၁၀၀။ အရှက်ခွဲခံရမှုနှင့် နှိပ်စက်ညှဉ်းဆဲမှုဒဏ်ကို ကြံ့ကြံ့ခံခြင်း

ယဲ့ဟွေ၊ တရုတ်ပြည်

၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ မနက်ခင်းတစ်ခုမှာ ကျွန်မတို့ ညီအစ်မလျူဟွာအိမ်မှာ စုဝေးနေတုန်း ရဲ ဆယ်ယောက်ကျော်လောက် ခြံထဲကို ရုတ်တရက် ဝင်လာပြီး ကျွန်မတို့ ဘာမှမလုပ်နိုင်ခင်မှာပဲ အိမ်ထဲကို ပြေးဝင်လာပြီး “မလှုပ်နဲ့” လို့ အော်ကြတယ်။ အခြေအနေတွေက အရမ်း ရှုပ်ယှက်ခတ်သွားပြီး ကျွန်မလဲ အရမ်းကြောက်သွားလို့ ဘုရားသခင်ကို တရစပ် ဆုတောင်းမိတယ်။ ရဲတွေက အိမ်ကို မွှေနှောက်ရှာဖွေကြတယ်။ မကြာခင်မှာပဲ သူတို့က အိမ်ကို ပြောင်းပြန်လှန်ပစ်လိုက်ပြီး လျူဟွာအိမ်မှာ သိမ်းထားတဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေနဲ့ ဒီဗီဒီတွေကို တွေ့သွားကြတယ်။ ပြီးတော့ ကျွန်မတို့ကို ခပ်သွက်သွက် အတင်းအကျပ် ရှာဖွေပြီး ကျွန်မအိတ်ကပ်ထဲက အသင်းတော် အဖွဲ့ဝင်စာရင်းနဲ့ အသင်းတော်ငွေကြေးဆိုင်ရာ စာရွက်စာတမ်းတွေကို တွေ့သွားတယ်။ တခြား ညီအစ်ကိုမောင်နှမတွေ အမှုပတ်သွားမှာကို စိုးရိမ်ပြီး ကျွန်မ တကယ် စိတ်ပူသွားတာပေါ့။ ဒါကြောင့် သူတို့ကို ကာကွယ်ပေးဖို့ ဘုရားသခင်ဆီ တိတ်တိတ်လေး တောင်းလျှောက်ပြီး ဆုတောင်းလိုက်တယ်။ အဲဒီအချိန်မှာ ရဲတစ်ယောက်က လျူဟွာကို ဆွဲပြီး “နင့်အိမ်မှာ နောက်ထပ် စာအုပ်တွေ၊ အသင်းတော်ရန်ပုံငွေတွေ ရှိသေးလား” လို့ မေးတယ်။ သူ ပြန်မဖြေတဲ့အခါ ရဲက သူ အသက်ကြီးတာကို ထည့်မတွက်ဘဲ ကြမ်းကြမ်းတမ်းတမ်း တွန်းလိုက်တော့ လျူဟွာက ကြမ်းပြင်ပေါ်ကို အရှိန်နဲ့လဲကျပြီး သတိလစ်သွားပါလေရော။ လျူဟွာက မျက်နှာဖြူလျော့နေပြီး ကြမ်းပြင်ပေါ်မှာ မလှုပ်မယှက် လဲနေတာကို မြင်တော့ ကျွန်မ ပြေးသွားပြီး ကူထူပေးချင်ပေမဲ့ ရဲနှစ်ယောက်က မထင်မှတ်ဘဲ ကျွန်မလက်မောင်းတွေကို ဖမ်းချုပ်ပြီး ကားဆီကို ဆွဲခေါ်သွားကြတယ်။ တခြားရဲတွေက လျူဟွာကို အပြင်ဆွဲထုတ်ဖို့ သွားကြပြီး သူ ကြမ်းပြင်ပေါ်မှာ သတိလစ်နေတာကို မြင်တော့ တခြားလူတွေကိုပါ ဆက်ဖမ်းကြတယ်။ ကျွန်မ တွေးမိတယ်၊ “ကွန်မြူနစ်ပါတီက ဘုရားသခင်ကို မုန်းတယ်။ ဧဝံဂေလိတရား ဟောပြောတဲ့သူတစ်ယောက်ကို ဖမ်းမိတာနဲ့ သူတို့ ညှဉ်းပန်းနှိပ်စက်တော့မှာ။ တချို့ဆို ရိုက်နှက်ခံရပြီး ဒုက္ခိတဖြစ်သွားတယ်၊ တချို့ကျတော့ ထောင်ချခံရတယ်။ အထူးသဖြင့် အဓိက ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေဆိုရင် ဘာအကျိုးဆက်မှမရှိဘဲ ရိုက်သတ်ခံရတာ။ အခု ကျွန်မ အဖမ်းခံရပြီ။ ပြီးတော့ အသင်းတော် အသင်းဝင်စာရင်းနဲ့ ငွေကြေးဆိုင်ရာ စာရွက်စာတမ်းတွေကို ကျွန်မဆီကနေ တွေ့သွားတော့ ကျွန်မကို အသင်းတော်ခေါင်းဆောင်လို့ သူတို့ သေချာပေါက် ထင်ပြီး လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး” လို့ပေါ့။ ရဲတွေက ကျွန်မကို ဘယ်လိုမျိုး ညှဉ်းပန်းနှိပ်စက်မလဲဆိုတာ မသိတော့ ကျွန်မ နည်းနည်း ကြောက်မိတယ်။ ကျွန်မသာ မခံနိုင်ဘဲ ယုဒတစ်ယောက် ဖြစ်သွားရင် ဒါဟာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားရာ ရောက်မယ်ဆိုတာ သိတယ်။ ကျွန်မ ယုဒ လုံးဝ ဖြစ်သွားလို့မရဘူး။ ကျွန်မ ဘုရားသခင်ဆီကို တရစပ် ဆုတောင်းမိတယ်၊ “ဘုရားသခင်၊ အခု သမီး အရမ်းကြောက်နေပါတယ်။ ရဲတွေ သမီးကို ဘယ်လိုဆက်ဆံမလဲဆိုတာ မသိပါဘူး။ ကျေးဇူးပြုပြီး သမီးကို ကာကွယ်ပေးတော်မူပါ၊ ယုံကြည်ခြင်း ပေးသနားတော်မူပါ။ သမီးရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ လိုလားနေပါတယ်” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ စဉ်းစားမိလိုက်တယ်။ “ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် ဘုရားသခင်အား သူဆန္ဒရှိသလို စီစဉ်ညွှန်ကြားခွင့်ပြုရမည်ဖြစ်ပြီး သူ့အပေါ် စောဒကတက်မည့်အစား ကိုယ့်ဇာတိပကတိကိုယ် ကျိန်စာတိုက်ရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်သည် ဘုရားသခင်ကို ကျေနပ်စေရန် သင်ချစ်သည့်အရာကို စွန့်လွှတ်ရခြင်း၏ ဝေဒနာကို သည်းခံလိုစိတ်ရှိရမည်ဖြစ်ပြီး ခါးသီးစွာ ငိုကြွေးလိုစိတ်ရှိရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်းနှင့် စစ်မှန်သော ယုံကြည်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မစိတ်နှလုံးကို အများကြီး ငြိမ်သက်သွားစေတယ်။ ဘုရားသခင်က ကျွန်မတို့ရဲ့ ယုံကြည်ခြင်းကို စုံလင်အောင်လုပ်ဖို့အတွက် ဒုက္ခဆင်းရဲနဲ့ စမ်းသပ်မှုတွေကို ကျွန်မတို့အပေါ်မှာ ကျရောက်စေတာပါ။ အဖမ်းခံရပြီး နှိပ်စက်ညှဉ်းဆဲခံရတဲ့အခါ ကျွန်မက သူရဲဘောကြောင်ပြီး ညှဉ်းပန်းနှိပ်စက်ခံရမှာကို ကြောက်နေခဲ့တယ်။ ဘုရားသခင်အပေါ်ထားတဲ့ ကျွန်မရဲ့ ယုံကြည်ခြင်းက စစ်မှန်မှုမရှိမှန်း ကျွန်မ မြင်သွားတယ်။ ကျွန်မ ဇာတိပကတိကို ဆက်ပြီး ထည့်မတွက်သင့်တော့ဘူး။ ရဲတွေ ကျွန်မကို ဘယ်လိုနည်းနဲ့ပဲ ညှဉ်းပန်းနှိပ်စက်ပါစေ၊ ကျွန်မ ဘုရားသခင်ကို အားကိုးပြီး သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ သေရရင်တောင်မှ ကျွန်မ ယုဒ လုံးဝ ဖြစ်မသွားရဘူး။

ရဲစခန်းကို ရောက်တဲ့အခါ ရဲအမျိုးသားနှစ်ယောက်က ကျွန်မကို ကြမ်းကြမ်းရမ်းရမ်းပဲ စစ်မေးတယ်။ “အသင်းတော်ခေါင်းဆောင်က ဘယ်သူလဲ။ အသင်းတော် ပိုက်ဆံတွေ ဘယ်မှာလဲ” တဲ့။ ည ၈ နာရီလောက်အထိ သူတို့ ကျွန်မကို မေးမြန်းကြတယ်။ ကျွန်မ ဘာမှမပြောတာကို တွေ့တော့ သူတို့က ကျွန်မကို ထိန်းသိမ်းရေးစခန်းတစ်ခုဆီ ပို့လိုက်တယ်။ အဲဒီအချိန်က တော်တော်အေးတဲ့အချိန်ပေါ့။ ရဲအရာရှိအမျိုးသမီးနှစ်ယောက်က ကျွန်မကို အတင်း အဝတ်အစားတွေ ချွတ်ပြီး ရှာဖွေကြတယ်၊ အဲဒီနောက်မှာ ကျွန်မနဲ့ တခြားညီအစ်မနှစ်ယောက်ကို အခန်းတစ်ခန်းထဲမှာ အစာမကျွေးဘဲ ပိတ်ထားလိုက်ကြတယ်၊ စောင်ပါးလေး တစ်ထည်ပဲ ပေးထားပြီး ကြမ်းကြမ်းတမ်းတမ်း ပြောသွားတယ်။ “နင်တို့အကုန် ခဲပြီး သေလိုက်တော့။ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လိုက်နိုင်တယ်လို့ နင်တို့ကို ဘယ်သူပြောလဲ။ နင်တို့ဟာကို ယုံကြည်နေသရွေ့တော့ ထမင်းစားဖို့ စိတ်ကို မကူးနဲ့” တဲ့။ အဲဒီညမှာ ကျွန်မတို့သုံးယောက် တိတ်တိတ်လေး အပြန်အလှန် နှစ်သိမ့်အားပေးခဲ့ကြတယ်။ ဖမ်းဆီးခံရတာနဲ့ နှိပ်စက်ညှဉ်းဆဲခံရတာတွေဟာ ဘုရားသခင်ရဲ့ စမ်းသပ်မှုဖြစ်ပြီး ဘုရားသခင်အတွက် သက်သေခံဖို့ လိုအပ်မှန်း ကျွန်မတို့ နားလည်ခဲ့တယ်။ ရဲတွေ ဘယ်လိုပဲ ညှဉ်းပန်းနှိပ်စက်ပါစေ၊ ရိုက်သတ်ရင်တောင်မှ ကျွန်မတို့ စာတန်နဲ့ လုံးဝ အပေးအယူမလုပ်ပါဘူး။ ကျွန်မတို့ ယုံကြည်ခြင်းနဲ့ ခွန်အားတွေ ရခဲ့ကြတယ်။ အေးပြီး ဗိုက်ဆာနေပေမဲ့ သိပ်ပြီး မခံမရပ်နိုင်စရာ မကောင်းတော့သလိုပါပဲ။

နောက်တစ်နေ့မှာ ရဲတွေ ကျွန်မကို စစ်ဆေးမေးမြန်းကြတယ်။ ရဲတစ်ယောက်က ကျွန်မခေါင်းကို ပြင်းပြင်းထန်ထန် ထိုးပြီး ပြောတယ်။ “ဟဲ့ အဘွားကြီး၊ နင်တို့ အသင်းတော်ခေါင်းဆောင်က ဘယ်သူလဲ။ အသင်းတော် ငွေစာရင်း စာရွက်စာတမ်းတွေကို နင့်ကို ဘယ်သူပေးတာလဲ။ နင် ပြောရင် ဒီနေ့ပဲ လွှတ်ပေးမယ်။ ဘာမှမပြောရင်တော့ နင် တကယ်ကို ခံရပြီမှတ်” တဲ့။ သူတို့ရဲ့ မညှာမတာ မေးမြန်းမှုတွေကို ရင်ဆိုင်ရင်း ကျွန်မ စိတ်နှလုံးကို ကာကွယ်ပေးဖို့ ဘုရားသခင်ဆီ စိတ်ထဲကနေ တရစပ် တောင်းလျှောက်ပြီး ဆုတောင်းနေခဲ့တယ်။ ကျွန်မ ဘာမှမပြောတာကို မြင်တော့ ရဲတစ်ယောက်က ဒေါသထွက်ပြီး ပြောတယ်။ “နင် မပြောရင် ညှဉ်းဆဲဖို့ နည်းလမ်းတွေ ငါတို့မှာ ရှိတယ်။ နင့်ကို ထောင်ဆယ်နှစ် ချလိုက်မယ်” တဲ့။ နောက်တစ်ယောက်ကလဲ “နင့်ကို အရှေ့မြောက်ပိုင်းက တရုတ်ပြည်ရဲ့ ဆိုက်ဘေးရီးယားကို ပို့ပြီး အဲဒီမှာ ဒုက္ခခံရတာ ဘယ်လိုအရသာရှိလဲဆိုတာ မြည်းစမ်းခိုင်းမယ်။ အဲဒီကျရင် နင် ဘယ်လောက် ခေါင်းမာမလဲ ကြည့်ကြတာပေါ့” တဲ့။ သူတို့က ကျွန်မ ဖြေလာအောင်လို့ ဆက်တိုက် ကြိုးစားပြီး သွေးဆောင်ဖြားယောင်းကြတယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ကိုပဲ ဆုတောင်းပြီး အားကိုးနေခဲ့လို့ သူတို့ရဲ့ထောင်ချောက်ထဲ မကျရောက်ခဲ့ပါဘူး။ တတိယမြောက်နေ့ မနက် ၈ နာရီလောက်မှာ ရဲလေးယောက်က ကျွန်မကို ဓာတ်ပုံရိုက်ဖို့ အပြင်ခေါ်ထုတ်တယ်။ ရဲတစ်ယောက်က ဟန်ဆောင်အပြုံးနဲ့ ပြောတယ်။ “နင့်ကို ဘာလို့ ဓာတ်ပုံရိုက်လဲ သိလား။ နင်က ကွန်မြူနစ်ပါတီကျွေးတဲ့ ထမင်းကိုစားပြီး ကွန်မြူနစ်ပါတီကို မယုံကြည်ဘဲ ဘုရားသခင်ကို ယုံကြည်ပြီး ဧဝံဂေလိတရား လိုက်ဟောနေတာကိုး။ အခု လူတိုင်းသာ ဘုရားသခင်ကို စပြီးယုံကြည်လာရင် ဘယ်သူက ကွန်မြူနစ်ပါတီကို ယုံကြည်တော့မှာလဲ။ နင်က ကွန်မြူနစ်ပါတီကို ဆန့်ကျင်နေတာ။ ဧဝံဂေလိတရား ဟောပြောဖို့ နင် ဒီလောက် တက်ကြွနေရင် ထောင်ဆယ်နှစ်ကျရမှာ။ လူတိုင်းမြင်ရအောင် နင့်ဓာတ်ပုံကို တီဗီပေါ် တင်ပေးမယ်။ လူကြားထဲ မျက်နှာပြဖို့ နင် အရမ်းရှက်သွားအောင် လုပ်မယ်” တဲ့။ ပြောပြီးတာနဲ့ သူက မဲ့ပြုံးပြုံးပြီး အတင်း ဓာတ်ပုံရိုက်ဖို့ ကျွန်မလက်မောင်းကို ဆွဲပါလေရော။ ကျွန်မ ဒေါသထွက်ပေမဲ့ တော်တော်လေးလည်း စိုးရိမ်သွားတယ်။ တွေးမိတယ်၊ “ကျွန်မ ယုံကြည်ခြင်းကြောင့် အဖမ်းခံရတယ်ဆိုတဲ့အကြောင်း ရဲတွေက တီဗီမှာ ထုတ်လွှင့်ပြီး လူထုကို လှုံ့ဆော်လိုက်ရင် ကျွန်မရဲ့ သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေက ကျွန်မကို ဘယ်လိုထင်ကြမလဲ။ အိမ်နီးနားချင်းတွေက ကျွန်မကို လှောင်ပြောင်ကြမှာ။ လူကြားထဲ ကျွန်မ ဘယ်လို မျက်နှာပြရပါ့မလဲ။ သားသမီးတွေကရော ကျွန်မကို ရှက်ပြီး ငြင်းပယ်ကြမလား” လို့ပေါ့။ ဒီအတွေးတွေကြောင့် ကျွန်မ အားကုန်ခမ်းသွားသလို ခံစားလိုက်ရတယ်။ ကျွန်မစိတ်နှလုံးက ဘုရားသခင်နဲ့ ဝေးကွာသွားမှန်း သဘောပေါက်လိုက်မိပြီး ကျွန်မစိတ်နှလုံးကို ကာကွယ်ပေးဖို့ ဘုရားသခင်ဆီ အမြန် တောင်းလျှောက်ပြီး ဆုတောင်းလိုက်တယ်။ ဒီအချိန်မှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ စဉ်းစားမိတယ်။ “သင်တို့အကြားတွင် ဥပဒေ၏ အကာအကွယ်ပေးခြင်းခံရသည့် လူတစ်ဦးမျှမရှိပေ။ ယင်းအစား၊ သင်တို့သည် ဥပဒေ၏ ဒဏ်ခတ်အရေးယူခြင်းကို ခံကြရ၏။ သာ၍ ခက်ခဲသည်မှာ လူတို့သည် သင်တို့ကို နားမလည်ကြပေ။ သင်တို့၏ ဆွေမျိုးများ၊ သင်တို့၏ မိဘများ၊ သင်တို့၏ မိတ်ဆွေများ သို့မဟုတ် သင်တို့၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်စေ၊ ၎င်းတို့ထဲမှ မည်သူမျှ သင်တို့ကို နားမလည်ကြပေ။ ဘုရားသခင်က သင်တို့ကို ‘စွန့်ပစ်’ သည့်အခါတွင်၊ ကမ္ဘာမြေပေါ်တွင် ဆက်လက် အသက်ရှင်ရန် သင်တို့အတွက် မဖြစ်နိုင်ပေ၊ သို့သော်ငြားလည်း လူတို့သည် ဘုရားသခင်နှင့် ဝေးကွာ၍မနေနိုင်ကြပေ၊ ယင်းမှာ လူတို့ကို ဘုရားသခင် သိမ်းပိုက်ခြင်းနှင့်ဆိုင်သော အရေးပါမှုဖြစ်ပြီး၊ ဘုရားသခင်၏ ဘုန်းအသရေ ဖြစ်သည်။ ယနေ့ သင်တို့ အမွေခံပြီးဖြစ်သည့်အရာသည် ခေတ်ကာလများတစ်လျှောက် တမန်တော်များနှင့် ပရောဖက်များ အမွေခံခဲ့ရသည့်အရာများထက် သာလွန်သကဲ့သို့၊ မောရှေနှင့် ပေတရုတို့ အမွေခံခဲ့ရသည့်အရာများထက်ပင် သာ၍ကြီးမားပေသည်။ ကောင်းချီးမင်္ဂလာများကို တစ်ရက် နှစ်ရက်အတွင်း မရရှိနိုင်ပေ။ ယင်းတို့ကို အဖိုးအခများစွာမှတစ်ဆင့် ရရှိရမည်ဖြစ်သည်။ ယင်းမှာ၊ သင်တို့သည် စစ်ဆေးခြင်း ကြုံရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာတစ်ခုကို ပိုင်ဆိုင်ရမည်၊ ကြီးမားသောယုံကြည်ခြင်းကို သင်တို့ ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ သင်တို့ ကြိုးပမ်းရရှိဖို့ ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားများစွာ ရှိရမည်ဟု ဆိုလိုပေသည်။ ထို့အပြင်၊ သင်တို့သည် ချိုးနှိမ်ခြင်းကိုမခံဘဲ သို့မဟုတ် တိမ်းရှောင်ခြင်း မရှိဘဲ၊ တရားမျှတမှုဘက်သို့ လှည့်ရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်သော သေသည်အထိ မပြောင်းလဲသည့် စိတ်နှလုံး ရှိရမည်ဖြစ်သည်။ သင့်၌ စိတ်ပိုင်းဖြတ်ချက် ရှိရမည်၊ သင်တို့၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှုများ ဖြစ်ပေါ်ရမည်၊ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ကုစားရမည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများ အားလုံးကို ညည်းညူခြင်းမပြုဘဲ လက်ခံရမည်ဖြစ်ပြီး၊ သေသည်အထိ သင်တို့ ကျိုးနွံနာခံရမည်ဖြစ်သည်။ ဤသည်မှာ သင်တို့ ရရှိသင့်သည့်အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏အမှု နောက်ဆုံးရည်မှန်းချက်ဖြစ်ပြီး၊ ဤလူစုကို ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ နားလည်သွားတယ်။ ကွန်မြူနစ်ပါတီက ခရစ်ယာန်တွေကို ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းဆဲတာ၊ ကျွန်မတို့ကို ကဲ့ရဲ့ရှုတ်ချပြီး တိုက်ခိုက်ဖို့ လူထုထင်မြင်ချက် ဖန်တီးတာတွေဟာ ဘုရားသခင်ကို ကျွန်မတို့ သစ္စာဖောက်သွားအောင် အတင်းလုပ်ဖို့ ရည်ရွယ်တာပါပဲ။ ကျွန်မက လှောင်ပြောင်ခံရမှာကို ကြောက်လို့ အပျက်သဘောဆောင်ပြီး နာကျင်နေတာက စာတန်ရဲ့ လှည့်ကွက်ထဲကို ကျရောက်နေခဲ့တာ မဟုတ်ဘူးလား။ ဘုရားသခင်ကို ယုံကြည်လို့ အဖမ်းခံရပြီး အရှက်ခွဲခံရတာဟာ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခံရတာဖြစ်ပြီး ဒါဟာ ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမဲ့ ကျွန်မက အလှောင်ပြောင်ခံရမှာကို ကြောက်နေခဲ့တယ်။ ဒါက အကောင်းနဲ့အဆိုးကို ကျွန်မ မခွဲခြားနိုင်ဘူးဆိုတာ ပြနေတာ မဟုတ်ဘူးလား။ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းပေးမှုနဲ့ ထောက်ပံ့မှုတွေကို ကျွန်မ အများကြီး ခံစားခဲ့ရပြီးပြီ။ အခု ဘုရားသခင်က ကျွန်မကို သက်သေခံဖို့ လိုအပ်နေချိန်မှာ ကျွန်မက ကိုယ့်ဇာတိပကတိကို ထည့်တွက်နေပြီး ဂုဏ်သိက္ခာနဲ့ ကိုယ့်မာနကိုပဲ ဂရုစိုက်နေခဲ့တာကိုး။ ကျွန်မ တကယ်ကို အသိတရား မရှိလိုက်တာ။ ဒါကို တွေးဖြစ်တော့ ကျွန်မ တော်တော် နောင်တရမိပြီး စဉ်းစားမိတယ်။ “ဒီနေ့ သူတို့ ငါ့ကို ဘယ်လိုပဲ လုပ်လုပ်၊ ငါ့ကို ကဲ့ရဲ့ရှုတ်ချဖို့၊ လူတွေ ငါ့ကို လှောင်ပြောင်ပြီး ငြင်းပယ်အောင် ငါ့ဓာတ်ပုံကို တီဗီမှာ ထုတ်လွှင့်ရင်တောင်မှ သက်သေခံချက်မှာ ငါ ခိုင်ခိုင်မာမာ ရပ်တည်မယ်၊ ဘုရားသခင်ကို ဘယ်တော့မှ သစ္စာမဖောက်ဘူး” လို့ပေါ့။

ဓာတ်ပုံရိုက်ပြီးတဲ့နောက် ရဲတွေက ကျွန်မကို စစ်ဆေးရေးအခန်းဆီ ပြန်ခေါ်သွားတယ်။ ရဲတစ်ယောက်က ကျွန်မအိတ်ထဲက အသင်းတော် အသင်းဝင် စာရင်းနဲ့ ငွေကြေးဆိုင်ရာ စာရွက်စာတမ်းတွေကို ယူပြီး စားပွဲပေါ် ပစ်တင်လိုက်တယ်။ ကျွန်မကို စိန်းစိန်းဝါးဝါးကြည့်ပြီး အော်တယ်၊ “ဒီဟာတွေ ဘယ်ကရလာလဲဆိုတာ ဒီနေ့ နင် ရှင်းရှင်းလင်းလင်း ရှင်းပြရမယ်။ နင် မပြောရင် ထောင်ဆယ်နှစ် ကျမယ်” တဲ့။ ကျွန်မ ပြန်မဖြေတာကို မြင်တော့ သူက ကျွန်မခေါင်းကို လက်ညှိုးနဲ့ ဖိထိုးပြီး ပြောတယ်။ “ဟဲ့ မိအိုကြီး၊ နင့်လိုလူမျိုး ငါ အများကြီး တွေ့ဖူးတယ်။ ဒီနေ့ နင်သာ ဝန်မခံရင် နင့်မှာကျန်တဲ့ အသက်ငွေ့ငွေ့လေး ပျောက်သွားမယ်နော်။ နင့်ကို အလှည့်ကျ စစ်ဆေးဖို့ ငါတို့မှာ အဖွဲ့ငါးဖွဲ့ ရှိတယ်။ ဘယ်သူက ပိုကြာရှည်ခံမလဲ ကြည့်ကြတာပေါ့” တဲ့။ ကျွန်မ ကြောက်သွားတာပေါ့။ ညီအစ်ကိုမောင်နှမတချို့ အဖမ်းခံရပြီးနောက်မှာ လက်သည်းကြား ဝါးစိပ်နဲ့ထိုးပြီး နှိပ်စက်ခံရတာတွေ၊ တချို့ကျ ငရုတ်သီးရည် အတင်းလောင်းထည့်ခံရတာတွေကို တွေးမိသွားတာကိုး။ ကျွန်မသာ ဆက်ပြီး တိတ်တိတ်နေရင် သူတို့ ကျွန်မကိုလဲ အဲဒီလို လုပ်ကြမလားလို့ တွေးမိတယ်။ သူတို့ ကျွန်မကို ညှဉ်းပန်းနှိပ်စက်ပြီး ထောင်ထဲမှာ သုံးလေးနှစ် ထည့်ထားရင် ကျွန်မ ခံနိုင်ပါ့မလား။ ကျွန်မက အသက် ၅၀ ကျော်နေပြီ၊ ကျန်းမာရေးကလဲ မကောင်းဘူး။ ကျွန်မကို သေတဲ့အထိ သူတို့ နှိပ်စက်လိုက်ရင်ရော။ ကျွန်မကို ခွန်အားပေးဖို့ ဘုရားသခင်ဆီ စိတ်နှလုံးထဲကနေ တောင်းလျှောက်ပြီး မရပ်မနား ဆုတောင်းနေမိတယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ စဉ်းစားမိလိုက်တယ်။ “အမှု၏ ဤအဆင့်တွင် ငါတို့ထံမှ အဆုံးစွန် ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ လိုအပ်ပေသည်။ အမှု၏ ဤအဆင့်သည် ယခင်အဆင့်များအားလုံးမှ ကွဲပြားခြားနားသည့်အတွက်၊ အနည်းငယ်မျှ ပေါ့ဆလိုက်ရုံနှင့် ငါတို့ ခလုတ်တိုက်မိကောင်း တိုက်မိနိုင်သည်။ ဘုရားသခင် စုံလင်နေစေသည့် အရာမှာ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍လည်း မရသည့် လူတို့၏ ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ နှုတ်ကပတ်တော်များကို ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် အသက်တို့အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၈)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အား ပေးတယ်။ ဘယ်လို ဆင်းရဲဒုက္ခ ဒါမှမဟုတ် စမ်းသပ်မှုမျိုးကိုပဲ ကျွန်မ ရင်ဆိုင်ရပါစေ၊ ကျွန်မရဲ့ ယုံကြည်ခြင်းကို အားကိုးပြီး သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ ဒီနည်းနဲ့မှသာ ဘုရားသခင်ရဲ့ စုံလင်စေခြင်းကို ကျွန်မ ခံရနိုင်မှာပါ။ စာတန်ရဲ့ စုံစမ်းသွေးဆောင်ခြင်းအောက်မှာ ယောဘ ခံစားခဲ့ရတာကို ကျွန်မ တွေးမိတယ်။ သူ့ရဲ့ တောင်ပုံရာပုံရှိတဲ့ သိုးတွေ၊ နွားတွေ၊ မရေမတွက်နိုင်တဲ့ စည်းစိမ်တွေနဲ့ သူ့သားသမီးတွေကိုပါ ဆုံးရှုံးလိုက်ရပြီး တစ်ကိုယ်လုံးမှာ အနာစိမ်းတွေ ပေါက်နေတဲ့အချိန်မှာ ယောဘက ဘုရားသခင်ကို ယုံကြည်နေခဲ့တုန်းပါပဲ။ သူက ဘုရားသခင်ကို ညည်းတွားမယ့်အစား ကိုယ့်ရဲ့ ဇာတိပကတိကို ကျိန်ဆဲဖို့ နှစ်သက်ခဲ့ပြီး ဘုရားသခင်ရဲ့ နာမတော်ကို ဆက်ပြီး ချီးမွမ်းခဲ့တယ်။ ဒီလိုနည်းနဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး စာတန်ကို အရှက်ရစေခဲ့လို့ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းနဲ့ ကောင်းချီးတွေကို ရရှိခဲ့တယ်လေ။ ကျွန်မ အဖမ်းခံရပြီး နှိပ်စက်ညှဉ်းဆဲခံရတာဟာ စာတန်က ကျွန်မကို စုံစမ်းသွေးဆောင်နေတာဖြစ်သလို ဘုရားသခင်က ကျွန်မကို စမ်းသပ်စစ်ဆေးနေတာလည်း ဖြစ်တယ်။ ကျွန်မ ယောဘကို အတုယူပြီး သေရရင်တောင်မှ ဘုရားသခင်ကို မညည်းညူဘဲ စာတန်အရှက်ရအောင် ဘုရားသခင်ကို အားကိုးပြီး သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်မယ်။ အဲဒီနောက်ပိုင်း ရဲတွေ ကျွန်မကို ဘယ်လိုပဲ စစ်ဆေးမေးမြန်းပါစေ၊ ကျွန်မ ဘာမှမပြောခဲ့ဘူး။ ကျွန်မဆီကနေ ဘာမှမရနိုင်မှန်း သိတော့ ရဲတွေက တခြားအဖွဲ့ကို ပြောတယ်။ “သူ့ပါးစပ်ဟအောင် နည်းလမ်းရှာစမ်းပါ၊ ဒီစာရွက်စာတမ်းတွေမှာက ပိုက်ဆံ တော်တော်များတယ်။ အသင်းတော်ငွေကြေးနဲ့ ခေါင်းဆောင်တွေရဲ့ အသေးစိတ်အချက်အလက်တွေကို သူ ဝန်ခံအောင်လုပ်။ သူ မပြောမချင်း ပေးမအိပ်နဲ့” တဲ့။ ဒုတိယ ရဲအဖွဲ့မှာ လူငယ်နှစ်ယောက် ပါတယ်။ သူတို့က ကျွန်မဘေးတစ်ဖက်တစ်ချက်စီမှာ ရပ်ပြီး အသင်းတော်ခေါင်းဆောင်တွေ ဘယ်သူလဲဆိုတာ မေးမေးပြီး ကျွန်မပခုံးတွေကို လက်သီးနဲ့ အားကုန်ထုကြတယ်။ ခုံပုလေးပေါ် ထိုင်နေရင်း ကျွန်မ နည်းနည်း မူးဝေလာတယ်၊ တစ်ကိုယ်လုံး တုန်ယင်ပြီး စကား မပြောနိုင်ခဲ့ဘူး။ သူတို့က လက်မလျှော့ဘဲ လက်သီးနဲ့ ဆက်ထုကြတယ်။ ခဏကြာတော့ ပြည်သူ့လုံခြုံရေးဗျူရို ခေါင်းဆောင် ဝင်လာပြီး အံကြိတ်ကာ ပြောတယ်။ “ဒီလောက်ကြာတာတောင် နင် ဝန်မခံသေးဘူးလား။ အသင်းတော် ငွေစာရင်း စာရွက်စာတမ်းတွေကို နင့်ကို ဘယ်သူပေးတာလဲ။ ဒီနေ့ နင် မပြောရင် ခံရပြီမှတ်” တဲ့။ ဒါကိုကြားတော့ ကျွန်မ ရင်တုန်ပန်းတုန်ဖြစ်ပြီး ဘုရားသခင်ဆီ အမြန် ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သူတို့ သမီးကို လွှတ်မယ့်ပုံမပေါ်ပါဘူး။ သမီးတစ်ယောက်တည်း ဒါကို မကျော်ဖြတ်နိုင်လို့ ကိုယ်တော့်ကို အားကိုးဖို့ လိုလားနေပါတယ်။ သူတို့ သမီးကို ဘယ်လိုပဲ ညှဉ်းပန်းနှိပ်စက်ပါစေ၊ သမီး ယုဒ လုံးဝ မဖြစ်ပါဘူး” လို့ပေါ့။ အဲဒီအချိန်မှာ ကျွန်မ ရုတ်တရက် ဗိုက်ထဲက လှိုက်တက်ပြီး အန်လာတယ်။ ကျွန်မ နေရာအနှံ့ အန်ချလိုက်တာကို မြင်တော့ ရဲတွေက ရှောင်သွားကြတယ်။ အဲဒီအခွင့်အရေးကိုယူပြီး ကျွန်မက စားပွဲပေါ်က အသင်းတော် အသင်းဝင်စာရင်းနဲ့ ငွေကြေးဆိုင်ရာ စာရွက်စာတမ်းတွေကို လှမ်းဆွဲပြီး ကျွန်မကိုယ်အနှံ့ သုတ်ပစ်လိုက်တယ်။ ပြီးတော့ ကြမ်းပြင်ပေါ် ပစ်ချပြီး ပျက်စီးသွားအောင် ခြေထောက်နဲ့ နင်းခြေပစ်လိုက်တော့ ရဲတွေက ဒေါသထွက်ပြီး မျက်နှာတွေ ဖြူဖပ်ဖြူရော် ဖြစ်ကုန်ရော။ အဲဒီအချိန်မှာပဲ ပြည်သူ့လုံခြုံရေးဗျူရို ခေါင်းဆောင်ဆီ ဖုန်းဝင်လာပြီး သူ့ယောက္ခမ ဆုံးသွားလို့ အိမ်ကို အမြန်ပြန်လာဖို့ အကြောင်းကြားတဲ့အတွက် သူတို့ စစ်ဆေးမေးမြန်းတာကို ရပ်လိုက်ရတယ်။ ဒါဟာ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုမှန်း ကျွန်မသိလို့ ကိုယ်တော့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ ရဲတွေ ကျွန်မကို စုစုပေါင်း ရှစ်ကြိမ်တိုင်တိုင် စစ်ဆေးမေးမြန်းခဲ့ပေမဲ့ ကျွန်မဆီက ဘာသတင်းအချက်အလက်မှ မရလိုက်ဘူး။ ဒီလိုနဲ့ အဲဒီနောက်မှာတော့ သူတို့ ကျွန်မကို ထိန်းသိမ်းရေးစခန်းတစ်ခုဆီ ပို့လိုက်တယ်။

ထိန်းသိမ်းရေးစခန်းရောက်တော့ ရဲအရာရှိအမျိုးသမီးနှစ်ယောက်က ကျွန်မကို အခန်းကျဉ်းတစ်ခုကို ခေါ်သွားပြီး ဆဲဆိုကြိမ်းမောင်းခဲ့ကြတယ်၊ “ဟဲ့ မိအိုကြီး၊ နင့်အရေခွံကို ခွာပစ်မယ်” တဲ့။ ပြီးတော့ ကတ်ကြေးတစ်လက်ယူပြီး ကျွန်မအင်္ကျီက ကြယ်သီးတွေကို တစ်လုံးစီ လိုက်ညှပ်တယ်။ နောက်တော့ ကျွန်မအဝတ်အစားတွေကို ဆွဲချွတ်ပြီး ဖိနပ်တွေကို လွှင့်ပစ်လိုက်တယ်။ စစ်ဆေးပြီးနောက်မှာ သူတို့က ကျွန်မကို ခြေဗလာနဲ့ ခြံဝင်းကိုဖြတ်ပြီး တခြားအခန်းတစ်ခန်းဆီ လျှောက်ခိုင်းတယ်။ ကျွန်မ အရမ်း အရှက်ရပြီး အရမ်း ဒေါသထွက်ခဲ့တယ်၊ စိတ်ဆင်းရဲခဲ့ရတယ်၊ ဒါနဲ့ ဘုရားသခင်ကို တရစပ် ဆုတောင်းနေမိတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ စဉ်းစားလိုက်တယ်။ “အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်။ သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဖွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။ ဘုရားသခင်သည် ဤအရာမှ သူ၏ ဘုန်းအသရေကို ရရှိနိုင်ဖို့အလို့ငှာနှင့် သူ၏ လုပ်ဆောင်ချက်များကို သက်သေခံမည့်သူများကို ရရှိနိုင်ဖို့အလို့ငှာ၊ သူ၏ သန့်စင်စေခြင်းနှင့် သိမ်းပိုက်ခြင်း အမှုကို ဘုရားသခင် လုပ်ဆောင်သည်မှာ လူတို့၏ ဆင်းရဲဒုက္ခမှတစ်ဆင့်၊ ၎င်းတို့၏ အစွမ်းအစမှတစ်ဆင့်၊ ပြီးလျှင် ဤညစ်ညူးသောပြည်နှင့်ဆိုင်သော လူတို့၏စာတန်ဆန်သည့် စိတ်သဘောထားအားလုံးမှတစ်ဆင့် ဖြစ်သည်။ ယင်းသည် ဤလူစုအတွက် ဘုရားသခင် ပြုပြီးသော စွန့်လွှတ်မှုအားလုံး၏ အလုံးစုံ အရေးပါမှု ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းပေးမှုကြောင့် ကျွန်မ နားလည်သွားတယ်။ အဖမ်းခံရပြီး အရှက်ခွဲခံရတာကြောင့် ကျွန်မ ဇာတိပကတိက နည်းနည်း ဆင်းရဲဒုက္ခခံရပြီး ကျွန်မရဲ့ မာန ထိခိုက်ရပေမဲ့ ဒါက ဖြောင့်မတ်ခြင်းတရားအတွက် ဆင်းရဲဒုက္ခခံရတာဖြစ်ပြီး၊ သမ္မာတရား ရရှိဖို့အတွက် ဆင်းရဲဒုက္ခခံရတာ ဖြစ်တဲ့အတွက် ဒီဆင်းရဲဒုက္ခက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိပါတယ်။ နှိပ်စက်ညှဉ်းပန်းခြင်းခံရတာက ကျွန်မကို ပိုင်းခြားစိတ်ဖြာမှု ရရှိစေပြီး နဂါးနီကြီးရဲ့ ဆိုးညစ်မှုနဲ့ အရှက်မရှိမှုကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်အောင် ကူညီပေးခဲ့တယ်၊ ကျွန်မ စိတ်နှလုံးထဲကနေ သူ့ကို မုန်းတီးပြီး ငြင်းပယ်လာနိုင်ခဲ့တယ်။ ဒါကို တွေးမိတော့ ကျွန်မ မရှက်တော့ဘဲ စာတန်ကို အရှက်ရစေဖို့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ထိန်းသိမ်းရေးစခန်းမှာ ရက် ၃၀ ကြာ ချုပ်နှောင်ခံရပြီးနောက် ရဲတွေက ကျွန်မကို “လူထုငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်မှု” နဲ့ စွဲချက်တင်ပြီး အလုပ်ကြမ်းနဲ့ ပြန်လည်ပညာပေးရေး တစ်နှစ် ချမှတ်လိုက်တယ်။ အလုပ်ကြမ်းစခန်းမှာ ၁၀ စတုရန်းမီတာလောက်ပဲ ကျယ်တဲ့ အခန်းထဲမှာ လူ ၂၀ လောက် ပြွတ်သိပ်နေရပြီး မနက် ၆ နာရီဆို အလုပ်စလုပ်ရတယ်။ ရဲတွေက ကျွန်မတို့ကို အလုပ်တွေ ဆက်တိုက်ခိုင်းတယ်။ မပြီးရင် ထမင်းစားခွင့်မရှိဘူး၊ အိပ်ခွင့်မရှိဘူး။ ညဘက်တွေပါ အချိန်ပို လုပ်ရတယ်။ နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် ပစ္စည်းရွှေ့ဖို့ ခေါ်တာနဲ့ ချက်ချင်းသွားရပြီး ပေါင် ၆၀၊ ၇၀ လောက်လေးတဲ့ ပစ္စည်းတွေကို ကိုယ်တိုင်ထမ်းပြီး သုံးထပ်ကို တက်ရတယ်။ နှေးရင် ရဲတွေက အော်ဟစ်ဆဲဆိုကြတယ်။ နှစ်ထပ်ကို ရောက်တဲ့အချိန်ဆို ကျွန်မ မတက်နိုင်တော့ဘဲ တစ်လှမ်းလှမ်းတိုင်း တစ်ခါလဲတယ်။ သုံးထပ်ရောက်ဖို့ကို တစ်ရွေ့ရွေ့ တက်ရတယ်။ တက်ရတိုင်းမှာ ချွေးတွေ ရွှဲနစ်ခဲ့တယ်၊ ခြေထောက်တွေ ပျော့ခွေပြီး၊ ခြေကုန်လက်ပန်း ကျသွားတာပဲ။ ပြီးသွားရင်လဲ အမောဖြေဖို့ အချိန်မရဘဲ တခြားအလုပ်တွေကို ချက်ချင်းလုပ်ရတယ်။ တာဝန်မပြီးရင် အပြစ်ပေးခံရမှာ၊ ဒါမှမဟုတ် ထောင်ဒဏ် တိုးခံရမှာ ကြောက်လို့ နေ့တိုင်း သေရေးရှင်ရေးတစ်ခုလိုမျိုး အလုပ်လုပ်ခဲ့ရတယ်။ ခေါင်းကိုက်ပြီး မူးဝေတာတွေ ခဏခဏဖြစ်ပြီး သတိလစ်မလိုဖြစ်တာ သုံးလေးကြိမ်ပဲ။ တစ်နေကုန် အလုပ်လုပ်ပြီးရင်လဲ ညဘက်မှာ မငိုက်ဘဲ၊ နံရံကို မမှီဘဲ၊ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်မရှိဘဲ နှစ်နာရီကြာ မတ်တတ်ရပ် ကင်းစောင့်ခဲ့ရတယ်။ စည်းကမ်းတစ်ခုခု ချိုးဖောက်ရင် အပြစ်ပေးခံရပြီး အဆဲခံရတယ်။ အိပ်ရမဲ့အချိန် ရောက်ရင်လဲ အိပ်ရတာက ညှဉ်းပန်းခံရတာပါပဲ။ တစ်မီတာ ကျယ်တဲ့ ကုတင်ပေါ်မှာ လေးယောက် ပြွတ်သိပ်အိပ်ရတာကိုး။ နေရာလပ် ကျဉ်းကျဉ်းလေးထဲမှာ မနည်းတိုးဝှေ့ပြီး လှဲရတယ်။ ကိုယ်ကို လှည့်လို့မရ၊ လှုပ်လို့မရဘူး။ နည်းနည်းလှုပ်လိုက်တာနဲ့ တခြားအကျဉ်းသားတွေက အော်ဟစ်ဆဲဆိုကြတယ်။ ခြေထောက်တွေကလဲ ကုတင်အပြင်ဘက် ရောက်နေပြီး အေးခဲနေတဲ့ အအေးဒဏ်ကြောင့် ကြွက်တက်လာတတ်တယ်။ ပြီးတော့ အဖမ်းခံရတာ၊ စစ်ဆေးမေးမြန်းခံရတာတွေကို အိပ်မက်ဆိုးတွေ မက်ပြီး ချွေးစေးတွေနဲ့ ခဏခဏ လန့်နိုးခဲ့တယ်။ ကျွန်မတို့က အမြဲတမ်း ဗိုက်ဆာနေတာပဲ။ ထမင်းစားချိန်ရောက်ရင် ဘုရားသခင်ကို ယုံကြည်တဲ့ ကျွန်မတို့လိုလူတွေကို ဆီ လုံးဝမပါတဲ့ အရည်ကျဲကျဲ ဟင်းပဲ ပေးတယ်။ အလုပ်ကြမ်းစခန်းမှာ တစ်ရက်က တစ်နှစ်လို ကြာတယ်လို့ ခံစားရတယ်။ “ဒီလောက် မှောင်မိုက်ပြီး စိတ်ဆင်းရဲစရာကောင်းတဲ့ နေ့ရက်တွေ ဘယ်တော့မှ ပြီးဆုံးမှာလဲ” လို့ နေ့တိုင်း ကျွန်မ တွေးမိတယ်။ ကျွန်မ တော်တော်လေး အားနည်းနေလို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ စဉ်းစားလိုက်တယ်။ “ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ သင်၏ပတ်ဝန်းကျင်မှာ မည်သည့်ပတ်ဝန်းကျင်ဖြစ်စေ သင်သည် အသက်ကို လိုက်စားပြီး သမ္မာတရားကို ရှာ‌ဖွေနိုင်ကာ ဘုရားသခင်၏အမှုအား သိကျွမ်းခြင်းကို လိုက်စားနိုင်သည့်အပြင် သူ၏လုပ်ရပ်များအား သိရှိဖို့ ကြိုးစားနိုင်ကာ သမ္မာတရားနှင့်အညီ ပြုမူကျင့်ကြံနိုင်လျှင် ဤသည်မှာ စစ်မှန်သော ယုံကြည်မှု ရှိခြင်း ဖြစ်ပြီး ယင်းက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း မပျောက်ဆုံးသေးကြောင်းကို သက်သေပြသည်။ စစ်ဆေးခြင်းအတွင်းတွင် သင်သည် သမ္မာတရားလိုက်စားခြင်းကို စွဲစွဲမြဲမြဲ လုပ်ဆောင်နိုင်ကာ ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်ပြီး သူနှင့်ပတ်သက်၍ သံသယမထားမှသာလျှင်၊ သူမည်သည့်အရာကို လုပ်ဆောင်ပါစေ သူ့ကို စိတ်ကျေနပ်စေဖို့ သင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဆဲဖြစ်ပြီး စိတ်ထဲတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေနိုင်ကာ သူ့၏ ရည်ရွယ်ချက်များကို အလေးထားနိုင်မှသာလျှင် ဤသည်မှာ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိခြင်းဟု ဆိုလိုသည့်အရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်)သင်တို့အား ပြင်ဆင်ထားပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ လိုက်စားဖူးသလော။ ငါ့အလင်း၏ လမ်းပြမှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လက်ခုပ်တွင်းမှ ထိုးဖောက်ကျော်လွှားလိမ့်မည်။ အမှောင်ထု၏ အလယ်တွင် အလင်း၏ လမ်းပြမှုကို သင်တို့ သေချာပေါက် ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် အရာခပ်သိမ်း၏ အရှင်သခင်များ သေချာပေါက် ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူများ ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံ ကျရှုံးချိန်တွင် သင်တို့သည် ငါ၏ အောင်မြင်မှု၏ သက်သေအဖြစ် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် သေချာပေါက် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် သေချာပေါက် ခိုင်မာစွာ ရပ်တည်ပြီး မယိမ်းယိုင်ဘဲ ရှိကြလိမ့်မည်။ သင်တို့ ခါးစည်းခံရသည့် ဆင်းရဲဒုက္ခများကြောင့် သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး စကြဝဠာ တစ်ခွင်လုံးတွင် ငါ၏ ဘုန်းအသရေ အလင်းကို သေချာပေါက် တောက်ပစေကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို တကယ်ပဲ နှစ်သိမ့်ပေးပြီး အားပေးခဲ့တယ်။ အောင်မြင်သူဆိုတာ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ဆင်းရဲဒုက္ခတွေကြားမှာ သမ္မာတရားကို လက်တွေ့ ဆက်လုပ်ဆောင်နိုင်ပြီး စာတန်ကို အောင်မြင်တဲ့သူ၊ ဘုရားသခင်အတွက် သက်သေခံနိုင်တဲ့သူပါပဲ။ ဒါပေမဲ့ ကျွန်မက နည်းနည်းလေး ဒုက္ခရောက်တာနဲ့ အပျက်သဘောဆောင်ပြီး အားနည်းသွားတယ်။ ဒီပုံစံနဲ့ ကျွန်မ စာတန်ကို ဘယ်လို အောင်မြင်နိုင်မှာလဲ။ ဒီဆင်းရဲဒုက္ခတွေကို ခံစားရပြီး ဘုရားသခင်အတွက် သက်သေခံဖို့ အခွင့်အရေးရတာဟာ ဘုရားသခင်က ကျွန်မကို မြှောက်စားပြီး ကောင်းချီးပေးတာပဲ။ ဒါကို တွေးမိတော့ ဒီဆင်းရဲဒုက္ခက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရတယ်။ ဘုရားသခင်ကို ကျိုးနွံနာခံ၊ အားကိုးပြီး ဒီအရာတွေကို တွေ့ကြုံဖို့ ကျွန်မ လိုလားခဲ့တယ်။ ဒီလိုနဲ့ ဆုတောင်းတာရယ်၊ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုတွေရယ်ကို အားကိုးပြီး ထောင်ထဲမှာ တစ်နှစ်ကြာ ဖြတ်သန်းခဲ့တယ်။ အလုပ်ကြမ်းစခန်းက ထွက်လာတဲ့အချိန်မှာ ကျွန်မ ပေါင် ၃၀ ကျော် ဝိတ်ကျသွားပြီး လက်တွေမှာလဲ ဒဏ်ချက်တွေ ကျန်ရစ်ခဲ့တယ်။

အလုပ်ကြမ်းစခန်းက ထွက်လာပြီးနောက်မှာလဲ ကွန်မြူနစ်ပါတီက ကျွန်မကို စောင့်ကြည့်တာ မလျှော့ခဲ့ဘူး။ ကျွန်မ ဘုရားသခင်ကို ယုံကြည်နေသေးလား၊ စုဝေးပွဲတွေ တက်နေသေးလားဆိုတာကို စောင့်ကြည့်ဖို့သက်သက် ရွာထဲမှာ သတင်းပေးတစ်ယောက် ထားခဲ့တယ်။ ဘောင်ခတ်ထားခံရသလို ဘဝနဲ့ ကျွန်မ ရှင်သန်ခဲ့ရတယ်၊ စုဝေးပွဲတွေ မတက်နိုင်၊ ဧဝံဂေလိတရား မဟောနိုင်တော့ဘူး။ ဒါကြောင့် တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် အိမ်ကနေ ထွက်သွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။ အဲဒီနှစ်တွေအတွင်းမှာ ရဲစခန်းကလူတွေ ကျွန်မအိမ်ကို ခဏခဏလာပြီး ကျွန်မ ဘယ်ရောက်နေလဲဆိုတာ အမျိုးသားကို စစ်မေးတတ်တယ်။ ပြီးတော့ ကျွန်မသားနဲ့ ချွေးမဆီ ဖုန်းခဏခဏဆက်ပြီး ကျွန်မကို ရှာခိုင်းတယ်။ တစ်နေ့မှာ ချွေးမက လမ်းမှာ ကျွန်မနဲ့တွေ့ပြီး အိမ်ပြန်လိုက်ခဲ့ဖို့ အတင်းခေါ်တယ်။ အိမ်ရောက်တော့ သားက မျက်ရည်တွေဝဲပြီး ပြောတယ်။ “အမေ အိမ်မှာမရှိရင် ရဲစခန်းက ဖုန်းခဏခဏဆက်လို့ သားတို့ အေးအေးဆေးဆေးကို မနေနိုင်ဘူး။ အမေ ဘုရားသခင်ကို ယုံကြည်တာ ကောင်းမှန်း သားတို့ သိပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်ပါတီက ဒါကို ဆန့်ကျင်နေတယ်လေ။ အမေသာ ဘုရားသခင်ကို ဆက်ယုံကြည်နေရင် သူတို့က သားတို့ကလေးတွေကို ကျောင်းတက်ခွင့် ပေးမှာ မဟုတ်ဘူး။ သားတို့ဘဝတွေ ရပ်တည်ဖို့မလွယ် ဖြစ်လာမှာပဲ။ အမေ ရွေးရမယ်၊ အမေ့ဘုရားလား၊ ဒီမိသားစုလား” တဲ့။ ဒါကို ကြားတော့ ကျွန်မ တွေးမိတယ်။ “ငါသာ ဘုရားသခင်ကို ဆက်ယုံကြည်ပြီး ဧဝံဂေလိတရား ဟောနေရင် ငါနဲ့ သားနဲ့ချွေးမကြားက ဆက်ဆံရေး ပြိုပျက်သွားမှာပဲ။ နောက်ဆို သူတို့ ငါ့ကို ဂရုစိုက်တော့မှာ မဟုတ်ဘူး။ ငါ အသက်ကြီးလာရင် ဘယ်လိုလုပ်မလဲ” လို့ပေါ့။ ကျွန်မ စိတ်နှလုံးထဲကနေ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ အဲဒီအချိန်မှာ ဒီဘုရားနှုတ်ကပတ်တော်တချို့ကို စဉ်းစားလိုက်တယ်။ “ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်တွင် သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ ပြီးလျှင် သူ့ကို သင်၏ သက်သေခံချက်တွင် မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်သည့်အချိန် ဖြစ်ကြောင်းကို သင်သိသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားလည်သွားတယ်။ ကျွန်မ ရင်ဆိုင်နေရတဲ့ အခြေအနေတွေဟာ စမ်းသပ်မှုတစ်ခုဖြစ်ပြီး ကျွန်မက ဘုရားသခင်ဘက်မှာ ရပ်တည်ပြီး ကိုယ်တော့်ကို ကျေနပ်အောင် လုပ်ရမယ်။ သားနဲ့ချွေးမက ကျွန်မကို နှောင့်ယှက်ပြီး တားဆီးနေပေမဲ့ တရားခံအစစ်ကတော့ ကွန်မြူနစ်ပါတီပါပဲ။ ဒီလိုနည်းလမ်းတွေသုံးပြီး ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်အောင် အတင်းအကျပ် ကြိုးစားနေတာလေ။ စာတန်ရဲ့ လှည့်ကွက်တွေကို ကျွန်မ အောင်မြင်ခွင့် မပေးနိုင်ဘူး။ စာတန် အရှက်ရအောင် ကျွန်မ ဘုရားသခင်ကို အားကိုးပြီး သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ ကျွန်မဘဝ ဘယ်လိုပဲဖြစ်ပါစေ၊ သားက ကျွန်မကို ဂရုစိုက်သည်ဖြစ်စေ၊ မစိုက်သည်ဖြစ်စေ အားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာပါပဲ။ ကျွန်မ ဘုရားသခင်ကို အားကိုးပြီး တွေ့ကြုံဖို့ လိုလားနေပါတယ်။ အိမ်မှာနေရင် ယုံကြည်ခြင်းကို လက်တွေ့မလုပ်ဆောင်နိုင်သလို တာဝန်လဲ မထမ်းဆောင်နိုင်မှန်း သိလို့ အိမ်ကထွက်ပြီး တာဝန်ဆက်ထမ်းဆောင်ဖို့ နည်းလမ်းရှာခဲ့တယ်။

အဆင်းနီတဲ့ နဂါးကြီးက ကျွန်မကို လိုက်ဖမ်းနေတာ နှစ်တွေအများကြီး ကြာပါပြီ။ သူ ကျွန်မကို နှိပ်စက်ညှဉ်းပန်းလေလေ၊ ကျွန်မ သူ့ကို အူလှိုက်သည်းလှိုက် မုန်းတီးပြီး ငြင်းပယ်လေလေပါပဲ။ ပြီးတော့ ယုံကြည်မှု ပိုခိုင်မာလာပြီး ဘုရားသခင်နောက်လိုက်ဖို့၊ တာဝန်ထမ်းဆောင်ဖို့ ပိုစိတ်ပိုင်းဖြတ်မိလေလေပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့- ၉၇။ ဧည့်ခံဝတ်ပြုတဲ့ တာဝန် ထမ်းဆောင်ခြင်းက လူတစ်ယောက်ကို နိမ့်ကျစေသလား

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၃၉။ သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စုအမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

၄၀။ အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။