ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၅

ထာဝရအသက်လမ်းခရီးကို သင်အမှန်တကယ် ရရှိလိုကာ ပြင်းပြစွာရှာဖွေပါက ဤမေးခွန်းကို အရင်ဖြေဆိုပါ။ ယနေ့ ဘုရားသခင် မည်သည့်နေရာတွင် ရှိသနည်း။ ဘုရားသခင် ကောင်းကင်တွင် နေသည်ဟု သင်ဖြေကောင်းဖြေလိမ့်မည်။ ဟုတ်ပေသည်၊ သူသည် သင့်အိမ်တွင် နေလိမ့်မည်မဟုတ်။ ဟုတ်ပါသလား။ ဘုရားသခင်သည် အရာခပ်သိမ်းအကြားတွင် နေသည်မှာ ထင်ရှား၏ဟု သင်ဆိုကောင်း ဆိုလိမ့်မည်။ သို့မဟုတ် ဘုရားသခင်သည် လူတိုင်း၏ နှလုံးသားတွင်နေ၏။ သို့မဟုတ် ဘုရားသခင်သည် ဝိညာဉ်လောကတွင် ရှိသည်ဟု သင်ဆိုကောင်းဆိုလိမ့်မည်။ ဤသည်တို့ကို ငါမငြင်းဆိုပါ။ သို့သော် ဤကိစ္စကို ငါရှင်းပြရမည်။ ဘုရားသခင်သည် လူသား၏ နှလုံးသားထဲတွင် နေသည်ဟုဆိုခြင်းမှာ လုံးဝ မှန်ကန်သည် မဟုတ်ပါ။ သို့သော် လုံးဝ မှားသည်လည်း မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ယုံကြည်သူတို့ အကြားတွင် ယုံကြည်မှု စစ်မှန်သူများနှင့် ယုံကြည်မှု မှားယွင်းသောသူများ ရှိ၏။ ဘုရားသခင် သဘောကျသူများနှင့် သဘောမကျသူများ ရှိ၏။ သူ့ကို စိတ်ကျေနပ်စေသူများနှင့် သူစက်ဆုပ်ရွံရှာသူများ ရှိကာ သူ၏စုံလင်စေခြင်း ခံရသူများနှင့် သူ၏ဖယ်ရှားခြင်း ခံရသူများရှိ၏။ ထို့ကြောင့် ဘုရားသခင်သည် လူအနည်းငယ်၏ နှလုံးသားတွင်သာ နေသည်ဟု ငါဆို၍ ထိုသူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူများ၊ ဘုရားသခင်က သဘောကျသူများ၊ သူ့ကို စိတ်ကျေနပ်စေသူများနှင့် သူ၏စုံလင်စေခြင်းခံရသူများ ဖြစ်သည်ကို သံသယမရှိကြောင်း ငါဆို၏။ ထိုသူတို့သည် ဘုရားသခင်၏ လမ်းပြခြင်းခံရသူများ ဖြစ်ကြ၏။ ၎င်းတို့ကို ဘုရားသခင်က လမ်းပြသည်ဖြစ်၍ ဘုရားသခင်၏ ထာဝရအသက် လမ်းခရီးအကြောင်းကို ကြား၍မြင်ပြီးသူများ ဖြစ်ကြ၏။ ဘုရားသခင်ကို မှားယွင်းစွာ ယုံကြည်သူများ၊ ဘုရားသခင်က သဘောမကျသူများ၊ ဘုရားသခင်က လွန်စွာမုန်းတီးသူများ၊ ဘုရားသခင်က ဖယ်ရှားသူများ၊ ထိုသူတို့သည် ဘုရားသခင်၏ ငြင်းပယ်ခြင်းကို ခံရမည်မှာ သေချာပြီး အသက်၏ လမ်းခရီးမရှိဘဲ နေရမည်မှာ သေချာ၍ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို မသိဘဲနေရမည်မှာ သေချာ၏။ ၎င်းတို့၏ နှလုံးသားတွင် ဘုရားသခင် နေထိုင်သူများမှာမူ ထိုသို့မဟုတ်ဘဲ သူမည်သည့်နေရာတွင် ရှိကြောင်းကို သိ၏။ ထိုသူတို့သည် ဘုရားသခင်၏ ထာဝရအသက် လမ်းခရီးကို အပ်နှင်းခြင်း ခံရသူများဖြစ်၍ ထိုသူတို့သည် ဘုရားသခင်၏နောက်သို့ လိုက်သူများ ဖြစ်ကြ၏။ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို သင် ယခုသိပြီလား။ ဘုရားသခင်သည် လူသား၏ နှလုံးသားတွင် ရှိသကဲ့သို့ လူသား၏ ဘေးတွင်လည်း ရှိ၏။ သူသည် ဝိညာဉ်လောကတွင် ရှိသည်သာမက ခပ်သိမ်းသော အမှုအရာအထက် လူသားတည်ရှိသော ကမ္ဘာမြေကြီးပေါ်တွင်သာ၍ရှိသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ရောက်ရှိခြင်းသည် ဘုရားသခင်၏ အမှုအဆင့်များကို အသစ်သော နယ်မြေပိုင်နက် အတွင်းသို့ ယူဆောင်သွားခဲ့ခြင်း ဖြစ်၏။ ဘုရားသခင်သည် စကြဝဠာရှိ အရာခပ်သိမ်းအပေါ် အချုပ်အခြာ အာဏာ ရရှိထား၍ သူသည် လူသား၏ နှလုံးသားတွင် အဓိကဖြစ်သည့်အပြင် လူသားတို့ အကြားတွင် ရှိနေ၏။ ဤနည်းဖြင့်သာ သူသည် လူသားမျိုးနွယ်အတွက် အသက်၏ လမ်းခရီးကို ယူဆောင်လာနိုင်၍ အသက်၏ လမ်းခရီးအတွင်း လူသားကို ခေါ်ဆောင်လာနိုင်၏။ လူသားသည် အသက်၏ လမ်းခရီးကို ရရှိရန်နှင့် လူသားဖြစ်တည်နေရန် ဘုရားသခင်သည် မြေကြီးပေါ် ကြွလာခဲ့ပြီးဖြစ်၍ လူသားတို့အကြား နေထိုင်၏။ တစ်ချိန်တည်းတွင် လူသားတို့အကြား သူ၏ စီမံခန့်ခွဲမှုတွင် ထိုသူတို့ ပူးပေါင်း ဆောင်ရွက်စေရန် ဘုရားသခင်သည် စကြဝဠာရှိ အရာခပ်သိမ်းကိုလည်း ပညတ်လေ၏။ ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်နှင့် လူသား၏ နှလုံးသားထဲတွင်ရှိသည်ဟူသော အယူဝါဒကိုသာ သင်အသိအမှတ်ပြု၍ လူသားတို့အကြားတွင် ဘုရားသခင် တည်ရှိခြင်း၏ သမ္မာတရားကို အသိအမှတ်မပြုပါက သင်သည် မည်သည့်အခါမျှ အသက်ကိုရရှိလိမ့်မည် မဟုတ်ဘဲ သမ္မာတရား၏ လမ်းခရီးကိုလည်း မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။

ဘုရားသခင် ကိုယ်တိုင်သည် အသက်ဖြစ်၏။ သမ္မာတရားလည်းဖြစ်၍ သူ၏အသက်နှင့် သမ္မာတရားတို့ အတူယှဉ်လျှက် တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိလျှင် သင်သည် စာများ၊ အယူဝါဒများအပြင် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေ၍ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်လျက်တည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက သင်သည် အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက သင့်တွင် သမ္မာတရားရှိမည် မဟုတ်သည်မှာ သေချာသဖြင့် စိတ်ကူးယဉ်မှုများ နှင့် အတွေးအခေါ်များမှလွဲ၍ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် သင်၏နံစော်သော အသွေးအသားမှအပ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများသည် အသက်မဟုတ်ကြောင်းကို သိထားပါ။ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် တခမ်းတနား ဂုဏ်မပြုနိုင်ပါ။ ထို့အပြင် အတိတ်မှ အယူဝါဒများသည် ဘုရားသခင်က ပစ္စုပ္ပန်တွင်ပြောသော နှုတ်ကပတ်တော်များအဖြစ် ဆောင်ရွက်နိုင်ခြင်း မရှိပါ။ ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာ၍ လူသားအကြား နေထိုင်သည့်အခါတွင် ဖော်ထုတ်သော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုဆောင်နည်း ဖြစ်၏။ အတိတ်ကာလများမှ ယနေ့တိုင် ဘုရားသခင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို သင်လက်တွေ့ အသုံးချပါက သင်သည် ရှေးဟောင်းသုတေသီတစ်ဦးဖြစ်၍ သင့်ကို သမိုင်းဆိုင်ရာ အမွေအနှစ် ပညာရှင်တစ်ဦးဟု အကောင်းဆုံး ဖော်ပြနိုင်ပါသည်။ ဤသည်မှာ သင်သည် အတိတ်ကာလများတွင် ဘုရားသခင် ဆောင်ရွက်ခဲ့သည့်အမှု၏ တစ်စွန်းတစ်စ ကျန်ရှိသော လက္ခဏာများကို အစဉ်ယုံကြည်သောကြောင့်၊ ဘုရားသခင် ယခင်က လူသားတို့အကြား အမှုဆောင်ရွက်ခဲ့စဉ် သူချန်ရစ်ခဲ့သည့် အရိပ်ကိုသာ ယုံကြည်သောကြောင့်နှင့် ယခင်ကာလများတွင် ဘုရားသခင်က သူ၏ နောက်လိုက်များကို ပေးခဲ့သည့် လမ်းခရီးကိုသာ ယုံကြည်သောကြောင့် ဖြစ်သည်။ သင်သည် ယနေ့ ဘုရားသခင် အမှု၏ လမ်းပြမှုကို မယုံကြည်၊ ယနေ့ ဘုရားသခင်၏ ဘုန်းထင်ရှားသော မျက်နှာကို မယုံကြည်၊ ထို့အပြင် ယခု ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ လမ်းခရီးကိုလည်း မယုံကြည်ပေ။ ထို့ကြောင့် သင်သည် အမှန်တရားနှင့် လုံးဝ ကင်းကွာနေသော စိတ်ကူးယဉ်သမား တစ်ဦးသာဖြစ်သည်ကို မငြင်းနိုင်ပါ။ ယခု သင်သည် လူသားကို အသက်ယူလာပေးရန် မစွမ်းသည့် စကားလုံးများကို စွဲကိုင်နေဆဲဖြစ်ပါက သင်သည် မျှော်လင့်ချက်မရှိသော သစ်တုံးခြောက်တစ်ခုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ရှေးရိုးစွဲဆန်လွန်း၏၊ ပေကပ်ကပ် နိုင်လွန်း၏၊ ကျိုးကြောင်း ဆင်ခြင် ပြ၍မရ ဖြစ်နေ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၄၅

သင်၏နေ့စဉ်အသက်တာတွင် သင်၌ တစ်စုံတစ်ရာ ဖြစ်ပျက်သောအခါ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုမှလာသည်၊ သို့မဟုတ် စာတန်၏ လုပ်ဆောင်ချက်မှ လာသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၈

လူသားနှင့်ပြုလုပ်သည့် ပဋိညာဉ်၏ သင်္ကေတအနေနှင့် ဘုရားသခင်သည် သက်တံကို ပြုလုပ်သည် (လက်ရွေးစင် ကျမ်းပိုဒ်များ) ကမ္ဘာဦး ၉:၁၁-၁၃ သင်တို့နှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၆၅

ရှင်မဿဲ ၁၂:၁ ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၇၅

လူအမျိုးအစားမျိုးစုံ၏ အတွေ့အကြုံများသည် ၎င်းတို့အတွင်းရှိ အရာများကို ကိုယ်စားပြုသည်။ ဝိညာဉ်ရေးရာ အတွေ့အကြုံ တစ်ခုတစ်လေမျှ မရှိသည့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။