ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၄၀

ယနေ့ ငါသည်သင်တို့အားဤနေရာအထိ လမ်းပြခဲ့ပြီးဖြစ်သဖြင့် ငါသည် သင့်လျော်သော အစီအမံများကို ပြုလုပ်ပြီးဖြစ်သည့်အပြင် ငါ့တွင် ကိုယ်ပိုင်ရည်မှန်းချက်များလည်း ရှိ၏။ ငါသည် သင်တို့အား ၎င်းတို့အကြောင်း ယနေ့ပြောပြရမည်ဆိုပါက သင်တို့သည် ၎င်းတို့ကို စစ်မှန်စွာ သိနိုင်ပါမည်လော။ ငါသည် လူသား၏စိတ်၏အတွေးများနှင့် လူသား၏နှလုံးသား၏ဆန္ဒများကို ကောင်းစွာ သိကျွမ်းသည်- မိမိတို့ ကိုယ်တိုင်အတွက် ထွက်မြောက်ရာလမ်းကို တစ်ခါမျှမရှာဖူးသူ မည်သူရှိသနည်း။ မိမိတို့ကိုယ်တိုင်၏ အလားအလာအကြောင်း မစဉ်းစားခဲ့ဖူးသူ မည်သူရှိသနည်း။ သို့ရာတွင် လူသားသည် ကြွယ်ဝ၍ ပြောင်မြောက်သော အသိဉာဏ်ရှိသော်လည်း၊ ခေတ်များ၏နောက်ပိုင်း၊ လက်ရှိကာလသည် ဤသို့ဖြစ်လာလိမ့်မည်ဟု မည်သူက ခန့်မှန်းနိုင်ခဲ့သနည်း။ ဤသည်မှာ သင်ကိုယ်တိုင်၏ ပုဂ္ဂလဓိဋ္ဌာန်ကျသော ကြိုးပမ်းမှုများ၏ အသီးအပွင့် အမှန်ပင်ဖြစ်သလော။ ဤသည်မှာ မမောမပန်းနိုင်သော သင်၏ကြိုးပမ်းမှုအတွက် အဖိုးအခပင်လော။ ဤသည်မှာ သင့်စိတ်မှမှန်းဆကြည့်သော လှပသည့် မြင်ကွင်းပေလော။ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို လမ်းပြခြင်းမပြုခဲ့ပါက ငါ၏အစီအမံများမှ ခွဲထွက်ကာ အခြားထွက်မြောက်ရာလမ်းရှာနိုင်မည့်သူ မည်သူရှိသနည်း။ လူသားကို ယနေ့ကာလသို့ ခေါ်လာသည့်အရာမှာ လူသား၏အတွေးအခေါ်များနှင့် စိတ်ဆန္ဒများလော။ များစွာသောလူတို့သည် ၎င်းတို့၏လိုအင်ဆန္ဒများ ပြည့်ဝခြင်းမရှိဘဲ တစ်သက်လုံးအသက်ရှင်ကြ၏။ ဤသည်မှာ အကယ်စင်စစ်ပင် ၎င်းတို့၏အတွေးအခေါ်ရှိ မှားယွင်းမှုတစ်ရပ်ကြောင့်လော။ များစွာသောလူတို့၏ဘဝများသည် မျှော်လင့်မထားသော ပျော်ရွှင်ကျေနပ်မှုများနှင့် ပြည့်နှက်လျက်ရှိသည်။ ဤသည်မှာ အကယ်စင်စစ်ပင် ၎င်းတို့မျှော်လင့်ထားသည့် အရာမှာ နည်းပါးလွန်း၍လော။ လူသားတစ်ရပ်လုံးတွင် အနန္တတန်ခိုးရှင်၏ မျက်လုံးထဲ၌ ဂရုစိုက်မခံရသူဟူသည် မည်သူရှိသနည်း။ အနန္တတန်ခိုးရှင်မှ ကြိုတင်ပြဋ္ဌာန်းထားခြင်းအလယ်၌ မနေထိုင်သူ မည်သူရှိသနည်း။ မည်သူ၏ မွေးခြင်းနှင့်သေခြင်းသည် ၎င်းတို့ကိုယ်တိုင်၏ရွေးချယ်ချက်များမှ လာသနည်း။ လူသားသည် သူကိုယ်တိုင်၏ကံကြမ္မာကို ချုပ်ကိုင်ထားသလော။ များစွာသောလူတို့သည် သေမင်းကို အော်ခေါ်ကြသော်လည်း ၎င်းသည် သူတို့ထံမှ ဝေးကွာနေ၏။ များစွာသောလူတို့သည် ဘဝတွင် သန်စွမ်း၍ သေခြင်းကို ကြောက်ရွံ့သူများ ဖြစ်လိုကြသော်လည်း၊ ၎င်းတို့အား သေမင်း၏ အသူတစ်ရာနက်သော ချောက်အတွင်းသို့ တွန်းချနေလျက် ၎င်းတို့၏သေခြင်းသည် ၎င်းတို့မသိဘဲ ချဉ်းကပ်လာနေ၏။ များစွာသောလူတို့သည် ကောင်းကင်သို့ကြည့်၍ နက်ရှိုင်းစွာ သက်ပြင်းချ၏၊ များစွာသောလူတို့သည် ကြီးစွာ ငိုကြွေး၍ အော်ကာရှိုက်ငိုကြ၏၊ များစွာသောလူတို့သည် စမ်းသပ်မှုများအကြား လဲပြိုကြပြီး များစွာသောလူတို့သည် သွေးဆောင်ခြင်း၏အကျဉ်းသားများ ဖြစ်သွားကြ၏။ ငါ့အား ထင်ရှားစွာ မြင်ခွင့်ပြုရန် ငါသည် ကိုယ်တိုင်ပေါ်လာခြင်း မရှိသော်လည်း၊ များစွာသောလူတို့သည် ၎င်းတို့အား ငါမှရိုက်ချမည်၊ ငါမှ အဆုံးစီရင်မည်ကို လွန်စွာကြောက်ရွံ့လျက် ငါ့၏မျက်နှာကို မြင်ရန်ကြောက်နေကြ၏။ လူသားသည် ငါ့ကို အစစ်အမှန်ပင် သိသလော၊ မသိသလော။ မည်သူမျှ သေချာစွာ မပြောနိုင်ပေ။ ဤသို့မဟုတ်ပေဘူးလော။ သင်တို့သည် ငါ့ကိုရော၊ ငါ၏ပြစ်တင်ဆုံးမမှုကိုပါ ကြောက်ရွံ့သော်လည်း၊ သင်တို့သည် မတ်တတ်ရပ်၍ ငါ့ကို ပွင့်ပွင့်လင်းလင်းပင် ဆန့်ကျင်ကာ ငါ့အပေါ်စီရင်ခြင်းလည်းပြု၏။ ဤသို့ဖြစ်သည် မဟုတ်လော။ လူသားသည် ငါ့ကို လုံးဝမသိခဲ့ဖူးခြင်းမှာ သူသည် မည်သည့်အခါမျှ ငါ၏မျက်နှာကို မမြင်ခဲ့ဖူး၊ သို့မဟုတ် ငါ့အသံကို မကြားခဲ့ဖူးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ငါသည် လူသား၏နှလုံးသားအတွင်းတွင် ရှိသော်လည်း ၎င်း၏နှလုံးသားတွင် ငါသည် ဝိုးတဝါးနှင့် မထင်မရှားဖြစ်နေခြင်း မရှိသူ တစ်စုံတစ်ဦးရှိသလော။ ၎င်း၏နှလုံးသားတွင် ငါသည် လုံးဝဥဿုံရှင်းလင်းနေသူ တစ်စုံတစ်ဦးရှိသလော။ ငါ၏လူတို့ဖြစ်သူတို့အား ငါ့ကို ဝိုးတိုးဝါးတားနှင့် နားလည်ရန် ခက်ခဲသည်ဟု မြင်သည်ကို ငါမလိုလားသဖြင့် ငါသည် ဤကြီးမြတ်သော အမှုကို စတင်၏။

ငါသည် လူတို့အကြား တိတ်ဆိတ်စွာလာ၍ တိုးညင်းစွာ ထွက်ခွာ၏။ ငါ့ကိုတွေ့ဖူးသူ တစ်စုံတစ်ဦး ရှိသလော။ နေမင်းသည် ၎င်း၏တောက်လောင်နေသော မီးတောက်များကြောင့် ငါ့ကို မြင်နိုင်သည်လော။ လမင်းသည် ၎င်း၏ ထွန်းတောက်နေသောကြည်လင်မှုကြောင့် ငါ့ကို မြင်နိုင်သလော။ နက္ခတ်တာရာများသည် ကောင်းကင်ရှိ ၎င်းတို့၏နေရာကြောင့် ငါ့ကိုမြင်နိုင်သလော။ ငါလာသည့်အခါ လူသားမသိ။ ထို့အပြင် အရာခပ်သိမ်းတို့သည်လည်း မသိဘဲဖြစ်နေကြကာ၊ ငါထွက်ခွာသည့်အခါတွင်လည်း လူသားသည် မသိဘဲရှိဆဲဖြစ်သည်။ ငါ့အတွက် မည်သူသက်သေခံပေးနိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ လူသားတို့၏ ချီးမွမ်းခြင်းကများ ဖြစ်နိုင်သလော။ တောရိုင်းထဲတွင် ပွင့်နေသည့်နှင်းပန်းတွေကများ ဖြစ်နိုင်သလော။ မိုးကောင်းကင်တွင် ပျံနေသော ငှက်များလော။ တောင်များတွင် ဟိန်းဟောက်နေသော ခြင်္သေ့များလော။ ငါ့အား မည်သူမျှ အပြည့်အဝ သက်သေမခံနိုင်ပေ။ ငါပြုမည့်အမှုကို မည်သူမျှ မဆောင်ရွက်နိုင်ပေ။ ၎င်းတို့သည် ဤအမှုကို ပြုလျှင်ပင် မည်သည့်သက်ရောက်မှု ရှိမည်နည်း။ လူအများအပြားတို့၏ လုပ်ဆောင်မှုတိုင်းကို ငါနေ့စဉ် လေ့လာ၍၊ လူများစွာတို့၏ နှလုံးသားနှင့် စိတ်များကို ငါနေ့စဉ်စစ်ဆေး၏။ မည်သူမျှ ငါ၏တရားစီရင်မှုမှ မည်သည့်အခါကမျှ လွတ်မြောက်ခဲ့ခြင်း မရှိပေ။ ထို့အပြင် မည်သူမျှ ငါ၏တရားစီရင်ခြင်း၏ အမှန်တရားမှ မည်သည့်အခါကမျှ ကင်းကွာရန်ပြုခဲ့ခြင်း မရှိပေ။ ငါသည် ကောင်းကင်အထက်တွင် မတ်တတ်ရပ်လျက် အဝေးသို့ကြည့်၏- မရေမတွက်နိုင်သောလူတို့သည် ငါ၏ရိုက်ချခြင်းကို ခံရ၏၊ သို့ရာတွင် ငါ၏အကြင်နာနှင့် မေတ္တာတို့အလယ်၌လည်း မရေမတွက်နိုင်သော လူတို့နေကြ၏။ သင်တို့သည်လည်း ဤသို့သောအခြေအနေများတွင် နေသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၁)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၀၅

သင်တို့သည် အမြဲပင် ခရစ်တော်ကို တွေ့လိုသော်လည်း မိမိကိုယ်ကိုယ် ဤသို့ ချီးမြှောက်ခြင်း မပြုရန် ငါတိုက်တွန်း၏။ လူတိုင်း ခရစ်တော်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၅

ငါ၏အလုပ်အတွက် သင်တို့အတတ်နိုင်ဆုံးကို ပေးဆပ်သင့်သည်။ ငါ့အတွက် အကျိုးရှိသည့် အရာကို သင်တို့ လုပ်ဆောင်သင့်သည်။ သင်တို့ ငါ့ထံမှ မရသည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၂၅

နိုင်ငံတော်အား ဆောက်လုပ်ခြင်းသည် တရားဝင်စတင်ပြီး ဖြစ်သော်ငြားလည်း နိုင်ငံတော်အား ဂုဏ်ပြုခြင်းသည် ယခုတိုင် တရားဝင် ထွက်ပေါ်လာရန် လိုသေးသည်၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၆၀

လူတစ်ဦး၏ သဘာဝဗီဇကို မည်သည့်အရာများနှင့် ဖွဲ့စည်းထားသနည်း။ သင်သည် လူသား၏ ဖောက်ပြန်ပျက်စီးခြင်း၊ မနာခံခြင်း၊ အားနည်းချက်များ၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။