ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၈

ဘုရားသခင်ကိုယ်တိုင်၏ အမှုသည် လူသားမှသိရမည့် အမြင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အမှုကို လူသားမှ ရယူနိုင်ခြင်းမရှိဘဲ လူသားမှ ပိုင်ဆိုင်ခြင်း မရှိသောကြောင့် ဖြစ်၏။ ဤအမှုအဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း တစ်ရပ်လုံးဖြစ်၍ လူသားမှသိသင့်သည့် ဤထက် ကြီးမြတ်သော အမြင်မရှိပါ။ လူသားသည် ဤဘုန်းတန်ခိုးကြီးမားသော အမြင်ကို မသိပါက ဘုရားသခင်ကို သိရန်မလွယ်ပေ။ ဘုရားသခင်၏ အလိုဆန္ဒကို နားလည်ရန်လည်း မလွယ်ကူသည့်အပြင် လူသား လျှောက်လှမ်းသည့် လမ်းကြောင်းသည် ပို၍ခက်ခဲ ကြမ်းတမ်းလာလိမ့်မည်။ အမြင်များမရှိဘဲ လူသားသည် ဤမျှအထိ ရောက်လာနိုင်ခဲ့မည် မဟုတ်ပေ။ လူသားကို ယနေ့တိုင် ကာကွယ်ထားခဲ့၍ အကြီးမားဆုံးသော အကာအကွယ်ပေးခဲ့သည်မှာ ဤအမြင်များဖြစ်၏။ အနာဂတ်တွင် သင်တို့၏ အသိဉာဏ်သည် ပိုမိုနက်နဲ လာရမည်ဖြစ်ကာ သင်တို့သည် သူ၏အလိုဆန္ဒ တစ်ရပ်လုံးနှင့် အမှုအဆင့်သုံးဆင့်ရှိ သူ၏အမြော်အမြင် ရှိသော အနှစ်သာရကို သိလာရမည်ဖြစ်သည်။ ဤသည်သာလျှင် သင်တို့၏ စစ်မှန်သော ဝိညာဉ်အသက်တာ ဖြစ်၏။ အမှု၏ နောက်ဆုံးအဆင့်သည် သီးခြားရပ်တည်နေခြင်း မဟုတ်ဘဲ ယခင်အဆင့် နှစ်ဆင့်နှင့်အတူ ဖွဲ့စည်းထားချက် တစ်ရပ်လုံး၏ တစ်စိတ်တစ်ဒေသဖြစ်၏။ အမှုအဆင့်သုံးဆင့်မှ တစ်ဆင့်ကိုသာ ဆောင်ရွက်ခြင်းဖြင့် ကယ်တင်ခြင်း အမှုတစ်ရပ်လုံးကို ပြီးဆုံးစေရန် မဖြစ်နိုင်ဟု ဆိုလိုခြင်းဖြစ်သည်။ အမှု၏ နောက်ဆုံးအဆင့်သည် လူသားကို အပြည့်အဝ ကယ်တင်နိုင်မည် ဖြစ်သော်လည်း ဤအဆင့် တစ်ရပ်တည်းကိုသာ သီးခြားအကောင်အထည်ဖော်ရန်သာ လိုအပ်၍ စာတန်၏ လွှမ်းမိုးမှုမှ လူသားကို ကယ်တင်ရန် ယခင်အမှုအဆင့်နှစ်ဆင့်ကို မလိုအပ်ဟု မဆိုလိုပါ။ ဤအဆင့်သုံးဆင့်မှ မည်သည့်အဆင့် တစ်ဆင့်တည်းကိုမျှ လူသားမျိုးနွယ်အားလုံးသိရမည့် တစ်ခုတည်းသော အမြင်ဟု စွဲကိုင်ထား၍မရပါ။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ခြင်း အမှုတစ်ရပ်လုံးသည် ဤအမှုအဆင့်သုံးရပ်ဖြစ်၏။ ၎င်းတို့အနက် အဆင့်တစ်ဆင့်တည်း မဟုတ်ပေ။ ကယ်တင်ခြင်းအမှု အောင်မြင်ပြီးဆုံးခြင်း မရှိသေးသမျှ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် လုံးဝအဆုံးသတ်ခြင်းသို့ ရောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ ဖြစ်တည်မှု၊ စိတ်နေ သဘောထားနှင့် ဉာဏ်ပညာအမြော်အမြင်တို့ကို ကယ်တင်ခြင်းအမှု တစ်ရပ်လုံးတွင် ဖော်ပြထား၏။ လူသားကို အစဦးဆုံးတွင် ဖော်ပြထားခြင်း မဟုတ်သော်လည်း ကယ်တင်ခြင်းအမှုတွင် တဖြည်းဖြည်း ဖော်ပြထားခဲ့သည်။ ကယ်တင်ခြင်းအမှု၏ အဆင့်တစ်ဆင့်စီသည် ဘုရားသခင်၏ စိတ်နေသဘောထား တစ်စိတ်တစ်ဒေသနှင့် သူ၏ဖြစ်တည်ခြင်း တစ်စိတ်တစ်ဒေသကို ဖော်ပြ၏။ အမှုအဆင့်တိုင်းမှ ဘုရား သခင်၏ ဖြစ်တည်မှု တစ်ရပ်လုံးကို တိုက်ရိုက်နှင့် လုံးဝအပြည့်အစုံ ဖော်ပြနိုင်သည် မဟုတ်ပေ။ ထို့ကြောင့် ကယ်တင်ခြင်းအမှုသည် အမှုအဆင့်သုံးဆင့် ပြီးဆုံးမှသာလျှင် လုံးဝအဆုံးသတ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလုံးစုံအပေါ် လူသား၏သိရှိမှုကို ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်မှ သီးခြားခွဲ၍မရပေ။ အမှုအဆင့်တစ်ရပ်မှ လူသားရရှိသည့် အရာသည် သူ၏အမှု အစိတ်အပိုင်း တစ်ရပ်တွင် ဖော်ပြထားသော ဘုရားသခင်၏ စိတ်နေသဘောထားသာဖြစ်၏။ ဤသည်မှာ ယခင် သို့မဟုတ် နောက်ပိုင်း အဆင့်များတွင် ဖော်ပြသော စိတ်နေသဘောထားနှင့် ဖြစ်တည်မှုကို ကိုယ်စားမပြုနိုင်ပေ။ ဤသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ကာလတစ်ရပ်အတွင်း သို့မဟုတ် တည်နေရာတစ်ခုတွင် ချက်ချင်း ပြီးဆုံးနိုင်ခြင်း မရှိဘဲ မတူညီသော အချိန်များနှင့် မတူညီသော နေရာများတွင် လူသား၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်နှင့်အညီ တဖြည်းဖြည်း နက်ရှိုင်းလာသောကြောင့် ဖြစ်၏။ ဤသည်မှာ အဆင့်များဖြင့် အကောင်အထည်ဖော်ရသော အမှုဖြစ်၍ အဆင့်တစ်ဆင့်တည်းတွင် ပြီးဆုံးခြင်း မရှိပေ။ ထို့ကြောင့် ဘုရားသခင်၏ အသိဉာဏ် အမြော်အမြင်တစ်ရပ်လုံးကို သီးခြားအဆင့် တစ်ဆင့်တည်းတွင် မဟုတ်ဘဲ အဆင့်သုံးဆင့်တွင် ပုံဖော်ထား၏။ သူ၏ဖြစ်တည်မှုတစ်ရပ်လုံးနှင့် အသိဉာဏ်အမြော်အမြင် တစ်ရပ်လုံးကို ဤအဆင့်သုံးဆင့်တွင် ချမှတ်ထား၍ အဆင့်တစ်ဆင့်စီတွင် သူ၏ဖြစ်တည်မှု ပါရှိကာ သူ့အမှု၏ အသိဉာဏ် အမြော်အမြင် မှတ်တမ်းဖြစ်၏။ လူသားသည် ဤအဆင့်သုံးဆင့်တွင် ဖော်ပြ ထားသော ဘုရားသခင်၏ စိတ်နေသဘောထား တစ်ရပ်လုံးကို သိသင့်သည်။ ဘုရားသခင်၏ ဤဖြစ်တည်မှု အားလုံးသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အရေးကြီးဆုံးဖြစ်၍ လူတို့သည် ဘုရားသခင်ကို ကိုးကွယ်သည့်အခါ ဤအသိဉာဏ် အမြော်အမြင်မရှိပါက ထိုသူတို့သည် ဗုဒ္ဓကို ကိုးကွယ်သူများနှင့် မခြား ဖြစ်သည်။ လူသားတို့အကြား ဘုရားသခင်၏အမှုကို လူသားထံမှ ကွယ်ဝှက်ထားသည် မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်ကို ကိုးကွယ်သူအားလုံးမှ သိသင့်သည်။ ဘုရားသခင်သည် လူသားတို့အကြား ကယ်တင်ခြင်း အမှု အဆင့်သုံးဆင့်ကို အကောင်အထည် ဖော်ခဲ့ပြီးဖြစ်သဖြင့် လူသားသည် ဤအမှုအဆင့်သုံးဆင့် ကာလအတွင်း သူ့တွင်ရှိသည့်အရာနှင့် သူမည်သည်ဖြစ်ကြောင်းကို သိသင့်သည်။ ဤသည်မှာ လူသား လုပ်ဆောင်ရမည့် အရာဖြစ်သည်။ လူသားထံမှ ဘုရားသခင် ကွယ်ဝှက်ထားသောအရာမှာ လူသားမှ ရရှိနိုင်စွမ်းမရှိသော အရာဖြစ်၍ လူသားမသိသင့်သော အရာဖြစ်၏။ သို့ရာတွင် ဘုရားသခင်မှ လူသားအား ပြသည့်အရာမှာ လူသားသိသင့်သည့် အရာဖြစ်၍ လူသား ပိုင်ဆိုင်သင့်သည့် အရာဖြစ်၏။ ဤအမှုအဆင့် သုံးဆင့်၏ တစ်ဆင့်စီကို ယခင်အဆင့်၏ အခြေခံအုတ်မြစ်အပေါ်တွင် အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ ကယ်တင်ခြင်းအမှုမှ သီးခြား လွတ်လပ်စွာ အကောင်အထည်ဖော်ခြင်း မဟုတ်ပေ။ အကောင်အထည် ဖော်သည့်ခေတ်နှင့် အမှုအမျိုးအစား ကြီးမားစွာ ကွဲပြားသော်လည်း လူသားမျိုးနွယ်၏ ကယ်တင်ခြင်းသည် ၎င်း၏ ဗဟိုအချက်အခြာတွင် ရှိနေဆဲဖြစ်၍၊ ကယ်တင်ခြင်းအမှု၏ အဆင့်တိုင်းသည် ပြီးခဲ့သည်အဆင့်ထက် ပို၍နက်ရှိုင်း၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၈

တပါးအမျိုးသား နိုင်ငံများအကြား ငါသည် ငါ၏အမှုကို ပျံ့နှံ့အောင် လုပ်ဆောင်နေသည်။ ငါ၏ဘုန်းအသရေသည် စကြဝဠာတစ်ခွင်လုံး တောက်ပလျက်ရှိသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၆၆

မျက်မှောက်ခေတ်တွင် လူအများစုက မိမိကိုယ်ကိုယ်မိမိအပေါ် အလွန်ပင် အပေါ်ယံဆန်သော သိနားလည်ခြင်း ရှိကြသည်။ ၎င်းတို့သည် မိမိတို့သဘာဝ၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၉

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်သည် အနှစ်ခြောက်ထောင် သက်တမ်းရှိပြီး ယင်းကို သူ့အမှု၏ ကွဲပြားခြားနားမှုများအပေါ် အခြေခံ၍...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၇၅

ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား အကြီးမားဆုံးသော ကွာခြားမှုကို ယခု သင်တို့ သတိပြုမိလာကြပြီလော။ နောက်ဆုံးတွင်၊ အရာခပ်သိမ်း၏ သခင်မှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။