ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၆၀

ကမ္ဘာမြေကြီးပေါ်သို့ ရောက်ရှိလာသူ အားလုံးသည် အသက်ရှင်ခြင်းနှင့် သေခြင်းကို ကြုံတွေ့ရမည် ဖြစ်ပြီး၊ လူများစွာတို့သည် သေဆုံးခြင်းနှင့် တဖန်ပြန်လည် မွေးဖွားခြင်းစက်ဝန်းကို ကြုံတွေ့ကြရသည်။ အသက်ရှင်နေသူများသည် မကြာမီတွင် သေဆုံးရမည်ဖြစ်ပြီး၊ သေဆုံးသူသည် မကြာမီ ပြန်လာရပြန်သည်။ ဤအရာအားလုံးသည် သက်ရှိတစ်ဦးစီအတွက် ဘုရားသခင် စီစဉ်ပေးထားသော ဘဝလမ်းကြောင်းဖြစ်သည်။ ဤဘဝလမ်းကြောင်းနှင့် စက်ဝန်းသည် အမှန်တရားတစ်ခုဖြစ်ပြီး၊ ဘုရားသခင်မှ လူတို့ကို အပ်နှင်းထားသော ဘဝသည် အဆုံးမရှိခြင်းနှင့် အသွေးအသား၊ အချိန် သို့မဟုတ် နေရာတို့မှ ဖျက်ဆီးမရနိုင်ကြောင်းကို မြင်တွေ့စေလို၍ ဖြစ်သည်။ ဤအချက်သည် ဘုရားသခင်မှ လူတို့ထံ အပ်နှင်းထားသော အသက်၏ နက်နဲရာဖြစ်ပြီး အသက်သည် သူ့ထံမှလာကြောင်း သက်သေလည်းဖြစ်သည်။ အသက်သည် ဘုရားသခင်ထံမှ လာသည်ကို လူအတော်များများက မယုံကြည်ကြသော်လည်း၊ ဘုရား၏ တည်ရှိမှုကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ လူသားတို့သည် ဘုရားသခင်ထံမှ လာသောအရာများကို ယူငင်ခံစား ပျော်ရွင်နေသည်မှာ မလွဲမသွေပင်ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် တစ်နေ့၌ ရုတ်တရတ် စိတ်ပြောင်းကာ ကမ္ဘာကြီးပေါ်တွင် တည်ရှိသော အရာအားလုံးနှင့် သူပေးခဲ့သော အသက်များကို ပြန်လည် ယူဆောင်ရန် ဆန္ဒဖြစ်လာပါက အရာအားလုံး တည်ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်သည် သူ၏စွမ်းအားနှင့် အာဏာတို့ဖြင့် အရာအားလုံးကို အစီအစဉ်ကျနစွာ ယူဆောင်လာခြင်းဖြင့် သက်ရှိ သက်မဲ့ အရာအားလုံးကို သူ၏အသက်တာဖြင့် ထောက်ပံ့လျက်ရှိပါသည်။ ဤသည်မှာ မည်သူမှ လွယ်ကူစွာ တွေ့မြင် နားလည်နိုင်မည် မဟုတ်သည့် သမ္မာတရားဖြစ်ပြီး၊ ဤနားမလည်နိုင်သော သမ္မာတရားများသည် ဘုရားသခင်၏ အသက်တာသရုပ်နှင့် တည်ရှိမှု၏ အထောက်အထားဖြစ်ပါသည်။ ယခုသင့်အား လျှို့ဝှက်ချက်တစ်ခု ပြောပြပါမည်။ ဘုရားသခင်၏ ကြီးမားမှုနှင့် စွမ်းအားကို မည်သည့်ဖန်ဆင်းမှုကမှ လိုက်မမီနိုင်ပါ။ ဤအချက်သည် ယခု၊ ယခင်နှင့် နောင်လာမည့် ကာလအတွက်လည်း ထိုအတိုင်းပင် ဖြစ်နေမည်ဖြစ်သည်။ ငါပေးမည့် ဒုတိယလျှို့ဝှက်ချက်မှာ မည်သို့ပင် ပုံစံ၊ တည်ဆောက်ပုံ ကွာဟနေစေကာမူ ဖန်ဆင်းမှု အားလုံးအတွက် အသက်တာ အရင်းအမြစ်သည် ဘုရားသခင်ထံမှ လာပါသည်။ သင်သည် မည်သည့် သက်ရှိအမျိုးအစား ဖြစ်နေစေကာမူ ဘုရားသခင် ချမှတ်ထားသည့် အသက်လမ်းကြောင်းကို ပြောင်းလဲပစ်နိုင်မည် မဟုတ်ပေ။ မည်သည့် အခြေအနေတွင်မဆို လူသားကို နားလည်စေလိုသည့် အချက်မှာ လူသားများသည် ဘုရားသခင်ထံမှ ကရုဏာ၊ အကာအကွယ်နှင့် အကူအညီမရှိပါက မည်မျှပင် အားကြီးနေ၊ ရုန်းကန်ကြိုးစားနေစေကာမူ ရသင့်ရထိုက်သလောက် ရနိုင်မည်မဟုတ် ဆိုခြင်းပင် ဖြစ်သည်။ ဘုရားသခင်မှ ဘဝ အသက်တာကို ထောက်ပံ့ပေးမှု မရှိပါက လူတို့သည် ဘဝတွင် အသက်ရှင်ခြင်း အနှစ်သာရနှင့် ဘဝ၏ ရည်ရွယ်ချက်တို့ကို ဆုံးရှုံးရမည်ဖြစ်သည်။ ဘုရားသခင်သည် သူ၏ ဘဝအသက်တာ တန်ဖိုးကို တန်ဖိုးမထားပဲ ဖြုန်းပေးသောသူကို မည်မျှလောက်အထိ ခွင့်လွှတ်ထားနိုင်မည်နည်း။ ထို့အတူ ဘုရားသခင်သည် သင့်အသက်တာ၏ အရင်းအမြစ်ဖြစ်သည်ကို မမေ့ပါနှင့်။ အကယ်၍ လူသည် ဘုရားသခင် အပ်နှံထားသော အရာအားလုံးကို မြတ်နိုးတန်ဖိုးထားခြင်း မရှိပါက၊ ဘုရားသခင်သည် သူပေးထားသည့် အရာများကို ပြန်ယူမည်သာမက ထိုထက်ပို၍ လူသားသည် ဘုရားသခင် အသုံးပြုခဲ့ရသည့် အရာအားလုံးအတွက် လျော်ကြေးအဖြစ် နှစ်ဆ ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၁

အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ ဘုရားသခင်ကို နာခံရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးကာ သင်၏တာဝန်အားလုံးကို ကျေပွန်အောင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၉၇

လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၄

ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ခြင်း ဖြစ်ခဲ့သည်။ သူ့ကို ယုံကြည်သူတို့၏ အပြစ်များအားလုံးသည် ခွင့်လွှတ်ခြင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄

အကယ်၍ ဘုရားသခင်၏နောက်ကို နှစ်ပေါင်းများစွာ လိုက်လျှောက်ပြီး၊ ဘုရားနှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုကို နှစ်ပေါင်းများစွာ မွေ့လျော်ခံစားထားသည့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။