၈။ ကျွန်မသားအပေါ် မြင့်မားသည့် မျှော်လင့်ချက်များ ကျွန်မမထားရှိတော့ပါ

တရုတ်နိုင်ငံမှ ကျီကျိုး

ကျွန်မက ကျေးလက်တောရွာမှာ ကြီးပြင်းခဲ့ပြီး အိမ်တွင်းဘဝကလည်း အရမ်းခက်ခဲခဲ့တယ်။ မြို့ကြီးသားတွေရဲ့ဘဝကို အားကျခဲ့ပြီး စာကြိုးစား၊ တက္ကသိုလ်ဝင်ခွင့်ရပြီး တည်ငြိမ်တဲ့အလုပ်တစ်ခုရမှပဲ လယ်ထဲမှာ မိုးလင်းမိုးချုပ် အလုပ်လုပ်ရတဲ့ ဘဝကနေ လွတ်မြောက်နိုင်မယ်လို့ ခံစားခဲ့ရတယ်။ ကျောင်းတက်တုန်းကဆိုရင် စာထဲမှာပဲ စိတ်နှစ်ပြီး ကြိုးစားခဲ့တယ်။ တခြားသူတွေ အနားယူနေတဲ့အချိန်မှာတောင် ကျွန်မက စာဆက်လုပ်နေခဲ့တယ်။ အိမ်ပြန်တာက ကျွန်မရဲ့ စာလေ့လာတာတွေ ထိခိုက်မှာကို ကြောက်လို့ စနေ၊ တနင်္ဂနွေတွေဆို အိမ်မပြန်ဘူး။ ဒါပေမဲ့ ကိစ္စတွေက ကျွန်မဖြစ်စေချင်သလို ဖြစ်မလာခဲ့ဘူး။ ဘယ်လောက်ပဲ စာကြိုးစားကြိုးစား ကျွန်မရဲ့စာမေးပွဲအဆင့်တွေက သိသိသာသာ တိုးတက်မလာခဲ့ဘူး။ အတန်း နှစ်နှစ် ပြန်တက်ခဲ့ပေမဲ့ တက္ကသိုလ်ဝင်ခွင့်က မရသေးဘူး။ အကျိုးဆက်အနေနဲ့ ပြင်းထန်တဲ့ အိပ်မပျော်တဲ့ရောဂါ ဖြစ်လာခဲ့တယ်။ ကောလိပ်ဝင်ခွင့်စာမေးပွဲ ကျပြီးတဲ့နောက်မှာ ကျွန်မ အရမ်းရှက်ပြီး ခြောက်လကျော်ကြာ အိမ်ပြင်မထွက်ခဲ့ဘူး။ အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကျွန်မနဲ့ ကျွန်မယောက်ျားက အိမ်မှာ စီးပွားရေးလုပ်ငန်းတစ်ခု စလုပ်ခဲ့တယ်။ နေ့တိုင်း မိုးလင်းမိုးချုပ် အလုပ်လုပ်ပေမဲ့လည်း ပိုက်ဆံများများစားစားတော့ မရှာနိုင်ခဲ့ဘူး။ ကျွန်မတို့သားလေး မွေးလာတဲ့နောက်မှာ သူက ဘယ်လောက် ချက်ချာပါးနပ်ပြီး ချစ်စရာကောင်းတာကို မြင်တော့ ကျွန်မတွေးမိတယ်၊ “ငါ့ရဲ့ ကိုယ်ပိုင်ဆန္ဒတွေ မပြည့်ဝခဲ့တဲ့အတွက် ငါ့ကလေးက စာကြိုးစားပြီး အနာဂတ်မှာ တက္ကသိုလ်ဝင်ခွင့်ရနိုင်ဖို့၊ လေးစားစရာ အလုပ်တစ်ခုရပြီး လူအုပ်ထဲကနေ ထင်ပေါ်နိုင်ဖို့ သေချာအောင် ငါ လုပ်ရမယ်။ ဒီလိုနဲ့ ဆင်းရဲတဲ့ဘဝကနေ ငါတို့ လွတ်မြောက်နိုင်ပြီး ငါလည်း မျက်နှာပန်းလှမှာပဲ။ ငါငယ်ငယ်တုန်းက မောင်နှမတွေများတော့ ငါစာလေ့လာတာတွေကို မိဘတွေက ကြီးကြပ်ဖို့ အချိန်မရခဲ့ဘူး၊ အဲဒါကြောင့် ငါ့ရဲ့ ပညာရေးအခြေခံက မကောင်းခဲ့ဘူး။ ငါ့ကလေးရဲ့ပညာရေးကိုတော့ ငယ်ငယ်လေးကတည်းက ဂရုစိုက်ပြီး သူ့ရဲ့အခြေခံအုတ်မြစ်ကို ခိုင်မာအောင် သေချာလုပ်ပေးရမယ်” ပေါ့။ ဒါနဲ့ပဲ သူ့ရဲ့အဆင့်တွေ တိုးတက်စေနိုင်မဲ့ စာအုပ်တစ်အုပ် တွေ့တဲ့အခါတိုင်း သူ့အတွက် ကျွန်မ ဝယ်ပေးခဲ့တယ်။ တစ်ခါတလေ သားက ကျောင်းကပြန်လာပြီး ခဏလောက် ဆော့ချင်တဲ့အခါ ကျွန်မက သူ့ကိုပြောတယ်၊ “သား အခု စာမကြိုးစားရင် အနာဂတ်မှာ ပင်ပင်ပန်းပန်းအလုပ် လုပ်ရလိမ့်မယ်၊ ပြီးတော့ တခြားလူတွေကလည်း သားကို အထင်သေးကြလိမ့်မယ်၊ အမေတို့လိုပေါ့။ အဲဒါ ဘယ်လောက်တောင် ပင်ပန်းလိုက်မလဲ။ အမေ ဘယ်သူ့အတွက် နေ့တိုင်း အရမ်းအလုပ်ကြိုးစားနေတာလဲ။ သားအတွက်ချည်းပဲ မဟုတ်ဘူးလား။ ဒါတောင် သားက အားမထုတ်သေးဘူး” ပေါ့။ ရွေးချယ်စရာမရှိတော့ သားက စိတ်မပါ့တပါနဲ့ အိမ်စာသွားလုပ်ရတော့တာပေါ့။ သူ အိမ်စာလုပ်ပြီးသွားတဲ့နောက်မှာတောင် ကျွန်မက သူ့ကို အပြင်ထွက်ဆော့ခွင့်မပေးဘူး၊ အဲဒီအစား အိမ်စာတွေ ထပ်ပေးလိုက်သေးတယ်။ “စာအုပ်တစ်အုပ်ကို အခေါက်တစ်ရာဖတ်ရင် သူ့အဓိပ္ပာယ်ကို အလိုလိုနားလည်လာလိမ့်မယ်” ဆိုတာကို ကျွန်မယုံကြည်တယ်။ ဒါကြောင့် မနက်တိုင်း သူ့ရဲ့သင်ခန်းစာတွေကို ကျက်ခိုင်းဖို့ သူ့ကို နာရီဝက်စောထခိုင်းတယ်။ သူ စာမလုပ်ချင်လို့ ဝုန်းဒိုင်းကြဲတဲ့အခါ ကျွန်မက သူ့ကို အော်ဟစ်ဆူပူတော့တာပဲ။ နေ့တိုင်း ကျွန်မက တင်းနေတဲ့ စပရိန်တစ်ခုလိုပဲ၊ လုံးဝ အနားမယူရဲဘူး။ ကျွန်မကလေးက နည်းနည်းလေး စကားနားမထောင်တာနဲ့ ကျွန်မ သူ့ကို ပွစိပွစိပြောမိတယ်။ “ဘာလို့ နင် စကားနားမထောင်တာလဲ။ ငါ နေ့တိုင်း အရိုးကြေမတတ် အလုပ်လုပ်နေတာ၊ နင့်စာကို ကြည့်ပေးရ၊ နင်ကျောင်းသွားတဲ့အခါ အဝတ်လျှော်ပေးပြီး အစားအစာတွေ ချက်ပေးရတယ်။ ပြီးတော့ နင့်ကို အစားကောင်းအသောက်ကောင်းတွေ ဝယ်ကျွေးဖို့ ငွေရှာရသေးတယ်။ ငါ ဘယ်သူ့အတွက် ဒါတွေအကုန်လုပ်နေတာလဲ။ နင့်မှာ တောက်ပတဲ့ အနာဂတ်တစ်ခု ရှိဖို့အတွက်ပဲ မဟုတ်လား။ နင် ငါ့စကားကိုနားမထောင်ဘဲ စာမကြိုးစားရင် နောက်မှ နင်နောင်တရလိမ့်မယ်” ပေါ့။ သူ စဆော့ကစားမိရင် စိတ်ပြန်မစုစည်းနိုင်မှာကို ကျွန်မ စိုးရိမ်လို့ အပြင်ထွက်ဆော့ခွင့်မပေးခဲ့ဘူး။ တစ်ခါတလေ သူ့ကို အပြင်ခေါ်သွားရင်တောင် စာအုပ်ဆိုင်ကိုပဲ ခေါ်သွားတယ်။ ကျွန်မ သူ့ကို လုံးဝ မလွတ်တမ်း အနီးကပ် လိုက်ကြည့်ပြီး စာလုပ်ဖို့ တိုက်တွန်းခဲ့တယ်၊ သူ အလယ်တန်းကျောင်းကို ရောက်တဲ့နောက်မှာတောင် ဒီအတိုင်းပဲ ဆက်လုပ်ခဲ့တယ်။

သား အလယ်တန်းကျောင်းတက်နေတုန်းက သူ့ရဲ့ အင်္ဂလိပ်စာအဆင့်က ညံ့တော့ ကျွန်မက အရင်ဆုံး သင်ရမယ်လို့ တွေးမိတယ်။ တခြားဘယ်လိုများ သူ့ကို သင်ပေးနိုင်မှာလဲ။ ဘာသာရပ်အားလုံးမှာ သူ အဆင့်ကောင်းမှ တက္ကသိုလ်ဝင်ခွင့်ရဖို့ အခွင့်အရေးပိုများမယ်လို့ ကျွန်မယုံကြည်ခဲ့တယ်။ ပြီးတော့ တက္ကသိုလ်ရောက်မှပဲ သူ့ကံကြမ္မာကို ပြောင်းလဲနိုင်မယ့် အခွင့်အရေးရှိမှာလေ။ သူ ထင်ပေါ်နိုင်မယ်ဆိုရင် မိဘတွေအနေနဲ့ ကျွန်မတို့လည်း ဂုဏ်ရှိမှာ။ ကျွန်မ အာရုံစိုက်ရမဲ့ဟာတွေအများကြီးရှိတော့ စာသင်ရတာ ခက်ပေမဲ့ ကျွန်မက အားစိုက်လုပ်တုန်းပဲ။ အဲဒါကို ကျွမ်းကျင်သွားတဲ့နောက်မှာ သူနားလည်တဲ့အထိ သူ့ကို သင်ပြပေးခဲ့တယ်။ သူ နေ့တိုင်း စိတ်ဆင်းရဲနေတဲ့ပုံ၊ စကားမပြောချင်တာ၊ အပြုံးမရှိတာ၊ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောကုန်းနေတာ၊ အားအင်မရှိတာတွေကို မြင်ရတော့ ကျွန်မ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ သူ့ရဲ့တောက်ပတဲ့အနာဂတ်အတွက် ကျွန်မမှာ သူ့ကို ဒီလိုပဲ ဆက်ပြီးတွန်းအားပေးနေရုံကလွဲလို့ တခြားရွေးချယ်စရာမရှိဘူးလို့ ခံစားခဲ့ရတယ်။ နောက်ဆုံးတော့ ကျွန်မသားက ဒုတိယတန်းစား တက္ကသိုလ်တစ်ခုကိုပဲ ဝင်ခွင့်ရခဲ့တယ်။ ဒုတိယတန်းစား တက္ကသိုလ်တက်ရတာက အနာဂတ်အတွက် သိပ်အခွင့်အလမ်းမရှိဘူးလို့ ကျွန်မခံစားရလို့ သူ့ကို မြို့က အဓိကအထက်တန်းကျောင်းတစ်ခုမှာ စာပြန်သင်ခိုင်းခဲ့တယ်။ နောက်ဆုံးမှာတော့ ကျွန်မ ကြိုးစားအားထုတ်ပြီးတဲ့နောက်မှာ သူက စံပြတက္ကသိုလ်တစ်ခုကို ဝင်ခွင့်ရခဲ့တယ်။ ကျွန်မ အရမ်းကျေနပ်ပြီး ဂုဏ်ယူမိတယ်၊ လမ်းလျှောက်တာတောင် အရင်ကနဲ့မတူသလိုပဲ ခံစားခဲ့ရတယ်။ ကျွန်မသားက တက္ကသိုလ်ကဘွဲ့ရပြီး တည်ငြိမ်တဲ့အလုပ်တစ်ခုရသရွေ့၊ ပျော်ရွှင်ပြီး သက်သောင့်သက်သာရှိတဲ့ ဘဝတစ်ခုကို နေထိုင်နိုင်မှာဖြစ်တဲ့အပြင် ကျွန်မလည်း အသက်ကြီးလာတဲ့အခါမှာ အကျိုးကျေးဇူးတွေ ခံစားရမှာပဲလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ မမျှော်လင့်ထားခဲ့တာကတော့ သားက CET-4 (ကောလိပ် အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲ အဆင့် ၄) စာမေးပွဲကျလို့ ဘွဲ့လက်မှတ်မရနိုင်ခဲ့တာပါပဲ။ ကျွန်မတို့ အရာရာ ကြိုးစားခဲ့တယ်၊ ဆိုင်ရာပိုင်ရာကို ပြောကြည့်ပြီး အဆက်အသွယ်တွေ ရှာခဲ့ပေမဲ့ ဘာမှအရာမရောက်ခဲ့ဘူး။ ကျွန်မ ကိုယ့်ဘာသာတွေးမိတယ်။ “အခု အားလုံး ပြီးသွားပြီ။ အားလုံးရဲ့ အထက်မှာ ရပ်ရဖို့ ငါ့အတွက် နောက်ထပ်မျှော်လင့်ချက်မရှိတော့ဘူး။ နှစ်ကာလတွေတစ်လျှောက်လုံး ငါ့ရဲ့အားထုတ်မှုတွေ အလကားဖြစ်သွားပြီ။ ငါ့မျှော်လင့်ချက်တွေအားလုံး လုံးဝ အစိတ်စိတ် အမြွှာမြွှာဖြစ်သွားပြီ” ဆိုပြီးတော့။ ကျွန်မကမ္ဘာကြီး ပြိုလဲသွားသလိုပဲ ခံစားခဲ့ရတယ်။ အဲဒီနောက်ပိုင်း သားနဲ့ပတ်သက်ရင် ကျွန်မလုပ်တာဆိုလို့ ဝေဖန်တာနဲ့ မကျေမနပ်ပြောတာပဲရှိတော့တယ်။ သူ လုံလောက်အောင် စာမကြိုးစားတာ၊ ကျွန်မမျှော်လင့်ချက်တွေကို မပြည့်မီခဲ့တာတွေအတွက် သူ့ကို စိတ်ပျက်ကြောင်းပြခဲ့တယ်။ ကျွန်မရဲ့ ပွစိပွစိပြောတာတွေကို သူ အရမ်းစိတ်ကုန်လို့ အိမ်တောင်မပြန်ချင်ခဲ့ဘူး။ ကျွန်မသားမှာ တက္ကသိုလ် ဒီပလိုမာတစ်ခုမရှိတော့ အလုပ်ရှာမရခဲ့ဘူး။ ကျွန်မ အပြင်ထွက်တဲ့အခါတိုင်း “နင့်သား ဘယ်မှာအလုပ်လုပ်နေလဲ။ သူ ဘယ်လိုတိုးတက်မှုရှိနေလဲ” လို့ မေးမြန်းနိုင်တဲ့ အသိမိတ်ဆွေတွေနဲ့ပက်ပင်းတိုးမှာကို ကြောက်နေခဲ့တယ်။ တခြားသူတွေက ကျွန်မသား တက္ကသိုလ်တက်ပေမဲ့ ဒီပလိုမာတစ်ခုမရှိဘူးဆိုတာ သိသွားရင်၊ တက္ကသိုလ် လုံးဝ မတက်တာနဲ့ အတူတူပဲလို့ ထင်ကြမှာမဟုတ်ဘူးလား။ လူတွေက ကျွန်မကို ရယ်ကြမှာမဟုတ်ဘူးလား။ အကျိုးဆက်အနေနဲ့ နေ့တိုင်း ကျွန်မ စိတ်ဆင်းရဲခဲ့ရတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို ကျွန်မ လက်ခံခဲ့တယ်။ ကျွန်မရဲ့ ဆင်းရဲဒုက္ခကို ညီအစ်မတစ်ယောက်ဆီ မျှဝေတော့ သူက ကျွန်မအတွက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ရှာပေးခဲ့တယ်။ “လူတစ်ယောက်က ၎င်း၏မွေးဖွားခြင်း၊ ရင့်ကျက်လာခြင်း၊ သို့မဟုတ် အိမ်ထောင်ပြုခြင်းတို့ဖြင့် မည်သို့ မကျေမနပ် ဖြစ်စေကာမူ၊ ဤအရာတွေကို ဖြတ်သန်းပြီးသည့်သူတိုင်းက တစ်ဦးတစ်ယောက်သည် မည်သည့်နေရာ၊ မည်သည့်အချိန်၌ မွေးသည်၊ မည်သို့ပုံစံရှိသည်၊ မိဘများက မည်သူဖြစ်သည် ဆိုသည်နှင့် အိမ်ထောင်ဖက်က မည်သူဆိုသည်တို့ကို ရွေးချယ်၍ မရဘဲ ကောင်းကင်ဘုံ၏ အလိုကိုသာ လက်ခံနိုင်သည်ကို သိကြလေသည်။ သို့တိုင်အောင် လူတို့အတွက် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ရန် အချိန်ရောက်လာသည့်အခါ ၎င်းတို့၏ သားသမီးများသည် ၎င်းတို့ဘဝ ပထမတစ်ဝက်၌ ကြုံတွေ့ခဲ့ရသည့် စိတ်ပျက်စရာများ အားလုံးအတွက် ပြန်လည်ဖြည့်ဆည်း ပေးလိမ့်မည်ဟု မျှော်လင့်ရင်း ၎င်းတို့၏ဘဝ ပထမတစ်ဝက်၌ ၎င်းတို့ အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ကြသည့် လိုအင်ဆန္ဒအားလုံးကို သူတို့၏ မျိုးဆက်များအပေါ် လွှဲချလိုက်သည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့သားသမီးများနှင့် ပတ်သက်၍ စိတ်ကူးယဉ်မှု မျိုးစုံထဲ အရသာတွေ့နေကြလေသည်။ ၎င်းတို့သမီးများသည် အသက်ရှုမှားလောက်စရာ အလှပဂေးလေးများအဖြစ် ကြီးပြင်း လာမည်၊ ၎င်းတို့၏သားများက မြူးကြွားကြွရွ နှစ်လိုဖွယ် ကောင်းသော လူကြီးလူကောင်းများ ဖြစ်လာမည်၊ သူတို့၏ သမီးများသည် ယဉ်ကျေးဖွယ်ရာရှိပြီး ပါရမီရှိကာ၊ ၎င်းတို့၏ သားများသည် အလွန် တော်သည့်ကျောင်းသား၊ အားကစား ကြယ်ပွင့်များ ဖြစ်လာမည်၊ သူတို့၏သမီးများသည် နူးညံ့ သိမ်မွေ့မည်၊ မွန်မြတ်ပြီး စဉ်းစားဆင်ခြင်တတ်မည်၊ ၎င်းတို့၏ သားများက ဉာဏ်ထက်မြက်မည်၊ စွမ်းဆောင်ရည်ရှိပြီး အသိတရားရှိမည်ဆိုသည့် စိတ်ကူးယဉ်မှုများဖြစ်သည်။ သမီးများ ဖြစ်စေ သားများဖြစ်ပါစေ၊ ၎င်းတို့၏ မျိုးဆက်များက အသက်ကြီး သူများကို ရိုသေဖို့၊ ၎င်းတို့မိဘများကို ထောက်ထားဖို့၊ လူတိုင်းက ချစ်ခင်ပြီး ချီးမွမ်းခံရဖို့ မျှော်လင့်ကြသည်။ ဤအချိန်တွင် ဘဝမျှော်လင့်ချက် အသစ်ပေါက်ဖွားလာပြီး လူတို့၏ နှလုံးသား ထဲတွင် အသစ်သော စိတ်အားထက်သန်မှုများ နိုးဆွဖြစ်ပေါ် လေသည်။ ဤဘဝတွင် ၎င်းတို့က အစွမ်းအစ မရှိ၊ မည်သည့်အရာမျှ ဖြစ်ဖြစ်မြောက်မြောက် မရှိကြောင်း၊ လူအုပ်ထဲမှ ထင်ပေါ်ဖို့ နောက်ထပ်အခွင့်အရေး၊ နောက်ထပ် မျှော်လင့်ချက်ရှိမည်မဟုတ်ကြောင်းနှင့် ၎င်းတို့၌ သူတို့ကံကြမ္မာများကို လက်ခံရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ကြောင်းတို့ကို သိကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ သားသမီးများက ၎င်းတို့၏ အိပ်မက်များကို ဖြစ်မြောက်အောင်မြင်ရန်၊ သူတို့၏ လိုအင်ဆန္ဒများကို အကောင်အထည်ဖော်ရန်၊ ၎င်းတို့၏ သားများ၊ သမီးများသည် မိသားစုနာမည် ဂုဏ်ဆောင်လာရန်၊ ထင်ရှားသော အဆင့်တန်း ရရှိရန်၊ ချမ်းသာသူ သို့မဟုတ် ကျော်ကြားသူများဖြစ်လာရန် မျှော်လင့်ရင်းနှင့် ၎င်းတို့၏ မျှော်လင့်ချက်များ၊ ၎င်းတို့၏ အကောင်အထည်မဖော်ခဲ့ရသည့် လိုအင်ဆန္ဒများနှင့် ရည်သန်မျှော်မှန်းချက်များ အားလုံးကို နောက်မျိုးဆက်ဆီသို့ လွှဲချလိုက်ကြသည်။ အတိုချုပ်အနေနှင့် ၎င်းတို့သားသမီးများ၏ အလွန်အမင်း အောင်မြင်သည်ကို သူတို့ မြင်လိုကြသည်။ လူတို့၏ အစီအစဉ်များနှင့် စိတ်ကူးယဉ်မှုများက ပြည့်စုံသည်။ ၎င်းတို့ကလေးများ၏ ကံကြမ္မာက ၎င်းတို့လက်များ၌ လုံးဝ ရှိမနေသည်ကို မဆိုထားနှင့်၊ ၎င်းတို့တွင်ရှိသည့် သားသမီးအရေအတွက်၊ ၎င်းတို့ သားသမီးများ၏ အသွင်အပြင်၊ အရည်အချင်းနှင့် ထိုကဲ့သို့သော အရာများကို ၎င်းတို့ဆုံးဖြတ်သတ်မှတ်၍ မရနိုင်ကြောင်းကို ၎င်းတို့ မသိကြသလော။ လူသားများသည် ၎င်းတို့ကိုယ်ပိုင် ကံကြမ္မာ၏ အရှင်သခင်များ မဟုတ်ကြပေ။ သို့တိုင် ငယ်ရွယ်သည့် မျိုးဆက်များ၏ ကံကြမ္မာကို ပြောင်းလဲဖို့ မျှော်လင့်ကြသည်။ ၎င်းတို့၏ကံကြမ္မာများမှ လွတ်မြောက်နိုင်စွမ်းမရှိကြပါ။ သို့တိုင် ၎င်းတို့၏ သားများ၊ သမီးများ၏ ကံကြမ္မာကို ကြိုးကိုင်ညွှန်ကြားဖို့ ကြိုးစားကြ၏။ သူတို့သည် ၎င်းတို့ကိုယ်၎င်းတို့ အထင်ကြီးနေကြခြင်း မဟုတ်လော။ ဤကား လူသား၏ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်း မဟုတ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းကို တို့ထိခံခဲ့ရတယ်။ ဘုရားသခင်က လူတွေရဲ့ကံကြမ္မာကို ထိန်းချုပ်ထားတယ်။ လူတွေ ဘာနည်းလမ်းတွေပဲ သုံးပါစေ၊ ဘယ်လောက်ပဲ အဖိုးအခပေးဆပ်ပါစေ သူတို့ရဲ့ကံကြမ္မာအတွက် ဘုရားသခင်ရဲ့ စီစဉ်မှုတွေကနေ မလွတ်မြောက်နိုင်ဘူး။ ကျွန်မ ငယ်ရွယ်ခဲ့ချိန်ကို ပြန်စဉ်းစားကြည့်တဲ့အခါ၊ ကျွန်မရဲ့ မိသားစုဘဝကို ကျွန်မ မကျေနပ်ခဲ့ဘူး။ အသိပညာကနေတစ်ဆင့် ကံကြမ္မာကို ကျွန်မ ပြောင်းလဲချင်ခဲ့တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားတဲ့အခါ သားအပေါ် မျှော်လင့်ချက်တွေ လွှဲချခဲ့တယ်။ သားက အောင်မြင်မှုအတွက် ကျွန်မရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ဆန္ဒပြုခဲ့တယ်။ ကိုယ့်ရည်မှန်းချက်တွေ ပြည့်ဖို့အတွက် သားကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့တယ်၊ အချိန်ပိုင်းအလိုက် သူ ဘယ်လိုစာလုပ်ရမယ်ဆိုတာကို စီစဉ်ပေးခဲ့တယ်။ စနေ၊ တနင်္ဂနွေနေ့တွေမှာတောင် အပြင်ထွက်ဆော့ခွင့်မပေးခဲ့ဘူး။ အပြင်ထွက်ရင်လည်း စာအုပ်ဆိုင်ကိုပဲ သွားလို့ရတယ်။ ကျွန်မ သူ့ကို အနီးကပ်စောင့်ကြည့်ခဲ့ပြီး သူ စာမကြိုးစားတဲ့အခါ ရိုက်တာ၊ ဆူတာတွေလုပ်ခဲ့တယ်၊ သူ ကောင်းကောင်းမလုပ်ရင် ကောင်းမွန်တဲ့ တက္ကသိုလ်တစ်ခုကို တက်ခွင့်မရမှာ၊ ပြီးတော့ ကျွန်မကိုယ်တိုင်လည်း မျက်နှာပန်းမလှမှာကို ကြောက်ခဲ့တယ်။ ကျွန်မရဲ့ မျှော်လင့်ချက်အားလုံးကို သူ့အပေါ်မှာ ပုံချခဲ့တယ်၊ ဒါကြောင့် သူဟာ အရမ်းဖိနှိပ်ခံနေရတဲ့ ဘဝနဲ့ အသက်ရှင်ခဲ့ရပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သိသိသာသာ ထိခိုက်စေခဲ့တယ်။ ကျွန်မလည်း အရမ်းဆင်းရဲဒုက္ခခံစားရပြီး ပင်ပင်ပန်းပန်းနဲ့ အသက်ရှင်ခဲ့ရတယ်။ ဘုရားသခင်က လူသားရဲ့ ကံကြမ္မာကို အုပ်စိုးတယ်ဆိုတာနဲ့ လူတွေ ဘယ်လောက်ပဲကြိုးစားကြိုးစား အဲဒါကို မပြောင်းလဲနိုင်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မနားလည်လာခဲ့တယ်။ ဒါပေမဲ့ ကျွန်မကတော့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကနေ လွတ်မြောက်ချင်ခဲ့တယ်၊ အသိပညာကနေတစ်ဆင့် ကိုယ့်ကံကြမ္မာနဲ့ ကိုယ့်သားရဲ့ကံကြမ္မာကို ပြောင်းလဲချင်ခဲ့ပြီး ကျန်တဲ့လူတွေအားလုံးထက် သာဖို့ဆိုတဲ့ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိချင်ခဲ့တယ်။ ကျွန်မ အများကြီး အဖိုးအခပေးဆပ်ခဲ့ပေမဲ့၊ နောက်ဆုံးတော့ အရာအားလုံးက ကျွန်မဆန္ဒနဲ့ ဆန့်ကျင်ဘက်တွေချည်းပဲ ဖြစ်လာခဲ့တယ်။ ကိုယ့်ကံကြမ္မာကိုတောင် ကိုယ်မထိန်းချုပ်နိုင်ဘဲနဲ့ သားရဲ့ကံကြမ္မာကို ပြောင်းလဲချင်ခဲ့တယ်၊ ကျွန်မ ဘယ်လောက် မာနထောင်လွှားလိုက်သလဲ၊ ဘယ်လောက် စိတ်ကြီးဝင်လိုက်သလဲ၊ ဘယ်လောက် ကိုယ့်ကိုယ်ကိုယ် အထင်ကြီး၊ မိုက်မဲပြီး မသိနားမလည်ဖြစ်လိုက်သလဲ။ တစ်ခါက ပညာအရည်အချင်း နည်းနည်းပဲရှိပေမဲ့ သူဌေးဖြစ်လာပြီး ပိုက်ဆံအများကြီးရှာနိုင်ခဲ့တဲ့ အိမ်နီးချင်းတစ်ယောက် ကျွန်မမှာရှိခဲ့တာကို မှတ်မိသေးတယ်။ ကျွန်မတူလေးလည်း ပညာအရည်အချင်းနည်းပေမဲ့ ကိုယ်ပိုင်အီလက်ထရောနစ်လုပ်ငန်းလုပ်ပြီး ပိုက်ဆံအများကြီးရှာနိုင်ခဲ့တယ်၊ ဒီပလိုမာရပြီး အသိပညာရှိတဲ့သူ အတော်များများထက်တောင် ပိုချမ်းချမ်းသာသာ နေနိုင်ခဲ့တယ်။ တက္ကသိုလ်တက်ခွင့်ရခဲ့ပေမဲ့ ဘွဲရပြီးတဲ့နောက်မှာ စိတ်ကျရောဂါဖြစ်သွားတဲ့ ကျွန်မဇာတိမြို့က မောင်လေးတစ်ယောက်လည်း ရှိတယ်။ သူက တခြားလူတွေနဲ့ စကားပြောလိုစိတ်မရှိတော့သလို လုံးဝ အလုပ်လက်မဲ့ ဖြစ်သွားခဲ့တယ်။ အရင်က ကျွန်မ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို နားမလည်ခဲ့ဘဲ အမြဲတမ်း ရုန်းထွက်ဖို့ကြိုးစားခဲ့တယ်၊ အဲဒါက ကိုယ့်ကိုယ်ကိုယ်ရော သားကိုပါ ထိခိုက်စေခဲ့တယ်။ အခုတော့ ကျွန်မမှားမှန်း သိသွားပြီ၊ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးရဲ့သားကို ကိုယ်တော့်လက်ထဲ အပ်နှံချင်ပါတယ်။ အနာဂတ်မှာ ဘာပဲဖြစ်ဖြစ်၊ ကိုယ်တော့်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံဖို့ သမီးဆန္ဒရှိပါတယ်” ဆိုပြီးတော့။ အဲဒီအချိန်ကစပြီး၊ ကျွန်မ သားကို မဆူတော့ဘူး၊ မျက်နှာမကောင်းပြတာမျိုးလည်း မလုပ်တော့ဘူး။ သူကလည်း အရင်လို ကျွန်မကို ရှောင်မနေတော့ဘူး။ နောက်ပိုင်း လမ်းမှာ သူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့ သူက ကျွန်မသားရဲ့အလုပ်အကြောင်းမေးတဲ့အခါ ကျွန်မ ဝမ်းနည်းနေတုန်းပဲ။ အမှန်အတိုင်းမပြောရဲဘူး၊ သူက ကျွန်မကို ဘယ်လိုမြင်မလဲဆိုတာကို စိုးရိမ်ပြီး အရမ်းရှက်စရာကောင်းတယ်လို့ ခံစားခဲ့ရတယ်။

နောက်တော့ ကျွန်မ စဉ်းစားမိတယ်၊ “ငါ့သားရဲ့အခြေအနေကို ငါလက်လွှတ်နိုင်ပြီလို့ ထင်ခဲ့ပေမဲ့ ဒါပေမဲ့ တခြားသူတွေက အဲဒီအကြောင်းပြောလာတဲ့အခါ ဘာလို့ စိတ်ထဲမှာ မကောင်းဖြစ်နေရသေးတာလဲ” ပေါ့။ ကျွန်မ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “လူတို့ အသိပညာ ရယူသည့် ဖြစ်စဉ်အတွင်းတွင် ပုံပြင်များ ပြောပြခြင်းဖြစ်စေ၊ ၎င်းတို့အား အသိပညာတစ်စုံတစ်ခုကို ပေးရုံမျှဖြစ်စေ၊ ၎င်းတို့၏ လိုအင်ဆန္ဒများ သို့မဟုတ် ရည်သန်မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးခြင်းကို ခွင့်ပြုသည်ဖြစ်စေ နည်းလမ်းအမျိုးမျိုးကို အသုံးပြုခြင်းအားဖြင့် စာတန်သည် လူတို့ကို အတိအကျ မည်သည့်လမ်းသို့ ဦးဆောင်ခေါ်သွားလိုသနည်း။ အသိပညာကို သင်ယူလေ့လာခြင်း နှင့် ပတ်သက်၍ မည်သည့်အရာမျှ မှားယွင်းခြင်း မရှိ၊ လုံးဝ သဘာဝကျသည်ဟု လူတို့က ထင်ကြ၏။ နှစ်သက်ဖွယ်ကောင်းသည့် နည်းလမ်းဖြင့် ပြောရမည် ဆိုလျှင်၊ မြင့်မားသော ရည်သန်မျှော်မှန်းချက်များ ရှိခြင်း သို့မဟုတ် ရည်မှန်းချက်များ ရှိခြင်းသည် ပြင်းပြသောဆန္ဒများ ရှိခြင်းဖြစ်ပြီး၊ ဤသည်မှာ အသက်တာတွင် မှန်ကန်သောလမ်း ဖြစ်သင့်သည်ဟု လူတို့က ထင်ကြသည်။ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် ရည်သန်မျှော်မှန်းချက်များအား ဖြစ်မြောက်စေနိုင်သည် သို့မဟုတ် ၎င်းတို့၏အသက်တာတွင် အသက်မွေးဝမ်းကျောင်းတစ်ခု အောင်မြင်စွာ ပြုနိုင်သည် ဆိုလျှင်၊ ထိုနည်းလမ်းသည် လူတို့အသက်ရှင်နေထိုင်ရန် အတွက် ပို၍ ဂုဏ်ဝင့်ဖွယ်ကောင်းသောနည်းလမ်း မဟုတ်လော။ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် လူတစ်ဦးသည် မိမိ၏ဘိုးဘေးများကို ဂုဏ်ပြုရုံသာမက၊ သမိုင်းတွင် မိမိ၏အမှတ်အသားတစ်ခု ကျန်ရစ်စေဖို့ အခွင့်အရေးတစ်ခုလည်း ရှိနိုင်ပေသည်။ ဤသည်မှာ ကောင်းသော အရာတစ်ခု မဟုတ်သလော။ ဤသည်မှာ လောကီလူတို့၏အမြင်တွင် ကောင်းသောအရာတစ်ခု ဖြစ်နေပြီး၊ ၎င်းတို့အတွက်ကား သင့်လျော်ကာ အပြုသဘောဆောင်နေသင့်၏။ သို့ရာတွင် အန္တရာယ် ပြုမည့် လက္ခဏာရှိသော စေ့ဆော်မှုများရှိသည့် စာတန်သည် လူတို့ကို ဤလမ်းမျိုးဆီ ခေါ်ဆောင်ပြီးနောက်တွင်၊ ဤမျှသာလော။ လုံးဝ မဟုတ်ပေ။ အမှန်တွင် လူသား၏ ရည်သန်မျှော်မှန်းချက်များသည် မည်မျှကြီးကျယ်ခမ်းနားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ဖြစ်မြောက်စေလိုသည့် အရာအားလုံး၊ လူသားက လိုက်စားသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်းအတွက် ၎င်းတို့၏ အသက်တာတစ်လျှောက်လုံးတွင် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ တို့ ဖြစ်၏။ စာတန်သည် လူတို့အနေဖြင့် ၎င်း၏ ရှင်သန်မှု နည်းလမ်းများနှင့် ဥပဒေသများကို အမှုမဲ့အမှတ်မဲ့ လက်ခံစေဖို့၊ ဘဝရည်မှန်းချက်များနှင့် ဘဝဦးတည်ချက်များ ဖြစ်စေဖို့နှင့် ဘဝရည်သန်မျှော်မှန်းချက်များ ပိုင်ဆိုင်လာစေဖို့ ထိုမျှမကြမ်းတမ်းသော၊ လူတို့၏ အယူအဆများနှင့် အလွန်ပင် ကိုက်ညီသော နည်းစနစ်တစ်ခုဖြစ်သည့် အလွန် သိမ်မွေ့သော နည်းစနစ်ကို အသုံးပြုလေသည်။ မိမိတို့၏ အသက်တာ ရည်သန်မျှော်မှန်းချက်များနှင့်ပတ်သက်၍ လူတို့၏ သရုပ်ဖော်ချက်များက မည်မျှကြီးကျယ်ခမ်းနားပါစေ ဤရည်သန်မျှော်မှန်းချက်များသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကိုသာ အစဉ်သဖြင့် ဗဟိုပြုထားသည်။ မည်သည့်ကြီးမြတ်သောသူဖြစ်စေ၊ ထင်ရှားသောလူတစ်ဦးဖြစ်စေ၊ မည်သည့်သူတစ်ဦးတလေဖြစ်စေ ၎င်းတို့၏ ဘဝတစ်လျှောက်တွင် လိုက်ရှာဖွေသည့်အရာမှန်သမျှမှာ ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ ဟူသည့် ဤစကားနှစ်လုံးနှင့်သာ ဆက်စပ်နေ၏။ လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက် မြင့်မားသော အဆင့်အတန်းနှင့် များစွာသော ဥစ္စာပစ္စည်းတို့ကို ပျော်မွေ့ခံစားရန်နှင့် ဘဝကို ပျော်မွေ့ခံစားရန် အရင်းအနှီး ၎င်းတို့၌ ရှိသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့တွင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ရှိသည်နှင့်တစ်ပြိုင်နက် ပျော်ရွှင်ကြည်နူးမှုကို လိုက်စားရန်နှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုကို ထင်ရာမြင်ရာ ခံစားရန် အရင်းအနှီးရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့ လိုအင်ဆန္ဒရှိသည့် ဤကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် လူတို့သည် ပျော်ရွှင်စွာနှင့် အမှုမဲ့အမှတ်မဲ့ဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်၊ စိတ်နှလုံးနှင့် ၎င်းတို့တွင် ရှိသမျှအရာအားလုံးအပြင် ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာတို့ကို စာတန်ထံသို့ လွှဲပြောင်းပေးအပ်ကြသည်။ ၎င်းတို့သည် လုံးဝအကြွင်းမဲ့ သံသယမရှိဘဲ၊ သင်္ကာမကင်းဖြစ်ခြင်း စိုးစဉ်းမျှပင် မရှိဘဲ၊ ပြီးလျှင် ၎င်းတို့၏ တစ်ချိန်က ပိုင်ဆိုင်ခဲ့ကြသည့် အရာအားလုံးကို ပြန်လည်ရယူရန် အစဉ်သဖြင့် သိမြင်ခြင်း မရှိဘဲ ထိုသို့ လုပ်ဆောင်ကြခြင်းဖြစ်သည်။ လူများသည် စာတန်ထံတွင် မိမိတို့ကိုယ်ကို ပေးအပ်ကြပြီးဖြစ်ကာ ၎င်းကို ဤနည်းဖြင့် သစ္စာစောင့်သိလာသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို ထိန်းချုပ်မှုတစ်ခုတလေ ပြန်လည်ရရှိနိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် ဤနွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကို ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ တရားမျှတသောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူများအတွက်မူ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့၏ သွေးဆောင်မှုသည် အလွန်ပင် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ဤအရာများသည် လူတို့အနေဖြင့် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင်လည်းကောင်း၊ ထာဝရကာလအတွက်ပင် အဆုံးမရှိ လိုက်စားနိုင်သောအရာများဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ဖြစ်သော အခြေအနေ မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆))စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ပြီးလျှင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်ရန် စွမ်းရည် သို့မဟုတ် သတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍ ကိုယ်တော်အား သစ္စာဖောက်ပြီး တိုး၍ ကောက်ကျစ်ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) စာတန်က လူတွေကို ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကနေတစ်ဆင့် ဖောက်ပြန်ပျက်စီးစေတယ်၊ ဒီအရာတွေကိုပဲ သူတို့ကို လိုက်စားစေပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရှိသရွေ့ သူတို့မှာ အရာအားလုံးရှိပြီး သူတို့ဘဝက ပျော်ရွှင်လိမ့်မယ်လို့ ယုံကြည်စေတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မက ဒီရှုထောင့်ကို ကိုင်စွဲခဲ့တာလေ၊ “အသိပညာသည် သင်၏ကံကြမ္မာကို ပြောင်းလဲနိုင်၏”၊ “လူသားသည် သာယာသော ဇာတိမြေကို မိမိ၏ကိုယ်ပိုင်လက်များဖြင့် ဖန်တီးနိုင်၏” ဆိုတာနဲ့ “ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် ရှိနေရန်ပင်ဖြစ်သည်” ဆိုသလိုမျိုး စာတန်ရဲ့ ရှင်သန်ခြင်း ဥပဒေသတွေအတိုင်း အသက်ရှင်ခဲ့တယ်။ ကျွန်မရဲ့ ငယ်ဘဝကို ပြန်တွေးကြည့်တော့ ကျွန်မတို့မိသားစုက ဆင်းရဲပြီး လူတွေက အထင်သေးခဲ့ကြတယ်။ ကျွန်မရဲ့ အစ်မဝမ်းကွဲက မြို့ကနေ ကားမောင်းပြန်လာတာကို ကျွန်မ မြင်ရတဲ့အခါမှာ၊ ပြီးတော့ ရွာထဲကလူတိုင်းက သူ့ကို အထင်ကြီးကြတာကို ကျွန်မ မြင်ရတဲ့အခါမှာ ကျွန်မ သူ့ကို တော်တော်လေး အားကျခဲ့တယ်။ အနာဂတ်မှာ အစ်မဝမ်းကွဲလိုဘဝမျိုးနဲ့နေပြီး လူတွေရဲ့အထင်ကြီးလေးစားမှုကို ရကိုရရမယ်လို့ ကိုယ့်ဘာသာ တွေးခဲ့တယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားဖို့အတွက်၊ ကျွန်မအချိန်အားလုံးကို စာလုပ်တဲ့နေရာမှာပဲ မြှုပ်နှံခဲ့တယ်၊ အနားယူတာကိုတောင် စွန့်လွှတ်ခဲ့ပြီး ဒီဟာကြောင့် နောက်ဆုံးမှာ အိပ်မပျော်တဲ့ရောဂါ တော်တော်ဖြစ်သွားတယ်။ တစ်ညပြီးတစ်ည မအိပ်ဘဲနိုးနေပြီး အိပ်ဆေးကိုပဲ အားကိုးခဲ့ရတယ်။ ဘဝက သေတာထက်တောင်ဆိုးတယ်လို့ ခံစားရင်းနဲ့ နေ့တိုင်း အားတင်းပြီး ရပ်တည်နေခဲ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ တက္ကသိုလ်ဝင်ခွင့်မရခဲ့သလို ကိုယ်လိုချင်တဲ့ဘဝကိုလည်း မရခဲ့ဘူး။ ဒါတောင်မှ ကျွန်မ အမြင်မှန်မရနိုင်ခဲ့ဘူး။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ရဖို့အတွက် ကိုယ်မပြည့်ခဲ့တဲ့ ရည်မှန်းချက်တွေကို သားအပေါ် လွှဲချခဲ့တယ်။ ငယ်ရွယ်ချိန်မှာ ကစားချင်တာက ကျွန်မသားအတွက် အရမ်းပုံမှန်ဖြစ်ပေမဲ့ ကိုယ့်ဆန္ဒတွေပြည့်ဖို့အတွက် သူ့ဘဝကို ထိန်းချုပ်ခဲ့တယ်၊ နေ့တိုင်း စာလုပ်တာကလွဲပြီး ဘာမှမလုပ်ခိုင်းခဲ့ဘူး၊ သူ ကောင်းကောင်း စာမလုပ်ရင် ရိုက်တယ်၊ ဆူတယ်။ တစ်ချိန်က တက်ကြွပြီး ရွှင်ပျတဲ့ ကျွန်မသားက တစ်ချိန်လုံး သုန်မှုန်နေတတ်လာတယ်၊ ကလေးဘဝရဲ့ ပျော်ရွှင်မှုတွေကို ဆုံးရှုံးခဲ့ရပြီး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းခါးကိုင်းပြီး ဆံပင်တွေ အရမ်းကျွတ်လာခဲ့တယ်။ ကျွန်မရဲ့ ထိန်းချုပ်မှုကြောင့် သားက ကျွန်မနဲ့ ခပ်တန်းတန်းဖြစ်သွားခဲ့တယ်။ သားက တက္ကသိုလ်ဒီပလိုမာတစ်ခုမရနိုင်တော့ဘဲ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဖို့ဆိုတဲ့ ကျွန်မရဲ့ ရည်မှန်းချက်တွေ မရတဲ့အခါ ကျွန်မကမ္ဘာကြီး ပြိုလဲသွားသလိုပဲ ခံစားခဲ့ရတယ်။ ဘယ်သူနဲ့မှ မတွေ့ချင်တော့ဘူး၊ ခေါင်းမဖော်နိုင်လောက်အောင် ရှက်တယ်လို့ ခံစားခဲ့ရတယ်၊ ပြီးတော့ သားကိုလည်း ကျွန်မမျှော်လင့်သလိုမဖြစ်လို့ ဝေဖန်ရင်းနဲ့ သူ့ကို ညည်းပြခဲ့တယ်။ ကျွန်မ အရမ်းကို ဆင်းရဲဒုက္ခရောက်ခဲ့တယ်။ ဒါတွေက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ကျွန်မ လိုက်စားခဲ့လို့ ရလာတဲ့ ခါးသီးတဲ့ အကျိုးဆက်တွေပါပဲ။ ကျွန်မအစ်မရဲ့ရွာက ကောင်လေးတစ်ယောက်ကို သတိရမိတယ်၊ သူ့မိသားစုကလည်း အရမ်းဆင်းရဲတယ်။ သူ့ကံကြမ္မာကို အသိပညာကနေတစ်ဆင့် ပြောင်းလဲဖို့အတွက် သူဟာ သုံးလေးနှစ်လောက် ထပ်တလဲလဲ စာလေ့လာခဲ့ပေမဲ့ တက္ကသိုလ် မရောက်နိုင်ခဲ့ဘူး။ နောက်ဆုံးတော့ သူ စိတ်ကျရောဂါဖြစ်သွားတယ်။ ဒါဟာ စာတန်က လူတွေကို ဖောက်ပြန်ပျက်စီးစေဖို့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အသုံးပြုခြင်းရဲ့ ရလဒ်ပဲ။ ကျွန်မက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ဘဝမှာ လိုက်စားရမဲ့ ပန်းတိုင်တွေအနေနဲ့ သဘောထားပြီး ကျွန်မဘဝကို စာတန်ရဲ့ အတွေးအခေါ်အတိုင်း အသက်ရှင်ခဲ့ပုံကို ဆင်ခြင်သုံးသပ်မိတယ်။ ဒီပန်းတိုင်တွေအတွက် ကိုယ့်ကိုယ်ကို အသည်းအသန် အသုံးခံခဲ့ပြီးတော့ နောက်ဆုံးမှာ ကိုယ့်သားနဲ့ ကိုယ့်ကိုယ်ကိုပဲ ထိခိုက်စေခဲ့မိတယ်။ စာတန်က ထိခိုက်နစ်နာအောင်လုပ်တာကို ကျွန်မ မခံစားချင်တော့သလို ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံချင်စိတ်ရှိနေခဲ့တယ်။

အဲဒီနောက်မှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ရှေးဦးစွာ သားသမီးများနှင့် ပတ်သက်ပြီး မိဘများက ထားရှိသော ဤသတ်မှတ်ချက်များနှင့် နည်းလမ်းများသည် မှန်သလော၊ မှားသလော။ (မှားပါသည်။) ဤသို့ဆိုလျှင် နောက်ဆုံးတွင် မိဘများက သားသမီးများအပေါ် အသုံးပြုသည့် ဤနည်းလမ်းများနှင့်ပတ်သက်လျှင် အဓိကတရားခံက မည်သည့်နေရာမှ အရင်းခံသနည်း။ ဤသည်မှာ သားသမီးများအပေါ် မိဘများ၏ မျှော်မှန်းချက်များ မဟုတ်သလော။ (ဟုတ်ပါသည်။) မိဘများ၏ ခံစားချက်အရ အသိစိတ်အတွင်းတွင် ၎င်းတို့သည် ၎င်းတို့သားသမီးများ၏ အနာဂတ်နှင့်ပတ်သက်ပြီး အမျိုးမျိုးသော အမှုကိစ္စများကို မှန်းကြည့်ကာ စီစဉ်ပြီး အဆုံးအဖြတ်ပေးသည်။ ပြီးလျှင် ရလဒ်အနေဖြင့် ၎င်းတို့တွင် ဤမျှော်မှန်းချက်များကို ဖြစ်ပေါ်လာသည်။ ဤမျှော်မှန်းချက်များ၏ လှုံ့ဆော်မှုအောက်တွင် မိဘများသည် ၎င်းတို့သားသမီးများအား ကျွမ်းကျင်မှု အမျိုးမျိုးကို လေ့လာရန်၊ ပြဇာတ်ရေးသားထုတ်လုပ်မှုနှင့် အက၊ သို့မဟုတ် အနုပညာ စသည်တို့ကို လေ့လာရန် တောင်းဆိုသည်။ ၎င်းတို့သည် ၎င်းတို့၏ သားသမီးများကို ပါရမီရှိသောပုဂ္ဂိုလ်များဖြစ်ရန်၊ ထို့နောက်တွင် ၎င်းတို့ကို အထက်လူကြီးများဖြစ်ရန်၊ လက်အောက်ငယ်သားများမဖြစ်ရန် တောင်းဆိုသည်။ ၎င်းတို့သားသမီးများကို ရာထူးကြီးသော အရာရှိများဖြစ်ရန်၊ ခြေလျင်တပ်သားများမဖြစ်ရန် တောင်းဆိုကြသည်။ ၎င်းတို့၏ သားသမီးများကို တစ်ကမ္ဘာလုံးတွင် ထိပ်တန်းဖြစ်သော ကုမ္ပဏီ ၅၀၀ ၌ အလုပ်လုပ်နေသည့် မန်နေဂျာ၊ စီအီးအို၊ အလုပ်အမှုဆောင်များစသည်တို့ ဖြစ်လာရန် တောင်းဆိုသည်။ ဤသည်တို့အားလုံးမှာ မိဘများ၏ စိတ်ခံစားချက်အရ ဖြစ်သော စိတ်ကူးများဖြစ်သည်။ ဤသို့ဆိုလျှင် သားသမီးများသည် အရွယ်မရောက်မီ၌ ၎င်းတို့မိဘများ၏ မျှော်မှန်းချက်များနှင့်သက်ဆိုင်သော အကြောင်းအရာတို့အပေါ် အယူအဆတစ်ခုခုရှိသလော။ (မရှိပါ။) ၎င်းတို့တွင် ဤအရာများနှင့်ပတ်သက်ပြီး မည်သည့်အယူအဆမျှမရှိပေ။ ယင်းတို့ကို ၎င်းတို့ နားမလည်ပေ။ ကလေးငယ်များက မည်သည့်အရာကို နားလည်သနည်း။ စာဖတ်သင်ရန် ကျောင်းတက်ခြင်း၊ စာကြိုးစားခြင်း၊ လိမ္မာခြင်း၊ လိမ္မာသော သားသမီးများဖြစ်ခြင်းတို့ကိုသာ နားလည်ကြသည်။ ဤအရာကိုယ်၌က အလွန်ကောင်းသည်။ သတ်မှတ်ထားသော အချိန်ဇယားများအတိုင်း အတန်းတက်ရန် ကျောင်းသို့သွားခြင်းနှင့် အိမ်စာပြီးအောင်လုပ်ရန် အိမ်သို့ ပြန်ခြင်းတို့သည် သားသမီးများ နားလည်သောအရာများဖြစ်သည်။ ကျန်သည့်အရာများမှာ ဆော့ကစားခြင်း၊ အစားအစာ၊ စိတ်ကူးယဉ်မှုများ၊ အိပ်မက်များ စသည်တို့ဖြစ်သည်။ သားသမီးများသည် အရွယ်မရောက်မီတွင် ၎င်းတို့ဘဝလမ်းကြောင်းပေါ်ရှိ မသိမမြင်ရသော အရာများအားလုံးအပေါ် အမြင်သဘောထားမရှိပေ။ ယင်းတို့နှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှလည်း မြင်ယောင်မှန်းဆကြည့်ခြင်း မရှိပေ။ ဤသားသမီးများ အရွယ်ရောက် ပြီးသည့်အချိန်ခန့်တွင် မြင်ယောင်ကြည့်သော၊ ဆုံးဖြတ်သော အရာများအားလုံးသည် ၎င်းတို့မိဘများထံမှ လာသည်။ ထို့ကြောင့် သားသမီးများအပေါ် မိဘများက ထားရှိသော မှားယွင်းသည့် မျှော်မှန်းချက်များသည် သားသမီးများနှင့် လုံးဝ မသက်ဆိုင်ပေ။ သားသမီးများသည် ၎င်းတို့မိဘများ၏ မျှော်မှန်းချက်များနှင့်သက်ဆိုင်သော အနှစ်သာရကို ပိုင်းခြားသိမြင်ဖို့သာ လိုသည်။ ဤမိဘ၏ မျှော်မှန်းချက်များသည် မည်သည့်အရာကို အခြေခံသနည်း။ မည်သည့်နေရာမှ လာသနည်း။ လူ့အဖွဲ့အစည်းနှင့် လောကထံမှ လာသည်။ ဤမိဘတို့၏ မျှော်မှန်းချက်များအားလုံး၏ ရည်ရွယ်ချက်သည် သားသမီးများအား ဤကမ္ဘာလောကနှင့် လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေရှိနိုင်စေရန်၊ ကမ္ဘာလောက၊ သို့မဟုတ် လူ့အဖွဲ့အစည်း၏ ဖယ်ရှားရှင်းလင်းခြင်းကို ရှောင်နိုင်ရန်၊ လူ့အဖွဲ့အစည်းတွင် အခြေခိုင်ရန်၊ လုံခြုံစိတ်ချရသော အလုပ်၊ တည်ငြိမ်သော မိသားစု၊ တည်ငြိမ်သော အနာဂတ်ကို ရရှိရန် ထောက်ကူပေးဖို့ဖြစ်သည်။ ထို့ကြောင့် မိဘများ၌ ၎င်းတို့၏ သားသမီးများအတွက် စိတ်ခံစားချက်အရ ဖြစ်သော မျှော်မှန်းချက်အမျိုးမျိုး ရှိကြသည်။ ဥပမာ ယခုအချိန်တွင် ကွန်ပြူတာအင်ဂျင်နီယာဖြစ်ခြင်းသည် အလွန်ခေတ်မီသည်။ လူအချို့က ‘ကျွန်ုပ်၏ ကလေးသည် နောင်တွင် ကွန်ပြူတာအင်ဂျင်နီယာ လုပ်မည် ဖြစ်သည်။ ဤနယ်ပယ်တွင် ၎င်းတို့သည် တစ်နေကုန် ကွန်ပြူတာကို သယ်သွားပြီး ကွန်ပြူတာအင်ဂျင်နီယာ အလုပ်လုပ်ရင်း ငွေများစွာ ရနိုင်သည်။ သို့ဖြစ်၍ ကျွန်ုပ်လည်း ဂုဏ်တက်ရမည်ဖြစ်သည်’ ဟု ဆိုကြသည်။ ဤအခြေအနေမျိုးတွင် သားသမီးများက မည်သည့်အရာအပေါ်မျှ လုံးဝ အမြင်သဘောထားမရှိသည့် အခြေအနေတွင် ၎င်းတို့မိဘများက ၎င်းတို့၏ အနာဂတ်ကို ချပြသည်။ ဤသည်မှာ မမှားယွင်းသလော။ (မှားယွင်းပါသည်။) မိဘများသည် လူကြီးများ၏ အမှုအရာများအပေါ် ရှုမြင်သည့် နည်းလမ်းအပြင် ကမ္ဘာလောက၏ အမှုကိစ္စများနှင့်ပတ်သက်ပြီး လူကြီးတစ်ဦး၏ အမြင်၊ ရှုထောင့်၊ နှစ်သက်မှုတို့ကိုသာ လုံးလုံး အခြေခံပြီး သားသမီးများအပေါ် မျှော်လင့်ချက်များ ပုံအောထားသည်။ ဤသည်မှာ ခံစားချက်အရဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်က ယင်းကို ကောင်းစွာဖွင့်ဆိုရလျှင် ယင်းသည် ခံစားချက်အရဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် အမှန်တကယ်တွင် အဘယ်သို့ ဖြစ်သနည်း။ ဤခံစားချက်အရဖြစ်ခြင်း၏ အခြားအနက်ဖွင့်ဆိုမှုမှာ အဘယ်နည်း။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်း မဟုတ်သလော။ အကျပ်ကိုင်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) သင်သည် လူ့အဖွဲ့အစည်းတွင် ဤအလုပ်၊ ထိုအလုပ်ကို၊ ထိုထိုသော အသက်မွေးမှုအလုပ်ကို နှစ်သက်သည်။ လူ့အဖွဲ့အစည်းတွင် အခြေခိုင်ခြင်း၊ မက်မောဖွယ်ဘဝကို နေထိုင်ရခြင်း၊ အရာရှိအဖြစ် အမှုထမ်းရခြင်း၊ သို့မဟုတ် ချမ်းသာခြင်းတို့ကို သင်နှစ်သက်သည်။ ထို့ကြောင့် သင့်သားသမီးများကိုလည်း ထိုအရာများအား သင် လုပ်ဆောင်စေသည်။ ထိုသို့သောသူမျိုး ဖြစ်စေသည်။ ပြီးလျှင် ထိုလမ်းကြောင်းမျိုးကို လျှောက်စေသည်။ သို့သော် ၎င်းတို့သည် အနာဂတ်တွင် ထိုပတ်ဝန်းကျင်၌ နေထိုင်ရခြင်းနှင့် ထိုအလုပ်ကို ထိတွေ့လုပ်ဆောင်ရခြင်းကို နှစ်သက်မည်လော။ ၎င်းတို့သည် ယင်းနှင့် သင့်တော်သလော။ ၎င်းတို့၏ ခရီးပန်းတိုင်များက အဘယ်နည်း။ ၎င်းတို့နှင့်ပတ်သက်ပြီး ဘုရားသခင်၏ အစီအစဉ်များနှင့် ပြဋ္ဌာန်းချက်များက အဘယ်နည်း။ ဤအရာများကို သင်သိသလော။ လူအချို့က ‘ထိုအရာများကို ကျွန်ုပ် ဂရုမစိုက်ပါ။ အရေးကြီးသည်မှာ သူတို့၏မိဘဖြစ်သည့် ကျွန်ုပ်နှစ်သက်သည့်အရာများသာ ဖြစ်သည်။ ကျွန်ုပ်နှစ်သက်သည့် အရာများကို အခြေခံ၍သာ သူတို့အပေါ် မျှော်လင့်ချက်များထားမည်’ ဟု ဆိုသည်။ ဤသည်မှာ အလွန် တစ်ကိုယ်ကောင်းမဆန်သလော။ (ဆန်ပါသည်။) ယင်းသည် အလွန်တစ်ကိုယ်ကောင်းဆန်သည်။ ကောင်းမွန်စွာ ဆိုရလျှင် ယင်းသည် အလွန်တစ်ဖက်သတ်ဆန်သည်။ ၎င်းတို့ဘာသာ အားလုံးကို ဆုံးဖြတ်နေခြင်း ဖြစ်သည်။ သို့သော် ယင်းသည် အမှန်တကယ်တွင် အဘယ်နည်း။ အလွန်တစ်ကိုယ်ကောင်းဆန်ခြင်း ဖြစ်သည်။ ဤမိဘများသည် ၎င်းတို့သားသမီးများ၏ အစွမ်းအစ၊ သို့မဟုတ် ပါရမီကို ထည့်မတွက်ပေ။ လူတစ်ဦးချင်းစီ၏ ကံကြမ္မာနှင့် ဘဝအတွက် ဘုရားသခင်၌ ရှိသော အစီအစဉ်များကို ၎င်းတို့ ဂရုမစိုက်ပေ။ ဤအရာများကို ၎င်းတို့ ထည်မတွက်ပေ။ ၎င်းတို့သည် လိုရာဆွဲတွေးလျက် ၎င်းတို့သားသမီးများအပေါ် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှု၊ ရည်ရွယ်ချက်နှင့် အစီအစဉ်များကို အဓမ္မပုံချသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မသားက ဘာကိုမှ နားမလည်သေးတဲ့အချိန်မှာ၊ ကိုယ့်ရည်မှန်းချက်တွေကို စွမ်းဆောင်ရရှိဖို့ ကျွန်မက ဖြစ်ချင်ဇောနဲ့ သူ့အပေါ် တောင်းဆိုချက်အမျိုးမျိုးကို ချမှတ်မိခဲ့တယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ ကျွန်မ သူ့အပေါ်မှာ မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့တယ်၊ လူ့အဖွဲ့အစည်းမှာ သူ့ကိုယ်သူ ရပ်တည်နိုင်ဖို့၊ အနာဂတ်မှာ တည်ငြိမ်တဲ့အလုပ်တစ်ခုရပြီး ဒီလူ့အဖွဲ့အစည်းကနေ ဖယ်ရှားမခံရဖို့ မျှော်လင့်ခဲ့တယ်။ ဒါဆိုရင် ကျွန်မရဲ့ ကိုယ်ပိုင်ဆန္ဒတွေလည်း ပြည့်မှာပဲလေ။ ကျွန်မ လူတွေရဲ့ လေးစားမှုကို ရဖို့အတွက် တက္ကသိုလ်တက်ပြီး ဘွဲယူပြီးတဲ့နောက်မှာ အလုပ်ကောင်းတစ်ခု ရချင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ဆန္ဒတွေမပြည့်ခဲ့တော့ သားကို ကိုယ့်အတွက် အဲဒါတွေရစေဖို့ ကြိုးစားခဲ့တယ်။ သားက တက္ကသိုလ်အတွက် ဘာသာရပ်ရွေးတဲ့အခါ၊ ကျွန်မ သူ့သဘောထားကို မမေးခဲ့ဘူး။ အဲဒီအစား၊ ကိုယ့်စိတ်ကူးအရ၊ ဘွဲရပြီးရင် ငွေပိုရှာနိုင်စေမဲ့ ဘာသာရပ်တစ်ခုကို သူ့အတွက် ကျွန်မ ရွေးပေးခဲ့တယ်။ ဒါပေမဲ့ ဒီဘာသာရပ်က အင်္ဂလိပ်စာ အနည်းဆုံး အဆင့် ၄ ရှိဖို့လိုတာကို ကျွန်မ မမျှော်လင့်ခဲ့ဘူး။ ကျွန်မသားက ဘာသာစကားစွမ်းရည်ညံ့တယ်၊ အဆင့် ၄ အင်္ဂလိပ်စာစာမေးပွဲကို တစ်စိုက်မတ်မတ် ကျနေခဲ့တော့၊ နောက်ဆုံးမှာ ဒီပလိုမာ မရနိုင်ခဲ့ဘူး။ သားက ကျွန်မမျှော်လင့်ချက်တွေအတိုင်း မဖြစ်ခဲ့လို့ သူ့ကို မကျေမနပ်ပြောပြီး ဝေဖန်ခဲ့တယ်၊ ဒါတွေကြောင့် သူ အရမ်းနာကျင်ခဲ့ရတယ်။ ကျွန်မရဲ့ တောင်းဆိုချက်တွေက သူ လုပ်နိုင်တဲ့ဟာတွေ ဟုတ်မဟုတ်၊ သူ အဲဒါတွေကို ကိုင်တွယ်နိုင်လား၊ ဒါမှမဟုတ် သူ တကယ်ဘာကိုကြိုက်တယ်၊ ဘယ်နေရာမှာ တော်တယ်ဆိုတာတွေကို ကျွန်မ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး။ ကျွန်မက ကိုယ်နှစ်သက်တာတွေ၊ ကိုယ့်ရဲ့အစီအစဉ်တွေ၊ ဆန္ဒတွေကို သူ့အပေါ်မှာ လိုချင်ဇောနဲ့ အမြဲ ချမှတ်ခဲ့တယ်။ ကျွန်မလုပ်ခဲ့သမျှအားလုံးက အပေါ်ယံမှာတော့ သူ့အကျိုးအတွက်၊ ဘွဲ့ရပြီးတဲ့နောက်မှာ အလုပ်ကောင်းကောင်းရပြီး လူ့အဖွဲ့အစည်းမှာ ရပ်တည်နိုင်ဖို့အတွက်လို့ ထင်ရပေမဲ့၊ အနှစ်သာရမှာတော့၊ အဲဒါက တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ခံချင်တဲ့ ကျွန်မရဲ့ မမီနိုင်တဲ့အရာကို လှမ်းယူချင်တဲ့ဆန္ဒကို ဖြည့်ဆည်းဖို့ပါပဲ။ ကျွန်မ အရမ်းတစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ ရှင်းနေခဲ့တယ်။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းတစ်ခုကို တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိဘများ၏ မိမိတို့၏ သားသမီးများအပေါ်ထားရှိသော မျှော်လင့်ချက်များ၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းမှတစ်ဆင့် ဤမျှော်လင့်ချက်များသည် တစ်ကိုယ်ကောင်းဆန်ကြောင်း၊ လူ့သဘာဝနှင့် ဆန့်ကျင်ကြောင်းနှင့် မိဘများ၏ တာဝန်ဝတ္တရားများနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်းကို ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ မိဘများသည် မိမိတို့၏ သားသမီးများအပေါ် မျှော်လင့်ချက်များနှင့် တောင်းဆိုချက်အမျိုးမျိုးကို အတင်းအကျပ် သက်ရောက်စေသည့်အခါ ၎င်းတို့အပေါ် အလွန်အမင်း ပိုလျှံသော ဖိအားတစ်ခုကို သက်ရောက်စေခြင်းဖြစ်သည်၊ ဤသည်မှာ ၎င်းတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်း မဟုတ်ပေ။ သို့ဆိုလျှင် မိဘများ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများမှာ အဘယ်နည်း။ အနည်းဆုံးတော့ ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ရိုးသားသောသူများဖြစ်ရန်၊ ရိုးသားသောစကားကို ပြောဆိုရန်နှင့် အမှုအရာများကို ရိုးသားစွာ လုပ်ဆောင်ရန် သင်ကြားပေးသင့်သည့်အပြင် ၎င်းတို့ကို ကြင်နာတတ်သောစိတ်နှလုံးရှိသူများ ဖြစ်လာစေရန်နှင့် မကောင်းမှုများကို မပြုလုပ်ရန် သင်ကြားပေးကာ အပြုသဘောဆောင်သော လမ်းကြောင်းတစ်ခု၌ လမ်းညွှန်ပေးသင့်သည်။ ဤသည်တို့မှာ ၎င်းတို့၏ အခြေခံအကျဆုံးသော တာဝန်ဝတ္တရားများ ဖြစ်ကြသည်။ ထို့အပြင် ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ၎င်းတို့၏ အစွမ်းအစနှင့် အခြေအနေများပေါ်မူတည်၍ လက်တွေ့ကျသော အသိပညာနှင့် ကျွမ်းကျင်မှုများကို လေ့လာရန် စသည်ဖြင့် လမ်းညွှန်ပေးသင့်သည်။ အကယ်၍ မိဘများသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို နားလည်ပါက ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ရှုစေပြီး သမ္မာတရားကို လက်ခံစေသင့်သည်၊ သို့မှသာ ၎င်းတို့သည် ဖန်ဆင်းရှင်ကို သိရှိလာမည်ဖြစ်ပြီး လူသားများကို ဘုရားသခင်က ဖန်ဆင်းခဲ့ကြောင်းနှင့် ဤစကြဝဠာတွင် ဘုရားသခင် တည်ရှိတော်မူကြောင်းကို နားလည်လာမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ဘုရားသခင်ထံ ဆုတောင်းရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ဦးဆောင်သင့်သည်၊ သို့မှသာ ၎င်းတို့သည် အချို့သော သမ္မာတရားများကို နားလည်နိုင်မည်ဖြစ်ပြီး ကြီးပြင်းလာပြီးနောက်တွင် ဘုရားသခင်ကို ယုံကြည်နိုင်မည်ဖြစ်ကာ ဘုရားသခင်နောက်လိုက်နိုင်မည်ဖြစ်ပြီး လောကီရေးရာ ခေတ်ရေစီးကြောင်းများနောက် လိုက်ခြင်း၊ အမျိုးမျိုးသော ရှုပ်ထွေးသည့် လူအချင်းချင်း ဆက်ဆံရေးများအတွင်း ပိတ်မိနေခြင်းနှင့် ဤလောက၏ အမျိုးမျိုးသော ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများ၏ သွေးဆောင်ဖြားယောင်းခြင်း၊ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် နင်းခြေဖျက်ဆီးခြင်းတို့ကို ခံရမည့်အစား ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်မည် ဖြစ်သည်။ ဤသည်တို့မှာ မိဘများ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများ အမှန်တကယ်ပင် ဖြစ်ကြသည်။ ၎င်းတို့ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများမှာ မိဘများ၏ အခန်းကဏ္ဍ၌ မိမိတို့၏ သားသမီးများ အရွယ်မရောက်မီ ၎င်းတို့အား အပြုသဘောဆောင်သော လမ်းညွှန်မှုနှင့် သင့်လျော်သော အကူအညီများ ပေးရန်အပြင် နေ့စဉ်သုံးလိုအပ်ချက်များနှင့်ပတ်သက်၍ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အသက်တာများတွင် ၎င်းတို့ကို အချိန်မီ ဂရုစိုက်စောင့်ရှောက်ရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့၏ သားသမီးများ ဖျားနာပါက မိဘများသည် လိုအပ်သည့်အခါတိုင်း ၎င်းတို့ကို ဆေးကုသမှု ခံယူစေသင့်သည်၊ ၎င်းတို့သည် မိမိတို့၏ သားသမီးများ၏ ကျောင်းစာများ နောက်ကျမည်ကို စိုးရိမ်သည့်အတွက် ၎င်းတို့ကို ကျောင်းဆက်တက်စေပြီး ဆေးကုသမှုကို လျစ်လျူရှုခြင်း မပြုသင့်ပေ။ ၎င်းတို့၏ သားသမီးများ ပြန်လည်ကျန်းမာလာစေရန် အနားယူရန် လိုအပ်သည့်အခါ ၎င်းတို့ကို အနားယူခွင့်ပြုရမည်ဖြစ်ပြီး အနားယူရန် လိုအပ်သည့်အခါ အနားယူခွင့်ပြုရမည် ဖြစ်သည်။ ၎င်းတို့၏ သားသမီးများ၏ ကျန်းမာရေးကို သေချာစေခြင်းသည် မဖြစ်မနေလုပ်ဆောင်ရမည့်အရာ ဖြစ်သည်၊ အကယ်၍ သားသမီးများသည် ၎င်းတို့၏ ကျောင်းစာများတွင် နောက်ကျကျန်ရစ်ပါက မိဘများသည် နောက်ပိုင်းတွင် ယင်းကို ပြန်လည်ကာမိစေရန် နည်းလမ်းတစ်ခု ရှာဖွေနိုင်သည်။ ဤသည်တို့မှာ မိဘများ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများ ဖြစ်ကြသည်။ တစ်ဖက်တွင် ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ခိုင်မာသော အသိပညာများ ရရှိစေရန် ကူညီရမည်၊ အခြားတစ်ဖက်တွင် ၎င်းတို့သည် မိမိတို့၏ သားသမီးများကို လမ်းမှန်ပေါ် လျှောက်လှမ်းနိုင်စေရန် လမ်းညွှန်ပြီး ပညာပေးရမည်ဖြစ်ကာ ၎င်းတို့သည် လူ့အဖွဲ့အစည်း၏ မကောင်းသော လားရာများနှင့် ဆိုးယုတ်သော အလေ့အကျင့်များ၏ လွှမ်းမိုးခြင်းကို မခံရစေရန် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သေချာစေရမည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သေချာစေရန်အလို့ငှာ သင့်လျော်သော လေ့ကျင့်ခန်းများကို အလေးထားလုပ်ဆောင်စေရမည်။ ဤသည်တို့မှာ မိဘများက မိမိတို့၏ သားသမီးများအပေါ် မည်သည့် လက်တွေ့မကျသော မျှော်လင့်ချက်များ သို့မဟုတ် တောင်းဆိုချက်များကိုမဆို အတင်းအကျပ် သက်ရောက်စေမည့်အစား လုပ်ဆောင်သင့်သော အမှုအရာများ ဖြစ်ကြသည်။ မိဘများသည် မိမိတို့၏ သားသမီးများ ၎င်းတို့၏ ဝိညာဉ်အတွက် လိုအပ်သော အမှုအရာများနှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အသက်တာများတွင် လိုအပ်သော အမှုအရာများ နှစ်မျိုးစလုံးနှင့်ပတ်သက်၍ မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရမည်။ ၎င်းတို့သည် အနွေးဓာတ်ရှိသော အစားအစာများကို စားသင့်ပြီး အအေးစာများကို မစားသင့်ကြောင်း၊ ရာသီဥတု အေးသည့်အခါ အအေးမိခြင်း သို့မဟုတ် တုပ်ကွေးမိခြင်းကို ရှောင်ရှားရန် အနွေးထည်များ ဝတ်ဆင်သင့်ကြောင်းကဲ့သို့သော အချို့သော သာမန်အသိပညာများကို ၎င်းတို့အား ပြောပြသင့်ပြီး မိမိတို့၏ ကိုယ်ပိုင်ကျန်းမာရေးကို ဂရုစိုက်တတ်စေရန် ကူညီပေးသင့်သည်။ ထို့အပြင် ၎င်းတို့၏ သားသမီးများ၏ နုနယ်သောစိတ်ထဲတွင် ၎င်းတို့၏ အနာဂတ်များနှင့်ပတ်သက်၍ ကလေးဆန်ပြီး မရင့်ကျက်သော အတွေးအခေါ်အချို့ သို့မဟုတ် အစွန်းရောက်သော အတွေးအခေါ်အချို့ ပေါ်ပေါက်လာသည့်အခါ မိဘများသည် ဤအရာကို ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အား မှန်ကန်သော လမ်းညွှန်မှု ပေးရမည်ဖြစ်ပြီး ထိုကလေးဆန်သော စိတ်ကူးယဉ်မှုများနှင့် အစွန်းရောက်သော အမှုအရာများကို ပြုပြင်ပေးရမည်၊ သို့မှသာ ၎င်းတို့၏ သားသမီးများသည် ဘဝ၏ လမ်းမှန်ပေါ်သို့ စတင်လျှောက်လှမ်းနိုင်မည် ဖြစ်သည်။ ဤသည်မှာ မိဘများ၏ တာဝန်ကို ဖြည့်ဆည်းနေခြင်းဖြစ်သည်။ တစ်ဖက်တွင် မိဘ၏ တာဝန်ကို ဖြည့်ဆည်းခြင်းသည် မိမိတို့၏သားသမီးကို ဂရုစိုက်ခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင် မိမိတို့၏သားသမီးကို လမ်းညွှန်အကြံပြုခြင်းနှင့် ပြုပြင်ပေးခြင်း၊ မှန်ကန်သော အတွေးများ၊ အမြင်များနှင့်ပတ်သက်ပြီး ၎င်းတို့အား လမ်းပြပေးခြင်း ဖြစ်သည်။ မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်များသည် အမှန်တကယ်တွင် သားသမီးများအပေါ် ၎င်းတို့၏ မျှော်မှန်းချက်များနှင့် လုံးဝ မသက်ဆိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ကိုယ့်သားသမီးတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာကို သင်ယူခဲ့ရတယ်။ မိဘတွေအနေနဲ့ ကိုယ့်ရဲ့မျှော်လင့်ချက်တွေ၊ တောင်းဆိုချက်တွေကို သားသမီးတွေအပေါ်မှာ မပုံချသင့်ဘူး။ မိဘတွေရဲ့တာဝန်က အသက်အရွယ်အလိုက် ကလေးတွေရဲ့ အစွမ်းအစ၊ လိုအပ်ချက်တွေနဲ့ အခြေအနေမှန်တွေပေါ် အခြေခံပြီး အပြုသဘောဆောင်တဲ့ လမ်းညွှန်မှုနဲ့ အကူအညီတွေပေးဖို့ပဲ။ ကလေးတွေ ငယ်ရွယ်ချိန်မှာ ဘယ်လို စကားပြောရမယ်ဆိုတာကို သင်ပေးရမယ်၊ သူတို့ရဲ့ကျန်းမာရေးကိုလည်း ကောင်းကောင်းဂရုစိုက်ပေးရမယ်။ သူတို့ အသက်ကြီးလာတဲ့အခါ၊ မကောင်းတဲ့ အပြုအမူတွေ မလုပ်ဖို့၊ လောကရဲ့ဆိုးယုတ်တဲ့ ရေပန်းစားမှုတွေနောက် မလိုက်ဖို့နဲ့ အစွန်းရောက် အတွေးအခေါ်တွေမရှိဖို့ ကျွန်မတို့ လမ်းညွှန်ပေးသင့်တယ်။ သူတို့ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာနိုင်အောင် ကျွန်မတို့က သူတို့ကို မှန်မှန်ကန်ကန် တိုင်ပင်ဆွေးနွေးပေးသင့်တယ်။ သူတို့ကို ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းနဲ့ အချုပ်အခြာအာဏာကို နားလည်ခွင့်ပေးသင့်တယ်၊ အရေးကိစ္စတွေဖြစ်လာတဲ့အခါ ဘုရားသခင်ကို ဆုတောင်းပြီး အားကိုးဖို့ လမ်းညွှန်ပြီး ဘုရားနှုတ်ကပတ်တော်တွေဖတ်ဖို့ ဦးဆောင်ပေးသင့်တယ်။ ဒီအရာတွေကို နားလည်ပြီးတဲ့နောက်မှာတော့၊ ကျွန်မ သားကို ဝေဖန်တာ၊ မကျေမနပ်ပြောတာတွေ မလုပ်တော့ဘူး၊ သူကလည်း ကျွန်မနဲ့ ရင်ထဲကစကားတချို့ကို ပြောဖို့ဆန္ဒရှိလာတယ်။ သူ အခု ချမ်းချမ်းသာသာနဲ့ နေထိုင်နေရတာမဟုတ်ပေမဲ့၊ သူ့မျက်နှာပေါ်မှာ အရင်ကမရှိခဲ့တဲ့ အပြုံးတစ်ခုရှိနေတယ်။ ကျွန်မလည်း ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်လိုက်တော့ စိတ်နှလုံးထဲမှာ လွတ်မြောက်သွားသလို ခံစားရတယ်။ ဒီလိုပျော်ရွှင်မှုမျိုးက ပိုက်ဆံနဲ့ ဝယ်လို့မရပါဘူး။

အရှေ့သို့- ၇။ ကံတရားအပေါ် အခြေခံပြီး ကိစ္စများကို သုံးသပ်ခြင်းက မှန်ကန်သလား

နောက်တစ်ခုသို့- ၉။ နှင်ထုတ်ခြင်းခံရပြီးနောက် ဆင်ခြင်သုံးသပ်ခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။