၆၈။ တာဝန်ကို နာမည်ကြီးဖို့နှင့် အဆင့်အတန်းရှိဖို့အတွက် မထမ်းဆောင်သင့်ပါ

ကျောင်ယန်၊ တရုတ်နိုင်ငံ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလရဲ့ ရက်တစ်ရက်မှာ ဇာတ်စင်နောက်ခံပုံတစ်ခုလုပ်ဖို့ ခေါင်းဆောင်က ကျွန်မကို စီစဉ်ပေးခဲ့တယ်။ ပုံရဲ့ လိုအပ်ချက်တွေက မြင့်တာကို တွေ့လိုက်ရတော့၊ ကောင်းကောင်းမလုပ်နိုင်ဘဲ အလုပ်တွေ နှောင့်နှေးသွားမှာကို စိုးရိမ်မိတယ်။ ဒါကြောင့် လုပ်နေတုန်းမှာ ကျွန်မ အပျင်းမထူရဲခဲ့ဘူး။ သက်ဆိုင်ရာ စည်းမျဉ်းတွေကို သေချာပြန်ကြည့်ပြီး အခက်အခဲတွေ ကြုံရတိုင်း ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ တစ်ပတ်လောက်ကြာတော့ နောက်ခံပုံ ပြီးသွားတယ်။ ခေါင်းဆောင်က စစ်ဆေးပြီးတဲ့နောက် အသေးစိတ်အချက်အလက် နည်းနည်းလောက်ကိုပဲ ထောက်ပြပြီးတော့ ပုံက တော်တော်လေး ကောင်းသွားတယ်လို့ ပြောတယ်။ ကျွန်မ အရမ်းပျော်သွားတယ်။ ပြီးတော့ တွေးမိတယ်၊ ဒီလောက်ခက်တဲ့ပုံကို ဒီလောက်မြန်မြန် ပြီးမယ်လို့ မထင်ထားဘူး။ ငါက နည်းပညာပိုင်း ကျွမ်းကျင်တယ်၊ တာဝန်ယူစိတ်ရှိပြီး တာဝန်မှာ ဝန်တာထားတဲ့စိတ်ရှိတယ်၊ ပြီးတော့ ငါ့ကိုပေးတဲ့ အလုပ်တာဝန်တွေကို လက်တွေ့ကျကျ ပြီးမြောက်နိုင်တယ်လို့ ခေါင်းဆောင်က သေချာပေါက် ထင်မှာပဲ ပေါ့။ အဲဒါပြီးတော့ ခေါင်းဆောင်က နောက်ထပ် နောက်ခံပုံ နှစ်ပုံ ထပ်လုပ်ခိုင်းတယ်။ အဲဒါတွေကိုလည်း အချိန်မီ ပြီးခဲ့တယ်။ ဒီပုံတွေရဲ့ ရလဒ်တွေကလည်း တော်တော်လေး ကောင်းပါတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တော်တော်လေး ကျေနပ်အားရဖြစ်လာပြီး တွေးမိတယ်၊ “ပြီးခဲ့တဲ့လတုန်းက ငါ့တာဝန်ရဲ့ ရလဒ်တွေက သိပ်မကောင်းလှဘူး။ ဒါပေမဲ့ ခေါင်းဆောင်က ငါနဲ့ မိတ်သဟာယပြုပြီးတဲ့နောက် ငါ့ပုံတွေရဲ့ အရည်အသွေးက ချက်ချင်း တက်လာတယ်၊ စွမ်းဆောင်ရည်လည်း တိုးလာတယ်။ ဒါကြောင့် အခုဆို ခေါင်းဆောင်က ငါ့အပေါ် အထင်အမြင် ပိုကောင်းလောက်တယ်” ပေါ့။ မကြာခင်မှာပဲ ကျွန်မရေးတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးနဲ့ ဧဝံဂေလိ တရားဟောချက်လည်း အရွေးခံလိုက်ရတယ်။ ကျွန်မ အရမ်းဝမ်းသာသွားပြီး တွေးမိတယ်၊ “ပုံတွေနဲ့ပတ်သက်ပြီး ရလဒ်ကောင်းရရုံတင်မကဘူး၊ ငါ့မှာ သမ္မာတရား လက်တွေ့ကျမှုတချို့လည်း ရှိပုံရတယ်။ ငါ့ကိုသိတဲ့ ညီအစ်ကိုမောင်နှမတွေသာ သိသွားရင် ငါ့အပေါ်မှာ သေချာပေါက် အမြင်ပြောင်းသွားကြမှာပဲ။ ငါ့အပေါ် ခေါင်းဆောင်ရဲ့ သုံးသပ်ချက်ကလည်း အများကြီး တိုးတက်လာမှာ” ပေါ့။ ကျွန်မက သိသိသာသာ ကြွားလုံးထုတ်နေတဲ့ပုံ မပေါက်ပေမဲ့၊ ကိုယ့်တန်ဖိုးက ရုတ်တရက် မြင့်တက်သွားသလိုမျိုး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့စိတ်က ကျွန်မအထဲမှာ တောက်လျှောက် ရှိနေခဲ့တယ်။

တစ်ခါတုန်းက ကျွန်မနဲ့ တွဲလုပ်နေတဲ့ ညီအစ်မတစ်ယောက်က ပြောတယ်။ “အစ်မရဲ့ အလုပ်လုပ်နိုင်စွမ်းနဲ့ဆို ရာထူးတိုးသင့်တာ။ ဒါပေမဲ့ ဒီမှာက အစ်မကို ပိုလိုအပ်တယ်၊ ပြီးတော့ အစ်မလုပ်နေတဲ့ တာဝန်က လူတိုင်း ၀င်ပြီး အစားထိုးလို့ရတဲ့အရာ မဟုတ်ဘူးလေ” တဲ့။ ဒါကို ကြားလိုက်ရတော့ ဘုန်းရောင် ထွန်းလင်းနေသလို ခံစားရပြီး ဝမ်းသာသွားတယ်။ ပြီးတော့ တွေးမိတယ်၊ “ငါက ခေါင်းဆောင်တစ်ယောက် မဟုတ်ပေမဲ့၊ ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်နှလုံးထဲမှာ အရေးပါတဲ့ နေရာတစ်ခု ရှိနေတုန်းပဲ” ပေါ့။ ဒီလို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့စိတ်ကို ခံစားနေတုန်းမှာပဲ၊ ရုတ်တရက် တွေးမိလိုက်တယ်။ “နောက်ထပ်လုပ်မယ့်ပုံသာ အရွေးမခံရရင်၊ ညီအစ်ကိုမောင်နှမတွေက ငါ့ကို အထင်ကြီးပါ့ဦးမလား” ပေါ့။ ကျွန်မမှာ ပြောပြလို့မရနိုင်တဲ့ စိုးရိမ်စိတ်တစ်ခု ဖြစ်လာတယ်။ ငါ့တာဝန်ရဲ့ ရလဒ်တွေက တက်ပဲတက်ရမယ်၊ ကျလို့မဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ ရလဒ်တွေ ကျသွားရင် ငါ့ရဲ့ ဂုဏ်ရောင် ပျောက်ကွယ်သွားလိမ့်မယ်လို့ တွေးမိတယ်လေ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။ “ငါ ဆက်ပြီး ကြိုးစားလုပ်ရမယ်၊ ဒီလအတွက်ပုံက အရွေးခံရမှ ဖြစ်မယ်၊ ပြီးတော့ တန်ဖိုးရှိတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တွေကို ဆက်ရေးရမယ်။ ဒီလိုမှပဲ ငါ့ရဲ့ လက်ရှိ ဂုဏ်ရောင်ကို ထိန်းထားနိုင်မှာ” ပေါ့။ အဲဒီနောက်ပိုင်းမှာ ကျွန်မ ဘာပဲလုပ်လုပ် ခေါင်းဆောင် ကျေနပ်အောင် ဘယ်လိုလုပ်ရမလဲ၊ ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှုကို ဘယ်လိုရယူမလဲ ဆိုတာကိုပဲ တောက်လျှောက် တွေးနေမိတော့တယ်။ တစ်ခါတော့ အလုပ်ရဲ့ တိုးတက်မှုအခြေအနေနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ တာဝန်ထမ်းဆောင်မှုအကြောင်း မေးဖို့ ခေါင်းဆောင်က စာရေးလာတယ်။ သူတို့အလုပ်အကြောင်း ကျွန်မ သိပ်မရင်းနှီးမှန်း သတိထားမိလိုက်တဲ့အခါ၊ ကျွန်မမှာ ဝန်တာထားတဲ့စိတ်ရှိပြီး တာဝန်ယူတတ်တဲ့သူလို့ ခေါင်းဆောင် မြင်အောင်လို့ ကိုယ့်တာဝန်ကို အမြန်ချထားပြီး အဲဒါကို စုံစမ်းခဲ့တယ်။ ခေါင်းဆောင်က အခုတစ်လော ဘာလို့ တရားဟောချက်တွေ မရေးတာလဲလို့ မေးတော့ ကျွန်မ တွေးမိတယ်၊ “တစ်ခုခုရေးဖို့ ငါ အမြန်ဆုံး အချိန်ရအောင်လုပ်မှ ဖြစ်မယ်။ မရေးရင် ငါ့မှာ အရင်ကလို ဝန်တာထားတဲ့စိတ် မရှိတော့ဘူးလို့ ခေါင်းဆောင် ထင်သွားမလား။ ဒါဆိုရင် သူ ငါ့အပေါ် အကောင်းမြင်နေတာက ပျက်စီးသွားမှာမဟုတ်ဘူးလား” ပေါ့။ အဲဒီအချိန်တုန်းက ကျွန်မမှာ အချိန်မလောက်ဘူးလို့ အမြဲ ခံစားနေရတယ်။ ပြီးတော့ ခေါင်းဆောင် တောင်းဆိုတာတွေကို အချိန်မီ မပြီးရင် သူက ငါ့ကို အထင်သေးသွားမလားလို့ အမြဲ စိုးရိမ်နေခဲ့တယ်။ နေ့တိုင်း အလုပ်ရှုပ်နေတော့ ဝတ်ပြုခြင်းတွေလည်း ပုံမှန် မလုပ်ဖြစ်တော့ဘူး။ တစ်ခါတလေ တစ်နေ့လုံး အလုပ်ရှုပ်ပြီးတဲ့အခါ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ခြင်းတွေကို သတိမထားမိသလို၊ ဘာသင်ခန်းစာ ယူသင့်မှန်းလည်း မသိတော့ဘူး။ ပုံတွေလုပ်တဲ့အခါ၊ အခုလုပ်နေတဲ့ပုံက အရင်ပုံတွေလောက် မကောင်းရင် ဘယ်လိုလုပ်မလဲဆိုပြီး စိုးရိမ်မိတယ်။ တစ်ခါတလေ ပိုကောင်းတဲ့ ရလဒ်တွေရဖို့အတွက် ကျွန်မ အကြာကြီး စဉ်းစားပြီးတော့ ဘာဆုံးဖြတ်ရမှန်းမသိ ဗျာများနေတတ်တယ်။ ကြာလာတော့ ပုံတွေလုပ်တဲ့အခါ ကျွန်မရဲ့ အတွေးတွေက သိပ်မကြည်လင်တော့ဘူး။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရတာ ဘာလို့ ဒီလောက် ခက်ခဲလာတာလဲလို့ တွေးရင်း ကျွန်မ စဉ်းစားရခက်လာတယ်။ ငါ့ဉာဏ်က ဘာလို့ အရင်ကလောက် မထက်မြက်တော့တာလဲပေါ့။

တွေ့ဆုံပွဲပြီးတဲ့နောက် ညီအစ်မတစ်ယောက်နဲ့ ကျွန်မရဲ့ အခြေအနေအကြောင်း ပြောဖြစ်တယ်။ ညီအစ်မရဲ့ သတိပေးမှုကြောင့် ကျွန်မ ပြန်သုံးသပ်မိပြီး သဘောပေါက်သွားတယ်။ ဒီအချိန်အတောအတွင်းမှာ ငါ့တာဝန်ရဲ့ ထိရောက်မှု ကျသွားမှာကို ငါ တောက်လျှောက် ကြောက်နေခဲ့တာကိုး။ ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်နှလုံးထဲက ငါ့ရဲ့ ပုံရိပ်ကောင်း ပျောက်သွားမှာကို စိုးရိမ်ပြီး ငါ့ရဲ့ ဂုဏ်ရောင်ကို ထိန်းထားဖို့ တောက်လျှောက် ကြိုးစားနေခဲ့တာပဲ။ ဘုရားသခင်က ဒီလိုအခြေအနေမျိုးတွေကို ဖော်ထုတ်ထားတာကို ကျွန်မ သတိရမိတာနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “လောကီနယ်ပယ်တစ်ခုတွင် အောင်မြင်မှု အနည်းငယ်ရပြီး ကျော်ကြားလာသူ များစွာသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ဖြင့် စိတ်ကူးယဉ်ကြပြီး မိမိတို့ကိုယ်ကို စ၍ အထင်ကြီးလာကြသည်။ အမှန်တွင် သူတစ်ပါးကပေးသော လေးစားမှု၊ ချီးမွမ်းမှု၊ အတည်ပြုမှုနှင့် အသိအမှတ်ပြုမှုတို့သည် ယာယီဂုဏ်ပြုခြင်းများသာလျှင် ဖြစ်သည်။ ယင်းတို့သည် အသက်ကို ကိုယ်စားမပြုသကဲ့သို့ ယင်းက လူသည် မှန်ကန်သောလမ်းကြောင်းကို လျှောက်နေသည်ဟုလည်း မဆိုလိုပေ။ ၎င်းတို့သည် ယာယီဂုဏ်ပြုခြင်းနှင့် ဂုဏ်ကျက်သရေများသာလျှင် ဖြစ်သည်။ ဤဂုဏ်ကျက်သရေများကား အဘယ်နည်း။ ၎င်းတို့သည် အစစ်အမှန်ဖြစ်သလော သို့မဟုတ် အနှစ်မဲ့သလော။ (အနှစ်မဲ့သည်။) ယင်းတို့သည် ကြွေသောကြယ်များနှင့် တူကာ အလင်းတန်းထွန်းလင်းပြီး ပျောက်ကွယ်သွားကြသည်။ လူတို့သည် ထိုကဲ့သို့သော ဂုဏ်ကျက်သရေ၊ ဂုဏ်ပြုခြင်း၊ လက်ခုပ်သြဘာ၊ အောင်ပန်းနှင့် ချီးမွမ်းခြင်းများကို ရရှိပြီးနောက် သူတို့သည် လက်တွေ့ဘဝသို့ ပြန်သွားကာ အသက်ရှင်သင့်သည့်အတိုင်း နေထိုင်ကြရန်လိုသေးသည်။ အချို့သောလူများသည် ဤအရာကို မမြင်နိုင်ဘဲ လက်တွေ့မကျသော ဤအရာများနှင့်အတူ ထာဝရနေသွားဖို့ ဆန္ဒရှိကြသည်။ လူတို့သည် ဤပတ်ဝန်းကျင်မျိုးနှင့် အခြေအနေမျိုးတွင် နေသည့်အခါတွင် ရရှိသောခံစားရပုံကြောင့် ယင်းတို့ထဲတွင် အသက်ရှင်နေထိုင်လိုကြသည်။ ဤခံစားမှုကို ထာဝရပျော်မွေ့ချင်ကြသည်။ အကယ်၍ ယင်းကို မပျော်မွေ့နိုင်လျှင် မှားယွင်းသောလမ်းကြောင်းကို စတင်လျှောက်ကြတော့သည်။ အချို့က ကိုယ့်ကိုယ်ကိုယ် ထုံထိုင်းစေရန် အရက်သောက်ခြင်းနှင့် မူးယစ်ဆေးသုံးစွဲခြင်းကဲ့သို့သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည်။ ဤသည်မှာ စာတန်၏ကမ္ဘာတွင် နေထိုင်ကြသော လူသားများသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ချဉ်းကပ်ပုံဖြစ်သည်။ လူတစ်ဦးသည် ကျော်ကြားလာပြီး ဂုဏ်အသရေအနည်းငယ် ရလာသည်နှင့် ၎င်းတို့သည် ဦးတည်ချက်ပျောက်သွားတတ်ကြပြီး ၎င်းတို့ မည်သို့ပြုမူသင့်သည်၊ မည်သည့်အရာကို လုပ်သင့်သည်ကို မသိကြပေ။ သူတို့သည် စိတ်ကူးယဉ်ပြီး ပြန်မဆင်းနိုင်ကြတော့။ ယင်းသည် အန္တရာယ်ရှိ၏။ ထိုသို့သော အခြေအနေမျိုး၌ သင်တို့နေဖူးသလော သို့မဟုတ် ထိုအပြုအမူမျိုး ပြသဖူးသလော။ (ဤသို့လုပ်ဖူးပါ၏။) ဤအရာကို မည်သည့်အရာက ဖြစ်စေသနည်း။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် အလွန်ဂုဏ်မောက်ပြီး မာနထောင်လွှားလွန်းသည်၊ စုံစမ်းသွေးဆောင်ခြင်း သို့မဟုတ် ချီးမွမ်းခြင်းကို မခံနိုင်ကြသည့်အပြင် သမ္မာတရားကို မလိုက်စားကြပေ သို့မဟုတ် နားမလည်ကြပေ။ ၎င်းတို့သည် မိမိတို့ ရရှိထားသော သေးငယ်သော အောင်မြင်မှု သို့မဟုတ် ဂုဏ်အသရေကြောင့်ပင် ထူးခြားနေသည်ဟု တွေးထင်ကြသည်။ သူတို့သည် ကြီးမြတ်သောပုဂ္ဂိုလ် သို့မဟုတ် မဟာသူရဲကောင်း ဖြစ်လာပြီဟု ထင်မြင်ကြသည်။ ဤကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အသရေတို့အားလုံးကို တွေ့ကြုံရသည်တွင် မိမိကိုယ်ကို အထင်မကြီးမိလျှင် အပြစ်တစ်ခုဖြစ်မည်ဟု ထင်မှတ်ကြသည်။ သမ္မာတရားကို နားမလည်သောလူများသည် မည်သည့်အချိန် သို့မဟုတ် နေရာ၌မဆို မိမိတို့ကိုယ်ကို အထင်ကြီးနိုင်ဖွယ် ရှိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း စတင် အထင်ကြီးသည့်အခါတွင် ၎င်းတို့အနေဖြင့် ပြန်လည်နှိမ့်ချရန် လွယ်ကူသလော။ (မလွယ်ကူပါ။) ဆင်ခြင်တုံတရား အနည်းငယ်ရှိသည့် လူများသည် အကြောင်းပြချက် မရှိဘဲ မိမိတို့ကိုယ်ကို အထင်မကြီးကြချေ။ ၎င်းတို့ မည်သည့်အရာမျှ စွမ်းဆောင်မရရှိသေးသည့်အခါ၊ မည်သည့်အရာမျှ ပေးစရာမရှိသည့်အခါ၊ ပြီးလျှင် အုပ်စုထဲမှ မည်သူမျှ ၎င်းတို့အား အာရုံမစိုက်သည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို အထင်ကြီးလိုခဲ့လျှင်ပင် အထင်မကြီးနိုင်ကြချေ။ ၎င်းတို့သည် အနည်းငယ် မာနထောင်လွှားပြီး အတ္တသဘောရှိနိုင်သည်၊ သို့မဟုတ် ၎င်းတို့၌ အတော်အတန် ပါရမီရှိသည်၊ အခြားသူများထက် တော်သည်ဟု ၎င်းတို့ ခံစားကောင်း ခံစားနိုင်သည်၊ သို့ရာတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အထင်ကြီးနိုင်ဖွယ် မရှိကြချေ။ မည်သည့်အခြေအနေမျိုးတွင် လူများသည် မိမိတို့ကိုယ်ကို အထင်ကြီးကြသနည်း။ အခြားသူများက ၎င်းတို့အား အောင်မြင်မှုအချို့အတွက် ချီးမွမ်းသည့်အချိန်တွင် ဖြစ်သည်။ ၎င်းတို့သည် အခြားသူများထက်တော်သည်၊ အခြားသူများသည် သာမန်ဖြစ်ပြီး သာမညောင်ညဖြစ်သည်၊ ၎င်းတို့သာလျှင် ဂုဏ်အဆင့်အတန်းရှိသည့် သူတစ်ဦးဖြစ်ပြီး အခြားသူများနှင့် အလွှာအတန်းအစားချင်း သို့မဟုတ် အဆင့်ချင်းမတူ၊ ၎င်းတို့သည် ထိုသူတို့ထက် ပို၍မြင့်မားသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤသည်မှာ ၎င်းတို့သည် မိမိတို့အရှိအတိုင်းထက် သာ၍ မြင့်မားလာသည့်ပုံဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ကျင့်ကြံပြုမူခြင်းတွင် လမ်းပြသင့်သည့် စည်းမျဉ်းများ) ဒီဘုရားနှုတ်ကပတ်တော် စာပိုဒ်ကို ဖတ်ပြီးတဲ့နောက်၊ ဒါက ငါ့အခြေအနေကို ဖော်ပြနေတာပဲလို့ လေးလေးနက်နက် ခံစားလိုက်ရတယ်။ လူတွေက အောင်မြင်မှုတချို့ ရလာတဲ့အခါ၊ ဒါမှမဟုတ် နာမည်ကျော်ကြားမှုတချို့ ရလာတဲ့အခါ ဂုဏ်သရေနဲ့ ဂုဏ်ရောင်ကို စပြီး မွေ့လျော်လာကြတယ်၊ ပြီးတော့ ဒါကို ဆုပ်ကိုင်ထားချင်ကြပြီး သူများတွေ အထင်ကြီးလေးစားတာကို ခံရတဲ့ ခံစားချက်ကို ထာဝရ စံစားချင်ကြတယ်လို့ ဘုရားသခင်က ပြောထားတယ်။ ဒါက စာတန်ရဲ့ ဖျက်ဆီးခြင်းကို ခံရပြီးနောက်မှာ နာမည်ကျော်ကြားမှုနဲ့ အဆင့်အတန်းအပေါ် လူတွေရဲ့ ရှုမြင်ပုံပါပဲ။ ဒါကိုကြည့်ပြီး ဘာသာတရား မရှိသူတွေရဲ့ လောကထဲက နာမည်ကြီးတွေ အများကြီးကို ကျွန်မ သွားသတိရတယ်။ သူတို့က နာမည်ကြီးလာပြီးတဲ့နောက် သူများတွေရဲ့ အထင်ကြီးအားကျမှုနဲ့ ချီးမွမ်းမှုကို ပိုရဖို့အတွက် သူတို့ရဲ့ ပုံရိပ်ကို တည်ဆောက်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ဟန်လုပ်ပြဖို့ ဘာမဆို လုပ်ကြတယ်လေ။ ဒါက ကျွန်မ ဖြစ်ပျက်နေတဲ့ ပုံစံအတိုင်း အတိအကျပဲ မဟုတ်ဘူးလား။ ကျွန်မလုပ်တဲ့ ပုံတွေနဲ့ ရေးတဲ့ ဆောင်းပါးတွေ အရွေးခံရပြီးကတည်းက၊ ပြီးတော့ ခေါင်းဆောင်နဲ့ ဘေးနားက ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ချီးမွမ်းကြပြီးကတည်းက ကျွန်မ စပြီး ဘဝင်မြင့်လာခဲ့တာ။ လူအုပ်ကြားမှာ ထင်ပေါ်နေတဲ့ နာမည်ကြီးတစ်ယောက်လိုမျိုး ကျွန်မတန်ဖိုးက ရုတ်တရက် တက်သွားသလို ခံစားရပြီး ညီအစ်ကိုမောင်နှမတွေဆီက ဒီချီးမွမ်းမှုနဲ့ အထင်ကြီးအားကျမှုကို စပြီး မွေ့လျော်လာခဲ့တယ်။ ကျွန်မတာဝန်ကို ကောင်းကောင်း ဆက်မလုပ်ရင် ညီအစ်ကိုမောင်နှမတွေရဲ့ အမြင်မှာရှိတဲ့ ကျွန်မရဲ့ ပုံရိပ်ကောင်း ပျောက်ကွယ်သွားမှာကိုတောင် စိုးရိမ်ခဲ့တယ်။ ဒီဂုဏ်သရေနဲ့ ဂုဏ်ရောင်ကို ထိန်းသိမ်းဖို့အတွက် ကျွန်မတာဝန်တွေမှာ ခေါင်းဆောင်ရဲ့ ချီးမွမ်းမှုကို ရဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပဲ အမြဲ တွေးနေခဲ့တာ။ ကျွန်မက နာမည်ကျော်ကြားမှုနဲ့ အဆင့်အတန်းကိုပဲ လုံးလုံးလျားလျား လိုက်စားနေခဲ့ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းကို လျှောက်နေခဲ့တာ။ လမ်းကြောင်းမှားပေါ် ရောက်နေမှန်း ပေါ်လွင်လာတဲ့အတွက် ဘုရားသခင်ရဲ့ လမ်းပြမှုကို မရနိုင်ဘဲ ကျွန်မ စိတ်မကြည်လင်တာက အဆန်းမဟုတ်ပါဘူး။ ကျွန်မ စိတ်နှလုံးက ဘုရားသခင်ဆီကနေ ဝေးကွာနေတာ ကြာပြီမို့လို့ ဘုရားသခင်က ကျွန်မကို ရွံရှာပြီး သူ့မျက်နှာတော်ကို ကွယ်ဝှက်ခဲ့တာပေါ့။

အဲဒီနောက်မှာ ကျွန်မ ပြဿနာတွေကို ဆက်ပြီး ပြန်သုံးသပ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်ခဲ့တယ်။ “စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ပြီးလျှင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်ရန် စွမ်းရည် သို့မဟုတ် သတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍ ကိုယ်တော်အား သစ္စာဖောက်ပြီး တိုး၍ ကောက်ကျစ်ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆))စာတန်သည် လူတို့အနေဖြင့် ၎င်း၏ ရှင်သန်မှု နည်းလမ်းများနှင့် ဥပဒေသများကို အမှုမဲ့အမှတ်မဲ့ လက်ခံစေဖို့၊ ဘဝရည်မှန်းချက်များနှင့် ဘဝဦးတည်ချက်များ ဖြစ်စေဖို့နှင့် ဘဝရည်သန်မျှော်မှန်းချက်များ ပိုင်ဆိုင်လာစေဖို့ ထိုမျှမကြမ်းတမ်းသော၊ လူတို့၏ အယူအဆများနှင့် အလွန်ပင် ကိုက်ညီသော နည်းစနစ်တစ်ခုဖြစ်သည့် အလွန် သိမ်မွေ့သော နည်းစနစ်ကို အသုံးပြုလေသည်။ မိမိတို့၏ အသက်တာ ရည်သန်မျှော်မှန်းချက်များနှင့်ပတ်သက်၍ လူတို့၏ သရုပ်ဖော်ချက်များက မည်မျှကြီးကျယ်ခမ်းနားပါစေ ဤရည်သန်မျှော်မှန်းချက်များသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကိုသာ အစဉ်သဖြင့် ဗဟိုပြုထားသည်။ မည်သည့်ကြီးမြတ်သောသူဖြစ်စေ၊ ထင်ရှားသောလူတစ်ဦးဖြစ်စေ၊ မည်သည့်သူတစ်ဦးတလေဖြစ်စေ ၎င်းတို့၏ ဘဝတစ်လျှောက်တွင် လိုက်ရှာဖွေသည့်အရာမှန်သမျှမှာ ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ ဟူသည့် ဤစကားနှစ်လုံးနှင့်သာ ဆက်စပ်နေ၏။ လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက် မြင့်မားသော အဆင့်အတန်းနှင့် များစွာသော ဥစ္စာပစ္စည်းတို့ကို ပျော်မွေ့ခံစားရန်နှင့် ဘဝကို ပျော်မွေ့ခံစားရန် အရင်းအနှီး ၎င်းတို့၌ ရှိသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့တွင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ရှိသည်နှင့်တစ်ပြိုင်နက် ပျော်ရွှင်ကြည်နူးမှုကို လိုက်စားရန်နှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုကို ထင်ရာမြင်ရာ ခံစားရန် အရင်းအနှီးရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့ လိုအင်ဆန္ဒရှိသည့် ဤကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် လူတို့သည် ပျော်ရွှင်စွာနှင့် အမှုမဲ့အမှတ်မဲ့ဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်၊ စိတ်နှလုံးနှင့် ၎င်းတို့တွင် ရှိသမျှအရာအားလုံးအပြင် ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာတို့ကို စာတန်ထံသို့ လွှဲပြောင်းပေးအပ်ကြသည်။ ၎င်းတို့သည် လုံးဝအကြွင်းမဲ့ သံသယမရှိဘဲ၊ သင်္ကာမကင်းဖြစ်ခြင်း စိုးစဉ်းမျှပင် မရှိဘဲ၊ ပြီးလျှင် ၎င်းတို့၏ တစ်ချိန်က ပိုင်ဆိုင်ခဲ့ကြသည့် အရာအားလုံးကို ပြန်လည်ရယူရန် အစဉ်သဖြင့် သိမြင်ခြင်း မရှိဘဲ ထိုသို့ လုပ်ဆောင်ကြခြင်းဖြစ်သည်။ လူများသည် စာတန်ထံတွင် မိမိတို့ကိုယ်ကို ပေးအပ်ကြပြီးဖြစ်ကာ ၎င်းကို ဤနည်းဖြင့် သစ္စာစောင့်သိလာသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို ထိန်းချုပ်မှုတစ်ခုတလေ ပြန်လည်ရရှိနိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် ဤနွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကို ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ တရားမျှတသောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူများအတွက်မူ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့၏ သွေးဆောင်မှုသည် အလွန်ပင် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ဤအရာများသည် လူတို့အနေဖြင့် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင်လည်းကောင်း၊ ထာဝရကာလအတွက်ပင် အဆုံးမရှိ လိုက်စားနိုင်သောအရာများဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ဖြစ်သော အခြေအနေ မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်တွေကို ပြန်သုံးသပ်ကြည့်လိုက်တော့၊ စာတန်က လူတွေကို ဖျက်ဆီးဖို့ နာမည်ကြီးခြင်းနဲ့ အကျိုးအမြတ်ကို ဘယ်လိုသုံးလဲဆိုတာကို နောက်ဆုံးမှာ ကျွန်မ စပြီး ပိုင်းခြားသိမြင်လာတယ်။ စာတန်က လူတွေကို သွေးဆောင်ပြီး ဖျက်ဆီးဖို့အတွက် လူ့အယူအဆတွေနဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေကို သုံးတယ်။ လူတွေကို မှားယွင်းတဲ့ ဘဝအမြင်တွေ တည်ဆောက်စေပြီး ဆိုးညစ်တဲ့ လမ်းကြောင်းကို တဖြည်းဖြည်း လျှောက်စေတယ်။ “သစ်မှာ အခေါက်၊ လူမှာ ဂုဏ်သိက္ခာ”၊ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏”၊ ပြီးတော့ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတဲ့ အတွေးအခေါ်မျိုးတွေကို စာတန်က လူတွေထဲ သွတ်သွင်းပေးလိုက်တယ်။ အဲဒါက လူတွေကို သာလွန်တဲ့သူ ဖြစ်ချင်အောင်၊ သူများတွေ အထင်ကြီးလေးစားတဲ့သူ ဖြစ်ချင်အောင် လုပ်တာပေါ့။ လူတွေအတွက်တော့ ဒါက သူတို့အယူအဆတွေနဲ့ ကိုက်ညီပုံပေါက်တယ်၊ ဘာလို့လဲဆိုတော့ ဂုဏ်သရေနဲ့ အဆင့်အတန်း ရှိရင် သူများတွေရဲ့ အားကျမှုနဲ့ လေးစားမှုကို ရနိုင်တယ်၊ ပြီးတော့ သွားလေရာရာမှာ ထောက်ခံမှုနဲ့ မျက်နှာသာပေးမှုကို ခံရနိုင်တယ်လေ။ အဲဒါတွေက လူတစ်ယောက်ရဲ့ မာန်မာနကို အရမ်း ကျေနပ်စေတဲ့အရာတွေ မဟုတ်လား။ ဒီပန်းတိုင်ကို ရောက်ဖို့အတွက် လူတွေက ကြိုးစားလုပ်ကိုင်ကြတယ်၊ ရုန်းကန်ကြတယ်၊ နာမည်ကြီးဖို့နဲ့ အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ကြတယ်၊ လှည့်ဖြားပြီး ကြံစည်ကြတယ်၊ ပြီးတော့ အသေအလဲ တိုက်ခိုက်ကြတယ်။ စာတန်က နာမည်ကြီးခြင်းနဲ့ အကျိုးအမြတ်ကို သုံးပြီး လူတွေကို ဖျက်ဆီးတယ်၊ အပြစ်ဒုစရိုက် တွင်းနက်ထဲကို တစ်ဆင့်ပြီးတစ်ဆင့် မျှားခေါ်သွားတာ။ ကျွန်မရဲ့ အပြုအမူကို ပြန်သုံးသပ်ကြည့်မိတယ်။ မကြာသေးခင်က ကျွန်မအလုပ်မှာ ရလဒ်တချို့ ထွက်လာပြီး ခေါင်းဆောင်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ချီးမွမ်းမှုကို ရကတည်းက၊ ကျွန်မမှာ ဝန်တာထားတဲ့စိတ်နဲ့ သမ္မာတရား လက်တွေ့ကျမှုတွေ ရှိတယ်လို့ ထင်ခဲ့တယ်။ ပြီးတော့ သူများတွေရဲ့ အထင်ကြီးတာ၊ ချီးမွမ်းတာ ခံရတာကို စပြီး မွေ့လျော်လာတယ်၊ ဒီဂုဏ်သရေနဲ့ ဂုဏ်ရောင် ထာဝရ တည်တံ့ပါစေလို့ မျှော်လင့်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ၊ တကယ်လို့ တစ်နေ့နေ့မှာ တာဝန်တွေမှာ ကျွန်မရဲ့ ထိရောက်မှု ကျသွားရင် ဒီဂုဏ်သရေနဲ့ ဂုဏ်ရောင် ပျောက်သွားမှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် သူများတွေ မြင်အောင်လို့ ကျွန်မ တာဝန်တွေကို စလုပ်ခဲ့တာ။ ကျွန်မ စိတ်နှလုံးမှာ ဘုရားသခင်အတွက် နေရာမရှိတော့တာ ကြာပြီ။ သူများတွေ ကျွန်မကို အထင်ကြီးအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပဲ တွေးတော့တယ်။ နည်းပညာတွေ လေ့လာတာပဲဖြစ်ဖြစ်၊ ပုံတွေလုပ်တာပဲဖြစ်ဖြစ်၊ ကျွန်မလုပ်သမျှ အရာအားလုံးက ကျွန်မဟာ တာဝန်ယူစိတ်ရှိတယ်၊ တာဝန်မှာ ဝန်တာထားတဲ့စိတ် ရှိတယ်ဆိုတာ ညီအစ်ကိုမောင်နှမတွေကို ပြဖို့ပဲ။ အဲဒီလိုနည်းနဲ့ သူတို့စိတ်နှလုံးထဲက ကျွန်မရဲ့ အဆင့်အတန်းကို ထိန်းထားဖို့လေ။ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်ခဲ့တယ်။ “အကယ်၍ သင့်စိတ်နှလုံးထဲတွင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအပေါ် စွဲလန်းနေသေးလျှင်၊ ကြွားဝါခြင်းနှင့် အခြားသူများအား သင့်ကို ကြည်ညိုလေးစားစေခြင်းကို အာရုံစိုက်နေသေးလျှင် သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦး မဟုတ်သည့်အပြင် သင်သည် လမ်းမှားပေါ် လျှောက်နေပေသည်။ သင်လိုက်စားသည့်အရာက သမ္မာတရား မဟုတ်သကဲ့သို့ အသက်လည်း မဟုတ်။ သင်ချစ်မြတ်နိုးသည့် အရာများသာ ဖြစ်သည့် ကျော်ဇောခြင်း၊ အကျိုးအမြတ်နှင့် အဆင့်အတန်းဖြစ်သည်။ ဤသို့ဆိုလျှင် သင်ပြုလုပ်သော မည်သည့်အရာကမျှ သမ္မာတရားနှင့် မဆက်စပ်၊ ယင်းတို့အားလုံးက မကောင်းမှုပြုလုပ်ခြင်းနှင့် အလုပ်လုပ်ပေးခြင်းပင် ဖြစ်သည်။ အကယ်၍ သင့်စိတ်နှလုံးထဲတွင် သမ္မာတရားကို ချစ်ပြီး သမ္မာတရားအတွက် အစဉ်အမြဲ ကြိုးပမ်းပါက၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို လိုက်စားပါက၊ ဘုရားသခင်အား စစ်မှန်သောကျိုးနွံနာခံမှု ရရှိနိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကိုရှောင်နိုင်ပါက၊ ထို့အပြင် သင် ပြုလုပ်သမျှ၌ ချုပ်တည်းပြီး ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်ပါက သင်၏အခြေအနေသည် ဆက်လက်၍ တိုးတက်နေမည်ဖြစ်ပြီး ဘုရားသခင်မျက်မှောက်၌ အသက်ရှင်သူတစ်ဦး ဖြစ်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပြုအမူကောင်းဟူသည်မှာ မိမိ၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု မဆိုလိုပေ) သူများတွေ အားကျတာ ခံရဖို့ နာမည်ကျော်ကြားမှုနဲ့ အဆင့်အတန်းကို လိုက်စားတာဟာ စာတန်ရဲ့ လမ်းကြောင်း ဖြစ်တယ်။ သမ္မာတရားကို လိုက်စားတာ၊ ဘုရားသခင်ရှေ့မှောက်မှာ အသက်ရှင်တာ၊ ပြီးတော့ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ဖြည့်ဆည်းတာဟာ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို ရှင်သန်တဲ့ နည်းလမ်း ဖြစ်တယ်။ စိန်ခေါ်မှုများတဲ့ နောက်ခံပုံတွေကို စလုပ်တုန်းက အချိန်ကို ကျွန်မ ပြန်ဆင်ခြင်သုံးသပ်ကြည့်ခဲ့တယ်။ ကျွန်မတာဝန်ကို ကောင်းကောင်း လုပ်ဖို့ပဲ အာရုံစိုက်ခဲ့ပြီး အခက်ဲတွေ ကြုံရတဲ့အခါ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ အဲဒီတုန်းက ကျွန်မ စိတ်နှလုံးက ဘုရားသခင်နဲ့ အရမ်းနီးစပ်တယ်လို့ ခံစားရတယ်။ ဒါပေမဲ့ နာမည်ကြီးဖို့နဲ့ အဆင့်အတန်းအတွက် စပြီး အလုပ်လုပ်ကတည်းက ကျွန်မ စိတ်နှလုံးက ဘုရားသခင်နဲ့ တဖြည်းဖြည်း ဝေးကွာလာခဲ့တယ်။ ဘုရားသခင် ကျေနပ်ဖို့ ငါ့တာဝန်ကို ဘယ်လို ကောင်းကောင်း လုပ်ရမလဲဆိုတာ တစ်နေ့လုံး မတွေးတော့ဘဲ၊ သူများတွေ ငါ့ကို အားကျအောင် ဘယ်လိုလုပ်ရမလဲ၊ ငါ့အဆင့်အတန်း မကျအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပဲ တွေးတော့တယ်။ ရလဒ်အနေနဲ့ ကျွန်မရဲ့ အတွေးတွေက ပိုပိုပြီး နားဝေတိမ်တောင်ဖြစ်လာတယ်။ ကျွန်မတာဝန်ကို ကောင်းကောင်း မလုပ်နိုင်ရုံတင်မကဘူး၊ ကျွန်မရဲ့ အသက်တာလည်း ထိခိုက်ခဲ့ရတယ်။ နာမည်ကြီးခြင်းနဲ့ အကျိုးအမြတ်ဆိုတာ လူတွေကို ထိခိုက်နာကျင်စေဖို့နဲ့ ဘုရားသခင်ဆီကနေ ဝေးရာကို ခေါ်သွားဖို့ စာတန်သုံးတဲ့ လက်နက်တွေပဲ။ ပြီးတော့ အဲဒါတွေက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းပေါ်ပဲ ကျွန်မကို ခေါ်သွားမှာ။

နောက်ပိုင်းမှာ ကျွန်မ ဆက်ရှာဖွေပြီး ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “သင်သည် ဂုဏ်အဆင့်အတန်းကို အဘယ်ကြောင့် အလွန် တန်ဖိုးထားရသနည်း။ ဂုဏ်အဆင့်အတန်းမှ မည်သည့်အကျိုးအမြတ်များ ရနိုင်သနည်း။ ဂုဏ်အဆင့်အတန်းက သင့်အား ဘေးဒုက္ခ၊ အခက်အခဲများ၊ အရှက်ရခြင်းနှင့် နာကျင်မှုတို့ကို ဆောင်ကြဉ်းပေးလျှင် သင်သည် ယင်းကို တန်ဖိုးထားဦးမည်လော။ (မထားပါ။) ဂုဏ်အဆင့်အတန်းရှိခြင်းမှရသော အကျိုးအမြတ်များစွာရှိသည်။ အခြားလူများထံမှ မနာလိုမှု၊ လေးစားမှု၊ အထင်ကြီးမှုနှင့် မြှောက်ပင့်ခြင်းတို့အပြင် ၎င်းတို့၏ လေးစားအားကျခြင်းနှင့် ကြည်ညိုခြင်းတို့ကဲ့သို့သော အရာများဖြစ်သည်။ သင်၏ ဂုဏ်အဆင့်အတန်းက ယူဆောင်ပေးသော သာလွန်ခြင်း၊ အခွင့်ထူးခံစားခွင့်တို့နှင့် သက်ဆိုင်သော အသိစိတ်လည်း ရှိသည်။ ယင်းတို့က ဂုဏ်သိက္ခာနှင့် မိမိကိုယ်ကို တန်ဖိုးထားစိတ်တို့ကို ပေးသည်။ ထို့အပြင် ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များနှင့် အထူးအကျိုးခံစားခွင့်တို့ကဲ့သို့ အခြားသူများ မခံစားရသည့်အရာများကိုလည်း သင်ခံစားနိုင်သည်။ ဤအရာများအားလုံးသည် သင် တွေးပင်မတွေးဝံ့သည့် အရာများဖြစ်ပြီး သင်၏အိပ်မက်များထဲ၌ တောင့်တနေခဲ့သည့် အရာများဖြစ်သည်။ ဤအရာများကို သင် တန်ဖိုးထားသလော။ ဂုဏ်အဆင့်အတန်းသည် အနှစ်မဲ့ရုံသာရှိပြီး တကယ့်အဓိပ္ပာယ် မရှိလျှင်၊ ယင်းကို ကာကွယ်ခြင်းက မည်သည့်ရည်ရွယ်ချက်မျှ မရှိလျှင် ယင်းကို တန်ဖိုးထားသည်မှာ မိုက်မဲသည် မဟုတ်လော။ ဇာတိပကတိ၏ အကျိုးစီးပွားများနှင့် ပျော်မွေ့မှုများတို့ကဲ့သို့သော အရာများကို သင်လက်လွှတ်နိုင်လျှင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့သည် သင့်ကို ချည်နှောင်ထားတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဂုဏ်အဆင့်အတန်းကို တန်ဖိုးထားခြင်းနှင့် လိုက်စားခြင်းတို့နှင့် ဆက်နွှယ်သော ပြဿနာများကို ဖြေရှင်းရန်အတွက် မည်သည့်အရာကို ဦးစွာဖြေရှင်းရမည်နည်း။ ဦးစွာ မကောင်းမှုကို ပြုလုပ်ခြင်းနှင့် လှည့်စားခြင်းတွင် ပါဝင်လုပ်ဆောင်ခြင်း၊ ကွယ်ဝှက်ခြင်းနှင့် ဖုံးဖိခြင်းတို့အပြင်၊ ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များကို ပျော်မွေ့ခံစားဖို့အလို့ငှာ၊ ဘုရားအိမ်တော်၏ ကြီးကြပ်ခြင်း၊ စုံစမ်းမေးမြန်းခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့ကို ငြင်းဆိုခြင်းတို့နှင့်ပတ်သက်သည့် ပြဿနာ၏ သဘာဝကို ရိပ်စားမိလော့။ ဤသည်မှာ ဘုရားသခင်ကို ဗြောင်ကျကျ ခုခံခြင်းနှင့် ဆန့်ကျင်ခြင်း မဟုတ်လော။ ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များကို တပ်မက်ခြင်း၏ သဘာဝနှင့် အကျိုးဆက်တို့ကို သင် ရိပ်စားမိနိုင်ပါက ဂုဏ်အဆင့်အတန်းကို လိုက်စားခြင်းနှင့်ပတ်သက်သည့် ပြဿနာသည် ပြေလည်သွားလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ရင်းနဲ့ နာမည်ကျော်ကြားမှုနဲ့ အဆင့်အတန်းကို ကျွန်မ ဘာလို့ လိုက်စားခဲ့လဲဆိုတာ နားလည်လာတယ်။ ကျွန်မ ဒီလိုလုပ်ခဲ့တဲ့ အကြောင်းရင်းအမှန်က အဆင့်အတန်းရဲ့ အကျိုးခံစားခွင့်တွေကို မွေ့လျော်ချင်လို့ပဲ။ ပြီးတော့ နာမည်ကျော်ကြားမှုနဲ့ အဆင့်အတန်းသာ ရှိရင် သူများတွေရဲ့ လေးစားမှုနဲ့ အထင်ကြီးမှုကို ရမယ်၊ ကျွန်မသွားလေရာရာမှာ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အလေးထားမယ်လို့ ထင်ခဲ့လို့ပဲ။ ကျွန်မရဲ့ ပုံတွေနဲ့ ဆောင်းပါးတွေ တစ်ခုပြီးတစ်ခု အရွေးခံရကတည်းက၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေရဲ့ မျက်လုံးထဲမှာ လေးစားမှုနဲ့ အားကျမှုတွေကို မြင်လိုက်ရကတည်းက၊ ဒီခံစားချက်ကို ကျွန်မ အရမ်း သဘောကျခဲ့တယ်။ ပြီးတော့ ငါ့ရဲ့ ထိရောက်မှု ကျသွားရင် ဒီအရာတွေကို မွေ့လျော်ရတော့မှာ မဟုတ်ဘူးလို့ ကြောက်ခဲ့တာ။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ဘုရားအိမ်တော်မှာ ကိုယ့်တာဝန်ကို လုပ်ခွင့်ရတာဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ။ ဒါပေမဲ့ ကျွန်မက ဒါကို အသုံးချပြီး အဆင့်အတန်းရဲ့ အကျိုးခံစားခွင့်တွေကို မွေ့လျော်ချင်ခဲ့တာ။ ကျွန်မ တကယ်ကို အရှက်မရှိခဲ့တာပဲ။ ပုံတွေ ဖန်တီးရာမှာ ကျွန်မရဲ့ အလုပ်က ထိရောက်မှု ရှိခဲ့တာဟာ ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးမှုကြောင့် ဖြစ်တယ်၊ ဒီကျွမ်းကျင်မှုဟာ ဘုရားသခင်ပေးတဲ့ ဆုကျေးဇူး ဖြစ်တယ်၊ ပြီးတော့ ဒီရလဒ်တွေဟာ ဘုရားအိမ်တော်ရဲ့ စည်းမျဉ်းတွေရဲ့ လမ်းပြမှုနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အကူအညီကြောင့် ဖြစ်တယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ဒီအရာအားလုံးဟာ ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ မကင်းကွာနိုင်မှန်း ကျွန်မ တွေ့ခဲ့ရတယ်။ ကျွန်မမှာ ကြွားစရာ၊ ဒါမှမဟုတ် အားကျခံရလောက်စရာ ဘာမှမရှိပါဘူး။ ကျွန်မတာဝန်မှာ ထိရောက်မှုတချို့ ရှိရုံနဲ့ ကျွန်မတန်ဖိုး တက်သွားတယ်လို့ မဆိုလိုသလို၊ ကျွန်မမှာ ဖောက်ပြန်ပျက်စီးမှု ဒါမှမဟုတ် လိုအပ်ချက်တွေ မရှိတော့ဘူးလို့လည်း မဆိုလိုပါဘူး။ ကျွန်မဟာ ကျွန်မပါပဲ၊ လိုအပ်ချက်တွေ အများကြီးရှိတဲ့ သာမန်လူတစ်ယောက်ပါ၊ ဒါကို ကျွန်မ မှန်မှန်ကန်ကန် ရှုမြင်ရမယ်။ ကျွန်မတာဝန်မှာ ပြဿနာတွေ ရှိလာရင်၊ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်သင့်တယ်၊ လမ်းလွဲတာတွေကို အနှစ်ချုပ်ပြီး အဲဒီကနေ သင်ခန်းစာ ယူသင့်တယ်။ ကိုယ့်အားနည်းချက်တွေ ပေါ်သွားမှာကို ကြောက်စရာ မလိုသလို၊ ရှောင်လွှဲစရာလည်း မလိုဘူး။ ပြီးတော့ လူ့နည်းလမ်းတွေ သုံးပြီး ဖုံးကွယ်ဖို့ ပိုတောင် မလိုသေးတယ်။ ကျွန်မ လုပ်ဖို့လိုတာက ကိုယ့်အဆင့်အတန်းနဲ့အညီ ကျင့်ကြံပြုမူဖို့နဲ့ ကျွန်မတာဝန်တွေထဲက ဝတ္တရားတွေကို ဖြည့်ဆည်းဖို့ အစွမ်းကုန် ကြိုးစားဖို့ပါပဲ။ ဒီအရာတွေကို နားလည်လိုက်တော့ ကျွန်မ စိတ်သက်သာရာရပြီး လွတ်မြောက်သွားသလို ခံစားလိုက်ရတယ်။ ညီအစ်ကိုမောင်နှမတွေ ကျွန်မကို ဘယ်လိုမြင်မလဲ ဆိုတာကိုလည်း မပူတော့ဘူး။ အဲဒီနောက် ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ဒီပတ်ဝန်းကျင်ကနေတစ်ဆင့် သမီးကို ထုတ်ဖော်ပေးလို့ ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် သမီးရဲ့ ပြဿနာတွေကို သမီး သတိပြုမိမှာ မဟုတ်ပါဘူး။ အခု သမီး နောင်တရချင်ပါပြီ။ သူများတွေ သမီးကို ဘယ်လိုမြင်လဲ ဆိုတာကို အာရုံစိုက်နေတာ ရပ်ပြီး၊ ကိုယ်တော့်ရှေ့မှောက်မှာ အသက်ရှင်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ချင်စိတ်ရှိနေပါပြီ။ သမီးသာ နာမည်ကြီးခြင်းနဲ့ အဆင့်အတန်းကို ထပ်လိုက်စားမိရင်၊ သမီး အချိန်မီ သတိပြန်ဝင်လာနိုင်အောင် ကိုယ်တော့်ရဲ့ ဆုံးမပဲ့ပြင်ခြင်း ရောက်လာပါစေ” လို့ပေါ့။

၂၀၂၄၊ ဇန်နဝါရီလ အစောပိုင်းမှာ ပုံတစ်ပုံကို မွမ်းမံဖို့ ခေါင်းဆောင်က ကျွန်မကို စီစဉ်ပေးခဲ့တယ်။ ဒါက တခြား ညီအစ်ကိုမောင်နှမတွေ လုပ်ထားတဲ့ တစ်ဝက်ပြီးသားပုံဖြစ်ပြီး ကျွန်မကို ပြန်ပြင်ခိုင်းတာပါ။ ကျွန်မ နည်းနည်း စိုးရိမ်မိတယ်။ “ခေါင်းဆောင်က ငါ့ကို ယုံလို့ ဒီလို စီစဉ်ပေးတာ၊ ဒါကြောင့် ငါ အကောင်းဆုံးလုပ်ပြီး သူ့ကို စိတ်မပျက်စေရဘူး” လို့ တွေးမိတာပေါ့။ ခေါင်းဆောင်ကို ကျွန်မမှာ အစွမ်းအစ ရှိသေးတယ်ဆိုတာ ပြဖို့အတွက် တစ်ခါတည်းနဲ့ အမှန်ပြင်နိုင်ဖို့ ကျွန်မ မျှော်လင့်ခဲ့တယ်။ အဲဒီအချိန်မှာပဲ၊ ကျွန်မ အခြေအနေ မှားနေပြီဆိုတာ၊ ကျွန်မ နာမည်ကြီးခြင်းနဲ့ အဆင့်အတန်းကို လိုက်စားနေတုန်းပဲဆိုတာ သတိထားမိလိုက်တယ်။ ဒါကြောင့် ကျွန်မရဲ့ မှားယွင်းတဲ့ ရည်ရွယ်ချက်ကို ပုန်ကန်ဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ကျွန်မ စိတ်နှလုံးကို စောင့်ရှောက်ပေးဖို့နဲ့ ကိုယ့်ဝတ္တရားတွေကို ဖြည့်ဆည်းနိုင်အောင် ကူညီပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ပြန်သတိရမိတယ်။ “ဘုရားသခင်က သင်သည် မိမိ၏နေရာ၊ ဂုဏ်အဆင့်အတန်းတို့နှင့်အညီ ကျင့်ကြံပြုမူခြင်း ရှိမရှိနှင့် သင်သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ကောင်းစွာထမ်းဆောင်သူတစ်ဦး ဟုတ်မဟုတ်ကိုသာ စောင့်ကြည့်လေ့လာသည်။ ကိုယ်တော်သည် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဘုရားသခင် သင့်အား ပေးထားသော ပင်ကိုအခြေအနေများအောက်၌ သင်၏ စိတ်နှလုံးနှင့် အစွမ်းသတ္တိ အားလုံးကို အသုံးပြုခြင်း ရှိမရှိနှင့် သင်သည် စည်းမျဉ်းများနှင့်အညီ ပြုမူပြီး ဘုရားသခင် အလိုရှိသောရလဒ်များကို ရရှိအောင်မြင်ခြင်း ရှိမရှိကို စောင့်ကြည့်လေ့လာသည်။ သင်သည် ဤအရာအားလုံးကို ပြီးမြောက်အောင်မြင်နိုင်လျှင် ဘုရားသခင်သည် သင့်အား အမှတ်ပြည့်ပေးသည်။ သင်သည် အမှုအရာများကို ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ မလုပ်ဆောင်ဘဲ သင်ကြိုးစားပြီး အားထုတ်လျှင်ပင် သင်လုပ်ဆောင်သမျှ အားလုံးသည် သင့်ကိုယ်သင် ကြွားလုံးထုတ်ပြီး ကိုယ်ရည်သွေးခြင်းသာဖြစ်ကာ သင်သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ မလုပ်ဆောင် သို့မဟုတ် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် သင်၏ စိတ်နှလုံးနှင့် အစွမ်းသတ္တိအားလုံးကို မပေးဟုဆိုပါစို့။ ထိုသို့ဆိုလျှင် သင်၏ သရုပ်သကန်များနှင့် အပြုအမူသည် ဘုရားသခင်အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်က ယင်းတို့ကို စက်ဆုပ်ရွံရှာသနည်း။ ဘုရားသခင်က သင်သည် လုပ်သင့်လုပ်ထိုက်သော တာဝန်များအပေါ် အာရုံမစိုက်၊ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ သို့မဟုတ် ဉာဏ်စွမ်းရှိသမျှ မထည့်ထားဘဲ လမ်းကြောင်းမှန်ကို မလိုက်လျှောက်ဟု မိန့်တော်မူသည်။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ ကျွန်မ နားလည်တဲ့ စည်းမျဉ်းတွေအတိုင်း အကောင်းဆုံး လုပ်သင့်တယ်ဆိုတာ နားလည်သွားတယ်။ ကျွန်မ အကောင်းဆုံး လုပ်လျက်နဲ့ လမ်းလွဲတာတွေ ရှိနေတုန်းဆိုရင်တောင်၊ ခေါင်းဆောင်က ကျွန်မရဲ့ အားနည်းချက်တွေကို ထောက်ပြတာဟာ ကျွန်မကို ဖြည့်စွက်ပေးနေတာ ဖြစ်လို့ ကျွန်မ ပြင်ဆင်သင့်တယ်။ ဒီအရာတွေကို စိတ်ထဲမှတ်ထားလိုက်တော့ ကျွန်မ မစိုးရိမ်တော့ဘူး။ ပုံနဲ့ပတ်သက်ပြီး အကောင်းဆုံး ခံစားမှုရသကို ဘယ်လို ဖန်တီးမလဲဆိုတာ သေချာ စဉ်းစားတယ်။ နားမလည်တာ ရှိတိုင်း ဘုရားသခင်ဆီ ဆုတောင်းပြီး အချက်အလက်တွေ ရှာဖွေခဲ့တယ်။ မကြာခင်မှာပဲ ပုံက ပြီးသွားတယ်။ ရက်နည်းနည်းကြာတော့ အဲဒီပုံ အရွေးခံရမှန်း သိလိုက်ရတယ်။ ကျွန်မ စိတ်နှလုံးထဲကနေ ဘုရားသခင်ကို ကျေးဇူးတင်လိုက်တယ်။ ကျွန်မရဲ့ ဒီအပြောင်းအလဲဟာ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှု ရလဒ်ပါပဲ။

အရှေ့သို့- ၆၇။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားခြင်းနှင့်အတူ မည်သည့်အရာ လာသနည်း

နောက်တစ်ခုသို့- ၆၉။ ကျွန်တော့်ဇနီး ရှင်းလင်းပစ်ခံရတော့မည်ကို သိလိုက်ရသည့်အချိန်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။