အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

အမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)

သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရရန် ထိုက်တန်လိုလျှင် သင်သည် ဘုရားသခင်၏ အလုပ်ကို သိရမည်၊ သင်သည် သူယခင်က လုပ်ခဲ့သော အလုပ်ကို သိရမည် (ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ် ကျမ်းစာများတွင် ပါသော) ဖြစ်ပြီး ထို့ထက်မက သူ၏ ယနေ့ အလုပ်ကို သိရမည်။ ဆိုလိုသည်မှာ သင်သည် နှစ်ပေါင်း ၆၀ဝ၀ ကျော်ကြာ ဘုရားသခင်၏ အလုပ်အဆင့် သုံးဆင့်ကို သိရမည်။ သင့်အား ဧဝံဂေလိ တရားကို ဖြန့်ဝေရန် တောင်းဆိုခဲ့ပါက၊ သင်သည် ဘုရားသခင်၏ အလုပ်ကို မသိဘဲ ယင်းသို့ လုပ်နိုင်မည်မဟုတ်ပေ။ လူများသည် သင့်ကို သမ္မာကျမ်းစာအကြောင်း၊ ဓမ္မဟောင်းကျမ်းစာ အကြောင်းနှင့် ထိုအချိန်က ယေရှု မည်သည့်အရာ လုပ်ခဲ့သည်နှင့် ပြောဆိုခဲ့သည် ဆိုသည့်အကြောင်း အလုံးစုံကို မေးမြန်းကြလိမ့်မည်။ သူတို့ ပြောကြမည်မှာ "သင်တို့၏ ဘုရားသခင်က သင်တို့ကို ဤအရာအလုံးစုံကို မပြောသလော။ သမ္မာကျမ်းစာတွင် အမှန်တကယ် ဖြစ်ပျက်သော အရာတို့ကို သူက(ဘုရားသခင်) သင်တို့ကို မပြောနိုင်လျှင် သူသည် ဘုရားသခင် မဟုတ်တော့ပေ။ သူပြောထွက်နိုင်လျှင် ငါတို့ယုံကြည်လက်ခံမည်။" အစအဦး၌ ယေရှုသည် သူ၏ တပည့်တော်များနှင့် ဓမ္မဟောင်းကျမ်းစာအကြောင်း အများအပြား ပြောခဲ့သည်။ သူတို့ဖတ်သမျှ အားလုံးတို့သည် ဓမ္မဟောင်းကျမ်းမှ ဖြစ်သည်။ ဓမ္မသစ်ကျမ်းစာမှာ ယေရှုကို လက်ဝါးကပ်တိုင်တင်ပြီး ဆယ်စုနှစ် အချို့ကြာမှသာ ရေးသားခဲ့သည်။ ဧဝံဂေလိတရားကို ပြန့်ပွားလိုလျှင် သင်တို့သည် သမ္မာကျမ်းစာ၏ အတွင်းကျသော သမ္မာတရားနှင့် ယေဟောဝါက လုပ်ဆောင်ခဲ့သည်ဟု ပြောရမည်ဖြစ်သော ဣသရေလ နိုင်ငံအတွင်း ဘုရားသခင်၏ အလုပ်တို့ကို အခြေခံအားဖြင့် နားလည်သဘောပေါက်နိုင်ရန် လိုအပ်သည်။ ထို့နောက် သင်တို့သည် ယေရှုအားဖြင့် လုပ်ထားသော အလုပ်ကိုလည်း နားလည်ရမည်။ ဤကိစ္စရပ်များသည် လူအားလုံး အသိလိုဆုံးဖြစ်ပြီး ဤအလုပ်၏ အဆင့်နှစ်ဆင့်အပေါ် နားလည်မှုကို[က] သူတို့ မပိုင်ဆိုင်ကြပေ။ ဧဝံဂေလိတရားကို ဖြန့်ဝေသည့်အခါ ပထမပိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့အလုပ်အကြောင်း ပြောခြင်းကို ခေတ္တ ဘေးဖယ်ထားပါ။ အလုပ်၏ ဤအဆင့်သည် သူတို့လက်လှမ်းမီသော အဆင့်ကို ကျော်လွန်နေသည်။ အဘယ်ကြောင့်ဆိုသော် အားလုံးထဲတွင် အမြင့်မားဆုံးအရာကို သင်တို့သည် လိုက်သောကြောင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ပတ်သက်သည့် အသိပညာဖြစ်ပြီး ဤအရာနှစ်ခုထက် မည်သည်ကမှ ပိုမို၍ ချီးမြှောက်ခံရခြင်း မရှိပေ။ မည်သည့် အရာက မြင့်မားသည်ကို သင်ပထမဆုံး ပြောသည့်အခါ သူတို့အတွက် မမီနိုင်အောင်ဖြစ်လိမ့်မည်။ အကြောင်းမှာ သူတို့တွင် မည်သူမျှ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိုသို့သော အလုပ်ကို အတွေ့အကြုံ မရှိကြသောကြောင့် ဖြစ်သည်။ ယင်းတွင် ဥပမာပြရန် မရှိဘဲ လူအတွက် လက်ခံရန် မလွယ်ကူလှပေ။ သူတို့၏ အတွေ့အကြုံများမှာ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်အချို့ အခါအားလျော်စွာ ပါဝင်သည့် အတိတ်က အမှုအရာဟောင်းများ ဖြစ်သည်။ သူတို့ အတွေ့အကြုံရှိသော အရာမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့အလုပ် သို့မဟုတ် ယနေ့ ဘုရားသခင်၏အလို မဟုတ်ချေ။ သူတို့သည် အလေ့အကျင့် ဟောင်းများအပေါ်မူတည်၍ လုပ်ဆောင်နေဆဲဖြစ်ပြီး အလင်းသစ် သို့မဟုတ် အသစ်သော အရာတို့ မရှိကြပေ။

ယေရှုခေတ်တွင် ယေဟောဝါကို အစေခံသောသူတို့သည် ယဇ်ပရောဟိတ် ဝတ်ရုံများကို ဝတ်ဆင်ပြီး ဗိမ္မာန်တော်ထဲတွင် မယိမ်းယိုင်သော သစ္စာခံမှုကို ပြုနေစဉ် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ အလုပ်ကို ယေရှုထဲ၌ အဓိက လုပ်ဆောင်ခဲ့သည်။ သူတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ရှိနေပါသော်လည်း၊ ဘုရားသခင်၏ လက်ရှိအလိုကို မခံစားမိနိုင်ကြပေ။ အသစ်သော လမ်းညွှန်မှုမရှိဘဲ၊ ယေဟောဝါကိုသာ အလေ့အထဟောင်းများနှင့်အညီ ဆက်လက်သစ္စာရှိ နေရုံမျှသာဖြစ်သည်။ ယေရှုကြွလာခဲ့ပြီး လုပ်ငန်း အသစ်ကို ယူဆောင်လာခဲ့သည်။ ဗိမာန်တော်အတွင်းမှ ထိုလူတို့တွင် အသစ်သော လမ်းညွှန်မှုမရှိသလို၊ အသစ်သော လုပ်ဆောင်မှုလည်း မရှိကြပါ။ ဗိမာန်တော်အတွင်း အမှုတော်ထမ်းရင်း သူတို့သည် အလေ့အထ ဟောင်းများကိုသာ ဆုပ်ကိုင်ထားကြသည်။ ဗိမာန်တော်မှ မထွက်ခွာဘဲ သူတို့တွင် အသစ်သော ဝင်ရောက်မှု မရှိနိုင်ပေ။ အသစ်သောအလုပ်ကို ယေရှုက ယူဆောင်လာခဲ့ပြီး၊ ယေရှုသည် သူ၏ လုပ်ငန်းကို လုပ်ဆောင်ရန် ဗိမာန်တော်ထဲသို့ မသွားခဲ့ပါ။ ဘုရားသခင်၏ လုပ်ငန်းနယ်ပယ်သည် ပြောင်းလဲခဲ့သည်မှာ ကြာပြီဖြစ်သည့် အတွက်၊ သူသည် သူ၏လုပ်ငန်းကို ဗိမာန်တော်ပြင်ပတွင်သာ လုပ်ကိုင်ခဲ့သည်။ သူသည် ဗိမာန်တော် အတွင်းတွင် အလုပ်လုပ်ခြင်းမရှိဘဲ လူကသူ့ကို ထိုနေရာတွင် အစေခံသောအခါ သူတို့ ရှိသည့်အတိုင်း အရာများကို ထိန်းသိမ်းထားရုံသာရှိပြီး အလုပ်အသစ်ကို ယူဆောင်နိုင်ခြင်း မရှိပေ။ ထိုကဲ့သို့ပင် ယနေ့ ဘာသာရေး ပုဂ္ဂိုလ်များသည် သမ္မာကျမ်းစာကို ကိုးကွယ်လျက် ရှိဆဲပင်ဖြစ်သည်။ သင်သည် သူတို့ကို ဧဝံဂေလိတရား ဖြန့်ဝေသည့်အခါတွင် သူတို့သည် သင်နှင့် ကျမ်းစာအကြောင်း ငြင်းခုံလိမ့်မည်၊ သို့ဖြစ်လျှင် သူတို့ကျမ်းစာအကြောင်း ပြောသောအခါ သင်သည် အဘယ်အရာ ပြောရမည်မှန်း မသိဘဲ၊ ဘာမှ ပြောစရာမရှိဖြစ်လျှင် သူတို့က သင်သည် သမ္မာကျမ်းစာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုမျှ မသိဟုထင်ကာ သင်တို့သည် ယုံကြည်ခြင်းတွင် တုံးအသူအဖြစ် ထင်ကြလိမ့်မည်။ သင်သည် ဘုရားသခင်၌ ယုံကြည်ကြောင်း မည်သို့ ပြောမည်နည်း။ ထို့နောက် သူတို့သည် သင့်ကို အထင်သေးလိမ့်မည်ဖြစ်ပြီး ပြောမည်မှာ "သင်တို့ ယုံကြည်သူမှာ ဘုရားသခင်ဖြစ်လျှင် သူသည် သင်တို့ကို အဘယ်ကြောင့် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများအကြောင်း အလုံးစုံကို မပြောသနည်း။ သူသည် သူ၏ ဂုဏ်တော်ကို ဣသရေလမှ အရှေ့အရပ်သို့ ယူဆောင်ခဲ့သည်ဖြစ်ရာ သူသည် ဣသရေလတွင် လုပ်ခဲ့သော အလုပ်အကြောင်း အဘယ်ကြောင့် မသိသနည်း။ သူသည် အဘယ်ကြောင့် ယေရှု၏ အလုပ်ကို မသိသနည်း။ သူသည် ယေရှု ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းဖြစ်ရာ သင်တို့မသိလျှင် ထိုအရာသည် သင်တို့ကို ပြောကြားထားခြင်း မရှိကြောင်း သက်သေဖြစ်လေရာ သူသည် ထိုအရာများကို အဘယ်ကဲ့သို့လျှင် မသိဘဲ ရှိမည်နည်း။ ယေရှုသည် ယေဟောဝါလုပ်ခဲ့သော အလုပ်ကိုသိသည်။ သူသည် ဘာကြောင့် မသိနိုင်သနည်း။" အချိန်ရောက်လာသောအခါ သူတို့သည် ထိုမေးခွန်းများကို သင့်အား မေးလိမ့်မည်။ သူတို့ဦးခေါင်းထဲတွင် ထိုသို့သော အရာများနှင့် ပြည့်နေသည်။ သူတို့ဘာကြောင့် မမေးဘဲ နေမည်နည်း။ ဤရေစီးကြောင်း အတွင်းတွင် ရှိသူတို့သည် သမ္မာကျမ်းစာကို စူးစိုက်မှုမရှိ၊ သင်တို့သည် ယနေ့ ဘုရားသခင် လုပ်ဆောင်ခဲ့သော တစ်ဆင့်ပြီးတစ်ဆင့် အလုပ်များကို ရင်ပေါင်တန်း လိုက်သောကြောင့်၊ သင်တို့သည် သင်တို့၏ မျက်စိများဖြင့် အဆင့်ဆင့်သော အလုပ်များကို မျက်မြင်သက်သေ ဖြစ်ခဲ့ကြသောကြောင့်၊ သင်တို့သည် အလုပ်၏ အဆင့် သုံးဆင့်ကို ရှင်းလင်းစွာ မြင်ခဲ့ကြသောကြောင့် သမ္မာကျမ်းစာကို ပစ်ချထားခဲ့ရပြီး ယင်းအား လေ့လာမှုကို ရပ်ထားခဲ့ကြသည်။ သို့ရာတွင် သူတို့သည် ဤအဆင့်ဆင့်သော အလုပ်၏ အသိပညာ မရှိကြသဖြင့် ယင်းကို မလေ့လာနိုင်ကြ။ အချို့သူများက မေးလိမ့်မည်၊ "လူ့ဇာတိခံယူသော ဘုရားသခင် လုပ်ခဲ့သော အလုပ်နှင့် လွန်ခဲ့သော ကာလများက ပရောဖက်များနှင့် တမန်တော်များ၏ အလုပ်တို့အကြား ဘာကွာခြားသနည်း။" ဒါဝိဒ်ကိုလည်း သခင်ဟု ခေါ်ခဲ့သလို ယေရှုကိုလည်း အလားတူ ခေါ်ခဲ့သည်။ သူတို့လုပ်သော အလုပ်များ ကွာခြားကြသော်လည်း ယင်းတို့ကို အတူတူဟု ခေါ်ကြသည်။ သင်ပြောမည်မှာ၊ သူတို့၏ သွင်ပြင်လက္ခဏာများ အဘယ်ကြောင့် မတူသနည်း။ ယောဟန်သည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသော ရူပါရုံတစ်ခုကို မျက်မြင်တွေ့ခဲ့ပြီး သူသည် သန့်ရှင်းသော ဝိညာဉ်တော်က ပြောကြားလိုသော စကားလုံးများကိုလည်း ပြောနိုင်ခဲ့သည်။ ယောဟန်နှင့် ယေရှုတို့၏ သွင်ပြင်လက္ခဏာ အဘယ်ကြောင့် ကွာခြားသနည်း။ ယေရှုပြောသော နှုတ်ကပတ်တော်များသည် ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ပြီး ဘုရားသခင်၏ အမှုတော်ကို အပြည့်အဝ ကိုယ်စားပြုခဲ့သည်။ ယောဟန်မြင်သည်မှာ ရူပါရုံတစ်ခု ဖြစ်ပြီး သူသည် ဘုရားသခင်၏ အမှုတော်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ခြင်း မရှိခဲ့ပေ။ သို့ဖြစ်လျှင် ယောဟန်၊ ပေတရုနှင့် ပေါလုတို့သည် ယေရှုနှင့် တူညီသော သွင်ပြင်လက္ခဏာ မရှိခဲ့သော်လည်း နှုတ်ကပတ်တော်များကို အဘယ်ကြောင့် ယေရှုပြောခဲ့သလို ပြောခဲ့ကြသနည်း။ ယင်းမှာ ယေဘူယျအားဖြင့် ဆိုရသော် သူတို့ လုပ်ဆောင်ခဲ့သော အလုပ်မှာ မတူညီသောကြောင့် ဖြစ်သည်။ ယေရှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက် အလုပ်လုပ်ခဲ့သည်။ သူသည် ခေတ်သစ်၏ အလုပ်ကို လုပ်ခဲ့သည်၊ ယင်းအလုပ်များကို ယခင်က မည်သူမျှ မလုပ်ခဲ့ဖူးသေးပေ။ သူသည် အသစ်သော လမ်းကို ဖွင့်ခဲ့သည်။ သူသည် ယေဟောဝါကို ကိုယ်စားပြုခဲ့ပြီး သူသည် ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုခဲ့သည်။ ပေတရု၊ ပေါလုနှင့် ဒါဝိဒ်တို့သည် သူတို့ကို မည်သို့ပင် ခေါ်သည်ဖြစ်စေ သူတို့သည် ဘုရားသခင် ဖန်ဆင်းထားသော သတ္တဝါတစ်ခု၏ သွင်ပြင်လက္ခဏာကိုသာ ကိုယ်စားပြုသည်၊ သို့မဟုတ် သူတို့ကို ယေရှု သို့မဟုတ် ယေဟောဝါက စေလွှတ်သည်။ ထို့ကြောင့် သူတို့သည် မည်မျှ အလုပ်လုပ်သည် ဖြစ်စေ၊ သူတို့သည် မည်မျှသော တန်ခိုးများကို ပြသခဲ့သည်ဖြစ်စေ၊ သူတို့သည် ဘုရားသခင် ဖန်ဆင်းသော သတ္တဝါများသာဖြစ်ပြီး ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ကြပေ။ သူတို့သည် ဘုရားသခင်၏ နာမတော်၌ သို့မဟုတ် ဘုရားသခင်၏ စေလွှတ်ခြင်း၌ အလုပ်လုပ်ကြသည်။ ထို့အပြင် သူတို့သည် ယေရှု သို့မဟုတ် ယေဟောဝါ စတင်ခဲ့သော ခေတ်တွင် အလုပ်လုပ်ပြီး သူတို့လုပ်သော အလုပ်သည် သီးခြား မဟုတ်ပေ။ အဆုံးတွင် သူတို့သည် ဘုရားသခင်က ဖန်ဆင်းသော သတ္တဝါများသာဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် ပရောဖက် အများအပြားသည် ရှေ့ဖြစ်များ ဟောခဲ့သည် သို့မဟုတ် အနာဂတ္တိကျမ်းများ ရေးခဲ့သည်။ မည်သူကမျှ သူတို့သည် ဘုရားသခင်ဖြစ်သည်ဟု မပြောခဲ့သော်လည်း ယေရှု စတင်အလုပ်လုပ်သည်နှင့်တစ်ပြိုင်နက် သူသည် မည်သည့် စကားလုံးကိုမျှ မမြွက်ဆိုသေးမီ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့ကို ဘုရားသခင်အဖြစ် သက်သေခံခဲ့သည်။ ဘာကြောင့်ပါနည်း။ ယခုအချိန်တွင် သင်သည် သိထားပြီးဖြစ်သင့်သည်။ တမန်တော်များနှင့် ပရောဖက်များက သြဝါဒစာ အမျိုးမျိုးကို မရေးသားမီတွင် ပရောဖက်ပြုချက် အများအပြားကို ပြုခဲ့ကြသည်။ နောက်ပိုင်းတွင် လူတို့သည် ယင်းတို့ထဲမှ အချို့ကို ရွေးထုတ်၍ သမ္မာကျမ်းစာထဲတွင် ထည့်သွင်းကြသည်၊ အချို့မှာ ပျောက်ဆုံးသွားခဲ့သည်။ သူတို့ပြောသမျှ အရာရာတိုင်းသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသောအရာများ ဖြစ်သည်ဟု ပြောကြသူများ ရှိခဲ့သည့်အတွက် အဘယ်ကြောင့် ယင်း၏ အချို့အရာများမှာ ကောင်းပြီး၊ ယင်း၏ အချို့အရာများမှာ မကောင်းဟု မှတ်ယူရသနည်း။ အချို့မှာ ရွေးချယ်ခံရပြီး အချို့မှာ အဘယ်ကြောင့် မရွေးချယ်ခံရသနည်း။ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်က အမှန်တကယ် ပြောကြားသော နှုတ်ကပတ်တော်များဖြစ်လျှင် လူတို့အနေဖြင့် ယင်းတို့ကို ရွေးချယ်ရန် လိုအပ်ပါသေးသလော။ အဘယ်ကြောင့် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါဝင်သော ယေရှု၏ပြောခဲ့သော စကားလုံးများနှင့် အလုပ်များကို ရေးသားချက်များသည် ကွဲပြားနေခဲ့ပါသနည်း။ ထိုသို့ဖြစ်ရခြင်းသည် ယင်းတို့ကို မှတ်တမ်းတင်သူတို့၏ အားနည်းချက် မဟုတ်ပါလော။ အချို့လူများက မေးကြမည်၊ "ပေါလုနှင့် ဓမ္မသစ်ကျမ်း၏ အခြားသော ရေးသားသူများ ရေးသားခဲ့သော သြဝါဒစာများနှင့် သူတို့လုပ်ခဲ့သော အလုပ်များသည် လူ၏ဆန္ဒမှ တစ်စိတ်တစ်ပိုင်း လာခဲ့ခြင်းဖြစ်ပြီး လူ၏ အယူအဆများနှင့် ရောယှက်လျက်ရှိရာ ယနေ့တွင် ကိုယ်တော် (ဘုရားသခင်) ပြောဆိုသော နှုတ်ကပတ်တော်များတွင် လူသား၏ မသန့်စင်မှုများ မရှိနိုင်ဘူးလား။ ယင်းတို့တွင် လူသားတို့၏ အယူအဆများ အမှန်တကယ် မပါရှိနိုင်ဘူးလား။" ဤအဆင့်ရှိ ဘုရားသခင် လုပ်ခဲ့သော အလုပ်သည် ပေါလုနှင့် အခြားသော တမန်တော်များနှင့် ပရောဖက်များ လုပ်ခဲ့သော အလုပ်နှင့် လုံးဝ ခြားနားသည်။ သွင်ပြင်လက္ခဏာတွင်သာ ကွဲပြားခြားနားသည် မဟုတ်သေး၊ အခြေခံအားဖြင့်လည်း လုပ်ဆောင်ခဲ့သော အလုပ်များတွင် ခြားနားမှုရှိသည်။ သခင့်ရှေ့မှောက်တွင် ပေါလုသည် ထိုးနှက်ခံရကာ လဲကျပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို အလုပ်တွင် ဦးဆောင်ပြီး သူသည် စေလွှတ်သူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူသည် အသင်းတော်များထံသို့ သြဝါဒစာများ ရေးသားခဲ့ပြီး ယင်းသြဝါဒစာများ အားလုံးသည် ယေရှု၏ သင်ကြားမှုများကို လိုက်နာခဲ့သည်။ ပေါလုကို သခင်က စေလွှတ်ခဲ့ပြီး သခင်ယေရှု၏ နာမတော်ဖြင့် အလုပ်လုပ်စေခဲ့သည်။ သို့သော်လည်း ဘုရားသခင် ကိုယ်တိုင် ကြွလာသောအခါ သူသည် မည်သည့် အမည်ဖြင့်မျှ အလုပ်မလုပ်ဘဲ မည်သူ့ကိုမျှ ကိုယ်စားမပြုဘဲ သူ့အလုပ်တွင် ဘုရားသခင်၏ ဝိညာဉ်တော်ကိုသာ ကိုယ်စားပြုခဲ့သည်။ ဘုရားသခင်သည် သူ၏အလုပ်ကို တိုက်ရိုက်လုပ်ရန် လာခဲ့သည်။ သူသည် မည်သည့် လူအားဖြင့်မျှ ပြည့်စုံစေခြင်း မခံခဲ့ရ၊ သူ၏အလုပ်သည် မည်သူတစ်ဦး တစ်ယောက်၏ သင်ကြားမှုအပေါ် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ဤအလုပ်အဆင့်တွင် ဘုရားသခင်သည် သူ၏ ကိုယ်ပိုင် အတွေ့အကြုံများအပေါ် ပြောဆိုခြင်းဖြင့် ဦးဆောင်သည်မဟုတ်၊ သို့ရာတွင် သူ၏ ဖြစ်ခြင်းနှင့်အညီ သူ၏ အလုပ်ကို တိုက်ရိုက် လုပ်ဆောင်သည်။ ဥပမာ သူသည် အစေခံသူများ၏ အလုပ်၊ ပြစ်တင်ဆုံးမခြင်း အချိန်များ၏ အလုပ်၊ သေခြင်းတရား၏ အလုပ်၊ မေတ္တာရှင် ဘုရားသခင်၏ အလုပ် စသည်ကို လုပ်သည်... ယင်းသည် ယခင် မည်သည့်အခါကမျှ မလုပ်ခဲ့ဖူးသော အလုပ်များဖြစ်ပြီး လူသား၏ အတွေ့အကြုံများထက် ယင်းသည် မျက်မှောက်ခေတ်၏ အလုပ်ဖြစ်သည်။ ငါပြောဆိုခဲ့သော စကားလုံးများတွင် မည်သည်တို့သည် လူသား၏ အတွေ့အကြုံများ ဖြစ်သနည်း။ ယင်းတို့အားလုံးသည် ဝိညာဉ်တော်မှ တိုက်ရိုက်လာသည် မဟုတ်ပါလား။ ယင်းတို့သည် ဝိညာဉ်တော်က စေခိုင်းသည် မဟုတ်ပါလား။ ယင်းမှာ သင်၏ စွမ်းရည်သည် အလွန်နည်းပါးသောကြောင့် သင်သည် အမှန်တရားကို ထွင်းဖောက်၍ မမြင်နိုင်သောကြောင့်သာ ဖြစ်သည်။ ငါပြောသော လက်တွေ့အသက်တာ၏ လမ်းခရီးသည် လမ်းကြောင်းကို ညွှန်ပြပြီး ယခင်က မည်သူ တစ်ဦးတစ်ယောက်ကမျှ မည်သည့်အခါကမျှ မပြောဆိုခဲ့ဖူးသလို ဤလမ်းကြောင်းကိုလည်း မည်သူ တစ်ဦးတစ်ယောက်ကမျှ အတွေ့အကြုံမရှိ သို့မဟုတ် ဤလက်တွေ့သဘောကို သိရှိခြင်း မရှိခဲ့ပေ။ ဤစကားလုံးများကို ငါမမြွက်ဆိုမီ မည်သူတစ်ဦးတစ်ယောက်ကမျှ မပြောခဲ့ဖူးပေ။ မည်သူတစ်ဦး တစ်ယောက်မျှ ယင်းအတွေ့အကြုံများကို မပြောဆိုခဲ့ဖူးသလို ယင်းအသေးစိတ်များကိုလည်း မည်သည့် အခါကမှ သူတို့ မပြောခဲ့ဖူးပေ။ ထို့အပြင် မည်သူတစ်ဦးတစ်ယောက်မျှ ယင်းအရာများကို ဖော်ထုတ်ရန် ယင်းအခြေအနေများကို မည်သည့်အခါကမျှ မထောက်ပြခဲ့ဖူးချေ။ ယနေ့ ငါဦးဆောင်သောလမ်းကို မည်သူ တစ်ဦးတစ်ယောက်မျှ မဦးဆောင်ခဲ့ဖူးပေ။ လူသားက ဦးဆောင်ခဲ့ပါက ယင်းသည် အသစ်သော လမ်းဖြစ်မည် မဟုတ်တော့ပေ။ ပေတရုနှင့် ပေါလုတို့ကို ဥပမာယူပါ။ ယေရှုဦးဆောင်သော လမ်းကြောင်းအပေါ်တွင်[ခ] မလျှောက်လှမ်းမီက သူတို့တွင် သူတို့ကိုယ်ပိုင် အတွေ့အကြုံမရှိခဲ့ကြပေ။ ယေရှုက လမ်းကြောင်းကို ဦးဆောင်ပြီးမှသာလျှင် ယေရှုပြောခဲ့သော နှုတ်ကပတ်တော်များနှင့် သူဦးဆောင်သော လမ်းကြောင်းကို သူတို့ အတွေ့အကြုံရခဲ့သည်။ ထိုမှလျှင် သူတို့သည် အတွေ့အကြုံ အများအပြား ရရှိလာပြီး သြဝါဒစာများ ရေးခဲ့ကြသည်။ ထို့ကြောင့် လူသား၏ အတွေ့အကြုံများသည် ဘုရားသခင်၏ အလုပ်နှင့်မတူဘဲ ဘုရားသခင်၏ အလုပ်သည် လူသား၏ အယူအဆများနှင့် အတွေ့အကြုံများဖြင့် ဖော်ပြသော အသိပညာများနှင့် မတူပေ။ ထပ်တလဲလဲ ငါပြောခဲ့သည့်အတိုင်း ယနေ့တွင် ငါသည် အသစ်သော လမ်းကြောင်းကို ဦးဆောင်နေပြီး အလုပ်သစ်ကို လုပ်နေသည်။ ငါ၏အလုပ်နှင့် ပြောစကားများသည် ယောဟနှ်နင့် အခြားသော ပရောဖက်များနှင့် ခြားနားသည်။ ငါသည် ပထမဦးစွာ အတွေ့အကြုံရပြီး ယင်းတို့ကို သင်တို့အား ပြန်ပြောခြင်းကို မည်သည့်အခါမှ မလုပ်ခဲ့။ အလုံးစုံသည် ယင်းကဲ့သို့ မဟုတ်ပေ။ ထိုသို့သာ ဖြစ်ခဲ့ပါက သင်တို့ကို အချိန်ကြာမြင့်စွာကပင် နှောင့်နှေးစေခဲ့ပြီး ဖြစ်လိမ့်မည် မဟုတ်လော။ အတိတ်အခါက လူအများအပြား ပြောဆိုခဲ့သော အသိပညာများသည် ချီးမြှောက်ခြင်း ခံကြရသော်လည်း သူတို့၏ စကားလုံး အားလုံးတို့သည် ဘာသာရေး ပုဂ္ဂိုလ်များဟုခေါ်သော လူများ၏ စကားလုံးများအပေါ်တွင် အခြေခံ ပြောဆိုခဲ့ခြင်းသာ ဖြစ်သည်။ သူတို့သည် လမ်းခရီးကို မညွှန်ပြခဲ့ဘဲ သူတို့၏ အတွေ့အကြုံများမှ လာသည်။ သူတို့ တွေ့မြင်ခဲ့သည်များမှ လာသည်၊ ထို့ပြင် သူတို့၏ အသိပညာမှ လာသည်။ အချို့မှာ သူတို့၏ အယူအဆများ ဖြစ်ပြီး အချို့မှာ သူတို့ အကျဉ်းချုံးထားသော သူတို့၏ အတွေ့အကြုံများဖြစ်သည်။ ယနေ့ ငါ့အလုပ်၏ သဘာဝသည် သူတို့နှင့် လုံးဝကွာခြားသည်။ ငါသည် အခြားသူများ ဦးဆောင်သည့်နောက်သို့ လိုက်သည့် အတွေ့အကြုံမရှိခဲ့သလို ငါသည် အခြားသူများကြောင့် ပြည့်စုံခြင်းကို ခံယူခဲ့ခြင်းမဟုတ်ပေ။ ထို့အပြင် ငါပြောခဲ့သောအရာအားလုံးနှင့် စည်းရုံးဟောပြောချက်များသည် အခြားမည်သူနှင့်မျှ မတူဘဲ အခြားမည်သူမျှလည်း မည်သည့်အခါကမျှ မပြောခဲ့ဖူးပေ။ ယနေ့တွင် သင်တို့သည် မည်သူဖြစ်သည် ဖြစ်စေ၊ သင်တို့၏ အလုပ်သည် ငါပြောသော စကားလုံးများအပေါ် အခြေခံ၍ လုပ်ဆောင်ကြသည်။ ယင်းဖွင့်ဆိုချက်များနှင့် အလုပ်မပါဘဲ ယင်းအရာများ (အစေခံသူများ၏[ဂ]စမ်းသပ်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၏ အချိန်အခါ...)ကို မည်သူသည် တွေ့ကြုံရန် တတ်စွမ်းနိုင်မည်နည်း။ ယင်းအသိပညာများကို မည်သူသည် ပြောဆိုနိုင်စွမ်း ရှိမည်နည်း။ သင်သည် ယင်းကို အမှန်တကယ်ပင် မြင်နိုင်စွမ်း မရှိပါသလော။ အလုပ်၏ မည်သည့်အဆင့်ပင်ဖြစ်စေ ငါ၏ စကားလုံးများ ပြောပြီးသည်နှင့် ငါ၏စကားလုံးများနှင့်အညီ သင်တို့သည် စတင်၍ မိတ်သဟာယဖွဲ့လာကြပြီး ယင်းတို့နှင့်အညီ အလုပ်လုပ်ကြရသည်။ ယင်းမှာ သင်တို့ထဲမှ မည်သူ တစ်ဦးတစ်ယောက်မျှ စဉ်းစားခဲ့သည့် နည်းလမ်းမဟုတ်ပေ။ ဤနေရာအထိ ရောက်ခဲ့ပြီဖြစ်ရာ သင်သည် ယင်းသို့ ရှင်းလင်းပြီး ရိုးစင်းသော မေးခွန်းကို မြင်နိုင်စွမ်းရှိပြီလား။ ယင်းမှာ တစ်စုံတစ်ဦး စဉ်းစားခဲ့ပြီးသည့် နည်းလမ်းမဟုတ်သလို မည်သည့် ဘာသာရေး ပုဂ္ဂိုလ်အပေါ်တွင်မျှလည်း အခြေခံထားခြင်း မဟုတ်ပေ။ ယင်းမှာ လမ်းကြောင်းသစ် ဖြစ်ပြီး ယေရှုတစ်ချိန်က ပြောခဲ့သော စကားလုံး အများအပြားပင် သက်ဆိုင်ခြင်း မရှိတော့ပေ။ ငါပြောသည်မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်သည့် အလုပ်ဖြစ်ပြီး ယင်းအလုပ်သည် သီးခြား ရပ်တည်သည်။ ငါလုပ်သော အလုပ်နှင့် ငါပြောသော စကားလုံးများ အားလုံးသည် အသစ်ဖြစ်သည်။ ယင်းသည် ယနေ့၏ အလုပ်သစ် မဟုတ်ပါလော။ ယေရှု၏ အလုပ်သည်လည်း ယင်းကဲ့သို့ပင်ဖြစ်သည်။ သူ၏ အလုပ်သည်လည်း ဗိမာန်တော်အတွင်းရှိ လူများ၏ အလုပ်နှင့် ကွဲပြားခြားနားပြီး ဖာရိရှဲတို့၏ အလုပ်နှင့်လည်း ခြားနားကာ ဣသရေလ လူအားလုံးလုပ်ခဲ့သော အလုပ်များနှင့်လည်း နည်းနည်းမှ မတူပေ။ ယင်းကို ကိုယ်တိုင် မြင်တွေ့ပြီးသည့်အခါ လူတို့သည် ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြပေ။ ယင်းကို ဘုရားသခင်က အမှန်တကယ် လုပ်ဆောင်ခဲ့ပါသလား။ ယေရှုသည် ယေဟောဝါ၏ ဥပဒေကို မဆုပ်ကိုင်ခဲ့ပါ။ သူသည် လူတို့ကို သင်ကြားရန် ရောက်လာချိန်တွင် သူပြောခဲ့သမျှတို့သည် အသစ်ဖြစ်ပြီး ဓမ္မဟောင်းကျမ်းမှ ရှေးဟောင်း သန့်ရှင်းသူများနှင့် ပရောဖက်များ ပြောခဲ့သော အရာများနှင့် ခြားနားသည်။ ယင်းသို့ ဖြစ်သောကြောင့်ပင် လူအများသည် မရေမရာ ဖြစ်ကြသည်။ လူသားအနေဖြင့် ရင်ဆိုင်ရန် အလွန်ခက်ခဲစေသည်မှာ ယင်းပင်ဖြစ်သည်။ အလုပ်၏ ဤအဆင့်သစ်ကို လက်ခံခြင်း မပြုမီက သင်တို့ အများစု လျှောက်လှမ်းသော လမ်းကြောင်းမှာ ဘာသာရေး ပုဂ္ဂိုလ်များ တည်ထောင်ခဲ့သည့် အခြေခံအပေါ်တွင် လေ့ကျင့်ခြင်းနှင့် ဝင်ရောက်ခြင်းဖြစ်သည်။ သို့သော် ယနေ့တွင် ငါလုပ်သော အလုပ်သည် ကြီးစွာခြားနားပြီး သင်တို့သည် ယင်းမှာ မှန်သည်၊ မှားသည်ကို ခွဲခြားနိုင်စွမ်း မရှိပေ။ ယခင်က သင်မည်သည့် လမ်းကြောင်း လျှောက်ခဲ့သည်ကို ငါဂရုမစိုက်ပါ။ ငါသည် သင်မည်သူ၏ အစားစားသည် သို့မဟုတ် မည်သူ့ကို သင့်"အဖေ"အဖြစ် ရွေးချယ်ခဲ့သည်တို့ကို စိတ်မဝင်စားပါ။ ငါသည် လူသားကို လမ်းညွှန်ရန် အလုပ်သစ်များကို ဆောင်ယူလာကာ လာရောက်ခြင်းဖြစ်ရာ ငါ့နောက်လိုက်သူ အားလုံးသည် ငါပြောကြားသည်နှင့်အညီ ပြုမူလုပ်ဆောင်ရမည်။ သင်သည် မည်မျှအာဏာရှိသော "မိသားစု" မှ လာသည်ဖြစ်စေ၊ သင်သည် ငါ့နောက်ကိုလိုက်ရမည်၊ သင်သည် သင်၏ ယခင် အလေ့အထများနှင့်အညီ ပြုမူကျင့်ကြံခြင်း မပြုရတော့ပါ။ သင်၏ "အုပ်ထိန်းသော ဖခင်"သည် နှုတ်ထွက်သင့်ပြီး သင်သည် သင်၏ ပိုင်ထိုက်သော ဝေစုကို ရှာဖွေရန် သင်၏ ဘုရားသခင် ရှေ့မှောက်သို့ လာသင့်သည်။ သင်၏ အလုံးစုံသည် ငါ့လက်ထဲတွင် ရှိပြီး သင်သည် သင်၏ အုပ်ထိန်းသူ ဖခင်ကို မျက်စိမှိတ်၍ အလွန်အမင်း ယုံကြည်ခြင်း မပြုသင့်ပေ။ သူသည် သင့်ကို အပြည့်အဝ မထိန်းချုပ်နိုင်ပါ။ ယနေ့ အလုပ်သည် သီးခြားရပ်တည်သည်။ ယနေ့ ငါပြောသမျှအားလုံးသည် ယခင်က အခြေခံပေါ်တွင် အခြေတည်ထားခြင်း မဟုတ်သည်မှာ ထင်ရှားသည်၊ အသစ်သော စတင်မှုဖြစ်ပြီး ယင်းသည် လူ၏ လက်ဖြင့် ဖန်ဆင်းထားသည်ဟု သင်ပြောမည်ဆိုပါက သင်၏ မျက်စိကန်းမှုကို ကုသနိုင်ရန် မည်သည့်အရာမှ မရှိတော့သည့် သူတစ်ဦး ဖြစ်လိမ့်မည်။

ဟေရှာယ၊ ယေဇကျေလ၊ မောရှေ၊ ဒါဝိဒ်၊ အာဗြဟံနှင့် ဒံယေလတို့သည် ဣသရေလလူများထဲမှ ရွေးချယ်ထားသော ခေါင်းဆောင်များ သို့မဟုတ် ပရောဖက်များ ဖြစ်သည်။ သူတို့ကို ဘုရားသခင်ဟူ၍ အဘယ်ကြောင့် မခေါ်ကြသနည်း။ အဘယ်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ကို သက်သေခံခြင်း မပြုသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှုက သူ၏အလုပ်ကို စတင်လျှင် စတင်ခြင်းနှင့် သူ၏ နှုတ်ကပတ်တော်များကို စတင်ပြောဆိုသည်နှင့် တစ်ပြိုင်နက် ယေရှုကို အဘယ်ကြောင့် သက်သေခံသနည်း။ အဘယ်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အခြားသူများကို သက်သေခံခြင်း မပြုခဲ့သနည်း။ ဇာတိပကတိ၏ လူများဖြစ်ကြသော သူတို့အားလုံးကို "သခင်"ဟု ခေါ်ကြသည်။ သူတို့ကို မည်သို့ခေါ်သည် ဖြစ်စေ၊ သူတို့၏ အလုပ်သည် သူတို့၏ ဖြစ်တည်မှုနှင့် သူတို့၏ အနှစ်သာရကို ကိုယ်စားပြုပြီး သူတို့၏ ဖြစ်တည်မှုနှင့် သူတို့၏ အနှစ်သာရသည် သူတို့ မည်သူမည်ဝါဖြစ်သည်ကို ကိုယ်စားပြုကြသည်။ သူတို့၏ အနှစ်သာရများသည် သူတို့၏ အမည်နာမများနှင့် မသက်ဆိုင်ပေ။ ယင်းသည် သူတို့ အဘယ်အရာကို ဖော်ပြသည်ဆိုခြင်းနှင့် သူတို့ မည်သို့ နေထိုင်သည်ဆိုသည်ကို ကိုယ်စားပြုသည်။ ဓမ္မဟောင်းကျမ်းတွင် သခင်ဟု အခေါ်ခံရခြင်းတွင် တစ်မူထူးခြားနေခြင်းမျိုး မရှိဘဲ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်သည် မည်သို့ ခေါ်ဆိုသည်ဖြစ်စေ သူ့အနှစ်သာရနှင့် ပင်ကိုသွင်ပြင်လက္ခဏာသည် ပြောင်းလဲ၍ မရပေ။ မှားယွင်းသော ခရစ်တော်များ၊ မှားယွင်းသော ပရောဖက်များနှင့် လှည့်ဖျားသူများ အကြားတွင် ဘုရားသခင်ဟု ခေါ်ဆိုသူများကော မရှိဘူးလား။ သူတို့သည် အဘယ်ကြောင့် ဘုရားသခင် မဟုတ်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ အလုပ်ကို လုပ်နိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။ အရင်းအမြစ်အရ သူတို့သည် လူသားများဖြစ်ပြီး လူတို့ကို လှည့်စားသူများဖြစ်သည်၊ ဘုရားသခင် မဟုတ်ကြပေ။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ သွင်ပြင်လက္ခဏာမရှိကြပေ။ မျိုးနွယ်စု ၁၂ စု အတွင်းတွင် ဒါဝိဒ်ကို သခင်ဟု ခေါ်ဆိုကြသည် မဟုတ်လော။ ယေရှုကိုလည်း သခင်ဟု ခေါ်သည်၊ အဘယ်ကြောင့် ယေရှုတစ်ဦးတည်းကိုသာ လူ့ဇာတိခံယူသော ဘုရားသခင်ဟု ခေါ်သနည်း။ ယေရမိကိုလည်း လူသားတော်ဟု သိကြသည် မဟုတ်သလော။ ယေရှုကိုလည်း လူသားတော်ဟု သိကြသည်ပင် မဟုတ်လော။ ယေရှုသည် အဘယ်ကြောင့် ဘုရားသခင်ကိုယ်စား လက်ဝါးကပ်တိုင်တွင် အသေခံခဲ့သနည်း။ ယင်းမှာ သူ၏ အနှစ်သာရသည် မတူညီသောကြောင့် မဟုတ်ပါသလော။ ယင်းမှာ သူလုပ်ဆောင်သော အလုပ်သည် မတူညီသောကြောင့် မဟုတ်ပါသလော။ အမည်နာမသည် အရေးပါသလော။ ယေရှုသည် လူသားတော်ဟုလည်း ခေါ်ခံရသော်လည်း သူသည် ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်း ဖြစ်သည်။ သူသည် တန်ခိုးကို ပြန်လည်ရယူရန် လာခဲ့ပြီး ရွေးနှုတ်ခြင်း အလုပ်ကို ပြီးမြောက်စေခဲ့သည်။ ယင်းသည် ယေရှု၏ သွင်ပြင်လက္ခဏာနှင့် အနှစ်သာရသည် အခြားသော လူသားတော်ဟု ခေါ်ခံရသူများနှင့် ကွဲပြားခြားနားကြောင်း သက်သေဖြစ်သည်။ ယနေ့တွင် သင်တို့အနက် မည်သူသည် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုခြင်းခံရသည့် လူများပြောသော စကားများအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟု ပြောရဲပါသနည်း။ တစ်စုံတစ်ယောက်က ထိုသို့ ပြောဝံ့ပါသလား။ သင်သည် ထိုသို့ ပြောသည်ဆိုလျှင် ဧဇရအနာဂတ္တိကျမ်းကို အဘယ်ကြောင့် ပယ်ဖျက်ရသနည်း၊ ရှေးဟောင်း သန့်ရှင်းသူများနှင့် ပရောဖက်များ ပြောကြားသော မှတ်စာများကိုလည်း အဘယ်ကြောင့် အလားတူ လုပ်ရသနည်း။ သူတို့အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် ယင်းသို့မခန့်မှန်းနိုင်သော ရွေးချယ်မှုများကို လုပ်ဝံ့ကြသနည်း။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရွေးချယ်ရန် အရည်အချင်းရှိပါသလော။ ဣသရေလမှ အဖြစ်အပျက် အများအပြားသည်လည်း ပယ်ဖျက်ခြင်းခံရသည်။ အတိတ်က ဤရေးသားချက်များ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာခြင်းဖြစ်သည်ဟု သင်ယုံကြည်လျှင် အချို့သော မှတ်စာများကို အဘယ်ကြောင့် ပယ်ဖျက်သနည်း။ ယင်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်မှ လာပါက ယင်းတို့အားလုံးကို ထားရှိသင့်ပြီး အသင်းတော်များရှိ ညီအစ်ကို မောင်နှမများ ဖတ်ရန် ပေးသင့်သည်။ ယင်းတို့ကို လူတို့ သဘောဖြင့် ရွေးချယ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း မလုပ်သင့်ပေ။ ယင်းသို့လုပ်ခြင်းမှာ မှားယွင်းသည်။ ပေါလုနှင့် ယောဟန်တို့၏ အတွေ့အကြုံများသည် သူတို့၏ ပုဂ္ဂလိက အမြင်များနှင့် ရောထွေးသည်ဟု ပြောဆိုခြင်းမှာ သူတို့၏ အတွေ့အကြုံများနှင့် အသိပညာများမှာ စာတန်ထံမှ လာသည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း သူတို့တွင် သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် အမြင်များမှ လာသည့်အရာများ ပါရှိနေသည်။ သူတို့၏ အသိပညာသည် ထိုအချိန်က အမှန်တကယ် အတွေ့အကြုံများ၏ နောက်ခံနှင့်အညီဖြစ်ပြီး ယင်းတို့အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှလာသည်ဟု မည်သူက ယုံကြည်စွာ ပြောနိုင်သနည်း။ ခရစ်ဝင်ကျမ်း လေးကျမ်းစလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဆိုပါက ယေရှု၏ အလုပ်နှင့် ပတ်သက်၍ မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်တို့ တစ်ဦးချင်းစီ၏ ပြောဆိုမှုများသည် အချို့တွင် အဘယ်ကြောင့် ကွဲလွဲနေကြရသနည်း။ သင်တို့ ယင်းကို မယုံကြည်ပါက ကျမ်းစာတွင် ဖော်ပြထားသည့် ပေတရုက သခင်ကို သုံးကြိမ် ငြင်းဆိုသည့် အချက်များကို ကြည့်ပါ။ ယင်းတို့ အားလုံး ခြားနားနေပြီး ယင်းတို့အားလုံးတွင် ထူးခြားသော လက္ခဏာများ ရှိကြသည်။ မသိမိုက်မဲသောသူ အများအပြားက ပြောကြသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်သည်လည်း လူသားဖြစ်သည်။ သို့ဆိုလျှင် သူပြောဆိုခဲ့သော စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာနိုင်ပါသလား။ ပေါလုနှင့် ယောဟန်တို့၏ စကားလုံးများသည် လူသားဆန္ဒစွဲများ ရောနှောနေပါက သူပြောဆိုသော စကားလုံးများသည် လူသား ဆန္ဒစွဲများ အမှန်တကယ် ရောနှောမနေဘူးလား။ ယင်းသို့သော အရာများကို ပြောသူများသည် မျက်ကန်းများ ဖြစ်ပြီး မသိမိုက်မဲသောသူများ ဖြစ်ကြသည်။ ခရစ်ဝင်ကျမ်း လေးကျမ်းကို သေချာစွာ ဖတ်ကြည့်ပါ။ ယေရှုလုပ်ဆောင်ခဲ့သော အရာများကို သူတို့ မှတ်တမ်းတင်ထားသည်များနှင့် သူပြောသော စကားများအား မှတ်တမ်းတင်ထားသည်ကို ဖတ်ပါ။ တစ်ခုချင်းသည် ရိုးရိုးရှင်းရှင်းပင် ကွဲလွဲနေပြီး တစ်ခုချင်းအလိုက် ကိုယ်ပိုင် ရှုထောင့်များရှိသည်။ ယင်းစာအုပ်များရှိ စာရေးသူများ၏ ရေးသားချက်များ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်က လာသည်ဆိုလျှင် အားလုံးသည် ရှေ့နောက်ညီပြီး တူညီမနေသင့်ဘူးလား။ အဘယ်ကြောင့် ကွာဟချက်များ ရှိနေရပါသနည်း။ ဤအချက်ကို မမြင်နိုင်ရခြင်းမှာ လူသည် အလွန်အကျွံ တုံးအနေ၍ မဟုတ်ပေလော။ ဘုရားသခင်ကို သက်သေခံရန် သင်သည် တောင်းဆိုခြင်းခံရပါက မည်သို့သော သက်သေခံချက်ကို သင်ပေးနိုင်သနည်း။ ဘုရားသခင်ကို ထိုသို့သော နည်းလမ်းဖြင့် သိခြင်းသည် သူ့ကို သက်သေခံနိုင်သလား။ အခြားသူများက သင့်ကို "ရှင်ယောဟန်နှင့် ရှင်လုကာတို့၏ မှတ်တမ်းများသည် လူသား ဆန္ဒစွဲများ ရောနေလျှင် သင်တို့၏ ဘုရားသခင်ပြောခဲ့သော စကားများသည်လည်း လူသားဆန္ဒစွဲများ ရောမနေဘူးလား" ဟု မေးလျှင် ရှင်းလင်းသော အဖြေကို သင်ပေးနိုင်ပါမည်လား။ လုကာနှင့် မဿဲတို့သည် ယေရှု၏ စကားလုံးများကို ကြားပြီးနောက်၊ ယေရှု၏ အလုပ်များကို မြင်ပြီးနောက်တွင် သူတို့သည် သူတို့၏ ကိုယ်ပိုင် အသိပညာကို ယေရှုလုပ်ဆောင်ခဲ့သော အချက်အလက်အချို့ကို အသေးစိတ် ပြန်လည်ပြောပြသော ပုံစံဖြင့် ပြောပြခဲ့ကြသည်။ သူတို့၏ အသိပညာမှာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အပြည့်အဝ ဖွင့်ပြပေးထားခြင်း ဖြစ်သည်ဟု သင်ပြောနိုင်ပါသလား။ သမ္မာကျမ်းစာပြင်ပတွင် သူတို့ထက် အသိပညာ ကြွယ်ဝသော ဘာသာရေး ခေါင်းဆောင်များ အများအပြား ရှိနေကြသေးသည်။ အဘယ်ကြောင့် သူတို့၏ စကားလုံးများကို နောက်မျိုးဆက်သစ်များက မယူကြသနည်း။ သူတို့ကိုလည်း သန့်ရှင်းသော ဝိညာဉ်တော်က အသုံးမပြုခဲ့ဘူးလား။ ယနေ့ကာလ၏ အလုပ်တွင် ငါသည် ယေရှု၏ အလုပ်အုတ်မြစ်ပေါ်တွင် အခြေခံလျက် ငါကိုယ်တိုင် မြင်သည်များကို ပြောနေခြင်း မဟုတ်သလို ယေရှု၏ အလုပ်နောက်ခံကို ဆန့်ကျင်လျက် ငါ၏ ကိုယ်ပိုင် အသိပညာကို ပြောနေခြင်းလည်း မဟုတ်သည်ကို သိမှတ်ပါ။ ထိုအချိန်က ယေရှုသည် မည်သည့်အလုပ်ကို လုပ်ခဲ့သနည်း။ ယနေ့ ငါသည် မည်သည့်အလုပ်ကို လုပ်နေသနည်း။ ငါ၏လုပ်ကိုင် ပြောဆိုမှုများတွင် ဥပမာများ မရှိပါ။ ယနေ့ ငါလျှောက်သော လမ်းသည် ယခင်က မည်သူမျှ မလျှောက်ဖူးဘဲ ခေတ်အဆက်ဆက်က လူများနှင့် ယခင်က မျိုးဆက်များ မည်သည့် အခါကမျှ မလျှောက်ဖူးကြပါ။ ယနေ့ ယင်းကို ဖွင့်လိုက်ပါပြီ၊ ယင်းမှာ ဝိညာဉ်တော်၏ အလုပ်မဟုတ်ဘူးလား။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်ခဲ့သော်ငြားလည်း အတိတ်က ခေါင်းဆောင်များသည် အခြားသူများ တည်ဆောက်ခဲ့သော အခြေခံပေါ်တွင် သူတို့၏ အလုပ်များကို လုပ်ခဲ့ကြသည်။ သို့ရာတွင် ယေရှု၏ အလုပ်အဆင့်ကဲ့သို့ပင် ဘုရားသခင် ကိုယ်တိုင်၏ အလုပ်သည် ခြားနားသည်။ သူသည် လမ်းသစ်ကို ဖွင့်လှစ်ခဲ့သည်။ သူလာခဲ့သောအခါ သူသည် ကောင်းကင် နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဟောပြောခဲ့ပြီး လူသားသည် နောင်တရရမည်၊ ဝန်ခံရမည်ဟု ပြောခဲ့သည်။ ယေရှုက သူ၏ အလုပ်ကို ပြီးဆုံးစေပြီးသည့် နောက်တွင် ပေတရုနှင့် ပေါလုနှင့် အခြားသူများသည် ယေရှု၏ အလုပ်ကို စတင်၍ ဆက်လုပ်ကြသည်။ ယေရှုသည် လက်ဝါးကပ်တိုင်တွင် သံမှိုနှင့် ရိုက်ခံရပြီး ကောင်းကင်ဘုံသို့ ကြွသွားပြီးနောက်တွင် သူတို့ကို ဝိညာဉ်တော်က လက်ဝါးကပ်တိုင်၏ လမ်းကို ဖြန့်ဝေရန် စေလွှတ်ခဲ့သည်။ ပေါလု၏ စကားလုံးများသည် ချီးမြှောက်ခြင်း ခံခဲ့ရသော်လည်း ယင်းတို့သည် ယေရှုချထားခဲ့သော အုတ်မြစ်ပေါ်တွင် အခြေခံထားသော သည်းခံခြင်း၊ ချစ်ခြင်းမေတ္တာ၊ ခံစားခြင်း၊ ဦးခေါင်းအုပ်ခြင်း၊ ဗတ္တိဇံခံခြင်း၊ သို့မဟုတ် အခြားသော လိုက်နာရမည့် အယူဝါဒများ ဖြစ်သည်။ ထိုအရာအားလုံးတို့သည် ယေရှု၏ စကားလုံးများ၏ အခြေခံ အုတ်မြစ်ပေါ်တွင် ဖြစ်သည်။ သူတို့သည် ဘုရားသခင်က အသုံးပြုထားသော လူသားများသာ ဖြစ်ကြသဖြင့် သူတို့သည် လမ်းအသစ် ကို ဖွင့်လှစ်နိုင်ခြင်း မရှိကြပေ။

ထိုအချိန်က ယေရှု၏ ဖွင့်ဆိုချက်များနှင့် အလုပ်သည် အယူဝါဒများကို စွဲကိုင်ထားခြင်းမရှိဘဲ သူသည် သူ၏ အလုပ်ကို ဓမ္မဟောင်း နည်းဥပဒေသ၏ အလုပ်နှင့်အညီ လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်သင့်သည့် အလုပ်များအတိုင်းသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူသည် သူလုပ်ဆောင်လာသည့် အလုပ်အတိုင်း၊ သူ၏ ကိုယ်ပိုင် အစီအစဉ်အတိုင်းနှင့် သူ၏ သာသနာအတိုင်း လုပ်ဆောင်သည်။ သူသည် ဓမ္မဟောင်း ကျမ်းစာ၏ နည်းဥပဒေသအတိုင်း လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ သူလုပ်သည့် မည်သည့်အရာမျှ ဓမ္မဟောင်းကျမ်း နည်းဥပဒေသနှင့်အညီ လုပ်ဆောင်ခဲ့ခြင်း မရှိဘဲ သူသည် ပရောဖက်များ၏ စကားများပြည့်စုံအောင် လာခဲ့ခြင်းလည်း မဟုတ်ပေ။ ဘုရားသခင်အလုပ်၏ အဆင့် တစ်ခုစီသည် ရှေးပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ပြည့်စုံအောင် ဖော်ထုတ်ခြင်းမဟုတ်၊ သူသည် ရှေးပရောဖက်များ ကြိုတင်ဟောကြားချက်များ အကောင်အထည်ပေါ်စေရန် တမင်သက်သက် သို့မဟုတ် အယူဝါဒများကို လိုက်နာရန် လာခဲ့ခြင်းမဟုတ်ပေ။ သို့ရာတွင် သူ၏ လုပ်ဆောင်မှုများသည် ရှေးပရောဖက်များ ဟောကြားချက်များကို နှောင့်ယှက်ဖျက်ဆီးခြင်း မရှိသလို သူယခင်က လုပ်ဆောင်ခဲ့သော အလုပ်များကိုလည်း နှောင့်ယှက်ဖျက်ဆီးခြင်း မရှိပေ။ သူ့အလုပ်၏ သိသာထင်ရှားသော အချက်မှာ မည်သည့် အယူဝါဒကိုမျှ လိုက်နာခြင်းမရှိဘဲ သူကိုယ်တိုင် လုပ်သင့်သော အလုပ်များကို လုပ်ခြင်းဖြစ်သည်။ သူသည် ပရောဖက်မဟုတ်သလို မြင်သောသူလည်း မဟုတ်ပေ။ လုပ်ဆောင်သူသာဖြစ်ပြီး သူလုပ်ဆောင်ရန် လိုအပ်သော အလုပ်များကို အမှန်တကယ်အားဖြင့် လာရောက် လုပ်ဆောင်သူသာဖြစ်ပြီး သူ၏ အသစ်သော ခေတ်ကို ဖွင့်လှစ်ရန် လာရောက်ခဲ့ပြီး သူ၏ အသစ်သော အလုပ်ကို လုပ်ဆောင်သည်။ အမှန်အားဖြင့် ယေရှုသည် သူ၏ အလုပ်များကို လုပ်ဆောင်ရန် ကြွလာသောအခါ သူသည် ဓမ္မဟောင်းကျမ်းအတွင်း ရှေးပရောဖက်များ ပြောကြားခဲ့သော စကားလုံး အများအပြားကိုလည်း ပြည့်စုံစေခဲ့သည်။ ယနေ့ အလုပ်သည်လည်း ဓမ္မဟောင်းကျမ်းပါ ရှေးပရောဖက်များ၏ ကြိုတင်ပြောကြားချက်များကို ပြည့်စုံစေသည်။ ငါသည် "အဝါရောင် နှစ်ချုပ်စာအုပ်ဟောင်း"ကို မဆုပ်ကိုင်ထားရုံသာ ဖြစ်သည်။ ဤသည်မှာ အကုန် အစင်ပင်။ ငါလုပ်ဆောင်ရမည့် အလုပ်များ အများအပြား ရှိသေးသည်ဖြစ်ရာ သင်တို့ကို ငါပြောရမည့် စကားလုံးများလည်း အများအပြားရှိသေးသည်၊ ဤအလုပ်နှင့် စကားလုံးများသည် သမ္မာကျမ်းစာပါ စာပိုဒ်များကို ရှင်းပြခြင်းထက် အလွန်ပို၍ အရေးကြီးလှသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော အလုပ်သည် သင်တို့အတွက် ကြီးမားသော အရေးပါမှု သို့မဟုတ် တန်ဖိုးမရှိ၊ သင်တို့ကို မကူညီနိုင် သို့မဟုတ် သင်တို့ကို မပြောင်းလဲနိုင်၊။ ငါသည် အသစ်သော အလုပ်ကို သမ္မာကျမ်းစာ၏ မည်သည့် စာပိုဒ်ကိုမှ ပြည့်စုံစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ရန် မရှိပါ။ ဘုရားသခင်သည် သမ္မာကျမ်းစာပါ ရှေးပရောဖက်များ၏ စကားလုံးများကို ပြည့်စုံစေရန်သာ ကမ္ဘာမြေကြီးသို့ လာခဲ့ပါက မည်သူသည် ပို၍ ကြီးမြတ်မည်နည်း၊ လူ့ဇာတိကိုခံယူသော ဘုရားသခင်လော၊ သို့တည်းမဟုတ် ထိုရှေးပရောဖက်များလော။ အဆုံးတွင်မူ ပရောဖက်များသည် ဘုရားသခင်ကို ကြီးကြပ်သလော သို့မဟုတ် ဘုရားသခင်သည် ပရောဖက်များကို ကြီးကြပ်သလော။ ယင်းစကားလုံးများကို သင်မည်သို့ ရှင်းပြမည်နည်း။

အောက်ခြေမှတ်စုများ-

က။ မူရင်းစာသားတွင် "နားလည်မှုကို" အား ချန်လှပ်ထားသည်။

ခ။ မူရင်းစာသားတွင် "အပေါ်တွင် မလျှောက်လှမ်းမီ" အား ချန်လှပ်ထားသည်။

ဂ။ မူရင်းစာသားတွင် "၏ စမ်းသပ်ခြင်း" အား ချန်လှပ်ထားသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၀ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၄ ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏ အကျင့်ပျက်သောလူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင် ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည် ခေတ်သစ်၏ ပညတ်တော်များ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိလာပြီ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက် ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည် ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း နှစ် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း နှစ် ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည် ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည် မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း တစ် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း နှစ် ဘုရားသခင်နှင့် ပတ်သက်၍ သင်မည်သို့ နားလည်သနည်း အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် ဘုရားသခင်ကို မိမိ၏ အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း သုံး ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း တစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း တစ် ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း တစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း သုံး ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏ နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ် သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည် ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၉ သင်၏အနာဂတ်သာသနာပြုလုပ်ငန်းကို မည်သို့အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည် အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း တစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၈ ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း နှစ် လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၈ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း နှစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း သုံး ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း တစ် ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၃ ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း သုံး လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း နှစ် လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း တစ် သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည် လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း တစ် သင်မည်သူ့ကို သစ္စာစောင့်သိသနည်း သတိပေးချက် သုံးချက် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း သုံး စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း နှစ် "နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ" အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက် ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ အတိုက်အခံများဖြစ်ကြသည် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း တစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၈ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၁ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၃ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း တစ် သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၁ ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း သုံး စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၄ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း သုံး လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၄ သင်သက်ဝင်လှုပ်ရှားလာပြီလော အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း နှစ် ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း နှစ် ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည် အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း တစ် ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်

00:00
00:00

0ရှာဖွေခြင်း ရလဒ်များ