၁၃။ ကျွန်ုပ် မိမိကိုယ်ကိုယ် မချီးမြှောက်တော့သလို ကြွားလုံးမထုတ်တော့ပါ
၂၀၂၁ ခုနှစ်မှာ၊ ကျွန်မ ဧဝံဂေလိအလုပ် ကြီးကြပ်ရေးမှူး ဖြစ်လာတယ်။ အရင်က ဧဝံဂေလိတရားဟောတဲ့ အတွေ့အကြုံနည်းနည်းရှိပြီး ရလဒ်တချို့ ရထားတော့၊ ဒီတာဝန်နဲ့ ကျွန်မ တော်တော်လေး သင့်တော်မှာပဲလို့ ထင်ခဲ့တာပေါ့။ ညီအစ်ကိုမောင်နှမတချို့ ဧဝံဂေလိတရားဟောဖို့ လေ့ကျင့်ခါစပဲ ရှိသေးတာမြင်တော့ ကျွန်မ သူတို့ကို လမ်းပြပြီး ကူညီပေးခဲ့တယ်။ အံ့ဩစရာကောင်းတာက၊ ဘာသာရေးအယူအဆတချို့နဲ့ပတ်သက်ပြီး ဆီလျော်တဲ့ သမ္မာတရားတချို့ကို ကျွန်မ မိတ်သဟာယပြုပေးပြီးတဲ့နောက်မှာ၊ ညီအစ်ကို မောင်နှမတွေက ကျွန်မ ပြည့်ပြည့်စုံစုံနဲ့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လို့ ပြောပြီး ကျွန်မကို စချီးကျူးကြပါလေရော။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ငါက နည်းနည်းလေးပဲ ပြောရသေးတာ၊ နင်တို့က အများကြီး ရလိုက်သလို ခံစားနေရပြီ။ ငါသာ နင်တို့နဲ့ ပိုပြီးဝေမျှလိုက်ရင်၊ ငါ့ကို ပိုတောင် အထင်ကြီးကြဦးမှာ” လို့ပေါ့။ နောက်ပိုင်းမှာ၊ ခေါင်းဆောင်က ဧဝံဂေလိ ဘယ်လိုဟောရမယ်ဆိုတာနဲ့ပတ်သက်လို့ ကျွန်မရဲ့ အတွေ့အကြုံတွေကို ပြောပြခိုင်းတဲ့အပြင်၊ ဧဝံဂေလိတရားဟောတာနဲ့ ပတ်သက်လို့ ကျွန်မရေးထားတဲ့ တရားဒေသနာတွေကိုတောင် ညီအစ်ကိုမောင်နှမတွေ ကိုးကားဖို့ ပေးလိုက်သေးတယ်။ ဒါက ကျွန်မကို ပိုပြီး ထူးခြားတယ်လို့ ခံစားရစေပြီး၊ မသိလိုက်ခင်မှာပဲ ကျွန်မ စိတ်ကြီးဝင်လာပြီးတော့ တခြား ညီအစ်ကိုမောင်နှမတွေထက် ကျွန်မ တကယ်တော်တာပဲလို့ စထင်လာခဲ့တယ်။ တစ်ခါတလေဆို ကျွန်မ ပိုသိတယ်ဆိုတာ ညီအစ်ကိုမောင်နှမတွေကို ပြဖို့ ခက်တဲ့မေးခွန်းတွေကို တမင်သက်သက် မေးတတ်တယ်။ သူတို့ မဖြေနိုင်တဲ့အခါကျမှ ကျွန်မက ထပ်ပြီး မိတ်သဟာယပြုပေးတယ်။ ဒီလိုနည်းနဲ့ သူတို့ ကျွန်မကို ပိုတောင် လေးစားအားကျလာကြတယ်။
တစ်ခါတုန်းက စုဝေးပွဲတစ်ခုမှာ ကျန်းဂျဲက ပြောတယ်။ “ဂိုဏ်းဂဏတချို့ကနေလာတဲ့ လူတွေမှာ အယူအဆတွေ အများကြီးရှိနေပြီး အဲဒါတွေနဲ့ပတ်သက်လို့ ဘယ်လို မိတ်သဟာယပြုရမလဲ ကျွန်မ မသိဘူး” တဲ့။ တခြားညီအစ်ကိုတစ်ယောက်ကလည်း “ဘာသာရေးသမားတချို့က အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို ကြောင်းကျိုးမမြင်ဘဲ ယုံနေကြပြီး၊ တချို့ကို ကျွန်တော်တို့ ချေပနိုင်ပေမယ့်၊ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မိတ်သဟာယမပြုနိုင်သေးဘူး” လို့ ပြောတယ်။ ညီအစ်ကိုမောင်နှမတွေ အခက်တွေ့နေတာမြင်တော့၊ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “နင်တို့ တကယ် ဘာမှ နားမလည်ပါလား။ အယူအဆတွေရှိရင် မိတ်သဟာယပြုလိုက်ပေါ့၊ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေရှိရင် ချေပလိုက်ပေါ့။ အဲဒါ ဘာများ အရမ်းခက်နေလို့လဲ။ နင်တို့ ရှင်းသွားအောင် ငါ့ရဲ့ ဧဝံဂေလိဟောတဲ့ အတွေ့အကြုံတွေကို မိတ်သဟာယပြုပေးမှ ရတော့မယ်နဲ့ တူတယ်” လို့ပေါ့။ ဒါနဲ့ ကျွန်မ သူတို့ကို ပြောလိုက်တယ်။ “ဧဝံဂေလိဟောရင်း အခက်အခဲတွေ ကြုံရတာက ကျွန်မတို့ကို အတိအကျ လေ့ကျင့်ပေးတဲ့အရာပဲ။ အဲဒါက သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ဖြည့်ဆည်းဖို့ တိုက်တွန်းရုံတင်မကဘူး၊ ဘာသာရေးအယူအဆအမျိုးမျိုးကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို အသုံးပြုဖို့ သင်ယူအောင်လည်း ကူညီပေးတယ်။ ဒါ့အပြင် ဧဝံဂေလိဟောတာက ကျွန်မတို့မှာ ဒုက္ခခံလိုစိတ်ရှိဖို့ လိုအပ်တယ်၊ ဒုက္ခမခံရင် ဘုရားရဲ့ ကောင်းချီးကို ဘယ်လိုမြင်နိုင်မှာလဲ။ တစ်ခါတုန်းက ကျွန်မ ဧဝံဂေလိဟောတုန်းကလိုပေါ့၊ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတွေမှာ ဘာအယူအဆတွေရှိလဲဆိုတာ ကြိုလေ့လာတယ်၊ ပြီးတော့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေပြီး ဆင်ခြင်တယ်။ လက်တွေ့အဖိုးအခပေးပြီး ဒုက္ခခံလိုက်တော့၊ တစ်လကျော်ကျော်လေးမှာတင် ကျွန်မတို့ လူရာနဲ့ချီကို ပြောင်းလဲအောင်လုပ်ခဲ့ကြတယ်။ ဒါ ဘုရားရဲ့ ကောင်းချီးပဲဆိုတာ ကျွန်မ တကယ်မြင်ခဲ့ပြီး အရမ်းပျော်ခဲ့ရတယ်။ နှစ်သစ်ကူးနေ့မှာတောင် ကျွန်မတို့က ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတွေနဲ့ စုဝေးပြီး မိတ်သဟာယပြုနေခဲ့ကြတာ။ နောက်ပိုင်း၊ အဲဒီ ဂိုဏ်းဂဏခေါင်းဆောင်တွေက နေရာအနှံ့ လိုက်ပြီး နှောင့်ယှက်မှုတွေ ဖန်တီးတဲ့အခါ၊ ကျွန်မတို့က သမ္မာတရားကို မိတ်သဟာယပြုတယ်၊ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတွေကို ရေလောင်းပြီး ထောက်ပံ့ပေးတယ်။ ဒီ ဂိုဏ်းဂဏခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ ကျွန်မတို့ မကြောက်ဘဲ သူတို့နဲ့ ဆွေးနွေးငြင်းခုံလိုက်တာ၊ နောက်ဆုံး သူတို့ အမြီးကုပ်ပြီး ပြန်သွားရတဲ့အထိပဲ။ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတွေကလည်း ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်အပေါ် ပိုပြီးတောင် သေချာလာကြတယ်” လို့ပေါ့။ ညီအစ်ကိုမောင်နှမတွေအားလုံး မျက်လုံးအဝိုင်းသားနဲ့ အာရုံစိုက်နားထောင်နေတာ ကျွန်မ တွေ့လိုက်ရတယ်၊ တချို့ကဆို “တစ်လတည်းနဲ့ လူအများကြီးကို ပြောင်းလဲအောင်လုပ်လိုက်တာ၊ မယုံနိုင်စရာပဲ” ဆိုပြီး ကျွန်မကို ချီးမွမ်းကြပါလေရော။ ညီအစ်ကိုမောင်နှမတွေ ကျွန်မကို ပိုအထင်ကြီးပြီး တကယ်ထူးခြားတဲ့လူလို့ ထင်စေဖို့အတွက် ကျွန်မ ထပ်ပြီး ကြွားဝါပြန်ရော။ ဒီလိုပြောလိုက်တယ်။ “တစ်ခါတုန်းကဆိုရင်၊ မြို့တော်ဝန်ရဲ့ အတွင်းရေးမှူးကိုတောင် ကျွန်မ ပြောင်းလဲအောင်လုပ်ခဲ့တယ်။ အစတုန်းကတော့၊ သူ့အဆင့်အတန်းက အတော်လေး မြင့်တယ်၊ ငါပြောတာကို သူနားထောင်ပါ့မလားလို့ တွေးမိသား။ ဒါပေမဲ့ သူ့ကို တရားဟောလိုက်တဲ့အခါကျမှ၊ သူ အဆင့်အတန်းမြင့်ပေမဲ့ သမ္မာတရား ချို့တဲ့တယ်ဆိုတာကို သိလိုက်ရပြီး ကျွန်မ ပြောသမျှ အကုန်လုံးကို သူက လေးစားသွားတာလေ။ နောက်ပိုင်းမှာ၊ သူရော သူ့အသင်းတော်က အသင်းသား ဒါဇင်ချီပြီးတော့ပါ ဧဝံဂေလိကို လက်ခံခဲ့ကြတယ်” လို့ပေါ့။ ညီအစ်ကိုမောင်နှမတွေအားလုံး အသိအမှတ်ပြုတဲ့ မျက်လုံးတွေနဲ့ ကျွန်မကို ကြည့်လာကြတယ်၊ တချို့ကဆို “အစ်မက တကယ် တစ်ခုခုတော့တစ်ခုခုပဲ။ မြို့တော်ဝန်ရဲ့ အတွင်းရေးမှူးကိုတောင် ပြောင်းလဲအောင် လုပ်နိုင်တယ်နော်။ ကျွန်မတို့ဆို လုံးဝ လုပ်နိုင်မှာမဟုတ်ဘူး၊ အစ်မကိုမှီဖို့ ကျွန်မတို့ အများကြီးလိုသေးတယ်” လို့ ပြောကြတယ်။ တချို့ကလည်း “ဧဝံဂေလိကို အစ်မလောက်ကောင်းအောင် ကျွန်မတို့ ဘယ်အချိန်မှာများ ဟောနိုင်မလဲနော်” တဲ့။ ခဏကြာတော့၊ ညီအစ်ကိုမောင်နှမတချို့က ဧဝံဂေလိဟောဖို့ မကြောက်ကြတော့တာ၊ ဂိုဏ်းဂဏအမျိုးမျိုးက ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတွေကို ဟောဖို့ သတ္တိတောင် ရှိလာကြတာ ကျွန်မ သတိထားမိတယ်။ ကျွန်မ တကယ်ပျော်ပြီး အောင်မြင်မှုရသလို ခံစားလိုက်ရတယ်။
အဲဒီနောက်ပိုင်း၊ ညီအစ်ကိုမောင်နှမတွေ ဧဝံဂေလိဟောရင်း ပြဿနာတွေ၊ အခက်အခဲတွေ ကြုံရတိုင်း၊ ကျွန်မဆီ ရောက်လာကြရော၊ ကျွန်မကလည်း တစ်ခုချင်း ဖြေရှင်းပေးခဲ့တယ်။ ကြာလာတော့၊ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို တော်တော် အားကိုးလာကြတယ်။ မှတ်မှတ်ရရ တစ်ခါတုန်းကဆိုရင်၊ ညီအစ်ကိုမောင်နှမတွေက ဂိုဏ်းဂဏတစ်ခုက တရားဟောဆရာတစ်ယောက်နဲ့ တွေ့တယ်။ ဒါပေမဲ့ အဲဒီတရားဟောဆရာရဲ့ အယူအဆအများကြီးကို လုံလောက်အောင် မဖြေရှင်းပေးနိုင်မှာ ကြောက်ပြီး သူတို့ မရဲတော့ဘူး။ သူတို့ထဲက နှစ်ယောက်၊ သုံးယောက်ကတောင် သူတို့နဲ့ လိုက်ခဲ့ပေးဖို့ ကျွန်မကို ကားမောင်းပြီးတောင် လာရှာကြတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ငါ့ကို လာရှာဖို့သက်သက် သူတို့က ဒီတစ်လျှောက်လုံး ကားမောင်းလာကြတာဆိုတော့၊ သူတို့စိတ်ထဲမှာ ငါ့ရဲ့ အဆင့်အတန်းက တော်တော်ကို ထူးခြားပုံရတယ်။ ဒါက ကောင်းတဲ့အရာလား၊ ဆိုးတဲ့အရာလား” လို့ပေါ့။ ကျွန်မ နည်းနည်း စိတ်မသက်မသာဖြစ်ပြီး တွေးမိတယ်၊ “သူတို့ ငါ့ကို ကိုးကွယ်ပြီး ကြည်ညိုနေကြတာလား။ ဒီလိုသာ ဆက်ဖြစ်နေရင်၊ ငါက ညီအစ်ကိုမောင်နှမတွေအားလုံးကို ကိုယ့်ရှေ့ ခေါ်နေသလိုဖြစ်မှာ မဟုတ်လား။ တကယ်သာ အဲဒီလိုဆိုရင်၊ ဒါက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာ ဖြစ်သွားမှာပေါ့” လို့လေ။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “ငါသာ ညီအစ်ကိုမောင်နှမတွေကို ဦးဆောင်ပြီး ဧဝံဂေလိ မဟောပေးရင်၊ သူတို့ဘာသာ လုပ်နိုင်ကြမှာ မဟုတ်ဘူး၊ အဲဒီတော့ ဒီလိုလုပ်တာက ဧဝံဂေလိအလုပ်အတွက် အကျိုးရှိတယ် မဟုတ်လား” လို့ပေါ့။ ဒီလိုတွေးလိုက်တော့၊ စိတ်ထဲက မသက်မသာဖြစ်တာ အမြန် ပျောက်သွားတယ်။ ဒါကြောင့် အဲဒီတရားဟောဆရာကို ဧဝံဂေလိဟောဖို့ သူတို့နဲ့အတူ ကျွန်မ လိုက်သွားခဲ့တယ်။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက၊ တစ်နေ့လုံး ကားပတ်မောင်းပြီး အလုပ်ရှုပ်ခဲ့ပေမဲ့၊ အဲဒီတရားဟောဆရာကို ကျွန်မတို့ လုံးဝ မတွေ့ခဲ့ရဘူး။ လူအင်အား၊ ပစ္စည်းအင်အားတွေ အများကြီး စိုက်ထုတ်ခဲ့ပေမဲ့ ဘာမှ ဖြစ်မလာခဲ့ဘူး။ အဲဒီအချိန်အတောအတွင်းမှာ၊ ဧဝံဂေလိအလုပ်က သိသာတဲ့ ရလဒ်တွေ မပြဘဲ ဒီလိုသာ ဆက်ဖြစ်နေရင် ညီအစ်ကိုမောင်နှမတွေ ငါ့ကို ဘယ်လိုထင်ကြမလဲဆိုပြီး စိုးရိမ်ရင်းနဲ့ ကျွန်မ တော်တော် အပျက်သဘောဆောင်လာခဲ့တယ်။ ကျွန်မက ကြီးကြပ်ရေးမှူးဆိုတဲ့ ဂုဏ်ပုဒ်သာရှိပေမဲ့ အဖြစ်မရှိဘူးလို့ သူတို့ ပြောကြမလားပေါ့။ ဒါပေမဲ့ ပြဿနာရဲ့ ဇာစ်မြစ်က ဘာလဲဆိုတာ ကျွန်မ မသိတော့၊ စကားပြောဖို့ တစ်ယောက်ယောက်ကို ရှာချင်မိတယ်။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်။ “ငါက ကြီးကြပ်ရေးမှူးလေ၊ ငါ့ရဲ့ အခြေအနေကို ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယပြုလိုက်ရင် သူတို့ ငါ့ကို ဘယ်လိုထင်ကြမလဲ။ ငါ့မှာ ဝိညာဉ်ရင့်ကျက်မှု မရှိဘူးလို့ ပြောကြမှာ မဟုတ်ဘူးလား။ ငါတောင် အပျက်သဘောဆောင်နေရင်၊ သူတို့ရဲ့အလုပ်နဲ့ပတ်သက်ပြီး ဘယ်လိုလုပ် နောက်ဆက်တွဲ လုပ်ပေးနိုင်မှာလဲ။ ထားလိုက်ပါတော့၊ ဘာမှ မပြောတာပဲ ပိုကောင်းမှာပါ၊ ငါ့ဘာသာ ဘုရားဆီ ဆုတောင်းပြီး ဖြေရှင်းလိုက်မယ်” လို့ပေါ့။ ဒီလိုနဲ့၊ စိတ်ထဲက ဖိစီးမှုတွေကို မြိုသိပ်ထားပြီး၊ ညီအစ်ကိုမောင်နှမတွေရှေ့မှာ ဟန်မပျက် သတ္တိရှိတဲ့ပုံ ဖမ်းရင်း၊ သူတို့နားမှာ စကားကြီးစကားကျယ်တွေ ပြောနေခဲ့တယ်။
တစ်နေ့မှာ၊ ညီအစ်မတစ်ယောက်က သူ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတစ်ယောက်နဲ့ တွေ့ခဲ့တယ်လို့ပြောပြီး၊ ကျွန်မကို သွားပြီး ဧဝံဂေလိဟောပေးပါလို့ ပြောလာတယ်။ နောက်ထပ် ညီအစ်မတစ်ယောက်ကလည်း သူသိတဲ့ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းစစ်ဆေးချင်နေတယ်၊ ဘယ်အချိန် သွားဟောပေးနိုင်မလဲလို့ မေးလာတယ်။ ဒါကို ကြားတော့ ကျွန်မ အရမ်းပျော်သွားတယ်၊ ဒီဧဝံဂေလိ လက်ခံရန် အလားအလာရှိသူတွေအားလုံးကိုသာ ပြောင်းလဲအောင် လုပ်နိုင်ခဲ့ရင်၊ ဧဝံဂေလိအလုပ်က တိုးတက်မှု နည်းနည်းပြလာမှာပဲလို့ တွေးမိတာပေါ့။ ဒါပေမဲ့ ကျွန်မ အင်တိုက်အားတိုက် လုပ်တော့မယ်လို့ ပြင်ဆင်နေတုန်းမှာပဲ၊ ကျွန်မကို ဧည့်ခံတဲ့ ညီအစ်မကို ရဲတွေက ရုတ်တရက် ဖမ်းသွားပါလေရော၊ ကျွန်မလည်း အဖမ်းခံရလုနီးပါး ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ၊ ကျွန်မ အိမ်မှာပဲ ပုန်းပြီး ဧဝံဂေလိထွက်မဟောဖို့ပဲ ရွေးချယ်စရာရှိခဲ့တယ်။ ညဘက်ကျတော့၊ အိပ်မပျော်နိုင်ဘဲ ကုတင်ပေါ်မှာ လူးလိမ့်နေရင်း ကိုယ့်ဘာသာ တွေးမိတယ်။ “ဒီအခြေအနေက ဘုရားသခင် ခွင့်ပြုလို့ ဖြစ်လာတာ၊ ဘုရားသခင်ရဲ့ စိတ်သဘောထားကို တစ်နည်းနည်းနဲ့ ငါ ပုန်ကန်ပြစ်မှားမိပြီလား။ အခု ညီအစ်ကိုမောင်နှမတွေအားလုံးက ငါ့ကို ကြည်ညိုပြီး လေးစားနေကြတာ၊ ငါ တကယ်ပဲ သူတို့ကို ကိုယ့်ရှေ့မှောက်ကို ခေါ်ဆောင်လာမိပြီလား” လို့ပေါ့။ ဒါပေမဲ့ ကျွန်မ ဆင်ခြင်သုံးသပ်ဖို့ အချိန်မရခင်မှာပဲ၊ စာနဲ့ပတ်သက်တဲ့တာဝန်ကို ပြောင်းရွှေ့ခံလိုက်ရတယ်။ တစ်နေ့ကျတော့ အန္တိခရစ်တွေ နှင်ထုတ်ခံရတဲ့အကြောင်း စာရွက်စာတမ်းနှစ်စောင်ကို ဖတ်လိုက်ရပြီး၊ သူတို့ရဲ့ အပြုအမူအများစုက ကျွန်မနဲ့ အရမ်းတူနေတာကို တွေ့လိုက်ရတဲ့အခါကျမှပဲ၊ ပြဿနာရဲ့ လေးနက်မှုကို ကျွန်မ သတိထားမိလိုက်တယ်။ ကျွန်မ အမြန်ပဲ ဘုရားသခင်ရှေ့မှောက်ကို ရောက်လာပြီး ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ဒီအန္တိခရစ်တွေ နှင်ထုတ်ခံရတာက ကျွန်မအတွက် သတိပေးချက်ပါပဲ၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ပြန်လည်သုံးသပ်ရပါမယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တကယ်သိပြီး အချိန်မီ ပြုပြင်တာတွေ လုပ်နိုင်အောင် ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းပေး၊ လမ်းပြတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ၊ လူတွေက ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံတာကို ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ရှာဖတ်တယ်။
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူများသည် ပုံမှန်အားဖြင့် မည်သို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသနည်း။ ၎င်းတို့သည် လူအများအား ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်စေရန် လုပ်ဆောင်ဖို့ဖြစ်သည့် ထိုရည်မှန်းချက်ကို မည်သို့စွမ်းဆောင်ရရှိသနည်း။ ၎င်းတို့သည် အလုပ်မည်မျှ လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ ၎င်းတို့ မည်မျှဒုက္ခခံစားပြီး ဖြစ်ကြောင်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်မျှ အသုံးခံပြီး ဖြစ်ကြောင်းနှင့်၊ အဖိုးအခမည်မျှကို ပေးဆပ်ပြီး ဖြစ်ကြောင်းတို့ကို သက်သေခံကြသည်။ သူတို့သည် လူတို့၏ စိတ်နှလုံးများတွင် ပို၍ မြင့်မားပြီး ခိုင်မာကာ လုံခြုံသော နေရာတစ်ခုကို ရရှိရန်အလို့ငှာ မိမိတို့၏ အရင်းအနှီးကို ထုတ်ဖော်ပြောဆိုခြင်းဖြင့် မိမိကိုယ်ကို ချီးမြှောက်ကြပြီး ထိုသို့ဖြင့် လူအများက သူတို့ကို တန်ဖိုးထား၊ အထင်ကြီး၊ မနာလိုဖြစ်စေရန်၊ ထို့ပြင် ကိုးကွယ်သည်အထိ ကိုးစားကာ သူတို့နောက်သို့ လိုက်လာစေရန် ဖြစ်ပေသည်။ လူတို့သည် ဤဦးတည်ချက်ကို ရရှိရန် လူတို့သည် အပေါ်ယံတွင် ဘုရားသခင်ကို သက်သေခံသည့်အရာများစွာကို လုပ်ဆောင်ကြသော်လည်း အခြေခံအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်။ ထိုနည်းအားဖြင့် ပြုမူဆောင်ရွက်ခြင်းဖြင့် ၎င်းတို့သည် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သလော။ ၎င်းတို့သည် ဆင်ခြင်တုံတရားနယ်ပယ်ကို ကျော်လွန်သွားကြပြီး အရှက်မရှိကြ။ ၎င်းတို့သည် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် သူ့အတွက် ၎င်းတို့မည်မျှ ဒုက္ခခံစားပြီး ဖြစ်သည်တို့ကို မရှက်မကြောက် သက်သေခံကြသည်။ ၎င်းတို့သည် ၎င်းတို့၏ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်၊ အတွေ့အကြုံ အထူးကျွမ်းကျင်မှုများ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ၎င်းတို့၏ပါးနပ်သော နည်းစနစ်များ၊ လူများကို လှည့်စားဖို့ ၎င်းတို့အသုံးပြုသည့် နည်းလမ်းများ စသည်တို့ကိုပင် ကြွားလုံးထုတ်သည်။ ၎င်းတို့၏ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံရန် သူတို့၏ နည်းလမ်းများအနက် တစ်ခုမှာ မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါကာ အခြားသူများကို နှိမ့်ချခြင်း ဖြစ်သည်။ ထို့ပြင် သူတို့သည် မိမိတို့၏ အားနည်းချက်များ၊ ချို့ယွင်းချက်များနှင့် လိုအပ်နေမှုများကို လူတို့ထံမှ ဖုံးကွယ်ထားပြီး မိမိတို့၏ ထူးချွန်ပြောင်မြောက်မှုများကိုသာ အစဉ်ပြသခြင်းဖြင့် မိမိကိုယ်ကို အယောင်ဆောင်၍ အလှဆင်ကြသည်။ သူတို့သည် အပျက်သဘောဆောင်သော ခံစားချက်များ ဖြစ်ပေါ်လာသည့်အခါတွင်ပင် အခြားသူများကို ပြောပြရန် မဝံ့ကြသည့်အပြင် သူတို့နှင့် ပွင့်ပွင့်လင်းလင်း ဖွင့်ဟ၍ မိတ်သဟာယဖွဲ့ရန်လည်း သတ္တိမရှိကြချေ။ ၎င်းတို့ တစ်စုံတစ်ခု အမှားပြုလုပ်သည့်အခါ၊ ယင်းကို ဖုံးထားဖို့နှင့် ထိမ်ချန်ကွယ်ဝှက်ထားဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့် ကာလတွင် ၎င်းတို့ကြောင့် အသင်းတော်၏ အလုပ်အပေါ် ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်နစ်နာမှုကို ၎င်းတို့ မည်သည့်အခါမျှ မပြောပြပေ။ ၎င်းတို့က အသေးစား ဖြည့်ဆည်းမှုအချို့ကို ပြုလုပ်ပြီးသည့်အခါ သို့မဟုတ် အောင်မြင်မှုလေးအချို့ စွမ်းဆောင်ရရှိပြီးသည့်အခါ ယင်းကို အလျင်အမြန် ကြွားဝါကြသည်။ ၎င်းတို့သည် မည်မျှစွမ်းဆောင်နိုင်သည်၊ ၎င်းတို့၏အစွမ်းအစ မည်မျှမြင့်မားသည်၊ ၎င်းတို့သည် မည်မျှထူးခြားသည်၊ ပြီးလျှင် ၎င်းတို့သည် သာမန်လူများထက် မည်မျှတော်သည်တို့ကို တစ်ကမ္ဘာလုံးကို အသိပေးဖို့ အသည်းအသန်ဖြစ်ကြသည်။ ဤသည်တို့မှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း နည်းလမ်းများ မဟုတ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) “လူတို့အား အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် အန္တိခရစ်တစ်ဦး အသုံးပြုသည့် အခြားနည်းလမ်းမှာ မိမိတို့ကိုယ်ကို အဆက်မပြတ် ကြွားလုံးထုတ်ရန်နှင့် မိမိတို့အကြောင်း လူတိုင်းကို လေ့လာစေပြီး ဘုရားသခင်၏ အိမ်တော်အတွက် ၎င်းတို့၏ အကျိုးပြုဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လူတို့ကို ပိုသိစေရန် ဖြစ်သည်။ ဥပမာ ၎င်းတို့က ‘ကျွန်ုပ်သည် ဧဝံဂေလိတရားဟောရန်အတွက် နည်းလမ်းအချို့ကို ယခင်က ရထားပြီး ယင်းက ဧဝံဂေလိတရားဟောခြင်း၏ ထိရောက်မှုကို တိုးတက်စေပြီ။ ယခုအခါတွင် အခြားအသင်းတော်အချို့ကလည်း ဤနည်းလမ်းများကို ခံယူကျင့်သုံးနေကြသည်’ ဟု ပြောကောင်းပြောမည်။ အဖြစ်မှန်မှာ အသင်းတော်အမျိုးမျိုးက ဧဝံဂေလိဟောပြောသည့် အတွေ့အကြုံ အတော်များများကို ထုတ်နုတ်ယူထားခြင်း ဖြစ်သော်လည်း ထိုအန္တိခရစ်က သူ၏ မှန်ကန်သော ဆုံးဖြတ်ချက်များနှင့် ပြီးမြောက်အောင်မြင်မှုများနှင့် ပတ်သက်၍ အဆက်မပြတ် ကြွားလျက် ယင်းတို့ကို လူအများ သိရှိစေရန် အသိပေးကာ အလေးပေးပြောဆိုပြီး လူတိုင်းသိသည်အထိ သူတို့ရောက်လေရာရာ၌ ထပ်ခါတလဲလဲ ပြောဆို၏။ သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ မိမိ၏ကိုယ်ပိုင် ပုံရိပ်နှင့် ဂုဏ်ဒြပ်ကို တည်ဆောက်ရန်၊ ပို၍များသော လူတို့ထံမှ ချီးကျူးမှု၊ ထောက်ခံအားပေးမှုနှင့် လေးစားမှုကို ရှာမှီးရန်နှင့် လူတို့အား အရာရာတိုင်းအတွက် သူ့အား မှီခိုအားထားစေရန် ဖြစ်သည်။ ဤအရာက လူတို့အား အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းဟူသည့် ထိုအန္တိခရစ်၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်စေသည် မဟုတ်လော။ အန္တိခရစ်အများစုသည် ဤနည်းဖြင့် ပြုမူလုပ်ဆောင်လျက် လူတို့အား အထင်အမြင်မှားစေခြင်း၊ ထောင်ချောက်ဆင်ခြင်းနှင့် ထိန်းချုပ်ခြင်းဟူသည့် တာဝန်ကို ယူလေသည်။ မည်သည့်အသင်းတော်၊ မည်သည့်လူစု သို့မဟုတ် မည်သည့်အလုပ်ဝန်းကျင် ဖြစ်စေ၊ အန္တိခရစ်တစ်ဦး ပေါ်ပေါက်လာသည့်အခါတိုင်း လူအများစုက သူ့ကို အမှုမဲ့အမှတ်မဲ့ဖြင့် စတင်၍ ကိုးကွယ်ကြည်ညိုတော့သည်။ သူတို့ စိတ်ရှုပ်ထွေးပြီး လမ်းညွှန်မှုပေးဖို့ တစ်စုံတစ်ယောက်ကို လိုအပ်သည့် အခက်အခဲများကို သူတို့ ကြုံတွေ့သည့်အခါတိုင်း၊ အထူးသဖြင့် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရမည့် အကျပ်အတည်းဆိုက်နေသော အခြေအနေများထဲတွင် သူတို့သည် ဆုကျေးဇူးရှိသော ထိုအန္တိခရစ်ကိုသာ အမှတ်ရကြမည် ဖြစ်သည်။ သူတို့၏ စိတ်နှလုံးများထဲတွင် ‘ဤနေရာ၌ သူသာ ရှိခဲ့လျှင် အဆင်ပြေမည်။ သူသာလျှင် ငါတို့အား ဤအခက်အခဲကို ကျော်လွှားရန် အကူအညီပေးဖို့အတွက် အကြံဉာဏ်နှင့် အကြံပြုချက်များ ပေးနိုင်သည်။ သူ၌ စိတ်ကူးနှင့် ဖြေရှင်းချက် အများဆုံးရှိ၏။ သူ၏ အတွေ့အကြုံများက အကြွယ်ဝဆုံးဖြစ်ပြီး သူ၏ ဉာဏ်သည် အသွက်လက်ဆုံး ဖြစ်၏’ ဟု ထင်မှတ်ကြသည်။ ဤလူတို့က ထိုအန္တိခရစ်ကို ထိုမျှအတိုင်းအတာအထိ ကိုးကွယ်နိုင်သည်ဟူသည့် အချက်သည် ၎င်းတို့၏ ပုံမှန် ကြွားလုံးထုတ်ခြင်း၊ ဟန်လုပ်ခြင်းနှင့် မိမိတို့ကိုယ်ကို ပြစားဝင့်ဝါခြင်း နည်းလမ်းတို့နှင့် တိုက်ရိုက်ဆက်စပ်နေသည် မဟုတ်လော။...မည်သို့ဆိုစေ အန္တိခရစ်များ၌ လူတို့ကို ထိန်းချုပ်ရန်အတွက် နည်းလမ်းတစ်စုံရှိပြီး သူတို့အပေါ် ထိန်းချုပ်မှုကို ရယူဖို့ဟူသည့် အဆုံးစွန်သော ရည်မှန်းချက်ပန်းတိုင် တစ်ခုတည်းဖြင့် လူတို့၏ စိတ်နှလုံးများထဲ၌ မိမိတို့၏ အဆင့်အတန်းနှင့် ပုံရိပ်ကို ထိန်းသိမ်းပြုပြင်ရာ၌ အချိန်နှင့် အင်အားကို ရင်းနှီးမြှုပ်နှံဖို့ ဝန်မလေးပေ။ အန္တိခရစ်တစ်ဦးသည် ဤရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ခြင်း မရှိမီ မည်သည့်အရာ ပြုလုပ်သနည်း။ အဆင့်အတန်းအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ယင်းမှာ သာမန် ခုံမင်ခြင်း သို့မဟုတ် အားကျခြင်းမဟုတ်ပေ။ ယင်းကို အရယူဖို့ရန် ရေရှည်စီမံကိန်း၊ တမင်ရည်ရွယ်သော အကြံဖြစ်၏။ ၎င်းတို့သည် တန်ခိုးအာဏာနှင့် အဆင့်အတန်းအပေါ် အထူးအရေးထားပြီး အဆင့်အတန်းကို လူတို့အား အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းဟူသည့် ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ဖို့ မရှိမဖြစ် လိုအပ်ချက်အဖြစ် ရှုမြင်သည်။ အဆင့်အတန်းကို ၎င်းတို့ ရရှိလိုက်သည်နှင့် ယင်း၏ အကျိုးအမြတ်အားလုံးကို ခံစားခြင်းမှာ ထုံးစံပင်ဖြစ်၏။ ထို့ကြောင့် အန္တိခရစ်၏ လူတို့အား အထင်အမြင်မှားစေပြီး ထိန်းချုပ်နိုင်စွမ်းသည် လုံ့လဝီရိယရှိသော စီမံခန့်ခွဲမှု၏ ရလဒ်ဖြစ်၏။ ၎င်းတို့သည် ထိုလမ်းခရီးကို မတော်တဆ လျှောက်လှမ်းမိခြင်း လုံးဝမဟုတ်ပေ၊ ၎င်းတို့ပြုမူသမျှ အရာတိုင်းသည် ရည်ရွယ်ချက်ရှိပြီး ကြိုတင်ကြံစည်ထားကာ ဂရုတစိုက် တွက်ချက်ထားခြင်း ဖြစ်၏။ အန္တိခရစ်များအတွက် တန်ခိုးအာဏာကို ရရှိခြင်းနှင့် လူတို့အား ထိန်းချုပ်ရန်ဟူသည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ခြင်းသည် ဆုလာဘ်ဖြစ်၏။ ယင်းသည် ၎င်းတို့ အလိုချင်ဆုံးရလဒ် ဖြစ်၏။ တန်ခိုးအာဏာနှင့် အဆင့်အတန်းအား ၎င်းတို့လိုက်စားခြင်းသည် တွန်းအားပါ၏၊ ရည်ရွယ်ချက်ကြီးမား၏၊ တမင်ရည်ရွယ်ခြင်း ဖြစ်၏၊ ပြီးလျှင် ခက်ခက်ခဲခဲ စီမံထား၏။ ဆိုလိုသည်မှာ ၎င်းတို့ စကားပြောသောအခါ သို့မဟုတ် ပြုမူလုပ်ဆောင်သောအခါ ၎င်းတို့၌ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ဟူသည့် ပြင်းထန်သောသဘော ရှိကာ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ အထူးသဖြင့် တိကျရှင်းလင်း၏။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၅- ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေကာ ဆွဲဆောင်သိမ်းသွင်း၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏) အန္တိခရစ်တွေဟာ လူတွေ သူတို့ကို ကိုးကွယ်ပြီး ကြည်ညိုအောင် လုပ်နဲ့ လူတွေကို လှည့်စားပြီး ထိန်းချုပ်ဖို့ သူတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် နည်းလမ်းမျိုးစုံသုံးပြီး ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၊ သက်သေခံတတ်တယ်ဆိုတာကို ဘုရားသခင်က ဖော်ထုတ်တယ်။ ဒါကို ကျွန်မရဲ့ အပြုအမူနဲ့ နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ၊ အန္တိခရစ်တစ်ယောက်ရဲ့ လုပ်ရပ်နဲ့ အတူတူပဲဆိုတာ ကျွန်မ တွေ့လိုက်ရတယ်။ ညီအစ်ကိုမောင်နှမတွေကြားမှာ ကျွန်မရဲ့ ဂုဏ်သရေနဲ့ ပုံရိပ်ကောင်းကို တည်ဆောက်ဖို့၊ ပြီးတော့ သူတို့ ကျွန်မကို လေးစားပြီး ကြည်ညိုလာအောင် လုပ်ဖို့အတွက်၊ ဧဝံဂေလိဟောရင်း ကျွန်မရဲ့ အရည်အချင်းတွေနဲ့ အရင်းအနှီးတွေကို ကြွားလုံးထုတ်ဖို့ အခွင့်အရေးတိုင်းကို ကျွန်မလည်း ရှာခဲ့တာပဲ။ ဧဝံဂေလိဟောတဲ့နေရာမှာ ကျွန်မ ဘယ်လောက် ဆင်းရဲဒုက္ခခံခဲ့ရတယ်၊ ကျွန်မ ဘယ်လို အတွေ့အကြုံရှိပြီး တတ်စွမ်းနိုင်တယ်ဆိုတာနဲ့ အသင်းတော်အလုပ်အတွက် ကျွန်မ ဘယ်လောက် ပံ့ပိုးပေးခဲ့တယ်ဆိုတာတွေကို ညီအစ်ကိုမောင်နှမတွေ မြင်စေချင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးတဲ့အခါ၊ ကျွန်မ ဘယ်လောက် နားလည်သဘောပေါက်လဲဆိုတာ သူတို့သိအောင်လို့၊ သူတို့ကို စမ်းသပ်ဖို့ ခက်တဲ့မေးခွန်းတွေ မေးတတ်တယ်၊ သူတို့ မဖြေနိုင်တဲ့အခါကျမှ သမ္မာတရားအပေါ် ကျွန်မရဲ့ နားလည်သဘောပေါက်မှုကို ပေါ်လွင်စေဖို့နဲ့ သူတို့ ကျွန်မကို ကြည်ညိုလာအောင် လုပ်ဖို့အတွက် သူတို့ကို ကျွန်မ မိတ်သဟာယပြုပေးတယ်။ ညီအစ်ကိုမောင်နှမတွေ အခက်အခဲ ကြုံရတဲ့အခါ၊ ကျွန်မ ဘယ်လို ဒုက္ခခံပြီး အဖိုးအခပေးခဲ့တယ်၊ ဧဝံဂေလိဟောတဲ့နေရာမှာ လူဘယ်နှစ်ယောက် ပြောင်းလဲအောင်လုပ်ခဲ့တယ်၊ ဂိုဏ်းဂဏအမျိုးမျိုးက ခေါင်းဆောင်တွေနဲ့ ဘယ်လို ဆွေးနွေးငြင်းခုံခဲ့တယ် ဆိုတာတွေကို ကျွန်မ ကြွားဝါပြတတ်သလို၊ ကျွန်မ ပြောင်းလဲအောင်လုပ်ခဲ့တဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတောင် ကြွားဝါခဲ့တယ်။ ဒါကနေတစ်ဆင့် ကျွန်မက ဧဝံဂေလိအလုပ်မှာ အရေးပါတဲ့ ပံ့ပိုးမှုတွေ လုပ်ခဲ့တယ်လို့ ညီအစ်ကိုမောင်နှမတွေ ခံစားရပြီး ဒီလိုနဲ့ ကျွန်မကို ပိုလို့တောင် ကိုးကွယ်ကြမှာကို လိုချင်ခဲ့တာပါ။ ညီအစ်ကိုမောင်နှမတွေ ဘာလုပ်ရမယ်ဆိုတာကို ညွှန်ကြားဖို့ ကျွန်မရဲ့ အတွေ့အကြုံကို အသုံးပြုခဲ့တယ်၊ အဲဒါကြောင့် သူတို့ ပြဿနာ ဒါမှမဟုတ် အခက်အခဲ တစ်ခုခုရှိတိုင်း ကျွန်မဆီ ရောက်လာကြတာပေါ့။ ဧဝံဂေလိဟောဖို့ ကျွန်မကို လာရှာရာမှာ ခရီးအဝေးကြီးတောင် သူတို့ လာကြတယ်၊ ပြီးတော့ ကျွန်မမပါရင် ဘယ်သူမှ ဧဝံဂေလိ မဟောနိုင်သလိုမျိုး ကျွန်မကို သူတို့နဲ့အတူ လိုက်ခဲ့ဖို့ မရမကခေါ်ကြတယ်။ ဒီလိုသာ ဆက်ဖြစ်နေရင်၊ ကျွန်မက လူတွေကို ကိုယ့်ရှေ့ ခေါ်သလိုဖြစ်မှာ မဟုတ်လား။ ဒါက အန္တိခရစ်တွေ အတိအကျ လုပ်တဲ့အရာ မဟုတ်လား။ ဧဝံဂေလိအလုပ်က ဘာရလဒ်မှ မထွက်တာ အံ့ဩစရာ မရှိတော့ပါဘူး၊ ကျွန်မက အချိန်အကြာကြီးကတည်းက လမ်းကြောင်းမှားပေါ်ရောက်ပြီး ဘုရားကို ဆန့်ကျင်နေခဲ့တာကိုး။ ဘုရားက ကျွန်မကို ဘာလို့ ကောင်းချီးပေးပြီး လမ်းပြမှာလဲ။ ဘုရားက ကျွန်မကို စက်ဆုပ်လာနှင့်ခဲ့ပြီပဲ။ ဒီလိုအခြေအနေမျိုးမှာတောင်၊ ကျွန်မကိုယ်ကျွန်မ ဆင်ခြင်သုံးသပ်ဖို့ မတွေးသေးသလို၊ ကျွန်မ အပျက်သဘောဆောင်ပြီး ဖိစီးမှုခံစားနေရချိန်မှာတောင်၊ ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်ထဲက ကျွန်မရဲ့ ပုံရိပ်ကောင်း ပျက်စီးသွားမှာကြောက်ပြီး သူတို့ကို ဖွင့်ဟဖို့ သတ္တိမရှိခဲ့ဘူး။ ကျွန်မရဲ့ ကောင်းတဲ့ဘက်ကိုပဲ ပြပြီး မကောင်းတဲ့ဘက်ကို ဖုံးကွယ်ရင်း၊ ကိုယ့်ကိုယ်ကိုယ် အတင်းဆက်ပြီး ဟန်ဆောင်နေခဲ့တယ်။ ကျွန်မက သိပ်ကို သူတော်ကောင်းယောက်ဆောင်တဲ့သူတစ်ယောက်ပဲ။ တွေးမိလေ ကျွန်မ ပိုကြောက်လေ ဖြစ်လာတယ်။ ကျွန်မ မသိလိုက်ဘဲနဲ့တောင် အန္တိခရစ် လမ်းကြောင်းကို ဘယ်လိုလုပ် လျှောက်လာခဲ့မိတာလဲ။ ဘယ်လို စိတ်သဘောထားမျိုးက ဒါကို ဖြစ်စေခဲ့တာလဲ။ ဒါနဲ့ ကျွန်မရဲ့ သဘာဝ အနှစ်သာရကို နားလည်ဖို့ ဉာဏ်အလင်းပေးပြီး လမ်းပြပေးပါလို့ တောင်းလျှောက်ရင်း ဘုရားသခင်ရှေ့ကို ဆုတောင်းခြင်းနဲ့ ကျွန်မ ရောက်လာခဲ့တယ်။
နောက်ပိုင်းမှာ၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်လိုက်ရပြီး၊ အဲဒီအထဲမှာ ကိုးကားထားတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်က ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ သဘာဝနဲ့ပတ်သက်ပြီး ထိုးထွင်းသိမြင်မှုတချို့ ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည့်အတွက်၊ လူများ၏သဘာဝသည် တဖြည်းဖြည်း ပိုဆိုးရွားလာပြီး ပုံမှန်လူတို့ ပိုင်ဆိုင်သည့် အသိစိတ်ကို ၎င်းတို့ တဖြည်းဖြည်း ဆုံးရှုံးခဲ့ကြသည်။ ယခုတွင် ၎င်းတို့သည် လူသား၏နေရာတွင် လူသားများကဲ့သို့ ကျင့်ကြံပြုမူခြင်း မရှိကြတော့ဘဲ၊ ပြင်းပြသောဆန္ဒများဖြင့် ပြည့်လျက်ရှိသည်။ ၎င်းတို့သည် လူ၏ အဆင့်အတန်းကို ကျော်လွန်ပြီးကြသော်လည်း သာ၍မြင့်မားဖို့ တမ်းတနေကြဆဲ ဖြစ်သည်။ ဤ ‘ပို၍မြင့်မားသော’ အရာက အဘယ်အရာကို ရည်ညွှန်းသနည်း။ သူတို့သည် ဘုရားသခင်ကို ကျော်လွန်ရန်၊ ကောင်းကင်ကို ကျော်လွန်ရန်နှင့် အခြားအရာခပ်သိမ်းကို ကျော်လွန်ရန် ဆန္ဒရှိကြသည်။ လူတို့သည် ဤသို့သော စိတ်သဘောထားများကို အဘယ်ကြောင့် ထုတ်ဖော်ရသည်ဆိုသည့် အရင်းခံအကြောင်းရင်းတွင် မည်သည့်အရာရှိသနည်း။ အရာရာကို ခြုံငုံသုံးသပ်ရလျှင်၊ လူသား၏ သဘာဝမှာ လွန်ကဲစွာ မာနထောင်လွှားသည်။...လူတို့သည် သဘာဝနှင့် အနှစ်သာရတွင် တိုး၍ မာနထောင်လွှားလာသည်နှင့်တစ်ပြိုင်နက်၊ သူတို့သည် ဘုရားသခင်အား မကြာခဏ ပုန်ကန်ပြီး အာခံနိုင်ကြသည်၊ သူ၏ နှုတ်ကပတ်တော်များကို အရေးမစိုက်ဘဲ၊ သူ့အကြောင်း အယူအဆများကို ထားရှိကြသည်၊ သူ့ကို သစ္စာဖောက်သည့်အရာများ လုပ်ဆောင်ကြပြီး မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံသည့် အရာများကို ပြုလုပ်နိုင်ကြသည်။ သင်သည် မာနထောင်လွှားခြင်းမရှိဟု ပြောသော်လည်း အသင်းတော်တစ်ပါးကို သင့်အား ပေးပြီး ဦးဆောင်ခွင့်ပြုသည် ဆိုကြပါစို့၊ ငါသည် သင့်ကို ပြုပြင်ခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ မိသားစုထဲမှ မည်သူမျှ သင့်ကို ဝေဖန်ခြင်း၊ ကူညီခြင်းမရှိခဲ့ဟု ဆိုကြပါစို့။ ထိုအသင်းတော်ကို ခဏကြာ ဦးဆောင်ပြီးသည့်နောက်တွင် သင်သည် သင့်အား လူတို့လေးစားပြီး ကြောက်ရွံ့သည့် အဆင့်အထိပင် ၎င်းတို့ကို သင့်ခြေသို့ ဆောင်ကြဉ်းမည်ဖြစ်ပြီး၊ သင်၏ ရှေ့တွင် နာခံစေမည် ဖြစ်သည်။ အဘယ်ကြောင့် သင်ထိုသို့ပြုမိမည်နည်း။ ဤသည်ကို သင်၏သဘာဝက သတ်မှတ်ပေမည်။ ယင်းမှာ သဘာဝအလျောက် ထုတ်ဖော်ခြင်းမှတစ်ပါး အခြားအရာဖြစ်မည် မဟုတ်ပေ။ သင်သည် ဤအရာကို အခြားသူများထံမှ မလိုအပ်ပေ၊ သို့မဟုတ် ၎င်းတို့က သင့်အား သင်ပေးဖို့ လိုအပ်မှုတစ်စုံတစ်ရာ မရှိပေ။ သင်သည် ဤအရာတစ်ခုကို လုပ်ဆောင်ဖို့ အခြားသူများက သင့်အား ညွှန်ကြားဖို့၊ သို့မဟုတ် အတင်းအကျပ်ခိုင်းဖို့ မလိုအပ်ပေ။ ဤသို့သော အခြေအနေမျိုးသည် အလိုအလျောက် ဖြစ်လာပေသည်။ သင်လုပ်သမျှသည် လူတို့ကို သင့်အား ချီးမြှောက်စေခြင်း၊ သင့်အား ချီးမွမ်းစေခြင်း၊ သင့်အား ကိုးကွယ်စေခြင်း၊ သင့်အား နာခံစေခြင်းနှင့် အရာခပ်သိမ်းတွင် သင်ပြောသည့်အရာကို နားထောင်စေခြင်းတို့ဖြစ်သည်။ သင့်အား ခေါင်းဆောင်ဖြစ်ခွင့်ပေးခြင်းသည် ဤအခြေအနေကို အလိုအလျောက် ဖြစ်စေသည်။ ယင်းကို ပြောင်းလဲ၍ မရနိုင်ချေ။ ဤအခြေအနေများမှာ အဘယ်သို့ဖြစ်လာသနည်း။ ယင်းတို့ကို လူသား၏ မာနထောင်လွှားသော သဘာဝက ချမှတ်ထားခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ၏ မာနထောင်လွှားသော သဘာဝတစ်ခုသည် ဘုရားသခင်အပေါ် သူ၏ခုခံခြင်း၏ အရင်းအမြစ်ဖြစ်၏) လူတွေက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ ကိစ္စတွေ လုပ်ဆောင်ရင်း ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံတတ်ကြပြီး မာနထောင်လွှားတဲ့ သဘာဝရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ တွေ့လိုက်ရတယ်။ ကျွန်မရဲ့ လုပ်ရပ်တွေနဲ့ အပြုအမူတွေကို ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါ၊ အရင်က ဧဝံဂေလိဟောဖူးတဲ့ အတွေ့အကြုံ နည်းနည်းပါးပါးကို အားကိုးတာ၊ တခြား ညီအစ်ကိုမောင်နှမတွေထက် သမ္မာကျမ်းစာကို နည်းနည်း ပိုသိတာလေးကို အားကိုးတာတွေကြောင့်၊ ကျွန်မ ကိုယ့်ရဲ့ အစွမ်းအစတွေကို အလွန်အကျွံ အထင်ကြီးလာပြီး ကိုယ့်ကိုယ်ကိုယ် အဟုတ်ထင်လာခဲ့တဲ့အပြင်၊ အဲဒါက ကျွန်မကို ကိုယ့်ကိုယ်ကိုယ် ကြွားလုံးထုတ်ပြီး၊ ကြွားဝါချင်အောင် လုပ်ခဲ့မှန်း ကျွန်မ မြင်သွားတယ်။ ဧဝံဂေလိဟောတဲ့နေရာမှာ ရလဒ်တချို့ရပြီး လူနည်းနည်း ရလာပြီးတဲ့နောက်မှာ၊ ကျွန်မ ကိုယ့်ကိုယ်ကို သိတဲ့အသိစိတ်ရှိသမျှ ပျောက်သွားအောင်ကို အရမ်း မာနထောင်လွှားလာခဲ့တယ်။ အနီးအနားက လူတိုင်းကို ကြွားဝါနေခဲ့မိတယ်၊ ကျွန်မရဲ့ အောင်မြင်မှုတွေကို တစ်လောကလုံးက လူတွေ သိစေချင်နေခဲ့မိတယ်။ ကျွန်မ ဘယ်လိုလုပ် ဒီလောက် မာနထောင်လွှားပြီး ယုတ္တိမတန်အောင် ဖြစ်လာနိုင်ခဲ့ရတာလဲ။ သမ္မာတရားကို ဘုရားသခင်က ဖော်ပြတာဖြစ်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးပြီး ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယပြုတဲ့အခါ သိနားလည်မှုတချို့ ကျွန်မ ရှိခဲ့ကောင်း ရှိခဲ့နိုင်ပေမဲ့၊ အဲဒီသိနားလည်မှုကို ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးခြင်းကြောင့် ရခဲ့တာပါ။ ဧဝံဂေလိဟောတဲ့နေရာမှာ ကျွန်မ အတွေ့အကြုံတချို့ ရှိခဲ့ရင်တောင်၊ အဲဒီအတွေ့အကြုံကို ရဖို့ ကျွန်မ ကြိုတင်လေ့ကျင့်ပြီး စုဆောင်းနိုင်အောင် အခြေအနေတွေကို စီစဉ်ပေးခဲ့တာ ဘုရားသခင်ပါပဲ။ ကျွန်မမှာ ထူးခြားတဲ့ စွမ်းရည်တွေ၊ ကျွမ်းကျင်မှုတွေ ရှိလို့ မဟုတ်ပါဘူး။ ဒါ့အပြင်၊ ကျွန်မရဲ့ ဉာဏ်ရည်နဲ့ စကားပြောကောင်းတာကိုလည်း ဘုရားသခင် ပေးသနားခဲ့တာ မဟုတ်ဘူးလား။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ အလုပ်ကနေ ရရှိတဲ့ ရလဒ်တွေကို ကျွန်မရဲ့ ကိုယ်ပိုင် အောင်မြင်မှုတွေအဖြစ် သတ်မှတ်ပြီး နေရာတကာ လျှောက်ကြွားဝါနေခဲ့တယ်၊ လူတွေ ကျွန်မကို ကိုးကွယ်ပြီး ကြည်ညိုလာအောင် လုပ်ခဲ့တယ်။ ကျွန်မ တကယ် အရှက်မရှိသလို၊ ကိုယ့်ကိုယ်ကိုယ် သတိပြုမိခြင်း လုံးဝ ကင်းမဲ့ခဲ့တာပဲ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်က ကျွန်မကို ကြီးကြပ်ရေးမှူး ဖြစ်ခွင့် ပေးခဲ့ပုံနဲ့ ဒါက ကျွန်မအနေနဲ့ ဘာသာရေး အယူအဆတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယပြုတတ်အောင်၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံတတ်အောင်၊ ပြီးတော့ သမ္မာတရားကို ချစ်မြတ်နိုးတဲ့ လူတွေကို ဘုရားသခင် ရှေ့မှောက် ပိုခေါ်ဆောင်လာနိုင်အောင် ညီအစ်ကိုမောင်နှမတွေကို ကျွန်မ ကူညီပေးနိုင်ဖို့ဖြစ်တယ်ဆိုတာတွေကို ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ ကျွန်မက လူတွေ ကျွန်မကို ကိုးကွယ်ပြီး ကြည်ညိုလာအောင် လုပ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားဝါဖို့အတွက် ကိုယ့်တာဝန်ကို အသုံးပြုခဲ့တယ်။ အဲဒါက ဧဝံဂေလိအလုပ်ကို ဆိုးဆိုးရွားရွား အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တယ်။ ကျွန်မရဲ့ လုပ်ရပ်တွေနဲ့ အပြုအမူက ဘုရားသခင်ရဲ့ ကျိန်ခြင်းနဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံရဖို့ တကယ်ထိုက်တန်ပါတယ်။ အဲဒီ အန္တိခရစ်တွေဟာ တစ်စိုက်မတ်မတ် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံခဲ့လို့၊ သူတို့ရဲ့ ကိုယ်ပိုင် နိုင်ငံတွေကို တည်ဆောက်ဖို့ ကြိုးစားခဲ့လို့၊ ပြီးတော့ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့လို့ အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတာလေ။ ကျွန်မသာ နောင်တမရရင်၊ ကျွန်မလည်း အဲဒီ အန္တိခရစ်တွေလိုပဲ အဆုံးသတ်ကို ကြုံရမှာပဲ။ ဘာလို့လဲဆိုတော့ ဒါက ပြန်လမ်းမရှိတဲ့ လမ်းဖြစ်ပြီး၊ ဘုရားသခင်ရဲ့ ပြစ်ဒဏ်စီရင်တာနဲ့ ကျိန်တာ ခံရတဲ့ လမ်းမို့လို့ပါပဲ။ ဒါကို သဘောပေါက်သွားတဲ့အခါ၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပိုစက်ဆုပ်လာပြီး မုန်းတီးလာမိတယ်။
နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားသခင်၏ မည်သူမည်ဝါဖြစ်ခြင်း၊ အဖြစ်အနေနှင့် စိတ်နေသဘောထားတို့မှာ အလွန်မြင့်မြတ်ပြီး ဂုဏ်သရေရှိသည်၊ သို့သော် သူသည် မည်သည့်အခါမျှ မကြွားဝါပေ။ ဘုရားသခင်သည် နှိမ့်ချမှုရှိပြီး ဖုံးကွယ်ထားသည်၊ ထို့ကြောင့် သူပြုလုပ်ထားသော အရာကို လူတို့က မမြင်ပေ။ သို့သော် သူသည် ထိုသို့မထင်မပေါ် အလုပ်လုပ်စဉ်တွင် လူသားမျိုးနွယ်မှာ ကြည့်ရှုစောင့်ရှောက်ခြင်း၊ အာဟာရပေးခြင်းနှင့် လမ်းပြခြင်းကို စဉ်ဆက်မပြတ် ခံရ၏။ ဤအရာအားလုံးကို ဘုရားသခင်က စီမံထားခြင်း ဖြစ်လေသည်။ ဘုရားသခင်က ဤအရာများကို ဘယ်တော့မျှ မကြေညာ၊ ဘယ်တော့မျှ မဖော်ပြသည်မှာ ဖုံးကွယ်ထားခြင်းနှင့် နှိမ့်ချခြင်းမဟုတ်သလော။ ဘုရားသခင်၌ နှိမ့်ချမှုရှိရခြင်း အကြောင်းရင်း အတိအကျမှာ သူသည် ဤအရာများကို ပြုလုပ်နိုင်သော်လည်း ယင်းတို့ကို မည်သည့်အခါမျှ ထုတ်မပြော၊ သို့မဟုတ် မကြေညာ၊ ယင်းတို့ကို လူတို့နှင့် မငြင်းခုံသောကြောင့် ဖြစ်သည်။ သင်သည် ထိုကဲ့သို့သော အရာများကို ပြုလုပ်နိုင်စွမ်း မရှိဘဲလျက် နှိမ့်ချခြင်းအကြောင်းပြောဖို့ သင့်မှာ အဘယ်အခွင့်ရှိသနည်း။ သင်သည် ထိုအရာများ တစ်ခုကိုမျှ မလုပ်ခဲ့သော်လည်း ယင်းတို့အတွက် ချီးကျူးမှုရရန် မရမက တောင်းဆိုနေပေသည်။ ဤသည်ကို အရှက်မဲ့ခြင်းဟု ခေါ်၏။ လူသားမျိုးနွယ်ကို လမ်းပြလျက် ဘုရားသခင်သည် အလွန်ကြီးမြတ်သောအလုပ်ကို လုပ်ဆောင်သည်။ စကြဝဠာတစ်ခုလုံးကို ဦးဆောင်သည်။ သူ၏အာဏာနှင့် ဘုန်းတန်ခိုးသည် အလွန်ကျယ်ပြန့်သည်။ သို့တိုင်အောင် သူသည် ‘ငါ၏တန်ခိုးသည် သာလွန်ထူးခြားသည်’ ဟု မည်သည့်အခါမျှ မဆိုပေ။ သူသည် အရာရာအပေါ် အုပ်စိုးလျက်၊ လူသားမျိုးနွယ်ကို ပြုစုပျိုးထောင်ပြီး ပံ့ပိုးလျက်၊ လူသားမျိုးနွယ်ကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆက်လက်တည်ရှိစေလျက် အရာအားလုံးအထဲတွင် သူသည် ပုန်းကွယ်မြဲ ပုန်းကွယ်လျက်ရှိသည်။ ဥပမာ လေနှင့် နေရောင်၊ သို့မဟုတ် ကမ္ဘာပေါ်တွင် လူသားဖြစ်တည်မှုအတွက် လိုအပ်သော အရာဝတ္ထုပစ္စည်းများအားလုံးကို ကြည့်လော့။ ယင်းတို့အားလုံးသည် ရပ်တန့်ခြင်းမရှိဘဲ ရှေ့ဆက်ရွေ့လျားသည်။ လူသားအတွက် ဘုရားသခင်က ထောက်ပံ့သည်မှာ မေးခွန်းထုတ်စရာမလိုပေ။ စာတန်က ကောင်းသောအရာတစ်ခုခုပြုလုပ်လျှင် တိတ်ဆိတ်စွာနေပြီး တိမ်မြုပ်နေသော သူရဲကောင်းတစ်ယောက်အဖြစ် နေမည်လော။ လုံးဝ မဟုတ်ပေ။ ဤသည်မှာ အသင်းတော်၌ အန္တရာယ်ရှိသောအလုပ်ကို ယခင်က တာဝန်ယူဆောင်ရွက်ခဲ့သော၊ အရာဝတ္ထုများကို စွန့်လွှတ်ပြီး ဒုက္ခကို ကြံ့ကြံ့ခံခဲ့သော၊ ထောင်ကျခဲ့ရခြင်းပင်ဖြစ်နိုင်သော အန္တိခရစ်အချို့ ရှိခဲ့သည့်ပုံစံကဲ့သို့ပင်ဖြစ်သည်။ ဘုရားအိမ်တော်၏အလုပ်၏ ကဏ္ဍတစ်ခုတွင် တစ်ချိန်က ပါဝင်ပံ့ပိုးခဲ့သောသူအချို့လည်းရှိသည်။ ၎င်းတို့က ဤအရာများကို မည်သည့်အခါမျှ မမေ့ပေ။ ၎င်းတို့သည် ဤအရာတို့အတွက် တစ်သက်လုံး နာမည်ရသင့်သည်ဟု ထင်မြင်ကြသည်။ ဤအရာတို့သည် ၎င်းတို့တစ်သက်လုံးအတွက် အရင်းအနှီးဖြစ်သည်ဟု ထင်မြင်ကြသည်။ ဤသည်မှာ လူတို့သည် မည်မျှသေးနုပ်သည်ကို ပြသည်။ လူတို့သည် အမှန်တကယ်ကို သေးနုပ်ပြီး စာတန်က အရှက်မဲ့သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ မသိမသာ ဒုက္ခပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မ အရမ်း ရှက်မိတယ်။ လူဇာတိခံ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်တဲ့ အမှုတော်ကို တိတ်တဆိတ် ဆောင်ရွက်နေရင်း၊ ကျွန်မတို့လိုတဲ့ သမ္မာတရားနဲ့ ကျွန်မတို့ကို ရေလောင်း၊ ထောက်ပံ့ပေးရင်းနဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူသားတွေကြားမှာ နှိမ့်နှိမ့်ချချ ကွယ်ဝှက်နေခဲ့ပေမဲ့ ဘုရားသခင်က အဲဒါကို လူသားမျိုးနွယ်ဆီ လုံးဝ မကြေညာခဲ့ဘူး၊ သူ လုပ်ဆောင်တဲ့အရာအတွက် လုံးဝ အမှတ်မယူခဲ့ဘူး။ ဒါပေမဲ့ ကျွန်မကတော့၊ ကိုယ်က ဘာမှမဟုတ်ပေမဲ့၊ ဧဝံဂေလိဟောပြီး လူနည်းနည်း ပြောင်းလဲလာတဲ့နောက်မှာ၊ ဧဝံဂေလိအလုပ်မှာ အတွေ့အကြုံနည်းနည်း ရပြီး စကားလုံးနဲ့ အယူဝါဒနည်းနည်းကို ရေရွတ်လာနိုင်တဲ့နောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အဟုတ်ထင်ပြီးတော့၊ သွားလေရာရာမှာ အဲဒါတွေကို ကြွားဝါပြီး၊ တစ်လောကလုံးက လူတိုင်းကို သိစေချင်လျက်နဲ့ပဲ ဒါတွေကို တစ်သက်တာ အရင်းအနှီးနဲ့ အောင်မြင်မှုတွေအဖြစ် သဘောထားချင်ခဲ့တယ်။ ကျွန်မ တကယ်ကို ယုတ္တိမတန်သလို အရှက်မဲ့ခဲ့တာပါ။
နောက်ပိုင်းမှာ၊ “ငါ ဘယ်လိုလုပ်ရင် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံတာမျိုး ရှောင်ရှားနိုင်မလဲ” လို့ တွေးမိတယ်။ ကျွန်မ ဝတ်ပြုဆုတောင်းတဲ့အတောအတွင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ “သို့ဆိုလျှင် မည်သည့် ပြုမူလုပ်ဆောင်နည်းသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း မဟုတ်သနည်း။ အကယ်၍ သင်သည် အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်၍ ကြွားလုံးထုတ်ပြီး မိမိကိုယ်ကို သက်သေခံပါက လူအချို့အား သင့်ကို အထင်ကြီးပြီး ကိုးကွယ်အောင် လုပ်ခြင်းဟူသည့် ရလဒ်ကို စွမ်းဆောင်ရရှိမည် ဖြစ်သည်။ သို့သော် သင်သည် ထိုတူညီသော အကြောင်းအရာနှင့် ပတ်သက်၍ မိမိကိုယ်ကို ဖော်ထုတ်ပြပြီး သင်၏ ကိုယ့်ကိုယ်ကိုယ် သိကျွမ်းခြင်းကို ဝေမျှလျှင် ဤအရာ၏ သဘာဝမှာ ကွဲပြား၏။ ဤသည်မှာ မမှန်ကန်သလော။ မိမိ၏ ကိုယ့်ကိုယ်ကိုယ် သိကျွမ်းခြင်းအကြောင်း ပြောပြဖို့အတွက် မိမိကိုယ်ကို ဖော်ထုတ်ပြခြင်းသည် သာမန်လူ့သဘာဝက ပိုင်ဆိုင်ထားရမည့် အရာတစ်ခုဖြစ်၏။ ယင်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိနားလည်ပြီး မိမိ၏အခြေအနေအကြောင်း မှန်ကန်စွာ၊ စစ်မှန်စွာနှင့် တိကျစွာ ပြောပြလျှင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးလုံးလျားလျား အခြေခံသည့် အသိပညာအကြောင်း ပြောပြလျှင်၊ သင့်အား နားထောင်သောသူတို့သည် တည်ဆောက်ပေးခြင်း ခံရပြီး ယင်းမှနေ၍ အကျိုးဖြစ်လျှင်၊ ထို့ပြင် ဘုရားသခင်၏ အလုပ်ကို သက်သေခံပြီး သူ့ကို ဘုန်းတော်ထင်ရှားစေလျှင် ယင်းသည် ဘုရားသခင်အား သက်သေခံနေခြင်း ဖြစ်၏။ အကယ်၍ မိမိကိုယ်ကို ဖော်ထုတ်ပြခြင်းအားဖြင့် သင်သည် သင်၏ စွမ်းပကားများ၊ သင်သည် မည်ကဲ့သို့ ဆင်းရဲဒုက္ခခံရပြီး အဖိုးအခပေးခဲ့ကာ သင်၏ သက်သေခံချက်တွင် အခိုင်အမာ ရပ်တည်ခဲ့ပြီဖြစ်ကြောင်း များစွာ ပြောပြ၍ ရလဒ်အနေဖြင့် လူတို့က သင့်ကို အထင်ကြီးပြီး ကိုးကွယ်ပါက ဤသည်မှာ မိမိကိုယ်ကို သက်သေခံခြင်း ဖြစ်၏။ ဤအပြုအမူနှစ်ခုကြားမှ ခြားနားချက်ကို ပြောပြနိုင်ဖို့ လိုသည်။ ဥပမာ စမ်းသပ်မှုများကို ရင်ဆိုင်ရသောအခါ သင်သည် မည်ကဲ့သို့ အားနည်းပြီး အပျက်သဘောဆောင်ကြောင်းနှင့် ဆုတောင်း၍ သမ္မာတရားကို ရှာဖွေပြီးနောက် သင်သည် နောက်ဆုံးတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို မည်ကဲ့သို့ နားလည်ကာ ယုံကြည်ခြင်းကို ရရှိပြီး သင်၏ သက်သေခံချက်တွင် အခိုင်အမာ ရပ်တည်ခဲ့ကြောင်း ရှင်းပြခြင်းသည် ဘုရားသခင်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း ဖြစ်၏။ ယင်းမှာ မိမိကိုယ်ကို ကြွားလုံးထုတ်ပြီး သက်သေခံနေခြင်း လုံးဝ မဟုတ်ပေ။ ထို့ကြောင့် မိမိကိုယ်ကို ကြွားလုံးထုတ်ပြီး သက်သေခံနေခြင်း ဟုတ်မဟုတ်က သင်၏ တကယ့်အတွေ့အကြုံများကို ပြောပြနေခြင်း ဟုတ်မဟုတ်နှင့် ဘုရားသခင်အကြောင်း သက်သေခံခြင်းဟူသည့် သဘောသက်ရောက်ခြင်း ရှိမရှိအပေါ် လုံးလုံးလျားလျား မူတည်သည်။ သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်း ပြောသောအခါ သင်၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များက မည်သည့်အရာ ဖြစ်သည်ကို ကြည့်ဖို့လည်း လိုအပ်သည်။ ထိုသို့ပြုခြင်းက သင်သည် မည်သည့်အပြုအမူမျိုး၌ ပါဝင်နေကြောင်း ပိုင်းခြားသိမြင်ဖို့ လွယ်ကူစေမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) “ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ဒုက္ခခံခဲ့ပြီးဖြစ်ကြောင်း၊ ဘုရားသခင်ကို ခုခံဖို့ သင်တို့ အမှုကိစ္စမည်မျှ ပြုလုပ်ပြီးကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ အမှုကိစ္စများကို သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများအကြောင်းကို ပို၍ပြောသင့်ပြီး စိတ်နှလုံးထဲမှ ပို၍ စကားပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံတာမျိုး ရှောင်ဖို့ လူတစ်ယောက်ဟာ ပိုပြီး ဖွင့်ဟရမယ်၊ သူတို့ရဲ့ သရုပ်မှန်ကို လူတိုင်းဆီ ထုတ်ဖော်ရမယ်၊ ပြီးတော့ သူတို့ ထုတ်ဖော်ပြတဲ့ ဖောက်ပြန်ပျက်စီးမှုတွေနဲ့ အားနည်းချက်တွေ၊ ကိုယ့်ကိုယ်ကိုယ် နားလည်မှုတွေ၊ ပြဿနာတွေကို ဖြေရှင်းဖို့ နောက်ဆုံးမှာ သမ္မာတရားကို သူတို့ ဘယ်လို လက်တွေ့လုပ်ဆောင်ခဲ့တယ်ဆိုတာတွေကို ရိုးရိုးသားသား မိတ်သဟာယပြုရမယ်ဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ဒီအရာအားလုံးကို သူတို့ ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုရမယ်၊ ဘယ်အရာကိုမှ လုံးဝ မဖုံးဖိရဘူး။ ဒါကို နားလည်သွားတဲ့အခါ၊ ကျွန်မက “ကျွန်မတို့ တတာဝန်အတူတူ လုပ်တုန်းကဆိုရင်၊ ရှင်တို့အားလုံး ကျွန်မကို ကိုးကွယ်ပြီး ကြည်ညိုကြမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်မက ဧဝံဂေလိဟောပြီးတော့ လူဘယ်နှစ်ယောက် ရခဲ့တယ်၊ ဧဝံဂေလိအလုပ်မှာ ဘာတွေ ပံ့ပိုးပေးခဲ့တယ် ဆိုတာတွေကိုပဲ ပြောရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲ ချီးမြှောက်ပြီး ကြွားဝါခဲ့တယ်။ တကယ်တော ကျွန်မ တာဝန်ထမ်းဆောင်နေတာ လုံးဝ မဟုတ်ခဲ့ဘူး၊ ကျွန်မ မကောင်းမှုပြုနေခဲ့တာဖြစ်တယ်ဆိုတာကို အခု မြင်သွားပြီ။ သမ္မာတရားဆိုတာ ဘုရားသခင်က ဖော်ပြတာပါ။ ကျွန်မက ကျွန်မရဲ့ နားလည်မှုနဲ့ သဘောပေါက်မှု နည်းနည်းပါးပါးကိုပဲ မိတ်သဟာယပြုခဲ့တာလေ၊ အဲဒါကြောင့် ကျွန်မမှာ ကြွားဝါစရာ ဘာရှိလို့လဲ။ ဒါပေမဲ့ ကျွန်မက လူတွေ ကျွန်မကို ကြည်ညိုပြီး လေးစားအားကျအောင် လုပ်နေခဲ့တုန်းပဲ။ ကျွန်မ အဆင့်အတန်းကို စွဲလမ်းပြီး တကယ် မာနထောင်လွှားခဲ့တာပါ” လို့ပြောရင်းနဲ့ ညီအစ်ကို မောင်နှမတွေဆီ ဖွင့်ဟခဲ့တယ်။ ဒါကို ကြားတော့၊ ညီအစ်မတစ်ယောက်က ပြောတယ်၊ “ဟုတ်တယ်၊ အဲဒီတုန်းက ကျွန်မတို့ အစ်မကို တကယ် ကြည်ညိုခဲ့ကြတာ” တဲ့။ အရင်က ကျွန်မနဲ့ အလုပ်လုပ်ခဲ့တဲ့ ညီအစ်ကိုတစ်ယောက်ကလည်း “အဲဒီတုန်းက လူအများကြီး အစ်မကို လေးစားအားကျခဲ့ကြတယ်၊ ကျွန်တော်ဆို ကိုယ့်ကိုယ်ကိုယ် ဘာမှမဟုတ်သလို ခံစားရတယ်” လို့ ပြောတယ်။ ကျွန်မ နည်းနည်း စိတ်မကောင်းဖြစ်ပြီး ပြောလိုက်တယ်၊ “ကျွန်မ ကိုယ်ကောင်းတဲ့ဘက်ကိုပဲ ပြပြီးတော့ သိပ်ကို သူတော်ကောင်းယောင်ဆောင်တဲ့သူဖြစ်ခဲ့ပြီး၊ အမှန်မှာတော့၊ အလုပ်က ရလဒ်မထွက်တဲ့အခါ ကျွန်မ တော်တော် အပျက်သဘောဆောင်ခဲ့ပေမဲ့၊ ရှင်တို့အားလုံး ကျွန်မကို အထင်သေးသွားမှာ ကြောက်လို့ ကျွန်မ ဘာမှ မပြောရဲခဲ့ဘူး” လို့ပေါ့။ ကျွန်မတို့ အကြာကြီး စကားပြောဖြစ်ခဲ့ကြတယ်၊ ပြောပြီးတဲ့နောက်မှာတော့၊ ကျွန်မ စိတ်ထဲမှာ တော်တော် လွတ်လပ်သွားသလို ခံစားလိုက်ရတယ်။ အဲဒီအချိန်ကစပြီး ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်ဆံတဲ့အခါတိုင်း၊ ကျွန်မရဲ့ ရည်ရွယ်ချက်တွေနဲ့ ထုတ်ဖော်ပြသမှုတွေကို ဆန်းစစ်ဖို့ ကျွန်မ စပြီး အာရုံစိုက်လာတယ်၊ ပြီးတော့ ကြွားဝါချင်စိတ် ပေါ်လာတိုင်း၊ အဲဒါကို အမြန် ဆန့်ကျင်တွန်းလှန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင်တယ်၊ သတိရှိရှိနဲ့ ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံခဲ့တယ်။ စုဝေးပွဲတွေမှာ မိတ်သဟာယပြုတဲ့အခါ၊ ကျွန်မ ကိစ္စတွေကို ဖုံးဖိမထားတော့သလို၊ လူတိုင်းမြင်အောင် ကျွန်မရဲ့ သရုပ်မှန်ကို ထုတ်ဖော်ပြခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေ ပြဿနာကြုံရတဲ့အခါ၊ မိတ်သဟာယပြုဖို့ ဘုရားနှုတ်ကပတ်တော်တွေ ရှာဖွေတာကို ကျွန်မ အာရုံစိုက်တယ်၊ ဘုရားသခင်ဆီ ပိုဆုတောင်းပြီး ဘုရားကို အားကိုးဖို့ သူတို့ကို တိုက်တွန်းအားပေးတယ်။ ဒီလိုနည်းနဲ့ ကျွန်မ လက်တွေ့လုပ်ဆောင်တဲ့အခါ၊ ညီအစ်ကိုမောင်နှမတွေ အကျိုးကျေးဇူးရပြီး တည်ဆောက်ခံရတယ်။ ကျွန်မ စိတ်နှလုံးထဲမှာ အေးချမ်းမှုနဲ့ စိတ်ချမှုကို ခံစားခဲ့ရတယ်။
အခု ပြန်တွေးကြည့်ရင်၊ အန္တိခရစ်တွေ နှင်ထုတ်ခံရတဲ့အကြောင်း စာရွက်စာတမ်းကိုသာ ကျွန်မ မဖတ်ခဲ့ရင်၊ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး သိမြင်ဖို့ ကျွန်မ သိမှာ မဟုတ်ဘူး။ မကောင်းမှုပြုတဲ့ ကျွန်မရဲ့ ခြေလှမ်းတွေကို အချိန်မီ တားဆီးပေးခဲ့တာ ဘုရားသခင် စီစဉ်ပေးတဲ့ ဒီအခြေအနေတွေပါပဲ။ နောင်အနာဂတ်မှာ၊ ကျွန်မ အရာခပ်သိမ်းမှာ ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံဖို့ လက်တွေ့လုပ်ဆောင်မယ်၊ သမ္မာတရားကို လိုက်စားပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာကို အာရုံစိုက်မယ်၊ ပြီးတော့ ကိုယ့်တာဝန်ကို ထမ်းဆောင်ရင်းနဲ့ ဖန်ဆင်းခံတစ်ယောက်ရဲ့ နေရာမှာ တာဝန်သိသိနဲ့ ရပ်တည်ပါမယ်။