ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၄၁

ကမ္ဘာမြေကြီးပေါ်တွင် ငါသည် လူတို့၏ နှလုံးသားများထဲ၌ ရှိသည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်။ ကောင်းကင်ဘုံတွင် ငါသည် ဖန်ဆင်းခြင်းခပ်သိမ်း၏ အရှင်သခင် ဖြစ်သည်။ ငါသည် တောင်များကို တက်ခဲ့လျက် မြစ်များကို ဖြတ်ကူးခဲ့ပြီ၊ လူသားမျိုးနွယ်၏ အလယ်တွင်လည်း ဝင်ထွက် သွားလာခဲ့၏။ မည်သူသည် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ဝံ့သနည်း။ မည်သူသည် အနန္တတန်ခိုးရှင်၏ အကြွင်းမဲ့ ပိုင်သအုပ်စိုးမှုမှ လွန်မြောက်ရန် ချိုးဖောက်ဝံ့သနည်း။ ငါသည် ကောင်းကင်ဘုံ၌ ရှိသည်ဟု မည်သူသည် သံသယ စိုးစဉ်းမျှ မရှိဘဲနှင့် အခိုင်အမာ ဆိုဝံ့သနည်း။ တစ်ဖန် ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှိသည်ဟု မည်သူသည် မှားယွင်းနိုင်ခြင်း စိုးစဉ်းမျှ မရှိဘဲနှင့် အခိုင်အမာ ဆိုဝံ့သနည်း။ ငါကျိန်းဝပ်ရာ အရပ်များကို အသေးစိတ်ကျစွာ ပြောဆိုခြင်းငှာ တတ်စွမ်းနိုင်သူ လူသားမျိုးနွယ် အားလုံးထဲတွင် တစ်ယောက်မျှ မရှိ။ ယင်းအရာမှာ ငါသည် ကောင်းကင်ဘုံ၌ ရှိသောအခါ သဘာဝလွန် ဘုရားသခင် ကိုယ်တိုင် ဖြစ်နေ၍များလော။ ယင်းအရာမှာ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှိသောအခါ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင် ဖြစ်နေ၍များလော။ ငါသည် ဖန်ဆင်းခြင်းအားလုံး၏ အုပ်စိုးရှင် ဖြစ်သည်၊ သို့မဟုတ် လူ့လောကကြီး၏ ဒုက္ခဝေဒနာများကို ငါသည် တွေ့ကြုံခံစားသည် ဆိုသည့် ဤအရာများမှာ ငါသည် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင် ဖြစ်၊ မဖြစ်ကို မသတ်မှတ်နိုင်သည်မှာ သေချာ၏ မဟုတ်လော။ အကယ်၍ လူသည် ဤသို့တွေးထင်ပါက သူသည် မျှော်လင့်စရာ အကြောင်း လုံးဝ မရှိတော့သည်အထိ မိုက်မဲသည် မဟုတ်လော။ ငါသည် ကောင်းကင်ဘုံ၌ ရှိသည်။ ငါသည် ကမ္ဘာမြေကြီးပေါ်၌လည်း ရှိသည်။ ငါသည် အသင်္ချေသော ဖန်ဆင်းခြင်းအရာများအကြားတွင် ရှိသည်၊ ထို့အပြင် အသင်္ချေသော လူများအလယ်တွင်လည်း ငါရှိသည်။ လူသားသည် နေ့ရက်တိုင်း ငါ့ကို ထိတွေ့နိုင်သည်။ ထို့အပြင် သူသည် နေ့ရက်တိုင်း ငါ့ကို မြင်တွေ့နိုင်သည်။ လူသားမျိုးနွယ်တို့၏ အမြင်တွင် ငါသည် တစ်ခါတစ်ရံတွင် ပုန်းကွယ်နေသကဲ့သို့ ထင်ရပြီး တစ်ခါတစ်ရံတွင်မူ မျက်မြင်ရသကဲ့သို့ ထင်ရသည်။ ငါ၌ စစ်မှန်စွာ တည်ရှိခြင်း ရှိသည်ဟု ထင်ရသော်လည်း၊ ငါ၌ ဖြစ်တည်ခြင်း မရှိဟုလည်း ထင်ရသည်။ ငါ့အထဲ၌ လူသားမျိုးနွယ်တို့အတွက် ဉာဏ်မမီနိုင်သော နက်နဲဆန်းကြယ်မှုများ တည်ရှိသည်။ ယင်းမှာ လူများအားလုံးသည် ငါ့အထဲ၌ရှိသော နက်နဲဆန်းကြယ်မှုများကို သာ၍များပြားစွာ ရှာဖွေတွေ့ရှိနိုင်ရန် အဏုကြည့်မှန်ပြောင်းမှ တစ်ဆင့် ငါ့အား စေ့စေ့ကြည့်ရှုနေသည့်အလား ဖြစ်သည်၊ ထိုသို့အားဖြင့် ၎င်းတို့၏ နှလုံးသားများထဲ၌ ရှိနေသော မအီမသာခံစားချက်ကို ပြေပျောက်စေရန် မျှော်လင့်နေကြသည်။ သို့သော်လည်း သူတို့သည် တိုက်ရိုက် ဓာတ်မှန်စက်များကို အသုံးပြုလျှင်ပင် အဘယ်နည်းနှင့် လူသားမျိုးနွယ်သည် ငါ၏အထဲ၌ နေရာကျနေသော လျှို့ဝှက်ချက်များကို ထုတ်ဖော်နိုင်မည်နည်း။

ငါ၏လူများသည် ငါ၏လုပ်ဆောင်မှုမှတစ်ဆင့် ငါနှင့်အတူ ဘုန်းထင်ရှားသောအခါ ထိုအချိန်တွင် အဆင်းနီသော နဂါးကြီး၏ သားရဲတွင်းသည် ဖော်ထုတ်ခံရမည် ဖြစ်ပြီး၊ ရွှံ့နွံများနှင့် အညစ်အကြေးများ အားလုံးသည် သန့်စင်အောင် လှည်းကျင်းခံရကာ နှစ်ပေါင်း မရေမတွက်နိုင်လောက်သည့် ကာလတစ်လျှောက် စုပုံလာခဲ့သော ညစ်ညမ်းသည့်ရေသည် ငါ၏လောင်နေသော မီးများထဲ၌ သွေ့ခြောက်သွားကာ ထပ်၍ မတည်ရှိတော့ပေ။ များမကြာမီပင် အဆင်းနီသော နဂါးကြီးသည် ကန့်မီးအိုင်ထဲတွင် ပျက်စီးလိမ့်မည်။ သင်တို့သည် နဂါး၏ လုယူသွားခြင်း မခံရစေခြင်းငှာ ငါ၏ဂရုတစိုက် စောင့်ရှောက်မှုအောက်တွင် ဆက်လက်ရှိနေရန် အမှန်တကယ်ပင် ဆန္ဒရှိကြသလော။ သင်တို့သည် ၎င်း၏ လှည့်ဖြားတတ်သော ပရိယာယ်များကို ဧကန်ပင် မုန်းတီးသလော။ မည်သူသည် ငါ့အတွက် မြဲမြံသော သက်သေကို ခံနိုင်မည်နည်း။ ငါ၏အမည်နာမအတွက်၊ ငါ၏ဝိညာဉ်တော်အတွက်နှင့်၊ ငါ၏စီမံအုပ်ချုပ်မှုအစီအစဉ် တစ်ရပ်လုံးအတွက် မည်သူသည် သူ၏ခန္ဓာကိုယ်ထဲရှိ ခွန်အားအလုံးစုံကို ဆက်ကပ်ရန် တတ်စွမ်းနိုင်မည်နည်း။ နိုင်ငံတော်သည် လူသားတို့၏ လောကကြီးထဲ၌ ရှိနေသော ယနေ့သည် လူသားတို့၏ လောကကြီးထဲသို့ ကိုယ်တိုင်ကိုယ်ကျ ငါကြွဆင်းလာသော အချိန်ဖြစ်သည်။ ဤကဲ့သို့သာ မဟုတ်ခဲ့ပါက၊ ငါ့ကိုယ်စား စစ်မြေပြင်သို့ ရဲဝင့်စွာ သွားမည့်သူ ရှိပါ၏လော။ ထိုသို့အားဖြင့် နိုင်ငံတော်သည် ပုံသဏ္ဌန် ပေါ်လာရန်၊ ထိုသို့အားဖြင့် ငါ၏နှလုံးသည် ရောင့်ရဲရန်၊ ထိုမှတစ်ဖန် ထိုသို့အားဖြင့် ငါ၏နေ့ရက်သည် ရောက်လာရန်၊ ထိုသို့အားဖြင့် ဖန်ဆင်းခြင်း၏ အသင်္ချေသော အရာများသည် ပြန်လည်မွေးဖွားပြီး ကြွယ်ဝစွာ ကြီးထွားသည့်အချိန် ရောက်လာရန်၊ ထိုသို့အားဖြင့် လူသားသည် ဒုက္ခဝေဒနာ ပင်လယ်ပြင်မှ ကယ်တင်ခြင်း ခံရရန်၊ ထိုသို့အားဖြင့် မနက်ဖြန်သည် ရောက်လာရန်၊ ထိုသို့အားဖြင့် ၎င်းသည် အံ့သြဖွယ်ဖြစ်၍ ပွင့်လန်းကာ ကြီးပွားတိုးတက်စေရန်၊ ထို့တစ်ဖန် ထိုသို့အားဖြင့် အနာဂတ်၏ ပျော်ရွှင်မှုသည် ပြည့်စုံလာစေရန်၊ လူသားမျိုးနွယ် အားလုံးသည် သူတို့၏ အစွမ်းရှိသမျှနှင့် အစွမ်းကုန် ကြိုးစားလျက်ရှိပြီး၊ ငါ့အတွက် မိမိတို့ကိုယ်ကိုယ် အနစ်နာခံခြင်း၌ မည်သည့်အရာကိုမျှ ညှာတာခြင်းမရှိ။ ယင်းမှာ ငါ့အောင်မြင်မှု ဖြစ်ကြောင်းနှင့် ငါ့အစီအစဉ် ပြီးမြောက်မှု၏ အမှတ်အသားတစ်ခုဖြစ်ကြောင်း နိမိတ်လက္ခဏာတစ်ရပ်ပင် မဟုတ်လော။

လူသားသည် နောက်ဆုံးသောကာလ၌ သာ၍ကြာကြာ နေထိုင်လေလေ၊ ကမ္ဘာကြီး၏ ဗလာနတ္ထိဖြစ်မှုကို သူတို့ သာ၍ ခံစားရလေလေ ဖြစ်ပြီး အသက်တာ၌ ရှင်သန်နေထိုင်ရန် အစွမ်းသတ္တိများ သာ၍ နည်းလေလေ ဖြစ်မည်။ ဤအကြောင်းရင်းကြောင့် မရေမတွက်နိုင်သော လူတို့သည် စိတ်ပျက်ခြင်း၌ သေဆုံးခဲ့ကြပြီး ဖြစ်သည်၊ မရေမတွက်နိုင်သော အခြားသူများသည် သူတို့၏ ရှာဖွေခြင်း၌ စိတ်ပျက်နေခဲ့ကြပြီး၊ မရေမတွက်နိုင်သော အခြားသူများသည် စာတန်၏ လက်များထဲ၌ ကြိုးကိုင်ခြယ်လှယ်ခြင်း ခံရရန် မိမိတို့ကိုယ်ကို ဒုက္ခခံစားကြသည်။ ငါသည် များစွာသော လူများအား ကယ်မခဲ့၍ များစွာတို့ကို ကူညီမစခဲ့သည်၊ ပြီးလျှင် မကြာခဏပင် လူသားများသည် အလင်းကို ပျောက်ဆုံးသွားသောအခါ ငါသည် သူတို့အား အလင်းနေရာထဲသို့ ပြန်လည် ရွှေ့ထားပေးခဲ့သည်၊ ထိုသို့အားဖြင့် သူတို့သည် အလင်းအထဲ၌ ငါ့အား သိကျွမ်းစေရန်နှင့် ပျော်ရွှင်ခြင်း၏ အလယ်တွင် ငါ့အား ပျော်မွေ့ခံစားနိုင်စေရန် ဖြစ်သည်။ ငါ့အလင်း ကြွလာခြင်းကြောင့် ငါ၏နိုင်ငံတော်အထဲတွင် နေထိုင်ကြသော လူတို့၏ နှလုံးသားများထဲတွင် ကြည်ညိုခြင်း ကြီးထွားလာသည်၊ အကြောင်းမှာ ငါသည် လူသားမျိုးနွယ်မှ ချစ်မြတ်နိုးရသည့် ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်ပြီး လူသားမျိုးနွယ်မှ မြတ်နိုးသည့် သံယောဇဉ်နှင့် တွယ်ဖက်ထားသော ဘုရားသခင် ဖြစ်၍ လူသားမျိုးနွယ်သည် ငါ့ပုံသဏ္ဌာန်၏ ခိုင်မာသော စိတ်စွဲမှတ်ချက်နှင့် ပြည့်နေသောကြောင့် ဖြစ်သည်။ သို့သော် ဤအရာအားလုံးသည် ပြောဆိုပြီး၍ လုပ်ကိုင်ပြီးသွားသောအခါ ဤလုပ်ဆောင်မှုသည် ဝိညာဉ်တော်၏ လုပ်ဆောင်မှုလော၊ သို့မဟုတ် ဇာတိပကတိ၏ ဆောင်ရွက်ချက်လော ဆိုသည်ကို နားလည်သည့်သူ တစ်ယောက်မျှ မရှိပေ။ ဤအရာ တစ်ခုတည်းကပင် လူ့အတွက် သက်တမ်းလမ်းကြောင်း တစ်လျှောက် အသေးစိတ်ကျသည့် အချက်အလက်တိုင်းကို တွေ့ကြုံခံစားနိုင်ရန် လုံလောက်ပေသည်။ လူသားသည် သူ၏အတွင်းအကျဆုံး နှလုံးသားနေရာများထဲတွင် ငါ့အား ဘယ်သောအခါကမျှ စက်ဆုပ်ခြင်း မရှိခဲ့ဘဲ သူ့ဝိညာဉ်၏ နက်ရှိုင်းရာအရပ်များထဲတွင် သူသည် ငါ့အား ဖက်တွယ်ထားသည်။ ငါ၏ဉာဏ်ပညာသည် သူ၏ကြည်ညိုခြင်းကို တိုးမြင့်စေသည်၊ ငါလုပ်ဆောင်သော အံ့သြဖွယ်အရာများသည် သူ၏မျက်စိအတွက် ပသာဒဖြစ်ဖွယ်ရာဖြစ်ပြီး ငါ၏နှုတ်ကပတ်တော်များသည် သူ၏စိတ်ကို ရင်သပ်ရှုမောစေသည်၊ သို့သော်ငြားလည်း သူသည် ယင်းအရာများကို အလွန်ပင် မြတ်နိုးလေသည်။ ငါ၏လက်တွေ့သဘောသည် လူကို ကြောင်အမ်းအမ်းနှင့် ကြက်သေသေစေကာ ဦးနှောက်ခြောက်စေသော်လည်း သူသည် ယင်းအရာအားလုံးကို လက်သင့်ခံရန် ဆန္ဒရှိနေသည်။ ဤသည်မှာ လူကို သူ့အရှိအတိုင်း အတိအကျ အကဲဖြတ်ခြင်းပင် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၅)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၃၁

ပေတရုဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းသည် ချီးကျူးခြင်းများနှင့် ပြည့်ပြီး ပေတရုနှင့် ပတ်သက်သည့် ဤအဖြစ်အပျက်များကို ချက်ချင်းပင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉၉

ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ သဘောထားအမျိုးမျိုး ဘုရားသခင်အပေါ် လူတို့ပြုမူပုံသည် ၎င်းတို့၏ကံကြမ္မာကို အဆုံးအဖြတ်ပေးကာ ၎င်းတို့အပေါ်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၆

ယေရှု လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရား ဖြစ်တည်လာပြီးနောက်တွင် ကောင်းကင်ဘုံ၌ ခမည်းတော်သာ ရှိသည်မဟုတ်ဘဲ သားတော်လည်း ရှိပြီး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၄

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အမှုတစ်ရပ်လုံးကို ဘုရားသခင်ကိုယ်တိုင်မှ ဆောင်ရွက်ခြင်းဖြစ်၏။ ပထမအဆင့်ဖြစ်သည့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။