၇၀။ မှန်ကန်သောသူများကို ထောက်ခံပေးဖို့ ဝန်လေးနေခြင်းရဲ့ နောက်ကွယ်

ချောင်မင်၊ တရုတ်ပြည်

၂၀၂၁၊ ဇန်နဝါရီလတုန်းက ကျန်းဖန်းနဲ့ ကျွန်မတို့ နှစ်ယောက်လုံး အသင်းတော်ခေါင်းဆောင်တွေအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ ကျွန်မတို့ဟာ မနက်ကနေ ညမိုးချုပ်တဲ့အထိ အသင်းတော်မှာ အလုပ်ရှုပ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ အရင်တုန်းက စာနှင့်ပတ်သက်တဲ့အလုပ် ဒါမှမဟုတ် သန့်စင်ခြင်းအလုပ်မှာ ကျွန်မ တွဲမလုပ်ခဲ့ဖူးတာရယ်၊ ပြီးတော့ ဒီအသင်းတော်ကို ကျွန်မ ရောက်ကာစပဲ ရှိသေးပြီး ကဏ္ဍတော်တော်များများကို မရင်းနှီးသေးတာရယ်ကြောင့် အလုပ်က သိပ်ပြီး ထိရောက်မှုမရှိခဲ့ဘူး။ အချိန်နည်းနည်းကြာတော့ လီရန်က တခြားနေရာမှာ သူ့တာဝန်ကို ထမ်းဆောင်ပြီး ပြန်ရောက်လာတော့ သူလည်း အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတယ်။ ကျွန်မ အရမ်းပျော်သွားတယ်။ လီရန်ကို ကျွန်မ သိတာကိုး။ အရင်က ဒီအသင်းတော်မှာ သူ တာဝန်ထမ်းဆောင်ဖူးတော့ ကဏ္ဍပေါင်းစုံကို ကောင်းကောင်း နားလည်ထားတာလေ။ နောက်ပြီး သူ့မှာ အစွမ်းအစမြင့်မားပြီး အလုပ်လုပ်နိုင်စွမ်းလည်း ရှိတယ်။ တာဝန်အများကြီးကိုလည်း သူ ထမ်းဆောင်ဖူးတယ်။ ကျွန်မ တွေးမိတယ်၊ “အသင်းတော်အလုပ်မှာ ပူးပေါင်းလုပ်ဖို့ အခု လီရန် ရှိလာပြီဆိုတော့ ငါတို့ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေအတွက် ဖြေရှင်းနည်းတွေကို ရှာတွေ့နိုင်မှာပါ၊ ပြီးတော့ အလုပ်ရလဒ်တွေ တိုးတက်လာတဲ့အခါ ငါလည်း မျက်နှာပန်းလှမှာပဲ” ပေါ့။ ဒါနဲ့ လီရန်ကို အသင်းတော်ရဲ့ အခြေအနေတွေအကြောင်း အကုန်မြန်မြန်ပြောပြလိုက်တာပေါ့။ လီရန်က အလုပ်နဲ့ပတ်သက်ပြီး မြန်မြန်ဆန်ဆန်ပဲ ရင်းနှီးသွားတယ်။ ပြီးတော့ ကျွန်မတို့တွေ အလုပ်တာဝန်တွေကို ခွဲဝေပြီး ပူးပေါင်းလုပ်ကြတယ်။ ကျန်းဖန်းနဲ့ ကျွန်မက ဧဝံဂေလိအလုပ်နဲ့ ရေလောင်းခြင်းအလုပ်အတွက် အဓိက တာဝန်ယူရတယ်။ လီရန်ကတော့ သန့်စင်ခြင်းအလုပ်နဲ့ အသင်းတော်အသက်တာအတွက် တာဝန်ယူရတာပေါ့။ ဘယ်လိုဖြေရှင်းရမှန်းမသိတဲ့ ပြဿနာတွေကို ကျန်းဖန်းနဲ့ ကျွန်မ ကြုံရတဲ့အခါတိုင်း မိတ်သဟာယပြုပေးတဲ့သူက အမြဲတမ်း လီရန်ပါပဲ။ သူ့အကူအညီနဲ့ ပြဿနာတော်တော်များများကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို ကျွန်မတို့ ရှာတွေ့ခဲ့တယ်။ လီရန်ဟာ ကျွန်မတို့အသင်းတော်ရဲ့ အဓိကအားထားရတဲ့ ဒေါက်တိုင်တစ်ခုလည်း ဖြစ်လာတာပေါ့။ အထက်ခေါင်းဆောင်တွေက ကျွန်မတို့အသင်းတော်ရဲ့ အလုပ်ကို စစ်ဆေးဖို့ ကျွန်မတို့နဲ့အတူ လုပ်ဖော်ကိုင်ဖက် အစည်းအဝေးတစ်ခု လုပ်ခဲ့ကြတယ်။ ကျွန်မတို့တွေ တက်တက်ကြွကြွ ပူးပေါင်းလုပ်နေကြတာ၊ အလုပ်အမျိုးမျိုးကို စနစ်တကျ လုပ်နေကြတာကို သူတို့မြင်တော့ ခေါင်းတညိတ်ညိတ်နဲ့ သဘောကျနေကြတယ်။ အရင်တုန်းက ခေါင်းဆောင်တွေ ကျွန်မတို့ရဲ့ အလုပ်အကြောင်း လာလေ့လာတုန်းက အဓိကကျတဲ့ အလုပ်တချို့ကို ကျွန်မတို့ ကောင်းကောင်း မလုပ်ခဲ့လို့ ကြန့်ကြာမှုတွေ ဖြစ်ခဲ့ပြီး ကျွန်မတို့ ပြုပြင်ခံခဲ့ရတာကို ကျွန်မ ပြန်သတိရမိတယ်။ အဲဒီတုန်းက ကျွန်မ ရှက်လွန်းလို့ ခေါင်းတောင် မဖော်နိုင်ခဲ့ဘူး။ အခုတော့ တာဝန်ထမ်းဆောင်ရာမှာ ပူးပေါင်းလုပ်ဖို့ လီရန် ရှိနေပြီဆိုတော့ အလုပ်ရဲ့ ထိရောက်မှုက သိသိသာသာကို ကွာခြားသွားပြီလေ။ အခုဆို အထက်ပိုင်းအဆင့်ခေါင်းဆောင်တွေက ကျွန်မတို့ကို ပြုပြင်တာ ရှားသွားပြီ။ ပြီးတော့ လုပ်ဖော်ကိုင်ဖက် အစည်းအဝေးတွေမှာလည်း ကျွန်မ မျက်နှာပန်းလှလာတယ်။ ကျွန်မ တွေးမိတယ်၊ “နောင်မှာ လီရန်နဲ့ ငါ ကောင်းကောင်း ပူးပေါင်းလုပ်ပြီး အသင်းတော်မှာရှိတဲ့ အလုပ်တာဝန်တွေ အားလုံးကို ပိုကောင်းအောင် ကြိုးစားလုပ်ရမယ်” ပေါ့။

ဇူလိုင်လ ညနေခင်းတစ်ခုမှာ အထက်ခေါင်းဆောင်တွေဆီက စာတစ်စောင် ရောက်လာတယ်။ တော်တော်လေးတော်ပြီး အသင်းတော်အလုပ်ကို တာဝန်ယူနိုင်မယ့်တဲ့သူတစ်ယောက်ကို ထောက်ခံပေးဖို့ ကျွန်မတို့ကို တောင်းဆိုထားတာပေါ့။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်း အပိုင်းမှာဆိုရင် လီရန်က အတော်ဆုံးပဲ၊ ပြီးတော့ သူ့ကို ရာထူးတိုးပေးလိုက်ရင် သူက လက်တွေ့လေ့ကျင့်မှု ပိုရလာမှာ။ ဒါပေမဲ့ ငါသာ သူ့ကို ထောက်ခံပေးလိုက်ရင် ငါတို့အသင်းတော်က အဓိကဒေါက်တိုင်တစ်ချောင်းကို ဆုံးရှုံးရမှာ။ ကျန်းဖန်းနဲ့ ငါက အလုပ်မှာ သိပ်မတော်ကြသေးဘူး။ အသင်းတော်အလုပ်က ထိရောက်မှု နည်းသွားခဲ့ရင် ငါတို့မှာ အလုပ်လုပ်နိုင်စွမ်း မရှိဘူး၊ တကယ့်အလုပ်ကို မလုပ်နိုင်ဘူးလို့ အထက်ခေါင်းဆောင်တွေက သေချာပေါက် ပြောကြတော့မှာ။ ငါတို့ကို ဖြုတ်ချတာတောင် လုပ်နိုင်တယ်။ အဲဒီကျရင် ညီအစ်ကိုမောင်နှမတွေက ငါတို့ကို ဘယ်လိုထင်ကြမလဲ။ လီရန် သွားဖို့အတွက် ငါ ထောက်ခံပေးလို့ မဖြစ်ဘူး။ ဒါပေမဲ့ ငါသာ သူ့ကို ထောက်ခံမပေးပြန်ရင်လည်း အဲဒါက အသင်းတော်အလုပ်ကို ကာကွယ်ရာ မရောက်ဘူး၊ အားလုံးအတွက် စဉ်းစားပေးတာလည်း မဟုတ်ဘူး” ပေါ့။ ရွေးချယ်စရာနှစ်ခုလုံးက မမှန်သလို ဖြစ်နေပြီး ဒါက ကျွန်မကို တော်တော်လေး စိတ်ဒုက္ခရောက်စေတယ်။ နောက်ဆုံးမှာတော့ ကျွန်မက လီရန်ကို စိတ်မပါတပါနဲ့ ပြောလိုက်တယ်၊ “အစ်မ သွားဖို့အတွက် ကျွန်မ ထောက်ခံပေးလိုက်မယ်” ပေါ့။ လီရန်က တွန့်ဆုတ်နေပြီး ဘာမှမပြောဘူး။ ဒါပေမဲ့ သူ မသွားချင်ဘူးလို့ ကျွန်မ ခံစားမိတယ်။ အစတုန်းကတော့ သူ့သဘောထားကို မေးပြီး သူနဲ့ မိတ်သဟာယပြုချင်ခဲ့တာ၊ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်၊ “ငါတို့ မိတ်သဟာယပြုပြီးတဲ့နောက်မှာ သူသာ သွားဖို့ သဘောတူလိုက်ရင် ဘယ်လိုလုပ်မလဲ။ အဲဒါဆို ငါတို့အသင်းတော်ရဲ့ အလုပ်ရလဒ်တွေ ကျဆင်းသွားပြီး ငါ မျက်နှာပျက်ရမှာ။ ထားလိုက်ပါတော့၊ သူ့ကို မမေးတော့ဘူး၊ သူနဲ့ မိတ်သဟာယလည်း မပြုတော့ဘူး။ ငါ ဘာမှမမြင်လိုက်သလိုပဲ ဟန်ဆောင်နေလိုက်မယ်။ သူသာ မသွားဘူးဆိုရင် ငါ့အတွက် ပိုကောင်းတယ် မဟုတ်လား” ပေါ့။ ဒါနဲ့ ကျွန်မ အထက်ခေါင်းဆောင်တွေဆီ စာပြန်မပို့လိုက်ဘူး။ အိမ်ရောက်တော့ ကျွန်မ အိပ်ရာပေါ်မှာ လှဲနေပေမယ့် ဟိုဘက်ဒီဘက် လူးလိမ့်ပြီး အိပ်မပျော်နိုင်ဘူး။ မြန်မြန် စာပြန်ဖို့ ခေါင်းဆောင်တွေက ပြောထားရဲ့သားနဲ့ ကျွန်မက ကြန့်ကြာပြီး စာမပြန်မိခဲ့တာကို တွေးမိတယ်။ ဒါက အလုပ်ကို နှောင့်နှေးကြန့်ကြာစေမှာလား။ တွေးမိလေ၊ ကျွန်မ စိတ်မငြိမ်လေ ဖြစ်လာတယ်။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာတော့ လီရန်ကို ထောက်ခံမပေးချင်သေးဘူး။ အသင်းတော်မှာ လုပ်စရာအလုပ်တွေက အများကြီးရှိနေတာ၊ ပူးပေါင်းလုပ်မယ့်သူ တစ်ယောက် လျော့သွားရင် အလုပ်ရဲ့ ထိရောက်မှုက သေချာပေါက် အရင်လောက်ကောင်းတော့မှာ မဟုတ်ဘူး။ ဒါကို တွေးမိပြီး ကျွန်မ သူ့ကို ထောက်ခံမပေးခဲ့ဘူး။

ဒုတိယမြောက်နေ့ မနက်ခင်း အိပ်ရာထတဲ့အခါ ကျွန်မ အားနည်းပြီး ချည့်နဲ့နေသလို ခံစားရတယ်၊ ဘာမှလည်း စားမဝင်ဘူး။ စိတ်ထဲမှာလည်း မသိုးမသန့် ဖြစ်နေတယ်။ ကျွန်မ ဘုရားသခင်ရှေ့မှောက်မှာ ဆုတောင်းပြီး ရှာဖွေတဲ့အခါ ဒီဘုရားနှုတ်ကပတ်တော်တွေကို တွေ့ခဲ့ရတယ်။ “အန္တိခရစ်များသည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အရင်ဦးဆုံး ထည့်စဉ်းစားပြီး အရာအားလုံးကို သေချာစဉ်းစားတွေးတောပြီးမှသာ ဆောင်ရွက်ကြသည်။ ၎င်းတို့သည် ညှိနှိုင်းခြင်းမရှိဘဲ သမ္မာတရားကို မှန်ကန်စွာ၊ ရိုးသားစစ်မှန်စွာ၊ အပြည့်အဝ ကျိုးနွံနာခံခြင်း မရှိဘဲ စိစိစစ်စစ်ရှိစွာနှင့် အခြေအနေပေါ်မူတည်၍ ဆောင်ရွက်ကြသည်။ ဤသည်မှာ မည်သည့်အခြေအနေဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အကာအကွယ်ပေးရမည်ဖြစ်ပြီး၊ မည်သည့်ဆုံးရှုံးမှုကိုမျှ မခံရစေခြင်းဖြစ်သည်။ ဤအခြေအနေနှင့် ကိုက်ညီပြီးမှသာ ၎င်းတို့သည် မည်သည့်အရာလုပ်ဆောင်ရမည်ကို ဆုံးဖြတ်ပြီး ရွေးချယ်သည်။ ဆိုလိုသည်မှာ အန္တိခရစ်တို့သည် သမ္မာတရားစည်းမျဉ်းများ၊ ဘုရားသခင်၏ စေခိုင်းချက်များနှင့် ဘုရားအိမ်တော်၏ အလုပ်၊ သို့မဟုတ် ၎င်းတို့ရင်ဆိုင်ရသည့်အရာများကို မည်သို့ကိုင်တွယ်ရမည်ဆိုသည်ကို အလေးအနက် စဉ်းစားကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့အထမြောက်အောင် လုပ်ဆောင်ရမည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းမှ မည်သို့ထိန်းသိမ်းကာကွယ်ရမည်၊ ဘုရားသခင်ကို မည်သို့ ကျေနပ်စေရမည်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမတို့အား မည်သို့ အကျိုးဖြစ်စေရမည်တို့ကို မစဉ်းစားပေ။ ဤအရာတို့သည် ၎င်းတို့ ထည့်စဉ်းစားသည့် အရာများမဟုတ်ပေ။ အန္တိခရစ်များသည် မည်သည့်အရာကို ထည့်စဉ်းစားသနည်း။ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ ထိခိုက်ခြင်းရှိမရှိနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာ နိမ့်ကျခြင်းရှိမရှိတို့ဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများအတိုင်း တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်နှင့် ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိစေသော်လည်း ၎င်းတို့၏ ဂုဏ်သတင်းကို ထိခိုက်စေပြီး လူများစွာတို့အား ၎င်းတို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို နားလည်သဘောပေါက်မိစေပြီး ၎င်းတို့တွင် မည်သည့်သဘာဝ အနှစ်သာရမျိုး ရှိသည်ကိုသိစေလျှင် ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများအရ သေချာပေါက် လုပ်ဆောင်မည်မဟုတ်ပေ။ စစ်မှန်သော အလုပ်တစ်ခုခုကို လုပ်ဆောင်ခြင်းသည် ၎င်းတို့ကို လူများက ပို၍ အထင်ကြီးစေလျှင် လေးစားစေလျှင်၊ အားကျစေလျှင်၊ ၎င်းတို့အား ပို၍ပင် ကြီးမားသော ဂုဏ်ကို ရရှိစေလျှင်၊ သို့မဟုတ် ၎င်းတို့၏ စကားများအား သြဇာအာဏာကို သယ်ဆောင်စေပြီး ပိုများသော လူတို့အား ၎င်းတို့ကို နာခံကြစေလျှင် ထိုနည်းအတိုင်းလုပ်ဆောင်ရန် ရွေးချယ်ကြလိမ့်မည်။ ဤသို့မဟုတ်လျှင် ၎င်းတို့သည် ဘုရားအိမ်တော်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားခြင်းကြောင့် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို လျစ်လျူရှုရန် ရွေးချယ်ခြင်းကို မည်သည့်အခါမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သည်မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေကို ကွက်တိ ဖော်ထုတ်လိုက်တာပဲ။ ကျွန်မ ထုတ်ဖော်ပြမိတဲ့ စိတ်သဘောထားက အန္တိခရစ်တစ်ယောက်လိုမျိုး တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ် ကောင်းနေတယ်။ ကိုယ့်ပုံရိပ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကျွန်မ လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ အသင်းတော်အလုပ်ကို ပိုကျယ်ပြန့်တဲ့ အတိုင်းအတာနဲ့ တာဝန်ယူဖို့အတွက် တစ်ယောက်ယောက်ကို ထောက်ခံပေးဖို့ အထက်ခေါင်းဆောင်တွေက ကျွန်မတို့ကို တောင်းဆိုခဲ့တယ်။ လီရန်ရဲ့ အစွမ်းအစက ကောင်းမွန်ပြီး သူ့မှာ အလုပ်လုပ်နိုင်စွမ်း ရှိတယ်၊ သူက သင့်တော်တဲ့သူတစ်ယောက် ဖြစ်တယ်ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း သိနေတယ်။ စည်းမျဉ်းတွေအရဆိုရင် ကျွန်မ သူ့ကို ထောက်ခံပေးသင့်တာ၊ ဒါပေမဲ့ လီရန် ထွက်သွားပြီးတဲ့နောက် အလုပ်တချို့ကို ကျွန်မ ကောင်းကောင်း မလုပ်နိုင်မှာ၊ အလုပ်ရလဒ်တွေ ကျဆင်းသွားမှာ၊ ခေါင်းဆောင်တွေက ကျွန်မကို ပြုပြင်ပြီး ကျွန်မ မျက်နှာပျက်ရမှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် လီရန်ကို ကျွန်မ ထောက်ခံမပေးချင်ခဲ့ဘူး။ လီရန်က မသွားချင်ဘူးဆိုတာကို မြင်တော့ သူ့မှာ ဘာအခက်အခဲတွေ ရှိလဲဆိုတာ ကျွန်မ မမေးမြန်းသလို ကူညီပေးဖို့လည်း မိတ်သဟာယမပြုခဲ့ဘူး။ ကျွန်မ စိတ်ထဲမှာ တိတ်တိတ်လေး ဝမ်းသာနေပြီး သူ မသွားပါစေနဲ့လို့ပဲ စိတ်ထက်ထက်သန်သန်နဲ့ ဆန္ဒရှိနေခဲ့တယ်။ အသင်းတော်အလုပ်မှာ ပူးပေါင်းလုပ်ဖို့ အခုအချိန်မှာ လူတွေ အရေးတကြီး လိုအပ်နေတယ်ဆိုတာကို တွေးမိတော့ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မက ဘုရားသခင့် ရည်ရွယ်ချက်ကို အလေးထားသင့်တာ၊ ပြီးတော့ လီရန် တက်တက်ကြွကြွ ပူးပေါင်းလုပ်လာအောင် သူ့ကို မိတ်သဟာယပြုပြီး ကူညီပေးသင့်တာပေါ့။ ဒါပေမဲ့ အသင်းတော်အလုပ်ကို ကျွန်မ တကယ် မတွေးခဲ့ဘူး။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်တာ။ ကျွန်မဆီမှာ လူ့သဘာဝဆိုလို့ အစအနတောင် မရှိဘူး။ ကျွန်မ အရမ်း အပြစ်ရှိသလို ခံစားရတာနဲ့ လီရန်ကို ထောက်ခံပေးကြောင်း ခေါင်းဆောင်တွေဆီ မြန်မြန်ပဲ စာရေးလိုက်တယ်။

အချိန်နည်းနည်း ကြာပြီးတဲ့နောက် အထက်ခေါင်းဆောင်တွေဆီက စာပြန်မလာတော့ဘူး၊ ဒါနဲ့ တခြားအသင်းတော်က တစ်ယောက်ယောက်ကို သူတို့ ရှာတွေ့သွားပြီး လီရန် သွားစရာ မလိုတော့ဘူးလို့ ကျွန်မ ယူဆလိုက်တယ်။ ကျွန်မ တိတ်တိတ်လေး နည်းနည်း ပျော်သွားတာပေါ့။ မထင်မှတ်ဘဲ တစ်နေ့မှာတော့ ခေါင်းဆောင်တွေက ညီအစ်ကိုမောင်နှမတွေကို လီရန်အပေါ် အကဲဖြတ်ချက် ရေးပေးဖို့ တောင်းဆိုထားတဲ့ စာတစ်စောင် ရေးလိုက်တယ်။ ဒီစာကို မြင်တော့ ကျွန်မ စိတ်မကောင်းဖြစ်သွားပြီး တွေးမိတယ်၊ “သူတို့က လီရန်အပေါ်အကဲဖြတ်ချက်ကို လိုချင်တယ်ဆိုတော့ ခေါင်းဆောင်တွေက သူ့ကို တကယ်ပဲ ရာထူးတိုးပေးချင်ပုံရတယ်” ပေါ့။ ကျွန်မ နည်းနည်း စိတ်ပျက်သွားတယ်။ “အခု ဧဝံဂေလိ သင်းထောက်က အသည်းအသန် နေမကောင်းဖြစ်ပြီး သူ့တာဝန်တွေကို မလုပ်နိုင်ဘူး။ ကျွန်မက တခြားတာဝန်တွေအပြင် ဧဝံဂေလိအလုပ်ကိုပါ တွဲပြီး တာဝန်ယူနေရတာ။ နောက်ပြီး အခုတလော ဧဝံဂေလိအလုပ်မှာ တိုးတက်မှု သိပ်မရှိတော့ ကျွန်မ အရမ်း စိတ်ပူနေရတယ်။ အခုလောလောဆယ် သင့်တော်တဲ့သူကို ကျွန်မ ရှာမတွေ့နိုင်လောက်ဘူး။ အစကတော့ လီရန်က သူ့အလုပ်ကို လက်စသတ်ပြီးရင် ဧဝံဂေလိအလုပ်မှာ ကျွန်မကို ကူညီဖို့ပဲ။ သူသာ ပြောင်းသွားရင် ဧဝံဂေလိအလုပ်မှာ ဘယ်သူက ကျွန်မကို ကူညီမှာလဲ။ ပြီးတော့ လီရန်ရဲ့ အလုပ်အားလုံးကိုလည်း ကျွန်မတို့ပဲ တာဝန်ယူရတော့မှာ။ ဒီတာဝန်တွေအားလုံးရဲ့ ဝန်ထုပ်ဝန်ပိုးကို ကျန်းဖန်းနဲ့ ကျွန်မ ဘယ်လို ထမ်းနိုင်မှာလဲ။ အလုပ်ရလဒ်တွေသာ မတိုးတက်လာရင် ညီအစ်ကိုမောင်နှမတွေက ကျွန်မတို့ကို ဘယ်လို ကြည့်ကြမလဲ” ပေါ့။ ဒါတွေကို တွေးမိပြီးတော့ လီရန်ကို ဒီမှာပဲ ဆက်ရှိစေချင်မိတယ်။ လီရန်အပေါ် အကဲဖြတ်ချက်ကိုသာ အမှန်အတိုင်း ရေးပေးလိုက်ရင် သူ ရာထူးတိုးခံရဖို့ အခွင့်အလမ်း အရမ်းများတယ်ဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း သိနေတယ်။ ဒါကြောင့် အရင်တုန်းက သူ့တာဝန်ကနေ ဖယ်ရှားခံရတုန်းက သူ ဘယ်လောက်တောင် အပျက်သဘောဆောင်ပြီး ကျဆင်းပျက်စီးခဲ့တယ်ဆိုတဲ့အကြောင်း ကျွန်မ ရေးလိုက်တယ်၊ ခေါင်းဆောင်တွေက သူ ဒီလိုဖြစ်ခဲ့တာကို မြင်ရင် သူ့ကို ရာထူးတိုးပေးမှာ မဟုတ်ဘူးလို့ ကျွန်မ တွေးမိတာပေါ့။ စာရေးပြီးတဲ့နောက်မှာ အဲဒါနဲ့ပတ်သက်ပြီး ကျွန်မ ထပ်မတွေးတော့ဘူး၊ ကိစ္စပြီးသွားပြီပေါ့။

တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်မိပြီး ဒီလိုပြုမူတာက ဘယ်လိုသဘာဝရှိပြီး ဘာအကျိုးဆက်တွေ ရှိတယ်ဆိုတာ နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်ရွေးချယ်ထားသောလူများကို အဓိကအားဖြင့် ဘုရားအိမ်တော်က ဗဟိုမှ စီမံခန့်ခွဲသင့်သည်။ ဤအရာက မည်သည့်ခေါင်းဆောင်၊ အဖွဲ့အကြီးအကဲ၊ သို့မဟုတ် သီးခြားလူတစ်ဦးချင်းစီနှင့်မျှ မသက်ဆိုင်ပေ။ လူတိုင်းက အခြေခံသဘောတရားအတိုင်း ပြုမူဆောင်ရွက်ရမည်။ ဤသည်မှာ ဘုရားအိမ်တော်၏ စည်းမျဉ်းဖြစ်သည်။ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ မဆောင်ရွက်ကြပေ၊ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် အကျိုးစီးပွားများအတွက် အစဉ်ကြံစည်ကာ ၎င်းတို့၏ အာဏာနှင့် အဆင့်အတန်းကို ခိုင်မာစေရန် အစွမ်းအစကောင်းရှိသော ညီအစ်ကိုမောင်နှမများကို ၎င်းတို့အား အစေခံစေကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းမဖြစ်သလော။ အပြင်ပန်းတွင် အစွမ်းအစကောင်းရှိသူများကို ၎င်းတို့အနားတွင် ထားပြီး ဘုရားအိမ်တော်က ထိုသူတို့အား ရွှေ့ပြောင်းသည်ကို ခွင့်မပြုခြင်းသည် ၎င်းတို့က အသင်းတော်အလုပ်အတွက် စဉ်းစားပေးသကဲ့သို့ မြင်ရသည်။ သို့သော် အမှန်တကယ်တွင် ၎င်းတို့က ၎င်းတို့၏ ကိုယ်ပိုင်အာဏာနှင့် အဆင့်အတန်းကိုသာ စဉ်းစားနေကြခြင်းဖြစ်သည်။ အသင်းတော်အလုပ်အတွက် လုံးဝ မစဉ်းစားပေ။ ၎င်းတို့က အသင်းတော်အလုပ်ကို ညံ့ဖျင်းစွာလုပ်ဆောင်ပြီး ဖြုတ်ချခံရမည်ကိုလည်းကောင်း၊ ၎င်းတို့၏ အဆင့်အတန်း ဆုံးရှုံးရမည်ကိုလည်းကောင်း ကြောက်ကြသည်။ အန္တိခရစ်များက ဘုရားအိမ်တော်၏ ပိုမိုကျယ်ပြန့်သောအလုပ်အတွက် မစဉ်းစားကြပေ။ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းအတွက်သာ စဉ်းစားသောအခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးနစ်နာခြင်းအတွက် လိပ်ပြာမလုံခြင်း မရှိဘဲ ၎င်းတို့၏ကိုယ်ပိုင် အဆင့်အတန်းကိုသာ ကာကွယ်ပြီး အသင်းတော်၏အလုပ် ထိခိုက်နစ်နာသည်အထိ မိမိတို့၏ အဆင့်အတန်းနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာပေသည်။ ထိုသို့သော အခြေအနေတစ်ခုဖြင့် ရင်ဆိုင်ရသည့်အခါ ယုတ်စွအဆုံး အကြင်သူသည် မိမိ၏အသိစိတ်ဖြင့် ‘ဤလူများအားလုံးသည် ဘုရားသခင်၏ အိမ်တော်နှင့်သက်ဆိုင်သည်၊ ၎င်းတို့သည် ငါ၏ကိုယ်ပိုင် ပိုင်ဆိုင်မှု မဟုတ်။ ငါသည်လည်း ဘုရားသခင်၏အိမ်တော်သား တစ်ဦးဖြစ်ပေသည်။ ဘုရားအိမ်တော်က လူများ ပြောင်းရွှေ့ခြင်းကို တားဆီးဖို့ ငါ၌ အဘယ်အခွင့်ရှိသနည်း။ ငါ့ကိုယ်ပိုင် တာဝန်နယ်ပယ်အတွင်းရှိ အလုပ်ကိုသာ အာရုံစိုက်နေမည့်အစား ဘုရားအိမ်တော်၏ အကျိုးစီးပွားအလုံးစုံကို ငါဆင်ခြင်တွေးတောသင့်သည်’ ဟု သင်တွေးရမည်။ ယင်းတို့မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပိုင်ဆိုင်သည့် လူများ၌ တွေးသင့်သည့် အတွေးများဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်သည့်သူများ ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရား ဖြစ်သည်။ ဘုရားအိမ်တော်သည် အလုံးစုံသောအလုပ်ကို ပါဝင်လုပ်ဆောင်ပြီး အသင်းတော်များက အလုပ်၏ အပိုင်းကဏ္ဍများကို ပါဝင်လုပ်ဆောင်သည်။ ထို့ကြောင့် ဘုရားအိမ်တော်တွင် အသင်းတော်ထံမှ အထူးလိုအပ်ချက် ရှိသည့်အခါ ခေါင်းဆောင်များ၊ အမှုဆောင်များအတွက် အရေးအကြီးဆုံးမှာ ဘုရားအိမ်တော်၏ အစီအစဉ်များကို နာခံခြင်းဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့သည် ထိုသို့သော အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို မပိုင်ဆိုင်ကြပေ။ ၎င်းတို့အားလုံးသည် အတော်လေး တစ်ကိုယ်ကောင်းဆန်ကြသည်၊ ကိုယ့်အတွက်သာ တွေးကြပြီး အသင်းတော်၏ အလုပ်နှင့်ပတ်သက်၍ မစဉ်းစားကြပေ။ ၎င်းတို့မျက်စိရှေ့တည့်တည့်မှ အကျိုးအမြတ်များကိုသာ ၎င်းတို့ ထည့်တွက်စဉ်းစားကြသည်။ ဘုရားအိမ်တော်၏ ပိုမိုကျယ်ပြန့်သောအလုပ်ကို ၎င်းတို့ မစဉ်းစားကြပေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ အစီအစဉ်များကို လုံးဝ နာခံနိုင်စွမ်းမရှိပေ။ ၎င်းတို့သည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်လေသည်။ ဘုရားသခင်၏ အိမ်တော်၌ ၎င်းတို့သည် အဟန့်အတားဖြစ်စေဖို့ပင် လုံလုံလောက်လောက် ရဲတင်းပြီး တစ်စုံတစ်ခု လုပ်ဆောင်ဖို့ပင် ငြင်းဆန်ရဲကြသည်။ ဤလူများသည် လူ့သဘာဝ မရှိဆုံးသော လူများဖြစ်သည်၊ ၎င်းတို့သည် ဆိုးယုတ်သော လူများဖြစ်ကြ၏။ အန္တိခရစ်များက ထိုလူစားမျိုးများဖြစ်ပေသည်။ ၎င်းတို့က အသင်းတော်၏ အလုပ်ကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများကိုလည်းကောင်း၊ ပြီးလျှင်၎င်းတို့၏ တာဝန်နယ်ပယ်အတွင်းရှိသော ပိုင်ဆိုင်မှုအားလုံးကိုပင် မိမိတို့၏ ကိုယ်ပိုင် ပုဂ္ဂလိက ပိုင်ဆိုင်မှုအဖြစ် အစဉ်သဖြင့် သဘောထားပြုမူကြသည်။ ဤအရာများ မည်သို့ ဖြန့်ဝေသည်၊ ပြောင်းရွှေ့သည်၊ အသုံးချသည်တို့မှာ ၎င်းတို့ သဘောဖြစ်ပြီး ဘုရားအိမ်တော်က ဝင်စွက်ဖက်ခွင့် မရှိဟု ၎င်းတို့ ယုံကြည်ကြသည်။ ယင်းတို့က ၎င်းတို့၏လက်ထဲသို့ ရောက်သည်နှင့်၊ ယင်းတို့ကို စာတန် ပိုင်ဆိုင်ထားသည့်အလား ဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက်ကမျှ ထိခွင့်မရှိပေ။ ၎င်းတို့သည် ဩဇာအာဏာကြီးသောသူများ၊ အာဏာရှင်ဆန်ဆန် ထင်တိုင်းကြဲများဖြစ်ပြီး ၎င်းတို့၏ပိုင်နက်ထဲသို့သွားသည့်သူ မည်သူမဆိုသည် ၎င်းတို့၏ အမိန့်များနှင့် စီစဉ်မှုများကို အလွန်လိမ္မာပြီး ပျော့ပြောင်းသော ပုံစံဖြင့် နာခံရမည် ဖြစ်ကာ ၎င်းတို့၏ အသုံးအနှုန်းများကို အရိပ်အကဲကြည့်ရမည် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်အတွင်းရှိ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန်ဖြစ်လေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အလုပ်ကို ထည့်တွက်စဉ်းစားခြင်း မရှိကြပေ။ စည်းမျဉ်းကို အနည်းငယ်မျှ မလိုက်လျှောက်ကြသည့်အပြင် မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများနှင့် ဂုဏ်အဆင့်အတန်းတို့ကိုသာ တွေးလေသည်၊ ယင်းတို့သည် အန္တိခရစ်များ၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ဆိုးယုတ်မှု ဝိသေသလက္ခဏာများသာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)) အန္တိခရစ်တွေဟာ အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းတယ်၊ သူတို့ရဲ့ ကိုယ်ပိုင် ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ညီအစ်ကိုမောင်နှမတွေကို သူတို့ရဲ့ အစေခံ ကိရိယာတွေလို ဆက်ဆံပြီး ဘုရားအိမ်တော်အလုပ်ကို ထည့်မစဉ်းစားဘူးဆိုပြီး ဘုရားသခင်က ဖော်ထုတ်တယ်။ အန္တိခရစ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်လိုက်တော့ ကျွန်မတို့ရဲ့ အပြုအမူက တစ်ပုံစံတည်း ဖြစ်နေတယ်။ လီရန် အထုတ်ခံရပြီးတဲ့နောက် သူ့မှာ ကိုယ့်ကိုယ်ကိုယ် နားလည်မှုနဲ့ ပြောင်းလဲမှုတချို့ ရှိခဲ့တယ်ဆိုတာရယ်၊ အခု သူ တာဝန်တွေကို ထိထိရောက်ရောက် ထမ်းဆောင်နေတယ်ဆိုတာရယ်ကို ကျွန်မ ကောင်းကောင်း သိနေခဲ့တာပဲ။ ဒါပေမဲ့ သူ့ကို ထောက်ခံပေးလိုက်ရင် ကျွန်မတို့အသင်းတော်ရဲ့ အလုပ်ရလဒ်တွေ တိုးတက်လာမှာ မဟုတ်ဘဲ ကျွန်မ မျက်နှာပျက်ရမှာကို ကျွန်မ ကြောက်ခဲ့တယ်။ ဒါကြောင့် လီရန်ကို ဆက်သုံးနိုင်ဖို့အတွက် သူ့ကို ဒီမှာပဲ ဆက်ထားဖို့ မျှော်လင့်ပြီး ခေါင်းဆောင်တွေကို လှည့်ဖြားဖို့ လီရန် အခြေအနေဆိုးနေတုန်းက ဘယ်လိုပြုမူခဲ့တယ်ဆိုတာကို ကျွန်မ ပြန်ဖော်ခဲ့တယ်။ လီရန် သိပ်မသွားချင်ဖြစ်နေတာကို ကျွန်မက မိတ်သဟာယပြုပြီး မကူညီပေးခဲ့ဘူး၊ စိတ်ထဲမှာ တိတ်တိတ်လေးတောင် ဝမ်းသာနေခဲ့သေးတယ်။ သူ မပြောင်းရအောင်လို့ အခြေအနေမှားထဲမှာပဲ သူ ဆက်ရှိနေပါစေလို့ မျှော်လင့်နေခဲ့တာလေ။ အသင်းတော်အလုပ်မှာ လူလိုနေတယ်ဆိုတာ ကျွန်မ ကောင်းကောင်း သိနေခဲ့ပေမယ့် ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဖို့ပဲ ဂရုစိုက်ခဲ့တယ်၊ အသင်းတော်ရဲ့ အလုပ်တစ်ခုလုံးကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ ဒီလိုလုပ်တာက ကိုယ့်တာဝန်ကို ထမ်းဆောင်တာ ဟုတ်ရဲ့လား။ ကျွန်မအတွက် အလုပ်လုပ်ပေးဖို့ လူတစ်ယောက်ကို ဆွဲထားဖို့နဲ့ ကိုယ့်ဂုဏ်သတင်း၊ အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်တွေကို ကျွန်မ လုံးဝ လျစ်လျူရှုခဲ့တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အသင်းတော်အလုပ်ကို ကျွန်မ နှောင့်ယှက်ဖျက်ဆီးနေတာ မဟုတ်ဘူးလား။ ကျွန်မ လျှောက်နေခဲ့တဲ့ လမ်းက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ အန္တိခရစ်လမ်းကြောင်းပဲ။ ကျွန်မသာ မကောင်းတဲ့လမ်းတွေကို မစွန့်ပစ်ဘဲ ဘုရားသခင်ရှေ့မှာ နောင်တမရဘူးဆိုရင် နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရလိမ့်မယ်။ တွေးမိလေ ကျွန်မ ပိုကြောက်လာလေပဲ။ ပြီးတော့ ကိုယ့်ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာစရာကောင်းတဲ့ စာတန်ဆန်တဲ့ သဘာဝကို ကျွန်မ နည်းနည်း မုန်းတီးမိလာတယ်။ ဒါကြောင့် ကျွန်မ နောင်တရချင်ပါတယ်လို့ ဘုရားသခင်ကို ပြောပြီး ဆုတောင်းခဲ့တယ်။

ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် ၎င်းတို့ လုပ်ဆောင်သည့် အမှုအရာများတွင် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ သင်၏နှလုံးသည် တည့်မတ်လာလိမ့်မည် ဖြစ်သည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး သူတစ်ပါးတို့၏ ချီးမွမ်းမှုနှင့် လေးစားမှုကို အစဉ်ရလိုကာ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ထိုသို့သောလူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ဂုဏ်သိက္ခာ၊ ဂုဏ်သတင်း၊ အဆင့်အတန်းတို့အတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်၊ ထို့ပြင် ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ရှေ့တန်းတင်၍ ဆင်ခြင်စဉ်းစားရမည်ဖြစ်ပြီး ယင်းကို သင်၏ ဦးစားပေးအဖြစ် ထားရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အလေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ရှေ့တန်းတင်၍ ချင့်ချိန်စဉ်းစားရမည်။ ဤအရာများကို သင် စဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး နားလည်အောင် ကြံဆလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ ခြွင်းချက်တစ်ခုမှာ သင်၏ အစွမ်းအစ ညံ့ဖျင်းလျှင် သို့မဟုတ် သင်၏ အတွေ့အကြုံ ပေါ့တန်လျှင်၊ သို့မဟုတ် သင်သည် မိမိ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်တွင် ထိုမျှ ကျွမ်းကျင်မှုမရှိလျှင်၊ ဤအရာက သင်၏အလုပ်တွင် အမှားအယွင်းအချို့ သို့မဟုတ် ချို့ယွင်းချက်များ ပေါ်ပေါက်လာစေပြီး ကောင်းမွန်သောရလဒ်များ မရရှိနိုင်အောင် တားဆီးနေသော်လည်း သင်သည် မိမိတတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်နေပြီးဖြစ်၏။ သင်သည် မိမိ၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ သို့မဟုတ် နှစ်သက်မှုများကို ဖြည့်ဆည်းရန်အတွက် ပြုမူဆောင်ရွက်နေခြင်း မဟုတ်ပေ။ ထိုအစား သင်သည် အသင်းတော်၏အလုပ်နှင့် ဘုရားသခင်၏ အိမ်တော်အကျိုးကို အဘက်ဘက်မှ အလေးထားနေ၏။ သင်သည် မိမိ၏တာဝန်တွင် ကောင်းမွန်သောရလဒ်များ မရရှိနိုင်သော်ငြားလည်း သင်၏စိတ်နှလုံးသည် မှန်ကန်ဖြောင့်မတ်နေပြီ ဖြစ်၏။ ထို့အပြင် သင်သည် မိမိ၏တာဝန်ရှိ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လျှင်၊ သင်သည် မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် စံနှုန်းပြည့်မီလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် သင်သည် သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်လိမ့်မည်။ ထိုအခါ သင်သည် သက်သေခံချက်ကို ပိုင်ဆိုင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းတစ်ခုကို ညွှန်ပြပေးခဲ့တယ်။ တာဝန်ထမ်းဆောင်ရာမှာ ကိုယ့်ရဲ့ ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေကို လက်လွှတ်ပြီး အရာအားလုံးမှာ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဦးစားပေးသင့်တယ်။ ဥပမာအနေနဲ့ လီရန်ကို ထောက်ခံပေးတဲ့ကိစ္စကိုပဲ ကြည့်။ ဒီညီအစ်မက ရာထူးတိုးပေးဖို့နဲ့ ပျိုးထောင်ပေးဖို့အတွက် ဘုရားအိမ်တော်ရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေမှတော့ ကျွန်မ သူ့ကို ထောက်ခံပေးသင့်တာပေါ့။ ပြီးတော့ သင့်တော်တဲ့နေရာတစ်ခုမှာ သူ့ကို ပိုပြီး လက်တွေ့လုပ်ဆောင်ခွင့် ပေးလိုက်ရင် အသင်းတော်အလုပ်အတွက်လည်း အကျိုးရှိမှာပဲလေ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ လီရန်ကို ထောက်ခံပေးချင်စိတ် ရှိလာတယ်။ ကိုယ့်အလုပ်ရလဒ်တွေ မကောင်းလို့ မျက်နှာပျက်ရမှာကိုလည်း ထပ်မတွေးတော့ဘူး။ ကျွန်မ ဆုတောင်းပြီး ဘုရားသခင်ကို ပိုမှီခိုချင်တယ်၊ ပြီးတော့ အသင်းတော်အလုပ်ကို ကိုယ့်အစွမ်းရှိသမျှ အကောင်းဆုံး တာဝန်ယူချင်တယ်ဆိုတာပဲ ရှိတော့တယ်။

မကြာခင်မှာပဲ လီရန် ပြောင်းသွားတယ်၊ ပြီးတော့ သူ တာဝန်ယူခဲ့တဲ့ အလုပ်ကို ကျွန်မ လွှဲယူလိုက်တယ်။ အရင်တုန်းက သူ တာဝန်ယူခဲ့တဲ့ အလုပ်မှာ ကျွန်မ သိပ်မပါဝင်ခဲ့ဘူး။ သန့်စင်ခြင်းအလုပ်က စည်းမျဉ်း တော်တော်များများနဲ့ ပတ်သက်ဆက်နွှယ်နေတာ၊ ပြီးတော့ ဒီစည်းမျဉ်းတွေကို ကျွန်မ မပိုင်နိုင်ရင် အလုပ်ကြန့်ကြာသွားမှာကို တွေးမိပြီး ကျွန်မ နည်းနည်း စိတ်ဖိစီးမိတယ်။ အဲဒီအချိန်မှာ ကိုယ့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှနဲ့ ထမ်းဆောင်ရမယ်လို့ ဘုရားသခင် မိန့်ဆိုထားတာကို ကျွန်မ သတိရလိုက်တယ်။ ကျွန်မ အစွမ်းကုန် ကြိုးစားရမယ်၊ ကျွန်မ လုပ်နိုင်သမျှ အကုန် လုပ်ရမယ်ပေါ့။ နောက်ပိုင်းမှာ လူတွေကို ရှင်းလင်းပစ်ဖို့အတွက် ညီအစ်ကိုမောင်နှမတွေက အချက်အလက်တွေကို စီစစ်နေတဲ့အချိန်မှာ လွဲချော်မှုတွေနဲ့ ပြဿနာအများကြီး ပေါ်လာတယ်။ ဒါနဲ့ ကျွန်မ အားလုံးနဲ့အတူ စည်းမျဉ်းတွေကို လေ့လာပြီး မိတ်သဟာယပြုတယ်။ ကျွန်မ နားမလည်တဲ့ ဘယ်ဟာကိုမဆို လမ်းပြပေးဖို့ အကူအညီတောင်းတယ်။ တဖြည်းဖြည်းနဲ့ စည်းမျဉ်းတချို့ကို ကျွန်မ နားလည်လာတယ်။ ပူးပေါင်းလုပ်တဲ့အပေါ်မှာ မှန်ကန်တဲ့ စိတ်သဘောထား ထားလိုက်တဲ့အခါ တကယ်တမ်းကျတော့ ကျွန်မ ထင်သလောက် မခက်ခဲပါဘူး။ အရင်တုန်းက လီရန် ရှိနေတုန်းကဆိုရင် ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယဖွဲ့ပြီး သူတို့ရဲ့ ပြဿနာနဲ့ အခက်အခဲတွေ အများကြီးကို ဖြေရှင်းပေးခဲ့တာသူပဲ ဆိုတော့ ကျွန်မမှာ ဝန်တာမရှိခဲ့ဘူး။ လီရန် ထွက်သွားပြီးတဲ့နောက် ကျွန်မ ဘုရားသခင်ကို ပိုပိုပြီး မှီခိုလာရတယ်၊ ပြီးတော့ အရင်ကထက် ပိုပြီး ဝန်တာရှိလာတယ်။

ကိုယ့်ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ သဘာဝ အနှစ်သာရကို နားလည်သဘောပေါက်ဖို့ ခွင့်ပြုပေးတဲ့ ဘုရားသခင်ရဲ့ လက်တွေ့ကျတဲ့ ပတ်ဝန်းကျင် အစီအစဉ်တွေအတွက် ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ တစ်ချိန်တည်းမှာပဲ အသင်းတော်အလုပ်မှာ ပူးပေါင်းလုပ်ဖို့ လူလိုအပ်တိုင်း ကျွန်မတို့က တက်တက်ကြွကြွ ပံ့ပိုးပေးပြီး လူတွေကို ထောက်ခံပေးသင့်တယ်၊ ပြီးတော့ ကိုယ့်အကျိုးစီးပွားကို မတွေးဘဲ အသင်းတော်ရဲ့ အလုပ်တစ်ခုလုံးကို ထည့်သွင်းစဉ်းစားရမယ်ဆိုတာကိုလည်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါက အသင်းတော်အလုပ်ကို ကာကွယ်တာဖြစ်ပြီး ဘုရားသခင့် ရည်ရွယ်ချက်နဲ့ ကိုက်ညီတာပေါ့။ ကိုယ့်အကျိုးစီးပွားကို ဘေးဖယ်ထားပြီး တာဝန်အတွက် ဝန်တာထားလိုက်တဲ့အခါ တာဝန်မှာရှိတဲ့ အခက်အခဲတချို့ကိုလည်း ကျွန်မ ဖြေရှင်းနိုင်ခဲ့သလို ဘုရားသခင်ရဲ့ ဦးဆောင်မှုကိုလည်း တွေ့မြင်ခဲ့ရတယ်။ ဒီလိုနည်းနဲ့ လက်တွေ့လုပ်ဆောင်တာက ကျွန်မစိတ်ကို သက်သာရာရစေပြီး ငြိမ်သက်အေးချမ်းသွားစေတယ်။

အရှေ့သို့- ၆၉။ ကျွန်တော့်ဇနီး ရှင်းလင်းပစ်ခံရတော့မည်ကို သိလိုက်ရသည့်အချိန်

နောက်တစ်ခုသို့- ၇၂။ ဘုရားသခင်ကို ယုံကြည်မှုသည် ငြိမ်သက်ခြင်းနှင့် ကောင်းချီးမင်္ဂလာများအတွက်သာ ဖြစ်သလော

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။