သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

အမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

အမှုနှင့်ပတ်သက်၍ ပြောဆိုခြင်း၌ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏အမှုတော်သည် အထင်ရှားဆုံးဖြစ်ပြီး၊ အမှုကို နောက်ဆုံး အဆုံးသတ်ပေးမည့်သူမှာ လူ့ဇာတိခံယူသည့် ဘုရားသခင်ဖြစ်ကာ ဝိညာဉ်တော်မဟုတ်ပေ။ အချို့တို့က ဘုရားသခင်သည် တစ်ခါတစ်ရံတွင် ကမ္ဘာကြီးပေါ်သို့ကြွရောက်လာကာ လူတို့ရှေ့တွင်ပေါ်ထွန်းပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်တိုင်တရားစီရင်ကာ မည်သူ့ကိုမျှ အလွှတ်မပေးဘဲ တစ်ဦးစီ တစ်ယောက်စီကိုစစ်ဆေးမည်ဟု ယုံကြည်ကြသည်။ ဤသို့ထင်မြင်ကြသူတို့သည်လူ့ဇာတိခံယူသည့် အမှု၏ ဤအဆင့်ကို မသိကြ။ ဘုရားသခင်သည် တစ်ဦးစီတစ်ယောက်စီကို တရားစီရင်ခြင်းမပြု၊ တစ်ဦးစီတစ်ယောက်စီကို စစ်ဆေးခြင်းမပြု။ ထိုသို့ပြုခြင်းသည် တရားစီရင်ခြင်းအမှု ဖြစ်လိမ့်မည်မဟုတ်ပေ။ လူသားမျိုးနွယ် အားလုံး၏ဖောက်ပြန်ပျက်စီးမှုသည် အတူတူပင်မဟုတ်လော။ လူသား၏ အနှစ်သာရသည် အားလုံးအတူတူပင် မဟုတ်လော။ တရားစီရင်ခြင်းကို ခံရမည့်အရာမှာလူသား၏ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၊ စာတန်မှ ဖျက်ဆီးခဲ့သော လူသား၏အနှစ်သာနှင့်လူသား၏ အပြစ်အားလုံးတို့ ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ သေးငယ်၍မထင်ရှားသောအမှားတို့ကို တရားမစီရင်ပေ။ တရားစီရင်ခြင်း အမှုသည် ကိုယ်စားပြုခြင်းသာဖြစ်ပြီး၊ လူတစ်ဦး တစ်ယောက်အတွက် အထူး လုပ်ဆောင်သည်မဟုတ်ပေ။ ထိုသို့ပြုမည့်အစား လူသားမျိုးနွယ်အားလုံးကို တရားစီရင်ခြင်းကို ကိုယ်စားပြုရန် လူအုပ်စုတစ်စုမှတရားစီရင်ခြင်းခံရမည့် အမှုဖြစ်သည်။ လူတစ်အုပ်စုအတွက် မိမိ၏အမှုကိုကိုယ်တိုင်ဆောင်ရွက်ခြင်းအားဖြင့် ဇာတိခန္ဓာနှင့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံး၏ အမှုကို ကိုယ်စားပြုရန် သူ၏အမှုကို အသုံးပြုသည်၊ နောက်တွင် ယင်းသည် တဖြည်းဖြည်းပျံ့နှံ့သွားလိမ့်မည်။ တရားစီရင်ခြင်းအမှုသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ဘုရားသခင်သည် လူသားတစ်မျိုးသို့မဟုတ် လူတစ်အုပ်စုကို တရားစီရင်မည်မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ခုလုံး၏ ဖြောင့်မတ်မှုမရှိခြင်း၊ ဘုရားသခင်အပေါ် လူသား၏ဆန့်ကျင်မှု၊ ဥပမာ သို့တည်းမဟုတ် လူသားမှ ဘုရားသခင်ကိုမရိုသေမှုသို့မဟုတ် ဘုရားသခင်၏ အမှုကို နှောင့်ယှက်ခြင်း အစရှိသည်တို့ကို တရားစီရင်မည်ဖြစ်သည်။ တရားစီရင်ခံရမည့်အရာမှာ ဘုရားသခင်ကို ဆန့်ကျင်သည့်လူသားမျိုးနွယ်၏ အနှစ်သာရဖြစ်ပြီး ဤအမှုသည် နောက်ဆုံးသောကာလ၏ သိမ်းပိုက်ခြင်းအမှုဖြစ်သည်။ လူသားတို့ မျက်မြင်တွေ့မြင်ရသည့် လူ့ဇာတိခံယူသောဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များသည် လူသားတို့ ယခင်အတိတ်ကာလများက တွေးထင်ခဲ့သော နောက်ဆုံးသော ကာလအတွင်းမှ ဖြူသော ပလ္လင်ကြီးရှေ့တွင်တရားစီရင်ဆုံးဖြတ်မည့် အမှုဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်မှလက်ရှိလုပ်ဆောင်လျက်ရှိသော အမှုသည် ဖြူသော ပလ္လင်ကြီးရှေ့တွင်တရားဆုံးဖြတ်နေခြင်း အစစ်အမှန်ပင်ဖြစ်သည်။ ယနေ့ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်းတွင် လူသားမျိုးနွယ် တစ်ရပ်လုံးကိုတရားစီရင်ဆုံးဖြတ်သည့် ဘုရားသခင်ဖြစ်သည်။ ဤဇာတိခန္ဓာနှင့် သူ၏အမှု၊ နှုတ်ကပတ်တော်နှင့်စိတ်သဘောထားအလုံးစုံတို့သည် ဘုရားသခင်၏ အလုံးစုံဖြစ်မှုဖြစ်သည်။ သူ့အမှု၏ အတိုင်းအတာသည် ကန့်သတ်ချက်ရှိပြီး၊ စကြဝဠာတစ်ခုလုံး တိုက်ရိုက်ပါဝင်ခြင်း မရှိသော်လည်း၊ တရားစီရင်ခြင်းအမှု၏ အနှစ်သာရမှာ လူသားတစ်မျိုးနွယ်လုံးကို တိုက်ရိုက် တရားစီရင်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအတွက်သာ လုပ်ဆောင်သောအမှု မဟုတ်သကဲ့သို့ လူနည်းစုအတွက်သာ လုပ်ဆောင်သောအမှုလည်း မဟုတ်ပေ။ ဇာတိခန္ဓာနှင့် ဘုရားသခင်၏ အမှုတွင်းတွင် ဤအမှု၏ နယ်ပယ်သည် စကြဝဠာ တစ်ခုလုံးမပါဝင်သော်လည်း စကြဝဠာတစ်ခုလုံး၏အမှုကို ကိုယ်စားပြုသည်၊ သူ့ဇာတိခန္ဓာဖြင့် အမှုလုပ်ဆောင်သည့် နယ်ပယ်အတွင်းမှ အမှုကို အဆုံးသတ်ပြီးသည့်နောက်တွင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ကြွမြန်းခြင်းပြီးသည့်နောက် စကြဝဠာအနှံ့အပြားသို့ သူ၏ဧဝံဂေလိ ပျံ့နှံ့သွားသည့်နည်းတူ သူသည် သူ၏အမှုကို စကြဝဠာတစ်ခုလုံးသို့ ချက်ချင်းချဲ့ထွင်လိမ့်မည်။ ဝိညာဉ်တော်၏ အမှုဖြစ်စေ၊ ဇာတိခန္ဓာ၏အမှုဖြစ်စေ ယင်းသည် ကန့်သတ်ထားသော နယ်ပယ်အတွင်းလုပ်ဆောင်သော အမှုဖြစ်သော်လည်း စကြဝဠာတစ်ခုလုံး၏အမှုကို ကိုယ်စားပြုသည်။ နောက်ဆုံးသောကာလအတွင်းတွင် ဘုရားသခင်သည် သူ၏လူ့ဇာတိခံယူသည့် သွင်ပြင်လက္ခဏာကို အသုံးပြု၍ သူ၏အမှုကိုလုပ်ဆောင်ရန် ပေါ်ထွန်းလာကာ ဇာတိခန္ဓာနှင့် ဘုရားသခင်သည် ဖြူသော ပလ္လင်ကြီးရှေ့တွင် လူသားတို့ကို တရားဆုံးဖြတ်မည့် ဘုရားဖြစ်သည်။ ဝိညာဉ်တော်ဖြစ်စေ ဇာတိခန္ဓာနှင့်ဖြစ်စေ တရားဆုံးဖြတ်သည့်အမှုကို ပြုသူသည် နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်ကိုတရားစီရင်သည့်သူဖြစ်သည်။ ယင်းကို ဘုရားသခင့်အမှုအပေါ် အခြေခံ၍သတ်မှတ်ပြီး ဘုရားသခင်၏ ပြင်ပသဏ္ဌာန် သို့မဟုတ် အခြားသော အချက်အလက်အချို့တို့ဖြင့် သတ်မှတ်ခြင်းမဟုတ်ပေ။ လူသားသည် ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်၍အယူအဆများရှိသော်လည်း လူ့ဇာတိခံယူသည့် ဘုရားသခင်၏လူသားမျိုးနွယ် အားလုံးကို တရားစီရင်မှုနှင့် သိမ်းပိုက်မှု အစရှိသည့် အချက်တို့ကို မည်သူမျှ မငြင်းနိုင်ပေ။ ယင်းကို မည်သို့ပင် သုံးသပ်စေကာမူ အချက်အလက်များသည် နောက်ဆုံး၌ အမှန်တရားများသာ ဖြစ်သည်။ “အမှုကို ဘုရားသခင်မှ လုပ်ဆောင်သော်လည်းဇာတိခန္ဓာသည် ဘုရားသခင်မဟုတ်” ဟု မည်သူမျှ မပြောနိုင်ပေ။ ယင်းမှာ အဓိပ္ပာယ်မရှိသော စကားဖြစ်သည်။ အကြောင်းမှာ ဤအမှုကို ဇာတိခန္ဓာရှိသော ဘုရားသခင်မှလွဲ၍ မည်သူမျှဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့်တည်း။ ဤအမှုကို ပြည့်စုံအောင် ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် ဤအမှုနောက်တွင် ဘုရားသခင်၏လူသားကို တရားစီရင်သည့် အမှုသည်ဒုတိယအကြိမ်ပေါ်ပေါက်လာလိမ့်မည် မဟုတ်ပေ။ ဒုတိယလူ့ဇာတိခံယူသော ဘုရားသခင်သည် အလုံးစုံသော စီမံခန့်ခွဲမှုအမှုအားလုံးကိုအဆုံးသတ်ခဲ့ပြီးဖြစ်ကာ ဘုရားသခင်၏ အမှုတွင် စတုတ္ထအဆင့် ရှိလာမည်မဟုတ်တော့ပေ။ အကြောင်းမှာ တရားစီရင်ခြင်းကိုခံရသည့် သူသည် ဇာတိခန္ဓာနှင့် ဖြစ်တည်သော လူသား၊ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသော လူသားဖြစ်ပြီး၊ တိုက်ရိုက်တရားစီရင်ခြင်း ခံရသည့်သူမှာ စာတန်၏ ဝိညာဉ်မဟုတ်ပေ။ တရားစီရင်ခြင်းအမှုကို ဝိညာဉ်ရေးရာလောက၌ ဆောင်ရွက်မည်မဟုတ်ဘဲ လူသားတို့အကြားတွင် လုပ်ဆောင်မည်ဖြစ်သည်။ လူသား၏ ဇာတိခန္ဓာ ဖောက်ပြန်ပျက်စီးမှုကိုတရားစီရင်သည့် အမှုအတွက် ဇာတိခန္ဓာထဲရှိ ဘုရားသခင်ထက် ပို၍သင့်တော်သည့်အရည်အချင်းရှိသောသူ မရှိပေ။ အကယ်၍ တရားစီရင် ဆုံးဖြတ်မှုကိုဘုရားသခင်၏ ဝိညာဉ်တော်မှ တိုက်ရိုက်ဆောင်ရွက်မည်ဆိုလျှင် အရာအားလုံးကို ခြုံငုံနိုင်မည်မဟုတ်ပေ။ ထို့အပြင် ထိုသို့သောအမှုကို လူသားမှလက်ခံရန် ခက်ခဲပေမည်။ အကြောင်းမှာ လူသားသည် ပြစ်မှားစော်ကား၍ မရသော ဘုရားသခင်၏ စိတ်သဘောထားကိုသာ၍ရှင်းလင်းစွာ တွေ့မြင်နိုင်ရန် မဆိုထားနှင့် ဝိညာဉ်တော်သည် လူသားနှင့် မျက်နှာချင်းဆိုင်၍ မရနိုင်သဖြင့် အကျိုးသက်ရောက်မှု ချက်ချင်းမရှိနိုင်ပေ။ ဇာတိခန္ဓာရှိ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝအောင်နိုင်လိမ့်မည်ဖြစ်သည်။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသောလူသားနှင့်တူညီသူတစ်ဦးအနေဖြင့် ဇာတိခန္ဓာရှိ ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက်တရားစီရင်ဆုံးဖြတ်နိုင်သည်။ ယင်းသည် သူ၏ရှိရင်းစွဲ သန့်ရှင်းမြင့်မြတ်မှု ဖြစ်ပြီး၊ သူ၏ သာမန်ထက်ထူးခြားမှုဖြစ်သည်။ ဘုရားသခင်သာလျှင် လူသားကိုတရားစီရင်နိုင်သည့် အခြေအနေတွင်ရှိပြီး၊ ထိုအရည်အချင်းနှင့် ပြည့်မီသည်။ အကြောင်းမှာ သူသည် သမ္မာတရားနှင့်ဖြောင့်မတ်မှုကို ပိုင်ဆိုင်သဖြင့် လူသားကို တရားစီရင်နိုင်လေသည်။ သမ္မာတရားနှင့် ဖြောင့်မတ်မှုမရှိသောသူတို့သည် အခြားသူများကို တရားစီရင်ရန် သင့်တော်မှုမရှိပေ။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ဝိညာဉ်တော်မှ လုပ်ဆောင်ခဲ့ပါက ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဖြစ်လိမ့်မည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက်နဂိုကပင် သာ၍ ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် နဂိုကပင် သန့်ရှင်းမြင့်မြတ်ကာ ဇာတိခန္ဓာအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ပါက၊ လူသား၏ မနာခံမှုအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ဘဲ လူသား၏ မဖြောင့်မတ်မှုအားလုံးကိုဖော်ထုတ်နိုင်ခြင်းလည်း ရှိလိမ့်မည် မဟုတ်။ အကြောင်းမှာ တရားစီရင်သည့် အမှုကို လူသား၏ ဘုရားသခင်အပေါ်ထားသောအယူအဆများဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူသားသည် ဝိညာဉ်တော်နှင့်ပတ်သတ်၍ အယူအဆများလုံးဝမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်တော်သည် လူသား၏ မဖြောင့်မတ်မှုကို သာ၍ကောင်းမွန်စွာ ထုတ်ဖော်ပြသနိုင်စွမ်း မရှိပေ။ ထိုသို့သော မဖြောင့်မတ်မှုများကိုအပြည့်အဝ ဖွင့်ချရန် ပို၍ပင်မစွမ်းသာပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့ကိုမသိသောသူများ အားလုံး၏ ရန်သူဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများကို တရားစီရင်ခြင်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ ဇာတိခန္ဓာထဲရှိ သူ၏ အမှု၏ အကျိုးသက်ရောက်မှုများသည် ဝိညာဉ်တော်၏ အမှုအားဖြင့်ရလာသော အကျိုးသက်ရောက်မှုများထက်ပို၍သိသာထင်ရှားလေသည်။ သို့ဖြစ်၍ လူသားတစ်မျိုးနွယ်လုံးကို တရားစီရင်ခြင်းကို ဝိညာဉ်တော်မှ တိုက်ရိုက် လုပ်ဆောင်ခြင်းမရှိဘဲ ယင်းသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုဖြစ်လေသည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်ကိုလူသားတို့သည် မြင်တွေ့၍ ကိုင်တွယ်နိုင်ပြီး ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည်လူသားကို အပြည့်အဝ သိမ်းပိုက်နိုင်သည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်နှင့် ဆက်ဆံရေးတွင် လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှင်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆမှ အသိပညာသို့၊ ငြင်းဆန်ခြင်းမှ ချစ်ခြင်းမေတ္တာသို့တိုးတက်ပြောင်းလဲသွားသည်။ ဤသည်တို့မှာ လူ့ဇာတိခံယူသော ဘုရားသခင့် အမှုတော်၏အကျိုးသက်ရောက်မှုများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကိုလက်ခံခြင်းအားဖြင့်သာ ကယ်တင်ခြင်းခံရသည်။ ဘုရားသခင်၏ နှုတ်ထွက်စကားတော်များဖြင့်ဘုရားသခင်ကို တဖြည်းဖြည်း သိလာသည်။ သူ့ကို ဆန့်ကျင်နေစဉ်အတွင်း သူ၏ သိမ်းပိုက်ခြင်း ခံရ၍၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုကို လက်ခံသည့်ကာလအတွင်းတွင် အသက်အထောက်အပံ့ကို လက်ခံရရှိသည်။ ဤအမှုအားလုံးသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဘုရားသခင်၏ဝိညာဉ်တော် သွင်ပြင်လက္ခဏာအားဖြင့်လုပ်ဆောင်ခြင်းမဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်လုပ်ဆောင်သည့် အမှုသည် အကြီးမားဆုံး အမှု၊ ထူးခြားမှုအရှိဆုံး အမှုဖြစ်ပြီး၊ ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်မှ အရေးကြီးသော အပိုင်းမှာ လူ့ဇာတိခံယူသော အမှု၏ အဆင့်နှစ်ဆင့်ဖြစ်သည်။ လူသား၏ ကြီးမားသော ဖောက်ပြန်ပျက်စီးမှုသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှု၏အကြီးမားဆုံးသော အတားအဆီးဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသောကာလမှ လူတို့အပေါ်လုပ်ဆောင်သည့်အမှုတော်သည် အလွန်ခက်ခဲသည်။ ပတ်ဝန်းကျင်သည် ရိုင်းစိုင်းခက်ထန်ကာ လူတစ်ဦးစီ၏ အရည်အချင်းသည် အင်မတန် ညံ့ဖျင်းသည်။ သို့ရာတွင် ဤအမှုတော်၏အဆုံး၌ အမှားအယွင်းများမရှိဘဲ သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိဆဲဖြစ်မည်။ ယင်းသည် ဇာတိခန္ဓာအမှု၏ အကျိုးသက်ရောက်မှုဖြစ်ပြီး ဝိညာဉ်တော်၏အမှုဖြင့်ရရှိမည့် အကျိုးသက်ရောက်မှုထက်ပို၍ ကျေနပ်ဖွယ်ကောင်းပေသည်။ ဘုရားသခင့် အမှု၏ အဆင့်သုံးဆင့်တို့ကို ဇာတိခန္ဓာရှိသည့် ဘုရားသခင်က အဆုံးသတ်ပေးမည်ဖြစ်ပြီး၊ လူ့ဇာတိခံယူသည့် ဘုရားသခင်မှ နိဂုံးချုပ်ပေးရမည်။ အရေးအကြီးဆုံးနှင့် အရေးအပါဆုံးအမှုကို ဇာတိခန္ဓာရှိသည့် ဘုရားသခင်က လုပ်ဆောင်ပြီး၊ လူသားအား ကယ်တင်ခြင်းကို ဇာတိခန္ဓာရှိသည့် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည်။ လူသားမျိုးနွယ်အားလုံးက ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားနှင့်မဆိုင်ဟု ခံစားမိသော်လည်း လက်တွေ့တွင်မူ ဤဇာတိခန္ဓာသည် လူသားတစ်မျိုးနွယ်လုံး၏ ကံကြမ္မာ၊ တည်ရှိမှုတို့နှင့် သက်ဆိုင်လေသည်။

“ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည်လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” မှ

လူဇာတိခံဘုရားရှင်သည် အရေးကြီးဆုံးဖြစ်သည့် လူကိုကယ်တင်ခြင်းအမှုကို ပြုသည်


လူ့ဇာတိခံဘုရားအားဖြင့် ပြုခဲ့သောအမှုသည် ဘုရားအမှုတော်၏ အကြီးမားဆုံးပင် လူ့ဇာတိခံဘုရား ပြုခဲ့သော အမှုသည် ဘုရားအမှုအားလုံး ထဲတွင် အလေးနက်ဆုံးပင် ဘုရားအမှုတော်၏ အဆင့်သုံးဆင့်တွင် အရေးပါဆုံးမှာ ဤနှစ်ခုပင် အမှုတော်၏ ဤအဆင့်နှစ်ခုပင် လူ့ဇာတိခံယူထားသော ဘုရား၏အမှုတော်ပင် ဘုရား အလုပ်၏ အရေးပါဆုံးသော အပိုင်းသည် လူ့… အသွင်ဖြင့် လုပ်ဆောင်သည် ဘုရားအားဖြင့် လူတိုင်းတွက် ကယ်တင်ခြင်းသည် လူ့ဇာတိ၌ ပြုရမည် လူသည် လူ့ဇာတိခံသောဘုရားနှင့် မသက်ဆိုင်ဟု… ယူဆလည်း ဤအသွေးအသားသည် အရေးကြီးဆုံးအမှုကိုပြုသည်ဖြစ်ရာ လူသားအားလုံး၏ အသက်ရှင်ရေးနှင့် ကံကြမ္မာနှင့် ဆက်နွယ်


လူ၏ ဆိုးသွမ်းဖောက်ပြန်မှု သည် လူ့ဇာတိခံ… ဘုရား၏ အလုပ်ကိုတားဆီး လူ့ပတ်ဝန်းကျင်သည် ရန်လိုကာ လူ့ဝိညာဉ်အသက်တာသည်ညံ့ဖျင်းလှ နောက်ဆုံးကာလ တွင်ပြုသော အမှုသည် ခက်ခဲ ကြမ်းတမ်းလှသည် သို့သော် ဤအမှုတော်၏ အဆုံးတွင် သင့်လျော်သော… အကျိုးရလဒ် ရရှိလိမ့်မည် ဘုရား အလုပ်၏ အရေးပါဆုံးသော အပိုင်းသည် လူ့… အသွင်ဖြင့် လုပ်ဆောင်သည် ဘုရားအားဖြင့် လူတိုင်းတွက် ကယ်တင်ခြင်းသည် လူ့ဇာတိ၌ ပြုရမည် လူသည် လူ့ဇာတိခံသောဘုရားနှင့် မသက်ဆိုင်ဟု… ယူဆလည်း ဤအသွေးအသားသည်… အရေးကြီးဆုံးအမှုကိုပြုသည်ဖြစ်ရာ လူသားအားလုံး၏ အသက်ရှင်ရေးနှင့် ကံကြမ္မာနှင့် ဆက်နွယ်


ဘုရား၏အမှုတော်သည် အကြီးမားဆုံးရလဒ် ကို ရရှိလိမ့်မည် ဘာ အတိမ်းအစောင်းမရှိဘဲ ဘုရားအမှုသည် ထိုရလဒ်ကို ရရှိမည် ဤသည်မှာ လူ့ဇာတိ၌ ပြုသော အမှုတော်၏ ရလဒ်ဖြစ်၏ ဝိညာဉ် တော်၏အမှုတော်ထက်သာ၍ ဆွဲဆောင်မှုရှိသည် ဤအမှုတော်သုံးဆင့်သည် ပြီးဆုံးလိမ့်မည် လူ့ဇာတိခံဘုရားကသာ ပြီးဆုံးစေလိမ့်မည် ဤအမှုတော်သုံးဆင့်သည် ပြီးဆုံးစေရမည် လူ့ဇာတိခံဘုရားကသာ ပြီးဆုံးစေရမည် ဘုရား အလုပ်၏ အရေးပါဆုံးသော အပိုင်းသည် လူ့… အသွင်ဖြင့်လုပ်ဆောင်သည် ဘုရားအားဖြင့် လူတိုင်းတွက် ကယ်တင်ခြင်းသည် လူ့ဇာတိ၌ ပြုရမည် လူသည် လူ့ဇာတိခံသောဘုရားနှင့် မသက်ဆိုင်ဟ… ယူဆလည်း ဤအသွေးအသားသည်… အရေးကြီးဆုံးအမှုကိုပြုသည်ဖြစ်ရာ လူသားအားလုံး၏ အသက်ရှင်ရေးနှင့် ကံကြမ္မာနှင့် ဆက်နွယ်

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၇) ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၆) ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၅) ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၄) ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၃) ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၁) ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် (ကောက်နုတ်ချက် ၃) ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် (ကောက်နုတ်ချက် ၂) စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အခန်း ၂၉ (ကောက်နုတ်ချက် ၂) စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အခန်း ၂၉ (ကောက်နုတ်ချက် ၁) စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အခန်း ၂၇ (ကောက်နုတ်ချက် ၁) နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် (ကောက်နုတ်ချက် ၁) ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် (ကောက်နုတ်ချက် ၃) ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် (ကောက်နုတ်ချက် ၁) ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် (ကောက်နုတ်ချက် ၃) ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် (ကောက်နုတ်ချက် ၂) ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် (ကောက်နုတ်ချက် ၁) ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် (ကောက်နုတ်ချက် ၁) လူသားစိတ်ကူးသလောက် ဘုရားသခင်၏ အမှုသည် ရိုးရှင်းသလော (ကောက်နုတ်ချက် ၁) ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် (ကောက်နုတ်ချက် ၈) ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် (ကောက်နုတ်ချက် ၇) ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ (ကောက်နုတ်ချက် ၁) ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် (ကောက်နုတ်ချက် ၂) ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် (ကောက်နုတ်ချက် ၁) လူသားစိတ်ကူးသလောက် ဘုရားသခင်၏ အမှုသည် ရိုးရှင်းသလော (ကောက်နုတ်ချက် ၂) နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာလူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် (ကောက်နုတ်ချက် ၃) နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာလူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် (ကောက်နုတ်ချက် ၂) ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည် (ကောက်နုတ်ချက် ၂) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၆) ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည် (ကောက်နုတ်ချက် ၁) ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ (ကောက်နုတ်ချက် ၃) ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင်ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ (ကောက်နုတ်ချက် ၄) ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာလူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် (ကောက်နုတ်ချက် ၃) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၂) လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည် (ကောက်နုတ်ချက် ၃) လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည် (ကောက်နုတ်ချက် ၂) လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည် (ကောက်နုတ်ချက် ၁) နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် (ကောက်နုတ်ချက် ၁) အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် (ကောက်နုတ်ချက် ၂) အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀) (ကောက်နုတ်ချက် ၃) အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀) (ကောက်နုတ်ချက် ၂) ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည် (ကောက်နုတ်ချက် ၂) ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၈) ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၂) ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ (ကောက်နုတ်ချက် ၂) ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား (ကောက်နုတ်ချက် ၁) ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည် (ကောက်နုတ်ချက် ၁) ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် (ကောက်နုတ်ချက် ၁) ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏ (ကောက်နုတ်ချက် ၁) ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏ (ကောက်နုတ်ချက် ၂) ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏ (ကောက်နုတ်ချက် ၃)

00:00
00:00

0ရှာဖွေခြင်း ရလဒ်များ