၄၅။ ဂုဏ်ပကာသနကို စွန့်လွှတ်ခြင်းက ကျွန်မကို အလွန် လွတ်မြောက်စေသည်

လျူလု၊ တရုတ်နိုင်ငံ

၂၀၂၃ ခုနှစ်၊ ဇွန်လမှာ အသင်းတော်ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရတယ်။ အဲဒီတုန်းက ကျွန်မ နည်းနည်းအံ့သြပြီး စိတ်ပူမိတယ်။ တွေးမိတာက “ငါ့ရဲ့ သမ္မာတရား နားလည်မှုက တော်တော်လေး အပေါ်ယံဆန်နေသေးတဲ့အပြင် ကဏ္ဍအများကြီးမှာလည်း ချို့တဲ့နေတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ငါမဖြေရှင်းပေးနိုင်ဘဲ ကိုယ့်တာဝန်မှာ ပျက်ကွက်ပြီး ဖြုတ်ချခံလိုက်ရရင် ဘယ်လိုလုပ်မလဲ။ အဲဒီကျရင် သူတို့ငါ့ကို ဘယ်လိုထင်ကြမလဲ။ ငါ့မျက်နှာကို ဘယ်လို ပြန်ပြန်ရပါ့မလဲ” လို့ပေါ့။ ဒီလိုတွေးပြီး ရာထူးကို ငြင်းလိုက်ချင်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ ဒီတာဝန်ဟာ ဘုရားရဲ့ ချီးမြှောက်ခြင်းနဲ့ ကျွန်မအတွက် လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးဖြစ်တယ်ဆိုတာ သတိရလို့ လက်ခံလိုက်တယ်။

အဲဒီတုန်းက ညီအစ်မလင်းဟွေနဲ့ ကျွန်မ တွဲဖက်လုပ်ဆောင်နေတာပါ။ သူက ကျွန်မကို အသင်းတော်ရဲ့ ဖယ်ရှားခြင်းနဲ့ ရေလောင်းခြင်းအလုပ်ကို ကြီးကြပ်ဖို့ တာဝန်ပေးခဲ့ပြီး ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “လူတွေကို ဖယ်ရှားခြင်းအတွက် အချက်အလက်တွေ စုစည်းတဲ့နေရာမှာ လုပ်နေတဲ့ ညီအစ်မတွေက အရင်တုန်းက ငါနဲ့ တွဲဖက်လုပ်ဖူးတယ်။ အရင်က ငါ့အလုပ်ကို သူတို့ ကြီးကြပ်ပြီး လမ်းပြခဲ့ဖူးတာ။ ငါ့အကြောင်း သူတို့ကောင်းကောင်းသိတဲ့အပြင် ငါ့ရဲ့ ဝိညာဉ်ရင့်ကျက်မှုအမှန်ကိုလဲ သိကြတယ်။ အခု ငါက သူတို့အလုပ်ကို ကြီးကြပ်ပြီး နောက်ဆက်တွဲလုပ်ပေးရမယ်။ သူတို့အခြေအနေတွေကို ငါမဖြေရှင်းပေးနိုင်ရင်၊ သူတို့အလုပ်က ပြဿနာတွေကို မကိုင်တွယ်နိုင်ရင် ဘယ်လိုလုပ်မလဲ။ သူတို့ ငါ့ကို ဘာများ ထင်ကြမလဲ။ ငါက လက်တွေ့အလုပ် မလုပ်နိုင်ဘူးလို့ ထင်ကြမလား။ အဲဒီကျရင် ငါ့မျက်နှာ ဘယ်နားသွားထားရမလဲ” ပေါ့။ ဒီအတွေးတွေကြောင့် ကျွန်မ တော်တော်လေး စိတ်လှုပ်ရှားပြီး သူတို့ရဲ့ အခြေအနေတွေကို စစ်ဆေးဖို့၊ အလုပ်က ဘယ်လိုအခြေအနေရှိလဲဆိုတာကို မေးဖို့ သတ္တိမရှိခဲ့ဘူး။ ဒါကြောင့် တခြား အသေးစိတ်အချက်တွေ မမေးဘဲ သူတို့ရဲ့အလုပ်တိုးတက်မှုနဲ့ ပတ်သက်လို့ အကျဉ်းချုပ်ပဲ မေးခဲ့တယ်။ ရက် ၂၀ လောက်ကြာတော့ လူတွေကို ဖယ်ရှားဖို့အတွက် အချက်အလက်တွေ စုစည်းနေတဲ့ လီရှန်က စိတ်ကျန်းမာရေး မကောင်းတဲ့ အခြေအနေမှာ အသက်ရှင်နေပြီး ဝန်တာထားစိတ်မရှိဘဲ တာဝန်ထမ်းဆောင်နေတာ သိလိုက်ရတယ်။ ကျိုးယုကပဲ အလုပ်အများစုကို လုပ်နေခဲ့ပြီး ကျိုးယုရဲ့ ကျန်းမာရေးကလည်း သိပ်မကောင်းဘူး။ ဒါကြောင့် အချက်အလက်တချို့ကို အချိန်မီ မစုစည်းနိုင်ခဲ့ဘူး။ ကျွန်မ လီရှန်ကိုသွားရှာပြီး သူ့အခြေအနေကို ဖြေရှင်းပေးဖို့ မိတ်သဟာယပြုပေးချင်ပေမဲ့ နောက်တော့ ဖယ်ရှားတဲ့အလုပ်ရဲ့ စည်းမျဉ်းတွေကို သူတို့လောက် ကျွန်မ ကောင်းကောင်း နားမလည်ခဲ့တာကို ကျွန်မ တွေးမိတယ်။ ကျွန်မ မဖြေရှင်းနိုင်တဲ့ အလုပ်နဲ့ဆက်စပ်တဲ့ မေးခွန်းတချို့ကို သူတို့မေးလာရင် ကျွန်မကို သူတို့ အထင်သေးကြမလားဆိုပြီး တွေးမိတယ်။ ဒါကြောင့် မိတ်သဟာယတွက် သူတို့ဆီ ကျွန်မ မသွားခဲ့ဘူး။

တစ်နေ့မှာ အထက်ခေါင်းဆောင်ဆီက ရောက်လာတဲ့ စာမှာ လူတွေကို ဖယ်ရှားတဲ့အတွက် အချက်အလက်တွေ စုစည်းတဲ့နေရာမှာ ကျွန်မတို့အသင်းတော်ရဲ့ တိုးတက်မှုက နှေးကွေးပြီး အလုပ်ကို နှောင့်နှေးကြန့်ကြာစေတယ်လို့ ပြောထားပြီး ဒီကိစ္စကို နောက်ဆက်တွဲလုပ်ပေးဖို့နဲ့ ဖြေရှင်းပေးဖို့ ကျွန်မကို သူတို့ စေခိုင်းခဲ့တယ်။ ဒီစာကိုဖတ်ပြီး ကျွန်မ တော်တော် အပြစ်ရှိသလို ခံစားရတယ်။ လီရှန်ရဲ့ အခြေအနေ မကောင်းတာ ကျွန်မသိပေမဲ့ ကိုယ့်သိက္ခာကို ကာကွယ်တာကိုပဲ ကျွန်မ အရမ်းလေးထားခဲ့လို့၊ မိတ်သဟာယအတွက် အဲဒီညီအစ်မကို ချက်ချင်း မချဉ်းကပ်ခဲ့ဘူးလေ။ အဲဒါကြောင့် အလုပ်မှာ ကြန့်ကြာမှုအတွက် ကျွန်မမှာ တာဝန်ရှိသွားတယ်။ လင်းဟွေကလဲ စာပို့လာတယ်။ ကျွန်မတို့က ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေကို မစစ်ဆေးဘူး၊ အလုပ်အခြေအနေဘယ်လိုရှိနေလဲဆိုတာ ကျွန်မတို့ နားမလည်ဘူး၊ ဒီပြဿနာက အလုပ်အပေါ် ကျွန်မတို့ ကြီးကြပ်ဖို့ ဒါမှမဟုတ် နောက်ဆက်တွဲလုပ်ဖို့ ပျက်ကွက်တာနဲ့ တိုက်ရိုက် ဆက်စပ်တယ်လို့ ပြောထားတယ်။ ပြီးတော့ ကျွန်မရဲ့တာဝန်တွေအပေါ် ကျွန်မသဘောထား မှားနေတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကိုလည်း သုံးပြီး သူထောက်ပြခဲ့တယ်။ ကျွန်မ အရမ်းကို စိတ်သောကရောက်ပြီး ဘုရားသခင်က ကျွန်မကို နိုးထစေဖို့ ညီအစ်မရဲ့ ပြုပြင်ခြင်းကို သုံးနေမှန်း သဘောပေါက်လိုက်တယ်။ ကိုယ့်တာဝန်တွေအပေါ်ထားတဲ့ သဘောထားကို ကျွန်မ ချက်ချင်း ပြုပြင်မှဖြစ်မယ်။ နောက်ပိုင်းမှာ လီရှန်ရဲ့ အခြေအနေနဲ့ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေပြီး သူ့ကို မိတ်သဟာယပြုပေးခဲ့တယ်။ တခြားညီအစ်မတွေရဲ့ အခြေအနေတွေနဲ့ သူတို့တာဝန်တွေ ဘယ်လို အခြေအနေရှိနေလဲဆိုတာကိုလည်း ကျွန်မ စစ်ဆေးပြီး သူတို့ရဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့ မိတ်သဟာယပြုပြီး ဖြေရှင်းချက်တွေ ပေးခဲ့တယ်။ နောက်ပိုင်းမှာ လီရှန်ရဲ့ အခြေအနေက တိုးတက်မလာမှန်း ကျွန်မ သိလိုက်ရတော့ တွေးမိပြန်တယ်။ “ညီအစ်မတစ်ယောက်ရဲ့ အခြေအနေကိုတောင် ငါမဖြေရှင်းပေးနိုင်ရင် လူတိုင်း ငါ့ကို ဘယ်လိုထင်ကြမလဲ။ ငါ့မှာ သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့နေပြီး ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူးလို့ သူတို့ ထင်ကြမလား။ ငါ လုံးဝကို ရှက်စရာဖြစ်မှာပဲ” လို့ပေါ့။ ဒီလိုတွေးပြီး ကျွန်မ တော်တော် အပျက်သဘောဆောင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်အခြေအနေကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေခဲ့ဘူး။

တစ်ခါ လူတွေကို ပျိုးထောင်တဲ့အလုပ်မှာရှိနေတဲ့ ပြဿနာတချို့အကြောင်း ဆွေးနွေးတဲ့ စာတစ်စောင်ကို ညီအစ်မတစ်ယောက်ဆီ ကျွန်မ ရေးခဲ့တယ်။ စာရေးပြီးတဲ့အခါ လင်းဟွေက အဲဒီစာမှာ အများကြီး ထပ်ဖြည့်ပြီး ပြင်ဆင်လိုက်တယ်။ ဒါနဲ့ ကျွန်မ တွေးမိတယ်၊ “ငါက ငါ့တာဝန်တွေနဲ့ပတ်သက်ပြီး လူတွေကို ဒုက္ခပေးရဦးမယ်။ ဒီကိစ္စကို တခြားလူတွေသိရင် ငါ့ကို ဘယ်လိုထင်ကြမလဲ။ ငါက ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘာမှ လုပ်နိုင်စွမ်းမရှိဘူးလို့များ သူတို့ထင်သွားမလား။ တာဝန်တချို့ကို ငါလုပ်နိုင်စွမ်းရှိပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အသိအမှတ်ပြုတာကို ခံနိုင်စွမ်းရှိတယ်လို့ ငါ ထင်ခဲ့ဖူးပေမဲ့၊ ခေါင်းဆောင်ဖြစ်လာပြီးတဲ့နောက်မှာ အကြီးအကျယ် ထုတ်ဖော်ခံလိုက်ရမယ်လို့ ငါ လုံးဝ မမျှော်လင့်ခဲ့ဘူး။ ဒီတာဝန်ကိုသာ ငါ မယူခဲ့ရင် ဒီလိုမျိုး အရှက်ကွဲရမှာ မဟုတ်ဘူး” လို့ပေါ့။ ဒီအတွေးတွေကြောင့် ကျွန်မ အပျက်သဘောဆောင်လာပြီး ကိုယ့်တာဝန်မှာ မတက်မကြွဖြစ်ခဲ့တယ်။ ပြီးတော့ ကိုယ်တာဝန်ယူထားတဲ့ အလုပ်ကိုလည်း နောက်ဆက်တွဲ မလုပ်ပေးချင်တော့ဘူး။ ကျွန်မ အခြေအနေ မှားနေမှန်း ကျွန်မ သဘောပေါက်သွားလို့ လမ်းပြပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ “သမ္မာတရားကို ရှာဖွေရမည့်အစား လူအများစုတွင် ၎င်းတို့၏ ကိုယ်ပိုင်သေးနုပ်သော လုပ်ငန်းစဉ်များရှိသည်။ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ ဂုဏ်သိက္ခာ၊ အခြားသူများ၏ စိတ်ထဲတွင် ၎င်းတို့ရှိနေသည့် နေရာ သို့မဟုတ် အဆင့်အတန်းတို့သည် ၎င်းတို့အတွက် အလွန်အရေးကြီးသည်။ ၎င်းတို့ မြတ်နိုးသည်မှာ ဤအရာများသာ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို လုံးဝ လက်မလွတ်စတမ်း ဖက်တွယ်ထားကြပြီး ၎င်းတို့၏ အသက်စင်စစ်တမျှ မှတ်ယူကြသည်။ ၎င်းတို့ကို ဘုရားသခင်က မည်သို့မြင်သည်၊ သို့မဟုတ် သဘောထားသည်မှာ သာမည အရေးကြီးသောအရာ ဖြစ်သည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် ယင်းကို လျစ်လျူရှုကြသည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် အဖွဲ့၏ အကြီးအကဲဖြစ်ခြင်းရှိမရှိ၊ အခြားလူတို့သည် ၎င်းတို့ကို အထင်ကြီးလေးစားပြီး ၎င်းတို့၏ စကားများသည် ဩဇာလွှမ်းမိုးနိုင်ခြင်း ရှိမရှိတို့ကိုသာ ထည့်တွက်စဉ်းစားသည်။ ၎င်းတို့ ဦးစွာအလေးထားသည့်ကိစ္စမှာ ထိုရာထူးကို နေရာယူရန်ဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တစ်ခုတွင် ရှိသောအခါ လူအားလုံးနီးပါးက ဤအဆင့်အတန်းမျိုး၊ ဤအခွင့်အလမ်းမျိုးကို ရှာဖွေကြသည်။ ၎င်းတို့က အလွန်ပါရမီရှိပါက၊ အကြီးဆုံးသောသူဖြစ်ချင်ကြသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် အလယ်အလတ် အရည်အချင်းရှိလျှင် အဖွဲ့ထဲက ပိုမြင့်သော နေရာတွင် ရှိချင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တွင် နိမ့်သည့်နေရာ၌ရှိပြီး ပုံမှန်အစွမ်းအစနှင့် အရည်အချင်းရှိလျှင် ၎င်းတို့သည်သူတစ်ပါးက ၎င်းတို့အား အထင်ကြီး လေးစားသည်ကိုလည်း လိုချင်ကြလိမ့်မည်၊ မိမိတို့ကို အခြားသူများ အထင်သေးစေချင်ကြမည် မဟုတ်ပေ။ ဤလူတို့၏ ဂုဏ်သိက္ခာသည် ၎င်းတို့ သတ်မှတ်ထားသည့် စံနှုန်းဖြစ်သည်။ ဤအရာတို့ကို ၎င်းတို့က ကိုင်စွဲထားရသည်။ ၎င်းတို့တွင် သမာဓိမရှိနိုင်ကြသည့်အပြင် ဘုရားသခင်၏ နှစ်သက်သဘောကျမှု သို့မဟုတ် လက်ခံမှုကိုလည်း ၎င်းတို့မပိုင်ဆိုင်နိုင်ကြပေ။ သို့သော် ၎င်းတို့သည် အခြားသူများကြားတွင် ၎င်းတို့ရရှိဖို့ ကြိုးပမ်းထားသည့် အလေးထားခံရမှုကိုဖြစ်စေ၊ အဆင့်အတန်းကိုဖြစ်စေ၊ အထင်ကြီးမှုကိုဖြစ်စေ လုံးဝဥဿုံ အဆုံးရှုံးမခံနိုင်ကြ။ ဤသည်မှာ စာတန်၏ စိတ်သဘောထားပင် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေကို ဖော်ထုတ်ခဲ့တယ်။ ကျွန်မက လူအုပ်ကြားမှာ အမြဲတမ်း ထင်ပေါ်ချင်ခဲ့ပြီး အထင်သေးခံရမှာ၊ သူများတွေရဲ့အမြင်မှာ အဆင့်အတန်း ဆုံးရှုံးမှာကိုပဲ စိုးရိမ်နေခဲ့မိတယ်။ ကိုယ့်အသက်ထက် သိက္ခာနဲ့ အဆင့်အတန်းကို ကျွန်မ ပိုအလေးထားခဲ့တယ်။ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ အချိန်ကာလကို ပြန်တွေးကြည့်မိတယ်။ အဲဒီတုန်းက ဒါဟာ လေ့ကျင့်ဖို့ ကျွန်မအတွက် ဘုရားပေးတဲ့ အခွင့်အရေးတစ်ခုဖြစ်ပြီး ကိုယ့်အလုပ်ကို စွဲစွဲမြဲမြဲ လုပ်တာ၊ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေနဲ့ အခက်အခဲတွေကို မိတ်သဟာယပြုပေးတာနဲ့ ဖြေရှင်းပေးတာတွေကို အာရုံစိုက်သင့်မှန်း ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ ကျွန်မ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေအတွက်တော့ တွဲဖက်ညီအစ်မတွေနဲ့ ကိစ္စတွေကို ဆွေးနွေးပြီး အထက်ခေါင်းဆောင်ဆီကနေ လမ်းပြမှု ရှာဖွေနိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့တာဝန်တွေကို ဘယ်လိုကောင်းကောင်းလုပ်မလဲဆိုတာ ကျွန်မ မစဉ်းစားခဲ့ဘူး။ ပထမဦးဆုံးအနေနဲ့ ကျွန်မရဲ့ သိက္ခာနဲ့ အဆင့်အတန်းကိုပဲ ကျွန်မ အလေးထားခဲ့တယ်။ အချက်အလက်တွေ စုစည်းနေတဲ့ ညီအစ်မတွေက အရင်တုန်းက ကျွန်မနဲ့ အလုပ်အတူလုပ်ခဲ့ပြီး ဒီတာဝန်ရဲ့ စည်းမျဉ်းတွေကို ကျွန်မထက် ပိုသဘောပေါက်ခဲ့တာကြောင့် သူတို့ပြဿနာတွေကို ကျွန်မ မဖြေရှင်းနိုင်ရင် ကျွန်မကို အထင်သေးကြမှာ ကြောက်ခဲ့တယ်။ ဒါကြောင့် သူတို့အလုပ်ကို နောက်ဆက်တွဲမလုပ်ရဲခဲ့ဘူး။ နောက်ပိုင်းမှာ လီရှန်ရဲ့ အခြေအနေ မကောင်းဘူးဆိုတာနဲ့ ဒါက အလုပ်ကို နှောင့်နှေးစေခဲ့တယ်ဆိုတာကို ကျွန်မ သိခဲ့ပေမဲ့ ပြဿနာကို ကျွန်မ မဖြေရှင်းနိုင်တဲ့ အဖြစ်အပျက်မှာ အရှက်ကွဲရမှာကို ကြောက်လို့ အဲဒီကိစ္စကို ဆက်ပြီး လျစ်လျူရှုခဲ့တယ်။ ကျွန်မရေးတဲ့စာကို လင်းဟွေဖတ်ပြီး အားနည်းချက်တွေရှိတဲ့အပိုင်းတွေကို ဖြည့်စွက်တာတွေ လုပ်ခဲ့တယ်။ ဒါက တကယ်ကို အလုပ်အတွက် အကျိုးရှိခဲ့ပေမဲ့ ကျွန်မကတော့ စာတစ်စောင်တောင် ကောင်းကောင်းမရေးနိုင်တော့ ကျွန်မကို သူ ထွင်းဖောက်မြင်သွားတယ်လို့ ခံစားရပြီး နဂိုမူလ တာဝန်တွေဆီပဲ ပြန်သွားချင်ခဲ့တယ်။ ကျွန်မက သိက္ခာနဲ့ အဆင့်အတန်းအတွက် စိုးရိမ်ပူပန်မှုတွေရဲ့ ချည်နှောင်တာကို တင်းတင်းကျပ်ကျပ် ခံခဲ့ရပြီး ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ တွေးခဲ့တဲ့အပြင်၊ လုပ်သင့်တဲ့အလုပ်ကိုတောင် လျစ်လျူရှုခဲ့မိတယ်။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ပြီးလျှင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်ရန် အရည်အချင်း သို့မဟုတ် သတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍ ကိုယ်တော်အား သစ္စာဖောက်ပြီး တိုး၍ ကောက်ကျစ်ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ ၎င်း၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်တို့သည် လုံးဝ မုန်းတီးဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် ဘဝသည် အဓိပ္ပာယ်ရှိမည် မဟုတ်ဟုလည်းကောင်း၊ လူတို့သည် ရှေ့ဆက်လမ်းခရီးကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ မိမိတို့၏ ပန်းတိုင်ကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ ၎င်းတို့၏ အနာဂတ်သည် မှောင်မိုက်ကာ မှေးမှိန်ပြီး သုန်မှုန်နေမည်ဟုလည်းကောင်း ထင်သည့်အတွက်ကြောင့် စာတန်၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်များကို ယနေ့တွင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသေးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့သည် စာတန်က လူတို့အပေါ် ထားရှိသည့် ကြီးမားသော အချုပ်အနှောင်များဖြစ်သည်ကို တစ်နေ့တွင် သင်တို့သည် ဖြည်းဖြည်းချင်း သတိပြုမိလာကြလိမ့်မည်။ ထိုနေ့ရက်ရောက်သောအခါတွင် စာတန်၏ ထိန်းချုပ်မှုကို သင် လုံးလုံးလျားလျား အတိုက်အခံလုပ်မည် ဖြစ်ပြီး သင့်ထံသို့ စာတန် ဆောင်ကြဉ်းလာသည့် အချုပ်အနှောင်များကို လုံးလုံးလျားလျား အတိုက်အခံလုပ်လိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော ဤအရာအားလုံးမှ သင့်ကိုယ်သင် ရုန်းထွက်လွတ်မြောက်ရန် ဆန္ဒရှိသည့်အခါတွင် သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် မုန်းတီးလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) စာတန်က ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို သုံးပြီး လူတွေရဲ့ အတွေးတွေကို ထိန်းချုပ်တယ်၊ လူတွေကို လမ်းကြောင်းအမှား လျှောက်စေတယ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဲ့ အချုပ်အနှောင်တွေနဲ့ အသက်ရှင်စေတယ်၊ ဘုရားကို ရှောင်ရှားပြီး သစ္စဖောက်စေတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေအရ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါ ကျွန်မက ဘဝမှာ ကိုယ့်ပန်းတိုင်အနေနဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်း လိုက်စားခဲ့တာကို သဘောပေါက်ခဲ့တယ်။ ငယ်ငယ်ကတည်းက ဘယ်အဖွဲ့မှာပဲ ရှိခဲ့ပါစေ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မ အမြဲ ကြိုးပမ်းခဲ့တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းရှိတာက လူတွေရဲ့ အထင်ကြီးလေးစားမှုကို ရစေမယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒီလို အသက်ရှင်နေထိုင်တာက အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ထင်ခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်မှာတောင် ဒီအရာတွေကို ဆက်လိုက်စားနေတုန်းပဲ။ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတာနဲ့ “ရေကန်ငယ်ထဲက ငါးကြီးတစ်ကောင်ဖြစ်တာ ပိုကောင်းတယ်” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်တွေနဲ့ အသက်ရှင်နေခဲ့တယ်။ အသင်းတော်ခေါင်းဆောင်အနေနဲ့ ရွေးချယ်ခံရပြီးနောက်မှာ ကိုယ့်တာဝန်ကို ကောင်းကောင်း မထမ်းဆောင်ရင်၊ သိက္ခာနဲ့ အဆင့်အတန်းကို ဆုံးရှုံးမှာ စိုးရိမ်လို့ တာဝန်ကို ကျွန်မ ငြင်းချင်ခဲ့တယ်။ လူတွေကို သန့်စင်ခြင်းအတွက် အချက်အလက်တွေ စုစည်းတဲ့ ညီအစ်မတွေနဲ့ စုဝေးပွဲတွေ သွားတုန်းကဆိုရင်လည်း အရင်တုန်းက ကျွန်မရဲ့အလုပ်ကို သူတို့ ကြီးကြပ်ခဲ့တော့ သူတို့ ပြဿနာတွေကို ကျွန်မ မဖြေရှင်းပေးနိုင်ခဲ့ရင် ကျွန်မ သိက္ခာကျမှာ စိုးခဲ့တယ်။ ဒါကြောင့် သူတို့အလုပ်ကို ကြီးကြပ်တာ၊ နောက်ဆက်တွဲလုပ်တာတွေကို ရှောင်လွှဲခဲ့ပြီး ဖယ်ရှားတဲ့အလုပ်ကို နှောင့်နှေးသွားစေခဲ့တယ်။ တွဲဖက်ညီအစ်မက ကျွန်မရေးတဲ့စာကို ပြန်ပြင်ပြီး အများကြီး ဖြည့်စွက်ပေးတုန်းက ဒီအရာကနေ စည်းမျဉ်းတွေကို သင်ယူပြီး နားလည်သဘောပေါက်ရမယ့်အစား ကျွန်မ ထုတ်ဖော်ခံရပြီး လုံးဝ အရှက်ကွဲသလို ခံစားရတဲ့အပြင်၊ ဒီတာဝန်ကနေ ထွက်ပြေးချင်ခဲ့တယ်။ အဖြစ်မှန်တွေရဲ့ ထုတ်ဖော်မှုတွေကတစ်ဆင့် ကျွန်မဟာ စာတန်ရဲ့ အဆိပ်အတောက်တွေရဲ့ တင်းတင်းကျပ်ကျပ် ချည်နှောင်တာ ခံထားရပြီး ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း မထမ်းဆောင်နိုင်ခဲ့မှန်း၊ အဲဒါက အလုပ်ကို ထိခိုက်စေခဲ့ပြီး ဘုရားသခင်ရှေ့မှာ ကျွန်မ ပြစ်မှားနေတဲ့ သဘောဖြစ်မှန်း မြင်ခဲ့ရတယ်။ စာတန်ရဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်တာက ဘုရားသခင်ကို ပုန်ကန်စေပြီး ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းကိုပဲ ကျွန်မကို လျှောက်စေခဲ့တယ်။ ဒါကို ဆင်ခြင်သုံးသပ်မိတဲ့အခါ၊ ကျွန်မ ကြောက်ရွံ့၊ နောင်တရပြီး အပြစ်ရှိတဲ့စိတ်နဲ့ ပြည့်သွားခဲ့တယ်။ ဒါကြောင့် ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီး ဒီလို ဆက်မဖြစ်ချင်တော့ပါဘူး။ သမီး နောင်တရချင်ပါတယ်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာတွေ့အောင် သမီးကို ကျေးဇူးပြုပြီး လမ်းပြပါ” လို့ပေါ့။

နောက်တော့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ငါ့ကို ပြောလော့၊ သင်တို့သည် မည်သို့များ သာမန်နှင့် ပုံမှန်ဖြစ်သောလူများ ဖြစ်နိုင်သနည်း။ သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ သင့်တင့်လျောက်ပတ်သော နေရာကို ဘုရားသခင်ပြောသကဲ့သို့ မည်သို့များ ခံယူနိုင်မည်နည်း။ သင်တို့သည် မဟာလူသား သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးဦးဖြစ်ရန် အဘယ်၍များ မကြိုးစားဘဲ နေနိုင်သနည်း။ သာမန်နှင့် ပုံမှန်လူတစ်ဦး ဖြစ်ရန် သင်သည် မည်သို့များ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤအရာကို မည်သို့လုပ်ဆောင်နိုင်သနည်း။ မည်သူ ဖြေမည်နည်း။ (ပထမဆုံးအနေဖြင့် ကျွန်ုပ်တို့သည် သာမန်လူများ၊ အလွန် သာမညောင်ညဖြစ်သော လူများဖြစ်ကြောင်း ဝန်ခံရပါမည်။ ကျွန်ုပ်တို့ နားမလည်သည့် အရာများစွာ၊ သဘောပေါက်နားလည်နိုင်ခြင်း မရှိသည့် အရာများနှင့် မရိပ်စားမိနိုင်သည့် အရာများစွာ ရှိသည်။ ကျွန်ုပ်တို့သည် ဖောက်ပြန်ပျက်စီးပြီး အပြစ်အနာအဆာရှိကြောင်း ကျွန်ုပ်တို့ ဝန်ခံရမည်။ ထို့နောက်တွင် ကျွန်ုပ်တို့သည် ရိုးသားစစ်မှန်သော စိတ်နှလုံးတစ်ခု ရှိရမည်ဖြစ်ပြီး ရှာဖွေရန် ဘုရားသခင် ရှေ့မှောက်သို့ မကြာခဏ လာရမည်။) ရှေးဦးစွာ သင်သည် ‘ငါက ခေါင်းဆောင်ဖြစ်တယ်။ အဖွဲ့ရဲ့ ဦးဆောင်သူဖြစ်တယ်။ ကြီးကြပ်ရေးမှူးဖြစ်တယ်။ ဘယ်သူကမှ ဒီအလုပ်ကို ငါ့ထက်ပိုမသိဘူး။ ကျွမ်းကျင်မှုတွေကို ဘယ်သူမှ ငါ့လောက်နားမလည်ဘူး’ ဟုပြောလျက် သင့်ကိုယ်သင် ရာထူးတစ်ခုပေးပြီး ထိုရာထူးဖြင့် ကန့်သတ်ခြင်းကို မခံနှင့်။ သင် ကိုယ်တိုင်ခန့်ထားသောရာထူးတွင် ပိတ်မိမနေနှင့်။ ပိတ်မိသည်နှင့် တစ်ပြိုင်နက် ယင်းသည် သင်၏ လက်နှင့်ခြေများကို ချည်နှောင်လိမ့်မည်။ သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာအပေါ် သက်ရောက်လိမ့်မည်။ သင်၏ ပုံမှန် စဉ်းစားပုံနှင့် အကဲဖြတ်ပုံကိုလည်း သက်ရောက်လိမ့်မည်။ ဤအဆင့်အတန်းများ၏ ဘောင်ခတ်ခြင်းများမှ လွတ်မြောက်အောင် သင် အားထုတ်ရမည်။ ရှေးဦးစွာ ဤတရားဝင်ရာထူးနှင့် နေရာမှ သင့်ကိုယ်သင် နှိမ့်ချပြီး သာမန်လူတစ်ယောက်၏ နေရာတွင် ရပ်တည်ပါ။ ရပ်တည်လျှင် သင်၏စိတ်နေစိတ်ထားက အတော်အတန် ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် ‘ဒါကို ဘယ်လိုလုပ်ရမလဲ ငါမသိဘူး။ အဲဒါကိုလည်း နားမလည်ဘူး။ သုတေသနနဲ့ လေ့လာတာတွေ နည်းနည်းလုပ်ရမယ်’ သို့မဟုတ် ‘ဒါကို ငါ လုံးဝ မကြုံဖူးဘူး။ ဒါကြောင့် ဘာလုပ်ရမယ်ဆိုတာ ငါမသိဘူး’ ဟူ၍လည်း ဝန်ခံပြီး ပြောရမည်။ သင်သည် အမှန်တကယ် ထင်မြင်သည့်အရာကို ပြောခြင်း၊ ရိုးသားစွာ စကားပြောဆိုခြင်းကို လုပ်ဆောင်နိုင်စွမ်းရှိသောအခါ ပုံမှန်ဆင်ခြင်တုံတရားကို သင် ပိုင်ဆိုင်လိမ့်မည်။ သူတစ်ပါးတို့က သင်၏ အစစ်အမှန်ကို သိလိမ့်မည်။ ထိုသို့ဖြင့် သင့်အပေါ်တွင် ပုံမှန်အမြင်ရှိလိမ့်မည်။ သင်သည် ဟန်လုပ်ဖို့လိုမည်မဟုတ်သကဲ့သို့ သင့်အပေါ် ကြီးမားသော ဖိအားတစ်ခုတလေ ရှိမည်မဟုတ်ပေ။ ထို့ကြောင့် သင်သည် လူတို့နှင့် ပုံမှန်ဆက်သွယ်ပြောဆိုနိုင်လိမ့်မည်။ ဤသို့ အသက်ရှင်ခြင်းသည် လွတ်လပ်ပြီး လွယ်ကူသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ကျွန်မ ခေါင်းဆောင်ဖြစ်နေမှတော့ အရာရာကို သိရမယ်၊ နားလည်ရမယ်၊ သူများထက် ပိုတော်ရမယ်လို့ အရင်တုန်းက ထင်ခဲ့တာ။ ကိုယ့်တာဝန်မှာ ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ခံယူထားတော့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းရဲ့ ချည်နှောင်တာခံခဲ့ရပြီး လွတ်မြောက်တဲ့အသိစိတ် မခံစားနိုင်ခဲ့တဲ့အပြင် ကိုယ့်တာဝန်မှာ အလွန်အကျွံ သတိထားလာခဲ့တယ်။ ကျွန်မက အများကြီး သိသိသာသာ ချို့တဲ့ပေမဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ရင် ညီအစ်ကို မောင်နှမတွေက ကျွန်မကို အထင်သေးမှာ စိုးလို့ ဟန်ဆောင်ပြီး ကိုယ့်ကိုယ်ကို ဖုံးကွယ်မြဲဖုံးကွယ်နေခဲ့တယ်။ အမှန်ကတော့ ညီအစ်ကို မောင်နှမတွေက ကျွန်မရဲ့ အားနည်းချက်တွေကို သိပြီးသားဖြစ်လို့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်စရာ မလိုခဲ့ဘူး။ ကျွန်မက ဖယ်ရှားတဲ့အလုပ်မှာရှိတဲ့ စည်းမျဉ်းတွေကို နားလည်မှု ချို့တဲ့ပေမဲ့ ညီအစ်မတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ရတာပဲ။ ဆီလျော်တဲ့ သမ္မာတရား စည်းမျဉ်းတွေကို လေ့လာပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လို့ရတာပဲ။ အဲဒါက ကျွန်မရဲ့ ချို့တဲ့မှုတွေကိုလဲ ဖြည့်ဆည်းပေးမှာပဲလေ။ သိက္ခာနဲ့ အဆင့်အတန်းအတွက် ကျွန်မ အသက်ဆက်ရှင်လို့ မဖြစ်ဘူး။ ရှေ့ဆက်ပြီးတော့ “ခေါင်းဆောင်” ဆိုတဲ့ ဂုဏ်ပုဒ်ကို ဘေးဖယ်ထားပြီး ကိုယ့်ရဲ့ အားနည်းချက်တွေ၊ ချို့တဲ့တာတွေကို မှန်မှန်ကန်ကန် ရင်ဆိုင်ရမယ်။ တစ်ခုခု နားမလည်တဲ့အခါ ကျွန်မရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို ဘေးဖယ်သင့်တယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုသင့်တဲ့အပြင်၊ ကိုယ့်ရဲ့ ချို့တဲ့တာတွေကို ဖြည့်ဆည်းဖို့ သူများတွေရဲ့ အားသာချက်တွေကနေ သင်ယူပြီး တာဝန်ကို ကောင်းကောင်းထမ်းဆောင်သင့်တယ်။

နောက်ပိုင်းမှာ ကျွန်မထဲက နောက်ထပ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ ရှုထောင့်တစ်ခုရှိနေတာကို သတိပြုမိလိုက်တယ်။ ကျွန်မ ခေါင်းဆောင် ဖြစ်မှတော့ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို သေချာပေါက် ဖြေရှင်းပေးနိုင်ရမယ်လို့ ကျွန်မ ခံစားခဲ့မိတယ်။ ဒီအမြင်ကို တုံ့ပြန်တဲ့အနေနဲ့၊ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ “တစ်စုံတစ်ယောက်ကို ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်အဖြစ် ရွေးကောက်သောအခါ၊ သို့မဟုတ် အလုပ်တစ်ခုခု လုပ်ဆောင်ရန်ဖြစ်စေ၊ တာဝန်တစ်ခုခု ထမ်းဆောင်ရန်ဖြစ်စေ ဘုရားသခင်၏အိမ်တော်က မြှင့်တင်ပေးပေးသောအခါတွင် ဤသူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်ရန် မဆိုထားနှင့်၊ ထိုသူ၌ ထူးခြားသော ဂုဏ်အဆင့်အတန်းသော်လည်းကောင်း၊ ရာထူးနေရာသော်လည်းကောင်း ရှိသည်၊ သို့မဟုတ် ထိုသူနားလည်သည့် သမ္မာတရားများက အခြားလူများနားလည်သည့် သမ္မာတရားများထက် ပို၍နက်နဲပြီး ပို၍များပြားသည်ဟုပင် အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။ အသေအချာပင် ထိုသူသည် ဘုရားသခင်ကို သိပြီး ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်သည်ဟူ၍လည်း မဆိုလိုပေ။ အမှန်တကယ်တွင် ဤထဲမှ တစ်ခုကိုမျှ ၎င်းတို့မရရှိထားပေ။ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းသည် ရိုးရှင်းသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမျှသာဖြစ်ပြီး ၎င်းတို့ ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းခြင်း၊ ဘုရားသခင်က ထိုက်တန်သည်ဟု အမြင်ခံရခြင်းနှင့် မညီမျှချေ။ ထိုသူ၏ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းမှာ ထိုသူသည် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်မှုကို စောင့်ဆိုင်းနေသည်ဟူ၍ ဆိုလိုခြင်း သက်သက်သာဖြစ်သည်။ ပြီးလျှင် ဤပျိုးထောင်ခြင်း၏ အဆုံးသတ်ရလဒ်က ဤလူသည် သမ္မာတရားကို လိုက်စားခြင်း ရှိမရှိနှင့် ၎င်းသည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်နိုင်စွမ်း ရှိမရှိတို့အပေါ်တွင် မူတည်လေသည်။ ထို့ကြောင့် အသင်းတော်ရှိ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် မြှင့်တင်ပေးခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခံရခြင်းသာဖြစ်သည်။ ယင်းမှာ ထိုသူသည် စံနှုန်းပြည့်ပြီး ကျွမ်းကျင်မှုရှိသော ခေါင်းဆောင်တစ်ယောက် ဖြစ်နှင့်ပြီးဖြစ်ကြောင်း၊ ထိုသူသည် ခေါင်းဆောင်ပိုင်း အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး တကယ့်အလုပ်ကို လုပ်ဆောင်နိုင်ကြောင်း အဓိပ္ပာယ်မသက်ရောက်ပေ။ ဤသည်မှာ မမှန်ကန်ပေ။...ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်ကို မြှင့်တင်ပေးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုမှာ အဘယ်နည်း။ ယင်းမှာ ဤလူတစ်ဦးသည် လက်တွေ့လုပ်ဆောင်ရန်နှင့် အထူးရေလောင်းခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းတို့ ခံရရန် သီးခြားလူတစ်ဦးအဖြစ် မြှင့်တင်ပေးခံရခြင်းဖြစ်သည်။ ထိုသို့ဖြင့် သမ္မာတရား စည်းမျဉ်းများကိုလည်းကောင်း၊ မတူကွဲပြားသောအရာများကို လုပ်ဆောင်ခြင်းနှင့် မျိုးစုံသော ပြဿနာများကို ဖြေရှင်းခြင်းတို့တွင် စည်းမျဉ်းများ၊ နည်းလမ်းများနှင့် နည်းစနစ်များကိုလည်းကောင်း ၎င်းကြုံတွေ့ရသည့် အမျိုးအစားမျိုးစုံသော ပတ်ဝန်းကျင်များနှင့် လူများကို ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်သည့်ပုံစံဖြင့် ကိုင်တွယ်ပုံနှင့် ဖြေရှင်းပုံတို့ကိုလည်းကောင်း နားလည်ရန် ၎င်းကို ထောက်ကူပေးသည်။ ဤအချက်များအရ အကဲဖြတ်ရလျှင် ဘုရားသခင်၏ အိမ်တော်က မြှင့်တင်ပေးပြီး ပျိုးထောင်ပေးထားသော ပါရမီရှိသော လူများသည် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလတွင်၊ သို့မဟုတ် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလမတိုင်မီတွင် သူတို့၏အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း၊ သူတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်း လုံလောက်စွာရှိသလော။ မရှိပေ။ ထို့ကြောင့် ပျိုးထောင်ခြင်းအချိန်ကာလတွင် ဤလူတို့သည် ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဖော်ထုတ်ခြင်းနှင့် ဖြုတ်ချခြင်းကိုပင် တွေ့ကြုံရမည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ဤသည်မှာ ပုံမှန်ဖြစ်၏၊ ဤသည်မှာ လေ့ကျင့်ပေးခြင်းနှင့် ပျိုးထောင်ပေးခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်လိုက်ရတာက ဘုရားအိမ်တော်မှာ လူတစ်ယောက်ကို ခေါင်းဆောင်တာဝန်အတွက် ပျိုးထောင်တာက သူတို့မှာ သမ္မာတရား လက်တွေ့ကျမှု ရှိတယ်၊ ဘယ်ပြဿနာကိုမဆို မိတ်သဟာယပြုပြီး ဖြေရှင်းနိုင်တယ်၊ ဒါမှမဟုတ် သူများထက် တော်တယ်လို့ ဆိုလိုတာ မဟုတ်ဘဲ၊ အဲဒါထက် သူတို့ကို လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေး ပိုပေးခံနေရတာ ဖြစ်တယ်ဆိုတာပါပဲ။ ကိုယ့်တာဝန်မှာ ချို့တဲ့တာတွေရှိတာက ပုံမှန်ဖြစ်ပြီး ကိုယ်နားမလည်တဲ့ကိစ္စတွေမှာ ဘုရားသခင်ကို ပိုအားကိုးရမယ်၊ ညီအစ်ကိုမောင်နှမတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်၊ အမှုအရာတွေကို ဘုရားအိမ်တော်ရဲ့ စည်းမျဉ်းတွေ၊ သတ်မှတ်ချက်တွေနဲ့အညီ လုပ်ဆောင်ရမယ်၊ ဘုရားစီစဉ်ပေးတဲ့ အခြေအနေတွေထဲမှာ သမ္မာတရားရှာဖွေဖို့ အာရုံစိုက်ရမယ်။ ဒီလိုနဲ့ လူတွေဟာ ပိုမြန်တဲ့ ဝိညာဉ်ရေးရာ ရင့်ကျက်ကြီးထွားမှုကို ဖြစ်စေနိုင်တယ်။ ကျွန်မက ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်နေပေမဲ့ အဲဒါက အရာရာကို ကျွန်မ နားလည်တယ်လို့ မဆိုလိုဘူး။ ဒါပေမဲ့ လက်တွေ့လုပ်ဆောင်ရာကတစ်ဆင့် သမ္မာတရား စည်းမျဉ်းအမျိုးမျိုးကို ကျွန်မ တဖြည်းဖြည်း နားလည်သဘောပေါက်လာနိုင်ပါတယ်။ ဒီအထဲမှာ ဘုရားရဲ့ ချစ်ခြင်းမေတ္တာ ရှိနေတာပဲ။ ဘုရားသခင်က ဒီအခြေအနေကတစ်ဆင့် ကျွန်မကို ထုတ်ဖော်နေခဲ့တယ်လို့ ထင်ရင်းနဲ့ သူ့ကို ကျွန်မ အထင်လွဲခဲ့ပြီး ဘုရားသခင်ရဲ့ အပင်ပန်းခံတဲ့ အားထုတ်မှုတွေကို ကျွန်မ တကယ် စိတ်ပျက်စေခဲ့မိတယ်။ ကျွန်မ ဘုရားသခင်ကို ဆက်ပြီး အထင်လွဲလို့ မဖြစ်တော့ဘူး။ ကိုယ့်ရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို ဘေးဖယ်ထားပြီး သမ္မာတရားကို လေးလေးနက်နက် ကျွန်မ လိုက်စားရမယ်။ တစ်ခုခု နားမလည်ရင် ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယပြုဖို့ ရှာဖွေရမယ်။

နောက်ပိုင်းမှာ အထက်ခေါင်းဆောင်က ကျွန်မတို့ကို လူသစ်တွေကို ရေလောင်းရာမှာ ကောင်းမွန်တဲ့နည်းလမ်းတွေကို ညီအစ်ကိုမောင်နှမတွေနဲ့ ဝေမျှခိုင်းတယ်။ ဒီနည်းလမ်းတွေကို ဘယ်လို ရှင်းရှင်းလင်းလင်း ရေးရမလဲဆိုတာကို ကျွန်မ စဉ်းစားခဲ့တယ်။ ကျွန်မ ရေးပြီးတဲ့အခါ သင့်တော်ရဲ့လားဆိုတာကို ကြည့်ဖို့ ကျွန်မရေးထားတာကို လင်းဟွေဆီ ပြချင်ပေမဲ့ ကိုယ့်ရဲ့ တင်ပြနိုင်စွမ်း ညံ့တာကို တွေးမိတော့ “အဲဒါ မကောင်းရင် လင်းဟွေက ငါ့ကို ဘယ်လိုထင်မလဲ။ ငါ့ကို အထင်သေးမလား” လို့ တွေးရင်းနဲ့ ကျွန်မ စိုးရိမ်သွားတယ်။ ဒါနဲ့ ရေးထားတာကို သူ့ဆီပြဖို့ တွန့်ဆုတ်နေမိတယ်။ ဒါပေမဲ့ ကျွန်မ ရေးထားတာ မရှင်းရင် ညီအစ်ကိုမောင်နှမတွေအတွက် သိပ်အကျိုးရှိမှာ မဟုတ်ဘူးဆိုတာနဲ့ လင်းဟွေကို ဖြည့်စွက်ပြီး မွမ်းမံခိုင်းရင် ရလဒ်က ပိုကောင်းမှာပဲဆိုတာတွေကို ကျွန်မ သတိပြုမိခဲ့တယ်။ ဒါကြောင့် သိက္ခာနဲ့ အဆင့်အတန်းရဲ့ ဘောင်ခတ်တာ မခံရအောင် ကျွန်မကို လမ်းပြဖို့ ဘုရားသခင်ကို တောင်းလျှောက်ရင်းနဲ့ ဆုတောင်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ပြန်သတိရခဲ့တယ်။ “အယောင်မဆောင်နှင့်၊ သို့မဟုတ် ဟန်မလုပ်နှင့်။ လူတိုင်းက သတိထားမိပြီး နားလည်ဖို့ရန်အလို့ငှာ ရှေးဦးစွာ သင်၏ စိတ်နှလုံးတွင် စဉ်းစားနေသည့်အရာ၊ သင်၏ တကယ့် အတွေးများနှင့်ပတ်သက်၍ ဖွင့်ပြောပါ။ ရလဒ်အနေဖြင့် သင်၏ စိတ်ပူပန်မှုများ၊ သင်နှင့် သူတစ်ပါးတို့ကြားရှိ အတားအဆီးများနှင့် သံသယများသည် ဖယ်ရှားခံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ကျွန်မရဲ့ သိက္ခာကို ဘေးဖယ်ထားပြီး ကိုယ့်အားနည်းချက်တွေကို ကျွန်မ ပွင့်ပွင့်လင်းလင်း အသိအမှတ်ပြုဖို့ လိုတယ်။ အမှန်မှာတော့ လင်ဟွေးက ကျွန်မကို အဖြစ်အတိုင်း အတိအကျ သိခဲ့ပြီး သူ့ရဲ့ ကောင်းမွန်တဲ့ တင်ပြနိုင်စွမ်းက ကျွန်မရဲ့ ချို့တဲ့တာတွေကို ကွက်တိ ဖြည့်ဆည်းပေးမှာပဲ။ ကျွန်မရဲ့ သွေဖည်မှုတွေကို ရှောင်ရှားပြီး ကျွန်မတို့ အလုပ်ကို အကျိုးရှိအောင် ကူညီမှာပဲ။ ဒါကြောင့် ကျွန်မရေးထားတဲ့စာကို လင်းဟွေဆီ ကျွန်မ ပြလိုက်ပြီး သူက အားနည်းချက်တချို့ကို ထောက်ပြခဲ့တယ်။ သူပြောတာတွေက တော်တော် အထောက်အကူဖြစ်တာ တွေ့ရပြီး ဘုရားသခင်ကို စိတ်ရင်းခံနဲ့ ကျွန်မ ကျေးဇူးတင်မိတယ်။

ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားတာက ကျွန်မကို လွတ်မြောက်ခြင်းမရှိအောင် တားဆီးခဲ့ရုံမက အလုပ်ကိုလည်း ထိခိုက်စေခဲ့တာနဲ့အမျှ လူတွေကို တကယ် ထိခိုက်နစ်နာစေမှန်း ကျွန်မ အခု သဘောပါက်သွားပြီ။ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်ပြီး သိက္ခာနဲ့ အဆင့်အတန်းကို စွန့်လွှတ်မှပဲ ကျွန်မ လွတ်မြောက်ပြီး စိတ်အေးလက်အေး အသက်ရှင်နိုင်တာပါ။ တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ ချို့တဲ့တာတွေကို ဝန်ခံတာက ရှက်စရာမကောင်းဘူးဆိုတာနဲ့ ကိုယ့်ရဲ့ အခြေအနေမှန်နဲ့ပတ်သက်လို့ ညီအစ်ကိုမောင်နှမတွေဆီ ဖွင့်ဟတာက သူတို့ရဲ့ အကူအညီကို ရစေနိုင်တယ်ဆိုတာကို ကျွန်မ ခံစားရတယ်။ ဒီကိစ္စမှာ ကျွန်မ တကယ်ကို အများကြီး အကျိုးရှိခဲ့တယ်လို့ ခံစားရတယ်။

အရှေ့သို့- ၄၄။ တာဝန်ထမ်းဆောင်ရာတွင် ဝါရင့်မှုကို ပြောဆိုခြင်းက မှားသည်

နောက်တစ်ခုသို့- ၄၆။ အခြားသူများကို ပျိုးထောင်ရန် ကျွန်မ မလိုလားရသည့်အကြောင်းရင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။