၈၈။ လူ့အကြိုက်လိုက်သူဖြစ်ခြင်းမှ ရရှိခဲ့သည့် ခါးသီးသော သင်ခန်းစာများ

ဖန်ရိ၊ တရုတ်ပြည်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဝမ်ဟွာနဲ့ ကျွန်တော် အသင်းတော် ခေါင်းဆောင်တွေအနေနဲ့ ရွေးကောက်ခံခဲ့ရတယ်။ ဝမ်ဟွာက ခေါင်းဆောင်လုပ်ဖူးတဲ့ အတွေ့အကြုံရှိသလို၊ ဧဝံဂေလိ ဟောပြောတဲ့နေရာမှာလဲ ဝါရင့်တော့ သူက ဧဝံဂေလိအလုပ်ကို အဓိက တာဝန်ယူရပြီး ကျွန်တော်ကတော့ တခြားအလုပ်တွေကို ကိုင်တွယ်ရတယ်။ အလုပ်မှာ ပြဿနာတွေ၊ အခက်အခဲတွေ ကြုံရတဲ့အခါ ကျွန်တော် သူ့ဆီမှာ ရှာဖွေပြီး မေးမြန်းတယ်၊ သူကလဲ ကျွန်တော်နဲ့ မိတ်သဟာယဖွဲ့ဖို့၊ ကူညီဖို့ အမြဲ လိုလားတယ်။ ကျွန်တော်တို့ တော်တော်လေး သဟဇာတဖြစ်အောင် နေခဲ့ကြတယ်။ နည်းနည်းကြာတော့ ဝမ်ဟွာက ကိုယ့်သဘောဆန္ဒ အရမ်းပြင်းပြတာကို ကျွန်တော် သတိထားမိလာတယ်၊ အထူးသဖြင့် လူရွေးချယ်တာ၊ အသုံးပြုတာနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာပေါ့။ သမ္မာတရား စည်းမျဉ်းတွေကို မရှာဖွေဘဲ သူ့အမြင်ကိုပဲ အမြဲအားကိုးသလို၊ တခြားသူတွေရဲ့ အကြံပြုချက်တွေကိုလဲ ထည့်သွင်းစဉ်းစားဖို့ လိုလားမှု မပြခဲ့ဘူး။ တစ်နေ့မှာတော့ အဖွဲ့ခေါင်းဆောင် လီကျစ်က သူ့တာဝန်တွေမှာ တစ်လျှောက်လုံး ဝတ်ကျေတမ်းကျေ လုပ်နေတယ်၊ ဝန်တာထားစိတ် မရှိဘူး၊ ပြီးတော့ အကြိမ်ကြိမ် မိတ်သဟာယ ဖွဲ့ပေးပေမဲ့ သူ့အပြုအမူကို မပြင်ဘူးဆိုပြီး ဧဝံဂေလိ သင်းထောက်က တင်ပြတယ်။ သူက ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် သူ့တာဝန်တွေကို လုံးဝ လျစ်လျူရှုပြီး တစ်ပတ်လောက်တောင် ပစ်ထားခဲ့တာလေ။ ဒါကို ကြားပြီးနောက်မှာ ကျွန်တော် တော်တော် ဒေါသထွက်သွားပြီး လီကျစ်က အဖွဲ့ခေါင်းဆောင်အဖြစ် ဆက်လုပ်ဖို့ မသင့်တော်တော့ဘူး၊ စည်းမျဉ်းတွေအရဆိုရင် သူ့ကို ဖြုတ်ချပြီး နေရာပြောင်းသင့်တယ်လို့ ခံစားမိတယ်။ ဒါနဲ့ ဝမ်ဟွာကို ကျွန်တော့်အမြင် မျှဝေလိုက်တော့ အံ့သြစရာကောင်းတာက သူက နားမထောင်တဲ့အပြင်၊ ကျွန်တော့်အတွေးအခေါ်က မရင့်ကျက်ဘူး၊ တခြားသူတွေအပေါ် အရမ်း တောင်းဆိုလွန်းတယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပါလေရော။ လီကျစ်ရဲ့ အခြေအနေ ကောင်းတဲ့အချိန်တုန်းကဆိုရင် ဧဝံဂေလိ ဟောပြောပြီး လူရနိုင်တယ်၊ သူက မိတ်သဟာယနဲ့ အကူအညီ ပိုလိုအပ်နေတာလို့တောင် သူက ပြောလိုက်သေးတယ်။ ကျွန်တော်က ပြောလိုက်တယ်၊ “အဖွဲ့ခေါင်းဆောင် ဖြစ်ဖို့ဆိုရင် ဝန်တာထားစိတ်နဲ့ တာဝန်ယူစိတ် ရှိရမယ်လေ။ လီကျစ် သူ့တာဝန်မှာ တစိုက်မတ်မတ် ပြုမူနေပုံအရဆိုရင် အဖွဲ့ခေါင်းဆောင်နေရာနဲ့ လုံးဝမသင့်တော်ဘူး။ ဒါကို ခင်ဗျားက ဒီနေရာမှာ ဆက်ထားဖို့ ဇွတ်အတင်း လုပ်နေတုန်းပဲ။ ဒါက စည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတာနော်” လို့ပေါ့။ ဒါပေမဲ့ ဝမ်ဟွာက နားမထောင်သေးဘဲ ဒီလိုပြောတယ်။ “လီကျစ်ကို ဖြုတ်လိုက်လို့ အစားထိုးဖို့ သင့်တော်တဲ့လူ ချက်ချင်း မရှာနိုင်ရင် အလုပ်ရလဒ်တွေ ထိခိုက်နိုင်တယ်၊ အထက်ခေါင်းဆောင်တွေက မေးလာရင် ကျွန်မတို့ ကျေနပ်လောက်တဲ့ ရှင်းပြချက် ပေးနိုင်မှာ မဟုတ်ဘူး။ နေရာမှာ ဘယ်သူမှ မရှိတာထက်စာရင် တစ်ယောက်ယောက် ရှိနေတာက ပိုကောင်းတယ်” တဲ့။ သူ အဲဒီလိုပြောတာကြားတော့ သူက သူ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ အာရုံစိုက်နေပြီး အသင်းတော်အလုပ်ကို လုံးဝ မစဉ်းစားဘူးဆိုတာ ကျွန်တော် မြင်နိုင်ခဲ့တယ်။ ဒါကြောင့် သူ ဒီလိုမျိုး ပြုမူနေတာရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေကို ဖော်ထုတ်ချင်ခဲ့တယ်လေ။ ဒါပေမဲ့ သူ့ရဲ့ ဒေါသထွက်နေတဲ့ အမူအရာကို မြင်တဲ့အခါ စိုးရိမ်သွားပြီး တွေးမိတယ်၊ “ပုံမှန်ဆိုရင် သူ့အလုပ်မှာရှိတဲ့ ကိစ္စတွေကို ငါ အကျဉ်းချုံး ပြောပြရင်တောင် သူက စိတ်မရှည်ဘူး။ ငါသာ ဗြောင်ကျကျ တဲ့တိုး ပြောလိုက်ရင် သူ ဒေါသထွက်ပြီး ငါ့ကို ခပ်တန်းတန်း လုပ်နေလောက်တယ်။ ဒါကြောင့် ငါတို့ဆက်ဆံရေး တင်းမာသွားရင် နောင်ကျ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ။ အလုပ်မှာ ငါ အခက်အခဲ ကြုံရလို့ သူ မကူညီတော့ရင် ဘယ်လိုလုပ်မလဲ။ မပြောတာပဲ ထားလိုက်တာပဲ ကောင်းပါတယ်လေ။ သူက တာဝန်ထမ်းဆောင်တာ နှစ်တွေအများကြီးကြာပြီဆိုတော့ လူတွေကို တာဝန်ပြောင်းတဲ့ စည်းမျဉ်းတွေကို ငါ့ထက် ပိုနားလည်တာပဲ။ သူ့အစီအစဉ်နဲ့သူ ရှိလောက်မှာပါ။ ဒီကိစ္စမှာ ငါ သိပ်မစဉ်းစားတာ အကောင်းဆုံးပဲ” လို့ပေါ့။ ဒါကြောင့် လူတွေကို အသုံးပြုတဲ့အခါမှာ အားသာချက်၊ အားနည်းချက်တွေကို ထည့်သွင်းစဉ်းစားဖို့ပဲ သူ့ကို သတိပေးခဲ့ပြီး ဒီကိစ္စကို ထပ်မပြောတော့ပါဘူး။

မကြာခင်မှာပဲ၊ ညီအစ်မ ရှုရှင်းက ဉာဏ်ကောင်းပြီး လူတွေနဲ့ စကားပြောတာ ကောင်းလို့ ဧဝံဂေလိ ဟောပြောဖို့ သူ့ကို ပျိုးထောင်ဖို့ စီစဉ်ထားတယ်လို့ ဝမ်ဟွာက ကျွန်တော့်ကို ပြောလာတယ်။ ဒါကိုကြားတော့ ကျွန်တော် တွေးမိတယ်၊ “ရှုရှင်းကို ငါရင်းနှီးတာပဲ။ သူက သူ့တာဝန်တွေမှာ အမြဲတမ်း တာဝန်ယူစိတ် မရှိဘူး၊ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်တယ်။ အရင်တုန်းက ယုံကြည်သူအသစ်တွေကို ရေလောင်းဖို့ သူ့ကို ပျိုးထောင်တုန်းကဆိုရင် ဒုက္ခများတယ်လို့ ထင်ပြီး ယုံကြည်သူအသစ်တွေ ထွက်သွားရင် တာဝန်ယူရမှာကို ကြောက်ခဲ့တာ။ ရေလောင်းတာ ရက် ၂၀ ကျော်လောက်ပဲ ရှိသေးတယ်၊ သူ မသွားတော့ဘဲ သူ့ယောက်ျားက သူ့ကို တာဝန်မထမ်းဆောင်ဖို့ တားတယ်ဆိုပြီး လိမ်တောင် ပြောခဲ့သေးတာ” လို့ပေါ့။ ဒါနဲ့ ကျွန်တော် သိထားတာတွေကို ဝမ်ဟွာကို မျှဝေပြီး ရှုရှင်းလိုလူက ပျိုးထောင်ဖို့ မသင့်တော်ဘူးလို့ သတိပေးလိုက်တယ်။ ဝမ်ဟွာက ကျွန်တော့်အကြံဉာဏ်ကို လုံးဝ နားမထောင်ဘူးဗျ။ လူတစ်ယောက်ရဲ့ သဘာဝအစစ်အမှန်ကို တစ်ကြိမ်တစ်ခါ ဆက်ဆံဖူးရုံနဲ့ အပြည့်အဝ ဆုံးဖြတ်လို့ မဖြစ်နိုင်ဘူး၊ အဲဒီအစား တိုးတက်ပြောင်းလဲလာမယ့် အမြင်နဲ့ ကြည့်ရမယ်လို့ သူက ပြောတယ်။ ဒါက မသင့်တော်ဘူးလို့ ခံစားရပြီး သူ့ကို တားချင်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ တွေးမိပြန်တယ်၊ “ရှုရှင်းကို ပျိုးထောင်မယ့်အကြောင်း သူက လူတိုင်းကို ပြောပြီးပြီဆိုတော့၊ ငါက သဘောမတူရင် သူ့ကို အရှက်ခွဲသလို ဖြစ်မှာ သေချာတယ်။ ငါက မာနထောင်လွှားပြီး သူများကိစ္စ ဝင်ပါနေတယ်လို့ သူ ထင်သွားမလား။ ဒါကြောင့် ငါတို့ ဆက်ဆံရေး ပျက်သွားရင် ဘယ်လိုလုပ်မလဲ။ အဲဒါဆိုရင် နောင်ကျ အဆင်ပြေဖို့ ခက်သွားမှာပဲ” လို့ပေါ့။ ဒါကို တွေးမိပြီးတော့ ဒါကို တွေးမိတဲ့အခါ ဆက်ပြီး ဇွတ်မပြောရဲတော့ဘဲ အနည်းဆုံးတော့ ငါ သတိပေးသင့်သမျှ သတိပေးပြီးသွားပြီပဲ။ “နောင်ကျရင် ပြဿနာတစ်ခုခု ပေါ်လာရင် ငါ့တာဝန် မဟုတ်တော့ဘူး” လို့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ပါတယ်။

နောက်ပိုင်းမှာ လီကျစ်က သူ့တာဝန်တွေအပေါ် ဆက်ပြီး လျစ်လျူရှုထားတုန်းပဲ၊ အဲဒါက ညီအစ်ကို မောင်နှမတွေရဲ့ အခြေအနေကို ထိခိုက်စေပြီး အလုပ်ထိရောက်မှု အကြီးအကျယ် ကျဆင်းသွားစေတယ်ဆိုတာ ကျွန်တော် သိလိုက်ရတယ်။ ဒါ့အပြင် ရှုရှင်းကလဲ ဧဝံဂေလိ ဟောပြောဖို့ ဝန်တာထားစိတ် မရှိဘူး၊ အိမ်မှာ အလုပ်ရှုပ်ပြီဆိုရင် သူ့တာဝန်တွေကို ပစ်ထားတတ်ပြီး သူ့တာဝန်တွေကနေ ရလဒ် သိပ်မထွက်ခဲ့ဘူး။ ခေါင်းဆောင်တွေက ကျွန်တော်တို့ရဲ့ ဧဝံဂေလိအလုပ်မှာရှိတဲ့ လမ်းလွဲခြင်းတွေနဲ့ ပြဿနာတွေကို စာရေးထောက်ပြပြီး၊ ကျွန်တော်တို့ကို မိတ်သဟာယဖွဲ့ပေးခဲ့တယ်၊ ပြုပြင်ပေးခဲ့တယ်။ ဒါပေမဲ့ ဝမ်ဟွာက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် လုံးဝ မပြဘူးဗျ။ အဲဒီအစား သူက ပြန်ငြင်းတယ်၊ ပြီးတော့ ညီအစ်ကို မောင်နှမတွေက သူတို့တာဝန်တွေအတွက် ဝန်တာထားစိတ် မရှိဘူးလို့ ပြောပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးဖို့ ကြိုးစားတယ်။ သူ့ပြဿနာတွေကို ကျွန်တော် တကယ် ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာချင်ပေမဲ့၊ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် မသိဘဲ သူ့ကိုပဲ ပြုပြင်နေတယ်လို့ သူ ပြောမှာကို ကြောက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး ဘုရားသခင်ဆီ နောင်တရဖို့ပဲ သူ့ကို အကျဉ်းချုံး သတိပေးလိုက်တယ်။ နောက်ပိုင်းမှာ ဝမ်ဟွာမှာ ကိုယ့်ကိုယ်ကိုယ် သိမြင်မှု လုံးဝ မရှိတာကို ကျွန်တော် မြင်ခဲ့ရတယ်။ ညီအစ်ကို မောင်နှမတွေက တင်ပြကြတယ်၊ စုဝေးပွဲတွေမှာ သူတို့ရဲ့အလုပ်နဲ့ပတ်သက်ပြီး သူက အပြစ်ရှာတာ၊ ဆူပူကြိမ်းမောင်းတာလောက်ပဲ အာရုံစိုက်တယ်၊ တကယ့်ပြဿနာတွေကို မဖြေရှင်းပေးဘူး၊ ပြီးတော့ လူတိုင်းက သူ့ကြောင့် ဘောင်ခတ်ခံနေရတယ်တဲ့။ ဝမ်ဟွာက ခေါင်းဆောင်တု ဖြစ်ဖို့များတယ်ဆိုတာ ကျွန်တော် သဘောပေါက်လိုက်ပြီး ဒီအကြောင်းကို အထက်ခေါင်းဆောင်တွေဆီ တိုင်ချင်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ တွေးမိပြန်တယ်၊ “သူ့ပြဿနာတွေကို ငါ တိုင်လိုက်မှန်း သူသိသွားရင် ငါ့ကို အငြိုးထားမှာ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ငါ့တာဝန်တွေမှာ သူ ငါ့ကို ကူညီဖူးတာပဲလေ...” လို့ပေါ့။ ကျွန်တော် အပြန်ပြန်အလှန်လှန် စဉ်းစားပေမဲ့၊ နောက်ဆုံးတော့ သူ့အကြောင်းရေးတင်ဖို့ ဘာသတ္တိမှမရှိ ဖြစ်ခဲ့တုန်းပဲ။ နောက်ပိုင်းမှာ အထက်ခေါင်းဆောင်တွေက အလုပ်ကို လာစစ်ဆေးကြတယ်။ ဝမ်ဟွာက မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်တာ၊ ဘာစည်းမျဉ်းမှ မရှိဘဲ လုပ်ဆောင်တာ၊ တခြားသူတွေရဲ့ အကြံပြုချက်တွေကို လက်မခံတာ၊ ပြီးတော့ တကယ့်အလုပ် ဘာမှ မလုပ်ဘဲ စကားလုံးတွေနှင့် အယူဝါဒတွေကိုပဲ ပြောဆိုတာတွေကို သူတို့ တွေ့သွားကြတယ်၊ ဒါကြောင့် သူ့ကို ခေါင်းဆောင်တုအဖြစ် သတ်မှတ်ပြီး ဖြုတ်ချလိုက်တယ်။ ကျွန်တော်ကလည်း လူ့အကြိုက်လိုက်သူလို ပြုမူခဲ့ပြီး အသင်းတော်ရဲ့ အလုပ်ကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဖြုတ်ချခံခဲ့ရတယ်။ သိပ်မကြာခင်မှာပဲ လီကျစ်နဲ့ ရှုရှင်းတို့လည်း ဖြုတ်ချခံလိုက်ရတယ်။ ဒီလို ကိုင်တွယ်ဖြေရှင်းခံရပြီးနောက်မှာ ကျွန်တော် ကြောက်ရွံ့မိပြီး ကျွန်တော် မကောင်းမှု လုပ်မိမှန်း သိလိုက်တယ်။ အထူးသဖြင့် ခေါင်းဆောင်တွေ ကျွန်တော့်ကို “ဝမ်ဟွာက စည်းမျဉ်းတွေနဲ့ ဆန့်ကျင်ပြီး လုပ်နေတာကို ခင်ဗျား မြင်ရက်နဲ့ မတားနိုင်ရင် ဘာလို့ မတိုင်တာလဲ။ သူနဲ့ ဆက်ဆံရေးကို ကာကွယ်ဖို့ ဘာလို့ ဒီလောက် ကြိုးစားနေရတာလဲ။ ခင်ဗျား တာဝန်မှာ တော်တော် တာဝန်မဲ့တာပဲ” လို့ မေးခွန်းထုတ်ခဲ့တာကို တွေးမိတဲ့အခါ၊ ကျွန်တော့်ရင်ထဲ တကယ်ကို အောင့်ခနဲဖြစ်သွားတယ်။ ဝမ်ဟွာနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် အသင်းတော်အလုပ်ကို ကျွန်တော် မစဉ်းစားခဲ့ဘူး။ သူက အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေတာကို ကျွန်တော် မြင်ပေမဲ့ သူ့ကို မတားခဲ့ဘူး။ ဒီခေါင်းဆောင်တုရဲ့ ဆိုးယုတ်တဲ့ လုပ်ရပ်တွေကို ကျွန်တော်က ခွင့်လွှတ်ပေးပြီး သူ့ရဲ့ ကြံရာပါအဖြစ် လုပ်ဆောင်နေခဲ့တာပဲ။ ကျွန်တော် ဖြုတ်ချခံရပြီးနောက်ပိုင်း လတွေမှာ ကျွန်တော် အရမ်း စိတ်မချမ်းမသာဖြစ်ခဲ့ရတယ်၊ ပြီးတော့ မျှော်လင့်ချက် လုံးဝ မရှိတဲ့ အခြေအနေမှာ နေထိုင်ရင်း ကိုယ့်ကိုယ်ကိုယ် အပျက်သဘောဆောင်တဲ့ အဆုံးအဖြတ်သတ်မှတ်ခဲ့တယ်။

ကျွန်တော် အခြေအနေ မကောင်းတာကို မြင်တော့ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို ကူညီဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ဝေမျှပေးကြတယ်။ ကျွန်တော့်ကို အကြီးအကျယ် စွဲမှတ်သွားစေတဲ့ နှုတ်ကပတ်တော် တစ်ပိုဒ် ရှိတယ်။ ဘုရားသခင်က ပြောသည် “ဘဝ၏ ကြီးထွားမှု ဖြစ်စဉ်နှင့် လူသား ကယ်တင်ခြင်း လမ်းကြောင်းအတွင်းတွင် လူတို့သည် တစ်ခါတစ်ရံ မှားယွင်းသည့် လမ်းကြောင်းကို လျှောက်ကောင်း လျှောက်နိုင်သည်၊ သွေဖည်နိုင်သည်၊ သို့မဟုတ် ဘဝတွင် မရင့်ကျက်သည့် အခြေအနေနှင့် အပြုအမူများကို ထုတ်ဖော်ပြကောင်းပြနိုင်သည်။ ၎င်းတို့တွင် အားနည်းပြီး အပျက်သဘောဆောင်သည့် အချိန်များ၊ မှားယွင်းသည့်အရာများကို ပြောဆိုမိသည့်၊ မှောက်မှားမိသည့် အချိန်များ၊ သို့မဟုတ် ကျရှုံးမှုကို တွေ့ကြုံရသည့် အချိန်များ ရှိကောင်းရှိနိုင်သည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ အမြင်တွင် ပုံမှန်ဖြစ်၏။ သူသည် ထိုအရာကြောင့် ၎င်းတို့အား ဗွေမယူပေ။ လူအချို့က မိမိတို့၏ ဖောက်ပြန်ပျက်စီးမှု အလွန် နက်ရှိုင်းပြီး ဘုရားသခင်ကို မည်သည့်အခါတွင်မျှ စိတ်မကျေနပ်စေနိုင်ဟု တွေးထင်ကြသောကြောင့် ဝမ်းနည်းပူဆွေးကာ မိမိတို့ကိုယ်ကို စက်ဆုပ်ရွံ့ရှာကြသည်။ ဤကဲ့သို့ နောင်တရသော စိတ်နှလုံးရှိသူများသည် ဘုရားသခင် ကယ်တင်သည့်သူများ အတိအကျဖြစ်လေသည်။ တစ်ဖက်တွင်မူ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ မလိုအပ်ဟု ယုံကြည်သူများ၊ ၎င်းတို့သည် လူကောင်းများဖြစ်ပြီး ၎င်းတို့နှင့် ပတ်သက်၍ မည်သည့်အရာမျှ မမှားယွင်းဟု တွေးထင်သူများသည် ဘုရားသခင် ကယ်တင်နေကျဖြစ်သည့် သူများမဟုတ်ပေ။ ငါ သင်တို့ကို ပြောပြနေသည့်အရာ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်မှာ အဘယ်နည်း။ နားလည်သည့်သူမည်သူမဆို ထုတ်ပြောကြလော့။ (သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ခြင်းများကို ကောင်းမွန်စွာ ကိုင်တွယ်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်လော့။ ပြီးလျှင် သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိလိမ့်မည်။ သင်သည် ဘုရားသခင်ကို တစ်စိုက်မတ်မတ် အထင်လွဲပါက မျှော်လင့်ချက်မဲ့ခြင်းကို အလွယ်တကူ လက်ခံမိလိမ့်မည်။) သင်သည် ယုံကြည်ချက်ရှိရမည်ဖြစ်ပြီး ‘ယခုအချိန်တွင် ကျွန်ုပ် အားနည်းပြီး မှောက်မှားကာ ကျရှုံးသော်ငြားလည်း ငါကြီးထွားလိမ့်မည်ဖြစ်ပြီး တစ်နေ့တွင် သမ္မာတရားကို နားလည်လိမ့်မည်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေလိမ့်မည် ဖြစ်ပြီး ကယ်တင်ခြင်းကို ရရှိလိမ့်မည်’ဟု ပြောရမည်။ သင်သည် ဤဆုံးဖြတ်ချက် ရှိရမည်။ မည်သည့် ဆုတ်ဆိုင်းမှုများ၊ အခက်အခဲများ၊ ကျရှုံးမှုများ၊ သို့မဟုတ် ချွတ်ချော်မှုများကို သင်ကြုံရသည်ဖြစ်စေ အပျက်သဘောမဆောင်ရ။ မည်သည့်လူစားမျိုးကို ဘုရားသခင် ကယ်တင်ကြောင်း သင်သိရမည်။ ထို့အပြင် သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရရန် အရည်အချင်းမပြည့်မီသေးကြောင်း ခံစားရပါက၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အခြေအနေများတွင်ဖြစ်စေ၊ မနှစ်သက်သည့် အခြေအနေများတွင်ဖြစ်စေ သင် ရှိနေသည့် ဖြစ်ရပ်များရှိပါက၊ သို့မဟုတ် ညံ့ဖျင်းစွာ သင် ပြုမူသကဲ့သို့ ဘုရားသခင်က သင့်ကို လက်မခံသည့်အချိန်များဖြစ်စေ၊ သင့်ကို ပစ်ပစ်ခါခါငြင်းသည့် အချိန်များဖြစ်စေ ရှိပါက ကိစ္စမရှိပါ။ ယခုတွင် သင် သိပြီဖြစ်ပြီး ယင်းမှာ အလွန်နောက်မကျချေ။ သင်နောင်တရသရွေ့ ဘုရားသခင်က သင့်ကို အခွင့်အရေးတစ်ခု ပေးလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ ဘုရားရဲ့ မေတ္တာကို ကျွန်တော် ခံစားရပြီး လူတွေကို ကယ်တင်ချင်တဲ့ ဘုရားရဲ့ စိတ်နှလုံးက ဘယ်တော့မှ မပြောင်းလဲဘူးဆိုတာ တွေ့လိုက်ရတယ်။ ကျွန်တော်က လူ့အကြိုက်လိုက်သူ ဖြစ်ခဲ့ပြီး အသင်းတော်အလုပ်ကို ထိခိုက်စေခဲ့လို့ ဘုရားက ကျွန်တော့်ကို ကယ်တင်တာ ရပ်လိုက်တာ မဟုတ်ပါဘူး။ အဲဒီအစား ဒီကျရှုံးမှုကနေတစ်ဆင့် ကိုယ့်ပြဿနာတွေကို ကျွန်တော် ဆင်ခြင်သုံးသပ်ပြီး သိမြင်ဖို့၊ သင်ခန်းစာယူဖို့၊ နောင်တရပြီး ပြောင်းလဲဖို့ ဘုရားက မျှော်လင့်ခဲ့တာပါ။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ထူမတ်ဖို့၊ ကျွန်တော့်ရဲ့ ကျရှုံးမှု အကြောင်းရင်းတွေကို ဆင်ခြင်သုံးသပ်ပြီး စိတ်ရင်းမှန်နဲ့ နောင်တရဖို့ လိုအပ်ခဲ့တယ်။ ဒါနဲ့ ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ သားဟာ ကိုယ့်တာဝန်တွေမှာ ပေါ့ဆခဲ့မှန်း သိပါတယ်၊ ကိုယ်တော့်မျက်နှာကို ဖူးမျှော်ရမှာ ရှက်မိပါတယ်။ ဒါပေမဲ့ သား ဒီလို စိတ်မချမ်းမသာဖြစ်တဲ့ အခြေအနေမှာ မနေချင်ပါဘူး။ ကိုယ့်ပြဿနာတွေကို သိမြင်နိုင်ဖို့ သားကို ဉာဏ်ပွင့်စေပြီး လမ်းပြတော်မူပါ” လို့ပေါ့။

တစ်နေ့မှာတော့ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်လိုက်ရတယ်။ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် ဘုရားအိမ်တော်၏အကျိုးစီးပွားတို့ကို ကာကွယ်ပေးဖို့ သင်တို့လိုအပ်သောအခါ သင်တို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အကန့်အသတ်ကို သင်တို့သည် ကျော်လွန်ပြီး သမ္မာတရားဘက်ခြမ်းတွင် ရပ်တည်နိုင်ပါသလော။ ဥပမာအနေဖြင့် သင်သည် အသင်းတော်သန့်စင်ခြင်းအလုပ်ကို လုပ်ဖို့အတွက် တစ်စုံတစ်ဦးနှင့်အတူ ပူးပေါင်းဆောင်ရွက်သော်လည်း ထိုသူက ဘုရားသခင်သည် လူများကို အတတ်နိုင်ဆုံး ကယ်တင်ကြောင်းနှင့် ကျွန်ုပ်တို့သည် လူများကို ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံရမည်ဖြစ်ပြီး သူတို့ကို နောင်တရဖို့အခွင့်အလမ်းများ ပေးရမည်ဖြစ်ကြောင်းတို့ကို ညီအစ်ကိုမောင်နှမများအား အမြဲတမ်း မိတ်သဟာယဖွဲ့သည်။ သူ၏မိတ်သဟာယဖွဲ့ခြင်းနှင့်ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေသည်ဟု သင်သတိထားမိလာပြီး သူပြောသောစကားလုံးများသည် အလွန်မှန်ကန်သယောင်ထင်ရသော်လည်း သူက ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို စိတ်ထဲတွင်ထားရှိကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှစိတ်မကျေမနပ်ဖြစ်စေဖို့ ဆန္ဒမရှိကြကြောင်းနှင့် အမှုတော်အစီအစဉ်များကို မထမ်းဆောင်ချင်ကြကြောင်းတို့ကို အသေးစိတ်စိတ်ဖြာလေ့လာပြီး သင်ရှာဖွေတွေ့ရှိသွားသည်။ သူက ဤကဲ့သို့ မိတ်သဟာယပြုသောအခါ ဝိညာဉ်ရင့်ကျက်မှုနည်းပါးပြီး ပိုင်းခြားသိမြင်မှုမရှိသောလူများသည် သူတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်လိမ့်မည်ဖြစ်ပြီး စည်းမျဉ်းမရှိသောအပြုအမူဖြင့် ချစ်ခြင်းမေတ္တာကို အဆင်အခြင်မဲ့စွာ ပြသလိမ့်မည်၊ အခြားလူများကို ကောင်းစွာ သတိပြုရိပ်စားမိရန် အရေးမစိုက်ဘဲနှင့် အန္တိခရစ်များ၊ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို မထုတ်ဖော်ဘဲ သို့မဟုတ် သတင်းမပို့ဘဲဖြစ်နေလိမ့်မည်။ ဤသည်မှာ အသင်းတော်သန့်စင်ခြင်းအလုပ်အတွက် အဟန့်အတားတစ်ခုဖြစ်သည်။ အန္တိခရစ်များ၊ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို အချိန်မီ မဖယ်ရှားနိုင်ခဲ့ပါက ဘုရားသခင်က ရွေးချယ်ထားသောလူများက ဘုရားနှုတ်ကပတ်တော်များကို ပုံမှန်စားသောက်ခြင်းနှင့် သူတို့၏တာဝန်များကို ပုံမှန်ထမ်းဆောင်ခြင်းတို့ကို ထိခိုက်စေလိမ့်မည်ဖြစ်ပြီး ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို ထိခိုက်စေလျက် အထူးသဖြင့် အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်စေပြီး ပျက်စီးစေလိမ့်မည်။ ဤကဲ့သို့သောအချိန်တွင် သင်မည်ကဲ့သို့လက်တွေ့လုပ်ဆောင်သင့်သနည်း။ ပြဿနာကို သင်သတိထားမိသောအခါ သင်သည် ခိုင်ခိုင်မာမာရပ်တည်ပြီး ဤလူကို ဖော်ထုတ်ရမည်။ ထိုသူကို ရပ်တန့်အောင်လုပ်ရမည်ဖြစ်ပြီး အသင်းတော်၏အလုပ်ကို ကာကွယ်ပေးရမည်။ သင်က ‘ငါတို့သည် လုပ်ဖော်ကိုင်ဖက်များဖြစ်သည်။ ထိုသူကို ငါက တဲ့တိုးထုတ်ဖော်လိုက်ပြီး သူက လက်မခံခဲ့လျှင် ငါတို့အချင်းချင်း စကားများရန်ဖြစ်ရမည်မဟုတ်လော။ မဖြစ်ပေ၊ ငါထုတ်ပြော၍ မဖြစ်၊ ငါအနည်းငယ်ပို၍ လိမ္မာပါးနပ်မှဖြစ်မည်’ဟု တွေးဆကောင်းတွေးဆနေနိုင်သည်။ ထို့ကြောင့် သင်က ထိုသူကို ရိုးရှင်းသောသတိပေးချက်တစ်ခုပေးပြီး တိုက်တွန်းနှိုးဆော်သည့်စကားအချို့ ပြောလိုက်သည်။ သင်ပြောသည်ကို ကြားပြီးနောက်တွင် ယင်းကို ထိုသူက လက်မခံဘဲ သင့်ကို ချေပဖို့ အကြောင်းပြချက်များစွာကိုလည်း သွက်လက်စွာဖြင့် ရွတ်ဆိုပြကြသည်။ အကယ်၍ ထိုသူက လက်မခံပါက ဘုရားအိမ်တော်၏အလုပ်သည် ဆုံးရှုံးမှုများကို ခံရလိမ့်မည်။ သင်ဘာလုပ်သင့်သနည်း။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး ‘ဘုရားသခင်၊ ဤအရာကို ကျေးဇူးပြုပြီး ကြိုတင်၍အသေးစိတ်ပြင်ဆင်ပြီး စီစဉ်ညွှန်ကြားပါ။ ထိုသူကို ဆုံးမပဲ့ပြင်ပေးပါ၊ ကျွန်ုပ်လုပ်နိုင်တာ ဘာမှ မရှိပါ’ ဟု ဆိုလော့။ ထိုသူကို သင်မရပ်တန့်နိုင်ဟု သင်ထင်သည်၊ ထို့ကြောင့် ထိုသူကို သင်သည် အတားအဆီးမရှိ လက်လွှတ်လိုက်သည်။ ဤသည်မှာ တာဝန်ခံသည့်အပြုအမူလော။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သလော။ အကယ်၍ ထိုသူကို သင်မရပ်တန့်နိုင်ပါက ခေါင်းဆောင်များနှင့် လုပ်သားများထံသို့ ဤသည်ကို သင်အဘယ်ကြောင့် သတင်းမပို့ရသနည်း။ ဤကိစ္စကို စုဝေးပွဲတစ်ခုတွင် သင်တင်ပြပြီး ယင်းကိစ္စကို လူတိုင်း မိတ်သဟာယဖွဲ့စေပြီး ဆွေးနွေးစေဖို့ သင်အဘယ်ကြောင့် မလုပ်ရသနည်း။ အကယ်၍ ဤအရာကို သင်မလုပ်ပါက နောက်မှ သင့်ကိုယ်သင် အမှန်တကယ် အပြစ်တင်နေမည် မဟုတ်လော။ သင်က ‘ဤအရာကို ငါ မစီမံနိုင်ပါ။ ထို့ကြောင့် လျစ်လျူသာရှုလိုက်မည်။ ငါ လိပ်ပြာလုံသည်’ ဟုဆိုပါက ထိုအခါတွင် သင့်တွင် မည်သို့သောစိတ်နှလုံးမျိုးရှိသနည်း။ ယင်းသည် အမှန်တကယ် ချစ်မြတ်နိုးသောစိတ်နှလုံးတစ်ခုလော သို့မဟုတ် အခြားလူများကို ထိခိုက်နစ်နာစေသောစိတ်နှလုံးတစ်ခုလော။ သင့်စိတ်နှလုံးသည် ထိုကဲ့သို့ကြောက်စရာကောင်းသောစိတ်နှလုံးတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင့်ထံ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ လူများကို စိတ်မကျေမနပ်ဖြစ်စေမည်ကို သင်ကြောက်ရွံ့ပြီး စည်းမျဉ်းများကို မလိုက်နာမစောင့်ထိန်းသောကြောင့်ဖြစ်သည်။ အမှန်မှာ ဤလူသည် ဤနည်းအတိုင်းပြုမူနေခြင်းတွင် သူ၏ကိုယ်ပိုင်ရည်မှန်းချက်ပန်းတိုင်ရှိကြောင်းနှင့် ဤကိစ္စနှင့်ပတ်သက်၍ ထိုသူကို သင်နားမထောင်နိုင်ကြောင်းတို့ကို သင်ကောင်းစွာ သိပါသည်။ သို့ရာတွင် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းဖို့နှင့် အခြားလူများကို အထင်အမြင်မမှားစေရန် ထိုသူကို ရပ်တန့်ပေးဖို့ သင်မတတ်နိုင်ပါ။ ပြီးလျှင် ဤသည်မှာ ဘုရားအိမ်တော်၏အကျိုးစီးပွားများကို အဆုံးစွန် ထိခိုက်နစ်နာစေသည်။ ဤအရာပြီးလျှင် သင့်ကိုယ်သင် အပြစ်တင်ခြင်းပင် ရှိမည်လော။ (အပြစ်တင်ပါမည်။) သင့်ကိုယ်သင် အပြစ်တင်ခြင်းက ဆုံးရှုံးမှုများကို ပြန်ရဖို့ သင့်ကို တတ်နိုင်စေမည်လော။ ယင်းတို့ကို ပြန်မရနိုင်တော့ပါ။ ထို့နောက်တွင် သင်သည် ‘ငါသည် ငါ့တာဝန်များကို မည်သို့ပင်ဖြစ်စေ ကျေပွန်ခဲ့ပြီးပြီဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က သိသည်၊ ဘုရားသခင်က လူတွေကို အရိုးသားဆုံး စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးသည်’ ဟု တွေးဆသည်။ ဤအရာများသည် မည်သို့သောစကားလုံးမျိုးနည်း။ ဤအရာများသည် လူသားနှင့် ဘုရားသခင်နှစ်ဦးလုံးကို လိမ်လည်လှည့်စားသည့် လှည့်ဖြားတတ်သော၊ ဆိုးယုတ်သောစကားလုံးများဖြစ်ကြသည်။ သင့်တာဝန်များကို သင်မဖြည့်ဆည်းရသေးပါ၊ ပြီးလျှင် သင်သည် ၎င်းတို့ကို ရှောင်ဖယ်ဖို့ အကြောင်းပြချက်များနှင့် ဆင်ခြေဆင်လက်များကို ရှာဖွေနေဆဲပင်ဖြစ်သည်။ ဤသည်မှာ လိမ်လည်လှည့်ဖြားပြီး ခေါင်းမာ၍ မလိုက်လျောခြင်းဖြစ်သည်။ ဤကဲ့သို့သောလူတစ်ဦးသည် ဘုရားသခင်ထံသို့ ရိုးသားမှုတစ်စုံတစ်ရာ ရှိမည်လော။ ထိုသူတို့ တရားမျှတစိတ်ရှိသလော။ (မရှိပါ။) ဤသည်မှာ အနည်းငယ်မျှပင် သမ္မာတရားကို လက်မခံသောလူတစ်ဦးဖြစ်သည်၊ စာတန်လိုအတန်းစားမျိုးဖြစ်သည့်လူတစ်ဦးဖြစ်သည်။ သင့်အပေါ်သို့ တစ်စုံတစ်ခု ကျရောက်သောအခါ သင်သည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များဖြင့် ရှင်သန်ပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပေ။ အခြားလူများအား စိတ်အနှောင့်အယှက်ပေးမိမည်ကို သင် အစဉ် စိုးရွံ့သော်လည်း၊ ဘုရားသခင်အား ပုန်ကန်ပြစ်မှားမိမည်ကို သင် မကြောက်ရွံ့သကဲ့သို့ သင်၏ အပြန်အလှန်ဆက်ဆံရေးများကို ကာကွယ်ရန် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုပင် စတေးလိမ့်မည်။ ဤသို့လုပ်ဆောင်ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ သင်၏ အပြန်အလှန် ဆက်ဆံရေးများကို အတော်အတန် ကောင်းစွာ ကာကွယ်ပြီး ဖြစ်လိမ့်မည်ဖြစ်သော်လည်း ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် သင့်အား ပစ်ပယ်လိမ့်မည်ဖြစ်ကာ သင့်အပေါ် စိတ်ဆိုးလိမ့်မည်။ ယှဉ်ကြည့်လျှင် မည်သည်က ပို၍ကောင်းသနည်း။ သင်မခွဲခြားနိုင်လျှင် သင်သည် လုံးဝ မရေမရာဖြစ်နေသည်။ သင်သည် သမ္မာတရားကို အနည်းငယ်မျှပင် နားမလည်သည်ကို သက်သေပြသည်။ သင်သည် လုံးဝ သတိမဝင်ဘဲ ဤသို့ဆက်သွားလျှင် အန္တရာယ်က အမှန်ပင် ကြီးမားသည်။ သင်သည် အဆုံးတွင် သမ္မာတရားကို မရယူနိုင်လျှင် ဆုံးရှုံးခြင်းကို ခံစားရမည့်သူမှာ သင်ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်အခြေအနေ အတိအကျကို ဖော်ထုတ်လိုက်တယ်။ ကျွန်တော်ဟာ အသင်းတော်အလုပ်အပေါ် တာဝန်ယူစိတ် လုံးဝ မရှိတဲ့၊ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်တဲ့ လူ့အကြိုက်လိုက်သူ သက်သက်ပဲ ဖြစ်နေမှန်း ကျွန်တော် မြင်လိုက်ရတယ်။ ဝမ်ဟွာက စည်းမျဉ်းတွေကို မရှာဖွေဘဲ ကိုယ့်သဘောဆန္ဒအတိုင်း လုပ်နေတာကို ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်၊ ပြီးတော့ အသင်းတော်အလုပ်ကို ကာကွယ်ဖို့အတွက် ကျွန်တော်က စည်းမျဉ်းတွေကို လိုက်နာစောင့်ထိန်းပြီး သူ့ကို ဖော်ထုတ် တားဆီးသင့်မှန်းလဲ သိခဲ့တယ်။ ဒါပေမဲ့ သူ့ပြဿနာတွေကို ကျွန်တော် ထောက်ပြတုန်းက သူ လက်မခံတဲ့အခါ၊ သူ့ကို စိတ်အနှောင့်အယှက်ပေးမိမှာနဲ့ ကျွန်တော်တို့တာဝန်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်မှာ ကျွန်တော် ကြောက်ခဲ့တယ်။ သူနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် သူ့ပြဿနာတွေကို ကျွန်တော် အမြဲတမ်း ပေါ့ပေါ့တန်တန်ပဲ သဘောထားခဲ့ပြီး သူ့ပြဿနာတွေရဲ့ အနှစ်သာရကို ဘယ်တော့မှ မဖော်ထုတ်ခဲ့ဘူး။ သူ့ပြဿနာတွေကို ခေါင်းဆောင်တွေဆီလဲ မတိုင်ခဲ့ဘူး။ ဒါက နောက်ဆုံးမှာ ဧဝံဂေလိအလုပ်ကို ထိခိုက်စေခဲ့တယ်။ ဒါပေမဲ့ ဒီလိုဖြစ်သွားတာတောင်မှ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မှု မလုပ်ဘဲ အဲဒီအစား ကိုယ့်ကိုယ်ကိုယ် အလိုက်အထိုက်ဖြစ်အောင် ဆင်ခြေတွေ ပေးခဲ့တယ်။ ကျွန်တော်က သူ့ကို သတိပေးပြီးပြီ၊ သူက လက်မခံတာဆိုတော့ ကျွန်တော် တတ်နိုင်တာ ဘာမှ မရှိတော့ဘူးလို့ တွေးခဲ့တာလေ။ ဒါပေမဲ့ ရင်ထဲမှာတော့ ကိုယ့်တာဝန်တွေကို လုံးဝ မဖြည့်ဆည်းခဲ့မှန်း ကောင်းကောင်း သိနေခဲ့တယ်။ တကယ့်အကျိုးသက်ရောက်မှုမှ ဘာမှ မရှိဘဲ အပေါ်ယံလောက်ပဲ ပြောခဲ့တာပါ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်ရော သူများကိုပါ လှည့်စားနေခဲ့တာ သက်သက်ပါပဲ။ သူ့ကို ခေါင်းဆောင်တုအဖြစ် ပိုင်းခြားသိမြင်ပြီးတဲ့နောက်မှာတောင် သူ့ကို မဖော်ထုတ်သေးသလို မတိုင်ခဲ့သေးဘူး၊ သူက အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေတာကိုတောင် ကျွန်တော်က ခွင့်လွှတ်ပေးခဲ့တယ်။ ကိုယ့်ပုဂ္ဂိုလ်ရေး ဆက်ဆံရေးတွေအတွက် အသင်းတော်ရဲ့ အကျိုးစီးပွားကို အနစ်နာခံခဲ့တယ်၊ ခေါင်းဆောင်တုက မကောင်းမှုလုပ်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်နေတာကို ကာကွယ်ပေးပြီး ခွင့်လွှတ်ပေးခဲ့တယ်။ ကျွန်တော် တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ခဲ့တာပါ။

အဲဒီနောက် ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်လိုက်ရတယ်။ “လူတို့သည် ဘုရားသခင်၏ အမှုတော်ကို မတွေ့ကြုံမီနှင့် သမ္မာတရားကို နားမလည်မီတွင် ၎င်းတို့၏ အတွင်းမှ ချုပ်ထိန်းပြီး လွှမ်းမိုးထားသည်မှာ စာတန်၏ သဘာဝ ဖြစ်သည်။ ထိုသဘာဝတွင် အတိအကျအားဖြင့် မည်သည့်အရာ ပါဝင်သနည်း။ ဥပမာအားဖြင့် အဘယ်ကြောင့် သင်သည် တစ်ကိုယ်ကောင်းဆန်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ကိုယ်ပိုင်အဆင့်အတန်းကို ကာကွယ်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ခံစားချက်များ၏ လွှမ်းမိုးခြင်းကို ဤမျှလောက် ခံရသနည်း။ အဘယ်ကြောင့် သင်သည် ထိုမဖြောင့်မတ်သောအရာများနှင့် ထိုဆိုးယုတ်သောအရာများကို ကြိုက်နှစ်သက်ရသနည်း။ ထိုသို့သောအရာများကို သင် ကြိုက်နှစ်သက်ခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်အရာဖြစ်သနည်း။ ဤအရာများသည် အဘယ်မှ လာသနည်း။ အဘယ်ကြောင့် သင်သည် ၎င်းတို့ကို ကြိုက်နှစ်သက်ပြီး လက်ခံရသနည်း။ ယခုအချိန်တွင် သင်တို့အားလုံး နားလည်လာကြပြီး ဖြစ်သည်၊ အဓိကအကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်များသည် လူ၏ အတွင်း၌ ရှိနေသောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက် ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆကြည့်တော့ ကျွန်တော် လူ့အကြိုက်လိုက်သူ ဖြစ်ချင်တဲ့ အရင်းအမြစ်က “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်”၊ “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” နဲ့ “မိတ်ဆွေတစ်ဦး တိုးခြင်းသည် လမ်းတစ်ခု ထပ်တိုးခြင်းဖြစ်၏” စတဲ့ စာတန်ရဲ့ အဆိပ်အတောက်တွေကို ရှင်သန်နေထိုင်ရေး စည်းမျဉ်းတွေအနေနဲ့ လက်ခံခဲ့လို့ ဖြစ်မှန်း သဘောပေါက်လိုက်တယ်။ ဒီလောကမှာ နေထိုင်ပြီး တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ လူမှုဆက်ဆံရေး ကျယ်ပြန့်အောင် တည်ဆောက်ပြီး ဆက်ဆံရေးကောင်းတွေ ရှိဖို့ လိုတယ်၊ မဟုတ်ရင် လူ့အဖွဲ့အစည်းမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မှာ မဟုတ်ဘူး၊ နောက်လူတစ်ယောက်ကို စိတ်အနှောင့်အယှက်ပေးလိုက်ရင် ရန်သူတစ်ယောက် တိုးလာမယ်လို့ ကျွန်တော် ယုံကြည်ခဲ့တယ်။ အသင်းတော်မှာ တာဝန်ထမ်းဆောင်တဲ့အခါမှာတောင် ဒီစာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ ဆက် အသက်ရှင်နေပြီး တခြားသူတွေနဲ့ ဆက်ဆံရေးမှာ အရမ်း အလေးထားခဲ့ပြီး ကျွန်တော့်ရဲ့ တာဝန်တွေမှာ ဘယ်လို စည်းမျဉ်း၊ ရပ်တည်ချက်မှ မရှိခဲ့ဘူး။ ခေါင်းဆောင်အနေနဲ့ လေ့ကျင့်ဖို့ အခွင့်အရေးပေးပြီး ဘုရားက ကျွန်တော့်ကို ကျေးဇူးပြုခဲ့တယ်။ အမှုအရာတိုင်းမှာ အသင်းတော်အလုပ်ကို ကျွန်တော် ဦးစားပေးခဲ့သင့်တယ်။ ကိုယ့်တွဲဖက်ညီအစ်မက စည်းမျဉ်းတွေနဲ့ ဆန့်ကျင်ပြီး လုပ်နေတာကို မြင်တဲ့အခါ ချက်ချင်း ထောက်ပြပြီး ကူညီခဲ့သင့်တယ်၊ သူက ဇွတ်ဆက်လုပ်နေရင် သူ့ကို ဖော်ထုတ်ပြီး တားဆီးခဲ့သင့်တယ်၊ ဒါမှမဟုတ် အသင်းတော်အလုပ်မှာ ဆုံးရှုံးမှုတွေ မဖြစ်ရအောင် ဒီပြဿနာကို ခေါင်းဆောင်တွေဆီ အချိန်မီ တိုင်ကြားခဲ့သင့်တယ်။ ဒါပေမဲ့ အဲဒီအစား ကိုယ့်မာနနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် လူ့အကြိုက်လိုက်သူအနေနဲ့ ပြုမူပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့ဘူး။ သူ့အလုပ်ကို ကြီးကြပ်ဖို့ ပျက်ကွက်ခဲ့ပြီး သူ မကောင်းမှုလုပ်တာကို ခွင့်လွှတ်ပေးခဲ့တယ်။ အသင်းတော်အလုပ်ကို ထည့်မစဉ်းစားဘဲ တရားမျှတစိတ် ကင်းမဲ့ခဲ့တယ်။ ဝမ်ဟွာက မဆင်မခြင် အမှားတွေ ကျူးလွန်ပြီး စက်ဆုပ်စရာကောင်းနေခဲ့တာလေ၊ သူ မကောင်းမှုလုပ်ပြီး အနှောင့်အယှက်တွေ ဖြစ်စေနေတာကို ကျွန်တော် ကောင်းကောင်း သိရက်နဲ့ သူ့ကို အချိန်မီ မဖော်ထုတ်သလို မတားဆီးခဲ့ဘူး၊ အသင်းတော်အလုပ်ကို သူထိခိုက်အောင်လုပ်ဖို့ ခွင့်ပြုပေးခဲ့တယ်။ ကျွန်တော့်အပြုအမူရဲ့ သဘောသဘာဝက ပိုလို့တောင် ဆိုးရွားပြီး ရှက်စရာကောင်းပါတယ်။ ဝမ်ဟွာရဲ့ ပြဿနာတွေကို စောစောစီးစီး တိုင်ခဲ့ရင် ခေါင်းဆောင်တွေက စောစော ကိုင်တွယ်ဖြေရှင်းခဲ့မှာဖြစ်ပြီး ကိစ္စတွေက ဒီလောက်အထိ ဆိုးရွားသွားမှာ မဟုတ်ဘူး။ စာတန်ရဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်ရင်း ကျွန်တော် တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်သူ ဖြစ်သွားခဲ့တယ်။ တခြားသူတွေဆီမှာ တွေ့ရတဲ့ ပြဿနာတွေကို ကျွန်တော် မထောက်ပြရဲဘဲ ရိုးသားမှုနဲ့ တခြားသူတွေအပေါ် စစ်မှန်တဲ့ မေတ္တာ ကင်းမဲ့ခဲ့တယ်။ ကိုယ့်တာဝန်အပေါ် တာဝန်ယူစိတ်လဲ ကင်းမဲ့ခဲ့တယ်။ ကျွန်တော် လုပ်ခဲ့သမျှက အသင်းတော်အလုပ်ကို ထိခိုက်နစ်နာစေခဲ့တယ်။ ဘုရားသခင် ပေးသမျှကို ကျွန်တော် စားသောက်ပြီး မွေ့လျော်ခံစားခဲ့ပေမဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို လုံးဝ မစဉ်းစားခဲ့ဘူး။ အကြိမ်ကြိမ်ဆိုသလို ခေါင်းဆောင်အတုရဲ့ ဘက်က ကျွန်တော် ရပ်တည်ခဲ့ပြီး အသင်းတော်ရဲ့ အလုပ်ကို ထိခိုက်စေခဲ့တယ်။ ကျွန်တော်က ကျေးဇူးမသိတတ်တဲ့ သစ္စာဖောက်တစ်ယောက်ကလွဲလို့ ဘာမှ မဟုတ်ခဲ့ပါဘူး၊ လူ့သဘာဝ၊ ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့နေခဲ့တာလေ။ ကျွန်တော့်လိုလူမျိုးက ဘုရားသခင်ရှေ့မှာ အသက်ရှင်ဖို့ နေနေသာသာ၊ ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့ လုံးဝ မထိုက်တန်ပါဘူး။ အသင်းတော်က ကျွန်တော့်ကို ရာထူးကနေ ဖြုတ်ချလိုက်တာဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း သရုပ်သကန်ဖြစ်ပြီး ကျွန်တော့်လုပ်ရပ်တွေရဲ့ အကျိုးဆက်ပါပဲ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်တော် နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေ ပြည့်သွားခဲ့တယ်။

အဲဒီနောက်မှာ ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ လမ်းကြောင်းတစ်ခု ရှာဖွေခဲ့တယ်။ တစ်နေ့မှာတော့ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်လိုက်ရတယ်။ “သင်သည် မိမိ၏တာဝန်ကို ကောင်းစွာ ပြည့်စုံစေပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းလိုလျှင် အခြားလူများနှင့် သဟဇာတဖြစ်စွာ လုပ်ကိုင်ရန် ဦးစွာ သင်ယူရမည်။ သင်၏ ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အောက်ပါတို့ကို သင် ထည့်သွင်းစဉ်းစားသင့်သည်။ ‘သဟဇာတဖြစ်ခြင်းဆိုသည်မှာ အဘယ်နည်း။ ငါ၏စကားများသည် ၎င်းတို့နှင့် သဟဇာတဖြစ်သလော။ ငါ၏အတွေးများသည် ၎င်းတို့နှင့် သဟဇာတဖြစ်သလော။ အမှုအရာများကို ငါဆောင်ရွက်သည့်ပုံစံသည် ၎င်းတို့နှင့် သဟဇာတဖြစ်သလော။’ သဟဇာတဖြစ်စွာ မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ကို ဆင်ခြင်သုံးသပ်လော့။ တစ်ခါတစ်ရံတွင် သဟဇာတဖြစ်ခြင်းသည် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို ဆိုလိုသည်။ သို့သော် ခိုင်မြဲစွာ ရပ်တည်ပြီး ကိုယ်ကျင့်တရားများကို ထိန်းသိမ်းခြင်းကိုလည်း ဆိုလိုသည်။ သဟဇာတဖြစ်ခြင်းဆိုသည်မှာ ကိစ္စများ အဆင်ပြေချောမွေ့စေရန် စည်းမျဉ်းများကို ညှိနှိုင်းခြင်း၊ သို့မဟုတ် ‘လူ့အကြိုက်လိုက်သူ’ ဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်း၊ သို့မဟုတ် အစွန်းမရောက်သည့် လမ်းကြောင်း၌သာ ရှိနေခြင်းတို့ကို ဆိုလိုခြင်းမဟုတ်ပေ။ ပြီးလျှင် တစ်စုံတစ်ယောက်အား မျက်နှာလိုမျက်နှာရလုပ်ခြင်းကို သေချာပေါက် မဆိုလိုပေ။ ဤသည်တို့မှာ အခြေခံသဘောတရားများ ဖြစ်သည်။ ဤအခြေခံသဘောတရားတို့ကို သင် နားလည်သဘောပေါက်သည်နှင့်တစ်ပြိုင်နက် သင်သည် သတိ မထားမိလိုက်ဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ပြောဆိုကာ လုပ်ဆောင်မည့်အပြင် သမ္မာတရား၏ စစ်မှန်မှုအတိုင်းလည်း အသက်ရှင်နေထိုင်လိမ့်မည် ဖြစ်ကာ ဤနည်းအားဖြင့် စည်းလုံးမှုကို စွမ်းဆောင်ရရှိရန် လွယ်ကူ၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍)ပူးပေါင်းလုပ်ဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ အမှုကိစ္စများကို တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးနိုင်ရမည်။ ပြီးလျှင် အမြင်များ၊ ထင်မြင်ချက်များကို ဖော်ပြနိုင်ရမည်။ တစ်ယောက်ကိုတစ်ယောက် ဖြည့်စွက်ပြီး ကြီးကြပ်ရမည်။ တစ်ယောက်ထံမှတစ်ယောက် ရှာဖွေရမည်။ တစ်ယောက်နှင့်တစ်ယောက် စုံစမ်းမေးမြန်းရမည်။ တစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ရမည်။ ဤသည်မှာ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း ဟူသည့်အရာ ဖြစ်သည်။ ဥပမာ သင်က တစ်စုံတစ်ခုကို သင့်စိတ်ဆန္ဒအတိုင်း ကိုင်တွယ်ခဲ့ပြီး လူတစ်ယောက်က ‘သင်လုပ်သည်မှာ မှားသည်။ စည်းမျဉ်းနှင့် လုံးဝ ဆန့်ကျင်သည်။ သမ္မာတရားကို မရှာဘဲ သင်အလိုရှိသလို အဘယ်ကြောင့် ကိုင်တွယ်ခဲ့သနည်း’ ဟု ပြောသည်ဆိုပါစို့။ ဤအရာကို သင်က ‘မှန်သည်။ သင် ကျွန်ုပ်ကို သတိပေးခဲ့သည်ကို ကျွန်ုပ် ဝမ်းသာသည်။ သင် သတိမပေးခဲ့လျှင် ဘေးဒုက္ခဖြစ်မည့် သဘောသက်ရောက်လိမ့်မည်’ ဟု ဆိုသည်။ ဤသည်မှာ တစ်ယောက်အပေါ်တစ်ယောက် တိုက်တွန်းနှိုးဆော်ပေးခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် တစ်ယောက်အပေါ်တစ်ယောက် ကြီးကြပ်ခြင်း ဟူသည်မှာ အဘယ်နည်း။ လူတိုင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်။ မိမိတို့တာဝန်တွင် ဝတ်ကျေတမ်းကျေဆန်နိုင်သည်။ မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် မာနကို ကာကွယ်ပေးပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်မပေးပေ။ လူတိုင်းတွင် ဤသို့သော အခြေအနေများရှိသည်။ လူတစ်ယောက်၌ ပြဿနာတစ်ခုရှိသည်ကို သင်သိရလျှင် သူနှင့် မိတ်သဟာယဖွဲ့ရန် ဦးဆောင်လှုပ်ရှားသင့်ပြီး သူ့တာဝန်ကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် သတိပေးသင့်သည်။ တစ်ချိန်တည်းတွင်ပင် မိမိကိုယ်ကိုလည်း သတိပေးသင့်သည်။ ဤသည်မှာ အပြန်အလှန် ကြီးကြပ်ခြင်း ဖြစ်သည်။ အပြန်အလှန် ကြီးကြပ်ခြင်းက မည်သည့်တာဝန်ကို လုပ်ဆောင်သနည်း။ ယင်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် လမ်းမှားကို လူများလိုက်မလျှောက်ဖို့ လုပ်ဆောင်ရန်လည်း ရည်ရွယ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် နားလည်လိုက်တာက လူတိုင်းမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ရှိသလို အားနည်းချက်တွေနဲ့ ချို့ယွင်းချက်တွေ ရှိကြတယ်။ အသင်းတော်က ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို သူတို့တာဝန်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ပေးတာ အဓိပ္ပာယ်ရှိပါတယ်။ သူတို့အချင်းချင်း ကြီးကြပ်ဖို့၊ သတိပေးဖို့နဲ့ ဖြည့်ဆည်းပေးဖို့ ရည်ရွယ်တာပါ၊ အပြန်အလှန် ချုပ်ထိန်းမှု ပေးရင်း အသင်းတော်အလုပ်မှာ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအပေါ် အခြေခံပြီး ပြုမူမှုတွေကြောင့် ဖြစ်လာတဲ့ နှောင့်ယှက်မှုတွေနဲ့ အဖျက်အမှောင့်တွေကို ရှောင်ရှားနိုင်စေပါတယ်။ ပူးပေါင်းဆောင်ရွက်ပြီး တာဝန်ထမ်းဆောင်ရာမှာ စည်းမျဉ်းတွေလည်း ရှိရမယ်။ သမ္မာတရား စည်းမျဉ်းတွေ မပါဝင်တဲ့ ကိစ္စတွေမှာ ကျွန်တော်တို့ သည်းခံပြီး ခွင့်လွှတ်ပေးလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ သမ္မာတရား စည်းမျဉ်းတွေနဲ့ အသင်းတော်ရဲ့ အကျိုးစီးပွား ပါဝင်တဲ့ ကိစ္စတွေမှာတော့ ကျွန်တော်တို့ အလျှော့ပေးတာ၊ လိုက်လျောတာမျိုး မလုပ်ရဘူး။ စည်းမျဉ်းတွေကို လိုက်နာစောင့်ထိန်းပြီး ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ ဒါက အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တာဖြစ်ပြီး အလုပ်အတွက် တာဝန်ယူတာ ဖြစ်ပါတယ်။ တခြားသူတွေရဲ့ ထောက်ပြမှုနဲ့ အကူအညီကို ရင်ဆိုင်ရတဲ့အခါ သမ္မာတရားကို တကယ် လက်ခံနိုင်သူတွေက အဲဒါတွေကို ဘုရားသခင်ဆီကနေ လက်ခံနိုင်ကြတယ်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိမြင်နိုင်ကြတယ်၊ ပြီးတော့ ပြဿနာတွေနဲ့ လမ်းလွဲခြင်းတွေကို ချက်ချင်း ပြုပြင်နိုင်ကြတယ်။ သူတို့က တခြားသူတွေကို မုန်းတီးမှာ မဟုတ်တဲ့အပြင် ရင်ထဲမှာလည်း ကျေးဇူးတင်ကြမှာပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ တစ်ယောက်ယောက်ရဲ့ ပြဿနာတွေကို ထောက်ပြရင် ဆက်ဆံရေး ထိခိုက်ပြီး သူတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေမယ်လို့ အဓိပ္ပါယ်မဲ့ ယုံကြည်ခဲ့တယ်။ ဒါကြောင့် သူတို့ကို မဖော်ထုတ်သလို မတိုင်ဘဲ ဒီအတိုင်း လိုက်လျောပြီး ခွင့်လွှတ်ပေးခဲ့တယ်။ ရလဒ်အနေနဲ့ အသင်းတော်အလုပ် နှောင့်နှေးခဲ့ရပြီး ကျွန်တော်လဲ ပြစ်မှားခြင်းတွေနဲ့ ကျန်ရစ်ခဲ့တယ်။ လူ့အကြိုက်လိုက်သူ ဖြစ်တာက တခြားသူရော ကိုယ့်ကိုယ်ကိုယ်ပါ တကယ် ထိခိုက်စေမှန်း ကျွန်တော် သဘောပေါက်လိုက်တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ပိုဖတ်ဖြစ်တယ်။ “လူ့အကြိုက်လိုက်သူတစ်ဦး၏ ရည်ရွယ်ချက်နှင့် ရှုထောင့်အမြင် သင့်တွင် ရှိလျှင်၊ အခြေအနေအားလုံးတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်မဟုတ်ပေ၊ သို့မဟုတ် စည်းမျဉ်းများကို စောင့်ထိန်းမည် မဟုတ်ပေ၊ ပြီးလျှင် သင်သည် အစဉ် ကျရှုံးပြီး လဲကျလိမ့်မည်။ သင်သည် အသိတရားမရပါက၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေပါက သင်သည် မယုံကြည်သူတစ်ဦးဖြစ်ပြီး သမ္မာတရားနှင့် အသက်တို့ကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ချေ။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သောအမှုအရာများနှင့် တွေ့ကြုံရသည့်အခါတွင် သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး အော်ခေါ်ကာ သူ၏ ကယ်တင်ခြင်းအတွက် တောင်းလျှောက်ရမည်။ သင့်အား ယုံကြည်ခြင်းနှင့် ခွန်အားကို ပေးရန်လည်းကောင်း၊ သင့်အား စည်းမျဉ်းများကို စောင့်ထိန်းစေနိုင်ရန်လည်းကောင်း၊ သင်လုပ်သင့်သည့်အရာကို လုပ်ဆောင်နိုင်စေရန်လည်းကောင်း၊ စည်းမျဉ်းများနှင့်အညီ အမှုအရာများကို ကိုင်တွယ်နိုင်စေရန်လည်းကောင်း၊ သင်ရပ်တည်သင့်သည့်နေရာတွင် ခိုင်မြဲစွာ ရပ်တည်နိုင်စေရန်လည်းကောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်စေရန်လည်းကောင်း၊ ဘုရားအိမ်တော်၏ အလုပ်ကို ဆုံးရှုံးမှုတစ်ခုတလေ ခံစားရခြင်းမှ တားဆီးနိုင်စေရန်လည်းကောင်း တောင်းလျှောက်ရမည်။ သင်သည် မိမိ၏ ကိုယ်ကျိုးစီးပွား၊ ဂုဏ်သိက္ခာနှင့် လူ့အကြိုက်လိုက်သူတစ်ဦးနှင့်ဆိုင်သော အမြင်ရှုထောင့်တို့ကို သင် ပုန်ကန်နိုင်လျှင်၊ သင်လုပ်သင့်သည့် အရာကို ရိုးသားသည့် စိတ်နှလုံးဖြင့် မမှိတ်မသုန် လုပ်ဆောင်နိုင်လျှင်၊ စာတန်ကို သင် အနိုင်ယူပြီးလိမ့်မည်ဖြစ်ပြီး သမ္မာတရား၏ ဤရှုထောင့်ကို သင် ရရှိပြီး ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ဒဿနတို့ဖြင့် အစဉ် ဆက်လက်အသက်ရှင်ပါက၊ အခြားသူများနှင့် သင်၏ ပေါင်းသင်းဆက်ဆံရေးကို ကာကွယ်ပြီး သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပါက၊ စည်းမျဉ်းများအတိုင်း မလိုက်နာရဲပါက၊ သင်သည် အခြားကိစ္စရပ်များ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်လော။ သင်၌ မည်သည့်ယုံကြည်မှု၊ သို့မဟုတ် မည်သည့်ခွန်အားမျှ ရှိဦးမည် မဟုတ်။ သင်သည် မည်သည့်အခါမျှ သမ္မာတရားကို ရှာဖွေနိုင်ခြင်း၊ သို့မဟုတ် လက်ခံနိုင်ခြင်း မရှိပါက၊ ဘုရားသခင်ကို ထိုသို့ ယုံကြည်ခြင်းသည် သင့်ကို သမ္မာတရားရစေမည်လော။ (မရပါ။) ပြီးလျှင် သင်သည် သမ္မာတရားကို မရရှိနိုင်လျှင်၊ သင်သည် ကယ်တင်ခြင်း ခံရနိုင်သလော။ သင် မခံရနိုင်ပေ။ သင်သည် သမ္မာတရားစစ်မှန်မှု လုံးလုံး ကင်းမဲ့ပြီး စာတန်၏ဒဿနဖြင့် အစဉ် အသက်ရှင်ပါက၊ သင် မည်သည့်အခါမျှ ကယ်တင်မခံရနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ လူ့အကြိုက်လိုက်သူ ထပ်ဖြစ်ချင်လာတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော် ဘုရားသခင်ဆီ ချက်ချင်း ဆုတောင်းဖို့ လိုတယ်၊ ပြီးတော့ ကိုယ်ကျိုးစီးပွားကို ဘေးဖယ်ထားပြီး စည်းမျဉ်းအတိုင်း လုပ်ဆောင်နိုင်အောင်၊ အသင်းတော်အလုပ် မထိခိုက်အောင် သေချာစေဖို့ ဘုရားသခင်ဆီ ခွန်အားတောင်းခံရမယ်။ ဒါက ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ဖြည့်ဆည်းသင့်တဲ့ ဝတ္တရားပါပဲ။ လူ့အကြိုက်လိုက်သူ ဖြစ်ချင်တဲ့ စိတ်ကို အမြဲတမ်း ဖက်တွယ်ထားပြီး တခြားသူတွေနဲ့ ဆက်ဆံရေးကို ကာကွယ်ဖို့ အမြဲ ကြိုးစားနေမယ်ဆိုရင် အဲဒီအခါမှာ လူ့အကြိုက်လိုက်သူ ဖြစ်တဲ့ ကျွန်တော့်ရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး၊ နောက်ဆုံးမှာ ကျွန်တော် သမ္မာတရားကို ဘယ်တော့မှ ရရှိမှာ မဟုတ်ဘဲ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကိုရဖို့ဆိုရင် ပိုဝေးပါသေးတယ်။ ဒါကြောင့် ကျွန်တော် စိတ်နှလုံးထဲမှာ ဆုံးဖြတ်ချက်ချလိုက်တယ်၊ “နောင်မှာ ဘယ်လို လူ၊ ဖြစ်ရပ်၊ ဒါမှမဟုတ် အမှုအရာမျိုးနဲ့ပဲ ကြုံရပါစေ၊ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ဘောင်ခတ်မှုကို ခံလို့မဖြစ်ဘူး။ အသင်းတော်အလုပ်ကို ကာကွယ်ဖို့ စည်းမျဉ်းတွေကို လိုက်နာစောင့်ထိန်းပြီး တာဝန်သိတဲ့ လူတစ်ယောက် ဖြစ်ရမယ်” လို့ပေါ့။

နှစ်လသုံးလနေတော့ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်တော် ပြန်အရွေးခံရတယ်။ အထွေထွေရေးရာ သင်းထောက် ကျန်းဂျဲမှာ တော်တော် မာနထောင်လွှားတဲ့ စိတ်သဘောထား ရှိတာကို ကျွန်တော် သတိထားမိတယ်။ သူက သူ့တာဝန်တွေမှာ သူ့စိတ်တိုင်းကျ လုပ်ဆောင်ပြီး အာဏာရှင်ဆန်တယ်၊ အရာရာကို သူချည်းပဲ လုပ်ဖို့ ကြိုးစားနေပြီး တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူး။ ဒါကြောင့် ဒီလိုချဉ်းကပ်ပုံရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေကို ဖော်ထုတ်ဖို့ သူနဲ့ မိတ်သဟာယဖွဲ့ချင်ခဲ့တယ်။ ဒါပေမဲ့ ဒီအသင်းတော်ကို ကျွန်တော် ရောက်တာ မကြာသေးဘူး၊ အလုပ်တော်တော်များများအတွက် သူ့အကူအညီနဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်ဆိုတာ တွေးမိတော့ ကျွန်တော်သာ ပြင်းပြင်းထန်ထန် ပြောလိုက်လို့ သူ လက်မခံနိုင်ရင် ဘယ်လိုလုပ်မလဲဆိုပြီး စိတ်ပူသွားတယ်။ သူ့ကို စိတ်အနှောင့်အယှက်မပေးဘဲ အတိုချုပ် စကားနည်းနည်းလောက်ပဲ ပြောတာ ပိုကောင်းမယ်လို့ တွေးမိတယ်။ အဲဒီအချိန်မှာပဲ အရင်တုန်းက လူ့အကြိုက်လိုက်သူ လုပ်မိလို့ ကျွန်တော် ကျရှုံးခဲ့ရတာကို သတိရသွားပြီး အပြစ်ရှိတယ်လို့ ပြင်းပြင်းထန်ထန် ခံစားလိုက်ရတယ်၊ ပြီးတော့ တွေးမိတယ်၊ “ကျန်းဂျဲရဲ့ ပြဿနာတွေကို ငါ သိထားပြီးပြီဆိုတော့ သူ့ကို ပြုပြင်ပေးပြီး ကူညီသင့်တယ်။ သူက အမှုဆောင်တစ်ယောက်ပဲ၊ တခြားသူတွေနဲ့ သင့်မြတ်အောင် မလုပ်နိုင်ရင် အလုပ်ကို သေချာပေါက် ထိခိုက်စေမှာပဲ” လို့ပေါ့။ ဒါနဲ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အသင်းတော်အလုပ်ကို ကာကွယ်နိုင်အောင် ကျွန်တော့်ကို လမ်းပြဖို့ ဘုရားသခင်ဆီ ကျွန်တော် တောင်းလျှောက်ပြီး ဆုတောင်းလိုက်တယ်။ ဆုတောင်းပြီးနောက်မှာ ခွန်အားရသလို ခံစားရတယ်။ ကျန်းဂျဲနဲ့ မိတ်သဟာယဖွဲ့ဖို့နဲ့ သူ့ပြဿနာတွေကို စိစစ်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို အသုံးပြုခဲ့တယ်၊ ပြီးတော့ သူ့ကို ကူညီဖို့ ကိုယ့်အတွေ့အကြုံတွေကိုလဲ ပြောပြခဲ့တယ်။ ကျန်းဂျဲက ကျွန်တော့်လမ်းပြမှုနဲ့ အကူအညီကို လက်ခံခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိမြင်လာတယ်၊ နောက်ပိုင်းမှာ သူက တခြားသူတွေနဲ့ ပုံမှန် ပူးပေါင်းဆောင်ရွက်နိုင်လာတယ်။ ဒီရလဒ်ကို မြင်တော့ ကျွန်တော် အရမ်းပျော်မိတာပေါ့။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး လူ့အကြိုက်လိုက်သူ မလုပ်တဲ့အခါ ကျွန်တော် ထင်ထားသလို တခြားသူတွေကို စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ဘူး။ ဒီလို လက်တွေ့လုပ်ဆောင်တာက ညီအစ်ကို မောင်နှမတွေရဲ့ အသက်တာကို အကျိုးရှိစေရုံသာမက အသင်းတော်အလုပ်ကိုပါ ကာကွယ်စောင့်ရှောက်ပေးတယ်။ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းအတိုင်း ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းမှသာ လူတစ်ယောက်က သူ့တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်နိုင်မယ်ဆိုတာ ကျွန်တော် တွေ့လိုက်ရတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့- ၈၄။ ကျွန်မ ကိုယ့်ပုံရိပ်ကောင်းကို ဆက်၍ မထိန်းသိမ်းတော့ပါ

နောက်တစ်ခုသို့- ၉၀။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းရဲ့ ပျော်ရွှင်မှုကို ကျွန်မ တွေ့ကြုံခံစားခဲ့ရပြီ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။