၇၇။ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုသည့် အမြင်သည် မှန်ကန်သလား

ပေကျီမင်၊ တရုတ်ပြည်

၂၀၁၇ အစောပိုင်းတုန်းက ကျွန်မရဲ့ အိမ်နီးချင်း လီလန်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိတရားကို ကျွန်မဆီ သက်သေခံခဲ့တယ်။ အချိန်အတိုင်းအတာတစ်ခုထိ စုံစမ်းလေ့လာပြီးနောက်မှာ ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ အတည်ပြုနိုင်ခဲ့ပြီး သမ္မာတရားတချို့ကို နားလည်လာတယ်။ အထူးသဖြင့် နောက်ဆုံးသော ကာလ လူဇာတိခံယူထားသော ဘုရားသခင်က လူတွေရဲ့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွေကို သန့်စင်ဖို့ အလုပ်လုပ်တယ်၊ လူတွေက သမ္မာတရားကို အမှန်တကယ် လိုက်စားသရွေ့ ကယ်တင်ခံရပြီး ထာဝရအသက် ရနိုင်တယ်ဆိုတာ တွေ့ရတော့ ကျွန်မ တကယ် ပျော်ပြီး စိတ်လှုပ်ရှားခဲ့ရတယ်။ ဒါဟာ ငွေ၊ ပစ္စည်းဥစ္စာတွေနဲ့ ဝယ်လို့မရဘူးဆိုတာ သိလိုက်ရတော့ လီလန့်ကို စိတ်နှလုံးအကြွင်းမဲ့ ကျေးဇူးတင်ခဲ့မိတယ်။ နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ စလက်ခံတုန်းက ခင်ပွန်းသည်ရဲ့ နှိပ်စက်တာ ခံရလို့ စုဝေးဖို့ ဘောင်ခတ်ခံခဲ့ရတာကို မှတ်မိသေးတယ်။ အဲဒီတုန်းက ကျွန်မရဲ့ အခြေအနေက အရမ်း အပျက်သဘောဆောင်နေခဲ့တာ။ ကျွန်မ လဲပြိုမသွားအောင် တစ်ကြိမ်ပြီးတစ်ကြိမ် ကူညီပြီး ထောက်မပေးခဲ့တာ လီလန်ရဲ့ မေတ္တာနဲ့ စိတ်ရှည်မှုပေါ့။ တဖြည်းဖြည်းနဲ့ ကျွန်မ သမ္မာတရားတချို့ကို နားလည်လာပြီး ယုံကြည်ခြင်း ရလာတယ်။ ကျွန်မ ခင်ပွန်းသည်ရဲ့ ဘောင်ခတ်တာ မခံရတော့ဘဲ ပုံမှန် စုဝေးပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်နိုင်ခဲ့တယ်။ ကျွန်မ ကိုယ့်တာဝန်တွေကို သွားထမ်းဆောင်တဲ့အခါ လီလန်က ကလေးတွေကို ဝိုင်းထိန်းပေးတယ်၊ အိမ်မှုကိစ္စတွေ ကူလုပ်ပေးတယ်။ ကျွန်မ ခဏခဏ တွေးမိတယ်၊ “ငါ ဘုရားသခင်ကို ယုံကြည်နိုင်တာ၊ ခင်ပွန်းသည်ရဲ့ ဘောင်ခတ်တာမခံရဘဲ သက်သောင့်သက်သာ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နိုင်တာတွေက လီလန့်အကူအညီကြောင့်ပဲ။ လီလန်က ငါ့ရဲ့ ကျေးဇူးရှင်ကြီးပဲ၊ သူက ငါ ဘယ်တော့မှ မေ့လို့မရတဲ့လူပဲ။ နောင်ကျရင် သူ့ကို ကျေးဇူးပြန်ဆပ်ဖို့ အခွင့်အရေးရှာမှ ဖြစ်မယ်” လို့ပေါ့။

၂၀၂၁၊ အောက်တိုဘာလက တစ်ရက်မှာ ခေါင်းဆောင်က ကျွန်မကို ပြောလာတယ်။ “လီလန်က စုဝေးပွဲတွေမှာ အိမ်တွင်းရေးတွေပဲ ပြောနေတော့ ညီအစ်ကိုမောင်နှမတွေကို အနှောင့်အယှက်ပေးပြီး ဘုရားနှုတ်ကပတ်တော်တွေကို နှလုံးသွင်း မိတ်သဟာယပြုဖို့ အာရုံမစိုက်နိုင်ကြဘူး။ ကျွန်မတို့ သူနဲ့ မိတ်သဟာယပြုပြီး သူ့အပြုအမူကို ထောက်ပြတာ အကြိမ်ကြိမ်ရှိပြီ။ သူက ပါးစပ်နဲ့တော့ လက်ခံပါတယ်။ ဒါပေမဲ့ နောက်စုဝေးပွဲတစ်ခုကို ပြန်လာတာနဲ့ သူ ဒီအတိုင်းပဲ ထပ်လုပ်တာပဲ။ မယုံကြည်သူတစ်ယောက်အနေနဲ့ သူ့ရဲ့ အပြုအမူက တော်တော်ဆိုးရွားနေပြီ။ နောက်ပြီး အသင်းတော်က ညီအစ်ကိုမောင်နှမတွေဆီကနေ သူ့အကြောင်း အကဲဖြတ်ချက်တွေ ကောက်ယူနေတယ်။ အစ်မတို့အိမ်က နီးပြီး သူနဲ့ ဆက်ဆံလာတာ နှစ်တွေကြာပြီဆိုတော့ သူ့အကြောင်း အကဲဖြတ်ချက်တစ်ခုလောက် ရေးပေးပါ” တဲ့။ ခေါင်းဆောင် ဒီလိုပြောတာကြားတော့ ကျွန်မ ရင်ခံသွားတယ်။ လီလန့်အခြေအနေကို ကျွန်မ ကောင်းကောင်းသိတာပေါ့။ ကျွန်မတို့အိမ်တွေက နီးတော့ သူ ကျွန်မအိမ်ကို ခဏခဏ လာလည်တယ်။ ကျွန်မတို့ ဘုရားနှုတ်ကပတ်တော် ဖတ်ပြီး ကိုယ့်အခြေအနေတွေကို အတူတူ မိတ်သဟာယပြုတဲ့အခါ သူ့စိတ်က နှုတ်ကပတ်တော်ပေါ်မှာ လုံးဝ မရှိဘဲ အသေးအဖွဲ အိမ်တွင်းရေးကိစ္စတွေပဲ ခဏခဏ ပြောနေတာ။ ခဏနေ သူ့ယောကျ်ားက သူ့ကို ဂရုမစိုက်ကြောင်း ပြောလိုက်၊ နောက်တစ်ခါကျ သူ့သားက စကားနားမထောင်ကြောင်း ပြောလိုက်နဲ့လေ။ ဘုရားသခင်ဆီကနေ ခံယူဖို့၊ သင်ခန်းစာယူရအောင် သမ္မာတရားကို ရှာဖွေဖို့ ကျွန်မ သူ့ကို မိတ်သဟာယပြုပေးပေမဲ့ သူက ဒါတွေကို လုံးဝ ဂရုမစိုက်ဘူး။ ကျွန်မတို့ ပြန်တွေ့တဲ့အခါ သူက အဲဒီအကြောင်းတွေပဲ ပြောနေတုန်းဆိုတော့ ကျွန်မ တကယ် စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ ဒါ့အပြင် သူက သူ့တာဝန်တွေမှာ ဘယ်တော့မှ စိတ်မနှစ်ဘူး။ အထွေထွေအလုပ်က သူ့အလုပ်မှာဆို အမြဲတမ်း ပေါ့ဆတယ်။ သူ့တာဝန်တွေကို ထမ်းဆောင်တာနဲ့ပတ်သက်ပြီး သူ့ကို ကျွန်မ အကြိမ်ကြိမ် ပြုပြင်ပေးပြီး ဖော်ထုတ်ခဲ့ပေမဲ့ သူက ပါးစပ်နဲ့ပဲ လက်ခံပြီးတော့ ဒီအတိုင်းပဲ ဆက်လုပ်နေတာပဲ။ အခုဆို သူက ညီအစ်ကိုမောင်နှမတွေကိုပါ နှောင့်ယှက်နေတော့ သူတို့ ငြိမ်ငြိမ်သက်သက် မစုဝေးနိုင်ကြဘူး။ အကြိမ်ကြိမ် ထောက်ပြပြီး ကူညီပေးပေမဲ့ ဒီအကြံဉာဏ်ကို သူ လက်မခံနိုင်သေးဘူး။ လီလန်က သမ္မာတရားကို လုံးဝ လက်မခံဘဲ အသင်းတော် အသက်တာကို အမြဲတမ်း အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေတယ်ဆိုတာ ကျွန်မ မြင်တယ်။ သူ အသင်းတော်မှာ နေဖို့ မသင့်တော်တော့ဘူးဆိုတာ ရှင်းနေတာပဲ။ ဒါပေမဲ့ သူ့အပြုအမူကို ကျွန်မ ဖော်ထုတ်လိုက်ရင် လီလန်က မယုံကြည်သူတစ်ယောက်အနေနဲ့ ရှင်းလင်းပစ်ခံရမှာဖြစ်ပြီး ဒီအတွေးကြောင့် ကျွန်မ အရမ်း စိတ်မကောင်းဖြစ်ရတယ်။ နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ လက်ခံနိုင်ခဲ့တာ၊ သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခံရခွင့် ရတာတွေအားလုံးက လီလန် ဧဝံဂေလိဟောပေးလို့ပဲဆိုတဲ့ အချက်ကို ကျွန်မ ပြန်စဉ်းစားမိတယ်။ ကျွန်မ အပျက်သဘောဆောင်ပြီး အားနည်းနေတဲ့အချိန်တွေမှာ ကျွန်မကို အမြဲတမ်း ကူညီပြီး ထောက်မပေးခဲ့တာ လီလန်ပဲလေ။ ဒါ့အပြင် ကျွန်မ အပြင်ထွက်ပြီး ကိုယ့်တာဝန်တွေကို သွားထမ်းဆောင်တဲ့အခါ လီလန်က ခဏခဏဆိုသလို ကလေးတွေကို ဝိုင်းထိန်းပေးပြီး အိမ်မှုကိစ္စတွေကို ကူလုပ်ပေးခဲ့တာ။ “ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်” ဆိုရိုးစကားလိုပဲပေါ့။ ပြီးတော့ လီလန်က ကျွန်မကို အများကြီး ကူညီပေးခဲ့တာ။ သူ့ရဲ့ မယုံကြည်သူအပြုအမူကို ကျွန်မ ဖော်ထုတ်လိုက်ရင် ကျွန်မက အသိစိတ် ကင်းမဲ့ရာ မကျဘူးလား။ ဒါကို တွေးမိပြီးတော့ ခေါင်းဆောင်ကို ကျွန်မ ပါးပါးနပ်နပ်ပဲ ပြောလိုက်တယ်။ “လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း လီလန်နဲ့ ကျွန်မ အတူတူ မစုဝေးဖြစ်တော့ သူ့အကြောင်း သိပ်မသိပါဘူး” လို့ပေါ့။ ကျွန်မလည်း လီလန်ဘက်ကနေ ကာကွယ်ပြောပေးလိုက်သေးတယ်။ “လီလန်က စိတ်အားထက်သန်ပါတယ်။ သူ့မိသားစုက နှိပ်စက်ပေမဲ့ သူက သူ့တာဝန်တွေကို ထမ်းဆောင်ချင်စိတ် တကယ်ရှိတာပါ” ဆိုပြီးတော့လေ။ ခေါင်းဆောင်က ပြောတယ်။ “လီလန်နဲ့ နှစ်ခါလောက်ပဲ ဆက်ဆံဖူးတဲ့ ညီအစ်မတစ်ယောက်တောင် သူက အသင်းတော်အသက်တာကို နှောင့်ယှက်နေတယ်ဆိုတာ တွေ့ပြီး သူ့အပေါ် ခွဲခြားသိမြင်မှု ရှိတယ်။ ယုတ္တိရှိရှိပြောရရင် အစ်မက သူ့အကြောင်း ပိုသိသင့်တာပေါ့၊ အစ်မက သူ့အပေါ် ပိုင်းခြားသိမြင်မှု တကယ်ပဲ မရှိဘူးလား” တဲ့။ ကျွန်မ လိမ်ပြောတာ ပေါ်သွားပြီဆိုတာ သိလိုက်ရတော့ နည်းနည်း ရှက်သလို ခံစားရပေမဲ့ လီလန်က ကျွန်မအပေါ် ဘယ်လောက်ကောင်းခဲ့သလဲ ဆိုတာကို တွေးမိတော့ သူ့အကြောင်း အကဲဖြတ်ချက် မရေးပေးချင်သေးဘူး။ ခေါင်းဆောင် ပြန်သွားပြီးနောက်မှာ ကျွန်မ ရင်ထဲမှာ ကျောက်တုံးကြီး ဖိထားသလို နေမထိထိုင်မသာ ခံစားရတယ်။ တစ်ရက်မှာ ကျွန်မသမီးက စုဝေးပွဲကနေ ပြန်လာပြီး ကျွန်မကို ပြောတယ်။ “စုဝေးပွဲလုပ်တုန်း လီလန်က အိမ်တွင်းရေးကိစ္စတွေပဲ ပြောနေတုန်းဆိုတော့ သမီးတို့ ကောင်းကောင်းမွန်မွန် စုဝေးဖို့ မဖြစ်နိုင်တော့ဘူး။ ညီအစ်ကိုမောင်နှမတွေက သူ့ကို မိတ်သဟာယပြုပေးပြီး အကြိမ်ကြိမ် ဖော်ထုတ်ပေမဲ့ သူက မပြောင်းလဲသေးဘူး။ လူတိုင်းက သူနဲ့ အတူတူ မစုဝေးချင်ကြတော့ဘူးလို့ ပြောနေကြတယ်” တဲ့။ သမီးပြောတာ ကြားတော့ လီလန်က အသင်းတော်အသက်တာကို နှောင့်ယှက်နေတုန်းပဲဆိုတာ ကျွန်မ သိလိုက်ရပြီး တကယ် အပြစ်ရှိသလို ခံစားလိုက်ရတယ်။ တွေးမိတာက၊ “လီလန်ရဲ့ အပြုအမူကို ငါသာ ဖော်ထုတ်လိုက်ရင် လီလန်က အသင်းတော်ကနေ စောစောစီးစီး ရှင်းလင်းပစ်ခံရနိုင်ပြီး ညီအစ်ကိုမောင်နှမတွေ အနှောင့်အယှက် ခံရတာ နည်းသွားမယ်။ ဒါပေမဲ့ သူ့အကြောင်း ခေါင်းဆောင်ကို ငါ တိုင်လိုက်ရင် သူသိသွားတဲ့အခါ ငါ့ကို ကျေးဇူးမသိတတ်ဘူး၊ အသိစိတ်မရှိဘူးလို့ စွပ်စွဲမလား။ ငါ သူ့မျက်နှာကို ဘယ်လိုကြည့်ရမလဲ” လို့ပေါ့။ ဒီအတွေးတွေနဲ့ ကျွန်မ တော်တော် ဗျာများနေခဲ့ပြီးတော့ နောက်ဆုံးမှာ လီလန်အကြောင်း အကဲဖြတ်ချက်ကို ကျွန်မ မပေးဖြစ်ခဲ့ဘူး။

ခဏကြာတော့ ဖယ်ရှားရေးအလုပ် လုပ်နေတဲ့ ညီအစ်မတစ်ယောက်က ကျွန်မတို့နဲ့ လာစုဝေးပြီး ကျွန်မကို လီလန်အကြောင်း သိလားလို့ ရုတ်တရက် မေးပါလေရော။ ကျွန်မ ရင်ထိတ်သွားပြီး တွေးမိတယ်။ “ဒီညီအစ်မက ဘာလို့ လီလန်အကြောင်း ရုတ်တရက် မေးတာလဲ။ ငါ ဘယ်လို ပြန်ဖြေရမလဲ။ သူ့အကြောင်း ငါသိတယ်လို့ ပြောလိုက်ရင် ညီအစ်မက လီလန်ရဲ့ အပြုအမူအကြောင်း အသေးစိတ် ဆက်မေးတော့မှာ။ ပြီးတော့ ငါသာ အမှန်အတိုင်း ပြောလိုက်ရင် လီလန်က ရှင်းလင်းပစ်ခံရဖို့ အရမ်းများတယ်။ ငါ မသိပါဘူးလို့ ပြောလိုက်လို့တော့ ရတယ်။ ဒါပေမဲ့ ငါ တစ်ခါ လိမ်ပြောပြီးပြီ။ ထပ်လိမ်ပြောရင် ငါက တကယ်ကို မျက်နှာပြောင်တိုက်ပြီး လိမ်တဲ့လူ ဖြစ်မသွားဘူးလား” လို့ပေါ့။ ကျွန်မ တော်တော် ဗျာများနေတော့ ဘုရားသခင်ဆီကို အရေးတကြီး ဆုတောင်းလိုက်တယ်။ “ဘုရားသခင်။ ဒီညီအစ်မ မေးတဲ့မေးခွန်းက ကိုယ်တော် ခွင့်ပြုလို့ ဖြစ်ရမယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သမီးကို ခွန်အားပေးသနားတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ပြန်သတိရတယ်။ “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို စောင့်ထိန်းမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့။ သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ ခံစားချက်များကို ဘေးဖယ်ကာ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းဖို့အတွက် လုပ်ဆောင်ခွင့် သင် ပေးနိုင်သလော။ အရေးပါသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ပူဇော်ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုတော်ကို လိုက်လျှောက်သောသူတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မကြာခဏ မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားသခင်ရဲ့ မေးခွန်းတိုင်းက ကျွန်မရဲ့ နှလုံးသားကို ဆူးနဲ့ထိုးသလို ခံစားရစေတယ်။ ကျွန်မက သူ့ရဲ့ ဝန်တာကို အလေးထားပြီး အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့၊ အသင်းတော်အသက်တာကို နှောင့်ယှက်မှု ဖြစ်စေတဲ့ ဘယ်သူ့ကိုမဆို ချက်ချင်း ဖော်ထုတ်ပြီး တိုင်ကြားဖို့ ဘုရားသခင်က မျှော်လင့်တယ်။ ကျွန်မက လီလန်နဲ့ ခဏခဏ ထိတွေ့ဆက်ဆံဖူးပြီး သူ့လုပ်ရပ်တွေကို အရမ်း ရှင်းရှင်းလင်းလင်း သိတာကိုး။ သူက သမ္မာတရားကို လက်ခံဖို့ တစ်လျှောက်လုံး ငြင်းဆန်ခဲ့ပြီး စုဝေးပွဲတွေမှာဆို အိမ်တွင်းရေးကိစ္စတွေ ပြောပြီးတော့ လူတွေ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ငြိမ်ငြိမ်သက်သက် စားသောက်တာကို နှောင့်ယှက်တယ်။ အကြိမ်ကြိမ် မိတ်သဟာယပြုပြီး ပြုပြင်ပေးပေမဲ့ သူ နောင်တမရသေးဘူး။ ဒါက အသင်းတော်အသက်တာကို ဆိုးဆိုးရွားရွား နှောင့်ယှက်နေတာပဲ။ အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ကျွန်မ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်တယ်။ ကျွန်မ နားလည်ထားတဲ့ အခြေအနေ အသေးစိတ်ကို အမှန်အတိုင်း ပြောပြပြီး လီလန့်ကို အသင်းတော်ကနေ အချိန်မီ ဖယ်ရှားနိုင်အောင် လုပ်ဆောင်သင့်တယ်။ ဒါမှ ညီအစ်ကိုမောင်နှမတွေ အသင်းတော်အသက်တာကို ငြိမ်ငြိမ်သက်သက် ရှင်သန်နိုင်မှာ။ ဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ သူ့ရဲ့ ဝန်တာကို အလေးထားရာ ရောက်မှာ။ ဒါကြောင့် လီလန်ရဲ့ တစ်လျှောက်လုံး အပြုအမူအကြောင်း ညီအစ်မကို ကျွန်မ အမှန်အတိုင်း ပြောပြလိုက်တယ်။ ညီအစ်မက ကျွန်မပြောသမျှ အသေးစိတ် တစ်ချက်ချင်းစီကို ချရေးမှတ်တယ်။ ဒါတွေ ပြောပြပြီးနောက်မှာ ကျွန်မ စိတ်ထဲ ငြိမ်းချမ်းပြီး သက်သာရာရသွားတယ်။ မကြာခင်မှာပဲ လီလန်က အသင်းတော်ကနေ ရှင်းလင်းပစ်ခံရပြီး ညီအစ်ကိုမောင်နှမတွေလည်း စုဝေးပွဲတွေမှာ အနှောင့်အယှက် မခံရတော့ဘူး။

ဒါပေမဲ့ ဒီကိစ္စ ပြီးသွားတော့ ကျွန်မ လီလန့်အပေါ် အကြွေးတင်သလို ခံစားနေရတုန်းပဲ။ နောက်ပိုင်း ဒီအကြောင်းကို ညီအစ်မတစ်ယောက်ဆီ ပြောပြတော့ သူက ကျွန်မကို မိတ်သဟာယပြုပေးတယ်။ “အစ်မက လီလန့်အပေါ် အမြဲတမ်း အကြွေးတင်သလို ခံစားနေရတာက အဓိကကတော့ တစ်လုတ်စားဖူး သူ့ကျေးဇူး ဆိုတဲ့ အမြင်ရဲ့ လွှမ်းမိုးမှုကြောင့်ပဲ” တဲ့။ ညီအစ်မက ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မဆီ ပို့ပေးတယ်။ “‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည့် အယူအဆသည် တရုတ်ရိုးရာယဉ်ကျေးမှုတွင် လူတစ်ယောက်က ကိုယ်ကျင့်တရားရှိသည်၊ မရှိသည်ကို အကဲဖြတ်သည့် အကောင်းဆုံးသော စံသတ်မှတ်ချက်တစ်ခုဖြစ်သည်။ လူတစ်ယောက်က ကောင်းသော၊ သို့မဟုတ် ဆိုးသော လူ့သဘာဝရှိသလော၊ မွန်မြတ်ခြင်းရှိမရှိ ဆိုသည်ကို အကဲဖြတ်သောအခါ စံအမှတ်တစ်ခုမှာ သူရရှိသော အခွင့်အရေး၊ သို့မဟုတ် အကူအညီကို ပြန်လည်ပေးဆပ်ခြင်းရှိမရှိ၊ ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည်ကို ကျင့်သုံးသောသူဟုတ်မဟုတ်ဟူ၍ ဖြစ်သည်။ တရုတ်ရိုးရာယဉ်ကျေးမှုအတွင်းတွင်၊ ဧကန်အမှန် လူသားရိုးရာယဉ်ကျေးမှုတစ်ခုလုံးအတွင်းတွင် လူတို့သည် ဤအရာကို သူတော်ကောင်းတရား၏ အရေးကြီးသောအတိုင်းအတာအဖြစ် မှတ်ယူကြသည်။ လူတစ်ယောက်က ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည်ကို မကျင့်သုံးလျှင် ထိုသူသည် ကျေးဇူးမသိတတ်သူဖြစ်ပြီး အသိစိတ်ကင်းမဲ့ကာ ပေါင်းသင်းဆက်ဆံရန် မထိုက်တန်ဟု ယူဆကြသည်။ ၎င်းတို့ကို အားလုံးက အထင်အမြင်သေးသည်။ ပစ်ပယ်သည်၊ သို့မဟုတ် ငြင်းဆန်ကြသည်။ အခြားတစ်ဖက်တွင် လူတစ်ယောက်က ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည်ကို ကျင့်သုံးလျှင်၊ ထိုသူသည် ကျေးဇူးသိတတ်ပြီး တတ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် အခွင့်အရေးနှင့် အကူအညီကို ပြန်ပေးလျှင် ထိုသူကို အသိစိတ်နှင့် လူ့သဘာဝရှိသည့်သူအဖြစ် မှတ်ယူသည်။ တစ်စုံတစ်ယောက်က အခြားလူတစ်ယောက်ထံမှ အကျိုးအမြတ်၊ သို့မဟုတ် အကူအညီတစ်ခုကို လက်ခံရရှိသော်လည်း ပြန်လည်မပေးဆပ်လျှင်၊ သို့မဟုတ် ရိုးရှင်းသည့် ‘ကျေးဇူးတင်ပါတယ်။’ ဟူသည့်စကားဖြင့် အနည်းငယ် ကျေးဇူးသိတတ်မှုကို ဖော်ပြပြီး ထို့ထက် မည်သည့်အရာမျှမပိုလျှင် အခြားလူက မည်သို့ ထင်မည်နည်း။ စိတ်အနှောင့်အယှက် ဖြစ်ကောင်းဖြစ်မည်လော။ ထိုသူက ‘ဒီလူက ကူညီပေးဖို့ မတန်ဘူး။ လူကောင်းမဟုတ်ဘူး။ ငါက သူ့ကို အများကြီးကူညီပြီး သူက ဒီလိုတုံ့ပြန်တာဆိုရင် သူက အသိတရား၊ ဒါမှမဟုတ် လူ့သဘာဝမရှိဘူး။ ပေါင်းဖို့ မတန်ဘူး’ ဟူ၍ စဉ်းစားကောင်း စဉ်းစားမည်လော။ ထိုသူသည် ဤသို့သောလူစားမျိုးနှင့် တဖန် ကြုံတွေ့လျှင် ထိုသူကို ကူညီဦးမည်လော။ အနည်းဆုံးအနေဖြင့် ကူညီလိုစိတ်ရှိမည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇))ရှေးခေတ်မှ မျက်မှောက်ခေတ်အထိ မရေမတွက်နိုင်သည့် လူတို့သည် ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ခြင်းနှင့် စပ်လျဉ်းသည့် ဤအယူအဆ၊ အမြင်နှင့် စံသတ်မှတ်ချက်တို့၏ လွှမ်းမိုးခြင်းကို ခံကြရပြီးဖြစ်သည်။ ၎င်းတို့အပေါ် ကြင်နာမှုပေးသည့် လူသည် ဆိုးယုတ်သည့်၊ သို့မဟုတ် မကောင်းသည့် လူတစ်ဦး ဖြစ်နေကာ ယုတ်ညံ့သည့် လုပ်ရပ်များနှင့် မကောင်းသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် ၎င်းတို့ကို အတင်းအကျပ်ခိုင်းသည့် အချိန်တွင်ပင် ၎င်းတို့သည် ထိုသူတို့၏ ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ရန်အလို့ငှာ မိမိတို့ ကိုယ်ပိုင် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်၍ ဆိုးရွားသော အကျိုးဆက်များစွာဖြင့် မျက်စိစုံမှိတ် လိုက်လျောဆဲပင် ဖြစ်သည်။ လူများစွာတို့သည် အကျင့်စာရိတ္တဆိုင်ရာ ဤစံသတ်မှတ်ချက်၏ လွှမ်းမိုးခြင်း၊ ချုပ်ချယ်ခြင်း၊ ဘောင်ခတ်ခြင်း၊ ချည်နှောင်ခြင်းတို့ ခံထားရသည်ဖြစ်ရာ ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ခြင်းဟူသည့် ဤအမြင်ကို မျက်စိစုံမှိတ်လျက် လွဲမှားစွာ ထိန်းသိမ်းကြပြီး ဆိုးယုတ်သည့် လူများကိုပင် အထောက်အကူပြုကာ အားပေးကူညီမည့် အလားအလာရှိပေသည်။ ယခု သင်တို့သည် ငါ၏ မိတ်သဟာယကို နာယူပြီးကြပြီဖြစ်သဖြင့် ဤအခြေအနေကို ရှင်းလင်းစွာ မြင်ကာ ဤသည်မှာ မိုက်မဲသည့် သစ္စာစောင့်သိမှု ဖြစ်ကြောင်း၊ ဤအပြုအမူသည် မည်သည့် အကန့်အသတ်မျှ ချမှတ်ခြင်းမရှိဘဲ ကျင့်ကြံပြုမူခြင်း၊ မည်သည့် ချင့်ချိန်နိုင်စွမ်းမရှိဘဲ မဆင်မခြင် ကျေးဇူးဆပ်ခြင်းအဖြစ် ယူဆရကြောင်းနှင့် ယင်းသည် အဓိပ္ပာယ်နှင့် တန်ဖိုး ကင်းမဲ့ကြောင်းတို့ကို သင်တို့ ချင့်ချိန်ဆုံးဖြတ်နိုင်ကြပေပြီ။ လူတို့သည် အများအမြင်တွင် ပြင်းထန်စွာ ဝေဖန်ခံရမည်၊ သို့မဟုတ် အခြားသူများ၏ ရှုတ်ချခြင်း ခံရမည်ကို ကြောက်ရွံ့သောကြောင့် အခြားသူများ၏ ကြင်နာမှုကို ပြန်ဆပ်ရာတွင် မိမိတို့၏ ဘဝကို အင်တင်တင်ဖြင့် ပေးအပ်မြှုပ်နှံကြပြီး ထိုဖြစ်စဉ်၌ မိမိတို့၏ အသက်ကိုပင် စတေးခံကြလေသည်။ ယင်းမှာ အဓိပ္ပာယ်မဲ့ပြီး မိုက်မဲသော လုပ်ဆောင်ပုံလုပ်ဆောင်နည်း ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုမှ လာသည့် ဤဆိုရိုးသည် လူတို့၏ အတွေးကို ချုပ်ချယ်သည်သာမက ၎င်းတို့၏ ဘဝအပေါ် မလိုအပ်သော ပူပန်သောကနှင့် အဆင်မပြေမှုကိုလည်း ကျရောက်စေကာ နောက်ထပ်ဆင်းရဲဒုက္ခနှင့် ဝန်ထုပ်ဝန်ပိုးများဖြင့် ၎င်းတို့၏ မိသားစုကိုလည်း ဝန်ပိအောင် လုပ်ထားသည်။ လူများစွာတို့သည် လက်ခံရရှိသည့် ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ရန်အလို့ငှာ ကြီးမားသည့် အဖိုးအခများကို ပေးကြပြီးဖြစ်သည်။ ၎င်းတို့က ကြင်နာမှုအား ပြန်ကျေးဇူးဆပ်ပေးခြင်းကို လူမှုရေး တာဝန်တစ်ခု သို့မဟုတ် မိမိတို့ကိုယ်ပိုင် တာဝန်တစ်ခုအဖြစ် ရှုမြင်ကြပြီး အခြားသူများ၏ ကြင်နာမှုကို ပြန်ဆပ်ရင်း မိမိတို့ ဘဝတစ်ခုလုံးကိုပင် ဖြုန်းပစ်ကောင်း ဖြုန်းပစ်နိုင်ကြလေသည်။ ဤအရာသည် လုပ်ဆောင်ရန် လုံးဝ သဘာဝကျပြီး တရားသောအရာ ဖြစ်သည်၊ ခေါင်းရှောင်၍ မရနိုင်သည့် တာဝန်တစ်ခုဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤရှုထောင့်အမြင်နှင့် လုပ်ဆောင်ပုံလုပ်ဆောင်နည်းသည် မိုက်မဲပြီး အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ထိုအရာက လူတို့ မည်မျှ မသိနားမလည်ဖြစ်ကာ ဉာဏ်အလင်းကွယ်ကြသည်ကို လုံးဝ ထုတ်ဖော်ပြပေသည်။ မည်သို့ပင်ဖြစ်စေ ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သော ဆိုရိုးဖြစ်သည့် ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဟူသည်မှာ လူတို့၏ အယူအဆများနှင့် ကိုက်ညီကောင်း ကိုက်ညီနိုင်သော်လည်း သမ္မာတရား စည်းမျဉ်းများနှင့်ကား ကိုက်ညီခြင်း မရှိပေ။ ဘုရားနှုတ်ကပတ်တော်များနှင့် သဟဇာတမဖြစ်သည့်အပြင် မမှန်ကန်သည့် အမြင်နှင့် လုပ်ဆောင်ပုံလုပ်ဆောင်နည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတာက လီလန်ရဲ့ အပြုအမူ အသေးစိတ်ကို ကျွန်မ ပြောပြဖို့ အင်တင်တင်ဖြစ်နေတာက ကျေးဇူးသိတတ်ပြီး ကြင်နာမှုကို ပြန်ပေးဆပ်ရမယ်ဆိုတဲ့ အမြင်ရဲ့ ချည်နှောင်မှုနဲ့ ဘောင်ခတ်မှုတွေကြောင့်ဆိုတာပါပဲ။ ငယ်ငယ်ကတည်းက ကျေးဇူးသိတတ်ဖို့နဲ့ ကြင်နာမှုကို ပြန်ပေးဆပ်ဖို့ မိဘတွေက ကျွန်မကို ခဏခဏ သင်ပေးခဲ့တာ။ ကျွန်မလည်း တစ်ယောက်ယောက်က ကျွန်မကို ကျေးဇူးပြုရင် သူတို့ကို ပြန်ပေးဆပ်ဖို့ နည်းလမ်းရှာရမယ်၊ ဒါကို မလုပ်နိုင်ရင် လူတွေက ကျွန်မကွယ်ရာမှာ အပြစ်ပြောပြီး ကျေးဇူးကန်းတဲ့သူလို့ ခေါ်ကြလိမ့်မယ်လို့ ကျွန်မ ယုံကြည်လာခဲ့တယ်။ ဒါကြောင့် ကျေးဇူးသိတတ်တာနဲ့ ကြင်နာမှုကို ပြန်ပေးဆပ်တာကို ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းတစ်ခုအဖြစ် ကျွန်မ ခံယူခဲ့တယ်။ ကျွန်မက လောကထဲမှာ ဒီသဘောထားကို ခံယူကျင့်သုံးပြီး ကျွန်မအပေါ် ကောင်းတဲ့သူ ဘယ်သူ့ကိုမဆို နှစ်ဆပြန်ပေးဆပ်တယ်။ အိမ်နီးချင်းတွေကလည်း ကျွန်မနဲ့ ဆက်ဆံရတာ နှစ်သက်ကြတယ်။ ဒါက ဒီလိုပြုမူတာဟာ ကျွန်မကို အသိစိတ်နဲ့ လူ့သဘာဝရှိတဲ့လူ ဖြစ်စေတယ်လို့ ပိုပြီး ယုံကြည်စေခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်လာပြီးနောက်မှာ ကျွန်မက ဒီရိုးရာအယူအဆတွေနဲ့ အသက်ရှင်နေတုန်းပဲ။ လီလန်က ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိတရားကို ကျွန်မဆီ သက်သေခံပေးခဲ့လို့၊ ကျွန်မ အားနည်းပြီး အပျက်သဘောဆောင်နေချိန်မှာ ထောက်မပေးပြီး ကူညီခဲ့လို့၊ ပြီးတော့ ကလေးတွေကို ဝိုင်းထိန်းပေးပြီး အိမ်မှုကိစ္စတွေကို ကူလုပ်ပေးခဲ့လို့ ကျွန်မ လီလန့်ကို တကယ် ကျေးဇူးတင်ခဲ့တယ်။ အခုချိန်ထိ တာဝန်တွေကို ပုံမှန် ထမ်းဆောင်နိုင်ခဲ့တာက လီလန်ရဲ့ မိတ်သဟာယနဲ့ အကူအညီကြောင့်လို့ ကျွန်မ ထင်ခဲ့တယ်။ သူက ကျွန်မ ဘယ်တော့မှ မေ့လို့မရတဲ့လူပဲလို့ ထင်ခဲ့တယ်။ တကယ်တော့ လီလန်နဲ့ ပုံမှန် ဆက်ဆံရင်းနဲ့ သူက လူတွေနဲ့ ဖြစ်ရပ်တွေအပေါ်မှာပဲ အမြဲ အာရုံစိုက်နေတာ၊ အမှုအရာတွေကို ဘုရားသခင်ဆီကနေ မခံယူတာ၊ သင်ခန်းစာ လုံးဝ မယူတာ၊ ပြီးတော့ သူ့တာဝန်တွေမှာ စိတ်မပါတာတွေကို ကျွန်မ သတိထားမိပြီးသားပါ။ သူနဲ့အတူ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်တဲ့အခါ သူက အသေးအဖွဲ အိမ်တွင်းရေးကိစ္စတွေပဲ ပြောနေတော့ လူတိုင်း စိတ်ဒုက္ခရောက်ပြီး အာရုံထွေပြားကုန်ကြတယ်။ သူ့အပြုအမူက သူဟာ မယုံကြည်သူတစ်ယောက်ဖြစ်မှန်း ပြနေပြီး စည်းမျဉ်းတွေအရဆိုရင် သူ့ကို ရှင်းလင်းပစ်ရမှာ။ လီလန်ရဲ့ အပြုအမူကို ခေါင်းဆောင်တွေဆီ ချက်ချင်း တင်ပြပြီး သူ့ကို အသင်းတော်ကနေ ရှင်းလင်းပစ်ခိုင်းသင့်တာ။ ဒါပေမဲ့ လီလန်ရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်ဖို့နဲ့ ကျေးဇူးမသိတတ်ဘူးလို့ အပြောမခံရအောင်လို့ သူ့အပြုအမူကို မတင်ပြခဲ့တဲ့အပြင် သူ့ကို အသင်းတော်မှာ ဆက်ရှိနေစေချင်ပြီး ကာကွယ်ပေးပြီး အလိုလိုက်ခဲ့တယ်။ ကျွန်မက မယုံကြည်သူတစ်ယောက်ကို ကာကွယ်ပေးနေတာ မဟုတ်ဘူးလား။ ကျွန်မက မကောင်းမှုလုပ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်နေတာပဲ။ အသင်းတော်ဆိုတာ ဘုရားသခင် ရွေးချယ်ထားတဲ့လူတွေက ကိုယ်တော့်ကို ကိုးကွယ်တဲ့နေရာ၊ ညီအစ်ကိုမောင်နှမတွေ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့တဲ့ နေရာလေ။ ဒါပေမဲ့ လီလန်ရဲ့ နှောင့်ယှက်မှုတွေကြောင့် ညီအစ်ကိုမောင်နှမတွေက ဘုရားနှုတ်ကပတ်တော်တွေကို အေးအေးလူလူ တွေးဆလို့ မရကြဘူး။ ပြီးတော့ လီလန်က ကျွန်မအပေါ်ထားတဲ့ ကြင်နာမှုဆိုတာကို ပြန်ပေးဆပ်ဖို့အတွက် ကျွန်မ သူ့ကို မဖော်ထုတ်ခဲ့ဘူး။ ကျွန်မမှာ အသိစိတ်နဲ့ လူ့သဘာဝဆိုတာ ဘယ်မှာရှိလို့လဲ။ ကျွန်မ တကယ်ကို ကောင်းတာနဲ့ ဆိုးယုတ်တာ၊ အမှားနဲ့ အမှန်ကို မခွဲခြားနိုင်ခဲ့ဘူး။ ကျွန်မက ဘုရားသခင် စက်ဆုပ်ရွံရှာအောင် တကယ် လုပ်မိသွားပြီ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ နောင်တရပြီး အပြစ်ရှိသလို ခံစားရတယ်။ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကျေးဇူးသိတတ်ပြီး ကြင်နာမှုကို ပြန်ပေးဆပ်ရမယ်ဆိုတဲ့ ဒီရိုးရာအမြင်ရဲ့ အကြီးအကျယ် ချည်နှောင်တာကို သမီး ခံထားရမှန်း၊ အမှားနဲ့ အမှန်၊ ကောင်းတာနဲ့ ဆိုးယုတ်တာကို မခွဲခြားနိုင် ဖြစ်လာမှန်း သမီး မြင်ပါပြီ။ ဘုရားသခင်။ ကိုယ်တော့်ဆီမှာ သမီး နောင်တရချင်ပါတယ်” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည့် ရိုးရာယဉ်ကျေးမှုအယူအဆကို ပိုင်းခြားသိမြင်ဖို့ လိုသည်။ အရေးကြီးဆုံးအပိုင်းမှာ ‘ကြင်နာမှု’ ဆိုသည့် စကားဖြစ်သည်။ ဤကြင်နာမှုကို မည်သို့ ရှုမြင်သင့်သနည်း။ ထိုအရာက ‘ကြင်နာခြင်း’၏ မည်သည့်ရှုထောင့်နှင့် သဘာဝကို ရည်ညွှန်းသနည်း။ ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည့်အရာ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့အနေဖြင့် ဤမေးခွန်းများကို အဖြေရှာရမည် ဖြစ်ပြီး မည်သည့် အခြေအနေအောက်တွင်မျှ ဤကျေးဇူးဆပ်ခြင်း အယူအဆ၏ ဘောင်ခတ်ခြင်း မခံရပေ။ သမ္မာတရား လိုက်စားသူ မည်သူမဆိုအတွက်၊ ဤသည်မှာ လုံးဝ ပဓာနကျပေသည်။ လူသား၏ အယူအဆများအရ ‘ကြင်နာခြင်း’ ဆိုသည်မှာ အဘယ်နည်း။ သာ၍သေးငယ်သောအဆင့်တွင် ကြင်နာခြင်းသည် သင်ဒုက္ခရောက်သောအခါ တစ်စုံတစ်ယောက်က ကူညီခြင်းဖြစ်သည်။ ဥပမာ သင် ဆာလောင်နေသောအခါတွင် တစ်စုံတစ်ယောက်က သင့်အား ထမင်းတစ်ဇလုံပေးခြင်း၊ သို့မဟုတ် သင် ရေအလွန်ငတ်နေသောအချိန်တွင် ရေတစ်ဘူးပေးခြင်း၊ သို့မဟုတ် သင်လဲကျပြီး ပြန်မထနိုင်သောအခါတွင် သင့်အား ထနိုင်ရန် ကူညီပေးခြင်းတို့ ဖြစ်သည်။ ဤအရာများအားလုံးက ကြင်နာခြင်း အပြုအမူများ ဖြစ်သည်။ ကြီးမားသော ကြင်နာခြင်းအပြုအမူမှာ စိုးရိမ်ဖွယ်ကောင်းသော အကျပ်အတည်း၌ သင်ရှိနေသောအခါတွင် တစ်စုံတစ်ယောက်က သင့်အား ကယ်တင်ခြင်းဖြစ်သည်။ ဤသည်မှာ အသက် ကယ်သော ကြင်နာခြင်းဖြစ်သည်။ သင်သည် သေလောက်သည့် အန္တရာယ်ရှိပြီး တစ်စုံတစ်ဦးက သင့်အား သေခြင်းကို ရှောင်ရှားရန် ကူညီသည့်အခါ၊ ၎င်းတို့သည် အခြေခံအားဖြင့် သင့်အသက်ကို ကယ်တင်ပေးခြင်းဖြစ်သည်။ ဤအရာများသည် လူတို့က ‘ကြင်နာမှု’ အဖြစ် မြင်သော အရာအချို့ဖြစ်သည်။ ဤကြင်နာခြင်းမျိုးသည် သေးနုပ်သော၊ ရုပ်ဝတ္ထုဆန်သော အကူအညီတိုင်းထက် သာလွန်သည်။ ဤသည်မှာ ငွေကြေး၊ သို့မဟုတ် ရုပ်ဝတ္ထုများနှင့် တိုင်းတာ၍မရသော ကြီးမြတ်သည့် ကြင်နာခြင်းဖြစ်သည်။ ထိုအရာကို လက်ခံရရှိသောသူတို့သည် ကျေးဇူးတင်စကား အနည်းငယ်မျှဖြင့် ဖော်ပြရန် မဖြစ်နိုင်သော ကျေးဇူးတင်ရှိခြင်းမျိုးကို ခံစားရသည်။ သို့သော် လူတို့အနေဖြင့် ဤနည်းဖြင့် ကြင်နာခြင်းကို တိုင်းတာခြင်းသည် တိကျမှန်ကန်သလော။ (မတိကျပါ။) အဘယ်ကြောင့် တိကျမှန်ကန်ခြင်းမရှိဟု သင် ပြောသနည်း။ (ဤတိုင်းတာမှုသည် ရိုးရာယဉ်ကျေးမှု၏ စံနှုန်းများတွင် အခြေခံထားသောကြောင့် ဖြစ်သည်။) ဤသည်မှာ သီအိုရီနှင့် အယူဝါဒကို အခြေခံသော အဖြေဖြစ်ပြီး မှန်သည့်ပုံစံရှိနိုင်သော်လည်း ထိုကိစ္စ၏ အနှစ်သာရသို့ မရောက်ရှိပေ။ ဤသို့ဆိုလျှင် ဤအရာကို လက်တွေ့ကျသည့် အသုံးအနှုန်းဖြင့် မည်သို့ရှင်းပြ၍ရနိုင်သနည်း။ ထိုအကြောင်းကို သေချာ စဉ်းစားလော့။ မကြာသေးခင်က လူတစ်ဦးသည် သူ၏ ပိုက်ဆံအိတ်ကျပြီး သတိမထားမိသည့် အွန်လိုင်းဗီဒီယိုတစ်ခုအကြောင်းကို ငါ ကြားရသည်။ ပိုက်ဆံအိတ်ကို ထိုသူ့နောက်လိုက်သော ခွေးငယ်တစ်ကောင်က ကောက်ယူလိုက်ပြီး ထိုလူက ဤအရာကို မြင်သောအခါ ခွေးအား သူ၏ ပိုက်ဆံအိတ်ကို ခိုးသည့်အတွက် ရိုက်သည်။ အဓိပ္ပာယ်မဲ့သည်မဟုတ်လော။ ထိုလူသည် ခွေးလောက် ကိုယ်ကျင့်တရားမရှိပေ။ ခွေး၏ လုပ်ရပ်များသည် လူသား၏ ကိုယ်ကျင့်တရားစံနှုန်းများနှင့် လုံးဝ ကိုက်ညီသည်။ လူသားက ‘ပိုက်ဆံအိတ်ကျခဲ့တယ်’ ဟု အော်ခေါ်မည်ဖြစ်သည်။ သို့သော် ခွေးက စကားမပြောနိုင်သောကြောင့် ပိုက်ဆံအိတ်ကို တိတ်တဆိတ်ကောက်ယူပြီး ထိုလူနောက်သို့ ပြေးလိုက်သွားသည်။ ဤသို့ဆိုလျှင် ခွေးတစ်ကောင်သည် ရိုးရာယဉ်ကျေးမှုက အားပေးသော အပြုအမူကောင်းအချို့ကို လုပ်ဆောင်နိုင်လျှင် ဤအရာက လူသားများနှင့် ပတ်သက်ပြီး မည်သည့်အရာကို ပြောသနည်း။ လူသားများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့် မွေးဖွားလာသည်။ ထို့ကြောင့် ၎င်းတို့အားလုံးသည် ဤအရာများကို ပို၍ လုပ်ဆောင်နိုင်စွမ်းရှိသည်။ တစ်စုံတစ်ယောက်က ၎င်းတို့၏ အသိစိတ်အပေါ် နားလည်ခံယူတတ်ခြင်းရှိသရွေ့ ဤတာဝန်နှင့် ဝတ္တရားမျိုးကို ဖြည့်ဆည်းနိုင်သည်။ အလုပ်ကြိုးစားလုပ်ရန်၊ သို့မဟုတ် အဖိုးအခပေးဆပ်ရန် မလိုအပ်ပေ။ အားစိုက်မှုအနည်းငယ်သာ လိုအပ်ပြီး အကူအညီဖြစ်သည့်အရာ၊ အခြားလူများအတွက် အကျိုးရှိသည့်အရာတစ်ခုကို လုပ်ဆောင်ခြင်းနှင့်သာ ဆိုင်သည်။ သို့သော် ဤလုပ်ဆောင်မှု၏ သဘောသဘာဝကို ‘ကြင်နာမှု’ အဖြစ် အမှန်တကယ် အသိအမှတ်ပြုသလော။ ကြင်နာမှုပြုခြင်း အဆင့်သို့ ရောက်သလော။ (မရောက်ပါ။) မရောက်သောကြောင့် လူတို့က ပြန်လည်ပေးဆပ်ရန် ပြောဖို့ လိုအပ်သလော။ လိုအပ်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇))တစ်ခါတစ်ရံ ဘုရားသခင်သည် လူတို့ကို ကူညီရန် စာတန်၏ အစေခံမှုကို အသုံးပြုလိမ့်မည်။ သို့သော်လည်း ထိုသို့သော ကိစ္စများတွင် ငါတို့သည် ဘုရားသခင်ကို အသေအချာ ကျေးဇူးတင်ရမည်ဖြစ်ပြီး စာတန်ကို ကျေးဇူးပြန်ဆပ်ရမည် မဟုတ်။ ဤသည်မှာ စည်းမျဉ်းနှင့်ဆိုင်သော ကိစ္စဖြစ်သည်။ စုံစမ်းသွေးဆောင်ခြင်းသည် ကြင်နာမှု ပေးသနားသည့် ဆိုးယုတ်သော လူတစ်ဦးအသွင်ဖြင့် လာသည့်အခါ အတိအကျ မည်သူက သင့်ကို ကူညီမစနေပြီး အကူအညီပေးနေသည်၊ သင်၏ ကိုယ်ပိုင် အခြေအနေက မည်သို့ရှိသည်၊ သင် လျှောက်နိုင်သည့် အခြားလမ်းကြောင်းများ ရှိမရှိဆိုသည်တို့နှင့်ပတ်သက်၍ သင် ပထမဦးစွာ ရှင်းလင်းအောင် လုပ်ထားရမည်ဖြစ်သည်။ သင်သည် ထိုသို့သော အခြေအနေများကို ပြောင်းလွယ်ပြင်လွယ်ပုံစံဖြင့် ကိုင်တွယ်ဖြေရှင်းရမည်။ ဘုရားသခင်က သင့်ကို ကယ်တင်ချင်ပါက ယင်းကို ပြီးမြောက်ရန် မည်သူ၏ အစေခံမှုများကို သူ အသုံးပြုသည်ဖြစ်စေ ပထမဦးစွာ ဘုရားသခင်ကို သင် ကျေးဇူးတင်ပြီး ယင်းကို ဘုရားသခင်ထံမှ ခံယူသင့်ပေသည်။ ကျေးဇူးတင်စိတ်ဖြင့် တစ်စုံတစ်ဦးထံ မိမိ၏ ဘဝကို ပေးအပ်ဖို့ မဆိုထားနှင့်၊ သင်၏ ကျေးဇူးတင်စိတ်ကို လူတို့ထံ အဓိက မရှေးရှုထားသင့်ပေ။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခု ဖြစ်သည်။ အရေးကြီးသည့်အရာမှာ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို ကျေးဇူးတင်ရှိပြီး ယင်းကို ဘုရားသခင်ထံမှ သင် ခံယူခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) ဘုရားနှုတ်ကပတ်တော်တွေကနေ လူတွေရဲ့ ကြင်နာမှုကို ဘယ်လို ရှုမြင်ရမလဲဆိုတာ ကျွန်မ နားလည်လာတယ်။ အသင်းတော်မှာ လူတွေ အပျက်သဘောဆောင်တာ၊ အားနည်းတာ၊ ဒါမှမဟုတ် အခက်အခဲတွေ ကြုံရတဲ့အခါ ညီအစ်ကိုမောင်နှမတွေက အချင်းချင်း ကူညီပြီး ထောက်မပေးဖို့ သမ္မာတရားကို မိတ်သဟာယဖွဲ့ကြတယ်။ ဒါက ဘုရားသခင် ရွေးချယ်ထားတဲ့လူတွေ အားလုံးရဲ့ တာဝန်ဖြစ်ပြီး သူ့လူတွေအပေါ် ဘုရားသခင်ရဲ့ တောင်းဆိုချက်လည်း ဖြစ်တယ်။ ခင်ပွန်းသည်ရဲ့ နှိပ်စက်တာ ကျွန်မ ခံရတုန်းက လီလန်က သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ကျွန်မကို ကူညီနိုင်ခဲ့တယ်။ ဒါက သူ့တာဝန်ဖြစ်ပြီး ကြင်နာမှုလို့ သတ်မှတ်လို့ မရဘူး။ နောက်တစ်ခု ကျွန်မ နားလည်လိုက်တာက ဘုရားသခင်ရဲ့ အသံတော်ကို ကျွန်မ ကြားနိုင်တာ၊ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံနိုင်တာတွေနဲ့ ပတ်သက်ပြီး ကြည့်ရင် လီလန်က ကျွန်မဆီ ဧဝံဂေလိတရားဟောပေးခဲ့တယ်လို့ ထင်ရပေမဲ့၊ ဒီအရာအားလုံးရဲ့ နောက်ကွယ်မှာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာရယ်၊ အမိန့်နဲ့ ပြဋ္ဌာန်းချက်ရယ် ရှိနေတယ်။ ဒါကြောင့် သူ့ကျေးဇူးတော်အတွက် ကျွန်မ ဘုရားသခင်ကို ကျေးဇူးတင်ခဲ့သင့်တာ။ ဘုရားသခင်ကို ရှာတွေ့ပြီးနောက်မှာ ခင်ပွန်းသည်ရဲ့ နှိပ်စက်မှုကြောင့် ကျွန်မ လဲပြိုမသွားဘဲ ကိုယ့်တာဝန်တွေကို ဆက်ပြီး စွဲစွဲမြဲမြဲ လုပ်နိုင်ခဲ့တယ်။ ဒါက လူတစ်ဦးတစ်ယောက်ရဲ့ စွမ်းဆောင်ချက် မဟုတ်ဘဲ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းပေးမှုနဲ့ ကျွေးမွေးမှု ရလဒ်ပဲ။ ဒါပေမဲ့ ကျွန်မက အဲဒါကို ဘုရားသခင်ဆီကနေ မခံယူခဲ့ဘူး၊ သူ့ကို ကျေးဇူးတင်ရမဲ့အစား လူတစ်ယောက်ကိုပဲ သွားပြီး ကျေးဇူးတင်နေခဲ့တယ်။ ကျွန်မက တော်တော် ကျေးဇူးကန်းပြီး ဘုရားသခင်ကို ပုန်ကန်နေခဲ့တာပဲ။

ကျွန်မ ရှာဖွေနေတုန်းမှာ ကျွန်မကို ကူညီခဲ့ဖူးသူတွေကို ဘယ်လို ဆက်ဆံရမလဲဆိုတာ သင်ပေးတဲ့ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ဖတ်မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဤအခြေအနေကိုလည်း သုံးသပ်စဉ်းစားကြည့်လော့။ တစ်စုံတစ်ဦးက အတိတ်တွင် သင့်ကို ကူညီခဲ့ကာ နည်းလမ်းအချို့ဖြင့် သင့်အပေါ် ကြင်နာပြခဲ့ပြီး သင့်ဘဝအပေါ် သို့မဟုတ် အဓိက အဖြစ်အပျက်တစ်ခုခုအပေါ် သက်ရောက်မှု ရှိခဲ့သော်လည်း သူ၏ လူ့သဘာဝနှင့် သူလျှောက်သည့် လမ်းကြောင်းတို့ကမူ သင်၏ ကိုယ်ပိုင် လမ်းကြောင်း၊ သင် ရှာဖွေသည့်အရာတို့နှင့် ကိုက်ညီခြင်း မရှိ။ သင်သည် စိတ်တူ၊ သဘောတူ နားလည်ခံစားပေးနိုင်ခြင်း မရှိ၊ ဤလူကို သင် မနှစ်သက်သကဲ့သို့ တစ်နည်းတစ်ဖုံအားဖြင့် သင်၏ စိတ်ဝင်စားမှုများနှင့် သင် ရှာဖွေသည့်အရာတို့သည် လုံးဝ ကွဲပြားခြားနားသည်ဟု ဆို၍ရနိုင်သည်။ သင်၏ ဘဝလမ်းကြောင်းများ၊ သင်၏ လောကကို ရှုမြင်ပုံများနှင့် ဘဝအမြင်များသည်လည်း အားလုံး ကွဲပြားနေ၏။ သင်တို့သည် လုံးဝ ကွဲပြားခြားနားသော လူနှစ်မျိုးနှစ်စား ဖြစ်နေသည်။ ထို့ကြောင့် ယခင်က သင့်အား ထိုသူ ပေးခဲ့သည့် အကူအညီကို သင် မည်သို့ ချဉ်းကပ်ပြီး တုံ့ပြန်သင့်သနည်း။ ဤသည်မှာ ဖြစ်ပေါ်လာနိုင်သည့် လက်တွေ့ကျသော အခြေအနေတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤသည်မှာလည်း ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသည့် အခြေအနေတစ်ခု ဖြစ်သည်။ သင်တို့နှစ်ဦးသည် မတူကွဲပြားသည့် လမ်းကြောင်းများ လျှောက်လှမ်းနေကြသည်ကို ထောက်ရှုသော် သင်၏ လုပ်နိုင်စွမ်းအရ သင် တတ်နိုင်သည့် ရုပ်ဝတ္ထု ကျေးဇူးကြွေးကို ၎င်းတို့အား ဆပ်ပြီးသည့်နောက်တွင် သင်တို့၏ ယုံကြည်မှုများက အလွန် ကွဲလွဲနေကြောင်း၊ တူညီသည့် လမ်းကြောင်းကို သင်တို့ မလျှောက်လှမ်းနိုင်၊ မိတ်ဆွေများပင် ဖြစ်၍ မရနိုင်သကဲ့သို့ ဆက်ဆံ၍ မရနိုင်တော့ကြောင်း သင် တွေ့ရှိရသည်။ ဆက်ဆံ၍ မရတော့သည်ဖြစ်ရာ မည်သို့ ရှေ့ဆက်လုပ်ဆောင်သင့်သနည်း။ ထိုသူနှင့် မရောမိအောင် နေလော့။ အတိတ်တွင် သူသည် သင့်ကို ကြင်နာခဲ့နိုင်သော်လည်း ဆိုးသွမ်းသည့် လုပ်ရပ်မျိုးစုံကို ကျူးလွန်လျက် လူ့အဖွဲ့အစည်းတွင် လှည့်စားပြီး လိမ်လည်လှည့်ဖြား၍ ဤလူကို သင် မနှစ်သက်ပေ။ ထို့ကြောင့် သူနှင့် မရောမိအောင် နေခြင်းသည် လုံးဝ ကျိုးကြောင်းသင့်ပေသည်။ အချို့က ‘ထိုသို့ ပြုမူဆောင်ရွက်ခြင်းက အသိစိတ်မဲ့ခြင်းဖြစ်သည် မဟုတ်လော’ ဟု ဆိုနိုင်သည်။ ဤသည်မှာ အသိစိတ်မဲ့ခြင်း မဟုတ်ပေ။ ထိုသူက ဘဝ၌ အခက်အခဲအချို့ကို အမှန်တကယ် ကြုံရလျှင် သူ့ကို သင် ကူညီမစနိုင်ဆဲဖြစ်သော်လည်း သူ၏ ဘောင်ခတ်ခြင်းကိုကား ခံ၍မဖြစ် သို့မဟုတ် မကောင်းမှုကို၊ အသိစိတ်နှင့် မညီသည့် လုပ်ဆောင်ချက်များကို သူနှင့်အတူ သင် လိုက်ပါလုပ်ဆောင်၍ မဖြစ်ပေ။ အတိတ်တွင် သူက သင့်ကို ကူညီခဲ့ရုံသက်သက်ကြောင့် သို့မဟုတ် သင့်အတွက် ကြီးမားသည့် အကူအညီတစ်ခု လုပ်ပေးခဲ့ရုံသက်သက်ကြောင့် သူ့အတွက် သင် ပင်ပင်ပန်းပန်း မနားတမ်း လုပ်ပေးရန်လည်း မလိုအပ်။ ဤသည်မှာ သင်၏ ဝတ္တရားမဟုတ်သကဲ့သို့ ဤဆက်ဆံမှုမျိုးနှင့် ထိုသူ ထိုက်တန်ခြင်းလည်း မရှိပေ။ သင် နှစ်သက်ပြီး ပလဲနံပသင့်သည့် လူများ၊ မှန်ကန်သည့် လူများနှင့် ဆက်ဆံရန်၊ အတူအချိန်ကုန်ဆုံးပြီး မိတ်ဆွေများပင် ဖြစ်လာရန် သင့်တွင် ရွေးချယ်ပိုင်ခွင့် ရှိသည်။ သင်သည် ဤလူအဖို့ သင်၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းနိုင်သည်။ ဤသည်မှာ သင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ သင် မနှစ်သက်သည့် လူများနှင့် မိတ်ဆွေများ မဖြစ်လာဖို့၊ အဆက်အဆံ မလုပ်ဖို့လည်း သင် ငြင်းပယ်နိုင်ပြီး ၎င်းတို့အတွက် မည်သည့် ဝတ္တရား၊ တာဝန်မျှ ဖြည့်ဆည်းရန် မလိုအပ်သည်မှာလည်း အမှန်ပင်။ ဤသည်မှာလည်း သင်၏ လုပ်ပိုင်ခွင့် ဖြစ်သည်။ သင်သည် ဤလူကို စွန့်ပစ်ရန် ဆုံးဖြတ်ပြီး သူနှင့် ဆက်ဆံဖို့ဖြစ်စေ၊ သူ့အတွက် တာဝန် သို့မဟုတ် ဝတ္တရားတစ်ခုတလေ ဖြည့်ဆည်းပေးဖို့ဖြစ်စေ ငြင်းပယ်လျှင်ပင် မှားယွင်းမည် မဟုတ်ပေ။ သင်သည် သင်၏ ကျင့်ကြံပြုမူပုံနှင့်ပတ်သက်၍ အချို့သော ကန့်သတ်ချက်များ ချမှတ်ရမည်ဖြစ်ပြီး လူအမျိုးမျိုးကို မတူကွဲပြားသော နည်းလမ်းများဖြင့် ဆက်ဆံရမည်။ ဆိုးယုတ်သည့် လူများနှင့် သင် မပေါင်းသင်းသင့် သို့မဟုတ် ၎င်းတို့၏ မကောင်းသည့် ပုံသက်သေများနောက် မလိုက်သင့်ပေ။ ဤသည်မှာ အမြော်အမြင်ရှိသော ရွေးချယ်မှု ဖြစ်သည်။ ကျေးဇူးတရား၊ စိတ်ခံစားမှုများနှင့် အများပြည်သူ သဘောထားတို့ကဲ့သို့သော အကြောင်းခံအမျိုးမျိုး၏ လွှမ်းမိုးခြင်းကို မခံနှင့်။ ဤသည်မှာ ရပ်တည်ချက်ယူခြင်းနှင့် စည်းမျဉ်းများ ရှိခြင်းဖြစ်ကာ သင် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်မှာ ကျွန်မ နှလုံးသားက ပိုလင်းလက်လာတယ်။ လူတစ်ယောက်ဟာ ကျင့်ကြံပြုမူခြင်းမှာ ရပ်တည်ချက်နဲ့ စည်းမျဉ်းတွေ ရှိရမယ်၊ ကျွန်မတို့ကို ကူညီဖူးသူတွေနဲ့ ပတ်သက်ရင် သူတို့ ဘယ်လမ်းကြောင်းပေါ်မှာ ရှိနေသလဲဆိုတာ ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ သူတို့က မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေရင် သူတို့လုပ်ရပ်တွေက သမ္မာတရား စည်းမျဉ်းတွေနဲ့ မကိုက်ညီတဲ့အခါ ကျွန်မတို့က သည်းခံပြီး စိတ်ရှည်သင့်တယ်၊ သမ္မာတရား မိတ်သဟာယဖွဲ့ပေးပြီး သူတို့ကို ကူညီသင့်တယ်။ ဒါပေမဲ့ သူတို့က ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေရင် ကျွန်မတို့ သူတို့ကို ဖော်ထုတ်ပြီး တိုင်ကြားရမယ်၊ သူတို့ နောင်တမရရင် ကျွန်မတို့ သူတို့နဲ့ ခပ်ခွာခွာနေပြီး သူတို့ကို ငြင်းပယ်ရမယ်။ လီလန် ကျွန်မကို ကူညီခဲ့ဖူးသလိုမျိုးပေါ့။ သူသာ ဘဝမှာ အခက်အခဲတွေ ကြုံရရင် ကျွန်မ သူ့ကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကူအညီတချို့ ပေးနိုင်ပါတယ်။ ဒါပေမဲ့ အခု သူက အသင်းတော်အသက်တာကို နှောင့်ယှက်နေပြီး ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းပေါ် ရောက်နေတော့ သူ့ရဲ့ မကောင်းမှုတွေမှာ ကျွန်မ ပါဝင်ပတ်သက်လို့ မရတော့ဘူး။ သူ့ကို ဖော်ထုတ်ပြီး အသင်းတော်ရဲ့ အကျိုးစီးပွားကို ကျွန်မ ကာကွယ်ရမယ်။ ဒါက အမှားနဲ့ အမှန်ကို ခွဲခြားတာ၊ စည်းမျဉ်းတွေနဲ့အညီ ပြုမူတာပဲ။

ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ဖော်ထုတ်ခြင်းကပဲ ကျွန်မရဲ့ မှားယွင်းတဲ့ အမြင်တွေကို အချိန်မီ ပြုပြင်ခွင့်ပေးခဲ့တာ၊ ပြီးတော့ တစ်လုတ်စားဖူး သူ့ကျေးဇူး ဆိုတဲ့ ရိုးရာအမြင်ရဲ့ ကန့်သတ်တာကို မခံရတော့ဘဲ၊ လူတွေနဲ့ အမှုအရာတွေကို ဘုရားနှုတ်ကပတ်တော်နဲ့အညီ ရှုမြင်မှသာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီနိုင်မယ်ဆိုတာ နားလည်ခွင့် ပေးခဲ့တာပါ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့- ၇၅။ ကျွန်မရဲ့ ခရီးပန်းတိုင်က ဘောင်ခတ်တာကို ကျွန်မ မခံရတော့ပါ

နောက်တစ်ခုသို့- ၇၉။ ခေါင်းဆောင်ဖြစ်ချင်စိတ်မရှိတာဟာ ကျွန်မက ဘာကို အရမ်းစိုးရိမ်နေလို့လဲ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။