၂၉။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေကို လက်လွှတ်စေခဲ့ပါတယ်

ပိုင်လု၊ တရုတ်ပြည်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလလယ်လောက်မှာ အထက်ခေါင်းဆောင်ပိုင်းဆီက စာတစ်စောင် ရခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ခရိုင်ခေါင်းဆောင်ဖြစ်ဖို့ မဲပေးရွေးချယ်လိုက်ကြပြီး ဒီတာဝန်ကို ကျွန်မ လက်ခံချင်စိတ် ရှိမရှိ မေးထားတာပေါ့။ မမျှော်လင့်ထားတဲ့ ဒီတာဝန်နဲ့ ရင်ဆိုင်လိုက်ရတော့ ကျွန်မစိတ်ထဲမှာ ရုတ်တရက် ဂယောက်ဂယက် ဖြစ်သွားတာပေါ့။ ကျွန်မ တွေးမိတယ်၊ “ငါ့ရဲ့ အစွမ်းအစက သာမန်ပါ၊ ပြီးတော့ စကားပြောလည်း မတတ်ဘူး။ အရင်က ခေါင်းဆောင်နဲ့ အမှုဆောင် ဖြစ်ခဲ့ဖူးပေမဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရား မိတ်သဟာယပြုတဲ့နေရာမှာ ငါ နည်းနည်း လိုအပ်ချက်ရှိတယ်။ ပြီးတော့ ငါ တရားဟောသူ ဖြစ်တုန်းက ခေါင်းဆောင်အတုတွေကို အချိန်မီ မဖြုတ်ချနိုင်ခဲ့လို့ အသင်းတော်မှာ ဖရိုဖရဲ ဖြစ်ခဲ့ပြီး ငါ့နောက်မှာ ပြစ်မှားခြင်းတွေ ကျန်ရစ်ခဲ့တာလေ။ အခု ငါ ခရိုင်ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီ။ ဒီတာဝန်မှာ ငါက ပြဿနာတွေကို ‌ဖြေရှင်းဖို့ သမ္မာတရားကို ပိုပြီးတော့တောင် မိတ်သဟာယပြုဖို့လိုမယ်ဆိုတာ ငါသိတယ်။ ပြီးတော့ အလုပ်အမျိုးမျိုးကိုညွှန်ကြားပြီး လူတွေအပေါ် ပိုင်းခြားသိမြင်မှုရှိဖို့ လိုမယ်။ ဒါကို ကိုင်တွယ်နိုင်ပါ့မလား။ ငါသာ သမ္မာတရား စည်းမျဉ်းတွေကို နားမလည်ဘဲ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်မိလို့ ဖြုတ်ချခံလိုက်ရရင် ဒါဆိုရင် ငါ့ရဲ့ တကယ့်အရည်အချင်းတွေ ထုတ်ဖော်ခံရမယ့်အပြင် သိသာတဲ့ ပြစ်မှားခြင်းတွေလည်း ကျန်ရစ်ခဲ့မှာ၊ ပြီးတော့ ငါ့မှာ ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ပန်းတိုင် မရှိကောင်းမရှိနိုင်ဘူး” ပေါ့။ ကျွန်မ ဆက်တိုက် တွေဝေနေခဲ့တယ်၊ “ငါ လက်ခံသင့်သလား၊ လက်မခံသင့်ဘူးလား” ဆိုပြီး တွေးနေမိတယ်။ အဲဒီညက အိပ်ရာထဲမှာ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နဲ့ အိပ်မပျော်နိုင်ဘူး။ ဒီတာဝန်ကို လက်ခံဖို့ တွေးကြည့်လိုက်ရင် တောင်ကြီးတစ်လုံးက ကျွန်မကို ဖိထားသလို ခံစားရတယ်။ ပြီးတော့ ဒီတာဝန်ကို ကောင်းကောင်း မလုပ်နိုင်ရင် ထုတ်ဖော်ခံရပြီး ဖြုတ်ချခံရမှာကို ကျွန်မ ဆက်ပြီး ကြောက်နေမိတယ်။ ဒါနဲ့ ဘုရားသခင်ရှေ့မှောက်ကိုလာပြီး ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ဒီတာဝန်က ကိုယ်တော် ကျွန်မကို မြှောက်စားမှုဖြစ်မှန်း၊ ပြီးတော့ ကျွန်မ ခြွင်းချက်မရှိ ကျိုးနွံနာခံသင့်မှန်း သိပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အနာဂတ်နဲ့ အနာဂတ်ရှေ့ရေးနဲ့ လမ်းကြောင်းတွေကိုပဲ စဉ်းစားနေပြီး ကျိုးနွံနာခံနိုင်ခြင်းမရှိပါဘူး။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်ဖို့ ကျွန်မကို ဉာဏ်အလင်းပေးတော်မူပါ” ဆိုပြီးတော့။

နောက်တစ်နေ့ ကျွန်မ ဝတ်ပြုချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ “ယနေ့တွင် သင် စွမ်းဆောင်ရရှိရန် လိုအပ်သည်မှာ နောက်ထပ်တောင်းဆိုမှုများ မဟုတ်ဘဲ၊ လူ၏ တာဝန်နှင့် လူအားလုံးက လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ အကယ်၍ မိမိ၏တာဝန်ကိုပင် သင်တို့ လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ သို့မဟုတ် ယင်းကို ကောင်းစွာ လုပ်ဆောင်နိုင်စွမ်းမရှိပါက၊ သင်တို့သည် မိမိကိုယ်ကိုယ် ဒုက္ခရောက်စေခြင်း မဟုတ်လော။ သင်သည် သေခြင်းတရားကို ဖိတ်ခေါ်နေသည် မဟုတ်လော။ အနာဂတ်နှင့် အလားအလာများရှိဖို့ သင်သည် အဘယ်သို့ မျှော်လင့်နိုင်ဦးမည်နည်း။ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူ၏ ပူးပေါင်းဆောင်ရွက်မှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ပေးထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူလုပ်ဆောင်သင့်သည့်အရာ အားလုံးကို လုပ်ဆောင်ပြီးနောက်တွင်၊ လူသည် သူ၏ လက်တွေ့လုပ်ဆောင်မှုတွင် တွန့်တိုခြင်း မရှိရန်နှင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပေသည်။ ဘုရားသခင်၏အမှုတွင် လူသည် မည်သည့်လုံ့လကိုမျှ မချန်သင့်၊ သူ၏သစ္စာစောင့်သိမှုကို ဆက်ကပ်သင့်ပြီး၊ အတော်များသော အယူအဆများတွင် မမွေ့လျော်သင့်ပေ သို့မဟုတ် မလှုပ်မယှက်ထိုင်ကာ သေခြင်းကို မစောင့်ဆိုင်းသင့်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် လူသားအတွက် စတေးနိုင်သည်၊ သို့ဆိုလျှင် လူသည် သူ၏သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား အဘယ်ကြောင့် မဆက်ကပ်နိုင်သနည်း။ ဘုရားသခင်သည် လူသားအပေါ် တစ်စိတ်တစ်ဝမ်းတည်းရှိသည်၊ သို့ဆိုလျှင် လူသည် အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်ကို မဆက်ကပ်နိုင်ရသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် အမှုပြုသည်၊ သို့ဆိုလျှင် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် မိမိ၏ တာဝန်အချို့ကို အဘယ်ကြောင့် မဆောင်ရွက်နိုင်သနည်း။ ဘုရားသခင်၏ အမှုသည် ဤအထိ ရောက်ရှိလာလေပြီ၊ သို့သော် သင်သည် မြင်သော်ငြား မလုပ်ဆောင်၊ ကြားသော်ငြား မလှုပ်ရှားချေ။ ထိုသို့သော လူများသည် ထာဝရ ပြစ်ဒဏ်ခံရသူများ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏အရာအားလုံးကို လူသားအဖို့ ဆက်ကပ်အပ်နှံထားပြီး ဖြစ်သည်၊ သို့ဆိုလျှင် ယနေ့တွင် လူသည် သူ၏တာဝန်ကို အဘယ်ကြောင့် စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်စွမ်း မရှိသနည်း။ ဘုရားသခင် အတွက်၊ သူ၏အမှုသည် ပထမ ဦးစားပေးဖြစ်ပြီး၊ သူ့စီမံခန့်ခွဲခြင်း အမှုသည် အရေးအကြီးဆုံး ဖြစ်သည်။ လူသားအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းခြင်းတို့သည် သူ၏ ပထမ ဦးစားပေးဖြစ်သည်။ ဤအရာကို သင်တို့အားလုံး နားလည်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ဒီတာဝန်ဟာ ဘုရားသခင်ရဲ့ မြှောက်စားမှုဖြစ်ပြီး ကျွန်မ ခေါင်းမရှောင်နိုင်တဲ့ တာဝန်ဖြစ်မှန်း နားလည်သွားတယ်။ ကျွန်မရဲ့ အနာဂတ်နဲ့ ပန်းတိုင်ကို ကာကွယ်ဖို့အတွက် ဒီတာဝန်ကို ရှောင်လွှဲမယ်၊ ဒါမှမဟုတ် ငြင်းဆန်မယ်ဆိုရင် ဖန်ဆင်းခံတစ်ယောက်အဖြစ် ကျွန်မ အသက်ရှင်ရတဲ့ အဓိပ္ပာယ်ကို ဆုံးရှုံးသွားလိမ့်မယ်။ အဲဒီလိုသာဖြစ်ခဲ့ရင် အဆုံးထိ ဘုရားသခင်ကို ယုံကြည်ရင်တောင်မှ နောက်ဆုံးမှာ ကိုယ်တော်ရဲ့ အသိအမှတ်ပြုခြင်းကို ရမှာမဟုတ်ဘူး။ တရားဟောသူအဖြစ် ကျွန်မ လုပ်ဆောင်ခဲ့တုန်းက အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့မိတာ၊ ပြစ်မှားခြင်းတွေ ရှိခဲ့တာကို ပြန်စဉ်းစားမိတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မရဲ့ ပြစ်မှားခြင်းတွေအတိုင်း ကျွန်မကို မဆက်ဆံခဲ့ဘူး။ အခု အသင်းတော်က ကျွန်မကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေး ပေးနေတုန်းပဲဆိုတော့ ကျွန်မ ဒါကို ဆက်ပြီး ခေါင်းမရှောင်နိုင်တော့ဘူးလေ။ ကျွန်မ တွေးမိတယ်၊ “ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရား မိတ်သဟာယပြုတဲ့နေရာမှာ ငါ နည်းနည်း လိုအပ်ချက်ရှိတယ်။ ခေါင်းဆောင်မှုကဏ္ဍမှာ အခက်အခဲတွေ၊ ပြဿနာတွေမျိုးစုံကို ငါ ရင်ဆိုင်ရမှာဆိုတော့ သမ္မာတရားနဲ့ ပြဿနာဖြေရှင်းတာကို လေ့ကျင့်ဖို့ အခွင့်အရေးအများကြီး ရမှာပဲ။ ဒါက ငါ့အတွက် လေ့ကျင့်ဖို့နဲ့ ကိုယ့်လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ပိုကောင်းတဲ့နည်းလမ်း မဟုတ်ဘူးလား။ အလုပ်အမျိုးမျိုးမှာ ငါ့ရဲ့ အတတ်ပညာနဲ့ဆိုင်တဲ့ ကျွမ်းကျင်မှုတွေ တိုးတက်လာမယ့်အပြင် လူကို ပိုင်းခြားသိမြင်တဲ့နေရာမှာလည်း တိုးတက်မှု ရှိလာမှာပါ။ တစ်ချိန်တည်းမှာပဲ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားဖို့ ကိုယ့်တာဝန်မှာ သမ္မာတရား လိုက်စားတာကို အာရုံစိုက်လာအောင်လည်း ဒါက ငါ့ကို တွန်းအားပေးမှာလေ။ ဒါ ဘုရားသခင် ငါ့ကို မျက်နှာသာပေးနေတာ မဟုတ်ဘူးလား” ပေါ့။ ဘုရားသခင်ရဲ့ မေတ္တာက ဘယ်လောက်ကြီးမားလဲဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မသာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းနေမယ်၊ ပြီးတော့ တာဝန်ကို ငြင်းပယ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားနေမယ်ဆိုရင် ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေကို သစ္စာဖောက်ရာ ရောက်နေမယ်ဆိုတာကို ကျွန်မ သိခဲ့တယ်။ ဒီလိုလုပ်ရင် ကျွန်မက တကယ့်ကို လူ့သဘာဝ ကင်းမဲ့နေမှာပဲ။

ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေးမိတယ်။ “လူ၏တာဝန်နှင့် လူသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိခြင်း သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်း ဟူသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ လက်ခံရရှိခြင်းဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်းဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည်။ ၎င်းတို့ ကောင်းချီးမင်္ဂလာများ လက်ခံရရှိသည်ဖြစ်စေ၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရသည်ဖြစ်စေ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦးအနေဖြင့်၊ ဘုရားသခင် နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ လက်ခံရရှိရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ။ သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။ လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသသည်မှာ ဤဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ လုပ်ဆောင်နိုင်လေ၊ သာ၍ များသည့် သမ္မာတရားကို သင် ရရှိလေဖြစ်လိမ့်မည် ဖြစ်ပြီး သင်၏ဖော်ပြချက်သည် သာ၍ စစ်မှန်လာလေ ဖြစ်လိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဘုရားနှုတ်ကပတ်တော်တွေက ရှင်းရှင်းလင်းလင်း ပြောထားပါတယ်၊ လူတစ်ယောက်ရဲ့ တာဝန်က ဘာပဲဖြစ်နေပါစေ၊ ကောင်းချီးခံစားရတာ၊ ဒါမှမဟုတ် ကံမကောင်း အကြောင်းမလှဖြစ်တာနဲ့ ဘာမှမဆိုင်ဘူး။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပါတယ်၊ ဒါက လူတွေအနေနဲ့ ကျွန်မတို့ရဲ့ တာဝန်ဖြစ်ပြီး လူတွေက ခြွင်းချက်မရှိ လက်ခံပြီး ကျိုးနွံနာခံသင့်ပါတယ်။ ခေါင်းဆောင်လုပ်ရင် မြန်မြန် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမယ်လို့ ကျွန်မ အထင်မှားခဲ့တာ။ တကယ်တမ်းကျတော့ ကျွန်မ ခေါင်းဆောင် မဖြစ်ရင်တောင်မှ သမ္မာတရားကို မလိုက်စားဘဲ လမ်းမှားလျှောက်နေမယ်ဆိုရင် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ မဟုတ်ဘူးလား။ ကိုယ့်တာဝန်ကို ထမ်းဆောင်တာက ကောင်းချီးရတာ၊ ဒါမှမဟုတ် ကံမကောင်း အကြောင်းမလှဖြစ်တာနဲ့ ဘာမှမဆိုင်ဘူး၊ အဓိကက လူတစ်ယောက်ဟာ သမ္မာတရားကို လိုက်စားပြီး ချစ်မြတ်နိုးသလား ဆိုတာပဲလို့ ဘုရားသခင် ပြောထားတာ ကြာပါပြီ။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ခရိုင်ခေါင်းဆောင်အဖြစ် အဆိုပြုထားပြီးပြီဆိုတော့ ကျွန်မ အရင် လက်ခံလိုက်သင့်ပြီး လက်တွေ့လုပ်ဆောင်သင့်တယ်။ ပြီးတော့ တာဝန်မှာရှိတဲ့ ပြဿနာတွေ၊ လိုအပ်ချက်တွေနဲ့ပတ်သက်ရင် ကျွန်မရဲ့ တွဲဖက်ညီအစ်မတွေနဲ့အတူ ဖြေရှင်းနည်းတွေကို ရှာဖွေလို့ရတာပဲ။ ရှင်းရှင်းလင်းလင်း မရှိတဲ့အပိုင်းတွေ ရှိနေသေးရင်လည်း အထက်ခေါင်းဆောင်ပိုင်းဆီက လမ်းပြမှုကို ရှာဖွေလို့ ရတာပဲလေ။ ဒါနဲ့ ကျွန်မ ဒီတာဝန်ကို ထမ်းဆောင်လိုစိတ်ရှိပါတယ်လို့ ပြန်စာရေးလိုက်တယ်။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်တဲ့အခါ ကျွန်မစိတ်ထဲမှာ တည်ငြိမ်ပြီး ငြိမ်းအေးသွားတယ်။

မနက်ခင်းတစ်ခုမှာ ခေါင်းဆောင်တစ်ဦးဖြစ်ရန် ငြင်းဆန်ခြင်းနောက်ကွယ်၌ တည်ရှိသောအရာ ဆိုတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်မိတယ်။ အဲဒီဗီဒီယိုထဲမှာ ကျွန်မရဲ့ အခြေအနေနဲ့ တော်တော်ကိုက်ညီတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ရှိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “၎င်းတို့၏တာဝန်ခန့်အပ်မှုအတွက် ရိုးရှင်းသော ပြုပြင်ခြင်းတစ်ခုကို ပြုပြီးသည့်အခါ၊ လူတို့သည် နာခံသည့် သဘောထားဖြင့် ဖြေကြားသင့်သည်။ ဘုရားသခင်၏ အိမ်တော်က ၎င်းတို့ကို ပြောသည့်အတိုင်း လုပ်ဆောင်သင့်သည်။ ၎င်းတို့တတ်နိုင်သည့်အရာကို လုပ်ဆောင်ကာ၊ မည်သည့်အရာကို လုပ်ပါစေ၊ ၎င်းတို့ တတ်စွမ်းသမျှ၊ စိတ်နှလုံးနှင့် ခွန်အားရှိသမျှဖြင့် လုပ်ဆောင်လော့။ ဘုရားသခင် ပြုပြီးသည့်အရာသည် အမှားမရှိပါ။ ဤသို့သော ရိုးရှင်းသည့် သမ္မာတရားကို လူများက အသိတရားနှင့် ဆင်ခြင်တုံတရား အနည်းငယ်ဖြင့် လက်တွေ့လုပ်ဆောင်နိုင်သည်။ သို့သော် ယင်းသည် အန္တိခရစ်များ၏ အရည်အချင်းများထက် ကျော်လွန်သည်။ တာဝန်ခန့်အပ်မှုများကို ပြုပြင်ခြင်းနှင့်ပတ်သက်လျှင် အန္တိခရစ်များသည် ချက်ချင်း အကြောင်းပြချက်များ၊ စကားပရိယာယ်၊ အာခံခြင်းများ ပြုမည်ဖြစ်ပြီး စိတ်အတွင်းတွင် ယင်းကို လက်ခံရန် ငြင်းဆန်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် မည်သည့်အရာရှိသနည်း။ မသင်္ကာမှုနှင့် သံသယရှိသည်။ ထို့နောက် ၎င်းတို့သည် နည်းလမ်းပေါင်းစုံသုံးလျက် သူတစ်ပါးတို့ကို စုံစမ်းစစ်ဆေးကြသည်။...၎င်းတို့သည် ရိုးရှင်းသောအရာကို အဘယ်ကြောင့် အလွန်ရှုပ်ထွေးစေကြသနည်း။ အကြောင်းပြချက်တစ်ခုသာရှိသည်။ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အစီအစဉ်များကို မည်သည့်အခါမျှ မနာခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို ၎င်းတို့၏ ကောင်းချီးရရှိရန် မျှော်လင့်ချက်နှင့် အနာဂတ် ပန်းတိုင်တို့ဖြင့် နီးကပ်စွာ ချိတ်ဆက်ထားကြသည်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဆုံးရှုံးသွားသည်နှင့် ကောင်းချီးများ၊ ဆုလာဘ်များရရှိရန် မျှော်လင့်ချက်မရှိတော့သကဲ့သို့ပင်ဖြစ်သည်။ ဤအရာများက ၎င်းတို့၏ အသက်ကို ဆုံးရှုံးရသကဲ့သို့ ခံစားရသည်။ ၎င်းတို့က ‘ငါသည် ဂရုစိုက်ရမည်။ ပေါ့ဆ၍ မရပေ။ ဘုရားအိမ်တော်၊ ညီအစ်ကိုမောင်နှမများ၊ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင်ကိုပင် အားကိုး၍မရပေ။ ၎င်းတို့ထဲမှ မည်သူ့ကိုမျှ ငါ ယုံကြည်၍မရပေ။ သင် အားအကိုးနိုင်ဆုံးသောသူနှင့် ယုံကြည်ရန် အထိုက်တန်ဆုံးသောသူမှာ သင်ကိုယ်တိုင်ဖြစ်သည်။ သင်သည် သင့်ကိုယ်သင်အတွက် အစီအစဉ်များ မပြုလုပ်နေလျှင် သင့်အား မည်သူက ဂရုစိုက်မည်နည်း။ သင်၏ အနာဂတ်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ကောင်းချီးများအား သင်လက်ခံရရှိခြင်းရှိမည်၊ မရှိမည်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ထို့ကြောင့် ငါသည် ငါ၏အကျိုးအတွက် အစီအစဉ်များနှင့် တွက်ချက်မှုများကို သေချာလုပ်ဆောင်ရမည်။ အမှားများပြုလုပ်၍မရ၊ သို့မဟုတ် အနည်းငယ်မျှပင် ပေါ့ဆ၍ မရပေ။ မဟုတ်လျှင် တစ်စုံတစ်ယောက်က ငါ့အပေါ် အခွင့်အရေးယူဖို့ ကြိုးစားလျှင် မည်သည့်အရာကို ငါလုပ်ဆောင်ရမည်နည်း’ ဟု တွေးကြသည်။ ထို့ကြောင့် ၎င်းတို့သည် တစ်စုံတစ်ယောက်က ၎င်းတို့အား ပိုင်းခြားသိမြင်မည်၊ သို့မဟုတ် ရိပ်စားမိမည်ကိုလည်းကောင်း၊ ဤသို့ဖြင့် ၎င်းတို့သည် ထုတ်ပယ်ခံရပြီး ၎င်းတို့၏ ကောင်းချီးရရှိဖို့အိပ်မက်က ပျက်စီးသွားမည်ကိုလည်းကောင်း ကြောက်ရွံ့လျက် ဘုရားအိမ်တော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များကို သတိထားကာကွယ်ကြသည်။ ၎င်းတို့သည် ကောင်းချီးများ ရရှိရန် မျှော်လင့်ချက်ကို ထားရှိဖို့အလို့ငှာ မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထိန်းသိမ်းရမည်ဟု ထင်ကြသည်။ ကောင်းချီးခံစားရခြင်းသည် ကောင်းကင်ဘုံထက်ကြီးမြတ်သည်၊ အသက်ထက် ပိုကြီးမြတ်သည်၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ ကယ်တင်ခြင်းထက်ပို၍ အရေးကြီးသည်၊ မိမိတာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်း၊ စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းထက် ပို၍အရေးကြီးသည်ဟု အန္တိခရစ်တစ်ယောက်က မြင်သည်။ ၎င်းတို့သည် စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ကယ်တင်ခံရခြင်းသည် ပြောဆိုဖို့ပင် သို့မဟုတ် မှတ်ချက်ပေးဖို့ပင် ထိုက်တန်မှုသိပ်မရှိသည့် သေးနုပ်သောအရာများဖြစ်သည်ဟု ထင်မြင်သော်လည်း၊ ကောင်းချီးရရှိခြင်းကမူ ၎င်းတို့၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ မေ့၍မရနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ကောင်းချီးခံစားရခြင်းနှင့် ဆက်စပ်ပြီး အလွန်အမင်း သတိထားပြီး အာရုံစိုက်ကြသည်။ ပြီးလျှင် အစဉ်သဖြင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ထားထားကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ တွေ့လိုက်ရတယ်၊ အန္တိခရစ်တစ်ယောက်ဟာ တာဝန် အပြောင်းအလဲ ကြုံရတဲ့အခါ သူက ဘုရားသခင်ကို ဘယ်လိုနာခံမလဲ၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ဘယ်လို ဖြည့်ဆည်းမလဲဆိုတာ မစဉ်းစားဘဲ၊ ဒီတာဝန်က သူ့ရဲ့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အကျိုးပြုမပြု၊ ဒါမှမဟုတ် သူ့ရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ကို ထိခိုက်တာရှိမရှိ ဆိုတာကိုပဲ အရင်ဦးဆုံး စဉ်းစားတယ်။ အန္တိခရစ်တွေက ကောင်းချီးနဲ့ အကျိုးအမြတ်အတွက်ပဲ ဘုရားသခင်ကို ယုံကြည်ကြပြီး၊ သူတို့က တာဝန်ကို ကောင်းကောင်းထမ်းဆောင်တာထက် ကောင်းချီးရဖို့ကို ပိုအရေးကြီးတယ်လို့ သဘောထားကြတာကို ကျွန်မ တွေ့လိုက်ရတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “တာဝန် အပြောင်းအလဲ ကြုံရတာနဲ့ပတ်သက်ရင် ငါ့ရဲ့ ထုတ်ဖော်ပြသမှုက အန္တိခရစ်နဲ့ အတူတူပဲ မဟုတ်ဘူးလား” ပေါ့။ ခရိုင်ခေါင်းဆောင်အဖြစ် လေ့ကျင့်ဖို့ ကျွန်မကို ခွင့်ပြုတဲ့ ဘုရားသခင်ရဲ့ မြှောက်စားမှုအတွက် ကျွန်မ ကျေးဇူးတင်သင့်တာ၊ ပြီးတော့ ဘုရားသခင် ကျေနပ်အောင်လို့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်သင့်တာပါ။ ဒါပေမဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆက်တိုက် မေးခွန်းထုတ်နေမိတယ်။ “ငါ တရားဟောသူ ဖြစ်တုန်းက ခေါင်းဆောင်အတုတွေကို အချိန်မီ မဖြုတ်ချခဲ့လို့ ပြစ်မှားခြင်းတွေ ရှိခဲ့တာ။ အခု ငါ ခရိုင်ခေါင်းဆောင် ဖြစ်လာပြီး တာဝန်တွေ ပိုများလာရင် ပိုပြစ်မှားနိုင်ခြေရှိပြီး ပိုမြန်မြန် ထုတ်ဖော်ခံရမှာ မဟုတ်ဘူးလား။ တစ်ခုခု လွဲသွားရင် ယုံကြည်ခြင်းမှာ ကောင်းချီးရဖို့ ငါ့ရဲ့ မျှော်လင့်ချက်က ပျက်စီးသွားမှာပဲ” ပေါ့။ ကိုယ့်အနာဂတ်နဲ့ ပန်းတိုင်ကို ကာကွယ်ဖို့အတွက် ဒီတာဝန်ကို ကျွန်မ ခေါင်းရှောင်ချင်ခဲ့တယ်။ ဒါက ပုံမှန် တာဝန် အပြောင်းအလဲလုပ်တာပါပဲ၊ ဒါပေမဲ့ ဘုရားသခင်က ဒီတာဝန်ကနေတစ်ဆင့် ကျွန်မကို ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းချင်တယ်လို့ ကျွန်မ အထင်မှားခဲ့တာ။ ကျွန်မ ဘုရားသခင်ကို နားလည်မှုလွဲနေတာ မဟုတ်ဘူးလား။ အရင်တုန်းကတော့ ယုံကြည်ခြင်းမှာ ကျွန်မစိတ်နှလုံးက ရိုးစင်းတယ်၊ အသင်းတော်က ဘာတာဝန်ပဲ စီစဉ်ပါစေ၊ ကျွန်မ ကျိုးနွံနာခံနိုင်တယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အဲဒါက ကျွန်မရဲ့ အကျိုးစီးပွားတွေကို မထိပါးလို့လေ။ အခု ဒီတာဝန်က ကျွန်မရဲ့ အနာဂတ်နဲ့ ပန်းတိုင်ကို ထိပါးတယ်လို့ ခံစားရတော့ ကျွန်မ ငြင်းချင်သွားတယ်။ ကျွန်မဟာ လူ့သဘာဝ လုံးဝ ကင်းမဲ့နေပြီး အကျိုးအမြတ်ကိုပဲ ကြည့်တဲ့ စက်ဆုပ်ဖွယ်ကောင်းပြီး စိတ်ထားသေးသိမ်သူမှန်း ကျွန်မ တွေ့လိုက်ရတယ်။ တကယ်တမ်းကျတော့ တရားဟောသူအဖြစ်ကနေ ကျွန်မ ဖြုတ်ချခံခဲ့ရတာက ရာထူးကြောင့် မဟုတ်ဘဲ၊ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားပြီး တကယ့်အလုပ်ကို မလုပ်ခဲ့လို့ပါ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ အိမ်တော်က အဲဒီအတွက် ကျွန်မကို ဖယ်ရှားရှင်းလင်းတာ မလုပ်ဘဲ အဲဒီအစား ပြန်သုံးသပ်ပြီး နောင်တရဖို့ အခွင့်အရေး ပေးခဲ့တယ်၊ တာဝန်တွေကို ဆက်ပြီး စီစဉ်ပေးခဲ့တယ်။ အသင်းတော်ကနေ နှင်ထုတ်ခံရတဲ့ အန္တိခရစ်တွေကိုလည်း ကျွန်မ စဉ်းစားမိတယ်။ သူတို့က ရာထူးကြီးလို့ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရတာ မဟုတ်ဘဲ၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ အမြဲတမ်းလိုက်စားပြီး၊ အုပ်စုဖွဲ့တာတွေကြောင့်၊ မနာလိုဖြစ်အောင်၊ ပဋိပက္ခဖြစ်အောင် လှုံ့ဆော်တာတွေကြောင့်ဖြစ်ပြီး အဲဒီလိုနဲ့ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့လို့ပါ။ မိတ်သဟာယပြုပေးပြီးတာတောင် သူတို့က နောင်တရဖို့ လုံးဝ ငြင်းဆန်ခဲ့တယ်၊ အဲဒီကျမှပဲ သူတို့ နောက်ဆုံး ဖယ်ရှားရှင်းလင်းခံလိုက်ရတာ။ ဒါကိုကြည့်ရင် လူတစ်ယောက်က သမ္မာတရားကို မလိုက်စားရင် ဘာတာဝန်ပဲ ထမ်းဆောင်ပါစေ၊ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမယ်ဆိုတာ ကျွန်မ တွေ့လိုက်ရတယ်။

အဲဒီနောက် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်၊ “ခရိုင်ခေါင်းဆောင်ဖြစ်ဖို့ ငါ တွန့်ဆုတ်နေတဲ့အကြောင်းရင်းက တခြားမမှန်ကန်တဲ့ ဘယ်လိုအမြင်တွေကြောင့် ဖြစ်နိုင်သလဲ” ပေါ့။ နောက်ပိုင်းမှာ ကျွန်မ သတိထားမိလိုက်တယ်၊ ခရိုင်ခေါင်းဆောင် ဖြစ်တာက အလုပ်အားလုံးကို တာဝန်ယူရမယ်၊ ပြီးတော့ အလုပ်အမျိုးမျိုးရဲ့ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို ညွှန်ကြားနိုင်ရမယ်၊ လူတွေကို ပိုင်းခြားသိမြင်တတ်ရမယ်၊ အဲဒီလိုမဟုတ်ရင် ဒီတာဝန်ကို နိုင်နင်းမှာ မဟုတ်ဘူးလို့ ကျွန်မ ခံစားနေရတယ်။ ဒါပေမဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေမှာ ကျွန်မက အများကြီး လိုအပ်ချက်ရှိနေတယ်။ ဒါကြောင့် ဒီတာဝန်ကို ကျွန်မ အမြဲတမ်း ရှောင်လွှဲချင်နေတာ။ ဒီအမြင်က သမ္မာတရားနဲ့ ကိုက်ညီရဲ့လား။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပြန်သတိရလိုက်တယ်။ “ခေါင်းဆောင်တစ်ယောက်အနေဖြင့် အလုပ်များကို စီစဉ်ပေး၍ ပြီးသွားပြီးနောက်တွင် အလုပ်၏ တိုးတက်မှုကို နောက်ဆက်တွဲ လိုက်လုပ်ရမည် ဖြစ်သည်။ သင်သည် ဤအလုပ်နယ်ပယ်ကို မရင်းနှီးလျှင်ပင်၊ ဤကိစ္စနှင့်ပတ်သက်ပြီး မည်သည့်သိမြင်မှုမျှ မရှိလျှင်ပင် ထိုအလုပ်ကို လုပ်ဆောင်ရန် နည်းလမ်းရှာနိုင်သည်။ စိစစ်မှုကို ဆောင်ရွက်ပြီး အကြံပြုချက်များပေးရန် ယင်းကို အမှန်တကယ် နားလည်သဘောပေါက်သော၊ အဆိုပါ အတတ်ပညာကို နားလည်သောသူတစ်ဦးကို သင်ရှာဖွေနိုင်သည်။ သူတို့၏ အကြံပြုချက်များမှ သင့်တင့်လျောက်ပတ်သော စည်းမျဉ်းများကို သင် ရှာဖွေဖော်ထုတ်နိုင်သည်။ ဤသို့ဖြင့် သင်သည် အလုပ်ကို နောက်ဆက်တွဲ လိုက်လုပ်နိုင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအတွက် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ ခရိုင်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်တဲ့ နည်းပညာနယ်ပယ် တော်တော်များများမှာ ကျွမ်းကျင်ပိုင်နိုင်မှုမရှိသေးပေမဲ့ ဒီတာဝန်ကို ထမ်းဆောင်ဖို့ ကျွမ်းကျင်မှုတိုင်းကို နားလည်ရမယ်လို့ ဘုရားသခင် ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကျွန်မအနေနဲ့ လက်တွေ့လေ့ကျင့်ခန်းဆင်းနေတုန်းမှာ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေဖို့၊ ကိုယ့်လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့နဲ့ သမ္မာတရား လက်တွေ့ကျမှုထဲကို တဖြည်းဖြည်း ဝင်ရောက်ဖို့ အာရုံစိုက်စေချင်တာပါ။ ကျွန်မက နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေမှာ လိုအပ်ချက်ရှိတယ်၊ ဒါကြောင့် ဒီအရာတွေကို နားလည်တဲ့ ညီအစ်ကိုမောင်နှမတွေဆီကနေ ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေသင့်တယ်၊ ပြီးတော့ အလုပ်မှာရှိတဲ့ လွဲချော်မှုတွေနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရား စည်းမျဉ်းတွေကို အတူတူ ရှာဖွေလို့ရနိုင်မှာပဲ။ တကယ်လို့ ကျွန်မ တကယ်ကိုနားမလည်နိုင်တဲ့အရာတွေ ရှိခဲ့ရင်လည်း အထက်ခေါင်းဆောင်ပိုင်းဆီက အကူအညီကို ရှာဖွေလို့ရတာပဲလေ။ ကျွန်မက ပူးပေါင်းလုပ်ဖို့ တကယ်ကို အစွမ်းကုန်လုပ်ခဲ့ပြီး နောက်ဆုံးကျမှ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့ အစွမ်းအစက ဒီတာဝန်အတွက် တကယ်ကို မလုံလောက်ဘူးလို့ တွေ့ရှိရရင်၊ အဲဒီကျမှပဲ ကျွန်မ နုတ်ထွက်ပြီးတော့ ပိုသင့်တော်တဲ့ တာဝန်တစ်ခု ချပေးဖို့ ခေါင်းဆောင်တွေကို တောင်းဆိုလို့ ရတာပဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်လိုက်တော့ ကျွန်မစိတ်နှလုံးထဲမှာ တကယ်ကို လင်းလက်သွားပြီး ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေကို လက်လွှတ်ခဲ့တယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ ကျွန်မ ကြီးကြပ်နေတဲ့ ရေလောင်းခြင်းအလုပ်ရဲ့ ရလဒ်တွေ မကောင်းဘူး၊ ရေလောင်းသူတွေက တိုးတက်မှု မရှိသလို လူသစ်တွေကို ပျိုးထောင်ဖို့လည်း အာရုံမစိုက်ကြဘူးဆိုတာကို အထက်ခေါင်းဆောင်ပိုင်းက သိသွားတယ်။ ဒါနဲ့ ဒီပြဿနာတွေကို ကျွန်မတို့ ကြုံနေရသလား၊ ရေလောင်းခြင်းအလုပ်ကို ကျွန်မတို့ ဘယ်လိုနောက်ဆက်တွဲ ဆက်လုပ်နေသလဲဆိုတာ မေးဖို့ သူတို့က စာရေးလာတယ်။ ကျွန်မ လန့်သွားပြီး တွေးမိတယ်၊ “ငါက ရေလောင်းခြင်းအလုပ်ကို အဓိက တာဝန်ယူထားတာ၊ နေ့တိုင်းလည်း အလုပ်မအားပါဘူး။ အလုပ်မှာ ဒီပြဿနာတွေအများကြီး ဖြစ်နေတာကို ငါ ဘယ်လိုလုပ် သတိမထားမိဘဲ နေတာလဲ။ ငါ့ရဲ့ အလုပ်လုပ်နိုင်စွမ်းက တကယ်ကို လိုအပ်ချက်ရှိနေပုံပဲ” ပေါ့။ ကျွန်မ ထပ်ပြီး စိုးရိမ်လာပြန်တယ်၊ “ရေလောင်းသူတွေက လူသစ်တွေကို ကောင်းကောင်း ရေမလောင်းလို့ လူသစ်တွေ ထွက်သွားရင် ငါ ပြစ်မှားရာ မရောက်ဘူးလား။ ဒါဆို ငါ့မှာ ကောင်းမွန်တဲ့ အဆုံးသတ် ရှိမှာ မဟုတ်တော့ဘူး ဆိုတဲ့ သဘော မဟုတ်ဘူးလား” ဆိုပြီး တွေးမိတယ်။ ကျွန်မက ကိုယ့်ရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်အတွက် ထပ်ပြီး စဉ်းစားနေမိမှန်း သတိပြုမိလိုက်ပြီး ဘုရားနှုတ်ကပတ်တော်တချို့ကို ပြန်သတိရလိုက်တယ်။ “သင်တို့သည် ပွင့်လင်းပြီး ရိုးသားသော စိတ်နှလုံးများဖြင့် သင်တို့၏တာဝန်ကို အစွမ်းကုန် အသီးသီး ကောင်းမွန်စွာ ထမ်းဆောင်သင့်ပြီး၊ လိုအပ်သည့် မည်သည့်အဖိုးအခကိုမဆို ပေးရန် လိုလားလျက် ရှိနေသင့်ပေသည်။ သင်တို့ ပြောကြပြီးသည့်အတိုင်း၊ နေ့ရက်အချိန် ကျရောက်လာသည့်အခါ၊ ဘုရားသခင်သည် သူ့အတွက် ဆင်းရဲဒုက္ခခံခဲ့သူ သို့မဟုတ် အဖိုးအခတစ်ခု ပေးဆပ်ခဲ့သူ မည်သူမဆိုအပေါ် မမျှမတဆက်ဆံမည် မဟုတ်ပေ။ ဤသို့သော ခံယူချက်မျိုးသည် ထိန်းသိမ်းထားထိုက်သကဲ့သို့၊ ယင်းကို သင်တို့ မည်သည့်အခါမျှ မမေ့သင့်သည်မှာ မှန်ပေသည်။ ဤနည်းဖြင့်သာ ငါသည် သင်တို့နှင့်ပတ်သက်၍ ငါ၏ စိတ်ကို သက်သာစေနိုင်ပေသည်။ သို့မဟုတ်ပါက သင်တို့သည် ငါစိတ်မချနိုင်သောသူများ ထာဝရ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် ငါ၏ စက်ဆုပ်ခြင်းကို ခံကြရသူများ ထာဝရ ဖြစ်ကြလိမ့်မည်။ သင်တို့အားလုံးသည် သင်တို့၏ အသိစိတ်ကို လိုက်နာနိုင်၍ ငါ့အတွက် အစွမ်းကုန်ပေးဆပ်နိုင်ကာ ငါ၏အမှုအတွက် မည်သည့်အားထုတ်မှုမျှ မချန်ဘဲလျက်၊ ပြီးလျှင် ငါ၏ ဧဝံဂေလိအမှုအဖို့ တစ်သက်တာ အားအင်ကို ဆက်ကပ်ပါက၊ သင်တို့အတွက် ငါ၏စိတ်နှလုံးသည် မကြာခဏ ဝမ်းမြောက်၍ ခုန်မပေါက်ဘဲ နေမည်လော။ ဤနည်းဖြင့်၊ ငါသည် သင်တို့နှင့်စပ်လျဉ်း၍ ငါ၏ စိတ်ကို လုံးလုံးလျားလျား သက်သာစေနိုင်မည်၊ မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍) ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရင်းနဲ့ သမ္မာတရားရဲ့ ရှုထောင့်အားလုံးထဲကို ကျွန်မတို့ ဝင်ရောက်နိုင်အောင် ကျွန်မတို့ကို စုံလင်စေဖို့က ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ပါ။ တကယ့်အလုပ်ကို မလုပ်နိုင်ခဲ့တာကို ကျွန်မ ပြန်ဆင်ခြင်မိတယ်။ ရေလောင်းခြင်းအလုပ်မှာ ရှိနေတဲ့ လွဲချော်မှုတွေနဲ့ ပြဿနာတွေကို အချိန်မီ မဖြေရှင်းခဲ့ဘူး၊ ဒါက လူသစ်တွေကို ရေလောင်းတဲ့ ထိရောက်မှုကို ထိခိုက်စေခဲ့တယ်။ ဒီ လွဲချော်မှုတွေကို ကျွန်မ မြန်မြန် ပြုပြင်ပြီး ဒီပြဿနာတွေကို ဖြေရှင်းရမယ်။ ဒါကမှ ကျွန်မရဲ့ တာဝန်ဝတ္တရားတွေကို တကယ် ဖြည့်ဆည်းတဲ့ပုံစံပါပဲ။ ဒါနဲ့ အလုပ်မှာရှိတဲ့ လွဲချော်မှုတွေ၊ ပြဿနာတွေကို အထက်ခေါင်းဆောင်ပိုင်းဆီ ရိုးရိုးသားသား တင်ပြခဲ့တယ်၊ ပြီးတော့ ရေလောင်းသူတွေရဲ့ အခြေအနေတွေနဲ့ လူသစ်တွေရဲ့ ပြဿနာတွေကို အမှန်တကယ် ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ရေလောင်းသူတွေကလည်း သမ္မာတရားရှိထားခြင်းရဲ့ အရေးကြီးပုံကို သတိပြုမိလာပြီး သူတို့တာဝန်တွေမှာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို တွေ့ရှိခဲ့ကြတယ်။ ဘုရားသခင်အပေါ် သတိထားနေတဲ့ ခံစားချက်တွေကို လက်လွှတ်လိုက်ပြီး ကိုယ့်အနာဂတ်နဲ့ ပန်းတိုင်တွေကို မစဉ်းစားဘဲ ကိုယ့်တာဝန်တွေမှာ စိတ်နှလုံး နှစ်မြှုပ်ထားမယ်ဆိုရင် တာဝန်ထမ်းဆောင်ရာမှာ ဘုရားသခင်ရဲ့ လမ်းပြမှုကို ကျွန်မတို့ မြင်လာနိုင်မယ်လို့ ကျွန်မ ခံစားမိလာတယ်။

အရှေ့သို့- ၂၈။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားခြင်းက ပျော်ရွှင်သော ဘဝတစ်ခုဆီ ပို့ဆောင်ပေးနိုင်သလား

နောက်တစ်ခုသို့- ၃၀။ ကျွန်ုပ်၏ ပြဿနာများကို ယခု ကျွန်ုပ် ရင်ဆိုင်ဝံ့ပြီ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၄၀။ အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။