ခမည်းတော်သည် ဝိညာဉ်တော်ဖြစ်သည် မဟုတ်လော။ သားတော်၏ အနှစ်သာရသည်လည်း ဝိညာဉ်တော် ဖြစ်သည် မဟုတ်လော။ ယေရှု၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်သည် မဟုတ်လော။ ထိုအချိန်က ယေဟောဝါ၏ အမှုကို ယေရှုကဲ့သို့ အလားတူ ဝိညာဉ်တော်က ဆောင်ရွက်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် ဝိညာဉ်တော်များ မည်မျှရှိနိုင်သနည်း။ သင်၏ ရှင်းပြချက်အရ၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးတို့သည် တစ်ဆူဖြစ်သည်၊ သို့ဆိုပါက ဝိညာဉ်တော် သုံးပါးရှိပေသည်၊ သို့သော် ဝိညာဉ်တော် သုံးပါးရှိခြင်းသည် ဘုရားသခင်သုံးဆူ ရှိသည်ဟု ဆိုလိုသည်။ ဤသည်မှာ စစ်မှန်သော ဘုရားသခင် တစ်ဆူမျှမရှိဟု ဆိုလိုပေသည်။ ဤသို့သော ဘုရားသခင်မျိုးသည် အဘယ်သို့ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဆက်ရှိနိုင်ဦးမည်နည်း။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု သင်လက်ခံပါက၊ သူသည် အဘယ်သို့ သားတော်တစ်ပါးနှင့် ခမည်းတော်တစ်ပါး ရှိနိုင်သနည်း။ ဤအရာအားလုံးသည် သင်၏ အယူအဆများ မဟုတ်လော။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်၊ ဤဘုရားသခင်တွင် ပုဂ္ဂိုလ်တစ်ပါးတည်းနှင့် ဘုရားသခင်၏ ဝိညာဉ်တော် တစ်ပါးတည်း ရှိသည်မှာ သမ္မာကျမ်းစာထဲ၌ “သန့်ရှင်းသော ဝိညာဉ်တော် တစ်ပါးတည်းသာရှိ၍ ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏။” ဟူ၍ ရေးသားသကဲ့သို့ ဖြစ်ပေသည်။ သင်ပြောသည့် ခမည်းတော်နှင့်၊ သားတော် တည်ရှိသည်ဖြစ်စေ၊ မတည်ရှိသည်ဖြစ်စေ၊ စင်စစ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိပြီး၊ သင်တို့ယုံကြည်သော ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရ ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်၏၊ သို့သော် သူသည် လူ့ဇာတိခံယူနိုင်ပြီး လူတို့အလယ် နေထိုင်နိုင်သည့်အပြင် အရာအားလုံး၏ အထက်၌ ရှိနေနိုင်သည်။ သူ၏ ဝိညာဉ်တော်သည် အလုံးစုံ အပါအဝင်ဖြစ်ပြီး နေရာတိုင်းတွင် ရှိသည်။ သူသည် ဇာတိခန္ဓာထဲနှင့် စကြဝဠာအထက်တွင် တစ်ပြိုင်နက်တည်း ရှိနေနိုင်သည်။ လူအားလုံးက ဘုရားသခင်သည် စစ်မှန်သော တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သည်ဟု ပြောကြသည့်အတွက်၊ မည်သူမျှ စိတ်ထင်တိုင်း ခွဲ၍မရသည့် ဘုရားသခင်တစ်ဆူတည်း ရှိပေသည်။ ဘုရားသခင်သည် တစ်ပါးတည်းသော ဝိညာဉ်တော် ဖြစ်ပြီး၊ တစ်ပါးတည်းသော ပုဂ္ဂိုလ် ဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော)

ညီမက၊ “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အရမ်းရှင်းပါတယ်။ ဘုရားသခင်က တုနှိုင်းမဲ့ဖြစ်ပြီး ဘုရားတစ်ပါးတည်းသာ ရှိပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော်လည်း တစ်ပါးတည်းပဲ ရှိပါတယ်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်တွေဟာ အနှစ်သာရတစ်ခုတည်းဖြစ်ပြီး၊ အဲဒါက ဝိညာဉ်တော်ရဲ့ အနှစ်သာရဖြစ်တယ်။ ဘုရားသခင်က ယေဟောဝါလို ဝိညာဉ်တော်အားဖြင့် အမှုပြုနိုင်ပေမယ့် သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်လို လူသားအဖြစ် လူ့ဇာတိခံယူခြင်းအားဖြင့်လည်း သူအမှုပြုနိုင်တယ်။ ဒါပေမယ့် ဘုရားသခင်က ဝိညာဉ်တော်ထဲမှာ အမှုပြုသည်ဖြစ်စေ၊ လူ့ဇာတိထဲမှာ အမှုပြုသည်ဖြစ်စေ အနှစ်သာရအားဖြင့် အဲဒါ သူ့ရဲ့ ကိုယ်ပိုင်အမှုတော်ကို ဆောင်ရွက်နေတဲ့ ဘုရားသခင် ဖြစ်နေဆဲပါပဲ။ ဒါကြောင့် သုံးပါးတစ်ဆူ အယူအဆက လူသားရဲ့ အယူအဆတွေ၊ စိတ်ကူးတွေနဲ့ နှီးနွယ်ပြီး အပြည့်အဝ မခိုင်လုံပါဘူး။ အမှန်တော့ သုံးပါးတစ်ဆူ အယူအဆက သခင်ပေါ်ထွန်းပြီးနောက် အနှစ် ၃၀၀ ကျော်အကြာ နိုင်စီးယား အသင်းတော်ပေါင်းစုံကောင်စီမှာ ဖြစ်တည်ခဲ့တာပါ။ အဲဒီကောင်စီမှာ ခရစ်ယာန်လောက တစ်ဝှမ်းလုံးက ဘာသာရေး ကျွမ်းကျင်သူတွေဟာ သူတို့ရဲ့ အယူအဆတွေ၊ စိတ်ကူးတွေနဲ့ ယုတ္တိတန်တဲ့ ကောက်ချက်တွေအပေါ် အခြေခံပြီး သုံးပါးတစ်ဆူ အယူအဆကို နောက်ဆုံးမှာ ထူထောင်လိုက်တဲ့အချိန်ထိ ဘုရားသခင်ရဲ့ တစ်ပေါင်းတစ်စည်းတည်းဖြစ်ပြီး အမျိုးစုံလင်တဲ့ သဘောသဘာဝတွေအကြောင်း တက်ကြွတဲ့ ဆွေးနွေးမှုတစ်ခုမှာ ပါဝင်ခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး သန့်ရှင်းတဲ့ သားတော်သခင်ယေရှုအပြင် ကောင်းကင်ဘုံမှာ သန့်ရှင်းတဲ့ အဖခမည်းတော်ရှိပြီး ခမည်းတော်နဲ့ သားတော်တို့ နှစ်ဦးလုံးက တန်ဆာပလာအဖြစ် အသုံးပြုတဲ့ သန့်ရှင်းသော ဝိညာဉ်တော်လည်း ရှိတယ်ဆိုတဲ့ ယုံကြည်မှုနဲ့ လူတွေက ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တဲ့ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ကို သုံးပါးတစ်ဆူအဖြစ် သတ်မှတ်ခဲ့ကြတယ်။ ဒါက အရမ်းပဲ ဖြစ်ကိုမဖြစ်နိုင်ပါဘူး။ ဘာသာရေးလောကရဲ့ အနက်ပြန်မှုနဲ့ ကျွန်မတို့သွားပြီး ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ဆိုတဲ့ သုံးပါးတစ်ဆူကို ကျွန်မတို့ ယုံကြည်မယ်ဆိုရင်၊ အဲဒါက ဝိညာဉ်တော်သုံးပါးရှိပြီး ဘုရားသုံးပါးရှိတယ်လို့ ဆိုလိုတာ ဖြစ်ပြီးတော့၊ အဲဒါက တစ်ပါးတည်းသော တုနှိုင်းမဲ့ ဘုရားသခင်ရှိတယ်ဆိုတဲ့ အမှန်တရားနဲ့ ကွဲလွဲဆန့်ကျင်တယ် မဟုတ်လား။ အမှန်မှာတော့ သုံးပါးတစ်ဆူဆိုတာ မရှိပါဘူး။ ဒါက လူ့စိတ်ကနေ လုံးလုံး ပေါက်ဖွားလာခဲ့တဲ့ အနက်ပြန်မှုတစ်ခုဖြစ်ပြီး ကျွန်မတို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေကို အခြေခံပြီး ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်အားဖြင့် ပြုလုပ်တဲ့ ကောက်ချက်ချမှုတစ်ခု ဖြစ်ပါတယ်။ ဘုရားသခင်က အဲဒီလို အရာတစ်ခုကို ဘယ်တော့မှ မပြောခဲ့ဘူး၊ ဘုရားသခင်ရဲ့ လှုံ့ဆော်ခြင်းခံခဲ့ရတဲ့ ဘယ်ပရောဖက် သို့မဟုတ် ဘယ်တမန်တော်ကမှ အဲဒီလို အရာတစ်ခုကို မပြောခဲ့သလို၊ ကျမ်းစာထဲမှာ ဘယ်မှာမှ အဲဒီလို အရာတစ်ခုကို မှတ်သားထားတာ မရှိပါဘူး” ဟု ပြောရင်း မိတ်သဟာယပြုပေးခဲ့သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညီအစ်မ၏ မိတ်သဟာယကို ကျွန်မနားထောင်သည့်အခါ ကျွန်မ၏ စိတ်နှလုံးထဲတွင် မရှင်းလင်းမှုအချို့ ရှိနေသေးသောကြောင့် ကျွန်မက၊ “သမ္မာကျမ်းစာက ယေရှု ဗတ္တိဇံခံပြီးတဲ့နောက်မှာ ကောင်းကင်ဖွင့်လှစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က ချိုးငှက်တစ်ကောင်လို လာပြီး ယေရှုအပေါ် နားသလို ကောင်းကင်ကနေ အသံတော်တစ်ခုက- ‘ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။(ရှင်မဿဲခရစ်ဝင် ၃:၁၇) လို့ ပြောတယ်။ ပြီးတော့ သူ ကားစင်တင်မခံရခင်မှာ သခင်ယေရှုက ဆုတောင်းပြီး ‘အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော်။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသော။(ရှင်မဿဲခရစ်ဝင် ၂၆:၃၉) လို့လည်း ပြောခဲ့တယ်။ ကျမ်းစာက ကောင်းကင်မှာရှိတဲ့ ဘုရားသခင်က ယေရှုကို သူ့ရဲ့ ချစ်သားလို့ ခေါ်ပြီး ယေရှုက သူဆုတောင်းတဲ့အခါ ကောင်းကင်မှာရှိတဲ့ ဘုရားသခင်ကို သူ့ရဲ့ခမည်းတော်လို့ ခေါ်တယ်လို့ ပြောတယ်။ ဒီတော့ ဒီမှာ ခမည်းတော်၊ သားတော်နဲ့ သန့်ရှင်းသော ဝိညာဉ်တော်ဆိုပြီးရှိတယ်- ဒါက ဘုရားသခင်ဟာ သုံးပါးတစ်ဆူဖြစ်တယ်လို့ မပြဘူးလား။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ သုံးပါးတစ်ဆူ မတည်ရှိဘူး၊ ပြီးတော့ အဲဒါက လူ့ရဲ့ အယူအဆနဲ့ စိတ်ကူးသာဖြစ်တယ်လို့ ဘာကြောင့်ပြောတာလဲ။ ဒါတွေအားလုံးက ဘာကို ဆိုလိုတာလဲ” ဟု မေးလိုက်သည်။

ကျွန်မ၏ မေးခွန်းကို ဖြေရာတွင် ညီအစ်မက၊ “ဓမ္မဟောင်းကျမ်းထဲမှာ အဲဒီလို သုံးပါးတစ်ဆူ အယူအဆက ရှိကိုမရှိတာပါ။ သခင်ယေရှုက လူ့ဇာတိခံယူလာခဲ့ပြီး သူ့ရဲ့ အမှုတော်ကို ဆောင်ရွက်ဖို့ ကမ္ဘာမြေကို ကြွလာခဲ့ပြီးတဲ့နောက်မှာပဲ ‘ခမည်းတော်နဲ့ သားတော်’ ဆိုတဲ့ အနက်အဓိပ္ပါယ် ကျွန်မတို့မှာ ရှိခဲ့ကြတာပါ။ ဖိလိပ္ပုက ဘုရားသခင်ကို မသိခဲ့ဘဲ ကမ္ဘာမြေပေါ်က သခင်ယေရှုအပြင် ကောင်းကင်မှာလည်း သန့်ရှင်းတဲ့ ဖခမည်းတော်ရှိတယ်ဆိုတာ သူ ယုံကြည်ခဲ့တယ်၊ ဒါကြောင့် သူက ယေရှုကို၊ ‘သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ’ လို့ ပြောခဲ့တယ်။ သခင်ယေရှုက သူ့ရဲ့ မှားယွင်းတဲ့အမြင်ကို ပြင်ပေးခဲ့ပြီး ဖိလိပ္ပုကို၊ ‘ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ဆိုသနည်း။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၉) လို့ ပြောရင်းနဲ့ ဒီနက်နဲမှုကို ဖွင့်ပြခဲ့တယ်။ သူက၊ ‘ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊(ရှင်ယောဟန်ခရစ်ဝင် ၁၄:၁၀)ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်။(ရှင်ယောဟန်ခရစ်ဝင် ၁ဝ:၃၀) လို့လည်း ပြောခဲ့တယ်။ ခမည်းတော်က သားတော်ဖြစ်ပြီး သားတော်က ခမည်းတော်ဖြစ်တယ်။ ခမည်းတော်နဲ့ သားတော်က တစ်လုံးတစ်ဝတည်း ဖြစ်ပါတယ်၊ သူတို့က ဝိညာဉ်တော် တစ်ပါးတည်းနဲ့ဆိုင်တယ်။ ဒါကိုပြောခြင်းအားဖြင့် သခင်ယေရှုက သူနဲ့ ခမည်းတော်ဟာ တစ်ပါးတည်းသော ဘုရားသခင်ဖြစ်တယ်၊ နှစ်ပါးမဟုတ်ဘူးဆိုတာကို ကျွန်မတို့ကို ပြောနေတာပါ” ဟု ပြောရင်း မိတ်သဟာယပြုပေးခဲ့သည်။

ထို့နောက် ညီအစ်မက “ခမည်းတော်နှင့် သားတော်” တို့၏ နက်နဲမှုကို ထုတ်ဖော်ပြခြင်းဟု ခေါင်းစဉ်တပ်ထားသည့် နှစ်သက်ဖွယ်ရာ ရုပ်ရှင်ဇာတ်လမ်းတိုတစ်ခုကို ကျွန်မအား ပြသခဲ့သည်။ ထို့နောက်ပိုင်းတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာတစ်ပိုဒ်ကို ကျွန်မတို့ ဆက်ဖတ်ခဲ့ကြသည်- “‘ဘုရားသခင်က ယေရှုကို သူ၏ချစ်သောသားဟု ပွင့်လင်းစွာ ဖော်ပြခဲ့သည် မဟုတ်လော။’ ဟု ဆိုကြသော သူအချို့ ရှိကြသေးသည်။ ယေရှုသည် ဘုရားသခင်၏ နှစ်သက်မြတ်နိုးရာ ချစ်သား ဖြစ်သည်- ဤအရာကို ဘုရားသခင် ကိုယ်တော်တိုင် သေချာပေါက် ပြောခဲ့ပေသည်။ ယင်းမှာ ဘုရားသခင်သည် မိမိကိုယ်ကိုယ် သက်သေခံခြင်း ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံရှိ ဝိညာဉ်တော်က သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်း ဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်း ဖြစ်ပြီး၊ ကောင်းကင်ဘုံရှိ သူ၏ သားတော်မဟုတ်ပေ။ သင်နားလည်ပါ၏လော။ “ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း၊” ဟူသော ယေရှု၏ စကားများသည် ၎င်းတို့မှာ ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်သည်ကို ညွှန်းပြသည် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ခွဲခွာနေရခြင်း ဖြစ်သည် မဟုတ်လော။ လက်တွေ့အရှိတရားတွင်၊ ၎င်းတို့သည် တစ်ပါးတည်း ဖြစ်နေဆဲ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်က မိမိကိုယ်ကိုယ် သက်သေခံခြင်း သက်သက် ဖြစ်သည်။...သူသည် လူ့ဇာတိခံယူခြင်း ဖြစ်ခဲ့သောကြောင့်၊ သူ့ကို ဘုရားသခင်၏ ချစ်သောသားဟု ခေါ်ဆိုခဲ့ပြီး၊ ဤအရာမှ ခမည်းတော်နှင့် သားတော်ကြားက ဆက်နွှယ်မှု ဖြစ်လာပေသည်။ ယင်းမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ခြားနားခြင်းကြောင့် သက်သက် ဖြစ်သည်။ ယေရှုသည် လူ့ဇာတိ၏ ရှုထောင့်မှ ဆုတောင်းခဲ့သည်။ သူသည် ထိုသို့သော ပုံမှန်လူသားသဘာဝ၏ ဇာတိပကတိကို ယူတင် ဝတ်ဆင်ထားခဲ့ပြီးဖြစ်သည့် အတွက်၊ “ငါ၏ အပြင်ပန်းအကာသည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အရာသာ ဖြစ်သည်။ ငါသည် ဤကမ္ဘာမြေသို့ ကြွလာရန် လူ့ဇာတိအား ယူတင်ဝတ်ဆင်သည့်အတွက်၊ ယခုတွင် ငါသည် ကောင်းကင်ဘုံနှင့် အလွန့်အလွန် ဝေးကွာလျက်ရှိ၏။” ဟုသူပြောခဲ့သည်မှာ လူ့ဇာတိ၏ ရှုထောင့်မှ ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ သူသည် ခမည်းတော် ဘုရားသခင်အား ဇာတိပကတိ၏ ရှုထောင့်မှသာ ဆုတောင်းနိုင်ခဲ့သည်။ ဤသည်မှာ သူ၏တာဝန် ဖြစ်ခဲ့ပြီး၊ ယင်းမှာ လူ့ဇာတိခံ ဘုရားသခင်၏ ဝိညာဉ်တော်က ဖြည့်ဆည်းထားသင့်သည့် အရာ ဖြစ်သည်။ သူသည် ခမည်းတော်အား လူ့ဇာတိ၏ ရှုထောင့်မှ ဆုတောင်းခဲ့သောကြောင့်သာ၊ သူသည် ဘုရားသခင် မဟုတ်ဟု ပြော၍မရနိုင်ပေ။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းသာ ဖြစ်ပြီး၊ သူ၏ အနှစ်သာရသည် ဝိညာဉ်တော် ဖြစ်နေဆဲ ဖြစ်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ချစ်သားဟု ခေါ်ဆိုခံခဲ့ရသော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ဆဲဖြစ်ခဲ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော)

ညီအစ်မက၊ “ဘုရားသခင်က သခင်ယေရှုအဖြစ် ပထမဆုံး လူ့ဇာတိခံလာခဲ့ပြီး သူ့ရဲ့အမှုတော်ကို ဆောင်ရွက်ဖို့ ကြွလာခဲ့ချိန်မှာ ဘယ်သူမှ ဘုရားသခင်ကို မသိခဲ့ကြဘူး၊ လူ့ဇာတိခံယူခြင်းဆိုင်ရာ သမ္မာတရားကို သူတို့ နားမလည်ခဲ့ကြသလို လူ့ဇာတိခံယူခြင်းက ဘာလဲဆိုတာကို သူတို့ မသိခဲ့ကြဘူး။ သခင်ယေရှုက သူဟာ သူတို့ကိုးကွယ်ခဲ့ကြတဲ့ ယေဟောဝါဘုရားသခင်ဖြစ်တယ်လို့ သူတို့ကို တိုက်ရိုက် ပြောခဲ့မယ်ဆိုရင် အဲဒီအချိန်က သူတို့ရဲ့ ဝိညာဉ်ရေး အသက်တာကြောင့် အဲဒါကို သူတို့ လက်ခံနိုင်ကြမှာ မဟုတ်သလို သခင်ယေရှုဟာ သူ့ရဲ့ အမှုတော်ကို စတင်မဆောင်ရွက်ခင်မှာပဲ လူသားမျိုးနွယ်ရဲ့ ရှုတ်ချမှုနဲ့ ငြင်းပယ်မှုတွေကို ခံခဲ့ရမှာဖြစ်တယ်။ အဲဒီအခါ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်တဲ့ ဘုရားသခင်ရဲ့ အမှုတော်က ဖြစ်နိုင်ခဲ့မှာ မဟုတ်သလို လူသားမျိုးနွယ်က သခင်ယေရှုကို အပြစ်ဖြေရာယဇ်တစ်ခုအဖြစ် ဘယ်တော့မှ ရရှိခဲ့ကြမှာ မဟုတ်ပါဘူး။ လူသားမျိုးနွယ်က သခင်ယေရှုကို လက်ခံဖို့၊ သူ့ကိုယုံကြည်ပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိဖို့ ယေရှုက သူ့ရဲ့အမှုတော်ကို တရားဝင်မစတင်ခင်မှာ ဘုရားသခင်က သူ့ဝိညာဉ်တော်ရဲ့ ရှုထောင့်ကနေ သူ့ကိုယ်သူ သက်သေခံခဲ့ပြီး သူကိုယ်တိုင်ရဲ့ ဇာတိသွေးသားကို သူ့ရဲ့သားတော်လို့ ခေါ်ခဲ့တာဖြစ်တယ်၊ ဒါမှသာ လူတွေက ယေရှုဟာ ဘုရားသခင်ဆီက လာတယ်ဆိုတာကို မြင်နိုင်မှာဖြစ်တယ်။ ဒါက သခင်ယေရှုရဲ့ ကယ်တင်ခြင်းကို ကျွန်မတို့ လက်ခံတာ လွယ်ကူချောမွေ့စေဖို့ ကူညီပါတယ်။ ပြီးတော့ သခင်ယေရှုဆုတောင်းပြီး ကောင်းကင်ဘုံက ဘုရားသခင်ကို သူ့ရဲ့ ခမည်းတော်လို့ ခေါ်တဲ့အခါ၊ ဒါဟာ လူ့ဇာတိခံလူသားက သူကိုယ်တိုင်ရဲ့အတွင်းထဲက ဝိညာဉ်တော်ကို လူ့ဇာတိရှုထောင့်ကနေ ခမည်းတော်လို့ ခေါ်ခြင်းပဲဖြစ်တယ်။ ဒါကို ဝိညာဉ်တော်နဲ့ လူ့ဇာတိတို့ကြား ခြားနားချက်ကို အခြေခံပြီး လုပ်ဆောင်ခဲ့တာဖြစ်တယ်။ အဲဒါက သီးခြား ခမည်းတော်နဲ့ သားတော်ရှိတယ်လို့ မဆိုလိုပါဘူး။ အမှန်တော့ ခမည်းတော်နဲ့ သားတော်တို့နဲ့ဆိုင်တဲ့ အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်းက ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်း ကာလအတွင်းမှာပဲ သင့်တော်တာပါ။ ကမ္ဘာမြေပေါ်က ဘုရားသခင်ရဲ့ အမှုတော် အဆုံးသတ်တဲ့အချိန်၊ တစ်နည်းအားဖြင့် သခင်ယေရှုက ရွေးနုတ်ခြင်း အမှုတော်ကို ပြည့်စုံစေခဲ့တဲ့အချိန်၊ ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ကို တက်ကြွသွားတဲ့အချိန်မှာ ခမည်းတော်နဲ့ သားတော်တို့နဲ့ဆိုင်တဲ့ အနက်အဓိပ္ပါယ်ဖွင့်ဆိုမှုက နောက်ထပ် ဘယ်လိုမှ မလိုအပ်တော့ပါဘူး။ ဒါကြောင့် လူသားမျိုးနွယ်ရဲ့ အယူအဆတွေနဲ့ လုပ်ဇာတ်ခင်းထားတဲ့ ခမည်းတော်နဲ့ သားတော်ဆိုင်ရာ အနက်ဖွင့်ဆိုခြင်းကို ကျွန်မတို့ အသုံးပြုလို့မရသလို၊ ဘုရားသခင်ဆိုတဲ့နေရာမှာ ခမည်းတော်နဲ့ သားတော်ရှိတယ်၊ ပြီးတော့ ခမည်းတော်နဲ့ သားတော်တို့နှစ်ဦးလုံးက အသုံးပြုတဲ့ တန်ဆာပလာဖြစ်တဲ့ သန့်ရှင်းသော ဝိညာဉ်တော်လည်းရှိပြီး ဘုရားသခင်ဟာ သုံးပါးတစ်ဆူဖြစ်တယ်ဆိုရင်းနဲ့ အဲဒါကို ဘုရားသခင်အဖို့ လုံးလုံး အသုံးချလိုက်လို့ မရပါဘူး။ အဲဒီလို ပြောဖို့ဆိုတာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ သဘောကွဲလွဲပြီး အမှန်တရားတွေနဲ့ ကွဲလွဲပါတယ်။ အရင်က သမ္မာတရားကို ကျွန်မတို့ နားမလည်ခဲ့ကြလို့ အဲဒီလိုအရာတစ်ခုကို ကျွန်မတို့ ပြောတဲ့အခါ ဘုရားသခင်က ကျွန်မတို့ကို မစီရင်ခဲ့ပါဘူး။ ဒါပေမယ့် အခုချိန်မှာ ဘုရားသခင်က ဒီသမ္မာတရားနဲ့ နက်နဲမှုကို ပြည့်ပြည့်စုံစုံ ထုတ်ဖော်ပြပြီးဖြစ်သလို၊ သမ္မာတရားကို ကျွန်မတို့ လက်ခံရမှာဖြစ်ပြီး ဘုရားသခင်ကို သူ့ရဲ့ နှုတ်ကပတ်တော်တွေအရ သိရှိရမှာဖြစ်တယ်။ အဲဒါပဲ မှန်ကန်တယ်၊ ပြီးတော့ အဲဒါပဲ ဘုရားသခင်ရဲ့ အလိုတော်နဲ့ ကိုက်ညီပါတယ်” ဟု ပြောလေသည်။

ညီအစ်မ၏ မိတ်သဟာယမှတဆင့် သခင်ယေရှုက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သူ၏ ခမည်းတော်ဟု ခေါ်ရသည့် အကြောင်းရင်းကို ကျွန်မ နားလည်လာခဲ့သည်။ ယင်းမှာ သူက လူသားအဖြစ် လူ့ဇာတိခံခဲ့ပြီး လူတစ်ဦး၏ ရှုထောင့်မှ ကောင်းကင်ဘုံရှိ ခမည်းတော်ကို ဆုတောင်းနေခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်က သခင်ယေရှုကို သူ၏ချစ်သားအဖြစ် သက်သေခံခဲ့ပြီး ဤသည်မှာ ဘုရားသခင်က ဝိညာဉ်တော်၏ ရှုထောင့်မှ သူကိုယ်တိုင်၏ လူ့ဇာတိခံ အသွေးအသားကို သက်သေခံနေခဲ့ခြင်းဖြစ်သည်။ တစ်ပါးက ကောင်းကင်တွင်ရှိပြီး တစ်ပါးက မြေကြီးပေါ်တွင် ရှိသော်လည်း အနှစ်သာရအားဖြင့် သူတို့သည် ဝိညာဉ်တော်တစ်ပါးတည်းနှင့် ဆိုင်လေသည်။ ယင်းမှာ ဘုရားသခင်က ဤအရာများကို မတူညီသော ရှုထောင့်များမှ ပြောဆိုနေခဲ့ခြင်းဖြစ်ပြီး၊ ထိုသို့အားဖြင့် “ခမည်းတော်နှင့် သားတော်” တို့ဆိုင်ရာ အနက်ဖွင့်ဆိုခြင်းက ထွက်ပေါ်လာခဲ့ပေသည်။ ဘုရားသခင်သည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်ဖြစ်သည်၊ သူသည် အလုံးစုံကို လွှမ်းခြုံကာ နေရာတိုင်းတွင်ရှိသည့် တစ်ပါးတည်းသော ဝိညာဉ်တော်ဖြစ်သည်။ သူသည် ကောင်းကင်ဘုံတွင် ရှိနိုင်ပြီး မြေကြီးပေါ်တွင် ရှိနိုင်သည်၊ လူ့ဇာတိလည်း ခံယူနိုင်ပေသည်။ ဤအရာအားလုံးကို ကျွန်မ နားလည်လိုက်သည်နှင့် တစ်ပြိုင်နက် အရာရာမှာ ရုတ်တရက် ရှင်းလင်းလာခဲ့သည်၊ နှစ်များစွာ ကျွန်မကို အမြဲအဖော်ပြုခဲ့သည့် မရှင်းလင်းမှုက ချက်ချင်းကုန်ဆုံးသွားခဲ့ပြီး မယုံနိုင်လောက်သော အလင်းပြမှုနှင့် လွတ်မြောက်မှု အသိတစ်ခုကို ကျွန်မ ခံစားခဲ့ရသည်။

ယင်းနောက်တွင် ညီအစ်မက “သုံးပါးတစ်ဆူ” ကို စူးစမ်းလေ့လာခြင်းဟုခေါ်သည့် ဧဝံဂေလိသက်သေခံချက် ရုပ်ရှင်တစ်ခုကို ကျွန်မကို ပြသခဲ့ပြီး ယင်းအထဲတွင် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်မ မြင်ခဲ့ရသည်- “ဤနှစ်များစွာ တစ်လျှောက်တွင်၊ ဘုရားတစ်ပါးတည်းက ဘုရားသုံးပါးအဖြစ်သို့ ပွင့်ပွင့်လင်းလင်း ခွဲခြားခံရပြီးဖြစ်သည့် အတိုင်းအတာအထိ မျိုးဆက်အသီးသီးက သာ၍ အနုစိတ်သထက် အနုစိတ်အောင် ခွဲရင်းဖြင့် ဘုရားသခင်ကို သင်တို့က ဤနည်းဖြင့် ခွဲခဲ့ကြသည်။ ယခုတွင်မူ သင်တို့သည် ဘုရားသခင်ကို အနုစိတ်လွန်းစွာ ခွဲကြပြီးဖြစ်သည့်အတွက်၊ သူ့ကို တစ်ပါးတည်း အဖြစ်သို့ ပြန်လည် ပေါင်းစပ်ရန်ဆိုသည်မှာ လူသားအတွက် တကယ့်ကို မဖြစ်နိုင်ချေ။ အလွန် နောက်မကျခင် ငါ၏မဆိုင်းမတွ လုပ်ဆောင်ခြင်းကြောင့်သာ မဟုတ်ပါက၊ သင်တို့သည် ဤနည်းလမ်းအတိုင်း အရှက်မရှိ မည်မျှ ကြာကြာ ဆက်သွားကြမည်မှာ ပြောဖို့ခက်သည်။ ဤနည်းဖြင့် ဘုရားသခင်ကို ဆက်လက်ခွဲဖို့ရန်မှာ၊ သူသည် သင်တို့၏ ဘုရားသခင်အဖြစ် မည်သို့ ဆက်ဖြစ်နိုင်သေးသနည်း။ သင်တို့သည် ဘုရားသခင်အား အသိအမှတ်ပြုကြဦးမည်လော။ သင်တို့သည် သူ့ကို သင်တို့၏ ဖခမည်းတော်အဖြစ် အသိအမှတ်ပြုပြီး သူ့ထံသို့ လှည့်ပြန်ကြဦးမည်လော။ ငါသည် အနည်းငယ် နောက်ကျ၍ ရောက်ရှိခဲ့ပြီး ဖြစ်မည်ဆိုပါက၊ သင်တို့သည် ‘ခမည်းတော်နှင့် သားတော်’၊ ယေဟောဝါနှင့် ယေရှုကို ဣသရေလသို့ ပြန်ပို့ပြီး၊ သင်တို့ကိုယ်တိုင်က ဘုရားသခင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုကြဖွယ် ရှိသည်။ ကံအားလျော်စွာ၊ ယခုသည် နောက်ဆုံးသော ကာလဖြစ်၏။ နောက်ဆုံးတွင် ငါရှည်ကြာစွာ စောင့်ခဲ့ရသော ဤနေ့ရက်သည် ရောက်လာပြီဖြစ်ပြီး၊ ငါ ကိုယ်တိုင်၏ လက်ဖြင့် အမှု၏ ဤအဆင့်ကို ငါဆောင်ရွက်ခဲ့သည့် နောက်ပိုင်းတွင်သာ သင်တို့၏ ဘုရားသခင် ကိုယ်တိုင်အား ခွဲခြင်းသည် ရပ်တန့်ပြီးဖြစ်ပေမည်။ ဤအတွက်ကြောင့် မဟုတ်ပါက၊ သင်တို့သည် သင်တို့အလယ်မှ စာတန်များ အားလုံးကိုပင် ဝတ်ပြုကိုးကွယ်ခြင်းအတွက် သင်တို့၏ စားပွဲများအပေါ် ထားရှိရင်း၊ သင်တို့ အရှိန်မြှင့်ကြပြီး ဖြစ်ပေမည်။ ဤသည်မှာ သင်တို့၏ လှည့်ဖြားမှု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သင်တို့၏ ခွဲခြင်းနည်းလမ်း ဖြစ်သည်။ ယခု သင်တို့သည် ထိုသို့ ဆက်လုပ်မည်လော။ သင်တို့အား ငါမေးပါရစေ- ဘုရားသခင် မည်မျှရှိပါသနည်း။ အဘယ်ဘုရားသခင်သည် သင့်ထံ ကယ်တင်ခြင်း ဆောင်ကြဉ်း ပေးမည်နည်း။ သင်တို့ အမြဲ ဆုတောင်းလေ့ရှိသည်မှာ ပထမ ဘုရားသခင်လော၊ ဒုတိယလော သို့မဟုတ် တတိယလော။ ၎င်းတို့ထဲမှ မည်သူကို သင်တို့ အမြဲယုံကြည်သနည်း။ ခမည်းတော်လော။ သို့မဟုတ် သားတော်လော။ သို့မဟုတ် ဝိညာဉ်တော်လော။ သင်ယုံကြည်သောသူမှာ အဘယ်သူဖြစ်သည်ကို ငါ့အားပြောပြလော့။ ဘုရားသခင်အား ယုံကြည်သည်ဟု စကားလုံးတိုင်းဖြင့် သင် ပြောသော်ငြားလည်း၊ သင်တို့ အမှန်ယုံကြည်သောအရာမှာ သင်၏ ကိုယ်ပိုင် ဦးနှောက်များ ဖြစ်သည်။ သင်တို့သည် သင်တို့၏ နှလုံးသားများထဲတွင် ဘုရားသခင် တကယ်ကို မရှိပေ။ သို့သော်ငြားလည်း သင်တို့၏ စိတ်များထဲတွင် ထိုသို့သော ‘သုံးပါးတစ်ဆူများ’ များစွာ ရှိကြ၏။ သင်တို့ သဘောမတူကြပါသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော)

ကျွန်မတို့ ရုပ်ရှင်ကို ကြည့်ပြီးသည့်နောက်တွင် ကျွန်မ ပျော်ရွှင်မှုခံစားခဲ့ရသော်လည်း ကျွန်မ ဝမ်းလည်းဝမ်းနည်းမိသလို မိမိကိုယ်ကိုယ် အပြစ်တင်မှုအနည်းငယ်လည်း ခံစားခဲ့ရသည်။ ကျွန်မ ပျော်ရွှင်သည်မှာ နှစ်များစွာကြာ ကျွန်မနှင့်အတူရှိလာခဲ့သည့် မရှင်းလင်းမှုက နောက်ဆုံးတွင် ပြေလည်သွားခဲ့သောကြောင့် ဖြစ်သည်- ဘုရားသခင်သည် တစ်ပါးတည်းဖြစ်ပြီး သုံးပါးတစ်ဆူဆိုင်ရာ အနက်ဖွင့်ခြင်းက တကယ်ကို မတည်ရှိပါ။ တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်ကို ယုံကြည်ခြင်းသာ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပြီး ယခင်က ကျွန်မဆုတောင်းခဲ့သလို ခမည်းတော်ကို တစ်ခဏဆုတောင်းပြီးနောက် ဝိညာဉ်တော် သို့မဟုတ် သားတော်ကို နောက်ထပ်ဆုတောင်းဖို့ မလိုတော့ပါ- ကျွန်မ အလွန့်အလွန် စိတ်အေးသက်သာခံစားခဲ့ရသည်။ သို့သော် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ကျွန်မ ယုံကြည်ခဲ့ပြီးသော်လည်း ဘုရားသခင်ကို မသိခဲ့သောကြောင့် ကျွန်မဝမ်းနည်းမိပြီး မိမိကိုယ်ကိုယ် အပြစ်တင်မိခဲ့သည်။ ကျွန်မ ယုံကြည်နေခဲ့သည့်အရာမှာ ကျွန်မ၏ အယူအဆများနှင့် စိတ်ကူးများက ဖန်တီးခဲ့သည့် ဘုရားတစ်ပါးထက် ဘာမျှမပိုပါ- ဒဏ္ဍာရီလာ မရေရာသော ဘုရားတစ်ပါးပင်။ စစ်မှန်သော ဘုရားသခင်ကို ကျွန်မ ယုံကြည်နေခဲ့ခြင်း မဟုတ်သည့်အပြင် ဘုရားသခင်ကို ကျွန်မအာခံနေခဲ့ကာ တစ်စစီခွဲခြားနေခဲ့သည်- ဘုရားသခင်ကို ကျွန်မ အမှန်တကယ် ပြစ်မှားစော်ကားမိနေခဲ့သည်တကား။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်များ၏ ယုံကြည်မှုနှင့်ဆိုင်သော ရယ်ဖွယ်ကောင်းမှုများကို ထုတ်ဖော်ပြသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကြွလာခြင်းဖြစ်ပြီး၊ ဘာသာရေးလောကကို အမြဲအကျပ်ရိုက်စေခဲ့သည့် ဤနက်နဲမှုကို ဖွင့်ပြသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည့်အတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာခဲ့သည့် သခင်ယေရှု၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဖန်ဆင်းခဲ့သည့်အရှင် ဖြစ်သည်မှာ အသေအချာပင်ဖြစ်သည်။ သူသည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်ဖြစ်ပေသည်။

နောက်ပိုင်းတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတဆင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးမှာ သမ္မာတရားဖြစ်ပြီး ဘုရားသခင်၏ အသံတော်ဖြစ်သည်ကို ကျွန်မတွေ့မြင်ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံခဲ့ပြီး သိုးသငယ်၏ ခြေလှမ်းများကို စတင်အမှီလိုက်ခဲ့သည်။ ယခုတွင် ကျွန်မ ဆုတောင်းသည့်အခါ ဘုရားသုံးပါးထံ ကျွန်မ ဆုတောင်းစရာ မလိုတော့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမဖြင့်သာ ကျွန်မဆုတောင်းပြီး၊ ဤအရာက ကျွန်မကို အလွန့်အလွန် စိတ်အေးသက်သာ ဖြစ်စေသည်၊ အေးချမ်းစေပြီး ဝမ်းမြောက်စေပါသည်။ ကျွန်မဆုတောင်းသည့်အခါ ဘုရားသခင်၏ ပုဂ္ဂိုလ်များထဲမှ တစ်ဦး သို့မဟုတ် နောက်တစ်ဦးဆီကို လုံလောက်အောင် ဆုတောင်းနေသည် မဟုတ်သောကြောင့်၊ ဘုရားသခင်က ကျွန်မ၏ ဆုတောင်းချက်များကို နားမညောင်းမည်ကို ကျွန်မ စိုးရိမ်စရာ မလိုတော့ပါ။ သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်ကို သိကျွမ်းခြင်းမှလာသည့် လွတ်မြောက်မှု၊ လွတ်လပ်မှု၊ ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို ကျွန်မ အမှန်တကယ် တွေ့ကြုံရပြီဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်အား ချီးမွမ်းခြင်းရှိပါစေ။

အရှေ့သို့- ၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

နောက်တစ်ခုသို့- ၁၃။ ဤအသံက မည်သည့်နေရာက လာသနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။