၈၄။ ကျွန်မ ကိုယ့်ပုံရိပ်ကောင်းကို ဆက်၍ မထိန်းသိမ်းတော့ပါ
ကျွန်မ မမွေးခင်ကတည်းက အဖေက ရောဂါနဲ့ ဆုံးပါးသွားခဲ့တော့၊ အမေကပဲ သားသမီးငါးယောက်ကို တစ်ကိုယ်တည်း ရုန်းကန်ရှာဖွေပြီး ပြုစုပျိုးထောင်ခဲ့ရတာပါ။ ရွာထဲမှာ ဘယ်သူကမှ ကျွန်မတို့ကို အထင်မကြီးကြပါဘူး။ ကျွန်မ မှတ်မိတဲ့အရွယ်ကတည်းက အမေက ကျွန်မတို့ကို အမြဲ ဆုံးမသွန်သင်ခဲ့တယ်။ “လူဆိုတာ သိက္ခာရှိရမယ်။ ဆင်းရဲပေမဲ့ စိတ်ဓာတ် အောက်မကျရဘူး” “‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ တဲ့။ မင်းတို့ အသက်ရှင်နေတုန်းမှာ နာမည်ကောင်း ချန်ခဲ့သင့်တယ်။ ကိုယ့်မှာ နာမည်ကောင်းမရှိရင် အသက်ရှင်နေတာ ဘာအဓိပ္ပာယ်ရှိတော့မလဲ။ ဘယ်သွားသွား လူတွေ အထင်ကြီးအောင် နေရမယ်။ ဘာပဲလုပ်လုပ် သူများတွေ ကိုယ့်မကောင်းပြောတာ မခံရစေနဲ့။ အဲဒီအစား လူတွေက မင်းတို့ရဲ့ ကောင်းကွက်ကို မှတ်မိနေအောင် လုပ်ရမယ်” တဲ့။ ကျွန်မအမေရဲ့ နှစ်ရှည်လများ အလေးအနက် လမ်းပြမှုကြောင့် “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတဲ့ စကားက ကျွန်မရဲ့ စိတ်နှလုံးထဲမှာ အမြစ်တွယ်သွားခဲ့ပါတယ်။ အဲဒါက ကျွန်မပြုမူနေထိုင်ပုံရဲ့ ဦးတည်ချက်ဖြစ်လာပြီး ကျွန်မ ဘာလုပ်လုပ် သူများအမြင်မှာ ကိုယ့်ပုံရိပ်ကို အရမ်း ဂရုစိုက်ခဲ့မိတယ်။ ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်မ မှတ်မိတာတစ်ခုက ကျွန်မအမေနဲ့ အစ်မက သူ့ကလေးတွေကို ထိန်းမပေးဘူးဆိုပြီး ကျွန်မရဲ့ မရီး ညည်းညူနေတာကို နားစွန်နားဖျား ကြားမိလိုက်ပါတယ်။ ကျွန်မရဲ့ ကွယ်ရာမှာ သူ ကျွန်မကို မကောင်းပြောတာမျိုး မခံနိုင်ဘူးလို့ တွေးမိတဲ့အတွက် သူ့ကလေးတွေကို ကျွန်မကပဲ အလိုက်တသိ ထိန်းပေးတယ်၊ အဝတ်လျှော်ပေးပြီး ထမင်းခွံ့ပေးခဲ့တယ်။ နောက်ပိုင်းမှာ မရီးက မိသားစုထဲမှာ ကျွန်မက အကောင်းဆုံးပဲလို့ပြောပြီး တခြားသူတွေရဲ့ ရှေ့မှာ ကျွန်မကို ခဏခဏ ချီးကျူးခဲ့ပါတယ်။ ရွာသားတွေကလည်း ကျွန်မကို ချီးကျူးကြတယ်။ အဲဒါတွေ အကုန်ကြားရတော့ ကျွန်မ အရမ်း ပျော်ခဲ့ရတာပေါ့။ အိမ်ထောင်ကျပြီးတဲ့နောက်မှာ ယောက္ခမက အိပ်ရာထဲလဲနေတော့ သူ့ကို အချိန်အတော်ကြာ ပြုစုပြီးတဲ့နောက်မှာ ကျွန်မရဲ့ ခန္ဓာကိုယ်က မခံနိုင်တော့ပါဘူး။ အမေ့ဆီသွားလည်တုန်း ကျွန်မ ညည်းညူမိတယ်။ အမေက ကျွန်မကို အကြံပေးတယ်၊ “သမီး ယောက္ခမအပေါ် ကောင်းကောင်းဆက်ဆံဖို့ လိုတယ်၊ နာမည်ပျက်လို့ မဖြစ်ဘူး” တဲ့။ အမေ့စကားကို တွေးဆကြည့်ပြီး ကျွန်မ သဘောတူလိုက်တယ်။ လူတစ်သက်တာ နေထိုင်တယ်ဆိုတာ တကယ်တော့ နာမည်ကောင်း ကျန်ရစ်ဖို့နဲ့ နာမည်ဆိုး မထွက်ဖို့ပါပဲ။ ကျွန်မနဲ့ ကျွန်မရဲ့ ယောင်းမနှစ်ယောက်က ယောက္ခမကို တစ်လှည့်စီ ပြုစုပေးရမှာပါ။ ဒါပေမဲ့ ရွာမှာ နာမည်ကောင်း ရဖို့အတွက် ယောက္ခမ ကွယ်လွန်သွားတဲ့အထိ ဆယ်နှစ်တိုင်တိုင် သူ့ကို ကျွန်မ တစ်ယောက်တည်း ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ရွာသားတွေဆီကနေ ချီးကျူးမှုတွေနဲ့ ကျွန်မ လိုချင်ခဲ့တဲ့ နာမည်ကောင်းကို ရရှိခဲ့ပါတယ်။
ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက်မှာလည်း အမေ့ရဲ့ သွန်သင်ချက်တွေကို ကျွန်မ ဆက်ပြီး မှတ်သားထားခဲ့တယ်။ ကျွန်မရဲ့ အမှားတစ်ခုခုက ညီအစ်ကိုမောင်နှမတွေ ကျွန်မအပေါ် အထင်လွဲတာမျိုး ဖြစ်သွားမှာကို ကြောက်တဲ့အတွက် ကျွန်မကို သူတို့ ဘယ်လို သတ်မှတ်သလဲဆိုတာကို အရမ်း အလေးထားခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မရဲ့ ယုံကြည်ခြင်းကို ထက်ထက်သန်သန် လိုက်စားခဲ့တယ်၊ ဘုရားနှုတ်ကပတ်တော်ကို လုံ့လရှိရှိ ဖတ်ရှုပြီး စုဝေးပွဲတွေမှာ မိတ်သဟာယပြုတဲ့အခါ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ မကြာခင်မှာပဲ အသင်းတော် ခေါင်းဆောင်တာဝန်ကို စတင် ထမ်းဆောင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်နှလုံးထဲမှာ ပုံရိပ်ကောင်းတစ်ခုကို ထိန်းသိမ်းဖို့အတွက် ဘုရားနှုတ်ကပတ်တော်ကို စားသောက်ဖို့ ကျွန်မ ပိုပြီး အာရုံစိုက်ခဲ့တယ်။ ဒါမှ သူတို့က ကျွန်မကို သမ္မာတရား မိတ်သဟာယပြုနိုင်သူ၊ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မြင်ကြမှာလေ။ တွဲဖက်တွေနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့လည်း ကျွန်မ ကြိုးစားခဲ့တယ်။ သူတို့ အကူအညီတောင်းတိုင်း ကျွန်မ အတတ်နိုင်ဆုံး ကူညီပေးတယ်။ တစ်ခါတလေ သူတို့က ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ အဖွဲ့လိုက်စုဝေးပွဲတွေကို မတက်တာမျိုး၊ ဒါမှမဟုတ် မဖြေရှင်းရသေးတဲ့ ကိစ္စတွေကို သူတို့ဘာသာ မဖြေရှင်းဘဲ ကျွန်မဆီ ယူလာပြီး ပြဿနာပြေလည်ဖို့ မိတ်သဟာယပြုခိုင်းတာမျိုးတွေ လုပ်ကြတယ်။ အဲဒီတာဝန်တွေကိုလည်း ကျွန်မပဲ ယူလုပ်လိုက်တာပါပဲ။ အလုပ်ပမာဏ တိုးလာတာကြောင့် နေ့တိုင်း အိမ်ကနေ စောစောထွက်ပြီး နောက်ကျမှ ပြန်ရောက်တယ်။ တကယ်တမ်းက နေ့တိုင်း ဒီလောက်ထိ အလုပ်မများချင်ပါဘူး။ ဒါ့အပြင် ကျွန်မအမျိုးသားက ကျွန်မကို တာဝန်မထမ်းဆောင်ဖို့ တားတဲ့ကြားထဲက အိမ်ပြန်ရောက်ရင် ခဏခဏ ဆူပူတာကို ခံရတယ်။ စိတ်ဆင်းရဲပြီး ပင်ပန်းနွမ်းနယ်နေပေမဲ့ တွဲဖက်တွေ ကျွန်မအပေါ် အကောင်းမြင်နေအောင် ဘယ်လောက်ပဲ ခက်ခဲပါစေ သူတို့ကို ကူညီပေးပါမယ်လို့ အမြဲတမ်း ကတိပေးခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမတွေက သူတို့ဘဝမှာ မကျေနပ်စရာတွေ၊ တာဝန်မှာ အခက်အဲတွေ ရှိလာတိုင်း ကျွန်မဆီ ရောက်လာတတ်ကြတယ်။ ကျွန်မကလဲ သူတို့ကို နှစ်သိမ့်ပေးပြီး သူတို့နဲ့ မိတ်သဟာယပြုဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ရှာဖွေပေးခဲ့ပါတယ်။ အသင်းတော်ထဲမှာ ညီအစ်ကိုမောင်နှမတွေရဲ့ တညီတညွတ်တည်း ချီးမွမ်းခြင်းကို ကျွန်မ ရခဲ့တာပေါ့။
တစ်ခါတုန်းက တစ်ခါမှာတော့ ညီအစ်မကျိန်းလုနဲ့ ကျွန်မရဲ့ အခြေအနေအကြောင်း ပြောကြတဲ့အခါ သူက ညီအစ်ကိုမောင်နှမ တော်တော်များများက ကျွန်မကို မာနထောင်လွှားတယ်၊ လေသံမာမာနဲ့ ပြောတတ်တယ်လို့ ပြောကြကြောင်း ထည့်ပြောလာတယ်။ ကျွန်မ ကြက်သေ သေသွားပြီး ကျွန်မအပေါ် ဘယ်သူကများ အဲဒီလိုမြင်တာလဲလို့ ကြိုးစားပြီး ခန့်မှန်းကြည့်မိတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မရဲ့ ဆက်ဆံရေးတိုင်းကို ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ မကြာသေးခင်က တိုင်ကြားစာတစ်စောင်ကို ကိုင်တွယ်တုန်းက အသေးစိတ်အချက်အလက်တွေကို အတည်မပြုဘဲ ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေအပေါ် အခြေခံပြီး အလျင်စလို သရုပ်ဖော်ခဲ့မိတာ၊ သူများကိုလည်း လက်ခံဖို့ ဖိအားပေးခဲ့တာတွေကို သတိရမိတယ်။ ကျွန်မဟာ တကယ်ပဲ မာနထောင်လွှားပြီး စိတ်ကြီးဝင်နေခဲ့တာပါ။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မအပေါ် ဒီလိုအမြင်ရှိနေတာကို သိလိုက်ရတာက လက်ခံဖို့ နည်းနည်း ခက်ခဲနေခဲ့ပါတယ်၊ ကျွန်မ တော်တော်လေး စိတ်ဓာတ်ကျသွားပြီး “ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်နှလုံးထဲမှာ ငါ့ပုံရိပ် တော်တော်ကောင်းတယ်လို့ အမြဲ ထင်ခဲ့တာ။ ဒါပေမဲ့ တကယ်တမ်းက ဆိုးရွားနေတာပဲ။ ဒါ တကယ်ကို ရှက်စရာကောင်းလိုက်တာ။ နောက်နောင် သူတို့ကို ငါ ဘယ်လို မျက်နှာပြရမလဲ” လို့ တွေးမိတယ်။ ချက်ချင်းဆိုသလိုပဲ ကျွန်မ အခြေအနေက အောက်ဆုံးထိ ထိုးကျသွားပြီး ကျွန်မ အရမ်း စိတ်ပျက်မိတယ်၊ ကျွန်မအပေါ် ထားတဲ့ သူတို့ရဲ့ အပျက်သဘောဆောင်တဲ့ အမြင်တွေနဲ့ ခေါင်းထဲမှာ ပြည့်နေခဲ့တယ်။ အဲဒီညက အိပ်ရာထဲမှာ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့ အိပ်မပျော်နိုင်ဘဲ တိတ်တိတ်လေး ငိုနေခဲ့မိတယ်။ တာဝန်ကို စွန့်လွှတ်ဖို့အထိတောင် စဉ်းစားခဲ့တယ်။ ကျွန်မ စိတ်ဓာတ်တွေ လုံးဝ ကျသွားပြီး ဘာလုပ်ချင်စိတ်မှ မရှိတော့သလို ဖြစ်သွားတာပေါ့။ ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်နှလုံးထဲမှာ ကျွန်မရဲ့ ပုံရိပ်ကို ပြန်ပြီး တည်ဆောက်ဖို့အတွက် စုဝေးပွဲတွေ ပြန်တက်တဲ့အခါ ကျွန်မရဲ့ လေသံနဲ့ မျက်နှာအမူအရာကို အရမ်းဂရုစိုက်ခဲ့တယ်။ သူတို့နဲ့ စကားပြောတဲ့အခါ နူးညံ့သိမ်မွေ့တဲ့ လေသံကို သုံးဖို့ ကြိုးစားတယ်။ သူတို့ရဲ့ တာဝန်တွေမှာ ပြဿနာတွေ ရှိနေတာကို သတိပြုမိတဲ့အခါ ပြဿနာတွေကို ထောက်ပြတာ၊ ဒါမှမဟုတ် သူတို့ကို တိုက်ရိုက် ဖော်ထုတ်တာမျိုးကို ရှောင်ကြဉ်ပြီး အဲဒီအစား မာနထောင်လွှားပြီး စိတ်ကြီးဝင်နေသူ မဟုတ်ဘဲ ဖော်ရွေတဲ့သူလို့ သူတို့ ခံစားရအောင် မျှော်လင့်ရင်း ကိစ္စတွေ ပြီးမြောက်အောင် သူတို့ကို ချော့မော့ပြီး လုပ်ခိုင်းခဲ့ပါတယ်။ တစ်ခါတုန်းက အလုပ်လက်တွေ့ဖော်ဆောင်ဖို့ စုဝေးပွဲတစ်ခုမှာ အဖွဲ့ခေါင်းဆောင်တစ်ယောက်က အိမ်တွင်းရေးကိစ္စတွေကြောင့် အရမ်းနောက်ကျပြီးမှ ရောက်လာတော့ စုဝေးပွဲလည်း ကြန့်ကြာသွားတယ်။ ညီအစ်ကိုမောင်နှမတချို့က သူဟာ တာဝန်မှာ ဝန်တာထားစိတ် မရှိကြောင်း၊ စုဝေးပွဲတွေကိုလည်း ပုံမှန် နောက်ကျတတ်ကြောင်း တိုင်ကြားထားတာ ရှိတယ်။ ကျွန်မက ဒါကို ထောက်ပြပြီး သူ့ကို ပြုပြင်ချင်ပေမဲ့ “ငါသာ သူ့ကို ပြုပြင်လိုက်ရင် ငါက ဘယ်လောက် ရိုင်းတယ်၊ သူ့ကို ဘယ်လို ပြုပြင်တယ် ဆိုပြီး ညီအစ်ကိုမောင်နှမတွေကို ငါ့အကြောင်း မကောင်းပြောမှာလား။ အဲဒါဆိုရင် ပိုများတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်နှလုံးထဲမှာ ငါ့အပေါ် အမြင်မကြည် ဖြစ်သွားမလား” လို့ တွေးမိတယ်။ ကိုယ့်ဂုဏ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းလိုက်ပြီး အဲဒီအဖွဲ့ခေါင်းဆောင်ကို ဖော်ဖော်ရွေရွေပဲ ပြောလိုက်တယ်၊ “နောက်တစ်ခါကျရင် နောက်မကျပါနဲ့၊ မဟုတ်ရင် အလုပ်ကြန့်ကြာလိမ့်မယ်” လို့ပေါ့။ ဒါကို ပြောပြီးတဲ့နောက်မှာ သူ့ပြဿနာတွေကို ဒီလိုမျိုး ဆက်ပြီး မထောက်ပြဘဲနေရင် အသင်းတော်အသက်တာအပေါ် သက်ရောက်မှု ရှိနိုင်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါပေမဲ့ သူ ကျွန်မအပေါ် အမြင်မကြည်ဖြစ်သွားမှာ ကြောက်လို့ ကျွန်မ မထောက်ပြခဲ့ဘူး။ စုဝေးပွဲပြီးတဲ့နောက် ဒီလိုမျိုး ဟန်ဆောင်ရတာ ကျွန်မ အရမ်း ပင်ပန်းလာတယ်။ အဲဒီအဖွဲ့ခေါင်းဆောင်ကတော့ အဲဒီနောက်ပိုင်းလည်း ပြောင်းလဲမသွားပါဘူး။ သူ့တာဝန်မှာ ဝန်တာထားစိတ် မရှိဘဲ ဆက်ပြီး လေးကန်နေတုန်းပါပဲ။ ကျွန်မ စိတ်ဖိစီးပြီး စိတ်မချမ်းမသာဖြစ်သွားတယ်။ ဒီတာဝန်က အရမ်း ပင်ပန်းလွန်းလို့ ဆက်မထမ်းဆောင်နိုင်တော့ဘူးလို့ တွေးမိတဲ့အထိပါပဲ။
တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “မိသားစုသည် လူတို့အား ဆိုရိုးစကားတစ်ခု၊ သို့မဟုတ် နှစ်ခုဖြင့်သာ ပုံစံသွင်းခြင်းမဟုတ်ဘဲ လူသိများသော ကိုးကားချက်များနှင့် ဆောင်ပုဒ်များ အများအပြားတို့ဖြင့် ပုံစံသွင်းခြင်းဖြစ်သည်။ ဥပမာ သင်၏ မိသားစုရှိ လူကြီးသူမများနှင့် မိဘများသည် ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ ဟူသည့် ဆိုရိုးစကားကို မကြာခဏ ပြောဆိုသလော။ (ပြောဆိုပါသည်။) ၎င်းတို့က သင့်အား ‘လူတို့သည် ၎င်းတို့၏ ဂုဏ်သတင်းအတွက် အသက်ရှင်ရမည်၊ လူတို့သည် အခြားလူများကြားတွင် ကောင်းသော ဂုဏ်သတင်းကို ရအောင်ဖန်တီးပြီး အထင်အမြင်ကောင်းစေရန်အတွက်မှလွဲ၍ ၎င်းတို့၏ ဘဝသက်တမ်းတွင် အခြားမည်သည့်အရာကိုမျှ မရှာဖွေပေ။ သင်မည်သည့်နေရာသို့ သွားသည်ဖြစ်စေ နှုတ်ဆက်ခြင်း၊ စကားစမြည်ပြောဆိုခြင်း၊ ချီးမွမ်းခြင်းတို့၌ ပို၍ ရွှန်းရွှန်းဝေအောင် ပြောပြီး ပို၍ ကြင်နာသော စကားများကို ပြောလော့။ လူတို့အား စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ဘဲ ထိုအစား ကောင်းမှုများနှင့် ကြင်နာသော လုပ်ဆောင်မှုများကို ပို၍ လုပ်ဆောင်လော့’ ဟု ပြောနေခြင်းဖြစ်သည်။ မိသားစုက အသုံးပြုသော ဤသီးသန့် ပုံစံသွင်းသည့် သက်ရောက်မှုသည် လူတို့အား ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အလွန်အလေးထားစေသည့် မလွဲဧကန်ဖြစ်သော အကျိုးဆက်ရှိပြီး လူတို့၏ အပြုအမူ၊ သို့မဟုတ် ပြုမူနေထိုင်မှုစည်းမျဉ်းများအပေါ် သက်ရောက်မှုတစ်ခုခုရှိသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်း၊ သိက္ခာ၊ လူတို့၏ စိတ်တွင် ၎င်းတို့ ဖန်တီးသော အမြင်၊ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းနှင့် ၎င်းတို့ ဖော်ပြသည့် ထင်မြင်ချက်တိုင်းအပေါ် အခြားလူများ၏ ထင်မြင်ယူဆချက်တို့ကို အလွန်အလေးထားသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အလွန်အလေးထားခြင်းအားဖြင့် သင်သည် သင်ထမ်းဆောင်သည့် တာဝန်က သမ္မာတရားနှင့်လည်းကောင်း၊ စည်းမျဉ်းများနှင့်လည်းကောင်း ကိုက်ညီခြင်းရှိမရှိ၊ သင်သည် ဘုရားသခင်ကို ကျေနပ်အောင် လုပ်နေခြင်း ရှိမရှိ၊ သင့်တာဝန်ကို လုံလောက်စွာ ထမ်းဆောင်နေခြင်း ရှိမရှိတို့အပေါ် အလေးထားမှုသည် အမှတ်တမဲ့ နည်းသွားသည်။ သင်သည် ဤအရာများကို သိပ်အရေးမကြီးသော၊ ဦးစားမပေးသောအရာများအဖြစ် မြင်ပြီး သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ ဟူသည့် ဆိုရိုးစကားကမူ သင့်အတွက် အလွန့်အလွန်အရေးကြီးလာသည်။ ယင်းသည် သင့်အား လူတို့၏ စိတ်ထဲတွင် သင်၏ အသေးစိတ်အချက်အလက်တိုင်းက မည်သို့ဖြစ်ပေါ်သည်ဆိုသည်ကို အလွန်အရေးစိုက်စေသည်။ အထူးသဖြင့် လူအချို့သည် ၎င်းတို့၏ နောက်ကွယ်တွင် အခြားလူများက ၎င်းတို့အပေါ် အမှန်တကယ်မည်သို့ ထင်မြင်သည်ကို အထူးပင် အရေးစိုက်ကြသည်မှာ နံရံများမှတစ်ဆင့် ချောင်း၍ နားထောင်ခြင်း၊ တစ်ဝက်တစ်ပျက်သာ ဖွင့်ထားသည့် တံခါးမှတစ်ဆင့် နားထောင်ခြင်း၊ ပြီးလျှင် အခြားသောလူများက ၎င်းတို့အကြောင်းကို ရေးသည့်အရာတို့ကို ခိုးကြည့်ခြင်းကိုပင် လုပ်ဆောင်သည်အထိပင် ဖြစ်သည်။ တစ်စုံတစ်ယောက်က ၎င်းတို့၏ အမည်ကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့က ‘ငါ့အကြောင်းကို သူတို့ပြောနေသည့်အရာကို၊ ပြီးလျှင် သူတို့တွင် ငါ့အပေါ် ကောင်းသောထင်မြင်ချက်ရှိမရှိကို ငါ အလျင်အမြန်နားထောင်ရမည်။ အလို ငါသည် ပျင်းရိပြီး အစားကောင်းများကို စားလိုသည်ဟု သူတို့က ပြောသည်။ ဤသို့ဆိုလျှင် ငါ ပြောင်းလဲရမည်၊ နောင်တွင် ငါပျင်းရိ၍ မဖြစ်၊ ဇွဲလုံ့လရှိရမည်’ ဟု တွေးကြသည်။ အချိန်အတန်ကြာ ဇွဲလုံ့လရှိပြီးနောက်တွင် ၎င်းတို့က ‘ငါသည် ပျင်းရိသည်ဟု လူတိုင်းက ပြောခြင်းရှိမရှိကို ငါနားထောင်နေခဲ့ပြီး ယခုနောက်ပိုင်းတွင် မည်သူကမျှ ပြောသည့်ပုံစံမရှိ’ ဟု မိမိတို့ဘာသာ တွေးသည်။ သို့သော် ၎င်းတို့သည် စိတ်မသက်မသာဖြစ်ဆဲဖြစ်သောကြောင့် ၎င်းတို့အနီးတွင်ရှိသောသူများနှင့် စကားပြောဆိုရာတွင် ‘ငါသည် အနည်းငယ်ပျင်းရိသည်’ ဆိုကာ သာမန်ကာလျှံကာ ဝင်ပြောလေသည်။ အခြားလူများက ‘သင်က မပျင်းရိပါ၊ သင်သည် ယခင်ကထက် ယခုအလွန်ပင်ပို၍ လုံ့လရှိသည်’ ဟု ပြန်ပြောသည်။ ဤတွင် ၎င်းတို့သည် ချက်ချင်းပင် စိတ်ချလက်ချရှိပြီး အပျော်လွန်ကာ စိတ်သက်သာရာရကြသည်။ ‘ကြည့်စမ်းပါဦး၊ ငါ့အပေါ် လူတိုင်း၏ ထင်မြင်ချက်သည် ပြောင်းလဲသွားပြီ။ လူတိုင်းက ငါ၏ အပြုအမူတိုးတက်မှုကို သတိပြုမိသည့် ပုံစံရှိသည်’ ဟူ၍ ဖြစ်သည်။ သင်လုပ်ဆောင်သမျှတိုင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကျေနပ်စေရန်လည်းမဟုတ်ဘဲ ထိုအစား သင်၏ ကိုယ်ပိုင်ဂုဏ်သတင်းအတွက် ဖြစ်သည်။ ဤသို့ဖြင့် သင်လုပ်ဆောင်သည့် အရာရာတိုင်းသည် စင်စစ်အားဖြင့် မည်သည့်အရာ ဖြစ်လာသနည်း။ စင်စစ်အားဖြင့် ဘာသာရေးလုပ်ဆောင်မှုတစ်ခု ဖြစ်လာသည်။ သင်၏ အနှစ်သာရသည် မည်သည့်အရာ ဖြစ်လာသနည်း။ သင်သည် ဖာရိရှဲစင်စစ် ဖြစ်လာသည်။ သင်၏ လမ်းကြောင်းက မည်သည့်အရာ ဖြစ်လာသနည်း။ အန္တိခရစ်များ၏ လမ်းကြောင်း ဖြစ်လာသည်။ ဤသည်မှာ ဘုရားသခင်က သတ်မှတ်သည့် ပုံစံဖြစ်သည်။ ထို့ကြောင့် သင်လုပ်ဆောင်သမျှတိုင်း၏ အနှစ်သာရသည် အရောင်စွန်းထင်းလာသည်။ ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နေပေ၊ သို့မဟုတ် မလိုက်စားပေ။ ထိုအစား ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားနေသည်။ အခြေခံအားဖြင့် ဘုရားသခင်၏ ထင်မြင်ချက်တွင် သင်၏ တာဝန်ထမ်းဆောင်မှုသည် တစ်နည်းဆိုရလျှင် မလုံလောက်ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်က သင့်အား အပ်နှံခဲ့သောအရာအပေါ်၊ သို့မဟုတ် ဖန်ဆင်းခံအနေဖြင့် သင်၏ တာဝန်အပေါ်ကို ဆက်ကပ်အပ်နှံခြင်းထက် သင်၏ ကိုယ်ပိုင်ဂုဏ်သတင်းအပေါ်သာ ပေးအပ်မြုပ်နှံထားခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်က ဤသို့သော အဓိပ္ပာယ်ကို ပြသောအခါတွင် သင့်စိတ်နှလုံး၌ မည်သည့်အရာကို ခံစားရသနည်း။ ဤနှစ်များတစ်လျှောက်တွင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုသည် အချည်းနှီးဖြစ်သည်ဟု ခံစားရသလော။ ဤသို့ဆိုလျှင် သင်သည် သမ္မာတရားကို လုံးဝ လိုက်စားခြင်းမရှိဟု အဓိပ္ပာယ်ရသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)) ဘုရားနှုတ်ကပတ်တော်ကနေ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတဲ့စကားရဲ့ လွှမ်းမိုးမှုကို လူတွေ ခံထားရမှန်း ကျွန်မ နားလည်လာတယ်။ သူတို့က သူများတွေ ကိုယ့်အပေါ် ဘယ်လို အကဲဖြတ်လဲဆိုတာကို အရမ်းပဲ ဂရုစိုက်ကြတယ်။ သူတို့က တခြားသူတွေရဲ့ စိတ်နှလုံးထဲက ကိုယ့်ရဲ့ အဆင့်အတန်းနဲ့ ပုံရိပ်အပေါ်မှာပဲ အာရုံစိုက်ကြပြီး သူများတွေအပေါ် အမြင်ကောင်းကျန်ရစ်ဖို့၊ နာမည်ကောင်းရဖို့အတွက် သူတို့ရဲ့ အပြောအဆို၊ အပြုအမူတွေကတစ်ဆင့် အမြဲ ကြိုးစားအားထုတ်ကြတာကိုး။ သူများတွေရဲ့ စိတ်နှလုံးထဲမှာ ပုံရိပ်ကောင်းတစ်ခုရဖို့ ကျွန်မရဲ့ တစိုက်မတ်မတ် လိုက်စားမှုအပေါ် ဆင်ခြင်သုံးသပ်မှု မလုပ်ဘဲမနေနိုင်တော့ဘူး။ ဒီလို အတွေးအမြင်နဲ့ ရှုထောင့်တွေရဲ့ လွှမ်းမိုးမှုကို ခံထားရမှန်း ကျွန်မ သဘောပေါက်လာတယ်။ ငယ်ငယ်တုန်းက ကျွန်မမရီးက အမေနဲ့ အစ်မဖြစ်သူတို့ကို မကောင်းပြောတာ ကြားခဲ့ရတယ်။ မရီးက ကျွန်မကို မကောင်းပြောတာမျိုး မဖြစ်ရအောင် သူ့ကလေးတွေရဲ့ အဝတ်တွေကို ကျွန်မကပဲ အလိုက်တသိ လျှော်ပေးတယ်၊ ထမင်းခွံ့ကျွေးခဲ့တယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာလည်း လူတွေကြားမှာ နာမည်ကောင်းရဖို့အတွက် အိပ်ရာထဲလဲနေတဲ့ ယောက္ခမကို ဆယ်နှစ်လုံးလုံး ကျွန်မ ကိုယ်တိုင်ပဲ ပြုစုပေးခဲ့တယ်။ ကျွန်မ ပင်ပန်းပြီး အင်တင်တင်ဖြစ်ခဲ့ပေမဲ့ ဘယ်လောက်ပဲ ခက်ခဲပါစေ အဲဒီဆင်းရဲဒုက္ခတွေကို ခါးစည်းခံခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်လာပြီးတဲ့နောက်မှာလည်း ညီအစ်ကိုမောင်နှမတွေအပေါ် အမြင်ကောင်း ကျန်ရစ်စေဖို့အတွက် ကျွန်မရဲ့ ယုံကြည်ခြင်းကို ထက်ထက်သန်သန် လိုက်စားခဲ့ပြီး တာဝန်ကို တက်တက်ကြွကြွ ထမ်းဆောင်ခဲ့တယ်။ တွဲဖက်တွေက ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ တာဝန်ကို ကြန့်ကြာစေတဲ့အခါ ကျွန်မက ဒါကို မထောက်ပြဘဲ အဲဒီအစား အလုပ်ပြီးမြောက်အောင် သူတို့ကို ကူညီပေးခဲ့တယ်။ သူများတွေရဲ့ ချီးမွမ်းသံကို ကြားရလို့ ကျွန်မ အရမ်း ပျော်ခဲ့ရပြီး ဘယ်လို ဒုက္ခမျိုးကိုမဆို ခါးစည်းခံဖို့ လိုလားရင်း ကိုယ့်တာဝန်ကိုထမ်းဆောင်ဖို့ စိတ်အားထက်သန်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေဆီက အပျက်သဘော အကဲဖြတ်တာတွေကို ကြားရတဲ့အခါ အရမ်း စိတ်မကောင်းဖြစ်လွန်းလို့ ကိုယ့်တာဝန်ကိုတောင် စွန့်လွှတ်ချင်ခဲ့မိပါတယ်။ သူတို့ရဲ့ စိတ်နှလုံးထဲမှာ ကျွန်မပုံရိပ်ကို ပြန်ပြီး တည်ဆောက်ဖို့ပဲ ကျွန်မ အာရုံစိုက်လာခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့တဲ့အခါ သူတို့ကို သတိကြီးကြီးနဲ့ စကားပြောခဲ့တယ်၊ ဖော်ရွေသူလို့မြင်အောင် လေသံကို တတ်နိုင်သမျှ နူးညံ့အောင် ကြိုးစားပြောပြီး ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်တတ်တယ်။ အဖွဲ့ခေါင်းဆောင်က စုဝေးပွဲတွေကို ခဏခဏ နောက်ကျပြီး တာဝန်မဲ့တာကို မြင်တဲ့အခါ သူ့ပြဿနာတွေကို ကျွန်မ ထောက်ပြပြီး ဖော်ထုတ်သင့်တာပါ။ ဒါပေမဲ့ သူ့ကို ပြုပြင်လိုက်ရင် သူများတွေရဲ့ စိတ်နှလုံးထဲမှာ ကျွန်မအပေါ် အမြင်မကြည် ဖြစ်သွားမှာကို ကျွန်မ ကြောက်ခဲ့တယ်။ ဒါကြောင့် မမြင်ချင်ယောင်ဆောင်ပြီး ပေါ့ပေါ့တန်တန် သဘောထားလိုက်တယ်၊ ကျွန်မအပေါ် လူတိုင်းအမြင်ကောင်းရှိအောင် သိမ်သိမ်မွေ့မွေ့ပဲ ပြောဆိုခဲ့တယ်၊ အသင်းတော် ခေါင်းဆောင်တစ်ယောက်အနေနဲ့ ညီအစ်ကိုမောင်နှမတွေက တာဝန်ကို ဝတ်ကျေတမ်းကျေထမ်းဆောင်ပြီး အလုပ်ကြန့်ကြာစေတာကို မြင်ရတဲ့အခါ သူတို့ကို ကူညီဖို့ မိတ်သဟာယပြုတာ၊ သူတို့ပြဿနာတွေကို ထောက်ပြပြီး ပြုပြင်ပေးတာ၊ သူတို့ပြဿနာတွေကို သူတို့သိပြီး ချက်ချင်း ပြင်ဆင်နိုင်အောင် ကူညီပေးတာတွေ လုပ်သင့်ပါတယ်။ ဒါပေမဲ့ လူတိုင်းက ကျွန်မကို အထင်ကြီးဖို့နဲ့ နာမည်ကောင်းကို ထိန်းသိမ်းဖို့အတွက် ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေကို ချိုးဖောက်ပြီး သူတို့ကို အလိုလိုက် အကြိုက်ဆောင်ဖို့ ကျွန်မ ဝန်မလေးခဲ့ပါဘူး။ အသင်းတော်ရဲ့အလုပ်ကို ကျွန်မ လုံးဝ မစဉ်းစားခဲ့ဘူး။ ဒီလိုမျိုး တာဝန်ထမ်းဆောင်တာက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လိုလုပ် ကိုက်ညီမှာလဲ။ ကျွန်မရဲ့ လုပ်ရပ်တွေကို ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ အဲဒါတွေက တကယ်ကို ရွံစရာကောင်းမှန်း သတိပြုမိလာတယ်။
ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ဆက်ဖတ်ပြီး ကိုယ့်အပြုအမူကို ပိုနက်နက်ရှိုင်းရှိုင်း နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် သမ္မာတရားကို လိုက်စားနေခြင်းမရှိဘဲ ထိုအစား သင်၏ ကိုယ်ပိုင်ဂုဏ်သတင်းကို အထူးအရေးစိုက်နေခြင်းဖြစ်သည်။ ဤအရာ၏ အရင်းအမြစ်မှာ သင့်မိသားစုထံမှလာသော ပုံစံသွင်းသည့်သက်ရောက်မှုများဖြစ်သည်။ သင်ပုံစံသွင်းခြင်းခံရသည့် လွှမ်းမိုးမှုအရှိဆုံးသော ဆိုရိုးစကားမှာ အဘယ်နည်း။ ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ ဟူသည့် ဆိုရိုးစကားသည် သင့်စိတ်နှလုံးတွင် နက်နဲစွာ အမြစ်တွယ်နေပြီး သင်၏ ဆောင်ပုဒ်ဖြစ်လာသည်။ သင်သည် ငယ်ရွယ်စဉ်ကတည်းက ဤဆိုရိုးစကား၏ လွှမ်းမိုးခြင်း၊ ပုံစံသွင်းခြင်းကို ခံခဲ့ရသည်။ ကြီးပြင်းလာပြီးနောက်တွင်ပင် သင်သည် သင့်မိသားစု၏ နောက်မျိုးဆက်နှင့် သင့်အနီးရှိလူတို့ကို လွှမ်းမိုးရန်အတွက် ဤဆိုရိုးစကားကို မကြာခဏ ထပ်ခါထပ်ခါ ဆက်လက်၍ ပြောဆိုသည်။ ပို၍ပင် ဆိုးသည်မှာ သင်သည် ယင်းကို ပြုမူနေထိုင်ခြင်း၊ အမှုအရာများအား ကိုင်တွယ်ဖြေရှင်းခြင်းအတွက် သင်၏ နည်းလမ်းနှင့် စည်းမျဉ်းအဖြစ် ခံယူပြီး ဘဝတွင် သင်လိုက်စားသည့် ပန်းတိုင်နှင့် ဦးတည်ချက်အဖြစ်ဖြင့်ပင် ခံယူခြင်းဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ သင်၏ ပန်းတိုင်နှင့် ဦးတည်ချက်သည် မှားယွင်းသည်။ ထို့ကြောင့် နောက်ဆုံးရလဒ်မှာ အပျက်သဘောဆောင်ဖို့ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သင်လုပ်ဆောင်သမျှတိုင်း၏ အနှစ်သာရမှာ သင်၏ ဂုဏ်သတင်းအတွက်သက်သက်ဖြစ်သောကြောင့်လည်းကောင်း၊ ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ဟူသည့် ဆိုရိုးစကားကို လက်တွေ့လုပ်ဆောင်ရန်အတွက် သက်သက်ဖြစ်သောကြောင့်လည်းကောင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို လိုက်စားနေခြင်းမရှိပေ။ သို့တိုင်အောင် ယင်းကို သင်ကိုယ်တိုင်မသိပေ။ ဤဆိုရိုးစကားသည် လုံးဝ မှားယွင်းခြင်းမရှိဟု သင်ထင်သည်။ လူတို့သည် အဘယ်ကြောင့်များ ၎င်းတို့၏ ဂုဏ်သတင်းအတွက် အသက်မရှင်သင့်သနည်း။ ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ဟူသည့် လူသိများသည့် ဆိုရိုးစကားကဲ့သို့ဖြစ်သည်။ ဤဆိုရိုးစကားသည် အလွန်အပြုသဘောဆောင်ပြီး သဘာဝကျသည့်ပုံစံရှိသည်။ ထို့ကြောင့် သင်သည် သတိမမူမိဘဲ ယင်း၏ ပုံစံသွင်းသည့် သက်ရောက်မှုကို လက်ခံပြီး အပြုသဘောဆောင်သောအရာအဖြစ် မှတ်ယူလိုက်သည်။ ဤဆိုရိုးစကားကို အပြုသဘောဆောင်သောအရာအဖြစ် သင် မှတ်ယူလိုက်သည်နှင့် သင်သည် အမှုမဲ့အမှတ်မဲ့ဖြင့် ယင်းကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် သင်သည် ယင်းကို သမ္မာတရားအဖြစ်၊ သမ္မာတရား၏ စံသတ်မှတ်ချက်အဖြစ် အမှုမဲ့အမှတ်မဲ့ဖြင့်၊ စိတ်ရှုပ်ထွေးစွာဖြင့် အဓိပ္ပာယ်ကောက်လွဲသည်။ သင်သည် ယင်းကို သမ္မာတရား၏ စံသတ်မှတ်ချက်အဖြစ် မှတ်ယူသောအခါ ဘုရားသခင်ပြောသည့်အရာကို သင် နားမထောင်တော့သကဲ့သို့ နားလည်နိုင်ခြင်းလည်းမရှိပေ။ သင်သည် ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ဟူသည့် ဤဆောင်ပုဒ်ကို မစဉ်းမစားဖြင့် လက်တွေ့လုပ်ဆောင်ကာ ယင်းနှင့်အညီ ပြုမူဆောင်ရွက်သည်။ အဆုံး၌ ယင်းမှ သင်ရရှိသည့်အရာမှာ ကောင်းသော ဂုဏ်သတင်းဖြစ်သည်။ သင် ရရှိလိုသောအရာကို သင်ရရှိပြီးဖြစ်သော်လည်း ဤသို့ လုပ်ဆောင်ရာတွင် သင်သည် သမ္မာတရားကို ချိုးဖောက်ပြီး စွန့်ပစ်ခဲ့သည်။ ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးခဲ့သည်။ ဤသည်မှာ နောက်ဆုံးရလဒ်ဖြစ်သည်ကို ကြည့်လျှင် သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ဟူသည့် အယူအဆကို လက်လွှတ်ပြီး စွန့်ပစ်သင့်သည်။ ယင်းသည် သင် ကိုင်စွဲထားသင့်သည့် အရာတစ်ခုမဟုတ်သကဲ့သို့ လက်တွေ့လုပ်ဆောင်ရန်အတွက် အားထုတ်မှုနှင့် စွမ်းအင်ကို တစ်သက်လုံး အသုံးချသင့်သည့် ဆိုရိုးစကား၊ သို့မဟုတ် အယူအဆမဟုတ်ပေ။ သင် စွဲမှတ်အောင် သွန်သင်ခြင်းခံရပြီး ပုံစံသွင်းခြင်းခံရသည့် ဤအယူအဆနှင့် အမြင်သည် မှားယွင်းသည်။ ထို့ကြောင့် သင်သည် ယင်းကို လက်လွှတ်သင့်သည်။ ယင်းကို သင် လက်လွှတ်သင့်သည့် အကြောင်းရင်းမှာ ယင်းသည် သမ္မာတရားမဟုတ်ခြင်းကြောင့်သာမဟုတ်ဘဲ ယင်းသည် သင့်အား လမ်းလွဲစေပြီး အဆုံး၌ ပျက်စီးခြင်းသို့ ပို့ဆောင်မည်ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အကျိုးဆက်များသည် အလွန်ဆိုးရွားသည်။ သင့်အတွက် ယင်းမှာ ရိုးရှင်းသော ဆိုရိုးစကားတစ်ခု သက်သက်မဟုတ်ဘဲ ကင်ဆာတစ်ခုဖြစ်သည်။ လူတို့ကို ဖျက်ဆီးသည့် နည်းစနစ်၊ နည်းလမ်းတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်တွင်၊ လူတို့အတွက် သူ၏ သတ်မှတ်ချက်များအားလုံးထဲတွင် ဘုရားသခင်သည် လူတို့အား ကောင်းသောဂုဏ်သတင်းကို လိုက်စားရန်၊ သို့မဟုတ် သိက္ခာကို ရှာဖွေရန်၊ သို့မဟုတ် လူတို့ကို ထင်မြင်ချက်အကောင်းဖြစ်အောင် လုပ်ရန်၊ သို့မဟုတ် လူတို့၏ လက်ခံမှုကို ရယူရန်၊ သို့မဟုတ် လူတို့ထံမှ နှစ်လိုဖွယ် အသိအမှတ်ပြုခြင်းကို ရယူရန် မည်သည့်အခါမျှ မစေခိုင်းသကဲ့သို့ လူတို့အား ကျော်ကြားမှုအတွက် အသက်ရှင်ရန်၊ သို့မဟုတ် ဂုဏ်သတင်းကောင်းကို ချန်ထားရစ်ခဲ့ရန် လုံးဝ မလုပ်ဆောင်ခဲ့ဖူးပေ။ ဘုရားသခင်သည် လူတို့အား မိမိတို့တာဝန်ကိုသာ ကောင်းစွာ ထမ်းဆောင်စေလိုသည်။ ပြီးလျှင် သူ့ကိုလည်းကောင်း၊ သမ္မာတရားကိုလည်းကောင်း ကျိုးနွံနာခံစေသည်။ ထို့ကြောင့် သင်နှင့်ပတ်သက်လျှင် ဤဆိုရိုးစကားသည် သင် လက်လွှတ်သင့်သည့် သင့်မိသားစုထံမှ ပုံစံသွင်းသည့် အမျိုးအစားတစ်ခုဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်း ကျွန်မ တော်တော်လေး တို့ထိခံလိုက်ရတယ်။ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတဲ့စကားက လူတွေကို တကယ်ပဲ အကြီးအကျယ် ထိခိုက်နစ်နာစေတာပါ။ ငယ်ငယ်ကတည်းက အမေ့ရဲ့ သွန်သင်ချက်တွေကို စွဲမှတ်ခဲ့တာကြောင့် “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတာကို လိုက်စားမိမှန်း ကျွန်မ ဆင်ခြင်သုံးသပ်မိတယ်။ လူတွေကြားမှာ နာမည်ကောင်းရဖို့အတွက် ကျွန်မ မလုပ်ချင်တဲ့၊ မလုပ်သင့်တဲ့ ကိစ္စတွေနဲ့ ရင်ဆိုင်ရရင်တောင် အလျှော့ပေးပြီး လုပ်ခဲ့မိတယ်။ ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက်မှာလည်း ဒီစကားကို ဉာဏ်ပညာရှိတဲ့စကားအနေနဲ့ ဆက်ပြီး ကိုင်စွဲထားတုန်းပဲ၊ တာဝန်တွေထက် သူများတွေရဲ့ စိတ်နှလုံးထဲက ကိုယ့်ပုံရိပ်ကိုပဲ အမြဲ ဦးစားပေးခဲ့တယ်။ ညီအစ်မတစ်ယောက်က ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ ကြမ်းတမ်းတဲ့ လေသံကို ထောက်ပြတဲ့အခါ သူက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့နဲ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားဖို့ ကူညီပေးဖို့ ရည်ရွယ်ချက်တာပါ။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မယ့်အစား ဖုံးကွယ်ပြီး ဟန်ဆောင်ခဲ့တယ်၊ အတုအယောင် အပြင်ပန်းသဏ္ဌာန်နဲ့ ညီအစ်ကိုမောင်နှမတွေကို အထင်အမြင်မှားစေခဲ့တယ်။ ညီအစ်ကိုမောင်နှမတချို့က တာဝန်ထမ်းဆောင်ရာမှာ တာဝန်ယူစိတ်မရှိဘဲ အသင်းတော်အလုပ်ကို ကြန့်ကြာစေတာ သတိပြုမိတဲ့အခါ သူတို့ကို ထောက်ပြတာ၊ ကူညီတာ မလုပ်ဘဲ ညီအစ်ကိုမောင်နှမတွေဆီကနေ လေးစားမှုကို ရရှိဖို့အတွက် ကျွန်မက မေတ္တာရှိပြီး စိတ်ရှည်တဲ့သူတစ်ယောက်လို ပြုမူရင်း သူတို့ကို ဆက်ပြီး ချော့ပေါင်းခဲ့ပါတယ်။ တကယ်တော့ ကျွန်မရဲ့ လုပ်ရပ်တွေ အားလုံးက အပေါ်ယံ ချုပ်တည်းမှုတွေနဲ့ ဟန်ဆောင်မှုတွေပဲဖြစ်ပြီး အရည်ခြုံမှုရဲ့ ပြယုဂ်ပါပဲ။ ကျွန်မက ညီအစ်ကိုမောင်နှမတွေကို အထင်အမြင်မှားအောင်လုပ်ခဲ့တာဖြစ်ပြီး ပိုဆိုးတာက ဘုရားသခင်ကို လှည့်ဖြားနေခဲ့တာပါ။ ဒါကြောင့် အပေါ်ယံမှာ ဘာသာတရားကိုင်းရှိုင်းသူ၊ နှိမ့်ချသူနဲ့ မေတ္တာရှိသူတွေလို့ ထင်ရတဲ့ ဖာရိရှဲတွေကို သတိရမိသွားတယ်။ သူတို့ဟာ သူတို့ရဲ့ ဘာသာတရားကိုင်းရှိုင်းမှုနဲ့ ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုကို ပြဖို့အတွက် လမ်းဆုံလမ်းခွတွေမှာ ရည်ရွယ်ချက်ရှိရှိ ဆုတောင်းခဲ့ကြပြီး ဗိမာန်တော်တွေမှာ နေ့တိုင်း ကျမ်းစာတွေကို သွန်သင်ခဲ့ကြတယ်၊ ဒါဆိုရင် လူတိုင်းက သူတို့ကို ထောက်ခံကြမှာပေါ့။ ဒါပေမဲ့ သူတို့လုပ်ရပ်တွေက ဘုရားနှုတ်ကပတ်တော်ကို လိုက်နာတာ မမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ပြင်ဆင်ပြီး အပေါ်ယံ ကောင်းမွန်တဲ့ အပြုအမူနဲ့ တခြားသူတွေကို လှည့်ဖြားတာ၊ အထင်အမြင်မှားအောင် လုပ်တာပဲ ဖြစ်ပါတယ်။ ကျွန်မရဲ့ အပြုအမူတွေက ဖာရိရှဲတွေနဲ့ တူနေမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မသာ စိတ်သဘောထား ပြောင်းလဲဖို့ မလိုက်စားဘဲ တာဝန်တွေမှာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ပဲ ဟန်ဆောင်နေပါစေ၊ သူများတွေရဲ့ အထင်ကြီးလေးစားမှုကို ဘယ်လောက်ပဲ ရပါစေ၊ ကျွန်မရဲ့ အဆုံးသတ်ကတော့ ဖာရိရှဲတွေလိုပဲ ဘုရားသခင်ရဲ့ ကျိန်ခြင်းနဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံရမှာပါ။ ဘုရားသခင်က ကျွန်မကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ လေ့ကျင့်ဖို့ အခွင့်အရေးပေးပြီး ကျေးဇူးတော်ကို ပြသခဲ့တယ်။ ဒါက ကျွန်မကို တာဝန်ကောင်းကောင်း ထမ်းဆောင်ပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းရာမှာ အကူအညီဖြစ်စေဖို့ ရည်ရွယ်တာပေါ့။ ညီအစ်ကိုမောင်နှမတွေရဲ့ တာဝန်မှာ ပြဿနာရှိတာ မြင်ရင် ကျွန်မ အဲဒါတွေကို ထောက်ပြသင့်တယ်၊ အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ သူတို့နဲ့ မိတ်သဟာယပြုသင့်ပါတယ်။ ဒါက ကျွန်မရဲ့ တာဝန်ဖြစ်ပြီး ဘုရားသခင်က ကျွန်မကို တောင်းဆိုတဲ့အရာပါ။ ဒါပေမဲ့ ကျွန်မက ကိုယ့်ဂုဏ်နဲ့ အကျိုးစီးပွားကိုပဲ လုံးဝ လိုက်စားခဲ့ပြီး သိက္ခာနဲ့ တည်ကြည်မှု လုံးဝမရှိဘဲ အသက်ရှင်ခဲ့တယ်။ စာတန်ရဲ့ အရူးလုပ်တာကို ကျွန်မ ဆက်မခံချင်တော့ဘူး။ ကျွန်မ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရမယ်။
နောက်ပိုင်းမှာ ကျွန်မ ဖတ်လိုက်ရတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင် ရွေးချယ်ထားသောလူများသည် အနည်းဆုံးအားဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သင့်ပြီး၊ ဘုရားသခင်က လူတို့ထံမှ တောင်းဆိုသည့် စည်းမျဉ်းများနှင့် စံနှုန်းများအတိုင်း အခြားသူများနှင့် အပြန်အလှန်ဆက်ဆံသင့်သည်၊ ပေါင်းသင်းကာ အတူတကွ အလုပ်လုပ်သင့်ကြပေသည်။ ဤသည်မှာ အကောင်းဆုံးသော လုပ်နည်းကိုင်နည်း ဖြစ်သည်။ ဤအရာက ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ သို့ဆိုလျှင် ဘုရားသခင် တောင်းဆိုသည့် သမ္မာတရား စည်းမျဉ်းများမှာ အဘယ်နည်း။ ယင်းမှာ လူတို့က အခြားသူများ အားနည်းပြီး အပျက်သဘောဆောင်သည့်အခါ နားလည်ပေးခြင်း၊ ၎င်းတို့၏ နာကျင်မှုနှင့် အခက်အခဲများကို ထောက်ထားခြင်း၊ ထို့နောက် ဤအရာများအကြောင်းကို မေးမြန်းခြင်း၊ အကူအညီနှင့် အားပေးမှုကို ပေးခြင်း၊ ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရာတွင် ကူညီရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အား ဖတ်ပြခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်စေပြီး အားနည်းခြင်းကို ရပ်တန့်နိုင်စေခြင်းနှင့် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ဆောင်ကြဉ်းပေးခြင်းတို့ ဖြစ်သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသည် မဟုတ်လော။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီပေသည်။ ပင်ကိုအားဖြင့်၊ ဤ ဆက်ဆံရေးမျိုးများသည် သမ္မာတရား စည်းမျဉ်းများနှင့် သာ၍ပင် ကိုက်ညီလေသည်။ လူတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို တမင်တကာ ဖြစ်စေသည့်အခါ၊ သို့မဟုတ် မိမိတို့၏ တာဝန်ကို တမင်တကာ ဝတ်ကျေတမ်းကျေပုံစံဖြင့် လုပ်ဆောင်သည့်အခါ၊ အကယ်၍ သင်သည် ဤအရာကို မြင်ပြီး ဤအရာများကို ၎င်းတို့ထံ ထောက်ပြနိုင်လျှင်၊ ၎င်းတို့ကို အပြစ်ဖော်ဆုံးမပြီး စည်းမျဉ်းများအတိုင်း ကူညီနိုင်လျှင်၊ ဤသည်မှာ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီပေသည်။ အကယ်၍ သင်သည် ၎င်းတို့၏ အပြုအမူကို မသိကျိုးကျွန်ပြုလျှင် သို့မဟုတ် ဖြစ်ခွင့်ပြုပြီး ၎င်းတို့အတွက် ဖုံးကွယ်ပေးကာ၊ ၎င်းတို့ကို ချီးမွမ်းဂုဏ်ပြုရန် ကောင်းသောစကားများ ပြောဆိုသည်အထိပင် ပြုလုပ်လျှင်၊ လူတို့နှင့် အပြန်အလှန်ဆက်ဆံခြင်း၊ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းနှင့် ပြဿနာများကို ဖြေရှင်းခြင်းတို့နှင့်ဆိုင်သည့် ဤနည်းလမ်းများသည် သမ္မာတရား စည်းမျဉ်းများနှင့် သိသာထင်ရှားစွာပင်ဆန့်ကျင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အခြေခံခြင်း မရှိပေ။ သို့ဖြစ်၍ လူတို့နှင့် အပြန်အလှန်ဆက်ဆံခြင်း၊ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းတို့နှင့်ဆိုင်သည့် ဤနည်းလမ်းများသည် သိသာထင်ရှားစွာပင် လျော်ကန်ခြင်းမရှိသည့်အပြင်၊ ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း စိတ်ဖြာလေ့လာဆွေးနွေးပြီး ပိုင်းခြားသိမြင်ခြင်းမပြုပါက ဤအရာကို သိရှိရန် အမှန်တကယ် မလွယ်ကူပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၄)) ဘုရားနှုတ်ကပတ်တော်ကနေ ဘုရားသခင်က လူအချင်းချင်း သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ ဆက်ဆံဖို့ တောင်းဆိုမှန်း ကျွန်မ နားလည်လာတယ်။ ညီအစ်ကိုမောင်နှမတွေ အပျက်သဘောဆောင်တာ၊ အားနည်းတာ၊ ဒါမှမဟုတ် အားနည်းချက်တွေ ရှိတာ မြင်ရတဲ့အခါ သူတို့ကို မေတ္တာနဲ့ ကူညီမိတ်သဟာယပြုသင့်တယ်၊ ဒါမှ သူတို့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီး ကိုယ့်ပြဿနာတွေကို ဆင်ခြင်သုံးသပ်၊ သိမြင်နိုင်ပြီး အသက်ဝင်ရောက်မှုမှာ တိုးတက်လာနိုင်မှာပါ။ တကယ်လို့ တစ်ယောက်ယောက်က တာဝန်အပေါ် သဘောထားမမှန်ဘဲ အလုပ်ကို အဖျက်အမှောင့်လုပ်တာ၊ နှောင့်ယှက်တာ၊ ဒါမှမဟုတ် ကြန့်ကြာစေတာမျိုး ဖြစ်စေရင် သူတို့ကို စည်းမျဉ်းတွေနဲ့အညီ ဖော်ထုတ်ပြီး ပြုပြင်ပေးရမယ်။ ကိုယ့်ဂုဏ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် မမြင်ချင်ယောင်ဆောင်နေလို့ မရဘူး။ ဥပမာ၊ အဖွဲ့ခေါင်းဆောင်က စုဝေးပွဲ ခဏခဏ နောက်ကျပြီး အသင်းတော်အသက်တာကို ထိခိုက်စေတဲ့အခါ ကျွန်မက သူ့ကို ပြုပြင်၊ ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးခဲ့သင့်တာပါ။ ဒါ့အပြင် ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ ပြဿနာတွေကို ထောက်ပြတဲ့အခါ ကျွန်မ အဲဒါတွေကို လက်ခံသင့်တယ်၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို အလေးအနက် ဆင်ခြင်သုံးသပ်ပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားဖို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်ပါတယ်၊ သူတို့ရဲ့ စိတ်နှလုံးထဲမှာ ပုံရိပ်ကောင်းတစ်ခုကို ထိန်းသိမ်းဖို့ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်နေတာမျိုး မဟုတ်ဘဲနဲ့ပေါ့။ ဒီလက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတွေကို နားလည်ပြီးတဲ့နောက် ကျွန်မ စိတ်သက်သာရာရပြီး လွတ်မြောက်သွားတယ်။
နောက်ပိုင်းမှာ ဧဝံဂေလိအလုပ်ကို နောက်ဆက်တွဲ လိုက်ကြည့်ဖို့ တခြားအသင်းတော်တစ်ခုကို သွားတဲ့အခါ ဧဝံဂေလိ သင်းထောက်က သူ့တာဝန်မှာ တာဝန်ယူစိတ်မရှိဘဲ ဝန်တာထားစိတ် ကင်းမဲ့နေတာကို သိလိုက်ရတယ်။ အသင်းတော် ခေါင်းဆောင်တွေက သူ့အလုပ်ကို ကြီးကြပ်ပြီး နောက်ဆက်တွဲ လိုက်ကြည့်တဲ့အခါ သူက အတိုက်အခံတောင် လုပ်သေးတယ်။ ဒီအခြေအနေကို သုံးသပ်ကြည့်ပြီး သူ့ကို ကူညီဖို့၊ ဖော်ထုတ်ဖို့နဲ့ ပြုပြင်ဖို့အတွက် ကျွန်မ ထောက်ပြသင့်တယ်။ ဒါပေမဲ့ ကျွန်မက အဲဒီက စုဝေးပွဲကို ပထမဆုံးအကြိမ် ငါတက်တာတာပဲ။ ရောက်ရောက်ချင်း သူ့ပြဿနာတွေကို ဖော်ထုတ်လိုက်ရင် လူတိုင်း ငါ့ကို ဘယ်လို ထင်ကြမလဲ။ ပထမဆုံး တွေ့ကတည်းက ငါ့ကို အမြင်မကြည်ရင် နောက်နောင် သူတို့နဲ့ ငါ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မှာလဲ လို့ တွေးမိတယ်။ အဲဒီလို တွေးမိလိုက်တာနဲ့ ကျွန်မက ကိုယ့်နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ပြန်ပြီး စိုးရိမ်နေမိမှန်း သဘောပေါက်လိုက်မိတယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ သတိရလိုက်တယ်။ “သင်သည် ဦးစွာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး အသင်းတော်၏ အလုပ်ကို ထည့်သွင်းစဉ်းစားသင့်သည်။ ဤအရာများကို ဦးစားပေး ထားရှိပါ၊ ထို့နောက်မှသာ သင်သည် သင်၏ အဆင့်အတန်း တည်ငြိမ်မှု သို့မဟုတ် အခြားသူများ သင့်ကို မည်သို့ သဘောထားသည်ကို စဉ်းစားနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်း ဘယ်လိုအခြေအနေမျိုးမှာမဆို အသင်းတော်ရဲ့ အကျိုးစီးပွားကိုပဲ ဦးစားပေးရမယ်ဆိုတာ ကျွန်မ နားလည်လိုက်တယ်။ ဧဝံဂေလိ သင်းထောက်က တာဝန်မှာ တာဝန်ယူစိတ်မရှိဘဲ ဧဝံဂေလိအလုပ် တိုးတက်မှုကို နှောင့်နှေးစေတယ်။ ပြီးတော့ သူက ကြီးကြပ်တာကို လက်မခံဘူး။ သူ့ပြဿနာတွေကို ကျွန်မ မထောက်ပြရင် ဧဝံဂေလိအလုပ် ကြန့်ကြာမယ့်အပြင် သူ့ရဲ့ အသက်ဝင်ရောက်မှုအတွက်လည်း ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး။ သူများတွေရဲ့ စိတ်နှလုံးထဲက ကိုယ့်ပုံရိပ်နဲ့ အဆင့်အတန်းကို ကျွန်မ ဆက်ပြီး မထိန်းသိမ်းနိုင်တော့ဘူး။ ညီအစ်မက ကျွန်မကို ဘယ်လိုပဲ မြင်ပါစေ၊ ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ရမယ်။ အဲဒီနောက် ညီအစ်မရဲ့ တာဝန်မှာ ရှိတဲ့ ပြဿနာတွေကို ထောက်ပြလိုက်ပြီး ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက အလုပ်ကို ကြီးကြပ်ပြီး နောက်ဆက်တွဲ လိုက်ကြည့်ခြင်းရဲ့ အရေးပါမှု၊ ဧဝံဂေလိ သင်းထောက်တစ်ယောက်ရဲ့ တာဝန်ယူမှုတွေနဲ့ တာဝန်ကို ဘယ်လို တာဝန်ယူစိတ်ရှိရှိနဲ့ ကောင်းကောင်း ဖြည့်ဆည်းရမယ်ဆိုတာတွေကို မိတ်သဟာယပြုပေးခဲ့တယ်။ ကျွန်မ မိတ်သဟာယပြုပြီးတဲ့နောက် ညီအစ်မက သူ့တာဝန်မှာ ဝတ်ကျေတမ်းကျေ လုပ်ခဲ့မိမှန်း အသိအမှတ်ပြုတယ်။ သူ့အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး ပြောင်းလဲဖို့ လိုလားကြောင်း ပြောတယ်။ နောက်ပိုင်းမှာ သူ တာဝန်ကို ပိုတက်တက်ကြွကြွ လုပ်လာပြီး ဧဝံဂေလိအလုပ်လည်း တိုးတက်မှု ရှိလာတယ်။
ဒီအတွေ့အကြုံတွေကတစ်ဆင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ တာဝန်ကို စည်းမျဉ်းတွေအတိုင်း ထမ်းဆောင်ဖို့ အရေးကြီးကြောင်း ကျွန်မ သဘောပေါက်လိုက်တယ်။ တာဝန်ထမ်းဆောင်ရာမှာ ကိုယ့်အကျိုးစီးပွားကိုပဲ အမြဲ ကာကွယ်ပြီး ကိုယ့်ဂုဏ်နဲ့ အဆင့်အတန်းကိုပဲ ထိန်းသိမ်းနေမယ်ဆိုရင် အသင်းတော်အလုပ်ကို ထိခိုက်စေရုံသာမက ညီအစ်ကိုမောင်နှမတွေနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ထိခိုက်စေမှာပါ။ ဒီအသိအမြင်နဲ့ ပြောင်းလဲမှုကို ရလာအောင် ကူညီပေးခဲ့တာ ဘုရားနှုတ်ကပတ်တော်တွေပါပဲ။ ဘုရားသခင် ကျေးဇူးတော်ပါပဲ။