၁၂။ မိဘများ၏ ကြင်နာမှုကို မည်သို့ သဘောထားရမည်နည်း

စူးဝေ၊ တရုတ်နိုင်ငံ

ငယ်ငယ်ကတည်းက ကျွန်မတို့မိသားစုက တော်တော်လေး ဆင်းရဲခဲ့တယ်။ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေက ကျွန်မတို့ကို အထင်သေးကြတယ်၊ အဖိုးအဖွားတွေကတောင် ကျွန်မတို့ကို ပစ်ပယ်ခဲ့ကြတယ်။ အမေက ကျွန်မကို ခဏခဏ နားပူနားဆာလုပ်ပြီး ပြောတယ်၊ “သမီး စာကြိုးစားရမယ်၊ မိသားစုအတွက် ဂုဏ်ဆောင်ရမယ်” တဲ့။ ကျွန်မက အမေ့စကားကို နှလုံးသွင်းထားခဲ့တယ်၊ စာကိုကြိုးစားသင်ယူခဲ့ပြီး အတန်းထဲမှာ အမြဲတမ်း ထိပ်ဆုံးအဆင့်တွေမှာပဲ ရှိခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကားမတော်တဆမှုနဲ့ တခြားမတော်တဆမှုတွေဖြစ်ပြီး ခွဲစိတ်မှု သုံးကြိမ်လုပ်ခဲ့ရတယ်။ ကျွန်မ ခွဲစိတ်မှုလုပ်ရတဲ့အခါတိုင်း မိသားစုက အရမ်းကို စိတ်ပူခဲ့ကြတယ်၊ တစ်ခါတလေဆို အမေက ညည်းတတ်တယ်၊ ကျွန်မခွဲစိတ်တာတွေအတွက် ပိုက်ဆံတွေသာ မကုန်ခဲ့ရင် ကျွန်မတို့မိသားစု ဒီလောက်ထိ ဆင်းရဲမှာ မဟုတ်ဘူးတဲ့လေ။ အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲဖြေပြီးနောက်မှာ နာမည်ကြီး အထက်တန်းကျောင်းတစ်ကျောင်းကို ကျွန်မ အောင်အောင်မြင်မြင်နဲ့ တက်ခွင့်ရခဲ့တယ်။ မိသားစုရဲ့ဝန်ကို လျှော့ချပေးဖို့ စာဆက်မသင်တော့ဘဲ အလုပ်စောစောထွက်လုပ်ပြီး ပိုက်ဆံရှာဖို့ ကျွန်မ အကြိမ်တော်တော်များများ စဉ်းစားခဲ့ပေမဲ့ မိဘတွေက သဘောမတူဘဲ စာကိုပဲ အာရုံစိုက်ဖို့ အားပေးခဲ့ကြတယ်။ ကျွန်မ အရမ်းကို စိတ်ထိမိသွားပြီး ကြီးလာရင် သူတို့ကို ကောင်းကောင်း ပြန်ပြီးကျေးဇူးဆပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့ ပညာရေးခရီးက ချောချောမွေ့မွေ့ ဖြစ်သွားခဲ့ပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေပြီးနောက်မှာ ပထမတန်းစား တက္ကသိုလ်တစ်ခုကို အလွယ်တကူပဲ ဝင်ခွင့်ရခဲ့တယ်။ အဲဒီနောက်မှာတော့ နာမည်ကြီး တက္ကသိုလ်တစ်ခုမှာ ဘွဲ့လွန်ကျောင်းဆက်တက်ခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မတို့မိသားစုရဲ့ ငွေရေးကြေးရေးအခြေအနေက အရမ်းကို ဆိုးရွားနေခဲ့တယ်၊ မိဘတွေက ခဏခဏ နေမကောင်းဖြစ်ပြီး အလုပ်ကြမ်းတွေ မလုပ်နိုင်ကြဘူး၊ ပြီးတော့ ကျွန်မတို့မိသားစုက အမြဲတမ်း အကြွေးတင်နေခဲ့တယ်။ နှစ်တိုင်း တရုတ်နှစ်သစ်ကူးအတွက် အိမ်ပြန်ရောက်တဲ့အခါတိုင်း ကျွန်မတို့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေဆီမှာ အကြွေးဘယ်လောက်တင်နေသေးလဲဆိုတာ အမေ့ကို ကျွန်မက မေးတာပေါ့။ မိသားစုကိုထောက်ပံ့ဖို့နဲ့ ကျွန်မရဲ့ တက္ကသိုလ်ပညာရေးအတွက် အဖေက အလုပ်နှစ်ခုလုပ်နေရပြီး နှစ်ခုလုံးက ပင်ပင်ပန်းပန်းလုပ်ရတဲ့ အလုပ်ကြမ်းတွေချည်းပဲလို့ အမေပြောတာကိုလည်း တစ်ခါတလေ ကြားရတယ်။ နေ့တိုင်း အလုပ်သွားရင် အဝတ်ခြောက်ခြောက်နဲ့သွားပြီး ပြန်လာရင် ရွှဲနစ်နေတာပဲတဲ့။ မိသားစုကို စိတ်မပျက်စေဖို့နဲ့ ဘယ်တော့မှ ကျေးဇူးမကန်းဖို့ ကျွန်မကို သူက ပြောရှာတယ်။ အမေက ဒီလိုပြောတာကို ကြားတော့ ညသန်းခေါင်ယံ စောင်အောက်မှာ တိတ်တိတ်လေး ငိုခဲ့တယ်၊ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ အလုပ်စလုပ်တာနဲ့ လတိုင်း ငါ့လစာထဲက တစ်စိတ်တစ်ပိုင်းကို မိဘတွေကို ပေးမယ်၊ ဒါမှ သူတို့ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်မှာ” လို့ပေါ့။

ဘွဲ့ရပြီး အလုပ်စလုပ်တဲ့ ဒုတိယလမှာပဲ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မတို့ထဲက အသက်ဟာ ဘုရားသခင်ဆီက လာတာဖြစ်ပြီး သက်ရှိတွေအနေနဲ့ လူသားတွေဟာ ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်သင့်တယ်ဆိုတာကို ကျွန်မ နားလည်လာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရေလောင်းမှုကို ခံရတဲ့အခါ ကိုယ်တော့်နှုတ်ကပတ်တော်တွေကို ဖတ်ဖို့နဲ့ သမ္မာတရားကို လိုက်စားဖို့ အချိန်ပိုပေးသင့်တယ်လို့ ကျွန်မ ပိုပြီးခံစားလာရတယ်။ ဒါနဲ့ ကျွန်မရဲ့အလုပ်ကို ကိုယ့်သဘောနဲ့ကိုယ် စွန့်လွှတ်ပြီး အသင်းတော်မှာ တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့တယ်။ တစ်ခါတလေတော့ မိဘတွေကို သူတို့ရဲ့လုပ်ငန်းခွင်မှာ သွားတွေ့ဖြစ်တယ်။ သူတို့ရဲ့ဖြူဖွေးနေတဲ့ ဆံပင်တွေကို တွေ့တိုင်း ကျွန်မ ရင်ထဲမှာ နာကျင်မိတယ်၊ နောက်ပြီး ကျွန်မ သူတို့ကို ထောက်ပံ့ဖို့ အလုပ်မလုပ်၊ ပိုက်ဆံမရှာလို့ သူတို့ကို ကျွန်မ စိတ်ပျက်စေခဲ့ပြီလို့တွေးပြီး အရမ်းကို အပြစ်ရှိသလို ခံစားရတယ်။ သူတို့ကို သွားတွေ့တိုင်း စိတ်နှလုံးထဲမှာ ခံစားနေရတဲ့ အကြွေးတင်စိတ်ကို ပြေပျောက်အောင် ကြိုးစားတဲ့အနေနဲ့ သူတို့အတွက် ပစ္စည်းတချို့ ဒါမှမဟုတ် ဖြည့်စွက်စာတွေ ဝယ်သွားတတ်တယ်။ ၂၀၂၁ ခုနှစ်မှာ ကျွန်မပါဝင်တဲ့ အသင်းတော်မှာ နှိမ်နင်းမှုကြီးတစ်ခု ဖြစ်ခဲ့ပြီး၊ ကျွန်မလည်း ရဲလိုက်ဖမ်းတာ ခံခဲ့ရတာပေါ့။ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုကြောင့် ကျွန်မ အဖမ်းမခံခဲ့ရပေမဲ့ မိသားစုနဲ့တော့ လုံးဝ အဆက်အသွယ်လုပ်လို့ မရတော့ဘူး။ ကျွန်မမိဘတွေက ကျွန်မနဲ့ ဆက်သွယ်လို့မရတဲ့အခါမှာ စိတ်ပူနေမှာ သေချာတယ်ဆိုတာကို တွေးမိတဲ့အခါ၊ ကျွန်မ အရမ်းကို အပြစ်ရှိသလို ခံစားရပြီး တွေးမိတယ်၊ “ငါ ငယ်ငယ်တုန်းက မတော်တဆမှုတွေ အများကြီးဖြစ်ခဲ့တယ်၊ ငါ့မိဘတွေဆိုရင် ငါ့အတွက် အရမ်းကို စိတ်ပူခဲ့ကြတယ်။ ဒီအရွယ်ရောက်အောင် သူတို့ ငါ့ကို ပင်ပင်ပန်းပန်းနဲ့ ပြုစုပျိုးထောင်ခဲ့ရတာ လုံးဝ လွယ်ခဲ့တာမဟုတ်ဘူး။ အခုကျတော့ သူတို့ကို ထောက်ပံ့ဖို့ ပိုက်ဆံကောင်းကောင်း မရှာပေးနိုင်တဲ့အပြင် သူတို့ကို ငါ့အတွက် စိုးရိမ်ပူပန်အောင်ပါ လုပ်နေမိတယ်။ ငါဟာ တကယ်ကို သားသမီးဝတ်မကျေတဲ့သူပဲ” လို့ပေါ့။ ကျွန်မရဲ့ နှလုံးသားက ဝမ်းနည်းမှုနဲ့ နာကျင်နေခဲ့တယ်၊ ကျွန်မမိဘတွေကို တွေးမိတိုင်း ငိုချင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကိုလည်း ဖတ်လို့မဝင်တော့ဘူး၊ ညီအစ်ကိုမောင်နှမတွေ မိတ်သဟာယပြုတာကိုလည်း နားမဝင်တော့ဘူး။ ကျွန်မမိဘတွေနဲ့ သက်တူရွယ်တူ ညီအစ်ကိုမောင်နှမတွေကို တွေ့လိုက်တိုင်း ကိုယ့်မိဘတွေကို တွေးမိတယ်၊ “သူတို့ အသက်ကြီးလာနေကြပြီ၊ ကျန်းမာရေးလည်း သိပ်မကောင်းဘူး။ သူတို့ အခု ဘယ်လိုများနေကြမလဲ မသိဘူး။ နေမကောင်းဖြစ်ရင်ရော ဆေးကုဖို့ ပိုက်ဆံရှိကြပါ့မလား” လို့ပေါ့။ ကျွန်မ တာဝန်ထမ်းဆောင်နေတုန်းပဲဖြစ်ပေမဲ့၊ ကျွန်မရဲ့ စိတ်နှလုံးက ကျွန်မမိဘတွေအတွက် အမြဲတမ်း စိုးရိမ်နေခဲ့ပြီး၊ ကျွန်မ တာဝန်မှာ ဝတ်ကျေတမ်းကျေပဲ လုပ်နေခဲ့တယ်၊ တစ်ခုခု စိတ်တိုင်းမကျဖြစ်တဲ့အခါတိုင်း အိမ်ပြန်ဖို့ပဲ စဉ်းစားမိတယ်။ ဒါပေမဲ့ အိမ်ပြန်ရင် အဖမ်းခံရမှာကို တွေးမိတဲ့အခါကျတော့ ပြန်မသွားရဲခဲ့ဘူး။ ဒါနဲ့ ချစ်ခင်တွယ်တာမှုရဲ့ ဘောင်ခတ်တာကို မခံရအောင် ကာကွယ်ပေးဖို့ ဘုရားသခင်ဆီ တောင်းလျှောက်ပြီး ဆုတောင်းခဲ့တယ်။

တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မဖတ်လိုက်ရပြီး ကိုယ့်ပြဿနာအပေါ် နားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တရုတ်ရိုးရာယဉ်ကျေးမှု၏ ပုံစံသွင်းခြင်းကြောင့် တရုတ်လူမျိုးများ၏ ရိုးရာအယူအဆများတွင် ၎င်းတို့က မိမိ၏မိဘများအပေါ်တွင် သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းရမည်၊ သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းခြင်း မရှိသူမည်သူမဆိုသည် သားသမီးဝတ် မကျေပွန်သောသားသမီးဖြစ်သည်ဟု ယုံကြည်ကြသည်။ လူတို့သည် ကလေးဘဝကတည်းက ဤအယူအဆများဖြင့် သွတ်သွင်းခြင်းခံခဲ့ရသည်။ အိမ်ထောင်စုတိုင်းနီးပါးတွင် သွန်သင်ပေးကြပြီး ကျောင်းတိုင်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၌ပါ သွန်သင်ပေးကြ၏။ လူတစ်ယောက်၏ ခေါင်းထဲတွင် ဤသို့သောအရာများ ပြည့်နေသောအခါ သူသည် ‘သားသမီးဝတ်က ဘယ်အရာမဆိုထက် ပိုအရေးကြီးတယ်။ ငါက မလိုက်နာဘူးဆိုရင် လူကောင်းဖြစ်မှာမဟုတ်ဘူး။ သားသမီးဝတ် မကျေပွန်တဲ့ကလေးဖြစ်ပြီး လူ့အဖွဲ့အစည်းက လူသိရှင်ကြား စွပ်စွဲရှုတ်ချတာကို ခံရမှာပဲ။ ငါက အသိတရားမရှိတဲ့သူဖြစ်မှာပဲ’ ဟု ထင်မြင်သည်။ ဤအမြင်မှာ မှန်ကန်သလော။ လူတို့သည် ဘုရားသခင်က ဖော်ပြသော အလွန်များသည့် သမ္မာတရားများကို မြင်ကြပြီးဖြစ်သည်။ မိဘများကို သားသမီးဝတ်ကျေပွန်ရမည်ဟု ဘုရားသခင်က တောင်းဆိုခဲ့သလော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူများက နားလည်ရမည်ဖြစ်သော သမ္မာတရားများထဲမှ တစ်ခုဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်သည် အချို့သော စည်းမျဉ်းများကိုသာ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လူတို့ စောင့်ထိန်းလိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်)သင့်မိဘများ၏ မျှော်မှန်းချက်များမှ မည်သည့် သွန်သင်လေ့ကျင့်ပေးမှုမျိုးကို သင် ရရှိသနည်း။ (စာမေးပွဲများတွင် အမှတ်ကောင်းကောင်း ရရှိရန်နှင့် အောင်မြင်သည့် အနာဂတ်တစ်ခု ရှိရန်ဖြစ်ပါသည်။) သင့်အနေဖြင့် အလားအလာရှိကြောင်း ပြရမည်၊ သင့်မိခင်၏ ချစ်ခြင်းမေတ္တာ၊ သူ၏ ကြိုးစားလုပ်ဆောင်မှုနှင့် စွန့်လွှတ်စတေးမှုများနှင့်လျော်ညီအောင် နေရမည်ဖြစ်ပြီး သင့်မိဘများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းကာ ၎င်းတို့ကို စိတ်ပျက်အောင် မလုပ်ရပေ။ ၎င်းတို့က သင့်ကို အလွန်ချစ်ကြသည်၊ သင့်အတွက် အရာရာ ပေးဆပ်ထားပြီးဖြစ်ကာ ၎င်းတို့၏ ဘဝတစ်ခုလုံးပေး၍ သင့်အတွက် အရာရာ လုပ်ဆောင်နေကြသည်။ ထို့ကြောင့် ၎င်းတို့၏ အားလုံးသော စွန့်လွှတ်စတေးမှုများ၊ ၎င်းတို့၏ သွန်သင်လေ့ကျင့်ပေးမှုနှင့် ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည်ပင်လျှင် မည်သည့်အရာ ဖြစ်လာပြီနည်း။ သင် ပြန်ဆပ်ရမည့် တစ်စုံတစ်ရာ ဖြစ်လာပြီး တစ်ချိန်တည်းတွင် သင်၏ ဝန်ထုပ်ဖြစ်လာပေသည်။ ဤသည်မှာ ဝန်ထုပ်ဖြစ်လာပုံ ဖြစ်သည်။ မိဘများက ဤအရာများကို ပင်ကို အသိစိတ်ဖြင့်၊ ချစ်ခြင်းမေတ္တာကြောင့် လုပ်ဆောင်သည်ဖြစ်စေ၊ လူ့အဖွဲ့အစည်းဆိုင်ရာ မလုပ်မဖြစ် ဝတ္တရားကြောင့် လုပ်ဆောင်သည်ဖြစ်စေ အဆုံးတွင် သင့်ကို သွန်သင်လေ့ကျင့်ပေးပြီး ဆက်ဆံရန် ဤနည်းလမ်းများကို အသုံးပြုခြင်းနှင့် သင့်အထဲသို့ ဤအယူအဆမျိုးစုံ သွတ်သွင်းခြင်းသည်ပင်လျှင် သင်၏ စိတ်ဝိညာဉ်ကို လွတ်လပ်မှု၊ လွတ်မြောက်မှု၊ ကိုယ်စိတ်ချမ်းသာခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း မဆောင်ကြဉ်းပေးချေ။ ယင်းတို့က သင့်ထံ မည်သည့်အရာ ဆောင်ကြဉ်းပေးသနည်း။ ဖိအား ဖြစ်သည်၊ အကြောက်တရား ဖြစ်သည်၊ သင့် အသိစိတ်နှင့်ဆိုင်သော ရှုတ်ချခြင်းနှင့် စိုးရိမ်ပူပန်မှုတို့ ဖြစ်ပေသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (အချုပ်အနှောင်များနှင့် ကန့်သတ်ချုပ်ချယ်မှုများ ဖြစ်ပါသည်။) အချုပ်အနှောင်များနှင့် ကန့်သတ်ချုပ်ချယ်မှုများဖြစ်၏။ ထို့အပြင် သင်၏ မိဘများထံမှ ထိုသို့သော မျှော်မှန်းချက်များအောက်တွင် ၎င်းတို့၏ မျှော်လင့်ချက်များအတွက် သင် အသက်မရှင်ဘဲ မနေနိုင်ပေ။ ၎င်းတို့၏ မျှော်မှန်းချက်များကို ပြည့်မီရန်အလို့ငှာ၊ ၎င်းတို့၏ မျှော်မှန်းချက်များကို မပျက်ကွက်ရန်အလို့ငှာနှင့် ၎င်းတို့အနေဖြင့် သင့်အပေါ် မျှော်လင့်ချက် မဆုံးရှုံးစေရန်အလို့ငှာ ဘာသာရပ်တိုင်းကို နေ့စဉ် ကြိုးကြိုးစားစားနှင့် ကျေကျေပွန်ပွန် လေ့လာကာ လုပ်ဆောင်ရန် ၎င်းတို့ စေခိုင်းသည့်အရာတိုင်းကို သင် လုပ်ဆောင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) ဘုရားသခင်က ကျွန်မရဲ့ အခြေအနေအတိအကျကို ဖော်ထုတ်ခဲ့တယ်။ ကျွန်မငယ်ငယ်ကတည်းက ကျွန်မအတွက် မိဘတွေက အများကြီး ပေးဆပ်ခဲ့ရတယ်၊ ကြီးလာရင် ကျေးဇူးမကန်းရဘူးလို့ အမေက သင်ပေးခဲ့တယ်။ ကျွန်မတို့မိသားစု ဆင်းရဲနေတာတောင်မှ မိဘတွေက ကျွန်မရဲ့ပညာရေးကို ဆက်ပြီး ထောက်ပံ့ခဲ့တယ်၊ ဒါကြောင့် နောင်တစ်ချိန်မှာ သူတို့ကို ကောင်းကောင်းမွန်မွန် ကျေးဇူးဆပ်ရမယ်၊ ကိုယ့်အခြေအမြစ်ကို မမေ့ရဘူးလို့ ဆွေမျိုးတွေနဲ့ အိမ်နီးချင်းတွေကလည်း ခဏခဏ ပြောကြတယ်။ ကျွန်မအတွက် မိဘတွေရဲ့ စွန့်လွှတ်မှုတွေကို ကျွန်မလည်း မြင်ခဲ့ရတယ်။ ကျွန်မငယ်ငယ်က မတော်တဆ သုံးလေးခါဖြစ်ခဲ့တော့ ကျွန်မမိဘတွေက ကျွန်မရဲ့ ခွဲစိတ်မှုတွေအတွက် ပိုက်ဆံရှာရင်းနဲ့ ဆံပင်တွေဖြူတဲ့အထိ စိတ်ပူခဲ့ကြတယ်။ ကျွန်မပညာရေးကို ထောက်ပံ့ဖို့ လိုအပ်တဲ့ ရန်ပုံငွေတွေရအောင် သူတို့ နေရာအနှံ့ကိုလည်း သွားခဲ့ကြတယ်။ ဒါကြောင့် မိသားစု၊ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေဆီက ပညာရေးနဲ့ သွန်သင်ဆုံးမမှုတွေကို ကျွန်မ တုံ့ဆိုင်းမနေဘဲ စိတ်နှလုံးအကြွင်းမဲ့နဲ့ လက်ခံခဲ့တယ်။ စာကြိုးစားဖို့၊ ကျွန်မတို့မိသားစုရဲ့ ငွေရေးကြေးရေးအခြေအနေကို တိုးတက်အောင်လုပ်ဖို့၊ ပြီးတော့ မိဘတွေ ကောင်းကောင်းမွန်မွန် နေနိုင်ရေးကို သေချာစေဖို့ကို ကျွန်မရဲ့ ပန်းတိုင်အဖြစ် သတ်မှတ်ခဲ့တယ်။ ဒါကို ရရှိဖို့အတွက် အဆင့်မြင့်ပညာရေးရဖို့ ကျွန်မ ကြိုးစားခဲ့တယ်၊ အဆင်ပြေပြေ၊ မပြေပြေ လတိုင်း ကျွန်မလစာထဲက တစ်စိတ်တစ်ပိုင်းကို မိဘတွေကို ပေးဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်ကို တွေ့ရှိပြီး တာဝန်ထမ်းဆောင်ဖို့ အလုပ်ကို စွန့်လွှတ်ဖို့ ရွေးချယ်လိုက်တဲ့အခါ မိဘတွေကို တာဝန်မကျေခဲ့တဲ့အတွက် အပြစ်ရှိသလို ခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ စီစီပီရဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဖမ်းဆီးမှုတွေကြောင့် မိသားစုနဲ့ အဆက်အသွယ်မလုပ်နိုင်တော့တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ရှုတ်ချမိပြီး သားသမီးဝတ်မကျေတဲ့ သမီးတစ်ယောက်လို ခံစားခဲ့ရတယ်။ မိဘတွေက ကျွန်မပညာရေးကို ထောက်ပံ့ခဲ့ပြီး အခု ကျွန်မဘွဲ့ရတော့ သူတို့ကို ပြန်ကျေးဇူးဆပ်ဖို့ ပိုက်ဆံမရှာဘဲ သူတို့ကို စိတ်ပူအောင်လုပ်နေတာကို တွေးမိတဲ့အခါ၊ အပြစ်ရှိစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ကျွန်မမိဘတွေနဲ့ သက်တူရွယ်တူလူတွေကို မြင်တဲ့အခါ ကျွန်မမိဘတွေအတွက် စိတ်ပူပြီး ကျွန်မရဲ့အာရုံစိုက်မှုက တာဝန်ပေါ်ကနေ လွှဲသွားခဲ့တယ်။ ဘုရားသခင်ကို သစ္စာဖောက်ပြီး အိမ်ပြန်ဖို့ တာဝန်ကို စွန့်ပစ်ဖို့တောင် စဉ်းစားခဲ့မိတယ်။ မိသားစုနဲ့ လူ့အဖွဲ့အစည်းက ကျွန်မထဲကို သွတ်သွင်းခဲ့တဲ့ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏” နဲ့ “သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်” ဆိုတဲ့ ရိုးရာအယူအဆတွေဟာ ကျွန်မနှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့တယ်။ အဲဒါတွေက ကျွန်မကို တင်းတင်းကျပ်ကျပ်နဲ့ မခံနိုင်အောင် ရစ်ပတ်ထားတဲ့ ကျော့ကွင်းတစ်ခုလိုပါပဲ။ လူ့အသက်ဟာ ဘုရားသခင်ဆီက လာတာဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ကိုးကွယ်တာ၊ တာဝန်ထမ်းဆောင်တာတွေဟာ ဘဝရဲ့မှန်ကန်တဲ့လမ်းကြောင်းတွေဖြစ်ပြီး လုံးဝကို သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံတယ်ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း သိပေမဲ့ ကျွန်မရဲ့ တာဝန်မှာ စိတ်အေးလက်အေး မရှိနိုင်ခဲ့ဘူး။ မိဘတွေရဲ့ မျှော်လင့်ချက်တွေကို ဆန့်ကျင်တာဟာ ကျွန်မမှာ အသိတရားမရှိတာ၊ ကျေးဇူးကန်းပြီး သားသမီးဝတ်မကျေတဲ့ ကလေးတစ်ယောက်ဖြစ်တယ်လို့ အမြဲတမ်း ခံစားနေခဲ့ရတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့ရတယ်၊ အဲဒါက ကျွန်မအတွက် မိဘတွေရဲ့ စွန့်လွှတ်မှုတွေကို မှန်မှန်ကန်ကန် သဘောထားနိုင်အောင် ကူညီပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်’ ဆိုသည်ကို မည်သို့ အနက်ဖွင့်သင့်သည်ဆိုသည့်အကြောင်းကို ပြောကြစို့။ သင့်မိဘများသည် သင်၏ ကြွေးရှင်များမဟုတ်ပေ။ ဤသည်မှာ အမှန်တရားမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အမှန်တရားဖြစ်သောကြောင့် ယင်းအတွင်းတွင် ပါဝင်သော အကြောင်းအရာများကို ငါတို့ ရှင်းပြရန် သင့်လျော်သည်။ သင့်မိဘများက သင့်အားမွေးဖွားပေးသည့်အကြောင်းကို ကြည့်ကြစို့။ သင့်အား မွေးဖွားပေးရန် ၎င်းတို့အတွက် ရွေးချယ်ခဲ့သောသူမှာ မည်သူနည်း။ သင်ဖြစ်သလော၊ သို့မဟုတ် သင့်မိဘများဖြစ်သလော။ သင်သည် ဤအရာကို ဘုရားသခင်၏ ရှုထောင့်မှ ကြည့်လျှင် ဤသည်မှာ လူသားများ ရွေးချယ်ရန်အတွက် မဟုတ်ပေ။ သင်၏ မိဘများက သင့်ကို မွေးဖွားပေးရန် သင် ရွေးချယ်ခဲ့ခြင်း မဟုတ်သည့်အပြင် ၎င်းတို့လည်း ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။ ဤကိစ္စရပ်၏ အရင်းခံကို ကြည့်လျှင် ဤသည်မှာ ဘုရားသခင်က အမိန့်ဖြင့် ပြဋ္ဌာန်းတော်မူခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စရပ်သည် လူတို့ နားလည်ရန် လွယ်ကူသောကြောင့် ငါတို့သည် ဤအကြောင်းအရာကို ယခုလောလောဆယ် ဘေးဖယ်ထားကြမည်။ သင်၏ ရှုထောင့်မှကြည့်လျှင် သင်သည် ဤကိစ္စတွင် မည်သည့် ရွေးချယ်ပိုင်ခွင့်မျှ မရှိဘဲ၊ မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ သင်၏မိဘများမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သင်၏ မိဘများ ရှုထောင့်မှကြည့်လျှင် ယင်းမှာ ကလေးများ ယူပြီး မွေးမြူရန်မှာ ၎င်းတို့၏ ဆန္ဒအလျောက် လိုလားမှု ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းခြင်းကို ဘေးဖယ်ထားလျှင်၊ ကလေးများ ယူပြီး မွေးမြူခြင်း ကိစ္စနှင့်ပတ်သက်လာလျှင် သင်၏ မိဘများသည်သာ အာဏာကုန် ရှိခဲ့လေသည်။ ၎င်းတို့သည် သင့်ကို မွေးဖွားရန် ရွေးချယ်ခဲ့ကြသည်။ သင်သည် မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ ၎င်းတို့ထံမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သင်သည် ဤကိစ္စတွင် မည်သည့် ရွေးချယ်ပိုင်ခွင့်မျှ မရှိခဲ့ပေ။ သို့ဖြစ်၍ သင်၏ မိဘများတွင် အာဏာကုန် ရှိခဲ့သောကြောင့်လည်းကောင်း၊ ၎င်းတို့က သင့်ကို မွေးဖွားခဲ့သောကြောင့်လည်းကောင်း၊ သင့်ကို အရွယ်ရောက်သူတစ်ဦးအဖြစ် ကြီးပြင်းလာစေရန် ၎င်းတို့တွင် ဝတ္တရားနှင့် တာဝန်ရှိသည်။ သင့်အား ပညာရေးထောက်ပံ့ပေးခြင်းဖြစ်စေ၊ အစားအသောက်နှင့် အဝတ်အထည်များ ထောက်ပံ့ပေးခြင်းဖြစ်စေ ဤသည်မှာ ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ၎င်းတို့က သင့်ကို ပြုစုပျိုးထောင်နေသည့် ကာလအတွင်း သင်သည် မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ အစဉ်သဖြင့် ရှိနေခဲ့ပြီး သင်သည် ရွေးချယ်ပိုင်ခွင့် မရှိခဲ့ပေ၊ သင်သည် ၎င်းတို့၏ ပြုစုပျိုးထောင်ခြင်းကို ခံရမည်သာ ဖြစ်သည်။ သင်သည် ငယ်ရွယ်သောကြောင့် မိမိကိုယ်ကို ပြုစုစောင့်ရှောက်နိုင်စွမ်း မရှိခဲ့ဘဲ၊ မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ သင်၏ မိဘများက ပြုစုပျိုးထောင်ပေးခြင်းကို ခံရသည်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။ သင်၏ မိဘများက သင့်ကို မည်သို့ပင် ပြုစုပျိုးထောင်ခဲ့သည်ဖြစ်စေ ယင်းမှာ သင့်အပေါ်တွင် မူမတည်ခဲ့ပေ။ ၎င်းတို့က သင့်အား ကောင်းမွန်သော အစားအသောက်များ ပေးခဲ့လျှင် သင်သည် ကောင်းမွန်သော အစားအသောက်များ ရရှိခဲ့သည်။ သင့်မိဘများက ဖွဲကြမ်းများ၊ အရိုင်းပင်များကို အမှီပြုပြီး သင် အသက်ရှင်အောင် စားသောက်ရသည့် ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်ကို သင့်အားပေးလျှင် သင်က ဖွဲကြမ်းနှင့် အရိုင်းပင်များကို အမှီပြုပြီး ရှင်သန်ရသည်။ မည်သို့ပင်ဖြစ်စေ သင်သည် ပျိုးထောင်ခြင်းခံရသောအချိန်တွင် ပြုသမျှနုနေရပြီး သင့်မိဘများက ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းသည်။ သင့်မိဘများက ပန်းတစ်ပွင့်ကို ဂရုစိုက်ခြင်းနှင့် တူညီသည်။ ၎င်းတို့သည် ပန်းတစ်ပွင့်ကို ဂရုစိုက်လိုသောကြောင့် ၎င်းတို့က ထိုပန်းကို မြေဩဇာကျွေးသင့်သည်။ ရေလောင်းသင့်သည်။ နေရောင်ကို အသေအချာရရှိစေရန် လုပ်ဆောင်သင့်သည်။ ထို့ကြောင့် လူတို့နှင့်ပတ်သက်လျှင် သင့်မိဘများက သင့်အား စေ့စပ်စွာ ကြည့်ရှုစောင့်ရှောက်သည်ဖြစ်စေ၊ သင့်အား အလွန်ပင် ဂရုစိုက်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းနေခြင်းသာ ဖြစ်သည်။...ယင်းသည် တာဝန်နှင့် ဝတ္တရားတစ်ခုဖြစ်သောကြောင့် အခမဲ့ဖြစ်သင့်သည်။ နစ်နာကြေးပေးရန် မတောင်းဆိုသင့်ပေ။ သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် သင့်မိဘများက ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းပေးနေခြင်းသာဖြစ်သည်။ ဤသည်မှာ အခမဲ့ဖြစ်သင့်သည်။ အပေးအယူ မဖြစ်သင့်ပေ။ ထို့ကြောင့် သင်သည် ၎င်းတို့အား နစ်နာကြေးပေးရန် စိတ်ကူးဖြင့် သင့်မိဘများကို ချဉ်းကပ်ရန်၊ သို့မဟုတ် ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးကို ကိုင်တွယ်ရန် မလိုအပ်ပေ။ သင်က ဤအယူအဆအတိုင်း သင့်မိဘများအား တကယ်ကို ဆက်ဆံလျှင်၊ ပြန်လည်ပေးဆပ်လျှင်၊ ၎င်းတို့နှင့် သင်၏ဆက်ဆံရေးအား ကိုင်တွယ်လျှင် ဤသည်မှာ လူသားမဆန်ပေ။ တစ်ချိန်တည်းတွင် ယင်းကြောင့် သင်သည် သင်၏ဇာတိပကတိ ခံစားချက်များ၏ ကန့်သတ်ခြင်းနှင့် ချည်နှောင်ခြင်းကို ခံရဖို့များသည်။ ဤရစ်ပတ်မှုများမှ လွတ်မြောက်ရန် သင့်အတွက် ခက်ခဲလိမ့်မည်။ သင်လမ်းပင်ပျောက်နိုင်သည့် အတိုင်းအတာအထိ ဖြစ်သည်။ သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်။ ထို့ကြောင့် ၎င်းတို့၏ မျှော်မှန်းချက်များအားလုံးကို အကောင်အထည်ဖော်ရန် သင့်၌ ဝတ္တရားမရှိပေ။ သင်သည် ၎င်းတို့၏ မျှော်မှန်းချက်များအတွက် ဒကာခံရန် ဝတ္တရားမရှိပေ။ ဆိုလိုသည်မှာ ၎င်းတို့တွင် ကိုယ့်ကိုယ်ပိုင်မျှော်မှန်းချက်များနှင့်ကိုယ် ရှိနိုင်သည်။ သင့်တွင် ကိုယ်ပိုင်ရွေးချယ်မှုများရှိသည်။ ပြီးလျှင် ဘုရားသခင်က သင့်အတွက် ပြင်ဆင်ပေးသည့် ဘဝလမ်းကြောင်းနှင့် ကံကြမ္မာရှိသည်။ ယင်းတို့သည် သင့်မိဘများနှင့် သက်ဆိုင်ခြင်းမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ မိဘတွေဟာ သားသမီးတွေရဲ့ အကြွေးရှင်တွေမဟုတ်ဘူး၊ မိဘတွေက သားသမီးတွေကို ကိုယ့်သဘောနဲ့ကိုယ် ပြုစုပျိုးထောင်တာဖြစ်ပြီး အဲဒီလိုလုပ်ဖို့ သူတို့ရွေးချယ်ခဲ့တဲ့အတွက် သူတို့မှာ သားသမီးတွေကို ပြုစုပျိုးထောင်ဖို့ တာဝန်နဲ့ ဝတ္တရားရှိတယ်ဆိုတာကို ကျွန်မ နားလည်လာခဲ့တယ်။ ဒီဖြစ်စဉ်မှာ မိဘတွေ ဘယ်လောက်ပဲ စွန့်လွှတ်ခဲ့ပါစေ အဲဒါဟာ မိဘတွေအနေနဲ့ သူတို့ရဲ့ တာဝန်ဖြစ်ပြီး ဘုရားသခင်က ဖန်ဆင်းခံတွေအတွက် သတ်မှတ်ပေးထားတဲ့ ဥပဒေသတစ်မျိုး ဖြစ်တယ်။ သဘာဝထဲက သတ္တဝါအများအပြားဟာ သူတို့ရဲ့ မျိုးဆက်တွေကို မျိုးပွားပြီး ပြုစုပျိုးထောင်ကြသလိုပဲ၊ သူတို့ဟာ ဖန်ဆင်းရှင်က ချမှတ်ထားတဲ့ ဥပဒေသတွေနဲ့ စည်းမျဉ်းတွေကို လိုက်နာနေရုံသက်သက်ပါပဲ။ လူသားတွေအတွက်လည်း ဒီအတိုင်းပါပဲ။ ကလေးယူဖို့ ရွေးချယ်တဲ့ မိဘတွေဟာ ကလေးတွေကို ပြုစုပျိုးထောင်ပြီး သူတို့ရဲ့ဘဝလမ်းခရီးကို ကိုယ်တိုင်ရွေးချယ်ခွင့်ပေးရမယ်၊ လွတ်လပ်ခွင့်ပေးရမယ်။ မိဘတွေက သူတို့ရဲ့ ကလေးတွေကို ပြုစုပျိုးထောင်ခဲ့ရုံနဲ့ ကျေးဇူးဆပ်ဖို့၊ ပြန်ပေးဖို့ တောင်းဆိုမယ်၊ ပိုကောင်းတဲ့ဘဝအတွက် ကိုယ်ပိုင်လိုအင်ဆန္ဒတွေ ဖြည့်ဆည်းဖို့ ကလေးတွေရဲ့ ဘဝလမ်းခရီး ရွေးချယ်ပိုင်ခွင့်ကိုတောင် စတေးမယ်ဆိုရင် ဒါဟာ တကယ်တော့ လူမဆန်ပါဘူး။ ဒီလိုမိဘတွေဟာ အရမ်းကို တစ်ကိုယ်ကောင်းဆန်တယ်။ ကျွန်မမိဘတွေအတွက် သားသမီးဝတ်ကျေပွန်ဖို့ ပိုက်ဆံမရှာတဲ့အတွက် ဘာကြောင့် အပြစ်ရှိသလို ခံစားခဲ့ရလဲဆိုတာ ပြန်စဉ်းစားကြည့်တဲ့အခါ သူတို့ရဲ့ စွန့်လွှတ်မှုတွေနဲ့ ဂရုစိုက်မှုတွေကို ကြင်နာမှုတစ်ခုအနေနဲ့ မြင်ခဲ့ပြီး၊ သူတို့ကို ကျွန်မရဲ့ အကြွေးရှင်တွေအနေနဲ့ မြင်ခဲ့လို့ပဲဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ နောင်တစ်ချိန်မှာ ပိုက်ဆံရှာနိုင်တဲ့အခါ သူတို့ကို ကောင်းကောင်းမွန်မွန် ပြန်ဆပ်ရမယ်၊ မဟုတ်ရင် ကျေးဇူးကန်းသူ၊ သားသမီးဝတ်မကျေသူ၊ လူ့သဘာဝကင်းမဲ့သူ ဖြစ်သွားမယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ၊ အမှုအရာတွေအပေါ်ထားတဲ့ ကျွန်မရဲ့အမြင်က မှားယွင်းနေတယ်ဆိုတာကို နားလည်ခဲ့တယ်။ ကျွန်မရဲ့မိဘတွေက ကျွန်မကို ပြုစုပျိုးထောင်ပြီး ဂရုစိုက်ခဲ့တာဟာ မိဘတွေအနေနဲ့ သူတို့ရဲ့ တာဝန်နဲ့ ဝတ္တရားကို ဖြည့်ဆည်းနေတာသက်သက်ပါပဲ။ ကျွန်မ သူတို့ကို ဘာအကြွေးမှမတင်ဘူး၊ သူတို့ရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့လည်း တာဝန်မရှိဘူး။ ဘဝမှာ ဘယ်လိုလမ်းကြောင်းမျိုးကို လျှောက်လှမ်းမလဲဆိုတာ ကျွန်မမှာ ရွေးချယ်ပိုင်ခွင့် ရှိတယ်၊ ဒီလို ကြင်နာမှုဆိုတဲ့အရာနဲ့ ဘောင်ခတ်တာကို မခံသင့်ဘူး၊ ဒါက ကျွန်မ ဒီဘဝမှာ ကျွန်မရဲ့ လွတ်လပ်ခွင့်ကို ဆုံးရှုံးစေပြီး သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးကိုတောင် ဆုံးရှုံးစေမှာ ဖြစ်လို့ပေါ့။ ကျွန်မဘဝရဲ့ အဆင့်တစ်ဆင့်ချင်းစီကို ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါ ငယ်ငယ်က အသက်အန္တရာယ်ရှိတဲ့ မတော်တဆမှုတွေ သုံးလေးကြိမ် ကြုံခဲ့ရပေမဲ့ ဘုရားသခင်ရဲ့ အံ့ဖွယ်ကောင်းတဲ့ စောင့်ရှောက်မှုကြောင့် ကျွန်မ အသက်ရှင်လွတ်မြောက်ခဲ့တယ်။ တစ်ခါက အရှိန်နဲ့မောင်းလာတဲ့ ကားတစ်စီးက ကျွန်မကို တိုက်လိုက်လို့ လမ်းတစ်ဖက်ကို လွင့်စင်သွားပြီး သတိလစ်သွားခဲ့တယ်၊ ဒါပေမဲ့ သတိပြန်ရလာတဲ့အခါမှာတော့ ကျွန်မမှာ အသေးစားအရိုးအက်တာတွေနဲ့ ပွန်းပဲ့ဒဏ်ရာနည်းနည်းပဲ ရခဲ့တယ်။ နောက်တစ်ခါကျတော့ စိတ်ကစဉ့်ကလျားရောဂါရှိတဲ့ လူတစ်ယောက်က ကျွန်မကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တယ်။ အဲဒါက အလွန်သွေးထွက်သံယိုဖြစ်ပြီး ကြမ်းတမ်းတဲ့ ဖြစ်ရပ်တစ်ခုပေါ့။ ဒါပေမဲ့ ကျွန်မရဲ့ ဦးနှောက် မထိခိုက်ခဲ့ဘူး၊ မျက်နှာလည်း မပျက်စီးခဲ့ဘူး၊ ပြီးတော့ ခေါင်းမှာ ချုပ်ရိုးနည်းနည်းပဲ ချုပ်ဖို့ လိုခဲ့ပြီး အရိုးတစ်ချောင်းပဲ ကျိုးခဲ့တယ်၊ တခြား ထိခိုက်ဒဏ်ရာကြီးကြီးမားမား မရှိခဲ့ဘူး။ ကျွန်မကြီးပြင်းလာတဲ့ ဒီအတွေ့အကြုံတွေကို သိတဲ့သူတိုင်းက ကျွန်မ တကယ်ကံကောင်းတယ်လို့ ပြောကြတယ်။ တကယ်တော့ ဒါက ကံကောင်းတာမဟုတ်ပါဘူး။ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုပါပဲ။ ပြန်စဉ်းစားကြည့်တဲ့အခါမှာ ဘုရားသခင်ရဲ့ ဂရုစိုက်မှုနဲ့ စောင့်ရှောက်မှုအောက်မှာ ဒီနေ့ဒီအချိန်အထိ ကျွန်မ လူလားမြောက်ခဲ့တာကို ကျွန်မ မြင်ခဲ့တယ်။ ကျွန်မအတွက် ဘုရားသခင် ချမှတ်ပေးထားတဲ့ ဘဝလမ်းကြောင်းနဲ့ ပြီးမြောက်အောင်လုပ်ဆောင်ရမယ့် အထူးတာဝန် ကျွန်မမှာရှိတယ်။ မိဘတွေအတွက်ပဲ ကျွန်မ အသက်ရှင်မနေသင့်ဘူး။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့ရတယ်။ “သင့်မိဘများ၏ မျှော်မှန်းချက်များနှင့် ပတ်သက်လာသည့်အခါ မည်သည့် ဝန်ထုပ်မျှ သင် မထမ်းရွက်သင့်ပေ။ သင်၏ မိဘများ စေခိုင်းသည့်အတိုင်း သင် လုပ်ဆောင်လျှင် သင်၏ ကံကြမ္မာက ပြောင်းလဲခြင်းမရှိပေ။ သင့်မိဘများ၏ မျှော်မှန်းချက်များကို သင် မလိုက်လျှောက်သကဲ့သို့ ၎င်းတို့ကို သင် စိတ်ပျက်အောင်လုပ်လျှင် သင်၏ ကံကြမ္မာက မပြောင်းမလဲ ရှိနေဆဲ ဖြစ်သည်။ သင့်ရှေ့တွင်ရှိသည့် လမ်းကြောင်းက မည်သို့သောအလားအလာ ရှိမည်ဖြစ်စေ ထိုကဲ့သို့ပင် ဖြစ်လိမ့်မည်။ ထိုအရာကို ဘုရားသခင်က စီမံနှင့်ပြီးသားဖြစ်၏။ အလားတူစွာပင် သင့်မိဘများ၏ မျှော်မှန်းချက်များကို သင် ပြည့်မီလျှင်၊ သင့်မိဘများကို စိတ်ကျေနပ်စေပြီး ၎င်းတို့ကို စိတ်ပျက်အောင် မလုပ်လျှင် ယင်းမှာ သာ၍ ကောင်းမွန်သည့် ဘဝကို ၎င်းတို့ အသက်ရှင်ရမည်ဟု ဆိုလိုသလော။ ထိုအရာက ၎င်းတို့၏ ဆင်းရဲဒုက္ခခံစားခြင်းနှင့် မတရားဖိနှိပ်ခံရခြင်း ကံကြမ္မာကို ပြောင်းလဲပေးနိုင်သလော။ (မပြောင်းလဲပေးနိုင်ပါ။) လူအချို့က ၎င်းတို့၏ မိဘများသည် ၎င်းတို့ကို ပြုစုပျိုးထောင်ပေးရာတွင် ကြင်နာမှုအလွန်များစွာ ပေးထားပြီးဖြစ့်သည်၊ ထိုအချိန်အတောအတွင်းတွင် ၎င်းတို့၏ မိဘများက အလွန်များစွာ ဆင်းရဲဒုက္ခခံစားခဲ့ရသည်ဟု တွေးကြသည်။ ထို့ကြောင့် ငွေများစွာ ရပြီး ငွေအမြောက်အမြား ရှာဖွေရန် အလုပ်ကောင်းတစ်ခုကို ၎င်းတို့ ရှာဖွေလိုကြပြီးနောက် ဒုက္ခကို ခါးစီးခံလိုကသည်။ ပင်ပန်းခက်ခဲသော အလုပ်ကို တွေ့ကြုံခံစားလိကြသည်။ လုံ့လဝီရိယရှိလိုပြီး အလုပ်ကြိုးစားလိုကသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ ၎င်းတို့၏ မိဘများအား အနာဂတ်၌ အိမ်ကြီးရခိုင်တစ်ခုတွင် နေထိုင်လျက်၊ ကား အကောင်းစားတစ်စီးကို စီးကာ ကောင်းစွာ စားသောက်လျက် အခွင့်ထူးရသည့် ဘဝတစ်ခုကို ပေးရန်ဖြစ်သည်။ သို့သော် နှစ်ချီ အားသွန်ခွန်စိုက် အလုပ်လုပ်ပြီးသည့်နောက်တွင် ၎င်းတို့၏ အသက်ရှင်နေထိုင်မှု အနေအထားများနှင့် အခြေအနေများ တိုးတက်ပြီးဖြစ်သော်လည်း ၎င်းတို့၏ မိဘများသည် ထိုချမ်းသာကြွယ်ဝမှုကို တစ်ရက်မျှ မွေ့လျော်ခံစားလိုက်ရခြင်းမရှိဘဲ ကွယ်လွန်သွားကြသည်။ ဤအတွက် အဘယ်သူကို အပြစ်တင်ရမည်နည်း။ သင်သည် အမှုအရာများကို သူ့အလိုလို ဖြစ်ခွင့်ပေးလျှင်၊ ဘုရားသခင်ကို စီစဉ်ညွှန်ကြားခွင့်ပေးပြီး ဤဝန်ထုပ်ကို မထမ်းရွက်လျှင် သင်၏ မိဘများ ကွယ်လွန်သည့်အခါ သင် အပြစ်ရှိသည့်စိတ် ခံစားရမည်မဟုတ်ပေ။ သို့ရာတွင် သင်၏ မိဘများကို ပြန်ပေးဆပ်ကာ သူတို့အနေဖြင့် သာ၍ကောင်းမွန်သည့် ဘဝတစ်ခု အသက်ရှင်စေရန် ကူညီပေးဖို့ အလွန် အပင်ပန်းခံကာ ကြိုးစားပြီး အလုပ်လုပ်သော်လည်း ထို့နောက် ၎င်းတို့ သေဆုံးသွားလျှင် သင် မည်သို့ ခံစားရမည်နည်း။ သင်၏ တာဝန်ထမ်းဆောင်ခြင်းကို သင် နှောင့်နှေးစေပြီး သမ္မာတရား ရရှိခြင်းကို နှောင့်နှေးစေလျှင် သင်၏ တစ်သက်တာ ကျန်သည့်အချိန်များတွင် သင်သည် စိတ်လက်ချမ်းသာစွာ နေထိုင်နိုင်ဦးမည်လော။ (နေထိုင်နိုင်မည်မဟုတ်ပါ။) သင်၏ ဘဝသည် ထိခိုက်လိမ့်မည်ဖြစ်ပြီး သင့်ဘဝ၏ ကျန်ရှိသည့်အချိန်တွင် သင်သည် ‘သင်၏ မိဘများကို တာဝန်မကျေခဲ့ခြင်း’ဝန်ထုပ်ကို အမြဲ ထမ်းရလိမ့်မည်။...မိဘများသည် မိမိတို့၏ ကိုယ်ပိုင် အခြေအနေများအတိုင်း၊ ပြီးလျှင် ဘုရားသခင် ပြင်ဆင်ထားသည့် အခြေအနေများနှင့် ပတ်ဝန်းကျင်များအတိုင်း မိမိတို့ သားသမီးများအတွက် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသင့်ကြပေသည်။ သားသမီးများက ၎င်းတို့၏ မိဘများအတွက် လုပ်ဆောင်သင့်သည့် အရာမှာလည်း ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သည့် အခြေအနေများအပေါ် အခြေခံပြီး ၎င်းတို့ရှိနေကြသည့် ပတ်ဝန်းကျင်အတိုင်းသာ ဖြစ်သည်။ ထိုမျှသာဖြစ်၏။ မိဘများကဖြစ်စေ၊ သားသမီးများကဖြစ်စေ လုပ်ဆောင်သည့်အရာရာတိုင်းသည် မိမိတို့ကိုယ်ပိုင် အားထုတ်မှုကြောင့် တစ်ဖက်လူအနေဖြင့် သာ၍ကောင်းမွန်၊ သာ၍ပျော်ရွှင်ပြီး သာ၍ အကောင်းဆုံးဖြစ်သော ဘဝတစ်ခုကို အသက်ရှင်နိုင်ရန်အလို့ငှာ မိမိ၏ ကိုယ်ပိုင် အစွမ်း သို့မဟုတ် တစ်ကိုယ်ကောင်းဆန်သည့် စိတ်ဆန္ဒများမှတစ်ဆင့် တစ်ဖက်လူ၏ ကံကြမ္မာကို ပြောင်းလဲမည့် ရည်ရွယ်ချက်အတွက် မဖြစ်သင့်ပေ။ ယင်းမှာ မိဘများဖြစ်စေ၊ သားသမီးများဖြစ်စေ လူတိုင်းသည် မိမိတို့ကိုယ်ပိုင် အားထုတ်မှုများ သို့မဟုတ် တစ်ကိုယ်ရေ စိတ်ပိုင်းဖြတ်ချက်တစ်ခုခုမှတစ်ဆင့် အမှုအရာများကို ပြောင်းလဲရန် ကြိုးစားခြင်းထက် ဘုရားသခင် စီစဉ်ထားသည့် ပတ်ဝန်းကျင်အတွင်းတွင် ထိုအမှုအရာများကို သူ့အလိုလို ဖြစ်ခွင့်ပေးသင့်ပေသည်။ သင့်ထံတွင် ၎င်းတို့နှင့်ပတ်သက်သည့် ဤအတွေးမျိုး ရှိသောကြောင့် သင့်မိဘများ၏ ကံကြမ္မာပြောင်းလဲသွားလိမ့်မည် မဟုတ်။ ၎င်းတို့၏ ကံကြမ္မာကို ဘုရားသခင်က အချိန်ကြာမြင့်စွာက စီမံထားပြီးဖြစ်သည်။ ၎င်းတို့ ဘဝ၏ နယ်ပယ်အတွင်းတွင် နေထိုင်ရန်၊ ၎င်းတို့ထံမှ မွေးဖွားရန်၊ ၎င်းတို့၏ ပြုစုပျိုးထောင်ပေးခြင်းကို ခံရရန်နှင့် ၎င်းတို့နှင့် ဤဆက်ဆံရေးရှိရန် ဘုရားသခင်က သင့်အတွက် စီမံခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အတွက် သင်၏ တာဝန်မှာ သင်၏ ကိုယ်ပိုင် အခြေအနေများအတိုင်း ၎င်းတို့ကို အဖော်ပြုပေးရန်နှင့် အချို့သော ဝတ္တရားများကို ထမ်းဆောင်ရန်သာ ဖြစ်သည်။ သင့်မိဘများ၏ လတ်တလော အခြေအနေကို ပြောင်းလဲရန် အလိုရှိခြင်းအတွက် သို့မဟုတ် ၎င်းတို့ကို သာ၍ကောင်းမွန်သည့် ဘဝတစ်ခု ရှိစေလိုခြင်းအတွက်မူ ယင်းတို့အားလုံးမှာ မလိုလားအပ်သောအရာသာ ဖြစ်၏။ သို့မဟုတ် သင့်အိမ်နီးချင်းများနှင့် ဆွေမျိုးများက သင့်ကို အထင်ကြီးစေရန်၊ သင်၏ မိဘများကို ဂုဏ်အသရေ ဆောင်ကြဉ်းပေးရန်၊ မိသားစုအတွင်းတွင် သင့်မိဘများအတွက် ဩဇာ ရရှိစေရန် သာ၍ပင် မလိုအပ်ပေ။ မိမိတို့၏ အိမ်ထောင်ဖက်က စွန့်ပစ်သည်ကို ခံရပြီး သင့်ကို လူလားမြောက်သည့်အရွယ်ထိ မိမိတို့ဘာသာ ပြုစုပျိုးထောင်ခဲ့သည့် တစ်ခုလပ် မိခင်များ သို့မဟုတ် ဖခင်များလည်း ရှိပေသည်။ ၎င်းတို့အတွက် အဘယ်မျှ ခက်ခဲခဲ့သည်ကို သင် သာ၍ပင် ခံစားရပြီး ၎င်းတို့ ပြောဆိုသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည့်အဆင့်ထိပင် ၎င်းတို့ကို ပြန်လည်ပေးဆပ်ရန်နှင့် အလျော်ပေးရန် သင့်ဘဝတစ်ခုလုံးကို သင် အသုံးပြုချင်လေသည်။ သင့်အပေါ် ၎င်းတို့ တောင်းဆိုသည့်အရာ၊ သင့်ထံမှ ၎င်းတို့ မျှော်လင့်သည့်အရာအပြင် သင့်ကိုယ်သင် လုပ်ဆောင်ရန် လိုလားနေသည့်အရာ အားလုံးတို့သည် သင်၏ ဤဘဝ၌ ဝန်ထုပ်များ ဖြစ်လာကြလေသည်။ ဤသို့ မဖြစ်သင့်ပေ။ ဖန်ဆင်းရှင်၏ မျက်မှောက်တွင် သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ ဤဘဝတွင် သင် လုပ်ဆောင်သင့်သည့်အရာမှာ သင်၏ မိဘများထံ သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းသာ မဟုတ်ဘဲဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ ဝတ္တရားများနှင့် တာဝန်များကို ဖြည့်ဆည်းရန် ဖြစ်သည်။ သင်သည် သင်၏ မိဘများအတွက် သင်၏ ဝတ္တရားများကို သင်၏ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များ၊ သို့မဟုတ် သင့်အသိစိတ်၏ လိုအပ်ချက်များကို အခြေခံ၍ ၎င်းတို့အတွက် တစ်ခုခု လုပ်ဆောင်ခြင်းအားဖြင့်မဟုတ်ဘဲ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းမျာကို အခြေခံ၍သာ ဖြည့်ဆည်းနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို အထပ်ထပ် တွေးဆပြီး လူတစ်ယောက်ရဲ့ ကံကြမ္မာဟာ ဖန်ဆင်းရှင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာကို နားလည်လာခဲ့တယ်။ ကျွန်မမိဘတွေ ဒီဘဝမှာ ဘယ်လောက် ဒုက္ခခံရမလဲ၊ ကောင်းမွန်တဲ့ဘဝကို နေထိုင်နိုင်မလားဆိုတာကို ဘုရားသခင်က အမိန့်နဲ့ပြဋ္ဌာန်းထားပြီးသားဖြစ်ပြီး ကျွန်မနဲ့ သိပ်မသက်ဆိုင်ပါဘူး။ ကျွန်မက အဆင့်မြင့်ပညာရေးရှိပြီး ပိုက်ဆံရှာနိုင်လို့ သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ပြီး သူတို့ကို ပိုကောင်းတဲ့ ဘဝပေးနိုင်တာ မဟုတ်ဘူး။ တက္ကသိုလ်တက်နိုင်မလား၊ ဒါမှမဟုတ် ဘယ်လိုဘွဲ့ဒီဂရီမျိုးကို ရမလဲဆိုတာ အပါအဝင် ကျွန်မကံကြမ္မာဟာလည်း ဘုရားသခင်က အမိန့်နဲ့ပြဋ္ဌာန်းထားပြီးသားဖြစ်ပြီး ကျွန်မမိဘတွေရဲ့ ကျေးဇူးကြောင့် မဟုတ်ပါဘူး။ ကျွန်မက အဆင့်မြင့်ပညာရေးရှိပေမဲ့ ကျွန်မမိဘတွေအတွက် သားသမီးဝတ္တရားကျေပွန်အောင် အလုပ်မလုပ်ဘဲ ပိုက်ဆံမရှာနိုင်တာကို တွေးမိတဲ့အခါ အပြစ်ရှိတယ်လို့ ခံစားခဲ့ရတဲ့ အကြောင်းရင်းက လူ့ကံကြမ္မာဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတဲ့ အချက်ကို ကျွန်မ ထွင်းဖောက်မမြင်နိုင်ခဲ့လို့ပဲ။ ကျွန်မဟာ “အသိပညာသည် သင်၏ကံကြမ္မာကို ပြောင်းလဲနိုင်၏” ဆိုတဲ့ စာတန်ရဲ့အဆိပ်အတောက်နဲ့ အသက်ရှင်နေတုန်းပဲ၊ ပညာအရည်အချင်းမြင့်မားပြီး အလုပ်ကောင်းကောင်းရှိရင် မိဘတွေရဲ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်ပြီး သူတို့ကို ပိုကောင်းတဲ့ဘဝကို ပေးနိုင်တယ်လို့ ယုံကြည်နေခဲ့တာပေါ့။ တကယ်တော့ ကျွန်မက မိဘတွေရဲ့ကံကြမ္မာကို တကယ်ပြောင်းလဲပေးနိုင်လို့လား။ ကျွန်မ ဦးလေးအကြောင်း တွေးမိတယ်၊ သူက သူ့သား တက္ကသိုလ်တက်နိုင်ဖို့ သူ့ဘဝတစ်လျှောက်လုံးနီးပါး ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရတယ်။ နောက်ဆုံးတော့ သူ့သားက တက္ကသိုလ်တက်ခဲ့ပြီး မြို့မှာ အိမ်တစ်လုံးဝယ်ခဲ့တယ်၊ ပြီးတော့ မိသားစုက နောက်ဆုံးမှာ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်တော့မယ်လို့ ထင်ရတဲ့အချိန်မှာပဲ၊ ကျွန်မဦးလေးက မမျှော်လင့်ဘဲ ဆုံးပါးသွားခဲ့တယ်။ နောက်ပြီးတော့ ကျွန်မအဒေါ်ပေါ့၊ သူက ကျွန်မရဲ့ အစ်ကိုဝမ်းကွဲ အလုပ်ကောင်းကောင်းရဖို့ မျှော်လင့်ချက်နဲ့ တက္ကသိုလ်ပြီးအောင် ပင်ပင်ပန်းပန်း ထောက်ပံ့ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မရဲ့အစ်ကိုဝမ်းကွဲက သူ့ရဲ့ တကယ့်အလုပ်ကို ကောင်းကောင်းမလုပ်တဲ့အပြင် အလုပ်ကို ကောင်းကောင်းမလုပ်နိုင်ရုံမက လိမ်လည်လှည့်ဖြားခံခဲ့ရသေးတယ်။ သူက ရင်းနှီးမြှုပ်နှံဖို့ မိသားစုဆီက ယွမ်တစ်သိန်းကျော်ယူသွားပြီး နောက်ဆုံးမှာတော့ အရင်းပါ အကုန်ဆုံးရှုံးခဲ့ရတယ်။ ကျွန်မပတ်ဝန်းကျင်မှာ ဒီလိုဥပမာတွေ အများကြီးရှိခဲ့တယ်၊ ဒါတွေက မိဘရော သားသမီးပါ တစ်ယောက်ရဲ့ကံကြမ္မာကို တစ်ယောက်က ပြောင်းလဲပေးလို့မရဘူးဆိုတာကို သက်သေပြနေတယ်။ လူတစ်ယောက်ဟာ ဘဝကောင်းကောင်းရမရဆိုတာကို ဘုရားသခင်က အမိန်နဲ့ပြဋ္ဌာန်းထားပြီးသားဖြစ်ပြီး ဘယ်လောက်ပဲ ကိုယ်တိုင် ကြိုးစားအားထုတ်ပါစေ ဒါကို မပြောင်းလဲနိုင်ပါဘူး။ ဘုရားသခင်ကိုသာ ကျွန်မ မယုံကြည်ခဲ့ရင် လောကရဲ့ရေစီးကြောင်းနောက်ကို အဲဒီလို လိုက်မိမှာပဲ၊ အိမ်ထောင်ပြု၊ အိမ်နဲ့ကားဝယ်၊ ကလေးတွေမွေးပြီး အိမ်အရစ်ကျငွေနဲ့ ကားအရစ်ကျငွေတွေနဲ့ လုံးပန်းနေရမှာပဲ။ ဒါဆိုရင် ကျွန်မမိဘတွေကို သားသမီးဝတ္တရားကျေပွန်အောင် လုပ်ဖို့ ကျွန်မမှာ အင်အားနဲ့ အပိုငွေ ဘယ်လောက် ရှိမှာလဲ။ ကျွန်မ နေ့စဉ်ဘဝမှာ ဖိအားတွေ အများကြီးရှိနေရင် ကျွန်မမိဘတွေဆီက ထောက်ပံ့မှုကိုတောင် မှီခိုအားထားရနိုင်တယ်။ ကျွန်မက တာဝန်ထမ်းဆောင်ပြီး မိဘတွေကို သားသမီးဝတ်ကျေပွန်ဖို့ အလုပ်လုပ်ပြီး ပိုက်ဆံမရှာတဲ့အတွက် သူတို့ဘဝက မကောင်းဘူးလို့ ကျွန်မထင်ခဲ့တယ်။ ဒါဟာ အဓိပ္ပာယ်မရှိဘူး။ ကျွန်မမိဘတွေရဲ့ ဘဝအခြေအနေ၊ သူတို့တစ်သက်တာ ကြုံတွေ့ရမယ့် ပတ်ဝန်းကျင်တွေနဲ့ ခံစားရမယ့် ဒုက္ခဝေဒနာတွေအားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးသားပါ။ ဒါတွေဟာ ကျွန်မ ဘုရားသခင်ကို ယုံကြည်တာ၊ မယုံကြည်တာ၊ ဒါမှမဟုတ် တာဝန်ထမ်းဆောင်တာ၊ မထမ်းဆောင်တာနဲ့ ဘာမှမဆိုင်ပါဘူး။ လူ့အဖွဲ့အစည်းနဲ့ ကျွန်မမိသားစုက သွတ်သွင်းခဲ့တဲ့ မှားယွင်းတဲ့အမြင်တွေအတိုင်း ကျွန်မ ဆက်အသက်မရှင်သင့်တော့ဘူး။ မိဘတွေအတွက် အလွန်အကျွံ စိုးရိမ်ပူပန်နေတာဟာ မိုက်မဲပြီး အဓိပ္ပာယ်မရှိပါဘူး။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မကို အသက်ပေးပြီး ဆုကျေးဇူးတွေနဲ့ ပင်ကိုစွမ်းရည်တွေ ချီးမြှင့်ပေးခဲ့တာက ဘုရားသခင်ပဲ၊ ပြီးတော့ ကျွန်မရဲ့ အတွေ့အကြုံနဲ့ အသိပညာကို ကျယ်ပြန့်စေဖို့အတွက် အခြေအနေအမျိုးမျိုးကို စီစဉ်ပေးခဲ့တယ်။ နောက်ဆုံးမှာ ကိုယ်တော်က ကျွန်မကို ဖန်ဆင်းရှင်ရဲ့ အသံတော်ကို ကြားခွင့်ပေးပြီး ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့ ရေလောင်းမှုနဲ့ ထောက်ပံ့မှုကို ခံစားခွင့်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့အချိန်နဲ့အင်အားကို အပြုသဘောဆောင်တဲ့အရာတွေကို လိုက်စားဖို့၊ လူတွေပိုများများ ဘုရားသခင်ရဲ့ အသံတော်ကိုကြားပြီး ကိုယ်တော့်ရဲ့ ကယ်တင်ခြင်းကို ရရှိအောင် ကူညီဖို့အတွက် ပေးအပ်မြုပ်နှံသင့်တယ်။ ဒါကသာ အဓိပ္ပာယ်ရှိပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မ ကောင်းကောင်း ဖြည့်ဆည်းသင့်တဲ့ တာဝန်နဲ့ ဝတ္တရားဖြစ်တယ်။

ကျွန်မ ဘုရားနှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ “ပထမအချက်အနေဖြင့် လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် နေအိမ်မှ စွန့်ခွာဖို့ ရွေးချယ်ကြသည်။ ယင်းမှာ ဆက်စပ်လွှမ်းခြုံမှုရှိသော အပြင်ပန်း အခြေအနေများကြောင့် တစ်စိတ်တစ်ဒေသဖြစ်ပြီး ထိုအခြေအနေများကြောင့် ၎င်းတို့၏ မိဘများကို စွန့်ခွာရန် လိုအပ်လာခြင်း ဖြစ်၏။ ထိုသူတို့သည် မိမိတို့၏ မိဘများကို စောင့်ရှောက်ပြီး အဖော်ပြုပေးရန် ၎င်းတို့ဘေးတွင် မနေနိုင်ကြပေ။ ထိုသူတို့အနေဖြင့် မိမိတို့ မိဘများကို စွန့်ခွာရန် လိုလိုလားလား ရွေးချယ်ကြခြင်း မဟုတ်ပေ။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်ဖြစ်သည်။ နောက်တစ်ချက်အနေဖြင့် မိမိ၏ ဆန္ဒအလျောက် ပြောရလျှင် သင်သည် မိမိ၏ မိဘများအပေါ် မိမိ၏ ဝတ္တရားကို ရှောင်ရှားရန်အတွက် သင်၏ တာဝန်များကို သွားရောက် ထမ်းဆောင်ခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကြောင့် သင်၏ တာဝန်များကို ထမ်းဆောင်ရန် ထွက်သွားခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်အလို့ငှာ သူ၏ ခေါ်ဆောင်ခြင်းကို လက်ခံရန် အဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန်အလို့ငှာ သင်၏ မိဘများကို စွန့်ခွာရန်မှလွဲ၍ သင်၌ ရွေးချယ်စရာ မရှိခဲ့ပေ။ ၎င်းတို့ကို အဖော်ပြုပေးပြီး စောင့်ရှောက်ရန် ၎င်းတို့ နံဘေးတွင် သင် မနေနိုင်ပေ။ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို သင် စွန့်ခွာခဲ့ခြင်း မဟုတ်၊ မှန်သလော။ သင်၏ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို စွန့်ခွာခြင်းနှင့် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကို ပြန်ကြားကာ သင်၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့ကို စွန့်ခွာရခြင်းဟူသည့် ဤအရာများသည် မတူကွဲပြားသည့် သဘာဝနှစ်ခုနှင့် သက်ဆိုင်သည် မဟုတ်လော။ (သက်ဆိုင်ပါသည်။) သင်၏ စိတ်နှလုံးတွင် သင့်မိဘများအတွက် စိတ်ခံစားမှုဆိုင်ရာ သံယောဇဉ်နှင့် လွမ်းဆွတ်သတိရခြင်းများ ရှိသည်မှာ အမှန်ဖြစ်သည်။ သင်၏ ခံစားချက်များက ဗလာ မရှိပေ။ ပြင်ပ အခြေအနေများက အခွင့်ပေးပြီး သင်၏ တာဝန်များကို ထမ်းဆောင်ရင်း ၎င်းတို့ နံဘေးတွင် သင် နေနိုင်လျှင်၊ သင်သည် ၎င်းတို့ကို ပုံမှန် စောင့်ရှောက်ကာ သင်၏ ဝတ္တရားများကို ဖြည့်ဆည်းရင်း ၎င်းတို့ နံဘေးတွင်နေရန် လိုလားနေပေမည်။ သို့ရာတွင် ပြင်ပ အခြေအနေများကြောင့် ၎င်းတို့ကို သင် စွန့်ခွာရမည်ဖြစ်သည်။ ၎င်းတို့နံဘေးတွင် သင် ရှိမနေနိုင်ပေ။ ၎င်းတို့၏ သားသမီးအနေဖြင့် သင်၏ ဝတ္တရားများကို သင် မဖြည့်ဆည်းချင်သောကြောင့် မဟုတ်ဘဲ မဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။ ဤအရာသည် သဘာဝအားဖြင့် ကွဲပြားသည် မဟုတ်လော။ (ကွဲပြားပါသည်။) သားသမီးဝတ် ကျေပွန်ခြင်းနှင့် သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းအား ရှောင်ရှားရန် သင် အိမ်ကို စွန့်ခွာခဲ့လျှင် ယင်းမှာ သားသမီးဝတ် မကျေပွန်ခြင်းနှင့် လူ့သဘာဝ ကင်းမဲ့ခြင်း ဖြစ်သည်။ သင်၏ မိဘများက သင့်ကို ပြုစုပျိုးထောင်ခဲ့သော်လည်း သင်သည် ဘဝတွင် အခြေချရန်နှင့် သင့်ဘာသာ အလျင်အမြန် ထွက်သွားရန် မစောင့်နိုင်ပေ။ သင်၏ မိဘများကို သင် မမြင်လိုသကဲ့သို့ ၎င်းတို့ ကြုံရသည့် အခက်အခဲတစ်ခုခုနှင့်ပတ်သက်၍ ကြားသည့်အခါ သင်သည် အရေးစိုက်မှု တစ်စက်မျှ မရှိပေ။ ကူညီရန် နည်းလမ်း သင့်တွင် ရှိလျှင်ပင် သင် မကူညီ။ မကြားသလိုသာ ဟန်ဆောင်ပြီး အခြားသူများအား သင့်အကြောင်း ပြောလိုသည့် မည်သည့်အရာကိုမဆို ပြောခွင့်ပေးလိုက်သည်။ သင်၏ ဝတ္တရားများကို သင် တကယ်ကို မဖြည့်ဆည်းလိုပေ။ ဤသည်မှာ သားသမီးဝတ်မကျေပွန်ခြင်း ဖြစ်၏။ သို့ရာတွင် ယခု ဤသို့ ဖြစ်သလော။ (မဟုတ်ပါ။) များစွာသော လူတို့သည် ၎င်းတို့ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ခရိုင်များ၊ မြို့များ၊ ပြည်နယ်များ၊ သို့မဟုတ် ၎င်းတို့၏ နိုင်ငံများကိုပင် စွန့်ခွာကြပြီးဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ဇာတိမြို့များမှ အလှမ်းဝေးနှင့်ကြပေသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့၏ မိသားစုများနှင့် ဆက်သွယ်နေရန် ၎င်းတို့အတွက် အဆင်မပြေပေ။ ၎င်းတို့သည် ဇာတိမြို့တစ်မြို့တည်းမှလာသည့် လူများထံမှ မိမိတို့ မိဘများ၏ လက်ရှိ အခြေအနေအကြောင်းကို ရံဖန်ရံခါ မေးမြန်းကြပြီး ၎င်းတို့၏ မိဘများက ကျန်းမာကာ အဆင်ပြေနေဖြစ်ကြောင်းကို ကြားသည့်အခါ စိတ်သက်သာရာရကြသည်။ အမှန်တွင် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်။ သင်သည် သင်၏ မိဘများကို ပြုစုစောင့်ရှောက်ရန် သို့မဟုတ် ၎င်းတို့အပေါ် သင်၏ တာဝန်များကို ဖြည့်ဆည်းရန်ပင် အလိုမရှိသည့် လူ့သဘာဝကင်းမဲ့သောအဆင့်သို့ ရောက်ရှိသွားခြင်းမျိုး မဟုတ်ပေ။ သင်သည် သင်၏ ဝတ္တရားကို မဖြည့်ဆည်းနိုင်သည့် သင် အမျိုးမျိုးသော ပြင်ပအကြောင်းရင်းများကြောင့် ဖြစ်သည့်အတွက် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆))သင်က မှန်ကန်ပြီး ဘုရားသခင်ထံမှလာသော သမ္မာတရားစည်းမျဉ်း၊ အယူအဆ၊ သို့မဟုတ် အမြင်ကို လိုက်နာလျှင် သင့်ဘဝက အလွန်ပင် စိုးရိမ်သောကကင်းလိမ့်မည်။ လူထုအမြင်၊ သို့မဟုတ် သင့်အသိစိတ်၏ သိမြင်မှု၊ သို့မဟုတ် သင့်ခံစားချက်များ၏ ဝန်ထုပ်ဝန်ပိုးတို့က သင့်မိဘများနှင့် သင်၏ဆက်ဆံရေးအား သင်ကိုယ်တွယ်သည့်ပုံစံကို ဟန့်တားတော့မည်မဟုတ်ပေ။ ယှဉ်ကြည့်လျှင် ဤအရာများသည် သင့်အား ဤဆက်ဆံရေးကို မှန်ကန်ပြီး ဆင်ခြင်တုံတရားရှိသောနည်းဖြင့် ရင်ဆိုင်နိုင်အောင် ထောက်ကူပေးလိမ့်မည်။ သင်သည် ဘုရားသခင်က လူအား ပေးအပ်ခဲ့သော သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်လျှင် လူတို့က သင့်နောက်ကွယ်၌ သင့်အား ဝေဖန်လျှင်ပင် သင်သည် ငြိမ်သက်ခြင်းကို ခံစားရပြီး သင်၏ စိတ်နှလုံးအတွင်းထဲတွင် တည်ငြိမ်မှုရှိလိမ့်မည်။ ပြီးလျှင် သင့်အပေါ် သက်ရောက်မှုရှိမည်မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် သင်သည် စာနာစိတ်မရှိသော ကျေးဇူးကန်းသူတစ်ယောက်ဖြစ်ခြင်းအတွက် သင့်ကိုယ်သင် ဒေါသဖြင့် ဝေဖန်ပြောဆိုမည်မဟုတ်၊ သို့မဟုတ် သင့်စိတ်နှလုံးအတွင်းထဲ၌ လိပ်ပြာမလုံခြင်းကို ခံစားရမည်မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၏ လုပ်ဆောင်မှုများအားလုံးသည် ဘုရားသခင်က သင့်အား သွန်သင်ပေးခဲ့သော နည်းလမ်းများအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်ကိုလည်းကောင်း၊ သင်သည် ဘုရားနှုတ်ကပတ်တော်ကို နားထောင်ပြီး ကျိုးနွံနာခံနေကာ သူ၏ လမ်းခရီးနောက်သို့ လိုက်နေသည်ကိုလည်းကောင်း သင်သိမည်ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်အား နားထောင်ခြင်းနှင့် သူ၏ လမ်းခရီးနောက်သို့ လိုက်ခြင်းသည် အားလုံးထဲတွင် လူတို့ အပိုင်ဆိုင်သင့်ဆုံးသော အသိစိတ်ဖြစ်သည်။ ဤအရာများကို သင်လုပ်ဆောင်နိုင်သောအခါမှသာ သင်သည် စစ်မှန်သော လူတစ်ယောက် ဖြစ်လိမ့်မည်။ သင်သည် ဤအရာများကို မဖြစ်မြောက်ခဲ့လျှင် သင်သည် စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူတစ်ယောက် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဒီဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်ပြီးတဲ့အခါ ကျွန်မ အရမ်းကို တို့ထိခံခဲ့ရတယ်။ မျက်ရည်တွေက ထိန်းမနိုင်သိမ်းမရ စီးကျလာခဲ့တယ်။ ဘုရားသခင်က ကျွန်မတို့ကို ကောင်းကောင်း နားလည်တော်မူတယ်။ ကျွန်မတို့ဟာ မိသားစုနဲ့ လူ့အဖွဲ့အစည်းဆီကလာတဲ့ ဆိုးညစ်ပြီး မှားယွင်းတဲ့ အယူအဆအမျိုးမျိုးကြောင့် နက်နက်ရှိုင်းရှိုင်း အထင်အမြင်မှားပြီး ထိခိုက်နေတဲ့အတွက် ကျွန်မတို့ရဲ့ စိတ်ဝိညာဉ်တွေက မလွတ်မြောက်နိုင်ဖြစ်နေမှန်း ကိုယ်တော်သိတယ်။ ဒါကြောင့် ကိုယ်တော်က ဒီအရာတွေရဲ့ အနှစ်သာရကို တဖြည်းဖြည်း ထွင်းဖောက်မြင်ပြီး မှန်ကန်ပြီး ကျိုးကြောင်းဆီလျော်တဲ့ အမြင်တွေနဲ့ ရှုမြင်နိုင်အောင် ကူညီဖို့ သမ္မာတရားကို ဖော်ပြခဲ့တယ်။ ကျွန်မဟာ ဖန်ဆင်းရှင်ရဲ့ အသံတော်ကို ကြားခဲ့ရပြီး လူတွေပိုများများ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိနိုင်အောင် ဧဝံဂေလိတရားကို ဟောပြောဖို့နဲ့ တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့တယ်။ ဒါက အဖြောင့်မတ်ဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး လုပ်ရပ်ဖြစ်ပြီး၊ ကျွန်မရဲ့ တာဝန်ဝတ္တရားဖြစ်သလို အထူးတာဝန်လည်း ဖြစ်တယ်။ မိဘတွေကို သားသမီးဝတ်မကျေပွန်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မရှုတ်ချသင့်ဘူး၊ အထူးသဖြင့် ကိုယ်က ဒီတာဝန်တွေကို ဖြည့်ဆည်းနိုင်တဲ့ အခြေအနေတွေမှာ သားသမီးတစ်ယောက်ရဲ့ တာဝန်တွေကို တမင်တကာ လျစ်လျူရှုတာ ဒါမှမဟုတ် သားသမီးဝတ်မကျေတာမျိုး မဟုတ်တဲ့အတွက်ကြောင့်ပါ။ ဒါကို နားလည်ပြီးတဲ့နောက်မှာ အပြစ်ရှိစိတ် ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် မခံစားရတော့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လူတွေနဲ့ အမှုအရာတွေကို ရှုမြင်မှသာ ဘက်လိုက်မှုနဲ့ မှားယွင်းတဲ့ ယုံကြည်ချက်တွေကို ရှောင်ရှားနိုင်တယ်ဆိုတာကို ကျွန်မတွေ့ခဲ့ရတယ်။ ကျွန်မမိဘတွေအပေါ်ထားရှိရမယ့် ကျွန်မရဲ့ တာဝန်တွေနဲ့ ဝတ္တရားတွေ၊ ပြီးတော့ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မရဲ့ တာဝန်တွေနဲ့ အထူးတာဝန်၊ ဒါ့အပြင် လူ့ဘဝရဲ့ တကယ့်တန်ဖိုးနဲ့ အဓိပ္ပာယ်ကိုပါ ကျွန်မ နားလည်လာခဲ့တယ်။

ဒီအတွေ့အကြုံကို ဖြတ်သန်းပြီးနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေက တကယ်ကို အံ့ဩစရာကောင်းတယ်လို့ ကျွန်မ ခံစားရတယ်။ ကျွန်မကို ရိုးရာယဉ်ကျေးမှုကနေ လမ်းပြခေါ်ထုတ်ခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေပဲ၊ ကျွန်မရဲ့နှလုံးသားကို သက်သာရာရပြီး လွတ်လပ်မှုကို ခံစားခွင့်ပေးခဲ့တယ်။ အခုဆို ကျွန်မ စိတ်ထဲမှာ အရမ်းကို ပေါ့ပါးသွားပြီ။ အားလပ်ချိန်ရတဲ့အခါ ဘုရားနှုတ်ကပတ်တော်တွေကို ပိုပြီး တွေးဆနိုင်ပြီး ကိုယ့်ရဲ့ချို့တဲ့မှုတွေကို သိနိုင်လာတယ်၊ ပြီးတော့ ကျွန်မရဲ့အတွေးတွေကလည်း တာဝန်နဲ့ပတ်သက်တဲ့ ကိစ္စတွေအပေါ် ပိုပြီး အာရုံစိုက်လာပါပြီ။

အရှေ့သို့- ၁၀။ ကျွန်ုပ်၏ သတိထားဆက်ဆံခြင်းနှင့် နားလည်မှုလွဲမှားခြင်းတို့ ဖယ်ရှားရှင်းလင်းခံခဲ့ရသည်

နောက်တစ်ခုသို့- ၁၃။ ကျွန်ုပ် မိမိကိုယ်ကိုယ် မချီးမြှောက်တော့သလို ကြွားလုံးမထုတ်တော့ပါ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။