၆၉။ ကျွန်တော့်ဇနီး ရှင်းလင်းပစ်ခံရတော့မည်ကို သိလိုက်ရသည့်အချိန်

ကျိုးရှောင်အို၊ တရုတ်ပြည်

၂၀၂၁၊ မတ်လတုန်းက အသင်းတော်ခေါင်းဆောင်တွေဆီကနေ စာတစ်စောင်ရတယ်။ ကျွန်တော့်မိန်းမက မယုံကြည်သူတစ်ယောက်လို ပြုမူတာတွေနဲ့ပတ်သက်ပြီး အသေးစိတ်ရေးပေးဖို့ တောင်းဆိုထားတာပေါ့။ ကျွန်တော့်မိန်းမက တကယ်ကို မယုံကြည်သူတစ်ယောက်ဖြစ်ပြီး ဘုရားအိမ်တော်ကနေ ရှင်းလင်းပစ်ခံရဖို့ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေမှန်း ကျွန်တော် သိပါတယ်။ သူ ဘုရားကိုယုံလာတာ နှစ်တွေအများကြီး ကြာပြီ၊ ဒါပေမဲ့ သမ္မာတရားကို ဘယ်တုန်းကမှ မလိုက်စားခဲ့ဘူး။ လောကရေစီးကြောင်း၊ စည်းစိမ်ဥစ္စာနဲ့ ပျော်ပါးမှုနောက်ကိုပဲ အမြဲလိုက်နေခဲ့တာ။ အသင်းတော် စုဝေးပွဲတွေကို မတက်ချင်ရုံတင်မကဘူး၊ ဆုလည်း ဘယ်တော့မှ မတောင်းဘူး၊ ဘုရားနှုတ်ကပတ်တော်တွေကိုလည်း မစားသောက်ဘူး။ ပြီးတော့ တာဝန်တွေ ထမ်းဆောင်ဖို့ဆိုရင်လည်း ဝန်လေးနေတတ်တယ်။ သမ္မာတရားကိုလိုက်စားတာ၊ တာဝန်တွေကို ထမ်းဆောင်တာတွေရဲ့ အရေးပါပုံနဲ့ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့အတူ ကျွန်တော်က သူ့ကို မိတ်သဟာယပြုပေးတဲ့အခါမှာလည်း သူက စိတ်ထဲ လုံးဝ မထည့်ဘူးလေ။ သူကိုယ်တိုင် သမ္မာတရားကို မလိုက်စားရုံတင်မကဘူး၊ ကျွန်တော့်ကိုလည်း အမြဲလာပြောတယ်။ “ရှင် သမ္မာတရားကို အဲဒီလောက်ကြီး ကြိုးစားပမ်းစား လိုက်စားစရာမလိုပါဘူး၊ ဒီတိုင်း လိုက်ယုံလိုက်နေရင် ရပြီ” တဲ့။ ကျွန်တော်က သူပြောတာ နားမထောင်တဲ့အခါကျရင် သူက ကျွန်တော့်ကို ခဏခဏ ဒေါသထွက်တတ်တယ်၊ အဲဒါက ကျွန်တော့်ကို ဘောင်ခတ်တယ်လို အတော်ခံစားရစေတယ်။ ကိုယ့်မိန်းမရဲ့ အပြုအမူကို အမှန်အတိုင်း ချရေးပေးသင့်မှန်း ကျွန်တော်သိပေမဲ့ တကယ်တမ်း ချရေးရမယ့်အချိန်ကျတော့ ကျွန်တော် တွန့်ဆုတ်သွားပြီး တွေးမိတယ်။ “ငါတို့ အိမ်ထောင်ကျတာ ဆယ်နှစ်နီးပါး ရှိနေပြီ။ ငါ့မိန်းမက သမ္မာတရားကို မလိုက်စားပေမဲ့ ငါနဲ့ ငါ့မိဘတွေအပေါ်တော့ တော်တော်လေး ကောင်းရှာပါတယ်။ သူ့ဖို့သူ အဝတ်အစားကောင်းကောင်း ဝယ်တဲ့အခါကျရင် ချွေတာပေမဲ့ ငါနဲ့ ငါ့မိဘတွေအတွက် ဝယ်တဲ့အခါကျတော့ ရက်ရောတယ်။ အခု သူ ရှင်းလင်းပစ်ခံရတော့မယ်ဆိုတော့ ငါက သူ့ကို မကူညီနိုင်ရုံတင် မကဘူး၊ ကိုယ်တိုင်ပါ သူ့ကို ဖော်ထုတ်ရဦးမယ်။ ရင်ထဲမကောင်းလိုက်တာ။ ပြီးတော့ သူ့အပြုအမူတွေကို ဖော်ထုတ်တဲ့သူက ငါဖြစ်နေမှန်း ငါ့မိန့်မ သိသွားရင် ငါ့ကို အကြင်နာမဲ့တယ်ဆိုပြီး သေချာပေါက် နာကျည်းတော့မှာ။ နောင်ကျရင် သူ့ကို ငါ ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ” လို့ပေါ့။ ပြီးတော့လည်း ကျွန်တော် ဒီလိုလည်း တွေးမိတယ်၊ “ငါ့မိန်းမက သမ္မာတရားကို မလိုက်စားပေမဲ့ မကောင်းမှု ဘာမှမလုပ်ဖူးပါဘူး၊ ဒီတော့ သူ့ကို အသင်းတော်မှာ ထားထားတာက ဘာမှ ထိခိုက်စရာမရှိပါဘူး။ သူ အသင်းတော်မှာ ရှိနေရင် ငါက သူ့ကို စာတွေဆက်ရေးပေးပြီး ကူညီပေးနိုင်မယ်၊ အဲဒါဆို သူက လောကကို လိုက်စားဖို့ ဘုရားကို လုံးလုံးလျားလျား စွန့်ခွာသွားမှာ မဟုတ်ဘူး။ သူ အသက်ရှင်ကျန်ရစ်ဖို့ အခွင့်အရေးလေး နည်းနည်း ရှိနိုင်သေးတာပေါ့။ ဒါပေမဲ့ သူ ရှင်းလင်းပစ်ခံရမယ်ဆိုတာ သိသွားရင် သူက စိတ်ပျက်လက်ပျက်ဖြစ်ပြီး ဘုရားကို လုံးဝ စွန့်ခွာသွားမယ်၊ ပြီးတော့ လောကရေစီးကြောင်းနောက် လိုက်သွားလိမ့်မယ်” လို့ပေါ့။ ဒါကို တွေးမိတော့ ကျွန်တော် ဘေးကျပ်နံကျပ် ဖြစ်နေတာ မြင်လိုက်ရတယ်။ တစ်ဖက်မှာက မိသားစုချစ်ခင်တွယ်တာမှု၊ နောက်တစ်ဖက်မှာက အသင်းတော်ရဲ့ အကျိုးစီးပွား ဖြစ်နေတယ်။ ဘယ်ဟာကို ကျွန်တော် ရွေးရမလဲ။ အဲဒီရက်တွေမှာ ကျွန်တော်က ဒီကိစ္စကို ရှောင်ချင်ရုံသက်သက်နဲ့ အလုပ်ထဲမှာပဲ အာရုံနစ်ထားလိုက်တယ်။ ဒါပေမဲ့ အလုပ်ပြီးလို့ စိတ်ငြိမ်သွားတဲ့အခါတိုင်း ကျွန်တော် ဒါကို တွေးမိတယ်။ “ငါ သုံးသပ်ချက်စာ မရေးပေးသေးတာကို ခေါင်းဆောင်တွေ သတိထားမိရင် ငါ့ကို တွယ်တာလွန်းတယ်လို့ ထင်သွားမလား။ ဒါ့အပြင် အသင်းတော်ရဲ့ သန့်စင်ခြင်းအလုပ်အပေါ် လူတစ်ယောက်ရဲ့ သဘောထားနဲ့ ရပ်တည်ချက်က အရေးကြီးတယ်။ စည်းမျဉ်းတွေကို လိုက်နာဖို့၊ အသင်းတော်အလုပ်ကို ကာကွယ်ဖို့ ပျက်ကွက်တာက စာတန်ဘက်က ရပ်တည်တာပဲ” လို့ပေါ့။ ဒီအတွေးတွေနဲ့ ကျွန်တော့်မိန်းမနဲ့ပတ်သက်တဲ့ သုံးသပ်ချက်စာကို စရေးပါတော့တယ်။ ဒါပေမဲ့ ရရေးနေတုန်းမှာ ကျွန်တော့်ချစ်ခင်တွယ်တာမှုက ပြန်ပေါ်လာပြီး တွေးမိပြန်ရော။ “ငါ့မိန်းမရဲ့ အပြုအမူ အသေးစိတ်အကုန်လုံးကိုသာ မယုံကြည်သူတစ်ယောက်လို ငါချရေးလိုက်ရင် သူ သေချာပေါက် ရှင်းလင်းပစ်ခံရမှာ။ အပေါ်ယံလောက်ပဲ ရေးလိုက်တာ ကောင်းမယ်” လို့ပေါ့။ သုံးသပ်ချက်စာ ရေးပြီးတဲ့အခါ ကျွန်တော် စိတ်ထဲ နည်းနည်း နေလို့မကောင်းဖြစ်မိတယ်။ “ဒီလိုလုပ်တာက ငါ တမင် သက်သက် ဖုံးကွယ်ထားရာ မကျဘူးလား။” ဒါပေမဲ့ ချက်ချင်းပဲ ကျွန်တော် တွေးလိုက်တယ်။ “ဘာပဲဖြစ်ဖြစ် ငါ ရေးပြီးပြီပဲ။ သူ့အပြုအမူတချို့ကို ခေါင်းဆောင်တွေက သိပြီးသားဆိုတော့ အသေးစိတ် သိပ်မပေးလည်း ကိစ္စမရှိလောက်ပါဘူး” လို့ပေါ့။ အဲဒါနဲ့ ကျွန်တော့်ရဲ့ သုံးသပ်ချက်စာကို ခေါင်းဆောင်တွေဆီ ပေးလိုက်တယ်။ မကြာခင်မှာပဲ ခေါင်းဆောင်တွေဆီက စာပြန်လာတယ်။ ကျွန်တော့်သုံးသပ်ချက်စာထဲမှာ ကျွန်တော့်မိန်းမရဲ့ အပြုအမူနဲ့ပတ်သက်ပြီး ရေးထားတာတွေက အရမ်း မရေမရာဖြစ်နေတယ်၊ ဒါကြောင့် ပြန်ရေးပေးပါ ဆိုပြီးတော့လေ။ ကျွန်တော် နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရတယ်။ အသေးစိတ်တွေ အများကြီးရေးလိုက်ရင် ကျွန်တော့်မိန်းမ ရှင်းလင်းပစ်ခံရမှာကို ကျွန်တော် ကြောက်နေခဲ့တာကိုး၊ ဒါကြောင့် သုံးသပ်ချက်စာကို တိုတိုနဲ့ မရေမရာရေးပြီး ပြီးပြီးရော လုပ်ချင်ခဲ့တာ။ ဒါပေမဲ့ ဘုရားသခင်က အရာရာတိုင်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတော်မူတယ်။ ဒီလိုလုပ်တာက ကိုယ့်ကိုယ်ကိုယ်ရော သူများတွေကိုပါ လှည့်စားဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။ အဲဒါနဲ့ ဘုရားသခင်ရှေ့မှောက်ကို လာပြီး ဆုတောင်းတယ်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တယ်။

ဆင်ခြင်သုံးသပ်နေတဲ့အချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်လိုက်ရတယ်။ “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို စောင့်ထိန်းမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့။ သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ ခံစားချက်များကို ဘေးဖယ်ကာ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းဖို့အတွက် လုပ်ဆောင်ခွင့် သင် ပေးနိုင်သလော။ အရေးပါသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ပူဇော်ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုတော်ကို လိုက်လျှောက်သောသူတစ်ဦးလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားသခင်ရဲ့ မေးခွန်းတိုင်းက ကျွန်တော့်ကို တော်တော်လေး ရှက်ရွံ့စေတယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းခြင်းနဲ့ ထောက်ပံ့မှုကို ကျွန်တော် ဒီလောက်တောင် ခံစားခဲ့ရတာ၊ တကယ်ဆို ကျွန်တော်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး မယုံကြည်သူတွေကို ဖော်ထုတ်သင့်တာပေါ့။ ဒါပေမဲ့ ကိုယ့်မိန်းမကို ဖော်ထုတ်ရမယ့်အချိန်ကျတော့ ကျွန်တော် မလုပ်ရက်ဘူး၊ ခေါင်းဆောင်တွေကို လိမ်ဖို့အတွက် လှည့်ဖြားတဲ့နည်းကိုတောင် သုံးခဲ့တယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမယ့်အစား မယုံကြည်သူတစ်ယောက်ကို အသင်းတော်ထဲမှာ ထားဖို့ ကျွန်တော် ရွေးချယ်ခဲ့တယ်။ ကျွန်တော် တော်တော်ကို တစ်ကိုယ်ကောင်းဆန်ပြီး ဘုရားသခင်အပေါ် သစ္စာမစောင့်သိခဲ့ဘူး။ ကျွန်တော်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်တဲ့သူတစ်ယောက် လုံးဝ မဟုတ်ခဲ့ဘူး။ ဒါကို တွေးမိတော့ ကျွန်တော် တော်တော် နောင်တရမိတယ်။ ဒါနဲ့ ဘုရားသခင်ရှေ့မှောက်ကို လာပြီး ကိုယ့်ချစ်ခင်တွယ်တာမှုကို ဘေးဖယ်ထားဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ လိုလားမှုကို ဖော်ပြရင်း ဝန်ချပြီး နောင်တရခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်တော့်မိန်းမရဲ့ အပြုအမူနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို အသင်းတော်ကို ပေးလိုက်တယ်။ ၂၀၂၃ မှာ ကျွန်တော့်မိန်းမ အသင်းတော်ကနေ ရှင်းလင်းပစ်ခံလိုက်ရပြီဆိုတာ သိလိုက်ရတယ်။

နောက်ပိုင်းမှာ မယုံကြည်သူတွေကို ပိုင်းခြားသိမြင်တာနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်တော် ဖတ်ခဲ့တယ်၊ အဲဒါက ကျွန်တော့်မိန်းမမှာ မယုံကြည်သူရဲ့ အနှစ်သာရရှိမှန်း နည်းနည်း ပိုင်းခြားသိမြင်နိုင်ဖို့ ကျွန်တော့်ကို ကူညီပေးခဲ့တယ်။ သူက ဘုရားသခင်ကို ဘယ်တုန်းကမှ အမှန်တကယ် မယုံကြည်ခဲ့ဘူးဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ သူ သခင်ယေရှုကို ယုံကြည်တုန်းကလည်း မလိုက်စားခဲ့ဘူး။ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်ကို သူ့အမေ လက်ခံပြီးတဲ့နောက်မှာ သူ့အမေက သူ့ကို ဧဝံဂေလိတရားဟောဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ သူက လက်မခံချင်ခဲ့ဘူး။ နောက်ဆုံးကျတော့ ကျွန်တော်တို့ အိမ်ထောင်ပြုလိုက်လို့ရယ်၊ ကျွန်တော်က ဘုရားသခင်ကို ယုံကြည်လို့ရယ်ကြောင့်သာ သူ အသင်းတော်ထဲ ရောက်လာတာ။ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်ရာမှာ ဒီတိုင်း လိုက်ယုံနေရင် ရပြီ၊ အရမ်းကြီး လိုက်စားစရာမလိုဘူး၊ ပိုက်ဆံရှာတာကသာ ပဓာနဖြစ်သင့်တယ်လို့ ကျွန်တော့်ကို သူ ခဏခဏ ပြောလေ့ရှိတယ်။ ဒါကြောင့်လည်း ဘုရားသခင်ကို တွေ့ပြီးတဲ့နောက်မှာတောင် သူ့တာဝန်တွေကို သူ သိပ်မထမ်းဆောင်တာ။ ကိုယ့်တာဝန်တွေကို ထမ်းဆောင်တာရဲ့ အရေးပါပုံနဲ့ပတ်သက်ပြီး ကျွန်တော် သူ့ကို ခဏခဏ မိတ်သဟာယပြုပေးပြီးတဲ့နောက်မှာ ညီအစ်ကိုမောင်နှမတွေအတွက် စုဝေးပွဲတွေကို ဧည့်ခံပေးဖို့ သူ အင်တင်တင်နဲ့ လက်ခံခဲ့တယ်၊ ဒါပေမဲ့ သူတို့ကို လုံခြုံအောင်စောင့်ရှောက်ဖို့အတွက် အိမ်မှာနေပေးဖို့ကျတော့ သူ မလိုလားဘူး။ ဒါ့အပြင် ကျွန်တော်က သူ့ကို ပိုကောင်းတဲ့ စည်းစိမ်နဲ့ဘဝကို မထောက်ပံ့ပေးနိုင်ဘူးဆိုပြီး ခဏခဏ ညည်းတယ်။ ကျွန်တော်တို့ မိသားစုရဲ့ နေထိုင်မှုအဆင့်အတန်းက တော်တော်လေး ကောင်းမွန်ပြီး စားစရာ၊ သုံးစရာ မပူရပေမဲ့ သူက မကျေနပ်သေးဘဲ ပိုကောင်းတဲ့အိမ်မှာ နေချင်နေတုန်းပဲ။ ကျွန်တော်က ဘုရားသခင်ကို ယုံကြည်ပြီး သူ့တောင်းဆိုချက်တွေကို မဖြည့်ဆည်းပေးနိုင်တာ မြင်တော့ ဘုရားကို ဆက်မယုံချင်တော့ဘူးလို့ သူ အကြိမ်ကြိမ် ပြောဖူးတယ်။ ဒါပေမဲ့ ကံမကောင်းတာ တစ်ခုခုကြုံရတိုင်း သူက ချက်ချင်းပဲ စိတ်အားထက်သန်လာပြီး ဆုတောင်းတာတွေ၊ အလှူငွေထည့်တာတွေ လုပ်ရော။ စိတ်ညစ်စရာတွေ ပြီးသွားရင်တော့ သူ့ပုံစံဟောင်းအတိုင်း ပြန်ဖြစ်သွားတာပဲ။ သူ့ယုံကြည်ခြင်းက ကောင်းချီးရဖို့သက်သက်ပဲ ဆိုတာ ရှင်းနေတာပါပဲ။ ပြီးတော့ ဘုရားသခင်နဲ့ပတ်သက်တဲ့ အယူအဆတွေလည်း သူ့မှာ အများကြီးရှိပြီး ကျွန်တော့်ရှေ့မှာ ခဏခဏ ဖြန့်ဝေတတ်တယ်။ ယုံကြည်ခြင်းကို အရမ်းကြီး ဝီရိယစိုက်ပြီး မလိုက်စားဖို့၊ ကိုယ့်တာဝန်တွေ ထမ်းဆောင်ရအောင် အိမ်ကိုပစ်မသွားဖို့ ကျွန်တော့်ကို ပြောတယ်။ ကိစ္စတွေကြုံရတဲ့အခါ သမ္မာတရားကို ရှာဖွေဖို့ ကျွန်တော် အကြံပေးရင် သူက အကုန်နားလည်ပါတယ်၊ လက်တွေ့မလုပ်နိုင်တာပါ ဆိုပြီးတော့ ခေါင်းရှောင်သွားတယ်။ ဒါကို မြင်တော့ သူဟာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့တဲ့ မယုံကြည်သူအစစ်ပဲဆိုတာ ကျွန်တော် သဘောပေါက်လိုက်တယ်။ ကျွန်တော့်မိန်းမကို နည်းနည်း ပိုင်းခြားသိမြင်နိုင်တော့မှ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော် ချစ်ခင်တွယ်တာမှုနဲ့ အသက်ရှင်နေခဲ့မှန်း နားလည်သွားတော့တယ်။ ဒါကြောင့်လည်း သူ့ကို အသင်းတော်မှာ ဆက်ထားချင်တဲ့ မျှော်လင့်ချက်နဲ့ ကျွန်တော် သူ့ကို ဆက်တိုက် ထောက်ပံ့ကူညီဖို့ ကြိုးစားနေခဲ့တာကိုး။ ဒါတွေအားလုံးက ကျွန်တော့်ရဲ့ လွန်ကဲတဲ့ သံယောဇဉ်ကြောင့်ပါပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ရတယ်။ “လူအချို့သည် ခံစားချက်များကို အလွန်အရေးပေးကြသည်။ ၎င်းတို့အပေါ်တွင် ဖြစ်ပျက်သည့်အရာမှန်သမျှကို ၎င်းတို့၏ ခံစားချက်များအရ တုံ့ပြန်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဤသည်မှာ မှားယွင်းသည်ကို ကောင်းစွာ သိသည်။ သို့တိုင်အောင် စည်းမျဉ်းအတိုင်း ဆောင်ရွက်ဖို့ မဆိုထားနှင့်။ အရှိအတိုင်းမြင်ရန်ပင် မစွမ်းဆောင်နိုင်သေးပေ။ လူတို့သည် ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို အစဉ်ခံရသောအခါတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိသလော။ ဤသည်မှာ အလွန်အမင်း ခက်ခဲသည်။ လူများစွာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မတတ်စွမ်းနိုင်ခြင်းမှာ ခံစားချက်များအပေါ်တွင် မူတည်သည်။ ၎င်းတို့သည် ခံစားချက်များကို အထူးအရေးကြီးသည်ဟု မှတ်ယူသည်။ ခံစားချက်များကို ဦးစားပေးသည်။ ၎င်းတို့သည် သမ္မာတရားကို ချစ်သောလူများဖြစ်သလော။ သေချာပေါက်မဟုတ်ပေ။ အနှစ်သာရအရ ခံစားချက်များသည် မည်သည့်အရာနည်း။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်သည်။ ခံစားချက်များ၏ သရုပ်သကန်များကို စကားလုံးအချို့ကို အသုံးပြုခြင်းအားဖြင့် ဖော်ပြနိုင်သည်။ မျက်နှာသာပေးခြင်း၊ အခြားသူများကို စည်းမျဉ်းနှင့်မညီဘဲ ကာကွယ်ပေးခြင်း၊ ဇာတိပကတိဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းခြင်း၊ ဘက်လိုက်ခြင်း၊ ဤအရာတို့သည် ခံစားချက်များဖြစ်သည်။ လူတို့၏ ခံစားချက်များရှိခြင်းနှင့် ယင်းတို့ဖြင့် အသက်ရှင်ခြင်း၏ ဖြစ်နိုင်သည့် အကျိုးဆက်များမှာ အဘယ်နည်း။ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့၏ ခံစားချက်များကို အစက်ဆုပ်ဆုံး ဖြစ်သနည်း။ လူအချို့သည် မိမိတို့ ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို အမြဲခံရကြသည်။ သမ္မာတရားကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်နိုင်ကြသကဲ့သို့ ဘုရားသခင်ကို ကျိုးနွံနာခံရန် ဆန္ဒရှိကြသော်လည်း ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့၏ ခံစားချက်များအားဖြင့် ၎င်းတို့ အလွန်အမင်း စိတ်ဆင်းရဲကြရသည်။ သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်နိုင်သည့် လူများစွာရှိသည်။ ဤအရာသည်လည်း ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို ၎င်းတို့ခံရသောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားလက်တွေ့ကျမှု ဆိုသည်မှာ အဘယ်နည်း။) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်အခြေအနေအတိုင်းအတာကို အတိအကျ ဖော်ထုတ်လိုက်တယ်။ ကိုယ့်မိန်းမရဲ့ အပြုအမူနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မယုံကြည်သူတစ်ယောက်ရဲ့ အပြုအမူတွေလို ပေးတဲ့အချိန်မှာ သူက သမ္မာတရားကို တစ်လျှောက်လုံး မလိုက်စားခဲ့တာ၊ စုဝေးပွဲ တက်ဖို့ ငြင်းဆန်တာ၊ ဆုမတောင်းတာ၊ ဘုရားနှုတ်ကပတ်တော်တွေကို မစားသောက်တာ၊ တာဝန်တစ်ခုမှ မထမ်းဆောင်ချင်တာတွေကို ကျွန်တော် ရှင်းရှင်းလင်းလင်း သိပါတယ်။ အဲဒီအစား ပိုက်ဆံနဲ့ လောကီသာယာမှုတွေနောက်ပဲ လိုက်နေတာ။ ဒါ့အပြင် သူ့လူ့သဘာဝက မကောင်းဘူး။ တစ်ယောက်ယောက်က သူ့ကို စိတ်ဆိုးအောင်လုပ်ရင် အယုတ်မာဆုံး စကားနဲ့ ဆဲဆိုတတ်တယ်၊ ဘာသာတရားမရှိသူတစ်ယောက်လိုပဲ ပြုမူတယ်။ ကျွန်တော့်မိန်းမရဲ့ အပြုအမူကို ကျွန်တော် ဖော်ထုတ်သင့်မှန်း သိပေမဲ့ ကျွန်တော်ဟာ ကိုယ့်ချစ်ခင်တွယ်တာမှုနဲ့ပဲ နေခဲ့တာ။ သူ ရှင်းလင်းပစ်မခံရသရွေ့ အသင်းတော်မှာ အစေခံသူအနေနဲ့ ဆက်နေလို့ရမယ်လို့ ကျွန်တော် ထင်ခဲ့တာလေ။ မဟုတ်ရင် သူ ကယ်တင်ခံရဖို့ အခွင့်အရေး လုံးဝ ဆုံးရှုံးသွားမှာကိုး။ ဒါကြောင့် သုံးသပ်ချက်စာရေးတော့ ခေါင်းဆောင်တွေကို ဖြီးဖြန်းဖို့ ကြိုးစားရာမှာ သူ့အပြုအမူနဲ့ပတ်သက်ပြီး တမင်သက်သက် ခပ်တိုတိုနဲ့ ဟိုမရောက်ဒီမရောက် ရေးခဲ့တာ။ ကိုယ့်လုပ်ရပ်တွေကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်တော် ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းနေခဲ့လဲဆိုတာ သဘောပေါက်လိုက်တယ်။ ခေါင်းဆောင်တွေကသာ ကျွန်တော့်ပြဿနာကို တွေ့ပြီး အချိန်မီ မထောက်ပြခဲ့ရင် ကျွန်တော်က ကိုယ့်ချစ်ခင်တွယ်တာမှုထဲမှာ ဆက်အသက်ရှင်ပြီး ကိုယ့်မိန်းမကို ကာကွယ်ပေးနေမိမှာ။ သူသာ အသင်းတော်မှာ ဆက်ရှိနေရင် ဘုရားနဲ့ပတ်သက်တဲ့ သူ့အယူအဆတွေကို ဆက်ဖြန့်ပြီး သူများတွေကို နှောင့်ယှက်နေခဲ့မှာ။ ညီအစ်ကိုမောင်နှမတွေက သူ့အပေါ် ပိုင်းခြားသိမြင်မှု မရှိရင် သူ့ရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ စကားတွေကြောင့် အထင်အမြင်မှားသွားနိုင်ခဲ့မှာပဲ။ ဒါ့အပြင် စုဝေးပွဲတွေ ဧည့်ခံကျင်းပပေးတဲ့အခါမှာလည်း ညီအစ်ကိုမောင်နှမတွေရဲ့ လုံခြုံရေးအတွက် ကျွန်တော့်မိန်းမက ဘာမှမလုပ်ပေးခဲ့ဘူး၊ ဒါကြောင့် စုဝေးပွဲလုပ်တဲ့အချိန် သူတို့ စိတ်ငြိမ်ငြိမ်ထားပြီး အာရုံစိုက်ဖို့ ခက်ခဲစေခဲ့တယ်။ အခုတော့ ကိုယ့်မိန်းမကို တွယ်တာပြီး ဖုံးဖိကာကွယ်ပေးထားတာက ကျွန်တော်က မယုံကြည်သူတစ်ယောက်ကို အသင်းတော်အလုပ် နှောင့်ယှက်ဖျက်ဆီးခွင့် ပေးလိုက်တာနဲ့တူမှန်း နောက်ဆုံးမှာ မြင်လိုက်ရတယ်။ ဒါက ကျွန်တော်ဟာ စာတန်ရဲ့ အစေခံတွေထဲက တစ်ယောက်အနေနဲ့ ပြုမူပြီး ဒုစရိုက်အမှုတွေ ကျူးလွန်နေတာပဲ။

နောက်တော့ ကိုယ့်ကိုယ်ကိုယ် ထပ်ပြီး ဆင်ခြင်သုံးသပ်မိတယ်။ “ရည်ရွယ်ချက်ကောင်းတွေနဲ့ ငါ့မိန်းမကို အသင်းတော်မှာ ဆက်ထားရင် သူ ကယ်တင်ခံရပြီး အသက်ရှင်ကျန်ရစ်ဖို့ ငါ တကယ်ကူညီနိုင်မှာလား။ ဒီလိုလုပ်တာက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီပါ့မလား” ဆိုပြီးတော့ပေါ့။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် တွေ့လိုက်တယ်။ “လုံးဝ ဘာသာတရားမရှိသော မိမိတို့၏ ကလေးများနှင့် ဆွေမျိုးများကို ဘုရားကျောင်းထဲသို့ ဆွဲခေါ်လာသူများ အားလုံးသည် အလွန်တရာ အတ္တကြီးပြီး ၎င်းတို့သည် ကြင်နာမှုကို ထုတ်ဖော်ပြနေကြခြင်းသာ ဖြစ်သည်။ ဤလူများသည် ၎င်းတို့ ယုံကြည်သည် မယုံကြည်သည်ကို ပဓာနမထားဘဲ၊ ပြီးလျှင် ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဟုတ်သည် မဟုတ်သည်ကို ပဓာနမထားဘဲ၊ ချစ်ခင်ခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ အချို့သည် မိမိတို့၏ ဇနီးများကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လာကြသည်၊ သို့မဟုတ် မိမိတို့၏ မိဘများကို ဘုရားသခင် ရှေ့မှောက်သို့ ဆွဲခေါ်လာပြီး၊ ဤအရာနှင့်ပတ်သက်၍ သန့်ရှင်းသော ဝိညာဉ်တော်က သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့အထဲတွင် အမှုပြုနေသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ကျိုးကြောင်းမမြင်စွာ ‘ပင်ကိုစွမ်းရည် ရှိသည့် လူများအဖြစ် ခံယူသည်။’ ဤမယုံကြည်သူများ အပေါ် ကြင်နာမှုကို လက်ကမ်းပေးခြင်းမှ မည်သည့်အကျိုးကျေးဇူး ရနိုင်ခြေရှိသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက် မပါရှိသော ဤမယုံကြည်ူများသည် ဘုရားသခင် နောက်လိုက်ရန် ဝန်လေးကြလျှင်ပင်၊ ၎င်းတို့သည် တစ်ဦးတစ်ယောက်က ယုံကြည်မည်ကဲ့သို့ ကယ်တင်ခြင်းမခံရနိုင်ဆဲ ဖြစ်သည်။ ကယ်တင်ခြင်းကို ရရှိနိုင်သူတို့သည် ရရှိဖို့ အမှန်တကယ် လွယ်ကူသည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုနှင့် စမ်းသပ်မှုများကို မကြုံရသေးသကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရသေးသော သူတို့သည် စုံလင်စေခြင်း ခံရနိုင်စွမ်း လုံးဝ မရှိကြပေ။ သို့ဖြစ်ရာ ဘုရားသခင်ကို အမည်ခံအားဖြင့် စတင် လိုက်လျှောက်သည့် အခိုက်အတန့်မှ၊ ဤလူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက် ကင်းမဲ့လေသည်။ ၎င်းတို့၏ အနေအထားများနှင့် တကယ့် အခြေအနေများအရ၊ ၎င်းတို့သည် တကယ်ကို စုံလင်စေခြင်း မခံရနိုင်ပေ။ ထိုသို့ဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အပေါ် အားအင်များစွာ မစိုက်ထုတ်ရန် ဆုံးဖြတ်သကဲ့သို့၊ ၎င်းတို့ကို မည်သည့် အသိဉာဏ်ပွင့်လင်းစေခြင်းမျှ မပေးပေ၊ သို့မဟုတ် မည်သည့်နည်းနှင့်မျှ ၎င်းတို့ကို လမ်းမပြပေ။ သူသည် ၎င်းတို့ကို အတူတကွ လိုက်လျှောက်ရုံမျှသာ ခွင့်ပြုပြီး ၎င်းတို့၏ရလဒ်ကို နောက်ဆုံးတွင် ထုတ်ဖော်ပြလိမ့်မည်။ ဤသည်မှာ လုံလောက်ပေ၏။ လူသားမျိုးနွယ်၏ စိတ်အားထက်သန်မှုနှင့် ရည်ရွယ်ချက်များသည် စာတန်ထံမှလာပြီး ဤအရာများက သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို မည်သည့်နည်းဖြင့်မျှ မပြည့်စုံစေနိုင်ပေ။ လူတို့ မည်သည့်အရာနှင့် တူသည်ဖြစ်စေ၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိရမည်။ လူသားများသည် လူသားများကို စုံလင်စေနိုင်သလော။ လင်ယောက်ျားသည် သူ၏ဇနီးမယားကို အဘယ်ကြောင့် ချစ်သနည်း။ ဇနီးမယားသည် သူမ၏ လင်ယောက်ျားကို အဘယ်ကြောင့် ချစ်သနည်း။ သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် သားသမီးဝတ် ကျေပွန်ကြသနည်း။ မိဘများက ၎င်းတို့၏ သားသမီးများအပေါ် အဘယ်ကြောင့် အလွန် ချစ်ကြသနည်း။ လူများသည် အမှန်တကယ်တွင် မည်သည့် ရည်ရွယ်ချက်မျိုးများကို သိုထားကြသနည်း။ ၎င်းတို့၏ အကြံမှာ မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အမှန်တကယ် ပြုမူဖို့ ရည်ရွယ်ပါသလော။ ဘုရားသခင်၏ အမှုအတွက် ၎င်းတို့ အမှန်တကယ် ဆောင်ရွက်နေခြင်း ဖြစ်သလော။ ၎င်းတို့၏ အကြံမှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သလော။ ဘုရားသခင်ကို စတင်ယုံကြည်သည့် အချိန်ကတည်းက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်ကို မရရှိနိုင်သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို မည်သည့်အခါမျှ မရနိုင်ပေ။ ဤလူတို့သည် သေချာစွာ ဖျက်ဆီးခြင်း ခံရမည့်သူများ ဖြစ်သည်။ ၎င်းတို့အတွက် တစ်ဦးတစ်ယောက်သည် ချစ်ခြင်းမည်မျှ ရှိသည်ဖြစ်စေ၊ ယင်းက သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို အစားထိုး၍ မရနိုင်ပေ။ လူတို့၏ စိတ်ထက်သန်မှုနှင့် ချစ်ခြင်းမေတ္တာသည် လူသား ရည်ရွယ်ချက်များကို ကိုယ်စားပြုသော်လည်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကိုယ်စား မပြုနိုင်သကဲ့သို့၊ ဘုရားသခင်၏အမှုအတွက်လည်း အစားထိုးမှုတစ်ခု မဖြစ်နိုင်ပေ။ ဘုရားသခင်ကို အမည်ခံအားဖြင့် ယုံကြည်ပြီး ဘုရားသခင်၌ ယုံကြည်ဖို့ဆိုသည်မှာ မည်သည့်အရာ အမှန်တကယ် ဆိုလိုသည်ကို မသိဘဲ၊ သူ့နောက်လိုက် ဟန်ဆောင်သူများအပေါ် တစ်ဦးတစ်ယောက်သည် ကြီးနိုင်သမျှ အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာ သို့မဟုတ် သနားကရုဏာ ပမာဏကို လက်ကမ်းလျှင်ပင်၊ ၎င်းတို့သည် ဘုရားသခင်၏ ကရုဏာကို ရရှိကြလိမ့်ဦးမည် မဟုတ်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကိုလည်း ရရှိကြလိမ့်မည် မဟုတ်ပေ။ ရိုးသားစစ်မှန်စွာ ဘုရားသခင်နောက်လိုက်သည့် လူများသည် ညံ့ဖျင်းသည့် အရည်အချင်း ရှိကြပြီး သမ္မာတရားများစွာကို နားမလည်နိုင်လျှင်ပင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရံဖန်ရံခါ ရရှိနိုင်သေးသည်။ သို့သော် အတော်အတန် ကောင်းမွန်သော အရည်အချင်းရှိသော်လည်း၊ ရိုးသားစစ်မှန်စွာ မယုံကြည်သောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်ကို အကယ်ပင် မရရှိနိုင်ပေ။ ထိုသို့သောသူများနှင့်ပတ်သက်၍ ကယ်တင်ခြင်းအတွက် ဖြစ်နိုင်ချေ လုံးဝ မရှိပေ။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလျှင်ပင်၊ သို့မဟုတ် ရံဖန်ရံခါ ဒေသနာများကို နားထောင်လျှင်ပင်၊ သို့မဟုတ် ဘုရားသခင်ထံ ချီးမွမ်းသီချင်းများ သီဆိုလျှင်ပင်၊ ၎င်းတို့သည် နောက်ဆုံးတွင် ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် အချိန်ရောက်သည်ထိတိုင် ရှင်သန်နိုင်ကြမည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်တော် နားလည်လာတာက လူတစ်ယောက်ဟာ သမ္မာတရားကို လိုက်စားတဲ့လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်မလား၊ အဆုံးမှာ ကယ်တင်ခံရပြီး အသက်ရှင်ကျန်ရစ်မလား ဆိုတာက သူများတွေရဲ့ အကူအညီ၊ ထောက်ပံ့မှုအပေါ် မမူတည်ဘူး ဆိုတာပဲ။ အသင်းတော်ကနေ မထွက်ဘဲ နေရုံသက်သက်နဲ့ အသက်ရှင်ကျန်ရစ်ဖို့ မျှော်လင့်ချက် ရှိတာ မဟုတ်ဘူး။ အဲဒီအစား အဲဒါက ဘုရားသခင်နဲ့ သမ္မာတရားအပေါ်ထားတဲ့ အဲဒီလူရဲ့ သဘောထား၊ ပြီးတော့ ကိုယ်တိုင်လိုက်စားမှုမှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်နဲ့ စုံလင်အောင်ပြုတာကို ရနိုင်မရနိုင် ဆိုတာတွေအပေါ် မူတည်တာ။ စကတည်းက ကျွန်တော့်မိန်းမက ဘုရားသခင်ကို ဘယ်တော့မှ အမှန်တကယ် မယုံကြည်ခဲ့ဘူး။ ဘုရားသခင် ကျေနပ်ဖို့ သူ့တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းချင်စိတ် ဘယ်တုန်းကမှ မရှိခဲ့တဲ့အပြင် အသင်းတော်ရဲ့ အစီအစဉ်တွေကိုလည်း ဘယ်တော့မှ မနာခံခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေအတွက် စုဝေးပွဲတွေ ဧည့်ခံပေးဖို့ အင်တင်တင်နဲ့ လက်ခံပေးတုန်းကတောင် ဘာတာဝန်မှ မယူခဲ့ဘူး။ အသင်းတော် ခေါင်းဆောင်တွေက သူနဲ့ ဘယ်လောက်ပဲ မိတ်သဟာယပြုပြု သူ့ပုံစံ ဘယ်တော့မှ မပြောင်းလဲခဲ့ဘူး။ ဘုရားကို ဆက်မယုံချင်တော့ဘူးလို့တောင် အကြိမ်ကြိမ် ပြောခဲ့တာ။ သမ္မာတရားကို ဒီလောက်တောင် တော်တော်ကြီး မနှစ်မြို့တာ၊ အသင်းတော်မှာ ဆက်နေဖို့ ကျွန်တော် အတင်းဖိအားပေးရင်တောင် သန့်ရှင်းသော ဝိညာဉ်တော်က သူ့အပေါ်မှာ အလုပ်လုပ်မှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင် ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုတွေ အလကားဖြစ်ကုန်မှာ မဟုတ်ဘူးလား။ ကျွန်တော့်မိန်းမကို အသင်းတော်မှာ ထားချင်တဲ့ ကျွန်တော့်လိုအင်ဆန္ဒက ကိုယ်ရေးကိုယ်တာ ချစ်ခင်တွယ်တာမှုနဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့်ပဲ။ အဲဒီလိုလုပ်ရပ်တွေက အကျိုးမရှိတဲ့အပြင် ကျွန်တော့်ချစ်ခင်တွယ်တာမှုကြောင့် ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာ ဖြစ်သွားနိုင်တယ်။ နိုင်ငံတော်ခေတ် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဆယ်ချက်ထဲက တစ်ခုမှာ ဆိုထားတာကို ကျွန်တော် သတိရလိုက်တယ်။ “(သင်၏သားသမီးများ၊ သင်၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်၏ညီအစ်မများ သို့မဟုတ် မိဘများ စသည်ဖြင့်) ယုံကြည်ခြင်း မရှိသည့် ဆွေမျိုးသားချင်းများကို အသင်းတော်ထဲသို့ အတင်းအကျပ် မသွင်းသင့်ပေ။ ဘုရားသခင်၏အိမ်ထောင်စုသည် အသင်းသားများ နည်းပါးနေခြင်း မရှိသကဲ့သို့၊ အသုံးမဝင်သည့် လူများဖြင့် ယင်း၏ အရေအတွက်ကို ဖန်တီးဖို့မလိုအပ်ပေ။ မယုံကြည်သောသူအားလုံးကို အသင်းတော်ထဲသို့ ဝမ်းမြောက်ဝမ်းသာ ခေါ်မလာရ။ ဤအမိန့်သည် လူခပ်သိမ်းကို ရည်ရွယ်ပေသည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သင်တို့သည် အချင်းချင်း စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် သတိပေးခြင်းများ ပြုလုပ်သင့်သည်။ မည်သူတစ်ဦးမျှ ယင်းကို ချိုးဖောက်ခွင့်မရှိ။ မယုံကြည်သူ ဆွေမျိုးသားချင်းများသည် အသင်းတော်ထဲသို့ အင်တင်တင်ဖြင့် ဝင်သည့်အခါတွင်ပင် ၎င်းတို့ကို စာအုပ်များ ထုတ်ပေးရမည် မဟုတ်သကဲ့သို့၊ အမည်သစ်လည်း မပေးရ။ ထိုသို့သော လူများသည် ဘုရားသခင်၏ အိမ်ထောင်စုနှင့် မသက်ဆိုင်သကဲ့သို့၊ ၎င်းတို့၏ အသင်းတော်ထဲသို့ ဝင်ရောက်ခြင်းကို လိုအပ်သည့် မည်သည့်နည်းဖြင့်မဆို ရပ်တန့်စေရမည်။ မကောင်းဆိုးဝါးများ၏ ကျူးကျော်ဝင်ရောက်မှုကြောင့်၊ အသင်းတော်အပေါ် ဒုက္ခကျရောက်သည်ရှိသော်၊ သင်ကိုယ်တိုင်သည် ထုတ်ပယ်ခြင်း ခံရလိမ့်မည် သို့မဟုတ် သင့်အပေါ် ကန့်သတ်ချက်များ ထားရှိခံရလိမ့်မည်။ တိုတိုပြောရလျှင်၊ ဤကိစ္စရပ်၌ အယောက်တိုင်းတွင် တာဝန်ရှိသည်၊ သို့သော် သင်သည် မဆင်မခြင် မပြုသင့်သကဲ့သို့ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်များကို ပြန်ချေပခြင်းများအတွက်လည်း ယင်းကို အသုံးမပြုသင့်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်) စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ထဲမှာ ရှင်းရှင်းလင်းလင်း ဆိုထားတာက ဘာသာတရားမရှိတဲ့ မိသားစုဝင်တွေကို အသင်းတော်ထဲဝင်ဖို့ ကျွန်တော်တို့ အတင်းအဓမ္မ မတိုက်တွန်းရဘူး တဲ့။ ဒီလိုလူတွေ အသင်းတော်ထဲ ရောက်လာရင်တောင် ဘုရားသခင်က အသိအမှတ်မပြုပါဘူး။ ဒါက ယုံကြည်သူတိုင်း လိုက်နာသင့်တဲ့ အမိန့်တစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်က ဘုရားသခင်ရဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ကို လျစ်လျူရှုပြီး ချစ်ခင်တွယ်တာမှုကြောင့် ကိုယ့်မိန်းမကို အသင်းတော်မှာ ဆက်ထားဖို့ ကြိုးစားခဲ့တယ်။ အသင်းတော်ဆိုတာ ညီအစ်ကိုမောင်နှမတွေ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပြီး သူတို့တာဝန်တွေကို ထမ်းဆောင်တဲ့ နေရာပါ၊ မယုံကြည်သူတွေ၊ အန္တိခရစ်တွေ၊ ဆိုးယုတ်တဲ့လူတွေရဲ့ နှောင့်ယှက်မှုတွေကို ခွင့်မပြုပါဘူး။ ကျွန်တော့်မိန်းမက သမ္မာတရားကို တော်တော်ကို မနှစ်မြို့တဲ့အပြင် အနှစ်သာရအရ မယုံကြည်သူတစ်ယောက် ဖြစ်နေတဲ့အတွက် သူ အသင်းတော်မှာ ဆက်ရှိနေတာက အသင်းတော်အလုပ်နဲ့ အသင်းတော်အသက်တာကို သေချာပေါက် နှောင့်ယှက်ဖျက်ဆီးမှာပဲ။ ကိုယ်ပိုင်သံယောဇဉ်ကို အခြေခံပြီး မယုံကြည်သူတစ်ယောက်ကို အသင်းတော်မှာ ဆက်ထားဖို့ ကြိုးစားတာက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လိုလုပ် ကိုက်ညီနိုင်မှာလဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ဖတ်ပြီးတဲ့နောက် ကိစ္စတွေကို တွယ်တာမှုနဲ့ ကိုင်တွယ်မိတဲ့ ကျွန်တော့်ရဲ့ အရင်းအမြစ်ကို နည်းနည်း နားလည်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူပုဂ္ဂိုလ်တစ်ဦးသည် ဘုရားသခင်ကို ငြင်းပယ်ပြီး ဆန့်ကျင်သူတစ်ဦး ဖြစ်ကာ ဘုရားသခင်၏ကျိန်ဆဲခြင်း ခံရသော်လည်း ၎င်းတို့သည် သင်၏မိဘ၊ သို့မဟုတ် ဆွေမျိုးဖြစ်ပြီး သင်သိသမျှ ဆိုးယုတ်သူတစ်ဦး ဖြစ်ပုံမရသကဲ့သို့ ၎င်းတို့က သင့်ကို ကောင်းမွန်စွာ ဆက်ဆံပါက ထိုလူကို သင် မမုန်းနိုင်သည်ကို တွေ့ရလိမ့်မည်၊ ၎င်းတို့နှင့် ရင်းနှီးသည့် ဆက်ဆံရေးပင် ရှိမြဲရှိနေနိုင်သည်၊ သင်တို့၏ ဆက်ဆံရေး မပြောင်းလဲပေ။ ထိုသို့သော လူတို့ကို ဘုရားသခင် မုန်းတီးသည်ကို ကြားရခြင်းက သင့်ကို သောကရောက်စေပြီး ဘုရားသခင်ဘက်တွင် သင် မရပ်တည်နိုင်သကဲ့သို့ ၎င်းတို့ကို ရက်စက်စွာ မငြင်းပယ်နိုင်ပေ။ သင်သည် ခံစားချက်များဖြင့် အမြဲ ဘောင်ခတ်ခြင်းခံရပြီး ၎င်းတို့ကို အပြည့်အဝ လက်မလွှတ်နိုင်ပေ။ ဤအရာ၏ အကြောင်းအရင်းမှာ အဘယ်နည်း။ ဤအရာဖြစ်ရခြင်းမှာ သင်၏ ခံစားချက်များ အလွန်အားကောင်းလွန်းပြီး၊ ထိုခံစားမှုများက သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ ဟန့်တားထားသောကြောင့် ဖြစ်သည်။ ထိုလူသည် သင့်အပေါ် ကောင်းသောကြောင့် သင်သည် ၎င်းတို့ကို မမုန်းနိုင်ပေ။ ၎င်းတို့က သင့်အား နာကျင်စေသည့်အခါမှသာလျှင် ၎င်းတို့ကို သင်မုန်းတီးနိုင်သည်။ ထိုအမုန်းတရားသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီမည်လော။ ၎င်းတို့သည် မိဘ၊ သို့မဟုတ် ဆွေမျိုးဖြစ်သောကြောင့်၊ ၎င်းတို့ကို သင်မုန်းလျှင်၊ သင်သည် သားသမီးဝတ်မကျေပွန်သောသူ၊ အသိတရား မရှိသလို လူပင် မဟုတ်သူအဖြစ် လူ့အဖွဲ့အစည်း၏ အထင်အမြင်သေးခြင်းကို ခံရပြီး လူများ၏ ခံယူချက်အားဖြင့် ပုတ်ခတ်ဝေဖန်ခြင်းတို့ကို ခံရမည်ဟု တွေးလျက် သင်သည် အစဉ်အလာအယူအဆများဖြင့်လည်း ထိန်းချုပ်ခံရသည်။ သင်သည် ဘုရားသဘောသဘာဝ၏ ပြစ်တင်ရှုတ်ချခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့ကို ခံစားရမည်ဟု တွေးထင်သည်။ သင်သည် ၎င်းတို့ကို မုန်းလိုလျှင်ပင် သင်၏အသိစိတ်က သင့်ကို အခွင့်ပေးမည် မဟုတ်ပေ။ သင်၏ အသိစိတ်သည် ဤနည်းလမ်းဖြင့် အဘယ်ကြောင့် လုပ်ဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် သင့်မိသားစု၏ အမွေမှတစ်ဆင့်၊ သင်၏မိဘများက သင့်ကို ပေးထားသည့် ပညာရေးမှတစ်ဆင့်၊ ထို့ပြင် ရိုးရာယဉ်ကျေးမှု၏ အယူသွတ်သွင်းခြင်းတို့မှတစ်ဆင့် သင်ကလေးအရွယ်ကတည်းက သင့်အတွင်းတွင် မျိုးစေ့ချပေးထားသည့် တွေးခေါ်မှုနည်းလမ်းတစ်ခုကြောင့် ဖြစ်သည်။ ဤတွေးခေါ်မှုနည်းလမ်းက သင်၏ စိတ်နှလုံးတွင် အလွန် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး၊ သင့်အား သားသမီးဝတ်သည် လုံးဝ သဘာဝကျပြီး၊ တရားကာ သင်၏ ဘိုးဘေးများထံမှ အမွေရခဲ့သည့် မည်သည့်အရာမဆိုသည် အစဉ် ကောင်းမြတ်သည်ဟု တလွဲ ယုံကြည်စေသည်။ သင်သည် ယင်းကို ဦးစွာ သင်ယူခဲ့ပြီး ယင်းက သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်အောင်၊ ဘုရားသခင် ချစ်သည့်အရာကို မချစ်နိုင်အောင်၊ ဘုရားသခင် မုန်းသည့်အရာကို မမုန်းနိုင်အောင်ဖြစ်သွားစေလျက် သင်၏ ယုံကြည်ခြင်းနှင့် သမ္မာတရားကို လက်ခံခြင်းတို့၌ ကြီးမားသော ခလုတ်တံသင်းနှင့် အဆီးအတားတို့ကို ဖန်တီးရင်း ကြီးစိုးမြဲ ကြီးစိုးနေသည်။...စာတန်က သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံနိုင်အောင် ဖြစ်သွားစေလျက် သင်၏ အတွေးအခေါ်များ၊ သင်၏ စိတ်နှင့် သင်၏နှလုံးသားတို့ကို ချည်နှောင်ရန် ဤရိုးရာ ထုံးတမ်းဓလေ့မျိုးနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ အယူအဆမျိုးတို့ကို အသုံးပြုသည်။ သင်သည် စာတန်၏ဤအရာများကို စိတ်စွဲနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိ ဖြစ်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်လိုသည့်အခါတွင် ဤအရာများက သင့်အတွင်း၌ အနှောင့်အယှက်ဖြစ်စေသည်၊ သင့်ကို သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဆန့်ကျင်စေပြီး သင်သည် ရိုးရာထုံးတမ်းဓလေ့၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို ကိုယ်တိုင် ဖယ်ရှားဖို့ငှာ မစွမ်းသာအောင်ဖြစ်စေသည်။ အချိန်အတန်ကြာ ရုန်းကန် ပြီးသည့်နောက်တွင် သင်သည် အလျှော့ပေးမိလေသည်။ လူ့ကျင့်ဝတ်ဆိုင်ရာ အစဉ်အလာ အယူအဆများသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ဖို့ သင်ပိုနှစ်သက်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်ပယ်သည်၊ သို့မဟုတ် စွန့်လွှတ်သည်။ သင်သည် ဤကမ္ဘာလောကတွင် အသက်ရှင် နေထိုင်နေဆဲ ဖြစ်ပြီး ဤအရာများအပေါ် မှီခိုခြင်းအားဖြင့်သာ အသက်ရှင်နိုင်သည်ဟု ခံစားလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံနိုင်သလို ကယ်တင်ခံရခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ သင်မတွေးပေ။ လူ့အဖွဲ့အစည်း၏ ပြစ်တင်ရှုတ်ချခြင်းကို သည်းခံနိုင်ခြင်းမရှိဘဲ ကိုယ်ကျင့်တရားဆိုင်ရာ ရိုးရာ အယူအဆများနှင့် စာတန်၏ စွမ်းအားတို့၌ လွင့်မျောလိုက်ပါလျက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ ပို၍ နှစ်သက်ရင်း သမ္မာတရားနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စွန့်လွှတ်ဖို့သာ သင် ရွေးချယ်လိုက်မည်။ လူသည် သနားစဖွယ် မကောင်းသလော၊ ငါ့ကို ပြောလော့။ ၎င်းသည် ဘုရားသခင်၏ကယ်တင်ခြင်းကို မလိုအပ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်က ကျွန်တော်ပြုမူလိုက်တဲ့ တွယ်တာမှုနည်းလမ်းရဲ့ အရင်းအမြစ်ကို ဖော်ထုတ်လိုက်တာပါ။ ကိုယ့်မိန်းမရဲ့ အပြုအမူနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မယုံကြည်သူတစ်ယောက်ရဲ့ အပြုအမူတွေလို ပေးတဲ့အချိန်မှာ သူ့ရဲ့ အနှစ်သာရ၊ ဒါမှမဟုတ် ဘုရားသခင်နဲ့ သမ္မာတရားအပေါ်ထားတဲ့ သူ့သဘောထားကို အခြေခံပြီး ကျွန်တော် ပိုင်းခြားသိမြင်တာ၊ ဖော်ထုတ်တာ မလုပ်ခဲ့ဘူး။ အဲဒီအစား သူက ပုံမှန်ဆို ကျွန်တော့်အပေါ် ကောင်းတယ်၊ ကျွန်တော့်မိဘတွေကို ဂရုစိုက်တယ် ဆိုတဲ့အချက်ကိုပဲ အာရုံစိုက်ခဲ့တယ်။ ရလဒ်အနေနဲ့ ချစ်ခင်တွယ်တာမှုနဲ့ပဲ အသက်ရှင်ပြီး သူ့ကို ကာကွယ်ပေးဖို့ ကြိုးစားခဲ့တယ်။ သူဟာ မယုံကြည်သူဖြစ်မှန်း၊ သူ့အမှုက အသင်းတော်ကနေ ရှင်းလင်းပစ်ခံရမယ့် စည်းမျဉ်းတွေနဲ့ ကိုက်ညီနေမှန်း ကျွန်တော် သိပေမဲ့ စည်းမျဉ်းတွေကို ပုံသေစောင့်ထိန်းပြီး သူ့ကို ဖော်ထုတ်လိုက်ရင်၊ သူ ရှင်းလင်းပစ်ခံရတာကိုတောင် လက်ပိုက်ကြည့်နေရင် လိပ်ပြာလုံမှာ မဟုတ်ဘဲ စိတ်ထင့်နေရမှာ။ ကျွန်တော့်မိန်းမကို ဖော်ထုတ်လိုက်ရင် သူ့အပေါ် တာဝန်ပျက်ကွက်သလိုတောင် ခံစားရပြီး ဖော်ထုတ်တဲ့သူက ကျွန်တော်ဖြစ်မှန်း သူသိသွားရင် သွေးအေးတဲ့အပြင် အကြင်နာမဲ့တယ်ဆိုပြီး မုန်းသွားမှာကို ကြောက်ခဲ့တယ်။ “မျက်နှာကြီးရာ ဟင်းဖတ်ပါ”၊ “လူမှာ အသည်းအနှလုံး ရှိတယ်၊ ဘယ်လိုလုပ် သံယောဇဉ် ပြတ်နိုင်မှာလဲ” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်တွေကို ကျင့်ကြံပြုမူတဲ့ စည်းမျဉ်းတွေအဖြစ် ကျွန်တော် လက်ခံကျင့်သုံးခဲ့တာကိုး။ ဒီအတွေးတွေနဲ့ လှောင်ပိတ်နေပြီး မမြင်ရတဲ့ ဖိအားတစ်ခုကို ကျွန်တော် ခံစားခဲ့ရတယ်။ ဒီလူက မယုံကြည်သူ ဟုတ်မဟုတ်၊ သူသာ အသင်းတော်မှာ ဆက်ရှိနေရင် အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေကို ဘယ်လောက်တောင် ထိခိုက်စေမလဲ ဆိုတာတွေကို ကျွန်တော် ဂရုမစိုက်ခဲ့ဘူး။ ဒီလူက ကိုယ့်ဆွေမျိုးဖြစ်နေသရွေ့ သူ့ကို ဖော်ထုတ်လို့မရဘူးလို့ပဲ တွေးခဲ့တာ။ ကိုယ့်အသိစိတ်ကို ဆန့်ကျင်ပြီး သူ့ကို ဖုံးကွယ်ပေးဖို့တောင် တွန်းအားပေးခံခဲ့ရတယ်၊ ဒီလိုမလုပ်ရင် လူတွေက ငါ့ကို အကြင်နာမဲ့တဲ့လူလို့ ခေါ်ကြမှာ စိုးရိမ်ခဲ့တာ။ “မျက်နှာကြီးရာ ဟင်းဖတ်ပါ”၊ “လူမှာ အသည်းအနှလုံး ရှိတယ်၊ ဘယ်လိုလုပ် သံယောဇဉ် ပြတ်နိုင်မှာလဲ” ဆိုတဲ့ ဆိုရိုးတွေက ကျင့်ကြံပြုမူနည်း စည်းမျဉ်းတွေ လုံးဝ မဟုတ်ဘဲ ဒီ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေကို အခြေခံပြီး ကျင့်ကြံပြုမူတာက ကျွန်တော့်ကို ချစ်ခင်တွယ်တာမှုထဲမှာပဲ နစ်မွန်းစေပြီး အမှားအမှန်ကို ပိုင်းခြားမသိမြင်နိုင်အောင် ဖြစ်စေမယ်ဆိုတာ နောက်ဆုံးတော့ ကျွန်တော် မြင်သွားပြီ။

၂၀၂၃၊ ဇူလိုင်လမှာ ယောက္ခမဆီက စာတစ်စောင် ရတယ်၊ ကျွန်တော်မိန်းမက တရားရုံးမှာ ကွာရှင်းဖို့ စာတင်ချင်နေတယ်တဲ့။ ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေး မပျက်စီးအောင် ထိန်းသိမ်းဖို့ အိမ်ပြန်ချင်စိတ် တော်တော်ဖြစ်မိသေးတယ်၊ ဒါပေမဲ့ ကျွန်တော့် အခြေအနေနဲ့ အတိအကျ သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော်နဲ့ ကျွန်တော့်မိန်းမက လူအမျိုးအစားမတူသလို လမ်းကြောင်းလည်း မတူဘူးဆိုတာ သဘောပေါက်လိုက်တယ်။ ကျွန်တော်တို့သာ အတူနေရင် အဆုံးသတ်က မဆုံးနိုင်တဲ့ ဆင်းရဲဒုက္ခပဲ ဖြစ်မှာ။ ဒါ့အပြင် လွန်ခဲ့တဲ့ သုံးလေးနှစ်အတွင်းမှာ အိမ်နဲ့ဝေးရာမှာ ကိုယ့်တာဝန်တွေ ထမ်းဆောင်ရင်း ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ ကောင်းချီးတွေကို ကျွန်တော် ကြုံတွေ့ခဲ့ရတယ်။ သမ္မာတရားကို လိုက်စားတာကသာ ဘဝရဲ့ မှန်ကန်တဲ့ လမ်းကြောင်းဖြစ်မှန်း ကျွန်တော် အသိအမှတ်ပြုလိုက်တယ်။ ဒါကြောင့် အိမ်ပြန်မယ့်အတွေးကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ချစ်ခင်တွယ်တာမှုကို လက်လွှတ်နိုင်အောင် လမ်းပြပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့- ၆၈။ တာဝန်ကို နာမည်ကြီးဖို့နှင့် အဆင့်အတန်းရှိဖို့အတွက် မထမ်းဆောင်သင့်ပါ

နောက်တစ်ခုသို့- ၇၀။ မှန်ကန်သောသူများကို ထောက်ခံပေးဖို့ ဝန်လေးနေခြင်းရဲ့ နောက်ကွယ်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၉။ သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စုအမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။