၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံ

လွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ အစွမ်းအစကောင်းသည့် ချန်မျိုးရိုး အစ်ကို တစ်ယောက်ရှိသည်။ သို့ရာတွင် သူ့စိတ်သဘောထားက မာနထောင်လွှားပြီး အခြားသူများကို ဖိနှိပ်တတ်သည်။ သူက ကြွားဝါရသည်ကို ကြိုက်သောကြောင့်၊ ကျွန်မကလည်း သူ့ကို အမြင်စောင်းလာပြီး သူ့အပေါ် သုံးသပ်သည့်အမြင်များ ရှိလာသည်။ တစ်နေ့တွင် အစ်ကိုချန်က ကျွန်မထံ ရောက်လာပြီး ယုံကြည်သူအသစ်များကို ရေလောင်း ပေးချင်သည်ဟု ပြောသည်။ ဘုရားသခင်အပေါ် သူ ယုံကြည်သည်မှာ သိပ်မကြာသေးဘဲ၊ သူ့မှာ သမ္မာတရားနှင့် ပတ်သက်ပြီး အပေါ်ယံနားလည်မှုသာ ရှိသောကြောင့်၊ ကျွန်မက သူ့ကို ငြင်းပယ်ခဲ့သည်။ ကျွန်မ ခွင့်မပြုသည့်အတွက်၊ သူက “ကျွန်တော် ဒီလောက် အစွမ်းအစ ကောင်းတာ၊ ဘာဖြစ်လို့ ရေလောင်းတဲ့တာဝန်ကို လုပ်ခွင့်မရတာလဲ။ ဒီတာဝန်ကို ကျွန်တော်မလုပ်ရဘူးဆိုရင်၊ ကျွန်တော့်အရည်အချင်းတွေ အလကားဖြစ်သွားမှာပဲ။” ဟု ပြောသည်။ ဤကဲ့သို့ ပြောသည်ကို ကျွန်မ မကြိုက်ဘဲ၊ ကျွန်မက စိတ်ထဲမှာ “ရေလောင်းတဲ့တာဝန်က သိပ်လွယ်တယ်လို့ ရှင်ထင်နေလား။ သမ္မာတရားကို နားမလည်ဘဲနဲ့ ရှင့်အထုံပါရမီနဲ့အစွမ်းအစကိုပဲ သုံးပြီး ဒီတာဝန်ကို ကောင်းကောင်း လုပ်နိုင်မှာလား။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး မနေစမ်းပါနဲ့။” ဟု တွေးမိသည်။ အစ်ကိုချန်၏ တောင်းဆိုမှုကို ကျွန်မ ငြင်းပယ်လိုက်ပြီး အခြားညီအစ်ကိုမောင်နှမများကိုလည်း သူ ဖောက်ပြန်ပျက်စီးခြင်းများကို ပြသည့်ပုံစံများစွာကို နမူနာပေးလျက်၊ သူမည်မျှ မာနထောင်လွှားသည်ကို ပြောပြလိုက်သည်။ အခြားလူအချို့က ကျွန်မနှင့် သဘောထားချင်း တိုက်ဆိုင်ခဲ့ကြသည်။

နှစ်ပတ်လောက် ကြာပြီးနောက်၊ ကျွန်မတို့ အသင်းတော် ရုပ်ရှင်များ ကြည့်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ဖတ်နိုင်အောင် အသင်းတော်က စီစဉ်ပေးခဲ့သည်။ ဤရုပ်ရှင်များ အားလုံးက သမ္မာတရားကို မိတ်သဟာယပြုထားခြင်း ဖြစ်ပြီး ဘုရားသခင်အတွက် သက်သေခံထားသောကြောင့်၊ ထိုရုပ်ရှင်များကို ကြည့်ခြင်းက သမ္မာတရားကို ကျွန်မတို့ နားလည်အောင် အထောက်အကူ ပြုနိုင်သည်။ နောက်စုဝေးပွဲ၌ အစ်ကိုချန်က “ဒါက ကြီးမြတ်တဲ့ အစီအစဉ်တစ်ခုပဲ။ ခေါင်းဆောင်တချို့နဲ့ လုပ်ဖော်ကိုင်ဖက် တချို့က စုဝေးပွဲတွေမှာ ဖန်တစ်ရာတေနေတဲ့ အရာတွေကိုပဲ ဝေမျှကြတာ၊ ဒါကြောင့် ရုပ်ရှင်ကြည့်တာ ပိုကောင်းတယ်။ အစမှာ ကျွန်တော်က သမ္မာတရားကို နားမလည်ခဲ့လို့၊ ကျွန်တော့်ရဲ့တာဝန်က သိပ်ခက်တာပဲလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အဲဒီနောက်မှာ ကျွန်တော် ဆုတောင်းခဲ့တယ်၊ ဘုရားသခင်အပေါ် ကိုးစားခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပိုပြီးဖတ်ခဲ့တယ်၊ ဒီဘုရားကျောင်း ရုပ်ရှင်တွေကလည်း ကျွန်တော့်ကို အတော်လေး အထောက်အကူ ပြုခဲ့တယ်။ သူတို့ဆီကနေ သမ္မာတရား တချို့ကို ကျွန်တော်နားလည်ခဲ့တယ်။ အခုတော့ ကျွန်တော့် တာဝန်ကို ထမ်းဆောင်ရာမှာ အရည်အချင်းတိုးတက်လာပြီး အခြေခံသဘောတရားတွေကို အခြေခံသိခဲ့ပြီ။ ကျွန်တော့် တာဝန်မှာ တော်တော်ပြီးမြောက်သွားတယ်။” ဟု ပြောခဲ့သည်။ သူ၏မိတ်သဟာယဖွဲ့မှုသည် မနှစ်မြို့စရာကောင်းပြီး လက်ခံနိုင်စရာမရှိဟု ကျွန်မမြင်သည်၊ ပြီးလျှင် “ရှင်က ကြွားဝါဖို့အတွက် ရသမျှအခွင့်အရေးလေးတွေကို ယူနေတာပဲ မဟုတ်လား။ ရှင်က သိပ်မာနထောင်လွှားတယ်။” ဟု ကျွန်မ တွေးမိသည်။ နောက်ပိုင်းမှာတော့ ကျွန်မတို့၏ နောက်စုဝေးပွဲမှာ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စအနည်းငယ်ကို စီစဉ်ခဲ့သည်၊ ပြီးလျှင် အစ်ကိုချန်က ၎င်းတို့ထဲမှ သုံးခုကို မောင်ပိုင်စီးဖို့ ရုတ်တရက် ဝင်ပြောသည်။ ကျန်သည့် ကိစ္စများကိုလည်း အခြားသူများကို မိတ်သဟာပြုဖို့ တာဝန်ချခဲ့သည်။ စုဝေးပွဲကို ဦးစီးဆောင်ရွက်ပေးဖို့ အဖွဲ့ခေါင်းဆောင် တစ်ယောက်ကို ကျွန်မ တာဝန်ချ ပေးနေစဉ်တွင်ပင် အစ်ကိုချန်က သူ့ကို “မင်းလုပ်နိုင်မှာ သေချာလို့လား။” ဟု သံသယလေသံနှင့် မေးလိုက်သည်။ သူပြောသည့်အသံက ကြားရသည်မှာ စုဝေးပွဲကို သူသာလျှင် စီစဉ်နိုင်မည့်အလား ဖြစ်လေသည်၊ ကျွန်မဒေါသထွက်လာကာ “ရှင်က တော်တော့်ကို အဓိပ္ပာယ်မရှိဘူး။ တခြားသူတွေ ရှင့်ကို လေးစားအောင် သက်သက်ကြွားဝါနေတာ။ ရှင်လိုချင်တာက အဲဒါဆိုရင် ထားလိုက်တော့။” ဟု တွေးမိသည်။ ထို့ကြောင့် ကျွန်မ အရာအားလုံးကို ပြန်စီစဉ်ပြီး သူ့ကို စုဝေးပွဲ စီစဉ်သူလုပ်ဖို့ ခွင့်မပြုခဲ့ပါ။ ထိုအချိန်ကာလအတွင်းမှာ အထူးသဖြင့် သူ၏ မာနထောင်လွှားသည့် အပြုအမူအကြောင်း သူ့ကို နှစ်ကြိမ်သုံးကြိမ်ခန့် ပြောပြခဲ့ပြီး သူက မပြောင်းလဲသေးပုံနှင့် ပတ်သက်သည့် သူ့အမူအကျင့် အကြောင်း ကျွန်မတွေးမိတိုင်း အစ်ကိုချန်ကို မနှစ်မြို့သည့် ခံစားမှုကို ခံစားခဲ့ရသည်။ သူက အထိန်းအချုပ်မရှိ သိပ်မာနထောင်လွှားလွန်းသည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ထို့ကြောင့် သူ့ကို မပြောင်းလဲနိုင်သည့်လူ တစ်ယောက်ဟု ကျွန်မသတ်မှတ်လိုက်ပြီး သူ့ကဲ့သို့ မာနထောင်လွှားတတ်သူ တစ်ယောက်က သူ့တာဝန်မျိုး ထမ်းဆောင်ဖို့ တကယ်ကို မသင့်တော်ပါဟု ဆုံးဖြတ်လိုက်သည်။ သူ့ကို အစားထိုး ရမည်ဖြစ်ပြီး ထိုသို့လုပ်ရန်သာ ရှိတော့သည်ဟု ကျွန်မ တွေးမိသည်။

စုဝေးပွဲပြီးသွားသည့်အခါ ကျွန်မ၏အခြေအနေနှင့် အပြုအမူကို တွေးမိပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။ အစ်ကိုချန်အပေါ်မှာ ကျွန်မ အလွန် ကြမ်းတမ်းစွာ ဆက်ဆံမိသည်ဟု ခံစားရသောကြောင့်၊ ဘုရားသခင်ကို “အို ဘုရားသခင်၊ ကျွန်မအခြေအနေ မှားနေမှန်း ကျွန်မသိပါတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ပြဿနာက ဘာလဲဆိုတာ ကျွန်မမသိပါဘူး ဒါမှမဟုတ် ဘယ်သမ္မာတရား အခြေခံသဘောတရားကို အသုံးပြုရမယ်ဆိုတာလည်း ကျွန်မ မသိဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းပြပြီး လမ်းညွှန်ပေးပါ။” ဟု ပြောလျက်၊ ဆုတောင်းခဲ့သည်။ နောက်တစ်ရက် ဝတ်ပြုခြင်းများအတွင်းတွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မဖတ်မိသည်။ “မည်သည့် အခြေခံသဘောအရ ဘုရားသခင်၏ မိသားစုဝင်များကို သင် ဆက်ဆံသင့်သနည်း။ (ညီအစ်ကို မောင်နှမ အယောက်စီတိုင်းကို မျှမျှတတ ဆက်ဆံရပါမည်။) သူတို့ကို သင်တို့ မျှမျှတတ မည်သို့ ဆက်ဆံကြသနည်း။ အယောက်တိုင်းက အသေးအဖွဲ အမှားများနှင့် အားနည်းချက်များ ရှိကြသည့်အပြင်၊ တစ်ဦးချင်းစီအလိုက် ထူးခြားမှုများအချို့ ရှိကြသည်၊ လူအားလုံးက မိမိကိုယ်ကိုယ် မှန်သည်ဟု ယူမှတ်မှု၊ အားနည်းချက်နှင့် သူတို့ ချို့တဲ့သည့် နယ်ပယ်များ ရှိကြသည်။ သူတို့ကို ချစ်ခင်သော စိတ်နှလုံးတစ်ခုဖြင့် သင် ကူညီသင့်ပြီး၊ စိတ်ရှည်ကာ သည်းခံသင့်သလို သေးငယ်သော အသေးစိတ် အချက်အလက်တိုင်းအပေါ် လွန်စွာ မကြမ်းတမ်းသင့် သို့မဟုတ် အရေးမပေးလွန်းသင့်ပါ။ ငယ်ရွယ်သောသူ၊ သို့မဟုတ် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ မယုံကြည်သေးသူ၊ သို့မဟုတ် သူတို့၏ တာဝန်များကို ဆောင်ရွက်ရန် များမကြာမီကသာ အစပြုရုံပြုကြပြီး၊ သီးသန့် တောင်းဆိုမှုအချို့ ရှိကြသည့် လူတို့နှင့် ပတ်သက်၍၊ သင်က ဤအရာများကို စွဲကိုင်ကာ ၎င်းတို့ကို အဆိုးမြင်ပါက၊ ဤသည်မှာ ကြမ်းတမ်းခြင်းဟု ခေါ်သည့်အရာ ဖြစ်သည်။ သင်က ထိုအယောင်ဆောင်သော ခေါင်းဆောင်များနှင့် အန္တိခရစ်တို့ ပြုလုပ်သည့် မကောင်းမှုကို မသိကျိုးကျွန် ပြုသော်လည်း၊ သင်၏ ညီအစ်ကို မောင်နှမများထဲက သေးငယ်သော အားနည်းချက်များနှင့် အမှားများကို ရှာတွေ့သောအခါ သူတို့ကို ကူညီဖို့ သင်ငြင်းပယ်၏၊ ယင်းအစား ထိုအရာများအပေါ် သင် အရေးပေးလွန်းပြီး သူတို့ကွယ်ရာတွင် သူတို့ကို ဝေဖန်သည်၊ ထိုသို့အားဖြင့် သာ၍ပင်များပြားသော လူများက သူတို့ကို ဆန့်ကျင်၊ ဖယ်ထုတ်ပြီး ဝိုင်းပယ်ဖို့ပင် ဖြစ်စေလေသည်။ ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်ပါသနည်း။ ဤသည်မှာ သင်၏ ပုဂ္ဂိုလ်ရေး နှစ်သက်မှုများအပေါ် အခြေခံပြီး အမှုအရာများကို လုပ်ဆောင်ခြင်းသာဖြစ်ပြီး၊ လူတို့ကို မျှမျှတတ မဆက်ဆံနိုင်ခြင်း ဖြစ်သည်၊ ဤအရာက ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထား တစ်ခုကို ဖော်ပြ၏။ ဤသည်မှာ အပြစ်တစ်ခု ဖြစ်သည်။ လူတို့က အမှုအရာများကို လုပ်ဆောင်သည့်အချိန်တွင် ဘုရားသခင်က စောင့်ကြည့်နေ၏၊ မည်သည့်အရာကို သင်လုပ်ဆောင်ပါစေ၊ မည်သို့ သင် စဉ်းစားပါစေ၊ သူ မြင်၏။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏အခြေအနေကို ပြသခဲ့ပြီး ကျွန်မ အရှက်ရမိသည်။ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမှတစ်ဆင့် အစ်ကိုချန်ကို ဆက်ဆံမိခဲ့မှန်း ကျွန်မမြင်လာသည်။ သူနှင့်စတွေ့ခဲ့သည့်အချိန်ကစပြီး ပြန်စဉ်းစားမိရင်း၊ သူ၏အပြောအဆို၊ လုပ်ဆောင်မှုများ၌ သူ၏ မာနထောင်လွှားခြင်းကို မကြာခဏ ထုတ်ဖော်ပြသည်ကို ကျွန်မ မြင်ခဲ့သောကြောင့်၊ သူက ငယ်ရွယ်ပြီး မလေးမစား လုပ်တတ်သည့် သူတစ်ယောက်ဖြစ်ကာ၊ သူ့ကိုယ်သူ နားမလည်ပါဟု ကျွန်မ မြင်မိသည်။ သူ့အကြောင်း အနည်းငယ် ပြောလိုက်သည်နှင့် သူ့အမှားများကိုသာ ကျွန်မ တွေးမိသည်။ မည်သို့ပဲကြည့်ကြည့် သူက မာနထောင်လွှားသည် ထိုသို့သောလူမျိုးက မည်သည့်အခါမျှ မပြောင်းလဲနိုင်ဟု ဆုံးဖြတ်လျက်၊ သူ၏ ဖောက်ပြန်ပျက်စီးသော ဖော်ပြချက်များကိုသာ ကျွန်မက တွေးနေမိသည်။ ထို့ကြောင့် ကျွန်မ သူ့ကို မည်သည့်အခါကမျှ မျှမျှတတ မဆက်ဆံပေးနိုင်ခဲ့ပါ။ သူဖော်ပြသည့် မည်သည့် အမြင်ကိုမဆို ကျွန်မ ဆန့်ကျင်ပြီး မကြိုက်သကဲ့သို့ ခံစားရသည်။ အခြားသူများရှေ့မှာ ကျွန်မ သူ့ကို ဝေဖန်ပြီး သေးသိမ်စေခဲ့သည်၊ သူနှင့်ပတ်သက်သည့် ကျွန်မ၏ တစ်ဖက်စောင်းနင်းအမြင်များကို ဖြန့်ခဲ့မိသည်၊ ပြီးလျှင် အခြားလူများအား ကျွန်မနှင့်အတူ သူ့အား ပစ်ပယ်ခြင်း၊ ဝိုင်းကြဉ်ခြင်းများ ပြုစေခဲ့သည်။ သူ့တာဝန်မှပင် သူ့ကို ထုတ်ပယ်ချင်ခဲ့သည်။ သူ့ကို ဖိနှိပ်ပြီး ပြိုလဲအောင်လုပ်ဖို့ ကျွန်မ၏ ခေါင်းဆောင်အဖြစ် ရာထူးကို သုံးနေခဲ့ခြင်း မဟုတ်ပါလား။ လူများကို ဝေဖန်အကဲဖြတ်ဖို့ စံနှုန်းတစ်ခုအဖြစ် ကျွန်မ၏အမြင်နှင့်ယုံကြည်မှုများကို အမှန်ဟု မှတ်ယူခဲ့သည်၊ ကျွန်မက တစ်ချက်ကြည့်ရုံနှင့် လူတစ်ယောက်အကြောင်းကို အကုန်သိနိုင်ပြီး သူ့တို့၏ အနှစ်သာရကို မြင်နိုင်သည့်အလားပင် ဖြစ်သည်။ ကျွန်မက အလွန် မာနထောင်လွှားပြီး စိတ်ကြီးဝင်ခဲ့သည်။ ကျွန်မက စာတန်ကြောင့် နက်နက်နဲနဲ အကျင့်ယိုယွင်းခဲ့သည်။ သမ္မာတရား၏ အခြေခံသဘောတရားများ မပါဘဲ၊ အချိန်အများစုမှာ အဓိပ္ပာယ်မဲ့သည့်အမြင်များ ရှိခဲ့သည်၊ သို့ရာတွင် ကျွန်မက အခြားသူများကို ထင်ရာမြင်ရာ ဝေဖန် ရှုတ်ချနေခဲ့ဆဲ ဖြစ်လေသည်။ ကျွန်မ အသိစိတ် တစ်စုံတစ်ရာ မရှိခဲ့ပါ။ ဘုရားသခင်ပေါ်မှာ ကျွန်မရိုသေလေးမြတ်ခြင်း တစ်စုံတစ်ရာ မရှိခဲ့ပါ။ ညီအစ်ကိုမောင်နှမများကို ကျွန်မ သဘောရှိ ဆက်ဆံခဲ့ပြီး မကောင်းဆိုးဝါး သဘာဝနှင့် အသက်ရှင်နေထိုင်မိခဲ့သည်။ ယင်းက ဘုရားသခင်အတွက် အလွန် မနှစ်မြို့စရာဖြစ်ကာ၊ အခြားသူများအတွက် အလွန် ရွံရှာဖွယ်ကောင်းခဲ့သည်။ ထိုအတွေးနှင့် ကျွန်မမှာ အပြစ်ရှိသည့်စိတ်များ ပြည့်နေခဲ့သည်။

နောက်ပိုင်းမှာ လူများကို မျှမျှတတ မည်သို့ ဆက်ဆံရမည်နှင့် ပတ်သက်သည့် အခြေခံသဘောတရားများအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှာ ရှာဖွေခဲ့သည်။ ကျွန်မက ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျမ်းပိုဒ်နှစ်ပိုဒ်ကို တွေ့ခဲ့သည်။ “အခြားသူများကို မည်သို့ ဆက်ဆံရမည်ဆိုသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော် ထဲတွင် ရှင်းရှင်းလင်းလင်း ပြသထား၏၊ သို့မဟုတ် အရိပ်အမြွက်ပြထား၏။ လူသားမျိုးနွယ်ကို ဘုရားသခင် ဆက်ဆံသည့် သဘောထားမှာ ၎င်းတို့ အချင်းချင်း ဆက်ဆံရာတွင် လူတို့ ခံယူသင့်သည့် သဘောထား ဖြစ်သည်။ လူအယောက်စီတိုင်းကို ဘုရားသခင်က မည်သို့ ဆက်ဆံပါသနည်း။ လူအချို့တို့သည် မရင့်ကျက်သည့် ဝိညာဉ်ရေးအသက်တာကို ပိုင်ဆိုင်ကြသည်၊ သို့မဟုတ် ငယ်ရွယ်ကြသည်၊ သို့မဟုတ် တိုတောင်းသည့် အချိန်တစ်ခုသာ ဘုရားသခင်ကို ယုံကြည်ဖူးကြ၏။ ဘုရားသခင်သည် ဤလူတို့ကို သဘာဝနှင့် အနှစ်သာရအားဖြင့် ဆိုးသည်ဟု မြင်ကောင်းမြင်လိမ့်မည် မဟုတ်သကဲ့သို့၊ မလိုမုန်းထားသည်ဟုလည်း မြင်ကောင်းမြင်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ သူတို့က အတိုင်းအတာတစ်ခုအထိ မသိနားမလည်ကြ သို့မဟုတ် အရည်အချင်း ချို့တဲ့ကြခြင်း သက်သက်ဖြစ်သည်၊ သို့မဟုတ် လူမှုအဖွဲ့အစည်းအားဖြင့် သူတို့ အလွန်များစွာ ဆိုးညစ်မှုခံရပြီးခြင်း ဖြစ်သည်။ သမ္မာတရား၏ စစ်မှန်မှုထဲ ၎င်းတို့ မဝင်ရောက်ကြသေး၊ ထို့ကြောင့် မိုက်မဲသော အရာအချို့ကို လုပ်ဆောင်ခြင်း သို့မဟုတ် မသိနားမလည်သည့် လုပ်ရပ်အချို့ကို ကျူးလွန်ခြင်းမှ ထိန်းသိမ်းဖို့ရန် သူတို့အတွက် ခက်ခဲပေသည်။ သို့သော်၊ ဘုရားသခင်၏ ရှုထောင့်အမြင်မှ၊ ထိုကိစ္စရပ်များမှာ အရေးမကြီးပေ၊ သူက လူတို့၏ စိတ်နှလုံးများကိုသာ ကြည့်သည်။ သမ္မာတရား၏ စစ်မှန်မှုထဲ ဝင်ရောက်ဖို့ ၎င်းတို့ စိတ်ဆုံးဖြတ်လျှင်၊ မှန်သော ဦးတည်ချက်ကို သူတို့ ဦးတည်နေခြင်းဖြစ်ပြီး၊ ဤသည်မှာ သူတို့၏ ရည်မှန်းချက်ဖြစ်သည်၊ ထို့နောက် ဘုရားသခင်က သူတို့ကို စောင့်ကြည့်နေသည်၊ သူတို့အတွက် စောင့်ဆိုင်းနေပြီး သူတို့ကို ဝင်ရောက်ခွင့်ပေးသည့် အချိန်နှင့် အခွင့်အရေးကို သူတို့အား ပေးနေပါ၏။ ယင်းမှာ ဘုရားသခင်က သူတို့ကို ရိုက်ချက်တစ်ချက်ဖြင့် ထိုးလှဲလိုက်ခြင်းမဟုတ်သကဲ့သို့ တစ်ကြိမ် သူတို့ ကျူးလွန်မိခဲ့သည့် ချိုးဖောက်မှုတစ်ခုကို ဖမ်းဆုပ်ကာ လက်လွှတ်ရန် ငြင်းပယ်ခြင်းလည်း မဟုတ်ပေ။ ဘုရားသခင်သည် လူတို့ကို ဤသို့ လုံးဝ မဆက်ဆံဖူးပေ။ ဤသို့ဆိုသော်ငြားလည်း၊ လူတို့က အချင်းချင်း ထိုသို့သော ပုံစံဖြင့် အချင်းချင်း ဆက်ဆံကြလျှင်၊ ဤအရာက သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြသသည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အတိအကျ ဖြစ်ပေသည်။ မသိနားမလည်ဘဲ မိုက်မဲသော လူတို့ကို ဘုရားသခင်က မည်သို့ ဆက်ဆံသည်၊ မရင့်ကျက်သည့် ဝိညာဉ်အသက်တာရှိသူတို့ကို သူ မည်သို့ ဆက်ဆံသည်၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပုံမှန်သရုပ်သကန်များကို သူ မည်သို့ ဆက်ဆံပုံနှင့် မလိုမုန်းထားသော သူတို့ကို သူ ဆက်ဆံပုံတို့ကို သင် ကြည့်ရှုလေ့လာရမည်။ မတူညီသော လူတို့ကို ဆက်ဆံနည်း အမျိုးမျိုး ဘုရားသခင်တွင် ရှိပြီး၊ မတူညီသော လူတို့၏ အခြေအနေ အမြောက်အများကို စီမံခန့်ခွဲနည်းအမျိုးမျိုးလည်း သူ့ထံတွင် ရှိ၏။ ဤအရာများ၏ သမ္မာတရားကို သင် နားလည်ရမည်။ ဤသမ္မာတရားများကို သင်နားလည်သည်နှင့်တစ်ပြိုင်နက်၊ ယင်းတို့ကို သင် ယခု တွေ့ကြုံနိုင်ပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်”)သင်သည် တစ်စုံတစ်ဦး၏ ပင်ကိုစရိုက်နှင့် သဟဇာတဖြစ်ကောင်း ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ကို သင် မနှစ်သက်ကောင်း မနှစ်သက်နိုင်သော်လည်း၊ သူနှင့်အတူ သင် အလုပ်လုပ်သည့်အခါ၊ သင်သည် သမာသမတ်ကျမြဲကျကာ သင်၏တာဝန်ကို လုပ်ဆောင်ရာတွင် သင်၏ စိတ်ပျက်မှုများအတွက် ဒေါသထွက်မည်မဟုတ်၊ သင်၏ တာဝန်ကို စတေးလိမ့်မည် မဟုတ်၊ သို့မဟုတ် သင်၏စိတ်ပျက်မှုများကြောင့် ဘုရားသခင်၏မိသားစု အကျိုးစီးပွားများအပေါ် ဆိုးရွားစွာ ပြုမူလိမ့်မည်မဟုတ်ပေ။ သင်သည် အမှုအရာများကို အခြေခံသဘောတရားအတိုင်း လုပ်ဆောင်နိုင်သည်။ ထိုသို့ဖြစ်သည့်အတွက် သင်သည် ဘုရားသခင်အတွက် အခြေခံ ကြည်ညိုမှုတစ်ခု ရှိပေသည်။ သင်သည် ထို့ထက် အနည်းငယ် သာ၍ရှိပါက၊ တစ်စုံတစ်ဦးသည် အပြစ်အနာအဆာများ သို့မဟုတ် အားနည်းချက်များ အချို့ ရှိသည်ကို သင် မြင်သည့်အခါ- သူက သင့်ကို ပြစ်မှားလျှင်ပင် သို့မဟုတ် သင်၏ ကိုယ်ကျိုးများကို ထိခိုက်စေလျှင်ပင်- သူ့ကို သင်ကူညီနိုင်ဆဲ ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းက သာ၍ပင် ကောင်းလိမ့်မည်။ ယင်းမှာ သင်သည် လူ့သဘာဝ၊ သမ္မာတရား၏ စစ်မှန်မှုနှင့် ဘုရားသခင်ကို ကြည်ညိုခြင်းပိုင်ဆိုင်သော လူတစ်ဦးဖြစ်သည်ဟု ဆိုလိုပေလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”)

လူများကို မျှမျှတတဆက်ဆံခြင်း အခြေခံသဘောတရားများနှင့် လမ်းကြောင်းအပြင်၊ လူများအပေါ် သူ့၏သဘောထားတို့နှင့်ပတ်သက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များက အလွန် ရှင်းလင်းပါသည်။ အန္တိခရစ်များနှင့် ကောက်ကျစ်စဉ်းလဲ သူများအပေါ် သူ၏သဘောထားက အမုန်း၊ ကျိန်စာနှင့် အပြစ်ပေးမှုများထဲက တစ်ခုဖြစ်သည်။ ဝိညာဉ်ရင့်ကျက်မှု နည်းသူများ၊ ညံ့ဖျင်းသော အစွမ်းအစ ရှိသူများအတွက်နှင့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအမျိုးမျိုးနှင့် အပြစ်ရှိသူများအတွက် သူတို့က ဘုရားသခင်ကို နှစ်နှစ်ကာကာ ယုံကြည်ကာ၊ သမ္မာတရားကို လိုက်စားဖို့ ဆန္ဒရှိပြီး သမ္မာတရားကို လက်ခံနိုင်သမျှကာလပတ်လုံး၊ ဘုရားသခင်၏သဘောထားက ချစ်ခြင်းမေတ္တာ၊ သနားကရုဏာနှင့် ကယ်တင်ခြင်းတို့သာ ဖြစ်သည်။ ဘုရားသခင်က လူတစ်ယောက်စီတိုင်းအပေါ် သူ၏ဆက်ဆံမှု၌ စည်းမျဉ်းရှိသည်ကို ကျွန်မတို့ မြင်ရသည်၊ ပြီးလျှင် ကျွန်မတို့က သမ္မာတရား၏ အခြေခံသဘောတရားများအတိုင်း အခြားသူများကို ဆက်ဆံကြဖို့ သူ တောင်းဆိုပါသည်။ ဥပမာအားဖြင့် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများကို ခွင့်လွှတ် သည်းခံရမည်။ ကျွန်မတို့က သူတို့ကို ချစ်ခြင်းမေတ္တာနှင့် ကူညီပြီး နောင်တရဖို့နှင့် ပြောင်းလဲနိုင်ဖို့ အခွင့်အရေးပေးရမည်။ သူတို့မှာ ဖောက်ပြန်ပျက်စီးမှုအချို့ ရှိသောကြောင့်၊ ကျွန်မတို့က သူတို့အား ချိုးနှိမ်၍မရပါ။ ယင်းက ဘုရားသခင်၏အလိုတော် မဟုတ်ပါ။ အစ်ကိုချန်ကိုပဲကြည့်ပါ- သူက အစွမ်းအစ ကောင်းခဲ့ပြီး သူ့တာဝန်သူ ယူနိုင်ခဲ့သည်။ သမ္မာတရားကို လိုက်စားသည့်နေရာမှာ အားစိုက်ထုတ်လိုစိတ် ရှိခဲ့သည်။ သူက ယုံကြည်သူအသစ် ဖြစ်သည့်အတွက်၊ သူ့အတွေ့အကြုံက ပေါ့တန်ပြီး အခြားသူများထက် ပို၍ မာနထောင်လွှားသူလည်း ဖြစ်သည်။ သို့ရာတွင် သမ္မာတရား၏ အခြေခံသဘောတရားများအတိုင်း ကျွန်မ သူ့ကို မျှမျှတတ ဆက်ဆံခဲ့သင့်သည်၊ ပြီးလျှင် သူ့ကို ကူညီဖို့ သူ့အား ချစ်ခင်စွာဖြင့် သမ္မာတရားကို မိတ်သဟာယပြုခဲ့သင့်သည်။ သို့ရာတွင် ကျွန်မက သူ၏ အားသာချက်များနှင့် ကောင်းကွက်များကို မြင်ဖို့ ငြင်းဆန်လျက်၊ သူ့ကို မကူညီခဲ့ရုံသာမက၊ သူ့အားနည်းချက်များကို ကျွန်မ မြင်သည့်အခါမှာလည်း သူ့ကို ကျွန်မ ဝေဖန်ခဲ့သည်၊ ပစ်ပယ်ခဲ့ပြီး ထွက်သွားစေချင်ခဲ့သည်။ ကျွန်မမှာ ထိုသို့သော မလိုမုန်းထားသည့် သဘာဝ ရှိခဲ့သည်။ ကျွန်မ ခေါင်းဆောင် မည်သို့ ဖြစ်ခဲ့သည်ကို တွေးမိသည်။ ထိုအချိန်က ကျွန်မက အခြားသူများထက် ပိုသာသည်ဟု အမြဲတွေးခဲ့သည်၊ ကျွန်မက အဆုံးအဖြတ်ပေးသူဖြစ်ချင်ခဲ့သည်၊ ကျွန်မ ဖြစ်ချင်သည့်အရာ မှန်သမျှကိုသာ လုပ်ချင်ပြီး အခြားသူများ၏ အမြင်များကို နားမထောင်ခဲ့ပါ။ အကျိုးဆက်အနေဖြင့် အသင်းတော်၏ အလုပ်ကို နှောင့်ယှက်သည့်အရာအချို့ကို ကျွန်မလုပ်ခဲ့မိသည်။ သို့ရာတွင် ဘုရားသခင်က ကျွန်မကို မပစ်ပယ်ခဲ့ဘဲ၊ ထိုအစား ကျွန်မကို တရားစီရင်ဖို့၊ ဆုံးမပဲ့ပြင်ဖို့၊ ကိုင်တွယ်ဖြေရှင်းဖို့၊ ကျွန်မ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်စေဖို့၊ ကျွန်မကို နောင်တရပြီး ပြောင်းလဲခွင့်ပေးဖို့ သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုခဲ့သည်။ ဘုရားသခင်က ဖောက်ပြန်ပျက်စီးခြင်း အချို့ပြရုံဖြင့် ကျွန်မတို့ကို ပစ်ပယ်ခြင်း သို့မဟုတ် လက်လျှော့လိုက်ခြင်းမျိုး မည်သည့်အခါမျှ မရှိဘဲ၊ ကျွန်မတို့ကို ကယ်တင်နိုင်ဖို့ ဘုရားသခင်က တတ်နိုင်သမျှ လုပ်ဆောင်သည်ကို ကျွန်မ မြင်ခဲ့သည်။ ဘုရားသခင်မှာ ထိုကဲ့သို့ ကောင်းမြတ်သည့် နှလုံးသားရှိသည်။ ထို့နောက်တွင် မိမိ၏အပြုအမူနှင့် အစ်ကိုချန်ကို ကျွန်မ ဆက်ဆံခဲ့ပုံကို ပြန်စဉ်းစားကြည့်လျက်၊ ကျွန်မ အရမ်းရှက်မိသည်မှာ မြေကြီးထဲပဲ မြုပ်သွားချင်မိသည်။

ထို့နောက်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မဖတ်ခဲ့သည်။ “လူတစ်ဦးသည် ကောင်းသည် ဆိုးသည်၊ ပြီးလျှင် သူ သို့မဟုတ် သူမကို မည်သို့ ဆက်ဆံသင့်သည် ဆိုသည်အတွက်မူ၊ လူတို့သည် အပြုအမူနှင့်ဆိုင်သည့် မိမိတို့၏ ကိုယ်ပိုင် အခြေခံသဘောတရားများ ရှိသင့်ကြ၏။ သို့သော်၊ ထိုလူ၏ရလဒ်က မည်သည့်အရာဖြစ်မည် ဆိုသည်အတွက်မူ- သူ သို့မဟုတ် သူမသည် ဘုရားသခင်၏ အပြစ်ပေးခံရခြင်းဖြင့် အဆုံးသတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ၊ သို့မဟုတ် သူ သို့မဟုတ် သူမသည် တရားစီရင်ခံရကာ ပြစ်တင်ဆုံးမခံရခြင်းဖြင့် အဆုံးသတ်သည်ဖြစ်စေ၊ မသတ်သည်ဖြစ်စေ- ယင်းသည် ဘုရားသခင်၏ အရေးကိစ္စဖြစ်၏။ လူတို့ ဝင်ရောက်မစွက်ဖက်သင့်ပေ။ ဘုရားသခင်သည် သူ့ကိုယ်စား သင့်ကို ပဏာမခြေလှမ်း လှမ်းခွင့်ပေးလိမ့်မည် မဟုတ်ပေ။ ထိုသူကို မည်သို့ ဆက်ဆံရမည်မှာ ဘုရားသခင်၏ အရေးကိစ္စဖြစ်သည်။ ထိုသို့သော လူများ မည်သည့် ရလဒ်မျိုးကို ရှိလိမ့်မည်ကို ဘုရားသခင် မဆုံးဖြတ်သေးသရွေ့၊ ၎င်းတို့ကို မနှင်ထုတ်သေးသကဲ့သို့၊ ၎င်းတို့ကို အပြစ်မပေးသေးသရွေ့၊ ပြီးလျှင် ၎င်းတို့ ကယ်တင်ခြင်းခံရသရွေ့၊ သင်သည် ၎င်းတို့ကို ချစ်ခြင်းမေတ္တာဖြင့် စိတ်ရှည်စွာ ကူညီသင့်ပေသည်။ ထိုသို့သော လူတို့၏ ရလဒ်ကို ဆုံးဖြတ်ဖို့ သင် မမျှော်လင့်သင့်သကဲ့သို့၊ ၎င်းတို့ကို ထိထိရောက်ရောက် နှိမ်နှင်းဖို့ သို့မဟုတ် အပြစ်ပေးဖို့ရန် လူ့နည်းလမ်းများကို သင် အသုံးမပြုသင့်ပေ။ ထိုသို့သော လူတို့ကို သင် ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်နိုင်သည် သို့မဟုတ် ၎င်းတို့ကို ကူညီဖို့ရန် သင်၏ စိတ်နှလုံးကို ဖွင့်ပြီး အူလှိုက်သည်းလှိုက် မိတ်သဟာယဖွဲ့ခြင်းဖြင့် ပါဝင်ပေးနိုင်သည်။ သို့သော်၊ ဤလူတို့ကို အပြစ်ပေးခြင်း၊ ဖယ်ကြဉ်ခြင်းနှင့် အမှုဆင်ခြင်းတို့ကို သင် စဉ်းစားပါက၊ သင် ဒုက္ခရောက်လိမ့်မည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်လော။ ထိုသို့သော အတွေးများရှိခြင်းသည် စိတ်ပြင်းထန်ခြင်းမှ ဖြစ်ပေါ်ပေသည်။ ထိုသို့သော အတွေးများသည် စာတန်ထံမှ လာပြီး လူသား၏မကျေမချမ်းဖြစ်မှုအပြင် လူသား၏ မနာလိုခြင်းနှင့် စက်ဆုပ်ခြင်းတို့မှ ပေါ်ပေါက်၏။ ထိုသို့သော အပြုအမူသည် သမ္မာတရားနှင့် မကိုက်ညီပေ။ ဤသည်မှာ သင့်ကို ဒဏ်ခတ်ခံစေရမည့် အရာတစ်ခုဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် မကိုက်ညီပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”) အခြားသူများကို ဆက်ဆံသည့်ပုံစံ၌ ကျွန်မ စည်းကမ်းရှိသင့်သည်ဆိုပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များက ညွှန်ပြပေးသည်။ ကျွန်မ၏အယူအဆများနှင့် စိတ်ကူးများကို သုံးပြီး အခြားသူများကို ကြုံရာကျပန်း တံဆိပ်မကပ်၍မရသကဲ့သို့ သူတို့၏ပြစ်မှားမှုများအပေါ် အာရုံစိုက်ပြီးနောက် သူတို့ကို ပြစ်တင်ရှုတ်ချခြင်းလည်း လုပ်၍မရပါ။ ထိုအစား သူတို့၏ အကျင့်စရိုက်နှင့် အနှစ်သာရအပေါ် အခြေခံပြီး သူတို့ကို ဆက်ဆံသင့်သည်၊ သူတို့၏ ကွဲပြားခြားနားသည့် အခြေအနေများနှင့် အပြစ်များကို အခြေခံပြီး လက်တွေ့ကျသည့် နည်းလမ်းများနှင့် ကူညီသင့်သည်။ အခြားသူများ၏ အခြေအနေများအပေါ်မူတည်ပြီး သမ္မာတရား စစ်မှန်မှုရှိသည့် လူတစ်ယောက်က မည်သည့်အချိန်မှာ သည်းခံရမည်၊ ကူညီရမည်၊ မည်သည့်အချိန်မှာ ပြုပြင်ရမည်၊ ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းရမည်၊ အပြစ် တင်ရမည်တို့ကို သိသည်။ သူတို့က အခြေခံသဘောတရားများနှင့် အမြဲ သင့်တင့်လျောက်ပတ်စွာ ပြုမူကြသည်။ သူတို့က လူတစ်ယောက်ကို မည်သည့်အခါမျှ ကြုံသလို ဘောင်မခတ်သကဲ့သို့၊ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ပြသည့် ညီအစ်ကိုမောင်နှမတစ်ယောက်ကို ရန်သူအဖြစ် မဆက်ဆံပါ။ သို့ရာတွင် အစ်ကိုချန်ကို ကျွန်မ မည်သို့ ဆက်ဆံခဲ့သနည်း။ မာနထောင်လွှားသည့် စိတ်သဘောထားကို သူပြသည့်အခါ၊ ကျွန်မ အတိုချုပ်သာ ပြောပြခဲ့ပြီး ယင်းက အလုပ်မဖြစ်သည့်အခါ၊ ကျွန်မက သူ့ကို ပစ်ပယ်ခဲ့သည်၊ ဝေဖန်အကဲဖြတ်ပြီး ပြစ်တင်ရှုတ်ချခဲ့သည်၊ ပြီးလျှင် သူ့နောက်ကွယ်မှာ သူ့အကြောင်းပြောခဲ့သည်။ ကျွန်မမှာ လက်ခံနိုင်စွမ်း သို့မဟုတ် သည်းခံနိုင်စွမ်း လုံးဝမရှိခဲ့ပါ။ ယင်းက သူ့ကို ချစ်ခင်သည့် နှလုံးသားနှင့် ကူညီခြင်း လုံးဝ မဟုတ်ပါ။ ထို့နောက်တွင် ကျွန်မ ချစ်ခင်သည့်နှလုံးသားနှင့် အစ်ကိုချန်ကို ကူညီပြီး သမ္မာတရား၏ အခြေခံသဘောတရားများကို လက်တွေ့ကျင့်သုံးချင်လျက်၊ ဘုရားသခင်ကို ဆုတောင်းခဲ့ပြီး နောင်တရခဲ့သည်။

ထို့ကြောင့် အစ်ကိုချန်ဆီသွားခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များပါသည့် စာပိုဒ်အချို့ကို သူနှင့် မိတ်သဟာယဖွဲ့ပေးခဲ့သည်၊ ပြီးလျှင် သူ၏အပြစ်များကို ညွှန်ပြခဲ့သည်။ သူက သူ၏မာနထောင်လွှားသည့် စိတ်သဘောထားကို သူနားလည်စပြုလာပြီး ယင်းကို မဖြေရှင်းဘဲထားခြင်း၏ အန္တရာယ်ကို သိလာသည်။ ကျွန်မ၏ မိတ်သဟာဖွဲ့မှနှင့် သတိပေးမှုတို့က တကယ်ကို အထောက်အကူ ဖြစ်ကာ၊ သူ့ကိုယ်သူ ပြန်လည် သုံးသပ်ချင်လာကာ သူ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေလာသည်ဟု ပြောခဲ့သည်။ သူ ဤသည်ကို ပြောသည်ကို ကြားရလျက် ကျွန်မ အလွန် တို့ထိခြင်းခံရသည်၊ သို့ရာတွင် စိတ်မကောင်းလည်း ဖြစ်ရသည်။ ကျွန်မ စိတ်ကူးခဲ့သကဲ့သို့၊ သူပြောင်းလဲနိုင်စွမ်းတော့ မရှိခဲ့ပါ။ မိမိ၏တာဝန်ကို ကောင်းစွာ မလုပ်ခဲ့သည်မှာ ကျွန်မ ဖြစ်ပါသည်။ ချစ်ခင်သည့်နှလုံးသားနှင့် သူ့ကိုကူညီဖို့ ကျွန်မ အမှန်တကယ် အားမထုတ်ခဲ့ပါ။ ကျွန်မက မာနထောင်လွှားပြီး လူသားချင်း စာနာမှု မရှိခဲ့ပါ။

နောက်ပိုင်းတွင် စုဝေးပွဲတစ်ခုမှာ အထက်မှ ညီအစ်ကိုက ဤဒေသနာကို ဟောပြသည်ကို ကျွန်မကြားခဲ့ရသည်။ “အကျင့်ယိုယွင်းတဲ့ လူသားထုအားလုံးက မာနထောင်လွှားတဲ့ စိတ်သဘောထား ရှိကြတယ်။ သမ္မာတရားကို ချစ်မြတ်နိုးသူတွေနဲ့ ပြီးပြည့်စုံချင်တဲ့သူတွေ အားလုံးမှာ မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ်မှန်တယ်လို့ ယူမှတ်တဲ့ စိတ်သဘောထားရှိကြတယ်။ ဒါက ပြီးပြည့်စုံဖို့နဲ့ ကယ်တင်မှုရဖို့ သူတို့ရဲ့အရည်အချင်းကို ထိခိုက်မှု မရှိပါဘူး။ လူတွေက ပြုပြင်မှုနဲ့ ကိုင်တွယ်ဖြေရှင်းမှုကို လက်ခံပြီး သမ္မာတရားကို လက်ခံနိုင်စွမ်းရှိရင် သူတို့ဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သမ္မာတရားကို အကြွင်းမဲ့နာခံနိုင်ပါတယ်။ သူတို့ဟာ ပြီးပြည့်စုံမှုနဲ့ ကယ်တင်မှုကို လုံး၀ ရနိုင်စွမ်း ရှိကြပါတယ်။ တကယ်တော့ အစွမ်းအစကောင်းရှိပြီး သန္နိဋ္ဌာန် ခိုင်မာသူတွေကြားမှာ မာနမထောင်လွှားတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ ဒါအမှန်ပါပဲ။ ဘုရားသခင်က ရွေးချယ်ထားသူတွေက သင့်လျော်တဲ့အပြုအမူနဲ့ တခြားသူတွေကို ဆက်ဆံရမယ်။ လူတစ်ယောက်က အရမ်း မာနထောင်လွှားပြီး သူသာအမှန်လို့ မှတ်ယူတာကြောင့်ဆိုတာနဲ့ပဲ အဲဒီလူက လူကောင်းမဟုတ်ဘူး၊ ကယ်တင်ပြီး ပြည့်စုံခြင်းမခံရနိုင်တဲ့သူပဲ ဆိုပြီး မကန့်သတ်ရပါဘူး။ ဒီနေရာမှာ ဘုရားသခင်ရဲ့အလိုတော်ကို နားလည်ဖို့လိုတယ်။ အစွမ်းအစကောင်းရှိတဲ့သူ၊ သန္နိဋ္ဌာန်ခိုင်မာတဲ့သူ၊ မာနလုံးဝမထောင်လွှားသူ၊ ကိုယ်သာအမှန်လို့ မမှတ်ယူသူ ဆိုတဲ့ပုဂ္ဂိုလ်မျိုးက မရှိပါဘူး။ ရှိခဲ့ရင်လည်း ဒီလူဟာ အယောင်ဆောင်ထားသူ၊ ဒါမှမဟုတ် မူမမှန်တဲ့ အပေါ်ယံသွင်ပြင်ရှိသူသာ ဖြစ်လိမ့်မယ်။ အကျင့်ယိုယွင်းတဲ့ လူသားထုအားလုံးမှာ မာနထောင်လွှားမှုနဲ့ စိတ်ကြီးဝင်တဲ့ စရိုက်ရှိတယ်ဆိုတာ သိထားရမယ်။ ဒါက ငြင်းမရတဲ့အချက်ပဲ။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ဤသည်က မာနထောင်လွှားသည့် စိတ်သဘောထား ရှိသူတစ်ယောက်ကို မည်သို့ဆက်ဆံရမည်ကို ပိုနားလည်လာစေဖို့ ကျွန်မကို အထောက်အကူပေးခဲ့သည်။ သူတို့က မပြောင်းလဲနိုင်ခြင်း မဟုတ်ပါ။ အဓိကအချက်က ၎င်းတို့သည် သမ္မာတရားကို အားထုတ်နိုင်ခြင်း ရှိမရှိနှင့် လက်ခံနိုင်ခြင်း ရှိမရှိကို ကြည့်ဖို့ဖြစ်သည်။ သူတို့က သမ္မာတရားကို လက်ခံနိုင်ပြီး ဘုရားသခင်၏ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ ပြုပြင်မှုနှင့် ကိုင်တွယ်ဖြေရှင်းမှုတို့ကို လက်ခံနိုင်ပါက၊ သူတို့ မပြောင်းလဲနိုင်စရာ၊ ဘုရားသခင်ကြောင့် မစုံလင်နိုင်စရာ အကြောင်းမရှိပါ။ အစ်ကိုချန်က ယုံကြည်သူဖြစ်သည်မှာ သိပ်မကြာသေးသောကြောင့်၊ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို သိပ် မကြုံရသေးပါ။ သူ၏ မာနထောင်လွှားမှု အနည်းငယ်ပိုဆိုးလာသည်မှာ မဆန်းပါ။ သို့ရာတွင် သူက ၎င်းစိတ်သဘောထားကို ထုတ်ဖော်သည်ကို ကျွန်မ တွေ့သည့်အခါ၊ ကျွန်မ သူ့ကို ဝေဖန်မိပြီး ပစ်ပယ်မိသည်၊ ပြီးလျှင် သူ့တာဝန်ကပင် ထုတ်ပယ် ပစ်ချင်ခဲ့သည်။ ကျွန်မက သူ့ထက်ပင် မာနထောင်လွှား ခဲ့မိသည်။ သမ္မာတရားနောက်ကို လိုက်နေသရွေ့၊ ကျွန်မ၏ မာနထောင်လွှားသည့် စိတ်သဘောထားက ပြောင်းလဲလိမ့်မည်ဟု တွေးခဲ့သောကြောင့်၊ အစ်ကိုချန် မပြောင်းလဲနိုင်ဟု ကျွန်မ အဘယ့်ကြောင့် ဆုံးဖြတ်ခဲ့ရသနည်း။ ကျွန်မ များစွာ အားမထုတ်မိခဲ့သောကြောင့်၊ အစ်ကိုချန်ထံမှ ကျွန်မ အဘယ့်ကြောင့် များစွာ မျှော်လင့်ခဲ့သနည်း။ လူတစ်ယောက်ကို ထိုနည်းနှင့် ဆက်ဆံခြင်းက အလွန် မတရားခဲ့ပါ။ တကယ်တမ်းတွင် အထုံပါရမီများ၊ အားသာချက်များနှင့် အစွမ်းအစရှိသူများ အားလုံးက အတော်အတန် မာနထောင်လွှားကြသည်။ သို့ရာတွင် သူတို့၏အစွမ်းအစကောင်းသောကြောင့်၊ သူတို့၏တာဝန်များ အကျိုးပြုပြီး သမ္မာတရားကို မြန်မြန်ဆန်ဆန် နားလည်နိုင်ကြသည်။ ဤကဲ့သို့ လူများက သမ္မာတရားကို နားလည်ပြီး အခြေခံသဘောတရားနှင့်အညီ ပြုမူသည့်အခါ၊ ဘုရားသခင်၏အလုပ်ကို အမှန်တကယ်အကျိုးဖြစ်စေသည်။ အစ်ကိုချန်မှာ အစွမ်းအစကောင်းရှိခဲ့သောကြောင့်၊ ကျွန်မ သူ့ကို မေတ္တာတရားဖြင့် ပို၍ ကူညီပြီး ပံ့ပိုးဖို့ မိတ်သဟာယ ပိုဖွဲ့သင့်သည်။ ယင်းကသာ ဘုရားသခင်၏အလိုတော်ကို အလေးထားခြင်း ဖြစ်ပေမည်။ သမ္မာတရားမပါဘဲ ကျွန်မတို့၏ ဆိုးယုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားဖြင့် လူများကို ဆက်ဆံခြင်းက ညီအစ်ကိုမောင်နှမများကိုသာ ထိခိုက်စေနိုင်သည်၊ ပြီးလျှင် သူတို့၏ အသက်ဝင်ရောက်မှုနှင့် အသင်းတော်အလုပ် နှစ်ခုလုံးကို နှောင့်နှေးစေနိုင်သည်ကို ဤအတွေ့အကြုံက ကျွန်မကို သဘောပေါက်စေခဲ့ပါသည်။ ဤသည်က ပြစ်မှားခြင်းဖြစ်သည်၊ ယင်းက ဒုစရိုက်မှုပြုခြင်း ဖြစ်သည်။ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ အခြားသူများကို ဆက်ဆံဖို့ မည်မျှအရေးကြီးသည်ကို ကျွန်မသိခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များ လမ်းညွှန်မှုကြောင့် ကျွန်မ ဤအသိတရားလေး ရလာပြီ ဖြစ်သည်။

အရှေ့သို့- ၁၈။ ကျွန်မ၏အထင်လွဲခြင်းများနှင့် သတိထားခြင်းတို့အားဖြင့် ဘေးဖြစ်ခြင်း

နောက်တစ်ခုသို့- ၂၀။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သည် သဟဇာတဖြစ်သော ညီညွတ်မှု၏ သော့ချက်ဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

၄၀။ အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။