၉၂။ ရာထူးတိုးပေးခြင်းကို မလိုလားခဲ့သည့် နောက်ကွယ်မှ ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်မှုများ

ဝမ်လေ၊ တရုတ်ပြည်

ကျွန်တော်က အသင်းတော်မှာ သန့်စင်ရေးအလုပ်ကို ပူးပေါင်းဆောင်ရွက်နေခဲ့တာပါ။ သုံးလေးနှစ် လေ့ကျင့်ပြီးနောက်မှာ တာဝန်နဲ့ပတ်သက်တဲ့ စည်းမျဉ်းတချို့ကို နားလည်လာပြီး ကျွန်တော့်တာဝန်တွေမှာ ရလဒ်တချို့လည်း ရခဲ့တယ်။ ပြဿနာတွေ ဆွေးနွေးတဲ့အခါ ခေါင်းဆောင်တွေ၊ သင်းထောက်တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်အမြင်ကို အများအားဖြင့် သဘောတူကြတယ်။ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်ဖို့ ခက်တဲ့အခါ သူတို့ ကျွန်တော့်ဆီလာပြီး မိတ်သဟာယပြုကြတယ်၊ ကျွန်တော့်အမြင်ကို လက်ခံကျင့်သုံးကြတယ်။ အဲဒီတော့ ကျွန်တော်က သူတို့ထက် သာတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့စိတ် ဝင်လာတာပေါ့။ ၂၀၂၀ ဒီဇင်ဘာမှာ တခြားဒေသမှာ တာဝန်ထမ်းဆောင်ဖို့ ကျွန်တော် ရာထူးတိုးမြှင့်ခံရတယ်။ ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့ ညီအစ်မနှစ်ယောက်က ဒီတာဝန်ကို ကျွန်တော့်ထက် ပိုကြာကြာ ထမ်းဆောင်လာခဲ့ကြတာ၊ ပြီးတော့ စည်းမျဉ်းတွေကိုလည်း ပိုနားလည်သဘောပေါက်ကြတယ်။ လူတွေကို ရှင်းလင်းပစ်ဖို့ အချက်အလက်တွေကို ကျွန်တော်တို့ အတူတူ နှစ်ခါသုံးခါလောက် ဆန်းစစ်ကြတဲ့အခါ အဲဒီညီအစ်မနှစ်ယောက်က စည်းမျဉ်းတွေနဲ့ချိတ်ဆက်ပြီး တော်တော်လေး စေ့စေ့စပ်စပ် ဆန်းစစ်ခဲ့ကြတယ်။ ကျွန်တော်က ဝင်ပြီး မိတ်သဟာယပြုချင်ပေမယ့်၊ ကျွန်တော် နားလည်ထားတာတွေကို သူတို့က မိတ်သဟာယပြုပြီးသွားပြီလို့ ခံစားရတယ်။ ပြီးတော့ သူတို့ထောက်ပြတဲ့ ပြဿနာတချို့ဆို ကျွန်တော် သတိတောင် မထားမိလိုက်ဘူး။ ဒါကြောင့် ဘာမှ မပြောတာ ပိုကောင်းပါတယ်လေ၊ ဝင်ပြောရင်လည်း အရာရောက်မှာ မဟုတ်ဘူး၊ ကျွန်တော် အရည်အချင်းမရှိတာ ပေါ်သွားရုံပဲ ရှိမယ်လို့ တွေးမိတယ်။ ဒါနဲ့ ကျွန်တော် ဆက်ပြီး နှုတ်ဆိတ်နေလိုက်တာပေါ့။ နောက်တစ်ကြိမ်ကျတော့ ဆိုးယုတ်တဲ့သူတစ်ယောက်ကို နှင်ထုတ်ဖို့ စာရွက်စာတမ်းတစ်ခုကို ကျွန်တော်တို့ ဆန်းစစ်ကြတယ်။ ဒီလူက တကယ်တမ်း ဆိုးယုတ်တဲ့သူ မဟုတ်ဘူးလို့ ကျွန်တော်ထင်လို့ ကျွန်တော့်အမြင်ကို မိတ်သဟာယပြုလိုက်တယ်။ အဲဒီတော့ ညီအစ်မတစ်ယောက်က ဒီလူဟာ ဆိုးယုတ်တဲ့သူရဲ့ အနှစ်သာရရှိတယ်လို့ ယုံကြည်ကြောင်း ပြောပြီး၊ ဒီလူရဲ့ ဒုစရိုက်အမှုတွေနဲ့ လုပ်ရပ်တွေရဲ့ အနှစ်သာရကို အခြေခံပြီး သူ့ရဲ့ ဆန်းစစ်ချက်ကို ပြောပြတယ်။ နောက်ညီအစ်မတစ်ယောက်ကလည်း ဒါကို သဘောတူတယ်။ သူတို့ပြောတာကို နားထောင်ပြီးတော့ ညီအစ်မတွေရဲ့ မိတ်သဟာယက မှန်ကန်ပြီး စည်းမျဉ်းနဲ့ကိုက်ညီတယ်လို့ ကျွန်တော်ထင်လိုက်တာနဲ့ ချက်ချင်းပဲ ရှက်စိတ်ဝင်သွားတယ်။ ကိုယ့်ဘာသာကိုယ် တွေးမိတာပေါ့၊ “ငါ့ကိုယ်ငါ လူရယ်စရာ ဖြစ်အောင် လုပ်မိပြီ။ ညီအစ်မတွေက ငါ့ကို အခု ဘယ်လိုများ မြင်ကြမှာလဲ။ ငါ့မှာ ပိုင်းခြားသိမြင်မှု ကင်းမဲ့ပြီး အစွမ်းအစ ညံ့တယ်လို့ သူတို့ ထင်သွားကြမှာလား” လို့ပေါ့။ နောက်ပိုင်း အချက်အလက်တွေကို အတူတူထပ်ပြီး ဆန်းစစ်တဲ့အခါ ကျွန်တော့်ရဲ့ မိတ်သဟာယက မှားနေရင် တခြားသူတွေက ကျွန်တော့်ကို ဘယ်လို မြင်မလဲဆိုတာကို ကြောက်တဲ့အတွက် ကျွန်တော့်ရဲ့ အမြင်တွေကို ထုတ်မပြောရဲတော့ဘူး။ အရင်တုန်းက ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေက တာဝန်မှာ ကျွန်တော့်လောက် မတော်ကြဘူး၊ ဒါပေမဲ့ အခု ပူးပေါင်းဆောင်ရွက်နေတဲ့ ညီအစ်မတွေကတော့ ဘက်ပေါင်းစုံမှာ ကျွန်တော့်ထက် သာနေတယ်။ ဒါကြောင့် အဲဒီမှာ ကျွန်တော်က အညံ့ဆုံးပဲလို့ ခံစားရပြီး ကျွန်တော်က အရာမရောက်ဘူးဆိုတဲ့ ခံစားချက်မျိုး ရှိခဲ့သလို ဖိနှိပ်ခံထားရသလိုမျိုး စိတ်အခြေအနေထဲကိုလည်း ခဏခဏ ကျရောက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်အခြေအနေ တော်တော်ဆိုးတယ်။ တစ်ခါတလေဆိုရင် ဒီအခြေအနေကနေတောင် ထွက်ပြေးချင်ပြီး အဲဒီမှာ တာဝန်ဆက်မထမ်းဆောင်ချင်တော့တဲ့အထိပါပဲ။ မကြာခင်မှာ အလုပ်ပမာဏ လျော့ကျသွားလို့ လူအင်အားလျှော့ဖို့ လိုလာတယ်။ ခေါင်းဆောင်တွေက ကျွန်တော့်အစွမ်းအစက သာမန်ပဲရှိတယ်လို့ သတ်မှတ်ပြီး တာဝန်ပြောင်းပေးလိုက်တယ်။

အချိန်တစ်ခုကြာတော့ အလုပ်ပမာဏ တိုးလာလို့ တခြားဒေသတစ်ခုမှာ သန့်စင်ရေးအလုပ်ကို ဆက်လုပ်ဖို့ ခေါင်းဆောင်တွေက စာရေးပြီး ကျွန်တော့်ကို ပြောတယ်။ သူတို့စာကို မြင်တော့ ကျွန်တော် အတိုက်အခံနည်းနည်းဖြစ်မိတယ်။ တွေးမိတာက “အဲဒီမှာ ငါနဲ့ ပူးပေါင်းဆောင်ရွက်မယ့် ညီအစ်ကိုမောင်နှမတွေ အကုန်လုံးက ငါ့ထက် အစွမ်းအစ ပိုရှိကြတယ်။ ပြီးတော့ သမ္မာတရားကို မိတ်သဟာယပြုတာ၊ အမှုအရာတွေကို ရှုမြင်တာမှာလည်း ငါ့ထက် သာကြတယ်။ အဲဒီမှာ တာဝန်ထမ်းဆောင်ရင် ငါက ပေါ်လွင်မှာ မဟုတ်ဘူး၊ ပြီးတော့ နောက်ဆုံးမှာ လူရယ်စရာပဲ ဖြစ်မှာ။ ငါ အဲဒီကို မသွားချင်ဘူး” ပေါ့။ ဒါနဲ့ ကျွန်တော် ငြင်းလိုက်တယ်။ အစွမ်းအစမရှိလို့ ဒီတာဝန်ကို မနိုင်ဘူးလို့ပြောပြီး ဆင်ခြေပေးလိုက်တာပေါ့။ အလုပ်ပမာဏ များလာတော့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက မိတ်သဟာယပြုဖို့ သုံးလေးခါလောက် စာရေးကြတယ်။ ဒါပေမဲ့ တခြားဒေသက ညီအစ်ကိုမောင်နှမတွေမှာ ကောင်းမွန်တဲ့ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်းတွေ ရှိတာကို တွေးမိတဲ့အခါ အဲဒီမှာ ကျွန်တော် အရာရောက်မှာ မဟုတ်ဘူးလို့ ခံစားခဲ့ရတာနဲ့ သူတို့ရဲ့ တောင်းဆိုချက်တွေကို ဆက်ပြီး ငြင်းပယ်နေခဲ့တာပေါ့။ အမှန်တကယ်တော့ ကျွန်တော် တာဝန်ကို ရှောင်လွှဲမိတဲ့အတွက် စိတ်မသန့်ဖြစ်ပြီး အပြစ်ရှိသလို ခံစားရပါတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် တွေးမိတာက “ဘယ်နေရာမှာပဲ တာဝန်ထမ်းဆောင်ထမ်းဆောင် အတူတူပါပဲ၊ ဒီက အလုပ်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ လူလိုတာပဲ၊ ဒါကြောင့် ဒီမှာပဲ ပိုကြိုးစားပြီး တာဝန်ကို ကောင်းကောင်းထမ်းဆောင်လိုက်မယ်” လို့ပေါ့။

အချိန်တစ်ခုကြာတော့ ညီအစ်မတစ်ယောက်က ကျွန်တော့်ဆီ စာရေးတယ်။ စာထဲမှာ သူ့တာဝန် ပြောင်းရွှေ့ခံရတုန်းက အတွေ့အကြုံကို အခြေခံပြီး ကျွန်တော်နဲ့ မိတ်သဟာယပြုထားတယ်။ ပြီးတော့ တခြားဒေသမှာ တာဝန်မထမ်းဆောင်ချင်ဘဲ ဝန်လေးနေတာက ဂုဏ်သတင်းနဲ့ အဆင့်အတန်းရဲ့ ဘောင်ခတ်မှုကို ခံနေရလို့ ဖြစ်နိုင်တယ်ဆိုပြီး သူ ထောက်ပြထားတယ်။ ကိုယ့်ပြဿနာကို ရင်ဆိုင်ပြီး ဖြေရှင်းဖို့ သမ္မာတရားရှာဖွေဖို့ကိုလည်း သူက သတိပေးတယ်။ ညီအစ်မက ကျွန်တော့်ကို ရင်ဖွင့်ပြီး မိတ်သဟာယပြုပေးတာကို မြင်တော့ ကျွန်တော် တော်တော်လေး တို့ထိခံလိုက်ရတယ်။ ကျွန်တော် တာဝန်ကို ထပ်ခါတလဲလဲ ငြင်းပယ်ခဲ့တာဟာ တကယ်တော့ ဘုရားသခင်ကို ပုန်ကန်နေတာပဲဆိုတာ သဘောပေါက်သွားတယ်။ ဒါဟာ ကျွန်တော် နောင်တရဖို့ ဘုရားသခင်ပေးတဲ့ နောက်ထပ်အခွင့်အရေးတစ်ခု ဖြစ်ပြီး ဒီအခွင့်အရေးကို အရယူရမယ်ဆိုတာ ကျွန်တော် သိလိုက်တယ်။ စာထဲမှာ ညီအစ်မက ကျွန်တော်ဖတ်ဖို့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ရှာပေးထားတာ တွေ့ရတယ်။ “လူတို့သည် ခေါင်းမာသော စိတ်သဘောထားတစ်ခုရှိသောအခါ ၎င်းတို့အတွင်းတွင် မည်သည့်အခြေအနေမျိုးရှိသနည်း။ အဓိကအားဖြင့် ၎င်းတို့သည် ခေါင်းမာပြီး မိမိကိုယ်ကို အမှန်ထင်ကြသည်။ ၎င်းတို့သည် အစဉ်သဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်ထားပြီး၊ ၎င်းတို့ပြောသည့်အရာက မှန်သည်ဟု အစဉ် ထင်မြင်ကြသည်။ ၎င်းတို့သည် လုံးလုံးပင် အလျှော့ပေးခြင်းမရှိသကဲ့သို့ မိမိအမြင်ကိုသာ စွဲကိုင်ထားသည်။ ဤသည်မှာ ခေါင်းမာသော သဘောထားဖြစ်သည်။ ၎င်းတို့သည် ပျက်နေသော ဓါတ်ပြားကဲ့သို့ မည်သူ့ကိုမျှ နားမထောင်ဘဲ လမ်းကြောင်းတစ်ခုအပေါ်တွင်သာ မပြောင်းမလဲဘဲ ကပ်တွယ်နေပြီး မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ၎င်းတို့နှင့်အတူ လုပ်ဆောင်ရန် မရမကပြောဆိုသည်။ ဤတွင် နောင်တမရခြင်းအချို့ရှိသည်။ ‘ဝက်သေကောင်များသည် ပွက်ပွက်ဆူနေသောရေကို မကြောက်’ ဟူသည့် ဆိုရိုးစကားအတိုင်းပင် ဖြစ်သည်။ လူတို့သည် မည်သည့်အရာကို လုပ်ဆောင်ခြင်းက မှန်ကန်သည်ကို ကောင်းစွာသိသော်လည်း မလုပ်ဆောင်ကြပေ။ သမ္မာတရားကို လက်ခံရန် ခိုင်မာစွာ ငြင်းဆန်ကြသည်။ ဤသည်မှာ ခေါင်းမာခြင်းဖြစ်သော စိတ်သဘောထားတစ်မျိုးဖြစ်သည်။ ခေါင်းမာသော စိတ်သဘောထားကို မည်သည့်အခြေအနေမျိုးတွင် သင်တို့ ဖွင့်ပြသနည်း။ သင်တို့ မကြာခဏ ခေါင်းမာကြသလော။ (ခေါင်းမာပါသည်။) မကြာခဏ ခေါင်းမာသည်။ ခေါင်းမာခြင်းက သင်၏ စိတ်သဘောထားဖြစ်သောကြောင့် သင်ဖြစ်တည်နေသည့် နေ့ရက်တိုင်း၏ စက္ကန့်တိုင်းတွင် ဤအရာက သင်နှင့်အတူပါရှိသည်။ ခေါင်းမာခြင်းသည် လူတို့အား ဘုရားသခင်ရှေ့သို့ မလာရောက်နိုင်အောင် တားဆီးသည်။ သမ္မာတရားအား လက်မခံနိုင်အောင် တားဆီးသည်။ သမ္မာတရား စစ်မှန်မှုအတွင်းသို့ မဝင်ရောက်နိုင်အောင် တားဆီးသည်။ သင်သည် သမ္မာတရား စစ်မှန်မှုသို့ မဝင်ရောက်နိုင်လျှင် သင့် စိတ်သဘောထား၏ ဤကဏ္ဍတွင် ပြောင်းလဲခြင်း ဖြစ်ပေါ်နိုင်သလော။ အလွန် ခက်ခဲလိမ့်မည်။ ခေါင်းမာသော သင်တို့ စိတ်သဘောထား၏ ဤကဏ္ဍတွင် ယခု ပြောင်းလဲမှုတစ်ခုခုရှိသလော။ ပြီးလျှင် ပြောင်းလဲမှု မည်မျှရှိသနည်း။ ဥပမာ သင်သည် အလွန်အမင်း ခေါင်းမာလေ့ရှိခဲ့သည် ဆိုပါစို့။ သို့သော် ယခုအခါ သင့်တွင် အပြောင်းအလဲ အနည်းငယ်ရှိသည်။ ပြဿနာအချို့ကို သင်ကြုံရသောအခါ သင်၏ စိတ်နှလုံးတွင် အသိတရားအချို့ရှိပြီး ‘ငါသည် ဤကိစ္စတွင် သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်ရမည်။ ဘုရားသခင်က ဤခေါင်းမာသော စိတ်သဘောထားကို ဖော်ထုတ်ပြီးဖြစ်သောကြောင့်၊ ငါသည် ဤအရာကို ကြားခဲ့ပြီး ယခုတွင် သိမြင်သောကြောင့် ပြောင်းလဲရမည်။ ယခင်က ဤသို့သောအရာမျိုးကို အကြိမ်အနည်းငယ်ကြုံတွေ့သောအခါ ငါ၏ ဇာတိပကတိအတိုင်း လိုက်လုပ်ခဲ့ပြီး ကျရှုံးခဲ့သည်။ ဤအရာနှင့်ပတ်သက်၍ ငါ ဝမ်းမသာပါ။ ယခုအခါတွင် သမ္မာတရားကို ငါ လက်တွေ့လုပ်ဆောင်ရမည်’ ဟူ၍ သင့်ကိုယ်သင် ပြောသည်။ ဤသို့ ပြင်းပြသော ဆန္ဒတစ်ခုဖြင့်ဆိုလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဖြစ်နိုင်ခြေရှိသည်။ ဤသည်မှာ ပြောင်းလဲခြင်းဖြစ်သည်။ သင်သည် အချိန်တစ်ခုကြာ ဤသို့ တွေ့ကြုံသောအခါ၊ သမ္မာတရားများကို ပို၍ လက်တွေ့လုပ်ဆောင်နိုင်သောအခါ၊ ဤသို့ဖြင့် ပို၍ ကြီးမားသော ပြောင်းလဲမှုများဖြစ်စေသောအခါ၊ သင်၏ ပုန်ကန်သော၊ ခေါင်းမာသော စိတ်သဘောထားများသည် မိမိတို့ဘာသာ ထုတ်ဖော်ပြမှု နည်းသည်ထက် နည်းလာသည့်အခါ၊ သင်၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုရှိသလော။ သင်၏ ပုန်ကန်သော စိတ်သဘောထားသည် ယခင်ထက်ပို၍ သိသိသာသာ လျော့နည်းလာလျှင်၊ ဘုရားသခင်အပေါ် သင်၏ ကျိုးနွံနာခံခြင်းက အစဉ်ပို၍ ကြီးမားလာလျှင် စစ်မှန်သော ပြောင်းလဲခြင်းရှိသည်။ ဤသို့ဆိုလျှင် စစ်မှန်သော ကျိုးနွံနာခံခြင်းကို ရရှိရန်အတွက် မည်သည့်အတိုင်းအတာအထိ သင်ပြောင်းလဲရမည်နည်း။ စိတ်နှလုံးခိုင်မာခြင်း အနည်းငယ်မျှပင်မရှိဘဲ ကျိုးနွံနာခံခြင်းသာ ရှိသည့်အခါ၊ သင် အောင်မြင်လိမ့်မည်။ ဤသည်မှာ နှေးကွေးသော ဖြစ်စဉ်ဖြစ်သည်။ စိတ်သဘောထား ပြောင်းလဲခြင်းများသည် ညတွင်းချင်း မဖြစ်ပေ။ ရှည်လျားသော အတွေ့အကြုံ အချိန်ကာလများလိုအပ်ပြီး တစ်သက်တာပင် ဖြစ်သွားနိုင်သည်။ တစ်ခါတစ်ရံတွင် ကြီးမားသော ဆင်းရဲဒုက္ခများစွာ၊ သေခြင်း၊ ပြန်လည်အသက်ရှင်ခြင်းနှင့် ဆင်တူသော ဆင်းရဲဒုက္ခများ၊ အဆိပ်များကို သင်၏ အရိုးများမှ ခြစ်ယူခြင်းထက်ပို၍ နာကျင်ပြီး ခက်ခဲသော ဆင်းရဲဒုက္ခများကို ခံစားဖို့ လိုအပ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ မိမိကိုယ်ကို အမှန်တကယ် သိကျွမ်းခြင်းကို ဆိုလိုသည်) ဘုရားသခင် ဖော်ထုတ်လိုက်တာက ကျွန်တော့်အခြေအနေနဲ့ ကွက်တိပါပဲ။ ကျွန်တော်ဟာ မာကျောတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေခဲ့တာကိုး။ ဒါက ကျွန်တော့်ကို ဘုရားသခင်ရှေ့မှောက်လာပြီး သမ္မာတရားရှာဖွေတာကနေ တားဆီးခဲ့သလို၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံလို့မရအောင် ဖြစ်စေခဲ့တာ။ တခြားဒေသမှာ ကျွန်တော် တာဝန်တွေထမ်းဆောင်ဖို့ ခေါင်းဆောင်တွေ စီစဉ်တာကို ပြန်တွေးကြည့်တယ်။ အသင်းတော်အလုပ်ကို ဦးစားပေးရမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် ညီအစ်မတွေက ကျွန်တော့်ထက် အစွမ်းအစနဲ့ ပိုင်းခြားသိမြင်မှု ပိုရှိမှာကို ကျွန်တော် စိုးရိမ်ခဲ့တယ်။ တာဝန်တွေမှာ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ရင် ကျွန်တော်က အသိအမှတ်ပြုခံရမှာ မဟုတ်တဲ့အပြင်၊ အရည်အချင်းမရှိတဲ့ပုံပေါက်ပြီး အရာမဝင်သလို ခံစားရမှာကိုလည်း ကြောက်ခဲ့တယ်။ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ကျွန်တော်က တာဝန်တွေကို ခေါင်းမာမာနဲ့ တစ်ကြိမ်ပြီးတစ်ကြိမ် ငြင်းပယ်ခဲ့တယ်။ သူများတွေ ဘယ်လိုပဲ မိတ်သဟာယပြုပြု ကျွန်တော် နားမထောင်ခဲ့ဘူး။ ကျွန်တော့်စိတ်နှလုံးက ဘုရားသခင်အပေါ် လုံးဝ တံခါးပိတ်နေခဲ့တာ။ ကျွန်တော် တကယ်ကို ခေါင်းမာပြီး ဇွတ်တရွတ်နိုင်ခဲ့တာပဲ။ အဲဒီဒေသမှာ အလုပ်ပမာဏများပြီး ကူညီဖို့ လူတွေ ပိုလိုတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒီလို အရေးကြီးတဲ့အချိန်မှာ ကျွန်တော့်မာနနဲ့ အဆင့်အတန်းကိုပဲ ဂရုစိုက်ပြီး အသင်းတော်အလုပ်ကို လုံးဝ မစဉ်းစားပေးခဲ့ဘူး။ ကျွန်တော် တော်တော် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့တာပဲ၊ လူ့သဘာဝ လုံးဝကို မရှိဘူး။ ကျွန်တော် တကယ် နောင်တရတာနဲ့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သားရဲ့ စိတ်သဘောထားက တော်တော် ခေါင်းမာပြီး မာကျောပါတယ်။ သမ္မာတရားကို သိရက်နဲ့ လက်တွေ့မလုပ်ဆောင်မိပါဘူး။ သားရဲ့ ဒီပုန်ကန်တတ်တဲ့ အခြေအနေကို ပြောင်းလဲပြီး ကိုယ့်ပြဿနာကို ဖြေရှင်းဖို့ သမ္မာတရား ရှာဖွေဖို့ လိုလားပါတယ်။ သားကို ဦးဆောင်လမ်းပြတော်မူပါ” ပေါ့။ အဲဒီနောက်မှာ တခြားဒေသမှာ တာဝန်ထမ်းဆောင်ဖို့ လိုလားကြောင်း ခေါင်းဆောင်တွေဆီ စာရေးလိုက်တယ်။

နောက်ပိုင်းမှာ တခြားဒေသမှာ တာဝန်မထမ်းဆောင်ချင်ခဲ့တဲ့ အကြောင်းရင်းကို ကျွန်တော် ပြန်ဆင်ခြင်သုံးသပ်ကြည့်တော့၊ ဒါဟာ ကျွန်တော့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိခိုက်စေလို့ ဖြစ်မှန်း သဘောပေါက်သွားတယ်။ ဒါနဲ့ ဒီကဏ္ဍနဲ့ပတ်သက်ပြီး ကျွန်တော် သတိရှိရှိနဲ့ သမ္မာတရားကို ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “အန္တိခရစ်များသည် ကောင်းချီးများရရှိရန်အတွက် ၎င်းတို့၏တာဝန်ကို စိတ်မပါလက်မပါ ထမ်းဆောင်သည်။ ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းအားဖြင့် မိမိတို့ကိုယ်ကို အများမြင်အောင် လုပ်နိုင်ပြီး အထင်ကြီးလေးစားခံရနိုင်မည် ဟုတ်မဟုတ်၊ ဤတာဝန်ကို ၎င်းတို့ ထမ်းဆောင်သည်ကို အထက်က၊ သို့မဟုတ် ဘုရားသခင်က သိမည် ဟုတ်မဟုတ်ကိုလည်း ၎င်းတို့က စုံစမ်းကြသည်။ ဤအရာတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်သောအခါ ၎င်းတို့ ထည့်စဉ်းစားသည့် အရာများအားလုံးဖြစ်သည်။ ၎င်းတို့ ဆုံးဖြတ်လိုသော ပထမဆုံးသောအရာသည် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းအားဖြင့် မည်သည့်အကျိုးအမြတ်များကို ၎င်းတို့ ရရှိနိုင်သည်၊ ကောင်းချီးခံရနိုင်ခြင်း ရှိမရှိတို့ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် အရေးကြီးဆုံးအရာဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်ဖို့ ကြိုးစားရန် သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်နည်းလမ်းနှင့် လူသားပုံသဏ္ဌာန်တစ်ခုကို အသက်ရှင်နေထိုင်ရန်နည်းလမ်းတို့ကို တစ်ခါမျှ ရှာဖွေဖို့မဆိုထားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ အလေးထားပြီး ဘုရားသခင်၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ရမည်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လူတို့ ရလာပြီး ပျော်ရွှင်မှုကို ရရှိရန်အတွက် ဧဝံဂေလိကို မည်သို့ဟောပြီး ဘုရားသခင်အတွက် သက်သေခံရမည်တို့ကို လုံးဝ မစဉ်းစားပေ။ ၎င်းတို့သည် ဤအရာများကို မည်သည့်အခါမျှ ထည့်မစဉ်းစားပေ။ ၎င်းတို့သည် အသင်းတော်နှင့် လူအုပ်ထဲတွင် ကောင်းချီးခံစားရပြီး အကျိုးအမြတ်များ ရနိုင်ခြင်း ရှိမရှိ၊ ခြေကုပ်ရယူဖို့နည်းလမ်း၊ အဆင့်အတန်းရဖို့နည်းလမ်း၊ ၎င်းတို့ကို လူတို့က အထင်ကြီးလေးစားရန်လုပ်ဖို့နည်းလမ်းနှင့် မိမိတို့ အသိအမှတ်ပြုခြင်းခံရအောင် လုပ်ဖို့ နည်းလမ်းနှင့် အကောင်းဆုံး ဖြစ်လာရန်နည်းလမ်းတို့ကိုသာ စဉ်းစားကြသည်။ ၎င်းတို့သည် သာမန်နောက်လိုက်များဖြစ်ရန် လုံးဝ မလိုလားပေ။ ၎င်းတို့သည် အသင်းတော်တွင် အစဉ်သဖြင့် ပထမဆုံးဖြစ်ချင်သည်။ ဆုံးဖြတ်ပိုင်ခွင့် ရှိချင်သည်။ ခေါင်းဆောင်များဖြစ်လာပြီး ၎င်းတို့ကို လူတိုင်းက နားထောင်အောင် လုပ်ချင်ကြသည်။ ထိုအခါမှသာ ၎င်းတို့က ကျေနပ်နိုင်သည်။ အန္တိခရစ်တို့၏ စိတ်နှလုံးတွင် ဤအရာများဖြင့် ပြည့်နေသည်ကို သင်တို့ မြင်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်အတွက် အမှန်တကယ် အသုံးခံသလော။ ၎င်းတို့သည် ဖန်ဆင်းခံများအဖြစ် ၎င်းတို့၏ တာဝန်ကို အမှန်တကယ် ထမ်းဆောင်သလော။ (မထမ်းဆောင်ပါ။) ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ချင်သနည်း။ (အာဏာရချင်သည်။) မှန်သည်။ ၎င်းတို့ကပြောသည်။ ‘ငါ့အနေဖြင့် လောကီကမ္ဘာတွင် လူတိုင်းထက် သာလွန်ချင်သည်။ မည်သည့်အုပ်စုတွင်မဆို ပထမဖြစ်ချင်သည်။ ဒုတိယအနေဖြင့်လိုက်ရန် ငြင်းဆန်သည်။ မည်သည့်အခါမျှ လက်ထောက်ဖြစ်မည်မဟုတ်။ ငါပါသည့် မည်သည့်အဖွဲ့တွင်မဆို ခေါင်းဆောင်ဖြစ်ပြီး အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိချင်သည်။ ငါသည် အဆုံးအဖြတ် ပေးပိုင်ခွင့်မရှိလျှင် သင်တို့အားလုံးကို သိမ်းသွင်းစည်းရုံးရန်၊ ငါ့ကို သင်တို့အားလုံး အထင်ကြီးလေးစားစေရန်၊ ခေါင်းဆောင်အဖြစ် ငါ့ကို သင်တို့ ရွေးချယ်စေရန် ဖြစ်နိုင်သမျှ နည်းလမ်းများအားလုံးကို ရှာမည်။ ငါ့တွင် အဆင့်အတန်းရှိသည်နှင့် ငါသည် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိမည်။ လူတိုင်းက ငါ့ကို နားထောင်ရလိမ့်မည်။ သင်သည် ငါ့နည်းလမ်းအတိုင်း အမှုအရာများကို လုပ်ဆောင်ရမည်ဖြစ်ပြီး သင်သည် ငါ၏ ထိန်းချုပ်မှုအောက်တွင် ရှိလိမ့်မည်။’ ဟူ၍ ဖြစ်သည်။ အန္တိခရစ်က မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ကိုယ်ကို အဓိကကျသော နေရာတစ်ခုတွင်၊ မြင့်မားသောရာထူးနေရာတွင် ထားရန် ကြိုးစားကြလိမ့်မည်။ ၎င်းတို့သည် သာမန်နောက်လိုက်တစ်ယောက် ဖြစ်ရခြင်းနှင့်ပတ်သက်၍ မည်သည့်အခါမျှ ရောင့်ရဲနိုင်မည်မဟုတ်။ ၎င်းတို့သည် မည်သည့်အရာကို စိတ်အပြင်းပြဆုံး ဖြစ်သနည်း။ လူတို့၏ ရှေ့တွင် ရပ်ပြီး အမိန့်များပေးခြင်း၊ လူတို့ကို ဆူငေါက်ခြင်း၊ လူတို့ကို သူတို့ပြောသည့်အတိုင်း လုပ်စေခြင်းတို့ဖြစ်သည်။ တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေရန် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေဖို့ကို မဆိုထားနှင့်၊ ၎င်းတို့၏ တာဝန်ကို မည်သို့ မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ကို လုံးဝ မစဉ်းစားကြပေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်လာပြီး အခြားလူတို့ကို ဦးဆောင်နိုင်ရန်အတွက် မိမိတို့ကိုယ်ကို အသိအမှတ်ပြုခြင်းခံရအောင် ပြုလုပ်ရန်၊ ခေါင်းဆောင်များက ၎င်းတို့ကို အထင်ကြီးပြီး ရာထူးတိုးပေးစေရန် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ဤသည်မှာ တစ်နေကုန် ၎င်းတို့စဉ်းစားပြီး မျှော်လင့်လျက် အချိန်ကုန်စေသည့်အရာဖြစ်သည်။ အန္တိခရစ်များသည် တာဝန်ကို တိတ်ဆိတ်စွာဖြင့် မထင်မရှား ထမ်းဆောင်ရန်ကို မဆိုထားနှင့်၊ အခြားလူတို့၏ ဦးဆောင်မှုကို မခံယူလိုသကဲ့သို့ သာမန်နောက်လိုက် တစ်ယောက်လည်း မဖြစ်လိုကြပေ။ ၎င်းတို့၏တာဝန်သည် မည်သည့်အရာဖြစ်ပါစေ၊ ၎င်းတို့က အရေးပါသည့်သူမဖြစ်ပါက၊ ၎င်းတို့က သူတစ်ပါးတို့အထက်တွင် မနေရပါက၊ အခြားသူများကို ဦးဆောင်၍ မရပါက မိမိတို့၏တာဝန်များ ထမ်းဆောင်ခြင်းကို ပျင်းရိဖွယ်ဖြစ်သည်ဟု မြင်လာကာ အပျက်သဘောဆောင်လာပြီး ခိုကပ်လာကြသည်။ သူတစ်ပါးတို့၏ ချီးမွမ်းမှု၊ သို့မဟုတ် ကြည်ညိုမှုမပါဘဲနှင့် ယင်းသည် ၎င်းတို့အတွက် သာ၍ပင် စိတ်ဝင်စားမှုနည်းပါးဖွယ် ဖြစ်လာပြီး၊ မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ ၎င်းတို့ စိတ်ဆန္ဒများ သာ၍ပင် နည်းပါးလာလေသည်။ သို့ရာတွင် ၎င်းတို့က မိမိတို့၏တာဝန်များကို ထမ်းဆောင်စဉ်တွင် အရေးပါသည့်သူဖြစ်ပြီး အဆုံးသတ် ဆုံးဖြတ်ချက်ချခွင့်ရနိုင်ပါက ၎င်းတို့သည် အင်အားခိုင်မာပြီး မည်သည့်ဒုက္ခဆင်းရဲကိုမဆို ခံလိမ့်မည်။ ၎င်းတို့၌ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် ကိုယ်ပိုင် ရည်ရွယ်ချက်များ အစဉ်ရှိကြပြီး အခြားသူများကို သာလွန်ဖို့ ၎င်းတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပြီး ၎င်းတို့၏လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းရန် နည်းလမ်းတစ်ခုအနေဖြင့် ၎င်းတို့သည် အသိအမှတ်ပြုခြင်း ခံလိုကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် ထင်ပေါ်ဖို့၊ ထိပ်တွင်ရောက်ဖို့၊ အခြားလူများအထက်သို့ရောက်ဖို့ ကိစ္စရပ်တိုင်းတွင် ယှဉ်ပြိုင်လျက်ဖြင့် အလွန်အမင်း ယှဉ်ပြိုင်တတ်သည့်အပြင် ၎င်းတို့၏ လက်ရှိ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာတို့ကို ထိန်းသိမ်းရန်နည်းလမ်းကိုလည်း စဉ်းစားနေကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) အန္တိခရစ်တွေဟာ ဘယ်နေရာမှာပဲ တာဝန်ထမ်းဆောင်ထမ်းဆောင်၊ အဆင့်အတန်းလိုချင်တဲ့ သူတို့လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် လုပ်ဆောင်ကြတယ်ဆိုတာ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ လူတွေကြားမှာ ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ၊ ဒါမှမဟုတ် ခေါင်းဆောင်တွေဖြစ်ပြီး၊ ထင်ပေါ်နိုင်မယ်၊ လေးစားမှု ရနိုင်မယ်ဆိုရင် သူတို့လုပ်သမျှမှာ စိတ်ပါလက်ပါ ရှိကြတယ်။ ဒါပေမဲ့ မထင်ပေါ်နိုင်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ထူးခြားအောင် မလုပ်နိုင်ဘူးဆိုရင် အဲဒီအခါကျ သူတို့တာဝန်တွေကိုတောင် မထမ်းဆောင်ချင်ကြဘူး။ လိုက်စားမှုအပေါ်ထားတဲ့ ကျွန်တော့်အမြင်တွေကို ဒီနားလည်သဘောပေါက်မှုနဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့၊ အန္တိခရစ်တစ်ယောက်ရဲ့အမြင်တွေနဲ့ ထပ်တူကျနေတာကို သဘောပေါက်လိုက်တယ်။ တခြားဒေသမှာ တာဝန်ထမ်းဆောင်ဖို့ တာဝန်ချထားခံရတုန်းက ပူးပေါင်းဆောင်ရွက်ရမယ့် ညီအစ်မတွေဟာ ကျွန်တော့်ထက် အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်း ပိုကောင်းတာကို တွေ့တော့၊ သူတို့ကြားမှာ ကျွန်တော်က အရည်အချင်းမရှိ၊ အသုံးမကျသလို ခံစားရပြီး အရာမဝင်ဘူးလို့ ခံစားခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်ဟာ စိတ်ဆင်းရဲပြီး ဖိနှိပ်ချုပ်ချယ်ခံရသလို ခံစားချက်မျိုးနဲ့ ခဏခဏ အသက်ရှင်ခဲ့ရတယ်။ တာဝန်တွေကို ဘယ်လို ကောင်းကောင်းထမ်းဆောင်မလဲဆိုတာ မတွေးဘဲ ဒီအခြေအနေကနေ ထွက်ပြေးဖို့ပဲ ခဏခဏ ဆန္ဒရှိခဲ့တယ်။ တာဝန်တွေ ပြောင်းရွှေ့ခံရပြီးနောက်မှာ ကျွန်တော်လျှောက်ခဲ့တဲ့ လမ်းကြောင်းအမှားကို ဆင်ခြင်သုံးသပ်မှု မလုပ်ခဲ့ဘူး။ ခေါင်းဆောင်တွေက ကျွန်တော့်ကို တခြားဒေသမှာ တာဝန်တွေ ထမ်းဆောင်ဖို့ ထပ်စီစဉ်ပေးတဲ့အခါမှာလည်း ကျွန်တော် မထင်ပေါ်နိုင်ဘူးလို့ ခံစားရတာနဲ့ ငြင်းဖို့ ဆင်ခြေတွေ ရှာခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်တော်နဲ့ အကြိမ်ကြိမ် မိတ်သဟာယပြုခဲ့ပေမယ့်၊ ပြီးတော့ အဲဒီဒေသမှာ အလုပ်ပမာဏများပြီး ကူညီဖို့ လူတွေ အရေးတကြီး လိုနေမှန်း သိပေမယ့်လို့၊ အသင်းတော်အလုပ်ကို ကျွန်တော် လျစ်လျူရှုခဲ့တုန်းပဲ။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်တော့်စိုးရိမ်မှုက အရမ်းကြီးမားနေခဲ့တာလေ။ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့နဲ့ သူ့မေတ္တာကို ပြန်ပေးဆပ်ဖို့အတွက် တာဝန်တွေ ထမ်းဆောင်နေတာပါလို့ ကျွန်တော် အမြဲ ပြောတတ်တယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော့်ရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ အသုံးခံမှုနဲ့ ဒုက္ခခံမှုတွေ အားလုံးဟာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ကျွန်တော်က တာဝန်တွေ ထမ်းဆောင်နေတာ လုံးဝ မဟုတ်ဘဲ၊ ဘုရားသခင်ကို အသုံးချပြီး လှည့်စားဖို့ ကြိုးစားနေတာပါ။ နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် မေးကြည့်တယ်၊ “ငါ ဘာလို့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဒီလောက် အလေးထားရတာလဲ” လို့ပေါ့။ ဒါက ဘာလို့လဲဆိုရင် “အိုင်ငယ်ထဲက ငါးကြီးပဲ ဖြစ်ချင်တယ်”၊ တို့ “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” တို့လို စာတန်ဆန်တဲ့ အဆိပ်အတောက်တွေက ကျွန်တော့်စိတ်နှလုံးထဲမှာ အမြစ်တွယ်နေပြီး၊ လိုက်စားရမယ့် ပန်းတိုင်တွေနဲ့ ရှင်သန်ရပ်တည်ရေး စည်းမျဉ်းတွေ ဖြစ်နေလို့ပါပဲ။ အသက်ရှင်တယ်ဆိုတာ ထင်ပေါ်ကျော်ကြားပြီး လူတွေရဲ့ လေးစားအားကျမှုကို ရဖို့ဖြစ်တယ်၊ အဲဒီလို အသက်ရှင်မှ အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတယ်လို့ ကျွန်တော် ယုံကြည်ခဲ့တာကိုး။ ဘယ်သွားသွား မထင်ပေါ်နိုင်ဘူး၊ အမြဲတမ်း အထင်သေးခံရမယ်ဆိုရင် အဲဒီအခါ သနားစရာကောင်းတဲ့ ဘဝနဲ့ ရှင်သန်နေရတယ်လို့ ခံစားမိတာပဲ။ တာဝန်တွေ ထမ်းဆောင်နေတယ်လို့ထင်ရပေမဲ့ အတွင်းစိတ်ထဲမှာတော့ ကိုယ့်နေရာရဖို့၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းရဖို့ကိုပဲ အာရုံစိုက်နေခဲ့တယ်။ အသင်းတော်အလုပ်က ကျွန်တော့်ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်နေတဲ့အချိန်မှာတောင်၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်း လိုချင်တဲ့ လိုအင်ဆန္ဒ မပြည့်ဝတာနဲ့ ငြင်းဖို့ ဆင်ခြေတွေ ရှာခဲ့တယ်။ ဒီလို စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်နေတော့ ကျွန်တော်ဟာ တကယ်ကို မာနထောင်လွှားပြီး တစ်ကိုယ်ကောင်းဆန်လာတယ်။ လူသားပုံသဏ္ဌာန် လုံးဝ မရှိဘဲ၊ မသိလိုက်မသိဘာသာနဲ့ ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်မိရက်သား ဖြစ်သွားတယ်။ အဲဒီအချိန်တုန်းက ကိုယ့်တာဝန်တွေကို ထပ်ခါတလဲလဲ ငြင်းပယ်ခဲ့ပြီး ခဏခဏဆိုသလို ကြောက်ရွံ့ပြီး စိတ်မသန့်ဖြစ်ခဲ့တယ်၊ အန္တရာယ်နှုတ်ခမ်းဝ ရောက်နေသလိုမျိုး ခံစားခဲ့ရတယ်။ တာဝန်အပေါ်ထားတဲ့ ဒီလိုသဘောထားမျိုးက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိဖို့ လွယ်တယ်။ ဘုရားသခင်ဆီ နောင်တမရဘူးဆိုရင် ကျွန်တော် သေချာပေါက် ဘေးဖယ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်တော် တကယ် ကြောက်သွားတယ်။ တာဝန်တွေကို ငြင်းပယ်တာဟာ ကြီးလေးတဲ့ ပြဿနာတစ်ခုဆိုတာ အသိအမှတ်ပြုလိုက်တယ်။ လူက နောင်တတွေ၊ အပြစ်ရှိစိတ်တွေနဲ့ ပြည့်သွားတယ်။ ဘုရားသခင်ကို ဒီလို ပုန်ကန်နိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မုန်းမိတယ်။ ကျွန်တော့်နောက်မှာ ပြစ်မှားခြင်းတွေနဲ့ အစွန်းအထင်းတွေ ချန်ထားရစ်ခဲ့ပြီလေ။ ကျွန်တော် ဘုရားသခင်ကို တကယ် အများကြီး ကြွေးတင်နေပါပြီ။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားတာဟာ ပျက်စီးခြင်းဆီ ဦးတည်နေတဲ့ ပြန်လမ်းမဲ့ လမ်းဆုံးဖြစ်လို့ လိုက်စားမှုအပေါ်ထားတဲ့ ကျွန်တော့်အမြင်တွေကို ပြောင်းလဲချင်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲကနေ လက်တွေ့လုပ်ဆောင်မှုနဲ့ ဝင်ရောက်မှုလမ်းကြောင်းကို ကျွန်တော် တွေ့ရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် ဘုရားသခင်၏ အိမ်တော်တွင် စိတ်တည်ငြိမ်စွာဖြင့် အသင်းသားတစ်ဦးအဖြစ် ဆက်လက်နေထိုင်လိုသောကြောင့် ပထမဦးစွာ အမှုအရာအားလုံးတွင် သမ္မာတရားကို ရှာဖွေရန်၊ သင်၏ တာဝန်များကို သင်၏ စွမ်းနိုင်သမျှ အကောင်းဆုံး ဖြည့်ဆည်းရန်နှင့် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်ရန် သင်ယူသင့်သည်၊ ဤနည်းအားဖြင့် ဘုရားသခင်၏ အိမ်တော်အတွင်း၌ သင်သည် နာမည်၌ရော လက်တွေ့တွင်ပါ ဖန်ဆင်းခံတစ်ဦး ဖြစ်လိမ့်မည်။ လူသားမျိုးနွယ်၏ ပင်ကိုလက္ခဏာမှာ ဖန်ဆင်းခံများ ဖြစ်ကြသည်၊ ဘုရားသခင်၏ အမြင်တွင် လူတို့သည် ထိုသို့ဖြစ်ကြသည်။ သို့ဆိုလျှင် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် မည်သို့ စံနှုန်းပြည့်နိုင်မည်နည်း။ ထိုအတွက် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ရန်နှင့် ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ကျင့်ကြံပြုမူရန် သင်ယူရမည်။ ဘုရားသခင်က သင့်အား ဤဂုဏ်ပုဒ်ကို ပေးသည်နှင့်တစ်ပြိုင်နက် ပြီးဆုံးသွားသည်မဟုတ်ပေ။ ထို့ထက် သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သောကြောင့် ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်ပြီး သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သောကြောင့် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်။ သို့ဆိုလျှင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ဝတ္တရားများမှာ အဘယ်အရာများ ဖြစ်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဖန်ဆင်းခံများ၏ တာဝန်များ၊ ဝတ္တရားများနှင့် တာဝန်ယူမှုများကို ရှင်းလင်းစွာ ချမှတ်ထားသည် မဟုတ်လော။ သင်သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို တာဝန်ယူပြီးဖြစ်သည်ဟု ဆိုကြပါစို့။ ထို့ကြောင့် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ အိမ်တော်တွင် စစ်မှန်သော အသင်းသားတစ်ဦး ဖြစ်သည်၊ ဆိုလိုသည်မှာ သင်သည် မိမိကိုယ်ကို ဘုရားသခင်၏ ဖန်ဆင်းခံများထဲမှ တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ဖြစ်သည်။ ယနေ့မှစ၍ သင်သည် သင်၏ ဘဝအစီအစဉ်များကို ပြန်လည်ရေးဆွဲသင့်သည်၊ သင်သည် ယခင်က သင်၏ ဘဝအတွက် သင် သတ်မှတ်ခဲ့သော ရည်သန်မျှော်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ပန်းတိုင်များကို နောက်ထပ် မလိုက်စားသင့်တော့ပေ။ ထိုအစား သင်သည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင် ရှိသင့်သော ဘဝပန်းတိုင်များနှင့် ဦးတည်ချက်ကို စီစဉ်ရန် သင်၏ ပင်ကိုလက္ခဏာအသစ်နှင့် ရှုထောင့်အမြင်အသစ်တို့ကို ခံယူကျင့်သုံးသင့်သည်။ ပထမဦးစွာ သင်၏ ပန်းတိုင်များနှင့် ဦးတည်ချက်သည် ခေါင်းဆောင်ပိုင်း အခန်းကဏ္ဍကို တာဝန်ယူဆောင်ရွက်ရန် သို့မဟုတ် မည်သည့် လုပ်ငန်းနယ်ပယ်တွင်မဆို ဦးဆောင်ရန် သို့မဟုတ် ထူးချွန်ရန်၊ သို့မဟုတ် အလုပ်တစ်ခုခုတွင် ဆောင်ရွက်သော သို့မဟုတ် သီးခြားလုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို ကျွမ်းကျင်သော ကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် မဖြစ်သင့်ပေ။ ထိုအစား သင်သည် ဘုရားသခင်ထံမှ သင်၏ တာဝန်ကို ခံယူသင့်သည်၊ ဆိုလိုသည်မှာ ယခုအချိန် ဤအခိုက်အတန့်တွင် သင်သည် မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သည်ကိုလည်းကောင်း၊ မည်သည့်တာဝန်ကို သင် လုပ်ဆောင်ရန် လိုအပ်သည်ကိုလည်းကောင်း သိရမည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် ရှာဖွေရမည်။ ဘုရားသခင်က သင့်အား လုပ်ဆောင်ရန် တောင်းဆိုသည့် မည်သည့်အရာကိုမဆိုဖြစ်စေ၊ သူ၏ အိမ်တော်တွင် သင့်အတွက် မည်သည့်တာဝန်ကိုမဆို စီစဉ်ပေးထားသည်ဖြစ်စေ ထိုတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်အတွက် သင် နားလည်သင့်သော သမ္မာတရားများနှင့် သင် လိုက်နာပြီး သဘောပေါက်သင့်သော စည်းမျဉ်းများကို နားလည်သဘောပေါက်ပြီး ရှင်းလင်းရမည်။ သင်သည် ယင်းတို့ကို မမှတ်မိနိုင်ပါက ယင်းတို့ကို ချရေးထားနိုင်ပြီး အချိန်ရသောအခါတွင် ယင်းတို့ကို ပို၍ ကြည့်ရှုကာ ပို၍ တွေးဆနိုင်သည်။ ဘုရားသခင်၏ ဖန်ဆင်းခံများထဲမှ တစ်ဦးအနေဖြင့် သင်၏ အဓိက ဘဝပန်းတိုင်မှာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်နှင့် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်ရန် ဖြစ်သင့်သည်။ ဤသည်မှာ သင် ရှိသင့်သော အခြေခံအကျဆုံးသော ဘဝပန်းတိုင် ဖြစ်သည်။ ဒုတိယအနေဖြင့် ပို၍တိကျသောအချက်မှာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို မည်သို့ ကောင်းမွန်စွာ ဖြည့်ဆည်းပြီး စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်ရန်ဖြစ်သည်။ ဤသည်မှာ အရေးအကြီးဆုံး ဖြစ်သည်။ ဂုဏ်သတင်း၊ အဆင့်အတန်း၊ အချည်းနှီးသောဂုဏ်နှင့် တစ်ကိုယ်ရေ အလားအလာတို့ကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် လိုက်စားသည့် ဤဦးတည်ချက်များနှင့် ပန်းတိုင်များသည် သင် စွန့်လွှတ်သင့်သော အရာများအားလုံး ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)) ကျွန်တော်ဟာ ဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့ ကြိုးစားအားထုတ်သင့်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ နားလည်လာတယ်။ ဒါ ကျွန်တော့်တာဝန်ပဲ။ သူများတွေ ကျွန်တော့်ကို ဘယ်လိုမြင်လဲဆိုတာကိုပဲ အမြဲ အာရုံစိုက်မနေသင့်ဘူး။ ဘယ်သူ့အရည်အချင်းက ပိုကောင်းလဲဆိုပြီး သူများတွေနဲ့ မပြိုင်ဆိုင်သင့်ဘူး။ ကျွန်တော် လုပ်သင့်တာက ကျိုးနွံနာခံဖို့၊ ဘုရားအိမ်တော်ရဲ့ သတ်မှတ်ချက်တွေ၊ စည်းမျဉ်းတွေနဲ့အညီ တာဝန်ကို လက်တွေ့ကျကျ ထမ်းဆောင်ဖို့၊ နားမလည်တဲ့ အမှုအရာတွေအတွက် ဘုရားသခင်ဆီ များများဆုတောင်းဖို့၊ တခြားသူတွေနဲ့ မိတ်သဟာယပြုဖို့ ရှာဖွေပြီး သမ္မာတရား စည်းမျဉ်းတွေအပေါ် အားစိုက်ထုတ်ဖို့ပါပဲ။ ဒါဟာ လက်တွေ့လုပ်ဆောင်ရမယ့် မှန်ကန်တဲ့ နည်းလမ်းပါ။

အခု တခြားဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့အခါ၊ လူတွေကို ရှင်းလင်းပစ်ဖို့ အချက်အလက်တွေကို ဆန်းစစ်ရာမှာ တစ်ခါတလေ ကျွန်တော် အကဲဖြတ်တာ လွဲတာ၊ တွက်ချက်တာ မှားတာတွေ ရှိတုန်းပါပဲ။ ရှင်းလင်းပစ်ဖို့ ကျွန်တော်ရေးတဲ့ ဆုံးဖြတ်ချက်တွေမှာ ပြဿနာရှိလို့ လူတိုင်းက အကြံပြုတာတွေ၊ ပြင်ဆင်ပေးတာတွေ လုပ်တဲ့အခါ၊ ကျွန်တော် နည်းနည်း နေရခက်ပြီး သူများတွေ ကျွန်တော့်ကို ဘယ်လိုမြင်မလဲဆိုပြီး စိုးရိမ်မိတုန်းပဲ။ ဒီလိုခံစားချက်တွေ ပေါ်လာတဲ့အခါ၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်း လိုချင်တဲ့ လိုအင်ဆန္ဒရဲ့ ချည်နှောင်မှုနဲ့ ဘောင်ခတ်တာကို ခံနေရပြန်ပြီဆိုတာ ကျွန်တော် သဘောပေါက်တယ်။ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ ကိုယ့်အားနည်းချက်တွေကို မှန်မှန်ကန်ကန် ရင်ဆိုင်ဖို့၊ မှန်ကန်တဲ့ အကြံပြုချက်တွေကို လက်ခံဖို့နဲ့ စည်းမျဉ်းတွေအတိုင်း တာဝန်ထမ်းဆောင်ဖို့ လိုလားတဲ့စိတ်နဲ့ပေါ့။ အတွေ့အကြုံတချို့ ရပြီးတဲ့နောက်မှာတော့ တာဝန်မှာ အားနည်းချက်တွေ အများကြီး ရှိနေသေးပေမယ့်၊ တွဲဖက် ညီအစ်ကိုမောင်နှမတွေရဲ့ လမ်းပြမှု၊ မိတ်သဟာယပြုမှုနဲ့ အကူအညီတွေကတစ်ဆင့် လူတွေကို ပိုင်းခြားသိမြင်တာ၊ လူ၊ ဖြစ်ရပ်နဲ့ အမှုအရာတွေကို ရှုမြင်တာမှာ တိုးတက်မှု ရလာတာကို ကျွန်တော် တွေ့လာရတယ်။ စကားလုံး ရွေးချယ်သုံးစွဲတာကလည်း အရင်ကထက် အများကြီး ပိုတိကျလာတယ်။ ဒီအရာတွေက ကျွန်တော့်ရဲ့ အားနည်းချက် အတော်များများကို ဖြည့်ဆည်းဖို့ တကယ် ကူညီပေးပါတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် တစ်ခါတလေ စိုးရိမ်မိတုန်းဆိုပေမယ့်၊ ဇာတိပကတိကို ပုန်ကန်ဖို့နဲ့ ဂုဏ်သတင်း အဆင့်အတန်း လိုချင်တဲ့ လိုအင်ဆန္ဒရဲ့ ဘောင်ခတ်တာကို သိပ်မခံရဖို့အတွက် ဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းနိုင်ပါတယ်။ ကျွန်တော့်ကို ကယ်တင်ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့- ၉၀။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းရဲ့ ပျော်ရွှင်မှုကို ကျွန်မ တွေ့ကြုံခံစားခဲ့ရပြီ

နောက်တစ်ခုသို့- ၉၅။ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ မိဘများအား ဘယ်လို ဆက်ဆံရမလဲ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

၃၉။ သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စုအမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။