၆၆။ သိမ်ငယ်စိတ်မှ ရုန်းထွက်ခြင်း

ယဲ့ကျီ၊ တရုတ်နိုင်ငံ

၂၀၂၂ ခုနှစ်မှာ အသင်းတော်က လူသစ်တွေကို ကျွန်မ ရေလောင်းပေးနေခဲ့တယ်။ ဒါဟာ ဘုရားသခင်ရဲ့ ချီးမြှောက်မှုဖြစ်မှန်း ကျွန်မသိလို့ ဒီလေ့ကျင့်ခွင့်ရတာကို ချစ်မြတ်နိုးပြီး နိုင်ငံတော် ဧဝံဂေလိတရား ပြန့်ပွားဖို့အတွက် ကိုယ်တတ်နိုင်သလောက် ပါဝင်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ နောက်ပိုင်းမှာ ညီအစ်မကျန်ရှင်းနဲ့ ကျွန်မ တွဲလုပ်ရတယ်။ သူက သမ္မာတရား မိတ်သဟာယပြုတာ တော်တော်ရှင်းလင်းတယ်ဆိုတာ၊ လူသစ်တွေရဲ့ လိုအပ်ချက်အလိုက် ရေလောင်းပေးပြီး သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုတာ ကျွန်မ တွေ့ရတယ်။ တချို့ကိစ္စတွေဆို ကျွန်မ သဘောမပေါက်ပေမဲ့ သူကတော့ လွယ်လွယ်လေး မိတ်သဟာယပြုပြီး ဖြေရှင်းပေးနိုင်တယ်။ ဒါကြောင့် သူက သမ္မာတရားကို နားလည်ပြီး လက်တွေ့ကျမှုရှိတဲ့လူတစ်ယောက် ဖြစ်တယ်၊ ကျွန်မကတော့ သူ့ကို ဘယ်လိုမှ မမီဘူးလို့ ခံစားရတယ်။ သူ့ကို ကျွန်မ အားလည်းကျ၊ မနာလိုလည်း ဖြစ်မိတာပေါ့။ ပြီးတော့ တွေးမိတယ်၊ “ကျန်ရှင်းက တော်တော်များများ နားလည်တာပဲ။ သူနဲ့ယှဉ်ရင် ငါသိတာတွေက ဘာမှမဟုတ်ပါဘူး။ ငါတို့သာ စုဝေးပွဲတစ်ခုမှာ အတူတူ မိတ်သဟာယပြုရင် ငါက အရမ်းအဆင့်နိမ့်တယ်လို့ သူထင်သွားပြီး ငါ့အကြောင်း အမှန်အတိုင်း မြင်သွားမလား” ပေါ့။ ဒါကြောင့် ပြဿနာတွေကို အတူတူ ဆွေးနွေးတဲ့အခါ သူ မိတ်သဟာယပြုတာကို ရေဒီယိုတစ်ခုလိုပဲ ကျွန်မ နားထောင်နေလိုက်တယ်၊ ကျွန်မရဲ့ လေးနက်မှုမရှိတဲ့ မိတ်သဟာယကြောင့် သူရယ်မှာစိုးလို့ စကားကို နည်းနည်းပဲ ပြောခဲ့တယ်။ နောက်ပိုင်းမှာ စုဝေးပွဲတွေမှာ သူ ခဏခဏ ကြွားဝါတတ်တာကို ကျွန်မ သတိထားမိတယ်။ တခြားညီအစ်မတစ်ယောက် ရေလောင်းထားတဲ့ လူသစ်တွေရဲ့ အခြေအနေ မကောင်းကြောင်း၊ သူရောက်သွားပြီးမှ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် သူဘယ်လို ကူညီပေးခဲ့ကြောင်း၊ ညီအစ်ကိုမောင်နှမတချို့ အပျက်သဘောဆောင်နေတာ တွေ့တော့ သူတို့ကို အပျက်သဘောဆောင်တာတွေ၊ အထင်အမြင်လွဲတာတွေကနေ ရုန်းထွက်နိုင်အောင် သမ္မာတရားကို ဘယ်လို မိတ်သဟာယပြုပေးခဲ့ကြောင်း၊ ပြီးတော့ အသင်းတော်အလုပ်တွေနဲ့ ခေါင်းဆောင်တွေ ဗျာများနေချိန်မှာ သူ ဘယ်လို ကူညီပေးခဲ့ကြောင်း အဲဒါမျိုးတွေကို ပြောတယ်။ ဒီအချက်ကို ညီအစ်မကျန်ရှင်းကို ကျွန်မ ထောက်ပြချင်ပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ “သူ့မှာက လက်တွေ့ကျတဲ့ အတွေ့အကြုံတွေ တကယ်ရှိတာ၊ ပြီးတော့ သူ မိတ်သဟာယပြုတာက ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်တယ်။ ငါသာ သူ့ပြဿနာတွေကို တိတိကျကျ ထောက်မပြမိရင် သူ ငါ့ကို ဘယ်လိုထင်မလဲ” ပေါ့။ ဒါနဲ့ သူ့ပြဿနာတွေကို ကျွန်မ မထောက်ပြဖြစ်ခဲ့ဘူး။

နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးက ညီအစ်မကျန်ရှင်းရဲ့ ခံစားချက်ကို ထည့်မတွက်ဘဲ တစ်ခုခုပြောလိုက်တော့ ကျန်ရှင်းက သူ့အပေါ် အမြင်စောင်းပြီး လူတွေ၊ အမှုအရာတွေအပေါ် အရမ်းအတွေးလွန်နေတော့တာပေါ့။ ကျွန်မ သူနဲ့ မိတ်သဟာယပြုပြီး သူ့ပြဿနာတွေကို ထောက်ပြချင်ပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ “ကျန်ရှင်းက ငါ့ထက် သမ္မာတရားကို ပိုနားလည်တာ၊ ငါ့ရဲ့ လမ်းပြမှုကို သူ လိုသေးလို့လား။ ဆရာ့ရှေ့မှာ ပညာပြသလို ဖြစ်မနေဘူးလား။ ငါကိုယ်တိုင်ကလည်း ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး၊ ပြီးတော့ သမ္မာတရားနဲ့ပတ်သက်တဲ့ ငါ့နားလည်မှုက တိမ်လွန်းတယ်။ ငါ့မိတ်သဟာယသာ မရှင်းလင်းရင် ငါ့အဖြစ်မှန်ကို သူမြင်သွားမှာ မဟုတ်လား” ပေါ့။ ဒီကိစ္စကို ထပ်ခါတလဲလဲ စဉ်းစားပြီးကာမှ နောက်ဆုံးတော့ ပြောချင်တဲ့စကားတွေကို မျိုသိပ်လိုက်ရတယ်။ နေ့လယ်လောက်မှာ ဖြစ်ချင်တော့ သူ့အခြေအနေနဲ့ တော်တော်ကိုက်ညီတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်မိတယ်။ သူနဲ့ မိတ်သဟာယပြုဖို့ ပြင်လိုက်ပေမဲ့ အတွေးတစ်ခု ဝင်လာတယ်၊ “ကျန်ရှင်းရဲ့ ဘုရားနှုတ်ကပတ်တော်ကို နားလည်သဘောပေါက်နိုင်စွမ်းက ငါ့ထက် အများကြီး သာတယ်။ သူက အကုန်သိပြီးသားဆိုတော့ ငါ့မိတ်သဟာယကို လိုပါ့မလား။ သူ့ဘာသာ ဖတ်ခိုင်းလိုက်တာ ပိုကောင်းပါတယ်၊ အဲဒါက သူ့ကို အကူအညီဖြစ်စေမယ့်အပြင် ငါ့ရဲ့ အားနည်းချက်တွေလည်း ပေါ်မှာ မဟုတ်ဘူး” ပေါ့။ ဒီလိုတွေးပြီးတော့ “ဒီဘုရားနှုတ်ကပတ်တော် အပိုဒ်က တကယ်ကောင်းတယ်၊ ဖတ်ကြည့်ပါဦး” လို့ သူ့ကို ကျွန်မ ပြောလိုက်တယ်။ အဲဒီအပိုဒ်ကို ဖတ်ပြီးရင် သူ့ရဲ့ မှားယွင်းတဲ့ အခြေအနေကို သူသတိပြုမိလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပြီး စောင့်နေခဲ့ပေမဲ့ အံ့သြစရာကောင်းတာက ဖတ်ပြီးတဲ့နောက် သူ ဘာမှမပြောခဲ့ဘူး။ ကျွန်မ နည်းနည်း စိတ်ပျက်သွားပြီး သူနဲ့ မိတ်သဟာယပြုချင်ပေမဲ့ အဲဒီအချိန်မှာ ကျွန်မက “ဘုရားနှုတ်ကပတ်တော်နဲ့ပတ်သက်တဲ့ ငါ့နားလည်မှုက တော်တော်အပေါ်ယံဆန်တယ်၊ ပြီးတော့ လက်တွေ့ကျတာ ဘာမှ မိတ်သဟာယပြုနိုင်မှာမဟုတ်ဘူး။ ကိုယ့်အကြောင်းကိုယ်ပဲ နည်းနည်းသိထားသင့်တယ်” ပေါ့။ ဒီလိုတွေးပြီးတော့ ကျန်ရှင်းနဲ့ မိတ်သဟာယပြုမယ့် အကြံကို ချက်ချင်း လက်လျှော့လိုက်တယ်။ သူက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေပေမဲ့ သူက တော်တော်များများ နားလည်တော့ သူ့ဘာသာ တဖြည်းဖြည်း သတိပြုမိပြီး သူ့ပြဿနာတွေကို ဖြေရှင်းသွားလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့တာလေ။ ဒါပေမဲ့ ကိစ္စတွေက ကျွန်မထင်သလို ဖြစ်မလာဘူး။ ကျန်ရှင်းက ဒီကိစ္စကို ခဏခဏ ထုတ်ပြောလာပေမဲ့ ကိုယ့်ကိုယ်ကိုယ် သတိမပြုမိဘဲ ဖြစ်နေတယ်။ အဲဒီအစား သူ့ မိတ်သဟာယကြောင့် လူတွေက ပြဿနာဟာ ကြီးကြပ်ရေးမှူးဆီမှာ ရှိတယ်၊ ပြီးတော့ သူ့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်တာက အကြောင်းပြချက် တစ်ခုခုရှိတယ်လို့ ထင်သွားကြတယ်။ တစ်ခါတလေ စုဝေးပွဲတွေမှာလည်း ဒီကိစ္စကို သူ ထည့်ပြောတတ်လို့ အနှောင့်အယှက်ဖြစ်တာပေါ့။ ဒီပြဿနာတွေကို သူနဲ့ ကျွန်မ တကယ် မိတ်သဟာယပြုချင်ပေမဲ့ စကားပြောဖို့ ကြိုးစားတိုင်း လည်ချောင်းထဲမှာ တစ်ခုခု တစ်ဆို့နေသလို ခံစားရတယ်။ ပြီးတော့ ကျန်ရှင်းက ကျွန်မထက် အများကြီး ပိုနားလည်တယ်၊ သူနဲ့ မိတ်သဟာယပြုတာ ဆရာကို ဆရာလုပ်သလိုဖြစ်နေမယ်လို့ ကျွန်မ အမြဲ ခံစားရတယ်။ နောက်ဆုံးတော့ မိတ်သဟာယမပြုတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီး ဒီကိစ္စက ဒီအတိုင်း ပြီးသွားခဲ့တယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်တစ်ယောက် ကျွန်မတို့ စုဝေးပွဲကို ရောက်လာပြီး ကျန်ရှင်းရဲ့ ပြဿနာတွေကို မိတ်သဟာယပြုပြီး ဖော်ထုတ်ပေးလိုက်တော့မှ ကျန်ရှင်းက လက်ခံသွားတယ်။ အဲဒီတော့မှ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိတော့တယ်။

ရက်နည်းနည်းကြာတော့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရင်း ကျွန်မရဲ့ အခြေအနေနဲ့ပတ်သက်ပြီး နားလည်မှုတချို့ ရလာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ သူရဲဘောကြောင်သည့် လူများသည် အခက်အခဲအချို့နှင့် ကြုံရသည့်အခါ နောက်ပြန်တွန့်သွားကြသည်။ ဤသို့ အဘယ်ကြောင့် လုပ်ဆောင်ကြသနည်း။ အကြောင်းရင်းတစ်ခုမှာ ဤအရာကို ၎င်းတို့၏ သိမ်ငယ်သော စိတ်ခံစားချက်က ဖြစ်စေခြင်း ဖြစ်သည်။ ၎င်းတို့သည် သိမ်ငယ်ကြသောကြောင့် လူတို့ရှေ့ မသွားဝံ့ကြချေ။ မိမိတို့ ယူသင့်သည့် တာဝန်နှင့် ဝတ္တရားများကိုပင် မယူနိုင်ကြသကဲ့သို့ မိမိတို့၏ စွမ်းရည်နှင့် အစွမ်းအစ နယ်ပယ်အတွင်းနှင့် မိမိတို့ကိုယ်ပိုင် လူ့သဘာဝ အတွေ့အကြုံ နယ်ပယ်အတွင်းရှိ ၎င်းတို့ အမှန်တကယ် စွမ်းဆောင်ရရှိနိုင်စွမ်းရှိသည့်အရာကို တာဝန်မယူနိုင်ကြချေ။ ဤသိမ်ငယ်သော စိတ်ခံစားချက်သည် ၎င်းတို့ လူ့သဘာဝ၏ သွင်ပြင်လက္ခဏာတိုင်းကို ထိခိုက်၏။ ၎င်းတို့၏ တည်ကြည်မှုကို ထိခိုက်ပြီး ၎င်းတို့၏ ပင်ကိုစရိုက်ကိုလည်း ထိခိုက်သည်မှာ အမှန်ဖြစ်၏။ အခြားသူများအနီးတွင် ရှိချိန် ၎င်းတို့သည် မိမိတို့ ကိုယ်ပိုင် အမြင်များကို ဖော်ပြခဲကြပြီး ၎င်းတို့ကိုယ်ပိုင် ရှုထောင့်၊ သို့မဟုတ် အယူအဆအား ၎င်းတို့ ရှင်းသည်ကို တစ်ခါမျှ သင် မကြားရချေ။ ပြဿနာတစ်ခုကို ၎င်းတို့ ကြုံရသည့်အခါ စကားမပြောဝံ့ကြဘဲ ထိုအစား စဉ်ဆက်မပြတ် နောက်တွန့်ကာ နောက်ဆုတ်ကြလေသည်။ လူအနည်းငယ် ရှိသည့်အခါ ထိုသူတို့ကြားတွင် ထိုင်ရလောက်အောင် သတ္တိရှိကြသော်လည်း လူများစွာရှိသည့်အခါ အခြားသူများကြား မလာဝံ့ဘဲလျက် ထောင့်တစ်နေရာကို ရှာပြီး အလင်းရောင် မှိန်သည့်နေရာကို ဦးတည်ကြလေသည်။ တစ်စုံတစ်ရာကို ခိုင်မာစွာနှင့် တက်ကြွစွာ ပြောဆိုပြီး မိမိတို့ တွေးသည့်အရာ မှန်ကန်သည်ဟု ပြသရန် မိမိတို့ကိုယ်ပိုင် အမြင်များနှင့် အယူအဆများကို ဖော်ပြချင်သည်ဟု ၎င်းတို့ ခံစားရသည့်အခါတိုင်းတွင် ထိုသို့လုပ်ဆောင်ရန် သတ္တိပင် မရှိကြချေ။ ထိုသို့သော စိတ်ကူးများ ရှိသည့်အခါတိုင်းတွင် ၎င်းတို့၏ သိမ်ငယ်သော စိတ်ခံစားချက်သည် တစ်ပြိုင်နက် ပွင့်အံထွက်လာပြီး ‘မည်သည့်အရာကိုမျှ မပြောနှင့်။ သင်သည် မတော်ပါ။ သင်၏ အမြင်များကို မဖော်ပြနှင့်။ သင်၏ စိတ်ကူးများကို မိမိဘာသာ သိမ်းထားပါ။ သင်အမှန်တကယ် ပြောချင်သည့်အရာတစ်ခုခု သင့်စိတ်နှလုံးတွင်ရှိလျှင် ကွန်ပျူတာပေါ်တွင် မှတ်ချက်တစ်ခုသာ ပြုလုပ်ပြီး ထိုအရာကို မိမိဘာသာ ပြန်ပြောင်းစဉ်းစားပါ။ အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုအကြောင်းကို သင်သိခွင့်ပေးရမည်မဟုတ်။ တစ်စုံတစ်ရာ သင်အမှားပြောမိလျှင် မည်သို့ ဖြစ်မည်နည်း။ ယင်းမှာ အလွန်ပင် အရှက်ရစရာ ဖြစ်လိမ့်မည်’ဟု ၎င်းတို့ကို ပြောလျက် ၎င်းတို့ကို ထိန်းချုပ်ကာ ချုပ်တည်းစေလေသည်။ ဤအသံက သင်ပြောလိုသည့် စကားများကို ပြန်မျိုသိပ်စေလျက် ဤအရာကို မလုပ်ဆောင်ရန်၊ ထိုအရာကို မလုပ်ဆောင်ရန်၊ ဤအရာကို မပြောရန်၊ ထိုအရာကို မပြောရန် သင့်ကို ပြောမြဲပြောနေသည်။ သင့်စိတ်နှလုံးတွင် အချိန်ကြာမြင့်စွာ သင် ပြန်ပြောင်းတွေးနေခဲ့သည့် သင် ပြောလိုသောအရာ တစ်စုံတစ်ခုရှိသည့်အခါ သင် နောက်ဆုတ်ကာ ထိုအရာကို မပြောဝံ့ချေ၊ သို့မဟုတ်ပါက ထိုအရာကို သင် မပြောသင့်ဟု ယုံကြည်လျက် ပြောဆိုရန် ရှက်မိပြီး သင် ပြောမိပါက အချို့သော စည်းမျဉ်းများကို ဖောက်ဖျက်မိပြီး ဖြစ်သည့်အလား၊ ဥပဒေကို ချိူးဖောက်မိပြီးဖြစ်သည့်အလား သင် ခံစားလေသည်။ တစ်နေ့တွင် သင်၏ ကိုယ်ပိုင် အမြင်များကို သင် တက်ကြွစွာ ဖော်ပြသည့်အခါ သင့်စိတ်အတွင်းနက်နက်တွင် နှိုင်းယှဉ်၍မရအောင် စိတ်အနှောင့်အယှက်ဖြစ်ပြီး မသက်မသာ ခံစားရလေသည်။ အလွန် စိတ်မသက်မသာဖြစ်သည့် ဤခံစားချက်သည် တဖြည်းဖြည်း လျော့ပါးသွားသော်လည်း သင်၏ သိမ်ငယ်သော စိတ်ခံစားချက်သည် စကားပြောလိုခြင်း၊ မိမိကိုယ်ပိုင် အမြင်များကို ဖော်ပြလိုခြင်း၊ ပုံမှန်လူတစ်ဦး ဖြစ်လိုခြင်းနှင့် အခြားလူတိုင်းနှင့်သာ တူလိုခြင်းအတွက် သင် ရှိထားသည့် စိတ်ကူးများ၊ ရည်ရွယ်ချက်များနှင့် အစီအစဉ်များကို ဖြည်းညင်းစွာ ချုပ်တည်းလိုက်လေသည်။ သင့်ကို နားမလည်သူများက သင်သည် စကားနည်းသူ၊ နှုတ်ဆိတ်သူ၊ ရှက်တတ်သည့် ပင်ကိုစရိုက်ရှိသူ၊ လူအုပ်ထဲမှ မထင်ပေါ်ချင်သူတစ်ဦးအဖြစ် ယုံကြည်လိုက်သည်။ အခြားလူများစွာရှေ့တွင် သင် စကားပြောသည့်အခါ သင်သည် ရှက်တက်တက်ဖြစ်ပြီး မျက်နှာနီမြန်းသွားသည်။ သင်သည် အတော်အတန် တသီးတသန့်နေတတ်ပြီး အမှန်တွင် သင် သိမ်ငယ်နေသည်ကို သင်တစ်ဦးသာ သိ၏။...လူအချို့က ‘ကျွန်ုပ် သိမ်ငယ်သည်ဟုလည်းကောင်း၊ ဘောင်ခတ်ခြင်းမျိုး တစ်ခုတလေအောက်တွင် ရှိသည်ဟုလည်းကောင်း မထင်ပါ။ မည်သူကမျှ ကျွန်ုပ်ကို ရန်မစဖူး၊ မသေးသိမ်စေဖူးသကဲ့သို့ မည်သူကမျှ ကျွန်ုပ်ကို မချုပ်ထိန်းဖူးပါ။ ကျွန်ုပ် အလွန် လွတ်လပ်စွာ အသက်ရှင်သောကြောင့် ယင်းမှာ ဤသိမ်ငယ်သော စိတ်ခံစားချက် ကျွန်ုပ်တွင်မရှိဟု ဆိုလိုသည် မဟုတ်ပါလား’ဟု ပြောကြသည်။ ယင်းမှာ မှန်ကန်ပါသလော။ (မမှန်ပါ၊ တစ်ခါတစ်ရံတွင် ထိုသိမ်ငယ်သော စိတ်ခံစားချက် ကျွန်ုပ်တို့ ရှိနေကြဆဲဖြစ်ပါသည်။) သင်တို့သည် ထိုအရာကို အတိုင်းအတာ အနည်းနှင့်အများ ရှိကောင်းရှိနိုင်ကြဆဲ ဖြစ်သည်။ ထိုအရာက သင်၏ အတွင်းကျကျ စိတ်နှလုံးကို မစိုးမိုးနိုင်သော်လည်း အချို့ ဖြစ်ရပ်များတွင် တစ်ခဏအတွင်း ဖြစ်ပေါ်နိုင်သည်။ ဥပမာအားဖြင့် သင့်ထက်သာ၍များပြားသော ပါရမီရှိသူ၊ သင့်ထက်သာ၍ အထူးကျွမ်းကျင်မှုများနှင့် ဆုကျေးဇူးများရှိသည့် တစ်စုံတစ်ဦး၊ သင့်ထက်သာ၍ ကြီးစိုးသည့်၊ သင့်ထက်သာ၍ ခြယ်လှယ်လွန်းသည့်၊ သင့်ထက်သာ၍ ဆိုးယုတ်သည့်၊ သင့်ထက်သာ၍ အရပ်မြင့်ပြီး သာ၍ ဆွဲဆောင်မှုရှိသည့်၊ လူမှုအဖွဲ့အစည်းတွင် အဆင့်အတန်းရှိသည့်၊ ကြွယ်ဝချမ်းသာသည့်၊ သာ၍ ပညာတတ်ပြီး သင့်ထက်သာ၍ မြင့်မားသည့် အဆင့်အတန်းရှိသူ၊ သာ၍ အသက်အရွယ် ကြီးရင့်ပြီး ဘုရားသခင်ကို သာ၍ ကြာရှည်စွာ ယုံကြည်ခဲ့သည့် တစ်စုံတစ်ဦး၊ အတွေ့အကြုံနှင့် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် သာ၍ စစ်မှန်မှုရှိသည့် တစ်စုံတစ်ဦးဖြစ်သော၊ သင် ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်သည့် တစ်စုံတစ်ဦးနှင့် သင် ကြုံရသည့်အခါ သင်၏ သိမ်ငယ်သော စိတ်ခံစားချက်ကို ထွက်ပေါ်မလာအောင် သင်မတားဆီးနိုင်ပေ။ ဤစိတ်ခံစားချက် ဖြစ်ပေါ်သည့်အခါ သင်၏ ‘အလွန် လွတ်လပ်စွာ အသက်ရှင်ခြင်း’ သည် ပျောက်ကွယ်သွားသည်။ သင်သည် ကြောက်တတ်လာပြီး သင်၏ သတ္တိ ပျောက်ဆုံးသွားသည်။ သင်၏ စကားများအား မည်သို့ စီကုံးရမည်ကို သင် တွေးဆသည်။ သင်၏ မျက်နှာအမူအရာ သဘာဝမကျ ဖြစ်လာသည်၊ သင်၏ စကားများနှင့် လှုပ်ရှားမှုများတွင် သင်သည် ချုပ်တည်းထားရသည်ဟု ခံစားရပြီး မိမိကိုယ်ကို စတင် ပြရုပ်တင်လာလေသည်။ သင်၏ သိမ်ငယ်သော စိတ်ခံစားချက်များ ထွက်ပေါ်ခြင်းကြောင့် ဤအရာများနှင့် အခြားသော သရုပ်သကန်များ ဖြစ်ပျက်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်ကနေ ကျွန်မ မြင်လိုက်ရတာက သိမ်ငယ်စိတ်ရှိတဲ့လူတွေဟာ သူတို့က သူများလောက် မတော်ဘူးလို့ အမြဲ ခံစားရပြီး သူတို့ရဲ့ အမြင်တွေကို ထုတ်မပြောရဲကြဘူး။ အထူးသဖြင့် သူတို့ထက် ပိုတော်ပြီး ဆုကျေးဇူးရှိတဲ့ လူတွေနဲ့ တွေ့တဲ့အခါ ပိုတောင် တွန့်ဆုတ်ပြီး ဘာမှမလုပ်ရဲတော့ဘူး။ တစ်ဖက်လူမှာ ပြဿနာရှိတာ တွေ့ရင်တောင် ထုတ်မပြောရဲကြဘူး။ သူတို့က အရာရာကို လွန်လွန်ကဲကဲ သတိထားပြီး စိုးရိမ်လွန်းတော့ အသင်းတော်ရဲ့ အကျိုးစီးပွားကို မကာကွယ်နိုင်ကြဘူး။ ကျန်ရှင်းနဲ့ ကျွန်မရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြန်သုံးသပ်ကြည့်ရင် သူက ပိုနားလည်ပြီး မိတ်သဟာယပြုတာ ကောင်းတာကို ကျွန်မ တွေ့တော့၊ အထူးသဖြင့် လူသစ်တွေ မေးသမျှ ပြဿနာတွေကို သူဖြေရှင်းနိုင်ပြီး သူ့မိတ်သဟာယမှာ ရှင်းလင်းတဲ့ လမ်းကြောင်းရှိတာ တွေ့ရတော့ သူ့မှာ သမ္မာတရား လက်တွေ့ကျမှုတွေ ရှိတယ်၊ နှိုင်းယှဉ်ကြည့်ရင် ကျွန်မက အများကြီး နောက်ကျကျန်နေတယ်လို့ ခံစားခဲ့ရတယ်။ သူနားလည်တာနဲ့ ယှဉ်ရင် ကျွန်မသိတာတွေက လုံးဝ မဖြစ်စလောက်ပဲလို့ ထင်ရပြီး မိတ်သဟာယပြုတဲ့အချိန်မှာ ကိစ္စတွေကို ထုတ်ပြောဖို့တောင် ရှက်နေခဲ့တယ်။ သူ့ရှေ့မှာ ကျွန်မက မူလတန်းကျောင်းသားတစ်ယောက်လိုပဲ၊ သူပြောတာကိုပဲ သေချာ နားထောင်သင့်တယ်လို့ ခံစားမိပြီး အဲဒီလိုနဲ့ ကျွန်မက သိမ်ငယ်တဲ့ အခြေအနေမှာ နေနေခဲ့တယ်။ သိမ်ငယ်စိတ်ကြောင့် ပြဿနာတွေ ဆွေးနွေးတဲ့အခါ ကျွန်မက ရေဒီယိုတစ်လုံးလိုပဲ ဖြစ်နေခဲ့တယ်၊ အချိန်အများစုမှာ သူပြောတာကိုပဲ နားထောင်ပြီး ကိုယ့်အမြင်တွေကို ထုတ်မပြောခဲ့ဘူး။ ကျန်ရှင်း ခဏခဏ ကြွားဝါတာကို ကျွန်မ မြင်ပေမဲ့ သူ့မှာ သမ္မာတရား လက်တွေ့ကျမှု ရှိတာပဲ၊ သူ့တာဝန်မှာ ရလဒ်တွေ ထွက်နေတာပဲ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား နည်းနည်းပါးပါး ထုတ်ဖော်တာ ပုံမှန်ပါပဲလေလို့ တွေးပြီး မထောက်ပြတာ၊ ကူညီတာ မလုပ်ခဲ့ဘူး။ ကျန်ရှင်းက လူတွေ၊ ကိစ္စတွေအပေါ် အရမ်းတွေးလွန်းပြီး ကြီးကြပ်ရေးမှူးအပေါ် အမြင်စောင်းနေတုန်းကလည်း သူ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး ဒီကနေ သင်ခန်းစာယူနိုင်အောင် ကျွန်မ မိတ်သဟာယပြုပေးသင့်မှန်း သိခဲ့ပါတယ်။ ဒါပေမဲ့ သူက ကျွန်မထက် ကိစ္စတွေကို ပိုထိုးထွင်းမြင်နိုင်တယ်၊ ကျွန်မရဲ့ အသိနဲ့ နားလည်သဘောပေါက်နိုင်စွမ်းက သာမန်ပဲရှိတယ်၊ သူ့အဆင့်ကို မမီဘူးလို့ ခံစားရပြီး သူနဲ့ မိတ်သဟာယပြုဖို့ အရည်အချင်းမပြည့်မီဘူးလို့ ခံစားခဲ့ရတယ်။ သိမ်ငယ်စိတ်ကြောင့် သူ့ပြဿနာတွေကို မြင်တာတောင် ကျွန်မ ထုတ်မပြောရဲခဲ့ဘူး။ သူ့ရှေ့မှာ သတ္တိကြောင်ပြီး ဘာမှမလုပ်ရဲတော့သလို ကိုယ့်မှာရှိတဲ့ အမြင်နည်းနည်းကို မိတ်သဟာယပြုဖို့ အတွေးတွေကိုတောင် စွန့်လွှတ်ခဲ့တယ်။ တကယ်တော့ ပုံမှန် ဆင်ခြင်တုံတရားရှိတဲ့ လူတစ်ယောက်အနေနဲ့ ကိုယ်ဘယ်လောက် ကောင်းကောင်း မိတ်သဟာယပြုနိုင်တယ်ဆိုတာကို ပဓာနမထားဘဲ ပြဿနာတစ်ခု တွေ့ရင် ကိုယ့်တာဝန်ကို ဖြည့်ဆည်းပြီး တတ်နိုင်သလောက် မိတ်သဟာယပြုသင့်တယ်။ ဒါက သမ္မာတရားရဲ့ ကဏ္ဍတစ်ခုကို လက်တွေ့လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သိမ်ငယ်စိတ်ကြောင့် ကျန်ရှင်းရဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ကျွန်မ ဘာမှမပြောရဲ၊ ထောက်မပြရဲဘဲ ကျွန်မ လုပ်နိုင်တဲ့အရာကို လုပ်ဖို့ ပျက်ကွက်ခဲ့တယ်။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ တော်တော် နောင်တရမိတယ်။ စိတ်ထဲမှာ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ တခြားလူက ဘယ်သူပဲဖြစ်စေ သူတို့ဆီမှာ ကျွန်မ တွေ့ရတဲ့ ဘယ်ပြဿနာကိုမဆို မိတ်သဟာယဖွဲ့ပြီး ကူညီဖို့၊ သိမ်ငယ်စိတ်ရဲ့ ချည်နှောင်မှုကို မခံဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မထက် သာတဲ့လူတွေရှေ့ရောက်ရင် ဘာလို့ ဒီလောက် သိမ်ငယ်စိတ် ဝင်ရတာလဲဆိုတာကိုလည်း ကျွန်မ စိတ်နှလုံးထဲမှာ ဆုတောင်းပြီး ရှာဖွေခဲ့တယ်။ စုဝေးပွဲတစ်ခုမှာ ကျွန်မရဲ့ အခြေအနေအကြောင်း မိတ်သဟာယပြုတယ်။ ညီအစ်မတစ်ယောက်က ကျွန်မရဲ့ ပြဿနာတွေကို ထောက်ပြတယ်။ ကျွန်မက ကိုယ့်ရဲ့ မာန်မာနနဲ့ အဆင့်အတန်းကို အလေးထားလွန်းတယ်၊ ထုတ်ပြောလိုက်ရင် အနှိမ်ခံရမှာ၊ ကိုယ့်နာမည်ပျက်ပြီး အဆင့်အတန်း ကျသွားမှာကို ကြောက်နေတယ်တဲ့။ အဲဒီညီအစ်မရဲ့ လမ်းပြမှုကို ကြားပြီးတဲ့နောက် ဒီကိစ္စနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ဖို့ ကျွန်မ သတိရှိရှိနဲ့ အာရုံစိုက်လုပ်ဆောင်ခဲ့တယ်။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ “သမ္မာတရားကို ရှာဖွေရမည့်အစား လူအများစုတွင် ၎င်းတို့၏ ကိုယ်ပိုင်သေးနုပ်သော လုပ်ငန်းစဉ်များရှိသည်။ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ ဂုဏ်သိက္ခာ၊ အခြားသူများ၏ စိတ်ထဲတွင် ၎င်းတို့ရှိနေသည့် နေရာ သို့မဟုတ် အဆင့်အတန်းတို့သည် ၎င်းတို့အတွက် အလွန်အရေးကြီးသည်။ ၎င်းတို့ မြတ်နိုးသည်မှာ ဤအရာများသာ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို လုံးဝ လက်မလွတ်စတမ်း ဖက်တွယ်ထားကြပြီး ၎င်းတို့၏ အသက်စင်စစ်တမျှ မှတ်ယူကြသည်။ ၎င်းတို့ကို ဘုရားသခင်က မည်သို့မြင်သည်၊ သို့မဟုတ် သဘောထားသည်မှာ သာမည အရေးကြီးသောအရာ ဖြစ်သည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် ယင်းကို လျစ်လျူရှုကြသည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် အဖွဲ့၏ အကြီးအကဲဖြစ်ခြင်းရှိမရှိ၊ အခြားလူတို့သည် ၎င်းတို့ကို အထင်ကြီးလေးစားပြီး ၎င်းတို့၏ စကားများသည် ဩဇာလွှမ်းမိုးနိုင်ခြင်း ရှိမရှိတို့ကိုသာ ထည့်တွက်စဉ်းစားသည်။ ၎င်းတို့ ဦးစွာအလေးထားသည့်ကိစ္စမှာ ထိုရာထူးကို နေရာယူရန်ဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တစ်ခုတွင် ရှိသောအခါ လူအားလုံးနီးပါးက ဤအဆင့်အတန်းမျိုး၊ ဤအခွင့်အလမ်းမျိုးကို ရှာဖွေကြသည်။ ၎င်းတို့က အလွန်ပါရမီရှိပါက၊ အကြီးဆုံးသောသူဖြစ်ချင်ကြသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် အလယ်အလတ် အရည်အချင်းရှိလျှင် အဖွဲ့ထဲက ပိုမြင့်သော နေရာတွင် ရှိချင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တွင် နိမ့်သည့်နေရာ၌ရှိပြီး ပုံမှန်အစွမ်းအစနှင့် အရည်အချင်းရှိလျှင် ၎င်းတို့သည်သူတစ်ပါးက ၎င်းတို့အား အထင်ကြီး လေးစားသည်ကိုလည်း လိုချင်ကြလိမ့်မည်၊ မိမိတို့ကို အခြားသူများ အထင်သေးစေချင်ကြမည် မဟုတ်ပေ။ ဤလူတို့၏ ဂုဏ်သိက္ခာသည် ၎င်းတို့ သတ်မှတ်ထားသည့် စံနှုန်းဖြစ်သည်။ ဤအရာတို့ကို ၎င်းတို့က ကိုင်စွဲထားရသည်။ ၎င်းတို့တွင် သမာဓိမရှိနိုင်ကြသည့်အပြင် ဘုရားသခင်၏ နှစ်သက်သဘောကျမှု သို့မဟုတ် လက်ခံမှုကိုလည်း ၎င်းတို့မပိုင်ဆိုင်နိုင်ကြပေ။ သို့သော် ၎င်းတို့သည် အခြားသူများကြားတွင် ၎င်းတို့ရရှိဖို့ ကြိုးပမ်းထားသည့် အလေးထားခံရမှုကိုဖြစ်စေ၊ အဆင့်အတန်းကိုဖြစ်စေ၊ အထင်ကြီးမှုကိုဖြစ်စေ လုံးဝဥဿုံ အဆုံးရှုံးမခံနိုင်ကြ။ ဤသည်မှာ စာတန်၏ စိတ်သဘောထားပင် ဖြစ်သည်။ သို့ရာတွင် လူတို့သည် ဤအရာကို သတိမပြုမိကြပေ။ ၎င်းတို့သည် အဆုံးထိ ဤသိက္ခာ တစ်ပိုင်းတစ်စကို ဖက်တွယ်ထားရမည်ဆိုသည်မှာ ၎င်းတို့၏ ယုံကြည်မှုဖြစ်သည်။ ဤအချည်းနှီးဖြစ်ပြီး အပေါ်ယံဖြစ်သော အရာများကို အပြည့်အဝ စွန့်လွှတ်ပြီး ဘေးဖယ်လိုက်သည့်အခါမှသာ ၎င်းတို့သည် စစ်မှန်သော လူတစ်ဦးဖြစ်လာမည်ကို ၎င်းတို့ သတိမပြုမိကြပေ။ လူတစ်ဦးသည် စွန့်ပစ်သင့်သည့် ဤအရာများကို အသက်ကဲ့သို့ ကာကွယ်စောင့်ရှောက်နေလျှင် သူ့ဘဝကား ဆုံးပြီဖြစ်သည်။ မည်သည့်အရာကို ဆုံးရှုံးရတော့မည်ကို ၎င်းတို့ မသိကြပေ။ ထို့ကြောင့် ၎င်းတို့ ပြုမူဆောင်ရွက်သောအခါတွင် တစ်စုံတစ်ခုကို အစဉ်သဖြင့် ပြန်စွဲကိုင်ထားသည်။ မိမိတို့၏ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းကို ကာကွယ်ရန် အစဉ် ကြိုးစားကြသည်။ ၎င်းတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်ပန်းတိုင်များအတွက်သာ ပြောဆိုလျက် ၎င်းတို့၏ ကိုယ်ပိုင်အတုအယောင်ကာကွယ်မှုအတွက် ဤအရာတို့ကို ဦးစားပေးကြသည်။ ၎င်းတို့လုပ်သမျှ အရာရာတိုင်းသည် ၎င်းတို့ကိုယ်တိုင်အတွက်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ဟာ ကိုယ့်မာန်မာနနဲ့ အဆင့်အတန်းကို အရမ်း ခုံမင်ကြပြီး လူတွေရဲ့ စိတ်ထဲမှာ ပုံရိပ်ကောင်း ရချင်ကြမှန်း၊ ကျွမ်းကျင်မှုရှိပြီး အလုပ်လုပ်နိုင်စွမ်း ကောင်းတဲ့လူတွေက သူများတွေကြားမှာ အဆင့်အတန်း မြင့်ချင်ကြပြီး အထင်ကြီးခံချင်ကြမှန်း ကျွန်မ တွေ့လိုက်ရတယ်။ သာမန် အလုပ်လုပ်နိုင်စွမ်းပဲ ရှိတဲ့လူတွေတောင်မှ သူများအောက် မကျချင်ကြဘူး၊ သူများ အထင်သေးတာ မခံချင်ကြဘူး။ အသင်းတော်ရဲ့ အကျိုးစီးပွားကို စွန့်လွှတ်ရမယ်ဆိုရင်တောင်မှ သူတို့ရဲ့ မာန်မာနနဲ့ အဆင့်အတန်းကို ထိန်းသိမ်းချင်ကြတုန်းပဲ။ ကျွန်မရဲ့ အခြေအနေက အဲဒီလို ဖြစ်နေတာ။ ကျွန်မမှာ အလုပ်လုပ်နိုင်စွမ်း နည်းနည်းလေးပဲ ရှိမှန်း သိပေမဲ့ အခြေအနေတွေ ကြုံလာရင် ကိုယ့်မာန်မာနနဲ့ အဆင့်အတန်းကိုပဲ အရင် စဉ်းစားတယ်။ သူများ အားကျတာကို မခံရရင်တောင် အနည်းဆုံးတော့ အထင်သေး မခံချင်ဘူး။ ဒါမှ ဂုဏ်သိက္ခာနဲ့ တည်ကြည်မှုရှိရှိ နေထိုင်တာလို့ ကျွန်မ ထင်ခဲ့တယ်။ စာတန်ရဲ့ အသက်ရှင်ရပ်တည်ရေး ဥပဒေသတွေအတိုင်း ကျွန်မ ရှင်သန်ခဲ့တာကိုး၊ ဥပမာ- “သစ်မှာ အခေါက်၊ လူမှာ ဂုဏ်သိက္ခာ” ဆိုတာနဲ့ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတာမျိုးပေါ့။ ကိုယ့်မာန်မာနနဲ့ အဆင့်အတန်းကို အကြီးအကျယ် တန်ဖိုးထားပြီး အချိန်ပြည့် ထိန်းသိမ်းထားချင်ခဲ့တယ်။ ကျွန်မက သူများလောက် မတော်ရင်တောင်မှ လူတွေရဲ့ စိတ်ထဲမှာ အထင်ကြီးစရာ ကျန်ရစ်ချင်ခဲ့တာ။ ကျွန်မအပေါ် သူများတွေရဲ့ အမြင်ကို ကျွန်မ အမြဲတမ်း အရမ်း ဂရုစိုက်ခဲ့တယ်။ ကျွန်မလောက် မတော်တဲ့သူတွေနဲ့ တွေ့ရင် ကျွန်မ ဘာမှ စိုးရိမ်ပူပန်တာ မရှိဘဲ ကိုယ့်အမြင်တွေကို လွတ်လွတ်လပ်လပ် ထုတ်ပြောနိုင်တယ်။ ဒါပေမဲ့ ကဏ္ဍစုံမှာ ကျွန်မထက် သာတဲ့လူတွေကို တွေ့တဲ့အခါကျရင် ရှောင်လွှဲတဲ့ နည်းဗျူဟာကို သုံးတော့တာပဲ။ စကားမပြောဖို့ အတတ်နိုင်ဆုံး ကြိုးစားတယ်၊ ကိုယ့်အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေကို ဖုံးကွယ်ထားပြီး ကျွန်မရဲ့ မကောင်းတဲ့ဘက်တွေကို သူများ မမြင်အောင် လုပ်တယ်။ ဒါမှ ကျွန်မအကြောင်း ပြောလာရင် အနည်းဆုံးတော့ အကဲဖြတ်ချက် ကောင်းကောင်း ရမှာလေ၊ မဟုတ်ရင် ကျွန်မ တကယ် မျက်နှာပျက်ရမှာပေါ့။ အရင်တုန်းက ဧည့်ခံတဲ့ ညီအစ်မတစ်ယောက် အပျက်သဘောဆောင်တဲ့ အခြေအနေမှာ ရှိနေတုန်းက သူနဲ့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ မိတ်သဟာယပြုပေးနိုင်ခဲ့တာကို ပြန်သတိရမိတယ်။ ဘာမှ စိုးရိမ်မနေဘဲ ကျွန်မ သိသလောက် မိတ်သဟာယပြုပေးခဲ့တယ်။ ကျွန်မ မိတ်သဟာယပြုပြီးသွားတော့ အဲဒီညီအစ်မ အခြေအနေက တိုးတက်လာခဲ့တယ်။ ဒါပေမဲ့ ကျန်ရှင်းနဲ့ကျတော့ သူက ကျွန်မထက် အရာရာ သာနေတာ မြင်ပြီး ကျွန်မကို အထင်သေးမှာ ကြောက်နေခဲ့တာ။ ပြဿနာတချို့ကို တွေ့ရင်တောင် ကျွန်မ ထောက်မပြရဲခဲ့ဘူး။ ပါးစပ်ကို တိပ်နဲ့ ပိတ်ထားသလို ဖြစ်နေခဲ့တာ။ ဒါက ကျန်ရှင်းရဲ့ အသက်ဝင်ရောက်မှုအတွက် ဘာမှ အကျိုးမရှိစေတဲ့အပြင် အသင်းတော်အလုပ်ကိုလည်း ထိခိုက်စေခဲ့တယ်။ ကျွန်မက ကိုယ့်မာန်မာနနဲ့ အဆင့်အတန်းကို အလေးထားလွန်းခဲ့တာပဲ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ တကယ် နောင်တရပြီး ဘုရားသခင်ရှေ့မှောက်ကို လာပြီး ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီး ဒီလို ဆက်မနေချင်တော့ပါဘူး။ သမီး နောင်တရချင်ပါတယ်၊ သမီးရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်အောင် လမ်းပြပေးဖို့ ကိုယ်တော်ကို တောင်းလျှောက်ပါတယ်” ဆိုပြီးတော့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “လူတိုင်းသည် သမ္မာတရားရှေ့မှောက်တွင် တန်းတူညီမျှဖြစ်ပြီး ဘုရားအိမ်တော်၌ မိမိတို့တာဝန်များကို ထမ်းဆောင်သောသူတို့အတွက် အသက်အရွယ်တွင်ဖြစ်စေ၊ နိမ့်ကျမှုနှင့် မြင့်မြတ်မှုတွင်ဖြစ်စေ ခြားနားချက်များ မရှိပေ။ လူတိုင်းသည် မိမိတို့တာဝန်ရှေ့မှောက်တွင် တန်းတူဖြစ်သည်။ မတူကွဲပြားသည့် အလုပ်များကို ၎င်းတို့ လုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။ မည်သူက ဝါရင့်မှုရှိသည်ဟူသည်အရမူ ၎င်းတို့ကြားတွင် ခြားနားချက်များ မရှိပေ။ သမ္မာတရားရှေ့မှောက်တွင် လူတိုင်း နှိမ့်ချမြဲနှိမ့်ချနေသင့်သည်၊ ကျိုးနွံနာခံပြီး လက်ခံတတ်သော စိတ်နှလုံး ရှိမြဲရှိနေသင့်သည်။ လူတို့အနေဖြင့် ဤဆင်ခြင်တုံတရားနှင့် ဤသဘောထား ပိုင်ဆိုင်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) ဘုရားနှုတ်ကပတ်တော်က ပြောထားပါတယ် သမ္မာတရားရှေ့မှာ လူတိုင်း တန်းတူပဲ၊ အဆင့်အတန်း မြင့်တာ၊ နိမ့်တာရယ်လို့ မရှိသလို အရည်အချင်း ခွဲခြားတာလည်း မရှိဘူး တဲ့။ ညီအစ်ကိုမောင်နှမတွေ တာဝန်မှာ ပူးပေါင်းဆောင်ရွက်တဲ့အခါ အခြေအနေတွေ ကြုံလာရင် လူတိုင်း ပါဝင်သင့်ပြီး ကိုယ့်အမြင်တွေကို တက်တက်ကြွကြွ ထုတ်ပြောသင့်တယ်။ ကိုယ့်မိတ်သဟာယက လေးနက်မှုမရှိရင်တောင်မှ ကိုယ်တတ်နိုင်သလောက် ပါဝင်ပေးသင့်တယ်။ ပြဿနာတွေ တွေ့တဲ့အခါ ဘေးလူလို နေမယ့်အစား အသင်းတော်အလုပ်ကို ကာကွယ်ဖို့အတွက် အချိန်မီ တင်ပြသင့်တယ်။ ဒါက ဘုရားသခင်ကို ယုံကြည်သူတိုင်း ရှိသင့်တဲ့ သဘောထားပဲ။ ကျန်ရှင်းနဲ့ ကျွန်မ အတူတွဲပြီးလုပ်တုန်းကလိုပေါ့။ သူက ကျွန်မထက် သမ္မာတရားကို ပိုရှင်းရှင်းလင်းလင်း မိတ်သဟာယပြုနိုင်ပေမဲ့ သူ့မှာလည်း အားနည်းချက်တွေ ရှိပြီး ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်မိတာပါပဲ။ သူ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်တာ၊ ဒါမှမဟုတ် အသင်းတော်အလုပ်ကို ထိခိုက်စေမယ့် အပြောအဆို၊ အပြုအမူတွေ လုပ်တာကို တွေ့ရင် ကျွန်မက လက်ပိုက်ကြည့်မနေသင့်ဘူး။ အဲဒီအစား ကျွန်မ မြင်တာ၊ နားလည်တာကို မိတ်သဟာယပြုပြီး ကိုယ့်တာဝန်ကို ဖြည့်ဆည်းသင့်တယ်။ ဒါပေမဲ့ ကျွန်မက လူတွေ၊ အမှုအရာတွေကို လောကီအမြင်နဲ့ ရှုမြင်ခဲ့တယ်။ လူတွေကြားမှာ အနိမ့်အမြင့် အဆင့်အတန်း၊ အရည်အချင်း၊ အားသာချက်နဲ့ အားနည်းချက် ခွဲခြားမှုတွေ ရှိတယ်လို့ ယုံကြည်ခဲ့တယ်။ အားနည်းသူတွေက အားသာသူတွေကို ကန့်ကွက်မှုတွေလုပ်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ အမြဲတမ်း သတ်မှတ်တယ်၊ ကန့်ကွက်ရင် ကိုယ့်နေရာကိုယ်မသိဘူးလို့ အထင်ခံရပြီး အဖယ်ကြဉ်တောင် ခံရနိုင်တယ်ပေါ့။ ကျွန်မရဲ့ အမြင်က တကယ့်ကို အဓိပ္ပာယ်မရှိလိုက်တာ။ တကယ်တော့ လူတစ်ယောက်က သူ့မိတ်သဟာယမှာ အလင်းပေးခြင်းခံရပြီး သမ္မာတရားကို နားလည်မှု တချို့ ရှိရင်တောင် သူက စုံလင်တယ်လို့ မဆိုလိုပါဘူး။ လူတိုင်းမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ရှိကြပြီး ခဏခဏ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်တတ်ကြလို့၊ မာနထောင်လွှား၊ စိတ်ကြီးဝင်ပြီး ကိုယ့်သဘောဆန္ဒအတိုင်း လုပ်တတ်ကြလို့ အပြန်အလှန် တည့်မတ်ပေးဖို့နဲ့ ကူညီပေးဖို့ လိုအပ်တယ်။ ဒါက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ထိန်းသိမ်းပြီး လူတွေရဲ့ အသက်တာကို အကျိုးရှိစေတဲ့ တရားမျှတတဲ့ လုပ်ရပ်တစ်ခုပါ။

နောက်ပိုင်းမှာ တာဝန်ထမ်းဆောင်တဲ့အခါ ကျွန်မ ဘုရားသခင်ဆီ ခဏခဏ ဆုတောင်းခဲ့ပြီး ကိုယ့်မာန်မာနနဲ့ အဆင့်အတန်းမှာ အကျိုးအမြတ်၊ ဆုံးရှုံးမှုတွေအတွက် စိုးရိမ်ပူပန်တာ မရှိတော့ဘူး။ ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်ဆံတဲ့အခါ တစ်ဖက်လူက ကျွန်မထက် သာသည်ဖြစ်စေ၊ မသာသည်ဖြစ်စေ မှန်မှန်ကန်ကန် ဆက်ဆံခဲ့တယ်။ သမ္မာတရား စည်းမျဉ်းတွေနဲ့ မကိုက်ညီတာတွေကို လုပ်နေတာကို ကျွန်မ သတိထားမိတိုင်းမှာ ကျွန်မ ထောက်ပြပြီး လူတိုင်းနဲ့အတူ ရှာဖွေပြီး မိတ်သဟာယပြုခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်တော့ ကျွန်မ တော်တော်လေး စိတ်သက်သာရာရပြီး လွတ်လပ်မှုကို ခံစားရတယ်။ နောက်ပိုင်းမှာ လွန်ခဲ့တဲ့ သုံးလေးနှစ်က ကျွန်မကို ရေလောင်းပေးခဲ့ဖူးတဲ့ ညီအစ်မလျူဟွေးနဲ့ ဆုံမိတယ်။ သူက တာဝန်ထမ်းဆောင်တာ ကြာပြီဖြစ်လို့ ကောင်းကောင်း မိတ်သဟာယပြုနိုင်တယ်၊ အဲဒီတုန်းက သူ့ကို ကျွန်မ အားကျခဲ့ဖူးတယ်။ ဒီတစ်ခါ လျူဟွေးနဲ့ ပြန်ဆက်ဆံတဲ့အခါ သူ့မိတ်သဟာယက ရှင်းလင်းပြီး စနစ်တကျ ရှိတယ်။ သူနဲ့ယှဉ်ရင် ကျွန်မက လိုအပ်ချက်တွေ ရှိနေတယ်လို့ ခံစားရတုန်းပဲ။ တစ်ခါတုန်းက ပြုပြင်ခံရတိုင်း ပြန်ပြောတတ်တဲ့ ညီအစ်မတစ်ယောက် ရှိတယ်။ လျူဟွေးက ဒီလိုဆက်လုပ်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို မိတ်သဟာယပြုပေးလိုက်တော့ အဲဒီညီအစ်မက ကြားပြီး တော်တော် ကြောက်သွားတယ်။ ဒါပေမဲ့ လျူဟွေး ဖြေရှင်းပေးတဲ့ ပုံစံက လမ်းကြောင်းမရှိဘူး၊ သူက ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးဖို့၊ ဒါမှမဟုတ် ဘုရားနှုတ်ကပတ်တော်ကို သက်သေခံဖို့ အာရုံမစိုက်ဘူး၊ ဒါကြောင့် ဘုရားသခင်အတွက် သက်သေခံတဲ့ ရလဒ် မရခဲ့ဘူးလို့ ကျွန်မ ခံစားမိတယ်။ ဒီအချက်ကို သူ့ကို ကျွန်မ ထောက်ပြချင်ပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ “ငါက ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်နေပေမဲ့ ငါတို့ကြားမှာ ကွာဟချက် တော်တော် ရှိသေးတယ်။ ပြီးတော့ ငါပြောချင်တာကို လျူဟွေး စဉ်းစားပြီးသား ဖြစ်မှာပါ။ ဘာမှ မပြောတာ အကောင်းဆုံးပါလေ” ပေါ့။ အဲဒီအချိန်မှာ ကျွန်မ သိမ်ငယ်စိတ်ရဲ့ ဘောင်ခတ်တာကို ထပ်ပြီး ခံနေရမှန်း သတိပြုမိလိုက်တယ်။ သိမ်ငယ်စိတ်ကြောင့် ကိုယ့်တာဝန်တွေကို မဖြည့်ဆည်းနိုင်ခဲ့တဲ့ မြင်ကွင်းတွေက မျက်စိရှေ့မှာ ပြန်ပေါ်လာတယ်။ ကျွန်မ တွေးလိုက်တယ်၊ “ငါ ဒီသိမ်ငယ်စိတ်နဲ့ ဆက်မနေနိုင်တော့ဘူး၊ ငါ့ရဲ့ မာန်မာနနဲ့ အဆင့်အတန်းကို လွှတ်ချရမယ်။ လျူဟွေးက ငါ့ကို ဘယ်လိုမြင်မြင် ငါနားလည်တာကို မိတ်သဟာယပြုရမယ်၊ ညီအစ်မနဲ့အတူ ဝင်ရောက်ရမယ်၊ ဘာနောင်တမှ မကျန်ရစ်စေရဘူး” ပေါ့။ ဒါနဲ့ ကျွန်မ သတိပြုမိတဲ့ ပြဿနာတွေကို ထောက်ပြလိုက်တယ်။ နားထောင်ပြီးတဲ့အခါ လျူဟွေးက ပြောတယ် ကျွန်မပြောတာ မှန်ကြောင်း၊ တစ်ယောက်ရဲ့ အားသာချက်တွေနဲ့ တစ်ယောက်ကို ဖြည့်ဆည်းပေးတာ၊ ဒီလို သဟဇာတဖြစ်အောင် ပူးပေါင်းဆောင်ရွက်တာက အရမ်းကောင်းကြောင်း၊ အဲဒါတွေက သူ့ရဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိကြောင်းပေါ့။ ကျွန်မ သိမ်ငယ်စိတ် ခံစားရတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ခဲ့ပြီး ကိုယ့်မာန်မာနနဲ့ အဆင့်အတန်းကို လွှတ်ချနိုင်ခဲ့တယ်။ ဒီအပြောင်းအလဲဟာ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုကြောင့် ရတဲ့ ရလဒ်ပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့- ၆၄။ နားလည်ဟန်ဆောင်ခြင်း၏ အကျိုးဆက်များ

နောက်တစ်ခုသို့- ၆၇။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားခြင်းနှင့်အတူ မည်သည့်အရာ လာသနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၃၉။ သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စုအမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။