၉၈။ ကျွန်မလုပ်ခဲ့သမျှထဲမှာ ပညာအရှိဆုံး ရွေးချယ်မှု
ကျွန်မက သာမန် လယ်သမား မိသားစုကနေ မွေးဖွားလာတာပါ။ ကျွန်မ ကြီးလာရင် လူရာဝင်အောင်၊ ကောင်းကောင်းမွန်မွန် နေနိုင်အောင် စာကြိုးစားဖို့၊ သူတို့လို ပညာမတတ်ဘဲ လယ်လုပ်ရုံနဲ့ အသက်မွေးရတာမျိုး မဖြစ်စေဖို့ မိဘတွေက ငယ်ငယ်ကတည်းက သွန်သင်ခဲ့တယ်။ လယ်လုပ်ရတာက ပင်ပန်းရုံတင်မကဘူး သူများအထင်သေးတာလည်း ခံရတယ်လေ။ ဒါကြောင့် စာကြိုးစားပြီး ပိုက်ဆံအများကြီးရှာမယ်၊ ပြီးရင် အဆင့်အတန်းမြင့်မြင့် နေမယ်လို့ ကိုယ့်ကိုယ်ကိုယ် သန္နိဋ္ဌာန်ချခဲ့တယ်။ ကြီးလာတော့ ကျွန်မ ဆရာဝန်ဖြစ်လာတယ်။ အိမ်ထောင်ကျပြီးတဲ့နောက် ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေ တိုးတက်အောင် ကြိုးစားတယ်၊ စာကြိုးစားတယ်၊ လက်မှတ်ရဖို့ စာမေးပွဲတွေ ဖြေတယ်။ စက်ရုပ်တစ်ရုပ်လိုပဲ နေ့ရက်တွေကို ကုန်ဆုံးစေခဲ့ပြီး တစ်ခါတလေဆို တစ်နေ့ကို နှစ်နာရီလောက်ပဲ အိပ်ခဲ့ရတယ်။ ကြိုးစားမှုကြောင့် မြို့ကြီးပြကြီးက ဆေးရုံတစ်ခုကို ရောက်သွားပြီး လစာကောင်းကောင်း ရလာတယ်။ ဝင်ငွေကောင်းတော့ အိမ်နီးနားချင်းတွေ၊ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေ အားလုံးက ကျွန်မကို အားကျကြတာပေါ့။ ကျွန်မ ကျေနပ်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိတယ်။ “ပိုက်ဆံရှိတာ တကယ်ကောင်းတာပဲ” လို့ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ အလုပ်လုပ်လွန်းလို့ အိပ်မပျော်တဲ့ရောဂါ အကြီးအကျယ် ရခဲ့ပြီး ညဘက်တွေဆို အိပ်လို့မရနိုင်ခဲ့ပေမဲ့ ကျွန်မ လုပ်ခဲ့တာတွေက တန်တယ်လို့ ထင်ခဲ့တုန်းပဲ။ ၂၀၁၃ မတ်လမှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ ပူးပေါင်းပြီး ပြင်ပလူနာ ဆေးခန်းကြီးတစ်ခု ဖွင့်ခဲ့တယ်။ ဌာနသုံးလေးခုရှိသလို အငြိမ်းစား ဆရာဝန်တချို့လည်း ရှိတော့ စီးပွားရေးက အရမ်းကောင်းတယ်။ ညစာစားပွဲတစ်ခုမှာ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ အတန်းဖော်တွေ အားလုံးက ကျွန်မရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးကြတယ်။ “နင်က ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ရော၊ ကားရော ပိုင်နေပြီ၊ အခုဆို ဆေးခန်းအကြီးကြီးတောင် ဖွင့်ထားလိုက်ပြီ။ အရွယ်နဲ့မလိုက်အောင် တကယ်ကို အောင်မြင်နေတာပဲ” လို့ ပြောကြတာပေါ့။ ကျွန်မ အရမ်းပျော်ပြီး ကိုယ့်လုပ်ငန်းကို ပိုကြီးအောင်၊ ပိုကောင်းအောင် လုပ်ချင်ခဲ့တယ်။ နောက်ပိုင်းမှာ ဆေးခန်းရဲ့ တရားဝင် ကိုယ်စားလှယ် ဖြစ်လာပြီး ဆေးခန်းရဲ့ ကိစ္စကြီးငယ်မှန်သမျှ ကဏ္ဏအားလုံးကို စီမံခန့်ခွဲရတယ်။ အဲဒီအချိန်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံတာ နှစ်လကျော်လောက် ရှိနေပြီ။ စုဝေးပွဲတွေတက်၊ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ရင်းနဲ့ ကျွန်မမှာ ရှိသမျှ အရာအားလုံးက ဘုရားသခင်ဆီက လာတာဖြစ်ပြီး ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိပြီး ထောက်ပံ့ပေးတယ်၊ ထိန်းချုပ်ထားတယ် ဆိုတာကို နားလည်လိုက်တယ်။ ဘုရားသခင်က ကျွန်မကို အိမ်တော်ထဲ ခေါ်ဆောင်လာပြီး ကယ်တင်ခံရဖို့ အခွင့်အရေးရတာ ကျွန်မ အရမ်းကံကောင်းတယ်လို့ ခံစားရတယ်။ စုဝေးပွဲတွေမှာ တက်တက်ကြွကြွ မိတ်သဟာယဖွဲ့တယ်။ စုဝေးပွဲတိုင်းက ကျွန်မကို အရမ်းပျော်ရွှင်စေပြီး အကျိုးကျေးဇူးတွေ အများကြီး ရစေတယ်။ အဲဒီလို နေ့ရက်တွေကို ကျွန်မ တကယ် ပျော်မွေ့ခဲ့တယ်။ အလုပ် အရမ်းများပေမဲ့ စုဝေးပွဲတက်ဖို့ အချိန်ကို ညှိပြီး ကြိုးစားတက်ခဲ့သေးတယ်။
သုံးလနေတော့ စုဝေးပွဲအဖွဲ့တွေကို တာဝန်ယူပြီး ဧည့်ခံဖို့နဲ့ ညီအစ်ကို မောင်နှမတွေရဲ့ ဧဝံဂေလိအလုပ်ကို လိုက်စစ်ကြည့်ပေးဖို့ ကျွန်မ လိုလားမှုရှိမရှိ ခေါင်းဆောင်က မေးခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်ကို တကယ် လက်တွေ့လုပ်ဆောင်ချင်ပေမဲ့ အရင်စုဝေးပွဲတစ်ခုမှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဆေးခန်းကို လူနာတစ်ယောက် ညွှန်လိုက်တာ ကျွန်မ ဖုန်းမကိုင်မိလို့ ဆေးခန်းက ယွမ်တစ်ထောင်ကျော် ဆုံးရှုံးသွားဖူးတယ်။ အဲဒီတုန်းက လုပ်ဖော်ကိုင်ဖက်က ဒေါသတကြီး ဆူပူကြိမ်းမောင်းပြီး နောက်တစ်ခါ ထပ်ဖြစ်ရင် ဆုံးရှုံးမှုအတွက် ကျွန်မ လျော်ရမယ်လို့ ပြောခဲ့တယ်။ ဆေးခန်း ငွေစာရင်းအတွက် ဘဏ်ကတ်တွေကိုတောင် သူ့နာမည်နဲ့ ပြောင်းလိုက်တာလေ။ အခု ဒီတာဝန်ကို လက်ခံလိုက်ရင် အချိန်အများကြီး ပေးရမှာဆိုတော့ ဆေးခန်းအတွက် ပိုပြီးတော့တောင် အချိန်ကျန်တော့မှာ မဟုတ်ဘူး။ လုပ်ငန်း ထိခိုက်မှာကြောက်လို့ ကျွန်မ ငြင်းလိုက်တယ်။ ခဏကြာတော့ ခေါင်းဆောင်က ကျွန်မဆီ ထပ်ကပ်လာပြန်တယ်။ အရေးတကြီး တာဝန်တစ်ခုရှိတယ်၊ အဲဒီအတွက် သင့်တော်တဲ့လူ လောလောဆယ် ရှာမရလို့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိလားလို့ ပြောတယ်။ ကျွန်မ တကယ်ပဲ ဝေခွဲမရ ဖြစ်သွားခဲ့တယ်၊ ဘာလို့လဲဆိုတော့ ဆေးခန်းလုပ်ငန်းက အရင်ကထက် ပိုအလုပ်များနေသလို ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း သင်တန်းတွေကို တက်ရောက်ဖို့ လိုတယ်လေ။ ကျွန်မက တရားဝင် ကိုယ်စားလှယ်ဆိုတော့ မသွားလိုက်ရင် ပြန်လေ့လာပြီးမှ ကုသခွင့်ရမှာဆိုတော့ လချီကြာပြီး လုပ်ငန်း နှောင့်နှေးသွားမယ်၊ ဆုံးရှုံးမှုလည်း ကြီးမားမှာပဲ။ ဒါနဲ့ တာဝန်ကို ရှောင်ဖို့ ဆင်ခြေပေးလိုက်ပြန်တယ်။ အဲဒီညမှာ တာဝန်ကို ရှောင်ဖို့ ဆင်ခြေပေးမိတာနဲ့ ပတ်သက်ပြီး နည်းနည်း စိတ်မကောင်းဖြစ်မိတယ်။ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီး တာဝန်ထမ်းဆောင်ချင်ပေမဲ့ ဆေးခန်းက အရမ်းအလုပ်ရှုပ်နေတော့ တကယ်ပဲ ခွာလို့မရ ဖြစ်နေပါတယ်။ တာဝန်ကို ငြင်းလိုက်မိတဲ့အတွက် သမီး တကယ် စိတ်မကောင်းဖြစ်ရပါတယ်။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်အောင် သမီးကို လမ်းပြပေးပါ” လို့ပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “ယနေ့တွင် သင် စွမ်းဆောင်ရရှိရန် လိုအပ်သည်မှာ နောက်ထပ်တောင်းဆိုမှုများ မဟုတ်ဘဲ၊ လူ၏ တာဝန်နှင့် လူအားလုံးက လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ အကယ်၍ မိမိ၏တာဝန်ကိုပင် သင်တို့ လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ သို့မဟုတ် ယင်းကို ကောင်းစွာ လုပ်ဆောင်နိုင်စွမ်းမရှိပါက၊ သင်တို့သည် မိမိကိုယ်ကိုယ် ဒုက္ခရောက်စေခြင်း မဟုတ်လော။ သင်သည် သေခြင်းတရားကို ဖိတ်ခေါ်နေသည် မဟုတ်လော။ အနာဂတ်နှင့် အလားအလာများရှိဖို့ သင်သည် အဘယ်သို့ မျှော်လင့်နိုင်ဦးမည်နည်း။ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူ၏ ပူးပေါင်းဆောင်ရွက်မှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ပေးထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူလုပ်ဆောင်သင့်သည့်အရာ အားလုံးကို လုပ်ဆောင်ပြီးနောက်တွင်၊ လူသည် သူ၏ လက်တွေ့လုပ်ဆောင်မှုတွင် တွန့်တိုခြင်း မရှိရန်နှင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပေသည်။ ဘုရားသခင်၏အမှုတွင် လူသည် မည်သည့်လုံ့လကိုမျှ မချန်သင့်၊ သူ၏သစ္စာစောင့်သိမှုကို ဆက်ကပ်သင့်ပြီး၊ အတော်များသော အယူအဆများတွင် မမွေ့လျော်သင့်ပေ သို့မဟုတ် မလှုပ်မယှက်ထိုင်ကာ သေခြင်းကို မစောင့်ဆိုင်းသင့်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် လူသားအတွက် စတေးနိုင်သည်၊ သို့ဆိုလျှင် လူသည် သူ၏သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား အဘယ်ကြောင့် မဆက်ကပ်နိုင်သနည်း။ ဘုရားသခင်သည် လူသားအပေါ် တစ်စိတ်တစ်ဝမ်းတည်းရှိသည်၊ သို့ဆိုလျှင် လူသည် အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်ကို မဆက်ကပ်နိုင်ရသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် အမှုပြုသည်၊ သို့ဆိုလျှင် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် မိမိ၏ တာဝန်အချို့ကို အဘယ်ကြောင့် မဆောင်ရွက်နိုင်သနည်း။ ဘုရားသခင်၏ အမှုသည် ဤအထိ ရောက်ရှိလာလေပြီ၊ သို့သော် သင်သည် မြင်သော်ငြား မလုပ်ဆောင်၊ ကြားသော်ငြား မလှုပ်ရှားချေ။ ထိုသို့သော လူများသည် ထာဝရ ပြစ်ဒဏ်ခံရသူများ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏အရာအားလုံးကို လူသားအဖို့ ဆက်ကပ်အပ်နှံထားပြီး ဖြစ်သည်၊ သို့ဆိုလျှင် ယနေ့တွင် လူသည် သူ၏တာဝန်ကို အဘယ်ကြောင့် စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်စွမ်း မရှိသနည်း။ ဘုရားသခင် အတွက်၊ သူ၏အမှုသည် ပထမ ဦးစားပေးဖြစ်ပြီး၊ သူ့စီမံခန့်ခွဲခြင်း အမှုသည် အရေးအကြီးဆုံး ဖြစ်သည်။ လူသားအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းခြင်းတို့သည် သူ၏ ပထမ ဦးစားပေးဖြစ်သည်။ ဤအရာကို သင်တို့အားလုံး နားလည်သင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် စိတ်နှလုံးအကြွင်းမဲ့ မြှုပ်နှံထားပြီး အသံတိတ် အဖိုးအခ ပေးဆပ်နေတယ်။ သူ ကိုယ်တိုင် လူဇာတိခံပြီး ဒီမြေကြီးပေါ်မှာ သန်းနဲ့ချီတဲ့ နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့တယ်၊ လူသားမျိုးနွယ် လိုအပ်တဲ့ သမ္မာတရား အားလုံးကို ထောက်ပံ့ပေးပြီး လူတွေကို သမ္မာတရားနဲ့ ကယ်တင်ခံရခွင့် ရစေခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကျေးဇူးကန်းခဲ့တယ်။ ဆေးခန်းလုပ်ငန်းအတွက်၊ ပိုက်ဆံပိုရှာပြီး သာလွန်တဲ့ဘဝနဲ့ နေနိုင်ဖို့အတွက် တာဝန်ကို သုံးလေးခါ ငြင်းပယ်ခဲ့တယ်။ အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်ကို လုံးဝ မစဉ်းစားခဲ့ဘူး။ ဘယ်လိုနည်းနဲ့ ကျွန်မက ဘုရားသခင်ကို ယုံကြည်တဲ့သူတစ်ယောက် ဟုတ်ခဲ့လို့လဲ။ တာဝန်ကို ငြင်းပယ်ခဲ့တဲ့ အချိန်တွေအားလုံးကို တွေးမိတိုင်း ကျွန်မ တော်တော် အပြစ်ရှိသလို ခံစားရတယ်။ အရင်တုန်းကလို ဘာအသိစိတ်မှမရှိဘဲ ကျွန်မ မနေချင်တော့ဘူး။ အဲဒီအချိန်မှာ အကြံတစ်ခု ရလိုက်တယ်။ ဆေးခန်းကို အငှားချနိုင်တာပဲ။ ဝင်ငွေ နည်းသွားမယ် ဆိုပေမဲ့ လောက်ငရုံ ရမှာပဲ၊ နောက်ပြီး စိတ်အေးလက်အေးနဲ့ တာဝန်ကို ထမ်းဆောင်နိုင်မှာပဲ။ ကျွန်မရဲ့ အကြံကို ပြောပြဖို့ လုပ်ဖော်ကိုင်ဖက်ဆီ ဖုန်းဆက်လိုက်တယ်။ ဒါပေမဲ့ သူက “နင် ရူးနေလား။ ဒီဆေးခန်းက အလားအလာ အရမ်းကောင်းတာ။ ဒီအတိုင်းသာ ဆက်လုပ်ရင် နောက်နှစ်နှစ်ဆို ငါတို့ သူဌေးဖြစ်ပြီ၊ ငါတို့လိုချင်တာမှန်သမျှ အကုန်ရလာမှာ။ ငါတို့က နည်းနည်းတော့ လက်တွေ့ကျကျ ရှင်သန်ဖို့လိုတယ်။ ဒီလူ့အဖွဲ့အစည်းမှာ ငွေမရှိရင် ဘယ်သူမှ နင့်ကို အလေးမထားဘူး” လို့ ပြောပါလေရော။ လုပ်ဖော်ကိုင်ဖက်ရဲ့ စကားကြောင့် ကျွန်မ တွေဝေသွားတယ်။ “ဆေးခန်းကို ငှားလိုက်ရင် အရင်လောက် ပိုက်ဆံရမှာ မဟုတ်ဘူး၊ အရင်းတောင် ပြန်ရချင်မှရမှာ။ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေက ငါ့ကို ဘယ်လိုထင်ကြမလဲ” လို့ တွေးမိတာပေါ့။ ဒါနဲ့ လမ်းပြပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ အခက်အခဲတွေ၊ စုံစမ်းသွေးဆောင်ခြင်းတွေ ကြုံရတဲ့အခါ စာတန်ရဲ့ လှည့်ကွက်တွေကို ဘယ်လို ထိုးဖောက်မြင်ရမယ်၊ သက်သေခံချက်မှာ ဘယ်လို ခိုင်ခိုင်မာမာ ရပ်တည်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ညီအစ်ကို မောင်နှမတွေ ပြောခဲ့တဲ့ စုဝေးပွဲတစ်ခုကို သတိရသွားတယ်။ ဒါနဲ့ ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ စပြီး ရှာကြည့်လိုက်တယ်။ ဘုရားသခင်က ပြောသည် “လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းသည် အပြင်ပန်းအားဖြင့် လူ့စီစဉ်မှုများမှ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းမှ ဖြစ်ပေါ်လာသည့်အလား လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ သို့သော်လည်း လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားတစ်ခုဖြစ်ပြီး ယင်းတို့သည် လူတို့အနေဖြင့် ဘုရားသခင်အတွက် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စစ်ကြောခံရသည့်အချိန်ကို ဥပမာ ကြည့်လော့။ နောက်ကွယ်တွင် စာတန်က ဘုရားသခင်နှင့် လောင်းကြေးတင်နေခဲ့ခြင်း ဖြစ်၏။ ပြီးလျှင် ယောဘအပေါ်တွင် ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုများဖြစ်ပြီး လူသားတို့၏ နှောင့်ယှက်မှု ဖြစ်သည်။ သင်တို့အပေါ် ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်တွင် တိုက်ပွဲပင်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ နေ့စဉ် ကျွန်မတို့ ကြုံတွေ့နေရတဲ့ လူတွေ၊ ဖြစ်ရပ်တွေနဲ့ အမှုအရာတွေက အပြင်ပန်းကြည့်ရင် လူအချင်းချင်းကြား ဆက်ဆံရေးလို့ ထင်ရပေမဲ့ အဲဒီနောက်ကွယ်မှာ ဝိညာဉ်ရေးရာ စစ်ပွဲ ရှိနေတယ်၊ ပြီးတော့ ကျွန်မတို့အနေနဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ လိုတယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ ယောဘ စမ်းသပ်ခံရတုန်းကလိုမျိုးပါပဲ၊ သူ့သားသမီးတွေ ဆုံးရှုံးလိုက်ရတာ၊ ဓားပြတွေက သူ့ပိုင်ဆိုင်မှုတွေကို တစ်ညတည်းနဲ့ လုယူသွားတာမျိုးဖြစ်ခဲ့တယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ အဲဒီနောက်ကွယ်မှာ စာတန်ရဲ့ စုံစမ်းသွေးဆောင်ခြင်းတွေ ရှိနေတာလေ။ ယောဘက ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တဲ့အခါ စာတန် အရှက်ကွဲပြီး ထွက်ပြေးသွားခဲ့တယ်။ အပေါ်ယံမှာတော့ လုပ်ဖော်ကိုင်ဖက်ရဲ့ အကြံဉာဏ်က ကျွန်မကောင်းဖို့အတွက်လို့ ထင်ရပေမဲ့ နောက်ကွယ်မှာတော့ စာတန်ရဲ့ လှည့်ကွက် ရှိနေတယ်။ စာတန်က ပိုက်ဆံကိုသုံးပြီး ဆေးခန်းကို ဆက်စီမံခန့်ခွဲဖို့ ကျွန်မကို စုံစမ်းသွေးဆောင်ဖို့ ကြိုးစားနေတာ၊ ဒီလိုနဲ့ ကျွန်မမှာ တာဝန်ထမ်းဆောင်ဖို့ အချိန်မရှိတော့ဘဲ ဘုရားသခင်နဲ့ ဝေးကွာသွားအောင် လုပ်နေတာ။ ကျွန်မ စာတန်ရဲ့ လှည့်ကွက်ထဲ ကျလို့မဖြစ်ဘူး။ ဒါကြောင့် လုပ်ဖော်ကိုင်ဖက်ကို ကျွန်မ ပြောလိုက်တယ်။ “ဆေးခန်းကို တစ်ဆင့်ပြန်ငှားဖို့ ကူညီပေးပါ၊ နင်က ၆၀ ရာခိုင်နှုန်းယူ၊ ငါက ၄၀ ရာခိုင်နှုန်းပဲ ယူမယ်၊ နင့်ဝေစုကလည်း အမြတ်ဝေစု ရနေဦးမှာပဲလေ” လို့ပေါ့။ လုပ်ဖော်ကိုင်ဖက်က သူ့အတန်းဖော်တစ်ယောက်ကို လက်လွှဲယူဖို့ ဆက်သွယ်ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲနဲ့ ဟိုဘက်က ဈေးကို အရမ်းနှိမ်လွန်းလို့ နောက်ဆုံးတော့ မငှားဖြစ်ခဲ့သေးဘူး။ ကျွန်မ သိပ်နားမလည်နိုင်ဘူး၊ ဒီလောက်ဈေးနည်းတာတောင် သူ ဘာလို့ မငှားတာလဲပေါ့။ နောက်မှ လုပ်ဖော်ကိုင်ဖက်ရဲ့ အတန်းဖော်ဆိုတာ တကယ်တော့ သူ့ရည်းစား ဖြစ်နေတယ်၊ သူတို့နှစ်ယောက် ပူးပေါင်းကြံစည်ပြီး ဆေးခန်းကို ဈေးပေါပေါနဲ့ ငှားအောင် ကျွန်မကို ဖိအားပေးနေခဲ့ကြတာ ဆိုတာကို သိလိုက်ရတယ်။ ကျွန်မ အရမ်း စိတ်မကောင်းဖြစ်ရတယ်။ လုပ်ဖော်ကိုင်ဖက်ကို ကျွန်မ ရိုးရိုးသားသား ဆက်ဆံခဲ့ပေမဲ့ သူက ကျွန်မကို လှည့်စားခဲ့တယ်လို့ ခံစားခဲ့ရတယ်။ လောကကြီးက တကယ် ကြောက်စရာကောင်းပြီး စစ်မှန်တဲ့ သူငယ်ချင်းဆိုတာ မရှိပါလားလို့ ခံစားလိုက်ရတယ်။ ဘုရားသခင်ကို ယုံကြည်တာက ကောင်းတယ်လို့ ခံစားမိတယ်။ ညီအစ်ကို မောင်နှမတွေက ဖြူစင်ပြီး ပွင့်လင်းတယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်တယ်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားဖို့ ရှာဖွေကြတယ်။ ဒါကြောင့် လုပ်ဖော်ကိုင်ဖက်နဲ့ ဆေးခန်းကို ဆက်ပြီးမစီမံချင်တော့ဘူး။ ဒါပေမဲ့ ဆေးခန်းဖွင့်ဖို့ နှစ်တွေအကြာကြီး ရင်းနှီးထားတဲ့ စုငွေတွေအားလုံးကို တွေးမိတဲ့အခါ၊ အရင်းတောင် ပြန်မရသေးဘဲ လက်လွှတ်လိုက်မယ်ဆိုရင် သူများတွေ ကျွန်မကို ဘယ်လို မြင်ကြမလဲဆိုတာ တွေးမိပြန်တယ်။ လူတိုင်းက ဆေးခန်းဖွင့်တာ အမြတ်အစွန်း အရမ်းများတယ်လို့ ပြောကြပေမဲ့ ကျွန်မသာ ငွေအကုန်ဆုံးရှုံးသွားရင် သူငယ်ချင်းတွေနဲ့ မိသားစုက ကျွန်မကို ဘယ်လို ထင်ကြမလဲ။ လုပ်ဖော်ကိုင်ဖက်တွေကရော ဘယ်လို မြင်ကြမလဲ။ ဒါတွေ အကုန်တွေးမိတော့ ဖိအားတွေများပြီး ဝမ်းနည်းမိတယ်။ ဆေးခန်းမှာပဲ ဆက်လုပ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးလို့ ခံစားလိုက်ရတယ်။
၂၀၁၃ စက်တင်ဘာလမှာ တစ်နှစ်ခွဲလောက်ရှိတဲ့ ကလေးလေးတစ်ယောက် ဆေးခန်းကို ဆေးသွင်းဖို့ ရောက်လာတယ်။ ပထမနေ့မှာ ကျွန်မ ဆေးအတွက် ဆေးစမ်းသပ်မှု လုပ်တယ်။ ကလေးမှာ ဓာတ်မတည့်တဲ့ ရာဇဝင် ရှိမရှိ မိဘတွေကို မေးပြီး အတည်ပြုခိုင်းခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ သုံးရက်မြောက်နေ့ မနက်မှာ ဆေးသွင်းပြီးလို့ အပ်ဖြုတ်ခါနီးလေးမှာပဲ ကလေးက မျက်ဖြူလန်သွားပြီး တစ်ကိုယ်လုံး တုန်တက်လာတယ်။ မျက်နှာက ပြာနှမ်းလာပြီး မျက်လုံးတွေ တင်းနေအောင်မှိတ်သွားတာ အော်တောင် မအော်နိုင်တော့ဘူး။ ကျွန်မ မှင်တက်သွားခဲ့တယ်၊ ဆေးနဲ့ ဓာတ်မတည့်တာဖြစ်လို့ အမြန် ကုသပေးခဲ့တယ်။ နှစ်မိနစ်ကြာတော့ ကလေးရဲ့ မျက်နှာက မည်းနက်ပြီး ပြာနှမ်းသွားတယ်၊ သေသွားသလိုပါပဲ။ ကျွန်မ ကြောက်လန့်ပြီး ပြာယာခတ်သွားတယ်။ “သွားပြီ၊ သွားပြီ။ ဒီကလေး ငါ့လက်ထဲမှာ သေတော့မယ်။ သူသာ သေသွားရင် ငါ ဘယ်လိုလုပ်မလဲ” လို့ တွေးမိတယ်။ တွေးလေ ပိုကြောက်လေ ဖြစ်လာပြီး စိတ်နှလုံးထဲကနေ ဘုရားသခင်ကို တရစပ် အော်ခေါ်မိတယ်။ “ဘုရားသခင်၊ ဒီကလေးကို စောင့်ရှောက်ပေးပါ၊ ဒီကလေးကို ဘုရားသခင် ကယ်တင်ပေးပါ” လို့ပေါ့။ မကြာခင်မှာပဲ စိတ်ထဲမှာ ပြင်းပြတဲ့ ခံစားချက်တစ်ခု ပေါ်လာတယ်။ “ဒီကလေးသွင်းလိုက်တဲ့ အရည်ထဲမှာ ပိုတက်ဆီယမ် ပါတယ်။ ဒါ ပိုတက်ဆီယမ်များလွန်းတဲ့ရောဂါ ဖြစ်နိုင်မလား” ပေါ့။ ကျွန်မ ကုသဆောင်ထဲ အမြန်ပြေးဝင်သွားပြီး ကယ်လ်စီယမ် ထိုးဆေးကို အရည်ဖျော်လိုက်တယ်၊ ပြီးတော့ ကလေးသွေးကြောထဲ တိုက်ရိုက် ထိုးပေးလိုက်တယ်။ ဆေးထိုးနေရင်း စိတ်နှလုံးထဲကနေ ဘုရားသခင်ကို အော်ဟစ်ပြီး ဆုတောင်းလိုက်တယ်။ ဆေးထိုးလို့ တစ်ဝက်လောက်ရောက်တော့ ကလေးက ကျယ်ကျယ်လောင်လောင် ငိုချလိုက်ပြီး လည်ချောင်းထဲက သလိပ်တွေ၊ တံတွေးတွေ အန်ထွက်လာတယ်။ မျက်နှာကလည်း စောစောကလို မဲပုပ်ရောင် မဟုတ်တော့ဘူး။ ကယ်လ်စီယမ် ထိုးပြီးသွားတော့ ကလေးလက်က တောင့်မနေတော့ဘဲ ပုံမှန် ပြန်ဖြစ်သွားတယ်။ အဲဒီအချိန်ကျမှ အသက်ဆိုတာ ဘယ်လောက် နုနယ်သလဲဆိုတာ ကျွန်မ သဘောပေါက်လိုက်သလို ဘုရားသခင်က ကျွန်မဆုတောင်းသံကို ကြားပြီး ဒီကလေးကို ကယ်တင်ပေးခဲ့တယ် ဆိုတာကိုလည်း သိလိုက်ရတယ်။ စိတ်နှလုံးထဲကနေ ဘုရားသခင်ကို ကျေးဇူးတင်နေမိတယ်။ ပြီးတော့ ကလေးကို ဆေးရုံပို့ဖို့ လူနာတင်ယာဉ် ခေါ်လိုက်ကြတယ်။ နောက်ရက်တွေမှာ ကျွန်မ စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေနဲ့ ပြည့်နေတယ်။ “ဒီကလေး ဘာဖြစ်သွားမလဲ။ ပြင်းပြင်းထန်ထန် နောက်ဆက်တွဲ ဆိုးကျိုးတွေ ကျန်ခဲ့မလား။ လျော်ကြေး ဘယ်လောက် ပေးရမလဲ” လို့ ကိုယ့်ကိုယ်ကိုယ် မေးနေမိတယ်။ ဒီလို အသက်အန္တရာယ်ရှိတဲ့ကိစ္စ ထပ်ဖြစ်ရင် ကျွန်မရဲ့ ပိုက်ဆံတွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေ အကုန်ဆုံးရှုံးသွားမှာကိုလည်း ကြောက်မိတယ်။ ရင်ဘတ်ပေါ် ကျောက်တုံးကြီး ဖိထားသလို ခံစားရပြီး ညတိုင်း အိပ်မပျော်နိုင်ခဲ့ဘူး။ မထင်မှတ်ဘဲ ရက်နည်းနည်းအကြာမှာပဲ နောက်ထပ် မတော်တဆမှုတစ်ခု ထပ်ဖြစ်ပြန်တယ်။ လူလတ်ပိုင်း အမျိုးသားတစ်ယောက် ဆေးသွင်းဖို့ ဆေးခန်းကို ရောက်လာတယ်။ ဆေးမသွင်းခင် ကျွန်မ ဆေးစမ်းသပ်မှု လုပ်ပြီး ဓာတ်မတည့်တဲ့ ရာဇဝင် မရှိကြောင်း သူနဲ့ အတည်ပြုတယ်။ ဆေးသွင်းလို့ တစ်ဝက်လောက် ရောက်တော့ အဲဒီလူက ရုတ်တရက် အသက်ရှူကြပ်လာပြီး အသက်ရှုတာမြန်လာတယ်။ သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်ရာကနေ မဲပြာရောင် ပြောင်းသွားတယ်။ ကျွန်မ ကြောက်လန့်ပြီး စိုးရိမ်ပူပန်သွားတယ်။ “ကလေးကိစ္စတောင် မရှင်းရသေးဘူး၊ အခု ဒီလူနာပါ မတော်တဆ ထပ်ဖြစ်ပြန်ပြီလား။ ငါတော့ သွားပြီလား” လို့ တွေးမိတယ်။ ရင်ကွဲသွားသလို ခံစားရပြီး ဘာမှ ဆက်မတွေးရဲတော့ဘူး။ ဘုရားသခင်ဆီ စောင့်ရှောက်ပေးဖို့ ဆုတောင်းလိုက်မှ စိတ်နှလုံးက ဖြည်းဖြည်းချင်း တည်ငြိမ်သွားတယ်။ ဓာတ်မတည့်တာကို ကုသတဲ့ လုပ်ထုံးတွေအတိုင်း အမြန် ကုသလိုက်တော့ သူ့ကို ကယ်နိုင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ဆေးခန်းမှာ မတော်တဆမှုတွေ ဆက်တိုက် ဖြစ်ခဲ့တာမို့、 ဘုရားသခင်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုသာ မရှိခဲ့ရင်၊ ပြီးတော့ အရေးပေါ် အစီအမံတွေကို စဉ်းစားမိဖို့ ဘုရားသခင်က ဉာဏ်ပွင့်စေပြီး လမ်းပြပေးတာသာ မရှိခဲ့ရင် ဒီလူနှစ်ယောက်စလုံး သေသွားလောက်ပြီ။ ကျွန်မ တစ်သက်လုံး ပိုက်ဆံ ဘယ်လောက်ပဲရှာရှာ လျော်ကြေးကို ဘယ်လိုမှ တတ်နိုင်မှာ မဟုတ်ဘူး။ အဲဒီအချိန်ကျမှ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် ရုပ်ဝတ္ထု ကြွယ်ဝမှုတွေ ဆိုတာ ဖဲချပ်အိမ်လိုပဲ အချိန်မရွေး ပျောက်ကွယ်သွားနိုင်တယ် ဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ ဘုရားသခင် ရှေ့မှောက်မှာ အသက်ရှင်ပြီး တာဝန်ကို ကောင်းကောင်း ထမ်းဆောင်မှသာ စစ်မှန်တဲ့ ငြိမ်သက်ခြင်းနဲ့ သက်သာရာရခြင်း ရှိနိုင်မှာလေ။
နောက်ပိုင်းမှာ စုဝေးပွဲတစ်ခုတုန်းက ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို သတိရသွားတယ်။ “အကယ်၍ ယခုတွင် ငါသည် သင်တို့ရှေ့၌ ငွေကြေးအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ထို့ပြင် ငါသည် သင်တို့၏ ရွေးချယ်မှုအတွက် သင်တို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပါက အများစုသည် ငွေကြေးကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲက ပိုကောင်းသောလူများသည် ငွေကြေးကို မယူဘဲ သမ္မာတရားကို အင်တင်တင်နှင့် ရွေးချယ်ကြလိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာမူ လက်တစ်ဖက်နှင့် ငွေကြေးကို ဖမ်းကိုင်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းကိုင်ကြလိမ့်မည်။ ဤနည်းနှင့်ဆိုပါက သင်တို့၏ ဗီဇရုပ်များသည် ပကတိအတိုင်း ရှင်းသွားလိမ့်မည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြစတမ်း ဆိုပါက သင်တို့အားလုံးသည် ဤနည်းဖြင့်သာ ရွေးချယ်လိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဝေခွဲမရဖြစ်နေသူ များစွာရှိသည် မဟုတ်လော။ အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း၊ အဖြူနှင့်အမည်း၊ မိသားစုနှင့် ဘုရားသခင်၊ သားသမီးနှင့် ဘုရားသခင်၊ သဟဇာတကျခြင်းနှင့် ပြိုကွဲခြင်း၊ ကြွယ်ဝခြင်းနှင့် ဆင်းရဲခြင်း၊ အဆင့်အတန်းနှင့် သာမန်ဖြစ်ခြင်း၊ ပံ့ပိုးအားပေးမှုခံရခြင်းနှင့် ငြင်းပယ်ခံရခြင်း စသည်တို့ကြားမှ ရုန်းကန်မှုများအားလုံးတွင် သင်တို့ပြုလုပ်ခဲ့သည့် ရွေးချယ်မှုများနှင့်ပတ်သက်၍ သင်တို့သည် သေချာပေါက် မသိနားမလည်ခြင်း မဟုတ်။ သဟဇာတကျသောမိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက် လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ ဇိမ်ခံခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သားသမီးများ၊ ဇနီး၊ ခင်ပွန်းနှင့် ငါနှင့်အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆများနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြဆဲဖြစ်သည်။ သင်တို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများကို ရင်ဆိုင်ရသည့်အတွက်၊ ငါသည် သင်တို့အပေါ်၌ ယုံကြည်ခြင်း ကင်းမဲ့သွားခဲ့ကာ အလွန်အမင်းပင် အံ့အားသင့်မိလေသည်။ သင်တို့၏ စိတ်နှလုံးများသည် မထင်မှတ်လောက်အောင်ပင် ပျော့ပျောင်းလာနိုင်စွမ်း မရှိချေ။ နှစ်ပေါင်းများစွာ ငါ အသုံးခံခဲ့သည့် ကြီးမားသော အဖိုးအခသည် အံ့အားသင့်စရာ ကောင်းလောက်အောင် သင်တို့၏ စွန့်ပစ်ခြင်းနှင့် လက်မှိုင်ချခြင်းမှလွဲ၍ ငါ့အား မည်သည့်အရာမျှ မဆောင်ကြဉ်းပေးခဲ့သော်လည်း သို့သော်တစ်ယောက်ချင်းစီ၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့တိုင်အောင် သင်တို့သည် အမှောင်ထုနှင့် ဆိုးယုတ်သော အရာများကို လိုက်စားနေကြဆဲဖြစ်ကာ ယင်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ အဆုံးသတ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် နာကျင်ဖွယ် ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။ သင်တို့၏ နှလုံးသားများသည် ငွေ့ငွေ့လေးသာ နွေးနေဦးမည်လော။ ငါ၏ နှလုံးသားကို နှစ်သိမ့်စေဖို့ရန်အတွက် အဘယ်အရာလုပ်ရမည်ကို သင်တို့ မသိဘဲနေဦးမည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို အတိအကျ သစ္စာစောင့်သိနေသနည်း) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ ကိုယ်တော်ရဲ့ အရေးတကြီး အလိုတော်နဲ့ အပင်ပန်းခံရသော ရည်ရွယ်ချက်များကို ကျွန်မ တွေ့ခဲ့တယ်။ ကျွန်မတို့ တစ်ယောက်ချင်းစီတိုင်း သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်း ရရှိနိုင်ဖို့ ဘုရားသခင် မျှော်လင့်တော်မူတယ်။ ကျွန်မ ပြန်စဉ်းစားကြည့်တော့ ဆေးခန်းဖွင့်ကတည်းက ပိုက်ဆံ ဘယ်လို ပိုရှာရမလဲ၊ သာလွန်တဲ့ဘဝနဲ့ ဘယ်လို နေရမလဲ၊ သူများတွေ အားကျတာ၊ အထင်ကြီးတာကို ဘယ်လို ရယူမလဲ ဆိုတာတွေကိုပဲ အမြဲ တွေးနေခဲ့တာ။ ပြီးတော့ တာဝန်ကို သုံလေးခါ ငြင်းပယ်ခဲ့တာတွေ၊ သမ္မာတရားကို လိုက်စားဖို့နဲ့ တာဝန်ထမ်းဆောင်ဖို့အတွက် အချိန်နဲ့ အင်အား မပေးချင်ခဲ့တာတွေကိုလည်း တွေးမိတယ်။ ကျွန်မက ဘုရားသခင်ကို ယုံကြည်ပြီး ကယ်တင်ခြင်း ရချင်ပေမဲ့ ပိုက်ဆံလည်း ပိုရှာချင်နေခဲ့တာကိုး။ စည်းစိမ်ရော သမ္မာတရားရော နှစ်ခုစလုံးကို ဆုပ်ကိုင်ဖို့ ကြိုးစားနေခဲ့တာ။ တကယ်လို့များ သမ္မာတရား ရရှိပြီး ကယ်တင်ခံရမယ့် အခွင့်အရေးကို လွတ်သွားခဲ့ရင် ကပ်ဘေးတွေကြားမှာ နောင်တတွေနဲ့ ငိုကြွေးပြီး အံကြိတ်နေရတဲ့အခါမှာတော့ အရမ်း နောက်ကျသွားမှာပါပဲ။ သခင်ယေရှု ပြောခဲ့တာကို ကျွန်မ သတိရတယ်။ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၆) အဲဒီအချိန်ကျမှ ကျွန်မ ဘယ်လောက် မိုက်မဲခဲ့သလဲ၊ အရာရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပါလား ဆိုတာ သဘောပေါက်လိုက်တယ်။ ဘဝမှာ လိုက်စားရမယ့် အရေးကြီးဆုံးအရာက ဘာလဲဆိုတာ ကျွန်မ မသိခဲ့ဘူး။ ဒီမတော်တဆမှု နှစ်ခုသာ မဖြစ်ခဲ့ရင် ကျွန်မရဲ့ ထုံထိုင်းပြီး မာကျောနေတဲ့ စိတ်က ပြောင်းလဲလာမှာ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ သနားကရုဏာနဲ့ စောင့်ရှောက်မှုသာ မရှိရင် ဒီလူနှစ်ယောက် သေချင်သေသွားနိုင်တယ်။ အဲဒီကျရင် ကျွန်မအသက်ကို ပေးဆပ်ရင်တောင် အလကားပဲ ဖြစ်သွားမှာ။ တစ်သက်လုံး အသက်ကြွေး၊ ငွေကြွေးတွေနဲ့ စိတ်ဆင်းရဲပြီး နေသွားရမှာ၊ ဘယ်တော့မှ ငြိမ်သက်မှု ရမှာ မဟုတ်တော့ဘူး။ တာဝန်ကို ထပ်ခါတလဲလဲ ငြင်းပယ်ခဲ့တာတွေကို တွေးမိတော့ ဘုရားသခင်ရဲ့ မေတ္တာနဲ့ ကယ်တင်ခြင်းက ကျွန်မနဲ့ တကယ် မထိုက်တန်ဘူးလို့ ခံစားရတယ်။ ပိုက်ဆံကို လိုက်စားဖို့အတွက်နဲ့ သမ္မာတရား ရရှိမယ့် အခွင့်အရေးကို လက်မလွှတ်ချင်တော့ဘူး။ နောက်ပိုင်းမှာ ကျွန်မ လုပ်ဖော်ကိုင်ဖက်ဆီ ဖုန်းဆက်ပြီး ဆေးခန်းကို လွှဲပြောင်းမယ့်အကြောင်း ပြောလိုက်တယ်။ ကျွန်မ ဘယ်လောက်အထိ စိတ်ပိုင်းဖြတ်ထားသလဲဆိုတာကို မြင်တဲ့အခါ လုပ်ဖော်ကိုင်ဖက်က ဘာမှ ထပ်မပြောတော့ဘူး။ ခဏကြာတော့ လုပ်ဖော်ကိုင်ဖက်ရဲ့ တောင်းဆိုမှုတွေက အရမ်းများပြင်းထန်လွန်းလို့ ဆေးခန်းကို အောင်အောင်မြင်မြင်နဲ့ လွှဲပြောင်းလို့ မရဖြစ်နေတယ်။ ကျွန်မ ဘုရားသခင်ကို မျှော်ကြည့်ပြီး အရာအားလုံးကို ကိုယ်တော်ဆီ ပုံအပ်လိုက်တယ်၊ ကိုယ်တော် လမ်းဖွင့်ပေးဖို့ မျှော်လင့်ရင်းနဲ့ပေါ့။ နောက်ပိုင်းမှာ မြို့နယ်ဆေးရုံမှာ လုပ်နေတဲ့ ဆရာဝန်တစ်ဖွဲ့က ဆေးခန်းကို အငှားနဲ့ လွှဲယူလိုက်ပြီး နှစ်နှစ် စာချုပ်ချုပ်လိုက်တယ်။ အဲဒီနောက်ပိုင်း ကျွန်မ အသင်းတော်မှာ တာဝန်စထမ်းဆောင်တယ်၊ စုဝေးပွဲတွေ ခဏခဏ တက်တယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့တယ်။ စိတ်နှလုံးထဲမှာ ငြိမ်သက်ခြင်းနဲ့ သက်သာရာရခြင်းကို ခံစားရတယ်။
ဒါပေမဲ့ တစ်နှစ်နဲ့ နှစ်လလောက်ကြာတော့ တစ်ဖက်က စာချုပ် ဖျက်သိမ်းလိုက်တယ်။ လုပ်ဖော်ကိုင်ဖက်က ကျွန်မကို တွေ့တော့ ပြောတယ်။ “နင် ဆေးခန်းကို ပြန်လာဦးစီးရင် သူဌေးဖြစ်မယ်ဆိုတာ ငါ အာမခံတယ်။ နင် မလုပ်ဘူးဆိုရင်တော့ နင့်ရှယ်ယာကို ငါ ဈေးပေါပေါနဲ့ ဝယ်လိုက်မယ်” တဲ့။ နောက်ထပ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပြောတယ်၊ “ငါတို့နှစ်ယောက် ဦးစီးလုပ်လို့ ရပါတယ်။ နင်က နင့်ကိစ္စ နင်သွားလုပ်လေ၊ နင့်ယုံကြည်ခြင်းကို မထိခိုက်စေရပါဘူး။ လူနာအများကြီးက နင့်ကို ယုံကြည်နေတုန်းပဲ။ ငါ ဆေးရုံကနေ လူနာတွေ ခေါ်လာပေးမယ်၊ တစ်နှစ်အတွင်း ငါတို့ ပိုက်ဆံအများကြီး ရှာနိုင်မှာ။ အဲဒီကျရင် ငါတို့မှာ စည်းစိမ်ရော၊ အလုပ်အကိုင် အောင်မြင်မှုရော နှစ်ခုစလုံး ရှိလာမှာ။ လူတိုင်းက ငါတို့ကို အားကျကြမှာ” တဲ့။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “ငါသာ ဆေးခန်းကို ပြန်ယူလိုက်ရင် ငါ့အရင်းအနှီးတွေ ပြန်ရရုံတင်မကဘူး၊ သာလွန်တဲ့ဘဝနဲ့လည်း နေရမှာ” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ပြန်တွေးမိတယ်။ “ငါ လက်လွှဲယူလိုက်ရင် ငါ့တာဝန်တွေ သေချာပေါက် ထိခိုက်မှာပဲ” လို့ပေါ့။ သေချာ စဉ်းစားပြီးတဲ့နောက် သဘောမတူဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ပြီးလျှင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်ရန် စွမ်းရည် သို့မဟုတ် သတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍ ကိုယ်တော်အား သစ္စာဖောက်ပြီး တိုး၍ ကောက်ကျစ်ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ ၎င်း၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်တို့သည် လုံးဝ မုန်းတီးဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် ဘဝသည် အဓိပ္ပာယ်ရှိမည် မဟုတ်ဟုလည်းကောင်း၊ လူတို့သည် ရှေ့ဆက်လမ်းခရီးကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ မိမိတို့၏ ပန်းတိုင်ကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ ၎င်းတို့၏ အနာဂတ်သည် မှောင်မိုက်ကာ မှေးမှိန်ပြီး သုန်မှုန်နေမည်ဟုလည်းကောင်း ထင်သည့်အတွက်ကြောင့် စာတန်၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်များကို ယနေ့တွင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသေးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့သည် စာတန်က လူတို့အပေါ် ထားရှိသည့် ကြီးမားသော အချုပ်အနှောင်များဖြစ်သည်ကို တစ်နေ့တွင် သင်တို့သည် ဖြည်းဖြည်းချင်း သတိပြုမိလာကြလိမ့်မည်။ ထိုနေ့ရက်ရောက်သောအခါတွင် စာတန်၏ ထိန်းချုပ်မှုကို သင် လုံးလုံးလျားလျား အတိုက်အခံလုပ်မည် ဖြစ်ပြီး သင့်ထံသို့ စာတန် ဆောင်ကြဉ်းလာသည့် အချုပ်အနှောင်များကို လုံးလုံးလျားလျား အတိုက်အခံလုပ်လိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော ဤအရာအားလုံးမှ သင့်ကိုယ်သင် ရုန်းထွက်လွတ်မြောက်ရန် ဆန္ဒရှိသည့်အခါတွင် သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် မုန်းတီးလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) “စာတန်သည် လူတို့ကို ဖြားယောင်းသွေးဆောင်ရန် ငွေကို အသုံးပြုပြီး ၎င်းတို့အားလုံးကို ငွေနှင့် ရုပ်ဝတ္ထုပစ္စည်းများကို ကိုးကွယ်စေရန် ဖောက်ပြန်ပျက်စီးစေသည်။ ဤငွေကို ကိုးကွယ်ခြင်းသည် လူတို့၌ မည်သို့ ထင်ရှားပေါ်လွင်သနည်း။ ဤလောကတွင် သင်တို့သည် ငွေမရှိဘဲ အသက်မရှင်နိုင်ဟုလည်းကောင်း၊ ယင်းမရှိဘဲ တစ်နေ့တာမျှပင် မဖြတ်သန်းနိုင်ဟုလည်းကောင်း သင်တို့ မထင်ကြသလော။ လူတို့တွင် ငွေမည်မျှရှိသည်က ၎င်းတို့၏ အဆင့်အတန်း မည်မျှမြင့်မားသည်ကိုလည်းကောင်း၊ ၎င်းတို့ မည်မျှ ဂုဏ်သရေ ရှိသည်ကိုလည်းကောင်း ဆုံးဖြတ်သည်။ ဆင်းရဲသားတို့သည် မိမိတို့ ခေါင်းမဖော်နိုင်ဟု ခံစားရသော်လည်း ချမ်းသာသူတို့မှာမူ မြင့်မားသော အဆင့်အတန်းရှိကြပြီး ခေါင်းမော့ရင်ကော့ကာ ကျယ်လောင်စွာ စကားပြောနိုင်ပြီး မာနထောင်လွှား၍ အထိန်းအကွပ်မဲ့သော ပုံစံဖြင့် နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ရေပန်းစားမှုတို့က လူတို့ထံသို့ အဘယ်အရာကို ဆောင်ကြဉ်းပေးသနည်း။ လူများစွာတို့သည် ငွေရှာရန်အလို့ငှာ မည်သည့် စွန့်လွှတ်မှုကိုမဆို ပြုလုပ်ရန် လိုလားကြသည်မှာ အမှန် မဟုတ်လော။ လူများစွာတို့သည် ပိုမိုသောငွေကို လိုက်စားရာတွင် မိမိတို့၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို မဆုံးရှုံးကြသလော။ လူများစွာတို့သည် ငွေကြေးအတွက် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်သို့ လိုက်ရန် အခွင့်အရေးကို မဆုံးရှုံးကြသလော။ သမ္မာတရားကို ရရှိရန်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် လူတို့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှု မဟုတ်လော။ ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို အသုံးပြုရုံမျှဖြင့် စာတန်သည် လူကို ထိုသို့သော အတိုင်းအတာအထိ ဖောက်ပြန်ပျက်စီးစေသည်။ စာတန်၏ ရည်ရွယ်ချက်သည် ယုတ်မာသည် မဟုတ်လော။ ဤသည်မှာ မလိုမုန်းထားသော လှည့်ကွက်တစ်ခု မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)) ဘုရားသခင် နှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်က အရမ်းရှင်းလင်းပါတယ်။ စာတန်က လူတွေရဲ့ အတွေးတွေကို ထိန်းချုပ်ဖို့၊ ကျွန်မတို့ကို လမ်းမှားရောက်စေပြီး ဖောက်ပြန်ပျက်စီးစေဖို့အတွက် ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အသုံးပြုတယ်။ နှစ်တွေအကြာကြီး ကျွန်မက ကျော်ကြားမှုနဲ့ အကျိုးအမြတ် နှစ်ခုစလုံးကို လိုက်စားခဲ့ပြီး ထင်ပေါ်ကျော်ကြားဖို့ ကြိုးစားခဲ့တယ်။ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” တို့ “ငွေသာလျှင် ပထမ” တို့ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်” တို့ ပြီးတော့ “ငွေသည် အဓိကမဟုတ်သော်လည်း၊ ငွေမရှိလျှင် ဘာမျှလုပ်နိုင်မည်မဟုတ်” ဆိုတဲ့ စကားတွေအပေါ် ကျွန်မ မှီခိုအားထားခဲ့တယ်။ ဒီ စာတန်ဆန်တဲ့ အတွေးအခေါ်တွေက ကျွန်မဘဝကို လမ်းပြလာခဲ့ပြီး ပိုက်ဆံရှိရင် အရာအားလုံး ရှိတယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ပိုက်ဆံပိုရှာဖို့၊ ချမ်းသာကြွယ်ဝဖို့၊ သူများတွေ အားကျတာ၊ အထင်ကြီးတာ ခံရဖို့နဲ့ သာလွန်တဲ့ဘဝနဲ့ နေဖို့ပဲ ကျွန်မ အမြဲ လိုချင်ခဲ့တာ။ ပိုက်ဆံရယ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရယ်အတွက် ကျွန်မ ဘယ်လောက်ပဲ ဒုက္ခခံရပါစေ ဒါတွေအားလုံး တန်တယ်လို့ ထင်ခဲ့တယ်။ ဘုရားသခင်က လူဇာတိခံပြီး လူတွေကို ကယ်တင်ဖို့ သမ္မာတရားကို ဖော်ပြနေတယ်ဆိုတာ သိရက်နဲ့တောင် ကျွန်မ သမ္မာတရားကို လိုက်စားတာ၊ တာဝန်တွေ ထမ်းဆောင်တာတွေကို သေချာ မလုပ်ခဲ့ဘူး။ ပိုက်ဆံလိုက်စားရင်းနဲ့ တာဝန်တွေကို ထပ်ခါတလဲလဲ ငြင်းပယ်ခဲ့ပြီး ဘုရားသခင်နဲ့ ဝေးသထက် ဝေးလာခဲ့တယ်။ တကယ်တော့ ကျွန်မ မိသားစုက ပြည့်စုံပြီးသားပါ၊ စားဖို့သောက်ဖို့ မပူရပေမဲ့ ကျွန်မ မကျေနပ်နိုင်ခဲ့ဘဲ ပိုက်ဆံ ပိုရှာချင်နေတုန်းပဲ။ ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အရာအားလုံးထက် တန်ဖိုးထားခဲ့တာကြောင့် တာဝန်တွေ ထမ်းဆောင်ပြီး သမ္မာတရား ရရှိမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရတယ်။ အဲဒီအချိန်ကျမှ ကျွန်မဟာ ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကြောင့် မျက်စိကန်းနေခဲ့ပြီ၊ ပိုက်ဆံရဲ့ ကျွန် ဖြစ်နေပြီ ဆိုတာနဲ့ တကယ်လို့များ နောက်ကြောင်း ပြန်မလှည့်ရင် ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဲ့ သားကောင် ဖြစ်သွားတော့မယ် ဆိုတာကို သဘောပေါက်မိလိုက်တယ်။
အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “လူတို့သည် ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်လျက် တစ်သက်တာ စွမ်းအင်များကို သုံးပစ်ကြပြီး မိမိတို့၏မိသားစုကို ထောက်ပံ့ဖို့ ကြိုးစားခြင်းနှင့်ပတ်သက်၍ လှုပ်ရှားရုန်းကန်လျက်၊ ဂုဏ်သိက္ခာနှင့် အကျိုးအမြတ်အတွက် တက်သုတ်ရိုက်၍ သွားလိုက်ပြန်လိုက်လုပ်လျက် ၎င်းတို့၏ တစ်ဘဝလုံးကို ကုန်ဆုံးရသည်။ လူတို့ တန်ဖိုးထားသည့် အရာတို့သည် မိသားစုချစ်ခြင်းမေတ္တာ၊ ငွေ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ ဖြစ်ပြီး ၎င်းတို့က ဤအရာတို့ကို ဘဝ၌ တန်ဖိုးအရှိဆုံး အရာများအဖြစ် မြင်ကြသည်။ လူအားလုံးက ကံခေခြင်းနှင့်ပတ်သက်၍ ညည်းညူကြသည်။ သို့တိုင်အောင် လူသားက အဘယ်ကြောင့် အသက်ရှင်သည်၊ မည်သို့အသက်ရှင်သင့်သည်၊ လူ့ဘဝ၏တန်ဖိုးနှင့် အဓိပ္ပာယ်က အဘယ်အရာဖြစ်သည် စသည်တို့ဖြစ်သည့် လူတို့ နားအလည်သင့်ဆုံးနှင့် အဆန်းစစ်သင့်ဆုံးသော ကိစ္စများကိုမူ ၎င်းတို့ မသိကျိုးကျွန်ပြုထားကြဆဲဖြစ်၏။ ၎င်းတို့၏ ဘဝသည် မည်မျှကြာရှည်ကောင်း ကြာရှည်ပါစေ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားခြင်းနှင့်ပတ်သက်၍ ပြေးလွှားအလုပ်ရှုပ်ခြင်းမျှဖြင့် မိမိတို့၏ ဘဝတစ်ခုလုံး ကုန်ဆုံးကြသည်မှာ ၎င်းတို့၏ ပျိုမြစ်ခြင်း ကုန်ဆုံးသွားသည်အထိ၊ ၎င်းတို့သည် ဆံပင်ဖြူပြီး အသားအရေ တွန့်လိပ်လာသည်အထိ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့က ၎င်းတို့ ဇရာထောင်းခြင်းမှ ရပ်တန့်ပေးနိုင်မည်မဟုတ်ကြောင်း၊ ငွေကြေးသည် ၎င်းတို့စိတ်နှလုံးထဲမှ အနှစ်မဲ့ခြင်းကို မဖြည့်ဆည်းပေးနိုင်ကြောင်းတို့ကို ၎င်းတို့ သဘောပေါက်လာသည်အထိ၊ ပြီးလျှင် မည်သူကမျှ မွေးဖွားခြင်း၊ ကြီးရင့်ခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေခြင်းတရားတို့၏ နိယာမများမှ ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိကြောင်း၊ ကံကြမ္မာ၏ စီစဉ်မှုများကို မည်သူကမျှ မရှောင်နိုင်ကြောင်း ၎င်းတို့ နားလည်သည်အထိပင် ဖြစ်လေသည်။ ၎င်းတို့သည် ဘဝ၏ နောက်ဆုံးအဆင့်ကို ရင်ဆိုင်ဖို့ လိုအပ်သည့်အခါမှသာ လူတစ်ယောက်က အလွန်ကြီးမားသော ချမ်းသာကြွယ်ဝမှုနှင့် ကြီးကျယ်သော ဥစ္စာပစ္စည်းများ ပိုင်ဆိုင်နေသည့်တိုင် အခွင့်ထူးခံဖြစ်ပြီး အဆင့်အတန်းမြင့်မားနေသည့်တိုင် သေခြင်းကို မလွတ်မြောက်နိုင်သကဲ့သို့ လူတိုင်း မိမိ၏မူလအနေအထားဖြစ်သော အဘယ်အရာမျှ မပိုင်သည့် တစ်ကိုယ်တည်းသော ဝိညာဉ်တစ်ခုသို့ ပြန်သွားရလိမ့်မည်ဟူသည်ကို သူတို့အမှန်တကယ် နားလည်ကြလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) “လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း မိမိတို့၏ ဘဝကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ထိုအရာများက ၎င်းတို့၏ တစ်ခုတည်းသော အထောက်အပံ့ နည်းလမ်းဟု တွေးထင်ရင်း၊ ထိုအရာများကို ရှိခြင်းအားဖြင့် ၎င်းတို့ အသက်ဆက်ရှင် နိုင်သည့်အလား၊ သေခြင်းမှ လွတ်ကင်းစေနိုင်မည့်အလား ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြလေသည်။ သို့သော် သူတို့သည် သေရတော့မည်အချိန်မှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မည်မျှ အားနည်းသည်၊ ၎င်းတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ ၎င်းတို့ မည်မျှ အထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက် ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုတို့ဖြင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာ ကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရာ၌ ညီတူညီမျှ သနားစရာကောင်းပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ လူတစ်ယောက်က တစ်သက်လုံး ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားရင် နောက်ဆုံးမှာ အရာအားလုံးက အချည်းနှီးပဲ ဖြစ်သွားမယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ ဆေးခန်းမှာ ဖြစ်ခဲ့တဲ့ သေမလိုဖြစ်ခဲ့တဲ့ ဖြစ်ရပ်နှစ်ခုကြောင့် အန္တရာယ် လာတဲ့အခါ ပိုက်ဆံနဲ့ ကြွယ်ဝမှုတွေက လူတစ်ယောက်ရဲ့ လုံခြုံမှုကို မကာကွယ်ပေးနိုင်သလို အသက်ကိုလည်း မကယ်နိုင်ဘူးဆိုတာနဲ့ ဘုရားသခင်တစ်ပါးတည်းသာလျှင် လူတစ်ယောက် တကယ်လိုအပ်ပြီး မှီခိုအားထားရမယ့်အရှင် ဖြစ်တယ်၊ ဘုရားသခင်တစ်ပါးတည်းသာလျှင် လူ့ကံကြမ္မာကို အုပ်စိုးပြီး ထိန်းချုပ်တယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မရဲ့ အိမ်နီးနားချင်း တစ်ယောက်အကြောင်းကိုလည်း သွားသတိရတယ်။ သူက တရုတ်ဘဏ်ရဲ့ ဌာနတစ်ခုရဲ့ အထွေထွေ မန်နေဂျာပေါ့။ သူ့ယောက်ျားက ပို့ဆောင်ရေးဌာနရဲ့ ညွှန်ကြားရေးမှူး၊ သူ့အဖေက တရုတ်ပြည်သူ့ဘဏ် ရဲ့ ဌာနမှူးပေါ့။ သူ့မိသားစုက ချမ်းသာပြီး ဩဇာအာဏာ ရှိတယ်။ အဲဒီတုန်းက လမ်းထဲက လူတိုင်းက သူ့ကို အားကျပြီး အထင်ကြီးကြတာ။ ဒါပေမဲ့ အသက် ၃၂ နှစ်မှာ ရင်သားကင်ဆာရှိကြောင်း တွေ့ရှိခဲ့ပြီး မကြာခင်မှာပဲ ဆုံးသွားရှာတယ်။ ကျွန်မမှာ ချမ်းသာပြီး ထင်ပေါ်တဲ့ ဆွေမျိုးတစ်ယောက်လည်း ရှိသေးတယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ သူ ခရီးသွားရင်း သေသွားတယ်။ ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အထင်ကြီးခံရမှု ဘယ်လောက်ပဲ ရရ၊ သေခြင်းတရား ရောက်လာတဲ့အခါ ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေက အသက်ကို မကယ်နိုင်ဘူး ဆိုတာ ကျွန်မအတွက် ရှင်းသွားတယ်။ ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေက ဇာတိပကတိအတွက် ယာယီ ကျေနပ်မှုနဲ့ ပျော်ရွှင်မှုကိုပဲ ပေးနိုင်တာဖြစ်ပြီး ဘုရားသခင်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုသာ မရှိရင် လူ့အသက်ဆုံးရှုံးမှာပဲ၊ အဲဒီလိုဆိုရင် ပိုက်ဆံပိုရှိတာက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “ဘုရားသခင် ကိုယ်တော်က သမီးကို သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခံရဖို့ အခွင့်အရေး ပေးခဲ့ပေမဲ့ သမီး တန်ဖိုးမထားခဲ့မိဘူး။ သမီးရဲ့ အချိန်နဲ့ အင်အား အကုန်လုံးကို ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားဖို့ပဲ သုံးခဲ့မိတယ်။ သမီး တကယ်ကို မျက်စိကန်းပြီး မိုက်မဲခဲ့ပါတယ်။ အခုတော့ သမ္မာတရား ရရှိဖို့ ရှာဖွေတာနဲ့ တာဝန်ထမ်းဆောင်တာတွေက သမီးလုပ်နိုင်တဲ့ အဓိပ္ပာယ်အရှိဆုံးနဲ့ အရေးအကြီးဆုံး အရာတွေဖြစ်မှန်း သမီး သိပါပြီ” လို့ပေါ့။ အဲဒီနောက် ကျွန်မ လုပ်ဖော်ကိုင်ဖက်ဆီ ဖုန်းဆက်ပြီး ရှယ်ယာတွေနဲ့ ကနဦးဆေးခန်း အရင်းအနှီးတွေ ဘယ်လောက်ပဲ ရှုံးရှုံး လွှဲပြောင်းပေးဖို့ ဆန္ဒရှိတယ်လို့ ပြောလိုက်တယ်။ မကြာခင်မှာပဲ ဆေးခန်းက ကျွန်မ ရှယ်ယာတွေကို လွှဲပြောင်းပေးလိုက်တယ်။ သောင်းနဲ့ချီ ရှုံးသွားပေမဲ့ လွှဲလိုက်တဲ့အချိန်မှာ လွတ်မြောက်သွားသလို ခံစားရပြီး ပျော်ရွှင်မိတယ်။
နောက်ပိုင်းမှာ ကျွန်မရဲ့ အချိန်နဲ့ ခွန်အားတွေကို ကိုယ့်တာဝန်တွေမှာ ပိုပြီး မြှုပ်နှံခဲ့တယ်၊ အချိန်ရတိုင်း ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး သမ္မာတရားတွေကို ပိုနားလည်လာတယ်။ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတဲ့ နည်းလမ်းတွေကိုလည်း ပိုပြီး ထိုးဖောက်မြင်လာနိုင်တယ်။ ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်တွေကို ထမ်းဆောင်တာက သမ္မာတရားကို နားလည်နိုင်တယ်ဆိုတာ သိရလို့ အရမ်းကြည်နူးရတယ်။ မကြာသေးခင်က မိတ်ဆွေတချို့က ဆေးခန်းဖွင့်ဖို့ ကျွန်မနဲ့ ပူးပေါင်းချင်တယ်၊ ငွေစိုက်မယ်၊ ဆက်ဦးစီးပါလို့ တိုက်တွန်းကြတယ်။ တချို့ဆို ဆေးရုံမှာ ဝင်လုပ်ဖို့တောင် အကြံပေးကြတယ်။ ဒါပေမဲ့ ဒီအမှုအရာတွေရဲ့ လွှမ်းမိုးတာကို ကျွန်မ မခံရတော့ဘူး။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့၊ ဧဝံဂေလိတရားကို ဟောပြောပြီး ဘုရားသခင်အတွက် သက်သေခံဖို့ ကျွန်မ ရွေးချယ်လိုက်တယ်။ ဒါက ဒီလောကမှာ ကျွန်မ လုပ်နိုင်တဲ့ တခြားအရာတွေအားလုံးထက် ပိုအဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိပါတယ်။ ဒါဟာ ကျွန်မဘဝမှာ ကျွန်မလုပ်ခဲ့ဖူးသမျှ ပညာအရှိဆုံး ရွေးချယ်မှုပါပဲ။