၅၉။ အဆင်ပြေသင့်မြတ်ခြင်းက သဘောညီညွှတ်တဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကို ဆိုလိုသလား
၂၀၂၂ ရဲ့ နှစ်အစမှာ အသင်းတော်တချို့ရဲ့ အလုပ်ကို ကျွန်မ တာဝန်ယူခဲ့ရတယ် တစ်နေ့တော့ ကျွန်မတို့ထဲက လူနည်းနည်း အလုပ်ကိစ္စ ဆွေးနွေးနေတုန်း ညီအစ်ကိုမိုက်ကယ်က အသင်းတော်တစ်ခုမှာ ညီအစ်မကလာရာ ခေါင်းဆောင်အဖြစ် ရွေးကောက်ခံရတယ်လို့ ပြောလာတယ်။ အဲဒီနာမည် ကြားလိုက်တာနဲ့ ကျွန်မ ရင်ထိတ်သွားပြီး တွေးမိတယ်၊ “သူ အရင်က ခေါင်းဆောင်ဖြစ်တုန်းက ညီအစ်ကိုမောင်နှမတွေနဲ့ သဘောညီညီညွှတ်ညွှတ် ပူးပေါင်းဆောင်ရွက်လို့ မရခဲ့ဘူး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် သူက အမြဲပြိုင်ဆိုင်ပြီး အမြင်မတူတဲ့သူတွေကိုတောင် ဖယ်ကြဉ်ခဲ့တာ၊ ညီအစ်ကို မောင်နှမတွေကို ထိခိုက်နစ်နာတာတချို့ ဖြစ်စေခဲ့ပြီး နောက်ဆုံးတော့ အန္တိခရစ်လမ်းကြောင်း လျှောက်လို့ ဖြုတ်ချခံလိုက်ရတာ။ သူ့ရဲ့ အရင်က ပြစ်မှားတာတွေကို သူ အသိအမှတ်ပြုလာနိုင်ပြီလား။ သူသာ နောင်တမရသေးရင် ခေါင်းဆောင်ပြန်ဖြစ်ဖို့ မသင့်တော်ဘူး” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “ဒီအသင်းတော်က အဓိကအားဖြင့် မိုက်ကယ် တာဝန်ယူရတာ။ ငါ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို တင်ပြလိုက်ရင်၊ သူ့ကို အခက်တွေ့အောင်လုပ်နေတယ်လို့ သူ ထင်သွားမလား။ အဲဒါဆို နောင်မှာ ပူးပေါင်းဆောင်ရွက်ဖို့ ခက်သွားမယ်။ ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် ကလယ်ရာအကြောင်းကို ငါ တကယ် သိတာမှ မဟုတ်တာ၊ သူ့ကိုယ်သူ တကယ် သိမသိဆိုတာကို ငါ့ထက် မိုက်ကယ်က ပိုသိမှာပါ။ မပြောတော့တာပဲ ကောင်းပါတယ်” လို့ပေါ့။ သူများတွေကို စိတ်အနှောင့်အယှက်ပေးမှာ ကြောက်လို့ ကျွန်မ နှုတ်ဆိတ်နေလိုက်တယ်။ ကျွန်မတို့အဖွဲ့က တခြား ညီအစ်ကိုမောင်နှမတချို့ကလဲ ပြောကြတယ်၊ “ကလယ်ရာနဲ့ပတ်သက်ပြီး လူတွေရဲ့ အမြင်က သိပ်မဆိုးလှပါဘူး၊ ခဏလောက် လေ့ကျင့်ခိုင်းပြီး အခြေအနေ စောင့်ကြည့်ကြတာပေါ့၊ မသင့်တော်ရင်လဲ သူ့ကို ဖြုတ်ချလိုက်လို့ရတာပဲ” တဲ့။ ကလယ်ရာက သင့်တော်တယ်လို့ လူတိုင်းက ထင်နေကြပြီး ကျွန်မတစ်ယောက်တည်း အမြင်ကွဲနေတာ တွေ့တော့ ကျွန်မ ဘာမှ မပြောချင်တော့ဘဲ တွေးမိတယ်၊ “ကလယ်ရာရဲ့ လက်ရှိအခြေအနေကို ငါက မရင်းနှီးဘူးလေ။ သူ တကယ် နောင်တရထားရင်၊ ငါက လူတစ်ယောက်ကို ဝေဖန်တာ အရမ်းမြန်ပြီး လူ့သဘာဝ ညံ့တယ်လို့များ သူတို့ ထင်သွားမလား။ ထားလိုက်ပါတော့၊ ဘာမှ မပြောတာ ပိုကောင်းပါတယ်” လို့ပေါ့။
တစ်ညနေကျတော့ ညီအစ်မတစ်ယောက်က ကျွန်မကို မေးလာတယ်။ “ကလယ်ရာက သူ့ ပြစ်မှားခြင်းတွေကို အသိအမှတ်ပြုရဲ့လား။ ခေါင်းဆောင်ဖြစ်ဖို့ သတ်မှတ်ချက်တွေကို ပြည့်မီရဲ့လား။ သူ့ကို အကဲဖြတ်ဖို့ ဘယ်သမ္မာတရား စည်းမျဉ်းတွေကို အစ်မ သုံးနေလဲ မသိဘူးနော်” တဲ့။ မေးခွန်းတွေ ဆက်တိုက်မေးလာတော့ ကျွန်မ အံ့သြသွားပေမဲ့ ဒါ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် သေချာပေါက် ရှိမယ်ဆိုတာ သိလိုက်တယ်။ အဲဒီညီအစ်မက ဆက်ပြောတယ်၊ “အရင် ခေါင်းဆောင်ဖြစ်တုန်းက ကလယ်ရာဟာ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ခဲ့တယ်၊ အသင်းတော်အလုပ်ကို ပြင်းပြင်းထန်ထန် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တာ၊ စုဝေးပွဲတွေမှာ သူ့ မိတ်သဟာယက ဘာ ဆင်ခြင်သုံးသပ်မှုမှ မပြခဲ့ဘူး။ အခု ခေါင်းဆောင်ပြန်ဖြစ်လာရင် အကျင့်ဟောင်းတွေ ပြန်ပေါ်လာပြီး အသင်းတော်အလုပ်ကို ထိခိုက်မှာ စိုးရိမ်တယ်။ သူ့အပြုအမူကို သေချာ စောင့်ကြည့်သင့်တယ် မဟုတ်လား” တဲ့။ အဲဒီညီအစ်မရဲ့ ပူပန်မှုတွေကို ကြားရတော့ ကျွန်မ စိတ်မသက်မသာဖြစ်သွားတယ်။ တကယ်တော့ ကျွန်မမှာလည်း အဲဒီပူပန်မှုတွေ ရှိခဲ့တာပါ။ ဒါပေမဲ့ သူ့ကို အခက်တွေ့အောင်လုပ်နေတယ်လို့ မိုက်ကယ် ထင်မှာစိုးခဲ့သလို တခြား ညီအစ်ကိုမောင်နှမတွေကလည်း သဘောတူထားကြတော့ ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက် မပေးချင်လို့ တခြားလူအားလုံးနဲ့ လိုက်လုပ်နေပေးခဲ့တာပါ။ ခေါင်းဆောင်တစ်ယောက် ရွေးတာ ဘယ်လိုပဲအရေးကြီးပါစေ ကျွန်မက အရမ်းဝတ်ကျေတမ်းကျေဖြစ်ပြီး တာဝန်မဲ့ခဲ့တယ်။ ဒီအတွေးက ကျွန်မကို တော်တော် အပြစ်ရှိသလို ခံစားရစေတယ်။ အဲဒီညက ကျွန်မ လူးလှိမ့်ပြီး အိပ်မပျော်နိုင်ခဲ့ဘူး။ နောက်တစ်မနက်မှာ ကျွန်မတို့အဖွဲ့က ညီအစ်ကိုမောင်နှမတချို့ကို ဒီကိစ္စ ပြောပြလိုက်တယ်။ ဒါကိုကြားပြီးနောက် မိုက်ကယ်က အခြေအနေသိတဲ့သူကို ရှာပြီး ပိုအသေးစိတ်ကျကျ စုံစမ်းတော့တာပေါ့။ နောက်ဆုံးတော့ ကလယ်ရာဟာ သူ့ရဲ့ ပြစ်မှားတာတွေကို အသိအမှတ်မပြုဘူးဆိုတာနဲ့ သမ္မာတရားကို လက်မခံလို့ ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူးဆိုတာတွေကို လူတိုင်း သဘောတူလိုက်ကြတယ်၊ ဒီလိုနဲ့ ကလယ်ရာ ဖြုတ်ချခံလိုက်ရတယ်။ နောက်ပိုင်းမှာ ကျွန်မ ပိုလို့တောင် အကြွေးတင်ပြီး အပြစ်ရှိတဲ့စိတ်ကို ခံစားခဲ့ရပြီး တွေးမိတယ်။ “ကလယ်ရာ ခေါင်းဆောင်ဖြစ်တဲ့ကိစ္စမှာ ငါ့မှာ မတူတဲ့အမြင် ရှင်းရှင်းလင်းလင်း ရှိရဲ့သားနဲ့ ထုတ်မပြောဘဲ လူအားလုံးနဲ့ လိုက်လုပ်နေခဲ့တာ။ ငါ တကယ် တာဝန်မဲ့ခဲ့တာပဲ” လို့ပေါ့။ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်လိုက်တယ်။ “လူအချို့သည် အခြားသူများ မကောင်းသောအရာ ပြုလုပ်သည်ကို မြင်ရသောအခါ တိုင်ကြားခြင်း၊ သို့မဟုတ် ဖော်ထုတ်ခြင်း မပြုသည့် လူမုန်းမခံချင်သူများ ဖြစ်ကြ၏။ ထိုသူတို့သည် ပေါင်းရသင်းရလွယ်ကူသလို စည်းရုံးသိမ်းသွင်းရ လွယ်ကူကြသည်။ သူတို့သည် အသင်းတော်အလုပ်ကို နှောင့်ယှက်သည့် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို နာခံကြသည်၊ မည်သူ့ကိုမျှ စိတ်မဆိုးစေသည့်အပြင် လှေနံနှစ်ဖက်နင်းလျက် အမြဲတမ်း အပေးအယူလုပ်တတ်သည်။ အပြင်ပန်းတွင် သူတို့၌ လူ့သဘာဝ ရှိသယောင်ထင်ရသည်။ အလွန်အကျွံ မပြု၊ အသိတရားနှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိသည်။ သို့သော် အချိန်အများစု၌ တိတ်တဆိတ်နေပြီး သူတို့၏ ထင်မြင်ချက်ကို မဖော်ပြကြပေ။ ထိုသို့သောလူတို့ကို သင်မည်သို့ နားလည်သဘောပေါက်သနည်း။ ထိုသူတို့သည် ကြည်သာပြေပြစ်ပြီး လှည့်ဖြားတတ်သည်မဟုတ်လော။ ဤသည်မှာ လူတို့ လှည့်ဖြားတတ်သည့်ပုံပင် ဖြစ်၏။ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ ထိုသူတို့က ပေါ့ပါးစွာဖြင့် ထုတ်ဖော်ပြောဆိုခြင်း၊ သို့မဟုတ် ဖော်ပြခြင်းမရှိဘဲ အစဉ် နှုတ်ဆိတ်နေနိုင်သည်။ ဤသည်မှာ ထိုသူတို့သည် ဆင်ခြင်တုံတရားရှိသည်ဟု အဓိပ္ပာယ်မရပေ။ ထိုသို့ဖြစ်မည့်အစား ထိုသူသည် ကောင်းစွာ အယောင်ဆောင်ထားသည်၊ ဖုန်းကွယ်ထားသောအရာများ ရှိသည်၊ သူ၏ လိမ္မာပါးနပ်မှုက နက်နဲသည်ဆိုသည်ကို ပြ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်သည်) “ကောင်းမွန်သော လူ့သဘာဝ ရှိခြင်းအတွက် စံနှုန်းရှိရမည်။ ယင်းသည် အလယ်အလတ်လမ်းကြောင်းကို လျှောက်လှမ်းခြင်း၊ အခြေခံသဘောတရားများကို မလိုက်နာခြင်း၊ မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်မှု၊ သင် သွားသည့် နေရာတိုင်းတွင် မျက်နှာလို မျက်နှာရ လုပ်ခြင်း၊ သင် တွေ့ဆုံသည့် လူတိုင်းကို ပြေပြစ်စွာ ဆက်ဆံခြင်းနှင့် လူတိုင်းကို သင့်အား အကောင်းပြောစေခြင်းတို့ မပါဝင်ပေ။ ဤသည်မှာ စံနှုန်းမဟုတ်။ ထိုသို့ဆိုလျှင် မည်သည်မှာ စံနှုန်းဖြစ်သနည်း။ ဘုရားသခင်နှင့် သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း ဖြစ်သည်။ ယင်းမှာ မိမိတို့၏ တာဝန်နှင့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် မည်သို့ချဉ်းကပ်သည်နှင့် စပ်လျဉ်းရာတွင် စည်းမျဉ်းရှိခြင်းနှင့် တာဝန်ယူခြင်းတို့ဖြစ်သည်။ ဤသည်မှာ အားလုံးမြင်နိုင်လောက်အောင် ရိုးရှင်းပေသည်။ လူတိုင်းက မိမိတို့၏စိတ်နှလုံးထဲတွင် ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းကြသည်။ ထို့အပြင် ဘုရားသခင်က လူတစ်ဦးစီတိုင်း၏ စိတ်နှလုံးများကို စိစစ်ပြီး ၎င်းတို့၏ အမှန်တကယ်ဖြစ်သော အခြေအနေကို သိသည်။ ၎င်းတို့ မည်သူဖြစ်ပါစေ၊ မည်သူမျှ ဘုရားသခင်ကို မလှည့်စားနိုင်ပေ။ အချို့သောသူတို့သည် မိမိတို့၌ လူ့သဘာဝကောင်းရှိသည်ဟု အစဉ် ကြွားဝါတတ်ကြ၏။ သူတို့သည် သူတစ်ပါးအပေါ် မကောင်းပြောခြင်း၊ သူတစ်ပါး၏ အကျိုးစီးပွားကို ထိခိုက်စေခြင်းနှင့် သူတစ်ပါး၏ ပစ္စည်းကို တပ်မက်ခြင်းတို့ကို မည်သည့်အခါမျှ မပြုလုပ်ဘဲ အကျိုးစီးပွားနှင့်ပတ်သက်၍ အငြင်းပွားမှုရှိသောအခါ၌ပင် သူတစ်ပါးထံမှ အမြတ်ထုတ်မည့်အစား အရှုံးခံလိုက်သည်ကို ပို၍နှစ်သက်ကြ၏။ အခြားသူအားလုံးကလည်း သူတို့ကို လူကောင်းများဟု ထင်မှတ်ကြ၏။ သို့သော်လည်း ဘုရားသခင်၏ အိမ်တော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ၌မူ သူတို့သည် မိမိတို့အတွက်သာ အစဉ် ကြံစည်လျက် ကလိမ်ကကျစ်ကျ၍ လည်ကြ၏၊ ဘုရားသခင်၏ အိမ်တော်၏ အကျိုးစီးပွားကို အလေးထားခြင်း တစ်စက်မျှမရှိသကဲ့သို့ ဘုရားသခင်၏ အရေးတကြီးဖြစ်မှုကို ဝေမျှခံစားခြင်းနှင့် ဘုရားသခင် တွေးတောသည့်အရာကို တွေးတောခြင်းလည်း မရှိသည့်အပြင် မိမိတို့၏ တာဝန်များအတွက် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို ဘေးဖယ်ထားနိုင်ခြင်းလည်း မရှိပေ။ ၎င်းတို့၏ အကျိုးစီးပွားများကို ၎င်းတို့ လုံးဝ မစွန့်လွှတ်ကြချေ။ ဆိုးယုတ်သောလူများက မကောင်းမှု ကျူးလွန်နေကြသည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင်၊ ထိုသူတို့ကို မဖော်ထုတ်ကြချေ။ ၎င်းတို့သည် မည်သည့်စည်းမျဉ်းများ တစ်ခုတလေမျှ မရှိကြပေ။ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုးဖြစ်သနည်း။ ကောင်းသောလူ့သဘာဝမဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေအရ ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက်တော့ ကျွန်မ အရမ်း ရှက်မိတယ်။ ဘုရားသခင်က ပြောတယ်လေ၊ လူ့သဘာဝ ကောင်းခြင်းရဲ့ စံနှုန်း ဆိုတာ ဘုရားသခင်နဲ့ လူတွေအပေါ် ရိုးသားတဲ့ စိတ်နှလုံး ရှိတာ၊ ကိစ္စရပ်တွေ လုပ်ဆောင်ရာမှာ တာဝန်ယူစိတ် ရှိတာ၊ ပြီးတော့ အလုပ်တစ်ခု ထိခိုက်နစ်နာနေတာကို မြင်ရင် မတ်တတ်ရပ်ပြီး ထုတ်ပြောခြင်းအားဖြင့် အသင်းတော်အလုပ် ပျက်စီးမသွားအောင် တားဆီးဖို့ သတ္တိရှိတာ ဖြစ်တယ်တဲ့။ ဒါဟာ စစ်မှန်တဲ့ လူ့သဘာဝ နဲ့ ရိုးသားတဲ့ အပြုအမူပဲ။ ပြဿနာတစ်ခုကို မြင်ရက်နဲ့ ကိုယ့်အမြင်ကို ထုတ်မပြောဘဲ နှုတ်ဆိတ်နေပြီး ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက် မပေးဘူးဆိုရင်၊ အဲဒီလူက ဆင်ခြင်တုံတရားရှိပုံပေါ်ပေမဲ့ တကယ်တမ်းကျတော့ ဒါဟာ ဉာဏ်နီဉာဏ်နက်များပြီး၊ စိတ်မချရတဲ့၊ လှည့်ဖြားတတ် တဲ့သူပဲ။ ကလယ်ရာကိစ္စနဲ့ စပ်လျဉ်းပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ် ကြည့်လိုက်တော့ ကျွန်မ စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှင်းရှင်းလင်းလင်း ရှိခဲ့တယ်။ သူ့ရဲ့ အတိတ်က ပြစ်မှားခြင်းတွေကို သူ ဆင်ခြင်သုံးသပ်မှု မရှိခဲ့မှာ၊ အသိအမှတ်မပြုခဲ့မှာကို ကျွန်မ စိုးရိမ်ခဲ့တယ်၊ ပြီးတော့ အခု သူ ပြန်ရွေးကောက်ခံရတော့ အကျင့်ဟောင်းတွေ ပြန်ပေါ်လာပြီး အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက် ဝင်ရောက်မှု ကို ထိခိုက်မှာ စိုးရိမ်ခဲ့တာပါ။ ဒါပေမဲ့ လူတွေကို စိတ်အနှောင့်အယှက် ပေးမိမှာ၊ လုပ်ဖော်ကိုင်ဖက်တွေက အထင်လွဲမှာကို ကျွန်မ ကြောက်ခဲ့တယ်။ ကျွန်မအမြင် မှားနေခဲ့ရင် ကျွန်မက ဝေဖန်တာ မြန်လွန်းတယ်၊ လူ့သဘာဝ ညံ့တယ်လို့ လူတိုင်း ပြောကြမှာကိုလည်း စိုးရိမ်ပြီး ကျွန်မ ဘာမှမပြောခဲ့ဘူး။ လူတွေစိတ်ထဲမှာ ကိုယ့်ပုံရိပ်ကောင်း တည်ဆောက်ဖို့၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သဟဇာတဖြစ်တဲ့ ဆက်ဆံရေး ထိန်းသိမ်းဖို့အတွက် အသင်းတော်အလုပ် ထိခိုက်မယ်၊ မထိခိုက်ဘူးဆိုတာ ဂရုမစိုက်ဘဲ နှုတ်ဆိတ်နေဖို့နဲ့ လူ့အကြိုက်လိုက်သူ ဖြစ်ဖို့ ကျွန်မ ရွေးချယ်ခဲ့တယ်။ ကျွန်မရဲ့ လူ့သဘာဝ က တကယ်ကို လှည့်ဖြားတတ် ပြီး စက်ဆုပ်ဖွယ် ကောင်းလိုက်တာ။ ကျွန်မက အပြင်ပန်း ဟန်ဆောင်ကောင်းလွန်းတော့ ကျွန်မရဲ့ အနီးအနားက ညီအစ်ကို မောင်နှမတွေက ကျွန်မရဲ့ တကယ့် အတွေးတွေကို မသိကြဘူး။ ကျွန်မက ပေါင်းသင်းရလွယ်တယ်၊ သူများတွေနဲ့ ဘယ်တော့မှ ပဋိပက္ခမဖြစ်ဘူး၊ လူ့သဘာဝ ကောင်းတယ်လို့တောင် သူတို့ ထင်ကြတယ်။ ဒါပေမဲ့ ကျွန်မ စိတ်နှလုံးထဲမှာ ရှိသမျှကို ဘုရားသခင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတယ်။ ကျွန်မက အသင်းတော်အလုပ်ကို မကာကွယ်ဘဲ တခြားလူတွေနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ပဲ အမြဲ ရွေးချယ်ခဲ့တယ်။ ဘယ်နည်းလမ်းနဲ့ ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခဲ့တာလဲ၊ ကိုယ့်တာဝန်ကို ထမ်းဆောင်နေခဲ့တာလဲ။ ဘုရားသခင်အတွက် ကျွန်မက အရမ်း စက်ဆုပ်စရာကောင်းတယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “သင့်တွင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးမရှိပါက အခြားသူများနှင့် ဆက်ဆံရေးကို သင်မည်မျှပင် ထိန်းသိမ်းစေကာမူ သင်သည် မည်မျှပင် အလုပ်ကြိုးစားစေကာမူ၊ သို့မဟုတ် သင်သည် မည်မျှပင် အားစိုက်ထုတ်စေကာမူ အားလုံးသည် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် လူသား၏ အတွေးအခေါ်နှင့်သာ ဖြစ်ပေမည်။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ ပုံမှန် လူလူချင်း ပေါင်းသင်းဆက်ဆံရေးများကို ထူထောင်ခြင်းထက် လူများအလယ်ရှိ သင်၏ ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းနေပြီး လူ့အမြင်ရှုထောင့်များနှင့် လူ့အတွေးအခေါ်များအားဖြင့် သူတို့၏ ချီးမွမ်းခြင်းကို ကြိုးပမ်းရရှိလိမ့်မည်။ သင်သည် အခြားသူများနှင့် သင်၏ ဆက်ဆံရေးများအပေါ် အာရုံစိုက်မည့်အစား ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းကာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်၍ ကိုယ်တော်အား ကျိုးနွံနာခံရန် သင်ယူလိုလျှင် သင်၏ လူအပေါင်းတို့နှင့် ဆက်ဆံရေးများသည်လည်း အလိုအလျောက် ပုံမှန်ဖြစ်လာပေမည်။ ဤသို့ဆိုလျှင် ဤဆက်ဆံရေးများသည် ဇာတိပကတိဖြင့် တည်ဆောက်ခြင်း ဖြစ်လိမ့်မည်မဟုတ်ဘဲ ဘုရားသခင်ကို ချစ်ခြင်းဆိုင်ရာ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်း ဖြစ်လိမ့်မည်။ သင်သည် အခြားလူတို့နှင့် ဇာတိပကတိဆိုင်ရာ အပြန်အလှန်ဆက်ဆံမှုများ မရှိလုနီးပါး ဖြစ်လိမ့်မည်။ သို့သော် ဝိညာဉ်ရေးအဆင့်တစ်ခုတွင် သင်တို့ကြား၌ မိတ်သဟာယဖွဲ့ခြင်း ရှိမည်ဖြစ်သည့်အပြင် အပြန်အလှန်ချစ်ခြင်း၊ နှစ်သိမ့်ခြင်း၊ ပံ့ပိုးခြင်းတို့လည်း ရှိလိမ့်မည်။ ဤအရာအားလုံးတို့ကို ဘုရားသခင်အား ကျေနပ်စေရန် ဆန္ဒတစ်ခု၏ အခြေခံအုတ်မြစ်အပေါ်တွင် လုပ်ဆောင်သည်။ ဤပေါင်းသင်းဆက်ဆံရေးများကို လူသား၏ လောကီဆိုင်ရာ ဆက်ဆံရေးအတွက် အတွေးအခေါ်များအားဖြင့် ထိန်းသိမ်းထားခြင်း မဟုတ်ပေ။ ယင်းတို့သည် သင့်အနေဖြင့် ဘုရားသခင်အတွက် ဝန်တာထားစိတ် ရှိသည့်အခါတွင် အလိုအလျောက် ဖြစ်ပေါ်သည်။ ဤဆက်ဆံရေးများသည် သင့်ထံမှ လူသား၏ အားထုတ်မှု တစ်ခုတလေကို မလိုအပ်ဘဲ ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ဖို့ကိုသာ လိုအပ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လိုက်တာက လူတွေနဲ့ ပုံမှန်ဆက်ဆံရေး ရှိဖို့ဆိုရင် အရင်ဆုံး ဘုရားသခင်နဲ့ ပုံမှန်ဆက်ဆံရေး တည်ဆောက်ရမယ်ဆိုတာပါပဲ။ ကိုယ့်စိတ်နှလုံးကို ဘုရားသခင်ဆီ ပေးအပ်ဖို့လိုတယ်၊ စာတန်ရဲ့ လောကီ ဆက်ဆံမှုတွေအတွက်ဖြစ်တဲ့ အတွေးအခေါ် တွေအပေါ် အခြေခံပြီး တခြားလူတွေနဲ့ ဇာတိပကတိ ဆက်ဆံရေးတွေကို ထိန်းသိမ်းနေရမှာ မဟုတ်သလို၊ သူများတွေရဲ့ စိတ်နှလုံးထဲမှာရှိတဲ့ ကိုယ့် အဆင့်အတန်း နဲ့ ပုံရိပ်ကို ထည့်စဉ်းစားနေရမှာ မဟုတ်ဘူး။ ရိုးသားတဲ့ စိတ်နှလုံးနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ပြီး အရာခပ်သိမ်းမှာ သမ္မာတရား စည်းမျဉ်းတွေအတိုင်း ပြုမူရမယ်။ ဒီနည်းနဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်ဆံရေးက အလိုလို ပုံမှန်ဖြစ်လာလိမ့်မယ်။ လောကီ ဆက်ဆံမှုတွေအတွက်ဖြစ်တဲ့ အတွေးအခေါ် တွေကို မှီခိုပြီး ထိန်းသိမ်းထားတဲ့ ဆက်ဆံရေးတွေက ပုံမှန်ဆက်ဆံရေး မဟုတ်ဘူး၊ အဲဒါတွေကို ဘုရားသခင်က ရွံမုန်းတယ်။ အဲဒီလို ဆက်ဆံရေးမျိုးက ပုံမှန်အားဖြင့် ကြာကြာမခံပါဘူး။ ကလယ်ရာကိစ္စကို ပြန် ဆင်ခြင်သုံးသပ် ကြည့်တော့၊ ကျွန်မက လူအုပ်နောက်ကို တာဝန်မဲ့စွာ လိုက်ခဲ့တာကိုး။ “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” ဆိုတာနဲ့ “ပွင့်လင်းခြင်းသည် အခြားသူများကို စိတ်အနှောင့်အယှက်ဖြစ်စေသဖြင့် အခြားသူများ၏ခံစားချက်များ၊ ဆင်ခြင်တုံတရားများနှင့် သဟဇာတဖြစ်ရန် ကောင်းသောစကားများကို ပြောပါ” ဆိုတာတွေလိုမျိုး စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်နေခဲ့မိတယ်။ လူတွေနဲ့ ဒီလိုနည်းနဲ့ ဆက်ဆံရင် ပဋိပက္ခကို ရှောင်ရှားနိုင်ပြီး ဆက်ဆံရေးတွေကို ထိန်းသိမ်းနိုင်မယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒါက သဘောညီညွှတ်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်စေနိုင်မယ်လို့ ကျွန်မ ထင်ခဲ့တာ။ ဒါပေမဲ့ တကယ်တမ်းကျတော့ လုံးဝ ပြောင်းပြန် ဖြစ်နေခဲ့တယ်။ ဒီလောကီ ဆက်ဆံမှုတွေအတွက်ဖြစ်တဲ့ အတွေးအခေါ် တွေနဲ့ အသက်ရှင်ခဲ့တော့ ကျွန်မက ပိုပိုပြီး မယုံကြည်ရတဲ့သူဖြစ်လာပြီး လှည့်ဖြားတတ်လာတယ်။ ကိစ္စတွေ ဖြစ်လာတဲ့အခါ ကျွန်မရဲ့ ဦးစားပေးက ကိုယ့်ဂုဏ်သိက္ခာနဲ့ အဆင့်အတန်း ကို ကာကွယ်ဖို့၊ ပြီးတော့ တခြားလူတွေနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ဖြစ်နေတယ်။ ဒါက ယာယီအနေနဲ့ သဘောညီညွှတ်တာကို ထိန်းသိမ်းပေမဲ့ ဒီလို ပူးပေါင်းဆောင်ရွက် မှုမျိုးမှာ ရိုးသားမှု မရှိသလို အပြန်အလှန် ပံ့ပိုးကူညီမှုနဲ့ ထိန်းကျောင်းမှုလည်း မရှိနိုင်ဘူး။ အရေးကြီးတဲ့ ကိစ္စတွေမှာ အချင်းချင်း ကြီးကြပ် ပြီး ထိန်းကျောင်း နိုင်ကြမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်မတို့ အတူတကွ တာဝန် ထမ်းဆောင်ဖို့ အသင်းတော်က စီစဉ်ပေးခဲ့တာပါ။ ဒါပေမဲ့ ကျွန်မက တာဝန်မဲ့ခဲ့တယ်၊ လူ့အကြိုက်လိုက်သူ လုပ်ပြီး ပြဿနာတွေ မြင်ရက်နဲ့ မပြောဘဲ နေခဲ့တယ်၊ ဒီလိုနဲ့ အသင်းတော်အလုပ်ကို ထိခိုက်စေခဲ့တာပေါ့။ ကျွန်မ တကယ် တာဝန်မဲ့ခဲ့တာပါ။
နောက်ပိုင်းမှာ ကျွန်မ ဆက်ပြီး ရှာဖွေ ခဲ့တယ်၊ “တကယ် သဘောညီညွှတ်တဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ အတိအကျ ဘာလဲ” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခဲ့တယ်။ ညီအစ်မတစ်ယောက်က ကျွန်မဆီ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ် ပို့ပေးခဲ့တယ်။ “သင်သည် မိမိ၏တာဝန်ကို ကောင်းစွာ ပြည့်စုံစေပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းလိုလျှင် အခြားလူများနှင့် သဟဇာတဖြစ်စွာ လုပ်ကိုင်ရန် ဦးစွာ သင်ယူရမည်။ သင်၏ ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အောက်ပါတို့ကို သင် ထည့်သွင်းစဉ်းစားသင့်သည်။ ‘သဟဇာတဖြစ်ခြင်းဆိုသည်မှာ အဘယ်နည်း။ ငါ၏စကားများသည် ၎င်းတို့နှင့် သဟဇာတဖြစ်သလော။ ငါ၏အတွေးများသည် ၎င်းတို့နှင့် သဟဇာတဖြစ်သလော။ အမှုအရာများကို ငါဆောင်ရွက်သည့်ပုံစံသည် ၎င်းတို့နှင့် သဟဇာတဖြစ်သလော။’ သဟဇာတဖြစ်စွာ မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ကို ဆင်ခြင်သုံးသပ်လော့။ တစ်ခါတစ်ရံတွင် သဟဇာတဖြစ်ခြင်းသည် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို ဆိုလိုသည်။ သို့သော် ခိုင်မြဲစွာ ရပ်တည်ပြီး ကိုယ်ကျင့်တရားများကို ထိန်းသိမ်းခြင်းကိုလည်း ဆိုလိုသည်။ သဟဇာတဖြစ်ခြင်းဆိုသည်မှာ ကိစ္စများ အဆင်ပြေချောမွေ့စေရန် စည်းမျဉ်းများကို ညှိနှိုင်းခြင်း၊ သို့မဟုတ် ‘လူ့အကြိုက်လိုက်သူ’ ဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်း၊ သို့မဟုတ် အစွန်းမရောက်သည့် လမ်းကြောင်း၌သာ ရှိနေခြင်းတို့ကို ဆိုလိုခြင်းမဟုတ်ပေ။ ပြီးလျှင် တစ်စုံတစ်ယောက်အား မျက်နှာလိုမျက်နှာရလုပ်ခြင်းကို သေချာပေါက် မဆိုလိုပေ။ ဤသည်တို့မှာ အခြေခံသဘောတရားများ ဖြစ်သည်။ ဤအခြေခံသဘောတရားတို့ကို သင် နားလည်သဘောပေါက်သည်နှင့်တစ်ပြိုင်နက် သင်သည် သတိ မထားမိလိုက်ဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ပြောဆိုကာ လုပ်ဆောင်မည့်အပြင် သမ္မာတရား၏ စစ်မှန်မှုအတိုင်းလည်း အသက်ရှင်နေထိုင်လိမ့်မည် ဖြစ်ကာ ဤနည်းအားဖြင့် စည်းလုံးမှုကို စွမ်းဆောင်ရရှိရန် လွယ်ကူ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍) “လူအချို့က ‘ကျွန်ုပ်က မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ဟု သင်ပြောသည်။ ဖြစ်ချင်တော့ ကျွန်ုပ်၌ အမှန်ပင် တွဲဖက်တစ်ဦးရှိသည်။ သူသည် ကျွန်ုပ်နှင့် ကောင်းစွာ ပူးပေါင်းလုပ်ဆောင်သည်။ ကျွန်ုပ်သွားသည့် နေရာကို သူသွားသည်။ ကျွန်ုပ်လုပ်သည့်အရာကို သူလုပ်သည်။ ကျွန်ုပ်သွားခိုင်းသည့် မည်သည့်နေရာမဆိုကို သူသွားသည်။ ကျွန်ုပ်လုပ်ခိုင်းသည့်အရာတိုင်းကို ကျွန်ုပ်လုပ်စေလိုသည့်အတိုင်း သူတို့လုပ်ကြ၏’ ဟု ဆိုလိမ့်မည်။ ဤသည်မှာ ပူးပေါင်းလုပ်ဆောင်ခြင်းက ဆိုလိုသည့်အရာ ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ ပြာတာဟုခေါ်သည်။ ပြာတာတစ်ယောက်က သင်ခိုင်းသည့်အရာကို လုပ်ဆောင်သည်။ ဤသည်မှာ ပူးပေါင်းလုပ်ဆောင်ခြင်း ဟုတ်သလော။ ရှင်းလင်းစွာပင် သူသည် ကိုယ်ပိုင်ထင်မြင်ချက်များရှိဖို့ မဆိုထားနှင့်၊ အယူအဆနှင့် အမြင်များပင် မရှိသည့် လက်ပါးစေတစ်ဦးသာ ဖြစ်သည်။ ထို့အပြင် သူ၏ တွေးခေါ်ပုံသည် လူ့အကြိုက်လိုက်သူတစ်ဦး၏ တွေးခေါ်ပုံဖြစ်သည်။ သူသည် လုပ်ဆောင်သမျှတိုင်းတွင် စေ့စပ်ခြင်းမရှိဘဲ ဝတ်ကျေတမ်းကျေဖြင့် အပေါ်ယံသာ လုပ်ဆောင်သည်။ ပြီးလျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မထိန်းသိမ်းပေ။ ဤသို့သော ပူးပေါင်းလုပ်ဆောင်ခြင်းက မည်သည့်ရည်ရွယ်ချက်ရှိသနည်း။ သူသည် မည်သူနှင့် ပူးပေါင်းဆောင်ရွက်သည်ဖြစ်စေ ထိုသူခိုင်းသည့်အရာကိုသာ လုပ်ဆောင်သည်။ အစဉ် လက်ပါးစေသာ ဖြစ်သည်။ အခြားလူများပြောသည့် မည်သည့်အရာကိုမဆို နားထောင်ပြီး အခြားလူများက ခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ ယင်းမှာ ပူးပေါင်းလုပ်ဆောင်ခြင်း မဟုတ်။ ပူးပေါင်းလုပ်ဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ အမှုကိစ္စများကို တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးနိုင်ရမည်။ ပြီးလျှင် အမြင်များ၊ ထင်မြင်ချက်များကို ဖော်ပြနိုင်ရမည်။ တစ်ယောက်ကိုတစ်ယောက် ဖြည့်စွက်ပြီး ကြီးကြပ်ရမည်။ တစ်ယောက်ထံမှတစ်ယောက် ရှာဖွေရမည်။ တစ်ယောက်နှင့်တစ်ယောက် စုံစမ်းမေးမြန်းရမည်။ တစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ရမည်။ ဤသည်မှာ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း ဟူသည့်အရာ ဖြစ်သည်။ ဥပမာ သင်က တစ်စုံတစ်ခုကို သင့်စိတ်ဆန္ဒအတိုင်း ကိုင်တွယ်ခဲ့ပြီး လူတစ်ယောက်က ‘သင်လုပ်သည်မှာ မှားသည်။ စည်းမျဉ်းနှင့် လုံးဝ ဆန့်ကျင်သည်။ သမ္မာတရားကို မရှာဘဲ သင်အလိုရှိသလို အဘယ်ကြောင့် ကိုင်တွယ်ခဲ့သနည်း’ ဟု ပြောသည်ဆိုပါစို့။ ဤအရာကို သင်က ‘မှန်သည်။ သင် ကျွန်ုပ်ကို သတိပေးခဲ့သည်ကို ကျွန်ုပ် ဝမ်းသာသည်။ သင် သတိမပေးခဲ့လျှင် ဘေးဒုက္ခဖြစ်မည့် သဘောသက်ရောက်လိမ့်မည်’ ဟု ဆိုသည်။ ဤသည်မှာ တစ်ယောက်အပေါ်တစ်ယောက် တိုက်တွန်းနှိုးဆော်ပေးခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် တစ်ယောက်အပေါ်တစ်ယောက် ကြီးကြပ်ခြင်း ဟူသည်မှာ အဘယ်နည်း။ လူတိုင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်။ မိမိတို့တာဝန်တွင် ဝတ်ကျေတမ်းကျေဆန်နိုင်သည်။ မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် မာနကို ကာကွယ်ပေးပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်မပေးပေ။ လူတိုင်းတွင် ဤသို့သော အခြေအနေများရှိသည်။ လူတစ်ယောက်၌ ပြဿနာတစ်ခုရှိသည်ကို သင်သိရလျှင် သူနှင့် မိတ်သဟာယဖွဲ့ရန် ဦးဆောင်လှုပ်ရှားသင့်ပြီး သူ့တာဝန်ကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် သတိပေးသင့်သည်။ တစ်ချိန်တည်းတွင်ပင် မိမိကိုယ်ကိုလည်း သတိပေးသင့်သည်။ ဤသည်မှာ အပြန်အလှန် ကြီးကြပ်ခြင်း ဖြစ်သည်။ အပြန်အလှန် ကြီးကြပ်ခြင်းက မည်သည့်တာဝန်ကို လုပ်ဆောင်သနည်း။ ယင်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် လမ်းမှားကို လူများလိုက်မလျှောက်ဖို့ လုပ်ဆောင်ရန်လည်း ရည်ရွယ်သည်။ ပူးပေါင်းလုပ်ဆောင်ခြင်းတွင် တစ်ယောက်အပေါ်တစ်ယောက် လှုံ့ဆော်ခြင်းနှင့် တစ်ယောက်အပေါ်တစ်ယောက် ကြီးကြပ်ခြင်းအပြင် အခြားတာဝန်တစ်ခုရှိသည်။ အချင်းချင်း စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေမှန်ကို ဖော်ထုတ်လိုက်တယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ပူးပေါင်းဆောင်ရွက် တဲ့အခါ ကျွန်မက ရုပ်သေးရုပ်လို ဖြစ်နေပြီး ကိုယ့်အမြင်တွေကို ထုတ်မပြောသလို ဘယ်ကြီးကြပ်တဲ့ကဏ္ဍကိုမှလည်း လုံးဝ မလုပ်ခဲ့ဘူး။ တကယ့် ပူးပေါင်းဆောင်ရွက် ခြင်းဆိုတာ အပြန်အလှန် သတိပေးတာနဲ့ ကြီးကြပ် တာတွေ ပါဝင်တယ်။ ကျွန်မတို့အားလုံးမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အများကြီး ရှိကြတာဖြစ်လို့၊ ကိုယ့်တာဝန်တွေမှာ ကိုယ့်ဆန္ဒအတိုင်း လိုက်ပြီး စိတ်ထင်ရာ လုပ်မိတတ်ကြတယ်။ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရာမှာ တစ်ယောက်ကိုတစ်ယောက် လမ်းပြတာ၊ ကူညီတာ၊ ဒါမှမဟုတ် ပြုပြင်တာတွေ လုပ်ပေးနိုင်မယ်ဆိုရင် အလုပ်ကို ထိခိုက်တာနဲ့ လမ်းမှား လျှောက်မိတာတွေကို ရှောင်ရှားနိုင်မှာပါ။ ဒါ့အပြင် သမ္မာတရားကို ကျွန်မတို့ အပြည့်အဝ နားမလည်ကြသလို အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေ အများကြီး ရှိကြတာမို့ ကိစ္စတော်တော်များများကို ပြည့်ပြည့်စုံစုံ မစဉ်းစားနိုင်ကြပါဘူး။ တစ်ခါတလေ တွဲဖက်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေဆီက သတိပေးချက်တွေက လွဲချော်တာတွေကို အချိန်မီ ပြုပြင်ပေးနိုင်ပြီး အလုပ်မှာ အမှားတွေကို လျှော့ချပေးနိုင်ပါတယ်။ အပြန်အလှန် ကြီးကြပ်တာနဲ့ သတိပေးတာက တကယ် အရေးကြီးတယ်။ ဒါပေမဲ့ သသဘောညီညွှတ်တဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ အေးအေးချမ်းချမ်း အဆင်ပြေနေတာလို့ ကျွန်မ အမြဲ ထင်ခဲ့သလို၊ သူများတွေရဲ့ အားနည်းချက်ကို ထောက်ပြတာ၊ အကြံပြုတာက လူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေမယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ကိစ္စတွေအပေါ် ကျွန်မရဲ့ ရှုထောင့်အမြင်က တကယ် လွဲချော် နေခဲ့တာပဲ။ တကယ်တော့ သဘောညီညွှတ်တဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ လူတိုင်း အဆင်ပြေနေပြီး ဘယ်သူမှ စိတ်မဆိုးကြတာ မဟုတ်သလို၊ ကိစ္စတွေကို ဖုံးဖိပြီး လူ့အကြိုက်လိုက်သူ လုပ်တာလဲ မဟုတ်ပါဘူး။ အဲဒါက သမ္မာတရား စည်းမျဉ်း တွေကို ကိုင်စွဲတာ၊ ခိုင်မာစွာ ရပ်တည်တာနဲ့ တရားမျှတစိတ် ရှိတာကို ဆိုလိုတာပါ။ ကိုယ်နဲ့ တွဲလုပ်တဲ့ ညီအစ်ကိုမောင်နှမတွေက စည်းမျဉ်းတွေကို ချိုးဖောက်တာတွေ့ရင် ကျွန်မတို့က သတိပေးတာ၊ ကူညီတာ၊ ဒါမှမဟုတ် ပြုပြင်တာတွေ လုပ်သင့်တယ်။ ဒါက သူများကို အခက်တွေ့အောင် လုပ်တာ၊ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက်ကို ဖွင့်ထုတ်တာ မဟုတ်ဘူး၊ စည်းမျဉ်းတွေအတိုင်း ကိုယ့်တာဝန်ကို ထမ်းဆောင်တာ ဖြစ်ပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းဖို့ လုပ်ဆောင်တဲ့ တရားမျှတတဲ့ လုပ်ရပ်တစ်ခုပါ။ ကျွန်မရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေကြောင့် ပြဿနာတွေ မြင်ရက်နဲ့ မပြောဘဲ မသိကျိုးကျွန် ပြုခဲ့တယ်။ ဒါက ဘယ်လိုလုပ်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ သဘောညီညွှတ်တဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်နိုင်မှာလဲ။ ဒါဟာ လောကီ ဆက်ဆံရေးတွေအတွက်ဖြစ်တဲ့ အတွေးအခေါ် တွေနဲ့ အသက်ရှင်ပြီး ကိုယ့် တာဝန်မှာ တာဝန်မဲ့တာ သက်သက်ပါပဲ။ ဒီလို ပူးပေါင်းဆောင်ရွက်မှုက ဘယ်ကြီးကြပ် တဲ့အခန်းကဏ္ဍကိုမှ လုံးဝ မလုပ်ခဲ့ဘူး။ ဒါကို တွေးမိတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ရွံရှာမိတယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ပြီး ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေကို ကျွန်မ နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းက မှန်ကန်ပြီး သင်သည် မှန်ကန်သော ဦးတည်ချက်ဖြင့် ရွေ့လျားသောအခါ သင်၏ အနာဂတ်သည် လှပပြီး လင်းလက်နေမည် ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် စိတ်နှလုံးအေးချမ်းစွာဖြင့် အသက်ရှင်ရမည်၊ သင်၏ စိတ်ဝိညာဉ်သည် အားပြည့်လာမည်၊ ပြီးလျှင် သင်သည် ကျေနပ်ကာ ဝမ်းမြောက်နေမည် ဖြစ်သည်။ အကယ်၍ ဇာတိပကတိ၏ ဘောင်ခတ်ခြင်းများမှ မလွတ်မြောက်နိုင်လျှင်၊ ခံစားချက်များ၊ ကိုယ်ကျိုးနှင့် စာတန်ဆန်သော အတွေးအခေါ်များ၏ ဘောင်ခတ်ခြင်းကို အစဉ်သဖြင့် ခံရကာ သိုဝှက်သောပုံစံဖြင့် ပြုမူပြောဆိုပြီး မှောင်ရိပ်ထဲတွင် အမြဲတမ်း ပုန်းအောင်းနေလျှင် သင်သည် စာတန်၏ အာဏာအောက်၌ အသက်ရှင်နေခြင်း ဖြစ်သည်။ သို့ရာတွင် သမ္မာတရားကို နားလည်လျှင်၊ ဇာတိပကတိ၏ ဘောင်ခတ်ခြင်းများမှ လွတ်မြောက်သည့်အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင် သင်သည် လူသားပုံသဏ္ဌာန်ကို တဖြည်းဖြည်း ပိုင်ဆိုင်လာမည် ဖြစ်သည်။ သင်သည် သင်၏ စကားများနှင့် လုပ်ရပ်များတွင် ပွင့်လင်းပြီး ဖြောင့်မတ်ရိုးသားမည် ဖြစ်ပြီး သင်၏ အကြံဉာဏ်များ၊ ထင်မြင်ချက်များ၊ သင်ပြုလုပ်ထားသည့် အမှားများကို ထုတ်ဖော်နိုင်မည်ဖြစ်ကာ ယင်းတို့ကို လူတိုင်းအား ရှင်းလင်းစွာ မြင်တွေ့ခွင့်ပေးမည် ဖြစ်သည်။ အဆုံးတွင် လူတို့သည် သင့်အား ပွင့်လင်းမြင်သာမှု ရှိသော လူတစ်ဦးအဖြစ် အသိအမှတ်ပြုမည် ဖြစ်သည်။ ပွင့်လင်းမြင်သာမှုရှိသော လူတစ်ဦးဟူသည်မှာ အဘယ်နည်း။ ယင်းမှာ ခြွင်းချက်မရှိသော ရိုးသားမှုဖြင့် စကားပြောသောသူ၊ သူ၏ စကားလုံးများကို လူတိုင်းက မှန်ကန်သည်ဟု ယုံကြည်ခံရသောသူ ဖြစ်သည်။ ထိုသူတို့သည် မရည်ရွယ်ဘဲ လိမ်ညာမိလျှင်ပင် သို့မဟုတ် မှားယွင်းသော အရာတစ်ခုကို ပြောမိလျှင်ပင် လူတို့က သူတို့ကို ခွင့်လွှတ်နိုင်ကာ၊ ယင်းမှာ မတော်တဆဖြစ်သည်ဟု သိကြသည်။ အကယ်၍ ၎င်းတို့က ထိုသူတို့သည် လိမ်ညာခဲ့သည် သို့မဟုတ် မှားယွင်းသောအရာတစ်ခုကို ပြောခဲ့သည်ဟု သဘောပေါက်လျှင် ထိုသူတို့က တောင်းပန်ပြီး သူတို့ကိုယ်သူတို့ ပြုပြင်ကြသည်။ ဤသည်မှာ ပွင့်လင်းမြင်သာမှု ရှိသော လူတစ်ဦးဖြစ်၏။ ထိုကဲ့သို့သော လူတစ်ဦးကို လူတိုင်းက နှစ်သက်ပြီး ယုံကြည်စိတ်ချသည်။ သင်သည် ဘုရားသခင်၏ ယုံကြည်စိတ်ချမှုနှင့် အခြားသူများ၏ ယုံကြည်စိတ်ချမှုကို ရရှိရန်အတွက် ဤအဆင့်သို့ ရောက်ဖို့လိုသည်။ ဤသည်မှာ လွယ်ကူသောအလုပ် မဟုတ်။ လူတစ်ဦးပိုင်ဆိုင်နိုင်သည့် အမြင့်ဆုံးသော ဂုဏ်သိက္ခာအဆင့် ဖြစ်သည်။ ဤကဲ့သို့သော လူတစ်ဦး၌ မိမိကိုယ်ကိုလေးစားမှု ရှိ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးဖြစ်ခြင်းကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်) ဘုရားသခင်က ကျွန်မတို့ကို စကားပြောတာ၊ လုပ်ဆောင်တာတွေမှာ ပွင့်လင်းပြီး ဖြောင့်မတ်စေချင်တယ်၊ ကိုယ့်အတွေးတွေ၊ အကြံဉာဏ်တွေကို တခြားလူတွေနဲ့ ပွင့်ပွင့်လင်းလင်း ဝေမျှစေချင်တယ်၊ ကိစ္စတွေကို အတူတကွ ဆွေးနွေးပြီး ရိုးသားတဲ့လူတွေ ဖြစ်စေချင်တယ်။ အဲဒီလိုလူတွေကို ဘုရားသခင် ချစ်ပြီး သူတို့က ဂုဏ်သိက္ခာ ရှိရှိ အသက်ရှင်ကြတယ်။ နောက်တစ်ကြိမ် ကိစ္စတွေ ဆွေးနွေးကြတဲ့အခါ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုဖို့ ကျွန်မရဲ့ အတွေးတွေ၊ အမြင်တွေကို သတိရှိရှိ ထုတ်ပြောခဲ့တယ်။ ကျွန်မ ကိစ္စတွေကို ဖုံးကွယ်ထားတာ၊ လူ့အကြိုက်လိုက်သူ လုပ်ဖို့ ကြိုးစားတာတွေ မလုပ်တော့ဘူး။ ကျွန်မအတွေးတွေက အပြည့်အဝ ပုံပေါ်မလာသေးရင်တောင်၊ ထုတ်ပြောနေတုန်းပဲ။ ကျွန်မရဲ့အမြင်တွေ မှားနေရင်လည်း ကိုယ့်မာနကို ဘေးဖယ်ထားပြီး သူများတွေရဲ့ အမြင်ကို လက်ခံခဲ့တယ်။ ဒီနည်းနဲ့ လက်တွေ့လုပ်ဆောင်တာက ကျွန်မစိတ်နှလုံးကို ငြိမ်းချမ်းမှုနဲ့ စိတ်ချမှု ရရှိစေခဲ့တယ်။
တစ်နေ့တော့ အန်းလို့ခေါ်တဲ့ ညီအစ်မတစ်ယောက်ကို အသင်းတော်ထဲ ပြန်လက်ခံသင့်၊ မသင့် ကျွန်မတို့ ဆွေးနွေးနေကြတယ်။ အန်းက မာနထောင်လွှားတဲ့ စိတ်သဘောထား ရှိပြီး သမ္မာတရားကို လက်ခံဖို့ တောက်လျှောက် ငြင်းဆန်ခဲ့တာ။ ခေါင်းဆောင်တွေက သူနဲ့ အကြိမ်ကြိမ် မိတ်သဟာယပြုခဲ့ပေမဲ့ သူက သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်တာ မလုပ်ခဲ့ဘူး၊ မသိခဲ့ဘူး။ အဲဒီအစား သူက အသင်းတော် အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရင်းနဲ့ ညီအစ်ကို မောင်နှမတွေရှေ့မှာ ခေါင်းဆောင်တွေကို ဝေဖန်ပြီးတော့ ပိုတောင်ဆိုတဲ့အရာတွေ လုပ်ခဲ့တယ်။ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ သူ့ကို သီးခြားခွဲထားလိုက်တယ်။ အဲဒီနောက်ပိုင်း သူက တာဝန်တွေ ဆက်လုပ်ခဲ့ပြီး လတ်တလောမှာ ဧဝံဂေလိ ဟောပြောတာ တော်တော် ထိရောက်မှုရှိခဲ့တယ်။ လုပ်ဖော်ကိုင်ဖက် တော်တော်များများက အန်းကို အသင်းတော်ထဲ ပြန်လက်ခံဖို့ သဘောတူကြပေမဲ့ ကျွန်မက တွန့်ဆုတ်နေပြီး တွေးမိတယ်၊ “အန်းက ဧဝံဂေလိ ဟောပြောတာ အောင်မြင်မှုတချို့ ရှိပေမဲ့ သူ့ စိတ်သဘောထားက တော်တော် မလိုမုန်းထား ဖြစ်ပြီး သူက သမ္မာတရားကို လက်ခံတဲ့လူ မဟုတ်ဘူး။ သူ့ရဲ့ အရင်က ဒုစရိုက်အမှုတွေကို သူ တကယ် အသိအမှတ်မပြုသေးသလို မြင်သာတဲ့ နောင်တရတဲ့လက္ခဏာတစ်ခုမှလည်း မရှိဘူး။ ဧဝံဂေလိ ဟောပြောတာ ခဏတာ အောင်မြင်လို့ သူ့ကို အသင်းတော်ထဲ ပြန်လက်ခံလိုက်တာက မသင့်တော်ဘူး ထင်တယ်” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ “လုပ်ဖော်ကိုင်ဖက်တချို့က သဘောတူပြီးသားဖြစ်ပြီး၊ ငါတစ်ယောက်တည်းက သဘောမတူရင် လူတိုင်း ဘယ်လိုထင်ကြမလဲ။ ငါ့မှာ အမြဲ မတူတဲ့အမြင်တွေ ရှိနေပြီး ငါက ပေါင်းသင်းရ အရမ်းခက်တယ်လို့ သူတို့ ထင်ကြမလား။ လူတိုင်းက သဘောတူနေမှတော့ ငါ ဘာမှ မပြောသင့်ဘူး ထင်တယ်” လို့ပေါ့။ ဒါပေမဲ့ ရုတ်တရက် ကလယ်ရာနဲ့ပတ်သက်တဲ့ အခြေအနေကို ကျွန်မ သတိရသွားတယ်။ အဲဒီတုန်းက ကျွန်မ တာဝန်မဲ့စွာနဲ့ လူအများနောက် လိုက်ခဲ့ပြီး သမ္မာတရား စည်းမျဉ်း တွေဘက်က ရပ်တည်ဖို့ သတ္တိမရှိခဲ့လို့ အသင်းတော်အလုပ် နှောင့်နှေးခဲ့ရတယ်လေ။ ကျွန်မ နည်းနည်း ကြောက်လာလို့ ဘုရားသခင်ဆီ အမြန် ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ အန်းကို အသင်းတော်ထဲ ပြန်လက်ခံဖို့ လူတိုင်း သဘောတူထားပေမဲ့ သမီးကတော့ အဲဒါနဲ့ပတ်သက်လို့ စိတ်မသက်မသာဖြစ်နေတုန်းပါပဲ။ ဒီတစ်ခါတော့ ရှင်းလင်းမှု မရှိဘဲ အလျင်စလို ဆုံးဖြတ်ချက် မချချင်ပါဘူး။ သမ္မာတရား စည်းမျဉ်း တွေနဲ့အညီ လုပ်ဆောင်ချင်ပါတယ်။ ကျေးဇူးပြုပြီး သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြ တော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးနောက် လူတွေကို အသင်းတော်ထဲ ပြန်လက်ခံခြင်းဆိုင်ရာ စည်းမျဉ်းတွေကို ကျွန်မ ရှာကြည့်လိုက်တယ်။ စည်းမျဉ်းတွေက ဒီလိုပြောတယ်။ တစ်စိုက်မတ်မတ် မာနထောင်လွှား၊ စိတ်ကြီးဝင်ပြီး သွေးခွဲတဲ့သူတွေဟာ ကယ်တင်လို့မရ နိုင်ဘူး။ ဆိုးယုတ်သောသူတွေဟာ အမြဲ ဆိုးယုတ်နေမှာဖြစ်ပြီး တကယ် နောင်တမရနိုင်ဘူး။ အသင်းတော်ကို ပြန်လာတဲ့သူတွေဟာ အသင်းတော်ကို လုံးဝ မနှောင့်ယှက်ရဘူး၊ လူအများစုနဲ့ အဆင်ပြေအောင် နေနိုင်ရမယ်။ အဲဒီလိုလူတွေသာ အသင်းတော်ထဲ ပြန်လက်ခံဖို့ သင့်တော်တယ်။ အသင်းတော်ကို ထိခိုက်နစ်နာစေပြီး အထောက်အကူမဖြစ်တဲ့ သူတွေကို ပြန်လက်ခံလို့ မရဘူးတဲ့။ ဒါကို အန်းရဲ့ အပြုအမူနဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့၊ သူ့ စိတ်သဘောထားက တော်တော် မာနထောင်လွှားပြီး သမ္မာတရား ကို လက်ခံဖို့ တစ်စိုက်မတ်မတ် ငြင်းဆန်ခဲ့ပြီး ညီအစ်ကိုမောင်နှမတွေက သူ့ကို ဘယ်လိုပဲ မိတ်သဟာယပြုပေးပါစေ၊ သူ ဆင်ခြင်သုံးသပ်တာ၊ နောင်တရတာ မရှိခဲ့ပုံကို ကျွန်မ တွေးမိတယ်။ ဧဝံဂေလိ ဟောပြောတဲ့နေရာမှာ ခဏတာ အောင်မြင်မှုတချို့ ရှိပေမဲ့ သူက သမ္မာတရား လက်ခံတဲ့သူ မဟုတ်ဘူး။ သူ့အကျိုးစီးပွားကို ထိခိုက်တာ တစ်ခုခုရှိရင် အကျင့်ဟောင်းတွေ ပြန်ပေါ်လာပြီး အသင်းတော်အလုပ်ကို ဆက်နှောင့်ယှက်ဖို့ များတယ်။ ဒီလိုလူမျိုးကို အသင်းတော်ထဲ ပြန်လက်ခံဖို့ မသင့်တော်ပါဘူး။ အဲဒီနောက်မှာ ကျွန်မအမြင်တွေကို ထုတ်ပြောလိုက်တော့ လုပ်ဖော်ကိုင်ဖက်တချို့က ကျွန်မအမြင်ကို သဘောတူကြတယ်။ နောက်ဆုံးတော့ အန်းကို အသင်းတော်ထဲ ပြန်လက်မခံခဲ့ဘူး။ ဒီရလဒ်ကို မြင်တော့ ဒီနည်းနဲ့ တာဝန် ထမ်းဆောင်ရတာ ကျွန်မ စိတ်အေးချမ်းပြီး စိတ်ချလက်ချ ဖြစ်ရတယ်။
လူတစ်ယောက်ရဲ့ တာဝန်မှာ ရိုးသားတဲ့ စိတ်နှလုံး ရှိဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ဒီအတွေ့အကြုံက နားလည်စေခဲ့တယ်။ ကိုယ့်တာဝန်မှာ ရိုးသားတဲ့ သဘောထားရှိပြီး သူတစ်ပါး စိတ်အနှောင့်အယှက်ဖြစ်မှာ မကြောက်ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာက အသင်းတော်အလုပ်ကို ကာကွယ်ပေးပါတယ်။