ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ- အခန်း ၁၅” | ကောက်နုတ်ချက် ၅၁

ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် အသင်းတော်အားလုံးတို့ထဲတွင် ပေါ်ထွက်လာခဲ့ပြီး ဖြစ်သည်။ စကားပြောသည်မှာ ဝိညာဉ်တော်ဖြစ်၍ သူသည် အရှိန်နှင့်တောက်လောင်နေသော မီးတစ်ခုဖြစ်သည်။ သူသည် ဘုန်းအာနုဘော်ကို ဆောင်ယူကာ တရားစီရင်နေသည်။ သူသည် လူသားဖြစ်၍ ခြေသို့တိုင်အောင်ဝတ်ခြုံလျက်၊ ရင်တော်၌ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့်ဆံပင်တော်သည် ဖြူသော သိုးမွေးကဲ့သို့၎င်း၊ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့၎င်း၊ ခြေတော်တို့ သည်လည်း မီး၌ချွတ်ပြီးသောကြေးဝါစစ်နှင့်၎င်း တူ၏။ အသံတော် သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လကျာ်လက်တော်သည်လည်း ကြယ်ခုနှစ်လုံးကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း အသွားနှစ်ဘက် ထက်သောသန်လျက် ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။

လူသားသည် သက်သေခံခဲ့ရပြီးဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်သည်လည်း ပွင့်လင်းစွာ ထုတ်ဖော်ခံရပြီး ဖြစ်သည်။ အရှိန်တန်ခိုးနှင့်ထွန်းတောက်သော နေ ကဲ့သို့ ဘုရားသခင်၏ ဘုန်းတော်သည် ရှေ့သို့ ထုတ်လွှတ်နေသည်။ ဘုန်းတော်ကြီးမားသော ဘုရားသခင်၏ မျက်နှာထားသည် အလွန်တောက်ပ ထွန်းလင်းနေ၏၊ သူ့ကို မည်သူ၏ မျက်လုံးများက အာခံခြင်းနှင့် ဆက်ဆံဝံ့သနည်း။ အာခံခြင်းက သေခြင်းသို့ ပို့ဆောင်ပေးသည်တကား။ သင်၏နှလုံးထဲမှ အကြံအစည်များ၊ သင်ပြောသော စကားနှင့် လုပ်သောအရာများအတွက် သနားညှာတာခြင်း စိုးစဉ်းမျှပင်ရှိမည်မဟုတ်။ သင်တို့အားလုံးသည် ငါ၏တရားစီရင်ခြင်းမှအပ ဘာကိုမျှ ရရှိမည်မဟုတ် ကြောင်းကို သင်တို့သိမြင်၍ နားလည် လာကြလိမ့်မည်။ သင်တို့သည် ငါ၏နှုတ်ကပတ်တော်တို့ကို စားသောက်ရာ၌ ကြိုးစားအားထုတ်ခြင်းမရှိဘဲ အခြေအမြစ်မရှိ ဝင်ရောက် နှောင့်ယှက်ပြီး ငါ၏တည်ဆောက်ခြင်းအမှုကို ဖျက်ဆီးနေသောအခါ ငါသည်သည်းခံနိုင်မည်လော။ ဤသို့သောသူကို ငါသည် သက်ညှာမည် မဟုတ်။ ဤထက်သာ၍ အလေးအနက်ထားပါက သင်သည် မီးလျှံထဲတွင် လောင်ကျွမ်းခြင်းကို ခံရလိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ခေါင်းမှခြေဖျားထိတိုင် အသွေး သို့မဟုတ် အသား စိုးစဉ်းမျှ ဆက်စပ်မှုမရှိသော ဝိညာဉ်ခန္ဓာထဲ၌ ဖော်ပြသည်။ သူသည် စကြဝဠာလောကကို ကျော်လွန်၍ တတိယကောင်းကင် ဘုန်းတော် ကြီးမားသော ပလ္လင်တော်ပေါ်တွင်ထိုင်လျက် အရာအားလုံးတို့ကို စီမံခန့်ခွဲလျက်ရှိသည်။ စကြဝဠာနှင့် အရာခပ်သိမ်းတို့မှာ ငါ၏လက်ထဲတွင် ရှိသည်။ ငါပြောလျှင် ပြောသည့်အတိုင်းဖြစ်လိမ့်မည်။ ငါဘိသိက်ပေးလျှင် ပေးသည့်အတိုင်းဖြစ်လိမ့်မည်။ စာတန်သည် ငါ၏ခြေအောက်တွင်ရှိကာ သူသည် အနက်ဆုံးသောတွင်းထဲတွင် ရှိသည်။ ငါ၏အသံကို ထုတ်လွှတ် သောအခါ ကောင်းကင်နှင့်မြေကြီးတို့ လွန်မြောက်သွားပြီး ဘာမျှ မကျန်ဘဲရှိလိမ့်မည်။ အရာအားလုံးတို့သည် အသစ်ပြန်ဖြစ်လိမ့်မည် ဖြစ်၍၊ ဤအရာသည် လွန်စွာ မှန်သော၊ ပြောင်းလဲ၍မရသည့် အမှန်တရားပင် ဖြစ်သည်။ ငါသည် လောကကိုအောင်ခဲ့ပြီ။ မကောင်းသော အရာအားလုံးတို့ကို အောင်ခဲ့ပြီ။ ငါသည် ဤနေရာတွင် ထိုင်လျက် သင်တို့ကိုစကားပြောလျက် ရှိသည်။ နားရှိ သောသူတို့အားလုံး နားထောင်၍ အသက်ရှိသောသူ အပေါင်းတို့ လက်ခံသင့်သည်။

နေ့ရက်တို့သည် အဆုံးသို့ ရောက်လာလိမ့်မည်၊ ကမ္ဘာပေါ်ရှိအရာ အားလုံးတို့သည် အနတ္တအဖြစ်သို့ ရောက်၍ အားလုံးတို့သည် အသစ်ပြန်လည် မွေးဖွားခြင်းခံရလိမ့်မည်။ ဤအရာကိုမှတ်သားလော့။ ဤအရာကို မှတ်သားလော့။ ဒွိဟဖြစ်စရာ မရှိပေ။ ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။ သင်တို့ကို ထပ်မံ၍ တိုက်တွန်းခွင့်ပြုလော့။ အချည်းနှီးသက်သက် မပြေးကြနှင့်။ နိုးထကြလော့။ နောင်တရကြလော့။ ကယ်တင်ခြင်းသည် လက်တစ်ကမ်း၌ပင် ရှိသည်။ ငါသည်သင်တို့ကြားတွင် ပေါ်ထွန်းခဲ့ပြီးဖြစ်၍ ငါ၏အသံသည်လည်း ပေါ်ထွက်ပြီး ဖြစ်သည်။ နေ့စဉ်နေ့တိုင်း သင်တို့နှင့် မျက်နှာချင်းဆိုင်လျက် လန်းဆန်း သစ်လွင်စွာဖြင့် ငါ၏အသံသည် သင်တို့ရှေ့တွင် ပေါ်ထွက်ပြီး ဖြစ်သည်။ သင်သည် ငါ့ကိုမြင်၍ ငါသည်လည်း သင့်ကို မြင်သည်။ ငါသည် သင်နှင့် အဆက်မပြတ် မျက်နှာချင်းဆိုင်၍ စကားပြောသည်။ သို့သော်လည်း သင်သည် ငါ့ကို ငြင်းပယ်သေးသည်။ ငါ့ကို သင်သည် မသိ။ ငါ့သိုးတို့သည် ငါ့စကားကို ကြားနိုင်သော်လည်း သင်တို့သည် ဆိုင်းငံ့ နေကြသေးသည်။ သင်တို့ ဆိုင်းငံ့နေကြသည်။ သင်တို့စိတ်နှလုံးသည် မိုက်လျက်၊ မျက်စိတို့သည် စာတန်အားဖြင့် ကန်းလျက်ရှိပြီး ငါ၏ ဘုန်းနှင့်ပြည့်စုံသော မျက်နှာတော်ကို မမြင်နိုင်ကြ။ သနားဘွယ်ကောင်း လှစွာတကား။ သနားဘွယ်ကောင်းလှစွာတကား။

ငါ၏ပလ္လင်တော်ရှေ့ရှိ ဝိညာဉ်ခုနစ်ပါးတို့ကို ကမ္ဘာ မြေကြီး၏ ထောင့်စွန်းနေရာအားလုံးတို့ဆီသို့ စေလွှတ်ထားပြီး အသင်းတော်များထံသို့ ငါ၏တမန်ကို စကားပြောရန် ငါစေလွှတ်မည်။ ငါသည် ဖြောင့်မတ်၍ သစ္စာရှိသော သူဖြစ်သည်။ ငါသည် လူ၏စိတ်နှလုံး အနက်နဲဆုံး အပိုင်းတို့ကို စစ်ကြောစုံစမ်းသော ဘုရားသခင်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူ၍၊ ငါ၏သားတော်ထံမှ ထွက်ပေါ်လာသည်တို့မှာ ငါ၏ နှုတ်ကပတ်တော်များပင် ဖြစ်သည်။ နားရှိသောသူ အပေါင်းတို့ နားထောင်သင့်သည်။ အသက်ရှိသော သူအပေါင်းတို့ လက်ခံသင့်သည်။ ၎င်းတို့ကို စားသောက်ရုံသာ စားသောက် လိုက်ပါ၊ သံသယမရှိနှင့်။ ငါ၏ နှုတ်ကပတ်တော်တို့ကို နားထောင်၍ လိုက်နာသောသူအားလုံးတို့သည် ကြီးမြတ်သော ကောင်းကြီးတို့ကို ခံရလိမ့်မည်။ ငါ၏ မျက်နှာကို ရိုးသားစွာ ရှာသောသူအပေါင်းတို့သည် အသစ်သော အလင်း၊ အသစ်သော ဉာဏ်ပွင့်ခြင်းနှင့် အသစ်သော ထိုးထွင်းအမြင် တို့ကို ဧကန်အမှန်ရကြလိမ့်မည်။ အရာအားလုံးတို့သည် လန်းဆန်းသစ်လွင်ခြင်း ရှိကြလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်တို့သည် သင့်ထံ အချိန်မရွေး ပေါ်ထွန်း၍ သင်သည် ဝိညာဉ်လောက၏ လျှို့ဝှက်ဆန်းကြယ်သော အရာအားလုံးတို့ကို မြင်နိုင်ရန်နှင့် နိုင်ငံတော်သည် လူသားတို့အကြားတွင်ရှိသည်ကို မြင်တွေ့စေရန် သင်၏ ဝိညာဉ်မျက်စိကို ဖွင့်ပေးလိမ့်မည်။ ခိုလှုံရာနေရာသို့ ဝင်လော့၊ ထိုသို့ပြုလျှင် ကျေးဇူးတော်နှင့်ကောင်းကြီးအလုံးစုံတို့သည် သင့်အပေါ် ကျရောက် လိမ့်မည် ဖြစ်၍၊ အစာငတ်ခြင်းနှင့် ရောဂါဘေးဆိုးတို့သည် သင့်အား ထိနိုင်စွမ်း ရှိမည် မဟုတ်ပေ။ မြေခွေး၊ မြွေဆိုး၊ ကျားနှင့် ကျားသစ်တို့သည် သင့်ကို အန္တရာယ်မပြုနိုင်ရာ။ သင်သည် ငါနှင့်အတူသွားပြီး ငါနှင့်အတူ လျှောက်လှမ်းကာ ငါနှင့်အတူ ဘုန်းတော်ထဲသို့ ဝင်ရကြလိမ့်မည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

လူသားသည် ဘုန်းတော်နှင့် ပေါ်ထွန်းခဲ့ပြီ

ဘုရားရှင်၏အသွင်သဏ္ဌာန် ပေါ်ထွက်ခဲ့ပြီ၊ အသင်းတော်များ၌ ပေါ်ထွက်လာခဲ့လေပြီ။ ဝိညာဉ်တော်မိန့်မြွတ်ထားတာ သူသည် ပြင်းထန်သော မီးနှင့် ဘုန်းအာနုဘော်ကြီးပြီး သူသည်တရားစီရင်လျက် နေသည်။ သူသည် လူသားဖြစ်သည်မှာ အမှန်ဖြစ်၏၊ ခြေထောက်အထိ ဝတ်ရုံတော်ဖုံးအုပ် ထားပြီး ရွှေခါးစည်းကြိုးဖြင့် ရင်ကို ပတ်ရစ်ထား။ သူ၏ဦးခေါင်းတော်နှင့်ဆံတော်များသည် သိုးမွေးပမာ ဖြူစင်လို့နေသည်။ သူ့၏မျက်လုံးများသည် မီးလျှံအလား တောက်လောင်လျက် သူ့ခြေများသည် မီးဖိုထဲက ကြေးဝါနှင့်တူ၏။ သူ၏အသံသည် သမုဒ္ဒရာအသံကဲ့သို့ မြည်၏။ သူ၏လက်တော်၌ ကြယ်ခုနစ်လုံးရှိပြီး နှုတ်တော်၌လည်း အသွားနှစ်ဖက်ပါသော ဓားရှိ၏ သူ၏မျက်နှာသည် အစွမ်းကုန်တောက်ပသောနေမင်းကြီးအတိုင်း အနန္တတန်ခိုးရှင် ဘုရားရှင်သည် ဝိညာဉ်ကိုယ်ဖြင့် ထင်ရှားခဲ့ပြီ၊ အသွေးအသားမပါ၊ ဦးခေါင်းထက်မှ ခြေဖျားထိ သွေးစက်လုံးဝမရှိဘူး။ သူသည် စကြဝဠာအထက်တွင် ရှိကာ၊ ဘုန်းပလ္လင်တော်ပေါ် ထိုင်ကာ တတိယမြောက်ကောင်းကင် အထက်ပလ္လင်တော်မှ အရာခပ်သိမ်းကို အုပ်စိုး၏

လူသားသည် သက်သေထူခဲ့ပြီး အရာအားလုံး၌ ဘုရားသည် ထင်ရှားခဲ့လေပြီ။ နေမင်းသည် အားအပြည့်ဖြင့် လင်း သလို ဘုရား၏ ဘုန်းတော်နှင့် ဂုဏ်တော်သည် ထွက်ပေါ်ခဲ့လေပြီ ဘုရား၏ဘုန်းကြီးသောမျက်နှာတော် အလွန်တောက်ပ၊ လူတိုင်း လူတိုင်း၏မျက်လုံးအား ပြာသွားစေလေ၏ ဘယ်သူမှ မျက်နှာတော်ကို အာ မခံရဲကြ။ ဆန့်ကျင်သောသူတိုင်းသည် ဧကန်မုချ သေရမည်။ အတွေးဖြင့် သို့မဟုတ် အပြောဆိုဖြင့် ဆန့်ကျင် ဆန့်ကျင်၊ လူ့အပြုအမူ၌ တွေ့ရတွေ့ရ၊ သနားခြင်း အလျှင်း မရှိ၊ ဘယ်လို သနားခြင်းကိုမှ သင်တို့သည် မြင်ရကြလိမ့်မည်မဟုတ် အပြစ်စီရင်ခြင်းကိုသာ၊ အပြစ်စီရင်ခြင်းသာ သင်တို့သည် ခံရလိမ့်မည်။

စကြဝဠာရှိ ခပ်သိမ်းသောအရာများ ဘုရားသခင်၏လက်တော်ထဲမှာ တည်ရှိ၏။ ဘုရား စီမံထားလျှင် ဘုရားစီမံထားသည့်အတိုင်း ဖြစ်လာလိမ့်မည်။ စာတန်သည် ဘုရားရှင် ၏ခြေအောက်၊ အဆုံးမဲ့သည့် ချောက်ထဲသို့ ရောက်လေ၏။ ဆိုးယုတ်မှုအားလုံးကို ဘုရားရှင် အောင်နိုင်ခဲ့ပြီ။ ဘုရား၏ အသံတော် ထွက်လျှင် ကမ္ဘာတစ်ခုလုံး နတ္တိဖြစ်လိမ့်မည်။ ကောင်းကင်နှင့်မြေကြီး သည် ကွယ်ပျောက်၍၊ ခပ်သိမ်းသောအရာများသည် အသစ်ဖြစ်လာလိမ့်မည်။ ထိုအရာကို ပြောင်းလဲ၍မရပါ။ ဘုရားရှင်သည် လောကကို အောင်နိုင်ခဲ့ပြီ။ ယခု သူ ဤနေရာ၌ ထိုင်ကာ သင်တို့အား စကားပြောသည်။ နားရှိသူအားလုံး နားထောင်ကြ။ ယခု ဘုရားစကားပြောသည်၊ အသက်ရှင်သောသူများ ဘုရား၏နှုတ်ကပတ်တော်ကို လက်ခံသင့်သည်။ အနန္တတန်ခိုးရှင် ဘုရားရှင်သည် ဝိညာဉ်ကိုယ်ဖြင့် ထင်ရှားခဲ့ပြီ၊ အသွေးအသားမပါ၊ ဦးခေါင်းထက်မှ ခြေဖျားထိ သွေးစက်လုံးဝမရှိဘူး။ သူသည် စကြဝဠာအထက်တွင် ရှိကာ၊ ဘုန်းပလ္လင်တော်ပေါ် ထိုင်ကာ တတိယမြောက်ကောင်းကင် အထက်ပလ္လင်တော်မှ အရာခပ်သိမ်းကို အုပ်စိုး၏

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)” | ကောက်နုတ်ချက် ၃၆၃

သင်တို့အားလုံးသည် ငါ့ကို သစ္စာဖောက်ခြင်း မည်မျှ သင်တို့အတွင်း ကျန်ရှိသည်ကို မြင်ဖို့ရန် ယခု မြန်နိုင်သမျှမြန်မြန် မိမိကိုယ်ကိုယ်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း” | ကောက်နုတ်ချက် ၄၆၃

ခေတ်ကာလနှင့်ပတ်သက်သည့် ဘုရားသခင်၏စိတ်သဘောထားကို ခေတ်ကာလအလိုက် အရေးပါမှုရှိသော သင့်တော်ရာ ဘာသာစကားဖြင့် သင်ဖော်ပြနိုင်ပါသလား။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သင်တို့သည် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ ကောင်းချီးများကို ဘေးဖယ်ပြီး လူသားအတွက် ကယ်တင်ခြင်းကို ယူဆောင်လာရန် ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်၏” | ကောက်နုတ်ချက် ၈၅

ငါ၏နှုတ်ကပတ်တော်တို့သည် ခက်ထန်နိုင်သော်လည်း ၎င်းတို့အားလုံးကို လူသား၏ ကယ်တင်ခြင်းအတွက် ပြောထားခြင်း ဖြစ်သည်၊ ငါသည် နှုတ်ကပတ်တော်များကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ -“လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” -ကောက်နုတ်ချက် ၅၈၉

ဖန်ဆင်းရှင်သည် သက်ရှိသတ္တဝါအားလုံးကို စီစဉ်ညွှန်ကြားရန် ရည်ရွယ်၏။ သူလုပ်သည့်အရာတစ်ခုကိုမျှ သင်စွန့်ပစ်ခြင်း သို့မဟုတ် မနာခံခြင်း မပြုရ။...