၁၃။ ဤအသံက မည်သည့်နေရာက လာသနည်း

ရှီရင်း၊ တရုတ်ပြည်

ကျွန်မက ခရစ်ယာန်မိသားစု တစ်စုတွင် မွေးဖွားလာပြီး၊ ကျွန်မ၏ ဆွေမျိုးများစွာတို့သည် တရားဟောဆရာများ ဖြစ်ကြသည်။ ကျွန်မ ငယ်စဉ်အချိန်မှစ၍ ကျွန်မ မိဘများနှင့်အတူ သခင့်ကို ယုံကြည်ခဲ့သည်။ ကြီးပြင်းလာပြီးနောက်၊ သခင့်ထံ ကျွန်မ ဤဆုတောင်းချက်ကို တောင်းခဲ့ပါသည်။ ယုံကြည်သူတစ်ယောက်လည်း ဖြစ်သည့် ခင်ပွန်း တစ်ယောက်ကို ကျွန်မ ရှာတွေ့နိုင်ပါက၊ သခင့်ကို အစေခံခြင်းတွင် သူနှင့်အတူတကွ မိမိကိုယ်ကိုယ် ပူဇော်ဆက်ကပ်မည်။ ကျွန်မ အိမ်ထောင်ပြုပြီးနောက်၊ ကျွန်မ၏ ခင်ပွန်းက သခင်ကို တကယ် ယုံကြည်လာခဲ့ပြီး၊ အချိန်ပြည့် ဆက်ကပ်အပ်နှံထားသည့် တရားဟော ဆရာတစ်ယောက် အမှန်တကယ် ဖြစ်လာခဲ့သည်။ ကျွန်မ ခင်ပွန်းက သခင့်အတွက် သူ့အလုပ်တွင် သူ့စိတ်ကို အာရုံစိုက်နိုင်ဖို့နှင့် သခင့်ရှေ့တော်မှောက်တွင် သူပြုခဲ့သည့် ကတိကဝတ်ကို စောင့်ထိန်းနိုင် ဖို့အလို့ငှာ၊ ကျွန်မ၏ အိမ်ထောင်မှု အရေးကိစ္စများကို စီမံခန့်ခွဲခြင်းနှင့် ပတ်သက်သည့် ခက်ခဲသော အလုပ်တာဝန်ကို တာဝန်ယူရန် ကိုယ်တိုင်စတင်လုပ်ဆောင်ခဲ့သည်။ ၎င်းမှာ အနည်းငယ် ခက်ခဲပြီး၊ ပင်ပန်းသော်လည်း၊ ကျွန်မမှာ သခင့်ကို ကျွန်မ၏ အထောက်အပံ့ အဖြစ် ရရှိထားသောကြောင့် အရေးကိစ္စများ မည်မျှ ခက်ခဲပါစေ၊ ကျွန်မ၏ စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ဖြင့် ပြည့်နေခဲ့သည်။

၁၉၉၇ ခုနှစ် ရောက်လာပြီး၊ ကုန်ဆုံးသွားကာ၊ တချို့အချိန်တွင် ကျွန်မခင်ပွန်း၏ ဒေသနာများသည် တစ်ချိန်က ၎င်းတို့တွင် ရှိခဲ့သည့် အလင်းမပါဝင်တော့သည်ကို ကျွန်မ သတိပြုမိခဲ့သည်။ နေအိမ်တစ်ဝိုက် တစ်ခုခုပြုလုပ်ရန် ကျွန်မ သူ့ကိုပြောသည့်အချိန်တိုင်း၊ သူက သူ့တရားဟောခြင်း အလုပ်ဖြင့် ရှုပ်နေခြင်းကိုသာ ဆင်ခြေပေးလေ သည်။ သူက အိမ်အလုပ်တစ်ချို့ လုပ်လျှင်ပင်၊ တကယ့်ကို စိတ်မပါဘဲ၊ အသေးအမွှားကိစ္စများအတွက် ကျွန်မကို သူမကြာခဏ ဒေါသထွက် လေ့ရှိသည်။ အပြင်ပန်းတွင် ကျွန်မက စိတ်ရှည်ရှည်ထားပြီး၊ သူနှင့် မငြင်းခုံခဲ့သော်လည်း၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် ကျွန်မ ခင်ပွန်း၏ အပြုအမူနှင့် ပတ်သက်ပြီး အမှန်တကယ် မကျေမနပ် ခံစားခဲ့ရသည်။ ကျွန်မတို့ အိမ်ထောင်၏ ကြီးလေးသောဝန်ထုပ်နှင့် ကျွန်မ၏ စိတ်ဝိညာဉ်အတွင်းမှ မှောင်မိုက်မှုတို့က ကျွန်မကို ပူပန်သောက ရောက်စေခဲ့သည်။ ကျွန်မသည် အားလုံးအိပ်ပျော်နေကြသည့်အချိန် ညဉ့်နက်အချိန်တွင် ဆုတောင်းဖို့နှင့် ရင်ဖွင့်ဖို့၊ ပြီးလျှင် ကျွန်မကို ပို၍များသော ယုံကြည်မှုနှင့် ခွန်အားတို့ပေးဖို့ သခင့်ကို တောင်းလျှောက်ရန် သခင့်ရှေ့တော်မှောက်သို့ လာရောက်ခြင်းသာ ကျွန်မ လုပ်နိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ သခင်မကြာမီ ပြန်ကြွလာဖို့နှင့် ကျွန်မ၏ စိတ်မချမ်းမြေ့ဖွယ် တည်ရှိမှုမှ ကယ်တင်ဖို့ တို့အတွက် ကျွန်မ တမ်းတခဲ့ပါသည်။

၂၀၀၀ ခုနှစ် ဧပြီလ၏နေ့တစ်နေ့တွင်၊ ကျွန်မက အဝတ်များ သိမ်းဆည်းနေချိန်တွင် ကျွန်မခင်ပွန်း၏ အိတ်ကို အမှတ်မထင် တွေ့ရှိပြီး၊ ၎င်းမှာ လုံးဝ ပြည့်သိပ်နေသည်ကို တွေ့ရသည်။ စပ်စုလိုစိတ်ဖြင့် ကျွန်မ ဇစ်ကိုဖွင့်လိုက်ပြီး၊ သမ္မာကျမ်းစာတစ်အုပ် နှင့် ဓမ္မသီချင်းစာအုပ်တစ်အုပ် အပြင် အပြင်ပိုင်းအဖုံးတစ်ခု ပါရှိသည့် အသစ်စက်စက် စာအုပ်တစ်အုပ်တို့ကို တွေ့ရသည်။ ကျွန်မက “ဒီစာအုပ်ကို အရင်က ငါဘယ်လိုလုပ်ပြီး မတွေဖူးရတာလဲ။ ဒါတရား ဟောခြင်းအတွက် ကိုးကားချက်စာအုပ်တစ်မျိုးမျိုး ဒါမှမဟုတ် ဝိညာဉ်ရေးရာ အကျော်အမော်ပုဂ္ဂိုလ်တစ်ချို့ရဲ့ အတွေ့အကြုံတွေ ဖြစ်ရမယ်။ ငါဒါကို ဖတ်ရမယ်- ငါလည်း ဒီစာအုပ်ကနေ ဝိညာဉ် အဟာရတစ်ချို့ ရနိုင်မယ် ထင်တယ်။” ဟု မိမိဘာသာ တွေးမိသည်။ ကျွန်မက သိချင်စိတ်ပြင်းပြ သောကြောင့် ထိုစာအုပ်ကို ဖွင့်လိုက်ပြီး “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” ဟု ရေးသားထားသည့် ခေါင်းစီးတစ်ခုကို တွေ့ရသည်။ “ကောင်းလိုက်တဲ့ ဝတ္ထုခေါင်းစီးပါလား။” ဟု ကျွန်မ တွေးမိသည်။ “ခေါင်းစီးကို အခြေခံပြီး သုံးသပ်ရတာတော့၊ စစ်ဆေးခြင်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံက ဆိုးတဲ့အရာတစ်ခုတော့ မဟုတ်ဘူး။ ငါက အခု ငါမကျော်လွန်နိုင်တဲ့ စစ်ဆေးခြင်းတစ်ခုကို ကြုံတွေ့နေရတယ်၊ ဒါ့ကြောင့် သူ့ရဲ့ စစ်ဆေးခြင်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံကို တွေ့ဖို့ သေသေချာချာ ဖတ်ဖို့လိုတယ်။ ဒါဆိုရင် ငါလည်း အဲဒီထဲကနေ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရှာနိုင်မှာပဲ။” ထို့နောက် ကျွန်မ စတင်ဖတ်ရှု ခဲ့သည်။ “ယခင်က လူတို့အားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်၌ ၎င်းတို့၏ ဆုံးဖြတ်ချက်များကို ချမှတ်ရန်လာပြီ ‘ဘုရားသခင်ကို အခြားမည်သူမျှ မချစ်လျှင်ပင် သူ့ကို ကျွန်ုပ်ချစ်ရမည်။’ ဟု ပြောကြမည်ဖြစ်သည်။ သို့သော် ယခုတွင် စစ်ဆေးခြင်းက သင့်အပေါ် ကျရောက်ပြီး ဤအရာက သင်၏အယူအဆများနှင့် တစ်ထပ်တည်းမကျသဖြင့် သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးလေသည်။ ဤသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာဖြစ်သလော။ ယောဘ၏ လုပ်ဆောင်ချက်များ အကြောင်းကို သင် အကြိမ်ပေါင်းများစွာ ဖတ်ခဲ့ပြီးပြီ၊ ယင်းတို့ကို သင်မေ့သွားပြီလော။ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် ယုံကြည်ခြင်းအထဲမှသာ ရုပ်လုံးပေါ်လာနိုင်သည်။...ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုမှာ မည်သို့ဖြစ်ပါစေ၊ သင်၌ ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်၌ ဇာတိပကတိကို စွန့်လွှတ်လိုစိတ်လည်း ရှိရမည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန်အတွက် တစ်ကိုယ်ရေဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန်နှင့် သင်၏ တစ်ကိုယ်ရေ အကျိုးအမြတ်များအား လက်လွှတ်ဆုံးရှုံးမှုခံရရန် လိုလိုလားလားဖြစ်သင့်သည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်- အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်) ဤစကားများက ကျွန်မ စိတ်နှလုံးကို အမှန်တကယ် တို့ထိခဲ့သည်။ ဤအရာကို ဖတ်စဉ်တွင် ကျွန်မ ငိုကြွေးခဲ့သည်- ဤသည်မှာ ကျွန်မ ကြုံတွေ့နေ ရသည့် အရာ အတိအကျပင် မဟုတ်ပါလား။ ယခင်က ကျွန်မက သခင့်ကို မိမိကိုယ်တိုင် နှင့် မိမိ၏ခင်ပွန်းတို့အား ဆက်ကပ်အပ်နှံဖို့ သန္နိဌာန်ချခဲ့သည်။ ကျွန်မ ခင်ပွန်းက နေအိမ်ပြင်ပတွင် သခင့်အတွက် လုပ်ဆောင်နေသည့် အမှုတွင် ကျွန်မ ခင်ပွန်းကို အားပေးဖို့အလို့ငှာ၊ အိမ်ထောင်တစ်ခုကို ထိန်းသိမ်း အုပ်ချုပ်ခြင်း၏ ဝန်ထုပ်များကို တာဝန် ယူဖို့ မည်မျှပင်ခက်ခဲ ကြမ်းတမ်းပါစေ၊ သို့မဟုတ် ခြေကုန်လက်ပန်း ကျပါစေ တကယ့်ကို ပျော်ရွှင်ခဲ့သည်။ ထိုအချိန်တွင် နေအိမ်ရှိ အခက်အခဲများ နှင့် ကျွန်မအပေါ် ကျွန်မခင်ပွန်း၏ ထောက်ထား ညှာတာမှု ကင်းမဲ့ခြင်း တို့ကြောင့်၊ ကျွန်မက မတရားသဖြင့်ခံရသည့် ခံစားချက်တစ်ခု အမြဲတမ်း ဖြစ်နေလျက်ဖြင့် အသက် ရှင်နေခဲ့သည်။ ကျွန်မက စစ်ဆေးခြင်းအလယ်တွင် အသက်ရှင် နေပြီး၊ ကျွန်မ တစ်ချိန်က ရှိခဲ့သော ယုံကြည်မှု နှင့် ချစ်ခြင်းမေတ္တာတို့ ဆုံးရှုံးနေ ခဲ့သည်။ ကျွန်မက ဘုရားသခင် ရှေ့တော်မှောက်တွင် ပြုခဲ့သည့် သန္နိဌာန်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားနိုင်စွမ်း မရှိဖြစ်လာပြီး၊ တိတ်တဆိတ် တစ်ယောက်တည်း မကြာခဏ ငိုကြွေးခဲ့သည်။ ယောဘသည် ထိုကဲ့သို့ ကြီးမားပြီး၊ ခက်ခဲကြမ်းတမ်းသော စမ်းသပ်မှု တစ်ခု အလယ်တွင် ဘုရားသခင်ကို မည်သို့ သက်သေရပ်တည် နိုင်ခဲ့ပြီး၊ ဘုရားသခင်ကို ယုံကြည်မှု မပျောက်ဆုံးသည့် အကြောင်းကို ကျွန်မ တွေးမိသည်။ သူက- “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏။” (ယောဘဝတ္တု ၁:၂၁) ဟုပင် ဆိုခဲ့သေးသည်။ ၎င်းကိုပင် ကျွန်မ မည်သို့ မေ့ပျောက်နိုင်ခဲ့ သနည်း။ ထို့နောက် ကျွန်မက သခင့်မျက်မှောက်တော်တွင် တစ်ချိန်က ပြုခဲ့သည့် အရာများအားလုံးနှင့် ပတ်သက်ပြီး နက်ရှိုင်းစွာ နောင်တရခဲ့သည်။ ယောဘသည် ဘုရားသခင်ကို စိတ်ကျေနပ်အောင် မလုပ်နိုင်ခြင်းထက် သူကိုယ်တိုင် ဒုက္ခခံပြီး၊ သူ့ကိုယ်ပိုင် အကျိုးစီးပွားများ ကိုသာ စွန့်လွှတ်လိုက်ချင်ခဲ့သည်။ သခင့်ကို နှစ်ပေါင်း များစွာ ယုံကြည်ခဲ့ သော်လည်း၊ သူ့အပေါ် ကျွန်မ ယုံကြည်မှု ပျောက်ဆုံးခဲ့သည်။ စစ်ဆေးခြင်းကို သည်းခံနေစဉ်တွင် သခင့်ကို ညည်းညူခဲ့ပြီး၊ သူ့အတွက် ကျွန်မ ချစ်ခြင်းမေတ္တာကို နည်းနည်မျှ မဖော်ပြနေခဲ့ပါ။ ဤအရာကို ကျွန်မ နားလည်သဘောပေါက်သည့် အခိုက်တွင်၊ ကျွန်မ ယခင်ကကဲ့သို့ နောက်ထပ်ဆက်နေလို့မဖြစ်တော့ကြောင်း၊ ကျွန်မ ခင်ပွန်း၏ သခင့်အတွက် အလုပ်တွင် ကျွန်မ သူ့ကို အားပေးသင့် ကြောင်း နှင့် ဆင်းရဲဒုက္ခအနည်းငယ်ကို ခံစားခြင်းသည် ကျွန်မအတွက် သင့်တော်မှန်ကန်ကြောင်းတို့ကို တိတ်တဆိတ် စိတ်ပိုင်းဖြတ်ခဲ့သည်။

ကျွန်မ၏ အတွေးများ ထိုနေရာသို့ ရောက်သည်နှင့် တပြိုင်နက်၊ ကျွန်မ၏ စိတ်နေစိတ်ထားသည် သန်မာမှုတစ်ခုသို့ ပို၍ ကောင်းမွန်စွာ ပြောင်းလဲသွားခဲ့သည်။ ဤစကားများသည် ကောင်းမွန်စွာ ပြောဆို ထားပြီး၊ ကျွန်မ၏ တကယ့် အခြေအနေများ၏ တကယ့် အကြောင်းအရင်းကို အမှန်တကယ် တို့ထိခဲ့သည်။ ထိုစကားများက ကျွန်မကို လက်တွေ့ လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ညွှန်ပြခဲ့ပြီး၊ ကျွန်မ သတိမပြု မိခင်မှာပင်၊ ခွန်အားနှင့် ယုံကြည်မှုတို့ ကျွန်မထဲတွင် ပေါ်ထွက်လာခဲ့သည်။ ကျွန်မက “ဒီစကားတွေကို ဘယ်သူပြောခဲ့တာလဲ။ သူက ဘယ်လိုလုပ်ပြီး ဒီလောက် မြင့်မြတ်တဲ့ နားလည်သဘောပေါက်မှု ရှိနိုင်တာလဲ။ ငါ လူသိများတဲ့ ဝိညာဉ်ရေးရာ အကျော်အမော် ပုဂ္ဂိုလ်တွေ ရေးသားတဲ့ စာအုပ်တွေကို ဖတ်ဖူးပါတယ်၊ ပြီးတော့ အဲဒီစာအုပ်တွေက အတော်အတန် တည်ဆောက်ပေးတယ် ဆိုပေမဲ့လည်း၊ ဒီစာအုပ် လောက် ကြည်လင်ပြတ်သားပြီး၊ ရှင်းအောင် ဖော်ပြထားတဲ့ နည်းလမ်း တစ်ခုနဲ့ ရေးထားတာမဟုတ်သလို၊ အဲဒီစာအုပ်တွေမှာ သမ္မာတရား လည်း မရှိဘူး။ ဒီစကားတွေဟာ ဘယ်သူဆီက အမှန်တကယ် လာတာလဲ။” ဟု စဉ်းစားမိသည်။ ဤစာအုပ်ရှိ စကားများဖြင့် ကျွန်မ ဆွဲဆောင်ခံရပြီး၊ ဆက်ဖတ် လိုခဲ့သည်။ ကျွန်မ ပို၍ ဖတ်ရှုလေ၊ ဤစကားများသည် မည်မျှ အံ့သြလောက်စရာကောင်းသည်ကို ပို၍ ခံစားရလေ ဖြစ်သည်။ စာကြောင်းတစ်ခုချင်းစီတိုင်းက ကျွန်မ၏ စိတ်နှလုံးကို တိုက်ရိုက် စကားပြောလေသည်။ လူတစ်ယောက်၏ ဆင်းရဲဒုက္ခက မည်မျှ ကြီးမားပါစေ၊ ကျွန်မတို့က ဆင်းရဲဒုက္ခကို ရင်ဆိုင်ရာတွင် ဘုရားသခင် နောက်ကို အဆုံးထိ လိုက်ပြီး၊ ဘုရားသခင်ကို ပျော်ရွှင်စွာ ကျိုးနွံနာခံရ မည်ဖြစ်သည်ကို ကျွန်မကို ထိုစကားများက နားလည်သဘောပေါက် စေခဲ့သည်။ စမ်းသပ်မှုတစ်ခု အလယ်တွင် အားနည်းလာသည့်တိုင်၊ ၎င်းတို့က သခင့်ကို ယုံကြည်မှုရှိသင့်ပြီး၊ ခိုင်မာစွာရပ်တည်ဖို့ ဘုရားသခင်ကို မှီခိုအားကိုးသင့်သည်။ ကျွန်မက ပို၍ ဖတ်ရှုလေလေ၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် အလင်းပေးခံ ရပြီး၊ ကျွန်မထံတွင် လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်သည့် လမ်းကြောင်းတစ်ခု ရရှိသည်ဟု ခံစားရလေလေဖြစ်သည်။ ထို့နောက်တွင်ပင် ကျွန်မ၏ ခင်ပွန်းက အိမ်သို့ ပြန်ရောက်လာပြီး၊ ကျွန်မက သူ့ကို ချက်ချင်း မေးမြန်းခဲ့သည်၊ “အစ်ကို ဒီစာအုပ်ကို ဘယ်ကရတာလဲ။” သူက ပြုံးပြီး၊ “ကိုယ် တစ်ယောက်ယောက်ဆီက ငှားလာတာ၊ ပြီးတော့ သူ့ကို မကြာခင်ပြန်ပေးရမယ်။” ဟု ပြောခဲ့သည်။ ကျွန်မ မည်သည့်အရာမျှ ထပ်မပြောခဲ့ပါ။

တစ်နေ့တွင် ကျွန်မ ချက်ပြုတ်နေစဉ်၊ ကျွန်မ ခင်ပွန်းဖွင့်ထားသည့် ဓမ္မသီချင်းတစ်ပုဒ်၏ တစ်စွန်းတစ်စကို ကျွန်မကြားရသည်။ “အဘယ်သူသည် မချစ်ခင်မကြင်နာသနည်း။ အဘယ်သူသည် ဘုရားသခင်ကိုတွေ့ရန် တောင့်တခြင်း မရှိသနည်း။...တစ်ခါက ဘုရားသခင်သည် လူသားနှင့် အတူ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို မျှဝေခံစားခဲ့ပြီး၊ ယနေ့ သူသည် လူသားမျိုးနွယ်နှင့် ပြန်လည်ပေါင်းစည်းပြီးဖြစ်ကာ၊ ကုန်လွန်သော အချိန်ကာလများ၏ ဇာတ်ကြောင်းများကို သူနှင့်အတူ မျှဝေခံစားလေသည်။ သူသည် ယုဒပြည်မှ ထွက်သွားပြီးနောက်၊ လူတို့သည် သူ၏အရိပ်အယောင်ကို ရှာမတွေ့နိုင်ခဲ့ကြပေ။ ၎င်းတို့သည် ယနေ့ သူနှင့်တစ်ဖန်ပြန်တွေ့ပြီးကာ သူနှင့်ပြန်လည် ပေါင်းစပ်ပြီးဖြစ်သည် မသိကြဘဲ၊ ဘုရားသခင်အား နောက်တစ်ကြိမ်တွေ့ဆုံရန် တမ်းတကြ၏။ ဤအရာက ယမန်နေ့၏ အတွေးများကို မလှုံ့ဆော်ဘဲ အဘယ်သို့နေနိုင်မည်နည်း။ ယနေ့မှ လွန်ခဲ့သော အနှစ်နှစ်ထောင်တွင်၊ ယုဒလူတို့မှ ဆင်းသက်လာသူ၊ ရှိမုန်ဗာယောနသည် ကယ်တင်ရှင်ယေရှုကို ရှုမြင်ခဲ့သည်၊ သူနှင့်တစ်စားပွဲတည်းတွင် စားခဲ့ပြီး၊ သူ့နောက်နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီးနောက် သူ့အတွက် သာ၍ နက်ရှိုင်းသော ချစ်ခင်စိတ် ခံစားခဲ့ရသည်။ သူ့ကို အူထဲအသည်းထဲက ချစ်ခဲ့သည်။ သူသည် သခင်ယေရှုကို လေးလေးနက်နက် ချစ်ခဲ့၏။ တစ်ခါက ဘုရားသခင်သည် လူသားနှင့် အတူဝမ်းမြောက်ခဲ့ကာ အတူဝမ်းနည်းခဲ့ပြီး ယနေ့ သူသည် လူသားနှင့် ပြန်လည်ပေါင်းစပ်ခဲ့၍ အတိတ်ကဇာတ်ကြောင်းများကို သူနှင့်အတူ အပြန်အလှန်ပြောဆိုခဲ့၏။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “တမ်းတခြင်းအနှစ် နှစ်ထောင်”) ဤဓမ္မသီချင်း၏ စာသားများက ကျွန်မ၏ အတွင်းကျကျ အတွေးများကို ဖော်ပြခဲ့ပြီး၊ သခင့်ပြန်ကြွလာခြင်းကို တောင့်တသည့် ကျွန်မ၏ ခံစားချက်ကို နှိုးဆွပေးခဲ့သည်။ ကျွန်မ နားထောင်ရင်း ငိုကြွေးခဲ့သည်၊ ပြီးလျှင် ကျွန်မက “ငါအခုချိန်ထိ ယုံကြည်သူတစ်ယောက် ဖြစ်လာခဲ့တဲ့တစ်လျှောက် ငါတို့တွေ အတူတူ လာကြပြီး ကုန်သွားတဲ့ အချိန်တွေကို စားမြုံ့ပြန်နိုင်ဖို့ သခင်ယေရှု မကြာခင် ပြန်ကြွလာတာကို မျှော်လင့်ရင်း၊ သခင်ယေရှုအကြောင်း နေ့စဉ်နေ့တိုင်း တွေးခဲ့တယ်။” ဟု မိမိဘာသာတွေးမိသည်။ ထိုဓမ္မသီချင်း၏ စာသားများသည် အလွန် စစ်မှန်ပြီး တို့ထိလေသည်၊ ပြီးလျှင် သခင့်အတွက် လူများတွင်ရှိသည့် တောင့်တခြင်း ခံစားချက်ကို အထူးသဖြင့် ဖော်ပြနိုင်စွမ်းရှိသည်။ ထို့နောက် ကျွန်မချက်ပြုတ် နေသည့် အစားအစာကို ဘေးဖယ်ပြီး၊ အပြည့်အဝ အာရုံစိုက်လျက် နားထောင်ခဲ့သည်။ “ဘုရားအတွက် သစ္စာရှိသော နှလုံးသား” ဟု ခေါ်သည့် နောက်ထပ် ဓမ္မသီချင်းတစ်ပုဒ် လာလေသည်။ “ကျွန်ုပ်၏နှလုံးသားထဲရှိ ဆန္ဒနှင့် သခင့်အပေါ် ချစ်ခြင်း စိတ်သဘောကိုသာ လက်ခံဖို့ တောင်းဆိုပါသည်(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ) ကျွန်မက “ဒီဓမ္မသီချင်းကို ဘယ်သူရေးတာလဲ။ သူ့ရဲ့ စိတ်ပိုင်းဖြတ်ချက်က ဘာလို့ ဒီလောက် ကြီးမားနိုင်ရတာလဲ။” ဟု တွေးမိသည်။ “ကျွန်ုပ်၏နှလုံးသားထဲရှိ ဆန္ဒနှင့် သခင့်အပေါ် ချစ်ခြင်း စိတ်သဘောကိုသာ လက်ခံဖို့ တောင်းဆိုပါသည်” ဆိုသည့် စာကြောင်းသည် အထူးသဖြင့် ကျွန်မအတွက် စိတ်ဓာတ် တက်ကြွစေခဲ့သည်။ ဘုရားသခင်အတွက် ထိုသို့သော ချစ်ခြင်းမေတ္တာ မျိုးသည် အလွန်ဖြူစင်လေသည်။ ယခင်က ကျွန်မ၏ ယုံကြည်မှုတွင်၊ သခင်ကို ချစ်ဖို့ ကျွန်မ မသိခဲ့ဘဲ၊ သူ့ကျေးဇူးတော်ကို ပျော်မွေ့ဖို့နှင့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကိုသာ ရှာဖွေလိုက်စားလိုခဲ့သည်။ ဤဓမ္မသီချင်းက ထိုနေ့တွင် ကျွန်မ၏ လောကအမြင်ကို အမှန်တကယ် ဖွင့်ပေးခဲ့ပြီး၊ ဘုရားသခင်ကို ယုံကြည်သူများသည် ဘုရားသခင်ကို ချစ်ရမည် ဖြစ်ပြီး၊ မိမိကိုယ်ကိုယ်အတွက် မည်သည့်အရာကိုမျှ မရှာဖွေရကြောင်းကို ကျွန်မ တွေ့မြင်ခဲ့သည်။ ဤကဲ့သို့ ချစ်ခြင်း မေတ္တာမျိုးသာလျှင် ဖြူစင်နိုင်သည်။ ဤဓမ္မသီချင်းသည် အလွန် ကောင်းမွန်စွာ ရေးသားထားသည်။ ထို့နောက် ကျွန်မသည်လည်း ဤရည်မှန်းချက်ကို ရှာဖွေလိုက်စားလိုကြောင်းနှင့် အခြားမည်သူမျှ သခင့်ကို ချစ်သည် ဖြစ်စေ မချစ်သည်ဖြစ်စေ ကျွန်မက သခင့်ကို ချစ်မည်ဖြစ်ကြောင်း တို့ကို ကျွန်မ၏ စိတ်နှလုံးထဲတွင် တိတ်တဆိတ် သန္နိဌာန်ချမှတ် ခဲ့လေသည်။

ထိုစာအုပ်ထဲမှ စကားများကို ဖတ်ရှုပြီး၊ ထိုဓမ္မသီချင်းများကို နားထောင်ပြီးနောက်၊ ထိုစကားများက ပြောသည့်အတိုင်း ကျွန်မ စတင် ပြုမူခဲ့သည်။ ကျွန်မ၏ ခင်ပွန်းက အလုပ်လုပ်ဖို့ အပြင်ပြန် ထွက်ပြီး၊ အိမ်အလုပ်များကို ကူညီရန် အချိန်မရသည့် အခါတွင် ကျွန်မသည် ယခင်ကလောက် ထိခိုက်နာကျင်မှုမရှိတော့ပါ။ အခြား သော ညီအစ်ကို မောင်နှမများက သူတို့ပြောသည့် တစ်စုံတစ်ရာတွင် အမှားအယွင်း တစ်ခုခု လုပ်မိပါက၊ ကျွန်မက ဘုရားသခင်ကို စိတ်ကျေနပ်စေ လိုသောကြောင့် သည်းခံနိုင်စွမ်းရှိလာခဲ့သည်။ ကျွန်မက ဓမ္မသီချင်းတွင် ဖွဲ့ဆိုထားသည့်အတိုင်း ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့ဖြင့် ချစ်ဖို့သာ ကြိုးစားခဲ့ပါသည်။

မျက်တောင်တစ်ခတ်လျှပ်တပြက်အချိန်အတွင်းတွင် ကျွန်မတို့ ကောက်ပဲသီးနှံများကို စိုက်ပျိုးဖို့ အချိန်ကျခဲ့လေသည်။ တစ်ညနေတွင် ရှင်းလင်းနေစဉ်၊ ကျွန်မ၏ ခင်ပွန်းက “မနက်ဖြန် မြို့ပြင်က နောက်ထပ် အသင်းတော် တစ်ခုကို ကိုယ်သွားဖို့ လိုတယ်။” ဟု ကျွန်မကို ပြော သည်။ “အစ်ကို သုံးလေးရက်အတွင်း ပြန်ရောက်မှာလား။” ဟု ကျွန်မ ချက်ချင်း တုံ့ပြန်လိုက်သည်။ သူက “ကိုယ်မသိဘူး။” ဟု ပြောခဲ့သည်။ “မကြာခင် ပြန်လာဖို့ ကိုယ် အတတ်နိုင်ဆုံး ကြိုးစားမယ်လေ။ မင်း အိမ်က အလုပ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးမခံနဲ့နော်။” ကျွန်မက ချက်ချင်း ဝမ်းနည်းသည့်မျက်နှာဖြင့်၊ “ရှင်ကတော့ စိတ်ဖိစီးမနေပါနဲ့ လို့တော့ ပြောတာပေါ့၊ ဒါပေမဲ့ ကျွန်မက စိတ်မဖိစီးပဲ ဘယ်လိုနေ နိုင်မှာလဲ။ ရှင်ဘယ်တော့ပြန်လာမလဲ လုံးဝ မသိဘဲနဲ့ ရှင်ထွက်သွား တယ်၊ ပြီးတော့ တခြားလူတွေအားလုံးရဲ့ လယ်တွေက မျိုးကြဲပြီးနှင့်ပြီ။ ကျွန်မတို့မှာတော့ ကိုယ့်လယ်ကို ထွန်တောင် မထွန်ရသေးဘူး၊ ပြီးတော့ မျိုးစေ့တွေက နောက်ကျမှ စိုက်ရင်၊ နွေဦးရာသီမှာ သီးနှံ ကောင်းကောင်း ရမှာမဟုတ်ဘူး။ အဲဒါဆိုရင် ကျွန်မတို့ ဘာလုပ်ကြ မလဲ။ ကျွန်မ ယောက်ျားကသာ လယ်တွေကို ပြီးအောင် မျိုးကြဲခဲ့ ပြီးတော့မှ၊ ညီအစ်ကိုမောင်နှမတွေကို ကူညီဖို့ ထွက်သွားတယ်ဆိုရင် အကောင်းသား” ဟု တွေးမိသည်။ ထိုညနေတွင် ကျွန်မ လုံးဝ အိပ်မပျော်ဘဲ အိပ်ရာထဲလှဲနေသည်။ ကျွန်မက လုံးလုံး စိတ်ကစဉ့် ကလျားဖြစ်ပြီး စိတ်ဖိစီးလျက်ဖြင့် “ပြီးခဲ့တဲ့ တစ်ခေါက်က ငါ့ယောက်ျား ထွက်သွားတော့၊ သူက နှစ်ပတ်ကြာခဲ့တယ်၊ ဒါပေမဲ့ အဲဒီတုန်းက ငါတို့မှာ လယ်မှာ လုပ်စရာတစ်ခုမှ မရှိခဲ့ဘူး။ အခုအချိန်က စိုက်ပျိုးရေး အတွက် အရေးကြီးတဲ့ အချိန်ဖြစ်တယ်၊ ဒါ့ကြောင့် သူသာ နှစ်ပတ်ပြန်သွားမယ် ဆိုရင်၊ ငါဘာလုပ်ရမလဲ။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို အလုပ်လုပ်ဖို့ သူ့ကိုပြောခိုင်းပြီး၊ အဲဒါပြီးပြတ်သွား အောင် လုပ်ရင် ကောင်းမယ်ထင်တယ်” ဟုတွေးမိသည်။ သို့သော် ကျွန်မ ထပ်၍ စဉ်းစားလိုက်သည်။ “မဟုတ်ဘူး၊ အဲဒါ ဖြစ်မှာ မဟုတ်ဘူး။ ညီအစ်ကိုမောင်နှတွေက သူ့ထောက်ပံ့မှုကို စောင့်ဆိုင်းနေ ကြတာ။ သူသာ မသွားခဲ့ရင်၊ သခင့်ကို စော်ကားရာမရောက်နေ ဘူးလား။” ဤစစ်ဆေးမှု အလယ်တွင် ကျွန်မက သခင့် မျက်မှောက်တော်ထဲသို့ လာရောက်ပြီး ဆုတောင်းခဲ့သည်။ “သခင်။ ကျွန်မခင်ပွန်းက ညီအစ်ကိုမောင်နှမတွေကို သွားအားပေးဖို့အတွက် ကျွန်မက မလိုလားတာ မဟုတ်ပါဘူး၊ ကျွန်မတို့မှာ အခု လယ်တွေ စိုက်ပျိုးဖို့လိုနေလို့ပါ။ ကျွန်မက ဒီစစ်ဆေးခြင်းရဲ့ ထိရောက်မှုကို တကယ်ခံစားနေရပြီး၊ ကျွန်မ ဘာလုပ်ရမှန်း မသိပါဘူး။ သခင်။ ကျွန်မရဲ့ စိတ်နှလုံးကို ကာကွယ်ပေးဖို့ နဲ့ ဒီအရာတွေရဲ့ အနှောင့် အယှက်ပေးခံရခြင်းကနေ ကျွန်မကို ထိန်းသိမ်းပေးဖို့ ကျွန်မ ကိုယ်တော့် အကူအညီကို တောင်းလျှောက်ပါတယ်။” ဆုတောင်း ပြီးနောက်၊ ဤစကားများသည် ကျွန်မ၏ စိတ်ထဲသို့ အလွန်သိသာ ထင်ရှားစွာ ဝင်ရောက်လာခဲ့သည်။ “သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုမှာ မည်သို့ဖြစ်ပါစေ၊ သင်၌ ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်၌ ဇာတိပကတိကို စွန့်လွှတ်လိုစိတ်လည်း ရှိရမည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန်အတွက် တစ်ကိုယ်ရေဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန်နှင့် သင်၏ တစ်ကိုယ်ရေ အကျိုးအမြတ်များအား လက်လွှတ်ဆုံးရှုံးမှုခံရရန် လိုလိုလားလားဖြစ်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဤစကားများက ကျွန်မ၏ စိတ်နှလုံးကို ချက်ချင်း ဆုပ်ကိုင်လိုက်ပြီး၊ အတော် အားတက်စေခဲ့သည်။ “မှန်တယ်” ဟု ကျွန်မ တွေးမိသည်။ “တစ်ယောက်ယောက်က သခင့်ကို စိတ်ကျေနပ်စေချင်တယ်ဆိုရင်၊ သူတို့က အခက်အခဲကို သည်းခံဖို့ သန္နိဌာန်ချဖို့ လိုပြီး၊ ခန္ဓာကိုယ်မှာ ဒုက္ခခံဖို့ ပျော်သင့်တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အလိုတော်ကို ဖြည့်ဆည်းဖို့ ရည်ရွယ်သမျှ ကာလပတ်လုံး ကိုယ်ပိုင် အကျိုးစီးပွား တွေကို အထိခိုက်ခံသင့်တယ်။” ဤစကားများက ကျွန်မကို ယုံကြည်မှု ပေးပြီး၊ ကျွန်မက “လယ်တွေ နည်းနည်းနောက်ကျပြီး စိုက်ခဲ့ရင်၊ ဒါဆိုလည်း ရှိပါစေတော့။ ငါတို့ ဘယ်လောက်ရိတ်သိမ်းရတယ်ဆိုတာ ဘုရားသခင်ပေါ်မူတည်ပါတယ်၊ ပြီးတော့ ငါ့ယောက်ျားက သခင့်အတွက် အလုပ်လုပ်တာဟာ ပိုအရေးကြီးတဲ့အရာ ဖြစ်တယ်။” ဟု တွေးခဲ့သည်။ ဤအရာကို တွေးလျက်၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် အေးဆေးသက်သာရှိပြီး၊ ဖြေလျော့မှုကို ခံစားရကာ၊ ကျွန်မ မသိလိုက်မီတွင် အိပ်မောကျသွားခဲ့သည်။ နောက်တစ်နေ့နံနက်တွင် ကျွန်မက “သခင့်အတွက် အစ်ကိုအလုပ်တွေကို သွားလုပ်ပါ၊ ပြီးတော့ ဘာအတွက်မှ စိတ်မပူနဲ့။ အစ်ကိုဘယ်အချိန်ပဲ ပြန်လာပြန်လာ အဆင်ပြေမှာပါ။ ကျွန်မ သခင်စီစဉ်တဲ့ဟာကို ကျိုးနွံနာခံပါ့မယ်။” ဟု ကျွန်မ ခင်ပွန်းကို ပြောခဲ့သည်။ ကျွန်မ၏ လုပ်ရပ်များက သခင့်ကို စိတ်ကျေနပ်စေသည်ဆိုသည့် အချက်ကို တွေးလျက်၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် ဝမ်းမြောက်ခြင်းနှင့် တည်ငြိမ်မှုတို့ကို ခံစားခဲ့ရသည်။

ကျွန်မ ခင်ပွန်းက ရက်အနည်းငယ် အကြာတွင် ပြန်ရောက် လာခဲ့ပြီး၊ ကျွန်မအတွက် သူက လုံးဝ ကွဲပြားသည့် လူတစ်ယောက် ကဲ့သို့ ပုံပေါက်နေသည်။ ကျွန်မကို အိမ်အလုပ်များဖြင့် ကူညီခဲ့ပြီး၊ “မင်း အလုပ်အရမ်းလုပ်တယ်။ အိမ်တွင်းအိမ်ပြင် နှစ်ခုလုံးမှာ ကိုယ်တို့ ကိစ္စတွေကို ကိုယ်တွယ်ဖြေရှင်းရင်း၊ ဒီလွန်ခဲ့တဲ့ သုံးလေးနှစ်နဲ့တင် မင်းအတွက် တော်တော်ခက်ခဲနေပြီ။ ကိုယ် ဒါကို သတိပြုမိပါတယ်။ ကိုယ်လည်း အိမ်အလုပ် ဝန်ထုပ်ဝန်ပိုးကို မင်းနဲ့ ဝေမျှ ယူဖို့ မကူညီဘဲနဲ့ အပြင်မှာပဲ အလုပ်လုပ်နေခဲ့တယ်။ အခုအချိန်ကစပြီး၊ ကိုယ်အချိန်ရတဲ့ အခါတိုင်း မင်းကို ပိုပြီး ကူညီပါ့မယ်။” ဟူ၍ပင် ပြောခဲ့သည်။ ကျွန်မ၏ ခင်ပွန်းက ယခင်က ဤသို့ တစ်ခါမျှ မပြောဖူးသည့်အတွက်ကြောင့် သူဤသို့ပြောသည်ကို ကြားရသည်မှာ ကျွန်မအတွက် အလွန် စိတ်ထိခိုက်စေခဲ့ လေသည်။ ကျွန်မက “အဲဒီစာအုပ်ကို သူဖတ်ပြီး ကတည်းက၊ သူ့ဆီမှာ ဒီလို ကြီးမားတဲ့ အပြောင်းအလဲတစ်ခုကို ငါမြင်ရ တယ်။ သူ့ဒေသနာတွေက အလင်းနဲ့ပြည့်ရုံတင်မကဘူး၊ ငါ့အပေါ် သူ့စိတ်နေသဘောထားဟာလည်း ကွဲပြားလာတယ်။ ဒီနှစ်တွေ တစ်လျှောက်မှာ သမ္မာကျမ်းစာ ဖတ်ရှုတာက သူ့ကို မပြောင်းလဲစေ ခဲ့ပေမဲ့၊ အခုတော့ သူက ဒီလောက် အချိန်တိုအတွင်းမှာ အရမ်းကို ပြောင်းလဲသွားခဲ့တယ်။ အဲဒီစာအုပ်ထဲက စကားတွေက လူတွေကို တကယ့်ကို ပြောင်းလဲနိုင်တဲ့ စွမ်းအားရှိသလိုပဲ။” ဟု မိမိဘာသာ တွေးမိသည်။ တစ်ချိန်တည်းမှာပင် ထိုစာအုပ်ထဲတွင် ပါသည့်အရာသည် ကျွန်မအတွက် အလွန် အကျိုးရှိသည်ဟုလည်း ခံစားခဲ့ရသည်။ ၎င်းကိုဖတ်ရခြင်းက ကျွန်မကို ယုံကြည်မှုနှင့် ခွန်အားတို့ဖြင့် ပြည့်ဝစေ ခဲ့ပြီး၊ ထိုစာအုပ်က ပြောသည့်အတိုင်း ကျွန်မ ပြုမူသည့် အချိန်တွင်၊ ကျွန်မခင်ပွန်းနှင့် ပတ်သက်ပြီး ကျွန်မ ခံစားရသည့် မကျေနပ်ချက်သည် အရည်ပျော်သွားခဲ့သည်။ ပြီးလျှင် ၎င်းကို ဖတ်ရှုပြီးနောက် ကျွန်မအပေါ် သူ့စိတ်နေသဘောထားသည်လည်း ပြောင်းလဲသွားသည်။ ကျွန်မကို မည်သို့ထောက်ထားညှာတာပြီး၊ စောင့်ရှောက်ရ မည်ကို သူနားလည်သဘောပေါက်ခဲ့သည်။ ဤပြောင်းလဲမှုအားလုံးက ထိုစာအုပ်တွင် ပါဝင်သည့် အကြောင်းအရာက အမှန်တကယ် တန်ခိုးရှိပြီး၊ သြဇာအာဏာ ပါရှိသည် ဆိုသည့် ကျွန်မ၏ ခံစားချက်ကို ပိုမိုလေးနက်စေခဲ့သည်။ သို့သော်လည်း ဤစာအုပ်တွင် ထိုစကား များကို ရေးသားထားသည်မှာ မည်သူနည်းဟု ကျွန်မ စဉ်းစားမိသည်။ ကျွန်မ အဖြေရှာမတွေ့ခဲ့ပါ။

နှစ်လကြာပြီးနောက် တစ်ရက်တွင် ကျွန်မခင်ပွန်းက စုဝေးပွဲ တစ်ခုကို သူနှင့် အတူ တက်ရောက်ဖို့ ကျွန်မကိုပါ ခေါ်သွားလိုသည်ဟု ပြောသည်။ ဤစုဝေးပွဲသည် အလွန်ထူးခြားလောက်သည်၊ မဟုတ်ပါက သူက ကျွန်မကိုပါ ခေါ်သွားမည် မဟုတ်ဟု ကျွန်မခံစားမိသည်။ ကျွန်မက ကြိုတင်မျှော်မှန်းခြင်းများဖြင့် ပြည့်ပြီး၊ ထိုစာအုပ်ကို တစ်ဖန် တွေ့ရဖို့ မျှော်လင့်နေခဲ့သည်။ နောက်တစ်နေ့တွင် ကျွန်မ ခင်ပွန်းနှင့် ကျွန်မတို့က ညီအစ်မ နှစ်ယောက်နှင့်အတူ အစ်မတစ်ယောက်၏ နေအိမ်သို့ သွားရာလမ်းတွင် ကားတစ်စီး၌ ပျော်ရွှင်စွာ စီးနင်းလိုက်ပါ ခဲ့ကြသည်။ ထိုနေရာတွင် အခြားညီအစ်ကိုမောင်နှမ များစွာတို့က ပါဝင်ခဲ့ကြကာ၊ သူတို့ထဲတွင် သမ္မာကျမ်းစာကို မိတ်သဟာယပြု ခြင်းတွင် ပေါင်းစပ်သည့် သုံးဆယ်အရွယ် အစ်မတစ်ယောက်က ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်အကြောင်း သမ္မာတရားများစွာကို ကျွန်မတို့နှင့် ဝေမျှခဲ့သည်။ ကျွန်မ စိတ်နှလုံးသားက သူပြောတာကို နားထောင်ရင်း အမှန်တကယ် အားတက်ခဲ့ပြီး၊ ယခင်က ကျွန်မ တစ်ခါမှ နားမလည်ခဲ့သော သမ္မာကျမ်းစာပိုဒ် များစွာနှင့် စီရင်ခြင်း အမှုတော်ကို ပြုဖို့ ဘုရားသခင်၏ ပြန်ကြွလာခြင်း အကြောင်းတို့အပေါ် ရှင်းလင်းသော နားလည်သဘောပေါက်မှု တစ်ခု ရခဲ့သည်။ ကျွန်မက “ဘယ်လိုဖြစ်ပြီး သူ့မိတ်သဟာယပြုခြင်းက အရမ်းအံ့သြဖွယ်ကောင်းပြီး သူက သမ္မာ ကျမ်းစာကို အရမ်းကို ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်တာလဲ။ သူက ဘယ်လိုဖြစ်ပြီး အများကြီး နားလည်တာလဲ။” ဟု မိမိဘာသာ တွေးမိ သည်။ ထို့နောက်တွင်ပင် ဤအစ်မက သူမ၏မျက်နှာပေါ်တွင် အပြုံး တစ်ခုဖြင့် ပြည့်လျက်၊ “ညီအစ်ကိုမောင်နှမတို့ကို ကျွန်မ ပြောချင်တာ ကတော့ တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းပြီး မယုံနိုင်လောက် အောင်ထူးခြားတဲ့ သတင်းကောင်းတစ်ခုပါ။ ကျွန်မတို့ အကြာကြီး တမ်းတခဲ့တဲ့ သခင်ယေရှု သူ့အမှုတော်သစ်တွေဖြစ်တဲ့ နှုတ်ကပတ်တော်ကို မိန့်မြွက်ဖို့နဲ့ သမ္မာတရားတွေနဲ့ နက်နဲမှုတွေ အားလုံးကို ဖွင့်ဟဖို့၊ ဘုရားအမှုတော်ရဲ့ အဆင့်သုံးဆင့်နဲ့ ပတ်သက်တဲ့ နက်နဲမှုတွေ၊ သူ့ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၊ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းတွေ နဲ့ သမ္မာကျမ်းစာတို့ကို ချပြဖို့ တို့ကို ဆောင်ရွက်ဖို့ ပြန်ကြွလာပြီး ကျွန်မတို့အလယ်မှာ လူ့ဇာတိခံ ခဲ့တယ်။ ဒီနေ့ မိတ်သဟာယမှာ ကျွန်မ ဝေငှတဲ့ အရာတွေအားလုံးက ဘုရားသခင် မိန့်မြွက်ခဲ့တဲ့ နှုတ်ကပတ်တော်တွေ ကနေ လာတာဖြစ် ပါတယ်။” ဟု ကျွန်မတို့ကို ကျယ်လောင်စွာ ပြောခဲ့သည်။ တက်ရောက် လာသည့် ညီအစ်ကိုမောင်နှမများ အားလုံး နှင့် ကျွန်မတို့က ဤထူးကဲသည့် သတင်းကို ကြားပြီး၊ နောက်ဆုံးတွင် နားလည် သဘောပေါက်ခဲ့သည်။ အမှန်မှာမူ ပြန်ကြွလာသည့် သခင်က လူသား မျိုးနွယ်ကို အားလုံးဝေမျှခဲ့သောကြောင့် ဤအစ်မက များစွာ နားလည် သဘောပေါက်ရခြင်း ဖြစ်လေသည်။ ယခုအခါတွင် ကျွန်မတို့လည်း သခင့်အသံတော်ကို ကြားနေရသည်။ ကျွန်မတို့အားလုံး အချင်းချင်း ပျော်ရွှင်စွာ ထွေးဖက်ကြပြီး၊ စိတ်လှုပ်ရှားခြင်း မျက်ရည်များ ကျလာ ခဲ့သည်- တစ်နေရာလုံးသည် ဖျတ်လတ်တက်ကြွ ခြင်းဖြင့် စတင် တုန်ခါလေသည်။ ကျွန်မက အလွန်ပျော်ရွှင်လှသည်မှာ ​ဝမ်းမြောက် သည့် အတွက် ခုန်ပေါက်ချင်လာပြီး၊ “သခင်ယေရှု မကြာခင် ပြန်လာဖို့ ကို ငါအမြဲတမ်း မျှော်လင့်ခဲ့တယ်၊ ပြီးတော့ အခု ကိုယ်တော်ဟာ တကယ်ပြန်ကြွလာပြီ။ ငါ့တစ်သက်တာ အတွင်းမှာ သခင်ယေရှုရဲ့ ပြန်ကြွခြင်းကို ကြိုဆိုနိုင်တာ၊ ငါအရမ်းကို ကောင်းကြီးမင်္ဂလာ ခံစားရတာပဲ။” ဟု ကျွန်မ တွေးမိခဲ့သည်။

စုဝေးပွဲ ဆုံးခါနီးအချိန်တွင်၊ ထိုအစ်မက ကျွန်မတို့ တစ်ယောက် ချင်းစီကို တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် ဆိုသည့် စာအုပ်ကို ပေးခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ စာအုပ်ကို ကျွန်မ လက်နှစ်ဖက်လုံးဖြင့် သေချာစွာ ကိုင်ရင်း၊ ယခင်က ကျွန်မ ဖတ်ခဲ့သည့် စာအုပ်က စိတ်ထဲ ရုတ်တရက် ဝင်လာခဲ့သည်။ ၎င်းမှာ တစ်အုပ်တည်း ဖြစ်နေနိုင်သလား။ ကျွန်မတို့ အိမ်ပြန်ရောက်ပြီးနောက်၊ ကျွန်မ ခင်ပွန်းကို မေးဖို့ ကျွန်မမစောင့်နိုင်ခဲ့ပါ၊ “ဟိုနေ့က ကျွန်မ တွေ့တဲ့ စာအုပ်က- ဒီနေ့ အဲဒီအစ်မပေးတဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်နဲ့ အတူတူပဲလား။” သူကပြုံးပြီး၊ “ဟုတ်တယ်” ဟု ပြောခဲ့သည်။ ထို့နောက် ကျွန်မက အိပ်မက်တစ်ခုမှ ယခုပင် နိုးလာသကဲ့သို့ ခံစားခဲ့ရသည်။ အမှန်မှာမူ ထိုအသံမှာ ဘုရားသခင်ထံမှ ဖြစ်ပါသည်- ၎င်းမှာ ပြန်ကြွလာသည့် သခင်ယေရှု၏ အသံတော်၊ ဘုရားသခင်၏ အသံတော် ဖြစ်လေသည်။ ဤနှုတ်ကပတ်တော်များသည် ကျွန်မကို ယုံကြည်မှု နှင့် ခွန်းအားပေးကာ၊ ပြောင်းလဲစေပြီး၊ ကျွန်မ၏ ဒုက္ခမှ ခေါ်ထုတ်လျက် ကျွန်မအတွက် အလွန်တို့ထိခံရသည်မှာ အံ့အားသင့် စရာ မဟုတ်ပါ။ ထို့နောက် ကျွန်မက မိမိခင်ပွန်းကို “ဘုရားသခင်ရဲ့ အမှုတော်အသစ်ကို အစ်ကိုလက်ခံခဲ့တယ်ဆိုတာကို ကျွန်မကို ဘာလို့ ထိမ်ချန်ထားတာလဲ။” ဟု ပြစ်တင်ကြိမ်းမောင်းခဲ့သည်။ သူက “အဲဒီ အချိန်က ကိုယ်မင်းကို တကယ်ပြောချင်ပါတယ်၊ ဒါပေမဲ့ မင်းမိသားစု ထဲက လူအများစုက ဘာသာရေးအသိုင်းအဝိုင်းမှာ တရားဟောဆရာ တွေလေ၊ ပြီးတော့ သူတို့က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ဆန့်ကျင်ပြီး ပြစ်တင်ရှုတ်ချ ကြတယ်။ ကိုယ်တို့က စစ်မှန်တဲ့ လမ်းခရီးကို စုံစမ်းစစ်ဆေးတာကို သူတို့က တောက်လျှောက် ပိတ်ပင်ဟန့်တားခဲ့တာလေ။ ကိုယ်က အဲဒါကို လုံလောက်အောင် ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ဘဲ၊ မင်းဆွေမျိုးတွေက အဲဒီအကြောင်းကို သိသွားခဲ့ရင်တော့၊ သူတို့က မင်းကို ရုတ်တရက်ကြီးပေါ်လာပြီး စနှောင့်ယှက်ဟန့်တားကြတာ နဲ့တပြိုင်နက်၊ ဒါက မင်းရဲ့ ကယ်တင်ခြင်းရဖို့ အခွင့်ကို ပျက်စီးစေရုံတင် မကဘူး၊ မင်းကို မကောင်းမှုပြုသူ တစ်ယောက်လည်း ဖြစ်စေလိမ့်မယ်။ ဒါ့ကြောင့်ဒါကို ကိုယ်က စုံစမ်းစစ်ဆေးပြီး၊ ရှင်းလင်းပြတ်သားမှု ရပြီးနောက်မှ မင်းကို ပြောဖို့ ဆုံးဖြတ်လိုက်တာ” ဟု သူကပြောသည်။ ဤရှင်းလင်းချက်ကို ကြားခြင်းက ကျွန်မခင်ပွန်းကို ကျွန်မ၏ အထင်လွဲမှု ပပျောက်စေခဲ့ပြီး၊ ကျွန်မအဖို့ ဘုရားသခင်၏ ကယ်တင်ခြင်း အတွက် ပို၍ပင် ကျေးဇူးတင် ခဲ့သည်။ ဤ ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်ကို ကျွန်မ သေချာစွာ ဖတ်ဖို့ သန္နိဌာန်ချခဲ့သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းက ကျွန်မ၏ ခြောက်သွေ့သော စိတ်ဝိညာဉ်ကို အားဖြစ်စေ ခြင်းနှင့် အထောက်အပံ့တို့ကို ဆောင်ကြဉ်းပေးခဲ့သည်။ ကျွန်မက ပြန်ကြွလာသည့် သခင်၏ နှုတ်ကပတ်တော်များကို မိမိနားများဖြင့် ကြားနိုင်ဖို့၊ ဘုရားသခင်၏ ရှေ့တော်မှောက်သို့ ချီမခံရဖို့ သို့မဟုတ် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်တွေ့ရဖို့ ကျွန်မ မည်သည့်အခါမျှ မတွေးခဲ့ပါ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ အတွက် ဘုရားသခင်ကို ကျွန်မက အထူးသဖြင့် ကျေးဇူးတင်ပါသည်။ ဆယ်ရက်ခန့်နောက်ပိုင်းတွင်၊ ကျွန်မ ခင်ပွန်းနှင့် ကျွန်မတို့က ကျွန်မတို့ အသင်းတော်ရှိ အခြားသော ညီအစ်ကိုမောင်နှမများကို သခင့်ကို စစ်မှန်သော ယုံကြည်မှုဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ မျက်မှောက်တော်ထဲသို့ ဆောင်ကြဉ်းရန်အတွက် ဧဝံဂေလိဖြန့်သည့် ညီအစ်မများဖြင့် အတူ အလုပ်လုပ်ခဲ့ပါသည်။

အရှေ့သို့- ၁၂။ သုံးပါးတစ်ဆူ ပဟေဠိ ထုတ်ဖော်ပြခံရသည်

နောက်တစ်ခုသို့- ၁၄။ သခင်သည် အရှေ့တိုင်းတွင် ပေါ်ထွန်းခဲ့ပြီ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။