ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၀

လူသားမျိုးနွယ်တွင်ရှိသည့်လူတိုင်းသည် ငါ့ဝိညာဉ်၏လေ့လာခြင်းကို လက်ခံသင့်သည်၊ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းကို အနီးကပ်စိစစ်သင့်သည်၊ ထို့အပြင် ငါ၏အံ့သြဖွယ်ရာ လုပ်ဆောင်ချက်များကို ကြည့်ရှုသင့်သည်။ ကမ္ဘာမြေကြီးပေါ်တွင် နိုင်ငံတော်တည်ထောင်သည့်အခါ သင်တို့ မည်သို့ခံစားရသနည်း။ ငါ့သားများနှင့် ငါ့လူများ ငါ့ပလ္လင်သို့ တသီတတန်းလာကြသောအခါ၊ ငါသည် ဖြူသောပလ္လင်ကြီး ရှေ့မှောက်တွင် တရားစီရင်ခြင်းကို တရားဝင်စတင်သည်။ ဆိုလိုသည်မှာ ကမ္ဘာမြေကြီးပေါ်၌ ငါ၏အမှုကို ငါကိုယ်တိုင်စတင်သည့်အခါနှင့် တရားစီရင်ခြင်းခေတ် အဆုံးသတ်ချိန်နီးသည့် အခါတို့တွင် ငါသည် ငါ၏နှုတ်ကပတ်တော်တို့ကို စကြဝဠာတစ်ခုလုံးသို့ စတင်၍ညွှန်ကြားကာ ငါ့ဝိညာဉ်၏ အသံကို စကြဝဠာတစ်ခုလုံးသို့ ထုတ်လွှတ်သည်။ မြေကြီးသည် ညစ်ပေခြင်းနှင့် လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့ခြင်းတို့ မရှိတော့ဘဲ သန့်ရှင်းသောနိုင်ငံတော်တစ်ခုဖြစ်စေရန်၊ ငါ၏ နှုတ်ကပတ်တော်တို့အားဖြင့် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးရှိ လူခပ်သိမ်းနှင့် အရာခပ်သိမ်းကို သန့်စင်စေရန် ငါဆေးကြောမည်။ ၎င်းတို့ကိုငါအသုံးပြုရေးအတွက် ထောက်ပံ့ပေးစေရန်အလို့ငှာ၊ ၎င်းတို့၏ မြေကြီးနှင့်စပ်ဆိုင်သော ထွက်သက်ဝင်သက် မရှိတော့စေခြင်းအလို့ငှာနှင့် ၎င်းတို့သည် မြေကြီး၏အရသာနှင့် စွန်းထင်း မနေစေတော့ရန် ငါသည် အရာခပ်သိမ်းကို အသစ်ဖြစ်စေမည်။ မြေကြီးပေါ်တွင် လူသားသည် ငါ့နှုတ်ကပတ်တော်များ၏ ရည်မှန်းချက်ပန်းတိုင်နှင့် မူလအစများကို စမ်းတဝါးဝါးရှာလျက် ငါ့လုပ်ဆောင်ချက်တို့ကို ကြည့်ရှုခဲ့ပြီးဖြစ်သော်လည်း မည်သူမျှ ငါ့နှုတ်ကပတ်တော်များ၏ မူလအစများကို စစ်မှန်စွာသိခဲ့ဖူးခြင်း မရှိပေ။ ထို့အပြင် မည်သူမျှ ငါ၏လုပ်ဆောင်ချက်များတွင် အံ့သြဖွယ်ရာကောင်းခြင်းကို စစ်မှန်စွာ တွေ့မြင်ခဲ့ဖူးခြင်းမရှိပေ။ ယနေ့တွင်သာ ငါကိုယ်တိုင်လူသားအကြားလာ၍ ငါ့နှုတ်ကပတ်တော်များကို ပြောဆိုသည့်အခါ လူသားသည် ၎င်းတို့၏ အတွေးများထဲ “ငါ့” အတွက် ပေးထားသည့်နေရာကို ဖယ်ရှားလျက်၊ ၎င်းအစား ၎င်းတို့၏အသိဉာဏ်တွင် လက်တွေ့ကျသော ဘုရားသခင်အတွက် နေရာတစ်နေရာဖန်တီးကာ ငါ့ကို အနည်းငယ်သိကြ၏။ လူသားတွင် အယူအဆများရှိကာ သိလိုစိတ်နှင့် ပြည့်နှက်နေ၏။ ဘုရားသခင်ကို မြင်လိုသည့် ဆန္ဒမရှိသူ မည်သူရှိမည်နည်း။ ဘုရားသခင်နှင့် ကြုံတွေ့လိုသည့် ဆန္ဒမရှိသူ မည်သူရှိမည်နည်း။ သို့သော် ဝိုးတဝါးနှင့် စိတ်ကူးသက်သက်ဟု လူသားမှခံစားရသော ဘုရားသခင်သာလျှင် လူသား၏နှလုံးသားတွင် သေချာသည့် နေရာတစ်ခုယူထားသော တစ်ခုတည်းသောအရာ ဖြစ်၏။ ငါမှရိုးရှင်းစွာမပြောလျှင် မည်သူက ဤသည်ကို သိမည်နည်း။ ငါအမှန်ပင် တည်ရှိကြောင်းကို မည်သူက စစ်မှန်စွာယုံကြည်မည်နည်း။ အကယ်စင်စစ် သံသယအရိပ်အမြွက်တစ်ခုမျှ မရှိဘဲ မည်သူယုံကြည်မည်နည်း။ လူသား၏နှလုံးသားတွင်ရှိသည့် “ငါ” နှင့် လက်တွေ့ဘဝတွင်ရှိသည့် “ငါ” တို့အကြား ကြီးမားသည့်ကွာခြားမှုရှိ၍ ၎င်းတို့နှစ်ခုအကြား မည်သူမျှ နှိုင်းယှဉ်နိုင်စွမ်း မရှိပေ။ ငါသည် လူ့ဇာတိ မခံယူခဲ့ပါက လူသားသည် ငါ့ကို မည်သည့်အခါမျှ သိမည်မဟုတ်ဘဲ၊ ငါ့အား သူသိလာသော်မှ ဤကဲ့သို့သော အသိသည် အယူအဆတစ်ခုမျှသာ ဖြစ်နေဦးမည် မဟုတ်လော။ အဆက်မပြတ်စီးဆင်းနေသည့် လူတို့အကြား ငါသည် နေ့စဉ် လျှောက်လှမ်း၍ လူတစ်ဦးစီ၏အတွင်းတွင် ငါသည် နေ့စဉ် ဆောင်ရွက်၏။ လူသားသည် ငါ့ကို အမှန်စင်စစ်တွေ့သည့်အခါ၊ သူသည် ငါ၏နှုတ်ကပတ်တော်များ၌ ငါ့ကိုသိနိုင်မည်ဖြစ်ကာ ငါပြောဆိုသည့် နည်းလမ်းများအပြင် ငါ၏ရည်ရွယ်ချက်များအား နားလည်လိမ့်မည်ဖြစ်သည်။

ကမ္ဘာမြေကြီးပေါ်တွင် နိုင်ငံတော် တရားဝင်တည်ထောင်သည့်အခါ အရာခပ်သိမ်းအကြား မည်သည့်အရာသည် ဆိတ်ငြိမ်လျက် မနေသနည်း။ လူခပ်သိမ်းအကြား မည်သူသည် မကြောက်ရွံ့ဘဲ နေသနည်း။ စကြဝဠာ လောကတစ်ခွင်ငါသည် နေရာတိုင်း လျှောက်လှမ်း၍ အရာခပ်သိမ်းကို ငါကိုယ်တိုင် စီမံ၏။ ဤအချိန်တွင် ငါ၏လုပ်ဆောင်ချက်များသည် အံ့သြဖွယ်ကောင်းသည်ကို မည်သူမသိသနည်း။ ငါ၏လက်များသည် အရာခပ်သိမ်းကို ထောက်ပင့်ထားသော်လည်း ငါသည် အရာခပ်သိမ်း၏ အထက်တွင်လည်း ရှိ၏။ ယနေ့ ငါ၏လူ့ဇာတိခံယူခြင်းနှင့် လူသားအကြား ငါကိုယ်တိုင်ရှိနေခြင်းသည် ငါ၏နှိမ့်ချခြင်းနှင့် ဖုံးကွယ်နေခြင်း၏ စစ်မှန်သောအဓိပ္ပာယ် မဟုတ်ပေဘူးလော။ အပြင်ပန်းတွင် များစွာသော လူတို့သည် ငါ့အား ကောင်းသည်ဟု ချီးမွမ်းလျက် လှသည်ဟု ချီးကျူးကြသော်လည်း မည်သူသည် ငါ့အား စစ်မှန်စွာသိသနည်း။ ယနေ့ ငါသည် သင်တို့ကို ငါ့အားသိရန် အဘယ်ကြောင့် တောင်းဆိုသနည်း။ ငါ၏ရည်မှန်းချက်မှာ အဆင်းနီသောနဂါးကြီးကို အရှက်ရစေရန် မဟုတ်သလော။ ငါသည် လူသားအား ငါ့ကို ချီးကျူးရန် အတင်းအကျပ်မပြုလိုသော်လည်း သူ့အား ငါ့ကိုသိစေလိုကာ ထိုသို့သိခြင်းအားဖြင့် သူသည် ငါ့ကို ချစ်လာကာ၊ ဤသို့ဖြင့် ငါ့ကို ချီးမွမ်းစေလိုသည်။ ထိုကဲ့သို့သော ချီးမွမ်းခြင်းသည် ၎င်း၏အမည်နှင့် ထိုက်တန်၍ အချည်းနှီးပြောဆိုခြင်း မဟုတ်ပေ။ ဤသို့သောချီးမွမ်းခြင်းသည်သာ ငါ၏ပလ္လင်သို့ရောက်နိုင်၍ မိုးကောင်းကင်သို့ တက်နိုင်မည်ဖြစ်သည်။ လူသားသည် စာတန်၏ သွေးဆောင်ခြင်းနှင့် ဖျက်ဆီးခြင်းခံရသဖြင့်၊ အယူအဆများကိုစဉ်းစားနေခြင်းသည် သူ့အပေါ်လွှမ်းမိုးသွားခဲ့သဖြင့်၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကိုယ်တိုင် သိမ်းပိုက်ရန်၊ လူသား၏အယူအဆအားလုံးကို ဖော်ထုတ်ရန်နှင့် လူသား၏စဉ်းစားခြင်းကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ရန်အလို့ငှာ ငါသည် လူ့ဇာတိခံယူခဲ့ပြီးဖြစ်၏။ ရလဒ်အနေဖြင့် လူသားသည် ငါ၏ရှေ့မှောက်တွင် ဝင့်ဝါစွာလျှောက်ပြခြင်း မပြုတော့ဘဲ၊ သူ၏ကိုယ်ပိုင်အယူအဆများကို အသုံးပြု၍ ငါ့အားအစေခံခြင်းလည်း မပြုတော့ပေ။ ထို့ကြောင့် လူသားတို့၏အယူအဆများတွင်ရှိသည့် “ငါ” ကို လုံးဝ ပပျောက်စေသည်။ နိုင်ငံတော် တည်ထောင်သည့်အခါ၊ ငါသည် အမှု၏ဤအဆင့်ကို အရင်ဆုံးစတင်ကာ ငါ၏လူတို့အကြား၌လည်း ငါသည် ဤသို့ပြု၏။ အဆင်းနီသောနဂါးကြီး၏နိုင်ငံတွင် မွေးဖွားသောငါ၏လူတို့ဖြစ်သဖြင့်၊ အကယ်စင်စစ် သင်တို့၏အတွင်းတွင် အဆင်းနီသောနဂါးကြီး၏ အဆိပ် အနည်းငယ်သာပင် သို့မဟုတ် တစ်စိတ်တစ်ပိုင်းပင် မရှိပေ။ ထို့ကြောင့် ငါ့အမှု၏ဤအဆင့်သည် အဓိကအားဖြင့် သင်တို့အပေါ် အာရုံစူးစိုက်ထားခြင်းဖြစ်ကာ၊ ဤသည်မှာ တရုတ်နိုင်ငံတွင် ငါလူ့ဇာတိခံယူခြင်းအဓိပ္ပာယ်၏ ကဏ္ဍတစ်ရပ်ဖြစ်သည်။ လူအများစုသည် ငါပြောသည့် နှုတ်ကပတ်တော်များ၏ အပိုင်းအစတစ်ခုကိုမျှပင် နားလည်နိုင်ခြင်းမရှိဘဲ၊ ၎င်းတို့ နားလည်သည့်အခါတွင်လည်း ၎င်းတို့၏နားလည်ခြင်းသည် ဝိုးတိုးဝါးတားနှင့် မရှင်းမလင်းဖြစ်၏။ ဤသည်မှာ ငါ့ပြောဆိုသည့်နည်းနာ၏ အလှည့်အပြောင်းထဲမှ တစ်ခုဖြစ်၏။ လူအားလုံးသည် ငါ၏နှုတ်ကပတ်တော်များကို ဖတ်၍ ၎င်းတို့၏အဓိပ္ပာယ်များကို နားလည်နိုင်ပါက၊ လူသားအကြား မည်သူသည် ကယ်တင်ခြင်းခံရကာ မရဏနိုင်ငံသို့ ပစ်ချမခံဘဲ နေရနိုင်မည်နည်း။ လူသားသည် ငါ့ကိုသိ၍နာခံသည့်အခါသည် ငါနားသည့်အခါ ဖြစ်လိမ့်မည်။ ထို့အပြင် လူသားသည် ငါ့နှုတ်ကပတ်တော်များ၏အဓိပ္ပာယ်ကို နားလည်နိုင်သည့် အချိန်ပင်ဖြစ်လိမ့်မည်။ ယနေ့ သင်ငါ့ကိုသိခြင်းအကြောင်းကို မဆိုနှင့်၊ သင်၏ ဝိညာဉ်အသက်တာသည် သေးငယ်လွန်း၏။ သနားစဖွယ်ကောင်းလောက်အောင်ပင် သေးငယ်၏။ ချီးမြှောက်ရန်ပင်မထိုက်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၁)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၃

ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် လက်တွေ့ကျသည်။ သူလုပ်ဆောင်သည့် မည်သည့်အရာမျှ အနှစ်မမဲ့သကဲ့သို့၊ အားလုံးကို မိမိဘာသာ တွေ့ကြုံ ခံစားလေသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၅၉

လူထုအပေါင်းတို့သည် ငါ့ကို သြဘာပေးကြ၏။ လူထုအပေါင်းတို့သည် ငါ့ကို ချီးမွမ်းကြ၏။ နှုတ်ခပ်သိမ်းတို့သည် တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၈၃

ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းရန် နှုတ်ကပတ်တော်တို့ကို အသုံးပြုသည် ကမ္ဘာဦးကျမ်း ၁:၃-၅ ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၉၈

ယနေ့ခေတ်တွင် ရှာဖွေသောသူတို့နှင့် မရှာဖွေသောသူတို့သည် ၎င်းတို့၏ ခရီးပန်းတိုင်များလည်း အလွန် ကွဲပြားခြားနားသည့်၊ လုံးဝ မတူကွဲပြားသော...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။