ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၄၇

လူများက ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်ပြီး လူသည် ဘုရားသခင်နောက်သို့ အဆုံးထိ လိုက်နေသမျှကာလပတ်လုံး ဘုရားသခင်သည် အဖြောင့်မတ်ဆုံးဖြစ်သည့်အတွက် လူတို့အပေါ်တွင် သမာ သမတ်ကျမည်မှာ သေချာသည်ဟု ဆိုကြသည်။ လူသည် အဆုံးထိ ဘုရားသခင်နောက်သို့ လိုက်ပါက ဘုရားသခင်က သူ့အား ဘေးဖယ်ထားနိုင်မည်လော။ ငါသည် လူသားအားလုံးအပေါ် သမာသမတ်ကျကာ လူတိုင်းအား ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားဖြင့် တရားစီရင်သည်၊ သို့သော် လူအား ငါတောင်းဆိုသော သင့်လျော်သည့် သတ်မှတ်ချက်များ ရှိပြီး မည်သူမဆို လူတိုင်း ငါတောင်းဆိုသောအရာကို ပြီးမြောက်ရမည်၊ သင့်အရည်အချင်းများ မည်မျှကျယ်ပြန့်သည် သို့မဟုတ် မည်သို့ အားနည်းသည်ကို ငါဂရုမစိုက်၊ သမ္မာတရားကို သင် ချစ်ခြင်း သို့မဟုတ် ဆာငတ်ခြင်း ရှိ မရှိနှင့် ငါ့လမ်းတွင် သင်လျှောက်၏၊ မလျှောက်၏ ကိုသာ ငါဂရုစိုက်သည်။ သင့်တွင် သမ္မာတရားမရှိဘဲ ငါ့နာမည်ကို အရှက်ရစေပြီး ငါ့နည်းလမ်းအတိုင်း မလုပ်ဆောင်၊ ဂရုစိုက်ခြင်း သို့မဟုတ် အလေးထားခြင်းမရှိဘဲ လိုက်နာသည်ဆိုရုံမျှသာ လုပ်ဆောင်ပါက၊ ထိုအချိန်တွင် ငါသည် သင့်ကို လဲကျစေပြီး သင်ပြုသော မကောင်းမှုအတွက် သင့်ကို ပြစ်ဒဏ်ပေးမည်။ သို့ဆိုလျှင် သင်ဘာပြော မည်နည်း။ ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ပြောနိုင်မည်လော။ ယနေ့တွင်၊ ငါပြောခဲ့သော စကားများ အတိုင်း သင်လိုက်နာပါက သင်သည် ငါအတည်ပြုသော လူမျိုး ဖြစ်လိမ့်မည်။ ဘုရားသခင်နောက်သို့ လိုက်စဉ် သင်သည် ဒုက္ခဆင်းရဲ အမြဲခံစားရသည်၊ သူ့နောက်သို့ အေးအတူပူအမျှ လိုက်ခဲ့ပြီးပြီ၊ သူနှင့် ဆိုးတူကောင်းဖက် အတူဝေမျှခဲ့ပြီဟု သင်ဆိုသည်၊ သို့သော် သင်သည် ဘုရားသခင်ပြောခဲ့သည့် စကားများအတိုင်း မနေထိုင်ခဲ့ပါ၊ နေ့ရက်တိုင်းတွင် သင်သည် ဘုရားသခင်နောက် အပြေးအလွှား လိုက်ဖို့သာ ဆန္ဒရှိပြီး အသက်တာကို လေးလေးနက်နက် ရှင်သန်ရန်ကိုမူ ဘယ်သောအခါမျှ သင်မစဉ်းစားခဲ့။ အရာရာတွင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု သင်ယုံကြည်ကြောင်း သင်ဆိုသည်- သူ့အတွက် သင်ဒုက္ခဆင်းရဲ ခံခဲ့ရသည်၊ သူ့အတွက် သင်လှုပ်ရှား ရုန်းကန် သည်၊ သင့်ကိုယ်သင် သူ့ထံ၌ ပေးအပ်ဆက်ကပ်ထားသည်၊ မည်သည့်အသိအမှတ်ပြုခြင်းကိုမျှ မရရှိသော်လည်း သင်ကြိုးစား လုပ်ဆောင်သည်။ သူ သင့်ကို အမှတ်ရမှာ သေချာပါသည်။ ဘုရားသခင်သည် ဖြောင့်မတ်သည် ဆိုသည်မှာ အမှန်ဖြစ်၏။ သို့သော် ဖြောင့်မတ်မှုတွင် မည်သည့် မစင်ကြယ်ခြင်းမျှ စွန်းထင်းမနေပါ- ယင်းတွင် လူသားတို့၏ အလိုဆန္ဒ မပါ၊ ဇာတိပကတိ သို့မဟုတ် လူသားတို့၏ ကိစ္စအဝဝတို့ဖြင့် အမည်းစက်ထင်ခြင်း မရှိပါ။ သူ့အား ပုန်ကန်သူ၊ ဆန့်ကျင်သူနှင့် သူ၏လမ်းကို မလိုက်လျှောက်သောသူ အားလုံးတို့သည် အပြစ်ဒဏ် ပေးခြင်းကို ခံရကြမည်၊ မည်သူမျှ ခွင့်လွှတ်ခြင်းကို မခံရ၊ မည်သူ့ကိုမျှ ချမ်းသာမပေး။ အချို့လူများက “ယနေ့ ကိုယ်တော့်အတွက် ကျွန်ုပ်လှုပ်ရှားရုန်းကန်ပါ၏။ အဆုံးသို့ရောက်သောအခါ ကျွန်ုပ်အား ကောင်းချီးအနည်းငယ် ပေးနိုင်ပါမည်လား” ဟု ဆိုသည်။ သို့ဆိုလျှင် သင့်ကို ငါမေးမည် “သင်သည် ငါ့စကားများကို လိုက်နာပြီး ပါပြီလော။” သင်ပြောသော ဖြောင့်မတ်မှုသည် ကိစ္စရပ်ပေါ် မှီတည်နေသည်။ ငါသည် ဖြောင့်မတ်ပြီး လူသား အားလုံးအပေါ် သမာသမတ်ကျကာ အဆုံးတိုင်အောင် ငါ့နောက်လိုက်သူမှန်သမျှသည် ကယ်တင်ခြင်းကို ခံရပြီး ငါ့ကောင်းချီးများကို သေချာပေါက်ရမည်ဟုသာ သင်ထင်နေသည်။ ငါ့စကားများတွင် သိုဝှက်အဓိပ္ပါယ်ရှိသည် “နောက်ဆုံးအချိန်အထိ ငါ့နောက်သို့ လိုက်သောသူ အားလုံးသည် သေချာပေါက် ကယ်တင်ခြင်းကို ရရှိမည်”- နောက်ဆုံးအချိန်အထိ ငါ့နောက်သို့ လိုက်သောသူ တို့သည် ငါ လုံးလုံးလျားလျား ရယူမည့်သူများ ဖြစ်ပေသည်။ သူတို့ကို ငါသိမ်းပိုက်ပြီးနောက် သူတို့သည် သမ္မာတရားကို ရှာဖွေပြီး ပြီးပြည့်စုံခြင်းသို့ ရောက်ကြသူများ ဖြစ်သည်။ မည်သည့် အခြေအနေများကို သင်ရရှိပြီးပါပြီလဲ။ နောက်ဆုံးအချိန်အထိ ငါ့နောက်သို့ လိုက်ခြင်းသာ သင်ရရှိပြီ၊ အခြား ဘာရှိသေးသနည်း။ ငါ့စကားများကို လိုက်နာပြီးပြီလော။ သင်သည် ငါ့တောင်းဆိုချက် ငါးချက်ထဲမှ တစ်ချက်ကို လုပ်ဆောင်ပြီး ဖြစ်သော်လည်း ကျန်ရှိသော လေးချက်ကို ပြီးမြောက်ရန် ရည်ရွယ်ချက် မရှိပေ။ သင်သည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံးလမ်းကို တွေ့ရှိပြီးဖြစ်ပြီး သင့်ကိုယ်သင် ကံကောင်းပြီဟု ထင်ကာ ယင်းလမ်းကို လိုက်လျှောက်ခဲ့သည်။ သင်ကဲ့သို့သော လူများအတွက် ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း တစ်ခုခု ဖြစ်သည်။ ယင်းသည် ဖြောင့်မတ်သော ဒဏ်ခတ်ခံရခြင်းတစ်ခု ဖြစ်ပြီး မကောင်းမှုပြုလုပ်သူ အားလုံးအတွက် ဖြောင့်မတ်သော ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ငါ့လမ်း၌ မလျှောက်လှမ်းသောသူ အားလုံးသည် နောက်ဆုံးအချိန်အထိ လိုက်လျှင်ပင် ပြစ်ဒဏ်ပေးခြင်းကို သေချာပေါက် ခံရပေမည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းပင် ဖြစ်၏။ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားအား ပြစ်ဒဏ်ပေးခြင်းဖြင့် ဖော်ပြသည့်အခါ လူသားသည် အံ့အားသင့်လျက် ကြက်သေသေနေပေလိမ့်မည်။ ဘုရားသခင်နောက်သို့လိုက်စဉ် ဘုရားသခင်၏လမ်း၌ မလျှောက်ခဲ့သည့်အတွက် နောင်တရပေမည်။ ထိုအချိန်ရောက်လျှင် ဘုရားသခင်နောက် လိုက်နေစဉ် သူအနည်းငယ်သာ ဒုက္ခခံစားခဲ့သည် သို့သော် ဘုရားသခင်၏ လမ်း၌ မလျှောက်လှမ်းခဲ့။ မည်သည့်ဆင်ခြေများ ရှိသနည်း။ ပြစ်တင်ဆုံးမ ခံရခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိပါ။ သို့တိုင် သူ့စိတ်ထဲတွင် “မည်သို့ပင်ဆိုစေ နောက်ဆုံးအချိန်ထိ လိုက်ခဲ့ပြီးပြီ။ ကိုယ်တော် ကျွန်ုပ်ကို ဆုံးမလျှင်ပင် ပြင်းပြင်ထန်ထန် ဆုံးမလိမ့်မည် မဟုတ်ပါ။ ဤသို့ဆုံးမပြီးလျှင် ကိုယ်တော် ကျွန်ုပ်ကို အလိုရှိနေပေဦးမည်။ ကိုယ်တော်သည် ဖြောင့်မတ်ကြောင်း ကျွန်ုပ်သိပါ၏။ ကျွန်ုပ်အား ထိုနည်းဖြင့် အမြဲ ဆက်ဆံလိမ့်မည် မဟုတ်ပါ။ အဆုံးမှာတော့ ကျွန်ုပ်သည် ရှင်းထုတ်ခြင်း ခံရသူများနှင့် မတူပါ။ ရှင်းထုတ်ခြင်း ခံရသူများသည် ပြင်းထန်သော ပြစ်တင်ဆုံးမခြင်းမျိုးကို ခံရမည်ဖြစ်သော်လည်း ကျွန်ုပ်အား ပြစ်တင်ဆုံးမခြင်းမှာတော့ ပေါ့ပါးလိမ့်မည်” ဟု တွေးနေပေသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် သင်ပြောသလိုမဟုတ်။ မိမိတို့အပြစ်ကို ဝန်ခံတတ် သည့်သူများကို သက်ညှာစွာ ဆက်ဆံသည့် ကိစ္စမဟုတ်။ ဖြောင့်မတ်ခြင်းသည် သန့်ရှင်းမြင့်မြတ်ခြင်းဖြစ်ပြီး လူတို့၏ ပြစ်မှုများကို အမှန်တကယ် လက်မခံသော စိတ်သဘောထားဖြစ်သည့်အပြင် ညစ်ညမ်းသော အရာများနှင့် မပြောင်းလဲသောအရာများ အားလုံးသည် ဘုရားသခင် စက်ဆုပ်ရွံရှာသော အရာ ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပညတ်ချက်မဟုတ်၊ သို့သော် စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်သည်- ယင်းသည် နိုင်ငံအတွင်းရှိ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်ပြီး ယင်းစီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်သည် သမ္မာတရားကို မပိုင်ဆိုင်ဘဲ ပြောင်းလဲမှုမရှိသော မည်သူမဆိုအတွက် ဖြောင့်မတ်သော ပြစ်ဒဏ် ဖြစ်ပြီး ကယ်တင်ခြင်းအတွက် နယ်နိမိတ် မရှိပါ။ လူကို အမျိုးအစားအလိုက် ခွဲခြားသည့်အခါ ကောင်းသော သူများသည် ဆုကိုရမည်ဖြစ်ပြီး မကောင်းသောသူများသည် ပြစ်ဒဏ်ပေးခြင်းကို ခံရမည်။ လူ၏ရည်မှန်းချက်ကို ရှင်းလင်းအောင် လုပ်သည့်အချိန်သည် ကယ်တင်ခြင်းအလုပ် အဆုံးသတ်မည့် အချိန်ဖြစ်ပြီး လူကို ကယ်တင်ခြင်းသည် နောက်ထပ် မဖြစ်တော့ပေ။ ဒဏ်ခတ်ခံရခြင်းသည် မကောင်းမှုကို ကျူးလွန်သူတိုင်း အပေါ်သို့ ကျရောက်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၃၃

မကောင်းမှုပြုသောသူများ၊ တန်ခိုးအာဏာ စွဲကိုင်သော သူများနှင့် ဘုရားသခင်၏သားများကို နှိပ်စက်ညှဉ်းပန်းသော သူများအား အပြစ်ပေးဖို့ ငါ စတင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၄၅

မည်သို့ပင် သင်လိုက်စားနေသည်ဖြစ်စေ၊ အရာခပ်သိမ်းတို့ အထက်တွင်၊ သင်သည် ယနေ့ ဘုရားသခင် လုပ်ဆောင်သော အမှုကို နားလည်ရမည်ဖြစ်ပြီး ဤအမှု၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၄၄

ယနေ့တွင် သင်တို့အားလုံး ရှင်းရှင်းလင်းလင်း သိသင့်သောအချက်မှာ နောက်ဆုံးသော ကာလ၌ ဘုရားသခင် ပြီးမြောက်အောင် လုပ်ဆောင်သည့်အရာမှာ အဓိကအားဖြင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၇၈

“တရားစီရင်ခြင်း” ဟူသော စကားလုံးကို ဖော်ပြသည်နှင့်၊ နေရာဒေသအားလုံးရှိလူများကို လမ်းပြဖို့ ယေဟောဝါ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။