၉၁။ သိမ်ငယ်စိတ်ကို နှုတ်ဆက်ခြင်း
ကျွန်မက ငယ်ငယ်ကတည်းက၊ အတော်လေး တသီးတသန့်နေတတ်တယ်။ စကားပြောရတာ မကြိုက်သလို လူတွေကို နှုတ်ဆက်ရတာလည်း မကြိုက်ဘူး။ အပြင်ထွက်ပြီး အိမ်နီးချင်းတွေ အပြင်မှာ စကားပြောနေတာကို မြင်တဲ့အခါ ကျွန်မ တကယ်ကို စိတ်လှုပ်ရှားတတ်တယ်။ ဒါကြောင့် လုံးဝ မလိုအပ်ရင် အပြင်ထွက်တာကို ကျွန်မ ရှောင်ခဲ့တယ်။ ကျောင်းတက်ပြီး တစ်ခုခုမေးဖို့ ဆရာတွေကို ခေါ်ဖို့လိုတဲ့အခါမှာ ဘယ်လို စကားစရမှန်းမသိလို့ အဖေ့ကိုပဲ ကျွန်မကိုယ်စား ပြောခိုင်းရတယ်။ အဖေက တကယ်ကို စိတ်ဆိုးသွားပြီး ကျွန်မကို တခြားကလေးတွေလောက် ယုံကြည်စိတ်ချမှုမရှိဘူးလို့ မကျေမနပ်ပြောတယ်။ ကျွန်မရဲ့ အဒေါ်ကလည်း ခဏခဏ ပြောတယ်၊ “နင့်ပါးစပ်ကို တိပ်နဲ့ ကပ်ထားသလိုပဲ။ ဒီအတိုင်းသာ ဆက်သွားရင် ဘာမှ ရေရေရာရာ ဖြစ်ဖြစ်မြောက်မြောက်ဖြစ်မှာ မဟုတ်ဘူး”တဲ့။ သူတို့ရဲ့ မှတ်ချက်စကားတွေက ကျွန်မခေါင်းထဲမှာ ခဏခဏ ပဲ့တင်ထပ်နေပြီး တစ်ခါတလေ ကျွန်မ စိတ်ပျက်စရာကောင်းပုံကြောင့် ကျွန်မ ငိုမိတယ်။ စကားမပြောတတ်တာ၊ လူကြီးတွေကို စိတ်ချမ်းသာအောင် မလုပ်ပေးနိုင်တာတွေအတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိတယ်။ စကားပြောကောင်းပြီး အနီးဝန်းကျင်ကို အသက်ဝင်လာအောင် လုပ်နိုင်တဲ့သူတွေကို ကျွန်မ မကြာခဏ အားကျခဲ့တယ်။ ကောလိပ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ စုဝေးပွဲတွေ ထက်ခဲ့တယ်။ လူတိုင်းက သူတို့ရဲ့ အတွေ့အကြုံဆိုင်ရာ နားလည်မှုတွေကို ဖွင့်ဟ၊ မိတ်သဟာယဖွဲ့ကြပြီး ဘယ်သူကမှ ဘယ်သူ့ကိုမှ မလှောင်ကြတာကို တွေ့ရတော့ ကျွန်မလည်း ဘာဘောင်ခတ်တာမျိုးမှ မခံရဘဲ လွတ်လွတ်လပ်လပ် ဖွင့်ပြောပြီး မိတ်သဟာယဖွဲ့နိုင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ အတူရှိနေရတာက တကယ်ကို စိတ်ပေါ့ပါးပြီး လွတ်လပ်မှုကို ခံစားရပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာတော့ ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းပေးပြီး အစ်မ ဝမ်လုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ဆက်ဆံပြောဆိုမှုကတစ်ဆင့် ဒီအစ်မက အစွမ်းအစကောင်းတယ်၊ ပြောဆိုနိုင်စွမ်းရှိပြီး သမ္မာတရားကိုလည်း ကောင်းကောင်းနားလည်တယ်ဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ စုဝေးပွဲတွေမှာဆို သူက ယုံကြည်သူအသစ်တွေရဲ့ အခြေအနေတွေအလိုက် မိတ်သဟာယဖွဲ့ပေးနိုင်ပြီး လူသစ်တွေကလည်း နားထောင်ရင်းနဲ့ မကြာမကြာ ခေါင်းတငြိမ့်ငြိမ့် လုပ်နေကြတာပေါ့။ ဒါကို မြင်တော့ ကျွန်မလည်း အလိုလိုနေရင်း ခေါင်းငုံ့ပြီး တွေးမိတယ်၊ “ဒါ တကယ်ပဲ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာတဲ့ သူတစ်ယောက်ပဲ။ သူ့ရဲ့ပြောပုံဆိုပုံက တကယ်ကို တစ်ခုခုတော့တစ်ခုခုပဲ။ ဒါပေမဲ့ ငါ့မှာတော့၊ ယုံကြည်သူအသစ်တွေမေးတဲ့ မေးခွန်းတွေကို မိတ်သဟာယဖွဲ့ပေးဖို့ အကြာကြီး စဉ်းစားရတယ်၊ ပြီးတော့ ငါပြောတဲ့စကားတွေကလည်း ဝမ်လုပြောသလောက် မပြေပြစ်ဘူး၊ အသေးစိတ်မကျဘူး။ ငါ ဘာလို့ အရမ်းချို့တဲ့နေတာလဲ။ သူ့နောက်မှာ ငါ မိတ်သဟာယဖွဲ့ရမယ်ဆိုရင်၊ ငါ သူ့လောက် မတော်တာကို လူသစ်တွေက သတိပြုမိသွားမှာပဲ။ ထားလိုက်ပါ။ ဘာကိုမှ မပြောတာပဲ ကောင်းမယ်ထင်တယ်။ အဲဒီလိုနဲ့ ယှဉ်ကြည့်ရင် ငါက ဘာမှမဟုတ်သလို ထင်ရမှာ မဟုတ်ဘူး”လို့ပေါ့။ အဲဒီနောက်မှာ၊ ကောင်းကောင်း မပြောခဲ့ရင် သူ ကျွန်မကို အထင်သေးမှာ စိုးရိမ်ရင်းနဲ့ ဝမ်လုနဲ့ လုပ်တဲ့ စုဝေးပွဲတွေမှာ ကျွန်မ စကားပြောဖို့ ကြောက်ခဲ့တယ်။ တစ်ခါတော့ လူသစ်တစ်ယောက်က ဧဝံဂေလိ ဟောပြောရာမှာ အခက်အခဲတွေ ကြုံရပြီး ဝမ်လုက ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုနဲ့ပတ်သက်လို့ ရိုးရိုးပဲ ပြောသွားတယ်။ ကျွန်မက အဲဒီနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့အတွက် တစ်ခုခုဖြည့်စွက်ပြောချင်ခဲ့ပေမဲ့ နောက်တော့ တွေးမိတယ်၊ “ဝမ်လုက ဒီမှာရှိတော့၊ ငါ ကောင်းကောင်းမပြောနိုင်ရင် မိတ်သဟာယပြုဖို့ ငါက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်လို့ သူ ထင်သွားမလား” ပေါ့။ ဒါနဲ့ စကားတွေက နှုတ်ဖျားကို ရောက်နေပေမဲ့ ပြောထွက်ဖို့ သတ္တိမရှိခဲ့ဘဲ ဝမ်လုထွက်သွားမှပဲ ကျွန်မ မိတ်သဟာယဖွဲ့ခဲ့တော့တယ်။ နောက်တစ်ခါ ကျွန်မက ဝမ်လု၊ အစ်မ လီဟွာတို့နဲ့အတူ လူသစ်တွေနဲ့ စုဝေးပွဲတစ်ခုမှာ ရှိနေခဲ့တယ်။ ကျွန်မ လူသစ်တွေရဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ အကျဉ်းချုပ်မေးပြီး လူသစ်တစ်ယောက်က သူ့အခက်အခဲတွေကို ဝေမျှခဲ့တယ်။ ဒီအခြေအနေကနေ သင်ခန်းစာဘယ်လိုယူရမလဲဆိုတာကို ကျွန်မ လူသစ်ကို မိတ်သဟာယပြုပြီး လမ်းညွှန်ပေးမလို့ပဲ၊ ဒါပေမဲ့ အစ်မနှစ်ယောက်လုံးရှိနေတာကို တွေးမိပြီး သူတို့က အစွမ်းအစလည်းကောင်း၊ ပြောနိုင်ဆိုနိုင်စွမ်းလည်းရှိတော့ စိုးရိမ်စိတ်ဝင်လာတယ်၊ “ငါက စကားပြောမကောင်းဘူး၊ ငါသာ တောင်စဉ်ရေမရ ပြောမိရင် သူတို့ ငါ့ကို ဘယ်လိုထင်သွားကြမလဲ” ပေါ့။ ကျွန်မ အတန်ကြာ စကားမပြောဘနေတာကို မြင်တော့၊ လီဟွာက မိတ်သဟာယကို အမြန်တာဝန်ယူလိုက်တယ်။ လူသစ်တွေနဲ့တွေ့တာ သူ့ရဲ့ ပထမဆုံးအကြိမ်ဖြစ်ပေမဲ့ သူက သူတို့နဲ့ အလိုလို စကားပြောနိုင်ခဲ့တယ်။ ဝမ်လုနဲ့ လီဟွာက တစ်ယောက်တစ်လှည့် မိတ်သဟာယဖွဲ့နေကြတာကို ကြည့်ရင်းနဲ့ ကျွန်မ တကယ်ကို အားကျမိပြီး တွေးမိတယ်၊ “ရေလောင်းသူတွေဆိုတာ ဒီအစ်မတွေလို အစွမ်းအစရှိပြီး စကားပြောကောင်းတဲ့၊ ပွင့်လင်းတဲ့ပင်ကိုစရိုက်ရှိတဲ့သူတွေ ဖြစ်သင့်တယ်” လို့ တွေးမိတာပေါ့။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားမိတယ်။ စုဝေးပွဲတစ်လျှောက်လုံး ကျွန်မ စကားမပြောသလောက်ဖြစ်ခဲ့ပြီး အပြင်လူတစ်ယောက်လိုပဲ ခံစားရတယ်။ တခြားသူတွေလို ပွင့်ပွင့်လင်းလင်း ဘာလို့မိတ်သဟာယမဖွဲ့နိုင်ရတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိတယ်။ ခဏခဏ စကားပြောရတဲ့ ဒီလိုတာဝန်မျိုးနဲ့ ကျွန်မက မသင့်တော်တာများလားပေါ့။ အစွမ်းအစကောင်းပြီး ပြောဆိုဆက်ဆံရေးကောင်းတဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးပွဲလုပ်ရတိုင်း ကျွန်မ အရမ်းစိတ်လှုပ်ရှားတယ်၊ မိတ်သဟာယဖွဲ့တာ မကောင်းရင် လူတွေက အထင်သေးမှာကို ကြောက်ပြီး သိနားလည်မှုတစ်ခု ရှိခဲ့ချိန်မှာတောင် မဝေမျှရဲခဲ့ဘူး။ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်သင့်တဲ့အတိုင်း ကျွန်မ မထမ်းဆောင်နိုင်ခဲ့ဘူး။ ဒါကြောင့် ဒီအခြေအနေကို ဖြေရှင်းပြီး ကိုယ့်တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်ဖို့ နည်းလမ်းတစ်ခုရှာရင်းနဲ့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်။
တစ်နေ့မှာတော့ ကိုယ့်အခြေအနေကို ပြောသလို ခံစားရတဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ သတိရပြီး ရှာဖတ်ကြည့်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အချို့သောလူတို့သည် ငယ်စဉ်ကတည်းက ဉာဏ်ထိုင်းကြပြီး စကားကို လုံးစေ့ပတ်စေ့ မပြောတတ်ကြသည့်အပြင် ရုပ်ရည်မပြေပြစ်ကြသောကြောင့် ၎င်းတို့၏ မိသားစုများနှင့် လူ့အဖွဲ့အစည်းရှိ အခြားသူတို့က ၎င်းတို့နှင့်ပတ်သက်၍ အပျက်သဘောဆောင်သော မှတ်ချက်အချို့ကို ပေးကြသည်။ ဥပမာအားဖြင့် လူတို့က ‘ဤကလေးသည် ဉာဏ်ထိုင်းသည်၊ သူသည် အမှုအရာများအပေါ် တုံ့ပြန်မှုနှေးကွေးပြီး စကားပြောရာတွင် ညံ့ဖျင်းသောသူတစ်ဦး ဖြစ်သည်။ ထိုသူ၏ ကလေးကို ကြည့်ပါဦး၊ သူမ၏ ချိုချိုသာသာ စကားပြောဆိုခြင်းက လူတို့ကို အမှန်တကယ်ပင် စွဲဆောင်သည်။ ဤကလေးသည် လူတို့နှင့် တွေ့သောအခါ အဘယ်အရာ ပြောရမည်ကို သို့မဟုတ် လူတို့ကို မည်သို့ ပျော်ရွှင်စေရမည်ကို မသိသည့်အပြင် သူ အမှားတစ်စုံတစ်ရာ လုပ်မိသောအခါတွင်လည်း မိမိကိုယ်ကို မည်သို့ ရှင်းပြရမည် သို့မဟုတ် မှန်ကြောင်း ရှင်းချက်ထုတ်ရမည်ကို မသိပေ။ ဤကလေးသည် လူအတစ်ဦး ဖြစ်သည်’ ဟု ပြောဆိုကြမည်ဖြစ်သည်။ ၎င်းတို့၏ မိဘများက ဤသို့ ပြောဆိုကြပြီး ၎င်းတို့၏ ဆွေမျိုးများ၊ မိတ်ဆွေများနှင့် ဆရာများကလည်း ထိုသို့ပင် ပြောဆိုကြသည်။ ဤပတ်ဝန်းကျင်သည် ထိုသို့သော လူတစ်ဦးချင်းစီအပေါ်တွင် မသိမသာ ဖိအားတစ်ခု သက်ရောက်စေပြီး ၎င်းတို့အား စိတ်သဘောထားတစ်မျိုးကို အမှုမဲ့အမှတ်မဲ့ ဖြစ်ပေါ်စေသည်။ အဘယ်သို့သော စိတ်သဘောထားမျိုးနည်း။ ၎င်းတို့သည် မိမိတို့ ရွက်ကြမ်းရေကျိုဖြစ်ပြီး မည်သူမျှ မိမိတို့၏ ရုပ်ရည်ကို မနှစ်သက်ဟုလည်းကောင်း၊ မိမိတို့၏ ပညာရေးတွင် အဆင့်ကောင်းများ မရရှိသည့်အပြင် တုံ့ပြန်မှု နှေးကွေးသည်ဟုလည်းကောင်း ခံစားကြရသည်။ ၎င်းတို့သည် အခြားသူများကို မြင်သောအခါ ပါးစပ်ဖွင့်၍ စကားပြောရန် အစဉ်သဖြင့် ရှက်ကြောက်နေကြပြီး လူတို့က ၎င်းတို့အား တစ်စုံတစ်ရာ ပေးသောအခါ ကျေးဇူးတင်စကား ပြောဆိုရန် အလွန် ရှက်ကြောက်နေကြသည်။ ၎င်းတို့က ‘အဘယ်ကြောင့် ငါသည် ဤသို့ စကားပြောရာတွင် ညံ့ဖျင်းရသနည်း။ အဘယ်ကြောင့် အခြားလူတို့သည် ဤသို့ စကားအလွန်တတ်ကြရသနည်း။ ငါသည် တုံးအသူတစ်ဦးသာ ဖြစ်သည်’ ဟု မိမိတို့ဘာသာ တွေးထင်ကြသည်။ မသိစိတ်ထဲတွင် ၎င်းတို့သည် မိမိတို့ အလွန်ပင် အသုံးမကျဟု ထင်ကြသော်လည်း ထိုသို့ အသုံးမကျခြင်း၊ ထိုသို့ တုံးအခြင်းကို ဝန်ခံရန်ကား မလိုလားကြသေးပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ‘ငါသည် တကယ်ပင် ထိုသို့ တုံးအနေသလော။ ငါသည် တကယ်ပင် ထိုသို့ မနှစ်သက်ဖွယ်ကောင်းသလော’ ဟု မိမိတို့ကိုယ်ကို မကြာခဏ မေးလေ့ရှိကြသည်။ ၎င်းတို့၏ မိဘများက ၎င်းတို့ကို မနှစ်သက်ကြသကဲ့သို့ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများ၊ ဆရာများနှင့် အတန်းဖော်များကလည်း မနှစ်သက်ကြပေ။ အခါအားလျော်စွာလည်း ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် မိတ်ဆွေများက ၎င်းတို့နှင့်ပတ်သက်၍ ‘သူသည် အရပ်ပုသည်၊ သူ၏ မျက်လုံးနှင့် နှာခေါင်းတို့သည် သေးငယ်ပြီး ထိုသို့သော ရုပ်ရည်ဖြင့် သူကြီးလာသောအခါ များစွာ အရာရောက်မည်မဟုတ်ပေ’ ဟု ပြောဆိုကြသည်။ ဤပတ်ဝန်းကျင်မျိုးတွင် ၎င်းတို့သည် အစပိုင်း၌ မိမိတို့၏ စိတ်နှလုံးထဲတွင် အတိုက်အခံလုပ်ခြင်းကို ခံစားရခြင်းမှ မိမိတို့၏ ပျော့ကွက်များနှင့် ချို့တဲ့မှုများကို တဖြည်းဖြည်း လက်ခံကာ အသိအမှတ်ပြုသည်အထိ ဖြစ်လာကြသော်လည်း တစ်ချိန်တည်းမှာပင် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာ၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ဤစိတ်ခံစားချက်ကို အဘယ်အရာဟု ခေါ်သနည်း။ သိမ်ငယ်စိတ် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) “အပေါ်ယံအားဖြင့် သိမ်ငယ်မှုသည် လူတို့တွင် ထင်ရှားသည့် စိတ်ခံစားမှုတစ်ခု ဖြစ်သည်။ သို့သော် အမှန်တွင် ထိုအရာ၏ ဖြစ်ကြောင်းရင်းမြစ်မှာ လူတို့ အသက်ရှင်နေထိုင်သည့် ဤလူမှုအဖွဲ့အစည်း၊ လူသားမျိုးနွယ်နှင့် ပတ်ဝန်းကျင်တို့ ဖြစ်သည်။ လူတို့၏ ကိုယ်ပိုင် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်များကလည်း ယင်းကို ဖြစ်ပေါ်စေသည်။ လူမှုအဖွဲ့အစည်းနှင့် လူသားမျိုးနွယ်သည် စာတန်ထံမှလာသည်မှာ သိသာထင်ရှားပေသည်။ ဆိုးယုတ်သူတစ်ဦး၏ တန်ခိုးအာဏာအောက်တွင် လူသားမျိုးနွယ်အားလုံး တည်သောကြောင့် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နက်ရှိုင်းစွာ ခံခဲ့ရပြီး မည်သူကမျှ နောက်မျိုးဆက်ကို သမ္မာတရားနှင့်အညီ၊ သို့မဟုတ် ဘုရားသခင်၏ သွန်သင်ချက်များနှင့်အညီ တကယ့်ကို မသွန်သင်နိုင်ဘဲ ထိုထက် စာတန်ထံမှ လာသည့် အရာများနှင့်အညီ သွန်သင်ကြလေသည်။ ထို့ကြောင့် နောက်မျိုးဆက်နှင့် လူသားမျိုးနွယ်ကို စာတန်နှင့်သက်ဆိုင်သည့် အမှုအရာများအား သွန်သင်ပေးခြင်း အကျိုးဆက်မှာ လူတို့၏ စိတ်သဘောထားများနှင့် အနှစ်သာရကို ဖောက်ပြန်ပျက်စီးစေခြင်းအပြင် လူတို့တွင် အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ ဖြစ်ပေါ်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများသည် ယာယီဖြစ်ပါက လူတစ်ဦး၏ ဘဝကို ကြီးမားသည့် သက်ရောက်မှုတစ်ခု ရှိလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် လူတစ်ဦး၏ အတွင်းကျကျ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်တို့အတွင်းတွင် အပျက်သဘောဆောင်သော စိတ်ခံစားမှုတစ်ခုသည် နက်ရှိုင်းစွာ အမြစ်တွယ်လာပြီး ထိုနေရာတွင် ဖျက်မရအောင် တွယ်ကပ်လာနေပါက ၎င်းတို့သည် ထိုအရာနှင့်ပတ်သက်၍ လုံးဝ မမေ့ပျောက်နိုင်ပါက၊ သို့မဟုတ် မဖယ်ရှားနိုင်ပါက ထိုလူ၏ ဆုံးဖြတ်ချက်တိုင်း၊ လူမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနှင့် အမှုအရာမျိုးစုံကို ၎င်းတို့ ချဉ်းကပ်သည့်နည်းလမ်း၊ စည်းမျဉ်းနှင့်ဆိုင်သည့် အဓိကကျသော ကိစ္စများကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့ ရွေးချယ်သည့်အရာနှင့် မိမိတို့ဘဝတွင် ၎င်းတို့ လျှောက်သည့် လမ်းကြောင်းတို့ကို သေချာပေါက် ထိခိုက်လိမ့်မည်။ ဤသည်မှာ တကယ့် လူမှုအဖွဲ့အစည်းက လူတစ်ဦးစီတိုင်းအပေါ် ရှိသည့် သက်ရောက်မှု ဖြစ်သည်။ အခြားသော သွင်ပြင်လက္ခဏာမှာ လူတို့၏ ကိုယ်ပိုင် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်များဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ကြီးပြင်းလာသည်နှင့်အမျှ မိမိတို့ ရရှိကြသည့် ပညာရေးနှင့် သွန်သင်မှုများ၊ ၎င်းတို့ လက်ခံသည့် ကျင့်ကြံပြုမူရန် နည်းလမ်းများနှင့်အတူ အတွေးများနှင့် စိတ်ကူးများအားလုံးအပြင် အမျိုးမျိုးသော လူသားအဆိုများ၊ အားလုံးသည် စာတန်ထံမှ လာသည်မှာ လူတို့က ၎င်းတို့ ကြုံရသည့် ဤပြဿနာများကို မှန်ကန်သည့် ရှုထောင့်အမြင်နှင့် ရှုထောင့်မှ ကိုင်တွယ်ပြီး ပပျောက်စေနိုင်စွမ်းမရှိသည်အထိပင် ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးမှပဲ ကျွန်မ နောက်ဆုံးတော့ နားလည်သွားတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးပွဲလုပ်တဲ့အခါ ကျွန်မ အမြဲတမ်း ဘောင်ခတ်ခံနေရတာက ကျွန်မမှာ ပြင်းထန်တဲ့ သိမ်ငယ်စိတ်ရှိနေလို့ပဲဆိုတာကို သဘောပေါက်သွားတယ်။ ငယ်ငယ်ကတည်းက ကျွန်မမိသားစုက ကျွန်မကို စကားမပြောတတ်ဘူး၊ လူကြီးတွေကို စိတ်ချမ်းသာအောင် မလုပ်ပေးတတ်ဘူး၊ တခြားသူတွေနဲ့ စကားပြောတဲ့အခါ ရှက်ပြီး တွန့်ဆုတ်နေတတ်တယ်။ ရှင်းရှင်းလင်းလင်းနဲ့ ယုံကြည်စိတ်ချမှုရှိရှိ စကားပြောတဲ့ တခြားလူတွေရဲ့ ကလေးတွေနဲ့ မတူဘူးလို့ အမြဲပြောခဲ့ကြတယ်။ ဒီစကားတွေရဲ့ လွှမ်းမိုးမှုအောက်မှာ ကျွန်မလို စကားကောင်းကောင်း မပြောတတ်တဲ့ ကလေးတွေကို ဘယ်သူမှ သဘောမကျဘူး၊ စကားပြောကောင်းပြီး ပွင့်လင်းတဲ့သူတွေကိုပဲ လူတွေက သဘောကျတယ်ဆိုတာကို ကျွန်မ သတိပြုမိလာတယ်။ အဲဒီ့အကျိုးဆက်အနေနဲ့ ကျွန်မက ခဏခဏ သိမ်ငယ်စိတ်ဝင်ပြီး လူမရှိတဲ့ထောင့်တွေမှာ ပုန်းနေရတာကို ပိုကြိုက်တယ်။ အခု အသင်းတော်မှာ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာတောင် ကျွန်မက သိမ်ငယ်စိတ်ရဲ့ လွှမ်းမိုးမှုကို ခံနေရတုန်းပဲ။ အစွမ်းအစကောင်းပြီး ပြောဆိုဆက်ဆံရေးကောင်းတဲ့သူတွေနဲ့ စုဝေးတဲ့အခါ ကျွန်မက သူများအောက်နိမ့်ကျတယ်လို့ ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အမြဲငြင်းပယ်မိတယ်။ ပြဿနာတချို့ကို နားလည်တဲ့အခါမှာတောင် မိတ်သဟာယမပြုရဲခဲ့ဘူး။ ပြီးတော့ အစ်မတွေနဲ့ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရုန်းကန်ခဲ့ရတယ်။ ဒီလို သိမ်ငယ်စိတ်နဲ့ အသက်ရှင်နေရတာက ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်စွမ်းအပေါ် တကယ်ကို ထိခိုက်စေတာပဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ပြီး ဒီသိမ်ငယ်တဲ့ စိတ်ခံစားချက်တွေကို မဖြေရှင်းခြင်းရဲ့ အကျိုးဆက်တွေအပေါ် သိနားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဤစိတ်ခံစားမှု သင့်အထဲတွင် ဖြစ်ပေါ်သည့်အခါ ခိုကိုးရာမဲ့သည်ဟုသင် ခံစားရသည်။ အမြင်တစ်ခု သင် ဖော်ပြရန် လိုအပ်သည့် ပြဿနာတစ်ခုကို သင် ကြုံရသည့်အခါ သင်၏ အတွင်းကျကျ စိတ်နှလုံးတွင် သင် ပြောလိုသည့် အရာနှင့် သင်ဖော်ပြရန် ဆန္ဒရှိသည့် အမြင်ကို အကြိမ်မည်မျှ သင်စဉ်းစားလိမ့်မည်မှာ မည်သူသိမည်နည်း။ သို့တိုင် သင်သည် ထိုအရာကို မိမိဘာသာပင် ထုတ်မပြောနိုင်ဘဲ ရှိနေဆဲ ဖြစ်သည်။ သင် စွဲကိုင်ခဲ့သည့် အလားတူ အမြင်ကို တစ်စုံတစ်ဦးက ဖော်ပြသည့်အခါ သင်သည် အခြားသူများထက် သာ၍ ညံ့ခြင်းမရှိဟူသည့် အတည်ပြုချက်၊ ခံယူချက်တစ်ခု သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင် ခံစားခွင့်ပေးလိုက်သည်။ သို့ရာတွင် အလားတူ အခြေအနေ တစ်ဖန် ဖြစ်ပျက်သည့်အခါ သင်က ‘ငါသည် သာမန်ကာလျှံကာ စကားမပြောနိုင်ပါ၊ မည်သည့်အရာကိုမျှ စိတ်မြန်လက်မြန် မလုပ်နိုင်ပါ၊ သို့မဟုတ် မိမိကိုယ်ကို အဟားခံရသူ ဖြစ်စေ၍ မရပါ။ ငါသည် မတော်ပါ၊ နုံအပါသည်၊ မိုက်မဲပါသည်၊ ငါသည် လူအတစ်ယာက်ဖြစ်ပါသည်။ စကားမပြောဘဲ မည်သို့ ပုန်းကွယ်ပြီး နားထောင်ရုံမျှ နားထောင်ရမည်ကို ကျွန်ုပ် သင်ယူရမည်’ဟု မိမိကိုယ်ကို သင်ပြောနေဆဲ ဖြစ်သည်။ ဤအရာမှ ကျွန်ုပ်တို့ မြင်နိုင်သည်မှာ သိမ်ငယ်မှု ခံစားချက်ဖြစ်ပေါ်သည့် အချိန်မှစ၍ လူတစ်ဦး၏ အတွင်းကျကျ စိတ်နှလုံးတွင် နက်ရှိုင်းစွာ အမြစ်တွယ်လာသည့်အချိန်ထိ ထိုသူသည် မိမိအပေါ် ဘုရားသခင် ပေးသနားခဲ့သည့် မိမိ၏ လွတ်လပ်သော အလိုဆန္ဒနှင့် သဘာဝကျသော လုပ်ပိုင်ခွင့်များ ပိတ်ပင်ခံရသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသူသည် ဤအရာများကို ခံစားခွင့်မရဘဲ ပိတ်ပင်ခံထားရပြီး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) “၎င်းတို့သည် သိမ်ငယ်ကြသောကြောင့် လူတို့ရှေ့ မသွားဝံ့ကြချေ။ မိမိတို့ ယူသင့်သည့် တာဝန်နှင့် ဝတ္တရားများကိုပင် မယူနိုင်ကြသကဲ့သို့ မိမိတို့၏ စွမ်းရည်နှင့် အစွမ်းအစ နယ်ပယ်အတွင်းနှင့် မိမိတို့ကိုယ်ပိုင် လူ့သဘာဝ အတွေ့အကြုံ နယ်ပယ်အတွင်းရှိ ၎င်းတို့ အမှန်တကယ် စွမ်းဆောင်ရရှိနိုင်စွမ်းရှိသည့်အရာကို တာဝန်မယူနိုင်ကြချေ။ ဤသိမ်ငယ်သော စိတ်ခံစားချက်သည် ၎င်းတို့ လူ့သဘာဝ၏ သွင်ပြင်လက္ခဏာတိုင်းကို ထိခိုက်၏။ ၎င်းတို့၏ တည်ကြည်မှုကို ထိခိုက်ပြီး ၎င်းတို့၏ ပင်ကိုစရိုက်ကိုလည်း ထိခိုက်သည်မှာ အမှန်ဖြစ်၏။ အခြားသူများအနီးတွင် ရှိချိန် ၎င်းတို့သည် မိမိတို့ ကိုယ်ပိုင် အမြင်များကို ဖော်ပြခဲကြပြီး ၎င်းတို့ကိုယ်ပိုင် ရှုထောင့်၊ သို့မဟုတ် အယူအဆအား ၎င်းတို့ ရှင်းသည်ကို တစ်ခါမျှ သင် မကြားရချေ။ ပြဿနာတစ်ခုကို ၎င်းတို့ ကြုံရသည့်အခါ စကားမပြောဝံ့ကြဘဲ ထိုအစား စဉ်ဆက်မပြတ် နောက်တွန့်ကာ နောက်ဆုတ်ကြလေသည်။ လူအနည်းငယ် ရှိသည့်အခါ ထိုသူတို့ကြားတွင် ထိုင်ရလောက်အောင် သတ္တိရှိကြသော်လည်း လူများစွာရှိသည့်အခါ အခြားသူများကြား မလာဝံ့ဘဲလျက် ထောင့်တစ်နေရာကို ရှာပြီး အလင်းရောင် မှိန်သည့်နေရာကို ဦးတည်ကြလေသည်။ တစ်စုံတစ်ရာကို ခိုင်မာစွာနှင့် တက်ကြွစွာ ပြောဆိုပြီး မိမိတို့ တွေးသည့်အရာ မှန်ကန်သည်ဟု ပြသရန် မိမိတို့ကိုယ်ပိုင် အမြင်များနှင့် အယူအဆများကို ဖော်ပြချင်သည်ဟု ၎င်းတို့ ခံစားရသည့်အခါတိုင်းတွင် ထိုသို့လုပ်ဆောင်ရန် သတ္တိပင် မရှိကြချေ။ ထိုသို့သော စိတ်ကူးများ ရှိသည့်အခါတိုင်းတွင် ၎င်းတို့၏ သိမ်ငယ်သော စိတ်ခံစားချက်သည် တစ်ပြိုင်နက် ပွင့်အံထွက်လာပြီး ‘မည်သည့်အရာကိုမျှ မပြောနှင့်။ သင်သည် မတော်ပါ။ သင်၏ အမြင်များကို မဖော်ပြနှင့်။ သင်၏ စိတ်ကူးများကို မိမိဘာသာ သိမ်းထားပါ။ သင်အမှန်တကယ် ပြောချင်သည့်အရာတစ်ခုခု သင့်စိတ်နှလုံးတွင်ရှိလျှင် ကွန်ပျူတာပေါ်တွင် မှတ်ချက်တစ်ခုသာ ပြုလုပ်ပြီး ထိုအရာကို မိမိဘာသာ ပြန်ပြောင်းစဉ်းစားပါ။ အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုအကြောင်းကို သင်သိခွင့်ပေးရမည်မဟုတ်။ တစ်စုံတစ်ရာ သင်အမှားပြောမိလျှင် မည်သို့ ဖြစ်မည်နည်း။ ယင်းမှာ အလွန်ပင် အရှက်ရစရာ ဖြစ်လိမ့်မည်’ဟု ၎င်းတို့ကို ပြောလျက် ၎င်းတို့ကို ထိန်းချုပ်ကာ ချုပ်တည်းစေလေသည်။ ဤအသံက သင်ပြောလိုသည့် စကားများကို ပြန်မျိုသိပ်စေလျက် ဤအရာကို မလုပ်ဆောင်ရန်၊ ထိုအရာကို မလုပ်ဆောင်ရန်၊ ဤအရာကို မပြောရန်၊ ထိုအရာကို မပြောရန် သင့်ကို ပြောမြဲပြောနေသည်။ သင့်စိတ်နှလုံးတွင် အချိန်ကြာမြင့်စွာ သင် ပြန်ပြောင်းတွေးနေခဲ့သည့် သင် ပြောလိုသောအရာ တစ်စုံတစ်ခုရှိသည့်အခါ သင် နောက်ဆုတ်ကာ ထိုအရာကို မပြောဝံ့ချေ၊ သို့မဟုတ်ပါက ထိုအရာကို သင် မပြောသင့်ဟု ယုံကြည်လျက် ပြောဆိုရန် ရှက်မိပြီး သင် ပြောမိပါက အချို့သော စည်းမျဉ်းများကို ဖောက်ဖျက်မိပြီး ဖြစ်သည့်အလား၊ ဥပဒေကို ချိူးဖောက်မိပြီးဖြစ်သည့်အလား သင် ခံစားလေသည်။ တစ်နေ့တွင် သင်၏ ကိုယ်ပိုင် အမြင်များကို သင် တက်ကြွစွာ ဖော်ပြသည့်အခါ သင့်စိတ်အတွင်းနက်နက်တွင် နှိုင်းယှဉ်၍မရအောင် စိတ်အနှောင့်အယှက်ဖြစ်ပြီး မသက်မသာ ခံစားရလေသည်။ အလွန် စိတ်မသက်မသာဖြစ်သည့် ဤခံစားချက်သည် တဖြည်းဖြည်း လျော့ပါးသွားသော်လည်း သင်၏ သိမ်ငယ်သော စိတ်ခံစားချက်သည် စကားပြောလိုခြင်း၊ မိမိကိုယ်ပိုင် အမြင်များကို ဖော်ပြလိုခြင်း၊ ပုံမှန်လူတစ်ဦး ဖြစ်လိုခြင်းနှင့် အခြားလူတိုင်းနှင့်သာ တူလိုခြင်းအတွက် သင် ရှိထားသည့် စိတ်ကူးများ၊ ရည်ရွယ်ချက်များနှင့် အစီအစဉ်များကို ဖြည်းညင်းစွာ ချုပ်တည်းလိုက်လေသည်။ သင့်ကို နားမလည်သူများက သင်သည် စကားနည်းသူ၊ နှုတ်ဆိတ်သူ၊ ရှက်တတ်သည့် ပင်ကိုစရိုက်ရှိသူ၊ လူအုပ်ထဲမှ မထင်ပေါ်ချင်သူတစ်ဦးအဖြစ် ယုံကြည်လိုက်သည်။ အခြားလူများစွာရှေ့တွင် သင် စကားပြောသည့်အခါ သင်သည် ရှက်တက်တက်ဖြစ်ပြီး မျက်နှာနီမြန်းသွားသည်။ သင်သည် အတော်အတန် တသီးတသန့်နေတတ်ပြီး အမှန်တွင် သင် သိမ်ငယ်နေသည်ကို သင်တစ်ဦးသာ သိ၏။ သင်၏ စိတ်နှလုံးသည် ဤသိမ်ငယ်သော စိတ်ခံစားချက်ဖြင့် ပြည့်နေပြီး ဤစိတ်ခံစားချက်သည် အချိန်ကြာမြင့်စွာ ထင်ရှားနေခဲ့သည်။ ယာယီဖြစ်သော စိတ်အနေအထားတစ်ခုခု မဟုတ်ချေ။ ထို့ထက် သင့်စိတ်ဝိညာဉ်၏ အတွင်းနက်နက်မှ သင်၏ အတွေးများကို တင်းကျပ်စွာ ထိန်းချုပ်လေသည်။ သင်၏ နှုတ်ကို တင်းကျပ်စွာ ပိတ်ပြီး ထို့ကြောင့် အမှုအရာများကို သင် မည်မျှ မှန်ကန်စွာ နားလည်သည်ဖြစ်စေ၊ သို့မဟုတ် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် မည်သည့် အမြင်များနှင့် အယူအဆများ သင်၌ ရှိသည်ဖြစ်စေ၊ မည်သည့်အခါတွင်မျှ ကျယ်ကျယ် မပြောဝံ့ဘဲလျက် အမှုအရာများကို သင်၏ ကိုယ်ပိုင်စိတ်နှလုံးထဲတွင်သာ စဉ်းစားပြီး ပြန်ပြောင်းတွေးဝံ့လေသည်။ သင်ပြောသည့်အရာကို အခြားလူများက လက်ခံမည်ဖြစ်စေ၊ သို့မဟုတ် သင့်ကို ပြုပြင်ကာ ဝေဖန်မည်ဖြစ်စေ၊ ထိုသို့သော ရလဒ်ကို သင် ရင်ဆိုင်ဝံ့၊ မြင်ဝံ့လိမ့်မည် မဟုတ်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင်၏ စိတ်ထဲတွင် ရှိသော သင်၏ သိမ်ငယ်သော စိတ်ခံစားချက်က ‘ထိုအရာကို မလုပ်နှင့်၊ သင်သည် ထိုအရာအတွက် တကယ်ကို စံမမီပါ။ ထိုအစွမ်းအစမျိုး သင်မရှိပါ။ ထိုလက်တွေ့ကျမှုမျိုး မရှိပါ၊ ထိုအရာကို သင်မလုပ်သင့်ပါ၊ သင်သည် ထိုပုံစံမျိုးမဟုတ်ပါ။ ယခု မည်သည့်အရာကိုမျှ မလုပ်၊ မည်သည့်အရာကိုမျှ မတွေးနှင့်။ သိမ်ငယ်မှုဖြင့် အသက်ရှင်ခြင်းအားဖြင့်သာ သင်သည် သင်အစစ်အမှန် ဖြစ်လိမ့်မည်။ သမ္မာတရားကို လိုက်စားရန်၊ သို့မဟုတ် သင်၏ စိတ်နှလုံးကို ဖွင့်ဟပြီး အခြားလူများ လုပ်ဆောင်သည့်အတိုင်း သင် ပြောလိုသည့်အရာပြောကာ အခြားသူများနှင့် ဆက်သွယ်ရန် သင် အရည်အချင်း မပြည့်မီပါ။ ယင်းမှာ သင်သည် မတော်သောကြောင့် သူတို့လောက် မတော်သောကြောင့် ဖြစ်သည်’ဟု သင့်ကို ပြောနေသောကြောင့် ဖြစ်သည်။ ဤသိမ်ငယ်သော စိတ်ခံစားချက်သည် လူတို့ စိတ်များထဲတွင် လူတို့၏ အတွေးများကို လမ်းညွှန်သည်။ ပုံမှန်လူတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်ဖြည့်ဆည်းခြင်းနှင့် ၎င်းတို့ အသက်ရှင်နေထိုင်သင့်သည့် ပုံမှန်လူ့သဘာဝနှင့်သက်ဆိုင်သော ဘဝကို အသက်ရှင်ခြင်းမှ ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ထားစဉ်တွင် လူများနှင့် အမှုအရာများကို ၎င်းတို့ မှတ်ယူပုံ၊ ၎င်းတို့ ကျင့်ကြံပြုမူကာ လုပ်ဆောင်ကြပုံနှင့်သက်ဆိုင်သည့် နည်းလမ်းနှင့် နည်းစနစ်များ၊ ဦးတည်ချက်နှင့် ရည်မှန်းချက်တို့ကိုလည်း ညွှန်ကြားလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားအိမ်တော်ကို ကျွန်မ ရောက်လာခဲ့ကတည်းက အချိန်ကို ပြန်ကြည့်တဲ့အခါ၊ ညီအစ်ကိုမောင်နှမတွေ စုဝေးပြီး ပွင့်ပွင့်လင်းလင်း မိတ်သဟာယဖွဲ့တာကို မြင်တဲ့အခါ ကျွန်မလည်း လွတ်မြောက်မှုကို ခံစားရတာကို သတိထားမိတယ်။ လူသစ်တွေကို ရေလောင်းတဲ့အခါ ကျွန်မရဲ့ သိနားလည်မှုကို ကျွန်မ မိတ်သဟာယပြုနိုင်ခဲ့ပြီး ဒါက လူသစ်တွေကို အကျိုးပြုခဲ့တယ်။ ဒါပေမဲ့ ဖော်ဖော်ရွေရွေနေတတ်ပြီး အစွမ်းအစကောင်းရှိတဲ့အပြင် ပြောဆိုဆက်ဆံရေးကောင်းတဲ့သူတွေကို ကြုံရတဲ့အခါ၊ ကျွန်မရဲ့ သိမ်ငယ်တဲ့ခံစားချက်တွေ ပေါ်လာခဲ့တယ်။ ဥပမာအနေနဲ့ ဝမ်လုနဲ့ စုဝေးပွဲတွေ တက်တဲ့အခါ၊ သူက ပြောနိုင်ဆိုနိုင်စွမ်းကောင်းပြီး သမ္မာတရားကို ကျွန်မထက်ပိုပြီး ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့နိုင်တာကို မြင်တော့ ကျွန်မက သူ့ထက်နိမ့်ကျတယ်လို့ ခံစားရတယ်။ သူ့မိတ်သဟာယမှာ အားနည်းချက်တွေရှိတာကို တွေ့လို့ တစ်ခုခုဖြည့်စွက်ပြောချင်ရင်တောင်မှ ကျွန်မမှာ ပြောထွက်ဖို့ သတ္တိမရှိဘူး၊ ကျွန်မသာ ကောင်းကောင်းမပြောနိုင်ရင် လူတွေက လှောင်ရယ်မှာကို ကြောက်လို့ နောက်ကိုပဲ တွန့်နေမိတယ်။ လီဟွာ၊ ဝမ်လုတို့နဲ့အတူ စုဝေးပွဲတွေ တက်တဲ့အခါမှာလည်း အတူတူပဲ။ စုဝေးပွဲတစ်လျှောက်လုံး ကျွန်မက လူအတစ်ယောက်လို၊ အပြင်လူတစ်ယောက်လို ခံစားခဲ့ရပြီး မိတ်သဟာယဖွဲ့သင့်တဲ့အချိန်မှာတောင် မပြောရဲခဲ့ဘူး။ ပါးစပ်က ကိုယ့်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပေမဲ့ အရေးကြီးတဲ့အချိန်တွေမှာ ကျွန်မစကားကို နားမထောင်တော့ဘူး။ အစ်မတွေနဲ့အတူ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့ပြီး လူသစ်တွေရဲ့ အခြေအနေနဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့အတွက် အသင်းတော်က ကျွန်မကို ယုံကြည်သူအသစ်တွေကို ရေလောင်းပေးဖို့ အခွင့်အရေးပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက သိမ်ငယ်စိတ်ရဲ့ ချည်နှောင်မှုကို ခံနေရပြီး မိတ်သဟာယဖွဲ့ချင်တာကို မဖွဲ့နိုင်ခဲ့ဘူး။ ကိုယ့်တာဝန်ကိုတောင် မထမ်းဆောင်နိုင်ခဲ့ဘူး။ ကျွန်မက လုံးဝအသုံးမကျတဲ့သူ ဖြစ်နေခဲ့တာ မဟုတ်ဘူးလား။ ဒါကို သဘေပေါက်သွားတော့ ကျွန်မ နားလည်သွားတယ်၊ ဒီလိုအပျက်သဘောဆောင်တဲ့ ခံစားချက်တွေနဲ့သာ ဆက်ပြီးအသက်ရှင်နေရင် ကိုယ့်တာဝန်ကို ထိခိုက်မှာဖြစ်ပြီး ကိုယ့်ရဲ့ အသက် ဝင်ရောက်မှုအတွက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်မှာပဲပေါ့။ ဒါနဲ့ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ဒီသိမ်ငယ်စိတ်နဲ့ အသက်ရှင်နေရတာ တော်တော်ကို ဖိနှိပ်ခံနေရသလိုပဲ။ ဒီအပျက်သဘောဆောင်တဲ့ ခံစားချက်တွေကို စွန့်ပစ်ပြီး ကိုယ့်အခန်းကဏ္ဍကို ဖြည့်ဆည်းနိုင်ဖို့ သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။
နောက်ပိုင်းမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးကြည့်တယ်၊ “အစွမ်းအစကောင်းတဲ့ အစ်မတွေနဲ့ အတူရှိတဲ့အခါတိုင်းမှာ ငါ ဘာလို့ မိတ်သဟာယဖွဲ့ဖို့ သတ္တိမရှိရတာလဲ” ပေါ့။ တစ်နေ့မှာတော့ ကျွန်မရဲ့အခြေအနေကို အစ်မတစ်ယောက်ဆီ ဖွင့်ဟလိုက်တော့ သူက ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိသားစုရှိ အကြီးအကဲများက သင့်အား ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟု မကြာခဏ ပြောဆိုသည့်အခါ ယင်းမှာ သင်သည် မိမိကိုယ်ကို အမြင်ကောင်းအောင် ပြုလုပ်ခြင်း၊ လေးစားဖွယ်ကောင်းသော ဘဝဖြင့် နေထိုင်ခြင်းတို့ကို အရေးထားစေရန်နှင့် သင့်အပေါ် ဂုဏ်သိက္ခာကျဆင်းစေမည့် အမှုအရာများကို မလုပ်ဆောင်စေရန် ဖြစ်သည်။ သို့ဆိုလျှင် ဤစကားသည် လူတို့ကို အပြုသဘောဆောင်သော နည်းလမ်းဖြင့် လမ်းညွှန်သလော သို့မဟုတ် အပျက်သဘောဆောင်သော နည်းလမ်းဖြင့် လမ်းညွှန်သလော။ ယင်းက သင့်ကို သမ္မာတရားဆီသို့ ပို့ဆောင်နိုင်သလော။ ယင်းက သင့်ကို သမ္မာတရားကို နားလည်စေရန် ပို့ဆောင်နိုင်သလော။ (မဖြစ်နိုင်ပါ၊ မပို့ဆောင်နိုင်ပါ။) အသေအချာဆုံးမှာမူ မပို့ဆောင်နိုင်ခြင်းပင်ဖြစ်သည်။ ဘုရားသခင်က လူတို့အပေါ် လိုအပ်သည့်အရာမှာ ၎င်းတို့ ရိုးသားရန် ဖြစ်သည်။ သင်သည် ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်ခဲ့သည့်အခါ၊ သို့မဟုတ် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်ခဲ့သည့်အခါ၊ သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ပြီး သမ္မာတရားနှင့် ဆန့်ကျင်သောအရာတစ်ခုကို လုပ်ဆောင်ခဲ့သည့်အခါ သင်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန်၊ သင်၏အမှားကို သိရှိရန်နှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စိတ်ဖြာလေ့လာဆွေးနွေးရန် လိုအပ်သည်၊ ဤနည်းလမ်းဖြင့်သာ သင်သည် စစ်မှန်သော နောင်တကို ရရှိနိုင်ပြီး ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ပြုမူနိုင်မည်ဖြစ်သည်။ ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ရန် လူတို့သည် မည်သို့သော စိတ်နေသဘောထားမျိုးကို ပိုင်ဆိုင်ရန် လိုအပ်သနည်း။ လိုအပ်သော စိတ်နေသဘောထားနှင့် ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသော စကားဖြင့် စံနမူနာပြထားသည့် ရှုမြင်ပုံအကြားတွင် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိသလော။ (ရှိပါသည်။) အဘယ်သို့ ကွဲလွဲမှုရှိသနည်း။ ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသော ဆိုရိုးသည် လူတို့အား ၎င်းတို့၏ တောက်ပပြီး အရောင်အသွေးစုံလင်သောဘက်ကို အသက်ရှင်နေထိုင်ရန်နှင့် မကောင်းသော သို့မဟုတ် ဂုဏ်သိက္ခာမဲ့သော အမှုအရာများကို လုပ်ဆောင်ခြင်း သို့မဟုတ် ၎င်းတို့၏ အကျည်းတန်သောဘက်ကို ဖော်ထုတ်ခြင်းအစား ၎င်းတို့ကို အကောင်းမြင်စေသည့် အမှုအရာများကို ပိုမိုလုပ်ဆောင်ရန် အရေးထားစေဖို့နှင့် ၎င်းတို့ကို လေးစားဖွယ်မကောင်းသော သို့မဟုတ် ဂုဏ်သိက္ခာမရှိသော ဘဝဖြင့် နေထိုင်ခြင်းမှ တားဆီးဖို့ ရည်ရွယ်သည်။ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက်၊ လူတစ်ဦး၏ ပုံရိပ်ကို ပြောင်မြောက်စေရန်အတွက်၊ လူတစ်ဦးသည် မိမိ၏ အမှောင်ဘက်နှင့် ရှက်ဖွယ်ကောင်းသော ကဏ္ဍများအကြောင်းကို အခြားသူများအား ပြောပြရန် မဆိုထားနှင့်၊ မိမိကိုယ်ကို လုံးဝတန်ဖိုးမရှိသူအဖြစ်ပင် မပြောဆိုနိုင်ပေ၊ အကြောင်းမှာ လူတစ်ဦးသည် လေးစားဖွယ်ကောင်းပြီး သိက္ခာရှိသော ဘဝဖြင့် နေထိုင်ရမည်ဖြစ်ပြီး ဂုဏ်ရှိရန်အတွက် ဂုဏ်သိက္ခာကို လိုအပ်ကာ ဂုဏ်သိက္ခာရှိရန်အတွက် ဟန်ဆောင်ပြီး မိမိကိုယ်ကို ပြင်ဆင်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းနှင့် မကွဲလွဲပေလော။ (ကွဲလွဲပါသည်။) သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်နေသည့်အခါ ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသော စကားကို သင် စွန့်လွှတ်ပြီးဖြစ်သည်။ သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်လိုပါက သင်၏ ပုံရိပ်ကို အရေးမထားနှင့်၊ လူတစ်ဦး၏ ပုံရိပ်သည် တစ်ပြားတစ်ချပ်မျှ မတန်ပေ။ သမ္မာတရားနှင့် ရင်ဆိုင်ရသည့်အခါ လူတစ်ဦးသည် ဟန်ဆောင်ခြင်း သို့မဟုတ် အယောင်ဆောင် မျက်နှာဖုံးတစ်ခု ဖန်တီးခြင်းမပြုဘဲ မိမိကိုယ်ကို ဖော်ထုတ်သင့်သည်။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော အတွေးအခေါ်များ၊ မိမိလုပ်ဆောင်ခဲ့သော အမှားများ၊ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့် ကဏ္ဍများနှင့် အခြားအရာများကို ဘုရားသခင်ထံ ထုတ်ဖော်ပြသရမည်ဖြစ်ပြီး ဤအရာများကို မိမိ၏ ညီအစ်ကိုမောင်နှမများထံတွင်လည်း အရှိအတိုင်း ပြောပြရမည်။ ယင်းမှာ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက် အသက်ရှင်နေထိုင်ခြင်း ကိစ္စမဟုတ်ဘဲ ထိုအစား ရိုးသားသောသူတစ်ဦးဖြစ်ရန်အတွက် အသက်ရှင်နေထိုင်ခြင်း၊ သမ္မာတရားကို လိုက်စားရန်အတွက် အသက်ရှင်နေထိုင်ခြင်း၊ စစ်မှန်သော ဖန်ဆင်းခံတစ်ဦးဖြစ်ရန်အတွက် အသက်ရှင်နေထိုင်ခြင်းနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး ကယ်တင်ခြင်းခံရရန်အတွက် အသက်ရှင်နေထိုင်ခြင်း ကိစ္စဖြစ်သည်။ သို့သော် သင်သည် ဤသမ္မာတရားကို နားမလည်သည့်အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သည့်အခါတွင်လည်းကောင်း သင်၏ မိသားစုမှ သင့်အပေါ် ပုံစံသွင်းပေးခဲ့သော အရာများသည် သင်၏ စိတ်နှလုံးထဲတွင် အဓိကနေရာယူလေ့ရှိသည်။ သို့ဖြစ်၍ သင်သည် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်သည့်အခါ ‘ကျွန်ုပ်သည် ဤအကြောင်းကို မည်သူ့ကိုမျှ မပြောနိုင်၊ ပြီးလျှင် ဤအကြောင်းကို သိသော အခြားမည်သူ့ကိုမျှလည်း လူများကို ပြောခွင့်မပြုပါ။ သင်တို့ထဲမှ တစ်စုံတစ်ဦးက တစ်စုံတစ်ယောက်ကို ပြောလျှင် သင့်ကို ကျွန်ုပ် အလွယ်တကူ ခွင့်လွှတ်မည်မဟုတ်။ ကျွန်ုပ်၏ ဂုဏ်သိက္ခာသည် ဦးစားပေးဖြစ်သည်။ အသက်ရှင်ခြင်းသည် အခြားမည်သည့်အရာအတွက်မျှ မဟုတ်ဘဲ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက်သာဖြစ်ပြီး ယင်းမှာ အခြားမည်သည့်အရာထက်မဆို ပို၍ အရေးကြီးသည်။ လူတစ်ဦးတွင် ဂုဏ်သိက္ခာမရှိလျှင် ၎င်းတို့၏ ဂုဏ်အားလုံးကို ဆုံးရှုံးသည်။ ထို့ကြောင့် သင်သည် အမှန်အတိုင်း မပြောဆိုနိုင်၊ သင်သည် ဟန်ဆောင်ရမည်၊ အမှုအရာများကို ဖုံးကွယ်ထားရမည်၊ သို့မဟုတ်ပါက သင်သည် ဂုဏ်သိက္ခာ သို့မဟုတ် ဂုဏ် မရှိတော့ဘဲ သင်၏ အသက်တာသည် တန်ဖိုးမဲ့သွားလိမ့်မည်။ မည်သူမျှ သင့်ကို မလေးစားလျှင် သင်သည် တန်ဖိုးမရှိသူသာဖြစ်သည်၊ သင်သည် အပေါစား အမှိုက်သရိုက်သာ ဖြစ်သည်’ ဟု တွေးတောလျက် ယင်းကို သင် ဖုံးကွယ်ပြီး ဟန်ဆောင်လေသည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ရိုးသားသောသူတစ်ဦး ဖြစ်လာရန် ဖြစ်နိုင်ချေရှိသလော။ အပြည့်အဝ ဖွင့်ဟပြီး သင့်ကိုယ်သင် ပိုင်းခြားစိစစ်ဖို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) သိသာစွာပင် ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသည့် ဆိုရိုးစကားကို လိုက်နာနေခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)) ကျွန်မ ငယ်ငယ်ကတည်းက၊ “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဆိုတာနဲ့ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်တွေရဲ့ လွှမ်းမိုးတာကို ခံခဲ့ရမှန်း ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သဘောပေါက်ခဲ့တယ်။ ဒီဆိုရိုးစကားတွေက ကျွန်မကို ဝင့်ဝါမှုနဲ့ ဂုဏ်သိက္ခာတွေပေါ် အရမ်းအလေးထားစေခဲ့တယ်။ ငယ်ငယ်ကတည်းက ကိုယ့်ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့ ဘယ်အရာကိုမဆို ရှောင်ခဲ့တယ်။ ကျွန်မရဲ့ တသီးတသန့်နေတတ်တဲ့ ပင်ကိုစရိုက်နဲ့ အပြောမကောင်းတာကို တွေးမိပြီး ကျွန်မတို့အိမ်ကို ဧည့်သည်တွေလာတဲ့အခါတိုင်းမှာ ကိုယ်အချိုးမပြေတာကို ပြမိမှာစိုးလို့ ပြေးပုန်းခဲ့တယ်။ အခု ဝမ်လုနဲ့ စုဝေးပွဲတွေ တက်တော့ သူက ဘယ်လောက်ကောင်းကောင်း ပြောဆိုနိုင်ပြီး ကျွန်မကတော့ စကားတွေထစ်ငေါ့နေတာကို တွေ့ရတော့ ကျွန်မ မိတ်သဟာယဖွဲ့လိုက်ရင် ကိုယ့်ခံစားချက်တွေပြောတာ မတော်ဘူးလို့ ညီအစ်မတွေက ထင်ပြီး ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲမိမှာစိုးလို့ စကားမပြောရဲခဲ့ဘူး။ ဘုရားသခင်က ကျွန်မတို့ကို ရိုးသားတဲ့သူတွေဖြစ်ဖို့နဲ့ ကိုယ့်တာဝန်မှာ သစ္စာစောင့်သိဖို့ တောင်းဆိုထားပေမဲ့ ကျွန်မကတော့ ကိုယ့်ဂုဏ်သိက္ခာကို ကာကွယ်ချင်လို့ ပြဿနာတွေတွေ့ရင်တောင် မိတ်သဟာယမဖွဲ့ရဲခဲ့ဘူး။ ကိုယ်တတ်နိုင်တဲ့ တတာဝန်ကိုတောင် မထမ်းဆောင်နိုင်ခဲ့ဘူး၊ ကျွန်မက ကိုယ့်ဂုဏ်သိက္ခာကို အရမ်းအလေးထားနေတာကို တွေ့လိုက်ရတယ်။ စာတန်ရဲ့ ညဉ်းဆဲမှုက ကျွန်မကို သိက္ခာနဲ့ သမာဓိရှိသမျှအားလုံး ဆုံးရှုံးသွားစေခဲ့ပြီ။ နောက်တစ်ခါ ဒီလိုအခြေအနေမျိုးနဲ့ ကြုံရရင် ရည်ရွယ်ချက်ကို မှန်မှန်ကန်ကန်ထားပြီး ဟန်မဆောင်၊ ဖုံးကွယ်မထားဘဲ ရိုးသားတဲ့သူတစ်ယောက်ဖြစ်ဖို့ ကြိုးစားပြီး ကိုယ်ထမ်းဆောင်သင့်တဲ့ တာဝန်ကို ထမ်းဆောင်မယ်လို့ စိတ်ထဲမှာ တိတ်တိတ်လေး သန္နိဋ္ဌာန်ချလိုက်တယ်။
နောက်ပိုင်းမှာ ကျွန်မရဲ့ သိမ်ငယ်စိတ်ကို ဖြေရှင်းဖို့ နည်းလမ်းကို ဆက်ပြီးရှာဖွေခဲ့တယ်။ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “အချို့သောသူတို့သည် ငယ်စဉ်ကတည်းကပင် အတော်အတန် သီးသန့်နေထိုင်တတ်ကြ၏။ သူတို့သည် စကားပြောရန် မနှစ်သက်ကြသည့်အပြင် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေးတွင်လည်း ရုန်းကန်ကြရသည်။ အသက် သုံးဆယ်၊ လေးဆယ်အရွယ်သို့ ရောက်သည့်တိုင် ဤပင်ကိုစရိုက်ကို သူတို့ ကျော်လွှားနိုင်ခြင်း မရှိသေးပေ။ သူတို့သည် စကားပြောဆိုရာ၌ ကျွမ်းကျင်မှုမရှိသေးပေ၊ သို့မဟုတ် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေး၌လည်း ကောင်းမွန်ခြင်းမရှိကြသေးပေ။ သူတို့သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးသည့်နောက်တွင် ဤပင်ကိုစရိုက်လက္ခဏာသည် သူတို့၏အလုပ်ကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်ပြီး အဟန့်အတားဖြစ်စေကာ ဤသည်က သူတို့ကို မကြာခဏ စိတ်ဆင်းရဲမှုနှင့် စိတ်ပျက်အားငယ်မှုကို ဖြစ်စေလျက် အလွန် ဘောင်ခတ်ခံနေရသကဲ့သို့ ခံစားရစေသည်။ သီးသန့်နေတတ်ခြင်းနှင့် စကားပြောရန် မနှစ်သက်ခြင်းတို့သည် ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်များ ဖြစ်ကြသည်။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်များဖြစ်ကြသောကြောင့် ယင်းတို့ကို ဘုရားသခင်အား ပြစ်မှားခြင်းများဟု ယူဆရမည်လော။ မဟုတ်ပေ၊ ယင်းတို့သည် ပြစ်မှားခြင်းများ မဟုတ်ကြသည့်အပြင် ဘုရားသခင်သည် ၎င်းတို့ကို မှန်မှန်ကန်ကန် ဆက်ဆံလိမ့်မည်။ သင်၏ပြဿနာများ၊ ချို့ယွင်းချက်များ၊ သို့မဟုတ် အပြစ်အနာအဆာများ မည်သို့ပင်ရှိစေ ဘုရားသခင်၏အမြင်တွင် ဤအရာများအနက်မှ တစ်ခုမှ ပြဿနာများမဟုတ်ကြချေ။ သမ္မာတရားကို သင်မည်သို့ရှာဖွေပုံ၊ သမ္မာတရားကို သင်မည်သို့လက်တွေ့လုပ်ဆောင်ပုံ၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင်မည်သို့ပြုမူပုံနှင့် ပုံမှန်လူ့သဘာဝ၏ ပင်ကိုအခြေအနေများအောက်တွင် ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်မည်သို့လိုက်လျှောက်ပုံတို့ကိုသာ ဘုရားသခင်က ကြည့်သည်။ ဤအရာများသည် ဘုရားသခင်က ကြည့်သည့်အရာများ ဖြစ်ကြသည်။ ထို့ကြောင့် သမ္မာတရားစည်းမျဉ်းများနှင့် သက်ဆိုင်သည့်ကိစ္စများတွင် ပုံမှန်လူ့သဘာဝ၏ အစွမ်းအစ၊ ဗီဇစိတ်များ၊ ပင်ကိုစရိုက်၊ အကျင့်များနှင့် ရှင်သန်နေထိုင်သည့်ပုံစံများကဲ့သို့သော အခြေခံအခြေအနေများက သင့်ကို ကန့်သတ်သည်ကို မခံနှင့်။ မှန်ပေသည်၊ ဤအခြေခံအခြေအနေများကို ကျော်လွှားဖို့ ကြိုးစားရာတွင် သင်၏စွမ်းအင်နှင့် အချိန်တို့ကို မသုံးသင့်သကဲ့သို့ ယင်းတို့ကို ပြောင်းလဲဖို့ ကြိုးစားရာတွင်လည်း မသုံးသင့်သည်မှာလည်း ပြောစရာမလိုပေ။ ဥပမာအနေနှင့် သင်သည် သီးသန့်နေတတ်သော ပင်ကိုစရိုက်ရှိပြီး စကားပြောရသည်ကို မနှစ်သက်ဘဲ စကား အဆီအငေါ်တည့်အောင် မပြောတတ်သည့်အပြင် လူတို့နှင့် ပေါင်းသင်းဆက်ဆံရာတွင် မကျွမ်းကျင်လျှင် ဤအရာများထဲမှ တစ်ခုမျှ ပြဿနာမဟုတ်ပေ။ ဘွင်းဘွင်းနှင့်ပျော်ပျော်နေတတ်သူများသည် စကားပြောရသည်ကို နှစ်သက်သော်လည်း ၎င်းတို့ပြောသမျှအားလုံးသည် အသုံးဝင်ခြင်း သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီခြင်း မဟုတ်ပေ၊ ထို့ကြောင့် သီးသန့်နေတတ်ခြင်းသည် ပြဿနာမဟုတ်ဘဲ သင်သည် ယင်းကို ပြောင်းလဲရန် ကြိုးစားရန်မလိုအပ်ပေ။...သင်၏ ပင်ကိုစရိုက်က မည်သို့ပင်ဖြစ်နေပါစေ၊ ယင်းသည် သင်၏ပင်ကိုစရိုက်အဖြစ်ပင် ဆက်ရှိနေဦးမည်။ ကယ်တင်ခြင်းခံရဖို့အတွက်သက်သက်ဖြင့် သင်၏ပင်ကိုစရိုက်ကို ပြောင်းလဲဖို့ မကြိုးစားနှင့်။ ဤသည်မှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် စိတ်ကူးတစ်ခုဖြစ်သည်။ သင့်တွင် မည်သည့်ပင်ကိုစရိုက်ရှိနေပါစေ၊ ထိုအချက်သည် ဓမ္မဓိဋ္ဌာန်ကျသော အချက်တစ်ခုပင်ဖြစ်ပြီး ယင်းကို သင်မပြောင်းလဲနိုင်ပေ။ ဤအတွက် ဓမ္မဓိဋ္ဌာန်ကျသည့် အကြောင်းပြချက်များအရ သူ၏အမှုတော်တွင် ရယူဖို့ ဘုရားသခင် လိုချင်သည့်ရလဒ်သည် သင်၏ပင်ကိုစရိုက်နှင့် မည်သို့မျှမပတ်သက်ချေ။ သင်ကယ်တင်ခြင်း ခံရနိုင်မနိုင်ဆိုသည်မှာလည်း သင်၏ပင်ကိုစရိုက်နှင့် ဆက်စပ်မှုမရှိချေ။ ထို့အပြင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားစစ်မှန်မှုရှိသည့် လူတစ်ဦးဖြစ်မဖြစ်ဆိုသည်မှာ သင်၏ပင်ကိုစရိုက်နှင့် မည်သို့မျှမပတ်သက်ပေ။ ထို့ကြောင့် သင်သည် ထိုထိုသောအချို့တာဝန်များကို ထမ်းဆောင်နေရသောကြောင့် သို့မဟုတ် ထိုထိုသော အချို့လုပ်ငန်းကိစ္စများကို ကြီးကြပ်သူတစ်ဦးအဖြင့် တာဝန်ထမ်းဆောင်သောကြောင့် သင်၏ပင်ကိုစရိုက်ကို ပြောင်းလဲဖို့ မကြိုးစားနှင့်။ ဤသည်မှာ မှားယွင်းသောစိတ်ကူးတစ်ခုပင်ဖြစ်သည်။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်၏ပင်ကိုစရိုက် သို့မဟုတ် ပင်ကိုအခြေအနေများကို ထည့်မစဉ်းစားဘဲ သင်သည် သမ္မာတရားစည်းမျဉ်းများကို လိုက်နာစောင့်ထိန်းပြီး လက်တွေ့လုပ်ဆောင်သင့်သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သင်တို့သည် ကိုယ်တော်၏ လမ်းခရီးကို လိုက်လျှောက်ခြင်း ရှိမရှိ သို့မဟုတ် ကယ်တင်ခြင်းကို ရရှိနိုင်ခြင်း ရှိမရှိကို သင်တို့၏ ပင်ကိုစရိုက်အပေါ်၌ဖြစ်စေ၊ သင်တို့ ပိုင်ဆိုင်သော ပင်ကို အစွမ်းအစ၊ ကျွမ်းကျင်မှု၊ စွမ်းရည်၊ ဆုကျေးဇူးများ သို့မဟုတ် ပါရမီများအပေါ်၌ဖြစ်စေ မူတည်၍ တိုင်းတာဆုံးဖြတ်ခြင်း မဟုတ်ပေ။ ထို့ပြင် မလွဲဧကန်ပင် ကိုယ်တော်သည် သင်တို့၏ ဇာတိပကတိဆိုင်ရာ ဗီဇစိတ်များနှင့် လိုအပ်ချက်များကို မည်မျှအထိ ချုပ်တည်းခဲ့သည်ကိုလည်း မကြည့်ချေ။ ထိုအစား ဘုရားသခင်နောက်သို့ လိုက်လျှောက်ပြီး သင်၏တာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း သင်သည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနေခြင်း ရှိမရှိ၊ သင့်တွင် သမ္မာတရားကို လိုက်စားဖို့ လိုလားခြင်းနှင့် စိတ်ပိုင်းဖြတ်ထားခြင်းတို့ ရှိမရှိနှင့် နောက်ဆုံးတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏လမ်းခရီးကို လိုက်လျှောက်ခြင်းတို့ကို စွမ်းဆောင်ရရှိပြီး ရှိမရှိတို့ကို ဘုရားသခင်က ကြည့်သည်။ ဤသည်မှာ ဘုရားသခင်က ကြည့်သည့်အရာဖြစ်သည်။ ဤသည်ကို သင်နားလည်သလော။ (ဟုတ်ကဲ့၊ ကျွန်ုပ်တို့ နားလည်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) တသီးတသန့်နေတတ်တာက လူတွေမှာရှိတဲ့ ပင်ကိုအခြေအနေတစ်ခုဖြစ်ပြီး ဘုရားအမြင်မှာ ပြဿနာမဟုတ်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ ဘုရားသခင်ရဲ့ အမှုတော်က လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ပြောင်းလဲဖို့ဖြစ်တယ်၊ လူတွေရဲ့ အစွမ်းအစ ဒါမှမဟုတ် ပင်ကိုစရိုက်တွေကို ပြောင်းလဲဖို့ မဟုတ်ဘူး။ လူတွေက သူတို့ရဲ့ ပင်ကိုအခြေအနေတွေပေါ် အခြေခံပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်တယ်၊ ကိုယ့်တာဝန်ကို အစွမ်းကုန် ထမ်းဆောင်သင့်တယ်။ ပြီးတော့ မမှန်ကန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ကြုံရတဲ့အခါ အဲဒီရည်ရွယ်ချက်တွေကို ဆန့်ကျင်တွန်းလှန်ပြီး ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်သင့်တယ်။ ဒါမျိုးကမှ ဘုရားသခင် နှစ်သက်တဲ့သူမျိုးဖြစ်တယ်။ ကိုယ့်တာဝန်တွေကို ဘုရားသခင်ရှေ့မှာ ထမ်းဆောင်သင့်တယ်၊ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရင်းနဲ့ တခြားသူတွေ ဘယ်လိုထင်မလဲဆိုတာကို အမြဲ စိုးရိမ်မနေသင့်ဘူးဆိုတာကိုလည်း ကျွန်မ နားလည်သွားတယ်။ ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို ရဖို့က အရေးအကြီးဆုံးပဲ။ ကျွန်မက တသီးတသန့်နေတတ်ပြီး စကားပြောတဲ့နေရာမှာ မတော်ပေမဲ့၊ ယုံကြည်သူအသစ်တွေရဲ့ အခြေအနေနဲ့ ပြဿနာတချို့ကို ကူညီဖြေရှင်းပေးနိုင်သေးတယ်၊ ပြီးတော့ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့တဲ့အခါ လူသစ်တွေက နားလည်နိုင်ပြီး အကျိုးကျေးဇူးတချို့ ရနိုင်တယ်။ ကျွန်မရဲ့ပင်ကိုစရိုက် ပြစ်ချက်တွေက ကျွန်မရဲ့တာဝန်တွေ ကောင်းကောင်း ထမ်းဆောင်တာကို မဟန့်တားခဲ့ဘူး။ ဒါ့အပြင် ကျွန်မ ဘုရားသခင်ကို ယုံကြည်တာ အချိန်ခဏလေးပဲ ရှိသေးတော့ တာဝန်မှာ အားနည်းချက်တွေရှိတာက ပုံမှန်ပါပဲ။ ဒီအခြေအနေကို ကျွန်မ မှန်မှန်ကန်ကန် ချဉ်းကပ်ရမယ်၊ ကိုယ်နားလည်သလောက် မိတ်သဟာယဖွဲ့ရမယ်၊ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်၊ ဖုံးကွယ်မထားဘဲ ကိုယ့်ရဲ့အားနည်းချက်တွေကို ဖြည့်ဆည်းဖို့အတွက် ကျွန်မရဲ့တွဲဖက် အစ်မတွေဆီကနေ သင်ယူရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒီနည်းနဲ့ဆိုရင် ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်ရုံသာမက ကိုယ့်ရဲ့ လိုအပ်ချက်တွေကိုလည်း ထေမိအောင်လုပ်နိုင်တယ်။ ဒါကို သဘောပေါက်သွားတော့ ကျွန်မအပေါ်မှာရှိတဲ့ ဖိအားတွေ လျော့ကျသွားတယ်လို့ ခံစားရပြီး ကိုယ့်ရဲ့မမှန်ကန်တဲ့ အခြေအနေကို ပြောင်းလဲဖို့ ဆန္ဒရှိလာတယ်၊ ပြီးတော့ ပူးပေါင်းဆောင်ရွက်တဲ့ အစ်မတွေနဲ့ စိတ်တစ်စိတ်တစ်ဝမ်းတည်းနဲ့ တာဝန်ကို ဖြည့်ဆည်းဖို့ ဆန္ဒရှိလာတယ်။
မကြာခင်မှာပဲ ကျွန်မက အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီး အစ်မ လီဟွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ လီဟွေက အရင်က တရားဟောဆရာမတစ်ယောက်ဖြစ်ခဲ့ပြီး အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်း ကောင်းသူတစ်ယောက်ပါ။ ကျွန်မ သူနဲ့ ပထမဆုံး စုဝေးခဲ့ချိန်မှာ၊ အစ်မတစ်ယောက်က မကောင်းတဲ့အခြေအနေမှာ ရှိနေခဲ့ပြီး လီဟွေက ဘုရားနှုတ်ကပတ်တော်တွေကို သူနဲ့ မိတ်သဟာယဖွဲ့ခဲ့တယ်။ ဒါပေမဲ့ အဲဒီအစ်မက နားလည်မှုသိပ်မရှိခဲ့ဘူး။ ကျွန်မလည်း သူ့အခြေအနေနဲ့ ဆင်တူတဲ့ကိစ္စတစ်ခုကို အခုလေးတင် ကြုံခဲ့ရတာကို တွေးမိပြီး တစ်ခုခုဖြည့်စွက်ပြောချင်စိတ် ပေါက်လာတယ်။ ဒါပေမဲ့ စကားပြောဖို့ ပါးစပ်ဟလိုက်တာနဲ့ နှလုံးတွေ တဒုန်းဒုန်း ခုန်လာပြီး ဘယ်လိုစကားလုံးသုံးရမလဲဆိုတာကို ခေါင်းထဲမှာ အပြန်ပြန်အလှန်လှန် စဉ်းစားနေမိတယ်။ ကျွန်မသာ မိတ်သဟာယဖွဲ့တာမကောင်းရင် လီဟွေက ကျွန်မကို ဘယ်လိုထင်သွားမလဲဆိုပြီး စိုးရိမ်ပြီး “ထားလိုက်ပါတော့၊ သူ့မိတ်သဟာယကိုပဲ နားထောင်လိုက်တော့မယ်။ သူ့မိတ်သဟာယက အစ်မရဲ့ပြဿနာကို မဖြေရှင်းနိုင်ရင် ငါ့ဟာကရော ဘယ်လိုလုပ်ပြီး ပိုကောင်းနိုင်မှာလဲ”လို့ တွေးခဲ့တယ်။ ဒီလိုအတွေးတွေနဲ့အတူ ကျွန်မမှာ ဝန်တာထားတဲ့စိတ် တစ်စက်မှ မရှိတော့ဘဲ နည်းနည်း အိပ်ငိုက်ချင်သလိုလိုတောင် ဖြစ်လာတယ်။ ကျွန်မရ့ အခြေအနေမှားနေပြီ၊ အစ်မရဲ့ အခြေအနေကို ဖြေရှင်းပေးတာက ကျွန်မရဲ့ တာဝန်လည်းဖြစ်တယ်ဆိုတာနဲ့ ကိုယ်နားလည်ထားတာကို အစွမ်းကုန် မိတ်သဟာယပြုသင့်တယ်ဆိုတာတွေကို ကျွန်မ သဘောပေါက်သွားတယ်။ ဒါနဲ့ ကျွန်မ ဘုရားသခင်ဆီ အမြန်ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီး မိတ်သဟာယဖွဲ့တာမကောင်းရင် အစ်မက အထင်သေးမှာကို ကြောက်ပြီး နောက်လိုက်တစ်ယောက်သာသာပဲ ကျွန်မ ဖြစ်သွားခဲ့တယ်။ ဘုရားသခင်၊ သမီး ဒီလိုမျိုး ဆက်မသွားချင်တော့ဘူး။ ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ဖို့ ယုံကြည်ခြင်းနဲ့ သတ္တိကို ပေးသနားတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မ အများကြီး ပိုတည်ငြိမ်သွားပြီး တွေးမိတယ်၊ “ငါက ယုံကြည်သူအသစ်တစ်ယောက်ပဲ၊ ဒါကြောင့် ငါ့မိတ်သဟာယမှာ အားနည်းချက်တွေတော့ သေချာပေါက်ရှိမှာပဲ၊ ဒါပေမဲ့ အစ်မက ငါ့ကို လှောင်ရင်တောင်မှ ငါနားလည်တာကို ဘုရားသခင်ရှေ့မှာ မိတ်သဟာယဖွဲ့ဦးမှာပဲ” လို့ပေါ့။ နောက်ဆုံးတော့ ကျွန်မ သတ္တိမွေးပြီး မိတ်သဟာယဖွဲ့လိုက်ပါတယ်။ အံ့ဩဖို့ကောင်းတာက ကျွန်မရဲ့မိတ်သဟာယကနေတစ်ဆင့် အဲဒီအစ်မက သူ့ရဲ့ပြဿနာတွေကို သိမြင်သွားနိုင်ခဲ့တယ်၊ အဲဒီအခိုက်အတန့်မှာ ကျွန်မ တကယ့်ကို ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကျသွားသလိုပဲ ခံစားလိုက်ရပြီး ပြောမပြတတ်တဲ့ သက်သောင့်သက်သာဖြစ်မှုနဲ့ ပျော်ရွှင်မှုမျိုးကို ခံစားခဲ့ရတယ်။ ဒီခြေလှမ်းကို လှမ်းနိုင်အောင် လမ်းပြပေးခဲ့တဲ့ ဘုရားသခင်ကို ကျွန်မ စိတ်ရင်းနဲ့ ကျေးဇူးတင်မိတယ်။ နောက်ပိုင်းမှာ စကားပြောကောင်းတဲ့ အစ်မတွေနဲ့ စုဝေးပွဲလုပ်တဲ့အခါ ကျွန်မ အရင်တုန်းကလို ကိုယ့်ဂုဏ်သိက္ခာအတွက် စိုးရိမ်စိတ်တွေနဲ့ ဘောင်ခတ်မခံရတော့ဘူး၊ ကိုယ်နားလည်သလောက်ကို မိတ်သဟာယဖွဲ့ခဲ့တယ်။ ဒီလိုလက်တွေ့လုပ်ဆောင်တာ အရမ်းကောင်းတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။