၃၅။ ဖခင်တစ်ယောက်၏ ဂရုစိုက်မှုနှင့် ကာကွယ်မှုကို အဘယ်သို့ သဘောထားရမည်
၂၀၁၉ ခုနှစ်မှာ ၁၈ နှစ်ရှိပြီဖြစ်တဲ့ မူရှီးက ဧဝံဂေလိဟောလို့ စီစီပီရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံရပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ ပြန်လွတ်လာပါတယ်။ ဘူတာရုံကနေ သူ ထွက်လာတော့ ထွက်ပေါက်ကို စိုးရိမ်တကြီး ငေးကြည့်ပြီး လမ်းဘေးမှာ ရပ်နေတဲ့ သူ့အဖေဟာ အထီးကျန်ဆန်နေတာကို တွေ့လိုက်ရတယ်။ မူရှီးက အရမ်း စိတ်လှုပ်ရှားနေတာပေါ့။ သူ့အဖေကို မတွေ့ရတာ သုံးနှစ်ရှိပြီဆိုတော့လေ။ ထောင်ထဲမှာတုန်းက သူ့အဖေရဲ့ လေးဖက်နာရောဂါ ပိုဆိုးလာတယ်လို့ မူရှီး ကြားခဲ့ရတော့ အခုအချိန်မှာ သူ့ကျန်းမာရေး သက်သာလာပြီလားလို့ တွေးနေမိတယ်။ အဲဒီလို တွေးရင်းနဲ့ မူရှီးက သူ့အဖေဆီကို ခြေလှမ်းသွက်သွက် လျှောက်သွားလိုက်တယ်။ အနားရောက်တော့ အဖေ့ရဲ့ ကျောက နည်းနည်း ကုန်းနေပြီး မျက်နှာမှာ ဝမ်းနည်းပူဆွေးမှုနဲ့ အိုစာတဲ့ အရိပ်အယောင်တွေ ရှိနေတာကို သူ သတိထားမိတယ်။ မူရှီးရဲ့ စိတ်နှလုံးထဲမှာ ဝမ်းနည်းမှုတွေ လိမ့်တက်လာတယ်။ ပြီးတော့ နှာခေါင်းတွေ ပူထူလာပြီး မျက်ရည်တွေကို သုတ်ဖို့ မျက်နှာလွှဲလိုက်ရတယ်။ အိမ်ပြန်ရောက်ပြီးတဲ့နောက် အဖေနဲ့ စကားပြောဖြစ်ကြတော့ ဒီနှစ်တွေအတွင်းမှာ သူက မူရှီးအတွက် အမြဲ စိတ်ပူနေခဲ့မှန်း သိလိုက်ရတယ်။ အဲဒီနှစ်က ရဲစခန်းကနေ ဖမ်းဆီးထိန်းသိမ်းတဲ့ အကြောင်းကြားစာ ရတုန်းက သူ မယုံနိုင်ခဲ့သလို လက်လဲမခံနိုင်ခဲ့ဘူးတဲ့။ သူ့ရဲ့ ၁၈ နှစ်အရွယ် သမီးလေး အဖမ်းခံရပြီး ထောင်ကျသွားတော့ ရဲတွေက ဘယ်လိုများ နှိပ်စက်မလဲဆိုတာ သူ မသိခဲ့ဘူးလေ။ နေ့တိုင်းအရမ်းစိတ်ပူပြီးတော့ သူ ကောင်းကောင်းမစားနိုင်၊ မအိပ်နိုင်ခဲ့ဘူး။ နောက်ပြီးတော့ ကုန်ကားမောင်းပြီး နှစ်နဲ့ချီ အလုပ်ကြမ်း လုပ်ခဲ့ရတာကြောင့် နာတာရှည်ရောဂါအခံတွေ ကျန်ခဲ့ပြီး သူ့ခြေထောက်က လေးဖက်နာက ပိုဆိုးလာခဲ့တယ်။ သူက အလုပ်ကြမ်း သိပ်မလုပ်နိုင်တော့ဘဲ အရမ်းနာလာတဲ့အချိန်မှာ ခြေထောက်ကို ထော့နဲ့ထော့နဲ့ လျှောက်ရတယ်၊ ပြီးတော့ အိမ်မှာ တစ်ယောက်တည်း သေသွားရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူးလို့ သူ ကြောက်နေခဲ့တာ။ ပုံမှန်ဆို သန်မာတဲ့ အဖေ့ရဲ့ မျက်လုံးတွေ နီနေတာကို မူရှီး တွေ့လိုက်ရတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်တွေမှာ ဖြစ်ပျက်ခဲ့တာတွေအကြောင်း အဖေက အသံတုန်တုန်နဲ့ ပြောပြတယ်။ မူရှီးခမျာ ရင်ထဲ ဆို့နင့်မတတ် ခံစားရပြီး မျက်ရည်တွေက သူ့မျက်နှာပေါ် စီးကျလာတာပေါ့။ မူရှီး ၁၁ နှစ်အရွယ်တုန်းက သူ့အမေဟာ ဘုရားသခင်ကို ယုံကြည်လို့ ရဲတွေ လိုက်ဖမ်းတာခံရပြီး ပုန်းရှောင်နေခဲ့ရတာကို သူသတိရမိတယ်။ အဖေကပဲ သူ့ကို ဂရုစိုက်ပြီး ပြုစုပျိုးထောင်ပေးရင်း အဖေနေရာရော၊ အမေနေရာပါ တစ်ယောက်တည်း တာဝန်ယူခဲ့တာလေ။ အဖေက ကုန်ကားမောင်းရုံတင်မကဘူး လယ်အလုပ်ပါ လုပ်ရတယ်၊ တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးတာတောင်မှ အနားယူဖို့ အချိန်မရှိဘဲ ငယ်ရွယ်တဲ့ သူ့ကို ဂရုစိုက်ရသေးတယ်။ နောက်ပိုင်း သူ အိမ်ကထွက်ပြီး တာဝန်ထမ်းဆောင်တဲ့အခါကျတော့ သူတို့သားအမိ ဘယ်မှာလဲဆိုတာကို ရဲတွေက အိမ်ကို ခဏခဏ လာပြီး အဖေ့ကို စစ်ဆေးမေးမြန်းကြတယ်။ ဒီကိစ္စတွေ အားလုံးကို သူ့အဖေ တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းခဲ့ရတာလေ၊ ဆွေမျိုးတွေ၊ အိမ်နီးချင်းတွေရဲ့ အေးစက်တဲ့ အကြည့်တွေ၊ လှောင်ပြောင်တာတွေကို သည်းခံရင်း၊ သူရော သူ့အမေရဲ့ လုံခြုံရေးအတွက်ပါ အမြဲ စိတ်ပူရင်းနဲ့ပေါ့။ ပြီးတော့ အဖေဟာ နေ့တိုင်း အေးစက်ပြီး ခြောက်ကပ်နေတဲ့ အိမ်ကြီးမှာ ကျန်ရစ်ခဲ့ပြီး ဘေးနားမှာ စကားပြောဖော်၊ ပြုစုမဲ့သူမရှိဘဲ ရောဂါဝေဒနာ ခံစားနေရပုံကို သူ တွေးမိတယ်။ မူရှီးဟာ အဖေ့ကို ပိုပြီး အကြွေးတင်သလို ခံစားရပြီး အပြစ်ရှိစိတ်တွေ ပြည့်နှက်နေခဲ့တယ်။ သူ အရွယ်ရောက်လာပေမဲ့ ဘဝရဲ့ ဖိစီးမှုတွေနဲ့ပတ်သက်ပြီး အဖေ့ကို ဘာတစ်ခုမှ ကူညီမပေးခဲ့သလို အဖေ့ကို သူ့အတွက် စိတ်ပူအောင် လုပ်မိခဲ့တယ်လို့ တွေးမိတာပေါ့။ သူက သားသမီးဝတ် မကျေတာ မဟုတ်ဘူးလား။ မူရှီးက ကိုယ့်ကိုယ်ကိုယ် တိတ်တိတ်လေး ပြောလိုက်တယ်။ “အခု ငါ ပြန်ရောက်လာပြီဆိုတော့ အဖေ့ဘေးနားမှာ နေပြီး အဖေ ဒုက္ခနည်းနည်း သက်သာအောင် ကူညီရမယ်” ပေါ့။ နောက်ပိုင်းရက်တွေမှာ မူရှီးက ပိုက်ဆံရဖို့ အလုပ်စလုပ်ပြီး အဖေ့ရဲ့ လိုအပ်ချက်တွေကို သေသေချာချာ ဂရုစိုက်ပေးခဲ့တယ်။
မကြာခင်မှာပဲ နှစ်ဝက် ကုန်ဆုံးသွားတယ်။ ဒါပေမဲ့ ရဲတွေက မူရှီးရဲ့ သွားလာလှုပ်ရှားမှုတွေကို စောင့်ကြည့်နေတုန်းဖြစ်လို့ အသင်းတော် အသက်တာကို အသက်ရှင်ဖို့နဲ့ တာဝန်ထမ်းဆောင်ဖို့ ဟန့်တားခံနေရတော့ သူဟာ ဟာတာတာဖြစ်ပြီး စိတ်ဆင်းရဲခဲ့ရတယ်။ တစ်နေ့မှာ အသင်းတော်ခေါင်းဆောင်က မူရှီးကို တခြားနေရာမှာ တာဝန်သွားထမ်းဆောင်ချင်လားလို့ မေးလာတယ်။ မူရှီးက အရမ်း စိတ်လှုပ်ရှားသွားတာပေါ့။ နောက်ဆုံးတော့ သူက ညီအစ်ကိုမောင်နှမတွေနဲ့ အတူတူ စုဝေးနိုင်တော့မယ်၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်တော့မယ်လေ။ မူရှီးက ဒီသတင်းကို သူ့အဖေကို ပြောပြလိုက်တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ အဖေ့စိတ်က ရုတ်တရက် လှုပ်ရှားလာပြီးတော့ သူက ပြောပါလေရော၊ “နင်တို့သားအမိတွေ အိမ်ကထွက်သွားတာကို တစ်ခါပြီးတစ်ခါ ငါက ဒီအတိုင်း ထိုင်ကြည့်နေရမှာလား” တဲ့။ အဖေ အရမ်းစိတ်ခံစားနေရတာကို မြင်တော့ မူရှီး စိတ်မကောင်းဖြစ်ရပြီး အဖေ့ကို အရမ်း အကြွေးတင်သလို ခံစားလိုက်ရတယ်။ သူ တွေးမိတာက “ငါသာ တကယ် အိမ်ကထွက်သွားရင် ဘယ်တော့ပြန်လာရမလဲ ဘယ်သူသိမှာလဲ။ ငါ့အဖေက ငါ့ကို ပျိုးထောင်ဖို့အတွက် သူအလုပ်တွေအရမ်းကြိုးစားလိုက်ရပြီးတော့ ငါကကျတော့ သားသမီးဝတ်လုံးဝ မကျေဘူးလို့ ထင်သွားမလား” ပေါ့။ ပြီးတော့ မူရှီးက အဖေ့ကျန်းမာရေးအခြေအနေကို တွေးမိပြီး အဖေ့ကို ထပ်မနာကျင်စေရက်တော့ဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုသာ မရှိရင် ထောင်ထဲမှာ နှစ်နှစ်ကျော်ကြာအောင် သူ အသက်ရှင်နိုင်ခဲ့မှာ မဟုတ်ဘူးဆိုတာ သူ သိတယ်လေ။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို မထမ်းဆောင်တာက လိပ်ပြာလုံမှာ မဟုတ်ဘူးလေ။ မူရှီးဟာ အရမ်း ဒွိဟဖြစ်နေခဲ့ပြီး နောက်ဆုံးမှာတော့ တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးကို သူ လက်လွှတ်လိုက်တယ်။ ဒီရွေးချယ်မှုကို လုပ်လိုက်တဲ့အချိန်မှာ မူရှီး တကယ် အပြစ်ရှိသလို ခံစားရတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေဖို့ ဘုရားနှုတ်ကပတ်တော်တွေကို အမြန်ပဲ စားသောက်လိုက်တယ်။
ရှာဖွေနေရင်းနဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို မူရှီး ဖတ်မိတယ်။ “သင့်မိဘများက အလွန်အမင်း နာမကျန်းဖြစ်ခြင်း၊ သို့မဟုတ် အလွန်ကံဆိုးမှုတစ်ခုနှင့် ကြုံရခြင်းနှင့်သက်ဆိုင်သော ကိစ္စကို သင်က အလွန်အကျွံ ပိုင်းခြားစိစစ်ရန်၊ သို့မဟုတ် စုံစမ်းစစ်ဆေးရန် မလိုပေ။ ပြီးလျှင် သင်သည် အသေအချာပင် ယင်းကို အားမစိုက်သင့်ပေ။ ဤသို့လုပ်ဆောင်ခြင်းသည် အကျိုးရှိမည်မဟုတ်ပေ။ ဘဝတွင် လူတို့မွေးဖွားခြင်း၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်း၊ အမှုကြီး အမှုငယ် အမျိုးမျိုးကို ကြုံရခြင်းသည် အလွန်ပုံမှန်ဖြစ်သော ဖြစ်ရပ်များဖြစ်သည်။ သင်သည် အရွယ်ရောက်ပြီးသူတစ်ဦးဖြစ်လျှင် ရင့်ကျက်သော အတွေးအခေါ်ပုံစံ ရှိသင့်သည်။ ဤအမှုကိစ္စကို တည်ငြိမ်စွာနှင့် မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ ‘ငါ့မိဘများသည် မကျန်းမာကြပါ။ ဤသည်မှာ သူတို့ ငါ့ကို အရမ်းသတိရသောကြောင့် ဖြစ်ရသည်ဟု အချို့လူများက ပြောကြသည်။ ဤသည်မှာ ဖြစ်နိုင်သလား။ သူတို့က သေချာပေါက် ငါ့ကို သတိရပါသည်။ လူတစ်ယောက်က သူ့သားသမီးကို မည်သို့များ သတိမရဘဲ နေမည်နည်း။ ငါလည်း သူတို့ကို သတိရသည်။ သို့ဆိုလျှင် ငါက အဘယ်ကြောင့် နေမကောင်း မဖြစ်ရသနည်း’ ဟူ၍ ဖြစ်သည်။ လူတစ်ယောက်ယောက်က သူ၏ သားသမီးများကို သတိရသောကြောင့် နေမကောင်းဖြစ်သလော။ ဤသည်မှာ မမှန်ပေ။ ဤသို့ဆိုလျှင် သင့်မိဘများက ဤအရေးပါသောအရာများကို ကြုံရသောအခါ၌ မည်သို့ ဖြစ်သနည်း။ ၎င်းတို့ဘဝတွင် ဤအမှုအရာမျိုးကို ဘုရားသခင်က စီစဉ်ညွှန်ကြားခဲ့သည်ဟုသာ ဆိုနိုင်သည်။ ဘုရားသခင်၏ လက်ဖြင့် စီစဉ်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ သင်သည် အရှိအတိုင်းဖြစ်သော အကြောင်းပြချက်များ၊ အကြောင်းတရားများကို အာရုံစိုက်၍ မရပေ။ သင့်မိဘများက ဤအသက်အရွယ်သို့ ရောက်သောအခါတွင် ဤအမှုကိစ္စကို ကြုံရမည်ဖြစ်သည်။ ၎င်းတို့သည် ဤရောဂါ၏ ဖိစီးနှိပ်စက်ခြင်းကို ခံရမည်ဖြစ်သည်။ သင်ရှိနေခဲ့လျှင် ၎င်းတို့သည် ထိုရောဂါကို ရှောင်နိုင်မည်လော။ ဘုရားသခင်က ၎င်းတို့ကံကြမ္မာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နာမကျန်းဖြစ်ရန်အတွက် ၎င်းတို့ကို မစီစဉ်ခဲ့လျှင် သင်က ၎င်းတို့နှင့်အတူ မရှိနေခဲ့လျှင်ပင် ၎င်းတို့အပေါ်၌ မည်သည့်အရာမျှ ဖြစ်ပျက်မည်မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့ဘဝတွင် ဤကြီးမားသော ကံဆိုးမှုမျိုးကို ကြုံရရန် ကံစီမံပြီးဖြစ်လျှင် သင်က ၎င်းတို့အနီး၌ ရှိနေခဲ့လျှင် မည်သည့်သက်ရောက်မှုကို သင်ပြုလုပ်နိုင်မည်နည်း။ ၎င်းတို့သည် ရှောင်နိုင်ဦးမည် မဟုတ်ပေ။ မှန်သလော။ (မှန်ပါသည်။)...သင့်မိဘများသည် အရွယ်ရောက်ပြီးသူများ ဖြစ်သည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် ဤအရာကို အကြိမ်ရေအနည်းငယ်ထက် ပိုပြီး ကြုံခဲ့ရပြီးဖြစ်သည်။ ဘုရားသခင်က ဤအမှုကိစ္စကို ၎င်းတို့ထံမှ ဖယ်ရှားရန် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်လျှင် ယင်းသည် အနှေးနှင့် အမြန်ဆိုသလို လုံးဝ ပျောက်ကွယ်သွားလိမ့်မည်။ ဤအမှုကိစ္စသည် ၎င်းတို့အတွက် ဘဝအခက်အခဲတစ်ခုဖြစ်လျှင်၊ ၎င်းတို့သည် ယင်းကို တွေ့ကြုံရမည်ဆိုလျှင် ၎င်းတို့သည် ယင်းအား မည်မျှကြာရှည်စွာ တွေ့ကြုံရမည်ဆိုသည်မှာ ဘုရားသခင်အပေါ် မူတည်သည်။ ယင်းသည် ၎င်းတို့တွေ့ကြုံရမည့်အရာတစ်ခု ဖြစ်ပြီး မရှောင်ရှားနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) “သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အရာကို စဉ်းစားသည်ဖြစ်စေ၊ မည်သည့်အရာကို စီစဉ်သည်ဖြစ်စေ၊ ထိုအရာများသည် အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ ဖန်ဆင်းခံအားလုံးက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို သင် နားလည်နိုင်ကာ အမှန်တကယ် ယုံကြည်နိုင်ခြင်း ရှိမရှိဖြစ်သည်။ မိဘအချို့သည် ကြီးမားပြီး ကြီးပွားချမ်းသာသော မိသားစုတစ်စုနှင့်ဆိုင်သည့် အိမ်တွင်း အတိသုခနှင့် ပျော်ရွှင်မှုကို မွေ့လျော်ခံစားနိုင်ရန် ထိုကောင်းချီးနှင့် ကံကြမ္မာရှိကြသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်ပေးသည့် ကောင်းချီးတစ်ခု ဖြစ်သည်။ မိဘအချို့သည် ဤကံကြမ္မာမရှိကြချေ။ ၎င်းတို့အတွက် ဘုရားသခင်က ဤအရာကို မစီစဉ်ပေးခဲ့ပေ။ ပျော်ရွှင်သည့် မိသားစုတစ်စု ရှိခြင်းကို မွေ့လျော်ခံစားရန်၊ သို့မဟုတ် မိမိတို့ သားသမီးများက မိမိတို့နံဘေးတွင်ရှိနေခြင်းကို မွေ့လျော်ခံစားရန် ကောင်းချီးခံစားရခြင်း မရှိကြပေ။ ဤသည်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုဖြစ်ပြီး လူတို့က ဤအရာကို အတင်းအကျပ်ပြု၍မရပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားလက်တွေ့ကျမှု ဆိုသည်မှာ အဘယ်နည်း။) မူရှီးက ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်ပြီး လေးလေးနက်နက်မတွေးဘဲမနေနိုင်အောင် ဖြစ်သွားတယ်။ သူ့အဖေ တစ်ယောက်တည်း အိမ်မှာနေခဲ့ရတဲ့ နှစ်တွေကို သူတွေးမိတိုင်း၊ ပြီးတော့ အဖေ နေမကောင်းဖြစ်ချိန်မှာ ပြုစုစောင့်ရှောက်မဲ့သူ ဘေးနားမှာ မရှိခဲ့တာတွေကို တွေးမိတိုင်း သူ့ရင်ထဲမှာ အပြစ်ရှိတဲ့စိတ်တွေ၊ အကြွေးတင်သလို ခံစားချက်တွေနဲ့ ပြည့်နှက်နေခဲ့တာ။ သူက အဖေ့ကို ပြုစုစောင့်ရှောက်ပြီး စိတ်ချမ်းသာအောင် ထားချင်ရုံသက်သက်ပါပဲ။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ လူတစ်ဦးချင်းစီက ဘဝမှာ ခံရမဲ့ ဒုက္ခနဲ့ ဘယ်လို ရောဂါဘယတွေ၊ ဘေးအန္တရာယ်တွေ ကြုံရမယ်ဆိုတာ အားလုံးကို ဘုရားသခင်က စီမံထားတာဖြစ်ပြီး ဘယ်သူကမှ ပြောင်းလဲလို့မရဘူးဆိုတာကို သူ နောက်ဆုံးမှာ နားလည်သွားတယ်။ ထောင်ထဲမှာတုန်းက အဖေ့ရဲ့ လေးဖက်နာရောဂါ ပိုဆိုးလာတယ်လို့ သိရတုန်းက အဖေ့အတွက် သူ အရမ်း စိတ်ပူခဲ့တာကို မူရှီး သတိရမိတယ်။ အဖေ့ရောဂါအခြေအနေ ပိုဆိုးလာပြီး သူ့ကို ဘယ်သူမှ မပြုစုရင် အဖေ ဘယ်လို နေထိုင်စားသောက်မလဲလို့ တွေးပြီး သူ ကြောက်ခဲ့တာလေ။ ဒါပေမဲ့ သူက ထောင်ထဲမှာ ပိတ်မိနေတော့ အဖေ့ကို မပြုစုနိုင်ခဲ့ဘူး။ အဲဒီအချိန်တုန်းက သူ လုပ်နိုင်တာဆိုလို့ ဘုရားသခင်ဆီ ပိုဆုတောင်းပြီး အဖေ့ကို ဘုရားသခင်ရဲ့ လက်ထဲ အပ်နှံတာပဲ ရှိတယ်။ ထောင်က လွတ်လာပြီးနောက်မှာတော့ အဖေ့ရဲ့ ရောဂါအခြေအနေက အဲဒီတုန်းက အရမ်းဆိုးခဲ့ပြီး ဘေးနားမှာ ပြုစုမဲ့သူ မရှိခဲ့ပေမဲ့ အဖေ့ရဲ့ လေးဖက်နာက တဖြည်းဖြည်း သက်သာလာတာကို သူ သိလိုက်ရတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အခြေအနေနဲ့ ဘေးကင်းလုံခြုံမှု ရှိမရှိဆိုတာတွေက ဘုရားသခင်ရဲ့ ကြိုတင်စီမံမှုနဲ့ အချုပ်အခြာအာဏာအပေါ်မှာ မူတည်တယ်ဆိုတာ၊ ပြီးတော့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး အဖေ့ကို ဘုရားလက်ထဲ အပ်နှံတာက ဆင်ခြင်တုံတရားရှိတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာကို သူ သဘောပေါက်သွားတယ်။ ဒါကို အသိအမှတ်ပြုလိုက်တော့ မူရှီးရဲ့ စိတ်နှလုံးက အများကြီး ပေါ့ပါးသွားပြီး သိပ် စိုးရိမ်ပူပန်တာမျိုး မရှိတော့ဘူး။
မူရှီးက တာဝန်ထမ်းဆောင်ဖို့ တခြားနေရာကို သွားချင်တယ်။ ဒါပေမဲ့ တစ်နေကုန် အလုပ်လုပ်ပြီးလို့ ပင်ပန်းနွမ်းနယ်နေတဲ့ အဖေ့ပုံစံကို မြင်ရတဲ့အခါတိုင်း၊ ပြီးတော့ အဖေ့မှာ သွေးတိုးရှိပြီး တစ်နေကုန် ခေါင်းမူးနေတာကို သတိရတဲ့အခါတိုင်း မူရှီးက ပြန်ပြီး ဒွိဟဖြစ်လာပြန်ရော။ “အဖေက ငါ့ကို ပြုစုစောင့်ရှောက်ဖို့ ဒုက္ခတွေ အများကြီး ခံခဲ့ရတာ။ အိမ်မှာနေပြီး အဖေ့ကို ခဏလောက် ဆက်ပြုစုပေးသင့်လား” ဆိုပြီး တွေးမိတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ရင် သူ တာဝန်မထမ်းဆောင်နိုင်တော့ဘူးလေ။ အဲဒီအတွက် သူ အပြစ်ရှိသလို ခံစားရတယ်။ မူရှီးက ဆုတောင်းတဲ့အခါတွေမှာ ဒီကိစ္စကို ဘုရားသခင်ဆီ ခဏခဏ ပြောပြပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် စိတ်ဓာတ်ခွန်အားပေးဖို့ တောင်းလျှောက်ခဲ့တယ်။ နောက်ပိုင်းမှာ မူရှီးက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်မိပြီး ဒီနှုတ်ကပတ်တော်က သူ့ရဲ့ ကြုံလာရတော့မဲ့ ရွေးချယ်မှုတွေမှာ လိုက်လျှောက်ရမဲ့ မှန်ကန်တဲ့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိမိ၏ မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်းသည် သမ္မာတရားဖြစ်သလော။ (မဟုတ်ပါ။) မိမိ၏ မိဘများအပေါ် သားသမီးဝတ် ကျေပွန်ခြင်းသည် မှန်ကန်ပြီး အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သော်လည်း သမ္မာတရား မဟုတ်ဟု ငါတို့ အဘယ်ကြောင့် ဆိုရသနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့သည် မိမိတို့၏ မိဘများကို စည်းမျဉ်းများဖြင့် သားသမီးဝတ်ကျေပွန်ခြင်း မဟုတ်သကဲ့သို့ ၎င်းတို့၏ မိဘများက အမှန်တကယ် မည်သည့်လူစားမျိုးများဖြစ်သည်ကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြသောကြောင့် ဖြစ်ပါသည်။) လူတစ်ဦးက မိမိ၏ မိဘများအား မည်သို့ ဆက်ဆံသင့်သည်ဆိုသည်မှာ သမ္မာတရားနှင့် ဆက်စပ်ပေသည်။ သင်၏မိဘများက ဘုရားသခင်ကို ယုံကြည်ပြီး သင့်ကို ကောင်းစွာ ဆက်ဆံပါက သင်သည် ၎င်းတို့အပေါ် သားသမီးဝတ် ကျေပွန်သင့်သလော။ (ကျေပွန်သင့်ပါသည်။) သင်သည် မည်သို့ သားသမီးဝတ်ကျေပွန်သနည်း။ သင်သည် ၎င်းတို့ကို ညီအစ်ကို မောင်နှမများနှင့် ကွဲပြားစွာ ဆက်ဆံ၏။ သင်သည် ၎င်းတို့ပြောသမျှကို လုပ်ဆောင်ပြီး ၎င်းတို့အိုမင်းလျှင် သင်သည် ၎င်းတို့ကို ပြုစုစောင့်ရှောက်ဖို့ ၎င်းတို့ဘေးတွင် နေပေးရမည် ဖြစ်သည်။ ယင်းက သင်၏တာဝန်ကို သွားရောက်ထမ်းဆောင်ခြင်းမှ တားဆီးသည်။ ယင်းကို လုပ်ဆောင်သည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) ထိုသို့သော အချိန်များတွင် သင်သည် မည်သည့်အရာကို လုပ်သင့်သနည်း။ ဤသည်က အခြေအနေများပေါ်တွင် မူတည်သည်။ သင်သည် သင်၏နေအိမ် အနီးအနားတွင် သင်၏တာဝန်ကို ထမ်းဆောင်နေစဉ် ၎င်းတို့ကို ပြုစုစောင့်ရှောက်နိုင်သေးပါက၊ ပြီးလျှင် ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို သင်၏မိဘများက မကန့်ကွက်ပါက သင်သည် သားတစ်ဦး၊ သို့မဟုတ် သမီးတစ်ဦးအဖြစ် မိမိ၏တာဝန်ကို ဖြည့်ဆည်းသင့်ပြီး သင်၏မိဘများကို အလုပ်ကိစ္စအချို့တွင် ကူညီပေးသင့်သည်။ ၎င်းတို့က နာမကျန်းဖြစ်လျှင် ၎င်းတို့ကို စောင့်ရှောက်လော့။ တစ်စုံတစ်ခုကြောင့် ၎င်းတို့စိတ်ညစ်နေလျှင် ၎င်းတို့ကို နှစ်သိမ့်ပေးလော့။ သင်၏ငွေရေးကြေးရေးက အခြေအနေ ပေးလျှင် သင်၏ ရသုံးငွေစာရင်းနှင့် ကိုက်ညီစွာ ၎င်းတို့အတွက် အာဟာရ ဖြည့်စွက်စာများ ဝယ်ပေးလော့။ သို့ရာတွင် သင်သည် သင်၏ တာဝန်နှင့်အလုပ်ရှုပ်နေကာ သင်၏မိဘများကို ပြုစုစောင့်ရှောက်မည့်သူ တစ်ဦးမျှ မရှိဘဲ ၎င်းတို့ကလည်း ဘုရားသခင်ကို ယုံကြည်ပါက သင်သည် မည်သည့်အရာကို လုပ်ဆောင်ရန် ရွေးချယ်သင့်သနည်း။ သင်သည် မည်သည့်သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သနည်း။ မိဘအပေါ် သားသမီးဝတ်ကျေခြင်းသည် သမ္မာတရားမဟုတ်ဘဲ လူသား၏ တာဝန်နှင့် ဝတ္တရားသာဖြစ်သောကြောင့် သင်၏ ဝတ္တရားသည် သင်၏အလုပ်တာဝန်ဖြင့် ကွဲလွဲဆန့်ကျင်နေလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ကျွန်ုပ်၏ တာဝန်ကို ဦးစားပေးပြီး တာဝန်ကို ရှေ့တန်းတင်ရမည်။) ဝတ္တရားတစ်ခုသည် လူတစ်ဦး၏ အလုပ်တာဝန်တစ်ခု သေချာပေါက် မဟုတ်ပေ။ မိမိ၏အလုပ်တာဝန်ကို ထမ်းဆောင်ရန် ရွေးချယ်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ဝတ္တရားတစ်ခုကို ဖြည့်ဆည်းခြင်းမှာမူ ဤသို့မဟုတ်ပေ။ သင့်၌ ဤအခြေအနေရှိလျှင် ဤတာဝန်၊ သို့မဟုတ် ဝတ္တရားကို သင် ဖြည့်ဆည်းနိုင်သည်။ သို့သော် လက်ရှိအနေအထားက ခွင့်မပြုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်က ‘ကျွန်ုပ်၏တာဝန်ကို လုပ်ဆောင်ရမည်။ ယင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ကျွန်ုပ်၏ မိဘများအပေါ် သားသမီးဝတ်ကျေခြင်းသည် ကျွန်ုပ်၏ အသိစိတ်အားဖြင့် အသက်ရှင်သန်ခြင်းဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ စံမမီပါ’ ဟု ပြောသင့်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို ဦးစားပေးပြီး ထိန်းသိမ်းသင့်၏။...မည်သည့်အရာက သမ္မာတရား ဖြစ်သနည်း။ မိဘများအပေါ် သားသမီးဝတ်ကျေခြင်းလော၊ သို့မဟုတ် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းလော။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်းက သမ္မာတရား ဖြစ်သည်မှာ မှန်သည်။ ဘုရားသခင်၏ အိမ်တော်တွင် တာဝန်ထမ်းဆောင်ခြင်းသည် မိမိဝတ္တရားကို ဖြည့်ဆည်းခြင်း၊ လုပ်ရမည့်အရာကို လုပ်ခြင်းသက်သက် မဟုတ်ပေ။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ဤတွင် ဘုရားသခင်၏ စေခိုင်းချက် ပါဝင်သည်။ ဤသည်မှာ သင်၏ ဝတ္တရား၊ သင်၏ တာဝန်ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော တာဝန်ဖြစ်သည်။ ဖန်ဆင်းရှင်ရှေ့တွင် သင်၏တာဝန်၊ ဝတ္တရားကို ဖြည့်ဆည်းခြင်းဖြစ်သည်။ ဤသည်မှာ လူတို့အပေါ် ဖန်ဆင်းရှင်၏ တောင်းဆိုချက်ဖြစ်သည်။ ပြီးလျှင် ဘဝ၏ ကြီးမြတ်သော ကိစ္စဖြစ်သည်။ သို့သော် မိဘများကို သားသမီးဝတ်နှင့်အညီ လေးစားမှုပေးခြင်းသည် သားတစ်ယောက်၏ သို့မဟုတ် သမီးတစ်ယောက်၏ တာဝန်နှင့် ဝတ္တရားမျှသာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က တာဝန်ပေးစေခိုင်းခြင်း သေချာပေါက် မဟုတ်ပေ။ ပြီးလျှင် ဘုရားသခင်၏ တောင်းဆိုချက်နှင့် ပို၍ပင် မကိုက်ညီချေ။ ထို့ကြောင့် မိမိ၏မိဘကို သားသမီးဝတ်နှင့်အညီ လေးစားမှုပေးခြင်းနှင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းကြားတွင် မိမိ၏တာဝန်ထမ်းဆောင်ခြင်း တစ်ခုတည်းသာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်မှာ သံသယဖြစ်စရာမရှိပေ။ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းသည် သမ္မာတရားဖြစ်သည်။ ရှောင်လွှဲမရသော တာဝန်တစ်ခုဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားလက်တွေ့ကျမှု ဆိုသည်မှာ အဘယ်နည်း။) မိဘတွေကို သားသမီးဝတ်ကျေပွန်တာက အပြုသဘောဆောင်တဲ့အရာ ဖြစ်သလို သားသမီးတစ်ယောက်ရဲ့ တာဝန်လဲ ဖြစ်ပေမဲ့ ဒါက ပုံမှန် လူ့သဘာဝရှိတဲ့ လူတစ်ယောက် လုပ်သင့်လုပ်ထိုက်တဲ့ အရာသက်သက်သာ ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ မဟုတ်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ မူရှီး နားလည်လိုက်တယ်။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်မှသာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာ ရောက်တာလေ။ ကိုယ့်တာဝန်က မိဘတွေကို သားသမီးဝတ်ကျေပွန်တာနဲ့ မဆန့်ကျင်ဘူးဆိုရင် အဖေ့ကို အတတ်နိုင်ဆုံး ဂရုစိုက်ပေးသင့်တယ်၊ အဖေနဲ့ စကားပိုပြောပြီး အဖေ့ရဲ့ စိုးရိမ်ပူပန်မှုတွေ သက်သာအောင် ကူညီပေးသင့်တယ်၊ ဒါက သားသမီးတစ်ယောက်အနေနဲ့ ဖြည့်ဆည်းရမဲ့ တာဝန်ဖြစ်လို့ပဲ။ ဒါပေမဲ့ ကိုယ်က တာဝန်ထမ်းဆောင်ဖို့ လိုအပ်နေပြီး အဖေ့ဘေးနားမှာ နေပြီး မပြုစုနိုင်တဲ့အခါကျရင် အဖေ့ကို ဘုရားသခင်ဆီ အပ်နှံလိုက်ရမယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ သူ့ရဲ့ တာဝန်နဲ့ ဝတ္တရားက ကိုယ့်တာဝန်ကို ထမ်းဆောင်ပြီး ကိုယ့်ရဲ့ အထူးတာဝန်ကို ပြီးမြောက်အောင် လုပ်ဖို့ပဲ။ ဒါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းရဲ့ အဓိပ္ပာယ်ဖြစ်ပြီး သူ လုပ်ကိုလုပ်ရမဲ့ အရာဖြစ်တယ်။ ပြီးတော့ မူရှီးက ထောင်ထဲမှာ ကုန်ဆုံးခဲ့တဲ့ နှစ်နှစ်ခွဲ ကာလကို ပြန်သတိရမိတယ်။ ထောင်ထဲမှာ သူ ဒုက္ခရောက်ပြီး အကူအညီမဲ့နေချိန်မှာ ညီအစ်မတစ်ယောက်နဲ့ တွေ့ခဲ့ရပြီး သူတို့နှစ်ယောက် အတူတူ အပြန်အလှန် ကူညီဖေးမခွင့်၊ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုခွင့် ရခဲ့ကြတယ်လေ။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းပေး လမ်းပြမှုကြောင့်သာ အဲဒီအချိန်တွေကို သူ တဖြည်းဖြည်း ဖြတ်ကျော်နိုင်ခဲ့တာပါ။ ဘုရားသခင်က သူ့ကို ဂရုစိုက်ကာကွယ်ပေးခဲ့ပြီး ကျေးဇူးတော်တွေ အများကြီးနဲ့ ဆက်ဆံခဲ့တယ်လို့ မူရှီး ခံစားရတယ်။ ပြီးတော့ ကိုယ့်တာဝန်ထက် ဇာတိပကတိ ခံစားချက်တွေကို ဦးစားပေးမယ်ဆိုရင် ဒါက တကယ့်ကို ပုန်ကန်တာပဲလို့ သူ ခံစားရတယ်။ ဒါကို သဘောပေါက်လိုက်တော့ မူရှီးက ဆုတောင်းပြီး သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေ အားလုံးကို ဘုရားသခင်ဆီ အပ်နှံလိုက်တယ်။ အိမ်မှာ လုပ်စရာရှိတဲ့ အိမ်မှုကိစ္စတွေကို သူ လက်စသတ်လိုက်တယ်၊ ပြီးတော့ အဖေ့အတွက် အားဆေးတွေ၊ ဆေးဝါးတွေနဲ့ တခြားလိုအပ်တာတွေကို ဝယ်ပေးခဲ့တယ်။ အဲဒီနောက်မှာ မူရှီးက အဖေနဲ့ စကားပြောပြီးတော့ တာဝန်ထမ်းဆောင်ဖို့ တခြားနေရာကို ထွက်သွားတော့တာပေါ့။
နောက်ပိုင်းမှာ မိဘတွေကို ဘယ်လိုသဘောထားရမလဲ ဆိုတာနဲ့ပတ်သက်တဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တွေကို မူရှီး ကြားရတဲ့အခါ ဒါက သူ့ကို ပြန်လည်ဆင်ခြင်သုံးသပ်မိစေတယ်။ သူ ငယ်ငယ်ကတည်းက အဖေက မိခင်၊ ဖခင်နှစ်ဦးလုံးရဲ့နေရာကိုယူပြီး သူ့ကို ဘယ်လို ပြုစုပျိုးထောင်ခဲ့တယ်ဆိုတာ၊ ပြီးတော့ သူ့အတွက် အများကြီး ဘယ်လို အနစ်နာခံခဲ့တယ်ဆိုတာတွေကို သူ တွေးမိတယ်။ အဖေ့ကျေးဇူးကြွေးတွေ သူ့မှာ အများကြီးတင်နေတယ်လို့ ခံစားရပြီး အဖေ့ဘေးနားမှာနေပြီး မပြုစုနိုင်တဲ့အခါတိုင်း သားသမီးတစ်ယောက်ရဲ့ တာဝန်ကို သူ မကျေပွန်ဘူးလို့ ခံစားရတယ်။ အဖေ့ကို အကြွေးတင်သလို ခံစားရပြီး သူ့လိပ်ပြာသူ မလုံဘူးပေါ့။ အခု အဖေနဲ့ဝေးတဲ့နေရာမှာ တာဝန်ထမ်းဆောင်နေရတာက သူ့အခြေအနေကို မကြာခဏ ထိခိုက်စေသလို သူ့ကို ဘောင်ခတ်ထားသလိုလဲ ဖြစ်နေတော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သူ သိချင်နေတယ်။ သူ ရှာဖွေပြီး ဆင်ခြင်သုံးသပ်နေတုန်းမှာပဲ ဒီဘုရားနှုတ်ကပတ်တော်ကို သူ တွေ့လိုက်ရတယ်။ “ဘာသာတရားမရှိသော လောကတွင် ‘ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်’ ဟူသည့် ဆိုရိုးစကားတစ်ခုရှိသည်။ ‘သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်’ ဟူသည့် ဤဆိုရိုးစကားလည်း ရှိသည်။ ဤဆိုရိုးစကားများသည် အလွန်ပင် ဟိတ်ဟန်များလှပါတကား။ အမှန်တကယ်တွင် ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်ဟူသည့် ပထမဆိုရိုးစကားက ပြောသော ဖြစ်ရပ်သည် အမှန်ပင် တည်ရှိသည်။ ဤသည်တို့မှာ အမှန်တရားများဖြစ်သည်။ သို့သော်ငြားလည်း ယင်းတို့သည် သက်ရှိလောကအတွင်းရှိ ဖြစ်စဉ်များမျှသာ ဖြစ်ကြသည်။ သက်ရှိသတ္တဝါအမျိုးမျိုးအတွက် ဘုရားသခင်က ချမှတ်ခဲ့သော နိယာမတစ်မျိုးသာဖြစ်သည်။ လူသားများအပါအဝင် သက်ရှိသတ္တဝါအမျိုးမျိုးတို့သည် ဤနိယာမကို လိုက်နာကြပြီး ဤသည်က သက်ရှိသတ္တဝါအားလုံးကို ဘုရားသခင်က ဖန်ဆင်းတော်မူကြောင်းကို ထပ်မံ၍ သက်သေပြနေခြင်းလည်း ဖြစ်၏။ မည်သည့်သက်ရှိသတ္တဝါကမျှ ဤနိယာမကို မချိုးဖျက်နိုင်သလို မည်သည့်သက်ရှိသတ္တဝါကမျှ မကျော်လွန်နိုင်ပေ။ ခြင်္သေ့နှင့် ကျားတို့ကဲ့သို့သော အတော်အတန် ရက်စက်သော အသားစားသတ္တဝါများသည်ပင် ၎င်းတို့၏ ကလေးများကို ပြုစုပျိုးထောင်ပြီး အရွယ်မရောက်မီတွင် ကလေးများကို မကိုက်ပေ။ ဤသည်မှာ တိရစ္ဆာန် ဗီဇစိတ်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်မျိုးစိတ်ဖြစ်ပါစေ၊ ရက်စက်သည်ဖြစ်စေ၊ ကြင်နာသည်ဖြစ်စေ၊ သိမ်မွေ့နူးညံ့သည်ဖြစ်စေ တိရစ္ဆာန်အားလုံးက ဤဗီဇစိတ်ကို ပိုင်ဆိုင်သည်။ လူသားများအပါအဝင် သတ္တဝါမျိုးစုံတို့သည် ဤဗီဇစိတ်နှင့် နိယာမကို လိုက်နာခြင်းအားဖြင့်သာ ဆက်လက်၍ မျိုးပွားပြီး ရှင်သန်နိုင်သည်။ ၎င်းတို့က ဤနိယာမကို မလိုက်နာလျှင်၊ သို့မဟုတ် ဤနိယာမနှင့် ဗီဇစိတ်မရှိလျှင် မျိုးပွားပြီး ရှင်သန်နိုင်မည်မဟုတ်ပေ။ ဇီဝကွင်းဆက်က တည်ရှိမည်မဟုတ် ဤကမ္ဘာလည်း တည်ရှိမည်မဟုတ်ပေ။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်ခြင်း၊ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်ခြင်းက သက်ရှိလောကသည် ဤနိယာမမျိုးကို လိုက်နာကြောင်းကို အတိအကျ ထင်ရှားစေသည်။ သက်ရှိသတ္တဝါ အမျိုးအစားအားလုံးတို့တွင် ဤဗီဇစိတ်ရှိသည်။ ကလေးများမွေးပြီးသည်နှင့် ၎င်းတို့သည် အရွယ်မရောက်မီအထိ ထိုမျိုးစိတ်များ၏ အမများ၊ သို့မဟုတ် အထီးများ၏ ဂရုစိုက်ခြင်း၊ ပြုစုပျိုးထောင်ခြင်းကို ခံရသည်။ သက်ရှိသတ္တဝါမျိုးစုံသည် ၎င်းတို့၏ ကလေးများအပေါ် ၎င်းတို့၏တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းနိုင်ကြပြီး တာဝန်ကျေပွန်စွာနှင့် တာဝန်သိတတ်စွာဖြင့် နောက်မျိုးဆက်ကို ပျိုးထောင်နိုင်ကြသည်။ ဤသည်မှာ လူသားများအတွက် ပို၍ပင် မှန်ကန်သင့်သည်။ လူသားများကို လူသားမျိုးနွယ်က ပိုမိုအဆင့်မြင့်သော တိရစ္ဆာန်အဖြစ် ခေါ်ဆိုကြသည်။ ၎င်းတို့သည် ဤနိယာမကို မလိုက်နာနိုင်ဘဲ ဤဗီဇ ကင်းမဲ့နေလျှင် လူသားများသည် တိရစ္ဆာန်များထက် ပို၍ ယုတ်ညံ့သည် မဟုတ်ပေလော။ သို့ဖြစ်၍ သင်၏မိဘများက သင့်ကို ပြုစုပျိုးထောင်စဉ်တွင် သင့်ကို မည်မျှစောင့်ရှောက်ခဲ့သည်ဖြစ်စေ၊ သင့်အပေါ်၌ ၎င်းတို့၏ တာဝန်ကို မည်မျှပင် ဖြည့်ဆည်းခဲ့သည်ဖြစ်စေ ၎င်းတို့သည် ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်အပ်သည့်အရာကိုသာ လုပ်ဆောင်နေခြင်း ဖြစ်၏။ ဤသည်မှာ ၎င်းတို့၏ ဗီဇဖြစ်၏။...ကျား၊ ခြင်္သေ့များကဲ့သို့သော ထူးခြားသော တိရစ္ဆာန်အချို့လည်းရှိသည်။ ဤတိရစ္ဆာန်များက အရွယ်ရောက်သောအခါတွင် ၎င်းတို့မိဘများကို စွန့်ခွာပြီး အချို့သောအထီးများက ယှဉ်ပြိုင်ဘက်များဖြစ်လာကာ လိုအပ်သလို ကိုက်ကြသည်။ ယှဉ်ပြိုင်ကြသည်။ တိုက်ခိုက်ကြသည်။ ဤသည်မှာ ပုံမှန်ဖြစ်သည်။ နိယာမတစ်ခုဖြစ်သည်။ ၎င်းတို့သည် အလွန်ကြင်နာယုယမှုမရှိပေ။ ထို့အပြင် လူတို့ကဲ့သို့ ‘ကျွန်ုပ်သည် သူတို့၏ ကြင်နာမှုကို ပြန်ပေးဆပ်ရမည်။ သူတို့ကို ကျွန်ုပ် နစ်နာကြေးပြန်ပေးရမည်။ ကျွန်ုပ်၏ မိဘများကို ကျွန်ုပ်နာခံရမည်။ သူတို့အပေါ် သားသမီးဝတ်မကျေပွန်လျှင် အခြားသူများက ကျွန်ုပ်ကို ရှုတ်ချကြလိမ့်မည်၊ ဒေါသဖြင့်ပြောဆိုကာ ကျွန်ုပ်၏ နောက်ကွယ်တွင် ဝေဖန်ကြလိမ့်မည်။ ယင်းကို ကျွန်ုပ် မခံနိုင်ပါ’ ဟု ပြောလျက် ၎င်းတို့၏ ခံစားချက်များဖြင့် အသက်မရှင်ကြပေ။ တိရစ္ဆာန်လောကတွင် ဤသို့သောအရာများကို မပြောပေ။ လူတို့သည် အဘယ်ကြောင့် ဤသို့သောအရာများကို ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းနှင့် လူအုပ်စုများအတွင်းတွင် မမှန်ကန်သော အယူအဆနှင့် သဘောတူညီမှုအမျိုးမျိုး ရှိသောကြောင့်ဖြစ်သည်။ လူတို့သည် ဤအရာများ၏ လွှမ်းမိုးခြင်း၊ ဖျက်ဆီးခြင်း၊ ဖောက်ပြန်ပျက်ယွင်းစေခြင်းကို ခံရပြီးနောက်တွင် ၎င်းတို့အတွင်း၌ မိဘနှင့် သားသမီးဆက်ဆံရေးအပေါ် မတူညီသော အနက်ဖွင့်ဆိုခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းနည်းလမ်းများ ဖြစ်ပေါ်လာသည်။ ပြီးလျှင် အဆုံးတွင် ၎င်းတို့သည် ၎င်းတို့မိဘများကို ၎င်းတို့၏ ကြွေးရှင်များအဖြစ်၊ ၎င်းတို့၏ တစ်ဘဝလုံး မည်သည့်အခါမျှ ပြန်လည်ပေးဆပ်နိုင်မည်မဟုတ်သည့် ကြွေးရှင်များအဖြစ် ဆက်ဆံကြသည်။ မိမိတို့၏ မိဘများကို မပျော်ရွှင်စေသည့် အရာတစ်ခုကို လုပ်ဆောင်ခဲ့သောကြောင့်၊ သို့မဟုတ် မိမိတို့၏ မိဘများက အလိုရှိသည့်လမ်းကို မသွားခဲ့သောကြောင့် မိမိတို့၏ မိဘများသေဆုံးပြီးနောက်တွင် တစ်ဘဝလုံး အပြစ်ရှိသလိုခံစားနေရပြီး မိဘများ၏ ကြင်နာမှုဖြင့် မထိုက်တန်ဟု မိမိတို့ကိုယ်ကို ထင်သောသူအချို့ပင်ရှိသည်။ ငါ့ကို ပြောလော့။ ဤသည်မှာ အလွန်အကျွံဖြစ်ခြင်း မဟုတ်သလော။ လူတို့သည် ၎င်းတို့၏ ခံစားချက်ထဲတွင် နေထိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဤခံစားချက်များမှ အရင်းခံသည့် အယူအဆအမျိုးမျိုး၏ ထိပါးခြင်းနှင့် နှောင့်ယှက်ခြင်းကိုသာ ခံရနိုင်သည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အတွေးအမြင်စနစ်က အရောင်ဆိုးသည့် ပတ်ဝန်းကျင်တစ်ခုတွင် နေထိုင်သောကြောင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆအမျိုးမျိုး၏ ထိပါးခြင်းနှင့် နှောင့်ယှက်ခြင်းကို ခံရသည်။ ယင်းကြောင့် ၎င်းတို့ဘဝသည် မောပန်းပြီး အခြားသော သက်ရှိသတ္တဝါများထက်ပို၍ ရှုပ်ထွေးသည်။ သို့ရာတွင် ယခုအချိန်၌ ဘုရားသခင်က အလုပ်လုပ်နေသောကြောင့်၊ ဤအမှန်တရားများ အားလုံး၏ အဖြစ်မှန် လူတို့အား ပြောပြရန်၊ ၎င်းတို့အား သမ္မာတရားကို နားလည်စေဖို့ ထောက်ကူပေးရန် သမ္မာတရားကို ဖော်ပြနေသောကြောင့် သမ္မာတရားကို သင်နားလည်ပြီးနောက်တွင် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများနှင့် အမြင်များသည် သင့်အပေါ် ဝန်လေးစေမည်မဟုတ်တော့ပေ။ ပြီးလျှင် ယင်းတို့သည် သင့်မိဘများနှင့် သင်၏ဆက်ဆံရေးအား ကိုင်တွယ်ရန်နည်းလမ်းအတွက် လမ်းညွှန်အဖြစ် အသုံးတည့်တော့မည် မဟုတ်တော့ပေ။ ဤအခြေအနေတွင် သင်၏ဘဝသည် ပို၍ စိုးရိမ်သောက ကင်းလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) မူရှီးက ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်ပြီး ဉာဏ်အလင်းရသလို ခံစားလိုက်ရတယ်။ သက်ရှိသတ္တဝါ အမျိုးမျိုးဟာ သူတို့ရဲ့ ကလေးတွေကို သေသေချာချာ ဂရုစိုက်ပြီး တာဝန်သိသိနဲ့ ပြုစုပျိုးထောင်နိုင်ကြတယ်ဆိုတာ သူ သိလိုက်ရတယ်။ ဒါက သက်ရှိသတ္တဝါ အားလုံးအတွက် ဘုရားသခင် စီမံထားတဲ့ အခြေခံသဘောတရားနဲ့ နိယာမဖြစ်သလို ဘုရားသခင်က သူတို့ကို ပေးထားတဲ့ ဗီဇစိတ်လဲ ဖြစ်တာပေါ့။ ကြမ်းကြုတ်တဲ့ ကျားတွေ၊ ခြင်္သေ့တွေလိုပဲ သူတို့ရဲ့ သားပေါက်လေးတွေ မကြီးပြင်းသေးဘဲ ကိုယ့်ဘာသာ အသက်မရှင်နိုင်သေးတဲ့အချိန်မှာ သူတို့က သားပေါက်လေးတွေကို သေသေချာချာ ပြုစုပျိုးထောင်ပြီး ကာကွယ်ပေးကြတယ်၊ အစာရှာပေးကြတယ်၊ ပြီးတော့ သားပေါက်လေးတွေ ကြီးပြင်းဖို့အတွက် ဘေးကင်းပြီး သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ အတတ်နိုင်ဆုံး လုပ်ပေးကြတယ်။ သူတို့သာ ဒီရှင်သန်ရပ်တည်ရေး နိယာမကို မလိုက်နာဘဲ သားပေါက်လေးတွေကို မွေးပြီးနောက်မှာ ဂရုမစိုက်၊ မပြုစုမပျိုးထောင်ဘူးဆိုရင် သူတို့ရဲ့ နောက်မျိုးဆက်က အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး။ ပြီးတော့ တိရစ္ဆာန်လောက တစ်ခုလုံးမှာ သက်ရှိအသစ်တွေ ဆက်ဖြစ်နေခြင်းကလည်း ပျက်စီးသွားမှာပဲလေ။ လူတွေလဲ ဒီအတိုင်းပါပဲ။ သားသမီးတွေ ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်ခင်မှာ မိဘတွေက သူတို့ကို စိတ်နှလုံးအကြွင်းမဲ့ ပြုစုပျိုးထောင်ပြီး ဂရုစိုက်ကြတယ်၊ ဒီလိုလုပ်ဖို့ အခက်အခဲများစွာကိုတောင် သည်းခံကြတယ်၊ ဒါပေမဲ့ သူတို့က မိဘတွေအနေနဲ့ သူတို့ရဲ့ တာဝန်နဲ့ ဝတ္တရားကို ဖြည့်ဆည်းနေရုံသက်သက်သာ ဖြစ်ပြီး သက်ရှိအားလုံးအတွက် ဘုရားသခင် စီမံထားတဲ့ ရှင်သန်ရပ်တည်ရေး နိယာမတွေကို လိုက်နာနေတာပဲ ဖြစ်လို့ ဒါကို အကြင်နာတရားလို့ သတ်မှတ်လို့ မရဘူး။ “သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်” ဆိုတဲ့ အမြင်ကို ကျောင်းတွေ၊ မိသားစုတွေက ကလေးတွေ ကြီးပြင်းလာတဲ့တစ်လျှောက်လုံး ရိုက်သွင်းပေးခဲ့တာကို မူရှီး တွေးမိတယ်။ ဆိုလိုတာက တိရစ္ဆာန်တွေတောင် ကြီးလာရင် မိဘကျေးဇူးကို ပြန်ဆပ်ကြသေးတာပဲ၊ လူတစ်ယောက်က ပိုပြီးတော့တောင် ရိုသေကိုင်းရှိုင်းသင့်ပြီး မိဘရဲ့ ပြုစုပျိုးထောင်ပေးတဲ့ ကျေးဇူးကို ပြန်ဆပ်သင့်တယ်လို့ဆိုတာပါ။ ဒီလိုမလုပ်နိုင်ရင် သူတို့က လူ့သဘာဝ ကင်းမဲ့နေပြီး လူစိတ်မရှိဘူးဆိုတဲ့ သဘောလေ။ ငယ်ငယ်ကတည်းက ဒီလိုပုံစံနဲ့ အသင်ကြားခံခဲ့ရတော့ မူရှီးဟာ သူ့ကို ပြုစုပျိုးထောင်ရာမှာ အဖေ ဖြည့်ဆည်းခဲ့တဲ့ တာဝန်နဲ့ ဝတ္တရားတွေကို သူ့အပေါ်ထားတဲ့ အကြင်နာတရားလို့ပဲ အမြဲ မှတ်ယူခဲ့ပြီး အဖေ့ကို သူ့အကြွေးရှင်လို သဘောထားခဲ့မိတယ်။ အဖေ့ရဲ့ ပြုစုပျိုးထောင်ပေးတဲ့ ကျေးဇူးကို ပြန်မဆပ်နိုင်ဘူးလို့ တွေးမိတိုင်း သူ အပြစ်ရှိသလို ခံစားရပြီး သူ့ရင်ထဲမှာ စွပ်စွဲခံရသလို ဖြစ်နေခဲ့တာ၊ ပြီးတော့ သူ့မှာ အသိစိတ်မရှိဘူးလို့ ခံစားခဲ့ရတယ်။ သူ့ရဲ့ တာဝန်ဟာ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ သူ ပြီးမြောက်အောင် လုပ်ရမဲ့ တာဝန်ဖြစ်မှန်း သိပေမဲ့ မှားယွင်းပြီးအဓိပ္ပာယ်မဲ့တဲ့ အမြင်တွေရဲ့ ချည်နှောင်တာ၊ ဘောင်ခတ်တာကို သူ ခံနေရဆဲဖြစ်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့နဲ့ သမ္မာတရား လိုက်စားဖို့ အခွင့်အရေးကိုတောင် စွန့်ပစ်ချင်စိတ် ပေါက်ခဲ့တယ်။ ဒီကိစ္စမှာ သူက ဘုရားသခင်ကို ပုန်ကန်ပြီး သစ္စာဖောက်နေခဲ့တာပဲ။ အမှုကိစ္စတွေအပေါ်မှာ မှန်ကန်တဲ့ အမြင်ရှုထောင့် မရှိတာ၊ ဘယ်ဟာက အပြုသဘောဆောင်ပြီး ဘယ်ဟာက အပျက်သဘောဆောင်တယ် ဆိုတာကို လုံးဝ မခွဲခြားနိုင်တာတွေက ဘယ်လောက် သနားစရာကောင်းလဲဆိုတာ မူရှီး မြင်သွားတယ်။ သူ့အသက်ကို ဘုရားသခင် ပေးထားတာဖြစ်ပြီး ဘုရားသခင်ရဲ့ ကြိုတင်စီမံမှုနဲ့ အချုပ်အခြာအာဏာသာ မရှိရင် သူ အန္တရာယ်ကင်းကင်းနဲ့ ကြီးပြင်းလာဖို့မပြောနဲ့ ဒီလောကထဲကိုတောင် ရောက်လာနိုင်မှာ မဟုတ်ဘူးဆိုတာ မူရှီး သဘောပေါက်သွားတယ်။ ပြီးတော့ အဖေ့ရဲ့ လှိုက်လှိုက်လှဲလှဲ ဂရုစိုက်မှုကို ရတဲ့ ဒီမိသားစုထဲမှာ သူ မွေးဖွားလာတဲ့အချက်ကလဲ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ။ ဘယ်သူ့ကိုမဆို အကြွေးတင်သလို ခံစားနေရမဲ့အစား ဘုရားသခင်ရဲ့ ကျေးဇူးတော်အတွက် သူ ကျေးဇူးတင်သင့်တာပါ။ ဒါကို သဘောပေါက်လိုက်တော့ မူရှီးက ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ဒီနှစ်တွေတစ်လျှောက်လုံး မှားယွင်းပြီးအဓိပ္ပာယ်မဲ့တဲ့ ရိုးရာအယူအဆတွေရဲ့ ချည်နှောင်တာကို ကျွန်မ ခံခဲ့ရပါတယ်၊ ပြီးတော့ အဖေ ဖြည့်ဆည်းသင့်တဲ့ တာဝန်တွေကို အကြင်နာတရားလို့ ကျွန်မ အမြဲ မှတ်ယူခဲ့မိတယ်။ ဒါကြောင့် အဖေ့ကို ကျွန်မ ဂရုမစိုက်နိုင်တဲ့အခါ ဘောင်ခတ်ခံရပြီး စွပ်စွဲခံရသလို ခံစားခဲ့ရတယ်။ ပြီးတော့ ကိုယ့်တာဝန်ကို လျစ်လျူရှုမိခဲ့ပါတယ်။ ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်မ ထပ်ပြီး မပုန်ကန်ချင်တော့ပါဘူး။ ကိုယ်တော့်ရှေ့မှောက်မှာ ကျွန်မ နောင်တရချင်ပါတယ်” ဆိုပြီးတော့။
ပြီးတော့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို မူရှီး ဖတ်လိုက်တယ်။ “ပထမအချက်အနေဖြင့် လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် နေအိမ်မှ စွန့်ခွာဖို့ ရွေးချယ်ကြသည်။ ယင်းမှာ ဆက်စပ်လွှမ်းခြုံမှုရှိသော အပြင်ပန်း အခြေအနေများကြောင့် တစ်စိတ်တစ်ဒေသဖြစ်ပြီး ထိုအခြေအနေများကြောင့် ၎င်းတို့၏ မိဘများကို စွန့်ခွာရန် လိုအပ်လာခြင်း ဖြစ်၏။ ထိုသူတို့သည် မိမိတို့၏ မိဘများကို စောင့်ရှောက်ပြီး အဖော်ပြုပေးရန် ၎င်းတို့ဘေးတွင် မနေနိုင်ကြပေ။ ထိုသူတို့အနေဖြင့် မိမိတို့ မိဘများကို စွန့်ခွာရန် လိုလိုလားလား ရွေးချယ်ကြခြင်း မဟုတ်ပေ။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်ဖြစ်သည်။ နောက်တစ်ချက်အနေဖြင့် မိမိ၏ ဆန္ဒအလျောက် ပြောရလျှင် သင်သည် မိမိ၏ မိဘများအပေါ် မိမိ၏ ဝတ္တရားကို ရှောင်ရှားရန်အတွက် သင်၏ တာဝန်များကို သွားရောက် ထမ်းဆောင်ခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကြောင့် သင်၏ တာဝန်များကို ထမ်းဆောင်ရန် ထွက်သွားခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်အလို့ငှာ သူ၏ ခေါ်ဆောင်ခြင်းကို လက်ခံရန် အဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန်အလို့ငှာ သင်၏ မိဘများကို စွန့်ခွာရန်မှလွဲ၍ သင်၌ ရွေးချယ်စရာ မရှိခဲ့ပေ။ ၎င်းတို့ကို အဖော်ပြုပေးပြီး စောင့်ရှောက်ရန် ၎င်းတို့ နံဘေးတွင် သင် မနေနိုင်ပေ။ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို သင် စွန့်ခွာခဲ့ခြင်း မဟုတ်၊ မှန်သလော။ သင်၏ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို စွန့်ခွာခြင်းနှင့် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကို ပြန်ကြားကာ သင်၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့ကို စွန့်ခွာရခြင်းဟူသည့် ဤအရာများသည် မတူကွဲပြားသည့် သဘာဝနှစ်ခုနှင့် သက်ဆိုင်သည် မဟုတ်လော။ (သက်ဆိုင်ပါသည်။) သင်၏ စိတ်နှလုံးတွင် သင့်မိဘများအတွက် စိတ်ခံစားမှုဆိုင်ရာ သံယောဇဉ်နှင့် လွမ်းဆွတ်သတိရခြင်းများ ရှိသည်မှာ အမှန်ဖြစ်သည်။ သင်၏ ခံစားချက်များက ဗလာ မရှိပေ။ ပြင်ပ အခြေအနေများက အခွင့်ပေးပြီး သင်၏ တာဝန်များကို ထမ်းဆောင်ရင်း ၎င်းတို့ နံဘေးတွင် သင် နေနိုင်လျှင်၊ သင်သည် ၎င်းတို့ကို ပုံမှန် စောင့်ရှောက်ကာ သင်၏ ဝတ္တရားများကို ဖြည့်ဆည်းရင်း ၎င်းတို့ နံဘေးတွင်နေရန် လိုလားနေပေမည်။ သို့ရာတွင် ပြင်ပ အခြေအနေများကြောင့် ၎င်းတို့ကို သင် စွန့်ခွာရမည်ဖြစ်သည်။ ၎င်းတို့နံဘေးတွင် သင် ရှိမနေနိုင်ပေ။ ၎င်းတို့၏ သားသမီးအနေဖြင့် သင်၏ ဝတ္တရားများကို သင် မဖြည့်ဆည်းချင်သောကြောင့် မဟုတ်ဘဲ မဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။ ဤအရာသည် သဘာဝအားဖြင့် ကွဲပြားသည် မဟုတ်လော။ (ကွဲပြားပါသည်။) သားသမီးဝတ် ကျေပွန်ခြင်းနှင့် သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းအား ရှောင်ရှားရန် သင် အိမ်ကို စွန့်ခွာခဲ့လျှင် ယင်းမှာ သားသမီးဝတ် မကျေပွန်ခြင်းနှင့် လူ့သဘာဝ ကင်းမဲ့ခြင်း ဖြစ်သည်။ သင်၏ မိဘများက သင့်ကို ပြုစုပျိုးထောင်ခဲ့သော်လည်း သင်သည် ဘဝတွင် အခြေချရန်နှင့် သင့်ဘာသာ အလျင်အမြန် ထွက်သွားရန် မစောင့်နိုင်ပေ။ သင်၏ မိဘများကို သင် မမြင်လိုသကဲ့သို့ ၎င်းတို့ ကြုံရသည့် အခက်အခဲတစ်ခုခုနှင့်ပတ်သက်၍ ကြားသည့်အခါ သင်သည် အရေးစိုက်မှု တစ်စက်မျှ မရှိပေ။ ကူညီရန် နည်းလမ်း သင့်တွင် ရှိလျှင်ပင် သင် မကူညီ။ မကြားသလိုသာ ဟန်ဆောင်ပြီး အခြားသူများအား သင့်အကြောင်း ပြောလိုသည့် မည်သည့်အရာကိုမဆို ပြောခွင့်ပေးလိုက်သည်။ သင်၏ ဝတ္တရားများကို သင် တကယ်ကို မဖြည့်ဆည်းလိုပေ။ ဤသည်မှာ သားသမီးဝတ်မကျေပွန်ခြင်း ဖြစ်၏။ သို့ရာတွင် ယခု ဤသို့ ဖြစ်သလော။ (မဟုတ်ပါ။) များစွာသော လူတို့သည် ၎င်းတို့ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ခရိုင်များ၊ မြို့များ၊ ပြည်နယ်များ၊ သို့မဟုတ် ၎င်းတို့၏ နိုင်ငံများကိုပင် စွန့်ခွာကြပြီးဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ဇာတိမြို့များမှ အလှမ်းဝေးနှင့်ကြပေသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့၏ မိသားစုများနှင့် ဆက်သွယ်နေရန် ၎င်းတို့အတွက် အဆင်မပြေပေ။ ၎င်းတို့သည် ဇာတိမြို့တစ်မြို့တည်းမှလာသည့် လူများထံမှ မိမိတို့ မိဘများ၏ လက်ရှိ အခြေအနေအကြောင်းကို ရံဖန်ရံခါ မေးမြန်းကြပြီး ၎င်းတို့၏ မိဘများက ကျန်းမာကာ အဆင်ပြေနေဖြစ်ကြောင်းကို ကြားသည့်အခါ စိတ်သက်သာရာရကြသည်။ အမှန်တွင် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်။ သင်သည် သင်၏ မိဘများကို ပြုစုစောင့်ရှောက်ရန် သို့မဟုတ် ၎င်းတို့အပေါ် သင်၏ တာဝန်များကို ဖြည့်ဆည်းရန်ပင် အလိုမရှိသည့် လူ့သဘာဝကင်းမဲ့သောအဆင့်သို့ ရောက်ရှိသွားခြင်းမျိုး မဟုတ်ပေ။ သင်သည် သင်၏ ဝတ္တရားကို မဖြည့်ဆည်းနိုင်သည့် သင် အမျိုးမျိုးသော ပြင်ပအကြောင်းရင်းများကြောင့် ဖြစ်သည့်အတွက် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်ပေ။...ထို့ကြောင့် ခြုံငုံကြည့်လျှင် လူတို့သည် မိမိတို့ မိဘများအပေါ် ၎င်းတို့ ဖြည့်ဆည်းသည့် တာဝန်များနှင့်ဆိုင်သည့် အသိစိတ်တွင် အသိတစ်ခု ရှိကြ၏။ ဤအသိက မိမိ၏ မိဘများအပေါ် မည်သည့် သဘောထား ဖြစ်စေသည်ဖြစ်စေ၊ ထိုအရာက ပူပန်မှုဖြစ်စေ၊ ၎င်းတို့နံဘေးတွင် ရှိနေပေးရန် ရွေးချယ်ခြင်း ဖြစ်စေ၊ မည်သို့ဆိုစေ အပြင်ပန်း အခြေအနေများ၏ ထိခိုက်မှုခံရခြင်းကြောင့် ၎င်းတို့၏ မိဘများအပေါ် ၎င်းတို့၏ တာဝန်များကို မဖြည့်ဆည်းနိုင်ခဲ့သည့်အတွက် လူတို့သည် အပြစ်ရှိသည့်စိတ် မခံစားသင့် သို့မဟုတ် ဝန်ပိသည့် အသိစိတ် မရှိသင့်ကြပေ။ ဤကိစ္စများနှင့် ဤကဲ့သို့သော အခြားအရာများသည် ဘုရားသခင်၌ လူတို့၏ ယုံကြည်ခြင်း အသက်တာတွင် ဒုက္ခပြဿနာများ ဖြစ်မလာသင့်ပေ။ ယင်းတို့ကို လက်လွှတ်သင့်ပေသည်။ မိမိ၏ မိဘများအပေါ် တာဝန်များ ဖြည့်ဆည်းခြင်းနှင့် ဆက်စပ်သည့် ဤအကြောင်းအရာများနှင့် ပတ်သက်လာသည့်အခါ လူတို့တွင် ဤတိကျမှန်ကန်သည့် သိနားလည်မှုများ ရှိသင့်ပြီး ဘောင်ခတ်ခြင်းခံရသည်ဟု မခံစားသင့်တော့ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) အဖေ့ကို ပြုစုစောင့်ရှောက်ဖို့ အိမ်မှာ မနေနိုင်တာက သားသမီးဝတ် မကျေတာ မဟုတ်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ မူရှီး နားလည်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အဖေ့ကို ပြုစုစောင့်ရှောက်ပြီး အဖေ့နားမှာ နေချင်တဲ့ တာဝန်ကို မဖြည့်ဆည်းချင်လို့ မဟုတ်ဘဲ စီစီပီရဲ့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ဖမ်းဆီးမှုကြောင့်သာ မိသားစုနဲ့ ဝေးရာကို မတတ်သာဘဲ ထွက်ပြေးရလို့လေ။ နောက်ပြီးတော့ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို သူ ထမ်းဆောင်ရမယ်၊ သူ့ရဲ့ တာဝန်နဲ့ ဝတ္တရားတွေကို ပြီးမြောက်အောင် လုပ်ရမယ်။ သခင်ယေရှုရဲ့ ဧဝံဂေလိတရားကို သက်သေခံဖို့နဲ့ ဟောပြောဖို့အတွက် မိဘတွေ၊ မိသားစုတွေကို စွန့်ခွာပြီး ခရီးထွက်ခဲ့ကြတဲ့၊ အယူဝါဒဖြန့်ဝေခဲ့ကြတဲ့၊ အလုပ်လုပ်ခဲ့ကြတဲ့ ခေတ်အဆက်ဆက်က သန့်ရှင်းသူတွေကို မူရှီး တွေးမိတယ်။ နောက်ဆုံးမှာ သူတို့က သခင်ယေရှုရဲ့ ဧဝံဂေလိတရားကို ကမ္ဘာအနှံ့ ဖြန့်ဝေနိုင်ခဲ့ကြပြီး လူများစွာကို သခင့်ရဲ့ ကယ်တင်ခြင်း ရရှိစေခဲ့တယ်။ သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အသုံးခံမှုတွေဟာ ကောင်းမှုတွေဖြစ်ပြီး တရားအမျှတဆုံးသော အမှုလဲ ဖြစ်တယ်။ အခုအချိန်က နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေဖို့ အရေးကြီးတဲ့ အချိန်ဖြစ်ပြီး အမှောင်ထဲမှာ အသက်ရှင်နေရပြီး ဘုရားသခင်ရဲ့ အသံတော်ကို မကြားရသေးတဲ့၊ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို တောင့်တနေတဲ့ လူတွေ အများကြီး ရှိနေသေးတယ်။ ပြီးတော့ ဧဝံဂေလိ ဖြန့်ဝေတဲ့အလုပ်မှာ တစ်တပ်တစ်အား ပါဝင်သင့်တယ်ဆိုတာ မူရှီး သိတယ်လေ။ ဒါကို သဘောပေါက်လိုက်တော့ မူရှီးဟာ အများကြီး ပိုပြီး လွတ်လပ်ပေါ့ပါးသွားတယ်လို့ ခံစားရပြီး အဖေ့ကို အကြွေးတင်သလို ခံစားချက်နဲ့ အသက်မရှင်တော့ဘဲ သူ့တာဝန်မှာ သူ့စိတ်နှလုံးကို ပိုပြီး မြှုပ်နှံထားလိုက်တော့တယ်။