ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၄၄

သင်တို့က စွမ်းဆောင်ရရှိရန် ငါမျှော်လင့်သည့် အရာများစွာရှိ၏။ သို့ရာတွင် သင်တို့၏ လုပ်ဆောင် ချက်များနှင့် သင်တို့၏ အသက်တာအားလုံးတို့သည် ငါ၏ တောင်းဆိုချက်များကို အပြည့်အဝ ဖြည့်ဆည်းနိုင်ခြင်း မရှိပါ။ ထို့ကြောင့် ငါ့တွင် အခြားလမ်းမရှိဘဲ ဆိုလိုရင်းကို တဲ့တိုးပြောရန်နှင့် ငါ၏အလိုဆန္ဒကို သင်တို့အား ရှင်းပြရန်သာရှိ၏။ သင်တို့၏ သိမြင်မှုသည် ညံ့ဖျင်း၍ သင်တို့၏ နားလည် သဘောပေါက်မှုသည်လည်း အလားတူ ညံ့ဖျင်းသဖြင့်၊ သင်တို့သည် ငါ၏ စိတ်နေသဘောထားရော ငါ၏အနှစ်သာရကိုပါ လုံးဝဥဿုံနီးပါး မသိသဖြင့်၊ ၎င်းတို့အကြောင်း သင်တို့ကို အသိပေးရန်မှာ အရေးတကြီးကိစ္စ တစ်ရပ်ဖြစ်၏။ သင်ယခင်က မည်မျှနားလည်ခဲ့သည်ဖြစ်စေ၊ သို့မဟုတ် သင်သည် ဤကိစ္စများကို နားလည်ရန် ကြိုးစားလိုသည့်ဆန္ဒ မည်မျှရှိသည်ဖြစ်စေ၊ ၎င်းတို့ကို ငါသည် သင်တို့အား အသေးစိတ် ရှင်းပြရဦးမည် ဖြစ်သည်။ ဤကိစ္စများသည် သင်တို့နှင့် လုံးဝစိမ်းနေသည် မဟုတ်သော်လည်း ၎င်းတို့တွင် ပါဝင်သည့်အဓိပ္ပာယ်ကို သင်တို့နားလည်ပုံ မရပေ၊ သို့မဟုတ် ရင်းနှီးပုံမရပေ။ သင်တို့အများအပြားသည် မှုန်မှုန်ဝါးဝါးသာ နားလည်ကြသည်သာမက နားလည်ခြင်းမှာလည်း တစ်စိတ်တစ်ပိုင်းနှင့် မပြည့်မစုံသာဖြစ်၏။ သင်တို့ သမ္မာတရားကို ပိုမိုကောင်းမွန်စွာ ကျင့်သုံးနိုင်ရေး အတွက်၊ ဆိုလိုသည်မှာ ငါ၏ နှုတ်ကပတ်တော်များကို ပိုမိုကောင်းမွန်စွာ လက်တွေ့ ကျင့်သုံးနိုင်ရေးအတွက်၊ အထောက်အကူပြုရန် သင်တို့ အရင်ဆုံး သိလာရမည့်အရာမှာ ဤကိစ္စများဖြစ်သည်ဟု ငါထင်သည်။ သို့မဟုတ်ပါက၊ သင်တို့၏ယုံကြည်ခြင်းသည် မရေရာသော ယုံကြည်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်လျက်၊ ဘာသာရေး၏ အဆောင်အယောင် အဆင်တန်ဆာများနှင့် ပြည့်နေသည့် ယုံကြည်ခြင်းအဖြစ် ဆက်လက်ရှိနေမည်။ သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်ပါက သူ့အတွက် သင်လုပ်ဆောင်သင့်သည့်အမှုကို သင်လုပ်ဆောင်ရန် မဖြစ်နိုင်ဘဲ ရှိလိမ့်မည်။ သင်သည် ဘုရားသခင်၏ အနှစ်သာရကို မသိပါက သင်က သူ့အပေါ် ရိုသေလေးမြတ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို ပြသရန် မဖြစ်နိုင်ဘဲ ရှိလိမ့်မည် ဖြစ်သော်လည်း ဂရုမပြုသော ဝတ်ကျေတမ်းကျေပြုမူမှုနှင့် လှိမ့်လုံးများအပြင် ပြုပြင်၍မရသော အကျင့်ဖြစ်နေသည့် ပုတ်ခတ်ပြောဆိုမှုတို့ကိုသာ ပြသနိုင်လိမ့်မည်။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းသည် အရေးကြီးသည်မှာ အမှန်ပင်ဖြစ်၍ ဘုရားသခင်၏ အနှစ်သာရကို သိခြင်းအား ပေါ့ပေါ့တန်တန် သဘောထား၍မရသော်လည်း ဤကိစ္စများကို မည်သူကမျှ တစ်ခါမျှ သေချာစွာ စစ်ဆေးခြင်း သို့မဟုတ် နှိုက်နှိုက်ချွတ်ချွတ် လေ့လာခြင်းများ မပြုခဲ့ဖူးပေ။ သင်တို့အားလုံးသည် ငါပြဋ္ဌာန်းခဲ့သည့် စီမံခန့်ခွဲရေးအမိန့် အားလုံးကို ထုတ်ဖယ်ပစ်ခဲ့ပြီးဖြစ်သည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ဘုရားသခင်၏ စိတ်နေသဘောထားကို သင်တို့ နားမလည်ပါက သင်တို့သည် သူ၏စိတ်နေသဘောထားကို အလွယ်တကူ စော်ကားလိမ့်မည်။ ထိုကဲ့သို့သော စော်ကားမှုတစ်ရပ်သည် ဘုရားသခင်ကိုယ်တိုင်ကို ဒေါသထွက်စေခြင်းနှင့် တူညီကာ သင့်လုပ်ဆောင်ချက်၏ နောက်ဆုံး အသီးအပွင့်သည် စီမံခန့်ခွဲရေးအမိန့်များကို ဖောက်ဖျက်ခြင်း တစ်ရပ် ဖြစ်သွား၏။ ထို့ကြောင့် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းတွင် သူ၏ အနှစ်သာရကို သိခြင်းလည်း ပါဝင်သည်ဟူသည်နှင့် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းတွင် စီမံခန့်ခွဲရေးအမိန့်များကို နားလည်ခြင်းလည်း ပါဝင်သည်ဟူသည်ကို သင်သိသင့်သည်။ စီမံခန့်ခွဲရေး အမိန့်များစွာသည် ဘုရားသခင်၏ စိတ်နေသဘောထားအကြောင်းနှင့် သက်ဆိုင်သော်လည်း ၎င်းတို့အထဲတွင် သူ၏စိတ်နေသဘောထား တစ်ရပ်လုံးကို ထုတ်ဖော်ထားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို ပိုမိုနားလည်ရေး ဆောင်ရွက်ရာတွင် ဤသည်ထက် တစ်ဆင့်ပို၍ ဆောင်ရွက်သင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၂

သိမ်းပိုက်ခြင်းအလုပ်မှ ရရှိရန်ရလဒ်မှာ အဓိကအားဖြင့် လူ့ဇာတိ၏ပုန်ကန်ခြင်းကို ရပ်တန့်စေရန်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်အား...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၄၈

လူသားကို စီမံခန့်ခွဲခြင်းသည် ငါ၏အလုပ်ဖြစ်သည်။ ထို့အပြင် ငါ့အားဖြင့် သူသိမ်းပိုက် ခံရခြင်းသည် ကမ္ဘာကို ငါဖန်ဆင်းစဉ်က သာ၍ပင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၄၆

ငါပြောဆိုခဲ့သည့် ဝါကျတိုင်းတွင် ဘုရားသခင်၏ စိတ်နေသဘောထားပါ၏။ ငါ၏ နှုတ်ကပတ်တော်တို့ကို သေချာစွာ တွေးဆပါက သင်တို့သည် ၎င်းတို့မှ ကြီးစွာသော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၄၁

အသက်တာအတွက် သင့်ကိုယ်သင် ပြင်ဆင်သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် သင် အာရုံစိုက်ရမည်၊ ဘုရားသခင်နှင့်ဆိုင်သော...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။