၇၄။ ကျွန်မ လုံးဝ နောင်တရမှာမဟုတ်တဲ့ ရွေးချယ်မှုတစ်ခု

ပိုင်လု၊ တရုတ်နိုင်ငံ

ကျွန်မက လယ်ယာမြေ ထွန်ယက်လုပ်ကိုင်ပြီး အသက်မွေးတဲ့ လယ်သမားမိသားစုကနေ မွေးလာခဲ့တယ်။ ငယ်ငယ်လေးကတည်းက အဖေနဲ့ အဖိုးက ကျွန်မကို စာကြိုးစားဖို့ သင်ပေးခဲ့ကြတယ်။ တက္ကသိုလ်ကောင်းကောင်း တက်ရမှ အလုပ်ကောင်းကောင်းရမယ်၊ သူများထက် ထူးချွန်ထက်မြက်သူ ဖြစ်လာမယ်၊ ပြီးတော့ မိသားစုကို ဂုဏ်တက်စေနိုင်မယ်ဆိုပြီးတော့ပေါ့။ စကားနဲ့ရော ပုံသက်သေနဲ့ပါ သူတို့ရဲ့ သွန်သင်ဆုံးမမှုအောက်မှာ ကျွန်မ စာကို လုံ့လဝီရိယရှိရှိ လုပ်ခဲ့လို့ အမှတ်တွေ အမြဲ ကောင်းခဲ့တယ်။ အဖေက “သမီးရဲ့ ဝမ်းကွဲအစ်မဆို ပါရဂူဘွဲ့ရပြီး ပါမောက္ခဖြစ်သွားပြီ။ သူ လစာကောင်းကောင်းရသလို အရမ်းလဲ ဂုဏ်ရှိတယ်။ သမီးရဲ့ နောက်ဝမ်းကွဲတစ်ယောက်ဆိုလဲ နာမည်ကြီး တက္ကသိုလ်ကနေ ဘွဲ့ရပြီး အခု သိပ္ပံသုတေသနအလုပ် လုပ်နေတာ ခံစားခွင့်တွေ အများကြီးပဲ...” လို့ ကျွန်မကို ခဏခဏ ပြောလေ့ရှိတယ်။ ကျွန်မ စာကြိုးစားရမယ်၊ တက္ကသိုလ်ကောင်းကောင်း တက်ပြီး အလုပ်ကောင်းကောင်း ရှာရမယ်၊ အဲဒီလိုဆိုရင် ကျွန်မရော မိဘတွေပါ ဂုဏ်တက်မယ်လို့ ကျွန်မ တွေးခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မ ဘုရားသခင်ကို ယုံကြည်ပြီးသားဖြစ်ပေမဲ့ တက္ကသိုလ်ကောင်းကောင်း တက်ရဖို့၊ နောင်မှာ အလုပ်ကောင်းကောင်းရှာပြီး လူတိုင်း အားကျတာ ခံရဖို့အတွက် ကျွန်မ စာကိုပဲ လုံးဝ အာရုံစိုက်ခဲ့သလို စုဝေးပွဲတွေကို ပုံမှန် မတက်ခဲ့ဘူး။ နောက်ပိုင်းကျတော့ စာလုပ်ရတဲ့ ဖိအားများတာနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တာတွေကြောင့် ကျွန်မ တဖြည်းဖြည်းနဲ့ ကျန်းမာရေး ပြဿနာတွေ ခံစားလာရတယ်။ လည်ပင်းကြီးရောဂါ၊ အစာအိမ်ပြဿနာတွေနဲ့ ပြင်းထန် အစာအိမ်နဲ့အူလမ်းကြောင်း ရောင်ရမ်းတာလိုမျိုး ရောဂါတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတာပေါ့။ ဆေးကုဖို့ ဆေးရုံသွားပေမဲ့ နာတာကျင်တာ သိပ်မသက်သာခဲ့ဘူး။ ပြီးတော့ ဆံပင်အကြီးအကျယ် ကျွတ်လာပြီး မျက်စိနဲ့ မြင်သာတဲ့အထိကို ပါးလာတာ။ အစာအိမ်နဲ့အူလမ်းကြောင်းရောင်တာကလဲ ခဏခဏ ပြန်ဖြစ်ပြီး ဝမ်းခဏခဏ ပျက်တတ်တယ်။ ဒီရောဂါတွေက ကျွန်မကို နှိပ်စက်လွန်းလို့ မခံမရပ်နိုင်အောင် ခံစားရတယ်။ မှန်ထဲမှာ ပိန်ချုံးနေတဲ့ ကိုယ့်ပုံစံကို ကြည့်ပြီး ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေသလို ခံစားရတယ်။ ပြီးတော့ အရမ်းလဲ နာကျင်ရတယ်။ ညီအစ်ကို မောင်နှမတွေနဲ့ ဘုရားနှုတ်ကပတ်တော်တွေဖတ်ပြီး ချီးမွမ်းသီချင်းဆိုရင်းနဲ့ အတူစုဝေးခဲ့ကြတဲ့နေ့တွေကို ကျွန်မ လွမ်းမိတယ်။ အဲဒါတွေက အထူး စိတ်လက်ပေါ့ပါးပြီး လွတ်မြောက်စေတယ်လေ။ ကျွန်မ အနားယူချင်ပေမဲ့ လေးလံတဲ့ ပညာရေးဝန်ထုပ်ဝန်ပိုးက ကျွန်မကို ကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်စေခဲ့တယ်။ ဒီလိုအသက်ရှင်ရတာ ပင်ပန်းလွန်းတယ်လို့ တွေးမိပြီး နာကျင်မှုနဲ့ ဟာတာတာဖြစ်တာကို ကျွန်မ ခဏခဏ ခံစားရတယ်။ တစ်ခါတလေဆိုရင် အမြင့်ကနေ ခုန်ချလိုက်ပြီး ထာဝရ၊ မဆုံးနိုင်အောင် အိပ်မောကျသွားရင် ကောင်းမှာပဲလို့တောင် ကျွန်မ တွေးမိတယ်။ ဒါတွေက စာတန်ဆီက လာတဲ့ အတွေးတွေဖြစ်ပြီး ကျွန်မ မလိုက်လျောသင့်ဘူးဆိုတာ သတိပြုမိလိုက်ပါတယ်။ နောက်ပိုင်းမှာ ကျွန်မ တွေးမိတယ်။ “သူများအထက်မှာ ရပ်တည်ဖို့ဆိုတဲ့ ငါ့အိပ်မက်အတွက် ဒီနှစ်တွေအများကြီး ငါ အရမ်းကြိုးစားလုပ်ခဲ့တာ။ ကျော်ဖြတ်ဖို့ ဒီနောက်ဆုံးတစ်နှစ်ပဲ ကျန်တော့တာ။ တက္ကသိုလ်ရောက်သွားရင် ကိစ္စတွေ ပိုလွယ်ကူသွားမှာပါ။ တက္ကသိုလ်က အထက်တန်းကျောင်းလောက် စာလုပ်ရတဲ့ ဖိအားရှိမှာ မဟုတ်ဘူး။ အဲဒီကျရင် ငါ ပုံမှန် စုဝေးနိုင်မှာပါ” လို့ပေါ့။

၂၀၁၉ မှာ စက်မှုတက္ကသိုလ်ကောင်းကောင်းတစ်ခုကို ကျွန်မ ဝင်ခွင့်ရခဲ့တယ်။ ဆွေမျိုးတွေက ကျွန်မကို ဂုဏ်ပြုဖို့ ရောက်လာကြပြီး သူတို့ကလေးတွေကိုတောင် ကျွန်မကို စံနမူနာယူဖို့ ပြောကြတယ်။ ခဏလေးအတွင်းမှာပဲ မိသားစုထဲမှာ ကျွန်မက နာမည်ကြီးသွားတာပေါ့။ သတင်းကြားတော့ သူငယ်ချင်းတွေကလဲ ဂုဏ်ပြုစာတွေ ပို့ကြတယ်။ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေရဲ့ ဒီလိုချီးမွမ်းတာကို ကြားတော့ ကျွန်မ အရမ်းပျော်ခဲ့တယ်။ အထက်တန်းကျောင်းနဲ့ ယှဉ်ရင် တက္ကသိုလ်မှာ စာလုပ်ရတဲ့ ဖိအားက ပိုနည်းသွားမှာဖြစ်ပြီး အားလပ်ချိန်တွေ အများကြီးရှိမှာဆိုတော့၊ ပုံမှန် စုဝေးခွင့်ရမယ်လို့ ကျွန်မ ထင်ခဲ့တာ။ ဒါပေမဲ့ ကိစ္စတွေက ကျွန်မ စိတ်ကူးသလို ဖြစ်မလာခဲ့ပါဘူး။ အတန်းတက်ရတာအပြင် အောင်လက်မှတ် စာမေးပွဲအမျိုးမျိုးကိုလည်း ဖြေဆိုခဲ့ရတဲ့အတွက် ဒီစာမေးပွဲတွေအတွက် ကြိုပြင်ဆင်တဲ့ သင်တန်းတွေကိုပါ တက်ရတာနဲ့ ကျွန်မ မကြာခဏဆိုသလို အလုပ်ရှုပ်နေခဲ့တယ်။ ခရက်ဒစ်တွေရဖို့ ကျောင်းက စီစဉ်တဲ့ လှုပ်ရှားမှုအမျိုးမျိုးမှာလဲ ကျွန်မ ပါဝင်ရသေးတော့ အချိန်ဇယားက အရမ်းကျပ်နေခဲ့တယ်။ ပြီးတော့ တရုတ်ပြည်က တက္ကသိုလ်တွေမှာ ဘုရားသခင်ကို ယုံကြည်တာ ခွင့်မပြုဘူးဆိုတော့ ကျွန်မ တိတ်တဆိတ် စုဝေးခဲ့ရတယ်။ ကျွန်မ နည်းနည်း ဘောင်ခတ်ခံရသလို ခံစားရပြီး အသိခံရမှာကို အမြဲ ကြောက်နေခဲ့ရတယ်။ နောက်ပိုင်းမှာ အသင်းတော်ကို ရောက်လာတဲ့ လူသစ်တွေ အများကြီးရှိပြီး အရေးတကြီး ရေလောင်းဖို့ လိုအပ်နေတယ်၊ ဒါကြောင့် ကျွန်မကို လေ့ကျင့်ပြီး ဒီအလုပ် လုပ်စေချင်တယ်လို့ အစ်မချန်ရှင်းက ပြောတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “ငါက စာတွေနဲ့ အလုပ်ရှုပ်နေတာ၊ ပြီးတော့ အောင်လက်မှတ် စာမေးပွဲတွေလည်း ဖြေရဦးမှာ။ တာဝန်ပါ ထမ်းဆောင်ရင် ငါ့ပညာရေးနှောင့်နှေးသွားလိမ့်မယ်။ ဘွဲ့ရဖို့ ခရက်ဒစ်တွေ မလောက်ရင် ဘယ်လိုလုပ်မလဲ။ အဲဒါဆို အလုပ်ကောင်းကောင်း ဘယ်လိုရှာမလဲ” လို့ပေါ့။ အဲဒါကို တွေးရင်းနဲ့ ကျွန်မ ငြင်းလိုက်ပြီး အမှတ်တွေရဖို့ပဲ လုံးဝ အာရုံစိုက်လိုက်တော့တယ်။ စုဝေးပွဲတွေကို ကျွန်မ တက်နေသေးပေမဲ့ စိတ်နှလုံးကို ငြိမ်ငြိမ်မထားနိုင်ခဲ့ဘူး။ ဆုတောင်းတာ၊ ဘုရားနှုတ်ကပတ်တော် ဖတ်တာတွေ နည်းသွားတယ်။ နေ့တိုင်း အတန်းတက်ပြီး အမှတ်တွေယူတဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းပဲ လုပ်ခဲ့ပြီး အချိန်ကြာလာတော့ ရှင်းပြလို့မရတဲ့ ဟာတာတာဖြစ်မှုတစ်ခု ကျွန်မထဲမှာ ဖြစ်လာတယ်၊ ဒီလို အသက်ရှင်နေထိုင်နည်းက အဓိပ္ပာယ်မရှိဘူးလို့ ခံစားရစေတာပေါ့။ ကျွန်မ အခန်းဖော်က အပျော်အပါးလုပ်ဖို့၊ အစားကောင်းစားဖို့ ကျွန်မကို အပြင်ခေါ်သွားပေမဲ့ ကျွန်မ စိတ်နှလုံးထဲက ဟာတာတာဖြစ်တာက လုံးဝ ပျောက်မသွားခဲ့ဘူး။

ကျောင်းပိတ်ရက်မှာ အိမ်ပြန်ရောက်တော့ အလယ်တန်းကျောင်းတုန်းက အတန်းဖော် ဟယ်ရှင်းနဲ့ စုဝေးပွဲတစ်ခုမှာ တွေ့ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က သူ့ညီမလေး အထက်တန်းကျောင်းဝင်ခွင့် နှစ်ခါကျပြီး စိတ်ဖောက်ပြန်သွားတယ်လို့ ဟယ်ရှင်းက ပြောပြတယ်။ ကျွန်မ မှင်သက်သွားတယ်၊ “သူ့ညီမလေးက အရင်တုန်းက အရမ်းရွှင်လန်းတက်ကြွပြီး အကောင်းမြင်တတ်တာ၊ အခုတော့ စိတ်ပိုင်းဆိုင်ရာ မကျန်းမမာဖြစ်လာပြီပေါ့” လို့လေ။ ဒီကိစ္စက ကျွန်မအပေါ် သက်ရောက်မှုတချို့ ရှိခဲ့တယ်။ အဲဒီရက်တွေမှာ ကျွန်မ ခဏခဏ တွေးမိတယ်၊ “ဟယ်ရှင်းရဲ့ ညီမလေးဆို သူများထက် ထူးချွန်ထက်မြက်သူဖြစ်ဖို့ စာကို အရမ်းကြိုးစားခဲ့တာ။ ရလဒ်က ဒီလိုဖြစ်လာမယ်လို့ ငါ မထင်ထားခဲ့ဘူး။ တက္ကသိုလ်ဝင်ခွင့်ရဖို့ ငါ ကျွန်သဘောက်လို စာလုပ်ခဲ့တယ်၊ အခု ငါ ဆန္ဒရှိခဲ့တဲ့ တက္ကသိုလ်ကို ဝင်ခွင့်ရပြီး ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေရဲ့ အားကျတာကို ခံရပေမဲ့ ဘာဝမ်းမြောက်မှုကိုမှ ငါ မခံစားရသလို အတော်လေး ပင်ပန်းတယ်။ ဒီလိုလိုက်စားတာက တကယ် တန်ရဲ့လား” လို့ပေါ့။ ရက်နည်းနည်းကြာတော့ တစ်ပြည်လုံးအတိုင်းအတာနဲ့ ကိုဗစ် ဖြစ်လာပြီး ရွာတွေ၊ လမ်းတွေကို ပိတ်ပင်တာ၊ ခရီးသွားလာတာကို ကန့်သတ်တာတွေ လုပ်လာတယ်။ တက္ကသိုလ်တွေ အတန်းပိတ်တယ်၊ စက်ရုံတွေ အများကြီး ပိတ်ကုန်တယ်၊ ကျွန်မလည်း ကျောင်းတက်လို့ မရတော့ဘူး။ ဒါကြောင့် အသင်းတော်မှာ ကျွန်မ ပုံမှန် စုဝေးပြီး ကိုယ့်တာဝန်တွေကို စထမ်းဆောင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ဖြစ်လာတော့ သမ္မာတရားတချို့ကို ကျွန်မ တဖြည်းဖြည်း နားလည်လာတယ်။ တစ်နေ့မှာ ဘုရားသခင်ဆီက ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “မိမိ၏တာဝန်ကို လုပ်ဆောင်ရာ၌ အဓိက လူအမျိုးအစား နှစ်မျိုးရှိသည်။ တစ်ဦးမှာ မိမိကိုယ်ကို ဘုရားသခင်အတွက် စိတ်ရင်းအတိုင်း အသုံးခံသောသူဖြစ်ကာ၊ နောက်တစ်ဦးမှာ မိမိအတွက် ထွက်ပေါက်တစ်ခုကို အမြဲဖွင့်ထားသောသူမျိုး ဖြစ်သည်။ မည်သည့်လူစားမျိုးကို ဘုရားသခင် အသိအမှတ်ပြုပြီး ကယ်တင်မည်ဟု သင်တို့ထင်ကြသနည်း။ (ဘုရားသခင်အတွက် စိတ်ရင်းအတိုင်း မိမိကိုယ်ကို အသုံးခံသောသူတို့ ဖြစ်ကြသည်။) ဘုရားသခင်သည် သူ့အတွက် မိမိကိုယ်ကို စိတ်ရင်းအတိုင်း အသုံးခံသော လူတို့ကို ရယူလိုသည်။...ယခုပင် သင့်တာဝန်ကို သင်လုပ်ဆောင်ရင်း သင်တို့၏ ဝါသနာများနှင့် စွမ်းရည်များမှာ တိုးတက်လာသည်။ ထို့အပြင် သင်တို့သည် ဤအချိန်အတောအတွင်း ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်တို့၏ တာဝန်ကို သင်တို့လုပ်ဆောင်ရင်း သမ္မာတရားကို နားလည်ပြီး အသက်တာ၏ မှန်ကန်သောလမ်းပေါ်သို့ ဝင်ရောက်နိုင်စွမ်း ရှိမည်ဖြစ်သည်။ ပျော်ရွှင်စရာအဖြစ်၊ ကောင်းသောကြမ္မာပေတည်း။ ယင်းကို သင်မည်သို့ပင် ကြည့်ပါစေ ယင်းက ဆုံးရှုံးမှုမဟုတ်ပါ။ သင်တို့သည် ဘုရားသခင်နောက် လိုက်နေရင်း အပြစ်တည်နေရာများမှ မိမိကိုယ်ကို ကင်းကွာစေပြီး ဆိုးယုတ်သောလူအုပ်စုများဖြင့် ခပ်ကင်းကင်းနေလော့။ အနည်းဆုံးအနေဖြင့် သင့်စိတ်ကူးများနှင့် နှလုံးသားတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးမှုနှင့် နင်းခြေခြင်းကို ဆက်၍ ခံစားရတော့မည် မဟုတ်ချေ။ စင်ကြယ်သော နယ်မြေတစ်ခုသို့ သင်ရောက်လာခဲ့ပြီ၊ ဘုရားသခင်ရှေ့မှောက် ရောက်လာခဲ့ပြီ။ ဤသည်မှာ ဧရာမ ကံကောင်းခြင်းမဟုတ်သလော။ လူတို့သည် ယခုပစ္စုပ္ပန်အထိ တစ်ခေတ်ပြီးတစ်ခေတ် လူဝင်စားလာကြပြီး သူတို့၌ ထိုသို့သော အခွင့်အရေးများ အဘယ်မျှရှိသနည်း။ နောက်ဆုံးသောကာလထဲ၌ မွေးဖွားသော လူတို့သာလျှင် ဤအခွင့်အရေးကို ရရှိကြသည် မဟုတ်လော။ ယင်းက ကြီးမားသော အရာတစ်ခုပင်တည်း။ ယင်းက ဆုံးရှုံးမှုကိစ္စရပ်တစ်ခု မဟုတ်၊ အကြီးမားဆုံးသော ကံကောင်းခြင်းပင်ဖြစ်သည်။ သင်အလွန်ပျော်ရွှင်သင့်လေသည်။ ဖန်ဆင်းခံများအနေဖြင့် ဖန်ဆင်းခြင်းတစ်ခုလုံးအလယ် ကမ္ဘာမြေပေါ်က ဘီလီယံအနည်းငယ်မျှသော လူတို့အကြား ဖန်ဆင်းခံများအဖြစ် မိမိတို့၏ ပင်ကိုလက္ခဏာများထဲ၌ ဖန်ဆင်းရှင်၏ လုပ်ဆောင်ချက်များကို သက်သေခံရန်၊ ဘုရားသခင်၏အလုပ်ထဲတွင် မိမိတို့၏ တာဝန်နှင့် ဝတ္တရားများကို လုပ်ဆောင်ရန် အခွင့်အရေးကို ရရှိသောသူ လူမည်မျှရှိသနည်း။ မည်သူသည် ထိုသို့သော အခွင့်အရေးမျိုးရှိသနည်း။ ထိုသို့သောလူများစွာရှိသလော။ အလွန်နည်းသောသူတို့သာ ရှိ၏။ အချိုးအဆမှာ အဘယ်နည်း။ လူတစ်သောင်းမှာ တစ်ယောက်လော။ မဟုတ်ပါ၊ ထို့ထက်ပင် ပိုနည်း၏။ အထူးသဖြင့် တာဝန်ကို လုပ်ဆောင်ရန် သင်တို့ လေ့လာဆည်းပူးထားသည့် သင်တို့၏ စွမ်းရည်များနှင့် အသိပညာကို အသုံးချနိုင်သော သင်တို့သည် လွန်စွာမှပင် ကောင်းချီးခံစားရသည် မဟုတ်လော။ သင်သည် လူတစ်ဦးကို သက်သေခံခြင်းမဟုတ်သည့်အပြင် သင်လုပ်သည့်အရာသည် သက်မွေးမှုလုပ်ငန်းတစ်ခု မဟုတ်။ သင်အစေခံသောသူသည် ဖန်ဆင်းရှင်ဖြစ်၏။ ဤသည်ကား အလှပဆုံးနှင့် အဖိုးအထိုက်ဆုံး အရာတည်း။ သင်တို့ ဂုဏ်မယူသင့်သလော။ (ဂုဏ်ယူသင့်ပါသည်။) တာဝန်ကို လုပ်ဆောင်ရင်း၊ သင်တို့သည် ဘုရားသခင်၏ ရေလောင်းခြင်းနှင့် ထောက်ပံ့ပေးခြင်းကို ရရှိကြသည်။ ထိုသို့သော ကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့် အခွင့်အရေးဖြစ်၍ သင်သည် မည်မည်ရရ ဘာတစ်ခုမျှ မရရှိပါက၊ သမ္မာတရားကို မရရှိပါက သင့်ဘဝတစ်လျှောက်လုံး နောင်တရနေမည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့သည် တာဝန်ကို လုပ်ဆောင်ရန် အခွင့်အရေးကို အမိအရ ယူရမည်ဖြစ်ပြီး ယင်းအား သင့်ကို လွန်မသွားစေနှင့်။ တာဝန်ကို လုပ်ဆောင်ရင်း သမ္မာတရားကို အသည်းအသန် လိုက်စားပြီး ရယူလော့။ ဤသည်မှာ သင်လုပ်ဆောင်နိုင်သော အဖိုးထိုက်ဆုံးအရာ၊ အဓိပ္ပာယ်ရှိဆုံးသော ဘဝပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ဘုရားသခင်အတွက် စိတ်ရင်းမှန်နဲ့ ကိုယ့်ကိုယ်ကိုယ် အသုံးခံတဲ့သူတွေကိုပဲ ကိုယ်တော်က အသိအမှတ်ပြုမှန်း ကျွန်မ နားလည်သွားတယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ပြီး သမ္မာတရားရဖို့ ကြိုးစားတာက မင်္ဂလာအရှိဆုံးနဲ့ တန်ဖိုးအရှိဆုံး အလုပ်ပဲ။ ကျွန်မက ဖန်ဆင်းခံ အသေးအမွှားလေး တစ်ယောက်ပဲ ဖြစ်ပေမဲ့ ကမ္ဘာမှာရှိတဲ့ လူသန်းပေါင်းများစွာထဲမှာ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံဖို့ ကျွန်မ အခွင့်ထူးရခဲ့တယ်၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ရေလောင်းပြီး ထောက်ပံ့ပေးတာ ခံရတယ်၊ ဘုရားသခင်ရဲ့ အိမ်တော်မှာ တာဝန်တွေ ထမ်းဆောင်ပြီး ဘုရားသခင်ရဲ့ ဧဝံဂေလိတရား ဖြန့်ဝေတဲ့အလုပ်မှာ ကိုယ့်ရဲ့အားထုတ်မှုတွေနဲ့ ပံ့ပိုးခွင့်ရတယ်ဆိုတာကို ကျွန်မ တွေးမိတယ်။ ဒါတကယ်ပဲ ဘုရားက ကျွန်မကို ပြုစုပျိုးထောင်ပေးနေခဲ့တာပဲ။ အရင်တုန်းက ကျွန်မဟာ သူများထက် ထူးချွန်ထက်မြက်သူဖြစ်ဖို့နဲ့ လူတွေ အားကျတာခံရဖို့ကိုပဲ အာရုံစိုက်ခဲ့ပြီး၊ ကျွန်မရဲ့ အချိန်နဲ့ ခွန်အားအားလုံးကို စာလုပ်တဲ့အထဲမှာပဲ ပုံအောထားခဲ့တဲ့အပြင် ကျွန်မရဲ့ ယုံကြည်ခြင်းကို အလေးမထားခဲ့ဘူး။ လူသစ်တွေကို ရေလောင်းဖို့ လေ့ကျင့်ပေးမလို့ အစ်မချန်ရှင်းက မေးတုန်းက ကျွန်မ ငြင်းခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က အဲဒါကို အပြစ်မမှတ်ခဲ့ဘဲ ကျွန်မရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ နောက်ထပ် အခွင့်အရေးတစ်ခု ပေးခဲ့တယ်။ ကျွန်မ အဲဒါကို ကောင်းကောင်း တန်ဖိုးထားဖို့ လိုအပ်ခဲ့တာပေါ့။ အဲဒီနောက်မှာ ကျွန်မ ကိုယ့်တာဝန်တွေကို အလေးအနက်ထားခဲ့ပြီး ဘယ်လို ကောင်းကောင်း ထမ်းဆောင်ရမလဲဆိုတာ စဉ်းစားခဲ့တယ်။ တာဝန်တွေ ထမ်းဆောင်နေတုန်းမှာ ဖောက်ပြန်ပျက်စီးမှုကို ကျွန်မ အတော်လေး ထုတ်ဖော်မိခဲ့တယ်။ ညီအစ်မတွေဆီက လမ်းပြ၊ ကူညီမှုတွေနဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ပတ်သက်ပြီး နားလည်မှုတချို့ ရရှိခဲ့တယ်။ ကျွန်မ တစ်ခါမှ မကြုံဖူးတဲ့ တည်ငြိမ်မှု၊ ငြိမ်သက်မှု၊ စိတ်သက်သာရာရမှုနဲ့ လွတ်လပ်မှု ခံစားချက်တစ်ခုကို ခံစားခဲ့ရတယ်။ နေ့ရက်တိုင်းက စိတ်ကျေနပ်စရာဖြစ်ခဲ့ပြီး၊ ဘုရားသခင်ရဲ့ အိမ်တော်မှာ ထာဝရ တာဝန်ထမ်းဆောင်သွားဖို့ ကျွန်မ မျှော်လင့်ခဲ့တယ်။

ဒါပေမဲ့ ကောင်းတဲ့အချိန်တွေက တာရှည်မခံခဲ့ဘူး။ စက်တင်ဘာလကျရင် ကျောင်းပြန်ဖွင့်မယ်ဆိုတာနဲ့ ကပ်ရောဂါကြောင့် ကျောင်းပြန်ဖွင့်ပြီးရင် ကျောင်းက အလုံပိတ် စီမံခန့်ခွဲမှုစနစ်ကို ကျင့်သုံးမှာဖြစ်ပြီး ဘယ်သူမှ ကျောင်းဝင်းထဲကနေ ထွက်ခွင့်ရမှာ မဟုတ်ဘူးဆိုတာတွေကို ကျောင်းအတိုင်ပင်ခံက အသိပေးလာတယ်။ သတင်းရရချင်းပဲ ကျွန်မ ရုတ်တရက် စိတ်ဆင်းရဲသွားတယ်။ “ကျောင်းက အလုံပိတ် စီမံခန့်ခွဲမှုစနစ်ကို ကျင့်သုံးတော့မယ်ဆိုတော့ ကျောင်းပြန်ဖွင့်ပြီးရင် ငါ ကျောင်းဝင်းထဲကနေ ထွက်လို့ရတော့မှာ မဟုတ်ဘူး၊ အဲဒီတော့ ငါ စုဝေးနိုင်မှာ မဟုတ်သလို တာဝန်တွေလည်း ထမ်းဆောင်နိုင်တော့မှာ မဟုတ်ဘူး။ ပြီးတော့ ဘုရားမဲ့ဝါဒ အတွေးအခေါ်တွေ ရိုက်သွင်းခံရဦးမယ်။ ငါ့ရဲ့ယုံကြည်ခြင်းမှာ အခြေခံအုတ်မြစ် ပေါ့တန်နေသေးပြီး ငါ့ရဲ့ ဝိညာဉ်ရင့်ကျက်မှုကလည်း အားနည်းတယ်။ ဒီလိုဝန်းကျင်မျိုးမှာ ငါ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပါ့မလား” လို့ပေါ့။ အဲဒါကြောင့် ကျွန်မ ကျောင်းမသွားချင်တော့ဘူး။ ဒါပေမဲ့ နောက်တော့ ကျွန်မတွေးမိတယ်။ “ငါသာ ကျောင်းမသွားရင် အဖေနဲ့ အဖိုးက ငါ့ကို သေချာပေါက် အရမ်းစိတ်ပျက်ကြမှာ။ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက ငါ့ကို အထင်ကြီးကြတော့မှာ မဟုတ်သလို ငါ့ကို လှောင်တောင် လှောင်ကြဦးမယ်။ ဒါပေမဲ့ ငါ ကျောင်းသွားရင် စုဝေးနိုင်မှာ မဟုတ်သလို တာဝန်တွေလည်း လုပ်နိုင်မှာ မဟုတ်ဘူး။ အခု ကပ်ရောဂါက နေရာတိုင်း ပြန့်နှံ့နေပြီး ကပ်ဘေးတွေက ပိုပြင်းထန်လာနေတယ်၊ ဘုရားရဲ့အမှုတော်က အဆုံးသတ်ခါနီးနေပြီ။ ဘုရားသခင်ရဲ့ အမှုတော် ပြီးသွားလို့ ငါ သမ္မာတရား မရသေးရင်၊ ကပ်ဘေးတွေထဲ ငါ ကျသွားမှာ မဟုတ်လား။ ဒါပေမဲ့ ငါ့ပညာရေးကို စွန့်လွှတ်လိုက်ရင် နှစ်နဲ့ချီတဲ့ ငါရဲ့အားထုတ်မှုတွေအားလုံး အလကားဖြစ်သွားမှာ မဟုတ်လား” လို့ပေါ့။ ဒါကို စဉ်းစားတဲ့အခါ၊ ကျွန်မ အရမ်း စိတ်သောကရောက်ပြီး ဘာရွေးရမှန်းလဲ မသိခဲ့ဘူး။ အဲဒီအချိန်မှာ ခေါင်းဆောင်က ကျွန်မကို ဆက်သွယ်ပြီး ပြောတယ်၊ “အခု ဧဝံဂေလိတရားက အများကြီး ပြန့်ပွားနေပြီး ပိုပိုများတဲ့ လူတွေက ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံနေကြတယ်၊ အသင်းတော်က ရေလောင်းတဲ့သူတွေ အရေးတကြီး လိုအပ်နေလို့ ညီမကို လူသစ်တွေ ရေလောင်းစေချင်တယ်။ ညီမ လုပ်ချင်စိတ် ရှိလား” တဲ့။ အဲဒီတုန်းက ကျွန်မ တော်တော်လေး ကြံရာမရဖြစ်သွားတယ်။ အဲဒီနောက်မှာ နှုတ်ဆက်ခဲ့ပြီ ကျွန်မရဲ့ ဖြူစင်တဲ့ ကျောင်းတော် ဆိုတဲ့ ပြဇာတ်ကို ကျွန်မ ကြည့်ခဲ့ပြီး အဲဒီဗီဒီယိုထဲမှာ ကိုးကားထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့ခဲ့တယ်။ “စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ပြီးလျှင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်ရန် စွမ်းရည် သို့မဟုတ် သတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍ ကိုယ်တော်အား သစ္စာဖောက်ပြီး တိုး၍ ကောက်ကျစ်ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်တွေကနေ စာတန်ဟာ လူတွေကို ဘုရားသခင်ဆီကနေ ဝေးကွာသွားအောင် မျှားခေါ်ဖို့နဲ့ ကိုယ်တော့်ကို သစ္စာဖောက်အောင် လမ်းလွဲဖို့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အသုံးပြုမှန်း ကျွန်မ နားလည်သွားတယ်။ ငယ်ငယ်တုန်းက အဖေနဲ့ အဖိုးက “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သင်၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်” ဆိုတာနဲ့ “လူတို့ထဲမှ အကြီးမြတ်ဆုံးသောသူ ဖြစ်လာရန်အတွက် အကြီးမားဆုံးသော အခက်အခဲများကို ခါးစည်းခံရမည” ဆိုတာတွေ ကျွန်မကို သင်ပေးခဲ့တာတွေကို ပြန်သတိရတယ်။ ကျွန်မက ကျော်ကြားမှုနှင့် အကျိုးအမြတ်နဲ့ အဆင့်အတန်း လိုက်စားတာကို ဘဝရည်မှန်းချက်အဖြစ် ထားခဲ့ပြီး ကျော်ကြားမှုနှင့် အကျိုးအမြတ် ရရှိမှ၊ သူများတွေ အားကျတာခံရမှပဲ ဘဝက အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိနိုင်မယ်လို့ ယုံကြည်ခဲ့တာ။ တက္ကသိုလ်ကောင်းကောင်း တက်ရဖို့ ကျွန်မရဲ့ ကျန်းမာရေး ထိခိုက်မှာကိုတောင် မမှုခဲ့ဘူး။ စက်ရုပ်တစ်ရုပ်လို မနားတမ်း စာလုပ်ခဲ့လို့ ရောဂါအမျိုးမျိုး ဖြစ်လာခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုနဲ့ အတွင်းစိတ်က သောကတွေက ကျွန်မကို အကြီးအကျယ် စိတ်ဆင်းရဲပြီး ပင်ပန်းနွမ်းနယ်စေခဲ့တယ်။ ကျွန်မ အသက်ရှင်ချင်စိတ် ပျောက်ဆုံးခဲ့ပြီး ထာဝရ အိပ်မောကျသွားဖို့ပဲ တကယ် ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ ဘွဲ့တစ်ခု၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် ရဖို့အတွက် ကျွန်မ အံကြိတ်ပြီး ဇွဲမလျှော့ခဲ့ဘူး။ ကျွန်မ လိုချင်တဲ့ တက္ကသိုလ်ကို ဝင်ခွင့်ရပြီးတဲ့နောက်မှာ ဘွဲ့လက်မှတ်ရဖို့နဲ့ အလုပ်ကောင်းကောင်း ရှာနိုင်ဖို့အတွက် အမှတ်တွေရဖို့ပဲ ကျွန်မ ခေါင်းမဖော်တမ်း လုပ်ပြီးတော့ ဘုရားသခင်နဲ့ ပိုပြီး ဝေးကွာသွားခဲ့တယ်။ စုဝေးပွဲတွေကို ဟန်ပြပဲ ကျွန်မ တက်ခဲ့ပြီး ဆုတောင်းတာတွေ၊ ဘုရားနှုတ်ကပတ်တော် ဖတ်တာတွေ နည်းသွားတယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်က ကျွန်မအပေါ် စာတန်ထားတဲ့ မမြင်ရတဲ့ အချုပ်အနှောင်တစ်ခုလို ဖြစ်ခဲ့တယ်၊ ကျွန်မရဲ့ ဆန္ဒမပါဘဲနဲ့ ကျွန်မကို ချည်နှောင်ပြီး နာကျင်စေခဲ့တယ်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားရာမှာ နှစ်တွေတစ်လျှောက်လုံး ဘုရားကို ယုံကြည်တာ လျစ်လျူရှုရင်းနဲ့ ကျွန်မရဲ့ အချိန်နဲ့ ခွန်အားအားလုံးကို စာလုပ်တဲ့အထဲမှာပဲ မြှုပ်နှံထားခဲ့ပြီး ကျွန်မရဲ့ ဝိညာဉ်အသက်တာက အကြီးအကျယ် ထိခိုက်နစ်နာခဲ့တယ်။ ဒီလမ်းကြောင်းအတိုင်း ဆက်သွားရင် ဘွဲ့တစ်ခု၊ အလုပ်ကောင်းကောင်းတစ်ခု ရနိုင်ပြီး လူတွေရဲ့ အားကျတာ ခံရနိုင်ပေမဲ့ ကယ်တင်ခြင်း ခံရဖို့ အခွင့်အရေး ဆုံးရှုံးသွားရင် ဘာအကျိုးရှိမှာလဲ။ အခု ကပ်ရောဂါက နေရာတိုင်း ပြန့်နှံ့နေပြီး ကူးစက်ခံရသူ အရေအတွက်က နေ့တိုင်း တိုးလာနေသလို လူအများကြီး သေကုန်ကြပြီ။ အရာရှိတချို့တောင် ကူးစက်ခံနေရတယ်။ လူတစ်ယောက်က ဘယ်လောက်တောင် ချမ်းသာပါစေ၊ ကျော်ကြားပါစေ၊ ဗိုင်းရပ်စ် ကူးစက်ခံရရင် သေမှာပဲလေ။ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို လိုက်စားတာက ဘာတန်ဖိုး၊ ဘာအဓိပ္ပာယ်မှ မရှိဘူးဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ သမ္မာတရားကို လိုက်စားတာကပဲ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ပေးတာပါ။

ဗီဒီယိုထဲမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့ခဲ့တယ်။ “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး လူသားက ဘုရားသခင်ကို သိပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက ယေရှု၏ အသိအမှတ်ပြုခြင်းကို မည်သည့်အခါမျှ သင် ရရှိမည် မဟုတ်သည့်အပြင် ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းပြည့်မီမည် မဟုတ်ပေ။ အကြောင်းမှာ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သောကြောင့်တည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) “ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ တစ်ခုတည်းသော လမ်းကြောင်းက နောက်ဆုံးသော ကာလ ခရစ်တော်ကို လက်ခံဖို့ပဲ။...ယုံကြည်ခြင်းမှာ သမ္မာတရားကို နားလည်ဖို့နဲ့ ကယ်တင်ခြင်းရဖို့ဆိုတာ ရိုးရှင်းတဲ့ ကိစ္စတွေ မဟုတ်ဘူး။ ယုံကြည်လိုက်တာနဲ့ ကယ်တင်ခြင်း ရသွားသလိုမျိုး မဟုတ်ဘူး။...ကပ်ဘေးတွေက ပိုတိုးပွားလာနေပြီး ငါတို့က ကျောင်းတက်နေတုန်းပဲ။ ငါတို့ ဘွဲ့ရမှပဲ ဧဝံဂေလိတရား ဝေငှပြီး သက်သေခံနိုင်မှာ။ အဲဒါကို ဘုရားသခင်နောက်လိုက်တာလို့ သတ်မှတ်လို့ရပါ့မလား” လို့ ဇာတ်ဆောင်က မိတ်သဟာယပြုခဲ့တယ်။ အဲဒါကို ကြားပြီးတဲ့နောက်မှာ ကျွန်မ အရမ်းတို့ထိခံရတယ်။ “ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီး သမ္မာတရားရဖို့ လိုက်စားမှပဲ လူတစ်ယောက်က ကယ်တင်ခံရပြီး ရှင်ကျန်ရစ်နိုင်မှာ။ ငါက စာလည်းသင်၊ ဘုရားသခင်ကိုလည်း ယုံကြည်ပေမဲ့ ကိုယ့်တာဝန်တွေကို မထမ်းဆောင်ရင် ဘုရားသခင်ရဲ့ စစ်မှန်တဲ့ နောက်လိုက်တစ်ယောက်လို့ သတ်မှတ်လို့ရပါ့မလား။ ဒီအတိုင်းသာ ဆက်သွားရင် ငါ ဘာမှမရဘဲ ပြီးဆုံးသွားမှာ မဟုတ်ဘူးလား” လို့ပေါ့။ ပြီးတော့ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “အချိန်သည် နီးကပ်လာပြီး ဘုရားသခင်၏နေ့ရက်သည် ရောက်လာပြီဖြစ်သည့်အတွက် နောက်ဆုံးသောကာလ၏ အမှုသည် အားလုံးကို ယင်းတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်။ ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဝင်ရောက်သူအားလုံး တကယ့်အဆုံးတိုင် သူ့ကို သစ္စာစောင့်သိသူအားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်၏ ခေတ်ထဲသို့ ဆောင်ကြဉ်း၏။ သို့တိုင်အောင် ဘုရားသခင် ကိုယ်တော်တိုင်၏ခေတ် မရောက်ရှိမီတွင် ဘုရားသခင်၏ အမှုသည် လူသား၏လုပ်ဆောင်ချက်များကို စစ်ဆေးရန် သို့မဟုတ် လူသား၏ဘဝကို စုံစမ်းရန် မဟုတ်ဘဲ၊ လူသား၏ပုန်ကန်မှုကို တရားစီရင်ရန်ဖြစ်၏၊ အကြောင်းမှာ ဘုရားသခင်သည် သူ၏ ပလ္လင်ရှေ့သို့ လာသူတိုင်းကို သန့်စင်ပေးမည် ဖြစ်သောကြောင့်တည်း။ ဤနေ့အထိ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့သူ အားလုံးသည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာကြသူများ ဖြစ်ပြီး ထိုသို့ဖြစ်သဖြင့် ဘုရားသခင်၏ အမှုကို ယင်း၏နောက်ဆုံးအဆင့်တွင် လက်ခံသောလူ တစ်ဦးစီတိုင်းသည် ဘုရားသခင်၏ သန့်စင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏အမှုကို ယင်း၏နောက်ဆုံးအဆင့်တွင် လက်ခံသူ အယောက်တိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည့်သူများဖြစ်ကြ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏) နောက်ဆုံးသော ကာလမှာ ဘုရားသခင်က လူတွေကို အမျိုးအစားအလိုက် ခွဲခြားပြီး လူသားမျိုးနွယ်ကို ကယ်တင်တဲ့ သူ့ရဲ့အမှုတော်ကို အဆုံးသတ်ဖိူ့အတွက် တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ဖို့ ကြွလာတယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ သူ့စကားကို နားထောင်ပြီး သူ့ကို ကျိုးနွံနာခံတဲ့သူတွေ၊ သူ့အပေါ် သစ္စာရှိတဲ့သူတွေကို နောက်ထပ် လှပတဲ့ ခေတ်တစ်ခုဆီ သူ ခေါ်ဆောင်သွားမှာဖြစ်ပြီး ကိုယ့်တာဝန်တွေကို မထမ်းဆောင်တဲ့သူတွေနဲ့ သမ္မာတရား လက်တွေ့ကျမှု မရှိတဲ့သူတွေကတော့ ဘေးအန္တရာယ်တွေထဲ ကျရောက်ပြီး ဘုရားသခင်ရဲ့ ဖျက်ဆီးတာ ခံရလိမ့်မယ်။ ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်တာ၊ ပြီးတော့ သမ္မာတရား လက်တွေ့ကျမှုထဲ ဝင်ရောက်ဖို့ သမ္မာတရားကို လိုက်စားတာကသာ အရေးအကြီးဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး ဖြစ်တယ်။ ဘုရားသခင်ရဲ့ အသံတော်ကို ကြားရပြီး နိုင်ငံတော် ဧဝံဂေလိတရားကို လက်ခံရတာ၊ သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းရဖို့ အခွင့်အရေးရှိတာ ကျွန်မ ကံကောင်းခဲ့ပါတယ်။ ဒါက ဘုရားသခင်ဆီက အရမ်းကြီးမားတဲ့ ကျေးဇူးတော်ပါပဲ။ ဒါပေမဲ့ ကျွန်မက အဲဒါကို တန်ဖိုးမထားခဲ့ဘဲ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားဖို့ ကျွန်မရဲ့ အချိန်နဲ့ ခွန်အား အားလုံးကို အသုံးပြုခဲ့တယ်။ ကျွန်မက ဘယ်လောက်တောင် ကြောင်းကျိုးမမြင်ဖြစ်ပြီး မသိနားမလည်ဖြစ်ခဲ့လိုက်သလဲ။ အရင်တုန်းက ကျွန်မက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကိုပဲ အာရုံစိုက်ခဲ့ပြီး သမ္မာတရား လိုက်စားတာကို အလေးမထားခဲ့ဘူး။ ရလဒ်အနေနဲ့ ဘုရားသခင်ကို နှစ်ချီ ယုံကြည်နေခဲ့ပေမဲ့ သမ္မာတရားကို ကျွန်မ နားမလည်ခဲ့သလို ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ပတ်သက်ပြီး အသိပညာ နည်းပါးခဲ့တယ်။ ကပ်ရောဂါကြောင့် လွန်ခဲ့တဲ့ လနည်းနည်းလောက်က အိမ်မှာပဲ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။ သမ္မာတရားတချို့ကို ကျွန်မ နားလည်ခဲ့ပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ပတ်သက်ပြီး အသိပညာတချို့ ရရှိခဲ့တယ်။ အဲဒီကာလအတောအတွင်း ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေက ကျွန်မကို အရမ်း အားရကျေနပ်စေခဲ့ပြီး၊ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ ပညာရေးကို စွန့်လွှတ်ချင်ခဲ့တယ်။ ကျောင်းထွက်ဖို့ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို အဖွားနဲ့ အမေ့ကို ပြောပြလိုက်တယ်။ အဖွားကတော့ အရမ်းထောက်ခံတယ်။ ဒါပေမဲ့ အမေက ကြားတော့ သူက ငိုပြီး ပြောတယ်၊ “နင့်ရဲ့ပညာရေးအတွက် ထောက်ပံ့ရတာ ငါတို့အတွက် လွယ်တာ မဟုတ်ဘူး။ အခု နင် ကျောင်းထွက်လိုက်ရင် နင့်အဖေနဲ့ အဖိုးက ဘာပြောကြမလဲ။ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေ သိသွားရင် ဘယ်လိုထင်ကြမလဲ” တဲ့။ အဲဒါကို သိပြီးနောက်မှာ အစ်မကလည်း ကျွန်မကို ဖျောင်းဖျဖို့ ကြိုးစားတယ်၊ “ကျောင်းမှာ ဆယ်နှစ်ကျော်လောက် ကြိုးစားခဲ့ပြီးမှ ဒီလို ကျောင်းထွက်လိုက်တာ နောင်တမရဘူးဆိုတာ သေချာရဲ့လား” တဲ့။ သူတို့ ပြောတာတွေကို ကြားတော့ ကျွန်မ နည်းနည်း စိတ်မကောင်းဖြစ်ရတယ်။ တက္ကသိုလ်တက်ရဖို့ ကျွန်မ အများကြီး ပေးဆပ်ခဲ့တာ။ အခု ကျွန်မ ကျောင်းထွက်လိုက်ရင် ကျွန်မ ကြိုးစားခဲ့တဲ့ ဆယ့်လေးနှစ်တာနဲ့ မိဘတွေရဲ့ အပင်ပန်းခံ ကြိုးပမ်းအားထုတ်တာတွေက အလကားဖြစ်မသွားဘူးလား။ ဒါ့အပြင် ကျွန်မ ကျောင်းတက်နိုင်ဖို့ မိဘတွေ ထောက်ပံ့ပေးခဲ့ရတာ မလွယ်ကူခဲ့ဘူး။ ကျွန်မ တက္ကသိုလ်ကောင်းကောင်း တက်ရမယ်၊ အလုပ်ကောင်းကောင်း ရှာရမယ်၊ သူတို့ကို ပိုကောင်းတဲ့ ဘဝတစ်ခု ပေးနိုင်မယ်၊ ပြီးတော့ သူတို့ကို ဂုဏ်တက်စေမယ်လို့ သူတို့က မျှော်လင့်နေခဲ့တာလေ။ ကျွန်မ ကျောင်းထွက်ပြီး တာဝန်ထမ်းဆောင်ရင် သူတို့ သေချာပေါက် နှလုံးကွဲပြီး စိတ်ပျက်ကြမှာ။ အဲဒါက ဘယ်လောက်တောင် ကျေးဇူးကန်းရာ ကျလိုက်မလဲ။ မိဘတွေကို ဝမ်းနည်းအောင် ကျွန်မ မလုပ်ချင်ပေမဲ့ ဒီလိုဘဝမျိုးကလည်း ကျွန်မ လိုချင်တဲ့အရာ မဟုတ်ဘူး။ ကျွန်မ စိတ်ထဲ အရမ်း ဗျာများပြီး နာကျင်ရလို့ ဘုရားသခင်ဆီ ဆက်ပြီး ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ အခုအချိန်မှာ ကျွန်မ အရမ်း စိတ်သောကရောက်နေပါတယ်။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီး မှန်ကန်တဲ့ ရွေးချယ်မှု လုပ်နိုင်ဖို့ ကျွန်မကို လမ်းပြတော်မူပါ” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားသခင်သည် ဤလူ့လောကကို ဖန်ဆင်းခဲ့ပြီး၊ အသက်ကို သူအပ်နှင်းပေးခဲ့သည့် သက်ရှိသတ္တဝါဖြစ်သော လူသားကို ထိုအထဲသို့ ခေါ်ဆောင်ခဲ့သည်။ ရလဒ်အနေဖြင့် လူသားသည် မိဘဆွေမျိုးများရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူသားသည် ဤရုပ်ဝတ္ထုကမ္ဘာကြီးကို စတင်တွေ့မြင်သည့်အချိန်မှစကာ သူသည် ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းမှု အတွင်းတွင်သာ တည်နေရန် သတ်မှတ်ခြင်းခံခဲ့ရသည်။ သက်ရှိတစ်ဦးချင်းစီတိုင်းကို အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် တောက်လျှောက်ပံ့ပိုးပေးသည်မှာ ဘုရားသခင်၏ ဇီဝအသက်ဖြစ်၏။ ဤဖြစ်စဉ်အတွင်းတွင် လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်၌ တည်ရှိပြီး ကြီးပြင်းသည်ဟု မည်သူမျှ မခံစားရကြပေ၊ ယင်းအစား လူသားသည် မိဘများ၏ ကျွေးမွေးစောင့်ရှောက်ခြင်း ကျေးဇူးတရားအောက်တွင် ကြီးပြင်းလာပြီး သူ၏ကြီးပြင်းမှုကို သူ့အသက်၏ပင်ကိုအသိစိတ်က လှုံ့ဆော်ပေးသည်ဟု ၎င်းတို့ယုံကြည်ကြသည်။ အကြောင်းရင်းမှာ လူသားသည် သူ့အား အသက်ကို အပ်နှင်းပေးခဲ့သောသူကို မသိသောကြောင့်၊ သို့မဟုတ် ထိုအသက်သည် မည်သည့်အရပ်မှ လာသည်ကို မသိသောကြောင့် ဖြစ်သည်၊ အသက်၏ပင်ကိုအသိစိတ်က အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို သာ၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။ လူသားသည် အစားအစာမှာ အသက်ဆက်ရန် အခြေခံဖြစ်ကြောင်း၊ ဇွဲရှိခြင်းသည် သူ့အသက်၏ တည်ရှိနေခြင်း၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် သူ့စိတ်ထဲရှိ ယုံကြည်မှုများသည် သူဆက်လက်ရှင်သန်နိုင်ရန် မှီခိုနေရသည့် အရင်းအနှီးဖြစ်ကြောင်းသာ သိရှိကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ပံ့ပိုးမှုတို့ကို လူသားသည် လုံးဝ သတိမမူမိပေ၊ ပြီးလျှင် သူ့အပေါ် ဘုရားသခင်အပ်နှင်းပေးထားသော အသက်ကို သူဖြုန်းတီးပစ်သည်မှာ ဤနည်းဖြင့်ဖြစ်လေသည်။...ဘုရားသခင်၏ နေ့ညမပြတ် စောင့်ကြည့်ခြင်းကို ခံရသော လူသားတစ်ဦးတစ်ယောက်မျှ ကိုယ်တော့်အား ကိုးကွယ်ရန် မိမိအသိစိတ်ဖြင့် အစပြု၍ မလုပ်ဆောင်ချေ။ ဘုရားသခင်သည် မည်သည့်မျှော်လင့်ချက်မျှ မထားသော လူသားအပေါ်၌ မိမိအစီအစဉ်ရှိသည့်အတိုင်း အမှုတော်ကို ဆောင်ရွက်ရုံသာ ဖြစ်၏။ ကိုယ်တော်သည် ထိုသို့ပြုလုပ်ရခြင်းမှာ တစ်နေ့တွင် လူသားသည် သူ၏အိပ်မက်မှ နိုးထလာပြီး အသက်၏ တန်ဖိုးနှင့် အနက်အဓိပ္ပာယ်ကိုလည်းကောင်း၊ သူ့အား ကိုယ်တော် ပေးသနားတော်မူခဲ့သော အရာအားလုံးအတွက် ဘုရားသခင် ပေးဆပ်ခဲ့ရသည့် အဖိုးအခကိုလည်းကောင်း၊ လူသားသည် ကိုယ်တော့်ထံ ပြန်လည်လှည့်လာရန် ဘုရားသခင်သည် ပြင်းပြစွာ တောင့်တတော်မူသည်ကိုလည်းကောင်း ရုတ်တရက် သဘောပေါက်နားလည်လာလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) လူတိုင်းက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ကြိုတင်ပြဌာန်းထားမှုအောက်မှာ ရှိနေမှန်း ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ အပေါ်ယံကြည့်ရင် မိဘတွေက ကျွန်မကို ကျွေးမွေးပြုစုခဲ့သလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ ကျွန်မရဲ့ အသက်က ဘုရားသခင်ဆီက လာတာပါ။ ဘုရားသခင်ကသာ ကျွန်မကို ထောက်ပံ့ပေးနေတာပါ ကျွန်မ မွေးဖွားရမဲ့ မိသားစုနဲ့ မိဘတွေကို စီစဉ်ပေးပြီး ကျွန်မ အသက်ရှင်ဖို့ လိုအပ်တာမှန်သမျှကို ထောက်ပံ့ပေးရင်း၊ ကျွန်မ အခုရောက်နေတဲ့နေရာဆီ တစ်ဆင့်ပြီးတစ်ဆင့် လမ်းပြပေးခဲ့တာက ဘုရားသခင်ပါပဲ။ မိဘတွေက သားသမီးတွေကို ကျွေးမွေးပြုစုတာဟာ သူတို့ရဲ့ တာဝန်တွေနဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းတာသက်သက်ပဲဖြစ်ပြီး သူတို့ကြားမှာ အကြွေး မရှိပါဘူး။ ကျွန်မနဲ့ မိဘတွေ ပိုကောင်းတဲ့ ဘဝတစ်ခု ရဖို့နဲ့ လူတွေရဲ့ အားကျတာခံရဖို့အတွက် ကျွန်မက တက္ကသိုလ်တက်ပြီး အလုပ်ကောင်းကောင်း ရှာချင်ခဲ့တာ အမြဲတမ်းပါပဲ။ ဒီပန်းတိုင်အတွက် ဆယ်စုနှစ်တစ်ခုကျော် ကျွန်မ ကြိုးစားလုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားပြီး စာတန်ရဲ့ နာကျင်စေတာ၊ နှိပ်စက်တာကို ကျွန်မ ခံရတုန်းက ကျွန်မ အနာကျင်ရဆုံးအချိန်တွေမှာ ကျွန်မဘေးနား ရှိနေခဲ့တာက မိဘတွေ မဟုတ်ဘဲ ဘုရားသခင်ပါပဲ။ ဘုရားသခင်က ကျွန်မကို စောင့်ရှောက်ပြီး ကွယ်ကာပေးနေခဲ့တယ်၊ သူ့ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ကျွန်မကို နှစ်သိမ့်ပြီး လမ်းပြပေးနေခဲ့တယ်။ ကျွန်မ ပြန်လှည့်လာဖို့ သူ စောင့်မျှော်နေခဲ့တာ။ ဒီမှားယွင်းတဲ့ လမ်းကြောင်းမှာ ကျွန်မ မရမကသွားနေရင် ဘုရားသခင်ကို ကျွန်မ အရမ်းအကြွေးတင်မှာပဲ။ ဘုရားသခင်က ကျွန်မကို အဆက်မပြတ် ရေလောင်းပြီး ထောက်ပံ့ပေးနေခဲ့တယ်၊ ကျွန်မ အခုရောက်နေတဲ့နေရာဆီ တစ်ဆင့်ပြီးတစ်ဆင့် လမ်းပြပေးနေခဲ့တာ။ အခု ဘုရားသခင်ရဲ့ အိမ်တော်မှာ လူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေတဲ့ လုပ်ငန်းဆောင်တာ အမျိုးမျိုး ရှိနေတော့ ကျွန်မက ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်ဝတ္တရားတွေကို ထမ်းရွက်ပြီး ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းသင့်တယ်။ ဒီအရာတွေကို နားလည်ပြီးတဲ့နောက်မှာ အမေနဲ့ အစ်မကို ကျွန်မ ပြောလိုက်တယ်၊ “သမီးမှာ သမီးရဲ့ အထူးတာဝန် ရှိတယ်၊ အမေတို့ သဘောတူတူ မတူတူ သမီး ကျောင်းထွက်တော့မယ်” လို့ပေါ့။ ကျွန်မ ဘယ်လောက် စိတ်ပိုင်းဖြတ်ထားမှန်း မြင်တော့ သူတို့ ဘာမှ ထပ်မပြောကြတော့ဘူး။

အဲဒီနောက်မှာ ကျောင်းထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း အသိပေးဖို့ အတိုင်ပင်ခံဆရာဆီ ကျွန်မ စာပို့လိုက်တယ်။ အတိုင်ပင်ခံဆရာက ကျွန်မကို ဖျောင်းဖျဖို့ ကြိုးစားတယ်၊ “သေချာ ပြန်စဉ်းစားပါဦး။ ဘွဲ့ရသွားရင် မင်းမှာ ဘွဲ့လက်မှတ် ရမှာဖြစ်ပြီး အလုပ်ရှာရတာ အများကြီး ပိုလွယ်ကူသွားမှာ” တဲ့။ အဲဒါကို ကြားတော့ ကျွန်မ စိတ်နည်းနည်း ယိုင်သွားလို့ ဘုရားသခင်ဆီ ဆုတောင်းပြီး သူ့ရဲ့ နှုတ်ကပတ်တော်တွေကို သတိရခဲ့တယ်။ “နိုးထလော့၊ ညီအစ်ကိုတို့။ နိုးထလော့၊ ညီအစ်မတို့။ ငါ၏နေ့ရက်သည် ကြန့်ကြာလိမ့်မည်မဟုတ်။ အချိန်သည် အသက်ဖြစ်ပြီး၊ ဆုံးရှုံးသွားသော အချိန်ကို အဖတ်ဆယ်ဖို့ ဆိုသည်မှာ အသက်ကို ကယ်တင်ဖို့ဖြစ်၏။ အချိန်သည် အလှမ်းမဝေးလှပေ။ အကယ်၍ သင်တို့သည် ကောလိပ် ဝင်ခွင့်စာမေးပွဲ ကျရှုံးပါက ယင်းကို တစ်ကြိမ်ပြီး တစ်ကြိမ် ပြန်လေ့လာနိုင်သည်။ သို့သော် ငါ၏နေ့ရက်သည် နောက်ထပ် ကြန့်ကြာလိမ့်မည်မဟုတ်။ အမှတ်ရကြလော့။ အမှတ်ရကြလော့။ ဤသည်တို့မှာ ငါ၏ ကြင်နာသော တိုက်တွန်းသည့် နှုတ်ကပတ်တော်များဖြစ်၏။ ကမ္ဘာကြီး၏ နိဂုံးသည် သင်တို့၏မျက်စိရှေ့တွင် ဖွင့်ဟပြီးဖြစ်ကာ ကြီးမားသော ကပ်ဘေးသည် မကြာမီ ရောက်လာတော့မည်။ မည်သည့်အရာ သာ၍ အရေးကြီးသနည်း။ သင်တို့၏ အသက်တာလော သို့မဟုတ် သင်တို့၏အိပ်စက်ခြင်း၊ သင်တို့၏အစားအသောက်နှင့် အဝတ်အစားတို့လော။ ဤအရာများကို ချိန်ဆရန် သင့်အတွက် အချိန်ကျရောက်လာလေပြီ။ နောက်ထပ် သံသယမရှိလေနှင့်။ သင်သည် ဤအရာများကို အတည်ယူရန် အလွန်ကြောက်ရွံ့နေသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၀)) ကျွန်မရဲ့ဘွဲ့က ဘယ်လောက်ပဲ မြင့်နေပါစေ၊ ကျွန်မအလုပ်က ဘယ်လောက်ပဲ ကောင်းပါစေ၊ အဲဒါက ခဏတာပဲဖြစ်မှာဖြစ်ပြီး ကျွန်မဘဝကို လုံးဝ အကျိုးပေးမှာ မဟုတ်ဘဲ ကျွန်မရဲ့ ဂုဏ်ပကာသနကို တစ်ခဏ ဖြည့်ဆည်းပေးရုံပဲဖြစ်မယ်ဆိုတာကို သဘောပေါက်ရင်းနဲ့ ကျွန်မ ရုတ်တရက် အသိဝင်လာတယ်။ အခု ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ပြီး သန့်စင်ပေးတဲ့ သူ့ရဲ့အမှုတော်ရဲ့ နောက်ဆုံးအဆင့်ကို ပြုလုပ်နေတာ၊ ဒါက တစ်သက်မှာ တစ်ခါသာရတဲ့ အခွင့်အရေးပဲ။ အဲဒါကို လွတ်သွားရင် ကျွန်မ ထာဝရ နောင်တရနေတော့မှာ။ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့နဲ့ သမ္မာတရားကို လေးလေးနက်နက် လိုက်စားဖို့ ဒီအခွင့်အရေးကို ကျွန်မ အရယူရမယ်။ မဟုတ်ရင် ကျွန်မရဲ့ ဘွဲ့က ဘယ်လောက် ဂုဏ်ရှိပါစေ၊ အလုပ်က ဘယ်လောက် ကောင်းပါစေ၊ ဒါမှမဟုတ် ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေဆီကနေ အားကျမှု ဘယ်လောက်ပဲ ရပါစေ၊ ကပ်ဘေးထဲ ကျွန်မ ကျဆင်းသွားရဦးမှာပဲလေ။ ဒါကြောင့် ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ ကိုယ်တော့်ကို မယိမ်းမယိုင် ယုံကြည်နိုင်ဖို့နဲ့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ ယုံကြည်ခြင်းပေးပါလို့ တောင်းလျှောက်ရင်းနဲ့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ “ကျွန်မ ကျောင်းထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ” လို့ အတိုင်ပင်ခံဆရာဆီ ပြတ်ပြတ်သားသား စာပြန်လိုက်တယ်။ ကျွန်မရဲ့ စိတ်ပိုင်းဖြတ်မှုကို မြင်တော့ အတိုင်ပင်ခံဆရာက ထပ်ပြီး မဖျောင်းဖျတော့ဘူး၊ ပြီးတော့ ကျောင်းထွက်တဲ့ လုပ်ငန်းစဉ်က ချောချောမွေ့မွေ့ပဲ ပြီးသွားတယ်။

အိတ်ဆွဲပြီး ကျောင်းတံခါးပေါက်ကနေ ထွက်လာတဲ့ အခိုက်အတန့်မှာ လေးလံတဲ့ ဝန်ထုပ်ကြီးတစ်ခု ကျွန်မရင်ထဲကနေ ပေါ့သွားသလို ခံစားလိုက်ရတယ်။ အရင်က တစ်ခါမှ မခံစားဖူးတဲ့ ပေါ့ပါးမှုနဲ့ ပျော်ရွှင်မှုကို ကျွန်မ ခံစားခဲ့ရတယ်။ အဲဒီနောက်မှာ ကျွန်မ တာဝန်ထမ်းဆောင်ဖို့ အသင်းတော်ကို ရောက်လာပြီး ဘုရားနှုတ်ကပတ်တော် ဖတ်ဖို့၊ ကိုယ်တော်နဲ့ ပိုနီးကပ်ဖို့ အချိန်ပိုရလာတယ်။ ဘုရားသခင် စီစဉ်ပေးတဲ့ ဝန်းကျင်အမျိုးမျိုးကို တွေ့ကြုံရတာကတစ်ဆင့် ကျွန်မ သမ္မာတရားနဲ့ပတ်သက်တဲ့ နားလည်မှုတချို့ ရရှိခဲ့တယ်၊ ဘုရားသခင်ကို ယုံကြည်ခြင်းရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်၊ အသက် ဝင်ရောက်မှုကို ဘယ်လို လိုက်စားရမယ်၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဘယ်လို ဖြေရှင်းရမယ် စတာတွေကို သင်ယူခဲ့ရတယ်။ ကျွန်မစိတ်နှလုံးက အထူးတလည် လင်းလက်သွားတာပေါ့။ နေ့ရက်တိုင်းက အားရကျေနပ်စရာကောင်းတယ်လို့ ခံစားရပြီး ကျွန်မစိတ်နှလုံးက အထူး ငြိမ်သက်၊ ပျော်ရွှင်ရတယ်။ ကျွန်မမှာ ရှိခဲ့တဲ့ ရောဂါတချို့တောင်မှ သတိမထားမိဘဲ တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။ နှစ်သစ်ကူးလို့ အိမ်ပြန်တဲ့အခါ အရင်က အတန်းဖော်တွေ စာလုပ်တာ၊ အောင်လက်မှတ် စာမေးပွဲအမျိုးမျိုး ဖြေတာ၊ လှုပ်ရှားမှုအမျိုးမျိုးမှာ ပါဝင်တာတွေနဲ့ နေ့တိုင်း အလုပ်ရှုပ်နေကြတာကို ကျွန်မ တွေ့ရတယ်။ သူတို့က ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားတာကို ဘဝရည်မှန်းချက်အဖြစ် ထားပြီး အဲဒါတွေအတွက် မမောနိုင်မပန်းနိုင် ကြိုးစားနေကြပေမဲ့ သူတို့ ဘယ်ကလာတယ်၊ နောက်ဆုံး ဘယ်ကို သွားရမယ်၊ လူတွေ ဘာလို့ အသက်ရှင်နေရတယ် စတာတွေကိုတောင် သူတို့ မသိကြဘူး။ သူတို့က သနားစရာကောင်းတဲ့ ဘဝတွေကို ရှင်သန်နေကြတာ။ အဲဒီတုန်းကသာ ကျွန်မ ကျောင်းမထွက်ခဲ့ရင် ကျွန်မလဲ သူတို့ထဲက တစ်ယောက် ဖြစ်နေမှာ။ ကျောင်းထွက်ပြီး တာဝန်ထမ်းဆောင်ဖို့ ဘုရားသခင်ရဲ့ အိမ်တော်ကို လာဖို့ ရွေးချယ်ခဲ့တာ ကျွန်မ အရမ်းပျော်တယ်၊ အဲဒါက ကျွန်မ ပြုလုပ်ခဲ့သမျှထဲမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပဲ၊ ပြီးတော့ ကျွန်မ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။

အရှေ့သို့- ၇၂။ ဘုရားသခင်ကို ယုံကြည်မှုသည် ငြိမ်သက်ခြင်းနှင့် ကောင်းချီးမင်္ဂလာများအတွက်သာ ဖြစ်သလော

နောက်တစ်ခုသို့- ၇၅။ ကျွန်မရဲ့ ခရီးပန်းတိုင်က ဘောင်ခတ်တာကို ကျွန်မ မခံရတော့ပါ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၄၀။ အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

၃၉။ သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စုအမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။